30 September 2018

လေပေါပြီးထွက်ပြေးသူ



(Unicode version)


ဖေ့ဘုတ်ပေါ်မှာ NLDကို မဲပေးတ့ဲသူတွေကို ချိုးချိုးနှိမ်နှိမ်ရေးထားတ့ဲ ပို့စ်တခု ဖတ်ရပါတယ်။ ရေးသူပရိုဖိုင်သွားကြည့်တော့ အကောင့်ဖျက်သွားပါတယ်။ အခုတော့ ပြန်ပေါ်လာသော်လည်း ပို့စ်အဟောင်းတွေ မရှိတော့ပါဘူး။

.

ပြန်ရေးမပြချင်တော့ပါ။ မဲပေးခ့ဲသူ ဆယ့်နှစ်သန်းကို သက်ဆိုင်ရာသက်မွေးဝမ်းကျောင်း အလုပ်အလိုက် အောက်တန်းကျကျရေးတာပါ။ ပြည်သူရွေးထားတ့ဲ အစိုးရကိုလည်း မကောင်းရေးပါတယ်။

.

အဆိုးဆုံးက အမေစုလုပ်နေတ့ဲ ပင်လုံငြိမ်းချမ်းရေးကိစ္စဟာ လေပေါပြနေတာဖြစ်ကြောင်း ပြောတာရယ်၊ ရေရှည်ကြည့်နေလို့ အာဏာမသိမ်းသေးတာဖြစ်ကြောင်း ခြိမ်းခြောက်တ့ဲပုံစံ ရေးထားတာပါ။

.

ဒီအရေးအသားများ အရေးယူလို့ ရမရ မသိပါ။ သူကတော့ ပို့စ်ဖျက်ပြီး ပြေးပါပြီ။ ပြန်ပေါ်လာတ့ဲ ပို့စ်တခုမှာ သူ့အမည်ရှေ့က BG ဆိုတာ မြန်မာလို ဘဲကြီးမဟုတ်ဘဲ သူတပ်ထဲက နောက်ဆုံးရာထူးလို့ ဖေ့ဘုတ်ကို အင်္ဂလိပ်လို ရှင်းပြထားတာ တွေ့ရပါတယ်။

.

အစက သူက သံတမန်တဦးလို့ ပြောကြလို့ ဝန်ထမ်းဖြစ်ပြီး အစိုးရကို ဒီလိုပြောရလား၊ မလုပ်ချင်ထွက်ပေါ့လို့ တွေးမိပါတယ်။ ပိုဆိုးတာက သံတမန်တဦးဆို ကိုယ့်အစိုးရကို တာဝန်ကျရာ တိုင်းပြည်မှာ အပြုထက် အဖျက်ပိုလုပ်နေရင် ဒုက္ခဘဲဆိုပြီး တွေးပူမိပါတယ်။

.

နောက်ဆုံးကြားသိရတ့ဲ သတင်းအရ ထိုသူသည် ရာထူးမှပြုတ်ထားသူလို့ သိလိုက်ရလို့ စိတ်အေးရပါကြောင်း။



XxXxXx

(Zawgyi version)

ေဖ့ဘုတ္ေပၚမွာ NLDကို မဲေပးတ့ဲသူေတြကို ခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ေရးထားတ့ဲ ပို႔စ္တခု ဖတ္ရပါတယ္။ ေရးသူပရိုဖိုင္သြားၾကည့္ေတာ့ အေကာင့္ဖ်က္သြားပါတယ္။ အခုေတာ့ ျပန္ေပၚလာေသာ္လည္း ပို႔စ္အေဟာင္းေတြ မ႐ွိေတာ့ပါဘူး။ 
.
ျပန္ေရးမျပခ်င္ေတာ့ပါ။ မဲေပးခ့ဲသူ ဆယ့္ႏွစ္သန္းကို သက္ဆိုင္ရာသက္ေမြးဝမ္းေက်ာင္း အလုပ္အလိုက္ ေအာက္တန္းက်က်ေရးတာပါ။ ျပည္သူေရြးထားတ့ဲ အစိုးရကိုလည္း မေကာင္းေရးပါတယ္။ 
.
အဆိုးဆံုးက အေမစုလုပ္ေနတ့ဲ ပင္လံုၿငိမ္းခ်မ္းေရးကိစၥဟာ ေလေပါျပေနတာျဖစ္ေၾကာင္း ေျပာတာရယ္၊ ေရ႐ွည္ၾကည့္ေနလို႔ အာဏာမသိမ္းေသးတာျဖစ္ေၾကာင္း ၿခိမ္းေျခာက္တ့ဲပံုစံ ေရးထားတာပါ။
.
ဒီအေရးအသားမ်ား အေရးယူလို႔ ရမရ မသိပါ။ သူကေတာ့ ပို႔စ္ဖ်က္ၿပီး ေျပးပါၿပီ။ ျပန္ေပၚလာတ့ဲ ပို႔စ္တခုမွာ သူ႔အမည္ေ႐ွ႕က BG ဆိုတာ ျမန္မာလို ဘဲႀကီးမဟုတ္ဘဲ သူတပ္ထဲက ေနာက္ဆံုးရာထူးလို႔ ေဖ့ဘုတ္ကို အဂၤလိပ္လို ႐ွင္းျပထားတာ ေတြ႔ရပါတယ္။
.
အစက သူက သံတမန္တဦးလို႔ ေျပာၾကလို႔ ဝန္ထမ္းျဖစ္ၿပီး အစိုးရကို ဒီလိုေျပာရလား၊ မလုပ္ခ်င္ထြက္ေပါ့လို႔ ေတြးမိပါတယ္။ ပိုဆိုးတာက သံတမန္တဦးဆို ကိုယ့္အစိုးရကို တာဝန္က်ရာ တိုင္းျပည္မွာ အျပဳထက္ အဖ်က္ပိုလုပ္ေနရင္ ဒုကၡဘဲဆိုၿပီး ေတြးပူမိပါတယ္။
.
ေနာက္ဆံုးၾကားသိရတ့ဲ သတင္းအရ ထိုသူသည္ ရာထူးမွျပဳတ္ထားသူလို႔ သိလိုက္ရလို႔ စိတ္ေအးရပါေၾကာင္း။ 


25 September 2018

ထွက်သွားတ့ဲ အမတ်နှစ်ယောက်ကို ကျေးဇူးတင်တယ်

(Unicode version)

NLD ပါတီက အမတ်နှစ်ဦး ထွက်သွားတယ်။ တနယ်ထဲက နှစ်ယောက် တပြိုင်နက်ထွက်တာ နယ်မြေပြသနာ ရှိလို့လား မသိ၊ ကြေငြာသလို ရန်ပုံငွေဖြတ်လို့ စည်းကမ်းကြပ်လို့ ထွက်တာဆိုရင်တော့ အံ့သြစရာပဲ။

.

ရိုးသားစွာ ဘယ်သူ့ကိုမှ အပစ်မတင်ဘဲ ထွက်ခွင့်တင်သွားတာ သူတို့ကို လေးစားစရာပါ။ ဒါပေမယ့် သူတို့နိုင်ငံရေးက ပြီးသွားပြီလေ။ သူတို့လည်း စဉ်းစားမိမှာပါ။ ဖွတ်မပြောနဲ့ ဘယ်ပါတီကမှ လက်ခံမယ်မထင်ဘူးဆိုတာ။ တသီးပုဂ္ဂလ အရွေးခံရင်လည်း တင်ထားတ့ဲစဘော်ငွေတောင် ပြန်ရမှာမဟုတ်ဘူး။

.

