30 October 2016
မြန်မာလိဂ်
(Unicode version )
       မြန်မာလူမျိုးတွေ ဘောလုံးကစားတာ ကြိုက်ကြပါသည်။ အရင်ခေတ်ကဆို အောင်ဆန်းကွင်းထဲကန်သည့် ပထမတန်းပွဲမှ စ၍ လမ်းဘေးဘောလုံးပွဲအထိ အားပေးခ့ဲကြသည်။ အောင်ဆန်းကွင်းတွင် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲဆိုလျှင် အုပ်စုမှအစ ဖိုင်နယ်အထိ ကွင်းပြည့်ကွင်းလျှံ။ ၁၉၈၀နှစ်များခန့်ကပေါ့။
.
   ထိုအချိန်ကတည်းက ဥရောပတွင် လိဂ်ပြိုင်ပွဲများ ခေတ်စားနေပါပြီ။ စခ့ဲတာ နှစ်တရာခန့်ရှိနေပြီဖြစ်သည့် နိုင်ငံအလိုက် ဘောပွဲများသည် စီးပွားဖြစ်သည်အဆင့်အထိ ဖွံ့ဖြိုးနေပြီဖြစ်သည်။ သို့သော် မြန်မာဘောလုံး ပရိဿတ်များ သေချာမသိခ့ဲ။ အနည်းဆုံး နှစ်ပတ်ခန့်နောက်ကျပြီးမှ ဖတ်ရသည့် တံခွန်တို့ အင်အားတို့လို့ ဂျာနယ်တွင် ဖေါ်ပြသမျှသာ သိခွင့်ရခ့ဲသည်။ အသေးစိတ်သိခွင့်၊ တီဗီတွင် ကစားပုံများ မမြင်ရသည်အထိ မြန်မာဘောလုံးအသင်းများကို အားပေးမှု မလျော့ခ့ဲပါ။
.
   ၁၉၈၈နောက်ပိုင်း နိုင်ငံ အနည်းငယ်ပွင့်လာချိန်မှ စပြီး ဥရောပမှ ဘောလုံးပွဲများကို ဗီဒီယိုခွေ မှတဆင့်၎င်း၊ ဂြိုဟ်တုစလောင်းများမှ တဆင့်၎င်း ကြည့်ခွင့်ရလာသောအခါ မြန်မာဘောလုံးအသင်းများ ကစားပုံကို အားမရတော့။ တဖြေးဖြေးနဲ့ အောင်ဆန်းကွင်းတွင် လူနည်းနည်းလာပြီး ဥရောပလိဂ်များပြသည့် တီဗီများရှေ့သို့သာ ရောက်ကုန်ကြတော့သည်။
.
   ထိုအခါ တချို့က တမျိုးစဉ်းစား မိကြကုန်၏။ ငါတို့ မြန်မာပြည်မှာရော ဥရောပလို လိဂ်ကျင်းပရင် မဖြစ်နိုင်ဘူးလား။ အသင်းထောင်နိုင်တ့ဲ သူဌေးတွေလဲ ရှိလာပြီ။ ဘောပွဲစိတ်ဝင်စားသူတွေလဲ အများကြီး ရှိနေပြီ။ တိုက်ရိုက်ထုတ်လွှင့်နိုင်တ့ဲ တီဗီတွေလဲ ရှိနေပြီပေါ့။ စလုပ်ကြည့်လိုက်ကြတာ ခုအချိန် အားလုံးသိတ့ဲအတိုင်း မြန်မာလိဂ်ကြီး မအောင်မြင်ပါ။ ပျက်မသွားအောင် မနည်းထိန်းနေရသည်။ ဘာကြောင့်လဲ စုံစမ်းပြီး ပွဲစည်အောင် နိုင်ငံခြားသားတွေပါ ထည့်ကန်သည်။ မရ။ စွဲဆောင်သည့် ပွဲမျိုးစုံလုပ်သည်၊ မရ။
.
   ဘာကြောင့် ဥရောပလိဂ်တွေလို မအောင်မြင်နည်း။ သေချာစဉ်းစားကြည့်တော့ ကစားသမားကောင်းလဲ မရှိ။ နည်းပြကောင်းလဲ မရှိ။ ဘောလုံးကွင်းကောင်းလဲ မရှိ။ ကစားသမားအသစ်များ လေ့ကျင့်မွေးထုတ်ပေးမည့် ကျောင်းများလဲမရှိ။ အရေးအကြီးဆုံးဖြစ်သည့် ဘဏ္႑ာရေးကလဲ မတောင့်တင်း။ ခေတ်ပျက်သူဌေးများကို အားကိုးနေရသည်။ အကောင်းဆုံး ကစားသမား တယောက်တလေကလည်း သူတို့ကို အစားထိုးမ့ဲသူ မရှိမှန်းသိလာတော့ ဖောက်ချင်လာသည်။ ဟုတ်သည်လေ၊ သူမကန်ရင် ဘောပွဲ မစည်ဘဲ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ဒါတွေက စိတ်ပျက်စရာတွေ မဟုတ်ပါ။ မြန်မာလိဂ်က စတာ ဆယ်နှစ်လောက်ဘဲ ရှိသေးသည်။ ဥရောပလိဂ်တွေက နှစ်ရာချီခဲ့ပြီ။ သူတို့လဲ အကြပ်အတည်းမျိုးစုံ ကျော်ဖြတ်ခ့ဲရမှာပါဘဲ။
.
  အထက်ပါ အချက်များကို ပြောရသည်မှာ ဘောလုံးအကြောင်း ပြောချင်၍ မဟုတ်ပါ။ ဘောလုံးပွဲကို အစိုးရတခု၊ ဘောလုံးအသင်းများကို ယှဉ်ပြိုင်နေကြသည့် နိုင်ငံရေးပါတီများအဖြစ် စဉ်းစားကြည့်လိုက်ကြပါ။ ြုမန်မာပြည်မှာ ဘာမျှ မပြည့်စုံသေးသည်ကို သတိထားမိမှာပါ။ အနည်းငယ် ကန်တတ်သူများက ဝင်ကန်ပေးနေရသည်။ ရှိသည့် ပိုက်ဆံလေးနှင့် ပွဲဖြစ်အောင်၊ ပွဲမပျက်အောင် ကန်နေရသည်။ ပြည်ပမှ ကန်တတ်သူများကို ငှါးရမ်းဖို့ ကြိုးစားနေရဆဲဖြစ်သည်။ ကွင်းအသစ်များ တည်ဆောက်ဖို့ ပြင်ဆင်နေရဆဲ ဖြစ်သည်။ အရေးကြီးသည့် ကိစ္စဖြစ်သည့် ပွဲကြည့်ပရိဿတ်ကြီး စည်းမျဉ်းများ နားလည်စွာနှင် ဘောပွကြည့်တတ်ရေး ပညာပေးနေရဆဲ ဖြစ်သည်။ အို လိုအပ်တာတွေ လေ့လာ ဖြည့်ဆည်းနေရတုံး ဖြစ်သည်။ စိတ်မပျက်ကြစေလိုပါ။
.
