26 December 2019

နေကြတ်စဥ် ငလျင်လှုပ်၊


(Unicode version)

    မြန်မာဝေဒပညာရှင် အများစုက ၂၀၂၀မှာ တန်ခိုးကြီးမယ့် ခေါင်းဆောင်ပေါ်မယ်လို့ ယူဆနေကြပါတယ်။ သူက အနာဂတ်မြန်မာပြည်ကို ချမ်းသာတိုးတက်တဲ့တိုင်းပြည် ဖြစ်စေမတဲ့။
.
သာမန်အမြင်အရဆိုရင် ၂၀၂၀မှာ မြန်မာပြည်အထွေထွေရွေးကောက်ပွဲ ကျင်းပရမှာပါ။ လက်ရှိခြေဥအရ လွှတ်တော်မှာ အမတ်များတဲ့ပါတီက တိုင်းပြည်ခေါင်းဆောင်၊ သမတခန့်ခွင့်ရမှာပါ။ ခုအချိန်အတိုင်းဆို NLDပါတီကဘဲ အများစုအနိုင်ရမှာပါ။ တိုင်းရင်းသားဒေသအချို့မှာ NLDအမတ်နေရာ လျော့နိုင်ပေမယ့် သမတခန့်နိုင်တဲ့အများစုရဖို့ သေချာသလောက်ပါ။
.
ဒါဆို လက်ရှိသမတ ဦးဝင်းမြင့်ကဘဲ ဆက်လုပ်ရမယ်ထင်ပါတယ်။ သူက အမေစုသဘောကျ ခန့်ထားသူဘဲ။ အမေစုကတော့ ခြေဥမပြင်ရင် လုပ်လို့မရဘူးလေ။ သမတဦးဝင်းမြင့်က ဥပဒေ နားလည်ပြီး လွှတ်တော်ဥက္ကဌလုပ်စဥ်က ပြတ်သားသူဖြစ်ပါတယ်။ ကံဇာတာ မပါရင်တော့မပြောတတ်။
.
လက်ရှိလူတွေထဲ ဝေဒ ဆရာတွေ မျှော်မှန်းလောက်အောင်တော်တဲ့ ခေါင်းဆောင်မတွေ့မိပါ။ ၂၀၂၀မှာ ခေါင်းဆောင်မယ့်သူသည် ကမ္ဘာကပင် လေးစားသွားမယ့်သူပါတဲ့။ တပ်နွယ်တဲ့ဝေဒဆရာတွေကတော့ ကြာသပတေးသားလို့ အတင်းတွက်နေကြတယ်။ ကျွန်တော့်အမြင်တော့ အမေစုဘဲရှိတာဘဲ။ နေကြတ်တုံးငလျင်လှုပ်တာ အမေစုပါဝါထပ်တက်ဖို့ဘဲဖြစ်မယ်။

XxXxXx


(Zawgyi version)

    ျမန္မာေဝဒပညာရွင္ အမ်ားစုက ၂၀၂၀မွာ တန္ခိုးႀကီးမယ့္ ေခါင္းေဆာင္ေပၚမယ္လို႔ ယူဆေနၾကပါတယ္။ သူက အနာဂတ္ျမန္မာျပည္ကို ခ်မ္းသာတိုးတက္တဲ့တိုင္းျပည္ ျဖစ္ေစမတဲ့။
.
သာမန္အျမင္အရဆိုရင္ ၂၀၂၀မွာ ျမန္မာျပည္အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရမွာပါ။ လက္ရွိေျခဥအရ လႊတ္ေတာ္မွာ အမတ္မ်ားတဲ့ပါတီက တိုင္းျပည္ေခါင္းေဆာင္၊ သမတခန့္ခြင့္ရမွာပါ။ ခုအခ်ိန္အတိုင္းဆို NLDပါတီကဘဲ အမ်ားစုအနိုင္ရမွာပါ။ တိုင္းရင္းသားေဒသအခ်ိဳ႕မွာ NLDအမတ္ေနရာ ေလ်ာ့နိုင္ေပမယ့္ သမတခန့္နိုင္တဲ့အမ်ားစုရဖို႔ ေသခ်ာသေလာက္ပါ။
.
ဒါဆို လက္ရွိသမတ ဦးဝင္းျမင့္ကဘဲ ဆက္လုပ္ရမယ္ထင္ပါတယ္။ သူက အေမစုသေဘာက် ခန့္ထားသူဘဲ။ အေမစုကေတာ့ ေျခဥမျပင္ရင္ လုပ္လို႔မရဘူးေလ။ သမတဦးဝင္းျမင့္က ဥပေဒ နားလည္ၿပီး လႊတ္ေတာ္ဥကၠဌလုပ္စဥ္က ျပတ္သားသူျဖစ္ပါတယ္။ ကံဇာတာ မပါရင္ေတာ့မေျပာတတ္။
.
လက္ရွိလူေတြထဲ ေဝဒ ဆရာေတြ ေမွ်ာ္မွန္းေလာက္ေအာင္ေတာ္တဲ့ ေခါင္းေဆာင္မေတြ႕မိပါ။ ၂၀၂၀မွာ ေခါင္းေဆာင္မယ့္သူသည္ ကမၻာကပင္ ေလးစားသြားမယ့္သူပါတဲ့။ တပ္ႏြယ္တဲ့ေဝဒဆရာေတြကေတာ့ ၾကာသပေတးသားလို႔ အတင္းတြက္ေနၾကတယ္။ ကြၽန္ေတာ့္အျမင္ေတာ့ အေမစုဘဲရွိတာဘဲ။ ေနၾကတ္တုံးငလ်င္လႈပ္တာ အေမစုပါဝါထပ္တက္ဖို႔ဘဲျဖစ္မယ္။


20 December 2019

စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း












(Unicode version)

   ခင်ဝမ်းက လူနာမည်တွေကို သီချင်းထဲ ထည့်ရေးတတ်တယ်။ စော ၊ နှင်း ၊ မိလေး ၊ မိနီ ၊ မမချစ် စသဖြင့်ပေါ့။ ဒါပေမယ့် ခင်ဝမ်းသီချင်း အရူးအမူးစဖြစ်စေတဲ့ ပထမဆုံးစီးရီး ''နှင်းဆီဖြူရဲ့ အဝေးကလူတယောက်'' မှာကတည်းက နာမည်တခုကို ခင်ဝမ်းသီချင်းစွဲသွားသူတွေ သဘောကျ မှတ်မိ အလွတ်ရကုန်ကြတာပါ။
.
"အို မောင်ဒီ''
'မောင်ဒီ' ဘယ်သူမှန်း မသိခဲ့ပါ။ ခင်ဝမ်းခင်ခဲ့သူတဦး။ ခင်ဝမ်းနဲ့ ပေဖေါ်ပေဖက်ဖြစ်မယ်။ ခင်ဝမ်းလေးစားအားကျနေသူတဦး ဖြစ်မယ်။ အမည်ကလည်း ထူးဆန်းနေလို့ သဘောကျခဲ့တယ်။ နောက်ပိုင်းမှ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ ပုံထူးထူးဆန်းဆန်းတွေမှာ 'မောင်ဒီ'လို့ လက်မှတ်ထိုးတာ သတိထားလာမိတယ်။ တချို့ပုံတွေကျ 'မျိုးညွန့်'တဲ့။
.
တကယ်ဘဲ သူတို့နှစ်ဦး လမ်းကြိုလမ်းကြား လျှောက်သွားခဲ့ကြဘူးတယ်။ လမ်းဘေးက(ကော်ဖီ)ဆိုင်တွေ ထိုင်ခဲ့ဘူးတယ်။ လောကကိုဖြတ်သန်းပြီး လောကအလှ ရှာခဲ့ဘူးပါတယ်။ အဲဒီ'မောင်ဒီ'က ခင်ဝမ်းအကြောင်း အမှတ်တရ ပြောဆိုရေးသားခဲ့တာတွေကို စာအုပ်အဖြစ် စုထုတ်လိုက်ပါပြီ။
.
"ဂီတနှင့်ပန်းချီ ၊ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း'' ဆိုတဲ့ စာအုပ်ပါးလေးပါ။ ကျော်မွှေးစာပေမှ ဒုတိယအကြိမ် ဖြည့်စွက်ထုတ်ဝေသည်လို့ ပါပါတယ်။ တန်ဖိုး ၃၀၀၀ကျပ်ပါ။ ပထမအကြိမ်ကို အက္ခရာစာပေက ထုတ်ဝေခဲ့ပါတယ်။
.
ဆောင်းပါး၃ပုဒ်နဲ့ အင်တာဗျူးတခုပါပါတယ်။ ပထမဆောင်းပါး  'ဂီတ နှင့် ပန်းချီ' မှာတော့ ဆရာမောင်ဒီရဲ့ အနုပညာခံစားပုံများပြီး ခင်ဝမ်းအကြောင်း ပါးပါးဘဲပါပါတယ်။ 'စံကြည်ကြော့.....'ကတော့ သူနဲ့ခင်ဝမ်း ဖြတ်သန်းခဲ့ပုံတွေပါ။ သူတို့နှစ်ဦး စတွေ့ချိန်မှ ကွယ်လွန်ချိန်အထိ အမှတ်တရစာတွေပါ။ ခင်ဝမ်းပရိဿတ် သဘောကျစရာတွေကြီးပါ။
.
တတိယဆောင်းပါးက ခင်ဝမ်းဆုံးချိန်အကြောင်းနဲ့ နောက်ဆုံးက အလင်္ကာမဂ္ဂဇင်းမှာ 'အေးဘကျော်'နဲ့ ခင်ဝမ်းအကြောင်း ဗျူးထားတာပါ။ ဒီစာစုတွေ မဂ္ဂဇင်းတွေမှာ ဖတ်ဘူးတယ်ဖြစ်နိုင်ပေမယ့် အခုလို စုပြီးပြန်ထုတ်တော့ ခရေဇီးတွေ သဘောကျစရာပါဘဲ။


XxXxXx

(Zawgyi version)

   ခင္ဝမ္းက လူနာမည္ေတြကို သီခ်င္းထဲ ထည့္ေရးတတ္တယ္။ ေစာ ၊ ႏွင္း ၊ မိေလး ၊ မိနီ ၊ မမခ်စ္ စသျဖင့္ေပါ့။ ဒါေပမယ့္ ခင္ဝမ္းသီခ်င္း အ႐ူးအမူးစျဖစ္ေစတဲ့ ပထမဆုံးစီးရီး ''ႏွင္းဆီျဖဴရဲ႕ အေဝးကလူတေယာက္'' မွာကတည္းက နာမည္တခုကို ခင္ဝမ္းသီခ်င္းစြဲသြားသူေတြ သေဘာက် မွတ္မိ အလြတ္ရကုန္ၾကတာပါ။
.
"အို ေမာင္ဒီ''
'ေမာင္ဒီ' ဘယ္သူမွန္း မသိခဲ့ပါ။ ခင္ဝမ္းခင္ခဲ့သူတဦး။ ခင္ဝမ္းနဲ႕ ေပေဖၚေပဖက္ျဖစ္မယ္။ ခင္ဝမ္းေလးစားအားက်ေနသူတဦး ျဖစ္မယ္။ အမည္ကလည္း ထူးဆန္းေနလို႔ သေဘာက်ခဲ့တယ္။ ေနာက္ပိုင္းမွ မဂၢဇင္းသ႐ုပ္ေဖာ္ပန္းခ်ီ ပုံထူးထူးဆန္းဆန္းေတြမွာ 'ေမာင္ဒီ'လို႔ လက္မွတ္ထိုးတာ သတိထားလာမိတယ္။ တခ်ိဳ႕ပုံေတြက် 'မ်ိဳးၫြန့္'တဲ့။
.
တကယ္ဘဲ သူတို႔ႏွစ္ဦး လမ္းႀကိဳလမ္းၾကား ေလွ်ာက္သြားခဲ့ၾကဘူးတယ္။ လမ္းေဘးက(ေကာ္ဖီ)ဆိုင္ေတြ ထိုင္ခဲ့ဘူးတယ္။ ေလာကကိုျဖတ္သန္းၿပီး ေလာကအလွ ရွာခဲ့ဘူးပါတယ္။ အဲဒီ'ေမာင္ဒီ'က ခင္ဝမ္းအေၾကာင္း အမွတ္တရ ေျပာဆိုေရးသားခဲ့တာေတြကို စာအုပ္အျဖစ္ စုထုတ္လိုက္ပါၿပီ။
.
"ဂီတႏွင့္ပန္းခ်ီ ၊ စံၾကည္ေၾကာ့ သို႔မဟုတ္ ခင္ဝမ္း'' ဆိုတဲ့ စာအုပ္ပါးေလးပါ။ ေက်ာ္ေမႊးစာေပမွ ဒုတိယအႀကိမ္ ျဖည့္စြက္ထုတ္ေဝသည္လို႔ ပါပါတယ္။ တန္ဖိုး ၃၀၀၀က်ပ္ပါ။ ပထမအႀကိမ္ကို အကၡရာစာေပက ထုတ္ေဝခဲ့ပါတယ္။
.
ေဆာင္းပါး၃ပုဒ္နဲ႕ အင္တာဗ်ဴးတခုပါပါတယ္။ ပထမေဆာင္းပါး 'ဂီတ ႏွင့္ ပန္းခ်ီ' မွာေတာ့ ဆရာေမာင္ဒီရဲ႕ အႏုပညာခံစားပုံမ်ားၿပီး ခင္ဝမ္းအေၾကာင္း ပါးပါးဘဲပါပါတယ္။ 'စံၾကည္ေၾကာ့'ကေတာ့ သူနဲ႕ခင္ဝမ္း ျဖတ္သန္းခဲ့ပုံေတြပါ။ သူတို႔ႏွစ္ဦး စေတြ႕ခ်ိန္မွ ကြယ္လြန္ခ်ိန္အထိ အမွတ္တရစာေတြပါ။ ခင္ဝမ္းပရိႆတ္ သေဘာက်စရာေတြႀကီးပါ။
.
တတိယေဆာင္းပါးက ခင္ဝမ္းဆုံးခ်ိန္အေၾကာင္းနဲ႕ ေနာက္ဆုံးက အလကၤာမဂၢဇင္းမွာ 'ေအးဘေက်ာ္'နဲ႕ ခင္ဝမ္းအေၾကာင္း ဗ်ဴးထားတာပါ။ ဒီစာစုေတြ မဂၢဇင္းေတြမွာ ဖတ္ဘူးတယ္ျဖစ္နိုင္ေပမယ့္ အခုလို စုၿပီးျပန္ထုတ္ေတာ့ ခေရဇီးေတြ သေဘာက်စရာပါဘဲ။ 

15 December 2019

အမေစုရဲ့ မေတ္တာနဲ့ဖြေရှင်းခြင်း၊


(Unicode version)

   အမေဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေမှာ ရှင်းခဲ့ပုံ အများသိပြီးကြပါပြီ။ ဒီနေရာမှာ ငါသာဆိုရင် ဆိုပြီးတွေးမိတော့ ရှက်မိပါတယ်။
.
ကျွန်တော်သာဆိုရင် ပြည်တွင်းပြည်ပက အဖွဲ့တွေကို ရန်စွယ်ငေါငေါ ပြောမိမှာဘဲ။ ပြည်တွင်းမှာ ဒီပြဿနာကြီးထွားအောင် လုပ်နေတဲ့အဖွဲ့ကို အစိုးရထိန်းမရတာတွေ၊ ဒီမိုကရေစီနဲ့ ရွေးထားတဲ့အစိုးရ ပြုတ်ကျရင်ပြီးရော လုပ်နေသူတွေအကြောင်းတွေပေါ့။
.
ပြည်ပကစွတ်စွဲချက်တွေကိုလည်း ပြန်ဖိုက်မှာ။ ဒီပြဿနာအစပြုတာ ARSAဆိုတဲ့အဖွဲ့က ရဲစခန်းတွေကို တိုက်ခဲ့လို့ စဖြစ်တာ။ ARSAဆိုတာ အနောက်နိုင်ငံတွေမှာ အသေကြောက်နေကြတဲ့ ISISပုံစံကွဲသာဖြစ်ကြောင်း၊ ကမ္ဘာအနှံ့ကိုကြည့်ရင် အစ္စလမ်နိုင်ငံတွေနဲ့ နယ်နမိတ်ထိတွေ့နေတဲ့ နေရာတိုင်းမှာ ဒါမျိုးဖြစ်တတ်ကြောင်း ဥပမာတွေနဲ့ကိုပြောပစ်မှာ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်း၊ တရုပ်ပြည် စင်ကျန်းအနောက်နယ်စပ်၊ အန္ဒိယနဲ့ပါကစ္စတန်နယ်စပ် စသဖြင့်ပေါ့လေ။
.
လူမျိုးတုံးလိုက်သတ်နေတယ်ဆိုရင် တီဗီမှာရိုက်ပြနေနိုင်အောင် လူတန်းရှည်ကြီး သွားနေနိုင်မလား ပြန်မေးမယ်။ အဲ့အချိန်ကစ ခုအချိန်ထိ ဘင်္ဂလီတွေမြန်မာပြည်ထဲ ခိုးဝင်နေသေးတာ သတ်ဖြတ်မှုမရှိလို့သာဖြစ်ကြောင်း သက်သေပြမယ်။
.
ရိုတွေ ကိုယ့်အိမ်ကိုမီးရှို့နေတဲ့ပုံတွေပြပြီး မီးလောင်ရွာအားလုံး မြန်မာတွေရှို့တာ မဟုတ်ကြောင်းရှင်းမယ်။ မုဒိမ်းအကျင့်ခံရသူတွေရဲ့ ကလေးတွေကိုလည်း DNA စစ်ခွင့်တောင်းမယ်။ သူတို့ဟာမကြီးတွေက သိတ်ချောနေကြတာကိုး။
.
နိုင်ငံသားဥပဒေဆိုတာလည်း တနိုင်ငံနဲ့တနိုင်ငံ တူမှမတူဘဲ။ တဆက်တစပ်တည်း ဘယ်နှစ်နှစ်နေဘူးရမယ်။ ဘယ်လိုအဖေအမေက မွေးခဲ့ရမယ် စသဖြင့်။ တချို့ဆို သူတို့စကားပြောနိုင်ရမယ်။ သူတို့စာတတ်ရမယ်။ သူတို့ယဥ်ကျေးမှုသိရမယ်။ အမျိုးမျိုးဘဲလေ။ တချို့က သူတို့နိုင်ငံတော်သီချင်း ဆိုပြနိုင်ရမယ်ဆိုဘဲ။ နိုင်ငံသားလိုချင်ရင် အဲဒီနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့  ညီအောင်နေမှပေါ့။
.
နောက်ဆုံး လူအများအပြား အသတ်ခံရတာကို ပြန်ရှင်းမှာ။ ARSAတွေ ဟိန္ဒူနဲ့ နယ်မြေခံတိုင်းရင်းသားတွေကို သတ်သွားတာတွေပြမယ်။ ပြီးတော့ARSAတွေက ပြည်သူနဲ့ရောပြီး ရဲစခန်းတွေကိုလာတိုက်တာ။ တိုက်ပြီးတော့လူနေရွာတွေထဲ ပြန်ဝင်ခိုတာ၊ မခွဲနိုင်လို့ ပစ်ခတ်ခံရတာရှိနိုင်တယ်လေ။ စစ်တွေနားက ဒုက္ခသည်စခန်းဆူတုံးက ရဲတွေကို ဘယ်လိုရန်လိုကြသလဲ ဗီဒီယိုတွေရှိပါတယ်။ မြန်မာစစ်တပ်သားတွေကလည်း ISISတို့ ARSAတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုဗီဒီယိုတွေ ကြည့်ဘူးထားတော့ လိုတာထက်ပိုတုံ့ပြန်မိတာလည်း ရှိနိုင်တယ်ပေါ့။
.
ဒီလို ခပ်ကြမ်းကြမ်းပြန်ရှင်းချင်မိတာပါ။ အမေစုပြန်ရှင်းတော့ အားလုံးအသိပါဘဲ။ သူ့ဘက်ကိုယ့်ဘက် ဘယ်သူမှအပစ်တင်မနေပါ။ ဖြစ်ပျက်ခဲ့တာအမှန်ဘဲပြောတယ်။ ပြဿနာပိုမကြီးအောင် ဆုံးဖြတ်ပေးဖို့ဘဲ ပြောခဲ့တာပါ။ ပြည်တွင်းပြည်ပကသူများ အံ့သြခဲ့ကြရတာပါ။ သူတို့အပေါ် အပစ်တွေပုံချမှာစိုးခဲ့တဲ့ ပြည်တွင်းက လဒတွေဖွတ်တွေငြိမ်သွားပေမယ့် မဲလိုချင်လို့လုပ်တာလို့ အောက်ကလိအာနေကြတုံး။ အင်း သူတို့အဆင့်နဲ့ ဒီလောက်ဘဲစဥ်းစားနိုင်မယ်လေ။
.
အဆုံးသတ်ရရင် အကြိမ်ကြိမ်ပြောခဲ့ဘူးသလိုဘဲ အမေစုမေတ္တာပါဘဲ။ ဒီတကြိမ်ကတော့ မေတ္တာနဲ့အုပ်ချုပ်ခြင်းအပြင် မေတ္တာနဲ့ဖြေရှင်းခြင်းကို ပြလိုက်တာပါ။ ကိုယ့်ပြည်သူပြည်သားအပေါ်တွင်မကဘဲ အားလုံးအပေါ်မှာပါ ထားနိုင်တဲ့မေတ္တာမျိုးပါ။ အမေစုပြောခဲ့သလို ဘယ်လိုဆုံးဖြတ်ခံရပါစေ၊ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြရမှာပါဘဲ။ အမေစုနဲ့ မြန်မာပြည်သူပြည်သားများ အောင်မြင်ကြပါစေ။


XxXxXx

(Zawgyi version )

