30 December 2009

ဘာပါလိမ့်

လူကြီးကို ကန်တော့ဖို့ တော့ ဟုတ်မယ်မထင်ပါဘူး။ အမှိုက်တွေပါနေတယ်။

XxXxXx


လူၾကီးကို ကန္ေတာ့ဖို႔ ေတာ့ ဟုတ္မယ္မထင္ပါဘူး။ အမႈိက္ေတြပါေနတယ္။


--
ammon


22 December 2009

ကံဆိုး ၊ ကံကောင်း

(Unicode version )

ယနေ့ မြန်မာနိုင်ငံတွင် နေသူများသည် အနည်းနှင့်အများသာ ကွာ၍ စိတ်မချမ်းသာ သူများနေသည်ကို သတိထားမိပါသည်။ တကယ်ကတော့ သက်ရှိ သတ္တဝါဟူ၍ ဖြစ်လာကတည်းက ဒုက္ခ ဆင်းရဲကို ကြုံရမည်မှာ တရားသဘောပင်။ သို့သော် လက်တွေ့ ကြုံနေသူများသည် တစ်မျိုး စဉ်းစား နေကြတာ တွေ့ရပါသည်။ တိုင်းပြည်ဆင်းရဲ၍ မိမိတို့ စိတ်ညစ်နေကြရသည်ဟု ထင်နေကြပါသည်။

တိုင်းပြည် ဆင်းရဲနေရခြင်းကို များစွာသော သူများသည် လက်ရှိ အစိုးရ အုပ်ချုပ်သူများကို ပထမဆုံး အပစ်တင်ကြတာ များပါသည်။ ဟိုကောင်ကြီး အသုံးမကျ၍၊ ဒီကောင်ကြီး အသုံးမကျ၍ စသည်ဖြင့် အပစ်တင်ကြသည်။ တစ်ချို့ကျတော့ နဲနဲစောစောက အုပ်ချုပ််သွားသူ ဦးနေ၀င်းဧ။် တော်လှန်ရေးကောင်စီ အစိုးရကို လှမ်းအပစ် တင်တာလဲ ကြားဖူးပါသည်။ ထိုဗိုလ်ချုပ်ကြီး ဗူး တတ်တာကလွဲ၍ ဘာမှ မလုပ်တတ်သဖြင့် တိုင်းပြည်ဆင်းရဲသွားပြီး ခုကောင်တွေ အာဏာရလာတာဟု ပြောကြသည်။

ပိုပြီး ရှေးမှီသူများက ဟိုရှေးရှေးက အုပ်ချုပ်သွားသူ ဦးနု အစိုးရ ကိုလဲ အပစ်တင်ကြပါသည်။ ဒီမိုကရေစီ စံနစ် ကျင့်သုံးနေပါလျှက် အာဏာကိုတစ်ဦးတည်း ရှည်ကြာစွာရယူလိုလာ၍ မိမိကိို ပုဂ္ဂိုလ်ရေး ကြည်ညို မှုကို အလွဲသုံးစား လုပ်လွန်းသဖြင့် အာဏာသိမ်း ခံရပြီး အဆုံးသတ်ခ့ဲရသည်။ ထို့ထက် ဆိုးရွားစွာ အပစ်တင်တာလည်း ကြားဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင်အပစ်တင်တာ ကြားဖူးပါသည်။ အင်္ဂလိပ်က လွတ်လပ်ရေးပေးတော့မှာ ကို ဆန္ဒစောပြီး အတင်းတောင်းသည်၊ မဟုတ်ပါက အချိန်တန်လျှင် တိုင်းပြည် မပင်ပန်းဘဲ လွတ်လပ်ရေး ရမည်။ ဓနသဟာယ အဖွဲ့၀င် နိုင်ငံလည်းဖြစ်ပြီး တိုင်းပြည်ဆင်းရဲစရာ မရှိဟူဧ။် ။

တရားကျစရာကောင်းပါသည်။ တကယ်က သေချာစဉ်းစားကြည့်လျှင် အုပ်ချုပ်သူများဧ။် အပစ်လည်းပါပါသည်။ သို့သော် အုပ်ချုပ်ခံရသူများဧ။် ကံမကောင်းမှုကသာ အဓိကကျပါသည်။ နှစ်ဦးနှစ်ဖက် တစ်ချိန်တည်း ကံဆိုးနေချိန်တွင် ကံဆိုးနေတာချင်းအတူတူ အုပ်ချုပ်သူက ကံသာနေသည်မှာ သေချာပါသည်။ အုပ်ချုပ်ခံနေရသူများ ကံကောင်းလျှင် အုပ်ချုပ်သူအညံ့များ တက်မလာမှာ သေချာပါသည်။

ဒီတော့ အုပ်ချုပ်ခံနေရသူများ ဘယ်သူ့ကိုမှ အပစ်တင်မနေဘဲ ကံကောင်းအောင် လုပ်ရပါမည်။ ကံ ဆိုသည်မှာ ခက်ခက်ခဲခဲ မဟုတ်ဘဲ စေတနာကောင်းကောင်းဖြင့် အလုပ် လုပ်ခြင်းသာ ဖြစ်ပါသည်။ ယနေ့မှစ၍ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများသည် အစိုးရကို သဘောမကျလျှင်လည်း မိမိတို့အချင်းချင်း စေတနာထား ကူညီကြပါ။ တစ်ဦးနဲ့တစ်ဦး ဂျောက်မတွန်းကြပါနှင့်။ မညစ်ကြပါနှင့်။ အနည်းဆုံး တန်းစီနေသည်ကို တွေ့လျှက်နှင့် ကြားမဖြတ်ကြပါနှင့်။ မိမိအတတ်နိုင်ဆုံး စိတ်ကောင်းလေးများ ထားခြင်းဖြင့် အစပြုကြပါ။

အတိတ်က အကုသိုလ်မကုန်သေး၍ ရုတ်တရက် မပြောင်းလဲသေးလျှင်လည်း လက်ရှိဘ၀တွင် နောက်ထပ် အကုသိုလ် မပွားပါစေတော့နှင့်။ သူများ ချမ်းသာ၍ လှုတာ တမ်းတာ ပေးတာ ကမ်းတာ တွေ့နေလျှင်လည်း မုဒိတာ မပွားနိုင်လျှင် ဥပေက္ခာပြုထားပါ။ ဒီကောင်က ပေးနိုင်မှာပေါ့။ ဘယ်ကနေ ဘယ်လို ရထားတာလေ ဟု ပွားမနေကြပါနဲ့တော့။ ဘေးထိုင် ဘိုင်ကျ ဘုပြောနေခြင်းသည် ဘာမျှအကျိုးမရှိတာ လူတိုင်းသိပါသည်။

ကိုယ်ချင်းစာပါသည်။ တစ်ခါတည်း သူတော်စင်လို မကျင့်နိုင်မှန်းသိပါသည်။ သတိလေးထား၍ တတ်နိုင်သလောက်လေး ထိမ်းစေလိုတာ သာဖြစ်ပါသည်ခင်ဗျား။ ။


XxXxXx

(Zawgyi version)

ယေန႔ ျမန္မာႏိုင္ငံတြင္ ေနသူမ်ားသည္ အနည္းႏွင့္အမ်ားသာ ကြာ၍ စိတ္မခ်မ္းသာ သူမ်ားေနသည္ကို သတိထားမိပါသည္။ တကယ္ကေတာ့ သက္႐ွိ သတၱ၀ါဟူ၍ ျဖစ္လာကတည္းက ဒုကၡ ဆင္းရဲကို ၾကံဳရမည္မွာ တရားသေဘာပင္။ သို႔ေသာ္ လက္ေတြ႕ ၾကံဳေနသူမ်ားသည္ တစ္မ်ိဳး စဥ္းစား ေနၾကတာ ေတြ႕ရပါသည္။ တိုင္းျပည္ဆင္းရဲ၍ မိမိတို႔ စိတ္ညစ္ေနၾကရသည္ဟု ထင္ေနၾကပါသည္။
တိုင္းျပည္ ဆင္းရဲေနရျခင္းကို မ်ားစြာေသာ သူမ်ားသည္ လက္႐ွိ အစိုးရ အုပ္ခ်ဳပ္သူမ်ားကို ပထမဆံုး အပစ္တင္ၾကတာ မ်ားပါသည္။ ဟိုေကာင္ႀကီး အသံုးမက်၍၊ ဒီေကာင္ႀကီး အသံုးမက်၍ စသည္ျဖင့္ အပစ္တင္ၾကသည္။ တစ္ခ်ိဳ႕က်ေတာ့ နဲနဲေစာေစာက အုပ္ခ်ဳပ္္သြားသူ ဦးေန၀င္းဧ။္ ေတာ္လွန္ေရးေကာင္စီ အစိုးရကို လွမ္းအပစ္ တင္တာလဲ ၾကားဖူးပါသည္။ ထိုဗိုလ္ခ်ဳပ္ႀကီး ဗူး တတ္တာကလြဲ၍ ဘာမွ မလုပ္တတ္သျဖင့္ တိုင္းျပည္ဆင္းရဲသြားျပီး ခုေကာင္ေတြ အာဏာရလာတာဟု ေျပာၾကသည္။
ပိုၿပီး ေ႐ွးမွီသူမ်ားက ဟိုေ႐ွးေ႐ွးက အုပ္ခ်ဳဳပ္သြားသူ ဦးႏု အစိုးရ ကိုလဲ အပစ္တင္ၾကပါသည္။ ဒီမိုကေရစီ စံနစ္ က်င့္သံုးေနပါလွ်က္ အာဏာကိုတစ္ဦးတည္း ႐ွည္ၾကာစြာရယူလိုလာ၍ မိမိကိုိ ပုဂၢိဳလ္ေရး ၾကည္ညိဳ မႈကို အလြဲသံုးစား လုပ္လြန္းသျဖင့္ အာဏာသိမ္း ခံရၿပီး အဆံုးသတ္ခ့ဲရသည္။ ထို႔ထက္ ဆိုး႐ြားစြာ အပစ္တင္တာလည္း ၾကားဖူးပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုေတာင္အပစ္တင္တာ ၾကားဖူးပါသည္။ အဂၤလိပ္က လြတ္လပ္ေရးေပးေတာ့မွာ ကို ဆႏၵေစာၿပီး အတင္းေတာင္းသည္၊ မဟုတ္ပါက အခ်ိန္တန္လွ်င္ တိုင္းျပည္ မပင္ပန္းဘဲ လြတ္လပ္ေရး ရမည္။ ဓနသဟာယ အဖြဲ႔၀င္ ႏိုင္ငံလည္းျဖစ္ၿပီး တိုင္းျပည္ဆင္းရဲစရာ မ႐ွိဟူဧ။္ ။
တရားက်စရာေကာင္းပါသည္။ တကယ္က ေသခ်ာစဥ္းစားၾကည့္လွ်င္ အုပ္ခ်ဳပ္သူမ်ားဧ။္ အပစ္လည္းပါပါသည္။ သို႔ေသာ္ အုပ္ခ်ဳပ္ခံရသူမ်ားဧ။္ ကံမေကာင္းမႈကသာ အဓိကက်ပါသည္။ ႏွစ္ဦးႏွစ္ဖက္ တစ္ခ်ိန္တည္း ကံဆိုးေနခ်ိန္တြင္ ကံဆိုးေနတာခ်င္းအတူတူ အုပ္ခ်ဳပ္သူက ကံသာေနသည္မွာ ေသခ်ာပါသည္။ အုပ္ခ်ဳပ္ခံေနရသူမ်ား ကံေကာင္းလွ်င္ အုပ္ခ်ဳပ္သူအညံ့မ်ား တက္မလာမွာ ေသခ်ာပါသည္။
ဒီေတာ့ အုပ္ခ်ဳပ္ခံေနရသူမ်ား ဘယ္သူ႔ကိုမွ အပစ္တင္မေနဘဲ ကံေကာင္းေအာင္ လုပ္ရပါမည္။ ကံ ဆိုသည္မွာ ခက္ခက္ခဲခဲ မဟုတ္ဘဲ ေစတနာေကာင္းေကာင္းျဖင့္ အလုပ္ လုပ္ျခင္းသာ ျဖစ္ပါသည္။ ယေန႔မွစ၍ ျမန္မာႏိုင္ငံသူ ျမန္မာႏိုင္ငံသားမ်ားသည္ အစိုးရကို သေဘာမက်လွ်င္လည္း မိမိတို႔အခ်င္းခ်င္း ေစတနာထား ကူညီၾကပါ။ တစ္ဦးနဲ႔တစ္ဦး ေဂ်ာက္မတြန္းၾကပါႏွင့္။ မညစ္ၾကပါႏွင့္။ အနည္းဆံုး တန္းစီေနသည္ကို ေတြ႔လွ်က္ႏွင့္ ၾကားမျဖတ္ၾကပါႏွင့္။ မိမိအတတ္ႏိုင္ဆံုး စိတ္ေကာင္းေလးမ်ား ထားျခင္းျဖင့္ အစျပဳၾကပါ။
အတိတ္က အကုသိုလ္မကုန္ေသး၍ ႐ုတ္တရက္ မေျပာင္းလဲေသးလွ်င္လည္း လက္႐ွိဘ၀တြင္ ေနာက္ထပ္ အကုသိုလ္ မပြားပါေစေတာ့ႏွင့္။ သူမ်ား ခ်မ္းသာ၍ လႈတာ တမ္းတာ ေပးတာ ကမ္းတာ ေတြ႔ေနလွ်င္လည္း မုဒိတာ မပြားႏိုင္လွ်င္ ဥေပကၡာျပဳထားပါ။ ဒီေကာင္က ေပးႏိုင္မွာေပါ့။ ဘယ္ကေန ဘယ္လို ရထားတာေလ ဟု ပြားမေနၾကပါနဲ႔ေတာ့။ ေဘးထိုင္ ဘိုင္က် ဘုေျပာေနျခင္းသည္ ဘာမွ်အက်ိဳးမ႐ွိတာ လူတိုင္းသိပါသည္။
ကိုယ္ခ်င္းစာပါသည္။ တစ္ခါတည္း သူေတာ္စင္လို မက်င့္ႏိုင္မွန္းသိပါသည္။ သတိေလးထား၍ တတ္ႏိုင္သေလာက္ေလး ထိမ္းေစလိုတာ သာျဖစ္ပါသည္ခင္ဗ်ား။ ။

06 December 2009

chance


(Unicode version)

သရေပင်တစ်ပင် ဝါးရုံပေါ်ပစ်လိုက်တာ ချိတ်နေပါတယ်။


XXXXXXX

(Zawgyi version)

သေရပင္တစ္ပင္ ၀ါး႐ံုေပၚပစ္လိုက္တာ ခ်ိတ္ေနပါတယ္။





07 November 2009

Red clouds




တိမ္နီ တိမ္၀ါ တိမ္ျပာေတြ သန္းျပန္ေတာ့။
ၾကာပင္အိုင္ႀကီး အလယ္။


တိမ်နီ တိမ်ဝါ တိမ်ပြာတွေ သန်းပြန်တော့။

ကြာပင်အိုင်ကြီး အလယ်။

02 November 2009

IT ပြပွဲ



ကြန္ျပဴတာျပပြဲ သြားၾကည့္တာ ေတြ႕လာေတာ့ ကြန္ျပဴတာ ျပသူေတြ ေတြ႕ခ့ဲတယ္။

(Unicode version)

ကွန်ပြူတာပြပွဲ သွားကြည့်တာ တွေ့လာတော့ ကွန်ပြူတာ ပြသူတွေ တွေ့ခ့ဲတယ်။

27 October 2009

သွေးချင်းချင်းနီ


(Unicode version)

မြို့တော် မဟုတ်တော့တ့ဲ ရန်ကုန်မှာ တည်ရှိတ့ဲ ရွှေတိဂုံဘုရားခြေရင်းမှာ သွေးချင်းချင်းနီ မယ်လို့များ ကြားကြပါသလား။

ရွှေတိဂုံဘုရား အောက်ခြေကို အနီရောင်တွေ သုတ်ထားတာ သေချာမြင်ကြရမှာပါ။

XxXxXx

(Zawgyi version)

