26 December 2020

ဝူဟန်ကိုဗစ် ဒီဇင်ဘာ နှစ်ဆယ့်ခြောက်၊


 








ကမ္ဘာမှာ ဝူနာ သန်း၈၀ ကျော်ခဲ့ပြီ။ တနေ့ ခြောက်သိန်းကျော် တိုးနေဆဲ။တနေ့ တသောင်းခန့် သေနေဆဲ။ ဝူနာ ဆယ်သန်းကျော်တာ ၂နိုင်ငံ၊  နှစ်သန်းကျော်တာ၆ နိုင်ငံ၊ တသန်းကျော်တာ ၉ နိုင်ငံရှိပြီ။ လူဦးရေ နည်းတဲ့နိုင်ငံတွေ ပိုခံရတာပေါ့။ မြန်မာ အပါအဝင် တသိန်းကျော်တဲ့နိုင်ငံ ၅၈။

.

လက်ရှိအဆိုးဆုံးက ဗြိတိန်ရဲ့ အင်္ဂလန်။ မနေ့က လေးသောင်းနီးပါးတိုးသတဲ့။ သေသူတွေထဲမှာ ဝူမျိုးစိတ်သစ် ပါတယ်လို့ ပြောကြပေမယ့် စမ်းသတ်နေကြတုံးပါ။ ခန့်မှန်းတာက အင်္ဂလန်မှာ လူ၈၄ယောက်ကို ဝူတယောက်၊ ဝေလနယ်မှာ ၉၀ကို လူတယောက်၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်မှာတော့ လူနှစ်ရာနီးပါးမှ တယောက်ပါတဲ့။ လူအတော်များများ ကာကွယ်ဆေး ထိုးပြီးလာပါပြီ။

.

ကာကွယ်ဆေး နှစ်မျိုးဘဲ အနောက်နိုင်ငံတွေ အသိအမှတ်ပြုသေးတယ်။ မြန်မာတွေနဲ့နီးစပ်တဲ့ အောက်စဖို့ထုတ် အက်စတြာဇနက္က ​ဆေးက ဒီတပတ်အတွင်း ရဖို့ရှိတယ်တဲ့။ ရမှာသေချာလို့ သန်းချီထုတ်ထားတော့ ရတာနဲ့ထိုးဖို့ အသင့်ဖြစ်မှာပါ။

.

တရုပ်ကာကွယ်ဆေး တမျိုးကို တူရကီ ဘာရိန်းနဲ့ ဘရာဇီးမှာစမ်းတယ်။ တူရကီမှာ ၉၀% အထိ ထိရောက်တယ် ကြေ ငြာပါတယ်။ ဘရာဇီးမှာစမ်းတာ မထိရောက်ဘူး၊ အလကားဘဲလို့ သမတကိုယ်တိုင် ပြောနေတာ တီဗီမှာတွေ့လိုက်တယ်။ ေဈးပေါမှာ သေချာတဲ့ဆေးပါ။ ထိရောက်ဖို့ဘဲ လိုတယ်။

.

ကမ္ဘာမှာ ဝူတိုးနေဆဲပေမယ့် မြန်ပြည်မှာ သိသိသာသာ ကျတာ တပတ်ရှိလာပြီ။ Qစင်တာတချို့ ပိတ်လိုက်သလို ကျန်နေရာတွေမှာလည်း နေရာလွတ်တွေ များလာပြီတဲ့။ ပေါ့လို့ မဖြစ်သေးပါ။ ဒီလိုကျလာတာ လူအများစု မတ်စ်တပ်လာလို့ပါ။ စာရင်းအရ ဝူနာ တသောင်းခုနှစ်ထောင့်ခန့် ဆေးရုံတွေ စင်တာတွေမှာ ရှိနေတုံးပါ။ 

.

လူအများကြား ရောဂါပီးသွားဖို့က လူဦးရေရဲ့  ၇၀%ကနေ ၉၀% ကြား ပီးဖို့လိုသတဲ့။ ကမ္ဘာမှာ ခုမှ လူတရာ ဝူတယောက် မရှိသေးဘူး။ သေခဲ့တာက ၁၇သိန်းရှိပြီ။ ဒီနှုံးနဲ့ ရောဂါပီးတဲ့အထိ ကြာလို့မဖြစ်ဘူး။ ကာကွယ်ဆေး အရင်ဦးမှဖြစ်မယ်။ 

.

ကာကွယ်ဆေးကလည်း သက်တမ်းဘယ်လောက်ကြာ ခံမယ် မပြောနိုင်သေးဘူး။ ဒီ ကိုဗစ်က ကမ္ဘာပေါ် အမြဲရှိနေတော့မှာတဲ့။ အားပျော့ပြီး ငြိမ်နေချိန်တော့ ရှိမှာပေါ့။ အားကောင်းလာတဲ့အချိန် ပြန်ဒုက္ခပေးမှာဘဲ။ 

.

ဒီတော့ နယူးနော်မယ်ဆိုတဲ့ လူနေမှုပုံစံအသစ်ကို ယဥ်ပါးဖို့လိုပြီ။ လူအများကြား မလိုအပ်ဘဲ မသွားပါနဲ့။ အပြင်ထွက်ရင် မတ်စ်တပ်ပါ။ အိမ်ပြန်လာတိုင်း လက်ဆေးပါ။ ဒါတွေက အခြေခံပါဘဲ။

.

ဝူဟန်ဘေးကင်းကြပါစေ။

18 December 2020

ပန်းယွန်း နဲ့ ပန်းချီ၊


 










ပန်းဆယ်မျိုးစီးရီးရဲ့ နောက်ဆုံးနှစ်မျိုး ပန်းယွန်းနဲ့ ပန်းချီ တံဆိပ်ခေါင်း နှစ်ခေါင်းထွက်တယ်။ နှစ်ရာကျပ်တန်တွေပါဘဲ။ FDC နှစ်မျိုးလည်းထွက်တယ်။

.

မြန်မာပြည်အတွက် ဒုတိယစီးရီးစ်တော့ ပြီးသွားပြီ။ တံဆိပ်ခေါင်းတွေက စီးရီးစ်လည်း ပီသတယ်။ ဒီဇိုင်းတွေလည်း ကောင်းပါတယ်။ နောက်ထပ်လည်း ထုတ်ဦးမယ်လို့ မျှော်လင့်ပါတယ်။

.

လိုနေတာက ပုံနှိပ်တာဘဲ။ တံဆိပ်ခေါင်းတွေမှာ ရွေ့နေတာတွေ၊ အရောင်မမှန်တာတွေ တွေ့နေရတယ်။ ဒီဇိုင်းမှာ အရောင်ထွက် တောက်ပနေပေမယ့် တံဆိပ်ခေါင်းက မွဲနေတတ်တယ်။ နောက်က ကော်မပါဘူး။ ဒါမျိုးတွေကို ပြောင်းလဲပစ်ဖို့ တံဆိပ်ခေါင်းပုံနှိပ်စက် ပြောင်းဖို့လိုနေပါပြီ။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကအတိုင်း တံဆိပ်ခေါင်းထုတ်နေတုံးဘဲ။ 

12 December 2020

ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်နှစ်၊


 


ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်နှစ်၊
.
ဝူဟန်ကိုဗစ် အရေးက ကမ္ဘာကြီးကို ချိန်းခြောက်ဆဲ။ တရက်ကို ခြောက်သိန်းကျော်တိုးနေဆဲ။ လွန်ခဲ့သောလက တရက်ခုနှစ်သိန်း တိုးနေတာနဲ့ယှဥ်ရင် ကျလာတယ်ပြောလို့ရပေမယ့် အချိန်မရွေး ထိုးတက်နိုင်သေးသည်။ လူဦးရေများတဲ့ ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီမဟုတ်ပါလား။
.
ကမ္ဘာမှာ ဝူနာ ၇၁သန်းကျော်ပြီ၊ သေဆုံးသူ တသန်းခြောက်သိန်းကျော်ပြီ။ ပြန်ကောင်းသူ သန်းငါးဆယ်ခန့်။ ဒီတော့ လူနာသန်းနှစ်ဆယ်ခန့် ရှိနေတဲ့သဘော။ ရောဂါပြင်းထန်မှ ဆေးရုံတက်သည့်တိုင် ဒီကိန်းဂဏန်းအရ ဆေးရုံတွေပြည့်ကုန်တာ အံ့ဩစရာမရှိတော့။
.
အမေရိကားမှာ ဝူနာ၁၆သန်းကျော်ပြီ၊ သေဆုံးသူ ၃သိန်းကျော်ပြီဖြစ်ရာ ဒုတိယကမ္ဘာစစ်မှာ သေဆုံးတဲ့ အမေရိကန်ထက် များနေပြီဟုဖတ်လိုက်ရသည်။ မနေ့က ဝူနာ နှစ်သိန်းလေးသောင်းကျော်တိုးသသည်။ ၃းေ​ထာင်ေ​ကျာ် ေ​သသည်။။ တရက်နှစ်သိန်းကျော်တိုးနေတာ နှစ်ပတ်မကတော့ပြီ။ သမတရာထူးမှ ထွက်ရတော့မည့် ဒေါ်နွယ်ထွမ်းစွတ်စွဲသလိုသာ တရုပ်တို့ရဲ့ဇီဝလက်နက်ဆိုလျှင် အမေရိကန်တို့ အရှုံးကြီးရှုံးခဲ့လေပြီ။
.
အနောက်ဥရောပမှာလည်း ဝူနှုန်းများမကျသေး။ ပုံစံမျိုးစုံနဲ့ လော့ဒေါင်းများ အဝူအဖြစ်များသည့်နေရာတွေကို လုပ်နေရဆဲ။ လာတော့မည့် ရက်အားရာသီ ခရစ်စမတ်နဲ့ နှစ်ကူးချိန်များအတွက် တာဝန်ရှိသူတွေ တွေးပူနေသည်။ WHOညွှန်ချုပ်က ထိုပွဲများအတွက် မိမိတို့ရဲ့ မိသားစုအစီအစဥ်တွေကို ပြန်စဥ်းစားကြဖို့ ဆော်အောနေပြီ။ ပျော်စရာတွေကနေ စိတ်မကောင်းစရာတွေ ဖြစ်သွားနိုင်သည်လေ။ စီးပွားအတော်ဖြစ်ဟန်ရှိသည့် နှင်းလျောစီး စခန်းများကိုပင် နောက်လလယ်လောက်မှ ဖွင့်ဖို့စီစဥ်နေကြရသည်။
.
ကမ္ဘာ့ဝူနာပြဇယားအရ သန်းကျော်သည့်နိုင်ငံ ၁၅နိုင်ငံရှိပြီ။ သိန်းချီတဲ့နိုင်ငံ ၇ဝနိုင်ငံရှိရာ မြန်ပြည်က ၆၉။  စဖြစ်တဲ့ ရွှေတရုပ်ပြည်က ၇၉အထိကျသွားပြီဖြစ်ရာ လူဦးရေနဲ့ယှဥ်ကြည့်ရင် ဆဲစရာအမှန်ပင် ဖြစ်နေပြီ။
.
မြန်ပြည်တွင်တော့ အရေအတွက် အရမ်းတိုးလာတာ မရှိ။ အဖြစ်များသည့် လူနေထူထပ်ရန်ကုန်မှာ ဝူနှုန်းနည်းလာပေမယ့် နယ်မြို့ကြီးများတွင် စဖြစ်လာတာ သတိထားမိသည်။ မနေ့က စစ်ကိုင်း ရွှေဘိုနဲ့ ကလေးတို့တွင် လော့ဒေါင်းလုပ်မတဲ့။ လော့ဒေါင်းတပတ်ပြည့်ပြီဖြစ်သော မန္တလေးဆို နေ့စဥ်နှစ်ရာကျော်နေတာ တပတ်ခန့်ရှိပြီ။ အစပိုင်းလော့ဒေါင်း ဟုတ်မလိုရှိသော်လည်း နောက်ပိုင်းဗမာပီပီ လစ်ဟာမှုတွေကြားနေရပါပြီ။
.
ဆေးကိုတော့ လူသားတိုင်း ကမ္ဘာဦးမိုးမျှော်သလို မျှော်နေကြပြီ။ ဗြိတိန်တနိုင်ငံတည်း အသိအမှတ်ပြုသေးသည်။ အမေရိကန်က တနင်္ဂနွေလောက်မှ အတည်ပြုမည်ဟု ယူဆနေကြသည်။ မြန်မာပြည်နဲ့လိုက်ဖက်မယ့် အောက်စဖို့ဆေးကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေး။ 
.
အမေစုရဲ့ တီဗီမိန့်ခွန်းအရ ဆေးရအောင် နည်းမျိုးစုံစီစဥ်ထားကြောင်း သိလိုက်ရသည်။ COVAX မှ ရဖို့လုပ်ထားသလို ဝယ်ယူဖို့လည်း စီစဥ်ထားပြီ။ ငွေတတ်နိုင်သူတွေက ဆေးဝယ်ထိုးကြမှသေချာသည်။ ဆေးအတွက် မြန်မာတွေအလှူ လက်မနှေးမှာလည်းသေချာတော့ ငွေအတွက်မပူဘဲ ဆေးရဖို့သာ ပူမိပါသည်။
.
ဒီကြားထဲ မဝူအောင်တော့ ဂရုစိုက်ကြပါတဲ့။.အမေစုက မေတ္တာနဲ့ထိန်းနေသော်လည်း တချို့က ဒုတ်ကလေးနဲ့ ဆုံးမစေချင်နေပြီ။ မြန်မာ မြန်မာချင်း သိနေတယ်လေ။ ဒီတော့ ကျန်နေတဲ့ရက်အတွင်း စည်းကမ်းရှိသူတွေက ဆက်ထိန်းကြပါ။ မရှိသူတွေကိုလည်း စိတ်ဆိုးမနေကြပါနဲ့တော့။ မသိချင်ယောင်သာ ဆောင်နေလိုက်ပါတော့ဗျာ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 
.


05 December 2020

ဝူဟန်ကိုဗစ် ဒီဇင်ဘာ ငါး



ဝူဟန်ကိုဗစ် ဒီဇင်ဘာ ငါး၊
.
ကမ္ဘာမှာ ဝူနာ ၆၆သန်း ကျော်သွားပြီ။ တနေ့ကို ၆သိန်းကျော် ဆက်တိုက်တိုးနေတဲ့နေ့တွေ များနေပြီ။ အမေရိကားမှာ တနေ့ကို နှစ်သိန်းတိုးတာ နှစ်ရက်ဆက်ပြီ။ ဆေးရုံတက်သူတွေလည်း စံချိန်တင် များနေပြီတဲ့။ ကမ္ဘာမှာ သေဆုံးသူလည်း ပျှမ်းမျှ ခြောက်ထောင်ကျော် ရှိနေတယ်။ ပုံတွေမှာ ကြည့်လိုက်။ 
.
နိုင်ငံတိုင်းလည်း ပုံစံမျိုးစုံနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာဘဲ။ အင်္ဂလန်မှာလည်း အဆင့်သုံးဆင့်နဲ့ လုပ်နေရတုံး။ ဂျာမဏီမှာ တားမြစ်ချက်တွေ ဇန်နဝါရီအထိ တိုးရပြီ။  ဂျပန်မှာ တိုကျိုလိုဘဲ အိုဆာကာမှာပါ ဝူနာများလာလို့ အပြင်မထွက်ကြဖို့ ပန်ကြားနေရပြီ။ ကိုရီးယားမှာလည်း တင်းကြပ်နေရတယ်။ သေချာတာကတော့ ကွန်မြူနစ်ဝူဟန်လိုတော့ ဘယ်မှာမှ မထိန်းချုပ်နိုင်ပါ။
.
ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီဆိုတော့ ပုံမှန်ဖျားနာမှုတွေ ရှိနေနိုင်တယ်။ ခရစ်စမတ်နဲ့ နှစ်ကူးပွဲတွေ နွှဲဖို့စောင့်နေသူတွေကလည်း အများသားကလား။ သက်ဆိုင်ရာအစိုးရတွေနဲ့ ကျန်းဝန်ထမ်းတွေကတော့ ဘုရားတပြီး နိုင်သလောက် လုပ်နေရမှာပါ။
.
မတွေ့တာ ကြာပြီဖြစ်တဲ့ WHO ညွှန်ချုပ်ကြီးက ဆေးတွေ့တာ သတင်းကောင်းပေမယ့် ဒီကပ်ကြီးပြီးသွားတာ မဟုတ်ပါတဲ့။ (ဆဲသံနဲ့ ဟ ဟ များ)  ဗြိတိန်က ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဝူဟန်ကိုဗစ် ဗိုင်းရပ်စ်သည် လူသားတွေနဲ့ အမြဲရှိနေမယ့်သဘောလို့ ပြောပါတယ်။ အခြားဗိုင်းရပ်စ်တွေလို အချိန်တခုမှာ ပျောက်မယ်လို့ ထင်ဟန်မရှိဘူး။ ကာကွယ်ဆေး သေချာကို ထိုးကြရမှာ။
.
ကာကွယ်ဆေးတွေ့တဲ့ Pfizer ကလည်း နှစ်မကုန်ခင် ဆေးသန်းတရာ မထုတ်နိုင်တော့ဘဲ ငါးဆယ်ဘဲ ထုတ်နိုင်မယ်တဲ့။ ဆေးထုတ်နိုင်တောင် သယ်ဖို့သိမ်းဖို့ ခက်ပါသေးတယ်။ အောက်စဖို့ဆေးလို ရေခဲဗူးလောက်နဲ့သယ်နိုင်မှ ကမ္ဘာမှာ အလုပ်ဖြစ်မှာ။ မြန်မာပြည်အတွက် အစောဆုံး သင်္ကြန်ပြီးမှဘဲထင်တယ်။
.
ဝူဇယားမှာ မြန်မာက ၆၈ ရောက်နေပြီ။ ကမ္ဘာမှာ ဝူနာ သန်းချီတဲ့နိုင်ငံ ၁၄နိုင်ငံရှိပြီ။ သိန်းချီတဲ့နိုင်ငံ ၆၇နိုင်ငံ။ နောက်သုံးလေးရက်မှာ မြန်မာက ၆၈နိုင်ငံမြောက် သိန်းချီပါလိမ့်မယ်။ 
.
ဝူနာစာရင်းတွေဘဲ ပြောနေလို့ ပြန်ကောင်းသူ မရှိဘူးလား မဟုတ်ပါ။ ပြန်ကောင်းသူလည်း ကမ္ဘာမှာ ၄၅သန်း ကျော်ပါပြီ။ ဝူဖြစ်ပြီး စာရင်းပိတ်လိုက်ရသူ ၃%ကတော့ သေဆုံးလို့ ပိတ်ရတာပါ။ မနေ့က သတင်းတခုမှာ အသက်၉၉နှစ်ရှိ ခရုိအေးရှားသူကြီး ပြန်နေကောင်းတာ တွေ့တယ်။ စိတ်ဓာတ်မကျဘဲ မိမိကိုယ်ကိုယ် ဂရုစိုက်ရင် ဝူဖြစ်တောင် ကျော်ဖြတ်နိုင်မှာပါ။
.
အကောင်းဆုံးကတော့ မဝူအောင် နေတာဘဲပေါ့။ မလိုအပ်ဘဲ အပြင်မထွက်နဲ့။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ လူအများကို တတ်နိုင်သမျှ ​​ေရှာင်ပါ။ အပြင်ကပြန်လာတိုင်း လက်ဆေးပါ။ ပြင်ပပစ္စည်းတွေ ထိတွေ့ပြီးတိုင်း လက်ဆေးပါ။  ကာကွယ်ဆေးက သိတ်မဝေးတော့ပါ။ ဒီအတောအတွင်း ပိုဂရုပြုကြပါ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 