   အေမေဒၚေအာင္ဆန္းစုၾကည္ အိုင္စီေဂ်မွာ ရွင္းခဲ့ပုံ အမ်ားသိၿပီးၾကပါၿပီ။ ဒီေနရာမွာ ငါသာဆိုရင္ ဆိုၿပီးေတြးမိေတာ့ ရွက္မိပါတယ္။
.
ကြၽန္ေတာ္သာဆိုရင္ ျပည္တြင္းျပည္ပက အဖြဲ႕ေတြကို ရန္စြယ္ေငါေငါ ေျပာမိမွာဘဲ။ ျပည္တြင္းမွာ ဒီျပႆနာႀကီးထြားေအာင္ လုပ္ေနတဲ့အဖြဲ႕ကို အစိုးရထိန္းမရတာေတြ၊ ဒီမိုကေရစီနဲ႕ ေ႐ြးထားတဲ့အစိုးရ ျပဳတ္က်ရင္ၿပီးေရာ လုပ္ေနသူေတြအေၾကာင္းေတြေပါ့။
.
ျပည္ပကစြတ္စြဲခ်က္ေတြကိုလည္း ျပန္ဖိုက္မွာ။ ဒီျပႆနာအစျပဳတာ ARSAဆိုတဲ့အဖြဲ႕က ရဲစခန္းေတြကို တိုက္ခဲ့လို႔ စျဖစ္တာ။ ARSAဆိုတာ အေနာက္နိုင္ငံေတြမွာ အေသေၾကာက္ေနၾကတဲ့ ISISပုံစံကြဲသာျဖစ္ေၾကာင္း၊ ကမၻာအႏွံ႕ကိုၾကည့္ရင္ အစၥလမ္နိုင္ငံေတြနဲ႕ နယ္နမိတ္ထိေတြ႕ေနတဲ့ ေနရာတိုင္းမွာ ဒါမ်ိဳးျဖစ္တတ္ေၾကာင္း ဥပမာေတြနဲ႕ကိုေျပာပစ္မွာ။ ထိုင္းနိုင္ငံေတာင္ပိုင္း၊ ဖိလစ္ပိုင္ေတာင္ပိုင္း၊ တ႐ုပ္ျပည္ စင္က်န္းအေနာက္နယ္စပ္၊ အႏၵိယနဲ႕ပါကစၥတန္နယ္စပ္ စသျဖင့္ေပါ့ေလ။
.
လူမ်ိဳးတုံးလိုက္သတ္ေနတယ္ဆိုရင္ တီဗီမွာရိုက္ျပေနနိုင္ေအာင္ လူတန္းရွည္ႀကီး သြားေနနိုင္မလား ျပန္ေမးမယ္။ အဲ့အခ်ိန္ကစ ခုအခ်ိန္ထိ ဘဂၤလီေတြျမန္မာျပည္ထဲ ခိုးဝင္ေနေသးတာ သတ္ျဖတ္မႈမရွိလို႔သာျဖစ္ေၾကာင္း သက္ေသျပမယ္။
.
ရိုေတြ ကိုယ့္အိမ္ကိုမီးရွို႔ေနတဲ့ပုံေတြျပၿပီး မီးေလာင္႐ြာအားလုံး ျမန္မာေတြရွို႔တာ မဟုတ္ေၾကာင္းရွင္းမယ္။ မုဒိမ္းအက်င့္ခံရသူေတြရဲ႕ ကေလးေတြကိုလည္း DNA စစ္ခြင့္ေတာင္းမယ္။ သူတို႔ဟာမႀကီးေတြက သိတ္ေခ်ာေနၾကတာကိုး။
.
နိုင္ငံသားဥပေဒဆိုတာလည္း တနိုင္ငံနဲ႕တနိုင္ငံ တူမွမတူဘဲ။ တဆက္တစပ္တည္း ဘယ္ႏွစ္ႏွစ္ေနဘူးရမယ္။ ဘယ္လိုအေဖအေမက ေမြးခဲ့ရမယ္ စသျဖင့္။ တခ်ိဳ႕ဆို သူတို႔စကားေျပာနိုင္ရမယ္။ သူတို႔စာတတ္ရမယ္။ သူတို႔ယဥ္ေက်းမႈသိရမယ္။ အမ်ိဳးမ်ိဳးဘဲေလ။ တခ်ိဳ႕က သူတို႔နိုင္ငံေတာ္သီခ်င္း ဆိုျပနိုင္ရမယ္ဆိုဘဲ။ နိုင္ငံသားလိုခ်င္ရင္ အဲဒီနိုင္ငံရဲ႕ တည္ဆဲဥပေဒနဲ႕ ညီေအာင္ေနမွေပါ့။
.
ေနာက္ဆုံး လူအမ်ားအျပား အသတ္ခံရတာကို ျပန္ရွင္းမွာ။ ARSAေတြ ဟိႏၵဴနဲ႕ နယ္ေျမခံတိုင္းရင္းသားေတြကို သတ္သြားတာေတြျပမယ္။ ၿပီးေတာ့ARSAေတြက ျပည္သူနဲ႕ေရာၿပီး ရဲစခန္းေတြကိုလာတိုက္တာ။ တိုက္ၿပီးေတာ့လူေန႐ြာေတြထဲ ျပန္ဝင္ခိုတာ၊ မခြဲနိုင္လို႔ ပစ္ခတ္ခံရတာရွိနိုင္တယ္ေလ။ စစ္ေတြနားက ဒုကၡသည္စခန္းဆူတုံးက ရဲေတြကို ဘယ္လိုရန္လိုၾကသလဲ ဗီဒီယိုေတြရွိပါတယ္။ ျမန္မာစစ္တပ္သားေတြကလည္း ISISတို႔ ARSAတို႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈဗီဒီယိုေတြ ၾကည့္ဘူးထားေတာ့ လိုတာထက္ပိုတုံ႕ျပန္မိတာလည္း ရွိနိုင္တယ္ေပါ့။
.
ဒီလို ခပ္ၾကမ္းၾကမ္းျပန္ရွင္းခ်င္မိတာပါ။ အေမစုျပန္ရွင္းေတာ့ အားလုံးအသိပါဘဲ။ သူ႕ဘက္ကိုယ့္ဘက္ ဘယ္သူမွအပစ္တင္မေနပါ။ ျဖစ္ပ်က္ခဲ့တာအမွန္ဘဲေျပာတယ္။ ျပႆနာပိုမႀကီးေအာင္ ဆုံးျဖတ္ေပးဖို႔ဘဲ ေျပာခဲ့တာပါ။ ျပည္တြင္းျပည္ပကသူမ်ား အံ့ၾသခဲ့ၾကရတာပါ။ သူတို႔အေပၚ အပစ္ေတြပုံခ်မွာစိုးခဲ့တဲ့ ျပည္တြင္းက လဒေတြဖြတ္ေတြၿငိမ္သြားေပမယ့္ မဲလိုခ်င္လို႔လုပ္တာလို႔ ေအာက္ကလိအာေနၾကတုံး။ အင္း သူတို႔အဆင့္နဲ႕ ဒီေလာက္ဘဲစဥ္းစားနိုင္မယ္ေလ။
.
အဆုံးသတ္ရရင္ အႀကိမ္ႀကိမ္ေျပာခဲ့ဘူးသလိုဘဲ အေမစုေမတၱာပါဘဲ။ ဒီတႀကိမ္ကေတာ့ ေမတၱာနဲ႕အုပ္ခ်ဳပ္ျခင္းအျပင္ ေမတၱာနဲ႕ေျဖရွင္းျခင္းကို ျပလိုက္တာပါ။ ကိုယ့္ျပည္သူျပည္သားအေပၚတြင္မကဘဲ အားလုံးအေပၚမွာပါ ထားနိုင္တဲ့ေမတၱာမ်ိဳးပါ။ အေမစုေျပာခဲ့သလို ဘယ္လိုဆုံးျဖတ္ခံရပါေစ၊ ျပည္သူေတြ ညီညီၫြတ္ၫြတ္နဲ႕ ရင္ဆိုင္ၾကရမွာပါဘဲ။ အေမစုနဲ႕ ျမန္မာျပည္သူျပည္သားမ်ား ေအာင္ျမင္ၾကပါေစ။

12 December 2019

အစဥ်သုံးတံဆိပ်ခေါင်း ၁၀ဝကျပ်


(Unicode version)

   မြန်မာ့စာပို့လုပ်ငန်းအတွက် အစဥ်သုံးတံဆိပ်ခေါင်း ၁၀၀ကျပ်တန် ယနေ့ထုတ်ပါတယ်။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က အသုံးအများဆုံး ငှက်ခါးပုံနဲ့ပါ။ ထိုစဥ်က ၅ပြား ၁၀ပြားနဲ့ ၁၅ပြားကို အရောင်တမျိုးစီနဲ့ ထုတ်ခဲ့သော်လည်း အခုတရာတန်ငှက်ခါးပုံက ရောင်စုံပုံနဲ့ပါ။
.
တံဆိပ်ခေါင်းပုံ လှပါတယ်။ ဒီဇ်ိုင်းလည်း အဆင့်ရှိပါတယ်။ စုသူတွေအကြိုက်ပါဘဲ။ ဒီလိုရောင်စုံပုံနဲ့ ဆိုဒ်အကြီးထုတ်တာ အထိမ်းအမှတ်ထုတ်၊ အထူးထုတ်ဆို ပြောစရာမရှိပါ။ အစဥ်သုံးဆိုတော့ နည်းနည်းပြောချင်ပါတယ်။
.
အစဥ်သုံးဆိုတာ အရည်အတွက် အကန့်အသတ်မရှိဘဲ နောက်တကြိမ် အစဥ်သုံးထုတ်သည်အထိ သုံးရမှပါ။ နိုင်ငံတိုင်းလိုလိုနဲ့ မြန်မာ့အရင်အစဥ်သုံးတွေတောင် ပုံနှိပ်မှင် နှစ်ရောင်လောက်ဘဲ သုံးကြပါတယ်။ ခုခေတ် စျေးမကွာဘူးဆိုရင်တော့ မပြောတတ်ပါ။
.
တံဆိပ်ခေါင်းအရွယ်လည်း ခုထုတ်ဝေတါရဲ့ တဝက်ဆိုဒ်၊ တိုင်းရင်းသားအစဥ်သုံးအရွယ်ဘဲ လုပ်သင့်ပါတယ်။ ပုံနှိပ်မှင်ခနဲ့ စက္ကူသက်သာအောင်လို့ပါ။ အစဥ်သုံးရဲ့ တန်ဖိုးကြီးခေါင်းများမှ ခုဆိုဒ်ကို ရောင်စုံထုတ်သင့်တာပါ။ တံဆိပ်ခေါင်းထုတ်လုပ်စားရိတ် မြန်မာ့စာပို့လုပ်ငန်းအတွက် သက်သာအောင်လို့ပါ။ အရည်အတွက်မြောက်များစွာ ထုတ်ရမှာမလို့ပါ။
.
အစဥ်သုံးဆိုတော့ အခြားတန်ဖိုးများအတွက်လည်း ထုတ်ဝေဦးမှာ သေချာပါတယ်။ ရစ်တွေ အောက်ချင်းတွေ၊ ဒေါင်းတွေ ဗွတ်ကလုံတွေ လာဦးမှာပါ။ ပုံမနှိပ်ရသေးဘူးဆိုရင် အထက်ပါနှစ်ချက်ကို စဥ်းစားသင့်ပါတယ်။ ဒီဇိုင်းလည်းပြောင်းစရာမလိုဘဲ အရည်အတွက်နှစ်ဆ ရမှာပါ။
.
FDC လည်းထုတ်ဝေပြီး ၂၀၀ကျပ်ပါ။


XxXxXx

(Zawgyi version)

   ျမန္မာ့စာပို႔လုပ္ငန္းအတြက္ အစဥ္သုံးတံဆိပ္ေခါင္း ၁၀၀က်ပ္တန္ ယေန႕ထုတ္ပါတယ္။ လြန္ခဲ့ေသာ ႏွစ္ငါးဆယ္ခန့္က အသုံးအမ်ားဆုံး ငွက္ခါးပုံနဲ႕ပါ။ ထိုစဥ္က ၅ျပား ၁၀ျပားနဲ႕ ၁၅ျပားကို အေရာင္တမ်ိဳးစီနဲ႕ ထုတ္ခဲ့ေသာ္လည္း အခုတရာတန္ငွက္ခါးပုံက ေရာင္စုံပုံနဲ႕ပါ။
.
တံဆိပ္ေခါင္းပုံ လွပါတယ္။ ဒီဇ္ိုင္းလည္း အဆင့္ရွိပါတယ္။ စုသူေတြအႀကိဳက္ပါဘဲ။ ဒီလိုေရာင္စုံပုံနဲ႕ ဆိုဒ္အႀကီးထုတ္တာ အထိမ္းအမွတ္ထုတ္၊ အထူးထုတ္ဆို ေျပာစရာမရွိပါ။ အစဥ္သုံးဆိုေတာ့ နည္းနည္းေျပာခ်င္ပါတယ္။
.
အစဥ္သုံးဆိုတာ အရည္အတြက္ အကန့္အသတ္မရွိဘဲ ေနာက္တႀကိမ္ အစဥ္သုံးထုတ္သည္အထိ သုံးရမွပါ။ နိုင္ငံတိုင္းလိုလိုနဲ႕ ျမန္မာ့အရင္အစဥ္သုံးေတြေတာင္ ပုံႏွိပ္မွင္ ႏွစ္ေရာင္ေလာက္ဘဲ သုံးၾကပါတယ္။ ခုေခတ္ ေစ်းမကြာဘူးဆိုရင္ေတာ့ မေျပာတတ္ပါ။
.
တံဆိပ္ေခါင္းအ႐ြယ္လည္း ခုထုတ္ေဝတါရဲ႕ တဝက္ဆိုဒ္၊ တိုင္းရင္းသားအစဥ္သုံးအ႐ြယ္ဘဲ လုပ္သင့္ပါတယ္။ ပုံႏွိပ္မွင္ခနဲ႕ စကၠဴသက္သာေအာင္လို႔ပါ။ အစဥ္သုံးရဲ႕ တန္ဖိုးႀကီးေခါင္းမ်ားမွ ခုဆိုဒ္ကို ေရာင္စုံထုတ္သင့္တာပါ။ တံဆိပ္ေခါင္းထုတ္လုပ္စားရိတ္ ျမန္မာ့စာပို႔လုပ္ငန္းအတြက္ သက္သာေအာင္လို႔ပါ။ အရည္အတြက္ေျမာက္မ်ားစြာ ထုတ္ရမွာမလို႔ပါ။
.
အစဥ္သုံးဆိုေတာ့ အျခားတန္ဖိုးမ်ားအတြက္လည္း ထုတ္ေဝဦးမွာ ေသခ်ာပါတယ္။ ရစ္ေတြ ေအာက္ခ်င္းေတြ၊ ေဒါင္းေတြ ဗြတ္ကလုံေတြ လာဦးမွာပါ။ ပုံမႏွိပ္ရေသးဘူးဆိုရင္ အထက္ပါႏွစ္ခ်က္ကို စဥ္းစားသင့္ပါတယ္။ ဒီဇိုင္းလည္းေျပာင္းစရာမလိုဘဲ အရည္အတြက္ႏွစ္ဆ ရမွာပါ။
.
FDC လည္းထုတ္ေဝၿပီး ၂၀၀က်ပ္ပါ။ 

09 December 2019

လွတ်လပ်သောမြန်မာပြည် ပထမဆုံးတံဆိပ်ခေါင်း











(Unicode version)

   လွတ်လပ်သောမြန်မာပြည်ရဲ့ ပထမဆုံး  တံဆိပ်ခေါင်းကို လွတ်လပ်ရေးနေ့ ၁၉၄၈ခု ဇန်နဝါရီလ ၄ရက်နေ့မှာ မထုတ်ဝေနိုင်ဘဲ ၆ရက်နေ့မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ လွတ်လပ်သောမြန်မာနိုင်ငံဖြစ်ပြီမို့ အစစတည်ဆောက်ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတာကြောင့် ဖြစ်နိုင်သလို အချိန်မီ မရောက်လို့လည်းဘဲ ဖြစ်နိုင်တာပါဘဲ။ လိုအပ်တာတွေလည်း ရှိခဲ့ပါတယ်။
.
ပထမလိုအပ်တာက လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တံဆိပ်ခေါင်းကို ဒီဇိုင်းအသစ်နဲ့ မလုပ်နိုင်ဘဲ အင်္ဂလိပ်ကိုလိုနီခေတ်က အထူးထုတ်တံဆိပ်ခေါင်းပုံကို ယူသုံးလိုက်ခြင်းပါဘဲ။ ၁၉၄၆ကထုတ်ခဲ့တဲ့ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်ထုတ်ခေါင်း ၂ပဲတန် ခြင်္သေ့ပုံနဲ့ တံဆိပ်ခေါင်းရဲ့ ဂျော့ဘုရင်နေရာမှာ ဗိုလ်ချုပ်ပုံအစားထိုး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းတမျိုးထဲကို အရောင်ငါးမျိုးနဲ့ တန်ဖိုးငါးမျိုးအတွက် ထုတ်ဝေခဲ့တာပါ။ ပဲဝက်(၆ပိုင်) ၊ ၁ပဲ ၊၂ပဲ ၊ ၃ပဲ၆ပိုင် နဲ့ ၈ပဲ တို့ပါ။
.
ဒုတိယလိုအပ်တာက မြန်မာနိုင်ငံအမည်ကို မြန်မာလို မပါခဲ့တာပါဘဲ။ အဲ့ဒီအချိန်က တပြည်လုံးအလုပ်ရှုပ်နေကြမယ် ထင်ပါတယ်။ အသစ်ဒီဇိုင်း မလုပ်ဖြစ်လို့ ပုံတူယူလိုက်တော့ နိုင်ငံအမည် မြန်မာဘာသာနဲ့ ပါမလာတော့တာ ဖြစ်မှာပါ။ တံဆိပ်ခေါင်းတန်ဖိုးတွေကိုတော့ ဒီဇိုင်းဟောင်းမှာကတည်းက မြန်မာလိုရော အင်္ဂလိပ်လိုပါ နှစ်မျိုးပါခဲ့ပါတယ်။
.
ကိုလိန်ိီခေတ် မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်း ထုတ်စဥ်ကပင် လွဲချော်မှုလေးတွေ ရှိခဲ့သလို လွတ်လပ်သော မြန်မာပြည်အတွက် ထုတ်တော့လည်း လွဲချော်မှုလေးတွေ ဖြစ်ခဲ့တာ မှတ်သားစရာပါ။


XxXxXx

(Zawgyi version )

   လြတ္လပ္ေသာျမန္မာျပည္ရဲ႕ ပထမဆုံး တံဆိပ္ေခါင္းကို လြတ္လပ္ေရးေန႕ ၁၉၄၈ခု ဇန္နဝါရီလ ၄ရက္ေန႕မွာ မထုတ္ေဝနိုင္ဘဲ ၆ရက္ေန႕မွ ထုတ္ေဝနိုင္ခဲ့ပါတယ္။ လြတ္လပ္ေသာျမန္မာနိုင္ငံျဖစ္ၿပီမို႔ အစစတည္ေဆာက္ျပင္ဆင္ေနရလို႔ အလုပ္ရႈပ္ေနတာေၾကာင့္ ျဖစ္နိုင္သလို အခ်ိန္မီ မေရာက္လို႔လည္းဘဲ ျဖစ္နိုင္တာပါဘဲ။ လိုအပ္တာေတြလည္း ရွိခဲ့ပါတယ္။
.
ပထမလိုအပ္တာက လြတ္လပ္ေသာ ျမန္မာျပည္ရဲ႕ ပထမဆုံး တံဆိပ္ေခါင္းကို ဒီဇိုင္းအသစ္နဲ႕ မလုပ္နိုင္ဘဲ အဂၤလိပ္ကိုလိုနီေခတ္က အထူးထုတ္တံဆိပ္ေခါင္းပုံကို ယူသုံးလိုက္ျခင္းပါဘဲ။ ၁၉၄၆ကထုတ္ခဲ့တဲ့ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္ထုတ္ေခါင္း ၂ပဲတန္ ျခေသၤ့ပုံနဲ႕ တံဆိပ္ေခါင္းရဲ႕ ေဂ်ာ့ဘုရင္ေနရာမွာ ဗိုလ္ခ်ဳပ္ပုံအစားထိုး ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ ဒီဇိုင္းတမ်ိဳးထဲကို အေရာင္ငါးမ်ိဳးနဲ႕ တန္ဖိုးငါးမ်ိဳးအတြက္ ထုတ္ေဝခဲ့တာပါ။ ပဲဝက္(၆ပိုင္) ၊ ၁ပဲ ၊၂ပဲ ၊ ၃ပဲ၆ပိုင္ နဲ႕ ၈ပဲ တို႔ပါ။
.
ဒုတိယလိုအပ္တာက ျမန္မာနိုင္ငံအမည္ကို ျမန္မာလို မပါခဲ့တာပါဘဲ။ အဲ့ဒီအခ်ိန္က တျပည္လုံးအလုပ္ရႈပ္ေနၾကမယ္ ထင္ပါတယ္။ အသစ္ဒီဇိုင္း မလုပ္ျဖစ္လို႔ ပုံတူယူလိုက္ေတာ့ နိုင္ငံအမည္ ျမန္မာဘာသာနဲ႕ ပါမလာေတာ့တာ ျဖစ္မွာပါ။ တံဆိပ္ေခါင္းတန္ဖိုးေတြကိုေတာ့ ဒီဇိုင္းေဟာင္းမွာကတည္းက ျမန္မာလိုေရာ အဂၤလိပ္လိုပါ ႏွစ္မ်ိဳးပါခဲ့ပါတယ္။
.
ကိုလိန္ိီေခတ္ ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္း ထုတ္စဥ္ကပင္ လြဲေခ်ာ္မႈေလးေတြ ရွိခဲ့သလို လြတ္လပ္ေသာ ျမန္မာျပည္အတြက္ ထုတ္ေတာ့လည္း လြဲေခ်ာ္မႈေလးေတြ ျဖစ္ခဲ့တာ မွတ္သားစရာပါ။ 

03 December 2019

မြန်မာအိုင်ဒေါနဲ့ ခင်ဝမ်းသီချင်း



(Unicode version)


မြန်မာအိုင်ဒေါမှာ စိုးလွင်လွင်သီချင်းတွေကို ပုံပြောင်းဆိုသွားတာ တချို့က ကြိုက်ကြဟန်မတူဘူး။ ကျနော်က မဆိုးပါဘူးပြောလို့လားမသိ၊ နောက်နှစ် ခင်ဝမ်းသီချင်းနဲ့ ပြိုင်ခိုင်းမတဲ့။ လှမ်းလုပ်ကြတယ်။
.
ပြန်ဆိုကြရင် မူလခင်ဝမ်းလောက် ကောင်းမကောင်းက ပြောစရာမလိုပါ။ ခင်ဝမ်းအမှတ်တရအခွေမှာ ကိုတိုးကြီးဆိုနေတုံး ခင်ဝမ်းအသံနဲ့ ထပ်လိုက်တာ အရမ်းကွာနေတာ သတိထားမိကြမှာပါ။ ပင်ကိုယ်အသံလည်းကွာသလို အသံသွင်းခဲ့တာ နှစ်နှစ်ဆယ်ကျော် ကွာနေတာလည်း ပါပါတယ်။ ဒါပေမယ့် ခင်ဝမ်းကတော့ ကျနော့အဖို့ ခင်ဝမ်းပါဘဲ။
.
ခင်ဝမ်းသီချင်းတွေ ပြန်ဆိုပြီးပြိုင်ကြရင် ကောင်းတာပေါ့ဗျာ။ ကြေနပ်တာပေါ့။ ခင်ဝမ်းသီချင်းတွေ ခေတ်လူငယ်တွေ ပြန်ကြားဘူးသွားတာပေါ့။ ဒါ့အပြင် ခင်ဝမ်းမိသားစုတွေလည်း မူပိုင်ကြေး ကျပ်သိန်းရာမချီတောင် ဆယ်ဂဏန်းတော့ ရမယ်အောက်မေ့တာဘဲ။
.
မဖြစ်နိုင်ဘူး မထင်ကြနဲ့ဗျ။ ဒီနှစ် စိုးလွင်လွင်မိသားစုတော့ ဘယ်လောက်ရသွားတယ်မသိဘူး။ ဒိုင်သုံးယောက်က သိန်းထောင်ချီစီ ရကြတယ်လို့ သတင်းကြားရတော့ ပေးချင်ရင်ဖြစ်လောက်တယ်။ အဲဒီ​ခေတ် သီချင်း​တွေ ပြန်ဆိုတော့ ဝင်ငွေရှိနေတဲ့အရွယ်တွေ စိတ်ဝင်စားပြီး များများတောင် ဗုတ်လာနိုင်သေး မဟုတ်လားဗျာ။ ဥက္ကာဦးသာနဲ့ ထရေစီတို့ ရှိနေသေးရင် ခင်ဝမ်းသီချင်းနဲ့ နောက်နှစ်ပြိုင်ကြပါစေဗျာ။


XxXxXx

(Zawgyi version)