သတင်းစာရှင်းပွဲမှာ ပါတီစည်းကမ်းတွေကို လျော့မပေးတ့ဲအပြင် ပိုတိကျအောင် လုပ်မတ့ဲ။ ကြိုဆိုပါတယ်။ ဒါမှ သန့်လာမှာ။ ခုပထမအကြိမ်မှာ အခွင့်အရေးလိုသူ၊ အချောင်နှပ်ချင်သူ၊ နာမည်ကြီးချင်သူနဲ့ အရင်လူတွေအပေါ် လက်စားချေချင်သူတွေ ပါနိုင်တယ်။ ဒါကြောင့်လည်း ဒေါ်စုက အမတ်တွေ ပင်ပန်းဆင်းရဲမယ်၊ ဇိမ်နဲ့နေကြဖို့မမျှော်လင့်ကြနဲ့လို့ ပြောခ့ဲတာဘဲ။ ဒီလိုတင်းထားမှ ၂၀၂၀အတွက် လူစစ်သလို ဖြစ်သွားမယ်။

.

လူကောင်းတွေ လျော့ကုန်မှာပေါ့လို့လည်း မပူပါနဲ့။ မြန်မာပြည်မှာ နိုင်ငံရေးသမားကောင်းတွေ ထွက်ဖို့ လိုပါသေးတယ်။ ၆၂နောက်ပိုင်းကတည်းက နိုင်ငံရေးသမားဆို ရှင်းပစ်ခ့ဲတာပါ။ နိုင်ငံရေးသမားနဲ့ တော်လှန်ရေးသမား မတူဘူးဆိုတာလည်း သတိထားဖို့လိုပါတယ်။

.

ခုက စာသင်ကောင်းတ့ဲ ကျောင်းဆရာတွေ၊ ဆေးကုကောင်းတ့ဲ ဆရာဝန်တွေ၊ အမှုလိုက်ကောင်းတ့ဲ ရှေ့နေတွေ၊ လမ်းတံတားဆောက်တတ်တ့ဲ အင်ဂျင်နီယာတွေ၊ စီးပွားရေးရှာတတ်တ့ဲ အရောင်းအဝယ်သမားတွေ အမေစုမျက်နှာနဲ့ နိုင်ငံရေးသမား လာလုပ်ပေးနေကြတာပါ။ အားလုံး သင်လုပ် လုပ်နေကြတာပါ။ သူတို့ထဲက နိုင်ငံရေးသမားကောင်းတွေ အမြန်ပေါ်ထွန်းလာခ့ဲရင် တိုင်းပြည်အမြန် အကျိုးရှိမှာပါဘဲ။

.

တဖြေးဖြေးနဲ့မှ နိုင်ငံရေးသမားတွေ ပေါ်လာမှာပါ။ ကျောင်းတွေ တက္ကသိုလ်တွေကတဆင့် မွေးထုတ်ရမှာပါ။ ခုချိန်က အုတ်ရောရော ကျောက်ရောရောတွေ ရွေးထုတ်ရမှာပါ။ ဒါကြောင့်မို့ ကျေးဇူးတင်ပါတယ်။

XxXxXx

(Zawgyi version)

NLD ပါတီက အမတ္ႏွစ္ဦး ထြက္သြားတယ္။ တနယ္ထဲက ႏွစ္ေယာက္ တၿပိဳင္နက္ထြက္တာ နယ္ေျမျပသနာ ႐ွိလို႔လား မသိ၊ ေၾကျငာသလို ရန္ပံုေငြျဖတ္လို႔ စည္းကမ္းၾကပ္လို႔ ထြက္တာဆိုရင္ေတာ့ အံ့ၾသစရာပဲ။
.
႐ိုးသားစြာ ဘယ္သူ႔ကိုမွ အပစ္မတင္ဘဲ ထြက္ခြင့္တင္သြားတာ သူတို႔ကို ေလးစားစရာပါ။ ဒါေပမယ့္  သူတို႔ႏိုင္ငံေရးက ၿပီးသြားၿပီေလ။ သူတို႔လည္း စဥ္းစားမိမွာပါ။ ဖြတ္မေျပာနဲ႔ ဘယ္ပါတီကမွ လက္ခံမယ္မထင္ဘူးဆိုတာ။ တသီးပုဂၢလ အေရြးခံရင္လည္း တင္ထားတ့ဲစေဘာ္ေငြေတာင္ ျပန္ရမွာမဟုတ္ဘူး။
.
သတင္းစာ႐ွင္းပြဲမွာ ပါတီစည္းကမ္းေတြကို ေလ်ာ့မေပးတ့ဲအျပင္ ပိုတိက်ေအာင္ လုပ္မတ့ဲ။ ႀကိဳဆိုပါတယ္။ ဒါမွ သန္႔လာမွာ။ ခုပထမအႀကိမ္မွာ အခြင့္အေရးလိုသူ၊ အေခ်ာင္ႏွပ္ခ်င္သူ၊ နာမည္ႀကီးခ်င္သူနဲ႔ အရင္လူေတြအေပၚ လက္စားေခ်ခ်င္သူေတြ ပါႏိုင္တယ္။ ဒါေၾကာင့္လည္း ေဒၚစုက အမတ္ေတြ ပင္ပန္းဆင္းရဲမယ္၊ ဇိမ္နဲ႔ေနျကဖို႔မေမ်ွာ္လင့္ၾကနဲ႔လို႔ ေျပာခ့ဲတာဘဲ။ ဒီလိုတင္းထားမွ ၂၀၂၀အတြက္ လူစစ္သလို ျဖစ္သြားမယ္။
.
လူေကာင္းေတြ ေလ်ာ့ကုန္မွာေပါ့လို႔လည္း မပူပါနဲ႔။ ျမန္မာျပည္မွာ ႏိုင္ငံေရးသမားေကာင္းေတြ ထြက္ဖို႔ လိုပါေသးတယ္။  ၆၂ေနာက္ပိုင္းကတည္းက ႏိုင္ငံေရးသမားဆို ႐ွင္းပစ္ခ့ဲတာပါ။ ႏိုင္ငံေရးသမားနဲ႔ ေတာ္လွန္ေရးသမား မတူဘူးဆိုတာလည္း သတိထားဖို႔လိုပါတယ္။
.
ခုက စာသင္ေကာင္းတ့ဲ ေက်ာင္းဆရာေတြ၊ ေဆးကုေကာင္းတ့ဲ ဆရာဝန္ေတြ၊ အမႈလိုက္ေကာင္းတ့ဲ ေ႐ွ႕ေနေတြ၊ လမ္းတံတားေဆာက္တတ္တ့ဲ အင္ဂ်င္နီယာေတြ၊ စီးပြားေရး႐ွာတတ္တ့ဲ အေရာင္းအဝယ္သမားေတြ အေမစုမ်က္ႏွာနဲ႔ နိုင္ငံေရးသမား လာလုပ္ေပးေနၾကတာပါ။ အားလံုး သင္လုပ္ လုပ္ေနၾကတာပါ။ သူတို႔ထဲက ႏိုင္ငံေရးသမားေကာင္းေတြ အျမန္ေပၚထြန္းလာခ့ဲရင္ တိုင္းျပည္အျမန္ အက်ိဳး႐ွိမွာပါဘဲ။
.
တေျဖးေျဖးနဲ႔မွ ႏိုင္ငံေရးသမားေတြ ေပၚလာမွာပါ။ ေက်ာင္းေတြ တကၠသိုလ္ေတြကတဆင့္ ေမြးထုတ္ရမွာပါ။ ခုုခ်ိန္က အုတ္ေရာေရာ ေက်ာက္ေရာေရာေတြ ေရြးထုတ္ရမွာပါ။ ဒါေၾကာင့္မို႔ ေက်းဇူးတင္ပါတယ္။

24 September 2018

ရယ်ရတ့ဲ သတင်းစာရှင်းပွဲ







(Unicode version )

ဖွတ်တွေက ရယ်စရာပြောတတ်တယ်။ ပြောရေးဆိုခွင့်ရှိသူဆို အ့ဲလိုလူတွေ ရွေးခန့်သလား ထင်ရတယ်။

.