   ဥရောပလိဂ်များကို မမှီသေးတာတော့ သေချာပါသည်။ ဘောပွဲကောင်းကောင်း ကြည့်ချင်သော ပရိဿတ်ကြီး မြန်မာလိဂ်ပွဲကြီး အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ လိုအပ်နေပါကြောင်း။ ။
XxXxXx
(Zawgyi version )
.
.
.
.
.
.
20 October 2016
မြစ်ဆုံဆည် ပြဿနာ
(Unicode version)
      အင်္ဂလိပ်စကားပုံ တခုရှိပါသည်။ There are both sides for each question. ပါတ့ဲ။ ဆိုလိုရင်းမှာ ပြဿနာတိုင်းအတွက် အဖြေနှစ်မျိုးရှိပါသည် တ့ဲ။ သူ့ဖက် ကိုယ့်ဖက် အပေါ်မူတည်၍ အဖြေကွဲပြားနိုင်သလို အမှန်နဲ့ အမှားပေါ်မူတည်ပြီး အဖြေကွဲပြားနိုင်တာကို ဆိုလိုရင်းဖြစ်သည်။ အမှန်အမှားကိစ္စတွင် ရှင်းသော်လည်း သူ့ဖက်ကိုယ့်ဖက် ကိစ္စတွင်မူ အငြင်းပွားဘွယ်ရာ ဖြစ်လာနိုင်ပါသည်။
.
   နအဖအစိုးရ နောက်ဆုံးအချိန်တွင် တရုပ်လက်နက်ကုမ္ပဏီ၏ ကုမ္ပဏီခွဲတခုဖြင့် ဧရာဝတီမြစ်ဆုံကိုပိတ်၍ ရေအားလျှပ်စစ်ထုတ်ခွင့် စာချုပ်လက်မှတ်ထိုးပေးသွားပါသည်။ စာချုပ်ကို ပြည်သူလူထုကို ချပြဖို့ဝေးစွ၊ စာချုပ်မှန်းပင် အသိမပေးခ့ဲပါ။ စစ်အစိုးရခေတ် ထုံးစံအတိုင်း စစ်ဗိုလ်ချုပ်ကြီးများသာ အကျိုးရှိမည့် စီမံကိန်းဟု ပြည်သူများက သတ်မှတ်ခ့ဲပြီး နှစ်မြို့ခြင်း အလျှင်းမရှိခ့ဲကြပါ။
.
   စစ်အစိုးရအသွင်ပြောင်း ဦးသိန်းစိန်အစိုးရ တက်လာသောအခါ အခွင့်ရသည်နှင့် ပြည်သူများက မကျေနပ်ကြောင်း ပြကြတော့သည်။ မြစ်ဆုံတွင် ရွှေ့ပြောင်းပေးခ့ဲရသူ ကာယကံရှင်များသာမက နားလည်သူပညာရှင်များ၊ ဧရာဝတီမြစ်ပျက်ဆီးမှာ စိုးသူများ၊ ုပြည်သူအများပါ ပါဝင်ဆန့်ကျင်လာကြတော့သည်။ ဦးသိန်းစိန်အစိုးရကလဲ အရပ်သားဒီမိုကရေစီ အစိုးရဖြစ်ကြောင်း ပြချင်ဇောဖြင့် ကန့်ကွက်ခွင့်ပြုခ့ဲသော်လည်း နောက်ပိုင်း ဆန့်ကျင်မှု အရှိန်အဟုန်ပြင်းလာသောအခါ အစိုးရသက်တမ်းအတွင်း တည်ဆောက်ခွင့်မပြုပါဟု ကြေငြာကာ ရှောင်ပြေးပါလေတော့သည်။
.
   နောက်ဆုံး တာဝန်ယူတတ်သည့် ပြည်သူရွေးသည့် NLDအစိုးရလက်ထဲ အရှုပ်ထုပ်ရောက်လာတော့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုဖြေရှင်းမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပြီ။ ဒေါ်စု တရုပ်ပြည်သွားတော့ မြစ်ဆုံကော်မရှင်ဖွဲ့၍ အစီရင်ခံစာ တင်သွင်းစေမည်ဟု ရှင်းပြခဲ့သည်။ အချိန်အနည်းငယ် ဝယ်၍ရသလို ဖြစ်ခ့ဲသော်လည်း လာမည့် ရက်အနည်းငယ်အတွင်း အပြီးသတ် အစီရင်ခံစာ တင်ရပါတော့မည်။ ထမိန်ဆင်ဝတ် ဗိုလ်ချုပ်ကြီးဟောင်းအစိုးရလို့ ရှောင်ပြေးလိမ့်မည်တော့ မထင်မိပါ။
.
   အစမှာ ပြောခ့ဲသော စကားပုံလို အဖြေနှစ်မျိုး ရှိနိုင်ပါသည်။ တဖက်က မြန်မာပြည်သည် လျှပ်စစ်ဓာတ်အား လွန်စွာလိုနေသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အလေးထားကြောင်း ပြရာရောက်သည်။ မလုပ်ဖြစ်ပါက ဒေါ်လာသန်းပေါင်းများစွာ လျော်ကြေးပေးရမည်။ အခြားတဖက်၌ မိမိပေးလိုက်ရတာနဲ့ ပြန်ရတာ ကာမိရဲ့လား။ မြစ်ဆုံဆိုတ့ဲ ဧရာဝတီရဲ့ identity ပျောက်သွားမည်။ မယုံကြည်နိုင်လောက်သော ဂေဟစံနစ် ပျက်စီးမှုနဲ့ ကြုံရမည်။ ရေမြုပ်သွားမည့် ဆည်နေရာတွင်သာမက ဧရာဝတီမြစ်တလျောက်လုံး ပင်လယ်နှင့်ထိတွေ့သည်အထိ ထိခိုက်မှုတွေ ကြုံတွေ့ရနိုင်သည်။ ဒါတွေက ဥပမာမျှသာ။ နှစ်ဖက်လုံးအတွက် အခြား လူမသိနိုင်သည်များ ရှိနိုင်ပါသေးသည်။
.
