31 May 2008

China Earthquake

ကၽြန္ေတာ္မၾကည့္တာ ၾကာၿပီျဖစ္ေသာ cctv-9 ကို မေန႔ကၾကည့္မိပါတယ္ ။ အဲဒီမွာ တရုပ္ငလွ်င္အေၾကာင္း အႀကီးအက်ယ္ျပေနတာကို ေတြ႔ရပါတယ္ ။ ႏိုင္ငံျခား အကူအညီဘယ္ေလာက္လိုေၾကာင္း ၊ လက္ရွိ ဘာေတြ လိုေၾကာင္း ေၾကာ္ျငာ အခ်ိန္မွာ ျပပါတယ္ ။ ဥပမာ - ပထမဆံုးလိုတာ medical equipments and apparatusဆိုၿပီး အရင္လိုတာေတြ တန္းစီေရးျပပါတယ္ ။ ေနာက္ medicine ဆိုၿပီး ၁ - ပါတ္တီး ၊ ၂ - ပလာစတာ စသည္ျဖင့္ ထိုးပါတယ္ ။ ေနာက္ tents ( ၃ သန္းခန္႔လိုတယ္ ၊ ခု ေျခာက္သိန္းေက်ာ္ရၿပီး ) ျပပါတယ္ ။ ေနာက္လိုတာေတြကိုလဲ တန္းစီထိုးျပပါတယ္ ။

သူတို႔ရဲ႕ အေရေပၚတဲထဲမွာ ေနေနတ့ဲသူ ေတြၾကည့္ရတာ ကၽြန္ေတာ္တို႔ လူလတ္တန္းစား အဆင့္ေလာက္ အနည္းဆံုးရွိပါတယ္ ။ အ၀တ္အစား ေကာင္းေကာင္မြန္မြန္ ရွိၾကပါတယ္ ။ ဒါေတာင္ အကူအညီလိုအပ္ေနစဲဘဲလို႔ဆိုပါတယ္ ။ သူတို႔ရဲ႕ လူေနမႈ အဆင့္အတန္း ကို ျမင္ေတြ႔ရတာပါဘဲ ။

ဒီ ငလွ်င္ နဲ႔ပါတ္သက္လို႔လဲ web page ေတြအမ်ားအျပားေတြ႔ရပါတယ္ ။ တရား၀င္ အစိုးရက တင္ထားတဲ့ china view မွာဘဲ ေတာ္ေတာ္မ်ားမ်ား စံုစံုလင္လင္ ေတြ႔ရမွာပါ ။ china view က တရား၀င္ တင္ထားတဲ့ ပံုေလးလဲနမူနာ ေဖၚျပလိုက္ပါတယ္ ။ အဲဒီမွာ ျမန္မာ မုန္တိုင္းအေၾကာင္းလဲ ေတာ္ေတာ္ေဖၚျပထားပါတယ္ ။

တခုေတာ့ေျပာခ်င္ပါတယ္ ။ ကၽြန္ေတာ္ေျပာေနတာ တရုပ္ငလွ်င္ အေၾကာင္းပါ ။ ျမန္မာ မုန္တိုင္း နဲ႔ယွဥ္မစဥ္းစားၾကဖို႔ပါ ။ ဆရာ နဲ႔ တပည့္ဆိုေတာ့ ေနာက္တစ္ခါက်မွ ဆရာစားေျပာမယ္ထင္ပါတယ္ ။ ခုေတာ့ ေတာ္ေတာ္ ၀ဋ္ႀကီးတယ္ဘဲ ထင္မိပါတယ္ ။ လႈမ့ဲလူေတြ ဒီေလာက္ေပါမ်ားရဲ႔သား နဲ႔ မစားရရွာပါဘူး ။