ၿမိဳ႕ေတာ္ မဟုတ္ေတာ့တ့ဲ ရန္ကုန္မွာ တည္႐ွိတ့ဲ ေ႐ႊတိဂံုဘုရားေျခရင္းမွာ ေသြးခ်င္းခ်င္းနီ မယ္လို႔မ်ား ၾကားၾကပါသလား။
ေရႊတိဂံုဘုရား ေအာက္ေျခကို အနီေရာင္ေတြ သုတ္ထားတာ ေသခ်ာျမင္ၾကရမွာပါ။

25 October 2009

မြူ


၂၀၀၉ ခုအတွက် ပထမဆုံး ကျတ့ဲ မြူပါ။

၂၀၀၉ ခုအတြက္ ပထမဆံုး က်တ့ဲ ျမဴပါ။

14 October 2009

ဘယ်သူ့ကြောင့်လဲ။

(Unicode version)

မေးခွန်းလေး တစ်ခုမေးလိုပါသည်။ သေချာ စဉ်းစား၍ ဖြေကြစေလိုပါသည်။ သီအိုရီ အတိုင်း မစဉ်းစားဘဲ မေးခွန်းဧ။် လိုရင်းကိုသာ စဉ်းစားစေလိုပါသည်။

တစ်ခါက ရွာတစ်ရွာတွင် မိသားစု တစ်စု ရှိသတ့ဲ။ အဲဒီ မိသားစုမှာ သားများနဲ့ သမီး အထွေးဆုံးတစ်ယောက် ရှိတယ်လို့ မှတ်ပါ။ အထွေးဆုံးဆိုတော့ အရမ်းချစ်ကြပြီး အရမ်း အလို လိုက်ကြတာပေါ့။ သဟာနဲ့ ပုံပြင်ထဲက အတိုင်း ဆိုယင်တော့ တစ်နေ့သ၌ မိဘနှစ်ပါးဟာ ဗာရာဏသီ ပြည်ကို ခရီးထွက် သွားသတ့ဲ။ သွားခါနီးမှာ သားတွေကို မှာတယ်။ လိမ်လိမ်မာမာ နေကြပါ။ အထူးသဖြင့် မိဘများ မရှိခိုက် ကြက်တိုက်၊ ငှက်ဖမ်း၊ အရက်သောက် မလုပ်ကြပါနဲ့။ သမီးအထွေးဆုံးက ကြည့်ထားပါ၊ အမေတို့ အဖေတို့ စိတ်ချမ်းသာပါရစေ၊ လို့ မှာသွားသတ့ဲ။

သားတွေကလဲ သားတွေဆိုတော့ လူကြီးတွေ စိတ်ချမ်းသာအောင် မလုပ်ပါဘူး၊ စိတ်ချ လက်ချသာ သွားပါ လို့ပြောလိုက်တယ်။ သွားတ့ဲညနေက စလို့ဘဲ သားတွေကလဲ သားတွေဆိုတော့ မှာသွားတာတွေ စလုပ်ပါတော့တယ်။ ညီမအငယ်ဆုံး ကလဲ လုံး၀ကို ကြည့်မရတော့ ဘူးပေါ့။ အကိုတွေကို ပြောတယ်။ မလုပ်ကြဖို့ပေါ့။ မိဘတွေ သိယင် မိဘတွေ စိတ်ဆင်းရဲလိမ့်မယ်ပေါ့။

အကိုတွေကလဲ ယောက်ကျားလေးတွေဆိုတော့ လွယ်လွယ်ဘဲ စဉ်းစားပါတယ်။ ညီမလေး၊ လွယ်လွယ်လေးပါ။ အကိုတို့ လုပ်တာတွေ ညီမလေး မိဘတွေကို ပြန်မပြောယင် မိဘတွေ စိတ်မဆင်းရဲ ရတော့ဘူးပေါ့။ ဒီတော့ ညီမလေး ပြန်မပြောပါနဲ့ လို့ ပိတ်သတ့ဲ။ လွယ်လိုက်တဲ့ အကြံနော်။ ရွှေချထားဖို့တောင် ကောင်းတယ်။

ဇတ်လမ်းကစပြီ။ ညီမလေးကလဲ သူ့ကိုအာဏာ အပြည့်ပေးထားတုံး ပြောလို့ မရတာကို မကြေနပ်ဘူး။ စာရေးပြီးတိုင်မယ် လုပ်တယ်။ အကိုတွေက တားပါတယ်။ ညီမလေး၊ အကိုတို့ ဘာလုပ်လုပ် မိဘတွေ မသိယင် မိဘတွေ စိတ်မဆင်းရဲဘူး၊ ညီမလေး တိုင်လိုက်လို့ သိပြီး မိဘတွေ စိတ်ဆင်းရဲယင် မိဘတွေကို စိတ်ဆင်းရဲအောင် လုပ်သူဟာ အကိုတို့ မဟုတ်တော့ဘူး။ သိအောင် လုပ်တ့ဲ ညီမလေးဘဲ ဖြစ်တော့မယ်လို့ စေတနာပါပါနဲ့ တားကြသတဲ့။ လာဘ်ထိုးဖို့တော့ မစဉ်းစားကြဘူး။ တော်တော် ညံ့တဲ့ အကိုတွေဘဲ။ ဒီခေတ်နဲ့ဆို အံ၀င်မှာမဟုတ်ဘူးနော်။

ပုံပြင်ကတော့ ဒါပါဘဲ။ ဒီဇတ်လမ်းမှာ တစ်ခြား Factor တွေမစဉ်းစားဘဲ မိဘကို စိတ်စဉ်းရဲအောင် လုပ်သူအစစ်ဟာ ဘယ်သူပါလဲ။ မိဘမသိအောင် တိတ်တိတ်လုပ်တ့ဲ အကိုတွေလား၊ မိဘသိအောင် လုပ်တ့ဲ ညီမလေးလား။ ကြည်တ့ဲရှုထောင့် အပေါ်မူတည်ပြီး အဖြေကွာ သွားမယ်ထင်တယ်။ လွယ်လွယ် သမရိုးကျ သီအိုရီတွေ မေ့လိုက်ကြရအောင်။ ။


XxXxXx

(Zawgyi version)

ေမးခြန္းေလး တစ္ခုေမးလိုပါသည္။ ေသခ်ာ စဥ္းစား၍ ေျဖၾကေစလိုပါသည္။ သီအိုရီ အတိုင္း မစဥ္းစားဘဲ ေမးခြန္းဧ။္ လိုရင္းကိုသာ စဥ္းစားေစလိုပါသည္။
တစ္ခါက ႐ြာတစ္႐ြာတြင္ မိသားစု တစ္စု ႐ွိသတ့ဲ။ အဲဒီ မိသားစုမွာ သားမ်ားနဲ႔ သမီး အေထြးဆံုးတစ္ေယာက္ ႐ွိတယ္လို႔ မွတ္ပါ။ အေထြးဆုံးဆိုေတာ့ အရမ္းခ်စ္ၾကၿပီး အရမ္း အလို လိုက္ၾကတာေပါ့။ သဟာနဲ႔ ပံုျပင္ထဲက အတိုင္း ဆိုယင္ေတာ့ တစ္ေန႔သ၌ မိဘႏွစ္ပါးဟာ ဗာရာဏသီ ျပည္ကို ခရီးထြက္ သြားသတ့ဲ။ သြားခါနီးမွာ သားေတြကို မွာတယ္။ လိမ္လိမ္မာမာ ေနၾကပါ။ အထူးသျဖင့္ မိဘမ်ား မ႐ွိခိုက္ ၾကက္တိုက္၊ ငွက္ဖမ္း၊ အရက္ေသာက္ မလုပ္ၾကပါနဲ႔။ သမီးအေထြးဆံုးက ၾကည့္ထားပါ၊ အေမတို႔ အေဖတို႔ စိတ္ခ်မ္းသာပါရေစ၊ လို႔ မွာသြားသတ့ဲ။
သားေတြကလဲ သားေတြဆိုေတာ့ လူႀကီးေတြ စိတ္ခ်မ္းသာေအာင္ မလုပ္ပါဘူး၊ စိတ္ခ် လက္ခ်သာ သြားပါ လို႔ေျပာလိုက္တယ္။ သြားတ့ဲညေနက စလို႔ဘဲ သားေတြကလဲ သားေတြဆိုေတာ့ မွာသြားတာေတြ စလုပ္ပါေတာ့တယ္။ ညီမအငယ္ဆံုး ကလဲ လံုး၀ကို ၾကည့္မရေတာ့ ဘူးေပါ့။ အကိုေတြကို ေျပာတယ္။ မလုပ္ၾကဖို႔ေပါ့။ မိဘေတြ သိယင္ မိဘေတြ စိတ္ဆင္းရဲလိမ့္မယ္ေပါ့။
အကိုေတြကလဲ ေယာက္က်ားေလးေတြဆိုေတာ့ လြယ္လြယ္ဘဲ စဥ္းစားပါတယ္။ ညီမေလး၊ လြယ္လြယ္ေလးပါ။ အကိုတို႔ လုပ္တာေတြ ညီမေလး မိဘေတြကို ျပန္မေျပာယင္ မိဘေတြ စိတ္မဆင္းရဲ ရေတာ့ဘူးေပါ့။ ဒီေတာ့ ညီမေလး ျပန္မေျပာပါနဲ႔ လို႔ ပိတ္သတ့ဲ။ လြယ္လိုက္တဲ့ အၾကံေနာ္။ ေ႐ႊခ်ထားဖို႔ေတာင္ ေကာင္းတယ္။
ဇတ္လမ္းကစၿပီ။ ညီမေလးကလဲ သူ႔ကိုအာဏာ အျပည့္ေပးထားတံုး ေျပာလို႔ မရတာကို မေၾကနပ္ဘူး။ စာေရးၿပီးတိုင္မယ္ လုပ္တယ္။ အကိုေတြက တားပါတယ္။ ညီမေလး၊ အကိုတို႔ ဘာလုပ္လုပ္ မိဘေတြ မသိယင္ မိဘေတြ စိတ္မဆင္းရဲဘူး၊ ညီမေလး တိုင္လိုက္လို႔ သိၿပီး မိဘေတြ စိတ္ဆင္းရဲယင္ မိဘေတြကို စိတ္ဆင္းရဲေအာင္ လုပ္သူဟာ အကိုတို႔ မဟုတ္ေတာ့ဘူး။ သိေအာင္ လုပ္တ့ဲ ညီမေလးဘဲ ျဖစ္ေတာ့မယ္လို႔ ေစတနာပါပါနဲ႔ တားၾကသတဲ့။ လာဘ္ထိုးဖို႔ေတာ့ မစဥ္းစားၾကဘူး။ ေတာ္ေတာ္ ညံ့တဲ့ အကိုေတြဘဲ။ ဒီေခတ္နဲ႔ဆို အံ၀င္မွာမဟုတ္ဘူးေနာ္။
ပံုျပင္ကေတာ့ ဒါပါဘဲ။ ဒီဇတ္လမ္းမွာ တစ္ျခား Factor ေတြမစဥ္းစားဘဲ မိဘကို စိတ္စဥ္းရဲေအာင္ လုပ္သူအစစ္ဟာ ဘယ္သူပါလဲ။ မိဘမသိေအာင္ တိတ္တိတ္လုပ္တ့ဲ အကိုေတြလား၊ မိဘသိေအာင္ လုပ္တ့ဲ ညီမေလးလား။ ၾကည္တ့ဲ႐ႈေထာင့္ အေပၚမူတည္ၿပီး အေျဖကြာ သြားမယ္ထင္တယ္။ လြယ္လြယ္ သမ႐ိုးက် သီအိုရီေတြ ေမ့လိုက္ၾကရေအာင္။ ။

04 October 2009

“တေးဂီတဧ။် တန်ခိုးစွမ်းပကား”



-->







နိုင်ဇော်ရေး “တေးဂီတဧ။် တန်ခိုးစွမ်းပကား” စာအုပ်တွင် ခင်၀မ်း အကြောင်း ပါသည်ဟု သိ၍ စာအုပ်ဆိုင်များတွင် ရှာကြည့်ပါသည်။ လှည်းတန်းရှိ ဆိုင်များတွင် သုံးကြိမ်ခန့် ရှာ သော်လည်း မရခ့ဲပါ။ ရမယ့်ရတော့လည်း အိမ်တိုင်ယာရောက် ရောက်လာခ့ဲပါသည်။

မဖတ်ရခင်က အားခဲထားသလောက် အားမရခ့ဲပါ။ ကျွန်တော်ထင်ထားသည်က လွန်ခ့ဲသော ၁၀ နှစ်ကျော်က မဟေသီမဂ္ဂဇင်းတွင် လေးဖြူအကြောင်းဖြင့် စခ့ဲသည့် တေးရေး တေးဆို ပညာသည်များ အကြောင််းဖြစ်သည်။ ထိုစဉ်က လေးဖြူ ၊ စိုင်းခမ်းလိတ် ၊ ရွှေဂျော်ဂျော် ၊ မြင့်မိုးအောင် စသည့် တေးဂီတ ဖန်တီးသူများ အကြောင်း ဖတ်၍ အလွန် ကောင်းခ့ဲပါသည်။

ယခု စာအုပ်က ထိုစာအုပ် မဟုတ်ပါ။ အခြားမဂ္ဂဇင်းများတွင် ဖေါ်ပြခ့ဲသော တေးသီချင်းစာသားများ အကြောင်း နှင့် အဆိုတော် အချို့အကြောင်းဖြစ်သည်။ ကျွန်တော်တို့ ကြိုက်နှစ်သက်ခ့ဲသော တေးသီချင်းများအပြင် ယနေ့ခေတ် ဟစ်ဟော့ ဆရာများအထိပါပါသည်။ နိုင်ဇော်က ဆရာ၀န် စာရေးဆရာဖြစ်၍ ဆရာ၀န်အဆိုတော်များ အကြောင်းပါ သီးသန့်ဆောင်းပါး တစ်ပုဒ် ပါပါသည်။

ကျွန်တော်က ခင်၀မ်း အကြောင်းဘဲ ပြောချင်ပါသည်။ တေးစာသားများ အကြောင်း ရေးထားသော ဆောင်းပါးတွင် စိုင်းထီးစိုင်ဆိုထားသော စိုင်းခမ်းလိတ်ဧ။် သီချင်းစာသားများ အကြောင်းအများဆုံး ညွှန်းထားသောလည်း ခင်၀မ်းဧ။် သီချင်းစာသားများ ကဗျာဆန်ကြောင်း သူနှစ်သက်ကြောင်း အနည်းငယ် ဖေါ်ပြထားပါသည်။ စိုင်းထီးစိုင်တို့ စာသားများမှာ လည်း ကျွန်တော်တို့ စွဲလန်းခ့ဲရသော သီချင်းစာသားများပင်။

ခင်၀မ်းအကြောင်း သီးသန့်ဆောင်းပါးတွင် ခင်၀မ်းရေးသော “စိတ္တဇပန်းချီ” စာအုပ်ကို အဆောင်ကျောင်းနေစဉ်က ခေါင်းရင်းတွင် ထားအိပ်သည်အထိ စွဲလမ်းခ့ဲကြောင်း ပြောခ့ဲသော်လည်း သီချင်းများ အကြောင်းတွင်မူ သီချင်းလေးပုဒ်ခန့်သာ စာသားများနှင့် ဖေါ်ပြခ့ဲသည်။ ခင်၀မ်း ပန်းချီထက် သီချင်းကို ပိုနှစ်သက်သော ကျွန်တော့်အတွက် အားမရခ့ဲပါ။ တေးဂီတဧ။် တန်ခိုး တစ်အုပ်လုံး ခင်၀မ်း သီချင်းများ အကြောင်းသာ ဖြစ်စေချင်သည်။

သို့သော်လည်း မဖတ်ရသည်နှင့် စာလျှင် တော်ပါသေးသည်။ ကိုယ်တိုင် သူတို့လို မရေးနိုင်၍ ရေးသူများကို ကျေးဇူးတင်ပါသည်။


15 September 2009

ဂျင်းရွှေ

(Unicode version )

မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ ကြားနေရတာ နှစ် နှစ်ဆယ်လောက်ရှိနေပါပြီ။ ဒါ ဘာလဲဆိုတော့ လက်ရှိ အစိုးရကို ဖြုတ်ချဖို့အတွက် မျိုးစုံ ဆော်သြ နေတာပါ။ အဖြူရောင် လှုပ်ရှားမှု ၊ အနီရောင် လှုပ်ရှားမှု ၊ အနက်ရောင် လှုပ်ရှားမှု စသဖြင့် အရောင်တွေကို စုံနေပါပြီ။ ဘာမှ ဖြစ်မလာပါဘူး။