   မြစ်ဆုံကော်မရှင်က မည်သို့ တင်ပြမည် မသိရသေးပါ။ မူရင်းစာချုပ်ကို ကြည့်ခွင့်ရလောက်ပြီဟု ထင်ရပါသည်။ စာချုပ်တွင် မိမိဘက်မှ မည်မျှမတရား ခံရသည်ဖြစ်စေ ပြည်သူသို့ ချပြသင့်ပါသည်။ မြစ်ဆုံကိစ္စသည် သာမန်စာချုပ်တခု ကိစ္စမဟုတ်ပါ။ ငွေကြေးပမာဏ အမြောက်အများ ပါဝင်ပတ်သက်နေနိုင်သလို National Identity နှင့်လည်း ပတ်သက်နေသည်။မြန်မာပြည်၏ အဓိက အိမ်နီးချင်းနှင့် ပတ်သက်နေသည့် ကိစ္စလည်းဖြစ်သည်။ အဆိုးဆုံးက ပြည်သူများ၏ စိတ်တွင် အရင် စစ်အစိုးရက ငွေကြေးလာဘ်လာဘယူ၍ ခွင့်ပြုသွားသည်ဟု ယုံကြည်နေသည့် ကိစ္စလည်းဖြစ်ရာ ကော်မရှင်ရော နိုင်င့ံအစိုးရပါ အကျပ်အတည်း ဖြစ်နိုင်ပါသည်။
.
   မလုပ်လို့လဲ မဖြစ်သည့် ကိစ္စဖြစ်ရာ ဖြစ်သင့်သည့်လုပ်ဆောင်မှုတခု အကြံပြုလိုပါသည်။ အစိုးရသည် ကော်မရှင်၏ တင်ပြချက်များကို သုံးသပ်ပါ။ ကောင်းကျိုး ဆိုးကျိုး လိုသည်များကို ဖြည့်ဆည်း၍ ပြည်သူများသို့ ချပြပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ဖို့ပင်ဖြစ်သည်။ နှစ်ဖက်လော်ဘီများကလဲ ပြည်သူများနားလည်လာအောင် ရှင်းပြဆွဲဆောင်ကြပေါ့။ ပြည်သူအများ၏ ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်ကြပြီး နောက်ဆက်တွဲအကျိုးဆက်များကို အစိုးရနှင့်ပြည်သူ လက်တွဲဖြေရှင်းကြရပါမည်။ ဤသို့ပြုလုပ်မှသာ ဒီမိုကရေစီအရသာ ပေါ်မည်ဟု ထင်မိပါကြောင်း။
P.S. ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်၍ ဆုံးဖြတ်မည်ဆိုလျှင် ကျွန်တော်ကတော့ NO ပါ။
XxXxXx
(Zawgyi version)
      အဂင်္လိပ္စကားပုံ တခုရွိပါသည်။ There are both sides for each question. ပါတဲ့။ ဆိုလိုရင်းမျွာပဿနာတိုင်းအတြက် အျေဖနွစ္မိုးရွိပါသည် တဲ့။ သူ့ဖက် ကိုယ့္ဖက် အေပ်ါမူတည်၍ အျေဖကျြဲပားနိုင်သလို အမွန္နဲ့ အမွားပေါ်မူတည်ပြီး အျေဖကျြဲပားနိုင္တာကို ဆိုလိုရင်ျးဖစ်သည်။ အမွန်အမွားကိစ္စတြင် ရွင်းသ္လောည်း သူ့ဖက္ကိုယ့္ဖက် ကိစ္စတြင္မူ အျငင်းပြားဘြယ်ရျာဖစ္လာနိုင္ပါသည်။
.
   နအဖအစိုးရ နောက်ဆုံးအခိန္တငြ် တရုပ္လက္နက္ကုမ္ပဏီ၏ ကုမ္ပဏီခြဲတချုဖင့် ဧရာဝတျီမစ်ဆုံကိုပိတ်၍ ရေအားလ်ွပ္စစ္ထုတ္ခြင့် စာခ်ုပ္လက္မွတ္ထိုးပေးသြားပါသည်။ စာခ်ုပ္ကျိုပည်သူလူထုကို ခ်ျပဖို့ဝေးစြ၊ စာခ်ုပ္မွန်းပင် အသိမေပးခဲ့ပါ။ စစ်အစိုးရေခတ် ထုံးစံအတိုင်း စစ္ဗိုလ္ခ်ုပ်ကြီးမ်ားသာ အကိုးရွိမည့် စီမံကိန်းဟျုပည်သူမ်ားက သတ္မွတ္ခဲ့ပြီး နွစ်မြိျု့ခင်း အလ်ွင်းမရွိခဲ့ကြပါ။
.
   စစ်အစိုးရအသြင်ျေပာင်း ဦးသိန်းစိန်အစိုးရ တက္လာသောအခါ အခြင့်ရသည်နွင့်ျပည်သူမ်ားက မေက်နပ်ကြောင်ျးပကြေတာ့သည်။ျမစ်ဆုံတြင် ရွှေ့ျေပာင်းပေးခဲ့ရသူ ကာယကံရွင္မ်ားသာမက နားလည်သူပညာရွင္မ်ား၊ ဧရာဝတျီမစ္ပ်က်ဆီးမွာ စိုးသူမ်ား၊ျုပည်သူအမ်ားပါ ပါဝင်ဆန့်က်င္လာကြေတာ့သည်။ ဦးသိန်းစိန်အစိုးရကလဲ အရပ်သားဒီမိုကေရစီ အစိုးရျဖစ်ကြောင်ျးပခ်င်ဇျောဖင့် ကန့်ကြက္ခြင့်ျပုခဲ့သ္လောည်း နောက္ပိုင်း ဆန့်က်င္မှု အရွိန်အဟုန်ျပင်းလာသောအခါ အစိုးရသက္တမ်းအတြင်း တည်ဆောက္ခြင့္မျပုပါဟု ကျြေငာကာ ရွောင်ျေပးပါလေတာ့သည်။
.
