27 February 2012

မြန်မာ အကယ်ဒမီ

(Unicode version)

ဒီနေ့မန. Oscar ဆုပေးပွဲမှာ မြန်မာမဆန်တာ တစ်ခုတွေ့လိုက်ပါတယ်။

သတိထားမိကြမှာပါ။ ခုတလော အီရန်နိုင်ငံက နျူကလိယားပြသနာရှာနေပါတယ်။

အစ္စရေးကတောင် သတိပေးထားပါတယ်။ လိုအပ်ယင် စစ်တိုက်ပြီး ဖျက်စီးပစ်ရမယ်လို့

ကြေငြာထားပါတယ်။ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကလဲ

ဆန်ရှင်လုပ်ထားတာပါ။ မြန်မာထက် ဆိုးဟန်တူတယ်။

ဒါပေမဲ့ Oscar ဆုပေးပွဲမှာတော့ Best Foreign language Film ဆုကို Iran က
A separation ကိုပေးလိုက်ပါတယ်။ မြန်မာ မဆန်လိုက်တာနော်.။ တကယ်ဆို
ကိုယ်နဲ့မတဲ့သူဆို မပေးသင့်ပါဘူး။ ကျွန်တော်တို့ ၀န်ကြီး ဂျပုဆို
မျိုးချစ်စိတ်အပြည့်နဲ့ ဘယ်ပေးမလဲ။
နောက်ဆုံးရုပ်ရှင်ထူးချွန်ဆုပေးပွဲတုံးက သူ့ရဲ့ ဆင်ဆာအဖွဲ့ကို ဟားထားတ့ဲ
ဇတ်လမ်းတိုရိုက်တ့ဲသူကို မပေးဘူးလေ၊ မပေးတော့ ဘာဖြစ်လဲ။
သမတကြီးခံနေလို့ပေါ့ကွာ။ နို့မို့ရာသက်ပန်တောင် ပိတ်လိုက်မယ်။ ခုလဲတေးထား
ပါတယ် ။ ကြုံယင်သိမယ်တ့ဲ။ မ၀ိုင်းတ့ဲကပြင် ထေးထောင့်ဖြစ်သွားမယ်။

တကယ်တော့ အနုပညာကို နိုင်ငံရေး မလွှမ်းမိုးသင့်ပါဘူး။ အနုပညာ ည့ံတတ်ပါတယ်။
ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေက ရုပ်ရှင်တွေကြည့်ကောင်းလေ့ မရှိပါဘူး။
လယ်သမား၊ အလုပ်သမား ၊စစ်သား အကျိုးပြုဆိုတာတွေလဲ ကြားကောင်းတာဘဲ
ရှိပါတယ်။ ကြာယင်ရိုးလာတာပါဘဲ။
မြန်မာနိုင်ငံမှာလဲ နှစ်ငါးဆယ်ကျော် ပြည်သူ့အကျိုးပြုဆိုတ့ဲ
စကားလုံးခေတ်စားခ့ဲပါတယ်။ ခုထိလဲ ဆိုရှယ်လစ်သူငယ်နာ မကုန်သေးတ့ဲသူတွေ
သုံးတတ်ပါတယ်။ အနုပညာမြောက်အောင်လုပ်နိုင်ယင် ဘယ်အကြောင်းရိုက်ရိုက်
ပြည်သူအကျိုးပြုပါဘဲ။

နောက်နှစ် မြန်မာအကယ်ဒမီပေးပွဲဆို ဒါတွေကင်းသင့်ပါပြီ။ ဂျပု၀န်ကြီးကို ပ
ထုတ်သင့်ပါပြီ။ ရသင့်တ့ဲသူဆို ရ ရမှာပေါ့။ ဂျပုမကြိုက်လို့၊ ဂျပုအဖေ
မကြိုက်လို့ တွေ မရှိသင့်တော့ပါ။ သဘောတူကြပါသလား ခင်ဗျား။ ။


XXXXXXX


(Zawgyi version)