ျမန္မာအိုင္ေဒါမွာ စိုးလြင္လြင္သီခ်င္းေတြကို ပုံေျပာင္းဆိုသြားတာ တခ်ိဳ႕က ႀကိဳက္ၾကဟန္မတူဘူး။ က်ေနာ္က မဆိုးပါဘူးေျပာလို႔လားမသိ၊ ေနာက္ႏွစ္ ခင္ဝမ္းသီခ်င္းနဲ႕ ၿပိဳင္ခိုင္းမတဲ့။ လွမ္းလုပ္ၾကတယ္။
.
ျပန္ဆိုၾကရင္ မူလခင္ဝမ္းေလာက္ ေကာင္းမေကာင္းက ေျပာစရာမလိုပါ။ ခင္ဝမ္းအမွတ္တရအေခြမွာ ကိုတိုးႀကီးဆိုေနတုံး ခင္ဝမ္းအသံနဲ႕ ထပ္လိုက္တာ အရမ္းကြာေနတာ သတိထားမိၾကမွာပါ။ ပင်ကိုယ်အသံလည္းကြာသလို အသံသြင္းခဲ့တာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ကြာေနတာလည္း ပါပါတယ္။ ဒါေပမယ့္ ခင္ဝမ္းကေတာ့ က်ေနာ့အဖို႔ ခင္ဝမ္းပါဘဲ။
.
ခင္ဝမ္းသီခ်င္းေတြ ျပန္ဆိုၿပီးၿပိဳင္ၾကရင္ ေကာင္းတာေပါ့ဗ်ာ။ ေၾကနပ္တာေပါ့။ ခင္ဝမ္းသီခ်င္းေတြ ေခတ္လူငယ္ေတြ ျပန္ၾကားဘူးသြားတာေပါ့။ ဒါ့အျပင္ ခင္ဝမ္းမိသားစုေတြလည္း မူပိုင္ေၾကး ကျပ်သိန္းရာမခ်ီေတာင္ ဆယ္ဂဏန္းေတာ့ ရမယ္ေအာက္ေမ့တာဘဲ။
.
မျဖစ္နိုင္ဘူး မထင္ၾကနဲ႕ဗ်။ ဒီႏွစ္ စိုးလြင္လြင္မိသားစုေတာ့ ဘယ္ေလာက္ရသြားတယ္မသိဘူး။ ဒိုင္သုံးေယာက္က သိန္းေထာင္ခ်ီစီ ရၾကတယ္လို႔ သတင္းၾကားရေတာ့ ေပးခ်င္ရင္ျဖစ္ေလာက္တယ္။ အဲဒီ​ေခတ္ သီခ်င္း​ေတြ ျပန္ဆိုေတာ့ ဝင္ေငြရွိေနတဲ့အ႐ြယ္ေတြ စိတ္ဝင္စားၿပီး မ်ားမ်ားေတာင္ ဗုတ္လာနိုင္ေသး မဟုတ္လားဗ်ာ။ ဥကၠာဦးသာနဲ႕ ထေရစီတို႔ ရွိေနေသးရင္ ခင္ဝမ္းသီခ်င္းနဲ႕ ေနာက္ႏွစ္ၿပိဳင္ၾကပါေစဗ်ာ။

27 November 2019

နတ်တော်လ တံဆိပ်ခေါင်း









(Unicode version)

   မြန်မာလအလိုက် ရိုးရာပွဲတော်နှင့်ပန်း စီးရီး၏ နောက်ဆုံးလတံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ နတ်တော်လအတွက် စာဆိုတော်ပွဲနှင့် သဇင်ပန်းပုံဖြစ်သည်။ ၂၀၀ကျပ်တန် တံဆိပ်ခေါင်းနှင့် ၂၀၀ကျပ်တန် FDC ထုတ်ဝေသည်။
.
ရိုးရာပွဲနှင့်ပန်း ၁၁ခေါင်းထုတ်ဝေပြီးဖြစ်သည်။ ထို၁၁ခေါင်းလုံး ပွဲသရုပ်ဖေါ်ပုံများကို ရှေးကဟန်ဖြင့် ရိုးရာပုံသရုပ်ဖော်ခဲ့သည်။ ယခုလတွင်မူ စာပေဟေါပြောပွဲစာတမ်းနှင့် ခေတ်ပေါ်စကားပြောစင်ရှေ့တွင် ခေါင်းပေါင်းဝတ်စာရေးဆရာပုံထည့်သုံးထားသည်မှာ ယခင်တံဆိပ်ခေါင်းများနှင့် ညီညွတ်သည်ဟု မခံစားရပါ။ ဒီဇိုင်းညံ့သည်ဟု ပြောလိုသည်။ ရှေးစာဆိုတဦး ကညစ်ဖြင့်ပေချပ်ပေါ်တွင် ရေးနေသည့်ဟန်ဆို လုံလောက်ပြီထင်သည်။
.
၂၀၁၉နှစ်အတွင်း ဤလစဥ်ထုတ် တံဆိပ်ခေါင်းများနှင့်အတူ ထုတ်နေကျလွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊ အထိမ်းအမှတ်ထုတ်အဖြစ် အာဆီယံ၊ ဂန္ဒီ ၊ UPU ခေါင်းများလည်း ထုတ်ဝေခဲ့ရာ မြန်မာ့စာပို့သမိုင်းတွင် တံဆိပ်ခေါင်းအများဆုံး ထုတ်ဝေသည့်နှစ် ဖြစ်ခဲ့ပြီ။ အာဆီယံအထိမ်းအမှတ်ဆိုလျှင် တံဆိပ်ခေါင်း၁၆ခေါင်းမျှ ထုတ်ဝေခဲ့ရာ ၂၀၁၉ခု နှစ်အတွင်း တံဆိပ်ခေါင်း ၃၃လုံးထုတ်ဝေခဲ့သည်။
.
လာမည့် ၂၀၂၀တွင်လည်း အနည်းဆုံး တိုကျိုအိုလံပစ်၊ ရုပ်ရှင်ရာပြည့်၊ တက္ကသိုလ်ရာပြည့်တို့ရှိနေရာ တံဆိပ်ခေါင်းအသစ်များ မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်ဝေဦးမည်ဟု ယူဆမိပါကြောင်းပါ။     ။


XxXxXx

(Zawgyi version)

   ျမန္မာလအလိုက္ ရိုးရာပြဲေတာ္ႏွင့္ပန္း စီးရီး၏ ေနာက္ဆုံးလတံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ နတ္ေတာ္လအတြက္ စာဆိုေတာ္ပြဲႏွင့္ သဇင္ပန္းပုံျဖစ္သည္။ ၂၀၀က်ပ္တန္ တံဆိပ္ေခါင္းႏွင့္ ၂၀၀က်ပ္တန္ FDC ထုတ္ေဝသည္။
.
ရိုးရာပြဲႏွင့္ပန္း ၁၁ေခါင္းထုတ္ေဝၿပီးျဖစ္သည္။ ထို၁၁ေခါင္းလုံး ပြဲသ႐ုပ္ေဖၚပုံမ်ားကို ေရွးကဟန္ျဖင့္ ရိုးရာပုံသ႐ုပ္ေဖာ္ခဲ့သည္။ ယခုလတြင္မူ စာေပေဟါေျပာပြဲစာတမ္းႏွင့္ ေခတ္ေပၚစကားေျပာစင္ေရွ႕တြင္ ေခါင္းေပါင္းဝတ္စာေရးဆရာပုံထည့္သုံးထားသည္မွာ ယခင္တံဆိပ္ေခါင္းမ်ားႏွင့္ ညီၫြတ္သည္ဟု မခံစားရပါ။ ဒီဇိုင္းညံ့သည္ဟု ေျပာလိုသည္။ ေရွးစာဆိုတဦး ကညစ္ျဖင့္ေပခ်ပ္ေပၚတြင္ ေရးေနသည့္ဟန္ဆို လုံေလာက္ၿပီထင္သည္။
.
၂၀၁၉ႏွစ္အတြင္း ဤလစဥ္ထုတ္ တံဆိပ္ေခါင္းမ်ားႏွင့္အတူ ထုတ္ေနက်လြတ္လပ္ေရးေန႕ တံဆိပ္ေခါင္း၊ အထိမ္းအမွတ္ထုတ္အျဖစ္ အာဆီယံ၊ ဂႏၵီ ၊ UPU ေခါင္းမ်ားလည္း ထုတ္ေဝခဲ့ရာ ျမန္မာ့စာပို႔သမိုင္းတြင္ တံဆိပ္ေခါင္းအမ်ားဆုံး ထုတ္ေဝသည့္ႏွစ္ ျဖစ္ခဲ့ၿပီ။ အာဆီယံအထိမ္းအမွတ္ဆိုလွ်င္ တံဆိပ္ေခါင္း၁၆ေခါင္းမွ် ထုတ္ေဝခဲ့ရာ ၂၀၁၉ခု ႏွစ္အတြင္း တံဆိပ္ေခါင္း ၃၃လုံးထုတ္ေဝခဲ့သည္။
.
လာမည့္ ၂၀၂၀တြင္လည္း အနည္းဆုံး တိုက်ိဳအိုလံပစ္၊ ႐ုပ္ရွင္ရာျပည့္၊ တကၠသိုလ္ရာျပည့္တို႔ရွိေနရာ တံဆိပ္ေခါင္းအသစ္မ်ား ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထုတ္ေဝဦးမည္ဟု ယူဆမိပါေၾကာင္းပါ။ ။

21 November 2019

ICJ နဲ့ မြန်မာနိုင်ငံ











(Unicode version)

   မနေ့ညက ၈နာရီသတင်းမှာ သတင်းထူးကြားလိုက်ရလို့ အတော်အံ့သြသွားမိပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်တဲ့။ ဟော်လန်ကတရားရုံးမှာ ကိုယ်တိုင်သွားရောက် ရင်ဆိုင်မယ့် သဘောပါဘဲ။
.
အမေစုက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပြည်ပကကျွမ်းကျင်သူ ဥပဒေပညါရှင်တွေငှားရမ်းပြီး ကိုယ်တိုင်အမှုရင်ဆိုင်မှာပါ။ နားရှိလို့သာကြားရတယ်။ မြန်မာပြည်မှာ ကြုံခဲ့ဘူးသမျှခေါင်းဆောင်တွေထဲ ဒီလိုလုပ်မယ့်သူ ရှိလိမ့်မယ်လို့ စဥ်းတောင်မစဥ်းစားမိခဲ့ဘူးတာ အမှန်ပါ။
.
မလိုသူတွေကတော့ ပြောကြပါလိမ့်ဦးမယ်။ နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင် သွားရသလားတို့။ ပြည်ပနဲ့အဆက်အသွယ်ရှိသူဆိုတော့ ဇတ်များတိုက်ထားသလားတို့၊ နောက်နှစ်မှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်တာတို့ စသဖြင့် အောက်ကလိအာကြနိုင်ပါတယ်။ သူတို့ရဲ့ဆရာကြီးများ လုပ်ရပ်အပြုအမူတွေကိုသာ မြင်ဘူးတဲ့သူတွေဆိုတော့ အပစ်မမြင်တော့ပါဘူး။
.
တကယ်ဆို ဒီလိုဆုံးဖြတ် လုပ်ကိုင်ရဲဖို့ ပထမဆုံးသတ္တိလိုပါတယ်။ တိုက်ရဲခိုက်ရဲမှ လက်နက်ရှိမှ ထွက်လာတဲ့သတ္တိမျိုး မဟုတ်ပါ။ မဟုတ်တာကို ပြန်လည်ရှင်းပြရဲတဲ့ သတ္တိမျိုးကို ဆိုလိုတာပါ။ ဒီလိုသတ္တိရှိဖို့လည်း မဟုတ်တာမလုပ်ထားကြောင်း စိတ်ရှင်းဖို့လိုသလို မိမိကိုယ်တိုင် နောက်ကြောင်းရှင်းဖို့လည်း လိုပါတယ်။
.
ဒုတိယက အရည်အချင်းပါ။ ဒါလည်း စာမေးပွဲအောင်ပြီး ဘွဲ့တွေရထားတဲ့ပညာမဟုတ်ပါ။ တသက်တာမှာကြုံခဲ့တဲ့ အတွေ့အကြုံတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ထုတ်သုံးနိုင်ခြင်းမျိုးကို ဆိုလိုတာပါ။ တရားရေးရင်ဆိုင်ရမှာဖြစ်လို့ ကျွမ်းကျင်သူတွေငှားသုံးတာကိုက ပညာရှိတာကိုပြတာပါ။ ဒီနေရာမှာ မျိုးချစ်စိတ်တို့ ပြည်တွင်းဖြစ်တ်ို့သာ ဖက်တွယ်နေရင် စိန့်မာတင်ကျွန်းလို ခံသွားရပါလိမ့်မယ်။
.
နိုင်ငံတကာတရားရုံးမှာမို့လို့ အင်္ဂလိပ်လို​ကျွမ်းဖို့လိုတာတော့ ထည့်မပြောတော့ပါဘူး။ နိုင်ငံတကာအဆက်အသွယ်၊ ပြည်ပမှာဝင်ဆန့်မှုတွေလည်း လိုအပ်တာအသေအချာပါဘဲ။ ဒါတွေအားလုံး ပြည့်စုံတာ မြန်မာပြည်မှာ အမေစုတယောက်ဘဲ ရှိပါတယ်။
.
တကယ်ဆို အမေ့အသက်နဲ့က ဒီကနေ လိုတာလှမ်းပြောပြီး စေခိုင်းနေသင့်တဲ့အရွယ်ပါ။ တိုင်းပြည်အတွက်ဆိုတဲ့စိတ်နဲ့ လှုပ်ရှားနေတဲ့ အမေ့ကိုကြည့်ပြီး ပင်ပန်းလှပါတယ်။ မြန်မာပြည်သားမှန်ရင် အမေဦးဆောင်ရာနောက်ကို မမှိတိမသုံ လိုက်သင့်ပါတယ်။ မိမိလိုဘ မပြည့်လို့ ဂလန့်တိုက်နေတဲ့ ဂဏန်းတွေလည်း ဒီတကြိမ် အမြင်မှန်ရပြီး အတည့်သွားနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။
.
#အမေစုရဲ့_မှန်ကန်သောလုပ်ရပ်_အကြွင်းမဲ့_အောင်မြင်ပါစေ။


XxXxXx

(Zawgyi version)

   မေန႕ညက ၈နာရီသတင္းမွာ သတင္းထူးၾကားလိုက္ရလို႔ အေတာ္အံ့ၾသသြားမိပါတယ္။ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)မွာ ျမန္မာနိုင္ငံ၏ အက်ိဳးစီးပြားကို ကာကြယ္ရန္အတြက္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ကိုယ္တိုင္ ဦးစီးေဆာင္႐ြက္မည္တဲ့။ ေဟာ္လန္ကတရား႐ုံးမွာ ကိုယ္တိုင္သြားေရာက္ ရင္ဆိုင္မယ့္ သေဘာပါဘဲ။
.
အေမစုက နိုင္ငံျခားေရးဝန္ႀကီးအေနနဲ႕ ျပည္ပကကြၽမ္းက်င္သူ ဥပေဒပညါရွင္ေတြငွားရမ္းၿပီး ကိုယ္တိုင္အမႈရင္ဆိုင္မွာပါ။ နားရွိလို႔သာၾကားရတယ္။ ျမန္မာျပည္မွာ ႀကဳံခဲ့ဘူးသမွ်ေခါင္းေဆာင္ေတြထဲ ဒီလိုလုပ္မယ့္သူ ရွိလိမ့္မယ္လို႔ စဥ္းေတာင္မစဥ္းစားမိခဲ့ဘူးတာ အမွန္ပါ။
.
မလိုသူေတြကေတာ့ ေျပာၾကပါလိမ့္ဦးမယ္။ နိုင္ငံ့ေခါင္းေဆာင္ကိုယ္တိုင္ သြားရသလားတို႔။ ျပည္ပနဲ႕အဆက္အသြယ္ရွိသူဆိုေတာ့ ဇတ္မ်ားတိုက္ထားသလားတို႔၊ ေနာက္ႏွစ္မွာက်င္းပဖို႔ရွိတဲ့ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္တာတို႔ စသျဖင့္ ေအာက္ကလိအာၾကနိုင္ပါတယ္။ သူတို႔ရဲ႕ဆရာႀကီးမ်ား လုပ္ရပ္အျပဳအမူေတြကိုသာ ျမင္ဘူးတဲ့သူေတြဆိုေတာ့ အပစ္မျမင္ေတာ့ပါဘူး။
.
တကယ္ဆို ဒီလိုဆုံးျဖတ္ လုပ္ကိုင္ရဲဖို႔ ပထမဆုံးသတၱိလိုပါတယ္။ တိုက္ရဲခိုက္ရဲမွ လက္နက္ရွိမွ ထြက္လာတဲ့သတၱိမ်ိဳး မဟုတ္ပါ။ မဟုတ္တာကို ျပန္လည္ရွင္းျပရဲတဲ့ သတၱိမ်ိဳးကို ဆိုလိုတာပါ။ ဒီလိုသတၱိရွိဖို႔လည္း မဟုတ္တာမလုပ္ထားေၾကာင္း စိတ္ရွင္းဖို႔လိုသလို မိမိကိုယ္တိုင္ ေနာက္ေၾကာင္းရွင္းဖို႔လည္း လိုပါတယ္။
.
ဒုတိယက အရည္အခ်င္းပါ။ ဒါလည္း စာေမးပြဲေအာင္ၿပီး ဘြဲ႕ေတြရထားတဲ့ပညာမဟုတ္ပါ။ တသက္တာမွာႀကဳံခဲ့တဲ့ အေတြ႕အႀကဳံေတြကို လိုအပ္တဲ့အခ်ိန္မွာ လိုအပ္သလို ထုတ္သုံးနိုင္ျခင္းမ်ိဳးကို ဆိုလိုတာပါ။ တရားေရးရင္ဆိုင္ရမွာျဖစ္လို႔ ကြၽမ္းက်င္သူေတြငွားသုံးတာကိုက ပညာရွိတာကိုျပတာပါ။ ဒီေနရာမွာ မ်ိဳးခ်စ္စိတ္တို႔ ျပည္တြင္းျဖစ္တ္ို႔သာ ဖက္တြယ္ေနရင္ စိန့္မာတင္ကြၽန္းလို ခံသြားရပါလိမ့္မယ္။
.
နိုင္ငံတကာတရား႐ုံးမွာမို႔လို႔ အဂၤလိပ္လို​ကြၽမ္းဖို႔လိုတာေတာ့ ထည့္မေျပာေတာ့ပါဘူး။ နိုင္ငံတကာအဆက္အသြယ္၊ ျပည္ပမွာဝင္ဆန့္မႈေတြလည္း လိုအပ္တာအေသအခ်ာပါဘဲ။ ဒါေတြအားလုံး ျပည့္စုံတာ ျမန္မာျပည္မွာ အေမစုတေယာက္ဘဲ ရွိပါတယ္။
.
တကယ္ဆို အေမ့အသက္နဲ႕က ဒီကေန လိုတာလွမ္းေျပာၿပီး ေစခိုင္းေနသင့္တဲ့အ႐ြယ္ပါ။ တိုင္းျပည္အတြက္ဆိုတဲ့စိတ္နဲ႕ လႈပ္ရွားေနတဲ့ အေမ့ကိုၾကည့္ၿပီး ပင္ပန္းလွပါတယ္။ ျမန္မာျပည္သားမွန္ရင္ အေမဦးေဆာင္ရာေနာက္ကို မမွိတိမသုံ လိုက္သင့္ပါတယ္။ မိမိလိုဘ မျပည့္လို႔ ဂလန့္တိုက္ေနတဲ့ ဂဏန္းေတြလည္း ဒီတႀကိမ္ အျမင္မွန္ရၿပီး အတည့္သြားနိုင္ဖို႔ ဆုေတာင္းလိုက္ပါတယ္။
.
#အေမစုရဲ႕_မွန္ကန္ေသာလုပ္ရပ္_အႂကြင္းမဲ့_ေအာင္ျမင္ပါေစ။

14 November 2019

လူညံ့တွေကို လဲမပေးဘူးဆိုရင်.....

(Unicode version)

မနေ့ညက ၈နာရီသတင်းနားထောင်ပါသည်။ သတင်းခေါင်းစဥ်မှာ သမတထံ သံအမတ်နှစ်ဦး ခန့်အပ်လွှာပေးတာဘဲပါသဖြင့် ကြည့်လက်စပြင်သစ်စီးရီး CHEFS ကိုဘဲဆက်ကြည့်နေပါသည်။
.
မဆလခေတ်ကတည်းက ည၈နာရီသတင်းတွေကို ခေါင်းစဥ်နားထောင်လေ့ရှိခဲ့သည်။ အရေးကြီးတာ ထိုအချိန်မှာကြေငြာလေ့ ရှိသကို။ ခုချိန်ထိ တီဗီနားရှိလျှင် နားထောင်ဖြစ်ဆဲပါ။ စိတ်ဝင်စားစရာခေါင်းစဥ်မပါလျှင် ဆက်နားမထောင်တော့။
.
မနေ့က သံအမတ်ခန့်အပ်လွှာဘဲပါတော့ ဆက်နားမထောင်ဖြစ်ပါ။ ဒီမနက်ဖေ့ဘုတ်သတင်းတွေကြည့်တော့ စာရေးဆရာမဂျူး အမျိုးသားစာပေဆုရ၍ ချီးကျူးတာတွေ့မှ သိရသည်။ အခြားဘယ်သူတွေရလည်း သိချင်လို့ MOI ဖေ့ဘုတ်သွားကြည့်ရာ (မနက်၇နာရီအထိ) မတွေ့သေးပါ။
.
တကယ်ဆို စာရေးဆရာကြီးကိုယ်တိုင် ဝန်ကြီးဖြစ်နေချိန် မြန်မာနိုင်ငံအတွက် အမြင့်ဆုံးစာပေဆုသတင်းကို သတင်းခေါင်းစဥ်မှာကို ကြေငြာသင့်သည်။ စာရေးဆရာများအတွက် ဂုဏ်ယူစရာကိစ္စ။ စစ်အစိုးရခေတ်ကလို မပေးမဖြစ်လို့ ဝတ်ကျေတန်းကျေ ကိုယ့်လူကိုယ်ပေးခဲ့တာဆို ထားပါတော့။
.
ပြည်သူရွေးချယ်သောအစိုးရခေတ် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်သူအများ အားမလိုအားမရဖြစ်ရတာများပြီ။ မနေ့ကလည်း ပါချုပ်ဆရာတော်ကြီးကိစ္စ အကုသိုလ်ကောင်များက လုပ်ကြံသတင်းဖြန့်ကြသည်။ ဒါမျိုးဆို ပြန်ကြားရေးဌာနက သာသနာရေးဌာနကို အမြန်ဆုံးလှမ်းမေးပြီး ဖြေရှင်းချက်ထုတ်သင့်သည်။ ခုတော့ မတုန်မလှုပ်။
.
အစိုးရရဲ့ ပုံရိပ်ထိခိုက်လာလျှင် အမြန်ဆုံးဖြေရှင်းဖို့ ပြန်ဝန်တွင်တာဝန်ရှိပါသည်။ စစ်အစိုးရခေတ်လို အပေါ်ကပြောမှလုပ်မည်ဆိုလျှင် အခြားဒီမိုကရေစီနိုင်ငံများလို ပြန်ကြားရေးဌာန ထားမနေပါနှင့်တော့။ ပြန်ကြားရေးဌာနအတွက် ပြန်ကြားရေးဝန်ကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။ လက်ရှိပြန်ကြားရေးဝန်ကြီးကို ဆက်သုံးနေမည်ဆိုလျှင် သူ့ကိုပြောင်းသည်အထိ NLDပါတီကိုဘဲ မဲဆက်ပေးရမည်ဟု ဆုံးဖြတ်လိုက်ပါပြီ။ NLDပါတီ လွှတ်တော်အမတ်များနဲ့ အစိုးရအဖွဲ့ဝင်များ အားလုံးကောင်းသွားသည်အထိ NLD ပါတီကိုဘဲ မဲပေးသင့်ပါကြောင်း။


XxXxXx

(Zawgyi version )

မေန႕ညက ၈နာရီသတင္းနားေထာင္ပါသည္။ သတင္းေခါင္းစဥ္မွာ သမတထံ သံအမတ္ႏွစ္ဦး ခန့္အပ္လႊာေပးတာဘဲပါသျဖင့္ ၾကည့္လက္စျပင္သစ္စီးရီး CHEFS ကိုဘဲဆက္ၾကည့္ေနပါသည္။
.
မဆလေခတ္ကတည္းက ည၈နာရီသတင္းေတြကို ေခါင္းစဥ္နားေထာင္ေလ့ရွိခဲ့သည္။ အေရးႀကီးတာ ထိုအခ်ိန္မွာေၾကျငာေလ့ ရွိသကို။ ခုခ်ိန္ထိ တီဗီနားရွိလွ်င္ နားေထာင္ျဖစ္ဆဲပါ။ စိတ္ဝင္စားစရာေခါင္းစဥ္မပါလွ်င္ ဆက္နားမေထာင္ေတာ့။
.
မေန႕က သံအမတ္ခန့္အပ္လႊာဘဲပါေတာ့ ဆက္နားမေထာင္ျဖစ္ပါ။ ဒီမနက္ေဖ့ဘုတ္သတင္းေတြၾကည့္ေတာ့ စာေရးဆရာမဂ်ဴး အမ်ိဳးသားစာေပဆုရ၍ ခ်ီးက်ဴးတာေတြ႕မွ သိရသည္။ အျခားဘယ္သူေတြရလည္း သိခ်င္လို႔ MOI ေဖ့ဘုတ္သြားၾကည့္ရာ (မနက္၇နာရီအထိ) မေတြ႕ေသးပါ။
.
တကယ္ဆို စာေရးဆရာႀကီးကိုယ္တိုင္ ဝန္ႀကီးျဖစ္ေနခ်ိန္ ျမန္မာနိုင္ငံအတြက္ အျမင့္ဆုံးစာေပဆုသတင္းကို သတင္းေခါင္းစဥ္မွာကို ေၾကျငာသင့္သည္။ စာေရးဆရာမ်ားအတြက္ ဂုဏ္ယူစရာကိစၥ။ စစ္အစိုးရေခတ္ကလို မေပးမျဖစ္လို႔ ဝတ္ေက်တန္းေက် ကိုယ့္လူကိုယ္ေပးခဲ့တာဆို ထားပါေတာ့။
.
ျပည္သူေ႐ြးခ်ယ္ေသာအစိုးရေခတ္ ျပန္ၾကားေရးဝန္ႀကီးဌာနကို ျပည္သူအမ်ား အားမလိုအားမရျဖစ္ရတာမ်ားၿပီ။ မေန႕ကလည္း ပါခ်ဳပ္ဆရာေတာ္ႀကီးကိစၥ အကုသိုလ္ေကာင္မ်ားက လုပ္ႀကံသတင္းျဖန့္ၾကသည္။ ဒါမ်ိဳးဆို ျပန္ၾကားေရးဌာနက သာသနာေရးဌာနကို အျမန္ဆုံးလွမ္းေမးၿပီး ေျဖရွင္းခ်က္ထုတ္သင့္သည္။ ခုေတာ့ မတုန္မလႈပ္။
.
အစိုးရရဲ႕ ပုံရိပ္ထိခိုက္လာလွ်င္ အျမန္ဆုံးေျဖရွင္းဖို႔ ျပန္ဝန္တြင္တာဝန္ရွိပါသည္။ စစ္အစိုးရေခတ္လို အေပၚကေျပာမွလုပ္မည္ဆိုလွ်င္ အျခားဒီမိုကေရစီနိုင္ငံမ်ားလို ျပန္ၾကားေရးဌာန ထားမေနပါႏွင့္ေတာ့။ ျပန္ၾကားေရးဌာနအတြက္ ျပန္ၾကားေရးဝန္ႀကီးတြင္ တာဝန္အရွိဆုံးျဖစ္သည္။ လက္ရွိျပန္ၾကားေရးဝန္ႀကီးကို ဆက္သုံးေနမည္ဆိုလွ်င္ သူ႕ကိုေျပာင္းသည္အထိ NLDပါတီကိုဘဲ မဲဆက္ေပးရမည္ဟု ဆုံးျဖတ္လိုက္ပါၿပီ။ NLDပါတီ လႊတ္ေတာ္အမတ္မ်ားနဲ႕ အစိုးရအဖြဲ႕ဝင္မ်ား အားလုံးေကာင္းသြားသည္အထိ NLD ပါတီကိုဘဲ မဲေပးသင့္ပါေၾကာင္း။

07 November 2019

မိုးတွေတောင် ငိုနေပြီ...