   နောက်ဆုံး တာဝန်ယူတတ်သည့်ျပည်သူရြေးသည့် NLDအစိုးရလက္ထဲ အရှုပ္ထုပ်ရောက္လာတော့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘယ္လိျုေဖရွင်းမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပြီ။ ဒေါ်စု တရုပ်ျပည်သြားတေျာ့မစ်ဆုံက္မောရွင္ဖြဲ့၍ အစီရင္ခံစာ တင်သြင်းစေမည်ဟု ရွင်ျးပခဲ့သည်။ အခိန်အနည်းငယ် ဝယ်၍ရသလျိုဖစ္ခဲ့သ္လောည်း လာမည့် ရက်အနည်းငယ်အတြင်း အပြီးသတ် အစီရင္ခံစာ တင်ရပါတော့မည်။ ထမိန်ဆင်ဝတ် ဗိုလ္ခ်ုပ်ကြီးဟောင်းအစိုးရလို့ ရွောင်ျေပးလိမ့္မည်တော့ မထင္မိပါ။
.
   အစမွာျေပာခဲ့သော စကားပုံလို အျေဖနွစ္မိုး ရွိနိုင္ပါသည်။ တဖက္ကျမန္မျာပည်သည် လ်ွပ္စစ္ဓာတ်အား လြန္စြာလိုနေသည်။ျပည္ပရင်းနွီျးမှုပ်နွံမှုမ်ားကို အေလးထာျးေကာင်ျးပရာရောက်သည်။ မလုပ်ျဖစ္ပါက ဒေါ်လာသန်းပေါင်းမ်ားစြာ လော််ကြေးပေးရမည်။ အျခားတဖက်၌ မိမိပေးလိုက်ရတာနျဲ့ပန်ရတာ ကာမိရဲ့လား။ျမစ်ဆုံဆိုတဲ့ ဧရာဝတီရဲ့ identity ပော်က်သြားမည်။ မယုံကြည်နိုင်လောက်သော ဂေဟစံနစ် ပ်က္စီးမှုနဲ့ ကြုံရမည်။ ရျေမုပ်သြားမည့် ဆည်နေရာတြင်သာမက ဧရာဝတျီမစ္တေလ်ာက္လုံး ပင္လယ်နွင့္ထိတြေ့သည်အထိ ထိခိုက္မှုတြေ ကြုံတြေ့ရနိုင်သည်။ ဒါတြေက ဥပမာမ်ွသာ။ နွစ္ဖက္လုံးအတြက် အျခား လူမသိနိုင်သည္မ်ား ရွိနိုင္ပါသေးသည်။
.
ျမစ်ဆုံက္မောရွင္က မည်သို့ တင်ျပမည် မသိရေသးပါ။ မူရင်းစာခ်ုပ္ကို ကြည့္ခငြ့်ရေလာက်ပြီဟု ထင်ရပါသည်။ စာခ်ုပ္တြင် မိမိဘက္မွ မည္မ်ွမတရား ခံရသည်ျဖစ်ဈေပည်သူသို့ ခ်ျပသင့္ပါသည်။ျမစ်ဆုံကိစ္စသည် သာမန္စာခ်ုပ္တခု ကိစ္စမဟုတ္ပါ။ ငြေကြးပမာဏ အျေမာက်အမ်ား ပါဝင္ပတ်သက်နေနိုင်သလို National Identity နွင့္လည်း ပတ်သက်နေသည်။ျမန္မျာပည်၏ အဓိက အိမ္နီးခ်င်းနွင့် ပတ်သက်နေသည့် ကိစ္စလည်ျးဖစ်သည်။ အဆိုးဆုံးကျပည်သူမ်ား၏ စိတ္တြင် အရင် စစ်အစိုးရက ငြေကြးလာဘ္လာဘယူ၍ ခြင့်ျပုသြားသည်ဟု ယုံကြည်နေသည့် ကိစ္စလည်ျးဖစ်ရာ က္မောရွင်ရော နိုင်ငံ့အစိုးရပါ အက်ပ်အတည်ျးဖစ်နိုင္ပါသည်။
.
   မလုပ္လို့လဲ မျဖစ်သည့် ကိစ္ဈဖစ်ရျာဖစ်သင့်သည့္လုပ်ဆောင္မှုတခု အကျြံပုလိုပါသည်။ အစိုးရသည် က္မောရွင်၏ တင်ျပခ်က္မ်ားကို သုံးသပ္ပါ။ ကောင်းကိုး ဆိုးကိုး လိုသည္မ်ားကျိုဖည့်ဆည်း၍ျပည်သူမ်ားသို့ ခ်ျပပြီျးပည္လုံးကျြတ်ဆန္ဒခံယူပြဲ လုပ္ဖို့ပင်ျဖစ်သည်။ နွစ္ဖက်လ္ဘောီမ်ားကလျဲပည်သူမ်ားနားလည္လာအောင် ရွင်ျးပဆြဲဆောင်ကြေပါ့။ျပည်သူအမ်ား၏ ဆုံျးဖတ္ခ်က်အတိုင်း ရွေ့ဆက်ကြပြီး နောက်ဆက္တြဲအကိုးဆက္မ်ားကို အစိုးရနွင့်ျပည်သူ လက္တြျဲေဖရွင်းကြရပါမည်။ ဤသိျု့ပုလုပ္မွသာ ဒီမိုကေရစီအရသာ ပေါ်မည်ဟု ထင္မိပါကြောင်း။
P.S.ျပည္လုံးကျြတ်ဆန္ဒခံယူပြဲလုပ်၍ ဆုံျးဖတ္မည်ဆိုလ်ွင် ကျြန်တ္ကောတော့ NO ပါ။
15 October 2016
စဆရက များသို့၊
(Unicode version)
      ရခိုင် ဘူးသီးတောင်မောင်းတော အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစိုးရကို အပစ်တင်ကြပါတယ်။ ရိုးရိုးသားသား မူစလင်အကြမ်းဖက်သမား RSO တွေကို မကြိုက်လို့ ဖြစ်နိုင်သလို ခေါင်းစဉ်ရတုံး အဆင်းဘီးတပ်မဟ့ဲ ဆ်ိုသူတွေလဲ ပါနိုင်ပါတယ်။
.
   တချို့က အလွန်အကျွန် ပြောလာကြပါတယ်။ ငါတို့ ရွေးချယ်တ့ဲ ပါတီကြီးက ဘာမှအားမကိုးရဘူး။ ငါတို့ မဲပေးရွေးခ့ဲတ့ဲ အစိုးရက အလုပ်မဖြစ်ဘူး စသဖြင့်ပါ။ လက်သန်းမင်စွန်းရကျိုး မနပ်ဘူးပေါ့ဗျာ။
.