ဒီေန႔မန. Oscar ဆုေပးပြဲမွာ ျမန္မာမဆန္တာ တစ္ခုေတြ႕လိုက္ပါတယ္။
သတိထားမိၾကမွာပါ။ ခုတေလာ အီရန္ႏိုင္ငံက ႏ်ဴကလိယားျပသနာ႐ွာေနပါတယ္။
အစၥေရးကေတာင္ သတိေပးထားပါတယ္။ လိုအပ္ယင္ စစ္တိုက္ၿပီး ဖ်က္စီးပစ္ရမယ္လို႔
ေၾကျငာထားပါတယ္။ အေမရိကန္အပါအ၀င္ အေနာက္ႏိုင္ငံေတြကလဲ
ဆန္႐ွင္လုပ္ထားတာပါ။ ျမန္မာထက္ ဆိုးဟန္တူတယ္။
ဒါေပမဲ့ Oscar ဆုေပးပြဲမွာေတာ့ Best Foreign language Film ဆုကို Iran က
A separation ကိုေပးလိုက္ပါတယ္။ ျမန္မာ မဆန္လိုက္တာေနာ္.။ တကယ္ဆို
ကိုယ္နဲ႔မတဲ့သူဆို မေပးသင့္ပါဘူး။ ကၽြန္ေတာ္တို႔ ၀န္ႀကီး ဂ်ပုဆို
မ်ိဳးခ်စ္စိတ္အျပည့္နဲ႔ ဘယ္ေပးမလဲ။
ေနာက္ဆံုး႐ုပ္႐ွင္ထူးခၽြန္ဆုေပးပြဲတံုးက သူ႕ရဲ့ ဆင္ဆာအဖဲြ႔ကို ဟားထားတ့ဲ
ဇတ္လမ္းတို႐ိုက္တ့ဲသူကို မေပးဘူးေလ၊ မေပးေတာ့ ဘာျဖစ္လဲ။
သမတႀကီးခံေနလို႔ေပါ့ကြာ။ ႏို႔မို႔ရာသက္ပန္ေတာင္ ပိတ္လိုက္မယ္။ ခုလဲေတးထား
ပါတယ္ ။ ႀကံဳယင္သိမယ္တ့ဲ။ မ၀ိုင္းတ့ဲကျပင္ ေထးေထာင့္ျဖစ္သြားမယ္။
တကယ္ေတာ့ အႏုပညာကို ႏိုင္ငံေရး မလႊမ္းမိုးသင့္ပါဘူး။ အႏုပညာ ည့ံတတ္ပါတယ္။
ကြန္ျမဴနစ္၊ ဆို႐ွယ္လစ္ႏိုင္ငံေတြက ႐ုပ္႐ွင္ေတြၾကည့္ေကာင္းေလ့ မ႐ွိပါဘူး။
လယ္သမား၊ အလုပ္သမား ၊စစ္သား အက်ိဳးျပဳဆိုတာေတြလဲ ၾကားေကာင္းတာဘဲ
႐ွိပါတယ္။ ၾကာယင္႐ိုးလာတာပါဘဲ။
ျမန္မာႏိုင္ငံမွာလဲ ႏွစ္ငါးဆယ္ေက်ာ္ ျပည္သူ႔အက်ိဳးျပဳဆိုတ့ဲ
စကားလံုးေခတ္စားခ့ဲပါတယ္။ ခုထိလဲ ဆို႐ွယ္လစ္သူငယ္နာ မကုန္ေသးတ့ဲသူေတြ
သံုးတတ္ပါတယ္။ အႏုပညာေျမာက္ေအာင္လုပ္ႏိုင္ယင္ ဘယ္အေၾကာင္း႐ိုက္႐ိုက္
ျပည္သူအက်ိဳးျပဳပါဘဲ။
ေနာက္ႏွစ္ ျမန္မာအကယ္ဒမီေပးပြဲဆို ဒါေတြကင္းသင့္ပါၿပီ။ ဂ်ပု၀န္ႀကီးကို ပ
ထုတ္သင့္ပါၿပီ။ ရသင့္တ့ဲသူဆို ရ ရမွာေပါ့။ ဂ်ပုမႀကိဳက္လို႔၊ ဂ်ပုအေဖ
မႀကိဳက္လို႔ ေတြ မ႐ွိသင့္ေတာ့ပါ။ သေဘာတူၾကပါသလား ခင္ဗ်ား။ ။

