26 November 2012

အိုဘားမား နဲ့ မြန်မာတွေ

(Unicode version )

မြန်မာတွေ မျှော်နေတ့ဲ အိုဘားမားပြန်သွားတာ တစ်ပါတ်ပြည့်သွားပါပြီ။ အိုဘားမားလာသွားတ့ဲ အဲဒီ နို၀င်ဘာ ၁၉ ရက်နေ့ကိုတော့ မြန်မာနိုင်ငံဆိုင်ရာ အိုဘားမားနေ့လို့ သတ်မှတ်လို့ရအောင်ကို မြန်မာတွေ စိတ်၀င်စားမှုပြခ့ဲကြပါတယ်။ ပြည်ပအားကိုး ပုဆိန်ရိုးလို့ပြောခ့ဲဘူးတ့ဲ သူတွေလဲ ရောရောင်ပြီး မြန်မာ-အမေရိကန် ဆက်ဆံရေးကောင်းအောင်၊ ဒီလိုဖြစ်အောင် အယင် စစ်အစိုးရ လက်ထက်ကတည်းက စီစဉ်ဆောင်ရွက်နေ သယောင် အင်တာဗျူးမှာ ဖြေခ့ဲတ့ဲသူတောင် ရှိပါတယ်။



အိုဘားမား ဒီကိုလာတာ မြန်မာပြည်အတွက်လဲ အဓိကမဟုတ်နိုင်ပါ။ ဦးသိန်းစိန်တို့ အစိုးရအတွက်ကတော့ ပိုလို့တောင် မဖြစ်နိုင်ပါ။ အမေရိကန်အကျိုးစီးပွားအတွက်ဆိုတာတောင် ဒုတိယဦးစားပေးဘဲ ဖြစ်မှာပါ။ တက့ဲရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို ( ဗိုလ်ချုပ်တွေအကြိုက်သုံးရယင် ) လာ ဂါရ၀ပြုတာပါဘဲ။ အမေရိကန် သမ္မတတစ်ဦးအနေနဲ့ သာမန်နိုင်ငံခြားသားတစ်ဦးရဲ့ အိမ်ကိုသွားလည်တာ အလွန်ရှားမယ် ထင်တယ်။ ဒါကိုက ဒေါ်စုဟာ သာမန်လူ မဟုတ်ဘူးဆိုတာ မသိချင်ယောင်ဆောင်နေသူတွေ သိသင့်ပြီ။



အိုဘားမားရဲ့ခရီးစဉ်မှာ ပြောကျန်အရစ်ဆုံးကတော့ ဒေါ်စု ပါးကို နမ်းသွားတ့ဲ ကိစ္စပါဘဲ။ ရိုးသားတ့ဲ ရှေးရိုးဗမာတွေ မျက်စိထဲမှာ နှမြောနေကြဟန်တူရဲ့။ နိုင်ငံတကာမှာတော့ မထူးတော့တ့ဲအပြင် နိုင်ငံခြား သတင်းစာတော်တော်များများမှာ အဖုံးမှာကို ဂုဏ်ယူ ဖေါ်ပြကြတာ တွေ့မိပါတယ်။ သတင်းစာမျက်နှာဖုံး သတင်း ဆိုတာကို သိတ့ဲနိုင်ငံတွေမှာပေါ့။ တစ်ချို့တွေကတော့ သိကို မသိနိုင်ကြပါဘူး။ စိတ်ထဲ ဒီပုံကိုမြင်လို့ ခုနေကြတ့ဲသူတွေကို စိတ်ဖြေလေးပြောပြချင်ပါတယ်။ ဒီအနမ်းဟာ ဒေါ်လာ သန်း ၁၇၀ တန်သွားပါတယ်။