26 May 2008

ALEX FERGUSON











မန္ယူ ခ်န္ပီယံ ျဖစ္ျပန္ၿပီ ဦးေမာင္ ေရ။
တကယ္ေတာ့ မန္ယူခ်န္ပီယံ အႀကိမ္ႀကိမ္ျဖစ္ရခ်င္း အေၾကာင္းေသခ်ာ စဥ္းစား လိုက္ယင္ ဖာဂူဆန္္ ေၾကာင့္ဘဲျဖစ္ပါတယ္ ။ သူစတင္တာ၀န္ယူခဲ့တ့ဲ ၁၉၈၆ ကေန ယေန႔အထိ အဓိက ဆုႀကီးေပါင္း ၂၁ ဆုရွိခ့ဲပါၿပီ ။ တစ္ဦးခ်င္း ဆုေပါင္းလဲ မနဲေတာ့ပါဘူး ။ သူစတင္တာ၀န္ယူခ့ဲတ့ဲ အခ်ိန္ကစၿပီး ယေန႔အထိ ေဘာသမားေပါင္း မနဲေတာ့ပါဘူး ။
ခ်န္ပီယံလိဂ္ကို အသင္း တစ္သင္းထဲနဲ႔ ၂ ႀကိမ္ရခဲ့ဘူးတ့ဲ နည္းျပအမ်ားအျပား ရွိခ့ဲမွာပါ ။ ဒါေပမ့ဲ ကိုးႏွစ္အၾကာမွ ျပန္ရတာ သူတစ္ေယာက္ထဲဘဲ ရွိပါတယ္ ။ သူ႕ရဲ႕ေအာင္ျမင္မႈမ်ိဳး ေနာက္ေနာင္ ဘယ္သူမွ မွီမွာ မဟုတ္ပါဘူး ။ သူ႕သက္တမ္းမွာ F.A CUP ငါးႀကိမ္ ၊ PREMIER LEAGUE ဆယ္ႀကိမ္ ၊ LEAGUE CUP ႏွစ္ႀကိမ္ ၊ UEFA CUP WINNERS CUP တစ္ႀကိမ္ နဲ႔ အခုတစ္ခါ အပါအ၀င္ CHAMPIONS LEAGUE ႏွစ္ႀကိမ္ ရွိခဲ့ပါၿပီ ၊ သူနဲ႔ အခုအထိ အခ်ိန္အၾကာဆံုး တြဲခ့ဲတ့ဲ ကစားသမား ကေတာ့ ရိုင္ယံဂစ္ ဘဲျဖစ္ပါတယ္ ။ ကၽြန္ေတာ္ စသိတ့ဲ မန္ယူအသင္းမွာ ဂစ္ဟာအငယ္ဆံုးပါ ။ ဘယ္၀င္းကေန ဆြဲဆြဲေျပးတာေကာင္းလြန္လို႔ မွတ္မိခ့ဲပါတယ္ ။ ခုေတာ့ ဂစ္ဟာ မန္ယူမွာ အသက္အႀကီးဆံုး ကစားသမားတစ္ေယာက္ေတာင္ျဖစ္ေနပါၿပီ ။
အသင္းတစ္သင္း ၊ အဖြဲ႔တစ္ဖြဲ႔ ေအာင္ျမင္ေရးမွာ ေခါင္းေဆာင္အေရးပါပံုကို ဖာဂူဆန္ကျပလိုက္တာပါ ။ ေခါင္းေဆာင္ေကာင္းတစ္ဦးဟာ ဘယ္သူဘယ္ေနရာမွာ ေတာ္တယ္ ၊ ဘယ္ေနရာမွာ သုံးရမယ္ ဆိုတာျမင္ရပါမယ္ ။ မိမိကို ဖားေနတ့ဲသူေတြဆီမွာဘဲ သာယာေနယင္ မေအာင္ျမင္ႏိုင္ပါဘူး ။ မိမိရဲ႕အားနည္းခ်က္ကို ျမင္ရမွာျဖစ္သလို ခ်က္ခ်င္းလည္းျပင္ႏိုင္ရမွာပါ ။
ေခါင္းေဆာင္ေကာင္းတစ္ေယာက္ရဲ႔႕ ေနာက္ထပ္အေရးအႀကီးဆံုးတစ္ခ်က္က ဘယ္အခ်ိန္မွာ အဲဒီေနရာက ဆင္းမလဲဆိုတာပါဘဲ ။ ဖာဂူဆန္ ဒီတစ္ခ်က္ဘဲ ဂရုျပဴရေတာ့မွာပါ ။ ေနာက္ ၃ ႏွစ္အတြင္းဆင္း ေတာ့မယ္လို႔ သတင္းမွာဖတ္လိုက္ရပါတယ္ ။ ၀မ္းနည္းစရာ ေကာင္းေသာ္လည္း ဇရာကိုေတာ့ တြန္းလွန္ႏိုင္ပါဘူး ။ ခုေဖၚျပေပးထားတ့ဲ ၁၉၉၉ ခု က ပံုနဲ႕ ၂၀၀၈ ခု ပံု ဘယ္ေလာက္ကြာသြားသလဲ ယွဥ္ၾကည့္ႏိုင္ပါတယ္ ။ ။