 

01 December 2020

၇၅နှစ်ပြည့် ကုလတံဆိ​ပ်ခေါင်း


 











ကုလသမဂ္ဂ ၇၅ နှစ်ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းထွက်ပါတယ်။ ၂၀၀ကျပ်တန်ပါ။ တကမ္ဘာလုံးရှိ ကုလသမဂ္ဂဝင်နိုင်ငံတွေလည်း ထုတ်ကြဟန်ရှိတယ်။ နိုင်ငံအသီးသီးက ကုလတံဆိပ်ခေါင်း စုဆောင်းသူတွေအတွက်လည်း ရည်ရွယ်ဟန်ရှိတယ်။ ဒီဇိုင်းမှာ မြန်မာလို တလုံးမှမပါပါ။ ကိစ္စမရှိပါ။ ကမ္ဘာနဲ့ပတ်သက်လို့ထုတ်တဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်းဘဲ။ FDCလည်း ထုတ်ဝေပြီး နှစ်ရာကျပ်ပါဘဲ။

.

မြန်မာ့စာပို့လုပ်ငန်းက မနှစ်ကစပြီး တံဆိပ်ခေါင်းတွေ တိုးထုတ်လာတယ်။ စုဆောင်းသူတွေအနေနဲ့ ကြိုဆိုပါတယ်။ နောက်နှစ်များမှာလည်း ခေါင်းစဥ်စုံအောင်ထုတ်ဖို့ အကြံပြုချင်ပါတယ်။ တချို့ကိစ္စတွေမှာ အရင်ခေတ်ဟောင်းက လုပ်ကိုင်ပုံတွေကို စွန့်လွှတ်ပြီး လမ်းသစ်စလျောက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

.

ပထမအချက်က တံဆိပ်ခေါင်းဒီဇိုင်းတွေ ပြိုင်ပွဲလုပ် အသုံးပြုစေချင်တယ်။ ပိုစတာပုံ တံဆိပ်ခေါင်းတွေ အသုံးပြုနေတာ နှစ်တွေများခဲ့ပြီ။ ဆုကြေးငွေများစွာ မချီးမြင့်နိုင်သည့်တိုင် အသိအမှတ်ပြုလက်မှတ် ပေးရင်ကို ပြိုင်မယ့်ဝါသနာရှင်တွေ ရှိနိုင်ပါတယ်။ ဒီဇိုင်းအသစ်တွေ မြင်လာရနိုင်တဲ့အပြင် တံဆိပ်ခေါင်းလောက အပြင်ကလူတွေကိုပါ စိတ်ဝင်စားစေလိမ့်မယ် ထင်မိတယ်။ 

.

နောက်တချက်က ပုံနှိပ်စံနစ် ပြောင်းသင့်ပါပြီ။ ကြည့်ရတာ ခုအချိန်အထိ မဆလခေတ်ကတည်းက သုံးခဲ့တဲ့ ဝါဇီစက်ရုံမှာဘဲ ရိုက်နေတုံးလားမသိ။ စက္ကူအသားက ညံ့၊ နောက်ဖက်မှာ ကော်က မပါ၊ ခွေးသွားစိတ်တွေ မပေါက်တာတွေ တွေ့နေရပြီ။ တံဆိပ်ခေါင်းအသစ်ထွက်မယ် ကြေညာတဲ့ပုံမှာ တံဆိပ်ခေါင်းက လှနေသလောက် အပြင်မှာမြင်လိုက်ရင် မွဲခြောက်လို့။

.

အခြားနိုင်ငံတွေမှာ တံဆိပ်ခေါင်းလေးတွေက တောက်ပြောင်နေတာပါ။ ဝယ်သိမ်းထားချင်စရာ ကောင်းနေတာပါ။ ပုံစံတွေဆိုလည်း မျိုးစုံ။  စတစ်ကာအသားအပြင် ပလပ်စတစ်၊ သစ်သား စသဖြင့် ပစ္စည်းမျိုးစုံ တံဆိပ်ခေါင်းထုတ်ဖို့ သုံးနေကြပါပြီ။ 

.

အဓိကကတော့ တံဆိပ်ခေါင်းထုတ်ဖို့ တာဝန်ရှိသူတွေ စိတ်ဝင်စားဖို့ပါဘဲ။ ဒီခေတ်ကြီးမှာ အင်တာနက်ပေါ်  တချက်လောက်တက်ကြည့်ရင်ကို တော်တော်သိနိုင်ပါပြီ။ အခုလို အသစ်တွေတိုးလုပ်နေချိန်မှာ အပစ်တင်တာမဟုတ်ဘဲ ပိုကောင်းလာအောင် အကြံပေးတာသာ ဖြစ်ပါတယ်။ မြန်မာပြည် တံဆိပ်ခေါင်းစု ဝါသနာရှင်တွေဆီကနေ အကြံဉာဏ်တောင်းရင်လည်း ပိုပြည့်စုံတာတွေ သိလာနိုင်မယ် ထင်ကြောင်းပါခင်ဗျာ။

.

၂၀၂၁မှစ ပိုမိုကောင်းမွန်သော တံဆိပ်ခေါင်းများကို မျှော်လင့်လျှက်။     ။

30 November 2020

ပန်းပွတ် နဲ့ ပန်းတမော့၊


 

ဒီနေ့ တနေ့ထဲ တံဆိပ်ခေါင်း နှစ်ခေါင်းထွက်တယ်။ အရင်တပတ်က ကိုဗစ်ကြောက်လို့မထွက်ဘဲ ဒီနေ့ပေါင်းထုတ်တာ။ ဒီ ပန်းရိုးရာစီးရီးမှာ နှစ်မျိုးဘဲ ကျန်ပါတော့တယ်။

.

ဒီနေ့က ပန်းပွတ်နဲ့ ပန်းတမော့။ စီးရီးအတိုင်း နှစ်ရာကျပ်တန် တံဆိပ်ခေါင်းပါ။ ၂၀ဝကျပ်တန် FDC လည်း ထုတ်တယ်။

.

ကျန်နှစ်မျိုးကိုလည်း နောက်လထဲ အပြီးထုတ်မှာပါ။ ၂၀၂၀ တနှစ်စာအတွင်း ပါရမှာကိုး။ 

24 November 2020

မြန်မာအတိုက်အခံပါတီ ပေါ်မလား၊









    ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲကြီး ပြီးခဲ့ပြီ။ ပြတ်သားသောအဖြေလည်း ထွက်ခဲ့ပြီ။ လွတ်လပ်သော မြန်မာ့ရွေးကောက်ပွဲတိုင်းမှာ တောင်ပြိုကမ်းပြို နိုင်လေ့ရှိသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပြည်သူ့ပါတီ NLDကပင် အပြတ်အသတ်ကို နိုင်ခဲ့ပြီ။

.

အသံအချို့ထွက်လာသည်။ ဒီလိုသာနိုင်နေရင် NLDပါတီ တပါတီအာဏာရှင် ဖြစ်လာမည်ဟူ၏။ ရွေးကောက်ပွဲမတိုင်ခင်က NLD အပြတ်အသတ် မနိုင်နိုင်ဘဲ ညွန့်ပေါင်းအစိုးရ ပေါ်မည်ဟု တကယ်ထင်တာလား၊ နှပ်ကြောင်းပေးတာလား မသိ ပြောခဲ့ကြသော ဆရာကြီးများ၏ အသံတွေပါဘဲ။ အတိုက်အခံပါတီ မျှော်ကြသည်ပေါ့။

.

သေချာတာက ဒေါ်အောင်ဆန်းစုကြည် NLDပါတီကို ခေါင်းဆောင်နေသ၍ အာဏာရှင်ပါတီ မဖြစ်နိုင်ပါ။ သူ့ရဲ့ မေတ္တာနဲ့အုပ်ချုပ်ခြင်းကိုပင် လူအချို့က အတော်အားမရဖြစ်နေကြတာ။ တချို့ကိစ္စများဆိုရင် ခပ်စပ်စပ်လေးကို ကိုင်တွယ်စေချင်နေကြတာ ကြားဘူးကြမှာပါ။ 

.

မှန်ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစံနစ်တွင် အာဏာရှင်ဖြစ်မသွားအောင် ထိန်းကျောင်းဖို့ အတိုက်အခံလိုပါတယ်။ လိုအပ်သော အတိုက်အခံပါတီကလည်း ပြည်သူက ရွေးကောက်ပွဲမှ ရွေးချယ်ပေးသော ကိုယ်စားလှယ်များပင် ဖြစ်ရမယ်။ ဒါမှသာ ပြည်သူ့အသံ အမှန်ကြားရမှာပေါ့။ အခြားနည်းနဲ့ လွှတ်တော်ထဲရောက်နေသူတွေဆီက ပြည်သူ့အသံ မကြားရနိုင်။

.

လက်ရှိ အခြေအနေအရ မြန်မာ့ဒီမိုကရေစီစံနစ်မှာ အားကောင်းသော အတိုက်အခံပေါ်ဖို့ပင် မလွယ်တော့ပါ။ ကြံ့ဖွံ့ပါတီသည် နောက်တကြိမ်တွင် တိုင်းရင်းသားအချို့ မပူးပေါင်းလို့ အင်အားပိုလျော့သွားမည်။ အခြားပါတီများလည်း လာမည့်ဆယ်နှစ်အတွင်း တပြည်လုံးအနေနဲ့ အရွေးခံနိုင်သည့်အဆင့် ရောက်အောင်တိုးချဲ့နိုင်မည် မထင်။ တိုင်းရင်းသားပါတီများကလည်း သူတို့နယ်မြေပြင်ပသို့ ချဲ့ထွင်နိုင်ဖို့ မလွယ်။ 

.

ဒီတော့ မြန်မာ့လွှတ်တော်မှာ အတိုက်အခံ အင်အားကောင်းစွာ မပေါ်နိုင်လောက်တော့ဘူးလား။ မဟုတ်ပါ၊ မြန်မာတို့ရဲ့ ဗီဇအရ၎င်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအရ၎င်း ပေါ်ပေါက်နိုင်သည်။ ပေါ်ပေါက်မည့်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် NLDပါတီတွင် မရှိတော့သည့်အချိန်မှ လေးငါးနှစ်အတွင်း NLDပါတီကြီးအတွင်းမှပင် အတိုက်အခံပါတီ ပေါ်ပေါက်လာနိုင်ကြောင်း ခန့်မှန်းလိုက်ရပါကြောင်း။

15 November 2020

အ စိမ်းသေ ၊


 










၂၀၂၀ မြန်မာ့ရွေးကောက်ပွဲ ရလာဒ်တွေ တရားဝင်ထွက်ပါပြီ။ NLD ပါတီက ၃၉၆နေရာနဲ့ အပြတ်အသတ်ကို နိုင်ပါတယ်။ ကြံ့ဖွံ့လို့ခေါ်တဲ့ အစိမ်းရောင်ပါတီက နေရာ၃၀ေ​လာက်ဘဲ ရပါတယ်။ ၂၀၂၅ ရွေးကောက်ပွဲရောက်ရင် အစိမ်းတွေ မရှိလောက်တော့ဘူး ထင်မိတယ်။

.

အကြောင်းမဲ့ပြောတာ မဟုတ်ရပါဗျာ။ သူတို့နိုင်တဲ့ နေရာ၃၀မှာ ပြည်မမှ နှစ်နေရာဘဲနိုင်တယ်။ ေဇယျာသီရိနဲ့ ကိုးကိုးကျွန်း၊ နှစ်နေရာလုံးက တပ်မတော်သား များတဲ့ နေရ ာမို့ပါ။ ကျန်နေရာတွေက တိုင်းရင်းသားနယ်မြေတွေ၊ များသောအားဖြင့် အစိမ်းအမည်ခံထားပေမယ့် စစ်အစိုးရခေတ်ကတည်းက သူတို့နဲ့ပြေလည်မှုယူထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ များပါတယ်။ လာမယ့်ငါးနှစ်အတွင်း သူတို့NLD နဲ့မပေါင်းတောင် သီးခြားတိုင်းရင်းသားပါတီတွေအနေနဲ့ ပြိုင်ကြပါလိမ့်မယ်။ NLDအစိုးရရဲ့ ဖက်ဒရယ်တည်ဆောက်ဖို့ ဆောင်ရွက်မှုအပေါ် မူတည်ပြီး NLD နဲ့ပေါင်းဖို့ စဥ်းစားကြမှာဖြစ်ပေမယ့် အစိမ်းတွေနဲ့ ဆက်လက်မတွဲဖို့ သေချာပါလိမ့်မယ်။

.

လူထုထောက်ခံမှု မရတော့တာ သေချာနေပါပြီ။ စစ်တပ်ရဲ့ ထောက်ခံမှုပါ မသေချာတော့တာ ရွေးကောက်ပွဲအပြီး ကာချုပ်ရဲ့သဘောထားက ပြနေပါတယ်။ ပိုဆိုးတာက အစိမ်းတွေကို စထောင်ပေးခဲ့တဲ့ စာဖတ်နေသူကြီးရဲ့ သဘောထားပါ။ သူ့ရဲ့သားမက်နဲ့ မြေးရဲ့စာတွေက စာဖတ်နေသူကြီး ကြံ့ဖွံ့ကို စိတ်ကုန်နေတာ သေချာသွားစေပါတယ်။

.

သေချာကြည့်ရင် ၂၀၁၅ ပြီးကတည်းက အစိမ်းအမာခံ လူကြီးတွေ သိတ်မပါတော့တာ တွေ့ရမှာပါ။ အသက်အရွယ်အရတကြောင်း ရထားတာတွေပိုက်ပြီး နှပ်ကုန်ကြပါပြီ။ မကောင်းတတ်လို့ ဝင်အရွေးပေးခံသူတောင် အတော်နည်းသွားပြီ။ ၂၀၁၅တုံးက ကြိုတင်မဲနဲ့နိုင်ပြီး လွှတ်တော်ထဲရောက်သူတွေ အများစုတောင် အသံမထွက်ဘဲ ခွင့်ယူတာများနေကြပါပြီ။ ခုတခေါက်မှာ ဝင်မပြိုင်သူတွေတောင် များလာပြီ။  အရင်စစ်အစိုးရခေတ်က ဩဇာရှိခဲ့သူတွေ မပါသလောက်ဖြစ်သွားပြီ။ အရင်လူကြီး လုပ်ခဲ့သူတွေ ရန်ပုံငွေတောင် ထည့်ကြသေးရဲ့လားမသိ။

.