   ဒီလိုဘဲ အခြားကိစ္စတွေမှာလဲ ရေးကြပါတယ်။ ရန်ကုန်မှာ ကားကြပ်တ့ဲ ကိစ္စမျိုး၊ လမ်းဘေးကျူးကျော်တွေ ဖျက်ခိုင်းတ့ဲအခါမျိုး၊ ကုန်ဈေးနှုံးတွေ မကျဘဲ တက်တ့ဲအခါမျိုးတွေမှာ ငါတို့မဲပေးတာ မှားပြီဆိုပြီး ရေးလာကြတာ တွေ့ရပါတယ်။
.
   " `ဟ! အစိုးရ မကောင်းတာတွေ့ရင် မရေးရတော့ဘူးလား”လို့ မေးစရာရှိပါတယ်။ အဲလို မဟုတ်ပါ။ ရေးပါ။ပြောပါ။ ထောက်ပြပါ။ လိုအပ်ပါတယ်။ ဒါပေမ့ဲ ငါတို့ လက်သန်း မင်စွန်းရကျိုး မနပ်ဘူးတို့၊ နောက်တခေါက် ရွေးကောက်ပွဲကျရင် စဉ်းစားရတော့မယ်တို့ ပြောသူတွေကို စဉ်းစားစေချင်ပါတယ်။
.
   ခင်ဗျားတို့ NLD ပါတီအစိုးရကို မကြိုက်ရင် ဘယ်ပါတီကို ရွေးချယ်မှာလဲ။ ကြ့ဖွတ်ပါတီကို ပြန်ရွေးချင်တာလား။ စစ်အစိုးရ ပြန်အုပ်ချုပ်စေချင်တာလား။ အခြား လောက်လောက်လားလားပါတီ ဘယ်ပါတီရှိသလဲ။ ခုမှ စဖွဲ့ဖို့ ကြိုးစားတောင် ၂၀၂၀မှာ မှီမယ်ထင်သလား။ ၂၀၁၅မှာ ပေါ်ခ့ဲတ့ဲ ကြ့ံဖွတ် back up ဝေဝိုင်းပါတီတို့ နေဇင်လတ်ပါတီတို့ကို ရွေးချယ်ချင်တာလား။ သွေးအေးအေးနဲ့ စဉ်းစားကြည့်စမ်းပါ။
.
   ခင်ဗျားတို့က လက်ရှိ NLD ပါတီအစိုးရ၊ တနည်း ဒေါ်အောင်ဆန်းစုကြည် ကြိုးစားထောင်ထားတ့ဲ အစိုးရကို ဘယ်နိုင်ငံရဲ့ standard နဲ့ ယှဉ်ပြီး မကြိုက်ရတာလဲ။ နိုင်ငံခြားက အစိုးရတွေနဲ့ အစိုးရစတင်ရတ့ဲ အနေအထားက လားလားမျှ မတူဘူးလေ။ ဒေါ်စုလဲ ပြောဘူးတယ်။ ရှိတ့ဲ မြန်မာနိုင်ငံသားတွေနဲ့ဘဲ အကောင်းဆုံးရအောင် လုပ်ရမှာဘဲတ့ဲ။ ဟုတ်တယ်လေ။ ဝန်ကြီးတနေရာမှာ သိပ်တော်တ့ဲ နိုင်ငံခြားသား အလကား လာလုပ်ပေးပါမယ်ဆိုတောင် လက်ခံလို့ မရတာ။ နိုင်ငံခြားသား မပြောနဲ့၊ မြန်မာနိုင်ငံသား ဘာသာခြားတာနဲ့တင် အပစ်ပြောဖို့ ချောင်းနေသူတွေ အများကြီး။
.
   လက်ရှိ အစိုးရကို ခင်ဗျားတို့ နှိုင်းယှဉ်ချင်ရင် မြန်မာပြည်မှာ ပေါ်ခ့ဲဘူးတ့ဲ မဆလ၊ နဝတ၊ နအဖ၊ ဖဆပလ၊ စစ်အစိုးရတွေနဲ့ဘဲ နှိုင်းယှဉ်ပါ။ လိုတာတွေ့ ပြောပါ။ ဝေဖန်ပါ။ ငါတို့ မဲပေးမိတာ မှားပြီလို့တော့ မသုံးစေချင်ဘူး။ ခင်ဗျားတို့မှာ ရွေးချယ်စရာ ဘယ်ပါတီ ရှိလို့လဲ။ အေး ကြ့ံဖွတ်နဲ့ စစ်အစိုးရကြိုက်သူတွေဆိုရင်တော့ သဘောဘဲ။ ။
XxXxXx
(Zawgyi version )
.
.
.
.
.
.
08 October 2016
ဆု(ဘွဲ့တံဆိပ်)
(Unicode version )
     လူတယောက် အဖွဲ့အစည်းတခုရဲ့ စွမ်းဆောင်ရည် လုပ်ဆောင်မှုကို ကြည့်ပြီး (ဘွဲ့တံဆိပ်)ဆုချီးမြှင့်လေ့ ရှိကြပါတယ်။ မြန်မာပြည်မှာလဲ ရှေးဘုရင်များလက်ထက်မှနေ ယနေ့အထိ ဆုများ ချီးမြှင့်နေဆဲ ဖြစ်ပါတယ်။
.
ဒီနေရာမှာ ဆုရဲ့တန်ဖိုးက ချီးမြှင့်တ့ဲသူရဲ့ တန်ဖိုးအပေါ် မူတည်သလို အချီးမြှင့်ခံရသူ တနည်း ဆုရွေးချယ်ပုံအပေါ်လည်း မူတည်ပါတယ်။
.
ငယ်ငယ်က ကြားဘူးတာရှိပါတယ်။ မြန်မာနိုင်ငံက ကြက်ခြေနီအဖွဲ့ဝင် စိုင်းအောင်လှိုင်မြင့်ကို ကမ္ဘာ့အမြင့်ဆုံး ဟင်နရီဒူးနန့်ဆု ချီးမြှင့်ခံရတ့ဲ အကြောင်းပါ။ ကျောင်းတွေမှာလည်း သူက ဟောပြောပွဲတွေ လိုက်လုပ်ပေးတော့ ကြက်ခြေနီအလုပ်ကို အားကျကြပြီး အဖွဲ့ဝင်ကြပါတယ်။ အဲဒီခေတ်က မဆလဥက္ကဌကြီး သူ့လူတွေကို ဆုတွေပေးခ့ဲတာ ကာယကံရှင်တွေကလွဲလို့ ဘယ်သူမှတောင် မှတ်ထားမယ်မထင်တော့ပါ။
.