မနေ့က ဒီဗီဘီသတင်းမှာ ဖွတ်သတင်းစာရှင်းလင်းပွဲ ကြည့်လိုက်ရပါတယ်။ ပြောနေကျ နံတာလှမြင့် မဟုတ်ဘူး။ သူ့ထက် ပိုနံတ့ဲသူ။ ပိုဟားရတာပေါ့။

.

တရားစွဲခံရတ့ဲ ရွှေဘိုခရိုင် ဖွတ်ကြီး တရားစွဲတ့ဲသူတွေကို ပြန်အရေးယူလို့ရသတ့ဲ။ အကြောင်းက ရွှေဘိုဖွတ်ကြီး ဒေါ်စုနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မမှန်သတင်းတွေကို ဖေ့ဘုတ်ပေါ်လည်း မတင်ဘူး၊ စာရွက်စာတမ်းလည်း မရေးဘူး။ လူ၄၀လောက်ရှိတ့ဲ ကိုယ့်အချင်းချင်းစကားဝိုင်းမှာဘဲ ပြောခ့ဲတာ။ သူတို့ချင်း အတွင်းစကားကို ရဲတွေက သူတို့ကိုနောက်ယောင်ခံလိုက်လို် သိတာဘဲ။ ဝရမ်းမပါဘဲ နောက်ယောင်ခံမှုနဲ့ ပြန်တရားစွဲလို့ ရသတ့ဲဗျ။

.

တော်တော်ရယ်ရတ့ဲမောင်၊ ကိုယ့်စကား ဘယ်ရောက်မှန်းမသိ။ ပထမအချက်က ဒီစကားတွေ ပြောခ့ဲတာ တရားဝင်ဝန်ခံသလို ဖြစ်သွားပြီ။ တကယ်က ဘယ်မှာမှ မပြောခ့ဲဘူးကြောင်း ရှင်းရမှာ။

.

ဒုတိယအချက်က အ့ဲဒီစကားဝိုင်း လူ၄၀ထဲမှာ သတင်းပေးသူ ရှိနေနိုင်တာဘဲ။ များသောအားဖြင့် ဖွတ်တွေက ပိုက်ဆံနဲ့စည်းရုံးခ့ဲတော့ ပိုပေးသူရှိလို့ သတင်းပေးလိုက်တာ ဖြစ်နိုင်တာဘဲ။

.

မစဉ်းစားဘဲ ရှင်းတော့ ပိုဂွမ်းပြန်ပြီပေါ့။ ထူးရက်နဲ့ မဆန်းပါဘူးလေ။ ဒါ့ကြောင့်မို့လည်း ဒီလူတွေ ဖွတ်ဖြစ်နေတာဘဲ။

XxXxXx

(Zawgyi version)

ဖြတ္ေတြက ရယ္စရာေျပာတတ္တယ္။ ေျပာေရးဆိုခြင့္႐ွိသူဆို အ့ဲလိုလူေတြ ေရြးခန္႔သလား ထင္ရတယ္။
.
မေန႔က ဒီဗီဘီသတင္းမွာ ဖြတ္သတင္းစာ႐ွင္းလင္းပြဲ ၾကည့္လိုက္ရပါတယ္။ ေျပာေနက် နံတာလွျမင့္ မဟုတ္ဘူး။ သူ႔ထက္ ပိုနံတ့ဲသူ။ ပိုဟားရတာေပါ့။
.
တရားစြဲခံရတ့ဲ ေရႊဘိုခ႐ိုင္ ဖြတ္ႀကီး တရားစြဲတ့ဲသူေတြကို ျပန္အေရးယူလို႔ရသတ့ဲ။ အေၾကာင္းက ေရႊဘိုဖြတ္ႀကီး ေဒၚစုနဲ႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ မမွန္သတင္းေတြကို ေဖ့ဘုတ္ေပၚလည္း မတင္ဘူး၊ စာရြက္စာတမ္းလည္း မေရးဘူး။ လူ၄၀ေလာက္႐ွိတ့ဲ ကိုယ့္အခ်င္းခ်င္းစကားဝိုင္းမွာဘဲ ေျပာခ့ဲတာ။ သူတို႔ခ်င္း အတြင္းစကားကို ရဲေတြက သူတို႔ကိုေနာက္ေယာင္ခံလိုက္လို္ သိတာဘဲ။ ဝရမ္းမပါဘဲ ေနာက္ေယာင္ခံမႈနဲ႔ ျပန္တရားစြဲလို႔ ရသတ့ဲဗ်။
.
ေတာ္ေတာ္ရယ္ရတ့ဲေမာင္၊ ကိုယ့္စကား ဘယ္ေရာက္မွန္းမသိ။ ပထမအခ်က္က ဒီစကားေတြ ေျပာခ့ဲတာ တရားဝင္ဝန္ခံသလို ျဖစ္သြားၿပီ။ တကယ္က ဘယ္မွာမွ မေျပာခ့ဲဘူးေၾကာင္း ႐ွင္းရမွာ။
.
ဒုတိယအခ်က္က အ့ဲဒီစကားဝိုင္း လူ၄၀ထဲမွာ သတင္းေပးသူ ႐ွိေနႏိုင္တာဘဲ။ မ်ားေသာအားျဖင့္ ဖြတ္ေတြက ပိုက္ဆံနဲ႔စည္းရံုးခ့ဲေတာ့ ပိုေပးသူ႐ွိလို႔ သတင္းေပးလိုက္တာ ျဖစ္ႏိုင္တာဘဲ။
.
မစဥ္းစားဘဲ ႐ွင္းေတာ့ ပိုဂြမ္းျပန္ၿပီေပါ့။ ထူးရက္နဲ႔ မဆန္းပါဘူးေလ။ ဒါ့ေၾကာင့္မို႔လည္း ဒီလူေတြ ဖြတ္ျဖစ္ေနတာဘဲ။ 

20 September 2018

၁၁၀နှစ်ပြည့် တံဆိပ်ခေါင်း


(Unicode version)


   ရန်ကုန်စာတိုက်ကြီး နှစ် ၁၁၀ပြည့် အထိမ်းအမှတ်တံဆိပ်ခေါင်း တခေါင်း၊ ၂၀၀ကျပ်တန်ထုတ်ပါသည်။ တံဆိပ်ခေါင်း ကွာလတီ ဒီဇိုင်း ထုံးစံအတိုင်း ညံ့ပါသည်။ ဒီဇိုင်းကို ဆုကြေးအနည်းငယ်ဖြင့် ပြိုင်ပွဲခေါ်သင့်ပါပြီ။ လုပ်တတ်လျှင် တရောင်ထဲနဲ့ပင် တံဆိပ်ခေါင်းလှလှ ဖြစ်ပါသည်။ 

.

ပိုဆိုးသည်မှာ တံဆိပ်ခေါင်းပေါ်တွင် နိုင်ငံအမည် လုံးဝရိုက်နှိပ်မထားပါ။ မြန်မာလိုရော အင်္ဂလိပ်လိုပါ မပါပါ။ တံဆိပ်ခေါင်း ပထမဆုံးထုတ်သော အင်္ဂလန်နိုင်ငံတောင်မှ ဘုရင်မပုံလေး ထည့်သေးသည်။ ရွှေမြန်မာခေါင်းက ဘာမှမပါ။ စာတိုက်ကြီး နှစ်၁၁ဝ ပြည့်ဖြစ်ကြောင်း မြန်မာလိုရိုက်ထားလို့သာ တော်ပါသေးတော့သည်။

.