နောက်စိတ်၀င်စားကြတာက အိုဘားမားရဲ့ကား ကိုပါဘဲ။ ဂျာနယ်တော်တော်များများမှာလဲ ထည့်ကြပါတယ်။ Blogger တစ်ယောက်ကဆို ဂျာနယ်တစ်စောင်က သူ့ Post ကယူတယ်ဆိုပြီး ဒေါသထွက်နေပါတယ်။ ကျွန်တော်ဆိုယင်တော့ ဒေါသမထွက်တ့ဲအပြင် ဂုဏ်ယူနေရမှာပါ။ ကျွန်တော့ဘလော့ကို ဖတ်တ့ဲသူ သိတ်မရှိဘူးလေ။ ဟုတ်တော့ဟုတ်ပါတယ်။ ဘယ်ကယူတယ်ဆိုတာလေးတော့ Credit ပေးတ့ဲအနေနဲ့ ဖေါ်ပြပေး သင့်ပါတယ်။



အိုဘားမားကတော့ ပြန်သွားတာ အိမ်ရောက်နေပါပြီ။ အသေအချာပါဘဲ။ ဒီမှာတော့ အိုဘားမား လာသွားတာ ဘာကျန်ရစ်သလဲဆိုပြီး မေးနေကြပါတယ်။ ကျွန်တော်စဉ်းစားမိသလောက်ကတော့ ......



၁။ ဦးသိန်းစိန်ခေါင်းဆောင်တ့ဲ အစိုးရပိုင်းကတော့ ငါတို့ရဲ့ပြောင်းလဲရေးလမ်းစဉ်ကို ကမ္ဘာက အသိအမှတ်ပြု လာပြီဆိုပြီး ကြေနပ်နေပါတယ်။

၂။ အတိုက်အခံတွေကလဲ ငါတို့ ၂၅နှစ်လုံးလုပ်လာတာ ဒီမိုကရေစီဘိုးအေကြီးက အသိအမှတ်ပြုပြီ ဆိုပြီး ကြေနပ်နေပါတယ်။

၃။ ရန်ကုန်တက္ကသိုလ် ( R.A.S.U.ခေတ်က ) ထွက်တွေကလဲ ငါတို့တက္ကသိုလ်ကြီးကို ကမ္ဘာ့အဆင့် ပြန်ဖြစ်တော့မယ်ဆိုပြီး ပျော်ကျန်ရစ်ပါတယ်။

၄။ ရန်ကုန်သားတွေကလဲ ဒင်းတို့ နေပြည်တော်ကို ကမ္ဘာကမသိပါဘူး၊ ငါတို့ရန်ကုန်ကိုဘဲ အသိအမှတ်ပြုပြီး Infrastructure တွေတောင်ပြင်ပေးတော့မယ်ဆိုပြီး ကြေနပ်နေကြပါတယ်။

၅။ အလုပ်မျှော်နေကြသူတွေကလဲ အမေရိကန် ကုမ္ပဏီတွေလာယင် အလုပ်တွေ လခကောင်းကောင်းနဲ့ လုပ်ရတော့မယ်ဆိုပြီး ကြေနပ်နေကြပါတယ်။

၆။ လူပျင်းတွေလဲ အစိုးရအလုပ်ထဲမှာ အယင်လိုနှပ်နေယင်း အာဆီယံလခလောက် ရတော့မယ်ဆိုပြီး မျှော်နေကြပါတယ်။

၇။ Crony ကြီးတွေလဲ ရိတ်စရာ ခွင်တွေလာတော့မယ်ဆိုပြီး မြေတွေသိမ်းကြုံး၀ယ်ကာ စောင့်နေကြပါတယ်။

၈။ ကားကောင်းကြိုက်သူတွေ၊ အစားကောင်းကြိုက်သူတွေလဲ အ မေရိကန် Made တွေ လာတော့မယ်ဆိုပြီး မျှော်ယင်းပျော်နေကြပါတယ်။



အားလုံးကတော့ ကိုယ့်အတွေးတွေနဲ့ ကိုယ်ကြေနပ်နေကြပါတယ်။ တကယ်က ဘာမျှဖြစ်မလာသေးပါ။ ဒီလိုအများစုကြီး ပျော်အောင်လုပ်ပေးသွားတ့ဲ အိုဘားမားကဘဲ တော်တာလား၊ ဒီလိုနဲ့ မင်းလောင်းမျှော်ယင်း ပျော်နေတတ်တ့ဲ မြန်မာတွေက ( ရွှေမြန်မာတွေဘဲ၊ မရှော်နိုင်ပါဘူးလေ) မတော်တာလား မတွေးတတ်တော့ပါဗျာ။