ပါတီတခု ပုံမှန်အလုပ်လုပ်နေဖို့ ငွေလိုပါတယ်။ ဖွတ်တွေ အရင်က နိုင်ငံဘဏ္ဍာက ရထားခဲ့တာရယ်၊ စီးပွားရေးအကျိုးတူဆိုပြီး စီးပွားရေးသမားတွေကို လုပ်ခွင့်ပေးပြီး ရန်ပုံငွေရှာထားတာရယ်နဲ့ လုပ်နေတာပါ။ လုပ်ပိုင်ခွင့်နဲ့ နေရာငှားစားတာတွေပေါ့။ ခု ဒီအခွင့်အရေးတွေ မရနိုင်တော့ပါ။ အရင်ရထားသူတွေကလည်း ပြန်ထည့်ဝင်မယ် မထင်တော့ပါ။ ကြားရတဲ့သတင်းတခုအရဆိုရင် ရှမ်းလမ်းနဲ့ဗားကရာလမ်းထောင့်က ဓာတ်ဆီဆိုင်တောင် ပြန်ရောင်းဖို့လုပ်နေကြသတဲ့။ ကားသမားတွေကလည်း ဖွတ်ဆိုင်ဆိုပြီး မထည့်ကြဘူးတဲ့။ ဒီငါးနှစ်အတွင်း ပိုင်ဆိုင်မှုတွေ ရောင်းစားကြပါလိမ့်ဦးမယ်။

.

အရင်ကတည်းက ယုံကြည်မှုနဲ့ လုပ်ကြတာမဟုတ်ဘဲ စီးပွားရှာဖို့ ရည်ရွယ်ကြတာဖြစ်လို့ ဖွတ်တွေရဲ့ ပိုက်ဆံကိစ္စ အရှုပ်အရှင်းတွေ ရှေုလျောက်ကြားရပါအုံးမယ်။ ရန်ပုံငွေလည်းမရှိ၊ ငွေပေးလို့ ဝန်းရံသူတွေကလည်း ငွေမရတော့ မလာ၊ ယုံကြည်ချက်လည်း မရှိကြသူတွေ ပေါင်းလုပ်နေကြတာဆိုတော့ ဒီငါးနှစ်အတွင်း မျိုးပြုတ်နိုင်တယ်လို့ ထင်မိတာဖြစ်ပါကြောင်း။

11 November 2020

စဥ်းစားချိန် တန်ပြီ၊








 ၂၀၂၀ မြန်မာပြည် အထွေထွေရွေးကောက်ပွဲကြီးက ပြီးခဲ့ပါပြီ။ ရွေးကောက်ပွဲကော်မတီရဲ့ တရားဝင်ရလာဒ် အပြည့်အစုံမထွက်သေးပေမယ့် လေ့လာသူအဖွဲ့အစည်းများ၊ သတင်းဌာနများရဲ့ စုစည်းဖော်ပြချက်​တွေအရ NLD ပါတီကဘဲ တောင်ပြိုကမ်းပြို အနိုင်ရသွားကြောင်း သေချာနေပါတယ်။

.

ဒီလို အပြတ်အသတ်နိုင်ခဲ့တဲ့အတွက် စဥ်းစားမိတာလေး ပြောချင်ပါတယ်။ ၁၉၆၂ကတည်းက နိုင်ငံအုပ်ချုပ်ရေးထဲ ပါလာခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက် အစိုးရအဖွဲ့ထဲပါနေဖို့ လက်ရှိ ၂၀၀၈ ခြေဥသည်သာ အားကိုးရာ ပိုဖြစ်သွားပါပြီ။ ခြေဥပါ ခွဲတမ်းအရ ဒုသမတတနေရာနဲ့ ဝန်ကြီးသုံးနေရာသာ ရဖို့ရှိပါတော့တယ်။

.

 တပ်မတော်က တည်ထောင်ပေးခဲ့တဲ့ ကြံ့ဖွံ့ပါတီကလည်း ခွက်ခွက်လန်ရှုံးတဲ့အတွက် မည်သည့်တပ်မတော်ခေါင်းဆောင်ကမှ သွားတော့မည်မထင်ပါ။ အငြိမ်းစားဗိုလ်ချုပ်တွေနဲ့ ဖွဲ့ခဲ့တဲ့ ရွှေဖလားရောင်ပါတီသစ်ကလည်း စဖွဲ့ပြီးကတည်းက သတင်းပင်မကြားရတော့ပါ။ ယခုမှ တပ်ကထွက် ပါတီအသစ်ထောင်ကြရင်လည်း ၂၀၂၅မှာ အင်ပြည့်အားပြည့်ပါတီတခု ဖြစ်နိုင်မည် မဟုတ်တော့ပါ။ ပါတီကတဆင့် အစိုးရဖွဲ့ဖို့ အသာထား၊ အစိုးရအဖွဲ့ထဲပါဖို့ကို တော်တော်လှမ်းသွားပါပြီ။

.

ဒီ​ေတာ ့စဥ်းစားသင့်ပါပြီ။ ပြီးခဲ့တဲ့ငါးနှစ်လိုဘဲ လက်ရှိခြေဥကို မပြင်ဘဲ မြန်မာနိုင်ငံထဲက သီးသန့်အဖွဲ့အစည်းလို ဆက်နေကြမလား။ အဲဒီလိုဆက်နေလို့ ပြည်တွင်းမှာ အခြေမပျက်ပေမယ့် ပြည်ပနိုင်ငံတွေက အရင်လို နေရာပေး ဆက်ဆံကြပါ့တော့မလား။ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ဟန်မပျက်တောင် ပြည်သူပြည်သားများနဲ့ နိုင်ငံအတွက် အင်အားပြုန်းတီးပြီး နစ်နာစေပါတယ်။ 

.

မိမိတဦးတည်း သဘောအရဆိုရင် ခြေဥကိုအသစ်ရေးခိုင်းပြီး တပ်မတော်သည် ပရော်ဖက်ရှင်နယ်ဘဝသို့ ပြန်သွားစေချင်ပါတယ်။ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ အပြည့်အဝ ထမ်းဆောင်စေလိုပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့်သာ နိုင်ငံဂုဏ်သိက္ခာရော၊ တပ်မတော်ဂုဏ်သိက္ခာပါ ကမ္ဘာက အသိအမှတ်ပြုရတဲ့အဆင့် ပြန်ရောက်လာမယ် ထင်မိပါကြောင်းဗျာ။     ။

06 November 2020

အမေရိကန်ရွေးကောက်ပွဲမှ သင်ခန်းစာ၊












 

အမေရိကန် သမတရွေးကောက်ပွဲအဖြေ တဖြေးဖြေးပုံပေါ်လာပါပြီ။ အစောပိုင်းက အသာရနေတဲ့ လက်ရှိသမတဒေါ်နယ်လ်ထရမ့် မဲအနည်းငယ် စရှုံးလာပါပြီ။ အဆုံးအဖြတ်ပြည်နယ် ဂျော်ဂျီယာမှာ မဲရုံပိတ်တဲ့နေ့က သောင်းချီပြတ်နေရာကနေ ကိုဗစ်ကိုကြောက်လို့ ပေးထားတဲ့ ကြိုတင်မဲတွေဆက်ရေတွက်တော့ ပြိုင်ဘက် ဒုသမတဟောင်း ဘိုင်ဒဲန်က အသာရလာတာပါ။
.
သူတို့ဆီမှာ ဘယ်သူအရွေးခံရသည်ဖြစ်စေ သူတို့အတွက် အကြီးအကျယ် ပြောင်းသွားစရာ မရှိလောက်ပါ။ ရှင်းရှင်းပြောရရင် အာဏာရှင် စစ်အစိုးရအောက် ပြန်ရောက်စရာ မရှိပါ။ သူတို့ဆီက သတိထား သင်ခန်းစာယူရမှာက တဦးချင်းပေးခဲ့တဲ့ မဲတွေက အရေးရယ်အကြောင်းရယ်မှာ အဆုံးအဖြတ် ဖြစ်သွားတယ် ဆိုတာကိုပါဘဲ။
.
မြန်မာပြည်မှာ နောက်နှစ်ရက်နေ မဲပေးရတော့မယ်။ အမေရိကန်မှာလို သမတပြောင်းသွားယုံ ဖြစ်မှာမကဘူး။ စစ်အာဏာရှင်ခေတ်သို့ ခြေလှမ်းပြန်လှည့်သွားနိုင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ခုကိုဘဲ မသမာသူ၊ ရှုံးမှာသေချာသူတွေက မဲခိုးတာတွေ မဲမပေးရဲအောင် ခြိမ်းခြောက်တာတွေ လုပ်နေကြပြီ။ သူတို့သာနိုင်သွားရင် ဘယ်လောက်နှိပ်စက်နိုင်လည်း တွေးကြည့်ရင် သိနိုင်ပါပြီ။
.
သူတို့အသာမရဘဲ ဒီမိုကရေစီ ဖက်ဒရယ်မြန်မာပြည်ဖြစ်အောင် လုပ်ပေးနေတဲ့ NLD ပါတီအသာ​ရ ေ​​အာင်  မဲဲဲပေးဖို့လိုတယ်။  တဦးချင်းတယောက်ချင်း ကိုယ်တိုင်မဲပေးဖို့လိုတယ်။  မဲပေးတဲ့လူတွေ အများကြီးပါ၊ ငါမဲမပေးလည်း ဖြစ်ပါတယ်လို့ လုံးဝမစဥ်းစားပါနဲ့။ ကိုယ်တိုင်ပေးတဲ့မဲက စိတ်အချရဆုံးပါ။ ခြိမ်းခြောက်သူရှိလည်း မဲရုံထဲမှာ ကိုယ်ကြိုက်တာပေးပြီး ပြန်ထွက်လာမှ သူတို့အကြိုက်ပြောလိုက်ပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါ။
ဒုတိယ အရေးအကြီးဆုံးက NLDကို မဲ​ပေးဖို့ပါဘဲ။

01 November 2020

ကိုယ်တိုင် မဲပေးကြပါ၊













နောက်တပတ် ဒီအချိန်ဆို မဲပေးလို့ရပြီ။ အခုလည်း အသက်၆၀ ကျော်တွေ ကြိုတင်မဲ ပေးနေကြပါပြီ။
.
ကြားကြမြင်ကြမှာပါ။ ကြိုတင်မဲပေးချိန်မှာကို ဘယ်လိုမဲခိုးနေကြတယ် ဆိုတာကို။ ဒါ သိတဲ့အပိုင်းဘဲ ရှိပါသေးတယ်။ မသိတဲ့ မဲခိုးမှုတွေ ရှိနိုင်သေးတယ်။ တပ်ထဲကမဲကိစ္စတွေဆို လုံးဝမသိနိုင်တဲ့ ကိစ္စတွေပါ။
.
ဒါတွေသိလို့ ကြားလို့ စိတ်မပျက်ကြပါနဲ့။ ဒီလိုတွေလုပ်နေတာ၊ တနည်းအားဖြင့် မဲခိုးနေကြတာတွေကို တုံ့ပြန်ဖို့ တနည်းဘဲရှိတယ်။ ကိုယ်တိုင် NLD ကိုယ်စားလှယ်ဘေးမှာ တံဆိပ်တုံးထုပြီး မဲပေးဖို့ပါဘဲ။
.
ကြားထဲတပတ်မှာ မဲပေးမယ့်သူတွေ ကြောက်လှန့်အောင်၊ တွေဝေအောင်၊ စိတ်ပျက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါလိမ့်မယ်။ မည်သို့ပင် ခြိမ်းခြောက်ပါစေ၊ မဲပေးတဲ့အချိန်မှာ ဘယ်သူမှမသိနိုင်လို့ ကိုယ်ကြိုက်တဲ့ပါတီ NLDကို ပေးခဲ့ပါ။ အပြင်ပြန်ရောက်မှ ပြောချင်တာပြောလိုက်ပါ။
.
ဒီတပတ်ထဲ လမ်းပေါ်လှည့်လည် အင်အားပြစရာလည်း မလုပ်ကြပါနဲ့။ တဖက်က ပြဿနာရှာသူတွေရန်ရှိသလို ကိုဗစ်ကူးစက်နိုင်တဲ့ ရန်လည်းရှိတယ်။ ထုတ်ထားတဲ့ လူ၅၀ထက် ပိုမစုရအမိန့်လည်း လိုက်နာဖို့လိုပါတယ်။
.
သေချာ ထပ်ပြောပါမယ်။ NLDပါတီကို ကိုယ်တိုင်မဲပေးကြပါ။ တမဲချင်းက အရေးကြီးတယ်။ ဟိုဘက်က ဘယ်လိုဘယ်လောက် ခိုးမယ် မသိနိုင်ဘူး။ ပေးမယ့်လူတွေ အများကြီးပါဆိုပြီး မပေးဘဲမနေပါနဲ့။ ခြိမ်းခြောက်သူရှိရင်တောင် မဲရုံထဲမှာ ကိုယ်ကြိုက်တဲ့ NLDကို မဲပေးပြီး အပြင်ရောက်မှ သူ့အကြိုက် ပြောလိုက်ယုံပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါဘဲ။ အခြားမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ရှင်းပြပေးပါ။ ဒီတခါ မဲပေးတာ မြန်မာပြည်အနာဂတ် ကောင်းဖို့အတွက် မဲပေးနေရတာပါလို့။

25 October 2020

HOME 2020





















နှစ်စဥ်နီးပါး ရိုက်ခဲ့တယ််််။ စရိုက်ခဲ့့့့့့တဲ့ ၂၀၀၇ နဲ့့့့ဆို

အတော်ကွာခဲ့ပြီ။ 
 

22 October 2020

ဝူဟန်ကိုဗစ်နဲ့ မြန်မာ၊











ကမ္ဘာကြီးမှာ ဝူဖြစ်ကာစကနေ လေးငါးလထိ #ဝူနာ ၃၈၅၊ သေဆုံး ၆နဲ့ ထိမ်းနိုင်ခဲ့တဲ့ မြန်မာ။

.

နောက်ပိုင်း နှစ်လအတွင်း ဝူနာ လေးသောင်းတထောင်ကျော်၊ ဒီနေ့ဆို သေဆုံး တထောင်ကျော်ခဲ့ပါပြီ။ ဝူဇယားမှာလည်း အောက်ဆုံးဒုတိယနေရာကနေ နံပတ်စဥ် ၇၅အထိ တက်နေပါပြီ။

.

ဘယ်သူ့ကိုမှ အပစ်တင်လို့မရပါ။ စဖြစ်တဲ့ တရုပ်ပြည်လည်း အပစ်တင်မနေနဲ့။ ဆေးမရှာနိုင်သေးတဲ့ ဆေးကုမ္ပဏီတွေလည်း အပစ်တင်မနေပါနဲ့။ မိမိကိုယ်မှ မိမိဂရုမစိုက်ရင် ဒီရောဂါ ကူးစက်တာ ခံရမှာပါဘဲ။ ကာကွယ်ဆေး ကုသဆေး လုံးဝမရှိသေးတဲ့ ရောဂါပါ။ 

.

ဒါတောင် အစိုးရနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ ကြိုးစားလွန်းလို့ ထိမ်းနိုင်နေတာပါ။ သူတို့ ခြေကုန်လက်ပမ်းလာလောက်ပါပြီ။ လုံးဝ ထိန်းမနိုင် မဖြစ်သေးခင် ရိုးရှင်းသောစည်းကမ်းများကို လိုက်နာကြပါ။

.

အပြင်မထွက်ရဘူး မပြောထားပါ။ ငွေရှာဖို့လိုလို့ ကိစ္စရှိလို့ဆိုရင် ထွက်ပါ။ အပြင်ထွက်တိုင်း မတ်စ်သေချာတပ်ပါ။ လူအများနဲ့ တတ်နိုင်သလောက် ခွာခွာနေပါ။ ပြန်လာတိုင်း လက်ဆေးပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။












14 October 2020

ကိုဗစ်တံဆိ​ပ်ခေါင်းများ









ကိုဗစ်တံဆိပ်ခေါင်းဆိုလို့ မြန်မာ့စာပို့လုပ်ငန်းက ကိုဗစ်အထိမ်းအမှတ်တံဆိပ်ခေါင်းတွေ ထုတ်နေပြီမထင်ကြပါနှင့်။ ထုတ်ဖို့ အိုင်ဒီယာမရှိသလို ရှိရင်လည်း ထုတ်ခွင့်ပေးလိမ့်မည် မထင်ပါ။

.