19 February 2012

ဗိုလ်ချုပ်နေ၀င်း

(Unicode version)

ခုတလော ဗိုလ်ချုပ် ရုပ်ရှင်ကိစ္စ ဆူညံနေသည်။ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဗိုလ်ချုပ် အတၳုပတ္တိပြန်ပြုစုနေရသည်။ ပိုတိကျရန် ပြန်စိစစ်နေရသည်ဟု ကြားရပါသည်။ ကျွန်တော်ကတော့ ဗိုလ်ချုပ်အကြောင်း သူများရေးထားတာသာ ဖတ်ဘူးသည့်အတွက် ဖြည့်စွက်မှုမပြုနိုင်ပါ။

အကယ်၍ ဗိုလ်ချုပ်ရုပ်ရှင် အောင်မြင်ပြီးနောက် အခြားအတၳုပတ္တိများရိုက်ချင်သည်ရှိသော် ဗိုလ်ချုပ်နေ၀င်းအကြောင်း ရိုက်ဖို့ စဉ်းစားလာနိုင်ပါသည်။ ကျွန်တော် ကိုယ်တိုင်ကြားတာ မဟုတ်သော်လည်း ဦးလေးတစ်ဦးပြောဘူးတာလေးမှတ်မိသဖြင့် အတၳုပတ္တိပြုစုသူများ အထောက် အကူရရန် ပြောပြချင်ပါသည်။

တော်လှန်ရေးကောင်စီခေတ်က ဖြစ်ပါသည်။ တစ်ခုသော သင်္ကြန်အပြီး ကောင်စီ အစည်းအေ၀းလုပ်သည်။ လာတက်သောဗိုလ်ချုပ်များထဲတွင် ကတုံးများလည်းပါနေရာ သိတ်ကြည့်ရပုံမပေါ်။ အတန်ကြာသောအခါ ရေဗိုလ်ချုပ်သောင်းတင်ကို (ဦးလေးကပြောသော်လည်း ကျွန်တော် အတိအကျ မမှတ်မတော့ပါ။) လှမ်းမေးတော့သည်။ လုပ်ပါဦးကွ။ "မင်းတို့ကုလားလေးက ဘာပြောလိုက်တုံး။" အစည်းအေ၀းရှိလူအားလုံး အ့ံအားသင့်ကုန်သည်။ ဘာမျှတော့ ပြန်မပြောရဲကြဘဲ ပြုံးဖြဲဖြဲ
လုပ်နေကြရသည်ဟု ပြောပြဘူးပါသည်။ ဖြစ်နိုင်ပါသည်။ ဦးနေ၀င်းကို ဘုရားသွားခြင်း၊ ဘုန်းကြီရှိခိုးခြင်း မတွေ့ဘူးပါ။ သူပင်စင်ယူအပြီး Sedona တွင်လုပ်သည့် မွေးနေ့ပွဲတွင်တော့ ဘုန်းကြီး ကန်တော့တာ တွေ့ဘူးသည်။သေခါနီးမှ ကြောက်လာတာဖြစ်မည်။ TV မှာ ကိုယ်ရေးကိုတာမို့ မပြတာလဲ
ဖြစ်နိုင်သည်။ သူ့တပြည့်တွေခေတ်ကျတော့ TV မှာ show ပြလိုက်ကြတာ TVဒါန၊ ပြုကြသူငှာ ဟု ပြောခံရသည်အထိပါ။