စစ်အစိုးရခေတ်ကျ ပိုဆိုးပါတယ်။ နဝတ နအဖ ဦးသိန်းစိန်ခေတ်အထိ သူတို့နဲ့ တည့်တ့ဲသူတွေကိုဘဲ ဆုရွေးချယ်ပေးပါတယ်။ တချို့ ဆုတွေကို ငွေပေးဝယ်လို့တောင်ရသတ့ဲ။ ဆုချီးမြင့်ပွဲဆို စလွယ်ကြီးတွေ တကားကားနဲ့ပေါ့။ ဘယ်သူမှလဲ အားကျဖို့နေနေသာ အထင်မကြီးကြဘူး။ ငွေလှူလို့ ရတ့ဲဆုဆိုလဲ လှူတ့ဲငွေ ဘယ်ကရမှန်း သိနေကြတော့ ဟာသဖြစ်နေတာပေါ့ (အမှန်အကန် ငွေလှူသူများ ကန်တော့ပါ။) ။ နောက်ဆုံး ဦးသိန်းစိန်ဆို သူပြုတ်ကာနီး ဆုမရဘူးသေးတ့ဲ သူ့ဝန်အားလုံးကို ချီးမြှင့်သွားသေးသတ့ဲ။ ပြည်သူတွေကတော့ သတ်မှတ်ကြပါတယ်။ #အလကားကျော်စွာဘွဲ့တွေတ့ဲ။
.
မြန်မာလူမျိုးထဲက ကမ္ဘာမှာ အမြင့်ဆုံးဆုရဖူးတ့ဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြီးအကဲဖြစ်လာတော့ လစဉ် ထူးချွန်သူရွေးပြီး ဆုချီးမြှင့်ပါတယ်။ ရွေးချယ်သူရဲ့ အရည်အချင်းကို တမ်းပြတာပါဘဲ။ ပြည်သူတွေ အားကျစေမ့ဲ အလုပ်မျိုးကို လုပ်ခ့ဲသူတွေကို ရွေးချီးမြှင့်ပါတယ်။ NLD ပါတီဝင်တွေ မဟုတ်သလို သူခိုးကြီးတွေလဲ မဟုတ်ပါဘူး။ နာမည်ကြီးပြီးသားသူတွေ မဟုတ်သလို ဝန်ထမ်းကြီးတွေလဲ မဟုတ်ပါဘူး။ ဒါပေမ့ဲ လစဉ် ကြေငြာလိုက်တ့ဲအခါတိုင်း ပြည်သူတွေ ကျေနပ်သွားကြတာ အမှန်ပါဘဲ။
.
ပြီးခ့ဲတ့ဲ စက်တင်ဘာလအတွက်လဲ နှစ်ယောက်ချီးမြှင့်ပါတယ်။ တယောက်ကတော့ ဖေ့ဘုတ်ပေါ်မှာ နာမည်ကျော်ပြီးသား သိန်းသောင်းချီတန်တ့ဲ ရတနာတွေ တက်စီပေါ်မှာ ကျန်ခ့ဲတာ ပြန်ပေးခ့ဲတ့ဲ ကိုသန်းထိုက်ကျော် ပါ။ နောက်တယောက်က ကျန်းမာရေးမှူး ကိုသန့်ဇင်ဦး ပါ။ သူ့အကြောင်းက လူသိပ်မသိပါဘူး။ ဝေးလံလှတ့ဲ နာဂတောင်တန်းပေါ်မှာ ကူးစက်ရောဂါဖြစ်နေတာကို ရပ်တန့်အောင် ကိုယ်ကျိုးမဖက် ကုသပေးခ့ဲတ့ဲအတွက်ပါ။
.
ခုလို လူမျိုးတွေကို ရွေးချယ်ဆုပေးတ့ဲအတွက် ပြည်သူများအကြား၊ အထူးသဖြင့် လူငယ်များမှာ အားကျစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလိုဘဲ ကျောင်းတွေမှာ သူတို့အကြောင်းတွေ ပြောပြပေးနိုင်ရင် အကျိုးရှိပါမယ်။ ကောင်းတ့ဲအလုပ်လုပ်ရင် သာမန်လူတွေလဲ အသိအမှတ်ပြုခံရနိုင်တယ်ဆိုတ့ဲစိတ် လူငယ်တွေ ရသွားနိုင်ပါတယ်။ ဆုဆိုတာ တမင်ရအောင် လုပ်နေစရာမလိုဘူး။ ကောင်းတ့ဲအလုပ် လုပ်နေရင် ကောင်းတ့ဲအရာ ပြန်ရမှာဘဲလို့ လူငယ်တွေ သိစေချင်ပါတယ်။
.
ကဲ ..... နောက်လတွေမှာလဲ နိုင်ငံတော်အတိုင်ပင်ခံ၏ ဂုဏ်ပြုလွှာ ဘယ်သူတွေရဦးမလဲ စောင့်ကြည့်ကြစို့လားဗျာ။
XxXxXx
(Zawgyi version )
.
ဒီနေရာမှာ ဆုရဲ့တန်ဖိုးက ချီးမြှင့်တဲ့သူရဲ့ တန်ဖိုးအပေါ် မူတည်သလို အချီးမြှင့်ခံရသူ တနည်း ဆုရွေးချယ်ပုံအပေါ်လည်း မူတည်ပါတယ်။
.
.
.
.
.
.
05 October 2016
သဘောရိုး ပါ။
(Unicode version)
      တရားစီရင်ရေးမှာ တရားသူကြီးတွေ ချမှတ်လိုက်တ့ဲ အမိန့်တခုနဲ့ ပတ်သက်ပြီး မကြေနပ်ရင် အယူခံဝင်လို့ဘဲ ရပါတယ်။ ပြန်လှန် အရေးယူလို့ မရပါဘူး။ ခု ခေတ်စားနေတ့ဲ စကားလုံးနဲ့သုံးရရင် သဘောရိုးနဲ့ ဆောင်ရွက်တယ်ပေါ့။ ဒီလိုဘဲ အုပ်ချုပ်သူဝန်ထမ်းတွေ ထုတ်လိုက်တ့ဲ အမိန့်ကြောင့် နစ်နာတာတွေရှိရင်လဲ သဘောရိုးနဲ့ ဆုံးဖြတ်ခ့ဲလို့ရှိရင် ပြန်တရားစွဲခွင့် မရှိလို့ သိရပါတယ်။
.