ရန်ကုန်နှင့် မန္တလေးတွင် stay@home ဆီမီးလော့ဒေါင်းလုပ်ထားစဥ် ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်းများကို အမည်ပေးတာပါ။ တံဆိပ်ခေါင်းများ သတ်မှတ်ရင်မှာထုတ်ဖို့ဆိုတာ နှစ်နဲ့ချီစီစဥ်ထားရတာ နားလည်ပါတယ်။ ကျန် ပန်းဆယ်မျိုးခေါင်းနဲ့ ရွေးကောက်ပွဲအထိမ်းအမှတ်ထုတ်ရင် ကိုဗစ်ခေါင်းစာရင်း ဝင်နိုင်ပါသေးတယ်။ မြန်မြန်ပျောက်ပါတော့ ကိုဗစ်ရယ်။

.

တံဆိပ်ခေါင်းထုတ်သည့်နေ့တွင် လူများလေ့ရှိသဖြင့် နောက်နေ့မှသွားပါတယ်။ အသွားအလာ ကန့်သတ်ထားလို့ သတင်းစုံစမ်းပြီးမှ သွားဝယ်ဖြစ်ပါတယ်။ ပန်းပုခေါင်းနဲ့ ရုပ်ရှင်နှစ်တရာပြည့်ခေါင်းတွေက လေးရက်ဘဲခြားလို့ ဒီနေ့မှသွားတာ ရုပ်ရှင် FDC မရတော့ပါ။ မနေ့က ရောင်းချစဥ်မှာပင် ကုန်သွားတယ်လို့ သိရပါတယ်။ ပုံမှန်တံဆိပ်ခေါင်းစုသူတွေအပြင် ရုပ်ရှင်ချစ်သူများကပါ ဝယ်သိမ်းကြဟန်တူပါတယ်။ 

.

၁၃ အောက်တိုဘာမှာ ထုတ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်နှစ်တရာအထိမ်းအမှတ်က ၂၀၀ကျပ်ပါဘဲ။ FDC လည်း ၂၀၀ကျပ်တန် ထုတ်ပါတယ်။ တဦးတည်းအကြိုက်ပြောရရင် မြန်မာ့စာပို့လုပ်ငန်းက နောက်ပိုင်းထုတ်တွေ ဒီဇိုင်းတိုးတက်လာတဲ့အထဲ ဒီခေါင်းကို ပိုသဘောကျမိတယ်။ 

.

၉ အောက်တိုဘာမှာထုတ်တဲ့ ရိုးရာပန်းစီးရီးရဲ့ ပန်းပုတံဆိပ်ခေါင်းကလည်း ၂၀၀ကျပ်ပါ။ FDCလည်း ၂၀၀ကျပ်တန် ထုတ်တယ်။ ဒီတံဆိပ်ခေါင်းမှာမှ နောက်ခံအရောင်ကြောင့် ပေါ်လာတဲ့ အမှတ်အသားလေးရှိတာ သတိထားမိတယ်။ တံဆိပ်ခေါင်းရဲ့ညာဘက် အလယ်လောက်မှာ အမဲရောင် လက်မှတ်လိုမျိုးလေးပါ။ အရင်ခေါင်းတွေပြန်ကြည့်တော့လည်း ပါပါတယ်။ နောက်ခံအရောင်နဲ့ ရောနေလို့ သတိမထားမိခဲ့ပါ။ ဒီဇိုင်နာလက် မှတ်ဆိုရင် တံဆိပ်ခေါင်းမှာသုံးတာ မမြင်ဘူးခဲ့ပါ။ 

11 October 2020

ရန်ကုန်ဆေးရုံသစ်အတွက် မြေနေရာ၊


ရန်ကုန်အတွက် သင့်တော်မည့် ဆေးရုံသစ်ကြီးနေရာ။

.

ကိုဗစ်အတွက် ဆေးရုံယာယီတွေဆောက်ရင်း ကျန်ခဲ့မယ့်ဆေးရုံတရုံဆောက်လိုက်ဖို့ အိုင်ဒီယာပေါ်တယ်။ မြေနေရာရွေးကြတော့ သာကေတာအမှိုက်ပုံကိုနေရာကိုရွေးလို့ ဆူညံနေတယ်။ ပို့စ်တခုဖတ်လိုက်တော့ သနားတောင်သွားပါတယ်။ ရန်ကုန်အစိုးရ စီမံခန့်ခွဲလို့ရတဲ့ အကျယ်ဆုံးမြေနေရာပါတဲ့။ ဘာမှပြောစရာမရှိတော့ပါ။ ဖြစ်နိုင်ပါတယ်။ ကွီးဖြိုး ဓာတ်ဆီဆိုင်YPအတွက် နေရာရှာတာ့ ရှိမှမရှိဘဲ။

.

ရေရှည်အတွက် နိုင်ငံတော်အဆင့်က ရွေးပေးနိုင်ရင် ထောက်ကြန့်လမ်းဆုံကနေ ပဲခူးဘက်အထွက် ညာဘက်ခြမ်းက အကွက်ကြီးရွေးစေချင်တယ်။ ပိုင်ရှင်တော့ ရှိပြီးသားဖြစ်မှာပါ။ နိုင်ငံတော်အနေနဲ့ ပြန်ဝယ်လို့ဖြစ်စေ၊ ပိုင်ရှင်ထံမှ အလှူခံလို့ဖြစ်စေ မြေရအောင်လုပ်ရမှာပါ။

.

လမ်းများအဆုံမှာရှိလို့ အဆင်ပြေမှာပါ။ ရန်ကုန်မြို့ထဲက ဆေးရုံကြီးကို နယ်တွေကလာနေတဲ့ အရေးပေါ်ကားတွေ မနည်းပါ။ ကားကြပ်ကြပ်ထဲဖြတ်နေကြတာ အမြဲတွေ့နေရတာပါ။ ဒီနေရာမှာသာ ဆေးရုံကြီးတရုံရှိရင် အဆင်ပြေမှာပါ။ တဆက်တစပ်ထဲရှိလို့ ဆေးတက္ကသိုလ်နဲ့ အခြားဆက်စပ်တက္ကသိုလ်တွေ ကျောင်းတွေပါ ရမယ်ထင်ပါတယ်။ 

.

အနက်ရောင်မျှားဘက်က လမ်းကိုအသုံးပြုရင် ရွှေပြည်သာဖြတ်ပြီး ဧရာဝတီဘက်ကပါ လာလို့ရပါလိမ့်မယ်။ တခါတည်း အပြီးမဆောက်နိုင်ရင်တောင် မာစတာပလန်ဆွဲထားပြီး တဆောင်ချင်းဆောက်သွားသင့်ပါတယ်။ လက်ရှိ ဘာအဆောက်အဦးမှ မရှိသေးတဲ့ မြေကွက်ကျယ်ကြီးပါ။ တနေရာမှာတော့ အိမ်ယာစီမံကိန်းလုပ်ဖို့ ကာထားတာဘဲ ရှိပါသေးတယ်။

07 October 2020

ဝူဟန်ကိုဗစ် အောက်တိုဘာ ၇


 

ဝူဟန်ကိုဗစ် အောက်တိုဘာ ၇

.

ကမ္ဘာကြီးမှာ #ဝူနာ ၃၆သန်း ကျော်သွားပါပြီ။ တနေ့ နှစ်သိန်းခွဲနဲ့ သုံးသိန်းကြား ပုံမှန်တိုးနေတုံးပါ။ ယူအက်စ်၊ ဘရာဇီး နဲ့ အန္ဒိယ ထိပ်ဆုံး သုံးနိုင်ငံမှာလည်း ဝူနေတုံးပါ။ သူတို့က လူဦးရေလည်း များတာကိုး။ သေနှုန်းကတော့ တကမ္ဘာလုံး ကျလာပါပြီ။

.

ဒီဝူ ၃၆သန်းထဲမှာ အမေရိကန်သမတ ဒေါ်နွယ်ထွန်းလည်း ပါသွားပါပြီ။ သတင်းဌာနတွေက အိမ်ဖြူတော်သည် အစုလိုက်ဝူဖြန့်တဲ့နေရာလို့တောင် ပြောနေပါပြီ။ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေအပါအဝင် အိမ်ဖြူတော်မှာဝူတာကို ၁၇ဦး ရှိနေပြီတဲ့။

.

ဒေါ်နွယ်ထွမ်းက ကိုဗစ်သည် အခြားရာသီတုပ်ကွေးနဲ့ အတူတူပါဘဲ။ သိတ်အလေးမထားကြနဲ့ပြောလို့ ဖေ့ဘုတ်က အဲဒီပို့စ်ဖျက်လိုက်ပါပြီ။ တွိဒ်တာကတော့ သတိပေးချက်နဲ့ တင်ထားပါတယ်။

.

ဆေးက နှစ်ကုန်လောက်မှရမယ်လို့ WHOက ပြောတယ်။ ဆေးတွေ့ပြီဆိုတဲ့ ရုရှလည်း ညိမ်သွားပြီ။ တရုပ်ဆေးလည်း အသံမကြားပြန်ဘူး။ ထုံးစံအတိုင်း လူကိုလူလို့ တန်ဖိုးထားတဲ့ အနောက်နိုင်ငံတွေရဲ့ဆေးဘဲ စိတ်ချရမှာပါ။

.

မြန်မာပြည်မှာတော့ နေ့စဥ်ထောင်ဂဏန်း ဝူနေပြီ။ ရန်ကုန်မှာ အဆိုးဆုံးဆိုပေမယ့် ထိန်းလာနိုင်ပြီထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်တွေကဆို ဆေးရုံနဲ့ Qစင်တာတွေ မနိုင်မနင်းဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းပန်ထားတာပါ။ အခုတော့ အဆင်မပြေမှုတွေ သိတ်မကြားရတော့ပါ။

.

ဒီကြားထဲ ရွေးကောက်ပွဲကနီးလာတော့ ဘာသာရေး လူမှူရေးနဲ့ ဖွလို့မရတော့တဲ့ အယူတိမ်းတွေက ကိုဗစ်သတင်းမှားတွေနဲ့ ဖွကြပါတယ်။ လူတွေကြောက်ပြီး နိုင်ငံမတည်ငြိမ်အောင်ပေါ့။ ထူးဆန်းတာက ယုံပြီးကြောက်နေသူရှိသလို အခြေခံကာကွယ်မှု မတ်စ်တောင်ပုံမှန်မဝတ်ဘဲ မေးစေ့ချိတ် သွားနေသူတွေလည်း ရှိနေဆဲပါဘဲ။ သတင်းတွေကို ချင့်ချိန်ပြီး ယုံဖို့လိုပါတယ်။

.

တခုပြောချင်တာက ဒီကပ်ဆိုးဟာ မြန်မာတပြည်ထဲ ဖြစ်နေတာမဟုတ်ပါဘူး။ ဝူလာမှ ပိုက်ဆံရှိလည်း ပြည်ပမှာ သွားမကုနိုင်ပါဘူး။ ပိုင်ဆိုင်သမျှပုံပေးလည်း ကုဖို့ဆေးမပြောနဲ့၊ ကာကွယ်ဆေးပင် မပေါ်သေးပါဘူး။ ဒီတော့ ကိုယ့်ဆီကိုမကူးရအောင် သတိထားကြပါ။ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။ အပြင်ထွက်ရင် မတ်စ်တပ်ပါ။ ခွာခွာလေးနေပါ။ ပြန်လာရင် လက်ဆေးပါ။ ဒါလေးတွေတော့ ဂရုစိုက်လုပ်ကြပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 


01 October 2020

၂၀၂၀ရေွးကောက်ပွဲ မဲစပေးကြပြီ၊


 


နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီးရဲ့ ပထမအဖွင့်အဖြစ် အဝေးရောက်မဲတွေ ဒီနေ့စပေးကြပါပြီ။ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့မြန်မာတွေ ကြိုတင်မဲ ဒီနေ့မဲစပေးပါပြီ။

.

ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ မြန်မာတွေမဲပေးကြမှာဖြစ်ပေမယ့် စင်ကာပူက မြန်မာများတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ ၂၀၁၅တုံးက မဲမပေးရမှာစိုးလို့ သံရုံးသွားလမ်းပေါ်မှာ ညအိပ်စောင့်ခဲ့တာတွေ၊ ပြည်တွင်းကို လေယာဥ်စီးလုံးငှား မဲလာပေးတာတွေဟာ နိုင်ငံတကာအထိ ပြန်နှံ့စိတ်ဝင်စားစေခဲ့သလို ပြည်တွင်းမှ ထိုအချိန်အခါ အခြေအနေအရ မဲပေးရမှာကြောက်နေသူတွေ၊ တွေဝေနေသူတွေကို တွန်းအားပေးခဲ့သလိုဖြစ်စေခဲ့တာ ကျေးဇူးတင်စရာပါ။ အဲဒီလို တက်တက်ကြွကြွ မဲပေးခဲ့သူ အားလုံးနီးပါးကလည်း NLDကိုမဲပေးတယ်လို့ ဗြောင်ပြောခဲ့သူတွေကိုးခင်ဗျ။ 

.

ပြည်တွင်းမှာတော့ ဝူဟန်ကိုဗစ်ကြောင့် ရွေးကောက်ပွဲရွှေ့သင့်တယ် အော်နေသူတွေရှိတယ်။ အော်သူအများစုက ဘယ်အချိန်ရွေးကောက်ပွဲလုပ်လုပ် နိုင်ခြေမရှိသူတွေပါ။ ဘဲဥတောင် မကွဲမယ့်ပါတီတွေက အများစုပါ။ ရွေးကောက်ပွဲ မဖြစ်ရင် ကာလုံလက်အပ်ရမယ်ဆိုပြီး ကြောင်တောင်တောင် အော်နေသူတွေက ပါသေး။

.

တဦးထဲအမြင်ပြောရရင် ခုအခြေအနေအတိုင်းဆို ရွေးကောက်ပွဲ ရွှေ့စရာမလိုပါ။ စတေး@ဟုမ်းလုပ်နေရတဲ့ မြို့နယ်တွေမှာသာ မသကာ နောက်ရွှေ့ယုံပါ။ မြန်မာပြည်မြို့နယ် ၃၀၀ ကျော်မှာ ရန်ကုန်တတိုင်းဘဲ ကူးစက်သူများနေတာပါ။ ဒီတော့ ရန်ကုန်ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ သတ်မှတ်ရက်မှာလုပ်နိုင်ပါတယ်။

.

အရေးကြီးတာက မဲပေးခွင့်ရှိတဲ့သူတွေ မဲပေးကြရပါမယ်။ ဒါသည် ကိုယ့်အခွင့်အရေးလို့ နားလည်ရမှာဖြစ်သလို နိုင်ငံသားတယောက်ရဲ့တာဝန်လို့လည်း သိရပါမယ်။ အထူးသဖြင့် NLDထောက်ခံသူတွေက ''အခြားသူတွေပေးလိမ့်မယ်၊ NLDထောက်ခံသူ အများကြီးပါ၊ သူတို့ပေးလိမ့်မယ်'' စသဖြင့်တွေးပြီး မဲမပေးဘဲ မနေကြပါနဲ့။ NLDအနိုင်သေချာအောင် ကိုယ်တိုင်မဲပေးကြပါ။ စစ်အာဏာရှင်စံနစ်ကြိုက်သူတွေ ကိုးကွယ်သူတွေ ပြန်မလာနိုင်အောင် မဲပေးနေတာလို့ စိတ်ထဲအမြဲထားပါ။ ပေါ့လို့မဖြစ်ပါ။

.

၂၀၂၀ရေွးကောက်ပွဲမှာ NLD အပြတ်နိုင်ရမယ်။ #vote_NLD   #NLDကိုမဲပေးပါ။ 

23 September 2020

ပန်းရန် တံဆိပ်ခေါင်း၊

 





မြန်မာ့ရိုးရာ ပန်းဆယ်မျိုးစီးရီးရဲ့ ပန်းရန်တံဆိပ်ခေါင်း ၂၁ရက်နေ့က ထွက်ပါတယ်။ စက်တင်ဘာ၂၁ တနင်္လါ မနက်၈နာရီကစ ရန်ကုန်တမြို့လုံး စတေး@ဟုမ်းဆိုလို့ အကုန်ဂွကျကုန်ပါတယ်။ သတင်းနားထောင်ပြီး ဒီနေ့မှသွားဖြစ်ပါတယ်။

.

စက်တင်ဘာလကုန်အထိ FDC ရောင်းပေးမှာဖြစ်သလို တုံးလည်းထုပေးပါမယ်တဲ့။ ရန်ကုန်စာတိုက်ကြီးအပေါ်ထပ် ငွေတိုက်ခန်းမှာ တံဆိပ်ခေါင်းဝယ်တာ၊ FDCဝယ်တာ၊ တုံးထုတာလုပ်ပေးပါတယ်။ လူရှင်းနေတော့ အေးဆေးလုပ်ရပါတယ်။

.

ရန်ကုန်မှာ ကိုဗစ်အခြေအနေက ဘယ်လိုဆက်သွားမယ်မသိတော့ ကျန်ခေါင်းများ ဘယ်လိုဆက်ထုတ်မည်မသိပါ။ အကြံပေးချင်တာကတော့ ကိုဗစ်အေးသွားမှဘဲ ဆက်ထုတ်စေချင်တယ်။ ၂၀၂၀အတွင်း အပြီးထုတ်ချင်တယ်ဆိုလည်း ရက်ခြားသာဆက်ထုတ်လိုက်ပေါ့။ 

.