24 May 2008

beyond nargis-2



(Unicode version)

ဒီ ROYAL PALM အပင်တွေကို လေပြင်း တိုက်နေချိန် နဲ့ လေပြင်းအပြီး တွေ့ရပုံပါ ။ အရွက်တွေ စုပ်ပြတ်ပြီး သွားပေမဲ့ ပင်စည်က ညွတ်တောင်မသွားပါဘူး ။ ပင်စည်သာ ကျိုးလို့ကတော့ weight နဲ့ပိမိယင် ပြားသွားမှာပါ ။


XxXxXx

(Zawgyi version )

ဒီ ROYAL PALM အပင္ေတြကို ေလျပင္း တိုက္ေနခ်ိန္ နဲ႔ ေလျပင္းအၿပီး ေတြ႔ရပံုပါ ။ အရြက္ေတြ စုပ္ျပတ္ၿပီး သြားေပမဲ့ ပင္စည္က ညြတ္ေတာင္မသြားပါဘူး ။ ပင္စည္သာ က်ဳိးလို႔ကေတာ့ weight နဲ႔ပိမိယင္ ျပားသြားမွာပါ ။

beyond nargis

​ေ​ကျးဇူးပြုပြီး ဗိုလ်ချုပ်မှုးကြီးကို 

ပြောပေးကြပါခင်ဗျား။

ေက်းွဇူးျပဳၿပီး ဗိုလ္ခ်ဳပ္မႈးႀကီးကို

ေျပာေပးၾကပါခင္ဗ်ား။


(Unicode version )


ဒီအဆောက်အဦတွေက ဘင်္ဂလားဒေ့ရှ် မုန်တိုင်း ခံရပြီးနောက် ပညာရှင်တွေ တွက်ချက်ပြီး ဆောက်လုပ် ထားတာပါ ။ ပင်လယ်် ကမ်းစပ်က ရွာတွေမှာ နိုင်ငံတကာ အကူအညီနဲ့ဆောက်ထားတာပါ ။ ရေပြင်အထက် ၇ မီတာမှာ ဆောက်ထား တယ်လို့ ရေးလားပါတယ်။ တတ်ယောင်ကားနဲ့ညွန်ကြားထားတာ မဟုတ်ပါဘူး ။ ပညာရှင်တွေ ပညာသုံးပြီး အချိန်ယူ တွက်ချက်ထားတာပါ ။ ပညာသည်တွေ မလိုဘူး လို့ဆိုသူတွေဟာ ပညာတတ်မဟုတ် သူတွေဖြစ်မှာပါ ။

ကျွန်တော်တို့ ခေါင်းဆောင်ကြီးကတော့ ‘ လမ်းများကို ပြည်သူများ ရေဘေးမှခိုလှုံနိုင်ရန် ပေ၂၀၊ ၃၀ အမြင့် အထိ တည်ဆောက်ပေးမှာဖြစ်ကြောင်း ’ ညွှန်ကြားသွားပါတယ် ။ နိုင်ငံပိုင် သတင်းစာတွေမှာ စာလုံးအကြီးကြီးတွေ နဲ့ ဖေါ်ပြထားပါတယ် ။

ရေဘေးက နှစ် ၃-၄ ဆယ်မှတစ်ခါဖြစ်တာ ။ ဒီလောက် အမြင့်မှာ လမ်းဆောက်ထားယင် ကျွဲတွေ နွားတွေ ဘယ်လိုလုပ်ဖြတ်မလဲ ။ လှည်းလမ်းတွေ ဘယ်လိုလုပ်ဖြတ်မလဲ ။ ကျွန်တော်တော့ ဉာဏ်မမှီပါဘူး ။ အဲဒီလောက် အမြင့်ကနေ ပြုတ်ကျမ့ဲ ကားတွေလည်းနဲမှာ မဟုတ်ပါဘူး ။