နောက် ပိုစတာ campaign ၊ ဓါတ်ပုံ campaign တွေလဲ မျိုးစုံနေပါပြီ။ ဒါ့အပြင် လမ်းလျှောက် လှုပ်ရှားမှု ၊ ထိုင်သပိတ် ထသပိတ် တွေကြောင့် အဖမ်းခံကြရသူတွေလဲ မနဲတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်အောင်ဆိုပြီး အင်္ဂါနေ့တိုင်း ဘုရားတွေမှာ သွားဆုတောင်းလို့ အရိုက်ခံရသူတွေတောင် ရှိတယ်ကြားရပါတယ်။

ဘာမှဖြစ်မလာပါဘူး။ နှစ် နှစ်ဆယ်တောင် ရှိလာပါပြီ။ အစိုးရ သတင်းစာ တွေမှာကတော့ ဂျင်းရှပ် နည်းတွေဆိုပြီး နာမည်တပ် ခံရတာဘဲရှိပါတယ်။ အာဏာ လက်ရှိသူကို သွား စ လို့ကတော့ ခုလိုဘဲ အဆော်ခံရမှာပါ။ ဒါကြောင့် စိတ်၀င်စားသူတွေကို စမ်းကြည့်ဖို့ နည်းလမ်းလေး ပြောပြ ချင်ပါတယ်။ ကိုယ့်ဖါသာကိုယ် အိမ်ထဲမှာဘဲ စမ်းစမ်း ၊ ဘုရားပေါ် တက်ပြီး စမ်းချင်လဲစမ်း ၊ လူစုလူေ၀းနဲ့တောင် လုပ်လို့ရ နိုင်ပါတယ်။ လွယ်တာကလဲ အရမ်းကို လွယ်တာပါ။

ဘုရားဟောခ့ဲတ့ဲ မေတ္တာပို့ဖို့ပါဘဲ။ မိမိ ရန်သူလို့ သဘောထားတ့ဲ နအဖ အဖွဲ့ကြီး ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းဖို့ပါဘဲ။ မရီကြပါနဲ့။ ဒေါသလဲ မထွက်ကြပါနဲ့။ တကယ်စမ်းကြည့် သင့်တ့ဲ ကိစ္စပါ။ အသံထွက်ပြိး ဆုတောင်းလဲ လာဖမ်းမှာ မဟုတ်ပါဘူး။ လူစုလူေ၀းနဲ့ လှုပ်ရှားလဲ လာတားမှာ မဟုတ်ပါဘူး။ တကယ်အတည်ကို ဆုတောင်းရမှာပါ။

အသေးစိတ်ချင်ယင် သောကြာနေ့တိုင်း ဗိုလ်ချုပ်သန်းရွှေ ကျန်းမာပါစေ၊ ချမ်းသာပါစေ ရွတ်ပေးပါ။ ကြာသပတေးနေ့ဆို ဗိုလ်ချုပ်မောင်အေး၊ ဗုဒ္ဓဟူးနေ့ ဗိုလ်ချုပ် ရွှေမန်း၊ ဒီလိုဘဲ နေ့ရှိသ၍ ဗိုလ်ချုပ်အမည်တွေ ရှာကျန်ရွတ်ပေးယင် မေတ္တာ ရောင်ပြန် ဟပ်လာပါမယ်။ မေတ္တာဆိုတာ အသွားအပြန်ရှိတယ်လို့ မြတ်စွာဘုရား ဟောခ့ဲတာပါ။ ကိုယ့်ဖက်ကသာ မှန်သောစေတနာနဲ့ ဆုတောင်းမေတ္တာ ပို့ပေးယင် ကိုယ့်ဆန္ဒတွေ ပြည့်လာမှာပါ။

ဖြစ်ခ့ဲပြီးတာတွေ ပြန်တွေးမနေပါနဲ့တော့။ ရှေ့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ယင် တော်ရောပေါ့။ ခုတောင် ဘာလိုလို၊ ဟိုလှည့် ဒီလည့်နဲ့ နှစ် နှစ်ဆယ်ရှိလာပါပြီ။ နောက်ထပ် ဘယ်လောက်ကြာ စောင့်ချင်ကြသေးလို့လဲ။ စမ်းပြီး လုပ်ကြည့်ကြပါလား။

ကျွန်တော်ကတော့ ရိုးရိုးသားသား နည်းလေး တစ်ခု ပြောကြည့်တာပါ။ သတင်းစာမှာ ဆောင်းပါးရေးသူတွေ ဖတ်မိပြီး ကြိုက်လို့ဘဲဖြစ်ဖြစ် မကြိုက်လို့ဘဲ ဖြစ်ဖြစ် နာမည်တပ်မှာ ကိုတော့ ကျွန်တော် မခံချင်ပါ။ ဒါကြောင့် ဒီနည်းလမ်းကို သူများ နာမည်မပေးခင် ကျွန်တော့်ဖာသာဘဲ ကျွန်တော် နာမည်ပေးခ့ဲချင်ပါတယ်။ ဂျင်းရွှေ နည်းလို့။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ ။


XxXxXx

(Zawgyi version )

ျမန္မာျပည္တြင္းမွာေရာ ျပည္ပမွာပါ ၾကားေနရတာ ႏွစ္ ႏွစ္ဆယ္ေလာက္႐ွိေနပါၿပီ။ ဒါ ဘာလဲဆိုေတာ့ လက္႐ွိ အစိုးရကို ျဖဳတ္ခ်ဖို႔အတြက္ မ်ိဳးစံု ေဆာ္ၾသ ေနတာပါ။ အျဖဴေရာင္ လႈပ္႐ွားမႈ ၊ အနီေရာင္ လႈပ္႐ွားမႈ ၊ အနက္ေရာင္ လႈပ္႐ွားမႈ စသျဖင့္ အေရာင္ေတြကို စံုေနပါၿပီ။ ဘာမွ ျဖစ္မလာပါဘူး။
ေနာက္ ပိုစတာ campaign ၊ ဓါတ္ပံု campaign ေတြလဲ မ်ိဳးစံုေနပါၿပီ။ ဒါ့အျပင္ လမ္းေလွ်ာက္ လႈပ္႐ွားမႈ ၊ ထိုင္သပိတ္ ထသပိတ္ ေတြေၾကာင့္ အဖမ္းခံၾကရသူေတြလဲ မနဲေတာ့ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေအာင္ဆိုၿပီး အဂၤါေန႔တိုင္း ဘုရားေတြမွာ သြားဆုေတာင္းလို႔ အ႐ိုက္ခံရသူေတြေတာင္ ႐ွိတယ္ၾကားရပါတယ္။
ဘာမွျဖစ္မလာပါဘူး။ ႏွစ္ ႏွစ္ဆယ္ေတာင္ ႐ွိလာပါၿပီ။ အစိုးရ သတင္းစာ ေတြမွာကေတာ့ ဂ်င္း႐ွပ္ နည္းေတြဆိုၿပီး နာမည္တပ္ ခံရတာဘဲ႐ွိပါတယ္။ အာဏာ လက္႐ွိသူကို သြား စ လို႔ကေတာ့ ခုလိုဘဲ အေဆာ္ခံရမွာပါ။ ဒါေၾကာင့္ စိတ္၀င္စားသူေတြကို စမ္းၾကည့္ဖို႔ နည္းလမ္းေလး ေျပာျပ ခ်င္ပါတယ္။ ကိုယ့္ဖါသာကိုယ္ အိမ္ထဲမွာဘဲ စမ္းစမ္း ၊ ဘုရားေပၚ တက္ၿပီး စမ္းခ်င္လဲစမ္း ၊ လူစုလူေ၀းနဲ႔ေတာင္ လုပ္လို႔ရ ႏိုင္ပါတယ္။ လြယ္တာကလဲ အရမ္းကို လြယ္တာပါ။
ဘုရားေဟာခ့ဲတ့ဲ ေမတၱာပို႔ဖို႔ပါဘဲ။ မိမိ ရန္သူလို႔ သေဘာထားတ့ဲ နအဖ အဖြဲ႔ႀကီး က်န္းမာ ခ်မ္းသာပါေစလို႔ ဆုေတာင္းဖို႔ပါဘဲ။ မရီၾကပါနဲ႔။ ေဒါသလဲ မထြက္ၾကပါနဲ႔။ တကယ္စမ္းၾကည့္ သင့္တ့ဲ ကိစၥပါ။ အသံထြက္ၿပိး ဆုေတာင္းလဲ လာဖမ္းမွာ မဟုတ္ပါဘူး။ လူစုလူေ၀းနဲ႔ လႈပ္႐ွားလဲ လာတားမွာ မဟုတ္ပါဘူး။ တကယ္အတည္ကို ဆုေတာင္းရမွာပါ။
အေသးစိတ္ခ်င္ယင္ ေသာၾကာေန႔တိုင္း ဗိုလ္ခ်ဳပ္သန္းေရႊ က်န္းမာပါေစ၊ ခ်မ္းသာပါေစ ႐ြတ္ေပးပါ။ ၾကာသပေတးေန႔ဆို ဗိုလ္ခ်ဳပ္ေမာင္ေအး၊ ဗုဒၶဟူးေန႔ ဗိုလ္ခ်ုပ္ ေရႊမန္း၊ ဒီလိုဘဲ ေန႔႐ွိသ၍ ဗိုလ္ခ်ဳပ္အမည္ေတြ ႐ွာက်န္႐ြတ္ေပးယင္ ေမတၱာ ေရာင္ျပန္ ဟပ္လာပါမယ္။ ေမတၱာဆိုတာ အသြားအျပန္႐ွိတယ္လို႔ ျမတ္စြာဘုရား ေဟာခ့ဲတာပါ။ ကိုယ့္ဖက္ကသာ မွန္ေသာေစတနာနဲ႔ ဆုေတာင္းေမတၱာ ပို႔ေပးယင္ ကိုယ့္ဆႏၵေတြ ျပည့္လာမွာပါ။
ျဖစ္ခ့ဲၿပီးတာေတြ ျပန္ေတြးမေနပါနဲ႔ေတာ့။ ေ႐ွ႕ ကိုယ္ျဖစ္ခ်င္တာေတြ ျဖစ္ယင္ ေတာ္ေရာေပါ့။ ခုေတာင္ ဘာလိုလို၊ ဟိုလွည့္ ဒီလည့္နဲ႔ ႏွစ္ ႏွစ္ဆယ္႐ွိလာပါၿပီ။ ေနာက္ထပ္ ဘယ္ေလာက္ၾကာ ေစာင့္ခ်င္ၾကေသးလို႔လဲ။ စမ္းၿပီး လုပ္ၾကည့္ၾကပါလား။
ကၽြန္ေတာ္ကေတာ့ ႐ိုး႐ိုးသားသား နည္းေလး တစ္ခု ေျပာၾကည့္တာပါ။ သတင္းစာမွာ ေဆာင္းပါးေရးသူေတြ ဖတ္မိၿပီး ၾကိဳက္လို႔ဘဲျဖစ္ျဖစ္ မႀကိဳက္လို႔ဘဲ ျဖစ္ျဖစ္ နာမည္တပ္မွာ ကိုေတာ့ ကၽြန္ေတာ္ မခံခ်င္ပါ။ ဒါေၾကာင့္ ဒီနည္းလမ္းကို သူမ်ား နာမည္မေပးခင္ ကၽြန္ေတာ့္ဖာသာဘဲ ကၽြန္ေတာ္ နာမည္ေပးခ့ဲခ်င္ပါတယ္။ ဂ်င္းေ႐ႊ နည္းလို႔။ ေက်းဇူးတင္ပါတယ္ ခင္ဗ်ား။ ။

09 September 2009

ကိုး

(Unicode version) 

09/09/09/09/09/09 AM.
2009ခု ။ စက်တင်ဘာလ ။ ကိုးရက် ။ ကိုးနာရီ ။ ကိုးမိနစ် ။ ကိုးစက္ကန့် ။


XxXxXx 

(Zawgyi version) 

09/09/09/09/09/09 AM.
2009ခု ။ စက္တင္ဘာလ ။ ကိုးရက္ ။ ကိုးနာရီ ။ ကိုးမိနစ္ ။ ကိုးစကၠန္႔ ။

06 September 2009

သြော် ရန်ကုန်




(Unicode version)



ရန်ကုန်မှာ နေသူတွေ ဒုက္ခအသစ်တစ်မျိုးတွေ့နေကြပါတယ်။ ကန်ထရိုက်တိုက်နဲ့ ပါတ်သက်လို့ပေါ့။ ကန်ထရိုက်တိုက်နဲ့ပါတ်သက်တ့ဲ ဒုက္ခတွေ အများကြီးထဲမှာ နောက်ဆုံးအသစ် တစ်ခုတိုးလာပါတယ်။ လုပ်ကြံပြောတာ မဟုတ်ကြောင်း ဓါတ်ပုံပါထ့ဲပေးထားပါတယ်။ နောက်ဆုံး ထုတ်လိုက်တ့ဲ မြူနီစပါယ် ဥပဒေအရ ကန်ထရိုက်တိုက်တွေ အရှေ့မှာ ငါးပေအကျယ် ၊ ငါးပေ အနက် ရှိတ့ဲ မြောင်း တူးပေးရပါမယ်။ တိုက်အသစ်ဆောက်သူတိုင်း မြောင်းမပါယင် တိုက်ပြီးစီးကြောင်း လူနေထိုင်ခွင့် BCC ထုတ်မပေးဘူးလို့ ဆိုပါတယ်။
ငါးပေ အကျယ်ဆိုတာ နယ်ကုန်ပါ။ ဒီတော့ မြင်တ့ဲအတိုင်း ခုနှစ်ပေလောက် တူးမှ အုတ်စီလို့ရမှာပါ။ ဒီမြောင်းပေါ်မှာ မြောင်းဖုံးပြန်လုပ်ပေးယင်တောင် ကားနင်းရင် ကျိုးမှာ အသေအချာ ပါဘဲ။ အယင် အင်္ဂလိပ်ခေတ်က ခင်းပေးထားတ့ဲ အလွန်ခိုင်တ့ဲ တစ်ပေ မြောင်းဖုံးတွေတောင် ကားနင်းပါများယင် ကွဲလာပါတယ်။ ငါးပေအကျယ် မြောင်းဖုံးကတော့ ပထမဦးဆုံး ဖြတ်တ့ဲ နင်းတ့ဲ ကားကို ကျိုးပြီး ကျွန်ကျမှာ အသေအချာပါဘဲ။
တစ်ချို့ ကန်ထရိုက်တွေက သူတို့နဲ့ မဆိုင်လို့ အခန်းရှင်တွေ ကိုယ့်ဖာသာကိုယ် ခင်းရမယ်ဆိုပါတယ်။ အနဲဆုံး သိန်းဆယ်ဂဏန်း ထပ်ကုန်ပါမယ်။ အဆိုးဆုံးကတော့ ကြည့်မြင်တိုင်က လမ်းကျင်းတွေမှာ ကန်ထရိုက်တိုက် နှစ်လုံးမျက်နှာချင်းဆိုင် ဆောက်ယင် အလယ်လမ်းမြေ ကားတစ်စီး မမောင်းလောက်တော့ပါဘူး။ နှစ်စီးရှောင်ဖို့ဆိုတာတော့ Out of question ပါဘဲ။ တော်တော်ထူးဆန်းတဲ့ အမိန့်ပါဘဲ။ အမိန့်ထုတ်တာ ရန်ကုန်သား မဟုတ်လောက်ဘူး။ တောသား တစ်ယောက်ဘဲ နေမှာ။
ပြီးတော့ ခုလောလောဆယ် ဆောက်တ့ဲအိမ်ရှေ့မှာဘဲ တူးခိုင်းတာ။ တစ်လမ်းလုံးမှာ တစ်တိုက်ထဲဆောက်ယင် ကန့်လန့်ကိုဖြစ်နေတာပါ။ ပုံမှာမြင်ရတ့ဲအတိုင်း မြောင်းသေးဘေးမှာ မြောင်းကြီးဖြစ်နေတာပါ။ မြောင်းအခြားနေရာက ရေတွေ အဲဒီ ကန်လိုဖြစ်နေတ့ဲ မြောင်းကြီးထဲမှာ စုပြီး အိုင်နေမှာ အသေအချာပါဘဲ။ ခုပုံရိုက်ခ့ဲတ့ဲနေရာဆို လမ်းအလယ်လောက် အမြင့်ဆုံးမှာရှိပါတယ်။ နဂိုရ်ကဆို မြောင်းထဲမှာ ရေကျန်တောင် သိတ်မတွေ့ရပါဘူးတ့ဲ။ နောက်ဆိုယင် ခြင်ဖေါက်တ့ဲ နေရာကြီး ဖြစ်တော့မှာပါ။
လမ်းတို့၊ မြောင်းတို့ လုပ်တာ နားမလည်တ့ဲသူတွေ အတွက် လွယ်သလိုပါဘဲ။ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ လွယ်လွယ်လေးထင်ကြမှာပါ။ တကယ်ကလဲ သိတ်အခက်ကြီး မဟုတ်ပါဘူး။ အင်ဂျင်နီယာ ပညာတွေ ဆုံးခန်းတိုင်အောင် တတ်စရာလဲ မလိုပါဘူး။ Common Sense နဲနဲ ရှိယင် ညွှန်ကြားလို့ရပါတယ်။ ဒါပေမ့ဲ အကောင်းဆုံးကတော့ ကိုယ်မသိတဲ့ ကိစ္စကို သိသူတွေနဲ့ တိုင်ပင်ပြီး လုပ်တာပါဘဲ။ မြန်မာပြည်မှာ Civil အင်ဂျင်နီယာတွေ အများကြီးပါ။
ဒါမျိုးအထူးအဆန်းတွေ မြန်မာနိုင်ငံမှာ အဖြစ် များနေလို့ ပြောပြန်ယင်လဲ ပြောသူဘဲ လွန်ရာကျနေလား မသိပါဘူး။ ဟုတ်တယ်လေ။ အတဲ့တော့ လူတိုင်း လုပ်တတ်တာပေါ့ဗျာ ။