ပြီးခ့ဲတ့ဲ ရက်ပိုင်းအတွင်းက အင်းဝအပ်ချုပ်ဆိုင်နဲ့ ကလေးငယ်အမှုမှာ လူ့အခွင့်အရေးကော်မရှင်က ဖြန်ဖြေပေးလိုက်တ့ဲ ကိစ္စမှာလည်း ကော်မရှင်လူကြီးတွေရဲ့ ဆုံးဖြတ်မှုဟာ မတရားတ့ဲအကြောင်း ခေါင်းရှိတ့ဲသူတိုင်း သိကြပါတယ်။ လွှတ်တော်အထိတောင်ရောက်ပြီး ဟိုးလေးတကျော်ပါ။ ဒါပေမ့ဲ သဘောရိုးနဲ့ လုပ်ဆောင်တ့ဲအတွက် အရေးယူလို့တော့ မရပါဘူး။ မသကာ ပြုတ်ရုံဆိုတါတောင် ခုထိ ကုတ်ကပ်နေကြတုံးပါ။
.
အုပ်ချုပ်သူဝန်ထမ်းတွေ တရားသူကြီးတွေ လူ့ကော်ကလူကြီးတွေ သဘောရိုးနဲ့ ဆောင်ရွက်မှု ဟုတ်မဟုတ် ဘယ်လိုလုပ် သိနိုင်မလဲ။ သူတို့စိတ်ထဲ ဝင်ကြည့်လို့မှ မရနိုင်တာ။ လာဘ်လာဘ ယူထားပြီး မတရားတ့ဲဘက်က လိုက်တယ်လို့ သက်သေပြမှ အရေးယူနိုင်မ့ဲ သဘောပါဘဲ။ ပေးတ့ဲသူရော ယူတ့ဲသူရော ဘယ်သူမှ အမှန်ပြောမည် မဟုတ်ပါ။
.
ဒီလိုဖြစ်နေရတာဟာ တရားဥပဒေတွေကြောင့်ဆိုရင် ပြင်ဖို့ လိုလာပါပြီ။ ရှိပြီးသားဆိုလဲ ကျင့်သုံးဖို့ လိုနေပါပြီ။ ယာဉ်မောင်းတယောက် မတော်တဆမှုဖြစ်တယ်။ သူချို့ယွင်းချက်ကြောင့် သူ့ပေါ့ဆမှုကြောင့်ဆို သူ့ယာဉ်မောင်းလိုင်စင် ပြန်သိမ်းရမှာပါဘဲ။ အရေးယူမှု ပြုရမှာပါဘဲ။ ဥပဒေဆိုတာ လိုအပ်လာရင် လွှတ်တော်မှာ ဆွေးနွေးပြီး ထုတ်နိုင်တ့ဲခေတ် ရောက်နေပါပြီ။ ဒါမှ တရားဥပဒေစိုးမိုးမှုအောက်ကို တိုင်းသူပြည်သားတွေနဲ့အတူ ဒီလူတွေ ရောက်လာမှာပါ။
ကာတွန်းဆရာကို ခရက်ဒစ်ပေးပါတယ်။
XxXxXx
      တရားစီရင်ရေးမွာ တရားသူကြီးတြေ ခ်မွတ္လိုက္တဲ့ အမိန့်တခုနဲ့ ပတ်သက်ပြီး မေကြနပ်ရင် အယူခံဝင္လို့ဘဲ ရပါတယ်။ျပန္လွန် အေရးယူလို့ မရပါဘူး။ ခု ခေတ္စားနေတဲ့ စကားလုံးနဲ့သုံးရရင် သေဘာရိုးနဲ့ ဆောင်ရြက္တယ်ပေါ့။ ဒီလိုဘဲ အုပ္ခ်ုပ်သူဝန္ထမ်းတြေ ထုတ္လိုက္တဲ့ အမိန့်ကြောင့် နစ္နာတာတြေရွိရင္လဲ သေဘာရိုးနဲ့ ဆုံျးဖတ္ခဲ့လို့ရွိရင်ျပန္တရားစြဲခြင့် မရွိလို့ သိရပါတယ်။
.
ပြီးခဲ့တဲ့ ရက္ပိုင်းအတြင်းက အင်းဝအပ္ခ်ုပ်ဆိုင္နဲ့ ကေလးငယ်အမှုမွာ လူ့အခြင့်အေရးက္မောရွင္ကျဖန်ျေဖေပးလိုက္တဲ့ ကိစ္စမွာလည်း က္မောရွင္လူကြီးတြေရဲ့ ဆုံျးဖတ္မှုဟာ မတရားတဲ့အေကြာင်း ခေါင်းရွိတဲ့သူတိုင်း သိကြပါတယ်။ လွှတ်တော်အထိတောင်ရောက်ပြီး ဟိုးလေးတေက်္ပာါ။ ဒါပေမဲ့ သေဘာရိုးနဲ့ လုပ်ဆောင္တဲ့အတြက် အေရးယူလို့တော့ မရပါဘူး။ မသကျာပုတ်ရုံဆိုတါတောင် ခုထိ ကုတ္ကပ်နေကြတုံးပါ။
.
အုပ္ခ်ုပ်သူဝန္ထမ်းတြေ တရားသူကြီးတြေ လူ့က္ကောလူကြီးတြေ သေဘာရိုးနဲ့ ဆောင်ရြက္မှု ဟုတ္မဟုတ် ဘယ္လိုလုပ် သိနိုင္မလဲ။ သူတို့စိတ္ထဲ ဝင်ကြည့္လို့မွ မရနိုင္တာ။ လာဘ္လာဘ ယူထားပြီး မတရားတဲ့ဘက္က လိုက္တယ္လို့ သက်သျေပမွ အေရးယူနိုင္မဲ့ သေဘာပါဘဲ။ ပေးတဲ့သူရော ယူတဲ့သူရော ဘယ်သူမွ အမွန်ျေပာမည် မဟုတ္ပါ။
.