ဘင်္ဂလားဒေ့ရှ်က အဆောက်အဦက concrete slab ပါ ။ ဆောက်ရတာလဲ လွယ်ပါတယ် ။ အကုန်အကျလဲ သက်သာပါတယ် ။ ကျန်အချိန်တွေမှာ စာသင်ကျောင်းတို့ ၊ အခြားလူမှုရေး ကိစ္စတွေ အတွက်လဲ အသုံးချနိုင်ပါတယ် ။ ရွာမှာရှိတ့ဲ လူဦးရေနဲ့ တွက်ပြီး အရွယ်အစားကိုက်ဆောက်ရုံပါဘဲ ။နိုင်ငံတကာကို တင်ပြလိုက်ယင် ကိုယ်တောင်ပိုက်ဆံ စိုက်စရာ လိုမယ်မထင်ပါဘူး ။ သူတို့ဖါသာ သူတို့ကြည့်လုပ်သွားကြပါလိမ့်မယ် ။ ကိုယ့်မှာပိုက်ဆံရှိတယ်ဆိုယင်လဲ တခြားကိစ္စတွေမှာ သုံးနိုင်တာပေါ့ဗျာ ။

ခုတော့လမ်းမကြီးတစ်ခုလုံး ပေ ၂၀ မြှင့်ဆောက်မယ်ဆို အကုန်အကျ အရမ်းများမှာပါ ။ ကျေးဇူးပြု၍ ဗိုလ်ချုပ်မှုးကြီးကို ပြန်စဉ်းစားဖို့ ပြောပေးကြပါခင်ဗျာ ။ ။



XxXxXx

(Zawgyi version)

ဒီအေဆာက္အဦေတြက ဘဂၤလားေဒ့ရွ္ မုန္တိုင္း ခံရျပီးေနာက္ ပညာရွင္ေတြ တြက္ခ်က္ျပီး ေဆာက္လုပ္ ထားတာပါ ။ ပင္လယ္္ ကမ္းစပ္က ရြာေတြမွာ နိုင္ငံတကာ အကူအညီနဲ႔ေဆာက္ထားတာပါ ။ ေရျပင္အထက္ ၇ မီတာမွာ ေဆာက္ထား တယ္လို႔ ေရးလားပါတယ္။ တတ္ေယာင္ကားနဲ႔ညြန္ၾကားထားတာ မဟုတ္ပါဘူး ။ ပညာရွင္ေတြ ပညာသံုးျပီး အခ်ိန္ယူ တြက္ခ်က္ထားတာပါ ။ ပညာသည္ေတြ မလိုဘူး လို႔ဆိုသူေတြဟာ ပညာတတ္မဟုတ္ သူေတြျဖစ္မွာပါ ။
ကၽြန္ေတာ္တို႔ ေခါင္းေဆာင္ၾကီးကေတာ့ လမ္းမ်ားကို ျပည္သူမ်ား ေရေဘးမွခိုလႈံႏိုင္ရန္ ေပ၂၀၊ ၃၀ အျမင့္ အထိ တည္ေဆာက္ေပးမွာျဖစ္ေၾကာင္း ညႊန္ၾကားသြားပါတယ္ ။ ႏိုင္ငံပိုင္ သတင္းစာေတြမွာ စာလံုးအၾကီးၾကီးေတြ နဲ႔ ေဖၚျပထားပါတယ္ ။
ေရေဘးက ႏွစ္ ၃-၄ ဆယ္မွတစ္ခါျဖစ္တာ ။ ဒီေလာက္ အျမင့္မွာ လမ္းေဆာက္ထားယင္ ကၽြဲေတြ ႏြားေတြ ဘယ္လိုလုပ္ျဖတ္မလဲ ။ လွည္းလမ္းေတြ ဘယ္လိုလုပ္ျဖတ္မလဲ ။ ကၽြန္ေတာ္ေတာ့ ဥာဏ္မမွီပါဘူး ။ အဲဒီေလာက္ အျမင့္ကေန ျပဳတ္က်မ့ဲ ကားေတြလည္းနဲမွာ မဟုတ္ပါဘူး ။
ဘဂၤလားေဒ့ရွ္က အေဆာက္အဦက concrete slab ပါ ။ ေဆာက္ရတာလဲ လြယ္ပါတယ္ ။ အကုန္အက်လဲ သက္သာပါတယ္ ။ က်န္အခ်ိန္ေတြမွာ စာသင္ေက်ာင္းတို႔ ၊ အျခားလူမႈေရး ကိစၥေတြ အတြက္လဲ အသံုးခ်ႏိုင္ပါတယ္ ။ ရြာမွာရွိတ့ဲ လူဦးေရနဲ႔ တြက္ျပီး အရြယ္အစားကိုက္ေဆာက္ရံုပါဘဲ ။နိုင္ငံတကာကို တင္ျပလိုက္ယင္ ကိုယ္ေတာင္ပိုက္ဆံ စိုက္စရာ လိုမယ္မထင္ပါဘူး ။ သူတို႔ဖါသာ သူတို႔ၾကည့္လုပ္သြားၾကပါလိမ့္မယ္ ။ ကိုယ့္မွာပိုက္ဆံရွိတယ္ဆိုယင္လဲ တျခားကိစၥေတြမွာ သံုးႏိုင္တာေပါ့ဗ်ာ ။
ခုေတာ့လမ္းမၾကီးတစ္ခုလံုး ေပ ၂၀ ျမွင့္ေဆာက္မယ္ဆို အကုန္အက် အရမ္းမ်ားမွာပါ ။ ေက်းဇူးျပဳ၍ ဗိုလ္ခ်ဳပ္မႈးၾကီးကို ျပန္စဥ္းစားဖို႔ ေျပာေပးၾကပါခင္ဗ်ာ ။ ။