(Unicode version)

   နိုဝင်ဘာလဆန်းသည်အထိ ရန်ကုန်တွင်နွေလိုပူသည်။ ပြီးခဲ့သောရက်အနည်းငယ်မှစ မိုးကွက်ကျားရွာပြီး ဒီနေ့တော့ မိုးအုံ့ပြီး မိုးတွင်းလိုရွာနေသည်။ ဘယ်နှစ်ရက်ဆက်ရွာမှာလဲ၊ မိုးရပ်ပြီးရင် ဆောင်းလိုအေးတော့မှာလား ရန်ကုန်ကသူတွေ သိချင်နေမှာပါ။
.
ဖေ့ဘုတ်ပေါ်မှစိုက်ပျိုးရေးဂရုတခုတွင် အထက်မြန်မာပြည် ဒေသတချို့မှ စိုက်ပျိုးရေးသမားများ သိချင်နေသည်။ သူတို့ဘက် မိုးရွာမှာလား။ မိုးများမှာမို့ စိုက်ထားတာလေး ကြိုသိမ်းလိုက်ရတော့မှာလား။
.
လျှပ်စစ်ဒုဝန်ကြီးက သူ့ဖေ့ဘုတ်တွင်ရေးသည်။ နောင်နှစ်နွေရာသီ မီးမပျက်စေရေးအတွက် အင်းလေးကန်တို့ ပေါင်းလောင်းဆည်တို့ရေတိုးစေချင်နေသည်တဲ့။ ရှမ်းပြည်ဘက်မိုးရွာအောင် ဝိုင်းဆုတောင်းပေးကြမလား။ တောင်ကြီးရဲ့အစည်ဆုံး မီးပုံးပြန်လွှတ်ပွဲသမားတွေ ပွဲတော်ရက်မိုးလွတ်မလား သိချင်နေကြမှာပါဘဲ။
.
မြန်မာနိုင်ငံ အစိုးရဌာနများမှာ မိုးလေဝသဦးစီးဌာန တခုရှိသည်။ ရေဒီယိုသတင်း၊ တီဗီသတင်းနှင့် ဖေ့ဘုတ်မှာစာမျက်နှာဖွင့် ကြေငြာပေးနေသည်။ ပြည်သူအများစုကြီး သတိမှထားမိပါလေစ။
.
ပြည်သူအများစုကြီး မိုးလေဝသနှင့်ပတ်သက်ပြီး အားထားနေရသည်က ဆရာကြီးဦးထွန်းလွင်ကိုပါ။ သူရဲ့ဟောပြောချက်၊ သူ့ရဲ့ဆောင်းပါးများနဲ့ ပြည်သူထဲအပေါက်ဆုံးက သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာပါ။
.
ပျင်းစရာကောင်းသော၊ မိမိနှင့်မပတ်သက်ဟုထင်ရသော၊ လူစိတ်ဝင်စားမှုနည်းသော မိုးလေဝသကို လူအများစုကြီးစိတ်ဝင်စားလာတာ ဦးထွန်းလွင်ကြောင့်ဟုဆိုလျှင် ညင်းနိုင်ကြမည်မထင်။ ဆရာကြီး၏ မိုးလေဝသပညာတွင်မက ဆရာကြီး၏ တင်ဆက်မှုအနုပညာ၊ အထူးသဖြင့် ဟာသရသကြောင့် ပြည်သူအများ မိုးလေဝသကို စိတ်ဝင်စားရကောင်းမှန်း သိလာကြသည်ဟုဆိုချင်ပါသည်။
.
ယခု ဆရာကြီးမရှိတော့ပါ။ ကွယ်လွန်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်နေရာအနှံ့အပြားတွင် တချို့ဒေသများတွင်နေရာကြဲကြဲ၊ တချို့ဒေသများတွင်နေရာကွက်ကြား၊ တချို့ဒေသများတွင် မိုးထစ်ချုန်းရွာနေပါသည်။ (ဒီစာရေးတော့ သူပြောနေကြအသံကို ကြားလာမိပါတယ်) စိုင်းစိုင်မောဝ်ရဲ့ သီချင်းတပုဒ်သတိရမိသည်။ ''မိုးတွေတောင် ငိုနေပြီ ဆရာကြီးရေ'' ။ မိုးလေဝသဆရာကြီးဦးထွန်းလွင် ကောင်းရာသုဂတိ လားပါစေ။


XxXxXx

(Zawgyi version)

   နိုဝင္ဘာလဆန္းသည္အထိ ရန္ကုန္တြင္ႏြေလိုပူသည္။ ၿပီးခဲ့ေသာရက္အနည္းငယ္မွစ မိုးကြက္က်ား႐ြာၿပီး ဒီေန႕ေတာ့ မိုးအုံ႕ၿပီး မိုးတြင္းလို႐ြာေနသည္။ ဘယ္ႏွစ္ရက္ဆက္႐ြာမွာလဲ၊ မိုးရပ္ၿပီးရင္ ေဆာင္းလိုေအးေတာ့မွာလား ရန္ကုန္ကသူေတြ သိခ်င္ေနမွာပါ။
.
ေဖ့ဘုတ္ေပၚမွစိုက္ပ်ိဳးေရးဂ႐ုတခုတြင္ အထက္ျမန္မာျပည္ ေဒသတခ်ိဳ႕မွ စိုက္ပ်ိဳးေရးသမားမ်ား သိခ်င္ေနသည္။ သူတို႔ဘက္ မိုး႐ြာမွာလား။ မိုးမ်ားမွာမို႔ စိုက္ထားတာေလး ႀကိဳသိမ္းလိုက္ရေတာ့မွာလား။
.
လွ်ပ္စစ္ဒုဝန္ႀကီးက သူ႕ေဖ့ဘုတ္တြင္ေရးသည္။ ေနာင္ႏွစ္ႏြေရာသီ မီးမပ်က္ေစေရးအတြက္ အင္းေလးကန္တို႔ ေပါင္းေလာင္းဆည္တို႔ေရတိုးေစခ်င္ေနသည္တဲ့။ ရွမ္းျပည္ဘက္မိုး႐ြာေအာင္ ဝိုင္းဆုေတာင္းေပးၾကမလား။ ေတာင္ႀကီးရဲ႕အစည္ဆုံး မီးပုံးျပန္လႊတ္ပြဲသမားေတြ ပြဲေတာ္ရက္မိုးလြတ္မလား သိခ်င္ေနၾကမွာပါဘဲ။
.
ျမန္မာနိုင္ငံ အစိုးရဌာနမ်ားမွာ မိုးေလဝသဦးစီးဌာန တခုရွိသည္။ ေရဒီယိုသတင္း၊ တီဗီသတင္းႏွင့္ ေဖ့ဘုတ္မွာစာမ်က္ႏွာဖြင့္ ေၾကျငာေပးေနသည္။ ျပည္သူအမ်ားစုႀကီး သတိမွထားမိပါေလစ။
.
ျပည္သူအမ်ားစုႀကီး မိုးေလဝသႏွင့္ပတ္သက္ၿပီး အားထားေနရသည္က ဆရာႀကီးဦးထြန္းလြင္ကိုပါ။ သူရဲ႕ေဟာေျပာခ်က္၊ သူ႕ရဲ႕ေဆာင္းပါးမ်ားနဲ႕ ျပည္သူထဲအေပါက္ဆုံးက သူ႕ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာပါ။
.
ပ်င္းစရာေကာင္းေသာ၊ မိမိႏွင့္မပတ္သက္ဟုထင္ရေသာ၊ လူစိတ္ဝင္စားမႈနည္းေသာ မိုးေလဝသကို လူအမ်ားစုႀကီးစိတ္ဝင္စားလာတာ ဦးထြန္းလြင္ေၾကာင့္ဟုဆိုလွ်င္ ညင္းနိုင္ၾကမည္မထင္။ ဆရာႀကီး၏ မိုးေလဝသပညာတြင္မက ဆရာႀကီး၏ တင္ဆက္မႈအႏုပညာ၊ အထူးသျဖင့္ ဟာသရသေၾကာင့္ ျပည္သူအမ်ား မိုးေလဝသကို စိတ္ဝင္စားရေကာင္းမွန္း သိလာၾကသည္ဟုဆိုခ်င္ပါသည္။
.
ယခု ဆရာႀကီးမရွိေတာ့ပါ။ ကြယ္လြန္ခဲ့ပါၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ ျမန္မာျပည္ေနရာအႏွံ႕အျပားတြင္ တခ်ိဳ႕ေဒသမ်ားတြင္ေနရာႀကဲႀကဲ၊ တခ်ိဳ႕ေဒသမ်ားတြင္ေနရာကြက္ၾကား၊ တခ်ိဳ႕ေဒသမ်ားတြင္ မိုးထစ္ခ်ဳန္း႐ြာေနပါသည္။ (ဒီစာေရးေတာ့ သူေျပာေနၾကအသံကို ၾကားလာမိပါတယ္) စိုင္းစိုင္ေမာဝ္ရဲ႕ သီခ်င္းတပုဒ္သတိရမိသည္။ ''မိုးေတြေတာင္ ငိုေနၿပီ ဆရာႀကီးေရ'' ။ မိုးေလဝသဆရာႀကီးဦးထြန္းလြင္ ေကာင္းရာသုဂတိ လားပါေစ။ 

03 November 2019

မေတ္တာနဲ့ အုပ်ချုပ်ခြင်း၊


(Unicode version)

   NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အမေစုကပြောခဲ့ပါတယ်။ ကျမတို့အစိုးရက မေတ္တာနဲ့ အုပ်ချုပ်မယ့် အစိုးရပါ လို့။
.
အများပြည်သူတွေမဆိုထားနဲ့။ ပါတီဝင်တွေကပင် ထင်ထားခဲ့ကြတာပါ။ ပေဖြစ်တုံးက ခံခဲ့ရသမျှ ပြန်နှံရတော့မယ်လို့။
.
တကယ်ကျ အမေစုက လက်တုန့်ပြန်ဖို့မဆိုထားနှင့်၊ အတိတ်ဟောင်းတွေကို ပြန်ဖော်ပြောတာကိုတောင် မလုပ်စေတော့ပါဘူး။
.
ပြည်သူအချို့က မကြေနပ်နိုင်ကြပါဘူး။ မေတ္တာနဲ့ အုပ်ချုပ်တယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ မေတ္တာအစစ်မရှိလို့ပါ။
.
မေတ္တာဖြင့်အုပ်ချုပ်တယ်ဆိုတာ ပါဝါအာဏာရှိသူတွေ မဟုတ်မတရားလုပ်ခွင့်ပေးတါ မဟုတ်ပါဘူး။ လုပ်တာတွေ့ရင် အရေးယူနေတာလက်တွေ့ပါ။
.
မေတ္တာနဲ့အုပ်ချုပ်တယ်ဆိုတာ အတိတ်တွေပြန်လှန်ပြီး အပစ်တင်နေဖို့ မဟုတ်ဘူးတဲ့။ မေတ္တာနည်းသူတွေ သဘောပေါက်ဖို့မလွယ်လောက်ဘူး။
.
တချို့ကလည်း ပြောကြတယ်။ မြန်မာပြည်သားတွေကို ပါဝါလေးပြပြီးအုပ်ချုပ်မှ အလုပ်ဖြစ်မှာ။ မေတ္တာနဲ့ ခပ်ပျော့ပျော့အုပ်ချုပ်နေလို့ မရဘူးတဲ့။
.
လူတွေမျိုးစုံပြောကြလည်း အမေစုက မေတ္တာနဲ့အုပ်ချုပ်နေဆဲပါဘဲ။  မြန်မာပြည်သားအများစု မေတ္တာရဲ့တန်ဖိုးကို သိလာနိုင်ကြပါစေလို့ဘဲ ဆုတောင်းမိပါတယ်။


XxXxXx

(Zawgyi version)

   NLD ပါတီ ေ႐ြးေကာက္ပြဲမွာ အနိုင္ရၿပီးတဲ့ေနာက္ အေမစုကေျပာခဲ့ပါတယ္။ က်မတို႔အစိုးရက ေမတၱာနဲ႕ အုပ္ခ်ဳပ္မယ့္ အစိုးရပါ လို႔။
.
အမ်ားျပည္သူေတြမဆိုထားနဲ႕။ ပါတီဝင္ေတြကပင္ ထင္ထားခဲ့ၾကတာပါ။ ေပျဖစ္တုံးက ခံခဲ့ရသမွ် ျပန္ႏွံရေတာ့မယ္လို႔။
.
တကယ္က် အေမစုက လက္တုန့္ျပန္ဖို႔မဆိုထားႏွင့္၊ အတိတ္ေဟာင္းေတြကို ျပန္ေဖာ္ေျပာတာကိုေတာင္ မလုပ္ေစေတာ့ပါဘူး။
.
ျပည္သူအခ်ိဳ႕က မေၾကနပ္နိုင္ၾကပါဘူး။ ေမတၱာနဲ႕ အုပ္ခ်ဳပ္တယ္ဆိုတာကို နားမလည္နိုင္ၾကပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔မွာ ေမတၱာအစစ္မရွိလို႔ပါ။
.
ေမတၱာျဖင့္အုပ္ခ်ဳပ္တယ္ဆိုတာ ပါဝါအာဏာရွိသူေတြ မဟုတ္မတရားလုပ္ခြင့္ေပးတါ မဟုတ္ပါဘူး။ လုပ္တာေတြ႕ရင္ အေရးယူေနတာလက္ေတြ႕ပါ။
.
ေမတၱာနဲ႕အုပ္ခ်ဳပ္တယ္ဆိုတာ အတိတ္ေတြျပန္လွန္ၿပီး အပစ္တင္ေနဖို႔ မဟုတ္ဘူးတဲ့။ ေမတၱာနည္းသူေတြ သေဘာေပါက္ဖို႔မလြယ္ေလာက္ဘူး။
.
တခ်ိဳ႕ကလည္း ေျပာၾကတယ္။ ျမန္မာျပည္သားေတြကို ပါဝါေလးျပၿပီးအုပ္ခ်ဳပ္မွ အလုပ္ျဖစ္မွာ။ ေမတၱာနဲ႕ ခပ္ေပ်ာ့ေပ်ာ့အုပ္ခ်ဳပ္ေနလို႔ မရဘူးတဲ့။
.
လူေတြမ်ိဳးစုံေျပာၾကလည္း အေမစုက ေမတၱာနဲ႕အုပ္ခ်ဳပ္ေနဆဲပါဘဲ။ ျမန္မာျပည္သားအမ်ားစု ေမတၱာရဲ႕တန္ဖိုးကို သိလာနိုင္ၾကပါေစလို႔ဘဲ ဆုေတာင္းမိပါတယ္။ 

28 October 2019

တန်ဆောင်မုန်းလ တံဆိပ်ခေါင်း


(Unicode version)

   ပန်းနဲ့ပွဲတော်စီးရီး တန်ဆောင်မုန်းလအတွက် တံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ တန်ဆောင်မုန်းလ ကထိန်လှည့်သည့်ပွဲပုံနှင့် ခဝဲပန်းပုံဖြစ်သည်။ တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ဖြစ်ပြီး ၂၀၀ကျပ်တန် FDC လည်း ထုတ်ဝေသည်။
.
အောက်တိုဘာလအတွင်း တံဆိပ်ခေါင်း၃ကြိမ် ထုတ်ခဲ့ခြင်းက မြန်မာတံဆိပ်ခေါင်းလောကအတွက် အမှတ်တရပါ။ ယခင်သြဂုတ်လက ၃ကြိမ်ထုတ်ခဲ့ဘူးသော်လည်း လဆန်းတရက်တိုင်းထုတ်သည့် ပန်းနှင့်ပွဲတော်စီးရီးအတွက် နှစ်ကြိမ်နဲ့ အထိမ်းအမှတ်ထုတ် တကြိမ်ဖြစ်သည်။ ယခုလမှာမူ ပန်းနဲ့ပွဲတော်အတွက် တကြိမ်နှင့် အထိမ်းအမှတ်နှစ်ကြိမ်ဖြစ်သဖြင့် ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်ရမည်။


XxXxXx

(Zawgyi version )

   ပန္းနဲ႕ပြဲေတာ္စီးရီး တန္ေဆာင္မုန္းလအတြက္ တံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ တန္ေဆာင္မုန္းလ ကထိန္လွည့္သည့္ပြဲပုံႏွင့္ ခဝဲပန္းပုံျဖစ္သည္။ တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ျဖစ္ၿပီး ၂၀၀က်ပ္တန္ FDC လည္း ထုတ္ေဝသည္။
.
ေအာက္တိုဘာလအတြင္း တံဆိပ္ေခါင္း၃ႀကိမ္ ထုတ္ခဲ့ျခင္းက ျမန္မာတံဆိပ္ေခါင္းေလာကအတြက္ အမွတ္တရပါ။ ယခင္ၾသဂုတ္လက ၃ႀကိမ္ထုတ္ခဲ့ဘူးေသာ္လည္း လဆန္းတရက္တိုင္းထုတ္သည့္ ပန္းႏွင့္ပြဲေတာ္စီးရီးအတြက္ ႏွစ္ႀကိမ္နဲ႕ အထိမ္းအမွတ္ထုတ္ တႀကိမ္ျဖစ္သည္။ ယခုလမွာမူ ပန္းနဲ႕ပြဲေတာ္အတြက္ တႀကိမ္ႏွင့္ အထိမ္းအမွတ္ႏွစ္ႀကိမ္ျဖစ္သျဖင့္ ထူးျခားမႈတခုအျဖစ္ မွတ္တမ္းတင္ရမည္။ 

26 October 2019

စားခဲ့သမျှ ပြန်အန်ထွက်တော့မယ်












(Unicode version)

   နောက်နှစ်ဒီအချိန်ဆို ရွေးကောက်ပွဲကြီးအတွက် ဆူညံနေရော့မယ်။ ခုတနှစ်အလိုမှာတောင် လှုပ်ရှားမှုလေးတွေ စကြားလာရပြီ။ အမေစုရဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေ သတ်မှတ်လိုက်ပြီကြားတယ်။ ကျွန်တော်တို့ မဲပေးမယ့် NLD ကိုယ်စားလှယ်တွေ ကောင်းဖို့လိုတယ်လေ။
.
တပြည်လုံးအတိုင်းအတာနဲ့ ဝင်အရွေးခံနိုင်မယ့်ပါတီ များများစားစားမရှိနိုင်ပါဘူး။ ပြည်သူတွေမကြိုက်တဲ့ ဖွတ်ပါတီရှိမယ်။ စစ်ဗိုလ်ဟောင်းတွေ ကြီးစိုးတဲ့ ရွှေပါတီနှစ်ခုရှိမယ်။လူကြိုက်များလို့ ရွှေပါတီခေါ်တာ မဟုတ်ရပါဗျာ။ တဖွဲ့က အမည်မှာရွှေပါသူ ဦးဆောင်ပြီး နောက်တဖွဲ့က ရွှေရောင်အင်္ကျီဆင်တူနဲ့မလို့ပါ။
.
နောက်တဖွဲ့ရှိနိုင်သေးတယ်။ ၉၀ရွေးကောက်ပွဲကတည်းက နလန်မထူတဲ့ မဆလဟောင်းတွေရဲ့ တဆညပါတီလေ။ မဲဆန္ဒနယ် သုံးရာကျော်ဝင်မယ်ဆိုလို့ လေ့လာကြည့်တော့ ဗိုလ်နေဝင်းမြေး ဝက်ခြောက်ကြီးက စပွန်ဆာပေးမှာမို့တဲ့။ ဒီဝက်ဘာလို့ ဖွတ်နဲ့မပေါင်းလည်း ထပ်လေ့လာကြည့်တော့ လက်ရှိဖွတ်ဥက္ကဌက သူတို့သားအဖကို ထောင်ထဲထည့်ဖို့သတင်းပေးသူဖြစ်နေတယ်လေ။ သားသားကြောက်ကြောက်ပေါ့။
.
ဒီအဖွဲ့တွေကို ပြည်သူအများစုလက်မခံတာ အသိသာကြီးပါ။ ရိုးသားတဲ့နယ်ကသူတွေကို ခြောက်ပြီးစည်းရုံးမယ်။ မဟုတ်ရင် ပေးကမ်းပြီးစည်းရုံးမှာအသေချာပါဘဲ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မဖြစ်နိုင်တာတွေ ဂတိပေးစည်းရုံးမယ်၊ ဟိုဟာပေးဒီဟာပေး စည်းရုံးမယ်။ ဆန်ဆီဆားတွေအလှူလာပေးသလို လျော့စျေးတွေနဲ့လည်း လိုက်ရောင်းနိုင်တယ်။
.
ဒီလိုလိုက်လုပ်ရင် အချို့ကသဘောမကျကြဘူး။ ကျွန်တော်ကတော့ အားပေးတယ်။ သူတို့ပေးသမျှယူ၊ သူတို့ကြွေးသမျှစားကြပါ။ ပြီးတော့မှကိုယ်ချစ်တဲ့ NLDပါတီမဲပေးရင်ပြီးတာဘဲ။ လျော့စျေးနဲ့လာရောင်းလို့ တန်ရင်ဝယ်သာထားလိုက်။
.
ဒီလိုလုပ်လို့ မတရားလုပ်မိတယ်မထင်ကြနဲ့။ အဲဒီပါတီတွေထောင်သူအားလုံးက နိုင်ငံ့ဘဏ္ဍာဝါးထားသူတွေကြီးဘဲ။ သူတို့ယူထားတဲ့အထဲက ပြည်သူတွေကိုပြန်ပေးရတာလို့ သဘောထားပြီးယူကြ။ တနည်းအားဖြင့်တော့ ပြည်သူ့ဘဏ္ဍာခိုးစားထားတာ ပြန်အန်တာဘဲဖြစ်တယ်။ စိတ်ရှင်းရှင်းသာ ယူကြစားကြပေတော့။