အထိမ်းအမှတ်အဖြစ် ပို့စကဒ်လေးမျိုးနှင့် FDC ရောင်းသည်ဟု ကြေငြာပါသည်။ စရောင်းရောင်းချင်းပင် FDC ကုန်ပြီတ့ဲ။ ရှေ့မှာ လူဆယ်ယောက်လောက်ဘဲ ရောင်းရသေးသည်ထင်သည်။ (တခု တထောင်ကျပ် ဈေးဖွင့်လို့ရပြီဟု ပြောသံကြားခ့ဲပါသည်)

.

 အကြံပေးရရင် FDC လုပ်ပြီး တသောင်းလောက် ရောင်းသင့်သည်။ ထိုနေ့တွင် မကုန်လျှင် နောက်နေ့မှစ၍ ဈေးတမျိုးဖြင့် မကုန်မချင်း ရောင်းနိုင်ပါသည်။ မန္တလေးသို့ လှမ်းမေးရာ ကုန်ပြီတ့ဲ။ နေပြည်တော်မှာသာ ရလိုက်လို့ တော်ပါသေးသည်။ 

.

ဒီအစိုးရခေတ်အထိ ဒါတွေ မပြောင်းလဲဘူးဆိုရင် မစုဘဲ မနေနိုင်တ့ဲ ကိုယ့်ကိုယ်ကိုဘဲ အပစ်တင်ရပါတော့မည်။


XxXxXx 

(Zawgyi version) 

   ရန္ကုန္စာတိုက္ႀကီး ႏွစ္ ၁၁၀ျပည့္ အထိမ္းအမွတ္တံဆိပ္ေခါင္း တေခါင္း၊ ၂၀၀က်ပ္တန္ထုတ္ပါသည္။ တံဆိပ္ေခါင္း ကြာလတီ ဒီဇိုင္း ထံုးစံအတိုင္း ညံ့ပါသည္။ ဒီဇိုင္းကို ဆုေၾကးအနည္းငယ္ျဖင့္ ၿပိဳင္ပြဲေခၚသင့္ပါၿပီ။ လုပ္တတ္လွ်င္ တေရာင္ထဲနဲ႔ပင္ တံဆိပ္ေခါင္းလွလွ ျဖစ္ပါသည္။ 
.
ပိုဆိုးသည္မွာ တံဆိပ္ေခါင္းေပၚတြင္ ႏိုင္ငံအမည္ လံုးဝ႐ိုက္ႏွိပ္မထားပါ။ ျမန္မာလိုေရာ အဂၤလိပ္လိုပါ မပါပါ။ တံဆိပ္ေခါင္း ပထမဆံုးထုတ္ေသာ အဂၤလန္ႏိုင္ငံေတာင္မွ ဘုရင္မပံုေလး ထည့္ေသးသည္။ ေရႊျမန္မာေခါင္းက ဘာမွမပါ။ စာတိုက္ႀကီး ႏွစ္၁၁ဝ ျပည့္ျဖစ္ေၾကာင္း ျမန္မာလို႐ိုက္ထားလို႔သာ ေတာ္ပါေသးေတာ့သည္။
.
အထိမ္းအမွတ္အျဖစ္ ပို႔စကဒ္ေလးမ်ိဳးႏွင့္ FDC ေရာင္းသည္ဟု ေၾကျငာပါသည္။ စေရာင္းေရာင္းခ်င္းပင္ FDC ကုန္ၿပီတ့ဲ။ ေ႐ွ႕မွာ လူဆယ္ေယာက္ေလာက္ဘဲ ေရာင္းရေသးသည္ထင္သည္။ (တခု တေထာင္က်ပ္ ေစ်းဖြင့္လို႔ရၿပီဟု ေျပာသံၾကားခ့ဲပါသည္)
.
 အၾကံေပးရရင္ FDC လုပ္ၿပီး တေသာင္းေလာက္ ေရာင္းသင့္သည္။ ထိုေန႔တြင္ မကုန္လွ်င္ ေနာက္ေန႔မွစ၍ ေစ်းတမ်ိဳးျဖင့္ မကုန္မခ်င္း ေရာင္းႏိုင္ပါသည္။ မႏၲေလးသို႔ လွမ္းေမးရာ ကုန္ၿပီတ့ဲ။ ေနျပည္ေတာ္မွာသာ ရလိုက္လို႔ ေတာ္ပါေသးသည္။ 
.
ဒီအစိုးရေခတ္အထိ ဒါေတြ မေျပာင္းလဲဘူးဆိုရင္ မစုဘဲ မေနနိုင္တ့ဲ ကိုယ့္ကိုယ္ကိုဘဲ အပစ္တင္ရပါေတာ့မည္။


13 September 2018

သတိရမိတယ်

(Unicode version)

   တာမွေဈေးရှေ့ ညခင်းမှောင်တောင် လူအုပ်စုလိုက် ကားနဲ့လာပြီး အိမ်ပေါ်မှလူကို လှမ်းစိမ်ခေါ်ပြီး ဓားနဲ့ခုတ်သတ်သတ့ဲ။ ကြောက်စရာပါလားကွယ်ရို့။ ပတ်သက်နေသူချင်းဘဲ ဖြစ်မှာပါ။ ခုဖမ်းမိသွားတော့ လူမိုက်ချင်း ငြိကြတာဆိုတော့ တော်သေးတယ်။

.

ဖမ်းမိတ့ဲအုပ်စုခေါင်းဆောင်ကလည်း ရာဇဝင်လူဆိုးဆိုဘဲ။ ရဲကို ဓားခုတ်မှုနဲ့ ထောင်ကျနေတာ ဘယ်လိုလုပ် လွတ်နေသလည်း မသိဘူးတ့ဲ။ ဟိုတလောက ပြန်ပေးဆွဲမှုကလည်း သူ့လက်ချက်ဆိုဘဲ။ ခုတကြိမ် သွားဖမ်းတော့ ပြန်မခုခံတာက ခုတလော ရဲတွေက အဖမ်းရခက်ရင် သေနတ်နဲ့ပစ်လို့ဘဲ ထင်တာဘဲ။ နို့မို့ဆို ဒီလိုလူ လွယ်လွယ်နဲ့ ဘယ်မိမှာတုံး။

.

တရားရုံးရောက်ရင်လည်း သေသူကတယောက်၊ ခုတ်သူက အုပ်စုလိုက်ဆိုတော့ ပြန်လွတ်နိုင်သေးတယ်။ မသကာ တယောက်လောက် အပစ်ခံပြီး ကျန်သူတွေ ချုပ်ရက်နဲ့ ပြန်လွတ်နိုင်တယ်။ သူတို့အားလုံးကလည်း ပတ်သက်ဘူးသူတွေ ဖြစ်နေတတ်တာကိုး။ ညောင်မြစ်တူး ပုတ်သင်ဥပေါ်မှ အခက်။

.

ဥပဒေအရ အမှန်လုပ်ရင်တောင် ထောင်ဆယ်နှစ်လောက် တယောက်ကို ချ၊ သုံးလေးနှစ်နေတော့ လျော့ရက်နဲ့ ပြန်လွတ်လာနိုင်တာဘဲ။ ထောင်ထဲမှာ တသက်လုံး ဖမ်းထားလို့မှ မရတာ။ ဒီအချိန်မှာ တွင်း(၁)ကြီးနဲ့ အဖွဲ့ကို သတိရသဗျာ။ သူတို့ဆို လုပ်တတ်တယ်။

.

တွင်း(၁)တို့ ခေတ်ကသာဆို ''ဒီအုပ်စုကို တိုင်းပြည်မငြိမ်သက်အောင် လုပ်တ့ဲ နိုင်ငံရေးသမားတွေလို့ သတ်မှတ်လိုက်၊ ပြီးတော့ သူတို့မှာ e mail, f mail, g mail အကောင့်တွေရှိလား စစ်လိုက်။ ဘာ မရှိဘူး ဟုတ်လား။ မင်းတို့က ခက်တာဘဲ။ ခုခေတ်က e book, f book, g book ခေတ်ကွ။ ဒါမှ မရှိသေးရင် uk, vk, wk တခုခု ရှိမှာပေါ့ကွာ။ ရဲလုပ်ပြီး ညံ့သေးတာဘဲ။

.