constitution-6

၂၄-၅-၂၀၀၈
(Unicode version )

နောက်မရေးတော့့ဘူးလို့ ပြောထားပေမဲ့ ဒီနေ့ကိုအမှတ်တရ အနေနဲ့ ရေးလိုက်တာပါ ။ ဒီနေ့က မုန်တိုင်းဒဏ် ခံရတဲ့ ရန်ကုန်တိုင်းက ၇ မြို့နယ် နဲ့ ဧရာ၀တီတိုင်းက ၄၀ မြို့နယ် မဲပေးရတဲ့နေ့ပါ ။ ကျွန်တော်ကတော့ ထူးတော့မှာ မဟုတ်တော့လို့ လက်လျှော့ပြီး မဲမပေးဖြစ်တော့ပါ ။
မုန်တိုင်းကြောင့်သေပြီး မကြွတ်တဲ့ သူတွေ မဲလာပေးနေကြမယ်ထင်ပါတယ် ။ ဒါမှ ၁၀၀% ထောက်ခံမှုရမှာပေါ့ ။

XxXxXx

(Zawgyi version) 

ေနာက္မေရးေတာ့့ဘူးလို႔ ေျပာထားေပမ့ဲ ဒီေန႔ကိုအမွတ္တရ အေနနဲ႔ ေရးလိုက္တာပါ ။ ဒီေန႔က မုန္တိုင္းဒဏ္ ခံရတ့ဲ ရန္ကုန္တိုင္းက ၇ ျမိဳ႕နယ္ နဲ႔ ဧရာ၀တီတိုင္းက ၄၀ ျမိဳ႕နယ္ မဲေပးရတဲ့ေန႔ပါ ။ ကၽြန္ေတာ္ကေတာ့ ထူးေတာ့မွာ မဟုတ္ေတာ့လို႔ လက္ေလွ်ာ့ျပီး မဲမေပးျဖစ္ေတာ့ပါ ။
မုန္တိုင္းေၾကာင့္ေသျပီး မၾကြတ္တ့ဲ သူေတြ မဲလာေပးေနၾကမယ္ထင္ပါတယ္ ။ ဒါမွ ၁၀၀% ေထာက္ခံမႈရမွာေပါ့ ။

18 May 2008

Constitution-5

(Unicode version)