XxXxXx

(Zawgyi version )

   ေနာက္ႏွစ္ဒီအခ်ိန္ဆို ေ႐ြးေကာက္ပြဲႀကီးအတြက္ ဆူညံေနေရာ့မယ္။ ခုတႏွစ္အလိုမွာေတာင္ လႈပ္ရွားမႈေလးေတြ စၾကားလာရၿပီ။ အေမစုရဲ႕ NLD ပါတီက ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အရည္အခ်င္းေတြ သတ္မွတ္လိုက္ၿပီၾကားတယ္။ ကြၽန္ေတာ္တို႔ မဲေပးမယ့္ NLD ကိုယ္စားလွယ္ေတြ ေကာင္းဖို႔လိုတယ္ေလ။
.
တျပည္လုံးအတိုင္းအတာနဲ႕ ဝင္အေ႐ြးခံနိုင္မယ့္ပါတီ မ်ားမ်ားစားစားမရွိနိုင္ပါဘူး။ ျပည္သူေတြမႀကိဳက္တဲ့ ဖြတ္ပါတီရွိမယ္။ စစ္ဗိုလ္ေဟာင္းေတြ ႀကီးစိုးတဲ့ ေ႐ႊပါတီႏွစ္ခုရွိမယ္။လူႀကိဳက္မ်ားလို႔ ေ႐ႊပါတီေခၚတာ မဟုတ္ရပါဗ်ာ။ တဖြဲ႕က အမည္မွာေ႐ႊပါသူ ဦးေဆာင္ၿပီး ေနာက္တဖြဲ႕က ေ႐ႊေရာင္အကၤ်ီဆင္တူနဲ႕မလို႔ပါ။
.
ေနာက္တဖြဲ႕ရွိနိုင္ေသးတယ္။ ၉၀ေ႐ြးေကာက္ပြဲကတည္းက နလန္မထူတဲ့ မဆလေဟာင္းေတြရဲ႕ တဆညပါတီေလ။ မဲဆႏၵနယ္ သုံးရာေက်ာ္ဝင္မယ္ဆိုလို႔ ေလ့လာၾကည့္ေတာ့ ဗိုလ္ေနဝင္းေျမး ဝက္ေျခာက္ႀကီးက စပြန္ဆာေပးမွာမို႔တဲ့။ ဒီဝက္ဘာလို႔ ဖြတ္နဲ႕မေပါင္းလည္း ထပ္ေလ့လာၾကည့္ေတာ့ လက္ရွိဖြတ္ဥကၠဌက သူတို႔သားအဖကို ေထာင္ထဲထည့္ဖို႔သတင္းေပးသူျဖစ္ေနတယ္ေလ။ သားသားေၾကာက္ေၾကာက္ေပါ့။
.
ဒီအဖြဲ႕ေတြကို ျပည္သူအမ်ားစုလက္မခံတာ အသိသာႀကီးပါ။ ရိုးသားတဲ့နယ္ကသူေတြကို ေျခာက္ၿပီးစည္း႐ုံးမယ္။ မဟုတ္ရင္ ေပးကမ္းၿပီးစည္း႐ုံးမွာအေသခ်ာပါဘဲ။ ေ႐ြးေကာက္ပြဲနီးလာတာနဲ႕အမွ် မျဖစ္နိုင္တာေတြ ဂတိေပးစည္း႐ုံးမယ္၊ ဟိုဟာေပးဒီဟာေပး စည္း႐ုံးမယ္။ ဆန္ဆီဆားေတြအလႉလာေပးသလို ေလ်ာ့ေစ်းေတြနဲ႕လည္း လိုက္ေရာင္းနိုင္တယ္။
.
ဒီလိုလိုက္လုပ္ရင္ အခ်ိဳ႕ကသေဘာမက်ၾကဘူး။ ကြၽန္ေတာ္ကေတာ့ အားေပးတယ္။ သူတို႔ေပးသမွ်ယူ၊ သူတို႔ေႂကြးသမွ်စားၾကပါ။ ၿပီးေတာ့မွကိုယ္ခ်စ္တဲ့ NLDပါတီမဲေပးရင္ၿပီးတာဘဲ။ ေလ်ာ့ေစ်းနဲ႕လာေရာင္းလို႔ တန္ရင္ဝယ္သာထားလိုက္။
.
ဒီလိုလုပ္လို႔ မတရားလုပ္မိတယ္မထင္ၾကနဲ႕။ အဲဒီပါတီေတြေထာင္သူအားလုံးက နိုင္ငံ့ဘ႑ာဝါးထားသူေတြႀကီးဘဲ။ သူတို႔ယူထားတဲ့အထဲက ျပည္သူေတြကိုျပန္ေပးရတာလို႔ သေဘာထားၿပီးယူၾက။ တနည္းအားျဖင့္ေတာ့ ျပည္သူ႕ဘ႑ာခိုးစားထားတာ ျပန္အန္တာဘဲျဖစ္တယ္။ စိတ္ရွင္းရွင္းသာ ယူၾကစားၾကေပေတာ့။  

24 October 2019

မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်း၊



(Unicode version)

   မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းကို အချိန်မရလို့ဘဲဖြစ်ဖြစ်၊ ဗြိတိန်ဘုရင်ပြောင်းလို့ဘဲဖြစ်ဖြစ်၊ မည်သည့်အကြောင်းကြောင့်ဘဲဖြစ်စေ အိန္ဒိယတံဆိပ်ခေါင်းများပေါ်တွင် BURMA ဟု အပေါ်မှရိုက်နှိပ်၍ စတင်သုံးဆွဲခဲ့ရပါသည်။ နောက်မှ မိမိနိုင်ငံအမည်ဖြင့် ရိုက်နှိပ်သုံးခဲ့ရသည်။
.
ထိုစတင်မှုကြောင့်လား မသိ။ မြန်မာပြည်၏ ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းကိုလည်း အစဥ်သုံးတံဆိပ်ခေါင်းတမျိုးအပေါ်တွင် အပေါ်မှထပ်ရိုက်နှိပ်၍ (overprint) စသုံးခဲ့သည်။
.
မြန်မာ့ပထမဆုံး အထိမ်းအမှတ်တံဆိပ်ခေါင်းအဖြစ် ကမ္ဘာ့ပထမဆုံးတံဆိပ်ခေါင်း ရာပြည့်အတွက် မေလ၆ရက် ၁၉၄၀တွင် ထုတ်ခဲ့သည်။ ၁၉၃၈အစဥ်သုံး ၂ပဲ၆ပိုင်တံဆိပ်ခေါင်းပေါ်တွင် COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ်နှိပ်ခဲ့သည်။ တံဆိပ်ခေါင်းတန်ဖိုးကိုလည်း ၁ပဲ ဟု ထပ်နှိပ်ခဲ့သည်။
.
တင်းပြည့်ကျပ်ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်းကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ခု မေလ၂ရက်နေ့တွင်မှ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။ ၁ပဲ၆ပိုင်၊ ၂ပဲ၊ ၃ပဲ၆ပိုင်နှင့် ၉ပိုင်တန် လေးခေါင်းထုတ်ခဲ့သည်။ မြန်မာပုံများသုံးခဲ့သော်လည်း လွတ်လပ်ရေးမရသေးသဖြင့် ဗြိတိန်ဘုရင်ပုံ ထည့်သုံးခဲ့ရပါသေးသည်။

ရည်ညွှန်းစာအုပ်။   ။ ကျော်မြင့်မောင် ရေးသားသည့် မြန်မာ့စာပို့ တံဆိပ်ခေါင်းများ။


XxXxXx

(Zawgyi version)

   ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းကို အခ်ိန္မရလို႔ဘဲျဖစ္ျဖစ္၊ ၿဗိတိန္ဘုရင္ေျပာင္းလို႔ဘဲျဖစ္ျဖစ္၊ မည္သည့္အေၾကာင္းေၾကာင့္ဘဲျဖစ္ေစ အိႏၵိယတံဆိပ္ေခါင္းမ်ားေပၚတြင္ BURMA ဟု အေပၚမွရိုက္ႏွိပ္၍ စတင္သုံးဆြဲခဲ့ရပါသည္။ ေနာက္မွ မိမိနိုင္ငံအမည္ျဖင့္ ရိုက္ႏွိပ္သုံးခဲ့ရသည္။
.
ထိုစတင္မႈေၾကာင့္လား မသိ။ ျမန္မာျပည္၏ ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းကိုလည္း အစဥ္သုံးတံဆိပ္ေခါင္းတမ်ိဳးအေပၚတြင္ အေပၚမွထပ္ရိုက္ႏွိပ္၍ (overprint) စသုံးခဲ့သည္။
.
ျမန္မာ့ပထမဆုံး အထိမ္းအမွတ္တံဆိပ္ေခါင္းအျဖစ္ ကမၻာ့ပထမဆုံးတံဆိပ္ေခါင္း ရာျပည့္အတြက္ ေမလ၆ရက္ ၁၉၄၀တြင္ ထုတ္ခဲ့သည္။ ၁၉၃၈အစဥ္သုံး ၂ပဲ၆ပိုင္တံဆိပ္ေခါင္းေပၚတြင္ COMMEMORATION POSTAGE STAMP 6th MAY 1940 ဟူ၍ ထပ္ႏွိပ္ခဲ့သည္။ တံဆိပ္ေခါင္းတန္ဖိုးကိုလည္း ၁ပဲ ဟု ထပ္ႏွိပ္ခဲ့သည္။
.
တင္းျပည့္က်ပ္ျပည့္ အထိမ္းအမွတ္တံဆိပ္ေခါင္းကို ဒုတိယကမၻာစစ္အၿပီး ၁၉၄၆ခု ေမလ၂ရက္ေန႕တြင္မွ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္အျဖစ္ ထုတ္ေဝခဲ့သည္။ ၁ပဲ၆ပိုင္၊ ၂ပဲ၊ ၃ပဲ၆ပိုင္ႏွင့္ ၉ပိုင္တန္ ေလးေခါင္းထုတ္ခဲ့သည္။ ျမန္မာပုံမ်ားသုံးခဲ့ေသာ္လည္း လြတ္လပ္ေရးမရေသးသျဖင့္ ၿဗိတိန္ဘုရင္ပုံ ထည့္သုံးခဲ့ရပါေသးသည္။

ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရးသားသည့္ ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား။ 

22 October 2019

မြန်မာနာမည်နဲ့ ပထမဆုံးတံဆိပ်ခေါင်းများ။



(Unicode version)

   မြန်မာနာမည်နဲ့ ပထမဆုံး တံဆိပ်ခေါင်းတွေပါ။ မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းတွေက အန္ဒိယခေါင်းတွေပေါ်မှာ BURMA လို့ အပေါ်ကထပ်နှိပ်ပြီး (over print) သုံးခဲ့ရတာမို့ ဒီတံဆိပ်ခေါင်းတွေကမှ မြန်မာပြည်နာမည်နဲ့ (ထိုစဥ်က အခေါ်အဝေါ် BURMA) စတင်ခဲ့တယ်လို့ သတ်မှတ်လို့ရပါတယ်။
.
လွတ်လပ်ရေးမရသေးချိန် ဗြိတိသျှကိုလိုနီခေတ်မို့ BURMA ဘဲသုံးရပါတယ်။ မြန်မာဘာသာနဲ့ နိုင်ငံအမည် တပ်ခွင့်မရသေးပါ။ သို့သော် တံဆိပ်ခေါင်းတန်ဖိုးများကိုတော့ မြန်မာလို စတင်ဖော်ပြခဲ့ပါပြီ။ ကိုလိုနီနိုင်ငံများနည်းတူ သူတို့ရဲ့ဘုရင်ပုံနဲ့ဘဲ ထုတ်ရတာပါ။ King George VI ပုံတွေနဲ့ ထုတ်ခဲ့ရပါတယ်။
.
စထုတ်တဲ့ ၁၉၃၈ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ ၃ပိုင်ကနေ ၁၀ရူပီးတန်အထိ ထုတ်ပါတယ်။ တံဆိပ်ခေါင်း ၁၅မျိုး ပါပါတယ်။ ၁၉၄၀ သြဂုတ်လ ၁ရက်နေ့မှ ၁ပိုင်တန်ကို တိုးထုတ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရရုံးဌာနများသုံးရန်အတွက် SERVICE အိုဗာပရင့်နဲ့ တံဆိပ်ခေါင်း ၁၃လုံးထုတ်ခဲ့ပါတယ်။
.
ထူးဆန်းတာက တံဆိပ်ခေါင်းပုံတွေကို အင်္ဂလန်နည်းတူ ဘုရင့်ပုံတွေနဲ့ဘဲ ထုတ်ရသော်လည်း မြန်မာပြည်သင်္ကေတတွေဖြစ်တဲ့ ခြင်္သေ့ နဂါး ဒေါင်း နတ်ရုပ်ပုံတွေနဲ့ တွဲထုတ်ခဲ့တာပါ။  အလယ်အလတ်တန်ဖိုးရှိ တံဆိပ်ခေါင်း၄လုံးကို မြန်မာရိုးရာပုံတွေနဲ့ ထုတ်ခဲ့တာပါ။ အဲဒီပုံတွေအတွက် ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ ပုံစာတွေအနေနဲ့လည်း ROYAL BARGE၊ BURMA TEAK၊ THE IRRAWADDY၊  BURMA RICE လို့ ရိုက်နှိပ်ထားပါတယ်။
.
  ၁၉၃၈ ကတည်းက တံဆိပ်ခေါင်းဒီဇိုင်းပြိုင်ပွဲ လုပ်ရကောင်းမှန်း သိခဲ့တဲ့ မြန်မာတံဆိပ်ခေါင်း ထုတ်ဖို့တာဝန်ရှိသူတွေကို လေးစားပါတယ်။ လက်ရှိတာဝန်ရှိသူတွေလည်း တံဆိပ်ခေါင်းအသစ်တွေအတွက် ပြိုင်ပွဲခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
.
ရည်ညွှန်းစာအုပ်။     ။ ကျော်မြင့်မောင် ရေး ''မြန်မာ့စာပို့ တံဆိပ်ခေါင်းများ''


XxXxXx

(Zawgyi version)

   ျမန္မာနာမည္နဲ႕ ပထမဆုံး တံဆိပ္ေခါင္းေတြပါ။ ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းေတြက အႏၵိယေခါင္းေတြေပၚမွာ BURMA လို႔ အေပၚကထပ္ႏွိပ္ၿပီး (over print) သုံးခဲ့ရတာမို႔ ဒီတံဆိပ္ေခါင္းေတြကမွ ျမန္မာျပည္နာမည္နဲ႕ (ထိုစဥ္က အေခၚအေဝၚ BURMA) စတင္ခဲ့တယ္လို႔ သတ္မွတ္လို႔ရပါတယ္။
.
လြတ္လပ္ေရးမရေသးခ်ိန္ ၿဗိတိသွ်ကိုလိုနီေခတ္မို႔ BURMA ဘဲသုံးရပါတယ္။ ျမန္မာဘာသာနဲ႕ နိုင္ငံအမည္ တပ္ခြင့္မရေသးပါ။ သို႔ေသာ္ တံဆိပ္ေခါင္းတန္ဖိုးမ်ားကိုေတာ့ ျမန္မာလို စတင္ေဖာ္ျပခဲ့ပါၿပီ။  ကိုလိုနီနိုင္ငံမ်ားနည္းတူ သူတို႔ရဲ႕ဘုရင္ပုံနဲ႕ဘဲ ထုတ္ရတာပါ။ King George VI ပုံေတြနဲ႕ ထုတ္ခဲ့ရပါတယ္။
.
စထုတ္တဲ့ ၁၉၃၈ခုႏွစ္ စက္တင္ဘာလ ၁၅ရက္ေန႕မွာ ၃ပိုင္ကေန ၁၀႐ူပီးတန္အထိ ထုတ္ပါတယ္။ တံဆိပ္ေခါင္း ၁၅မ်ိဳး ပါပါတယ္။ ၁၉၄၀ ၾသဂုတ္လ ၁ရက္ေန႕မွ ၁ပိုင္တန္ကို တိုးထုတ္ခဲ့တယ္လို႔ သိရပါတယ္။ အစိုးရ႐ုံးဌာနမ်ားသုံးရန္အတြက္ SERVICE အိုဗာပရင့္နဲ႕ တံဆိပ္ေခါင္း ၁၃လုံးထုတ္ခဲ့ပါတယ္။
.
ထူးဆန္းတာက တံဆိပ္ေခါင္းပုံေတြကို အဂၤလန္နည္းတူ ဘုရင့္ပုံေတြနဲ႕ဘဲ ထုတ္ရေသာ္လည္း ျမန္မာျပည္သေကၤတေတြျဖစ္တဲ့ ျခေသၤ့ နဂါး ေဒါင္း နတ္႐ုပ္ပုံေတြနဲ႕ တြဲထုတ္ခဲ့တာပါ။ အလယ္အလတ္တန္ဖိုးရွိ တံဆိပ္ေခါင္း၄လုံးကို ျမန္မာရိုးရာပုံေတြနဲ႕ ထုတ္ခဲ့တာပါ။ အဲဒီပုံေတြအတြက္ ဒီဇိုင္းၿပိဳင္ပြဲ ေခၚယူခဲ့တယ္လို႔လည္း သိရပါတယ္။ ပုံစာေတြအေနနဲ႕လည္း ROYAL BARGE၊ BURMA TEAK၊ THE IRRAWADDY၊ BURMA RICE လို႔ ရိုက္ႏွိပ္ထားပါတယ္။
.
  ၁၉၃၈ ကတည္းက တံဆိပ္ေခါင္းဒီဇိုင္းၿပိဳင္ပြဲ လုပ္ရေကာင္းမွန္း သိခဲ့တဲ့ ျမန္မာတံဆိပ္ေခါင္း ထုတ္ဖို႔တာဝန္ရွိသူေတြကို ေလးစားပါတယ္။ လက္ရွိတာဝန္ရွိသူေတြလည္း တံဆိပ္ေခါင္းအသစ္ေတြအတြက္ ၿပိဳင္ပြဲေခၚယူဖို႔ တိုက္တြန္းလိုက္ပါတယ္။
.
ရည္ၫႊန္းစာအုပ္။ ။ ေက်ာ္ျမင့္ေမာင္ ေရး ''ျမန္မာ့စာပို႔ တံဆိပ္ေခါင္းမ်ား'' 

16 October 2019

ရေအကျိုး ဆယ့်တပါး၊












(Unicode version)

   သူငယ်ချင်းတယောက်ရှိတယ်။ သူက ရောက်ရှိရာနေရာမှာ အခြေအနေလိုက်ပြီး သောက်ရေအိုးကအစ၊ ချိုးရေစည်အလယ်၊ အိမ်သာကန်အဆုံး ရေဖြည့်ပေးလေ့ အကျင့်ရှိတယ်။ သူ့ကို မင်းရေအလှူကြောင့် ရေအကျိုးဆယ့်တပါးပြည့်ပါစေလိုပြောရင်၊ ''လုပ်ပြီ ရေးအကျိုးက ဆယ်ပါးပါကွလို့'' ပြန်ပြောတတ်တယ်။ အေး တိုးလာတဲ့တပါးက မင်းအခုဖြည့်ပေးတဲ့ရေ သုံးရတယ်လေကွာလို့ ပြန်ရှင်းခဲ့ဘူးပါတယ်။
.
အခြားသောအလှူတွေမှာလည်း သက်ဆိုင်ရာအကျိုးတွေ ရှိပါတယ်။ သင်္ကန်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ကျောင်းလှူရင်အကျိုးဘယ်နှစ်ပါး၊ ဆီမီးလှူရင်အကျိုးဘယ်နှစ်ပါး စသဖြင့်ပေါ့။ တချို့ကလည်း ရရှိမယ့်အကျိုးကို မျှော် ပြီးလှူတတ်ကြတယ်။ ရာထူးအမြင့်ရအောင် ထီးလှူကြသလို သွားလာရေးအဆင်ပြေအောင် ဖိနပ်လှူမယ်ဆိုတာမျိုးပေါ့။
.
တကယ့် ကုသိုလ်မြောက်အောင်လှူချင်ရင်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အလို့ငှာ လှူချင်ရင် အကျိုးကိုရည်ပြီး မလှူကောင်းဘူးတဲ့။ အကျိုးက အလိုလိုကိုပြည့်မှာ။ မိမိအလှူပစ္စည်း လက်ခံရရှိသူ စိတ်ချမ်းသာစွာအကျိုးရှိစွာ သုံးနိုင်ပါစေလို့ စိတ်မှန်းပြီး ရည်စူးလှူန်ိုင်ရမယ်တဲ့။ ဒါမှ အမြင့်မြတ်ဆုံး အလှူမြောက်မယ်တဲ့။
.
ဒ်ိတော့ ရေလှူရင် ရေအကျိုးဆယ်ပါးကို မျှော်ပြီးလှူစရာ မလိုဘူးလေ။ မိမိလှူလိုက်တဲ့ရေ သုံးစွဲသူ သောက်သုံးသူတွေ အကျိုးရှိရှိ သုံးစွဲနိုင်ပါစေလို့ ရေအကျိုးနံပတ်ဆယ့်တစ်ကို ရည်မှန်းလိုက်ရင် ကျန်ဆယ်ပါးအလိုလို ပြည့်သွားပါလိမ့်မယ်လို့ ထင်မိပါတယ်ဗျာ။

XxXxXx

(Zawgyi version)

   သူငယ္ခ်င္းတေယာက္ရွိတယ္။ သူက ေရာက္ရွိရာေနရာမွာ အေျခအေနလိုက္ၿပီး ေသာက္ေရအိုးကအစ၊ ခ်ိဳးေရစည္အလယ္၊ အိမ္သာကန္အဆုံး ေရျဖည့္ေပးေလ့ အက်င့္ရွိတယ္။ သူ႕ကို မင္းေရအလႉေၾကာင့္ ေရအက်ိဳးဆယ့္တပါးျပည့္ပါေစလိုေျပာရင္၊ ''လုပ္ၿပီ ေရးအက်ိဳးက ဆယ္ပါးပါကြလို႔'' ျပန္ေျပာတတ္တယ္။ ေအး တိုးလာတဲ့တပါးက မင္းအခုျဖည့္ေပးတဲ့ေရ သုံးရတယ္ေလကြာလို႔ ျပန္ရွင္းခဲ့ဘူးပါတယ္။
.
အျခားေသာအလႉေတြမွာလည္း သက္ဆိုင္ရာအက်ိဳးေတြ ရွိပါတယ္။ သကၤန္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ေက်ာင္းလႉရင္အက်ိဳးဘယ္ႏွစ္ပါး၊ ဆီမီးလႉရင္အက်ိဳးဘယ္ႏွစ္ပါး စသျဖင့္ေပါ့။ တခ်ိဳ႕ကလည္း ရရွိမယ့္အက်ိဳးကို ေမွ်ာ္ ၿပီးလႉတတ္ၾကတယ္။ ရာထူးအျမင့္ရေအာင္ ထီးလႉၾကသလို သြားလာေရးအဆင္ေျပေအာင္ ဖိနပ္လႉမယ္ဆိုတာမ်ိဳးေပါ့။
.
တကယ့္ ကုသိုလ္ေျမာက္ေအာင္လႉခ်င္ရင္၊ နိဗၺာန္ေရာက္ေၾကာင္း အေထာက္အပံ့အလို႔ငွာ လႉခ်င္ရင္ အက်ိဳးကိုရည္ၿပီး မလႉေကာင္းဘူးတဲ့။ အက်ိဳးက အလိုလိုကိုျပည့္မွာ။ မိမိအလႉပစၥည္း လက္ခံရရွိသူ စိတ္ခ်မ္းသာစြာအက်ိဳးရွိစြာ သုံးနိုင္ပါေစလို႔ စိတ္မွန္းၿပီး ရည္စူးလႉန္ိုင္ရမယ္တဲ့။ ဒါမွ အျမင့္ျမတ္ဆုံး အလႉေျမာက္မယ္တဲ့။
.
ဒ္ိေတာ့ ေရလႉရင္ ေရအက်ိဳးဆယ္ပါးကို ေမွ်ာ္ၿပီးလႉစရာ မလိုဘူးေလ။ မိမိလႉလိုက္တဲ့ေရ သုံးစြဲသူ ေသာက္သုံးသူေတြ အက်ိဳးရွိရွိ သုံးစြဲနိုင္ပါေစလို႔ ေရအက်ိဳးနံပတ္ဆယ့္တစ္ကို ရည္မွန္းလိုက္ရင္ က်န္ဆယ္ပါးအလိုလို ျပည့္သြားပါလိမ့္မယ္လို႔ ထင္မိပါတယ္ဗ်ာ။ 