ဘာ‼ ဘာမှ မရှိကြဘူး။ ဒါဆို လွယ်ပါတယ်ကွာ။ သူတို့ပုံတွေနဲ့ အကောင့်တွေ ဖွင့်လိုက်။ ပြီးတော့ ဓားပုံ သေနတ်ပုံတွေ တင်လိုက်။ ပြီးတာဘဲကွာ။ ဒါဆို လုံလောက်ပြီ။ ဒီကောင်တွေကို အီလက်ထရွန်းနစ်ဥပဒေနဲ့ f mail အတွက် ၆၅နှစ်စီ၊ e book အတွက် ၆၅ နှစ်စီ ထောင်ချလိုက် ပြီးပြီပေါ့ကွ။ လျော့ရက်တို့ လွတ်ငြိမ်းချမ်းသာတို့နဲ့ သူတို့မဆိုင်ဘူးလို့ အကျဉ်းဌာနကို ပြောလိုက်ဦး။

.

ဟေ့ မပြီးသေးဘူးကွ။ ဒီကောင်တွေ နိုင်ငံရေးသမားတွေဆိုတော့ အန္တရာယ်များတယ်။ တယောက်စီခွဲပြီး ပူတာအိုတို့ ကျိုင်းတုံတို့ ခန္တီးတို့လို ဝေးတ့ဲနေရာတွေ ပို့လိုက်။ ဒါလေးများ'' လို့ပြောပြီး လက်မလေးထောင်ပြ ရင်လေးကော့ပြီး ထွက်သွားတတ်တ့ဲ တွင်း(၁)ကြီးကို သတိရမိတော့တယ်ဗျာ။



XxXxXx

(Zawgyi version)
 

 တာေမြေစ်းေ႐ွ႕ ညခင္းေမွာင္ေတာင္ လူအုပ္စုလိုက္ ကားနဲ႔လာၿပီး အိမ္ေပၚမွလူကို လွမ္းစိမ္ေခၚၿပီး ဓားနဲ႔ခုတ္သတ္သတ့ဲ။ ေၾကာက္စရာပါလားကြယ္႐ို႔။ ပတ္သက္ေနသူခ်င္းဘဲ ျဖစ္မွာပါ။ ခုဖမ္းမိသြားေတာ့ လူမိုက္ခ်င္း ျငိၾကတာဆိုေတာ့ ေတာ္ေသးတယ္။
.
ဖမ္းမိတ့ဲအုပ္စုေခါင္းေဆာင္ကလည္း ရာဇဝင္လူဆိုးဆိုဘဲ။ ရဲကို ဓားခုတ္မႈနဲ႔ ေထာင္က်ေနတာ ဘယ္လိုလုပ္ လြတ္ေနသလည္း မသိဘူးတ့ဲ။ ဟိုတေလာက ျပန္ေပးဆြဲမႈကလည္း သူ႔လက္ခ်က္ဆိုဘဲ။ ခုတႀကိမ္ သြားဖမ္းေတာ့ ျပန္မခုခံတာက ခုတေလာ ရဲေတြက အဖမ္းရခက္ရင္ ေသနတ္နဲ႔ပစ္လို႔ဘဲ ထင္တာဘဲ။ ႏို႔မို႔ဆို ဒီလိုလူ လြယ္လြယ္နဲ႔ ဘယ္မိမွာတံုး။
.
တရားရံုးေရာက္ရင္လည္း ေသသူကတေယာက္၊ ခုတ္သူက အုပ္စုလိုက္ဆိုေတာ့ ျပန္လြတ္ႏိုင္ေသးတယ္။ မသကာ တေယာက္ေလာက္ အပစ္ခံၿပီး က်န္သူေတြ ခ်ဳပ္ရက္နဲ႔ ျပန္လြတ္ႏိုင္တယ္။ သူတို႔အားလံုးကလည္း ပတ္သက္ဘူးသူေတြ ျဖစ္ေနတတ္တာကိုး။ ေညာင္ျမစ္တူး ပုတ္သင္ဥေပၚမွ အခက္။
.
ဥပေဒအရ အမွန္လုပ္ရင္ေတာင္ ေထာင္ဆယ္နွစ္ေလာက္ တေယာက္ကို ခ်၊ သံုးေလးႏွစ္ေနေတာ့ ေလ်ာ့ရက္နဲ႔ ျပန္လြတ္လာႏိုင္တာဘဲ။ ေထာင္ထဲမွာ တသက္လံုး ဖမ္းထားလို႔မွ မရတာ။ ဒီအခ်ိန္မွာ တြင္း(၁)ႀကီးနဲ႔ အဖြဲ႔ကို သတိရသဗ်ာ။ သူတို႔ဆို လုပ္တတ္တယ္။
.
တြင္း(၁)တို႔ ေခတ္ကသာဆို ''ဒီအုပ္စုကို တိုင္းျပည္မၿငိမ္သက္ေအာင္ လုပ္တ့ဲ နိုင္ငံေရးသမားေတြလို႔ သတ္မွတ္လိုက္၊ ၿပီးေတာ့ သူတို႔မွာ e mail, f mail, g mail အေကာင့္ေတြ႐ွိလား စစ္လိုက္။ ဘာ မ႐ွိဘူး ဟုတ္လား။ မင္းတို႔က ခက္တာဘဲ။ ခုေခတ္က e book, f book, g book ေခတ္ကြ။ ဒါမွ မ႐ွိေသးရင္ uk, vk, wk တခုခု ႐ွိမွာေပါ့ကြာ။ ရဲလုပ္ၿပီး ညံ့ေသးတာဘဲ။
.
ဘာ‼ ဘာမွ မ႐ွိၾကဘူး။ ဒါဆို လြယ္ပါတယ္ကြာ။ သူတို႔ပံုေတြနဲ႔ အေကာင့္ေတြ ဖြင့္လိုက္။ ၿပီးေတာ့ ဓားပံု ေသနတ္ပံုေတြ တင္လိုက္။ ၿပီးတာဘဲကြာ။ ဒါဆို လံုေလာက္ၿပီ။ ဒီေကာင္ေတြကို အီလက္ထရြန္းနစ္ဥပေဒနဲ႔ f mail အတြက္ ၆၅ႏွစ္စီ၊ e book အတြက္ ၆၅ ႏွစ္စီ ေထာင္ခ်လိုက္ ၿပီးၿပီေပါ့ကြ။ ေလ်ာ့ရက္တို႔ လြတ္ၿငိမ္းခ်မ္းသာတို႔နဲ႔ သူတို႔မဆိုင္ဘူးလို႔ အက်ဥ္းဌာနကို ေျပာလိုက္ဦး။
.
ေဟ့ မၿပီးေသးဘူးကြ။ ဒီေကာင္ေတြ ႏိုင္ငံေရးသမားေတြဆိုေတာ့ အႏၲရာယ္မ်ားတယ္။ တေယာက္စီခြဲၿပီး ပူတာအိုတို႔ က်ိဳင္းတံုတို႔ ခႏၲီးတို႔လို ေဝးတ့ဲေနရာေတြ ပို႔လိုက္။ ဒါေလးမ်ား'' လို႔ေျပာၿပီး လက္မေလးေထာင္ျပ ရင္ေလးေကာ့ၿပီး ထြက္သြားတတ္တ့ဲ တြင္း(၁)ႀကီးကို သတိရမိေတာ့တယ္ဗ်ာ။


09 September 2018

နေသာချိန် အတွေး



(Unicode version )


ညကမိုးသည်းသော်လဲ မနက်နေသာနေသည်။ ဒီတော့ မိုးစကုန်တာတော့ မဖြစ်နိုင်သေး၊

.