တံဆိပ်ခေါင်းတန်ဖိုးက ၂၀၀ကျပ်ဖြစ်သလို FDCကလည်း ၂၀၀ကျပ်ပါ။


aplar.blogspot.com. 

16 September 2020

ဝူဟန်ကိုဗစ် စက်တင်ဘာ ၁၆


 


အန္ဒိယနိုင်ငံက #ဝူနာ စာရင်းမှာ ငါးသန်းကျော်နဲ့ ဒုတိယနေရာ ရောက်လာပါပြီ။ ကံကောင်းတာတခုက သေနှုန်းမှာ ယူအက်စ်နဲ့ ဘရာဇီးလောက် မများတာပါဘဲ။ သို့သော်တနေ့ဝူနှုန်း ကိုးသောင်းကျော်နေတာ ဆယ်ရက်ခန့်ရှိပါပြီ။ ဒါဟာ စဖြစ်ကတည်းက တရုပ်ဝူနာပေါင်း ရှစ်သောင်းခွဲထက် အများကြီး များနေပါတယ်။

.

တရုပ်က တော်တော်ကို ထိန်းနိုင်ပါပြီ။ အဖြစ်အများဆုံးမြို့နဲ့  စဖြစ်တဲ့မြို့ ဝူဟန်မှာတောင် ကျောင်းတွေပြန်ဖွင့် စီးပွားရေးတွေ ပုံမှန်ပြန်လုပ်နေပါပြီတဲ့။ ဒီေ​န့ကစ အပြည်ပြည်ဆိုင်ရာ ေ​လယာဥ်ေ​တွလည်း စပျံေ​နပြီ။ ဇယားမှာလည်း ၄၀အထိကျလာပါပြီ။ လူဦးရေဆယ်သန်းဘဲရှိတဲ့ ဆွီဒင်က တရုပ်ထက် ဝူနာပိုများနေပါပြီ။

.

မြန်မာကတော့ ယနေ့မနက် ရှစ်နာရီမကြေညာခင်ကို ၁၂၈ထိ တက်လာပြီ။ ယိုးဒယားထက် ဝူများနေပြီ။ ဒီတပတ်အတွင်း ထိန်းနိုင်ဖို့ မျှော်လင့်ရတာဘဲ။ မနေ့က အမေစုကိုယ်တိုင် စည်းနဲ့နေကြဖို့ ပြောပါတယ်။ 

.

မြန်မာကဝူ ပျော့သွားတယ်ဆိုတာ ဂ ျင်းပါ။ လူငယ်တွေကူးခံရရင် ခံနိုင်ရည်ရှိလို့ လက္ခဏာမပြတာဘဲ ဖြစ်မှာပါ။ လူငယ်တွေကတဆင့် အိမ်မှာအတူနေလူကြီးတွေဆီကူးရင် ဒုက္ခရောက်တာပါဘဲ။ မပျော့သွားကြောင်းက ဒုအကျော့မှာသေသူ ၃၀ခန့်ရှိတာက ပြနေတာပါ။ အထူးသဖြင့် ဆီးချိုရှိသူတွေ သတိထားရမယ်။ ဆီးချိုရှိရင် သွေးတိုး နှလုံးရောဂါတွေကလည်း တွဲပါလာတာတတ်တာကိုး။

.

တတ်နိုင်သမျှ လူအများကြား မသွားပါနဲ့။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ ပြန်လာရင် လက်ဆေးပါ။ စိတ်ညစ်တတ်ရင် ဖွဘုတ်မကြည့်ဘဲနေပါ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

11 September 2020

ရန်ကုန်လေ​​ာ့​ဒေါင်း


 ထုံးစံအတိုင်း ကမ္ဘာနှစ်ခြမ်းကွဲပြန်ပြီလေ။

.

တခြမ်းက ရန်ကုန်ကို နှစ်ပတ်လောက် အပြင်မထွက်ရလော့ဒေါင်း လုပ်ပါတဲ့။ နောက်တခြမ်းက စားဝတ်နေရေးအတွက် ငွေရှာဖို့ ထွက်နေရမှာဘဲတဲ့။

.

နှစ်ဖက်လုံး ကိုယ့်အမြင်နဲ့ကိုယ် ဟုတ်နေတာပါဘဲ။ လူအများစုကြီးက စားစရာရှိဖို့ကို အလုပ်ရှိနေရဦးမှာပါ။ ဒီလိုလူတွေက ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေကို အတတ်နိုင်ဆုံးလိုက်နာပြီး အလုပ်သွားကြပါ။ အပြင်ရောက်နေချိန် မတ်စ်အမြဲတပ်ထားကြပါ။ အခြေအနေပေးတိုင်း လက်ဆေးကြပေါ့။

.

နောက်တခြမ်းဖြစ်တဲ့ လော့ဒေါင်းလုပ်စေချင်သူတွေက ကိုယ့်ဖာသာ လော့ဒေါင်းလုပ်နေလိုက်ပါ။ Self lock downed ပေါ့။ ကိုယ်တိုင် အပြင်မထွက်ရင် အားလုံးလော့ဒေါင်းလို ဖြစ်နေတာဘဲ။ မထွက်ရအမိန့် မရှိတော့ ကိုယ်လိုတာရှိရင်တောင် မတ်စ်တပ်ပြီး သွားဝယ်နိုင်သေးဗျာ။ မကောင်းဘူးလား။

.

ဒီလောက်လွယ်တာကို အညင်းပွားနေကြသေး။ လက်ရှိအစိုးရက မျက်ခြေမပြတ်ကြည့်ပြီး လိုသလိုထိန်းညှိပေးနေတာပါ။ ဒီကပ်ဆိုးကြီးအတွက် ကမ္ဘာမှာကို ပုံသေနည်းမရှိတာ သတိထားကြပါ။ လက်ရှိထုတ်ပြန်ထားတဲ့ အမိန့်စည်းကမ်းတွေကိုသာ တဦးချင်းလိုက်နာကြရင် မကြာခင်အတွင်း အခြေအနေ ပြန်ကောင်းလာမှာပါ။ ရခိုင်ဘက်မှာတောင် ပြန်တည်ငြိမ်လာပြီဘဲ။ နှစ်ပတ်လောက်တော့ သည်းခံလိုက်ကြပါ။ 

.

ထွက်စရာအလုပ်ရှိသူတွေ မတ်စ်တပ်ပြီး သတိနဲ့ထွက်ကြ။ ထွက်စရာမလိုသူတွေ ကွကိုယ်လော့ဒေါင်းနေ။ ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

04 September 2020

ပန်းတော့ တံဆိပ်ခေါင်း


 မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတံဆိပ်ခေါင်း စီးရီးရဲ့ ပန်းတော့တံဆိပ်ခေါင်း ယနေ့ထွက်ပါတယ်။ ၂၀၀ကျပ်တန်ပါ။

.

တံဆိပ်ခေါင်းစက္ကူအသားကြောင့် အရောင်မထွက်ပါ။ ဒီဇိုင်းအရောင်တွေက မွဲခြောက်ခြောက်အရောင်တွေ သုံးတာများတယ်။ ဓာတ်ပုံမှာဆို တောက်ပနေတယ်။ ဝယ်ခဲ့တဲ့ တံဆိပ်ခေါင်းအရွက် မှာ ခွေးသွားစိတ်တွေလည်း မပေါက်တာတွေပါနေတယ်။ စီးရီးစ်ဆိုတော့ ဒီလိုဘဲ လာကြဦးမယ်ထင်ပါတယ်။

.

FDCလည်းထုတ်ဝေပြီး ၂၀၀ကျပ်ပါ။ တပတ်ခြား သောကြာနေ့တိုင်း ထုတ်ဝေနေတယ်။ ရန်ကုန်မှာ ကိုဗစ်ကြောင့် လော့ဒေါင်းနေရာတွေ များလာပြီ။ ကျန်ခြောက်ခေါင်း ေရှာရှောရှူရှူ ထွက်ပါစေဗျား။ 



03 September 2020

ဝူဟန်ကို​ဗစ် စက်တင်ဘာ ၃

 



ဝူဟန်ကိုဗစ် စက်တင်ဘာ ၃

ကမ္ဘာမှာ ဝူနာ  ၂၆သန်း ကျော်ပြီ။ တရက်ကို သုံးသိန်းနီးပါး ပြန်တိုးလာတယ်။ အန္ဒိယမှာတရက် တိုးနှုန်းက တရုပ်မှစဖြစ်ကတည်းက ယနေ့အထိ ဝူနာပေါင်းထက် များနေတာ ဇယားမှာ တွေ့နိုင်ပါတယ်။
.
အမေရိကားမှာ ၆သန်းကျော်ပြီ၊ ဘရာဇီးမှာ ၄သန်းကျော်ပြီ၊ ရုရှတောင် တသန်းကျော်ပြီ။ အန္ဒိယလည်း နောက်သုံးရက်ဆို ၄သန်း ကျော်မှာဘဲ။ သေနှုန်းလိုက် မတက်လို့သာ တော်တော့တယ်။ တနေ့ ငါးထောင်ဝန်းကျင် သေတုံးပါ။ ဥရောပဘက် မှာ စဖြစ်တဲ့ မတ်လအခြေအနေ ပြန်ဖြစ်လာပြီလို့ သတိပေးနေရပြီ။
.
တရုပ်မှာ စဖြစ်ကတည်းကစတွက်ရင် ဝူနာရှစ်သောင်းခွဲကျော်ရှိတယ်။ မနေ့က လူဦးရေ ဆယ့်တသန်းခွဲဘဲရှိတဲ့ ဘယ်ဂျီယန်က ဝူနာသူ့ထက် များသွားပြီ။ ခုထိ ထိန်းနိုင်တဲ့သဘော မရှိပါဘူး။
.
အင်ဒိုနီးရှားမှာလည်း တနေ့သုံးထောင်လောက်တိုးနေတုံး။ ဘာသာရေးကျောင်းတခုက ဝူခြောက်ရာကျော်ဖြစ်စေတာ စိုးရိမ်စရာပါ။ ဖိလစ်ပိုင်မှာလည်း နှစ်ထောင်ကျော်တိုးတယ်။ စလုံးမှာ ဆယ်ဂဏန်းဘဲတိုးတဲ့ရက် များလာပြီ။ ဝန်ချုပ်ကလွှတ်တော်မှာ ထိန်းနိုင်လာပြီ၊ ဒါပေမယ့် တက် မထောင်ကြဖို့ သတိပေးသွားတယ်။ သတိထားရမယ်လေ၊ လူဦးရေရဲ့ တရာခိုင်နှုန်း ဝူနေတာကိုး။
.
မြန်ပြည်မှာ ပြန့်နေဆဲလို့ ယူဆပါတယ်။ ရခိုင်ဘက် မှာ ဝူစစ်နိုင်ရင် တွေ့အုံးမှာပါ။ herd immunity ဖြစ်ပါစေဘဲ ဆုတောင်းရမယ်။ လူတသန်းမှာ ဝူနာဘယ်လောက်ရှိတယ်ဆိုတဲ့ဇယားမှာ မြန်မာက အောက်ကစရင် နံပတ်ခြောက်ရောက်သွားပါပြီ။ လွန်ခဲ့သောနှစ်ပတ်လောက်က နံပတ်နှစ်ပါ။
.
ရန်ကုန်ကို ရခိုင်ဘက် မှလာသူတွေ အူကြောင်ကြားလုပ်နေတယ်လို့ အမေစုနဲ့တွေ့တဲ့ဗျူးမှာ ရန်ကုန်တိုင်းဆရာဝန်ကပြောတယ်။ နည်းနည်းကြပ်သင့်ပါပြီ။ ရခိုင်မှလာသူတွေ ကိုယ့်ဖာသာသတင်းပို့ ဆေးစစ်ခံရင် စစ်ခဖရီး။ ဝူတွေ့လို့ Qဝင်ရရင် ကုန်ကျစားရိတ် မျှခံပေးမယ်။ ခေါ်တာမလာလို့ လိုက်ရှာပြီးဆေးစစ်ရရင် စစ်ခ၊ ကားခ၊ Qခတေွ မိမိဖာသာကျခံရမယ့်အကြောင်း သတိပေး ကြေညာသင့်တယ်။ တချို့က ဒုတ်ပြမှကြောက်ကြတာလေ။
.
ရန်ကုန်နဲ့ ရခိုင်ဘက်နဲ့အသွားအလာရှိတဲ့ ဒေသတွေမှာ ဝူပြန့်နေနိုင်ပါတယ်။ ဒီတော့ မလိုဘဲလူအများကြား မသွားပါနဲ့။  အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ ပြန်လာရင် လက်သေချာဆေးပါ။ ဒီအလွယ်လေးတွေက တော်တော့်ကို ဝူကာနိုင်ပါတယ်။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။

02 September 2020

ရန်ကုန်မှာလည်း ပြန့်နေလောက်ပြီ


 

တရုပ်မှာ ဘတ်စ်ကားစီးလာတဲ့ Covid-19ဗိုင်းရပ်စ်ရှိနေသူ ဝူခရီးသည် (အနီရင့်အကွက်) တယောက်ကြောင့် ကျန်ခရီးသည်တွေစီ ပြန့်သွားပုံကို ပြန် traceလိုက်ထားတာပါ။ ယာဥ်ပေါ်ပါသူ ၄၀%လောက်စီ ပြန့်သွားတာတွေ့မှာပါ။ အဓိကက လေမှာပြန့်လွယ်ကြောင်းသိသာစေပါတယ်။

.

ရခိုင်ပြည်နယ်မှာ ဩဂုတ်လထဲစပြီး ကိုဗစ်ပြန့်ပါတယ်။ ရခိုင်ပြည်နယ်မှ ခရီးထွက်ဖို့ ကား သို့မဟုတ် လေယာဥ်စီးကြရပါမယ်။ ရခိုင်ဘက် မှာ တွေ့တဲ့ဗိုင်းရပ်စ်အချို့က တရုပ်မှာထက် ပြန့်ပွားနှုန်း ဆယ်ဆရှိပါသတဲ့။ ကားစီး လေယာဥ်စီးလာသူတွေ ယာဥ်ပေါ်မှာတွင် ဘယ်လောက်ပြန့်ခဲ့နိုင်ပါသလဲ။ 

.

ရန်ကုန်မှာတွင် ရခိုင်မှပြန်လာပြီး သတင်းမပို့သေးသူ ၄၀၀၀ခန့် ကျန်နေပါတယ်။ ရန်ကုန်မှာနေရသူအများစုဟာ အိမ်ကျဥ်းကျဥ်းတွေမှာဘဲ နေရဖို့များပါတယ်။ မိမိနဲ့အတူ​ေန အိမ်သားတွေကို လူမသိသူမသိ ဘယ်လောက်ပြန့်စေခဲ့ပြီလဲ။

.

ရခိုင်မှပြန်လာသူများ မိမိမှာ ပိုးပါမပါ မသိနိုင်ပါ။ ယခုပိုးက ဖျားနာမှု ယုတ်တရက် မဖြစ်စေတော့ သတိမထားမိနိုင်ပါ။ စစ်ကြည့်မှသာ စောစောသိနိုင်ပါတယ်။ စောစောသိလို့ စောစောကုလိုက်ရင် လူသက်သာသလို အခြားသူများကိုလည်း မပြန့်စေတော့ပါ။ ပထမဆုံး ကူးစက်ခံရမှာ မိမိနှင့် တိုက်ရိုက်ပတ်သက်နေသူတွေ ဖြစ်ဖို့များတာ သတိချပ်ပါလေ။ မဖြစ်မနေ သတင်းပို့သင့်တယ်။ 

.

သေချာတာကတော့ ရန်ကုန်မှာ မသိဘဲပြန့်နေနိုင်ပါပြီ။ ထုတ်ပြန်နေတဲ့စာရင်းတွေကြည့်ရင် သိသာလာပါပြီ။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်စ်ကို အပြင်ထွက်တိုင်း မဖြစ်မနေတပ်ကြပါ အမျိုးတို့။ ရန်ကုန်လေထုမှာလည်း ပြန့်နေလောက်ပါပြီ။

28 August 2020

ပန်းတဥ်း တံဆိပ်ခေါင်း


 

မြန်မာ့ရိုးရာ ပန်းဆယ်မျိုးစီးရီးရဲ့ တတိယတံဆိပ်ခေါင်း ပန်းတဥ်းကို ယနေ့ထုတ်ဝေပါတယ်။

.

၂၀၀ကျပ်တန်ဖြစ်ပြီး FDCလည်း ၂၀၀ကျပ်နဲ့ ထုတ်ဝေပါတယ်။

.