09 October 2019

145th UPU stamp


(Unicode version)

   ကမ္ဘာ့စာပို့သမဂ္ဂ ၁၄၅နှစ်ပြည့် တံဆိပ်ခေါင်းထုတ်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ FDC ၂၀၀ကျပ်တန်လည်း ထုတ်ပါတယ်။ ရန်ကုန်နဲ့ နေပြည်တော် စာတိုက်ကြီးကရောင်းတဲ့ တံဆိပ်ခေါင်းအချို့ ခွေးသွားစိတ် (perforation) မကောင်းပါ။ ဆက်တိုက်ထုတ်လို့ စက်အသွားတွေ တုန်းကုန်ပြီလားမသိပါ။
.
ဒီဇိုင်း ခေတ်မီလှပပါတယ်။ လေ့လာကြည့်တော့ UPU ရဲ့ဒီဇိုင်းပါ။ ကနဦး ဂန္ဒီတံဆိပ်ခေါင်းထုတ်စဥ်က အန္ဒိယအလံသုံးရောင်နဲ့တင် ဗိုလ်ဆန်သလောက် နိုင်ငံတကာစီးရီးကျ အန္ဒိယဆန်နေပါလား ဝေဖန်မလို့ပါ။ ခုတော့ မပြောတော့ပါ။
.
နိုင်ငံတကာစီးရီးမို့ ထင်ပါတယ်။ နိုင်ငံအမည်နဲ့ တန်ဖိုး မြန်မာလိုမပါတော့ပါ။ ၁၄၅နှစ်ပတ်လည်ပွဲ တရားဝင်လုပ်တဲ့ ကာဇက်စတန်နိုင်ငံက ထုတ်တဲ့ခေါင်းမှာတော့ ဘာသာနှစ်မျိုးလုံး ဖော်ပြထားပါတယ်။ 
.
UPU နဲ့ ပတ်သက်လို့ ဒီတကြိမ်ထုတ်တာ မြန်မာနိုင်ငံက စတုတ္ထအကြိမ်ပါ။ ၇၅နှစ်ပြ်ည့်(၁၉၄၉) မှာ ခြောက်ခေါင်း၊ ရာပြည့် (၁၉၇၄) မှာ ငါးခေါင်းနဲ့ ၁၂၅နှစ်ပြည့် (၁၉၉၉) မှာ နှစ်ခေါင်း ထုတ်ဝေခဲ့ဘူးပါတယ်။ နိုင်ငံတကာမှ စုသူတွေ စိတ်ဝင်စားနိုင်တဲ့ ခေါင်းစဥ်ဖြစ်လို့ အနည်းဆုံး သုံးလေးခေါင်းတစုံ ထုတ်သင့်တယ်လို့ ထင်မိကြောင်းပါဗျာ။ 


XxXxXx 

(Zawgyi version)

   ကမၻာ့စာပို႔သမဂၢ ၁၄၅ႏွစ္ျပည့္ တံဆိပ္ေခါင္းထုတ္ပါတယ္။ ၂၀၀က်ပ္တန္ပါ။ FDC ၂၀၀က်ပ္တန္လည္း ထုတ္ပါတယ္။ ရန္ကုန္နဲ႕ ေနျပည္ေတာ္ စာတိုက္ႀကီးကေရာင္းတဲ့ တံဆိပ္ေခါင္းအခ်ိဳ႕ ေခြးသြားစိတ္ (perforation) မေကာင္းပါ။ ဆက္တိုက္ထုတ္လို႔ စက္အသြားေတြ တုန္းကုန္ၿပီလားမသိပါ။
.
ဒီဇိုင္း ေခတ္မီလွပပါတယ္။ ေလ့လာၾကည့္ေတာ့ UPU ရဲ႕ဒီဇိုင္းပါ။ ကနဦး ဂႏၵီတံဆိပ္ေခါင္းထုတ္စဥ္က အႏၵိယအလံသုံးေရာင္နဲ႕တင္ ဗိုလ္ဆန္သေလာက္ နိုင္ငံတကာစီးရီးက် အႏၵိယဆန္ေနပါလား ေဝဖန္မလို႔ပါ။ ခုေတာ့ မေျပာေတာ့ပါ။
.
နိုင္ငံတကာစီးရီးမို႔ ထင္ပါတယ္။ နိုင္ငံအမည္နဲ႕ တန္ဖိုး ျမန္မာလိုမပါေတာ့ပါ။ ၁၄၅ႏွစ္ပတ္လည္ပြဲ တရားဝင္လုပ္တဲ့ ကာဇက္စတန္နိုင္ငံက ထုတ္တဲ့ေခါင္းမွာေတာ့ ဘာသာႏွစ္မ်ိဳးလုံး ေဖာ္ျပထားပါတယ္။ 
.
UPU နဲ႕ ပတ္သက္လို႔ ဒီတႀကိမ္ထုတ္တာ ျမန္မာနိုင္ငံက စတုတၳအႀကိမ္ပါ။ ၇၅ႏွစ္ျပ္ည့္(၁၉၄၉) မွာ ေျခာက္ေခါင္း၊ ရာျပည့္ (၁၉၇၄) မွာ ငါးေခါင္းနဲ႕ ၁၂၅ႏွစ္ျပည့္ (၁၉၉၉) မွာ ႏွစ္ေခါင္း ထုတ္ေဝခဲ့ဘူးပါတယ္။ နိုင္ငံတကာမွ စုသူေတြ စိတ္ဝင္စားနိုင္တဲ့ ေခါင္းစဥ္ျဖစ္လို႔ အနည္းဆုံး သုံးေလးေခါင္းတစုံ ထုတ္သင့္တယ္လို႔ ထင္မိေၾကာင္းပါဗ်ာ။ 

07 October 2019

INTO HIDDEN BURMA စာအုပ်ဘာသာပြန်


(Unicode version)

   မောရစ်ကောလစ်၏ Into hidden Burma ကို ဘာသာပြန်ထားသောစာအုပ်ဖတ်ရပါသည်။ သူ့၏စာ ဘာသာပြန်များ ဖတ်ဘူးသော်လည်း ဤစာအုပ်ကို ဖတ်ဘူးခဲ့သည်ဟု မမှတ်မိပါ။ ဦးခင်မောင်ကြီးဘာသာပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၁၉၆၂ခုခန့်က ထုတ်ဝေခဲ့ဟန်တူပါသည်။ ယခုဖတ်ရသောစာအုပ်မှာ စိတ်ကူးချိုချိုမှ ပြန်လည်ထုတ်ဝေသော စာအုပ်ဖြစ်သည်။
.
မောရစ်ကောလစ် မြန်မာပြည်တွင် တာဝန်ထမ်းဆောင်သွားစဥ် ကြုံတွေ့ခဲ့သမျှကို မှတ်တမ်းတင်ထားခြင်းဖြစ်သော်လည်း မူရင်းရေးသူကတော်သလို ဘာသာပြန်သူက ကောင်းသဖြင့် ဖတ်ကောင်းပါသည်။ ၁၉၁၈မှ ၁၉၃၄အတွင်း မြန်မာပြည်အခြေအနေကိုလည်း သိရ၍ ဗဟုသုတရစရာပါ။
.
ဆိုးတာနှစ်ချက်ရှိသည်။ မူရင်းအမည် INTO HIDDEN BURMA ဖြစ်သော်လည်း ဘာသာပြန်စာအုပ်ကို ''#ဗြိတိသျှသံဖနောင့်အောက်မှ_မြန်မာပြည်'' ဟု အမည်တပ်ခဲ့သည်။ မောရစ်ကောလစ်သည် အင်္ဂလိပ်အုပ်ချုပ်သူတဦးဖြစ်သော်လည်း မြန်မာတို့အပေါ်တွင် ကောင်းခဲ့သူဖြစ်သည်။ ဤစာအုပ်တွင်လည်း ထည့်ရေးထာသည်။ သူအုပ်ချုပ်သည့် ဒေသခံမြန်မာတွေက သူ့ကိုခင်မင်လေးစားသောကြောင့် သူတို့၏ ကိုယ်ပိုင်ဘဝတွေကို ပြခဲ့ကြသည်။ ထို့ကြောင့်ပင် အခြား အင်္ဂလိပ်အုပ်ချုပ်သူများ မသိခဲ့သည်များကို သူသိခဲ့ရသည်။ သာမန်မြင်နေကျ မြန်မာ့လူမှု့ဘဝ၏ အတွင်းဘက်အထိ သူသိခဲ့ရသဖြင့် မူရင်းအမည်ပေးခဲ့ခြင်းဖြစ်ရာ ဘာသာပြန်အမည်သည် စာရေးဆရာကို စော်ကားသလိုထင်မိသည်။
.
ပိုဆိုးသည်ကား ပထမအကြိမ်ထုတ်ဝေသူ ဦးမြင့်ဆွေ၏ အမှာစာပင်။ အင်္ဂလိပ်ကိုလိုနီမကောင်းကြောင်း၊ မြန်မာတွေ ဘယ်လိုအဖိနှိပ်ခံခဲ့ရကြောင်း၊ လွတ်လပ်ရေးရရန် ဘယ်လိုတော်လှန်ခဲ့ရကြောင်းတွေ ထည့်ရေးထားသည်။ စာအုပ်နှင့် မဆိုင်လှဟုထင်မိသည်။ မူရင်းစာရေးသူထံမှ ဘာသာပြန်ထုတ်ရန်အတွက် ခွင့်တောင်းမည် မထင်ပါ။ မူရင်းကို စီးပွားရေးအတွက် ဘာသာပြန်ထုတ်ပြီး မဆိုင်သည့်မကောင်းကြောင်းများ အမှာစာရေးတာ ဆိုးလှပါသည်။
.
မောရစ်ကောလစ်ကိုတော့ မဆိုးဟုရေးထားသော်လည်း ကြံဖန်ရှာ၍ မကောင်းကြောင်းရေးထားတာ အတော်ညံ့ရာကျသည်။ ဖတ်ကြည့်ပါ။

   "မစ္စတာမောရစ်ကောလစ်ကမူ  ...
'အကယ်၍ ဗြိတိသျှတို့သည် အမြင်မတိုဘဲ ယခုထက် စောစီးစွာ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည်ဆိုလျှင် ဗြိတိသျှဓနသဟာယမှ မြန်မာနိုင်ငံသည် အဘယ်နည်းနှင့်မှ ခွဲထွက်လိမ့်မည်မဟုတ်'

    ဟူ၍ ဗြိတိသျှနယ်ချဲ့သမား၏ သဘောထားယုတ်ညံ့မှု ၊ အရှည်မကြည့်တတ်မှုတို့ကို သိမ်သိမ်မွေ့မွေ့နှင့်ပင် ပေါ်လွင်အောင် တင်ပြထားပေသည်။'' ဟူ၏။
.
ထုတ်ဝေသူသည် လွတ်လပ်ရေးနှင့် ဓနသဟာယအဖွဲ့ကို ၁၉၆၂အထိ ခွဲခြားသိသေးဟန်မတူ။ လိပ်ဆိုလျှင် လိပ်ခွံဘီးတောင်မသုံးဆိုသော ပညာမဲ့အုပ်စုဘက်မှဖြစ်ဟန်တူသည်။ ဗိုလ်ချုပ်အောင်ဆန်းပင် သိရက်နှင့် မကျော်နိုင်ခဲ့သည့် မျိုးချစ်တစောက်ကန်းအုပ်စုက ထိုခေတ်တွငိပင် အင်အားကောင်းခဲ့ဟန်တူသည်။
.
မိမိစာအုပ်ကိုလည်း ခွင့်ပြုချက်မယူဘဲ ဘာသာပြန်သေး၊ စာအုပ်အမည်ကိုလည်း မဆီမလျှော် စော်ကားသည့်အမည်မျိုး ပြောင်းပေး​သေး၊ လုံးဝမသင့်တော်သော အမှာစာကိုလည်း ထုတ်ဝေသူက ရေးသေးသည်ဆိုလျှင် မောရစ်ကောလစ်သာသိပါက ခွင့်ပြုမည် မထင်မိပါကြောင်း။  သူက ခွင့်လွှတ်နိုင်လျှင်ပင် မြန်မာတို့၏ စိတ်ထားကို ဖော်ပြသလိုဖြစ်နေ၍ ရှက်စရာကောင်းသည်ဟု ထင်မိပါကြောင်း။    ။


XxXxXx

(Zawgyi version )

   ေမာရစ္ေကာလစ္၏ Into hidden Burma ကို ဘာသာျပန္ထားေသာစာအုပ္ဖတ္ရပါသည္။ သူ႕၏စာ ဘာသာျပန္မ်ား ဖတ္ဘူးေသာ္လည္း ဤစာအုပ္ကို ဖတ္ဘူးခဲ့သည္ဟု မမွတ္မိပါ။ ဦးခင္ေမာင္ႀကီးဘာသာျပန္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ကို ၁၉၆၂ခုခန့္က ထုတ္ေဝခဲ့ဟန္တူပါသည္။ ယခုဖတ္ရေသာစာအုပ္မွာ စိတ္ကူးခ်ိဳခ်ိဳမွ ျပန္လည္ထုတ္ေဝေသာ စာအုပ္ျဖစ္သည္။
.
ေမာရစ္ေကာလစ္ ျမန္မာျပည္တြင္ တာဝန္ထမ္းေဆာင္သြားစဥ္ ႀကဳံေတြ႕ခဲ့သမွ်ကို မွတ္တမ္းတင္ထားျခင္းျဖစ္ေသာ္လည္း မူရင္းေရးသူကေတာ္သလို ဘာသာျပန္သူက ေကာင္းသျဖင့္ ဖတ္ေကာင္းပါသည္။ ၁၉၁၈မွ ၁၉၃၄အတြင္း ျမန္မာျပည္အေျခအေနကိုလည္း သိရ၍ ဗဟုသုတရစရာပါ။
.
ဆိုးတာႏွစ္ခ်က္ရွိသည္။ မူရင္းအမည္ INTO HIDDEN BURMA ျဖစ္ေသာ္လည္း ဘာသာျပန္စာအုပ္ကို ''#ၿဗိတိသွ်သံဖေနာင့္ေအာက္မွ_ျမန္မာျပည္'' ဟု အမည္တပ္ခဲ့သည္။ ေမာရစ္ေကာလစ္သည္ အဂၤလိပ္အုပ္ခ်ဳပ္သူတဦးျဖစ္ေသာ္လည္း ျမန္မာတို႔အေပၚတြင္ ေကာင္းခဲ့သူျဖစ္သည္။ ဤစာအုပ္တြင္လည္း ထည့္ေရးထာသည္။ သူအုပ္ခ်ဳပ္သည့္ ေဒသခံျမန္မာေတြက သူ႕ကိုခင္မင္ေလးစားေသာေၾကာင့္ သူတို႔၏ ကိုယ္ပိုင္ဘဝေတြကို ျပခဲ့ၾကသည္။ ထို႔ေၾကာင့္ပင္ အျခား အဂၤလိပ္အုပ္ခ်ဳပ္သူမ်ား မသိခဲ့သည္မ်ားကို သူသိခဲ့ရသည္။ သာမန္ျမင္ေနက် ျမန္မာ့လူမႈ႕ဘဝ၏ အတြင္းဘက္အထိ သူသိခဲ့ရသျဖင့္ မူရင္းအမည္ေပးခဲ့ျခင္းျဖစ္ရာ ဘာသာျပန္အမည္သည္ စာေရးဆရာကို ေစာ္ကားသလိုထင္မိသည္။
.
ပိုဆိုးသည္ကား ပထမအႀကိမ္ထုတ္ေဝသူ ဦးျမင့္ေဆြ၏ အမွာစာပင္။ အဂၤလိပ္ကိုလိုနီမေကာင္းေၾကာင္း၊ ျမန္မာေတြ ဘယ္လိုအဖိႏွိပ္ခံခဲ့ရေၾကာင္း၊ လြတ္လပ္ေရးရရန္ ဘယ္လိုေတာ္လွန္ခဲ့ရေၾကာင္းေတြ ထည့္ေရးထားသည္။ စာအုပ္ႏွင့္ မဆိုင္လွဟုထင္မိသည္။ မူရင္းစာေရးသူထံမွ ဘာသာျပန္ထုတ္ရန္အတြက္ ခြင့္ေတာင္းမည္ မထင္ပါ။ မူရင္းကို စီးပြားေရးအတြက္ ဘာသာျပန္ထုတ္ၿပီး မဆိုင္သည့္မေကာင္းေၾကာင္းမ်ား အမွာစာေရးတာ ဆိုးလွပါသည္။
.
ေမာရစ္ေကာလစ္ကိုေတာ့ မဆိုးဟုေရးထားေသာ္လည္း ႀကံဖန္ရွာ၍ မေကာင္းေၾကာင္းေရးထားတာ အေတာ္ညံ့ရာက်သည္။ ဖတ္ၾကည့္ပါ။

   "မစၥတာေမာရစ္ေကာလစ္ကမူ ...
'အကယ္၍ ၿဗိတိသွ်တို႔သည္ အျမင္မတိုဘဲ ယခုထက္ ေစာစီးစြာ ျမန္မာနိုင္ငံအား လြတ္လပ္ေရးေပးမည္ဆိုလွ်င္ ၿဗိတိသွ်ဓနသဟာယမွ ျမန္မာနိုင္ငံသည္ အဘယ္နည္းႏွင့္မွ ခြဲထြက္လိမ့္မည္မဟုတ္'

    ဟူ၍ ၿဗိတိသွ်နယ္ခ်ဲ့သမား၏ သေဘာထားယုတ္ညံ့မႈ ၊ အရွည္မၾကည့္တတ္မႈတို႔ကို သိမ္သိမ္ေမြ႕ေမြ႕ႏွင့္ပင္ ေပၚလြင္ေအာင္ တင္ျပထားေပသည္။'' ဟူ၏။
.
ထုတ္ေဝသူသည္ လြတ္လပ္ေရးႏွင့္ ဓနသဟာယအဖြဲ႕ကို ၁၉၆၂အထိ ခြဲျခားသိေသးဟန္မတူ။ လိပ္ဆိုလွ်င္ လိပ္ခြံဘီးေတာင္မသုံးဆိုေသာ ပညာမဲ့အုပ္စုဘက္မွျဖစ္ဟန္တူသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပင္ သိရက္ႏွင့္ မေက်ာ္နိုင္ခဲ့သည့္ မ်ိဳးခ်စ္တေစာက္ကန္းအုပ္စုက ထိုေခတ္တြငိပင္ အင္အားေကာင္းခဲ့ဟန္တူသည္။
.
မိမိစာအုပ္ကိုလည္း ခြင့္ျပဳခ်က္မယူဘဲ ဘာသာျပန္ေသး၊ စာအုပ္အမည္ကိုလည္း မဆီမေလွ်ာ္ ေစာ္ကားသည့္အမည္မ်ိဳး ေျပာင္းေပး​ေသး၊ လုံးဝမသင့္ေတာ္ေသာ အမွာစာကိုလည္း ထုတ္ေဝသူက ေရးေသးသည္ဆိုလွ်င္ ေမာရစ္ေကာလစ္သာသိပါက ခြင့္ျပဳမည္ မထင္မိပါေၾကာင္း။ သူက ခြင့္လႊတ္နိုင္လွ်င္ပင္ ျမန္မာတို႔၏ စိတ္ထားကို ေဖာ္ျပသလိုျဖစ္ေန၍ ရွက္စရာေကာင္းသည္ဟု ထင္မိပါေၾကာင္း။ ။

05 October 2019

ထူးတဲ့အမျိုးသမီးကြီး


(Unicode version)

   အင်းလေးထဲရောက်နေတဲ့ အမေစုက ဖောင်တော်ဦးဘုရားမှ ဆင်းတု​တော်လေးဆူကို ရွှေကပ်ခွင့်ရခဲ့ပါတယ်။
.
ပုံမှန်စံမြန်းဆောင်မှာဆို အမျိုးသမီးတွေ ရွှေကပ်ခွင့်မရပါ။ mrtv သတင်းအရ လှည့်လည်တဲ့လှေပေါ်မှ စံမြန်းဆောင်သို့ ပြန်အပင့် ဝေါနဲ့လူတွေသယ်နေချိန်မှာ ကပ်ခွင့်ရသွားတာပါ။
.
စီစဥ်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။ 


XxXxXx

(Zawgyi version)

   အင္းေလးထဲေရာက္ေနတဲ့ အေမစုက ေဖာင္ေတာ္ဦးဘုရားမွ ဆင္းတု​ေတာ္ေလးဆူကို ေ႐ႊကပ္ခြင့္ရခဲ့ပါတယ္။
.
ပုံမွန္စံျမန္းေဆာင္မွာဆို အမ်ိဳးသမီးေတြ ေ႐ႊကပ္ခြင့္မရပါ။ mrtv သတင္းအရ လွည့္လည္တဲ့ေလွေပၚမွ စံျမန္းေဆာင္သို႔ ျပန္အပင့္ ေဝါနဲ႕လူေတြသယ္ေနခ်ိန္မွာ ကပ္ခြင့္ရသြားတာပါ။
.
စီစဥ္ေပးသူေတြကို ေက်းဇူးတင္ပါတယ္။ 

02 October 2019

ဂန္ဒီတံဆိပ်ခေါင်း

(Unicode version)

   မဟတ္တမဂန္ဒီ မွေးဖွားခြင်း နှစ်၁၅၀မြောက်အဖြစ် မြန်မာနိုင်ငံမှ တံဆိပ်ခေါင်းထုတ်ဝေပါသည်။ လူပုဂ္ဂိုလ်တဦးချင်းအနေဖြင့် ဗိုလ်ချုပ်ပုံတံဆိပ်ခေါင်းသာ ထုတ်ဝေဖူးသေးသည့်အတွက် လွန်စွာမှထူးပါသည်။ ပြည်ပနှင့်ပတ်သက်၍ အိုလံပစ်တံဆိပ်ခေါင်းပင် တခါသာ တရားမဝင့်တဝင် ထုတ်ဖူးသည်ဖြစ်ရာ တံဆိပ်ခေါင်းအသင်း၏ ရှေ့ဆောင်မှု အတော်ပါမည်ဟု ထင်ရသည်။
.
ထင်ရှားကျော်ကြားသူများပုံ တံဆိပ်ခေါင်းနှင့် ဂန္ဒီပုံတံဆိပ်ခေါင်း စုသူ ပြည်ပမှစုဆောင်းသူများအတွက် အဓိကရည်ရွယ်သည်လားမသိ။ မြန်မာနိုင်ငံအမည်ပင် မြန်မာဘာသာနှင့် ရိုက်နှိပ်မထားသလို ဂန္ဒီအကြောင်းလည်း အင်္ဂလိပ်လိုသာရိုက်နှိပ်ထားသည်။ ပြည်ပသို့ရောင်းချပြီး နိုင်ငံခြားငွေရှာဖို့ဆိုလည်း ကျေနပ်ပါသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ခန့်ကသာ လုပ်ခဲ့လျှင် တန်ဖိုးပိုရှိလိမ့်မည်။
.
တံဆိပ်ခေါင်း တန်ဖိုးမှာ ၁၀၀ကျပ်ဖြစ်သည်။ နှစ်ရာကျပ်တန် FDC နှင့် တရာကျပ်တန် ပို့စ်ကဒ်လည်းထုတ်ဝေသည်။ တံဆိပ်ခေါင်းအကြောင်း စာရွက်နှင့် fdc ပို့စ်ကဒ်များသိမ်းနိုင်သည့် ဖ်ုင်ကာဗာလည်း တွေ့ခဲ့ရပါသည်။