XxXxXx

(Zawgyi version)


ရန္ကုန္မွာ ေနသူေတြ ဒုကၡအသစ္တစ္မ်ိဳးေတြ႔ေနၾကပါတယ္။ ကန္ထ႐ိုက္တိုက္နဲ႔ ပါတ္သက္လို႔ေပါ့။ ကန္ထ႐ိုက္တိုက္နဲ႔ပါတ္သက္တ့ဲ ဒုကၡေတြ အမ်ားႀကီးထဲမွာ ေနာက္ဆံုးအသစ္ တစ္ခုတိုးလာပါတယ္။ လုပ္ၾကံေျပာတာ မဟုတ္ေၾကာင္း ဓါတ္ပံုပါထ့ဲေပးထားပါတယ္။ ေနာက္ဆံုး ထုတ္လိုက္တ့ဲ ျမဴနီစပါယ္ ဥပေဒအရ ကန္ထ႐ိုက္တိုက္ေတြ အေ႐ွ႕မွာ ငါးေပအက်ယ္ ၊ ငါးေပ အနက္ ႐ွိတ့ဲ ေျမာင္း တူးေပးရပါမယ္။ တိုက္အသစ္ေဆာက္သူတိုင္း ေျမာင္းမပါယင္ တိုက္ၿပီးစီးေၾကာင္း လူေနထိုင္ခြင့္ BCC ထုတ္မေပးဘူးလို႔ ဆိုပါတယ္။
ငါးေပ အက်ယ္ဆိုတာ နယ္ကုန္ပါ။ ဒီေတာ့ ျမင္တ့ဲအတိုင္း ခုႏွစ္ေပေလာက္ တူးမွ အုတ္စီလို႔ရမွာပါ။ ဒီေျမာင္းေပၚမွာ ေျမာင္းဖံုးျပန္လုပ္ေပးယင္ေတာင္ ကားနင္းရင္ က်ိဳးမွာ အေသအခ်ာ ပါဘဲ။ အယင္ အဂၤလိပ္ေခတ္က ခင္းေပးထားတ့ဲ အလြန္ခိုင္တ့ဲ တစ္ေပ ေျမာင္းဖံုးေတြေတာင္ ကားနင္းပါမ်ားယင္ ကြဲလာပါတယ္။ ငါးေပအက်ယ္ ေျမာင္းဖံုးကေတာ့ ပထမဦးဆံုး ျဖတ္တ့ဲ နင္းတ့ဲ ကားကို က်ိဳးၿပီး ကၽြန္က်မွာ အေသအခ်ာပါဘဲ။
တစ္ခ်ိဳ႕ ကန္ထ႐ိုက္ေတြက သူတို႔နဲ႔ မဆိုင္လို႔ အခန္း႐ွင္ေတြ ကိုယ့္ဖာသာကိုယ္ ခင္းရမယ္ဆိုပါတယ္။ အနဲဆံုး သိန္းဆယ္ဂဏန္း ထပ္ကုန္ပါမယ္။ အဆိုးဆံုးကေတာ့ ၾကည့္ျမင္တိုင္က လမ္းက်င္းေတြမွာ ကန္ထ႐ိုက္တိုက္ ႏွစ္လံုးမ်က္ႏွာခ်င္းဆိုင္ ေဆာက္ယင္ အလယ္လမ္းေျမ ကားတစ္စီး မေမာင္းေလာက္ေတာ့ပါဘူး။ ႏွစ္စီးေ႐ွာင္ဖို႔ဆိုတာေတာ့ Out of question ပါဘဲ။ ေတာ္ေတာ္ထူးဆန္းတဲ့ အမိန္႔ပါဘဲ။ အမိန္႔ထုတ္တာ ရန္ကုန္သား မဟုတ္ေလာက္ဘူး။ ေတာသား တစ္ေယာက္ဘဲ ေနမွာ။
ၿပီးေတာ့ ခုေလာေလာဆယ္ ေဆာက္တ့ဲအိမ္ေ႐ွ႔မွာဘဲ တူးခိုင္းတာ။ တစ္လမ္းလံုးမွာ တစ္တိုက္ထဲေဆာက္ယင္ ကန္႔လန္႔ကိုျဖစ္ေနတာပါ။ ပံုမွာျမင္ရတ့ဲအတိုင္း ေျမာင္းေသးေဘးမွာ ေျမာင္းႀကီးျဖစ္ေနတာပါ။ ေျမာင္းအျခားေနရာက ေရေတြ အဲဒီ ကန္လိုျဖစ္ေနတ့ဲ ေျမာင္းႀကီးထဲမွာ စုၿပီး အိုင္ေနမွာ အေသအခ်ာပါဘဲ။ ခုပံု႐ိုက္ခ့ဲတ့ဲေနရာဆို လမ္းအလယ္ေလာက္ အျမင့္ဆံုးမွာ႐ွိပါတယ္။ နဂိုရ္ကဆို ေျမာင္းထဲမွာ ေရက်န္ေတာင္ သိတ္မေတြ႔ရပါဘူးတ့ဲ။ ေနာက္ဆိုယင္ ျခင္ေဖါက္တ့ဲ ေနရာႀကီး ျဖစ္ေတာ့မွာပါ။
လမ္းတို႔၊ ေျမာင္းတို႔ လုပ္တာ နားမလည္တ့ဲသူေတြ အတြက္ လြယ္သလိုပါဘဲ။ ဟိုလိုလုပ္လိုက္ ဒီလိုလုပ္လိုက္နဲ႔ လြယ္လြယ္ေလးထင္ၾကမွာပါ။ တကယ္ကလဲ သိတ္အခက္ႀကီး မဟုတ္ပါဘူး။ အင္ဂ်င္နီယာ ပညာေတြ ဆံုးခန္းတိုင္ေအာင္ တတ္စရာလဲ မလိုပါဘူး။ Common Sense နဲနဲ ႐ွိယင္ ၫႊန္ၾကားလို႔ရပါတယ္။ ဒါေပမ့ဲ အေကာင္းဆံုးကေတာ့ ကိုယ္မသိတဲ့ ကိစၥကို သိသူေတြနဲ႔ တိုင္ပင္ၿပီး လုပ္တာပါဘဲ။ ျမန္မာျပည္မွာ Civil အင္ဂ်င္နီယာေတြ အမ်ားႀကီးပါ။
ဒါမ်ိဳးအထူးအဆန္းေတြ ျမန္မာႏိုင္ငံမွာ အျဖစ္ မ်ားေနလို႔ ေျပာျပန္ယင္လဲ ေျပာသူဘဲ လြန္ရာက်ေနလား မသိပါဘူး။ ဟုတ္တယ္ေလ။ အတဲ့ေတာ့ လူတိုင္း လုပ္တတ္တာေပါ့ဗ်ာ ။

30 August 2009

ရန္ကုန္မွာ

ရန္ကုန္ၿမိဳ႕ တိုက္ခန္းတစ္ေနရာက ျမင္ကြင္းပါ။ ျမင္ရတာ လြန္စြာ မြန္းၾကပ္မိတယ္။ ဒီလိုေနရာမွာ ေနၿပီး ဒီျမင္ကြင္းမ်ိဳး အျမဲျမင္ေနသူေတြ ႐ႈပ္ေထြးစြာ ေတြးတာေတြ႕ယင္ မအ့ံၾသၾကပါနဲ႔။
လူတစ္ေယာက္ဟာ အိပ္ရာကထကတည္းက ၾကည္ၾကည္လင္လင္ ျမင္ကြင္းမ်ိဳးဘဲ ျမင္ခ်င္မွပါ။ ေန႔တစ္ေန႔စ ကတည္းက ၾကည္ၾကည္လင္လင္နဲ႔ စခ့ဲမွ တစ္ေန႔လံုး အဆင္ေျပမယ္ထင္တယ္။
ခုေတာ့ ရန္ကုန္သားေတြ ဒီျမင္ကြင္းမ်ိဳးနဲ႔ တစ္ေန႔တာ စ လာၾကေတာ့ တစ္ေန႔လံုး ညစ္တြန္းတြန္းေနၾကတာ မဆန္းပါဘူး။ လိုင္းကားသမားေတြ၊ Taxi သမားေတြ အဆိုးဆံုးေပါ့။
ဒါေပမယ့္ တစ္ျခားသူေတြ စိတ္မၾကည္တာ သိပ္အေရး မႀကီးပါဘူး။ ဟို အႀကီးဆံုးလူႀကီး စိတ္မၾကည္လင္လို႔ အထူးအဆန္းေတြ ေလွ်ာက္လုပ္ယင္ ပိုခက္မယ္။ေတာ္ေတာ့ ေတာ္ပါေသးတယ္။ သူက သူ႕အိမ္ေ႐ွ့မွာ ႐ွိတ့ဲ ေတာင္ႀကီးေတြဘဲ ၾကည့္ၾကည္ေနလို႔.။ ခုေတာ့ ဂူေအာင္းေနၿပီ ၾကားတယ္။

12 August 2009

ရန်ကုန် နဲ့ သစ်ပင်


(Unicode version)

ဒီနေရာမှ ၁၀ မိုင်အကွာတွင် ရန်ကုန်မြို့ ကြီးရှိပါသည်။

ဒါကြောင့် သစ်ပင်များ ရန်ကုန်မှာဘဲ လူမြင်ကောင်းအောင် စိုက်မနေသင့်ပါ။ တခြား မြို့တော် များဆိုလျှင် သစ်ပင် မြင်ဖို့မလွယ်ပါ။ ထင်သလို ခုတ်ယူထားသော တရုတ်နှင့် ထိုင်း နယ်စပ်များတွင် သေချာပြန်စိုက်သင့်ပါသည်။

တကယ်တော့ ရန်ကုန်သည် ကွန်ကရစ်တော အဆင့်ထိ တိုးတက်အောင် အတော်လုပ်ရပါဦးမည်။

ဘာဘဲဖြစ်ဖြစ် ရန်ကုန်သည် နေပြည်တော်ထက် သာဧ။်။

XxXxXx

(Zawgyi version )

ဒီေနရာမွ ၁၀ မိုင္အကြာတြင္ ရန္ကုန္ၿမိဳ႕ ႀကီး႐ွိပါသည္။
ဒါေၾကာင့္ သစ္ပင္မ်ား ရန္ကုန္မွာဘဲ လူျမင္ေကာင္းေအာင္ စိုက္မေနသင့္ပါ။ တျခား ၿမိဳ႕ေတာ္ မ်ားဆိုလွ်င္ သစ္ပင္ ျမင္ဖို႔မလြယ္ပါ။ ထင္သလို ခုတ္ယူထားေသာ တ႐ုတ္ႏွင့္ ထိုင္း နယ္စပ္မ်ားတြင္ ေသခ်ာျပန္စိုက္သင့္ပါသည္။
တကယ္ေတာ့ ရန္ကုန္သည္ ကြန္ကရစ္ေတာ အဆင့္ထိ တိုးတက္ေအာင္ အေတာ္လုပ္ရပါဦးမည္။
ဘာဘဲျဖစ္ျဖစ္ ရန္ကုန္သည္ ေနျပည္ေတာ္ထက္ သာဧ။္။

08 August 2009

ကြောင်



(Unicode version)


တော်တော် ကြောင်တ့ဲ ကြောင်တွေ။

internet connection အဆင်မပြေ၍ post အသစ်များမတင်နိုင်ပါ။


XxXxXx

(Zawgyi version)

ေတာ္ေတာ္ ေၾကာင္တ့ဲ ေၾကာင္ေတြ။
internet connection အဆင္မေျပ၍ post အသစ္မ်ားမတင္ႏိုင္ပါ။

05 July 2009

အမှတ်(၂)



(Unicode version )

ရန်ကုန်မှာ အမျိုးသားအားကစား ပြိုင်ပွဲရုံ ဆိုယင် သု၀ဏ္ဏအားကစားရုံကိုသာ မြင်ကြမှာပါ။ အမျိုးသားအားကစားပြိုင်ပွဲရုံ ၂ ဆိုရင်ရှိတယ်တောင်ထင်ပ မလားမသိပါ။

အမျိုးသားအားကစားပွဲတော်တွေ ခေတ်စားတုံးက လှိုင်နယ်မြေမှာ ရှိတဲ့ ရုံကို အားကစားရုံ အမှတ် (၂) အဖြစ်သတ်မှတ်ခ့ဲပါတယ်။ ခုတော့ ပုဂ္ဂလိက Fitness Centre အဖြစ်တွေ့ခ့ဲရပါတယ်။ တော်တော်တော့ ယိုယွင်းနေပါပြီ။

XxXxXx

(Zawgyi version)

ရန္ကုန္မွာ အမ်ိဳးသားအားကစား ၿပိဳင္ပြဲ႐ံု ဆိုယင္ သု၀ဏၰအားကစား႐ံုကိုသာ ျမင္ၾကမွာပါ။ အမ်ိဳးသားအားကစားၿပိုင္ပြဲ႐ံု ၂ ဆိုရင္႐ွိတယ္ေတာင္ထင္ပ မလားမသိပါ။
အမ်ိဳးသားအားကစားပြဲေတာ္ေတြ ေခတ္စားတံုးက လႈိင္နယ္ေျမမွာ ႐ွိတဲ့ ႐ံုကို အားကစား႐ံု အမွတ္ (၂) အျဖစ္သတ္မွတ္ခ့ဲပါတယ္။ ခုေတာ့ ပုဂၢလိက Fitness Centre အျဖစ္ေတြ႕ခ့ဲရပါတယ္။ ေတာ္ေတာ္ေတာ့ ယိုယြင္းေနပါၿပီ။

22 June 2009

ဘုရားတရား။

ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ား ဘုရားတရား သတိရၾကပါေစ။

--
ammon

16 June 2009

ထူးဆန်းသောဆောင်းပါး

(Unicode version )

ထူးဆန်းသော ဆောင်းပါးတစ်ပုဒ် အကြောင်း ပြောပြပါမည်။ ယခုအပါတ် အတွင်း ဂျာနယ်များတွင်တွေ့ရသော “သုတေသီတစ်ဦး” ရေးသည့် “ရွှေပြည်တော် မျှော်ရန်မေ၀းတော့ပြီ” ဆိုသော ဆောင်းပါးဖြစ်သည်။ ဒီဆောင်းပါတွေများ အရေးလုပ်လို့ကွာ ဟုမပြောစေလိုပါ။ သေချာကြည့်လျှင် ရီစရာကောင်း၍ပါ။