ပန်းတဥ်း : ကြေးထည်အမျိုးမျိုး သွန်းလုပ်သည့်ပညာဖြစ်သည်။ 

26 August 2020

ဝူဟန်ကိုဗစ် ဩဂုတ် ၂၆

 

ကမ္ဘာမှာ #ဝူနာ ၂၄သန်းကျော်သွားပါပြီ။ WHOက ကမ္ဘာမှာ ဝူနာတိုးနှုန်း အရှေ့တောင်အာရှကလွဲလို့ ကျလာပြီဆိုပေမယ့် လေးရက်ကို တသန်းနှုန်း တိုးနေတုံးပါ။ သေဆုံးသူ ၈သိန်းကျော်နဲ့ ပြန်ကောင်းသူ ၁၆၅သိန်းကျော်ပါ။ 

.

ယူအက်စ်ကတော့ ဝူကောင်းတုံးပါ။ ဝူနာ ခြောက်သန်းပြည့်ပါတော့မယ်။ ဖြစ်စက တုပ်ကွေးလူနာ နှစ်စဥ်ရှစ်သောင်းခွဲလောက်ဖြစ်နေကြလို့ ဒေါ်နွယ်ထွမ်းပြောခဲ့ပေမယ့် ခုသေသူကို တသိန်းရှစ်သောင်းရှိနေပါပြီ။ ဘရာဇီးနဲ့ အန္ဒိယမှာ သုံးသန်းကျော်စီနဲ့ ရုရှမှာတသန်းပြည့်ပါတော့မယ်။ အန္ဒိယမှာက နေ့စဥ် ခြောက်သောင်းကျော်တိုးနေတာပါ။

.

တရုပ်ကြီးတောင် ဇယားမှာ ၃၅ရောက်သွားပြီ။ လူဦးရေဆယ်သန်းလောက်ဘဲရှိတဲ့ ဆွီဒင်ကကျော်တက်သွားပါပြီ။ လူဦးရေကိုးသန်းမပြည့်တဲ့ အစ္စရေးကလည်း ဝူနာတသိန်းကျော်သွားပါပြီ။

.

ကိုရီးယားမှာ တကျော့ပြန်ဝူနေပါတယ်။ အစိုးရရဲ့ကိုင်တွယ်ပုံကြောင့်ဆိုပြီး ဆေးဝန်ထမ်းတွေဆန္ဒပြနေကြတယ်။ စံနစ်ပြင်မပေးရင် ဆက်ပြကြမယ်တဲ့။ လေမုန်တိုင်းကလည်း ဒီရက်အတွင်းအတိုက်ခံရမှာမလို့ အစိုးရအတွက် ပွဲကြီးပွဲကောင်းပါ။ ဝူနာပြန်ပြန့်တဲ့တနေရာဖြစ်တဲ့ စတားဘတ်ကော်ဖီဆိုင်မှ ဝန်ထမ်းတွေကို ဆေးစစ်ကြည့်တော့ မတ်စ်တပ်ထားတဲ့ဝန်ထမ်းတွေ အကူးမခံရဘူးလို့ သိရပါတယ်။

.

အင်္ဂလန်မှာ နောက်လကျောင်းတွေပြန်ဖွင့်ဖို့ လုပ်နေပါပြီ။ ကျန်းဌာနကတာဝန်ရှိသူက ကျောင်းရက်ရှည်ပိတ်တာက ကျောင်းသားတွေအတွက် ဝူထက်ပိုဆိုးလို့ ကျောင်းပြန်တက်ကြပါတဲ့။ ဝန်ချုပ်ကလည်း ကျောင်းပြန်တက်ဖို့ ဆော်သြပါတယ်။ သူတို့အတွေးကလည်း တမျိုးပါလားနော်။ အောက်စဖို့ဆေး နောက်တသုတ်တော့ ဆောင်းဦးပေါက်မှာ စမ်းမယ်လို့ပြောပါတယ်။

.

စလုံးမှာ စ်ိးပွားရေးထိလို့ အလုပ်လျော့မှာစိုးနေပေမယ့် ကျန်းမာရေးနဲ့ဆိုင်တဲ့ အလုပ်သစ်တွေ ခန့်မယ်လို့ကြေငြာပါတယ်။ စလုံးမှာ ဝူနာအသစ်တွေ့တာ ဆယ်ဂဏန်းအထိ ကျလာပါပြီ။ ခရီးသွားလည်း ပြန်စချင်နေပါပြီ။ ဘရူနိုင်းနဲ့ နယူးဇီလန်ကလာရင် ခြေရာခံကရိယာ နှစ်ပတ်ဝတ်ထားရပြီး Qစရာမလိုပါတဲ့။ မလေးနဲ့လည်း လမ်းကြောင်းရှာနေသလို ဂျပန်နဲ့လည်း အပြန်အလှန်ခွင့်ပြုပါလိမ့်မယ်။ တနေ့က စလုံးမှတရုပ်သွားတဲ့ စကုလေကြောင်းမှာ ဝူနာတွေ့တာ လေယာဥ်ဝန်ထမ်းတွေမကူးဘူးလို့ သိရပါတယ်။ အကာအကွယ်တွေဝတ်ထားတာရဲ့ အကျိုးကျေးဇူးပါဘဲ။

.

ထိုင်းမှာ ပြည်တွင်းခရီးသွားပြန်စမယ်ပြောပေမယ့် နိုင်ငံအရေးပေါ်အခြေအနေကို စက်တင်ဘာလကုန်အထိ တိုးလိုက်ပါတယ်။ ပြည်ပကလာခွင့်ပြုရင် တရုပ်တွေဘဲ ခုအချိန်အများဆုံး လာကြမယ်ထင်တယ်။ တရုပ်မှာတော့ ဝူသစ်မတွေ့တာ ကိုးရက်ရှိပြီဆိုပေမယ့် လုံးဝစိတ်မချရသေးပါ။

.

အမေကြီးကားက လေကြောင်းတွေလည်း ဆက်ပျံဖို့ကြိုးစားနေတယ်။ ဒါပေမယ့် AAလေကြောင်းက အစိုးရဆက်မထောက်ပံ့ရင် အောက်တိုဘာမှာ လူ၁၉၀၀၀လောက် အနားပေးရမယ်တဲ့။ ဖင်လန်လေကြောင်းကတော့ လူတထောင်လောက် လျော့ပါမယ်။ ထိုင်းလေကြောင်းပြန်ဖွဲ့ဖို့ စက်တင်ဘာ၁၄မှာ တရားရုံးက အမိန့်ချပါလိမ့်မယ်။ တကမ္ဘာလုံး လေကြောင်းလိုင်းတွေ ပြုတ်မယ့်ကိန်းပါ။

.

ရွှေပြည်မှာတော့ ဝူပြန့်နှုန်း များလာပါပြီ။ နှစ်ရက်အတွင်း ဝူတရာတွေ့ပါတယ်။ အများစုက ရခိုင်ပြည်နယ်မှာပါ။ အဲ့ဒီမှာ အောက်ဘရိတ်အဆင့်လို့ ပြောလို့ရနေပါပြီ။ ခုနောက်ပိုင်း ရခိုင်ဘက်မှာတွေ့တဲ့ဝူက အပြန့်လွယ်ပေမယ့် ရောဂါလက္ခဏာ ပြင်းထန်ဟန်မတူပါ။ လက္ခဏာမပြသူ၊ ဖျားနာခြင်းမရှိသူတွေ များပါသတဲ့။ အဲဒါမှန်ရင် တော်ပါသေးတယ်။

.

ကျန်းမာရေးရှု့ဒေါင့်ကမဟုတ်ဘဲ ဖြစ်စေချင်တဲ့ရှု့ဒေါင့်က တွေးကြည့်တယ်။ မြန်မာပြည်မှာ ဝူကြောင့်ခြောက်ဦးဘဲသေတယ်။ သူတို့ကလည်း အရင်ပြင်းထန်တဲ့ဝူမိတာဖြစ်ပြီး နဂိုရ်ရောဂါအခံ ရှိသူတွေလည်းဖြစ်တယ်။ နောက်ပိုင်းဝူသူတွေက အသည်းအသန်ဖြစ်သူတောင် မတွေ့ရဘူးတဲ့။ ဆေးလည်းမရှိဘဲ ကျန်းမာအောင်စောင့်ရှောက်ထားတာနဲ့တင် ပြန်ကောင်းသွားကြပုံဘဲ။ ဆေးရုံဆင်းရသူ ၃၃၉ဦးရှိခဲ့ပြီ။

.

အခုနောက်ဆုံးတွေ့နေတာက ဖျားနာတာမရှိ။ ကူးလွယ်တာသာရှိတာမလို့ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေးတွေလိုဖြစ်သွားရင် ကောင်းမယ်။ ကိုယ်ခံအားနည်းနေသူတွေ အကူးခံရရင်တော့ ဆင်တုပ်ကွေးလို ခံရမှာပေါ့။ အဖိတ်အစင်လည်း နည်းနိုင်ပါတယ်။ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ရာသီရောဂါတွေမှာတောင် သေသူတွေနှစ်စဥ် ရှိနေတာဘဲလေ။ ဖြစ်ချင်တာ ပြောတာပါ။ ခုထိကတော့ ဘာမှသေချာမပြောနိုင်တာမလို့ အပြင်လိုအပ်မှထွက်ပါ။ ထွက်တိုင်းမတ်စ်တပ်ပါ။ ပြန်လာတိုင်း လက်ဆေးကြပါအုံးနော်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 



22 August 2020

ဝူဟန်ကိုဗစ် ဩဂုတ် ၂၂

 


ဝူဟန်ကိုဗစ် သြဂုတ် ၂၂

°•°•°•°•°•°•°•°•°•°•°•°•°•


ကမ္ဘာမှာ #ဝူနာ ၂၃သန်းကျော်သွားပါပြီ။ လေးရက်တသန်းနှုန်းတက်နေတာ ကြာလာပြီ။ သေသူလည်း ရှစ်သိန်းကျော်သွားပြီ။ တရက်သုံးသိန်းနှုန်းအထိ တိုးခဲ့ရာက နှစ်သိန်းခွဲပြန်ဖြစ်လာလို့ တိုးနှုန်းပြန်ကျတယ်တော့ ပြောလို့ရပါတယ်။

.

သိသာတာကတော့ သေသူနဲ့ ပြန်ကောင်းသူ အချိုးပါ။ အရင်က ပြန်ကောင်းသူလေးဦးရှိရင် တဦးသေပါတယ်။ အခုက သေသူတဦးမှာ ပြန်ကောင်းသူနှစ်ဆယ်နှုန်းလောက် ရှိလာပါတယ်။ ရောဂါကို ခံနိုင်လာတဲ့ သဘောပါဘဲ။ သေသူအများစုကလည်း အသက်ကြီးသူတွေနဲ့ အခြားရောဂါရှိသူတွေ များခဲ့ပါတယ်။

.

ရုရှက ဆေးအမြောက်အများထုတ်နေတယ် ပြောပေမယ့် မယုံကြည်သေးသူ များနေပါတယ်။ အင်ဒိုနီးရှားက ဆေးသန်းလေးဆယ်ဝယ်မယ်ပြောပေမယ့် ဘယ်ကဝယ်တယ် မပြောသေးပါဘူး။ WHO ညွှန်ချုပ်ကြီးကတော့ ဒီကပ်ဆိုး နှစ်နှစ်လောက်ရှည်ကြာမယ် ပြောလိုက်ပြန်ပါပြီ။

.

ရောဂါပြန့်မှာစိုးသူနဲ့ စီးပွားလုပ်ရမယ့်ကိစ္စတွေလည်း နိုင်ငံအများမှာ ရှုပ်ထွေးနေတုံးပါ။ စင်ကာပူက ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ဘရူနိုင်းနဲ့ နယူးဇီလန်ကလာရင် Qစရာမလိုဘူး ပြောပါတယ်။ တရုပ်နဲ့ အရှေ့အာရှနိုင်ငံတချို့ကလာရင်တော့ တပတ်Qရပါမယ်။

.

ဟောင်ကောင်က စက်တင်ဘာတရင်နေ့ကစပြီး လူစုခွင့် စမ်းခွင့်ပြုမယ်ဆိုဘဲ။ သူတို့ဆီမှာ တတိယလှိုင်းတောင် ဖြစ်နေပါပြီ။ ဘယ်လိုစမ်းသတ်ချင်တာလည်း သဘောမပေါက်ပါ။ ကိုရီးယားမှာလည်း တနေ့ဝူနာသုံးရာကျော်ရက်တွေ ရှိလာနေပြီ။ လူမစုရလော့ဒေါင်းကိစ္စတွေမှာ နိုင်ငံရေးရော ဘာသာရေးပါ ရှုပ်ထွေးနေပါတယ်။ လူအများကို ပြန့်စေခဲ့တာ ချပ်ချ်တခုက ဘုန်းကြီးဖြစ်ပြီး သူကလက်ယာစွန်းရောက်တဦးပါတဲ့။

.

ကျောင်းပိတ်ရက်ရှည်ကြာလာတာ ကျောင်းသားတွေအတွက် မကောင်းဘူးဆိုပြီး ဘယ်ဂျီယံမှာ အထက်တန်းအကြီးတွေ ပြန်စဖွင့်ပါမယ်။ ရောဂါဖြစ်နှုန်း အရမ်းမြင့်တဲ့နိုင်ငံထဲ ပါပါတယ်။ ပြင်သစ်မှာလည်း ကျောင်းတွေပြန်ဖွင့်ရင် အသက်၁၁နှစ်အထက်တွေ မတ်စ်တပ်ရပါမယ်တဲ့။

.

လေယာဉ်နဲ့ ခရီးသွားလုပ်ငန်းတွေ အမေရိကန်က လုပ်နေရပါတယ်။ နိုင်ငံက ကျယ်တာကိုး။ ဒယ်လ်တာအဲလိုင်းက ပြည်ပခရီးစဥ်တွေ မကြာခင်ပြန်မယ် ပြောပါတယ်။ ဘိုအင်းကုမ္ပဏီက လေယာဥ်မောင်းခန်းနဲ့ ခရီးသည်ခန်းတွေ အမြန်ပိုးသတ်ပေးနိုင်မယ့် ကြိမ်နှင်တံ wand တည်ထွင်နေပါပြီတဲ့။ 

.

ရွှေမြန်ပြည်မှာတော့ စစ်တွေမှာ အခြေအနေ စဆိုးလာပါတယ်။ သုံးလေးရက်အတွင်း သုံးဆယ်လောက်ဝူလာတယ်။ ရန်ကုန်မှာတဦးက ဆေးခန်းလာပြလို့ ပိုစိုးရိမ်ကုန်တယ်။ ခုလေးတင်ဖတ်ရတဲ့သတင်းက ဆေးခန်းနဲ့ပတ်သက်သူအားလုံး ပထမအကြိမ်စစ်တာ နက်ဂတစ်ပါတဲ့။ စစ်တွေမှ အသွားအလာတွေလည်း ပိတ်ထားပါပြီ။ ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်တွေလည်း လိုက်သွားနေကြပါပြီ။ ဝူမဝူစစ်တဲ့စက်တွေတောင် စစ်တွေသို့ အမြန်ဆုံးရွှေ့ စစ်သွားမှာပါတဲ့။

.

သိတ်စိုးရိမ်စရာ မလိုသလို သတိတော့ပိုထားကြပါ။ ကောလဟလတွေ လိုက်ကြည့်နေမယ့်အစား သက်ဆိုင်ရာက ထုတ်ပြန်တာကို စောင့်ကြည့်ကြပါ။ ရောဂါဖြစ်တဲ့သူ ဖြစ်တဲ့နေရာကို မသိနိုင်ပါဘူး။ ကိုယ့်အနီးမှာ ရှိနေနိုင်ပါတယ်။ မဖြစ်မနေလုပ်ရမှာက မလိုအပ်ဘဲ လူအများကြား မသွားပါနဲ့။ တတ်နိုင်သမျှ ခွာခွာနေပါ။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ ပြန်လာတိုင်း လက်ဆေးပါ။ ဒါတွေသည်သာ အကောင်းဆုံးကာကွယ်မှုတွေ ဖြစ်ကြောင်းပါခင်ဗျား။



18 August 2020

ဝူဟန်ကိုဗစ် ဩဂုတ်၁၈

 

ကမ္ဘာမှာ #ဝူနာ ၂၂သန်း ကျော်ပါပြီ။ လေးရက်မပြည့်ခင် တသန်းတိုးပါတယ်။ ၇ရက်နဲ့ နှစ်သန်းတိုးသလိုပါဘဲ။ အများဆုံးဖြစ်တဲ့ အမေရိကန်နဲ့ ဘရာဇီးမှာ တိုးနှုန်းကျလာပေမယ့် အန္ဒိယနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ တိုးကောင်းတုံးပါ။ 

.

WORLDOMETER က ဝူနာပြဇယားမှာ (ပုံများ) ဝူနာအနည်းအများအလိုက် တန်းစီထားတယ်။ မြန်မာနိုင်ငံက လောလောဆယ် ၁၇၁ပါ။ ဒါပေမယ့် လူဦးရေတသန်းမှာ ဘယ်နှစ်ယောက်ဝူလည်း စီလိုက်ရင် ဒုတိယအနည်းဆုံးပါ။  နံပတ်၂၁၂။ အောက်မှာ လာအိုနဲ့ သင်္ဘောနှစ်စီးဘဲရှိတယ်။

.