XxXxXx

(Zawgyi version )

   မဟတၱမဂႏၵီ ေမြးဖြားျခင္း ႏွစ္၁၅၀ေျမာက္အျဖစ္ ျမန္မာနိုင္ငံမွ တံဆိပ္ေခါင္းထုတ္ေဝပါသည္။ လူပုဂၢိုလ္တဦးခ်င္းအေနျဖင့္ ဗိုလ္ခ်ဳပ္ပုံတံဆိပ္ေခါင္းသာ ထုတ္ေဝဖူးေသးသည့္အတြက္ လြန္စြာမွထူးပါသည္။ ျပည္ပႏွင့္ပတ္သက္၍ အိုလံပစ္တံဆိပ္ေခါင္းပင္ တခါသာ တရားမဝင့္တဝင္ ထုတ္ဖူးသည္ျဖစ္ရာ တံဆိပ္ေခါင္းအသင္း၏ ေရွ႕ေဆာင္မႈ အေတာ္ပါမည္ဟု ထင္ရသည္။
.
ထင္ရွားေက်ာ္ၾကားသူမ်ားပုံ တံဆိပ္ေခါင္းႏွင့္ ဂႏၵီပုံတံဆိပ္ေခါင္း စုသူ ျပည္ပမွစုေဆာင္းသူမ်ားအတြက္ အဓိကရည္႐ြယ္သည္လားမသိ။ ျမန္မာနိုင္ငံအမည္ပင္ ျမန္မာဘာသာႏွင့္ ရိုက္ႏွိပ္မထားသလို ဂႏၵီအေၾကာင္းလည္း အဂၤလိပ္လိုသာရိုက္ႏွိပ္ထားသည္။ ျပည္ပသို႔ေရာင္းခ်ၿပီး နိုင္ငံျခားေငြရွာဖို႔ဆိုလည္း ေက်နပ္ပါသည္။ လြန္ခဲ့ေသာ ႏွစ္သုံးဆယ္ခန့္ကသာ လုပ္ခဲ့လွ်င္ တန္ဖိုးပိုရွိလိမ့္မည္။
.
တံဆိပ္ေခါင္း တန္ဖိုးမွာ ၁၀၀က်ပ္ျဖစ္သည္။ ႏွစ္ရာက်ပ္တန္ FDC ႏွင့္ တရာက်ပ္တန္ ပို႔စ္ကဒ္လည္းထုတ္ေဝသည္။ တံဆိပ္ေခါင္းအေၾကာင္း စာ႐ြက္ႏွင့္ fdc ပို႔စ္ကဒ္မ်ားသိမ္းနိုင္သည့္ ဖ္ုင္ကာဗာလည္း ေတြ႕ခဲ့ရပါသည္။ 

29 September 2019

သီတင်းကျွတ်လ တံဆိပ်ခေါင်း








(Unicode version)

   လစဥ် ရာသီနဲ့ပန်း တံဆိပ်ခေါင်းစီးရီးအဖြစ် သီတင်းကျွတ်လအတွက် ယနေ့ထုတ်ဝေသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ကြာပန်းဖြစ်သည်။
.
ယခင် ဤစီးရီးအတွက် ထုတ်ခဲ့သမျှ တံဆိပ်ခေါင်းများသည် အဖြူအခံများခဲ့သည်။ သီတင်းကျွတ်လ မီးထွန်းပွဲကို ပိုမိုပေါ်လွင်စေရန်အတွက် အနက်အခံသုံးလိုက်သဖြင့် ထူးခြားနေသည်။ ကြာပန်းလေးလည်း ပိုပေါ်လွင်လာသည်။
.
တံဆိပ်ခေါင်းတန်ဖိုးမှာ ၂၀၀ကျပ်ဖြစ်သည်။ ၂၀၀ကျပ်တန် FDC လည်း ထုတ်ဝေသည်။


XxXxXx

(Zawgyi version )

   လစဥ္ ရာသီနဲ႕ပန္း တံဆိပ္ေခါင္းစီးရီးအျဖစ္ သီတင္းကြၽတ္လအတြက္ ယေန႕ထုတ္ေဝသည္။ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ႏွင့္ ၾကာပန္းျဖစ္သည္။
.
ယခင္ ဤစီးရီးအတြက္ ထုတ္ခဲ့သမွ် တံဆိပ္ေခါင္းမ်ားသည္ အျဖဴအခံမ်ားခဲ့သည္။ သီတင္းကြၽတ္လ မီးထြန္းပြဲကို ပိုမိုေပၚလြင္ေစရန္အတြက္ အနက္အခံသုံးလိုက္သျဖင့္ ထူးျခားေနသည္။ ၾကာပန္းေလးလည္း ပိုေပၚလြင္လာသည္။
.
တံဆိပ္ေခါင္းတန္ဖိုးမွာ ၂၀၀က်ပ္ျဖစ္သည္။ ၂၀၀က်ပ္တန္ FDC လည္း ထုတ္ေဝသည္။ 

26 September 2019

မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်း၊

(Unicode version)

   မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းလို့ အမည်တပ်ရတာက အကြောင်းရှိပါတယ်။ ဗြိတိသျှလက်အောက်မှာ မြန်မာနိုင်ငံက အန္ဒိယပြည်ရဲ့ ပြည်နယ်တခုသာ ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်တံဆိပ်ခေါင်း ထုတ်လုပ်သုံးစွဲခွင့် မရှိခဲ့ပါဘူး။
.
ခွဲရေးတွဲရေး နိုင်ငံရေးလှုပ်ရှားမှုတွေ အပြီးမှာ မြန်မာပြည်က အန္ဒိယမှ ခွဲထွက်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း ဗြိတိသျှလက်အောက်မှာရှိနေဆဲ ကိုလိုနီနယ်တခုသာ ဖြစ်နေဆဲမို့ ဗြိတိန်မှ အင်္ဂလန်ဘုရင်ပုံနဲ့ဘဲ ထုတ်ဝေသုံးစွဲရမှာပါ။ အင်္ဂလန်ဘုရင်ပုံနဲ့ BURMA POSTAGE လို့ စတင်ရိုက်နှိပ် သုံးစွဲရမှာပါ။
.
၁၉၃၇ ဧပြီတစ်ရက်မှာ စခွဲထွက်သော်လည်း တံဆိပ်ခေါင်းအသစ် ရိုပ်နှိပ်နိုင်ခြင်း မရှိလို့ သုံးလက်စ အန္ဒိယတံဆိပ်ခေါင်းပေါ်မှာဘဲ BURMA လို့ ထပ်ရိုက်ပြီး စတင်သုံးစွဲခဲ့ပါတယ်။ မြန်မာပြည်အတွက် စသုံးခဲ့သော်လည်း မြန်မာတံဆိပ်ခေါင်း မစစ်သလိုဖြစ်နေပါတယ်။ ဦးကျော်မြင့်မောင်ရဲ့ မြန်မာတံဆိပ်ခေါင်းများ စာအုပ်မှာတော့ အဲ့ဒီအချိန်က အင်္ဂလန်မှာ ဘုရင်အပြောင်းအလဲဖြစ်တာနဲ့လည်း ဆိုင်နေပါတယ်။
.
အဲဒီခေတ်သုံးငွေ ၃ပိုင်ကစပြီး ၂၅ရူပီး အထိ တံဆိပ်ခေါင်း၁၈ခေါင်း ထုတ်ဝေခဲ့ပါတယ်။ အစိုးရသုံးကိစ္စများအတွက်တော့ SERVICE လို့ အပေါ်ကနှိပ်ထားတဲ့ တံဆိပ်ခေါင်း ၁၄ခေါင်း ထုတ်ဝေခဲ့ပါတယ်။ တံဆိပ်ခေါင်းကျွမ်းကျင်သူတဦးရဲ့ အဆိုအရ ၁၈ခေါင်းတစုံကို ဗြိတိန်ပေါင်၄၀၀၀၊ မြန်မာငွေ ကျပ်သိန်း၈၀ခန့် စျေးပေါက်နေကြောင်းပါ။


XxXxXx

(Zawgyi version )

   ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းလို႔ အမည္တပ္ရတာက အေၾကာင္းရွိပါတယ္။ ၿဗိတိသွ်လက္ေအာက္မွာ ျမန္မာနိုင္ငံက အႏၵိယျပည္ရဲ႕ ျပည္နယ္တခုသာ ျဖစ္ခဲ့ပါတယ္။ ကိုယ္ပိုင္တံဆိပ္ေခါင္း ထုတ္လုပ္သုံးစြဲခြင့္ မရွိခဲ့ပါဘူး။
.
ခြဲေရးတြဲေရး နိုင္ငံေရးလႈပ္ရွားမႈေတြ အၿပီးမွာ ျမန္မာျပည္က အႏၵိယမွ ခြဲထြက္ခြင့္ရခဲ့ပါတယ္။ သို႔ေသာ္လည္း ၿဗိတိသွ်လက္ေအာက္မွာရွိေနဆဲ ကိုလိုနီနယ္တခုသာ ျဖစ္ေနဆဲမို႔ ၿဗိတိန္မွ အဂၤလန္ဘုရင္ပုံနဲ႕ဘဲ ထုတ္ေဝသုံးစြဲရမွာပါ။ အဂၤလန္ဘုရင္ပုံနဲ႕ BURMA POSTAGE လို႔ စတင္ရိုက္ႏွိပ္ သုံးစြဲရမွာပါ။
.
၁၉၃၇ ဧၿပီတစ္ရက္မွာ စခြဲထြက္ေသာ္လည္း တံဆိပ္ေခါင္းအသစ္ ရိုပ္ႏွိပ္နိုင္ျခင္း မရွိလို႔ သုံးလက္စ အႏၵိယတံဆိပ္ေခါင္းေပၚမွာဘဲ BURMA လို႔ ထပ္ရိုက္ၿပီး စတင္သုံးစြဲခဲ့ပါတယ္။ ျမန္မာျပည္အတြက္ စသုံးခဲ့ေသာ္လည္း ျမန္မာတံဆိပ္ေခါင္း မစစ္သလိုျဖစ္ေနပါတယ္။ ဦးေက်ာ္ျမင့္ေမာင္ရဲ႕ ျမန္မာတံဆိပ္ေခါင္းမ်ား စာအုပ္မွာေတာ့ အဲ့ဒီအခ်ိန္က အဂၤလန္မွာ ဘုရင္အေျပာင္းအလဲျဖစ္တာနဲ႕လည္း ဆိုင္ေနပါတယ္။
.
အဲဒီေခတ္သုံးေငြ ၃ပိုင္ကစၿပီး ၂၅႐ူပီး အထိ တံဆိပ္ေခါင္း၁၈ေခါင္း ထုတ္ေဝခဲ့ပါတယ္။ အစိုးရသုံးကိစၥမ်ားအတြက္ေတာ့ SERVICE လို႔ အေပၚကႏွိပ္ထားတဲ့ တံဆိပ္ေခါင္း ၁၄ေခါင္း ထုတ္ေဝခဲ့ပါတယ္။ တံဆိပ္ေခါင္းကြၽမ္းက်င္သူတဦးရဲ႕ အဆိုအရ ၁၈ေခါင္းတစုံကို ၿဗိတိန္ေပါင္၄၀၀၀၊ ျမန္မာေငြ က်ပ္သိန္း၈၀ခန့္ ေစ်းေပါက္ေနေၾကာင္းပါ။ 

22 September 2019

အခွန်ဖြေလျော့ပေးတဲ့ ဥပဒေကိစ္စ၊

(Unicode version)

   အခွန်စည်းကျပ်မှုမှ လွတ်နေတဲ့ ငွေများကို အခွန်လျော့ဆောင်ပြီး ငွေဖြူဖြစ်အောင်လုပ်တဲ့ ဥပဒေကို လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဗိုလ်လိုဆိုရင် tax amnesty ခေါ်ပြီး အရပ်စကားနဲ့ ငွေမဲကိုငွေဖြူလုပ်ခွင့်လို့ဘဲ ခေါ်ဝေါ်သတ်မှတ်ကြမယ်ထင်ပါတယ်။
.
နိုင်ငံတကာမှာလည်း ဒီလိုလုပ်ပေးတာတွေ ရှိခဲ့ပါသတဲ့။ အစိုးရညံ့တွေ အုပ်ချုပ်ခဲ့လို့ ပုံမှန်ဝင်ငွေခွန် မကောက်နိုင်ခဲ့တာ ကြာခဲ့ရင် ဒီလိုလုပ်ပေးရမှာဘဲထင်တယ်။ ပုံမှန်ငွေဖြူတွေဖြစ်မှ တရားဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်လို့ရမှာကိုး။ မြန်မာပြည်မှာတော့ နဝတတက်ခါစက တကြိမ်လုပ်ခွင့်ပြုတာ မှတ်မိနေတယ်။
.
ထုံးစံအတိုင်း နှစ်ဖက်ဝေဖန်မှုတွေ ထွက်လာတာပေါ့။ ထောက်ခံတဲ့စကားတွေ လွှတ်တော်မှာဆွေးနွေးပြီးပါပြီ။ လုပ်သင့်တဲ့အချိန်မလို့ လုပ်ပေးတာဘဲဖြစ်မှာပါ။ ဖေ့ဘုတ်မှာတွေ့ရသလောက် ကားဝယ်ရင်ဆောင်ရတဲ့အခွန် သိန်းသုံးလေးဆယ်လျော့လို့ ပြောကြတာဘဲရှိတယ်။ သိန်းသောင်းချီတဲ့ အိမ်ခြံတွေနဲ့ ကွန်ဒိုတွေ လှုပ်သံမကြားရသေးဘူး။ အရောင်းအဝယ်ပြန်ဖြစ်တောင် အရင်ခေတ်နှူန်း ပြန်ရမယ်မထင်ပါ။
.
ဒီဥပဒေကို အပစ်မြင်သူတွေလည်း တွေ့ရတယ်။ NLDအစိုးရလုပ်လို့ အပစ်တင်ကြတာလား မသိဘူး။ သူတို့ပြောတာတချို့ လွဲနေတယ်ထင်တာဘဲ။ ပထမဆုံး တချက်က ရွေးကောက်ပွဲ မဲဆွယ်ဖို့လုပ်တာ ဖြစ်နိုင်သတဲ့။ စလွဲပါပြီ တက်တက်စင်။ ငွေမဲတွေရှိသူအများစု ဘယ်သူတွေဆိုတာ သိကြမှာပါ။ ဒီလူတွေ တိတ်တိတ်လေး ငွေတွေသွားဖွတ်လျှော်နေမှာ သေချာပေမယ့် NLDပါတီကို ထောက်ခံမဲ့သူတွေ မဟုတ်ပါဘူး။
.
နောက်တချက်က ပုံမှန်ဝင်ငွေခွန်ဆောင်နေသူတွေ မပေးဘဲနေမယ်တဲ့။ အစောကပြောသလို အစိုးရကောင်းခေတ်မှာ ဒါမျိုးမဖြစ်အောင် လုပ်ရမှာပါ။ ပုံမှန်ဝင်ငွေခွန် ကောက်နိုင်နေခဲ့ရင် ဒါမျိုးအခွင့်အ​ရေး ထပ်ပေးစရာ အကြောင်းမရှိပါဘူး။ အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ လိုပါလိမ့်မယ်။ ခုအခွန်လျှော့ပေးတာလည်း သက်တမ်းတနှစ်ဘဲတဲ့။
.
အဆိုးဆုံး အပစ်ပြောတာက တရားဝင်အခွန်ဆောင်ရတာကို စိတ်ပျက်သွားမယ်။  နောင်မှာ ဒီလိုအခွင့်အရေးမျိုးလာမှာဘဲလို့ မျှော်ကိုးပြီး တရားမဝင်အလုပ်တွေနဲ့ ငွေရှာပြီး ထိုင်စောင့်ချင်စိတ် ပေါ်လာနိုင်တယ်တဲ့။ အလွဲဆုံးပါဘဲ။ တရားမဝင်စီးပွားရှာတာ အခွန်စည်းကြပ်နှူန်းနဲ့ လုံးဝကို မပတ်သက်ပါ။ မည်သည့် အခွန်နှူန်းထားနဲ့ အခွန်ကောက်သည်ဖြစ်စေ တရားမဝင်စီးပွားရှာတာ ခွင့်မပြုပါ။ အရင်အစိုးရတွေ လစ်လျှူရှုသလိုလုပ်ခဲ့လို့ အခုကိစ္စ ပေါ်ပေါက်လာတာပါ။ အခွန်ကောက်ခံမှု မှန်ကန်နေတယ်လို့ ပြောလို့ရတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာတောင် တရားမဝင် စီးပွားရှာတာနဲ့ အခွန်ရှောင်ဖို့ ကြိုးစားတာတွေ ရှိနေတာပါဘဲ။ အစိုးရအနေနဲ့ ဒါတွေကို ဖော်ထုတ်အရေးယူဖို့ဘဲ လုပ်ရမှာပါ။
.
ဒီဥပဒေ ဖော်ဆောင်မယ့် လက်ရှိအစိုးရလည်း ဒီကိစ္စတွေ မဖြစ်အောင် ကြီးကြပ်ရတော့မှာပါ။ တာဝန်ရှိသွားပါပြီ။ အရင် အစိုးရအဆက်ဆက် ပျက်စီးခဲ့တဲ့ ဝင်ငွေခွန်၊  အမှန်ဆောင်ဖို့ ပြန်လုပ်ပေးရမှာပါ။ အခွန်ဆောင် ပြည်သူတွေကို ရှင်းပြစည်းရုံးဖို့ လိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ အဓိကလုပ်ရမှာကတော့ ဝင်ငွေခွန်ကောက်တဲ့ဌာနက ဝန်ထမ်းတွေကို စည်းကမ်းထိမ်း အရေးယူဖို့ပါဘဲဗျာ။


XxXxXx

(Zawgyi version)

   အခြန္စည္းက်ပ္မႈမွ လြတ္ေနတဲ့ ေငြမ်ားကို အခြန္ေလ်ာ့ေဆာင္ၿပီး ေငြျဖဴျဖစ္ေအာင္လုပ္တဲ့ ဥပေဒကို လႊတ္ေတာ္က အတည္ျပဳေပးလိုက္ပါၿပီ။ ဗိုလ္လိုဆိုရင္ tax amnesty ေခၚၿပီး အရပ္စကားနဲ႕ ေငြမဲကိုေငြျဖဴလုပ္ခြင့္လို႔ဘဲ ေခၚေဝၚသတ္မွတ္ၾကမယ္ထင္ပါတယ္။
.
နိုင္ငံတကာမွာလည္း ဒီလိုလုပ္ေပးတာေတြ ရွိခဲ့ပါသတဲ့။ အစိုးရညံ့ေတြ အုပ္ခ်ဳပ္ခဲ့လို႔ ပုံမွန္ဝင္ေငြခြန္ မေကာက္နိုင္ခဲ့တာ ၾကာခဲ့ရင္ ဒီလိုလုပ္ေပးရမွာဘဲထင္တယ္။ ပုံမွန္ေငြျဖဴေတြျဖစ္မွ တရားဝင္စီးပြားေရးလုပ္ငန္းေတြ လုပ္လို႔ရမွာကိုး။ ျမန္မာျပည္မွာေတာ့ နဝတတက္ခါစက တႀကိမ္လုပ္ခြင့္ျပဳတာ မွတ္မိေနတယ္။
.
ထုံးစံအတိုင္း ႏွစ္ဖက္ေဝဖန္မႈေတြ ထြက္လာတာေပါ့။ ေထာက္ခံတဲ့စကားေတြ လႊတ္ေတာ္မွာေဆြးႏြေးၿပီးပါၿပီ။ လုပ္သင့္တဲ့အခ်ိန္မလို႔ လုပ္ေပးတာဘဲျဖစ္မွာပါ။ ေဖ့ဘုတ္မွာေတြ႕ရသေလာက္ ကားဝယ္ရင္ေဆာင္ရတဲ့အခြန္ သိန္းသုံးေလးဆယ္ေလ်ာ့လို႔ ေျပာၾကတာဘဲရွိတယ္။ သိန္းေသာင္းခ်ီတဲ့ အိမ္ၿခံေတြနဲ႕ ကြန္ဒိုေတြ လႈပ္သံမၾကားရေသးဘူး။ အေရာင္းအဝယ္ျပန္ျဖစ္ေတာင္ အရင္ေခတ္ႏႉန္း ျပန္ရမယ္မထင္ပါ။
.
ဒီဥပေဒကို အပစ္ျမင္သူေတြလည္း ေတြ႕ရတယ္။ NLDအစိုးရလုပ္လို႔ အပစ္တင္ၾကတာလား မသိဘူး။ သူတို႔ေျပာတာတခ်ိဳ႕ လြဲေနတယ္ထင္တာဘဲ။ ပထမဆုံး တခ်က္က ေ႐ြးေကာက္ပြဲ မဲဆြယ္ဖို႔လုပ္တာ ျဖစ္နိုင္သတဲ့။ စလြဲပါၿပီ တက္တက္စင္။ ေငြမဲေတြရွိသူအမ်ားစု ဘယ္သူေတြဆိုတာ သိၾကမွာပါ။ ဒီလူေတြ တိတ္တိတ္ေလး ေငြေတြသြားဖြတ္ေလွ်ာ္ေနမွာ ေသခ်ာေပမယ့္ NLDပါတီကို ေထာက္ခံမဲ့သူေတြ မဟုတ္ပါဘူး။
.
ေနာက္တခ်က္က ပုံမွန္ဝင္ေငြခြန္ေဆာင္ေနသူေတြ မေပးဘဲေနမယ္တဲ့။ အေစာကေျပာသလို အစိုးရေကာင္းေခတ္မွာ ဒါမ်ိဳးမျဖစ္ေအာင္ လုပ္ရမွာပါ။ ပုံမွန္ဝင္ေငြခြန္ ေကာက္နိုင္ေနခဲ့ရင္ ဒါမ်ိဳးအခြင့္အ​ေရး ထပ္ေပးစရာ အေၾကာင္းမရွိပါဘူး။ အစိုးရအေနနဲ႕ ၾကပ္မတ္ေပးဖို႔ လိုပါလိမ့္မယ္။ ခုအခြန္ေလွ်ာ့ေပးတာလည္း သက္တမ္းတႏွစ္ဘဲတဲ့။
.
အဆိုးဆုံး အပစ္ေျပာတာက တရားဝင္အခြန္ေဆာင္ရတာကို စိတ္ပ်က္သြားမယ္။ ေနာင္မွာ ဒီလိုအခြင့္အေရးမ်ိဳးလာမွာဘဲလို႔ ေမွ်ာ္ကိုးၿပီး တရားမဝင္အလုပ္ေတြနဲ႕ ေငြရွာၿပီး ထိုင္ေစာင့္ခ်င္စိတ္ ေပၚလာနိုင္တယ္တဲ့။ အလြဲဆုံးပါဘဲ။ တရားမဝင္စီးပြားရွာတာ အခြန္စည္းၾကပ္ႏႉန္းနဲ႕ လုံးဝကို မပတ္သက္ပါ။ မည္သည့္ အခြန္ႏႉန္းထားနဲ႕ အခြန္ေကာက္သည္ျဖစ္ေစ တရားမဝင္စီးပြားရွာတာ ခြင့္မျပဳပါ။ အရင္အစိုးရေတြ လစ္လ်ႉရႈသလိုလုပ္ခဲ့လို႔ အခုကိစၥ ေပၚေပါက္လာတာပါ။ အခြန္ေကာက္ခံမႈ မွန္ကန္ေနတယ္လို႔ ေျပာလို႔ရတဲ့ အေမရိကန္နဲ႕ အေနာက္နိုင္ငံေတြမွာေတာင္ တရားမဝင္ စီးပြားရွာတာနဲ႕ အခြန္ေရွာင္ဖို႔ ႀကိဳးစားတာေတြ ရွိေနတာပါဘဲ။ အစိုးရအေနနဲ႕ ဒါေတြကို ေဖာ္ထုတ္အေရးယူဖို႔ဘဲ လုပ္ရမွာပါ။
.
ဒီဥပေဒ ေဖာ္ေဆာင္မယ့္ လက္ရွိအစိုးရလည္း ဒီကိစၥေတြ မျဖစ္ေအာင္ ႀကီးၾကပ္ရေတာ့မွာပါ။ တာဝန္ရွိသြားပါၿပီ။ အရင္ အစိုးရအဆက္ဆက္ ပ်က္စီးခဲ့တဲ့ ဝင္ေငြခြန္၊ အမွန္ေဆာင္ဖို႔ ျပန္လုပ္ေပးရမွာပါ။ အခြန္ေဆာင္ ျပည္သူေတြကို ရွင္းျပစည္း႐ုံးဖို႔ လိုသလို လုပ္ေနတာလည္း ေတြ႕ရပါတယ္။ အဓိကလုပ္ရမွာကေတာ့ ဝင္ေငြခြန္ေကာက္တဲ့ဌာနက ဝန္ထမ္းေတြကို စည္းကမ္းထိမ္း အေရးယူဖို႔ပါဘဲဗ်ာ။