ဆောင်းပါးကို အမေး အဖြေ ပုံစံနှင့် ရေးထားသည်။ ဒီအစိုးရ တက်ကတည်းက ရေးသူ အမည်မဖေါ်ရဲဘဲ ဟိုသူတစ်ဦး ဒီသူတစ်ဦး စသော အမည်မျိုးနှင့်သာ ရေးသော ဆောင်းပါးပါ။ အဖွဲ့ဖြင့်ရေးသော ကြောင့်လဲဖြစ်နိုင်ပါသည်။ များသောအားဖြင့် အစိုးရ ပေါ်လစီများ ဖြစ်သော်လည်း တခါတရံ စာရေးသူ့ အာဘော်သာဖြစ်သည်ဟု ဗြောင်လိမ် တတ်ပါသည်။

ခုဆောင်းပါးတွင်လဲ ရေးချင်ဇော များလွန်းနေသလားမသိပါ။ ပုံမှန်အားဖြင့် မေးဖြေ ပုံစံ ဆိုလျှင် မေးတစ်လှည့် ဖြေတစ်လှည့်သာ ဖြစ်ပါမည်။ အင်တာဗျူးပုံစံဖြစ်သည်။ မေးခွန်းက တို၍ အဖြေက ပြောလျှင်ပြောသလောက် ရှည်မည်သာ။ ပြီးခ့ဲသည့် အပါတ်တွင်းကဘဲ ဖတ်ခ့ဲသော CNN မှ အင်တာဗျူးဆရာ Larry King ကိုဗျူးထားတာ ဖတ်ရသည်။ သူမေးသလောက် လိုက်မလာဘဲ ခပ်တိုတို yes , no , that’s right တို့လောက်သာ ဖြေသောသူကို သူအကြောက်ဆုံးဟု ဆိုပါသည်။

ခု ကျွန်တော်ရေးချင်သော ဆောင်းပါးတွင်မူ မေးဖြေ ငါးပိုဒ်သာ ပါပါသည်။ ပထမ မေးသောအပိုဒ်တွင် စာကြောင်းရေ ၁၂ ကြောင်း၊ ဖြေသောအပိုဒ်တွင် အဖြေ ၂၁ ကြောင်း၊ မဆိုးပါ။ ဒုတိယ အမေးပိုဒ်တွင် အမေး ၂၉ ကြောင်းရှိ၍ အဖြေတွင် ၅ ကြောင်းသာ ရှိတော့သည်။ မေးသူက အကုန်ပြောသွား၍ ဖြေသူက ထောက်ခံယုံသာ ရှိတော့သည်။ ပြောချင်လွန်းအား ကြီးလွန်းနေသည်။ အဆိုးဆုံးမှာ ပြောချင်လွန်းနေ၍ နောက်ဆုံးတွင် အမေး ၅ ကြောင်းမေးပြီးသောအခါ အဖြေမပါတော့ပါ။ ဆောင်းပါး ပြီးသွားပါသည်။ မယုံသူများ ကိုယ်တိုင် ဖတ်ကြည့်ကြပါရန်။


XxXxXx

(Zawgyi version)

ထူးဆန္းေသာ ေဆာင္းပါးတစ္ပုဒ္ အေၾကာင္း ေျပာျပပါမည္။ ယခုအပါတ္ အတြင္း ဂ်ာနယ္မ်ားတြင္ေတြ႔ရေသာ “သုေတသီတစ္ဦး” ေရးသည့္ “ေ႐ႊျပည္ေတာ္ ေမွ်ာ္ရန္မေ၀းေတာ့ၿပီ” ဆိုေသာ ေဆာင္းပါးျဖစ္သည္။ ဒီေဆာင္းပါေတြမ်ား အေရးလုပ္လို႔ကြာ ဟုမေျပာေစလိုပါ။ ေသခ်ာၾကည့္လွ်င္ ရီစရာေကာင္း၍ပါ။
ေဆာင္းပါးကို အေမး အေျဖ ပံုစံႏွင့္ ေရးထားသည္။ ဒီအစိုးရ တက္ကတည္းက ေရးသူ အမည္မေဖၚရဲဘဲ ဟိုသူတစ္ဦး ဒီသူတစ္ဦး စေသာ အမည္မ်ိဳးႏွင့္သာ ေရးေသာ ေဆာင္းပါးပါ။ အဖြဲ႔ျဖင့္ေရးေသာ ေၾကာင့္လဲျဖစ္ႏိုင္ပါသည္။ မ်ားေသာအားျဖင့္ အစိုးရ ေပၚလစီမ်ား ျဖစ္ေသာ္လည္း တခါတရံ စာေရးသူ႔ အာေဘာ္သာျဖစ္သည္ဟု ေျဗာင္လိမ္ တတ္ပါသည္။
ခုေဆာင္းပါးတြင္လဲ ေရးခ်င္ေဇာ မ်ားလြန္းေနသလားမသိပါ။ ပံုမွန္အားျဖင့္ ေမးေျဖ ပံုစံ ဆိုလွ်င္ ေမးတစ္လွည့္ ေျဖတစ္လွည့္သာ ျဖစ္ပါမည္။ အင္တာဗ်ဴးပံုစံျဖစ္သည္။ ေမးခြန္းက တို၍ အေျဖက ေျပာလွ်င္ေျပာသေလာက္ ႐ွည္မည္သာ။ ၿပီးခ့ဲသည့္ အပါတ္တြင္းကဘဲ ဖတ္ခ့ဲေသာ CNN မွ အင္တာဗ်ဴးဆရာ Larry King ကိုဗ်ဴးထားတာ ဖတ္ရသည္။ သူေမးသေလာက္ လိုက္မလာဘဲ ခပ္တိုတို yes , no , that’s right တို႔ေလာက္သာ ေျဖေသာသူကို သူအေၾကာက္ဆံုးဟု ဆိုပါသည္။
ခု ကၽြန္ေတာ္ေရးခ်င္ေသာ ေဆာင္းပါးတြင္မူ ေမးေျဖ ငါးပိုဒ္သာ ပါပါသည္။ ပထမ ေမးေသာအပိုဒ္တြင္ စာေၾကာင္းေရ ၁၂ ေၾကာင္း၊ ေျဖေသာအပိုဒ္တြင္ အေျဖ ၂၁ ေၾကာင္း၊ မဆိုးပါ။ ဒုတိယ အေမးပိုဒ္တြင္ အေမး ၂၉ ေၾကာင္းရွိ၍ အေျဖတြင္ ၅ ေၾကာင္းသာ ႐ွိေတာ့သည္။ ေမးသူက အကုန္ေျပာသြား၍ ေျဖသူက ေထာက္ခံယံုသာ ႐ွိေတာ့သည္။ ေျပာခ်င္လြန္းအား ႀကီးလြန္းေနသည္။ အဆိုးဆံုးမွာ ေျပာခ်င္လြန္းေန၍ ေနာက္ဆံုးတြင္ အေမး ၅ ေၾကာင္းေမးၿပီးေသာအခါ အေျဖမပါေတာ့ပါ။ ေဆာင္းပါး ၿပီးသြားပါသည္။ မယံုသူမ်ား ကိုယ္တိုင္ ဖတ္ၾကည့္ၾကပါရန္။

12 June 2009

ခင်၀မ်း နှင့်

ခင်၀မ်း အကြောင်းပါသော ဆောင်းပါးဖတ်ရပြန်ပါသည်။ သူ့အကြောင်း ရေးချင်းတော့

မဟုတ်ပါ။ ဖတ်နေကြ 7Day news ဂျာနယ်တွင် ဖြစ်ပြီး ရေးသူမှာ

နောက်ဆုံးဖေါ်ပြခ့ဲသော ဆောင်းပါးကိုရေးသူ မောင်ကိုကို(အမရပူရ) ပင်ဖြစ်သည်။

သူကလဲ ခင်၀မ်း ကို Crazy ဖြစ်သောကြောင့် ခဏခဏထည့်ရေး ဟန်တူပါသည်။

ဆောင်းပါးမှာ " ကမ္ဘာမှာ ဂျာနယ်နှင့်အနုပညာ ၀တ်မှုန်ကူးနေကြ " ဖြစ်သည်။

" ကွယ်လွန်သွားပြီး အမှတ်တရဖြစ်နေဆဲ အနုပညာရှင်အကြောင်း ပြောပြပါ ဆိုပါစို့။
ဒင်ဒရူး၀ိုင်းယက် အကြောင်း ကျွန်တော် ဦးစွာမပြောပါ။
၀ီလျံဒီကိုးနင်း အကြောင်း ကျွန်တော် ဦးစွာမပြောပါ။
၁။ မောင်ချောနွယ်(ကဗျာဆရာ)
၂။ ခင်၀မ်း(ပန်းချီဆရာ၊ တေးရေး၊ တေးဆို)
၃။ ထူးအိမ်သင်(တေးရေး၊တေးဆို)
၄။ တာရာမင်းေ၀(၀တၳုတိုဆရာ၊တွေးခေါ်သူ) တို့ဧ။် နာမည်တွေကို ကျွန်တော်
ရွတ်ဆိုလိုက်ချင်ပါသည်"
ဒါဘဲဖြစ်ပါသည်။ ခင်၀မ်း အကြောင်း ရေးခြင်း မဟုတ်ပါ။ ခင်၀မ်း အမည်ပါ၍
ကောက်နှုတ်ဖေါ်ပြခြင်းသာ။ ခင်၀မ်း အကြောင်း တွေ့လျှင်ပြောပြပါဦးမည်။ သတိရ၍
ကျေးဇူးတင်ပါသည်။


06 June 2009

မြန်မာစာလုံးပေါင်း

(Unicode version)

7Day news ဂျာနယ် Vol:8 No.7 ပါဆောင်းပါးကိုဖတ်၍ ရေးချင်စိတ် ပေါ်လာ

သောကြောင့် ရေးမိပါသည်။ ထိုဂျာနယ်မှာ "တို့ဘုရားကို တို့ဖူးပြီ"

ဆောင်းပါးကြောင့် ဖတ်ဖူးသူများ ပါ လိမ့်မည်။ ကျွန်တော်ရေးလိုသော

ဆောင်းပါးမှာ "ချမ်းငြိမ်း" ရေးသည့် "ပြုသမျှ နုရရှာသည့်

ကျွန်ုပ်တို့ဧ။်မြန်မာစာ" ဆောင်းပါးဖြစ်ပါသည်။ မြန်မာစာ

စာလုံးပေါင်းအကြောင်း ရေးထားခြင်း ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံတွင် ရေးသားနေကြသော မြန်မာစာနှင့်ပါတ်သက်၍

စာလုံးပေါင်းများ မှားလွန်း၍ ရေးထားခြင်းဖြစ်သည်။ စာလုံးပေါင်းကို

ဂရုမပြုဘဲ ရေးကြသဖြင့် ဒေါသထွက်၍ ရေးဟန်တူပါသည်။ ကွန်ပြူတာ

အသုံးပြုသူများကြားတွင် Burglish အသုံးများလာသည်ကိုလဲ အပြစ်တင်ထားပါသည်။

စာရေးသူ အများစုသည် မြန်မာစာ အကြောင်းရေးချင်၍ မဟုတ်ဘဲ

မိမိတင်ပြလိုသည်ကို မိမိ နားလည်သလိုသာ ရေးမည်ဖြစ်သည်။ သတ်ပုံကိုလဲ

အမှန်မသိသဖြင့် ထင်သည့်အတိုင်းသာ ရေးလိုက်ခြင်းဖြစ်မည်။ မလေးစားခြင်းတော့

မဟုတ်တန်ရာ။

မြန်မာ စာလုံးပေါင်းသည် အချို့နေရာများတွင် ခက်အောင် လုပ်ထားသက့ဲသို့

ဖြစ်နေသည်။ခက်အောင်လုပ်နေပါက မကြာမီတွင် ပျောက်ကွယ်သွားလိမ့်မည်ထင်သည်။

တကယ်က မြန်မာစာ တစ်ချို့သည် အခြားဘာသာ များမှ လာသည်ဖြစ်၍ စတင် ပြန်ဆို

သုံးစွဲသူက ရေးလိုက်သော သတ်ပုံသည် အမှန်ဟု သတ်မှတ်ရမည်လား မသိပါ။

ထိုဆောင်းပါးတွင် မှားလေ့ရှိသော စာလုံးပေါင်းများကိုလဲ ဖေါ်ပြထားပါသည်။

ဖေါ်ပြထားသော စာလုံးများတွင် ရေးတော့ အမှန် ဖတ်တော့ အသံ ဟူသော

အူကြောင်ကြောင် အယူအဆကြီးကြောင့် မှားတာတွေ သွားတွေ့သည်။ ဥပမာ- ဂတိ ဧ။်

အမှန်သည် ကတိ ဖြစ်သည်။ ထို့အတူ ဂျိုင်း ဧ။်အမှန်သည် ချိုင်း ဖြစ်သည်တ့ဲ။

ပေါင် နှင့် ဘောင် ကလဲရှိသေးသည်။ နဂိုကတည်းက ရှင်းအောင် လုပ်ထားလျှင်

မပြီးဘူးလား။ ကျွန်တော်လဲ ပညာရှင် မဟုတ်သဖြင့် ရှင်းမပြတတ်ပါ။ ထို့အတူ

ယနေ့ မြန်မာစာကို သုံးနေသူ ၉၉.၉၉၉၉၉% သည်လဲ မြန်မာစာပညာရှင်များ

မဟုတ်သဖြင့် တတ်မည်မထင်ပါ။ မိမိပြောလိုသော အကြောင်းအရာကို နားလည်အောင်

ပြောနိုင်ဖို့သာ ကြိုးစားပါလိမ့်မည်။

နောက်ရှိသေးသည်။ လက်လီလက္ကား ဧ။်အမှန်သည် လက်လီလက်ကား ဖြစ်ရမည်ဟူဧ။်။

နားမလည်နိုင်တော့ပါ။ ကကြီး နှစ်လုံးထပ်၍ ဆင့် သည် ထင်တာ မှားနေပါသည်။

အဆိုးဆုံးကတော့ ဂါလံ ဧ။် အမှန်သည် ဂါလန် ဖြစ်သည်ဟူဧ။်။ ဘယ်လိုမှ ခံစား၍

မရတော့ပါ။ ဆောင်းပါးရှင် ချမ်းငြိမ်းသည် မြန်မာစာမှ လွဲ၍ အခြားဘာသာ

မတတ်ဟုထင်ပါသည်။ ဂါလံ (သို့) ဂါလန် သည် အင်္ဂလိပ်စာလုံး Gallon မှလာသည်ကို

မသိလေရော့သလား။

အဆိုးဆုံးကတော့ "ကိုလိုနီခေတ် ဒို့ဗမာအစည်းအရုံးမှ ဆရာကြီးသခင်ဘသောင်းဧ။်

မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား"

ဟူသော စာကြောင်းဖြစ်သည်.။ ကျွန်တော်ဖတ်ဖူးသည်မှာ အားပါလှသည်။ "ဗမာပြည်သည်

ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား" ဟူ၍ဖြစ်ရပါမည်။

မရေးရဲလျှင်လဲ မရေးနဲ့ပေါ့ဗျာ။ ။

မှတ်ချက်။ ။ စာလုံပေါင်းများ မှားနေနိုင်ပါသည်။

XxXxXx

(Zawgyi version)