အမေစုရေ ကယ်ပါဦး ။ ။



P.S. ။ ။အဲဒီ ၁၉ရက်နေ့က Internet Connection ကောင်းနေသည့်အတွက် MPT ကြီးကို ကျေးဇူးတင်ကြောင်း မမေ့မလျှော့ ပြောပါရစေဗျာ။


XxXxXx

(Zawgyi version)

ျမန္မာေတြ ေမွ်ာ္ေနတ့ဲ အိုဘားမားျပန္သြားတာ တစ္ပါတ္ျပည့္သြားပါၿပီ။ အိုဘားမားလာသြားတ့ဲ အဲဒီ ႏို၀င္ဘာ ၁၉ ရက္ေန႔ကိုေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ အိုဘားမားေန႔လို႔ သတ္မွတ္လို႔ရေအာင္ကို ျမန္မာေတြ စိတ္၀င္စားမႈျပခ့ဲၾကပါတယ္။ ျပည္ပအားကိုး ပုဆိန္႐ိုးလို႔ေျပာခ့ဲဘူးတ့ဲ သူေတြလဲ   ေရာေရာင္ၿပီး ျမန္မာ-အေမရိကန္ ဆက္ဆံေရးေကာင္းေအာင္၊ ဒီလိုျဖစ္ေအာင္ အယင္ စစ္အစိုးရ လက္ထက္ကတည္းက စီစဥ္ေဆာင္႐ြက္ေန သေယာင္ အင္တာဗ်ဴးမွာ ေျဖခ့ဲတ့ဲသူေတာင္ ႐ွိပါတယ္။

အိုဘားမား ဒီကိုလာတာ ျမန္မာျပည္အတြက္လဲ အဓိကမဟုတ္ႏိုင္ပါ။ ဦးသိန္းစိန္တို႔ အစိုးရအတြက္ကေတာ့ ပိုလို႔ေတာင္ မျဖစ္ႏိုင္ပါ။ အေမရိကန္အက်ိဳးစီးပြားအတြက္ဆိုတာေတာင္ ဒုတိယဦးစားေပးဘဲ ျဖစ္မွာပါ။ တက့ဲရည္႐ြယ္ခ်က္က ေဒၚေအာင္ဆန္းစုၾကည္ကို ( ဗိုလ္ခ်ဳပ္ေတြအႀကိဳက္သံုးရယင္ ) လာ  ဂါရ၀ျပဳတာပါဘဲ။ အေမရိကန္ သမၼတတစ္ဦးအေနနဲ႔ သာမန္ႏိုင္ငံျခားသားတစ္ဦးရဲ့ အိမ္ကိုသြားလည္တာ အလြန္႐ွားမယ္ ထင္တယ္။ ဒါကိုက ေဒၚစုဟာ သာမန္လူ မဟုတ္ဘူးဆိုတာ မသိခ်င္ေယာင္ေဆာင္ေနသူေတြ သိသင့္ၿပီ။

အိုဘားမားရဲ့ခရီးစဥ္မွာ ေျပာက်န္အရစ္ဆံုးကေတာ့ ေဒၚစု ပါးကို နမ္းသြားတ့ဲ ကိစၥပါဘဲ။ ႐ိုးသားတ့ဲ    ေ႐ွး႐ိုးဗမာေတြ မ်က္စိထဲမွာ ႏွေျမာေနၾကဟန္တူရဲ့။  ႏိုင္ငံတကာမွာေတာ့ မထူးေတာ့တ့ဲအျပင္ ႏိုင္ငံျခား သတင္းစာေတာ္ေတာ္မ်ားမ်ားမွာ အဖံုးမွာကို ဂုဏ္ယူ ေဖၚျပၾကတာ ေတြ႔မိပါတယ္။ သတင္းစာမ်က္ႏွာဖံုး သတင္း ဆိုတာကို သိတ့ဲႏိုင္ငံေတြမွာေပါ့။ တစ္ခ်ိဳ႕ေတြကေတာ့ သိကို မသိႏိုင္ၾကပါဘူး။ စိတ္ထဲ ဒီပံုကိုျမင္လို႔ ခုေနၾကတ့ဲသူေတြကို စိတ္ေျဖေလးေျပာျပခ်င္ပါတယ္။ ဒီအနမ္းဟာ ေဒၚလာ သန္း ၁၇၀ တန္သြားပါတယ္။