ခါတိုင်းနှစ်များတွင် မှတ်မိသလောက် မိုးတွင်းတလကျော်လာရင် မိုးနားတတ်သည်။ တခါတလေ နှစ်ရက်သုံးရက်၊ တခါတလေ တပတ်လောက်အထိ။ မိုးနားတာလား။

.

ဒီနှစ် မိုးစရွာကတည်းက ပြတ်တယ် မရှိသေးပါ။ ရွာတိုင်းလည်း ရေကပါသေး။ ရေမြုပ်တ့ဲဒေသတွေ တော်တော်များခ့ဲပြီ။ ဒုက္ခရောက်သူ ရေဘေးသည်တွေလဲ တော်တော်များခ့ဲပြီ။

.

သို့သော် မိုးကုန်ဖို့တော့ စောသေးသည်။ ငယ်ငယ်ကဆို သီတင်းကျွတ်လပြည့်၊ အင်္ဂလိပ်လဆို အောက်တိုဘာအထိ မိုးတွင်း။ နောက်ပိုင်းတော့ ရာသီဥတု ဖောက်ပြန်သဖြင့် မိုးရာသီအချိန် လျော့နည်းသွားသည်ဟု မိုးလေဝသဆရာကြီး ဦးထွန်းလွင်က ဆိုသည်။ စက်တင်ဘာလကုန်အထိလောက်တော့ ရွာစေချင်ပါသေးသည်။

.

ရွာတော့ရွာ၊ မသည်းဘဲ ပုလဲကုံးအရွယ်တမျှပေါ့။ ဒါပေမယ့် လူ့အလို နတ်လိုက်နိုင်ဖို့ မလွယ်။ တွေးနေစဉ်ပင် မိုးတိမ်တသုတ် တက်လာပြန်သဖြင့် အတွေးကို ရပ်လိုက်ရပါ၏။

XxXxXx

(Zawgyi version)

ညကမိုးသည္းေသာ္လဲ မနက္ေနသာေနသည္။ ဒီေတာ့ မိုးစကုန္တာေတာ့ မျဖစ္ႏိုင္ေသး၊
.
ခါတိုင္းႏွစ္မ်ားတြင္ မွတ္မိသေလာက္ မိုးတြင္းတလေက်ာ္လာရင္ မိုးနားတတ္သည္။ တခါတေလ ႏွစ္ရက္သံုးရက္၊ တခါတေလ တပတ္ေလာက္အထိ။ မိုးနားတာလား။
.
ဒီႏွစ္ မိုးစရြာကတည္းက ျပတ္တယ္ မ႐ွိေသးပါ။  ရြာတိုင္းလည္း ေရကပါေသး။ ေရျမဳပ္တ့ဲေဒသေတြ ေတာ္ေတာ္မ်ားခ့ဲၿပီ။ ဒုကၡေရာက္သူ ေရေဘးသည္ေတြလဲ ေတာ္ေတာ္မ်ားခ့ဲၿပီ။
.
သို႔ေသာ္ မိုးကုန္ဖို႔ေတာ့ ေစာေသးသည္။ ငယ္ငယ္ကဆို သီတင္းကြၽတ္လျပည့္၊ အဂၤလိပ္လဆို ေအာက္တိုဘာအထိ မိုးတြင္း။ ေနာက္ပိုင္းေတာ့ ရာသီဥတု ေဖာက္ျပန္သျဖင့္ မိုးရာသီအခ်ိန္ ေလ်ာ့နည္းသြားသည္ဟု မိုးေလဝသဆရာႀကီး ဦးထြန္းလြင္က ဆိုသည္။ စက္တင္ဘာလကုန္အထိေလာက္ေတာ့ ရြာေစခ်င္ပါေသးသည္။
.
ရြာေတာ့ရြာ၊ မသည္းဘဲ ပုလဲကံုးအရြယ္တမွ်ေပါ့။ ဒါေပမယ့္ လူ႔အလို နတ္လိုက္ႏိုင္ဖို႔ မလြယ္။ ေတြးေနစဥ္ပင္ မိုးတိမ္တသုတ္ တက္လာျပန္သျဖင့္ အေတြးကို ရပ္လိုက္ရပါ၏။ 

06 September 2018

မဲပေးကြပါ

(Unicode version)


လွန်ခ့ဲသော တနှစ်ကျော်လောက်က ဗြိတိန် အီးယူမှ ခွဲထွက်မလားဆိုပြီး ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တာ မှတ်မိကြမည်ထင်သည်။ Brexit ဟု သုံးခ့ြဲကသည်။ မဲဆန္ဒထွက်ပေါ်လာသောအခါ အားလုံးအံ့အားသင့်သည့် အဖြေထွက်လာသည်။ ဗြိတိန်က အီးယူမှခွဲထွက်မည့်ဘက်မှ နိုင်သွားသည်။ နောက်ဆက်တွဲဂယက် များစွာ ထွက်ပေါ်လာသည်။ ဗြိတိသျှဝန်ကြီးချုပ် နှုတ်ထွက်သွားရသည်။ ပေါင်ဈေးနှုံး စံချိန်တင်ကျသွားသည်။ စကော့တလန်က ဗြိတိန်မှ ခွဲထွက်သင့် မသင့် စဉ်းစားလာကြပြီ။ နိုင်ငံတကာကုမ္ပဏီကြီးများကလဲ ဥရောပ၏ စီးပွားရေးမြို့တော် လန်ဒန်တွင် ဆက်လက်အခြေစိုက်သင့် မသင့် ဆွေးနွေးနေရပြီ။ မမျှော်မှန်းနိုင်သော နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်သေးသည်။

.

   အရင်းစစ်လိုက်တော့ ခွဲသင့် မခွဲသင့် ဆန္ဒခံယူပွဲတွင် အများစု မခွဲသင့်မှန်းသိသည့် ပြည်သူများက မဲမပေးဖြစ်တာ ပေါ်လာသည်။ ခွဲထွက်လျှင်ဖြစ်ပေါ်မည့် ဆိုးကျိုးများကို သေချာရှင်းမပြကြ။ လူတွေသိလိမ့်မည် ထင်နေသည်။ မခွဲချင်တာ လူအများ ဖြစ်နေတာကတကြောင်း၊ မဖြစ်နိုင်လောက်ဘူး ထင်နေကြတာကတကြောင်း လိုအပ်သည့် မဲမပေးဖြစ်ကြ။ ဟိုဘက်က လူနည်းစုကတော့ ညီညီညွတ်ညွတ်ဖြင့် မဲပေးကြကာ မဲနိုင်သွားကြသည်။ ဖိုင်နယ်ရလာဒ်ထွက်မှ မဲပေးပွဲ ပြန်လုပ်မယ်၊ ဆန္ဒပြမယ် လုပ်ကြသည်။ မရတော့။ တရားဝင် ဆန္ဒခံယူပွဲက ပြီးသွားလေပြီ။

.

အမေရိကန်သမတ ရွေးကောက်ပွဲကျင်းပသည်။ သူတို့ကတော့ ကြိုးစားပန်းစား မဲဆွယ်ကြပါသည်။ ရှေ့လျောက် ဘာလုပ်မည်မသေချာသော သမတလောင်း ဒေါ်နယ်ထရမ့်က နိုင်သွားပါပြီ။ မဲရလာဒ်သေချာသည်နှင့် မြို့ကြီးတော်တော်များများတွင် ထရမ့်ကို ဆန္ဒပြကြသည်။ ကန့်ကွက်မှု ပြုလုပ်ကြသည်။ အခြေခံဥပဒေအရ ခုမှ ကန့်ကွက်လို့ မရတော့ပြီ။ မဲပေးပွဲက ပြီးသွားလေပြီ။

.