7Day news ဂ်ာနယ္ Vol:8 No.7 ပါေဆာင္းပါးကိုဖတ္၍ ေရးခ်င္စိတ္ ေပၚလာ
ေသာေၾကာင့္ ေရးမိပါသည္။ ထိုဂ်ာနယ္မွာ "တို႔ဘုရားကို တို႔ဖူးၿပီ"
ေဆာင္းပါးေၾကာင့္ ဖတ္ဖူးသူမ်ား ပါ လိမ့္မည္။ ကၽြန္ေတာ္ေရးလိုေသာ
ေဆာင္းပါးမွာ "ခ်မ္းျငိမ္း" ေရးသည့္ "ျပဳသမွ် ႏုရ႐ွာသည့္
ကၽြႏ္ုပ္တို႔ဧ။္ျမန္မာစာ" ေဆာင္းပါးျဖစ္ပါသည္။ ျမန္မာစာ
စာလံုးေပါင္းအေၾကာင္း ေရးထားျခင္း ျဖစ္သည္။
ယေန႔ ျမန္မာႏိုင္ငံတြင္ ေရးသားေနၾကေသာ ျမန္မာစာႏွင့္ပါတ္သက္၍
စာလံုးေပါင္းမ်ား မွားလြန္း၍ ေရးထားျခင္းျဖစ္သည္။ စာလံုးေပါင္းကို
ဂ႐ုမျပဳဘဲ ေရးၾကသျဖင့္ ေဒါသထြက္၍ ေရးဟန္တူပါသည္။ ကြန္ျပဴတာ
အသံုးျပဳသူမ်ားၾကားတြင္ Burglish အသံုးမ်ားလာသည္ကိုလဲ အျပစ္တင္ထားပါသည္။
စာေရးသူ အမ်ားစုသည္ ျမန္မာစာ အေၾကာင္းေရးခ်င္၍ မဟုတ္ဘဲ
မိမိတင္ျပလိုသည္ကို မိမိ နားလည္သလိုသာ ေရးမည္ျဖစ္သည္။ သတ္ပံုကိုလဲ
အမွန္မသိသျဖင့္ ထင္သည့္အတိုင္းသာ ေရးလိုက္ျခင္းျဖစ္မည္။ မေလးစားျခင္းေတာ့
မဟုတ္တန္ရာ။
ျမန္မာ စာလံုးေပါင္းသည္ အခ်ိဳ႕ေနရာမ်ားတြင္ ခက္ေအာင္ လုပ္ထားသက့ဲသို႔
ျဖစ္ေနသည္။ခက္ေအာင္လုပ္ေနပါက မၾကာမီတြင္ ေပ်ာက္ကြယ္သြားလိမ့္မည္ထင္သည္။
တကယ္က ျမန္မာစာ တစ္ခ်ိဳ႕သည္ အျခားဘာသာ မ်ားမွ လာသည္ျဖစ္၍ စတင္ ျပန္ဆို
သံုးစြဲသူက ေရးလိုက္ေသာ သတ္ပံုသည္ အမွန္ဟု သတ္မွတ္ရမည္လား မသိပါ။
ထိုေဆာင္းပါးတြင္ မွားေလ့႐ွိေသာ စာလံုးေပါင္းမ်ားကိုလဲ ေဖၚျပထားပါသည္။
ေဖၚျပထားေသာ စာလံုးမ်ားတြင္ ေရးေတာ့ အမွန္ ဖတ္ေတာ့ အသံ ဟူေသာ
အူေၾကာင္ေၾကာင္ အယူအဆႀကီးေၾကာင့္ မွားတာေတြ သြားေတြ႔သည္။ ဥပမာ- ဂတိ ဧ။္
အမွန္သည္ ကတိ ျဖစ္သည္။ ထို႔အတူ ဂ်ိဳင္း ဧ။္အမွန္သည္ ခ်ိဳင္း ျဖစ္သည္တ့ဲ။
ေပါင္ ႏွင့္ ေဘာင္ ကလဲ႐ွိေသးသည္။ နဂိုကတည္းက ႐ွင္းေအာင္ လုပ္ထားလွ်င္
မၿပီးဘူးလား။ ကၽြန္ေတာ္လဲ ပညာ႐ွင္ မဟုတ္သျဖင့္ ႐ွင္းမျပတတ္ပါ။ ထို႔အတူ
ယေန႔ ျမန္မာစာကို သံုးေနသူ ၉၉.၉၉၉၉၉% သည္လဲ ျမန္မာစာပညာ႐ွင္မ်ား
မဟုတ္သျဖင့္ တတ္မည္မထင္ပါ။ မိမိေျပာလိုေသာ အေၾကာင္းအရာကို နားလည္ေအာင္
ေျပာႏိုင္ဖို႔သာ ၾကိဳးစားပါလိမ့္မည္။
ေနာက္႐ွိေသးသည္။ လက္လီလကၠား ဧ။္အမွန္သည္ လက္လီလက္ကား ျဖစ္ရမည္ဟူဧ။္။
နားမလည္ႏိုင္ေတာ့ပါ။ ကႀကီး ႏွစ္လံုးထပ္၍ ဆင့္ သည္ ထင္တာ မွားေနပါသည္။
အဆိုးဆံုးကေတာ့ ဂါလံ ဧ။္ အမွန္သည္ ဂါလန္ ျဖစ္သည္ဟူဧ။္။ ဘယ္လိုမွ ခံစား၍
မရေတာ့ပါ။ ေဆာင္းပါး႐ွင္ ခ်မ္းျငိမ္းသည္ ျမန္မာစာမွ လြဲ၍ အျခားဘာသာ
မတတ္ဟုထင္ပါသည္။ ဂါလံ (သို႔) ဂါလန္ သည္ အဂၤလိပ္စာလံုး Gallon မွလာသည္ကို
မသိေလေရာ့သလား။
အဆိုးဆံုးကေတာ့ "ကိုလိုနီေခတ္ ဒို႔ဗမာအစည္းအ႐ံုးမွ ဆရာႀကီးသခင္ဘေသာင္းဧ။္
ျမန္မာျပည္သည္ တို႔ျပည္၊ ျမန္မာစာသည္ တို႔စာ၊ ျမန္မာစကားသည္ တို႔စကား"
ဟူေသာ စာေၾကာင္းျဖစ္သည္.။ ကၽြန္ေတာ္ဖတ္ဖူးသည္မွာ အားပါလွသည္။ "ဗမာျပည္သည္
ဒို႔ျပည္၊ ဗမာစာသည္ ဒို႔စာ၊ ဗမာစကားသည္ ဒို႔စကား" ဟူ၍ျဖစ္ရပါမည္။
မေရးရဲလွ်င္လဲ မေရးနဲ႔ေပါ့ဗ်ာ။ ။
မွတ္ခ်က္။ ။ စာလံုေပါင္းမ်ား မွားေနႏိုင္ပါသည္။

31 May 2009

တူနိုင်မလား

(Unicode version) 

ခုမှတည်တ့ဲ မြို့တွေ ဒီလိုလှပတ့ဲ ရှုခင်းမျိုး ဖြစ်နိုင်မယ် မထင်ပါဘူး။

ဒီလမ်းကြီးအတိုင်း တည့်တည့်သွားယင် ဘယ်လိုမှ တုမရတ့ဲ ရွှေတိဂုံဘုရားကြီး ရှိတယ်လေ။

ဟဲဟဲ တုတ့ဲသူတွေကလဲ သိပါတယ်။ ဉာဏ်တော် နဲနဲစီ လျှော့ထားကြတယ်။

တုလဲတုချင်ရဲ့။ ကြောက်လဲကြောက်ဟန်တူပါရ့ဲ။


--
ammon

XxXxXx 

(Zawgyi version) 

ခုမွတည္တ့ဲ ၿမိဳ႕ေတြ ဒီလိုလွပတ့ဲ ႐ႈခင္းမ်ိဳး ျဖစ္ႏိုင္မယ္ မထင္ပါဘူး။
ဒီလမ္းႀကီးအတိုင္း တည့္တည့္သြားယင္ ဘယ္လိုမွ တုမရတ့ဲ ေရႊတိဂံုဘုရားႀကီး ရွိတယ္ေလ။
ဟဲဟဲ တုတ့ဲသူေတြကလဲ သိပါတယ္။ ဥာဏ္ေတာ္ နဲနဲစီ ေလွ်ာ့ထားၾကတယ္။
တုလဲတုခ်င္ရဲ့။ ေၾကာက္လဲေၾကာက္ဟန္တူပါရ့ဲ။

--
ammon

23 May 2009

SAGITTARIUS

(Unicode version )

ဘလောဂ်နဲ့ အဆက်မပြတ်အောင် လုပ်နေရပါတယ်။ အားရပါးရ မအာနိုင်သေးပါဘူး။

အာရမယ့်နေရာ ရှာနေဆဲပါ။

XxXxXx

(Zawgyi version )

ဘေလာဂ္နဲ႔ အဆက္မျပတ္ေအာင္ လုပ္ေနရပါတယ္။ အားရပါးရ မအာႏိုင္ေသးပါဘူး။
အာရမယ့္ေနရာ ႐ွာေနဆဲပါ။
*
SAGITTARIUS - The Promiscuous One
Spontaneous.. High appeal. Rare to find. Great when found. Loves being in
long relationships. So much love to give A loner most of the time. Loses
patience easily and will not take crap. If in a bad mood stay FAR away.
Gets offended easily and remembers the offense forever. Loves deeply but
at times will not show it feels it is a sign of weakness. Has many fears
but will not show it. VERY private person. Defends loved ones will all
their abilities. Can be childish often. Not one to mess with. Very pretty.
Very romantic. Nice to everyone they meet. Their Love is one of a kind.
Silly, fun and sweet. Have own unique appeal. Most caring person you will
ever meet! Amazing in bed..!!! Not the kind of person you want to mess with
you, might end up crying. *
--
ammon

21 May 2009

ရန်ကုန်မိုး

(Unicode version )

ရန်ကုန်မှာ မေလ လေးရက်နေ့က မိုးစရွာပါတယ်။ ညနေဖက် နဲနဲသည်းလိုက်တာ

လမ်းတွေရေရှံကုန်ပါတယ်။ ဖေါ့ဗူးတွေ၊ ကျွပ်ကျွပ်အိပ်တွေ အပြည့်ပါဘဲ။

ရာသီဥတုကတော့ ခဏအေးသွားပေမ့ဲ နောက်နေ့ကစလို့ ပြန်ပူတာပါ။ နာဂစ်တုန်းက

သစ်ပင်တွေရော့ သွားလို့ ပိုပူတယ်ထင်ပါတယ်။

ဒီနှစ်တော့ မိုးလေ၀သ ကောင်းကောင်းပါရဲ့။

--
ammon

XxXxXx

(Zawgyi version )

ရန္ကုန္မွာ ေမလ ေလးရက္ေန႔က မိုးစ႐ြာပါတယ္။ ညေနဖက္ နဲနဲသည္းလိုက္တာ
လမ္းေတြေရ႐ွံကုန္ပါတယ္။ ေဖါ့ဗူးေတြ၊ ကၽြပ္ကၽြပ္အိပ္ေတြ အျပည့္ပါဘဲ။
ရာသီဥတုကေတာ့ ခဏေအးသြားေပမ့ဲ ေနာက္ေန႔ကစလို႔ ျပန္ပူတာပါ။ နာဂစ္တုန္းက
သစ္ပင္ေတြေရာ့ သြားလို႔ ပိုပူတယ္ထင္ပါတယ္။
ဒီႏွစ္ေတာ့ မိုးေလ၀သ ေကာင္းေကာင္းပါရဲ့။
--
ammon

01 May 2009

may day


ပံုဧ။္ အလယ္ပိုင္းေလာက္ကိုေသခ်ာၾကည့္လွ်င္ မိန္းခေလးမ်ားစြာ တန္းစီ၍ တက္ေနသည္ကို ေတြ႔ရမည္။ လႈိင္သာယာစကိမႈဇုန္မွ စက္႐ံုတစ္႐ံု duty ခ်ိန္းခ်ိန္ျဖစ္သည္။ အလုပ္သမေပါင္း ေထာင္ခ်ီ၍ အ၀င္အထြက္ လုပ္ခ်ိန္ျဖစ္သည္။ နအဖ အစိုးရသည္ စက္မႈဇုန္မ်ားကို အထူးအားေပးေနရျခင္းမွာ လူမ်ားစြာကို အလုပ္ေပးေနသည့္ အတြက္ျဖစ္မည္။ ထိုသို႔ေသာ စက္႐ံုေပါင္းမ်ားစြာ စက္မႈဇုန္မ်ားတြင္႐ွိ ေနမည္ထင္ပါသည္။ ေကာင္းပါသည္။ တိုးတက္ေအာင္ လုပ္ၾကရမည္။ ဟန္ျပလုပ္ေနျခင္းကို လံုး၀ ရပ္တန္႔သည့္ၿပီ။
အရာရာကို အစိုးရအားကိုးေနသည့္ ေခတ္က်န္ခ့ဲၿပီ။ ပုဂၢလိကပိုင္း ယခုထက္ပင္ ဖြံ႔ျဖိဳးေနသင့္သည္။ အစိုးရပိုင္းကလည္း အရာရာ ၀င္ေရာက္စြက္ဖက္ေနမႈ အဆံုးသတ္သင့္ၿပီ။ မိမိလူ က်န္ရစ္မည္စိုး၍ က်န္လူမ်ားကို ဆြဲထားျခင္းမ်ိဳး လံုး၀မလုပ္သင့္ေတာ့ပါ။ မိမိလူအသာရေစေသာ ကိစၥမ်ိဳးလည္း မလုပ္သင့္ေတာ့ပါ။ ခုဖံုးကြယ္ထားလဲ မ်ားမၾကာမွီပင္ ေပၚလာမည္သာ။
ယေန႔သည္ ကမာၻ႔ အလုပ္သမားေန႔ႀကီးျဖစ္သည္။ စစ္သား၊ လယ္သမား၊ ဆရာဆရာမ၊ အားလံုးသည္ အလုပ္သမားမ်ားသာျဖစ္သည္။ ထို႔ေၾကာင့္ အားလံုးအတြက္ အလုပ္သမားေန႔ ျဖစ္ပါသည္။

30 April 2009

ဘဲအို ဇတ်လမ်း



တနေ့ နေပူနေသော်လည်း ဘဲကြီးလေးကောင် အေးချမ်းစွာ ပျော်ရွှင်နေပါတယ်။

တေန႔ ေနပူေနေသာ္လည္း ဘဲႀကီးေလးေကာင္ ေအးခ်မ္းစြာ ေပ်ာ္႐ႊင္ေနပါတယ္။






ဘေးမှာလဲနှောက်ရှက်မ့ဲသူမရှိပါ။

ေဘးမွာလဲေႏွာက္႐ွက္မ့ဲသူမ႐ွိပါ။






ဒီအချိန်မှာဘဲ ဘဲအိုကြီး ဗိုလ်အဲ ဘဲတွေကို ခဲနဲ့ အကြောင်းမ့ဲ ထုပါတော့တယ်။


ဒီအခ်ိန္မွာဘဲ ဘဲအိုႀကီး ဗိုလ္အဲ ဘဲေတြကို ခဲနဲ႔ အေၾကာင္းမ့ဲ ထုပါေတာ့တယ္။








ဘဲတွေလဲ နေပူထဲ လမ်းပေါ်တက်ပြေးရပါတယ်။

ပြောတော့ပြောသွားသေးတယ်။

ဒါဘဲထင်တယ်တ့ဲ။

ဘဲေတြလဲ ေနပူထဲ လမ္းေပၚတက္ေျပးရပါတယ္။
ေျပာေတာ့ေျပာသြားေသးတယ္။
ဒါဘဲထင္တယ္တ့ဲ။

26 April 2009

wonderful


Google search မှာ မြန်မာလို ခင်၀မ်း ဆိုပြီးရှာလိုက်ယင် aplar.blogspot ကိုတွေ့ရမှာပါ။ ဂုဏ်ယူလို့ရမလားဟင်။

21 April 2009

post nargis

ဒီႏွစ္သႀကၤန္အတြင္း ရန္ကုန္မွာ လူေတြ႐ုပ္႐ုပ္ျဖစ္ကုန္သည္။ မုန္တိုင္းလာေတာ့မည္ဆို၍ပါ။ အရင္ကေတာ့ ေၾကာက္ေလ့မ႐ွိဘဲ ခုေတာ့ ထစ္ကနဲဆို ေၾကာက္ေနၾကသည္။ ျမန္မာ ေသြးအစစ္ပါဘဲ။
သို႔ေသာ္ ကံေကာင္းသြားတာ အမွန္ျဖစ္ပါသည္။ မုန္တိုင္းသည္ သြားေနၾကအတိုင္းမသြားဘဲ အေ႐ွ႕ေျမာက္သို႔ ခ်ိဳးကာ ျမန္မာျပည္ဘက္ေရာက္လာခ့ဲသည္။ တစ္ရက္ေလာက္ေစာ ေကြ႕ပါက ေသခ်ာေပါက္ ဧရာ၀တီကို ၀င္မည္။ ခုေတာ့ အဘ ကယ္လိုက္တာျဖစ္မည္။ ဘယ္ အဘ လဲေတာ့ မသိ။ ဒီေခတ္မွာ အဘ ေတြမ်ား လြန္း၍ျဖစ္သည္။ ဘယ္အဘဘဲျဖစ္ျဖစ္ ကယ္ယင္ၿပီးတာပါဘဲ။ ေက်းဇူးဘဲ အဘ ေရ။