အဲဒီဇယားမှာဆို တရုပ်က ၃၄အထိကျသွားပြီ။ ဒိုမီနီကန်နဲ့ ဆွီဒင်က တရုပ်အထက်ရောက်သွားပြီ။ လူဦးရေ နည်းတဲ့နိုင်ငံငယ်တွေပါ။ ဝူနာတသိန်းကျော်တဲ့နိုင်ငံစာရင်းထဲ အီကွေဒေါနဲ့ ဘိုလီးဗီးယားရောက်သွားပြီ။ လူဦးရေနည်း နိုင်ငံငယ်လေးတွေပါဘဲ။ စိုးရိမ်စရာပါ။ 

.

အာဖရိကတိုက်မှာ အဆိုးဆုံးက အီဂျစ်နဲ့ တောင်အာဖရိကပါ။ တနေ့က တောင်အာဖရိက သမတက တိုးနှုန်းအမြင့်ဆုံးကိုကျော်ပြီမို့ စီးပွားရေးတွေပြန်စဖို့ ဆော်သြပါတယ်။ လူတွေရဲ့စားဝတ်နေရေးက ရှိသေးတော့ အမြဲလော့ဒေါင်းလို့လည်း မဖြစ်ဘူးလေ။ ဒါပေမယ့် တောင်အာဖရိကမှာ ဝူနာ ၅သိန်း၈သောင်းရှိနေပြီး တနေ့ကို သုံးလေးထောင်တိုးတုံးပါ။

.

တကမ္ဘာလုံးရဲ့ စီးပွားရေးကိုကြည့်လိုက်ရင် အကျကြီးပါဘဲ။ ဗြိတိန်က ၁၁နှစ်အတွင်း အဆိုးဆုံးတဲ့။ ဂျပန်က ၂၇%ကျော်ကျပြီး ၁၉၈၀နောက်ပိုင်း အဆိုးဆုံးပါတဲ့။ ကျန်နိုင်ငံတွေ ကုမ္ပဏီတွေလည်း အကျဘဲများပါတယ်။ ထူးထူးခြားခြား လော့ဒေါင်းချိန် အိမ်မှာနေရင်း လုပ်လို့ရတဲ့ ကုမ္ပဏီအနည်းငယ်ကတော့ အတက်ပြပါသတဲ့။

.

ရောဂါကပ်ကြီး ကင်းပြီလို့ ဂုဏ်ယူကြေငြာနိုင်တဲ့ နိုင်ငံတွေလည်း ပြန်လော့ဒေါင်းနေရတယ်။ အဲဒီထဲမှာ နယူးဇီလန်လို ပြင်ပနဲ့ အဆက်ဖြတ်နေနိုင်တဲ့ ကျွန်းနိုင်ငံတောင် ပြန်ဝူသူများလာလို့ ရွေးကောက်ပွဲတလနောက်ရွှေ့တယ်။ နိုဝင်ဘာမှလုပ်မယ့် ရွေးကောက်ပွဲတွေ အေးဆေးကောင်းပါရဲ့။

.

ပညာတတ်နိုင်ငံတွေလို့ ပြောလို့ရတဲ့ ဂျာမဏီနဲ့ ပြင်သစ်မှာ အပြင်ထွက်ရင် မတ်စ်မတပ်မနေရ အမိန့်ထုတ်လို့ ဆန္ဒပြသူတွေရှိတယ်။ လူ့အခွင့်အရေး အကြောင်းပြပေမယ့် နိုင်ငံရေးပါမယ်ထင်တယ်။ ဒီက ဘာသာရေးအကြောင်းပြပြီး ဘုရားသွားကန်တော့သူတွေလိုပေါ့။ အနည်းအပါးပါ။ အစ္စရေးအစိုးရကတော့ တမျိုး။ ဝူကိစ္စ အကိုင်အတွယ်ညံ့လို့ ထွက်ပေးဖို့ဆန္ဒပြခံနေရချိန်၊ ယူအေအီးနဲ့ သံတမန်စာချုပ် ချုပ်ပြလို့ ခဏတော့ငြိမ်သွားပြန်ပြီ။

.

ရွှေပြည်မှာတော့ တနေ့က ပြည်တွင်းကူးလို့ ယူဆရမယ့် ဝူနာတယောက် စစ်တွေဘက်မှာတွေ့ပြန်တယ်။ မိသားစုဝင်တဦးက NGOဝန်ထမ်းဆိုတော့ မိသားစုဆေးစစ်ချက်ထွက်မှ အတိအကျသိရမယ်။ သူ့ကိုဘယ်က ကူးသလဲဆိုတာ သိမှဖြစ်မှာ။

.

 ရောဂါလက္ခဏာ မပြခင်နှစ်ပတ်အတွင်း လေယာဥ်နှစ်ကြိမ်စီး ခရီးသွားထားတယ်။ ဘဏ်မှာလုပ်တာဆိုတော့ အထိအတွေ့များခဲ့မှာဘဲ။ သက်ဆိုင်ရာဌာနတွေက ချက်ချင်းအက်ရှင်ယူတာတွေ အားရစရာတွေ့ရလို့ တော်ပါသေးရဲ့။ လေပျံနဲ့ခရီးသွားခဲ့တာ၊ လေယာဥ်တွေက နောက်ခရီးစဥ်တွေမှာသုံး၊ ရန်ကုန်ပြန်ညအိပ်နဲ့ ပြန့်မယ်ဆို ပြန့်ချင်စရာပါ။ 

.

ပြည်ပခရီး မသွားဘူးဘူး။ ဝူနာတွေနဲ့ မထိတွေ့ဘူးဘူးနဲ့ အကူးခံရတယ်ဆိုတာ ပြည်တွင်းမှာတွင် လက္ခဏာမပြဘဲ ဝူနေသူတွေ ရှိနေနိုင်တာကို ပြတာပါ။ အချို့လည်း သာမန်တုပ်ကွေးလို ရောဂါပီးသွားနေကြလား မသိပါဘူး။ ကိုယ်ခံအားနည်းနေသူမှဘဲ လက္ခဏာပြနေလားမသိ။

.

ဘာဘဲဖြစ်ဖြစ် ပြည်တွင်းမှာဝူနာနည်းပေမယ့် မိမိပတ်ဝန်းကျင်မှာ ဝူနေသူရှိနေနိုင်ပြီ။ ပေါ့ဆလို့မဖြစ်ပါ။ ဒီတော့ ဆောင်ရန်ရှောင်ရန်တွေ ဆက်လုပ်နေကြပါဦး။ လက်ဆေး၊ မတ်စ်တပ်၊  မလိုဘဲအပြင်မထွက်ပါနဲ့။ ထွက်ရင်လူချင်းခွာနေ။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

14 August 2020

မြန်မာ့ကိုဗစ် အခြေအနေ၊

 


   ကမ္ဘာမှာ ဝူဟန်ကစလိုက်တဲ့ ကိုဗစ်ကပ်ဆိုးကြီး မွှေနေတုံးပါ။ တနေ့ထက်တနေ့ ရောဂါကူးသူများလာပြီး ဒီနေ့ဆို ၂၁သန်း ကျော်ခဲ့ပါပြီ။ သေဆုံးသူ ၇သိန်း ကျော်ခဲ့ပါပြီ။ 

.

ဒီရောဂါဖြစ်နေသူ အရေအတွက်စာရင်းကို WORLDOMETER ဆိုတဲ့ webpage ကနေ အမြဲဖော်ပြနေပါတယ်။ များသောအားဖြင့် လူနာအများဆုံးဖြစ်တဲ့ နိုင်ငံတွေကိုဘဲ ကြည့်သူတွေက သတိထားကြည့်ကြတယ်။ ဘယ်လောက်တောင် ရောဂါကူးနေသလဲပေါ့။

.

ယေဘုယျအားဖြင့် လူဦးရေများတဲ့တိုင်းပြည်မှာ ရောဂါများမယ်ထင်ရပါတယ်။ ကိုဗစ်မှာတော့ အဲဒီလို ပုံသေပြောမရပါ။ ဇယားမှာ လူနာအများကစ ဖော်ပြထားပေမယ့် လူတသန်းမှာ ဘယ်နှစ်ယောက် ကူးစက်ခံရပြီလည်း ကြည့်လို့ရပါတယ်။ 

.

အဲဒီလိုကြည့်လိုက်တော့ လူဦးရေ ၂၈သိန်းဘဲရှိတဲ့ ကာတာနိုင်ငံက ဝူနာ တသိန်းတသောင်းကျော် ရှိနေတာတွေ့ရတယ်။ ၂၇ယောက်မှာ တယောက် ရောဂါရှိတဲ့သဘောပါ။ စင်ကာပူက နံပတ် ၂၀မှာပါ။

.

အဲဒီဇယားရဲ့ အောက်ဆုံးကို ကြည့်လိုက်ပါတယ်။ မြန်မာနိုင်ငံက ဒုတိယအောက်ဆုံးမှာပါ။ အောက်ဆုံးနှစ်ကွက်က သင်္ဘောပေါ်မှာ ဖြစ်တဲ့စာရင်းပါ။ ဆိုလိုတာက လူဦးရေနဲ့ ရောဂါသည် အချိုးကျကြည့်ရင် မြန်မာပြည်က ဒုတိယအကောင်းဆုံးမှာ ရှိနေပါတယ်။ အင်မတန် ဂုဏ်ယူစရာ ကောင်းယုံမက ကပ်ရောဂါကြီးနဲ့ ဝေးကြောင်းပြတာမလို့ စိတ်ချမ်းသာစရာပါ။ 

.

ဒါဟာ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဌာနတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်တဲ့ ရလာဒ်ပါ။ ဒီရလာဒ်ကို ဆေး စိတ်ချစွာ တွေ့ရှိပြီး ကပ်ကြီးပြီးပြီလို့ ကြေငြာသည်အထိ ထိန်းကြရပါမယ်။ ဒီလိုထိန်းဖို့ကလည်း ခုက်ိုခြောက်လလောက် ရှိပြီဖြစ်တဲ့ အပြုအမူတွေကို ဆက်လုပ်နေကြဖို့ပါဘဲ။

.

သိတ်ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ပါဘူး။ မလိုအပ်ဘဲ လူအများကြား မသွားပါနဲ့။ သွားရင် ခပ်ခွာခွာနေပါ။ အပြင်ထွက်တိုင်း မတ်စ်တပ်ပါ။ ပြန်လာရင် လက်ဆေးပါ။ ဒါလောက်လုပ်နေရင်ကို ထိန်းနိုင်ပါပြီ။ 

.

ဝူဟန်ကိုဗစ်ဘေး ကင်းဝေးကြပါစေ။ 

10 August 2020

မြစ်တစင်းရဲ့အစ

 

ကျနော့်မှာ စိတ်ကူးတခုရှိခဲ့တယ်။ ဖြစ်နိုင် မဖြစ်နိုင်သာ သေချာမသိတာ။ မနေ့ကကြည့်ရတဲ့ ဗီဒီယို လေးပိုင်းအရ ဖြစ်နိုင်သွားပါတယ်။
.
ဧရာဝတီမြစ်ကြီးရဲ့အစ မေခမြစ်ဖျား ရေစစီးတဲ့နေရာ မြင်နိုင်မလားပေါ့။ ဆန်တက်ကြည့်ရင် မြစ်ကနေချောင်း၊ ချောင်းကနေမြောင်း၊ မြောင်းကတဖြေးဖြေးသေးသွားပြီး တကဲ့ရေစစီးတဲ့နေရာ ရှိနိုင်မလားပေါ့။
.
ဖြစ်နိုင်သွားပါတယ်။ မနေ့ကကြည့်ရတဲ့ ဗီဒီယိုမှာ ကမ္ဘာ့အရှည်ဆုံးမြစ် နိုင်းမြစ်ရဲ့အစကို မြေထဲပင်လယ်ကစ လိုက်ကြည့်တာ ကြည့်ရတယ်။ အဖျားဘက်မှာ နိုင်းအပြာနဲ့ နိုင်းအဖြူဆိုပြီး သတ်မှတ်ထားလို့ နှစ်ဖက်လုံး ကြည့်ခဲ့ရပါတယ်။
.
မြေထဲပင်လယ် အလက်ဇန်းဒြီးယားမြို့ကစတယ်။ လေပျံ ရထား ကား ​လှေသင်္ဘော အဆင့်ဆင့်စီးပြီး နောက်ဆုံးခြေလျှင်ကြိတ်ရတာပါ။ နိုင်းမြစ်ကြီးတလျောက် ဒေသတွေ လူနေထိုင်မှုတွေပါ ပြသွားတဲ့ ကောင်းမွန်တဲ့ ခရီးသွားမှတ်တမ်းပါဘဲ။
.
မြစ်တလျောက်ဆန်တက်ရင် ဆူဒန်နိုင်ငံ ခါတွန်မြို့နားမှာ မြစ်နှစ်ခုကွဲပါတယ်။ ရေစီးအတိုင်းဆိုရင်တော့ မြစ်နှစ်စင်းဆုံတာပေါ့။ ရေနှစ်မျိုးရဲ့အရောင်ကလည်း သိသိသာသာကွဲပါတယ်။ အရောင်တွေက အဖြူနဲ့အပြာ မဟုတ်တော့ပါ။ ရွံ့ရောင်ပေါက်နေပါပြီ။ ရေများချိန်ဆို ဆယ်မိုင်လောက်အထိ အရောင်ကွဲပါသတဲ့။
.
မြစ်ပြာဘက်ကို လေပျံနဲ့သွားရတာ။ မြစ်ကျဥ်းပြီး ​လှေသွားမရလို့။ သူက အီသီယိုးပီးယားက အယ်လ်ဘတ်ရေအိုင်ဘက်က စစီးတာ။ အယ်လ်ဘတ်ဆိုတာ မြစ်ဖြူစစီးတဲ့ ဝိတိုရီးယားအိုင် အမည်ပေးတဲ့ဘုရင်မ ယောက်ကျားအမည်တဲ့။ အဲဒီရေအိုင်ထဲကိုစီးတဲ့ ချောင်းဖျား၊ အီသီယိုးပီးယားကုန်းမြင့်အထိ လိုက်ကြည့်တာ။ 
.
ရှိတယ်ဗျာ။ နိုင်းအပြာအစလို့ သတ်မှတ်ထားတဲ့ ရေထွက်အထိရောက်တယ်။ အီသီယိုးပီးယားက မူစလင်များပေမယ့် အဲ့​ဒေသက ခရာဇ်ယာန်နယ်မြေ။ ခရာဇ်ယာန်ဘုန်းကြီးက စောင့်ရှောက်ထားတယ်။ holy water ဆိုပြီး။ ရေထွက်ရာနေရာကို သွပ်ရုံဆောက်ကာထားတယ်။ ကင်မရာအဖွဲ့ကို ပေးမဝင်ဘူး။ လူတွေက ရောဂါအကုန်ပျောက်တယ်ဆိုပြီး လာချိုးကြ၊ ပုန်းတွေနဲ့လာသယ်ကြဘဲ။
.
နိုင်းအဖြူရဲအစက ဝိတိုရီးယားအိုင်ထဲကို စီးဝင်တဲ့ ချောင်းဖျားအထိလိုက်တာ။  တောထဲကို ကုန်းကြောင်းလိုက်ရတာ။ သူက ယူဂန်ဒါနိုင်ငံထဲမှနေ ရဝမ်ဒါတောထဲအထိရောက်တယ်။  သစ်ပင်​ေတွခြုံတွေခုတ်ပြီး နောက်ဆုံးကားသွားလို့ရတဲ့နေရာကနေ သုံးမိုင်လောက်လျှောက်မှရောက်တော့တယ်။ အနားမှာ ဘာမှမရှိဘူး။ မိုင်လေးထောင်ကျော်ရှည်တဲ့ နိုင်းမြစ်ကြီးရဲ့အစလို့ ဆိုင်းဘုတ်တော့ ထောင်ထားတယ်။ ရွံ့မြေပေါက်ကလေးထဲက ရေစစိမ့်ထွက်တဲ့နေရာ။ ရေနည်းချိန်ဆိုတော့ ရေစိမ့်တယ်ဆိုယုံလေး။ ဒီကရေက နောက်တလခွဲလောက်ကြာမှ မြေထဲပင်လယ် ရောက်မယ်ဆိုဘဲ။ စိတ်ဝင်စားစရာပါဘဲ။


07 August 2020

ပန်းထိမ် တံဆိပ်ခေါင်း

 

   မြန်မာ့ရိုးရာ ပန်းဆယ်မျိုးစီးရီးရဲ့ ဒုတိယမြောက် တံဆိပ်ခေါင်းထွက်တယ်။ ပန်းထိမ်ပါ။ ပုံအနေနဲ့ ရွှေပန်းထိမ်ရော ငွေပန်းထိမ်ပါ ပါတယ်။ ငွေထည်ပစ္စည်း ကြီးကြီးတွေတွေ့လို့ ယွန်းထည်နဲ့ မမှားကြစေလိုပါ။

.