ေနာက္စိတ္၀င္စားၾကတာက အိုဘားမားရဲ့ကား ကိုပါဘဲ။ ဂ်ာနယ္ေတာ္ေတာ္မ်ားမ်ားမွာလဲ ထည့္ၾကပါတယ္။ Blogger တစ္ေယာက္ကဆို ဂ်ာနယ္တစ္ေစာင္က သူ႔ Post ကယူတယ္ဆိုၿပီး ေဒါသထြက္ေနပါတယ္။ ကၽြန္ေတာ္ဆိုယင္ေတာ့ ေဒါသမထြက္တ့ဲအျပင္ ဂုဏ္ယူေနရမွာပါ။  ကၽြန္ေတာ့ဘေလာ့ကို ဖတ္တ့ဲသူ သိတ္မ႐ွိဘူးေလ။ ဟုတ္ေတာ့ဟုတ္ပါတယ္။ ဘယ္ကယူတယ္ဆိုတာေလးေတာ့ Credit ေပးတ့ဲအေနနဲ႔ ေဖၚျပေပး သင့္ပါတယ္။

အိုဘားမားကေတာ့ ျပန္သြားတာ အိမ္ေရာက္ေနပါၿပီ။ အေသအခ်ာပါဘဲ။ ဒီမွာေတာ့ အိုဘားမား လာသြားတာ ဘာက်န္ရစ္သလဲဆိုၿပီး ေမးေနၾကပါတယ္။ ကၽြန္ေတာ္စဥ္းစားမိသေလာက္ကေတာ့ ......

၁။ ဦးသိန္းစိန္ေခါင္းေဆာင္တ့ဲ အစိုးရပိုင္းကေတာ့ ငါတို႔ရဲ့ေျပာင္းလဲေရးလမ္းစဥ္ကို ကမာၻက အသိအမွတ္ျပဳ  လာၿပီဆိုၿပီး ေၾကနပ္ေနပါတယ္။
၂။ အတိုက္အခံေတြကလဲ ငါတို႔ ၂၅ႏွစ္လံုးလုပ္လာတာ ဒီမိုကေရစီဘိုးေအႀကီးက အသိအမွတ္ျပဳၿပီ ဆိုၿပီး ေၾကနပ္ေနပါတယ္။
၃။ ရန္ကုန္တကၠသိုလ္ ( R.A.S.U.ေခတ္က ) ထြက္ေတြကလဲ ငါတို႔တကၠသိုလ္ႀကီးကို ကမာၻ႔အဆင့္ ျပန္ျဖစ္ေတာ့မယ္ဆိုၿပီး ေပ်ာ္က်န္ရစ္ပါတယ္။
၄။ ရန္ကုန္သားေတြကလဲ ဒင္းတို႔ ေနျပည္ေတာ္ကို ကမာၻကမသိပါဘူး၊ ငါတို႔ရန္ကုန္ကိုဘဲ အသိအမွတ္ျပဳၿပီး Infrastructure ေတြေတာင္ျပင္ေပးေတာ့မယ္ဆိုၿပီး ေၾကနပ္ေနၾကပါတယ္။
၅။ အလုပ္ေမွ်ာ္ေနၾကသူေတြကလဲ အေမရိကန္ ကုမၸဏီေတြလာယင္ အလုပ္ေတြ လခေကာင္းေကာင္းနဲ႔ လုပ္ရေတာ့မယ္ဆိုၿပီး ေၾကနပ္ေနၾကပါတယ္။
၆။  လူပ်င္းေတြလဲ အစိုးရအလုပ္ထဲမွာ အယင္လိုႏွပ္ေနယင္း အာဆီယံလခေလာက္ ရေတာ့မယ္ဆိုၿပီး ေမွ်ာ္ေနၾကပါတယ္။
၇။ Crony ႀကီးေတြလဲ ရိတ္စရာ ခြင္ေတြလာေတာ့မယ္ဆိုၿပီး   ေျမေတြသိမ္းႀကံဳး၀ယ္ကာ   ေစာင့္ေနၾကပါတယ္။
၈။ ကားေကာင္းၾကိဳက္သူေတြ၊ အစားေကာင္းႀကိဳက္သူေတြလဲ အ ေမရိကန္ Made ေတြ လာေတာ့မယ္ဆိုၿပီး ေမွ်ာ္ယင္းေပ်ာ္ေနၾကပါတယ္။