17 April 2009

Dagon university




(Zawgyi version )
ဒဂံုတကၠသိုလ္က ဘြဲ႕ႏွင္းသဘင္ နဲ႔ အားကစားခန္းမပါ။ ေျခာက္ကပ္ကပ္နဲ႔ ပ်င္းစရာႀကီး။

(Unicode version )

ဒဂုံတက္ကသိုလ်က ဘွဲ့နှင်းသဘင် နဲ့ အားကစားခန်းမပါ။ ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီး။

16 April 2009

သင်္ကြန်



ဒီ သႀကၤန္မွာ လူေတြ ဘုရားတရားေလး သတိရေကာင္းပါရဲ့။ ကၽြန္ေတာ့္ လိုေပါ့ ။

XxXxXx

(Unicode version )

ဒီ သင်္ကြန်မှာ လူတွေ ဘုရားတရားလေး သတိရကောင်းပါရဲ့။ ကျွန်တော့် လိုပေါ့ ။

15 April 2009

new food to taste


(Unicode version)

အတည့်တော့ လူတိုင်း လုပ်တတ်တာပေါ့ဗျာ။

hot dot စားမလား၊ sundwich စားမလား။

hot dog တို့ sandwich တို့ထက်ပိုကောင်းဟန်တူတယ်။

ရန်ကုန်က သပြေရိပ် လဘက်ရည်ဆိုင်မှာ ရနိုင်ပါတယ်။

XxXxXx

(Zawgyi version)

အတည့္ေတာ့ လူတိုင္း လုပ္တတ္တာေပါ့ဗ်ာ။
hot dot စားမလား၊ sundwich စားမလား။
hot dog တို႔ sandwich တို႔ထက္ပိုေကာင္းဟန္တူတယ္။
ရန္ကုန္က သေျပရိပ္ လဘက္ရည္ဆိုင္မွာ ရႏိုင္ပါတယ္။

14 April 2009

မိုးတွေရွာစွေ








(Unicode version)

ဒီနှစ်သင်္ကြန်မှာ မိုးတွေရွာနေပါတယ်။ ရန်ကုန်ရဲ့ ကျက်သရေဆောင် ရွှေတိဂုံဘုရားကို မိုးတွေကြားမှာ ဖူးတွေ့နိုင်ပါတယ်။

XxXxXx

(Zawgyi version )


ဒီႏွစ္သႀကၤန္မွာ မိုးေတြ႐ြာေနပါတယ္။ ရန္ကုန္ရဲ့ က်က္သေရေဆာင္ ေ႐ႊတိဂံုဘုရားကို မိုးေတြၾကားမွာ ဖူးေတြ႕ႏိုင္ပါတယ္။

pre thingyan

(Unicode version)

သင်္ကြန်အကြိုနေ့က ရန်ကုန်မှာ မိုးရွာတယ်ပြောပါတယ်။ အပူရော့သွားမယ်ထင်ပါတယ်။တချို့နေရာတွေမှာ ေ၇လျှံတယ်ပြောပါတယ်။ ပျော်စရာကြီးနော်။ ဆယ်ရက် တောင် ရုံးတွေ ပိတ်တယ်တ့ဲ။

XxXxXx

(Zawgyi version)

သႀကၤန္အႀကိဳေန႔က ရန္ကုန္မွာ မိုး႐ြာတယ္ေျပာပါတယ္။ အပူေရာ့သြားမယ္ထင္ပါတယ္။တခ်ိဳ႕ေနရာေတြမွာ ေ၇လွ်ံတယ္ေျပာပါတယ္။ ေပ်ာ္စရာႀကီးေနာ္။ ဆယ္ရက္ ေတာင္ ႐ံုးေတြ ပိတ္တယ္တ့ဲ။







13 April 2009

Internet

ေတာ္ေတာ္ဆိုးတ့ဲ အင္တာနက္ပါ။











ခုရက္ပိုင္းအတြင္း ဒီပံုကိုသာ ျမင္ေနၾကမွာပါ။ ပထမေတာ့ ဟိုေန႔ၿပီးမယ္၊ ဒီေန႔ၿပီးမယ္နဲ႔ ေနာက္ဆံုးေတာ့ တာ၀န္မ့ဲ ဘယ္ေန႔ၿပီးမလဲ မသိေတာ့ပါ ။ လေပးသံုးသူေတြေတာ့ မတန္ေတာ့ပါဘူး။ ခုသၾကၤန္နီးလာေတာ့ connection ျပန္ရလာပါၿပီ။ သၾကၤန္ၿပီးရင္ေတာ့ ပံုမွန္ျဖစ္ေကာင္းပါရဲ့။
ဒါေပမ့ဲ Blog ေရးရမွာပ်င္းေနတာနဲ႔ေတာ့ အေတာ္ပါဘဲဗ်ာ။

12 April 2009

ခင်၀မ်း အကြောင်း

ကျွန်တော် ခင်၀မ်းအကြောင်းရေးချင်သော်လည်း ဘာဆက်ရေးရမှန်းမသိပါ။ ခင်၀မ်းကွယ်လွန်ခ့ဲသည်မှာ ၉ နှစ်ကျော်ခ့ဲပြီဖြစ်၍ သီချင်းအသစ်လည်း နားထောင်၍မရတော့ပါ။ အခြားသူများ ရေးသည်ကို ၀မ်းမြောက်စွာ ပြန်လည်ဖေါ်ပြချင်သော်လည်း များသောအားဖြင့် ခင်၀မ်းရဲ့ ပန်းချီအကြောင်းသာ များပါသည်။ ကျွန်တော်က ခင်၀မ်းသီချင်း ကြိုက်သူသာ ဖြစ်သည်။

သို့သော် ခင်၀မ်းကို ခုထိတိုင် စွဲလမ်းနေသူများ မိမိက့ဲသို့ ရှိနေ၍ သူ့အကြောင်း ရေးသားမှုများကို ရေးသားသူဧ။် အမည်နှင့် တွဲ၍ ဖေါ်ပြလိုက်ပါသည်။ အနည်းဆုံး ခင်၀မ်း အကြောင်း အာသာပြေရန် ဖြစ်သည်။

ဧပြီလထုတ် 7Day News ဂျာနယ်ပါ မောင်ကိုကို(အမရပူရ) ဧ။် “ရန်ကုန်မြို့ကြီး အပေါ် ကျွန်တော် မငြီးငွေ့နိုင်ခြင်း “ ဆောင်းပါးမှ ခင်၀မ်းနှင့်ပါတ်သက်သည်ကို ကောက်နှုတ် ဖေါ်ပြ ချင်ပါသည်။

“ ကုန်သည်လမ်းရှိ ခြောက်ထပ်ရုံးရှေ့မှာ ကဗျာဆရာ ကိုသခွပ်နီ စာအုပ်ရောင်းနေသည်။ ထိုခြောက်ထပ်ရုံးရှေ့ရှိ စာအုပ်အဟောင်းတန်းမှ ပီကာဆိုအကြောင်းစာအုပ်ကို အင်္ဂလိပ်လိုရဖူးသည်။ ပန်းချီကားတွေလည်း အများကြီးဘဲ။ စာအုပ်အဖုံးကို လှန်လိုက်တော့ ‘ခင်၀မ်း’ ဟု လက်မှတ်ရေးထိုးထားသည်။

“ခင်၀မ်းက နိုင်ငံရပ်ခြားပန်းချိဆရာတွေရဲ့ လွှမ်းမိုးမှုမခံရအောင် သူ့မှာရှိတ့ဲ နိုင်ငံရပ်ခြား ပန်းချီစာအုပ်တွေကို ထုတ်ရောင်းလိုက်တာဗျ။” ထိိုသို့ စာအုပ်အဟောင်းရောင်းသူက ပြောသည်။

ခင်၀မ်းလက်မှတ်ထိုးနှင့် ပီကာဆိုအကြောင်း စာအုပ်ကို ရန်ကုန်မြို့ဧ။် ကုန်သည်လမ်းနံဘေးမှာ ကျွန်တော်ရဖူးသည်။ ကဲ… ရန်ကုန်မြို့ကြီးဟာ ဘယ်လောက်ပျော်စရာ ကောင်းလိုက်ပါသလဲ။ ရန်ကုန်မြို့ကြီးဟာ ဘယ်လောက်ချစ်စရာ ကောင်းလိုက်ပါသလဲ။”

စာရေးသူသည် ရန်ကုန်မြို့ကြီးကို ရိုးရိုးသားသား ချစ်သူသာ ဖြစ်ပါလိမ့်မည်။ မြို့တော်သစ် နေပြည်တော်ကို မချစ်နိုင်သူလည်း ဖြစ်ချင်ဖြစ်မည်။ ကျွန်တော်နှင့်မဆိုင်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်လို ခင်၀မ်း CRAZY တစ်ယောက် ခင်၀မ်းအကြောင်းရေးတာ ဖတ်ရ၍ လွန်စွာကြေနပ်မိပါသည်။

11 March 2009

အန္တရယ်



(Unicode version )

ကလေးအလုပ်သမား ပြဿနာက ဖြေရှင်းဖို့ မလွယ်တ့ဲ ကိစ္စပါ။ သူတို့ကို ၀င်ငွေ မရှာခိုင်းရင် မလွယ်တ့ဲ မိဘတွေ ရှိနေမှာပါ။ ပညာသင်ဖို့ နေနေသာသာ စားဖို့တောင် မနဲရှာနေကြရပါတယ်။

ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့အဖွဲ့ အစည်း မျိုးစုံကလဲ ပြောနေကြတာပါဘဲ။ ဆင်းရဲတော့လည်း ပြောပြောဘဲ ရှိတာပါ။ တကယ်တော့ အကောင်းဆုံးဖြစ်ရင်တော့ ကောင်းတာပေါ့။ အကောင်းဆးုံမရသေးခင်တော့ အဖြစ်နိုင်ဆုံးဘဲ လုပ်ပေးကြရမှာပါ။

လက်ရှိမြန်မာပြည် အနေနဲ့ ကလေးအလုပ်သမား ရှိနေဦးမှာပါ။ မူလတန်းလောက် ပြီးမှ အလုပ်ခွင် ၀င်ရင်တောင် တော်လှပါပြီ။ တကယ် အဖြစ်နိုင်ဆုံးက ကလေးတွေ ကလေးစစ်သား မဖြစ်ရေးနဲ့ အန ္တရယ် ရှိတ့ဲနေရာတွေမှာ မလုပ်ရယင် တော်ပါသေးတယ်။ တစ်ချိန်မှာတော့ အားလုံးမျှော်လင့်သလို ဖြစ်လာကောင်းပါရဲ့။


XxXxXx

(Zawgyi version)

ကေလးအလုပ္သမား ျပႆနာက ေျဖ႐ွင္းဖို႔ မလြယ္တ့ဲ ကိစၥပါ။ သူတို႔ကို ၀င္ေငြ မ႐ွာခိုင္းရင္ မလြယ္တ့ဲ မိဘေတြ ႐ွိေနမွာပါ။ ပညာသင္ဖို႔ ေနေနသာသာ စားဖို႔ေတာင္ မနဲ႐ွာေနၾကရပါတယ္။
ကုလသမဂၢ အပါအ၀င္ ကမာၻ႔အဖြဲ႔ အစည္း မ်ိဳးစံုကလဲ ေျပာေနၾကတာပါဘဲ။ ဆင္းရဲေတာ့လည္း ေျပာေျပာဘဲ ႐ွိတာပါ။ တကယ္ေတာ့ အေကာင္းဆံုးျဖစ္ရင္ေတာ့ ေကာင္းတာေပါ့။ အေကာင္းဆးံုမရေသးခင္ေတာ့ အျဖစ္ႏိုင္ဆံုးဘဲ လုပ္ေပးၾကရမွာပါ။
လက္႐ွိျမန္မာျပည္ အေနနဲ႔ ကေလးအလုပ္သမား ႐ွိေနဦးမွာပါ။ မူလတန္းေလာက္ ၿပီးမွ အလုပ္ခြင္ ၀င္ရင္ေတာင္ ေတာ္လွပါၿပီ။ တကယ္ အျဖစ္ႏိုင္ဆံုးက ကေလးေတြ ကေလးစစ္သား မျဖစ္ေရးနဲ႔ အႏ ၱရယ္ ႐ွိတ့ဲေနရာေတြမွာ မလုပ္ရယင္ ေတာ္ပါေသးတယ္။ တစ္ခ်ိန္မွာေတာ့ အားလံုးေမွ်ာ္လင့္သလို ျဖစ္လာေကာင္းပါရဲ့။

10 March 2009

သေချာ စဉ်းစား



(Unicode version )



အမေရိကန် ဒေါ်လာနဲ့ မြန်မာပြည်က အထူးထုတ်ေ၀ထားတ့ဲ FEC တန်ဖိုး ဘယ်ဟာ များမယ် ထင်ပါသလဲ။ သေသေချာချာ စဉ်းစားပြီးမှ ဖြေစေချင်ပါတယ်။ အဖြေမပေးခင် နောက်တစ်ခေါက် စဉ်းစားလိုက်ပါဦး။ အချိန်ရှိပါသေးတယ်။ ဒီနေ့ ပေါက်ဈေးလေး ဘာလေး ဖုန်းဆက် မေးလိုက်ပါဦး။

ပြီးခ့ဲတ့ဲ စနေနေ့က ဈေးကတော့ ဒေါ်လာက ၁၀၀၂ ကျပ်ဖြစ်ပြီး FEC က ၉၇၀ကျပ် ပေါက်ပါတယ််။ ဒီတော့သေချာပြီလား။ အမေရိကန် ဒေါ်လာက ဈေးပိုကြီးတာပေါ့။ သေသေချာချာ နောက်ဆုံးအကြိမ် ပြန်စဉ်းစားကြပါဦး။ ဒီလောက် ပြန်မေးနေမှတော့ တစ်ခုခုတော့ မှားနေပြီ ထင်ပါတယ်။

မှားနေပါပြီ။ အသေအခြာကို မှားနေပါပြီ။ ၁၀၀၂ နဲ့ ၉၇၀ သေချာနေတာ ဘာများမှားနေရသလဲ ၊ မေးစရာရှိပါတယ်။ မှားနေလိုပဲ မှားတယ်ပြောတာပါ။ စိတ်မဆိုးကြပါနဲ့။ ရှင်းပြပါမယ်။ ၁၀၀၂ကျပ် ဆိုတာက အမေရိကန် ဒေါ်လာ တစ်ရာတန် တစ်ရွက်ရဲ့ ဈေးပါ။ ၅၀တန် သွားရောင်းကြည့်ပါ။ ၉၈၀ကျပ် ပဲပေးပါလိမ့်မယ်။ ၂၀ တန်တို့၊ ၁၀ တန်တို့ ဆို တော်တော်ကို နှိမ်ပါလိမ့်မယ်။ တစ်ကျပ်တန်ဆို မယူချင်သလိုလုပ်ပြီး နှိမ်ပြပါလိမ့်မယ်။ ကိုယ်၀ယ်ချင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။

သဘောပေါက်ပါပြီလား။ FEC က တစ်FEC ကို ၉၇၀ ရတာပါ။ တစ် U.S $ ဆို ၈၀၀ကျပ် လောက်လဲပေးမယ် ထင်ပါတယ်။ ဒါကြောင့် တစ်ယူနစ်ချင်းတူယင် FEC က ပို တန်ဖိုးရှိပါတယ်။ မြန်မာပြည်က ၁၀၀ တန် FEC မထုတ်သေးလို့ပါ။ FEC ၅၀တန်တို့၊ ၁၀၀ တန်တို့ ထုတ်လိုက်ယင် မြန်မာ FEC က ကမ္ဘာ့တန်ဖိုးအရှိဆုံး Hard Currency ဖြစ်လာနိုင်ကြောင်းပါ။ ။

XxXxXx

(Zawgyi version)