သို့သော် ဟိုတနေ့က စာမြီးလိုက်ရသည့် ဦးနေ၀င်း တပည့် ကိုကိုမောင်ကြီးရေးတ့ဲအထဲတွင်တော့ ဦးနေ၀င်းကို သူနှင့် ဦးတင်အောင်ဟိန်းတို့သွားကန်တော့သောအခါ အဘိဓမ္မာကို ဟိုယခင်ကဖတ်ဘူးလျှင်
အာဏာတောင်သိမ်းဖြစ်မည် မဟုတ်ဟု ပြောသည်ဟူ၏။ သူတို့ ဆရာ မဆိုးကြောင်းရေးထားပါသည်။ အမှန်မှာ တရား၏တန်ခိုးကြောင့်ဟုကျွန်တော်ထင်ပါသည်။ ဦးနေ၀င်းလောက်တရားမသိသူကိုပင်
လွှမ်းမိုးပြော့ပြောင်းစေနိုင်သည်မှာ တရားတန်ခိုးကြောင့်ပါ။ သူ့အတၳုပတ္တိတွင် ဒီအကြောင်းလေးတော့ ပါသွားစေချင်ပါသည်။


XxXxXx

(Zawgyi version)

ခုတေလာ ဗိုလ္ခ်ဳပ္ ႐ုပ္႐ွင္ကိစၥ ဆူညံေနသည္။ ဗိုလ္ခ်ဳပ္႐ုပ္႐ွင္အတြက္ ဗိုလ္ခ်ဳပ္ အတၳဳပတၱိျပန္ျပဳစုေနရသည္။ ပိုတိက်ရန္ ျပန္စိစစ္ေနရသည္ဟု ၾကားရပါသည္။ ကၽြန္ေတာ္ကေတာ့ ဗိုလ္ခ်ဳပ္အေၾကာင္း သူမ်ားေရးထားတာသာ ဖတ္ဘူးသည့္အတြက္ ျဖည့္စြက္မႈမျပဳႏိုင္ပါ။
အကယ္၍ ဗိုလ္ခ်ဳပ္႐ုပ္႐ွင္ ေအာင္ျမင္ၿပီးေနာက္ အျခားအတၳဳပတၱိမ်ား႐ိုက္ခ်င္သည္႐ွိေသာ္ ဗိုလ္ခ်ဳပ္ေန၀င္းအေၾကာင္း ႐ိုက္ဖို႔ စဥ္းစားလာႏိုင္ပါသည္။ ကၽြန္ေတာ္ ကိုယ္တိုင္ၾကားတာ မဟုတ္ေသာ္လည္း ဦးေလးတစ္ဦးေျပာဘူးတာေလးမွတ္မိသျဖင့္ အတၳဳပတၱိျပဳစုသူမ်ား အေထာက္ အကူရရန္ ေျပာျပခ်င္ပါသည္။
ေတာ္လွန္ေရးေကာင္စီေခတ္က ျဖစ္ပါသည္။ တစ္ခုေသာ သႀကၤန္အၿပီး ေကာင္စီ အစည္းအေ၀းလုပ္သည္။ လာတက္ေသာဗိုလ္ခ်ဳပ္မ်ားထဲတြင္ ကတံုးမ်ားလည္းပါေနရာ သိတ္ၾကည့္ရပံုမေပၚ။ အတန္ၾကာေသာအခါ ေရဗိုလ္ခ်ဳပ္ေသာင္းတင္ကို (ဦးေလးကေျပာေသာ္လည္း ကၽြန္ေတာ္ အတိအက် မမွတ္မေတာ့ပါ။) လွမ္းေမးေတာ့သည္။ လုပ္ပါဦးကြ။ "မင္းတို႔ကုလားေလးက ဘာေျပာလိုက္တံုး။" အစည္းအေ၀း႐ွိလူအားလံုး အ့ံအားသင့္ကုန္သည္။ ဘာမွ်ေတာ့ ျပန္မေျပာရဲၾကဘဲ ျပံဳးၿဖဲၿဖဲ
လုပ္ေနၾကရသည္ဟု ေျပာျပဘူးပါသည္။ ျဖစ္ႏိုင္ပါသည္။ ဦးေန၀င္းကို ဘုရားသြားျခင္း၊ ဘုန္းႀကီ႐ွိခိုးျခင္း မေတြ႕ဘူးပါ။ သူပင္စင္ယူအၿပီး Sedona တြင္လုပ္သည့္ ေမြးေန႔ပြဲတြင္ေတာ့ ဘုန္းႀကီး ကန္ေတာ့တာ ေတြ႕ဘူးသည္။ေသခါနီးမွ ေၾကာက္လာတာျဖစ္မည္။ TV မွာ ကိုယ္ေရးကိုတာမို႔ မျပတာလဲ
ျဖစ္ႏိုင္သည္။ သူ႕တျပည့္ေတြေခတ္က်ေတာ့ TV မွာ show ျပလိုက္ၾကတာ TVဒါန၊ ျပဳၾကသူငွာ ဟု ေျပာခံရသည္အထိပါ။
သို႔ေသာ္ ဟိုတေန႔က စာၿမီးလိုက္ရသည့္ ဦးေန၀င္း တပည့္ ကိုကိုေမာင္ႀကီးေရးတ့ဲအထဲတြင္ေတာ့ ဦးေန၀င္းကို သူႏွင့္ ဦးတင္ေအာင္ဟိန္းတို႔သြားကန္ေတာ့ေသာအခါ အဘိဓမၼာကို ဟိုယခင္ကဖတ္ဘူးလွ်င္
အာဏာေတာင္သိမ္းျဖစ္မည္ မဟုတ္ဟု ေျပာသည္ဟူ၏။ သူတို႔ ဆရာ မဆိုးေၾကာင္းေရးထားပါသည္။ အမွန္မွာ တရား၏တန္ခိုးေၾကာင့္ဟုကၽြန္ေတာ္ထင္ပါသည္။ ဦးေန၀င္းေလာက္တရားမသိသူကိုပင္
လႊမ္းမိုးေျပာ့ေျပာင္းေစႏိုင္သည္မွာ တရားတန္ခိုးေၾကာင့္ပါ။ သူ႕အတၳဳပတၱိတြင္ ဒီအေၾကာင္းေလးေတာ့ ပါသြားေစခ်င္ပါသည္။