အားလံုးကေတာ့ ကိုယ့္အေတြးေတြနဲ႔ ကိုယ္ေၾကနပ္ေနၾကပါတယ္။ တကယ္က ဘာမွ်ျဖစ္မလာေသးပါ။  ဒီလိုအမ်ားစုႀကီး ေပ်ာ္ေအာင္လုပ္ေပးသြားတ့ဲ အိုဘားမားကဘဲ ေတာ္တာလား၊ ဒီလိုနဲ႔ မင္းေလာင္းေမွ်ာ္ယင္း ေပ်ာ္ေနတတ္တ့ဲ ျမန္မာေတြက ( ေ႐ႊျမန္မာေတြဘဲ၊ မေ႐ွာ္ႏိုင္ပါဘူးေလ) မေတာ္တာလား မေတြးတတ္ေတာ့ပါဗ်ာ။

အေမစုေရ ကယ္ပါဦး ။        ။

P.S. ။   ။အဲဒီ ၁၉ရက္ေန႔က Internet Connection ေကာင္းေနသည့္အတြက္ MPT ႀကီးကို ေက်းဇူးတင္ေၾကာင္း မေမ့မေလွ်ာ့ ေျပာပါရေစဗ်ာ။




23 November 2012

အလှု



(Unicode version)

အလှုတစ်ခုမှာ တွေ့ခ့ဲရတာလေးတွေပါ။ မိဘမ့ဲ ကလေးတွေကို ဘော်ဒါလိုထားပြီး စာသင်ပေးနေတ့ဲ ဘက ကျောင်းတစ်ခုမှာပေါ့။ ဒီကျောင်းက တော်ပါသေးတယ်လို့လဲ ပြောကြပါတယ်။ တစ်ချို့ကျောင်းတွေဆို ထမင်းနှစ်နပ်မကြွေးနိုင်လို့ ကိုရင် (သို့) သီလရင် ၀တ်မှ လက်ခံနိုင်တယ်တ့ဲ။ တစ်ခါတစ်ရံလှုနိုင်အောင် ကြိုးပမ်းယင်း သူတို့တွေအတွက် အလှုရှင်များများပေါ်ပေါက်ပါစေလို့ ဆုတောင်းတာကလွဲယင် ကျွန်တော်လဲ ပိုမတတ်နိုင်တော့ပါ။

XxXxXx

(Zawgyi version)

အလႈတစ္ခုမွာ ေတြ႔ခ့ဲရတာေလးေတြပါ။ မိဘမ့ဲ ကေလးေတြကို ေဘာ္ဒါလိုထားၿပီး စာသင္ေပးေနတ့ဲ ဘက ေက်ာင္းတစ္ခုမွာေပါ့။ ဒီေက်ာင္းက ေတာ္ပါေသးတယ္လို႔လဲ ေျပာၾကပါတယ္။ တစ္ခ်ိဳ႕ေက်ာင္းေတြဆို ထမင္းႏွစ္နပ္မေႀကြးႏိုင္လို႔ ကိုရင္ (သို႔) သီလရင္ ၀တ္မွ လက္ခံႏိုင္တယ္တ့ဲ။ တစ္ခါတစ္ရံလႈႏိုင္ေအာင္ ႀကိဳးပမ္းယင္း သူတို႔ေတြအတြက္ အလႈ႐ွင္မ်ားမ်ားေပၚေပါက္ပါေစလို႔ ဆုေတာင္းတာကလြဲယင္ ကၽြန္ေတာ္လဲ ပိုမတတ္ႏိုင္ေတာ့ပါ။