ဒီတစ်ခါ ဒီအကြောင်း ရေးတာနောက်ဆုံးဖြစ်မှာပါ ။ ပြီးခဲ့တဲ့ အပါတ်ထဲ referendum result သိလိုက်ရတော့ အလွန်ဘဲ အံ့သြသွားမိပါတယ် ။ ထောက်ခံမဲ % များလွန်းလို့မဟုတ်ရပါဘူး ၊ ဒီလောက်မျှော်လင့်မထားပေမဲ့ ၇၀% လောက် ၊ ၆၀ % လောက်ဘဲထင်ထားမိတာပါ ။ ၉၂.၄% ဆိုတော့လဲ ထားထိုက်ပါလေ ။ လိမ်မှလိမ်တော့ ဒီလိုပြတ်ပြတ်သားသား လုပ်တာဘဲကောင်းပါတယ် ။ လိမ်မှန်းပိုသိတာပေါ့ ။

ကျွန်တော် အ့ံသြတာက မဲလာပေးတဲ့သူ များလွန်းတာကိုပါ ။ မဲပေးခွင့်ရှိသူ ၂၂၇၀၈၄၃၄ ဦးရှိပြီး မဲလာပေးသူ ၂၂၄၉၆၆၆၀ ဦးတောင် ရှိသတဲ့ ။ ဒီတော့ မဲမပေးသူ ၂၁၁၇၇၄ ဦး { နှစ်သိန်းကျော်လေး } ဘဲရှိပါတယ် ။ မြန်မာနိုင်ငံ အနှံ့အပြား ကလူတွေ ကိုယ့်အိမ်မှာ ကိုယ်မရှိသူ တကယ်ဘဲ ၂ သိန်းဘဲရှိနိုင်ပါသလား ? ။ ကျွန်တော်သိသလောက် မလေးရှားမှာတင် တရား၀င်ရော တရားမ၀င်ရော သိန်းချီ ရှိပါတယ် ။ ယိုးဒယားမှာလဲ နဲမှာမဟုတ်ပါဘူး ။

နယ်ကနေ ရန်ကုန်မှာ လာအလုပ်လုပ်နေသူတွေလဲ သိန်းချီ ရှိနိုင်ပါတယ် ။ အိမ်ဖေါ်တွေ ၊ karaoke တွေ ၊ အထည်ချုပ်တွေ မှာလဲ နဲမှာမဟုတ်ပါဘူး ။ သဘောၤလိုက်နေသူတွေလဲ မရှိဘူဆို သောင်းချီနိုင်ပါတယ် ။ shore job နဲ့ နိုင်ငံခြား သွာလုပ်နေသူလဲ သိန်းချီနိုင်ပါတယ် ။ tv news မှာမြင်ရသလောက် ဂျပန် ၊ ကိုရီးယား ၊ ထိုင်း နဲ့ စင်ကာပူ မှာရောက်နေတဲ့ shore job သမားတွေ မဲမပေးရလို့ ဆန္ဒပြနေတာတွေ တွေ့နေရပါတယ် ။ စင်ကာပူမှာ ပေးခွင့်ရသူတွေကလဲ ကြက်ခြေခတ်ခဲ့ကြောင်း ဗြောင်ပြောနေတာတွေ့ရပါတယ် ။ ကန့်ကွက်မဲက နိုင်ငံခြားက မဲဘဲရှိတယ်ထင်ရပါတယ် ။

မြန်မာတွေ ဒီလောက်တောင် မဲပေးနိုင်ကြပါပြီလား ။ တောနယ်တွေ မှာ သွားရလာရ လွယ်ကူနေပြီလား ? ။ ကမ္ဘာပေါ်မှာ မဲမပေးမနေရ နိုင်ငံတွေကလွဲယင် ဒီဆန္ဒပေးပွဲဟာ % အများဆုံးဖြစ်မှာပါ ။ ၂၄ ရက်နေ့ မဲပေးပွဲ ကျယင် ဧရာ၀တီတိုင်းက ဘိုကလေးတို့ ၊ လပွတ္တာတို့ ကလူတွေ အကုန်ပါနေဦးမယ် ။ တရား၀င်သေဆုံးသူ ၇ သောင်းလောက် က ကြိုတင်မဲပေးသွား တယ်လုပ်ဦးမလားမသိပါဘူး ။ ပျောက်နေတဲ့သူ ၅ သောင်းကျော်ကလဲ ထောက်ခံမဲ ပေးထားတယ်နဲ့တူတယ် ။