14 September 2019

ကံကောင်းဖို့ ဖြစ်လာတဲ့သူ

(Unicode version)

   We love Kwee phyo ဆိုပြီး ဂရုတခု ပြီးခဲ့တဲ့ရက်ပိုင်းက ပေါ်လာပါတယ်။ တွေ့တဲ့အချိန်မှာ မဲန်ဘာ တသိန်းခြောက်သောင်း ကျော်နေပါပြီ။ အဲဒီမှာ တင်ထားတဲ့ပို့စ်တွေလည်း like ထောင်သောင်းချီနေတာ တွေ့ရပါတယ်။
,
ဂရုရဲ့ရည်ရွယ်ချက်က ကွီးဖြိုးအတွက် လော်ပေးဖို့ထင်တယ်။ ၂၀၂၀ မတိုင်ခင်တနှစ်အလိုက စ၊ လော်မယ်ပေါ့။ ကွီးဖြိုးရဲ့ဓာတ်ပုံကို ရယ်စရာစာလုံးတွေတပ်ပြီး troll မယ်ပေါ့။ ဒါမှ ကွီးကိုလူတွေ ချစ်လာမယ်လို့များ ထင်လားမသိ။
,
တကယ်လုပ်လို့ သုံးရက်လောက်ရှိသေးတယ်။ ဂရုဖျက်ပြေးရပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားတာကိုး။ ကွီးဖြိုးပုံသုံး ရယ်စရာလုပ်ယုံမက စော်ကားမော်ကား သုံးစားမရတဲ့ လူတယောက်ဖြစ်လာအောင် ထရောကြတော့တာကိုး။
,
ဂရုကို စတင်သူက တဖက်သားတွေ မဟုတ်ပါဘူး။ နာမည်ကြီးဆယ်လီတဦးရဲ့ အမပါတဲ့။ သူ သတိမထားမိတာက ကွီးဖြိုးဟာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အလားအလာအရှိဆုံး မှန်ပေမယ့် သူ့ကိုမကြိုက်သူတွေ အနီတွေထဲမှာကို ရှိနေတယ်ဆိုတာကိုပါဘဲ။ တဖက်က အယူတိမ်းတဲ့အစိမ်း‌​တွေကတော့ ပွဲတော်ကြီးဆိုပြီး ဝင်သမကြမှာပေါ့။ ခုလိုဖျက်လိုက်တာဘဲ ကောင်းပါသေးတော့တယ်။
'
ဒီပွဲမှာ အမှတ်ပြည့်ရသွားသူကတော့ ဇတ်လိုက်ကျော် ကွီးဖြိုးပါဘဲ။ အနီကြောင်တချို့တောင် သူ့ကိုဂရုနာသက်ကုန်တာ တွေ့ရပါတယ်။ ဂရုမှာ ပို့စ်တင်နေသူတွေတောင် ၆၆ဃ ညိမှန်းသိနေတာ သူတို့ပို့စ်တွေမှာ ရေးနေကြတာဘဲ။ ဒါပေမယ့်ကွီးက ဘာမှအရေးယူဖို့ တရားစွဲဖို့ မညွှန်ကြားခဲ့ပါဘူး။ နိုင်ငံရေးသမားစစ်စစ်ပုံစံ အရေထူပြခဲ့ပါတယ်။ သူရဲ့ စကားပြောပုံ ဗီဒီယိုတွေမှာလည်း နိုင်ငံရေးသမားဟန် အပြည့်တွေ့ခဲ့ဘူးတာမို့ ကွီဖြိုးဟာ မြန်မာ့နိုင်ငံရေးနဲ့ NLDမှာ အလားအလာရှိတဲ့ သူတဦးဖြစ်မှာ သေချာနေကြောင်းပါခင်ဗျာ။။


XxXxXx

(Zawgyi version )

   We love Kwee phyo ဆိုၿပီး ဂ႐ုတခု ၿပီးခဲ့တဲ့ရက္ပိုင္းက ေပၚလာပါတယ္။ ေတြ႕တဲ့အခ်ိန္မွာ မဲန္ဘာ တသိန္းေျခာက္ေသာင္း ေက်ာ္ေနပါၿပီ။ အဲဒီမွာ တင္ထားတဲ့ပို႔စ္ေတြလည္း like ေထာင္ေသာင္းခ်ီေနတာ ေတြ႕ရပါတယ္။
,
ဂ႐ုရဲ႕ရည္႐ြယ္ခ်က္က ကြီးၿဖိဳးအတြက္ ေလာ္ေပးဖို႔ထင္တယ္။ ၂၀၂၀ မတိုင္ခင္တႏွစ္အလိုက စ၊ ေလာ္မယ္ေပါ့။ ကြီးၿဖိဳးရဲ႕ဓာတ္ပုံကို ရယ္စရာစာလုံးေတြတပ္ၿပီး troll မယ္ေပါ့။ ဒါမွ ကြီးကိုလူေတြ ခ်စ္လာမယ္လို႔မ်ား ထင္လားမသိ။
,
တကယ္လုပ္လို႔ သုံးရက္ေလာက္ရွိေသးတယ္။ ဂ႐ုဖ်က္ေျပးရပါတယ္။ မွန္းခ်က္နဲ႕ ႏွမ္းထြက္မကိုက္ ျဖစ္သြားတာကိုး။ ကြီးၿဖိဳးပုံသုံး ရယ္စရာလုပ္ယုံမက ေစာ္ကားေမာ္ကား သုံးစားမရတဲ့ လူတေယာက္ျဖစ္လာေအာင္ ထေရာၾကေတာ့တာကိုး။
,
ဂ႐ုကို စတင္သူက တဖက္သားေတြ မဟုတ္ပါဘူး။ နာမည္ႀကီးဆယ္လီတဦးရဲ႕ အမပါတဲ့။ သူ သတိမထားမိတာက ကြီးၿဖိဳးဟာ ေဒၚေအာင္ဆန္းစုၾကည္ၿပီးရင္ အလားအလာအရွိဆုံး မွန္ေပမယ့္ သူ႕ကိုမႀကိဳက္သူေတြ အနီေတြထဲမွာကို ရွိေနတယ္ဆိုတာကိုပါဘဲ။ တဖက္က အယူတိမ္းတဲ့အစိမ္း‌ေတြကေတာ့ ပြဲေတာ္ႀကီးဆိုၿပီး ဝင္သမၾကမွာေပါ့။ ခုလိုဖ်က္လိုက္တာဘဲ ေကာင္းပါေသးေတာ့တယ္။
'
ဒီပြဲမွာ အမွတ္ျပည့္ရသြားသူကေတာ့ ဇတ္လိုက္ေက်ာ္ ကြီးၿဖိဳးပါဘဲ။ အနီေၾကာင္တခ်ိဳ႕ေတာင္ သူ႕ကိုဂ႐ုနာသက္ကုန္တာ ေတြ႕ရပါတယ္။ ဂ႐ုမွာ ပို႔စ္တင္ေနသူေတြေတာင္ ၆၆ဃ ညိမွန္းသိေနတာ သူတို႔ပို႔စ္ေတြမွာ ေရးေနၾကတာဘဲ။ ဒါေပမယ့္ကြီးက ဘာမွအေရးယူဖို႔ တရားစြဲဖို႔ မၫႊန္ၾကားခဲ့ပါဘူး။ နိုင္ငံေရးသမားစစ္စစ္ပုံစံ အေရထူျပခဲ့ပါတယ္။ သူရဲ႕ စကားေျပာပုံ ဗီဒီယိုေတြမွာလည္း နိုင္ငံေရးသမားဟန္ အျပည့္ေတြ႕ခဲ့ဘူးတာမို႔ ကြီၿဖိဳးဟာ ျမန္မာ့နိုင္ငံေရနဲ႕ NLDမွာ အလားအလာရွိတဲ့ သူတဦးျဖစ္မွာ ေသခ်ာေနေၾကာင္းပါခင္ဗ်ာ။။ 

10 September 2019

အလုပ်အပေါ် စေတနာထားသည်ဆိုသော်ညားလည်း၊



(Unicode version)

   ဒီစာကို အဂတိကောက်မတီကို ယုံကြည်လွန်းလို့ ရေးတာမဟုတ်သလို၊ အစွပ်စွဲခံရတဲ့ စက်ရုံမှူးကိုလည်း အပစ်ရှိတယ်လို့ ဆိုလိုတာမဟုတ်ပါ။
.
ဘီပီအိုင်စက်ရုံမှူးကိစ္စ ပို့စ်တွေရဲ့ ကွန်မန့်တချို့ဖတ်ရပါတယ်။ စေတနာနဲ့လုပ်ပေးတာကို အရေးယူရင် အလုပ်အပေါ် စေတနာ မထားရတော့ဘူးလားတို့၊ အစိုးရဝန်ထမ်းတွေကို လူကောင်းမရှိအောင် လုပ်နေတာဘဲ စသဖြင့် အဓိပ္ပာယ်ထွက်စေတဲ့ စာတွေပါ။ အလုပ်အပေါ် ထားတဲ့စေတနာဟာ လုပ်ထုံးလုပ်နည်းထဲက လွဲချော်ခွင့် မရှိပါဘူး။ အလုပ်တိုင်းမှာ စည်းမျဥ်းဥပဒေ SOP တွေ ရှိပြီးသားပါ။ အထူးသဖြင့် အစိုးရအလုပ်ဆို ပိုသတိထားရပါမယ်။
.
လေယာဥ်ပြင်တဲ့ အလုပ်တခုနဲ့ ဥပမာပေးပါရစေ။ အင်ဂျင်နီယာတယောက် တာဝန်ကျနေချိန်မှာ လေယာဥ်ထွက်ခါနီး လေယာဥ်မကောင်းလို့ လာခေါ်တယ်။ သွားစစ်ကြည့်တော့ ဘီးတလုံးမှာ အပစ်တွေ့ပါတယ်။ ဒီဘီးလဲလိုက်ရင်  ကောင်းသွားပြီး ခရီးစဥ်ဆက်နိုင်ပြီ။ နာရီဝက်မကြာနိုင်တဲ့ အလုပ်လေးပါ။ ပြဿနာက လဲစရာ အပိုဘီး အသင့်မရှိဘူး။
.
ခရီးသည်တွေက ပွစိပွစိဖြစ်နေပြီ။ ခရီးသည်တွေထဲမှာ ဆေးသွားကုရမယ့်သူလည်းပါတယ်။ ဟိုဘက်ခရီးဆက်ဖို့ အချိန်မှီချင်သူလည်းပါမယ်။ မြန်မြန်ပြင်ပေးပါကွာ၊ ပြန်လာရင် ဘလက်လေဘယ်ဝယ်ခဲ့ပါ့မယ်ဆိုတဲ့ သူငယ်ချင်းလည်းပါတယ်။ အဲလိုင်းလုပ်ပြီး အပိုပစ္စည်းလေးတောင် မရှိဘူးလား။ အချိန်မှီမပြင်နိုင်လို့ကတော့ ငါ့ဖေ့ဘုတ်ထဲ ထည့်ရေးပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဆယ်လီမမလည်းပါတယ်။ ကိုယ်တိုင်ကလည်း ငါ့အလှည့် ငါ့ဂျူတီကျမှ ဒါမျိုးဖြစ်ရလားလို့ ဒေါသထွက်နေပြီ။
.
ဘီးလဲဖို့က နာရီဝက်လောက်ဘဲ ကြာမှာပါ။ ဘီးမရှိတာကပြဿနာ။ ဒါနဲ့ အင်ဂျင်နီယာက လေယာဥ်ရုံထဲ လျောက်ကြည့်တော့ မနေ့ညက သက်တမ်းကုန်လို့ ဖြုတ်ထားရတဲ့ ဘီးတလုံးသွားတွေ့တယ်။ တကယ်က ပစ်ရတော့မှာ။ ဒီအခြေအနေမှာ အင်ဂျင်နီယာက စဥ်းစားတယ်။ ပစ်ရမယ့်ဘီးက အခြေအနေကောင်းသေးတယ်။ အသွားတခေါက် အပြန်တခေါက်တော့ သေချာပေါက်ရမယ်။ လောလောဆယ် ကြုံနေတဲ့ပြဿနာတွေ ရှင်းသွားမယ့်အပြင် အလုပ်အပေါ် စေတနာထားတယ်ဆိုပြီး ငါ့ဘော့စ်က ချီးကျူးနိုင်သေးတယ်ဆိုပြီး သက်တမ်းလွန်ဘီးနဲ့ လဲပေးလိုက်တယ်။
.
လေယာဥ် ချောချောမောမောထွက်သွားပါတယ်။ ခရီးသည်တွေလည်း ကျေနပ်လို့ပေါ့။ ဟိုဘက်ကွင်း ဆင်းတော့လည်း အေးဆေးဘဲ။ ကံဆိုးချင်တော့ အပြန် အိမ်ကွင်းအဆင်းမှာ လေပြင်းတိုက်ပြီး လေယာဥ်ပြေးလမ်းချော် မြက်စားသွားတယ်။ စုံစမ်းစစ်ဆေးရေးတွေ ဖွဲ့စစ်ပြီပေါ့။ သေချာတယ် လေပြင်းတိုက်လို့ လေယာဥ်ဘေးထွက်သွားတာ။ ဒါပေမယ့် စစ်ဆေးစဥ် သက်တမ်းလွန်ဘီး လဲပေးလိုက်တာပေါ်ပြီ။ သက်တမ်းလွန်ဘီးကြောင့်ရော လေယာဥ်ဘေးချော်နိုင်သလား။
.
ဒီအခြေအနေမျိုးမှာ အင်ဂျင်နီယာကို စေတနာနဲ့ လုပ်ပေးလိုက်လို့ ခွင့်လွှတ်ပေးမယ် ထင်ပါသလား။ လုပ်ထုံးလုပ်နည်းကို ကျော်လုပ်လိုက်လို့ လိုင်စင်ပြုတ် အလုပ်ပြုတ်ယုံဆို ကံကောင်းလှပြီ။ ခရီးသည်သေကြေမှုရှိခဲ့ရင် ထောင်တောင်ကျနိုင်ပါသေးတယ်။ ဒါ့ကြောင့် အလုပ်အပေါ် စေတနာထားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။
.
ဥပမာကို အရှည်ကြီးပေး စာရိုက်နေတုံး နောက်ဥပမာတခု ပေါ်လာပါတယ်။ ရန်ကုန် လမ်းတွေ စကြပ်ကာစကပါ။ နယ်ကဝင်လာတဲ့ အရေးပေါ်လူနာတင်ကားတွေ ဘယ်ဘက်ယာဥ်ကြောက မောင်းကြတယ်။ လှည်းတန်းဂုံးဆင်းမှ ဟံသာဝတီအဝိုင်းအထိက အဆိုးဆုံး။ သူတို့စိတ်ထဲမှာ ကားပေါ်ကလူနာ အသက်အတွက် စေတနာထားမောင်းပေးတာဘဲ။ မလိုအပ်တဲ့ အက်ဆီးဒင့်တွေ ထပ်ဖြစ်နိုင်တဲ့အတွက် အရေးယူမှုတွေလုပ်လိုက်လို့ ​မတွေ့ရတော့တာပါ။
.
အလုပ်အပေါ် မှန်ကန်သောစေတနာ ထားလုပ်န်ုင်ကြပါစေ။


XxXxXx

(Zawgyi version)

   ဒီစာကို အဂတိေကာက္မတီကို ယုံၾကည္လြန္းလို႔ ေရးတာမဟုတ္သလို၊ အစြပ္စြဲခံရတဲ့ စက္႐ုံမႉးကိုလည္း အပစ္ရွိတယ္လို႔ ဆိုလိုတာမဟုတ္ပါ။
.
ဘီပီအိုင္စက္႐ုံမႉးကိစၥ ပို႔စ္ေတြရဲ႕ ကြန္မန့္တခ်ိဳ႕ဖတ္ရပါတယ္။ ေစတနာနဲ႕လုပ္ေပးတာကို အေရးယူရင္ အလုပ္အေပၚ ေစတနာ မထားရေတာ့ဘူးလားတို႔၊ အစိုးရဝန္ထမ္းေတြကို လူေကာင္းမရွိေအာင္ လုပ္ေနတာဘဲ စသျဖင့္ အဓိပၸာယ္ထြက္ေစတဲ့ စာေတြပါ။ အလုပ္အေပၚ ထားတဲ့ေစတနာဟာ လုပ္ထုံးလုပ္နည္းထဲက လြဲေခ်ာ္ခြင့္ မရွိပါဘူး။ အလုပ္တိုင္းမွာ စည္းမ်ဥ္းဥပေဒ SOP ေတြ ရွိၿပီးသားပါ။ အထူးသျဖင့္ အစိုးရအလုပ္ဆို ပိုသတိထားရပါမယ္။
.
ေလယာဥ္ျပင္တဲ့ အလုပ္တခုနဲ႕ ဥပမာေပးပါရေစ။ အင္ဂ်င္နီယာတေယာက္ တာဝန္က်ေနခ်ိန္မွာ ေလယာဥ္ထြက္ခါနီး ေလယာဥ္မေကာင္းလို႔ လာေခၚတယ္။ သြားစစ္ၾကည့္ေတာ့ ဘီးတလုံးမွာ အပစ္ေတြ႕ပါတယ္။ ဒီဘီးလဲလိုက္ရင္ ေကာင္းသြားၿပီး ခရီးစဥ္ဆက္နိုင္ၿပီ။ နာရီဝက္မၾကာနိုင္တဲ့ အလုပ္ေလးပါ။ ျပႆနာက လဲစရာ အပိုဘီး အသင့္မရွိဘူး။
.
ခရီးသည္ေတြက ပြစိပြစိျဖစ္ေနၿပီ။ ခရီးသည္ေတြထဲမွာ ေဆးသြားကုရမယ့္သူလည္းပါတယ္။ ဟိုဘက္ခရီးဆက္ဖို႔ အခ်ိန္မွီခ်င္သူလည္းပါမယ္။ ျမန္ျမန္ျပင္ေပးပါကြာ၊ ျပန္လာရင္ ဘလက္ေလဘယ္ဝယ္ခဲ့ပါ့မယ္ဆိုတဲ့ သူငယ္ခ်င္းလည္းပါတယ္။ အဲလိုင္းလုပ္ၿပီး အပိုပစၥည္းေလးေတာင္ မရွိဘူးလား။ အခ်ိန္မွီမျပင္နိုင္လို႔ကေတာ့ ငါ့ေဖ့ဘုတ္ထဲ ထည့္ေရးပစ္မယ္လို႔ ၿခိမ္းေျခာက္ေနတဲ့ ဆယ္လီမမလည္းပါတယ္။ ကိုယ္တိုင္ကလည္း ငါ့အလွည့္ ငါ့ဂ်ဴတီက်မွ ဒါမ်ိဳးျဖစ္ရလားလို႔ ေဒါသထြက္ေနၿပီ။
.
ဘီးလဲဖို႔က နာရီဝက္ေလာက္ဘဲ ၾကာမွာပါ။ ဘီးမရွိတာကျပႆနာ။ ဒါနဲ႕ အင္ဂ်င္နီယာက ေလယာဥ္႐ုံထဲ ေလ်ာက္ၾကည့္ေတာ့ မေန႕ညက သက္တမ္းကုန္လို႔ ျဖဳတ္ထားရတဲ့ ဘီးတလုံးသြားေတြ႕တယ္။ တကယ္က ပစ္ရေတာ့မွာ။ ဒီအေျခအေနမွာ အင္ဂ်င္နီယာက စဥ္းစားတယ္။ ပစ္ရမယ့္ဘီးက အေျခအေနေကာင္းေသးတယ္။ အသြားတေခါက္ အျပန္တေခါက္ေတာ့ ေသခ်ာေပါက္ရမယ္။ ေလာေလာဆယ္ ႀကဳံေနတဲ့ျပႆနာေတြ ရွင္းသြားမယ့္အျပင္ အလုပ္အေပၚ ေစတနာထားတယ္ဆိုၿပီး ငါ့ေဘာ့စ္က ခ်ီးက်ဴးနိုင္ေသးတယ္ဆိုၿပီး သက္တမ္းလြန္ဘီးနဲ႕ လဲေပးလိုက္တယ္။
.
ေလယာဥ္ ေခ်ာေခ်ာေမာေမာထြက္သြားပါတယ္။ ခရီးသည္ေတြလည္း ေက်နပ္လို႔ေပါ့။ ဟိုဘက္ကြင္း ဆင္းေတာ့လည္း ေအးေဆးဘဲ။ ကံဆိုးခ်င္ေတာ့ အျပန္ အိမ္ကြင္းအဆင္းမွာ ေလျပင္းတိုက္ၿပီး ေလယာဥ္ေျပးလမ္းေခ်ာ္ ျမက္စားသြားတယ္။ စုံစမ္းစစ္ေဆးေရးေတြ ဖြဲ႕စစ္ၿပီေပါ့။ ေသခ်ာတယ္ ေလျပင္းတိုက္လို႔ ေလယာဥ္ေဘးထြက္သြားတာ။ ဒါေပမယ့္ စစ္ေဆးစဥ္ သက္တမ္းလြန္ဘီး လဲေပးလိုက္တာေပၚၿပီ။ သက္တမ္းလြန္ဘီးေၾကာင့္ေရာ ေလယာဥ္ေဘးေခ်ာ္နိုင္သလား။
.
ဒီအေျခအေနမ်ိဳးမွာ အင္ဂ်င္နီယာကို ေစတနာနဲ႕ လုပ္ေပးလိုက္လို႔ ခြင့္လႊတ္ေပးမယ္ ထင္ပါသလား။ လုပ္ထုံးလုပ္နည္းကို ေက်ာ္လုပ္လိုက္လို႔ လိုင္စင္ျပဳတ္ အလုပ္ျပဳတ္ယုံဆို ကံေကာင္းလွၿပီ။ ခရီးသည္ေသေၾကမႈရွိခဲ့ရင္ ေထာင္ေတာင္က်နိဳင္ပါေသးတယ္။ ဒါ့ေၾကာင့္ အလုပ္အေပၚ ေစတနာထားတတ္ဖို႔ အင္မတန္ အေရးႀကီးပါတယ္။
.
ဥပမာကို အရွည္ႀကီးေပး စာရိုက္ေနတုံး ေနာက္ဥပမာတခု ေပၚလာပါတယ္။ ရန္ကုန္ လမ္းေတြ စၾကပ္ကာစကပါ။ နယ္ကဝင္လာတဲ့ အေရးေပၚလူနာတင္ကားေတြ ဘယ္ဘက္ယာဥ္ေၾကာက ေမာင္းၾကတယ္။ လွည္းတန္းဂုံးဆင္းမွ ဟံသာဝတီအဝိုင္းအထိက အဆိုးဆုံး။ သူတို႔စိတ္ထဲမွာ ကားေပၚကလူနာ အသက္အတြက္ ေစတနာထားေမာင္းေပးတာဘဲ။ မလိုအပ္တဲ့ အက္ဆီးဒင့္ေတြ ထပ္ျဖစ္နိုင္တဲ့အတြက္ အေရးယူမႈေတြလုပ္လိုက္လို႔ ​မေတြ႕ရေတာ့တာပါ။
.
အလုပ္အေပၚ မွန္ကန္ေသာေစတနာ ထားလုပ္န္ုင္ၾကပါေစ။