   ဟီလာရီဘက်က စမ်းစစ်ကြည့်တော့ သူတို့ရဲ့ အမာခံ၊ ထရမ့်ကို မကြိုက်သူများ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးဖြစ်ကြ။ ဟစ်စပန်းနစ် ခေါ် စပိန်နွယ်ဖွားများ၊ အာဖရိကနွယ်ဝင် အမေရိကန်များနှင့် အထူးသဖြင့် လူငယ်များက မဲမပေးဖြစ်တာကို တွေ့ရသည်ဆိုသည်။ ခုမှ မဲပေး၍ မရနိုင်တော့။ မိမိတို့ တင်ချင်သည့် သမတကို တင်နိုင်ခွင့် လွဲခ့ဲလေပြီ။ ဒီတသက် ပြန်မရနိုင်တော့။

.

   မြန်မာနိုင်ငံတွင်လည်း လာမည့်လေးငါးလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပါတော့မည်။ တတိုင်းပြည်လုံး မဟုတ်သော်လည်း မဲပေးပွဲ ကျင်းပမည့် ဒေသများတွင် မပေါ့ဆသင့်ပါ။ လွှတ်တော်မှာ ငါတို့က အများစုဖြစ်နေပြီဘဲ၊ NLDကို မဲပေးမည့်သူ အများကြီးပါ စသည်ဖြင့်တွေးကြပြီး မဲမပေးခ့ဲလျှင် ဗြိတိန်နှင့် အမေရီးကားမှာလို ဖြစ်သွားနိုင်ပါသည်။ အစိုးရအဖွဲ့ကို တိုက်ရိုက်မထိခိုက်သော်လည်း ဂုဏ်သိက္ခာအပိုင်းတွင် ထိခိုက်မှု ရှိနိုင်သည်။ ပြည်သူအများက အမြဲထောက်ခံနေကြောင်း ပြဖို့လိုပါသည်။ ပွဲပြီးမှ ဘာဖြစ်တယ် ညာဖြစ်တယ် လုပ်နေ၍ မရတော့။ သို့အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အမတ်များအား မပျက်မကွက် မဲပေးသင့်ပါကြောင်း။



မှတ်ချက်။ ။၂၀၁၆ နိုဝင်ဘာက ပို့စ်ကို ပြန်ဆန်းသစ်ပါသည်။

XxXxXx

(Zawgyi version)


လြန္ခ့ဲေသာ တႏွစ္ေက်ာ္ေလာက္က ၿဗိတိန္ အီးယူမွ ခြဲထြက္မလားဆိုၿပီး ျပည္သူ႔ဆႏၵခံယူပြဲ လုပ္တာ မွတ္မိၾကမည္ထင္သည္။ Brexit ဟု သံုးခ့ၾဲကသည္။ မဲဆႏၵထြက္ေပၚလာေသာအခါ အားလံုးအံ့အားသင့္သည့္ အေျဖထြက္လာသည္။ ၿဗိတိန္က အီးယူမွခြဲထြက္မည့္ဘက္မွ ႏိုင္သြားသည္။ ေနာက္ဆက္တြဲဂယက္ မ်ားစြာ ထြက္ေပၚလာသည္။ ၿဗိတိသွ်ဝန္ႀကီးခ်ဳပ္ ႏႈတ္ထြက္သြားရသည္။ ေပါင္ေစ်းႏႈံး စံခ်ိန္တင္က်သြားသည္။ စေကာ့တလန္က ၿဗိတိန္မွ ခြဲထြက္သင့္ မသင့္ စဥ္းစားလာၾကၿပီ။ ႏိုင္ငံတကာကုမၸဏီႀကီးမ်ားကလဲ ဥေရာပ၏ စီးပြားေရးၿမိဳ႕ေတာ္ လန္ဒန္တြင္ ဆက္လက္အေျခစိုက္သင့္ မသင့္ ေဆြးေႏြးေနရၿပီ။ မေမွ်ာ္မွန္းႏိုင္ေသာ ေနာက္ဆက္တြဲမ်ား ျဖစ္ေပၚလာႏိုင္ေသးသည္။
.
   အရင္းစစ္လိုက္ေတာ့ ခြဲသင့္ မခြဲသင့္ ဆႏၵခံယူပြဲတြင္ အမ်ားစု မခြဲသင့္မွန္းသိသည့္ ျပည္သူမ်ားက မဲမေပးျဖစ္တာ ေပၚလာသည္။ ခြဲထြက္လွ်င္ျဖစ္ေပၚမည့္ ဆိုးက်ိဳးမ်ားကို ေသခ်ာ႐ွင္းမျပၾက။ လူေတြသိလိမ့္မည္ ထင္ေနသည္။ မခြဲခ်င္တာ လူအမ်ား ျဖစ္ေနတာကတေၾကာင္း၊ မျဖစ္ႏိုင္ေလာက္ဘူး ထင္ေနၾကတာကတေၾကာင္း လိုအပ္သည့္ မဲမေပးျဖစ္ၾက။ ဟိုဘက္က လူနည္းစုကေတာ့ ညီညီၫြတ္ၫြတ္ျဖင့္ မဲေပးၾကကာ မဲႏိုင္သြားၾကသည္။ ဖိုင္နယ္ရလာဒ္ထြက္မွ မဲေပးပြဲ ျပန္လုပ္မယ္၊ ဆႏၵျပမယ္ လုပ္ၾကသည္။ မရေတာ့။ တရားဝင္ ဆႏၵခံယူပြဲက ၿပီးသြားေလၿပီ။
.
အေမရိကန္သမတ ေရြးေကာက္ပြဲက်င္းပသည္။ သူတို႔ကေတာ့ ႀကိဳးစားပန္းစား မဲဆြယ္ၾကပါသည္။ ေ႐ွ႕ေလ်ာက္ ဘာလုပ္မည္မေသခ်ာေသာ သမတေလာင္း ေဒၚနယ္ထရမ့္က ႏိုင္သြားပါၿပီ။ မဲရလာဒ္ေသခ်ာသည္ႏွင့္ ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားတြင္ ထရမ့္ကို ဆႏၵျပၾကသည္။ ကန္႔ကြက္မႈ ျပဳလုပ္ၾကသည္။ အေျခခံဥပေဒအရ ခုမွ ကန္႔ကြက္လို႔ မရေတာ့ၿပီ။ မဲေပးပြဲက ၿပီးသြားေလၿပီ။
.
   ဟီလာရီဘက္က စမ္းစစ္ၾကည့္ေတာ့ သူတို႔ရဲ႕ အမာခံ၊ ထရမ့္ကို မႀကိဳက္သူမ်ား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မဲမေပးျဖစ္ၾက။ ဟစ္စပန္းနစ္ ေခၚ စပိန္ႏြယ္ဖြားမ်ား၊ အာဖရိကႏြယ္ဝင္ အေမရိကန္မ်ားႏွင့္ အထူးသျဖင့္ လူငယ္မ်ားက မဲမေပးျဖစ္တာကို ေတြ႔ရသည္ဆိုသည္။ ခုမွ မဲေပး၍ မရႏိုင္ေတာ့။ မိမိတို႔ တင္ခ်င္သည့္ သမတကို တင္ႏိုင္ခြင့္ လြဲခ့ဲေလၿပီ။ ဒီတသက္ ျပန္မရႏိုင္ေတာ့။
.
   ျမန္မာႏိုင္ငံတြင္လည္း လာမည့္ေလးငါးလအတြင္း ၾကားျဖတ္ေရြးေကာက္ပြဲ က်င္းပပါေတာ့မည္။ တတိုင္းျပည္လံုး မဟုတ္ေသာ္လည္း မဲေပးပြဲ က်င္းပမည့္ ေဒသမ်ားတြင္ မေပါ့ဆသင့္ပါ။ လႊတ္ေတာ္မွာ ငါတို႔က အမ်ားစုျဖစ္ေနၿပီဘဲ၊ NLDကို မဲေပးမည့္သူ အမ်ားႀကီးပါ စသည္ျဖင့္ေတြးၾကၿပီး မဲမေပးခ့ဲလ်ွင္ ၿဗိတိန္ႏွင့္ အေမရီးကားမွာလို ျဖစ္သြားႏိုင္ပါသည္။ အစိုးရအဖြဲ႔ကို တိုက္႐ိုက္မထိခိုက္ေသာ္လည္း ဂုဏ္သိကၡာအပိုင္းတြင္ ထိခိုက္မႈ ႐ွိႏိုင္သည္။ ျပည္သူအမ်ားက အျမဲေထာက္ခံေနေၾကာင္း ျပဖို႔လိုပါသည္။ ပြဲၿပီးမွ ဘာျဖစ္တယ္ ညာျဖစ္တယ္ လုပ္ေန၍ မရေတာ့။ သို႔အတြက္ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ NLD အမတ္မ်ားအား မပ်က္မကြက္ မဲေပးသင့္ပါေၾကာင္း။