တကယ်တော့ ပိပိရိရိ လိမ်နိုင်ဖို့ရာ ပညာတတ်ဖို့ လိုပါသေးတယ် ။ ဒါပေမဲ့ ထောက်ခံသူ ၉၂.၄ % ရှိတယ်လို့ ကြေငြာရဲတဲ့ စိတ်ဓါတ်က အာဏာမြဲဖို့ဆို ဘာမဆိုလုပ်မယ်လို့ ပြောလိုက်တာနဲ့ အတူတူဘဲ မဟုတ်ပါလားဗျာ။ ။

XxXxXx

(Zawgyi version)

ဒီတစ္ခါ ဒီအေၾကာင္း ေရးတာေနာက္ဆံုးျဖစ္မွာပါ ။ ျပီးခဲ့တဲ့ အပါတ္ထဲ referendum result သိလိုက္ရေတာ့ အလြန္ဘဲ အံ့ၾသသြားမိပါတယ္ ။ ေထာက္ခံမဲ % မ်ားလြန္းလို႔မဟုတ္ရပါဘူး ၊ ဒီေလာက္ေမၽွာ္လင့္မထားေပမဲ့ ၇၀% ေလာက္ ၊ ၆၀ % ေလာက္ဘဲထင္ထားမိတာပါ ။ ၉၂.၄% ဆိုေတာ့လဲ ထားထိုက္ပါေလ ။ လိမ္မွလိမ္ေတာ့ ဒီလိုျပတ္ျပတ္သားသား လုပ္တာဘဲေကာင္းပါတယ္ ။ လိမ္မွန္းပိုသိတာေပါ့ ။
ကၽြန္ေတာ္ အ့ံၾသတာက မဲလာေပးတဲ့သူ မ်ားလြန္းတာကိုပါ ။ မဲေပးခြင့္ရွိသူ ၂၂၇၀၈၄၃၄ ဦးရွိျပီး မဲလာေပးသူ ၂၂၄၉၆၆၆၀ ဦးေတာင္ ရွိသတဲ့ ။ ဒီေတာ့ မဲမေပးသူ ၂၁၁၇၇၄ ဦး { ႏွစ္သိန္းေက်ာ္ေလး } ဘဲရွိပါတယ္ ။ ျမန္မာႏိုင္ငံ အႏွံ႔အျပား ကလူေတြ ကိုယ့္အိမ္မွာ ကိုယ္မရွိသူ တကယ္ဘဲ ၂ သိန္းဘဲရွိႏိုင္ပါသလား ? ။ ကၽြန္ေတာ္သိသေလာက္ မေလးရွားမွာတင္ တရား၀င္ေရာ တရားမ၀င္ေရာ သိန္းခ်ီ ရွိပါတယ္ ။ ယိုးဒယားမွာလဲ နဲမွာမဟုတ္ပါဘူး ။
နယ္ကေန ရန္ကုန္မွာ လာအလုပ္လုပ္ေနသူေတြလဲ သိန္းခ်ီ ရွိႏိုင္ပါတယ္ ။ အိမ္ေဖၚေတြ ၊ karaoke ေတြ ၊ အထည္ခ်ဳပ္ေတြ မွာလဲ နဲမွာမဟုတ္ပါဘူး ။ သေဘာၤလိုက္ေနသူေတြလဲ မရွိဘူဆို ေသာင္းခ်ီနိုင္ပါတယ္ ။ shore job နဲ႔ ႏိုင္ငံၿခား သြာလုပ္ေနသူလဲ သိန္းခ်ီႏိုင္ပါတယ္ ။ tv news မွာျမင္ရသေလာက္ ဂ်ပန္ ၊ ကိုရီးယား ၊ ထိုင္း နဲ႔ စင္ကာပူ မွာေရာက္ေနတဲ့ shore job သမားေတြ မဲမေပးရလို႔ ဆႏၵျပေနတာေတြ ေတြ႕ေနရပါတယ္ ။ စင္ကာပူမွာ ေပးခြင့္ရသူေတြကလဲ ၾကက္ေျခခတ္ခဲ့ေၾကာင္း ေျဗာင္ေျပာေနတာေတြ႕ရပါတယ္ ။ ကန္႔ကြက္မဲက ႏိုင္ငံျခားက မဲဘဲရွိတယ္ထင္ရပါတယ္ ။
ျမန္မာေတြ ဒီေလာက္ေတာင္ မဲေပးႏိုင္ၾကပါျပီလား ။ ေတာနယ္ေတြ မွာ သြားရလာရ လြယ္ကူေနျပီလား ? ။ ကမာၻေပၚမွာ မဲမေပးမေနရ ႏိုင္ငံေတြကလြဲယင္ ဒီဆႏၵေပးပြဲဟာ % အမ်ားဆံုးျဖစ္မွာပါ ။ ၂၄ ရက္ေန႔ မဲေပးပြဲ က်ယင္ ဧရာ၀တီတိုင္းက ဘိုကေလးတို႔ ၊ လပြတၱာတို႔ ကလူေတြ အကုန္ပါေနဦးမယ္ ။ တရား၀င္ေသဆံုးသူ ၇ ေသာင္းေလာက္ က ၾကိဳတင္မဲေပးသြား တယ္လုပ္ဦးမလားမသိပါဘူး ။ ေပ်ာက္ေနတဲ့သူ ၅ ေသာင္းေက်ာ္ကလဲ ေထာက္ခံမဲ ေပးထားတယ္နဲ႔တူတယ္ ။
တကယ္ေတာ့ ပိပိရိရိ လိမ္ႏိုင္ဖို႔ရာ ပညာတတ္ဖို႔ လိုပါေသးတယ္ ။ ဒါေပမဲ့ ေထာက္ခံသူ ၉၂.၄ % ရွိတယ္လို႔ ေၾကျငာရဲတဲ့ စိတ္ဓါတ္က အာဏာျမဲဖို႔ဆို ဘာမဆိုလုပ္မယ္လို႔ ေျပာလိုက္တာနဲ႔ အတူတူဘဲ မဟုတ္ပါလားဗ်ာ။ ။