၂၀၀ကျပ်တန် တံဆိပ်ခေါင်းပါ။ FDC လည်း ထုတ်ဝေပြီးတော့ တအိပ် ၂၀၀ကျပ်ပါဘဲ။ 


02 August 2020

ဝူဟန်ကိုဗစ် ဩဂုတ် ၂




ဝူဟန်ကိုဗစ် သြဂုတ် ၂
.
ကမ္ဘာကြီးမှာ ကိုဗစ်၁၉ကပ်ဆိုး တိုးဖြစ်နေတုံးပါ။ မနေ့ကတနေ့ထဲ နှစ်သိန်းခွဲတိုးပြီး သေသူ ခြောက်ထောင်နီးပါးပါ။ #ဝူနာ ၁၈သန်းကျော်သွားပါပြီ။ တသန်းတိုးဖို့ သုံးရက်ကျော် လေးရက်နီးပါးဘဲကြာပါတယ်။ သေသူ ခြောက်သိန်းရှစ်သောင်းကျော်နဲ့ ပြန်ကောင်းသူ ၁၁သန်းကျော်ပါ။ 
.
ယူအက်စ်က အဝူအများဆုံးဖြစ်နေဆဲပါ။ လေးသိန်းခုနှစ်သောင်းကျော်ရှိနေပြီ။ တရက်ကို ခုနှစ်သောင်းကျော် တိုးမြဲ။ သေသူလည်း တသိန်းခွဲကျော်ပြီ။ ဒီကပ်ဆိုးကို အင်မတန်ပေါ့ဆစွာ ထိမ်းခဲ့တဲ့ သမတဒေါ်နွယ်ထွမ်းပင် မတ်စ်တပ်နေပါပြီ။
.
ဒုတိယအများဆုံး ဘရာဇီး၊ ဝူနာ နှစ်သိန်းခုနှစ်သောင်းကျော်၊ တတိယ အန္ဒိယ၊ တသိန်းခုနှစ်သောင်းကျော်ပါ။ ဒီနှစ်နိုင်ငံရဲ့ ဝူနာသေနှုန်းက အမေရိကန်ထက် အတော်နည်းပါတယ်။ ဆင်းရဲသားတွေ ခံနိုင်ရည်ရှိနေလား မသိ။ 
.
ဝူဇယားမှာ တရုပ်ကို အီကွေဒေါက ကျော်သွားပြီ။ ဇယားမှာ ဝူနာရှစ်သောင်းကျော်နဲ့ ထိပ်ဆုံးကစခဲ့တာ ခု ၂၉အထိ ကျသွားပြီ။ လူဦးရေနည်းတဲ့ အိုမန်နဲ့ ဘိုလီးဗီးယားက ရက်ပိုင်းအတွင်း ကျော်အုံးမယ်။ ဖိလစ်ပိုင်လည်း တသိန်းကလပ်ထဲ ဝင်သွားပြီ။ ကူးစက်များတဲ့ နိုင်ငံတွေက ရုရှ တောင်အာဖရိက မက္ကဆီကို ပီရူး ကိုလံဘီယာ အာဂျင်တီးနားနဲ့ ဖိလစ်ပိုင်။ 
.
WHOက ဒီကပ်ဆိုးကြီးက ကြာအုံးမယ်လို့ ပြောတယ်။ ဥရောပမှာကို ဒုအကျော့ တအကျော့တွေ လာနိုင်သေးသတဲ့။ စပိန်ဒေသတချို့ ပြန်ဖြစ်တာကိုး။ ဝူနာ ၉၉ရက်မရှိလို့ ဂုဏ်ယူကြေငြာတဲ့ ဗီယက်နမ် ဒါနန်းမှာပြန်ဖြစ်လို့။ အရင်သေသူမရှိရာက ခုရက်ပိုင်းအတွင်း ၃ဦးသေပြီ။ ဒေသတွင်းက လူတသန်းကျော်လုံး ဝူစစ်မယ်လို့ ကြေငြာထားတယ်။
.
အန္ဒိယမှာ မနေ့က အသစ်ကူး ငါးသောင်းခုနှစ်ထောင်ကျော်နဲ့ စံချိန်တင်ပြန်သတဲ့။ တသန်းခုနှစ်သိန်းကျော် ဝူနေပြီ။ ဇူလိုင် တလအတွင်း ၁၁သိန်းတိုးတာ ပေါ့ဆမှုကြောင့်လား မေးခွန်းထုတ်နေရပြီ။
.
ဂျပန်မှာလည်း လော့ဒေါင်းဖွင့်ကတည်းက ပြန်ဝူတာများနေတယ်။ တိုကျိုတွင်သာမက ဝေးတဲ့အိုကီနာဝါကျွန်းမှာပါ အဝူများသတဲ့။ အရေးပေါ်အခြေအနေ ကြေငြာပြီး အိမ်မှာနှစ်ပတ် နေခိုင်းထားပြီ။ တိုးရစ်နေရာတွေလည်း ပိတ်ခိုင်းမတဲ့။ အဲ့မှာရှိတဲ့ အမေရိကန် စစ်စခန်းကြောင့်များလား။
.
ဂျာမဏီမှာ ကပ်ကမဆိုးဘဲ အလကားသတိပေးတာဆိုပြီး လူနှစ်သောင်းလောက် ဆန္ဒပြသတဲ့။ အံ့သြစရာ။ ဝူပေါင်းနှစ်သိန်းကျော်ပြီး သေသူတသောင်းပြည့်တော့မယ်။ တနေ့ကို လေးငါးရာ ဝူနာတိုးတုံး။ သတင်းမကြည့်လို့များလား။
.
ကိုရီးယားမှာ အစဦးပိုင်း ဝူနာပြန့်စေခဲ့တဲ့ တရားပွဲလုပ်ခဲ့တဲ့ ခရဇ်ယာန်ဂိုဏ်းခေါင်းဆောင်ကို အရေးယူပါပြီ။ သူက လူသိရှင်ကြား တောင်းပန်ပြီးသားပါ။ မြန်ပြည်က တရားဟောဆရာလည်း ဘယ်လိုနေပါလိမ့်။
.
ပိုလန်မှာလည်း ဝူသူများလာလို့ ပြန်လော့ဒေါင်းပါတယ်။ ရုရှမှာတော့ ကျန်းဝန်ကြီးက အာဏာပိုင်တွေ လူအများစုကြီးကို ကာကွယ်ဆေးထိုးဖို့ စီစဥ်နေပြီလို့ ပြောတယ်။ ရုရှဆေးတွေစမ်းတာ တတိယအဆင့် လူမှာစမ်းတဲ့အဆင့် ရောက်နေပြီ။ နောက်နှစ်ဆင့်ကျန်တယ်။ ကျန်နိုင်ငံတွေရဲ့ဆေးတချို့လည်း တတိယအဆင့်ဘဲ။ လောထုတ်ပြီး တကယ်မကာကွယ်နိုင်ရင် ပြဿနာ။ သူတို့ကတော့ ပိုက်ဆံသယ့်ယူသွားမှာ။
.
လက်တင်အမေရိကက ကမ္ဘာ့ဝူကပ်ဆိုက်တဲ့ နေရာသစ်ဖြစ်နေပြီ။ ဘရာဇီးနဲ့ မက္ကဆီကို နှစ်နိုင်ငံက ပြီးခဲ့တဲ့လအတွင်း ဝူနှစ်ဆတိုးသတဲ့။ ထပ်လည်းတိုးအုံးမှာတဲ့။ နှစ်နိုင်ငံပေါင်း လေးဆယ့်ခုနှစ်သိန်းကျော်ပြီတဲ့။ အခြားလက်တင်အမေရိကနိုင်ငံတွေလည်း အဝူများတာပါဘဲ။ ဝေးလို့တော်သေးရဲ့။
.
ကိုလံဘီယာက ဒီလကုန်မှ လော့ဒေါင်းစမယ် စီစဥ်နေတယ်။ လက်ရှိဝူနာ သုံးသိန်းကျော်ပြီး သေသူတသောင်းဖြစ်နေပြီ။ မြန်မာပြည် NLDအစိုးရ ဘယ်လောက်လက်ဦးမှု ရယူခဲ့သလည်း သဘောပေါက်ကြမှာပါ။ 
.
ဒီရက်အတွင်း မူစလင်တို့ရဲ့ အရေးအကြီးဆုံး အဒ်ပွဲကို မက္ကာမှာ ဝူစည်းကမ်းများနဲ့အညီ လူအနည်းဆုံးနဲ့ လုပ်သွားပါသတဲ့။ ဘုရားဖူးတွေ မတ်စ်တပ်ရတယ်။ ဝူစစ်ခံရတယ်။ ဆိုရှယ်ဒစ်စတဲန့် လိုက်နာရတယ်။ နောက်ဆုံးဘုရားဖူး အစီအစဥ်ဖြစ်တဲ့ ငရဲတိုင်ကြီးကို ခဲနဲ့ပေါက်တဲ့နေရာဆို ဒီနှစ်လူတသောင်းဘဲ ပေါက်ရသတဲ့။ ခါတိုင်းနှစ်ဆို လူနှစ်သန်းခွဲကျော်။
.
အာဖရိကကြီးမှာ ဝူနာတသန်းပြည့်တော့မယ်။ အာဖရိကဝူရဲ့ ၄၀ရါနှုန်းဖြစ်တဲ့ တောင်အာဖရိကမှာ အခြေအနေအရ လော့ဒေါင်းဖွင့်ပေးရတယ်။ ဇင်ဘာဘွေမှာ ရိက္ခာအကူအညီမရရင် ဒီနှစ်ကုန်ဆို လူဦးရေ ၆၀ရါနှုန်းလောက် အစားအသောက်ကပ်ပါဆိုက်နိုင်တယ်လို့ FAOက သတိပေးထားတယ်။ ကင်ညာလေကြောင်းကတော့ မတ်လကတည်းက မပျံရတဲ့လေကြောင်း၊ တောင်းဆိုသူတွေရှိလို့ ပျံပြီတဲ့။ ဝမ်းပူဆာပြီလေ။
.
လော့ဒေါင်းလျော့တဲ့ နိုင်ငံတွေများလာသလို ဝူဖြစ်တာတွေလည်း ပြန်များလာပါပြီ။ မြန်မာပြည်မှာ တားမြစ်ထားတာတွေကို အကုန်ဖွင့်စေချင်သူတွေ စဥ်းစားစေချင်တယ်။ ဒီလောက်တားထားတာတောင် မလိုက်နာသူတွေရှိနေတာ လွှတ်ပေးလိုက်ရင် ထိန်းမနိုင်တဲ့ အောက်ဘရိတ်ဖြစ်သွားနိုင်တယ်။ ဒီတော့အနည်းဆုံး အသိတရားရှိသူတွေက ဝူစည်းတွေ လိုက်နာကြပါအုံး။ 
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 

24 July 2020

ပန်းပဲ တံဆိပ်ခေါင်း



ဒီနေ့ မြန်မာ့ရိုးရာပန်းဆယ်မျိုး-ပန်းပဲ ဆိုပြီး တံဆိပ်ခေါင်းထွက်တယ်။ စာတိုက်မှ ရောင်းသူကို ပန်းဆယ်မျိုးလုံး ထုတ်မှာလားမေးတော့ 'မသိပါဘူးရှင်'တဲ့။ တချို့နိုင်ငံများမှာ တနှစ်စာထုတ်မှာတွေ ကြိုကြေငြာထားတာ တွေ့ဘူးလို့ပါ။
.
ပန်းပဲထုနေတဲ့ ပုံလေးနဲ့ပါ။ ပန်းပဲဖိုကထွက်တဲ့ ပစ္စည်းပုံတွေလည်းပါပေမယ့် ခေါင်းလောင်းကြီးက ပန်းပဲနဲ့ဆိုင်မဆိုင် တွေးမိတယ်။ ၂၀၀ကျပ်တန်ဖြစ်ပြီး FDCလည်း ၂၀၀ကျပ်တန်ပါ။ စက္ကူအသားကြောင့်ထင်တယ်။ မြန်မာ့စာပို့ခေါင်းတွေက အရောင်မထွက်ဘူး။ ဒီဇိုင်းတော့ သင့်တင့်ပါတယ်။
.
ဒီနေ့ စာတိုက်ကြီးမှာ တွေ့ခဲ့တဲ့ တံဆိပ်ခေါင်းစုသူတွေက ဆယ်လုံးတွဲထုတ်မှာဘဲဆိုပြီး ပျော်နေတာတွေ့ခဲ့တယ်။ လွန်ခဲ့သော နှစ်လေးဆယ်ခန့်ကသာ ခုချိန်လိုထုတ်ခဲ့ရင် ဒေါ်လာရှာလို့တောင် ရခဲ့မှာဘဲ။ တန်ဖိုးမသိတဲ့လူတွေ နေရာရနေတဲ့ခေတ်ကိုး။

19 July 2020

မဲပေးကြရအောင်





No vote ဆိုတဲ့သူတွေ၊ ကိုယ့်အဆင့် ကိုယ်သိကြပေတော့။ မဲမပေးတာ အာခံတာမဟုတ်ဘူး၊ တော်လှန်တာမဟုတ်ဘူး။ လက်နက်ချ အညံ့ခံလိုက်တာပါတဲ့။ 
.
ဒီမိုကရေစီစံနစ် အောင်မြင်ဖို့ နိုင်ငံသားတွေ မဲပေးကြရမယ်။ ကိုယ့်ကိုယ်ကို အားလုံးသိ အားလုံးတတ် ဆရာကြီးလို့ထင်နေရင်တောင် မကြိုက်တာအနည်းဆုံးကိုယ်စားလှယ်ကို ရွေးချယ်မဲပေးကြရမယ်။ ဒါ့ထက်သတ္တိရှိရင်တော့ ကိုယ်တိုင်အရွေးခံဖို့ဘဲ ရှိပါတော့တယ်။
.
ခုမြန်မာပြည်မှာ no vote မဲမပေးကြနဲ့ကမ်ပိန်းလုပ်နေသူတွေက ဟီလာရီကလင်တန်နဲ့ ဒေါ်နွယ်ထွမ်း ရွေးကောက်ပွဲရယ်၊ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်သင့်လား ဆန္ဒခံယူပွဲရယ်မှာ မဲမပေးသူများလို့ မဖြစ်နိုင်တဲ့ရလာဒ် ရသွားတာမျိုး မျှော်လင့်ပြီး လုပ်နေတာ။ 
.
ဟီလာရီကြိုက်သူတွေက ဒေါ်နွယ်ထွမ်းကြိုက်သူ မရှိလောက်ပါဘူး၊ ကိုယ့်လူအေးဆေး နိုင်မှာပါဆိုပြီး မဲမပေးခဲ့ကြဘူးတဲ့။ ဒေါ်နွယ်ထွမ်းထောက်ခံသူတွေက အားလုံးနီးပါး မဲပေးကြတော့ နိုင်သွားတာပေါ့။ 
.
အီးယူက ဗြိတိန်ခွဲထွက်ဖို့ ဆန္ဒခံယူတုံးကလည်း ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး ခွဲမထွက်သင့်မှန်း သိသူတွေက မဲသွားမပေးကြဘူးတဲ့။ ရလာဒ်တွေထွက်လာမှ လန့်ဖြန့်ပြီး မဲဆန္ဒခံယူပွဲပြန်လုပ်ဖ်ု့ ကြိုးစားကြပေမယ့် မရတော့ဘူးလေ။ ခုထိ ဘာဆက်လုပ်ကြမယ် မပြတ်သေးဘူး။
.
ဒီလိုမျိုးမျှော်လင့်ပြီး မဲပေးဖို့တွေဝေနေသူ၊ NLDအစိုးရရဲ့ အချို့လုပ်ရပ်ကို မကြိုက်သူ၊ NLDထဲက အချို့ကို ပုဂ္ဂိုလ်ရေးမကြိုက်သူတွေ မဲမပေးအောင် ဆွယ်နေကြတာ။ အယူတိမ်းပြီး အစိမ်းဖြစ်နေသူတွေရဲ့မဲတွေက ဆောလစ်လေ။ ဒီဘက်ကမဲမပေးသူများရင် သူတို့ဂွင်ဘဲ။ 
.
 မြန်မာပြည် မဲဆန္ဒရှင်တွေက နိုင်ငံရေးနပ်ပြီးသားတွေပါ။ အရေးကြီးတဲ့ရွေးကောက်ပွဲတိုင်း ပြတ်သားစွာဆုံးဖြတ် မဲပေးခဲ့ကြတာပါ။ အခုတခေါက်လည်း ပြတ်သားစွာဆုံးဖြတ်ပြီး မဲပေးကြဦးစို့။
.
#vote_NLD   #NLDကိုမဲပေးပါ။