16 November 2012

၂၀၀၈ ဥပဒေ

(Unicode version)

                   ယနေ့အထိ တရား၀င်ကျင့်သုံးနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းပြောလိုပါသည်။ ဤဥပဒေကို မြန်မာနိုင်ငံသား ၉၅%ခန့်က ထောက်ခံခ့ဲသည် ဆိုသော်လည်း တက့ဲအစစ်အမှန် ထောက်ခံမှုကို ယခင်စစ်တပ်အစိုးရနှင့် အတူ လက်ရှိ အစိုးရ လဲ သိပါသည်။

                  ဤ ဥပဒေသည် လက်ရှိ အချိန်အခါနှင့် မကိုက်ညီကြောင်းကို လက်ရှိအစိုးရ၊ လွှတ်တော် နှင့် ပြည်သူအားလုံးကသိပါသည်။ တချိန်ချိန်တွင် ပြင်ဆင်ရမည်ကိုလဲ အားလုံးက သိပါသည်။ သမ္မတ အပါအ၀င် အများစုက ပြင်ဆင်ရန်လိုအပ်ကြောင်း အင်တာဗျူးများတွင် တရား၀င်လဲ ပြောခ့ဲကြပါပြီ။ 

                  လူတွေ လက်ခံထားရသည့် အချက်မှာ ( မကြိုက်သော်လည်း ) လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် ကြီးစိုးနေသူများမှာ ကြံ့ဖွံ့ အဖွဲ့ဖြစ်နေပါသည်။ ထို့အတွက် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြံ့ဖွံ့အဖွဲ့မှ လွှတ်တော်သို့ တင်သွင်းသင့်ပါသည်။ နိုင်ငံရေးပါး ၀ ရန်လိုပါသည်။ တချိန်ချိန်တွင် ပြင်ဆင်ရမည့် ဥပဒေတစ်ခုကို ငါတို့ လုပ်ပေးခ့ဲသည် ဆိုသော အဖြစ်မျိုး မလိုချင်ကြဘူးလား။ ၁၉၈၈ တုံးကလို ပြည်သူအားလုံးလက်မခံမှ ပြင်ပေးမည်ဆိုသော နိုင်ငံရေးည့ံဖျင်းမှုမျိုး သမိုင်းတစ်ပါတ် မလည်သင့်တော့ပါ။

                     လက်ရှိ ပြည်ခိုင်ဖြိုး ယာယီဥက္ကဌ ၊ လွှတ်တော် ဥက္ကဌကြီးကလဲ သဘောပေါက်သင့်ပြီ။ အပြောင်းအလဲကို တကယ်ဖြစ်စေချင်သည်ဟု အကြိမ်ကြိမ်ပြောနေသော်လည်း တကယ်အရေးအကြီးဆုံးကို ဘာကြောင့် လွဲချော်နေသည် မသိပါ။ သူဦးဆောင်၍ လှုပ်ရှားလိုက်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် တိုးတက်လာမှာ အသေအချာ။ တကယ်အပြောင်းအလဲ ၏အချုပ်ကို မသိတာတော့ မဖြစ်နိုင်ပါ။

                      ဒီတော့ ကျွန်တော်ထင်လာတာ တစ်ခုရှိသည်။ နောက်ပြန်သွားချင်နေကြသူများက အားသာနေသလား။ သိုမဟုတ် သူတို့၏ ခေါင်းကိုင်ဖခင်ကြီး သေသည်အထိ စောင့်နေကြသလား။ " ဟေ့ ကောင်တွေ။ ငါသေမှ ဒီ ကုလားမ ခေါင်းဆောင်လုပ်ပေ့စေ" လို့ ပြောထား၍ အချိန်ဆွဲနေကြတာလား။ ကျွန်တော်တော့ မသိတာ အမှန်ပါ။