17 May 2008

နာဂစ်-၃










လူအင်အား ၊ စက်အင်အား ၊ တို့အပြင် ဆရာလေး အင်အားများ ကိုပါ ရန်ကုန် ရှင်းလင်းရေး အတွက်သုံးနေရပါသည် ။

လူအင္အား ၊ စက္အင္အား ၊ တို႔အျပင္ ဆရာေလး အင္အားမ်ား ကိုပါ ရန္ကုန္ ရွင္းလင္းေရး အတြက္သံုးေနရပါသည္ ။

နာဂစ်-၂



နာမည်ကျော် န၀တ ပတ္တမြားကြီး ပျောက််သွားပါတယ် ။ နာဂစ်က ဘယ် “မ" သွားတယ်မသိပါဘူး ။ တွေ့ယင်ကျေးဇူး ဆပ်ပါလိမ့်မယ် ။


နာမည္ေက်ာ္ န၀တ ပတၱျမားၾကီး ေပ်ာက္္သြားပါတယ္ ။ နာဂစ္က ဘယ္ “မ" သြားတယ္မသိပါဘူး ။ ေတြ႕ယင္ေက်းဇူး ဆပ္ပါလိမ့္မယ္ ။

နာဂစ်


Nargis-1

(Unicode version)


မယုံနိုင်အောင် မြင်တွေ့ရပါတယ် ။ အလွန်သန်မာတယ် လို့ထင်ရတ့ဲ သစ်ပင်တွေ ကုန်သလောက်ပါဘဲ ။ ရုက္ခစိုးတွေ ဘယ်ပြောင်းကုန်ကြပြီလဲ မသိပါဘူး ။ ညောင်ပင်တော်တော်များများ လဲပါတယ် ။ ကားတွေပြတ့ဲ ထောက်ကြ့ံက ရွှေညောင်ပင်၊ တာမွေထိပ်က ရွှေညောင်ပင်၊ လေဆိပ်ရှေ့က သက်တမ်းရှည် ညောင်ပင်တွေ လဲကုန်ပါတယ် ။

သက်တမ်းရှည် သစ်ပင်တွေ အစားထိုးဖို့ တော်တော်ကြာကြာ စောင့်ကြရပါမယ် ။ အယင်မြင်ကွင်းမျိုးပြန််မြင် ရဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး ။ ရန်ကုန်ရဲ့ နောက်နှစ်အပူချိန် ကတော့ တော်တော်တက်လာမှာ သေချာပါတယ် ။ ကြိုးစားပြီးစိုက်ကြရတော့မှာပေါ့ဗျာ ။ ။



XxXxXx

(Zawgyi version)