ဒီလျိုဖစ်နေရတာဟာ တရားဥပေဒေတြေကြာင့်ဆိုရင်ျပင္ဖို့ လိုလာပါပြီ။ ရွိပြီးသားဆိုလဲ က်င့်သုံးဖို့ လိုနေပါပြီ။ ယာဉ်မောင်းတေယာက် မေတ္တာဆမျှုဖစ္တယ်။ သူခို့ယြင်းခ်က်ကြောင့် သူ့ပေါ့ဆမှုကြောင့်ဆို သူ့ယာဉ်မောင်းလိုင္စင်ျပန်သိမ်းရမွာပါဘဲ။ အေရးယူမျှုပုရမွာပါဘဲ။ ဥပေဒဆိုတာ လိုအပ္လာရင် လွှတ်တ္မေွာာ ဆြေးနြေးပြီး ထုတ်နိုင္တဲ့ခေတ် ရောက်နေပါပြီ။ ဒါမွ တရားဥပေဒစိုးမိုးမှုအောက္ကို တိုင်းသျူပည်သားတြေနဲ့အတူ ဒီလူတြေ ရောက္လာမွာပါ။
ကာတြန်းဆရာကို ခရက္ဒစ်ပေးပါတယ်။
01 October 2016
ဇွန်သဉ္စာဂိုဏ်းသားများသို့...
 (Unicode version )
        ကျွန်တော်သည် စစ်အစိုးရကို၎င်း၊ စစ်အစိုးရလွှဲပေးသွားသော ဦးသိန်းစိန်အစိုးရကို၎င်း မကြိုက်နှစ်သက်ခ့ဲပါ။ ထို့အတွက် သူတို့မကောင်းကြောင်းများကို ရေးသားခ့ဲသည်။ အလိမ်အညာ အချက်များမပါခ့ဲပါ။ သူတို့ အာဏာကို မတရားယူထားကြောင်း ပြည်သူ့ဘဏ္႑ာများကို အလွဲသုံးစားလုပ်ကြောင်းများသာ ရေးခ့ဲပါသည်။ ကိုယ်မကြိုက်တာ မကြိုက်ကြောင်းရေးပြတာဘဲ ရှိခ့ဲပါသည်။
.
ပြီးခ့ဲသော ရက်ပိုင်းအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြည်တော်ပြန်ချိန် ကျန်းမာရေး ချို့ယွင်းမှုနှင့် ပတ်သက်၍ ဖွတ်များက မဟုတ်တာတွေ ဝါဒဖြန့်ကြသည်။ သေသွားပြီ၊ လေဖြတ်သွားပြီမှစ၍ မျက်နှာမှ အရေးအကြောင်းဖျောက်ရန် ဆေးထိုးလို့ နေမကောင်းဖြစ်သွားတာအထိ ပါဝင်သည်။ အဆိုးဆုံးမှာ အသက် ခွန်နှစ်ဆယ်ကျော် အမေအိုတယောက်ကို လှချင်လွန်းလို့ တင်တုဝင်တတ်လို့ ဖြစ်ရတာဟု ပေါက်ပန်းသေးပြောကြခြင်း ဖြစ်သည်။
.
   ကြားကြားခြင်း စိတ်တော်တော်ဆိုး၍ ပြန်ဆဲစာ ရေးချင်စိတ် ပေါ်သော်လည်း တခုတွေးမိ၍ စိတ်ဆိုးပြေခ့ဲရသည်။ တဖက်ဂိုဏ်းသားများသည် လူတယောက်၏ အရည်အချင်း၊ တနည်းအားဖြင့် ဦးခေါင်းအတွင်းရှိ ဦးဏှောက် ဉာဏ်ပညာရဲ့တန်ဖိုးကို ယခုတိုင် သဘောပေါက်ခြင်းဝေးလို့ စိတ်ဝင်စားရကောင်းမှန်းပင် သိဟန်မတူကြသေးပါ။ ဒါဆို သူတို့ ဘာကို စိတ်ဝင်စားကြသနည်း။ ရှင်းပါသည်။ သူတို့ပါတီကို မဲပေးဖို့ စည်းရုံးရေးဆင်းခိုင်းသည့် ဇွန်သဉ္စာလိုဟာမျိုးကို စိတ်ဝင်စားနေကြဆဲပါ။ ဒါကြောင့် အသက်ခွန်နှစ်ဆယ်ကျော် အမေအို တင်တု တတ်မတတ် စိတ်ဝင်စားနေကြတာနေမှာ။ ကိုယ်နဲ့နှိုင်း မရိုင်းတ့ဲ။
.
   ဒီကိစ္စ မခံရပ်နိုင်သည့် ဒီမိုများက ပြန်ဆဲကြသောအခါ သူတို့က ပြန်တုံ့ပြန်ကြသေးသည်။ သူတို့ခေါင်းဆောင်ကိုလဲ ဒီမိုတွေက ရှုံ့ချ အပုပ်ချတာဘဲတ့ဲ။ ဇွန်သဉ္စာဂိုဏ်းသားများ သိစေချင်ပါသည်။ ဒီမိုဘက်သားများသည် မဟုတ်တမ်းတရား အပုပ်မချကြပါ။ ခိုး၍ ခိုးသည်၊ မဟုတ်တာလုပ်၍ လုပ်သည်၊ မတရားလုပ်၍ လုပ်သည်ဟုသာ ပြောကြခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ကျွန်တော်အပါအဝင် ဒီမိုဘက်မှ ရေးသူများသည် ဓမ္မဘက်ကို ထောက်ခံပြီး ရေးကြခြင်း၊ အဓမ္မဘက်ကို အပစ်တင်ရေးကြခြင်းသာဖြစ်၍ ကျေနပ်မိပါကြောင်း။
.
တရားသောဝါဒ အောင်ရမည်။
XxXxXx
(Zawgyi version )
       ကျွန်တော်သည် စစ်အစိုးရကို၎င်း၊ စစ်အစိုးရလွှဲပေးသွားသော ဦးသိန်းစိန်အစိုးရကို၎င်း မကြိုက်နှစ်သက်ခဲ့ပါ။ ထို့အတွက် သူတို့မကောင်းကြောင်းများကို ရေးသားခဲ့သည်။ အလိမ်အညာ အချက်များမပါခဲ့ပါ။ သူတို့ အာဏာကို မတရားယူထားကြောင်း ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်ကြောင်းများသာ ရေးခဲ့ပါသည်။ ကိုယ်မကြိုက်တာ မကြိုက်ကြောင်းရေးပြတာဘဲ ရှိခဲ့ပါသည်။
.
.
.
.
တရားသောဝါဒ အောင်ရမည်။