                        စဉ်းစားစေချင်ပါသည်။ ယနေ့ ကမ္ဘာကြီးတွင် စက္ကန့်နှင့်အမျှ တိုးတက်နေကြပါသည်။ တစ်စက္ကန့်နောက်ကျလျှင် တော်တော် လိုက်ယူရပါမည်။ မြန်မာနိုင်ငံသည် နှစ် ၅၀ နောက်ကျ ကျန်နေခ့ဲပါပြီ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသော ဆိုင်းဘုဒ်ထောင်ယုံဖြင့် ဘာမှ လုပ်၍မရမှန်း လူတိုင်းသိသည့် ခေတ်ရောက်နေပါပြီ။ ကျွန်တော်တို့ တော်တော့်ကို ခေတ်မှီရန် လုပ်ရပါဦးမည်။ အဖေကြီး ညွှန်ကြားသည်အထိ စောင့်နေကြဦးမှာ လားဟု ကြံ့ဖွ့ံများကို မေးလိုပါကြောင်း။ ။



XxXxXx

(Zawgyi version )

                  ယေန႔အထိ တရား၀င္က်င့္သံုးေနေသာ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပံုအေျခခံဥပေဒ အေၾကာင္းေျပာလိုပါသည္။ ဤဥပေဒကို ျမန္မာႏိုင္ငံသား ၉၅%ခန္႔က ေထာက္ခံခ့ဲသည္ ဆိုေသာ္လည္း တက့ဲအစစ္အမွန္ ေထာက္ခံမႈကို ယခင္စစ္တပ္အစိုးရႏွင့္ အတူ လက္ရွိ အစိုးရ လဲ သိပါသည္။
                  ဤ ဥပေဒသည္ လက္ရွိ အခ်ိန္အခါႏွင့္ မကိုက္ညီေၾကာင္းကို လက္ရွိအစိုးရ၊ လႊတ္ေတာ္ ႏွင့္ ျပည္သူအားလံုးကသိပါသည္။ တခ်ိန္ခ်ိန္တြင္ ျပင္ဆင္ရမည္ကိုလဲ အားလံုးက သိပါသည္။ သမၼတ အပါအ၀င္ အမ်ားစုက ျပင္ဆင္ရန္လိုအပ္ေၾကာင္း အင္တာဗ်ဴးမ်ားတြင္ တရား၀င္လဲ ေျပာခ့ဲၾကပါၿပီ။  
                  လူေတြ လက္ခံထားရသည့္ အခ်က္မွာ ( မႀကိဳက္ေသာ္လည္း )  လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႔တြင္  ႀကီးစိုးေနသူမ်ားမွာ ႀကံ့ဖြံ႔ အဖြဲ႔ျဖစ္ေနပါသည္။ ထို႔အတြက္ လက္ရွိ အေျခခံဥပေဒကို ျပင္ဆင္ရန္ ႀကံ့ဖြံ႔အဖြဲ႔မွ လႊတ္ေတာ္သို႔ တင္သြင္းသင့္ပါသည္။ ႏိုင္ငံေရးပါး ၀ ရန္လိုပါသည္။ တခ်ိန္ခ်ိန္တြင္ ျပင္ဆင္ရမည့္ ဥပေဒတစ္ခုကို ငါတို႔ လုပ္ေပးခ့ဲသည္ ဆိုေသာ အျဖစ္မ်ိဳး မလိုခ်င္ၾကဘူးလား။ ၁၉၈၈ တံုးကလို   ျပည္သူအားလံုးလက္မခံမွ ျပင္ေပးမည္ဆိုေသာ  ႏိုင္ငံေရးည့ံဖ်င္းမႈမ်ိဳး သမိုင္းတစ္ပါတ္ မလည္သင့္ေတာ့ပါ။
                     လက္ရွိ ျပည္ခိုင္ၿဖိဳး ယာယီဥကၠဌ ၊ လႊတ္ေတာ္ ဥကၠဌႀကီးကလဲ သေဘာေပါက္သင့္ၿပီ။ အေျပာင္းအလဲကို တကယ္ျဖစ္ေစခ်င္သည္ဟု အႀကိမ္ႀကိမ္ေျပာေနေသာ္လည္း တကယ္အေရးအႀကီးဆံုးကို ဘာေၾကာင့္ လြဲေခ်ာ္ေနသည္ မသိပါ။ သူဦးေဆာင္၍ လႈပ္ရွားလိုက္ပါက ၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုးတက္လာမွာ အေသအခ်ာ။ တကယ္အေျပာင္းအလဲ ၏အခ်ဳပ္ကို မသိတာေတာ့ မျဖစ္ႏိုင္ပါ။
                      ဒီေတာ့ ကၽြန္ေတာ္ထင္လာတာ တစ္ခုရွိသည္။ ေနာက္ျပန္သြားခ်င္ေနၾကသူမ်ားက အားသာေနသလား။ သိုမဟုတ္ သူတို႔၏ ေခါင္းကိုင္ဖခင္ႀကီး   ေသသည္အထိ ေစာင့္ေနၾကသလား။  " ေဟ့ ေကာင္ေတြ။ ငါေသမွ ဒီ ကုလားမ ေခါင္းေဆာင္လုပ္ေပ့ေစ" လို႔ ေျပာထား၍ အခ်ိန္ဆြဲေနၾကတာလား။     ကၽြန္ေတာ္ေတာ့ မသိတာ အမွန္ပါ။
                        စဥ္းစားေစခ်င္ပါသည္။ ယေန႔ ကမာၻႀကီးတြင္ စကၠန္႔ႏွင့္အမွ် တိုးတက္ေနၾကပါသည္။ တစ္စကၠန္႔ေနာက္က်လွ်င္ ေတာ္ေတာ္ လိုက္ယူရပါမည္။ ျမန္မာႏိုင္ငံသည္ ႏွစ္ ၅၀ ေနာက္က် က်န္ေနခ့ဲပါၿပီ။ ေခတ္မွီဖြံ႔ျဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္သစ္ဆီသို႔ ဆိုေသာ ဆိုင္းဘုဒ္ေထာင္ယံုျဖင့္ ဘာမွ လုပ္၍မရမွန္း လူတိုင္းသိသည့္ ေခတ္ေရာက္ေနပါၿပီ။ ကၽြန္ေတာ္တို႔ ေတာ္ေတာ့္ကို ေခတ္မွီရန္ လုပ္ရပါဦးမည္။ အေဖႀကီး ၫႊန္ၾကားသည္အထိ ေစာင့္ေနၾကဦးမွာ လားဟု ႀကံ့ဖြ႔ံမ်ားကို ေမးလိုပါေၾကာင္း။    ။