06 February 2012

Dr.လွမ်းဆွေ ရဲ့ ခင်၀မ်း

ခင်၀မ်းနဲ့ပါတ်သက်တာလေးတွေ စုစုစည်းစည်း ဖြစ်သွားအောင်ဆိုတ့ဲသဘောနဲ့ ဒီ

Link လေးတွေ ပေးလိုက်ပါတယ်။

http://drlunswe.blogspot.com/2012/02/blog-post_7074.html

http://drlunswe.blogspot.com/2009/02/blog-post_2719.html

04 February 2012

လူဆိုး ခင်၀မ်း




























































ခင်၀မ်းကွယ်လွန်ခြင်း ၁၂ နှစ်မြောက်နေ့အတွက် တင်ခြင်းမဟုတ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် ခင်၀မ်းငယ်စဉ်ကရေးခ့ဲသော ၀တၳုတစ်ပုဒ်ကို ယူလာသူကယူလာပါသည်။ ကျွန်တော်က Scan လုပ်၍ တင်ယုံသာ တင်ခြင်းဖြစ်ပါသည်။

၁၉၆၆/၆၇ သတ္တဗေဒ နှစ်လည် စာစောင်တွင်ဖေါ်ပြခ့ဲသော ခင်၀မ်းရဲ့ ငယ်လက်ရာကို ၂၀၀၆ ဇူလိိုိုင်လ ထုတိ ပိတောက်ပွင့်သစ် မဂ္ဒဇင်းမှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။

ကျေးဇူးပါ ဦးငြိမ်း။ ။