မွတ္ခ်က္။ ။၂၀၁၆ ႏိုဝင္ဘာက ပို႔စ္ကို ျပန္ဆန္းသစ္ပါသည္။

01 September 2018

ဒီမိုကရေစီနဲ့ ညီမညီ



(Unicode version)


ဒေါ်သက်သက်ခိုင်နဲ့ ဦးကျော်ဇေယျ အဖြုတ်ခံရတ့ဲကိစ္စနဲ့ ပတ်သက်လို့ ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ ပြောခွင့်မရှိဘူးလားလို့ ပြောကြပါတယ်။

.

ဒီမိုကရေစီမှာ လွတ်လပ်စွာပြောတယ်ဆိုတာ အစိုးရကို အတိုက်အခံ အနေနဲ့ ဝေဖန်လို့ရတယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကလဲ လွတ်လပ်စွာ ပြောလို့ရတာပါ။ ပါတီတွင်း အစိုးရအတွင်းဆိုရင်တော့ အဖွဲ့ရဲ့ စည်းကမ်းအတိုင်း လှုပ်ရှားရမှာပါ။ မကြေနပ်ထွက်ပေါ့။

.

သတိထားမိသလောက် ပါတီတွင်း လွတ်လပ်စွာပြောဆိုခွင့်ပြုတာ ရှားပါတယ်။ ဒီမိုကရေစီဘိုးအေနှစ်နိုင်ငံရဲ့ ပါတီကြီးတွေတောင် အတွင်းကြိတ်ရှင်းကြဟန်တူပါတယ်။ သာသူက ပါတီအကြီးအကဲဖြစ်လာပြီး ရှုံးတ့ဲသူက ထွက်သွားကြတာဘဲ တွေ့ဘူးပါတယ်။

.

အရှေ့ဘက် နှစ်နိုင်ငံဖြစ်တ့ဲ အန္ဒိယနဲ့ ဂျပန်မှာတော့ အာဏာရပါတီ နှစ်ခြမ်းကွဲတာ တွေ့ဘူးပါတယ်။ နှစ်ဖက် အင်အားမျှကြလို့ ထင်ပါရဲ့။ နောက်တော့လဲ အားသာတ့ဲဘက်ကဘဲ နိုင်သွားတာပါဘဲ။ အာဏာရပါတီဖြစ်လို့ အစိုးရလုပ်နေချိန်တောင် အချင်းချင်းစိန်ခေါ်ပြီး ပါတီတွင်း မဲခွဲဆုံးဖြတ်ပါတယ်။ ရှုံးသူလစ်ပြီး နိုင်သူက ပါတီအကြီးအကဲသာမက အစိုးရအကြီးအကဲပါ ဖြစ်လာပါတယ်။

.

ဒီလိုသာ ပြောခွင့်မပြု လုပ်နေရင် NLD ပျက်မယ်လို့ ပွားကြပါဦးမယ်။ NLDဆိုတာ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ။ သူမကို ယှဉ်နိုင်တ့ဲသူ မြင်ကိုမမြင်သေးပါ။ သူမ စိတ်ရှိလို့ လှုပ်ရှားနေသ၍ ယှဉ်နိုင်သူ ပေါ်မယ်လဲ မထင်ပါ။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နေသ၍ NLD မပျက်နိုင်ပါ။

XxXxXx

(Zawgyi version)

ေဒၚသက္သက္ခိုင္နဲ႔ ဦးေက်ာ္ေဇယ် အျဖဳတ္ခံရတ့ဲကိစၥနဲ႔ ပတ္သက္လို႔ ဒီမိုကေရစီေခတ္မွာ လြတ္လပ္စြာ ေျပာခြင့္မ႐ွိဘူးလားလို႔ ေျပာၾကပါတယ္။
.
ဒီမိုကေရစီမွာ လြတ္လပ္စြာေျပာတယ္ဆိုတာ အစိုးရကို အတိုက္အခံ အေနနဲ႔ ေဝဖန္လို႔ရတယ္။ မီဒီယာေတြနဲ႔ ျပည္သူေတြကလဲ လြတ္လပ္စြာ ေျပာလို႔ရတာပါ။ ပါတီတြင္း အစိုးရအတြင္းဆိုရင္ေတာ့ အဖြဲ႔ရဲ႕ စည္းကမ္းအတိုင္း လႈပ္႐ွားရမွာပါ။ မေၾကနပ္ထြက္ေပါ့။
.
သတိထားမိသေလာက္ ပါတီတြင္း လြတ္လပ္စြာေျပာဆိုခြင့္ျပဳတာ ႐ွားပါတယ္။ ဒီမိုကေရစီဘိုးေအႏွစ္ႏိုင္ငံရဲ႕ ပါတီႀကီးေတြေတာင္ အတြင္းႀကိတ္႐ွင္းၾကဟန္တူပါတယ္။ သာသူက ပါတီအႀကီးအကဲျဖစ္လာၿပီး ႐ွံုးတ့ဲသူက ထြက္သြားၾကတာဘဲ ေတြ႔ဘူးပါတယ္။
.
အေ႐ွ႕ဘက္ ႏွစ္ႏိုင္ငံျဖစ္တ့ဲ အႏၵိယနဲ႔ ဂ်ပန္မွာေတာ့ အာဏာရပါတီ ႏွစ္ျခမ္းကြဲတာ ေတြ႔ဘူးပါတယ္။ ႏွစ္ဖက္ အင္အားမွ်ၾကလို႔ ထင္ပါရဲ႕။ ေနာက္ေတာ့လဲ အားသာတ့ဲဘက္ကဘဲ ႏိုင္သြားတာပါဘဲ။ အာဏာရပါတီျဖစ္လို႔ အစိုးရလုပ္ေနခ်ိန္ေတာင္ အခ်င္းခ်င္းစိန္ေခၚၿပီး ပါတီတြင္း မဲခြဲဆံုးျဖတ္ပါတယ္။ ႐ွံုးသူလစ္ၿပီး ႏိုင္သူက ပါတီအႀကီးအကဲသာမက အစိုးရအႀကီးအကဲပါ ျဖစ္လာပါတယ္။
.
ဒီလိုသာ ေျပာခြင့္မျပဳ လုပ္ေနရင္ NLD ပ်က္မယ္လို႔ ပြားၾကပါဦးမယ္။ NLDဆိုတာ လက္႐ွိမွာ ေဒၚေအာင္ဆန္းစုၾကည္ပါဘဲ။ သူမကို ယွဥ္ႏိုင္တ့ဲသူ ျမင္ကိုမျမင္ေသးပါ။ သူမ စိတ္႐ွိလို႔ လႈပ္႐ွားေနသ၍ ယွဥ္ႏိုင္သူ ေပၚမယ္လဲ မထင္ပါ။ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ေနသ၍ NLD မပ်က္ႏိုင္ပါ။