04 November 2012

စည်းကမ်း

(Unicode version )

နံပါတ် မပါ။ အဖြုအနီကြားတွင်ရပ်ထားသည်။ ကမ္ဘာအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲစခန်း အနီးတွင်ဖြစ်သည်။ ယာဉ်ထိန်းရဲများ ကားပျက်လျှင်ကူဆွဲပေးရန်တော့ မဖြစ်နိုင်။ ထိုနေရာတွင် ကားများပိတ်ရပ်ထားသဖြင့် ကွေ့ကြောသို့ သွားမည့်ယာဉ်များ အခက်တွေ့ရသည်။

XxXxXx

(Zawgyi version )

နံပါတ္ မပါ။ အျဖဳအနီၾကားတြင္ရပ္ထားသည္။ ကမာၻေအးဘုရားလမ္းႏွင့္ တကၠသိုလ္ရိပ္သာလမ္းေထာင့္႐ွိ ယာဥ္ထိန္းရဲစခန္း အနီးတြင္ျဖစ္သည္။ ယာဥ္ထိန္းရဲမ်ား ကားပ်က္လွ်င္ကူဆြဲေပးရန္ေတာ့ မျဖစ္ႏိုင္။ ထိုေနရာတြင္ ကားမ်ားပိတ္ရပ္ထားသျဖင့္ ေကြ႔ေၾကာသို႔ သြားမည့္ယာဥ္မ်ား အခက္ေတြ႔ရသည္။