အေမရိကန္ ေဒၚလာနဲ႔ ျမန္မာျပည္က အထူးထုတ္ေ၀ထားတ့ဲ FEC တန္ဖိုး ဘယ္ဟာ မ်ားမယ္ ထင္ပါသလဲ။ ေသေသခ်ာခ်ာ စဥ္းစားၿပီးမွ ေျဖေစခ်င္ပါတယ္။ အေျဖမေပးခင္ ေနာက္တစ္ေခါက္ စဥ္းစားလိုက္ပါဦး။ အခ်ိန္႐ွိပါေသးတယ္။ ဒီေန႔ ေပါက္ေစ်းေလး ဘာေလး ဖုန္းဆက္ ေမးလိုက္ပါဦး။
ၿပီးခ့ဲတ့ဲ စေနေန႔က ေစ်းကေတာ့ ေဒၚလာက ၁၀၀၂ က်ပ္ျဖစ္ၿပီး FEC က ၉၇၀က်ပ္ ေပါက္ပါတယ္္။ ဒီေတာ့ေသခ်ာၿပီလား။ အေမရိကန္ ေဒၚလာက ေစ်းပိုႀကီးတာေပါ့။ ေသေသခ်ာခ်ာ ေနာက္ဆံုးအႀကိမ္ ျပန္စဥ္းစားၾကပါဦး။ ဒီေလာက္ ျပန္ေမးေနမွေတာ့ တစ္ခုခုေတာ့ မွားေနၿပီ ထင္ပါတယ္။
မွားေနပါၿပီ။ အေသအျခာကို မွားေနပါၿပီ။ ၁၀၀၂ နဲ႔ ၉၇၀ ေသခ်ာေနတာ ဘာမ်ားမွားေနရသလဲ ၊ ေမးစရာ႐ွိပါတယ္။ မွားေနလိုပဲ မွားတယ္ေျပာတာပါ။ စိတ္မဆိုးၾကပါနဲ႔။ ႐ွင္းျပပါမယ္။ ၁၀၀၂က်ပ္ ဆိုတာက အေမရိကန္ ေဒၚလာ တစ္ရာတန္ တစ္႐ြက္ရဲ့ ေစ်းပါ။ ၅၀တန္ သြားေရာင္းၾကည့္ပါ။ ၉၈၀က်ပ္ ပဲေပးပါလိမ့္မယ္။ ၂၀ တန္တို႔၊ ၁၀ တန္တို႔ ဆို ေတာ္ေတာ္ကို ႏွိမ္ပါလိမ့္မယ္။ တစ္က်ပ္တန္ဆို မယူခ်င္သလိုလုပ္ၿပီး ႏွိမ္ျပပါလိမ့္မယ္။ ကိုယ္၀ယ္ခ်င္တယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။
သေဘာေပါက္ပါၿပီလား။ FEC က တစ္FEC ကို ၉၇၀ ရတာပါ။ တစ္ U.S $ ဆို ၈၀၀က်ပ္ ေလာက္လဲေပးမယ္ ထင္ပါတယ္။ ဒါေၾကာင့္ တစ္ယူနစ္ခ်င္းတူယင္ FEC က ပို တန္ဖိုး႐ွိပါတယ္။ ျမန္မာျပည္က ၁၀၀ တန္ FEC မထုတ္ေသးလို႔ပါ။ FEC ၅၀တန္တို႔၊ ၁၀၀ တန္တို႔ ထုတ္လိုက္ယင္ ျမန္မာ FEC က ကမာၻ႔တန္ဖိုးအ႐ွိဆံုး Hard Currency ျဖစ္လာႏိုင္ေၾကာင္းပါ။ ။

07 March 2009

ပန်းသီး ဖီလင်

-->
(Unicode version) 

ပြီးခ့ဲတ့ဲ အပတ်က ဖြစ်ခ့ဲတာလေး စဉ်းစားရခက်နေပါတယ်။ ကျွန်တော် အင်တာနက်ကို ရတ့ဲနေရာမှာ သုံးပါတယ်။ အလုပ်ထဲမှာလဲ အဆင်ပြေယင် သုံးပါတယ်။ အလုပ်မှာက လူများပြီး တစ်နေရာထဲဆိုတော့ အလုပ်နဲ့ ဆက်စပ်နေတ့ဲ နောက်တစ်နေရာမှာ သွားသုံးပါတယ်။ အဲဒီမှာက speed အလွန်ကောင်းတယ်။ Bagan net က ပိတ်ထားတ့ဲ site တစ်ချို့ သူ့ဆီမှာ ပွင့်ပါတယ်။


အဲဒီနေရာမှာက သူ တစ်ယောက်ထဲသုံးတာပါ။ တခြားသူ လာသုံးလေ့ မရှိပါဘူး။ သူမသုံးတ့ဲအချိန် ကျွန်တော်သုံးချင်တယ်ဆိုတော့ သူကလှိုက်လှိုက်လှဲလှဲပါ။ သူက chatting ထိုင်တ့ဲလူလည်း မဟုတ်ပါဘူး။ Email လဲ သူ့အပြောအရ နိုင်ငံခြားမှာ အသိမရှိလို့ တချိန်လးုံ သုံးလေ့မရှိပါဘူး။ ကျွန်တော်ရောက်သွားလို့ သုံးချင်တယ်ဆိုယင် Gmail လေး sign out လုပ်ပြီး ထပေးတာပါဘဲ။ ကျွန်တော်ကလဲ ကြာကြာသုံးလေ့ မရှိပါဘူး။ Mail လေး စစ် ယုံ၊ တစ်ခါတလေတော့ blog တွေကြည့်ပါတယ်။ များသောအားဖြင့် ၃၀ မိနစ်ထက် ပိုလေ့မရှိပါဘူး။ တစ်ခါတစ်လေ သုံးတာ မြန်လို့ အားနာလို့လား၊ အေးဆေးသုံးပါလို့ ပြောလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ပုံမှန်ဘဲ သုံးလေ့ရှိပါတယ်။


သူက အင်တာနက် သာရထားတာ web site တွေလဲ ကြည့်လေ့ မရှိပါဘူး။ you tube ကိုသူမသိ၊ blogspot, facebook, ဒါတွေလဲ သူမကြည့်ပါဘူး။ ကျွန်တော့်အထင် သိကို သိဟန်မတူပါဘူး။ porno site တွေလဲကြည့်တာ တခါမှ မတွေ့ပါဘူး။ သတင်းလဲ ဖတ်လေ့ မရှိပါဘူး။ သူဘာလုပ်လဲ မေးကြည့်တော့မှ စာအုပ်တွေ down load လုပ်နေတာ များပါတယ်။ Dictionary အုပ် ၈၀ ကျော် ၁၀၀ နီးပါရှိတယ် လို့ သိရပါတယ်။ တစ်ခြား စာအုပ်တွေလဲ ထောင်ချီရှိနေပြီလို့ ပြောပါတယ်။ ဖတ်သလားမေးတော့ မဖတ်နိုင်ပါဘူးတ့ဲ။ down load လုပ်ပြီး စုထားတာပါတ့ဲ။


ဒါနဲ့ အားနာလို့ သူ off ယူတဲ့နေ့ သူ့တပည့်တွေ ပြောပြီး သုံးပါတယ်။ computer ကို pass word နဲ့ ပိတ်ထားပါတယ်။ နောက်နေ့ သူ့ကိုပြောပြတော့ pass word ပေးပြီး ပေးသုံးပါတယ်။ ဒီလိုနဲ့ သူရှိတ့ဲနေ့ရော မရှိတ့ဲနေ့ရော သုံးတာ အစဉ်ပြေနေတာပါ။ သူမရှိတ့ဲ အချိန်သုံးလို့ ဘာမှ ပိုထူးထူးထွေထွေ သုံးလေံ မရှိပါဘူး။ သုံးမြဲ ပုံစံပါဘဲ။ သုံးနေတာ ခြောက်လလောက် ရှိပါပြီ။


ပြီးခ့ဲတ့ဲ အပတ်က သွားသုံးတော့ computer မှာ pass word ပြောင်းထားပါတယ်။ မှားများ ရိုက်မိသလား ဆိုပြီး အကြိမ်ကြိမ်ရိုက်လဲ မရပါဘူး။ ဒါနဲ့ နောက်နေ့တွေ့လို့ မေးကြည့်တော့ မကြားချင်ယောင်ဆောင်နေပါတယ်။ ပြန်မဖြေပါဘူး။ ကျွန်တော်လဲ ကြောင်သွားပါတယ်။ ငါ ဘာများ အမှား လုပ်မိသလဲပေါ့။ ခု နောက်ပိုင်း ဆက်ဆံမှုလဲ ပုံမှန်ပါဘဲ။ သူရှိတဲ့အချိန်ဆို ကျွန်တော့်ကို မြင်တာနဲ့ internet သုံမလားဆိုပြီး ဖယ်ပေးပါတယ်။ password ပြောင်းထားတ့ဲ အကြောင်းတော့ လုံး၀ မဟပါဘူး။ ကျွန်တော်လဲ လုံး၀ မသုံးဖြစ်တော့ပါဘူး။


ဘယ်လိုဖြစ်သွားတာလဲ စဉ်းစားလို့မရပါဘူး။ သူ့အထက် လူကြီးက အပြင်လူ ပေးမသုံးနဲ့ ပြောတောင် ကျွန်တော်က သူတို့ဌာနအတွက် လုပ်ပေးနေရတော့ တစ်ဌာနထဲ မဟုတ်ပေမဲ့ လုံး၀အပြင်လူတော့ မဟုတ်ပါဘူး။ သူ download လုပ်ထားတာ မဖတ်စေချင်လဲ သူဖွက်ထားမှာပါ။ ကျွန်တော်ကလဲ အချိန်ကုန်ခံ ရှာမနေနိုင်ပါဘူး။ လူတစ်ယောက်အတွက် တန်ဖိုးရှိတယ် ထင်ပေမ့ဲ ကျန်သူတွေက ထင်ချင်မှ ထင်မှာပါ။ ကျွန်တော် စဉ်းစားလို့ အကြောင်းရှာမရပါ။ ဘာကြောင့် ၊ ကျွန်တော်လုပ်တ့ဲ အထဲက ဘာကို မကြိုက်လို့၊ ဖြစ်သွားရတာလဲ သိချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တော့ စဉ်းစားလို့မရပါ။ နေရတာလဲ ခက်သလိုပါဘဲ။ ကူ စဉ်းစားပေးကြပါဥိး။


သူသုံးတ့ဲ computer brand က APPLE ပါ။ ပန်းသီးဖီလင်ပေါ့။ blog ရေးဖို့ ဖြစ်လာတယ်ဘဲ အောက်မေ့မိပါတယ်။



XxXxXx 


(Zawgyi version) 

ၿပီးခ့ဲတ့ဲ အပတ္က ျဖစ္ခ့ဲတာေလး စဥ္းစားရခက္ေနပါတယ္။ ကၽြန္ေတာ္ အင္တာနက္ကို ရတ့ဲေနရာမွာ သံုးပါတယ္။ အလုပ္ထဲမွာလဲ အဆင္ေျပယင္ သံုးပါတယ္။ အလုပ္မွာက လူမ်ားၿပီး တစ္ေနရာထဲဆိုေတာ့ အလုပ္နဲ႔ ဆက္စပ္ေနတ့ဲ ေနာက္တစ္ေနရာမွာ သြားသံုးပါတယ္။ အဲဒီမွာက speed အလြန္ေကာင္းတယ္။ Bagan net က ပိတ္ထားတ့ဲ site တစ္ခ်ိဳ႕ သူ႔ဆီမွာ ပြင့္ပါတယ္။

အဲဒီေနရာမွာက သူ တစ္ေယာက္ထဲသံုးတာပါ။ တျခားသူ လာသံုးေလ့ မ႐ွိပါဘူး။ သူမသံုးတ့ဲအခ်ိန္ ကၽြန္ေတာ္သံုးခ်င္တယ္ဆိုေတာ့ သူကလႈိက္လႈိက္လွဲလွဲပါ။ သူက chatting ထိုင္တ့ဲလူလည္း မဟုတ္ပါဘူး။ Email လဲ သူ႕အေျပာအရ ႏိုင္ငံျခားမွာ အသိမ႐ွိလို႔ တခ်ိန္လးံု သံုးေလ့မ႐ွိပါဘူး။ ကၽြန္ေတာ္ေရာက္သြားလို႔ သံုးခ်င္တယ္ဆိုယင္ Gmail ေလး sign out လုပ္ၿပီး ထေပးတာပါဘဲ။ ကၽြန္ေတာ္ကလဲ ၾကာၾကာသံုးေလ့ မ႐ွိပါဘူး။ Mail ေလး စစ္ ယံု၊ တစ္ခါတေလေတာ့ blog ေတြၾကည့္ပါတယ္။ မ်ားေသာအားျဖင့္ ၃၀ မိနစ္ထက္ ပိုေလ့မ႐ွိပါဘူး။ တစ္ခါတစ္ေလ သံုးတာ ျမန္လို႔ အားနာလို႔လား၊ ေအးေဆးသံုးပါလို႔ ေျပာေလ့႐ွိပါတယ္။ ကၽြန္ေတာ္ကေတာ့ ပံုမွန္ဘဲ သံုးေလ့႐ွိပါတယ္။

သူက အင္တာနက္ သာရထားတာ web site ေတြလဲ ၾကည့္ေလ့ မ႐ွိပါဘူး။ you tube ကိုသူမသိ၊ blogspot, facebook, ဒါေတြလဲ သူမၾကည့္ပါဘူး။ ကၽြန္ေတာ့္အထင္ သိကို သိဟန္မတူပါဘူး။ porno site ေတြလဲၾကည့္တာ တခါမွ မေတြ႔ပါဘူး။ သတင္းလဲ ဖတ္ေလ့ မ႐ွိပါဘူး။ သူဘာလုပ္လဲ ေမးၾကည့္ေတာ့မွ စာအုပ္ေတြ down load လုပ္ေနတာ မ်ားပါတယ္။ Dictionary အုပ္ ၈၀ ေက်ာ္ ၁၀၀ နီးပါ႐ွိတယ္ လို႔ သိရပါတယ္။ တစ္ျခား စာအုပ္ေတြလဲ ေထာင္ခ်ီ႐ွိေနၿပီလို႔ ေျပာပါတယ္။ ဖတ္သလားေမးေတာ့ မဖတ္ႏိုင္ပါဘူးတ့ဲ။ down load လုပ္ၿပီး စုထားတာပါတ့ဲ။

ဒါနဲ႔ အားနာလို႔ သူ off ယူတဲ့ေန႔ သူ႔တပည့္ေတြ ေျပာၿပီး သံုးပါတယ္။ computer ကို pass word နဲ႔ ပိတ္ထားပါတယ္။ ေနာက္ေန႔ သူ႔ကိုေျပာျပေတာ့ pass word ေပးၿပီး ေပးသံုးပါတယ္။ ဒီလိုနဲ႔ သူ႐ွိတ့ဲေန႔ေရာ မ႐ွိတ့ဲေန႔ေရာ သံုးတာ အစဥ္ေျပေနတာပါ။ သူမ႐ွိတ့ဲ အခ်ိန္သံုးလို႔ ဘာမွ ပိုထူးထူးေထြေထြ သံုးေလံ မ႐ွိပါဘူး။ သံုးၿမဲ ပံုစံပါဘဲ။ သံုးေနတာ ေျခာက္လေလာက္ ႐ွိပါၿပီ။

ၿပီးခ့ဲတ့ဲ အပတ္က သြားသံုးေတာ့ computer မွာ pass word ေျပာင္းထားပါတယ္။ မွားမ်ား ႐ိုက္မိသလား ဆိုၿပီး အႀကိမ္ႀကိမ္႐ိုက္လဲ မရပါဘူး။ ဒါနဲ႔ ေနာက္ေန႔ေတြ႔လို႔ ေမးၾကည့္ေတာ့ မၾကားခ်င္ေယာင္ေဆာင္ေနပါတယ္။ ျပန္မေျဖပါဘူး။ ကၽြန္ေတာ္လဲ ေၾကာင္သြားပါတယ္။ ငါ ဘာမ်ား အမွား လုပ္မိသလဲေပါ့။ ခု ေနာက္ပိုင္း ဆက္ဆံမႈလဲ ပံုမွန္ပါဘဲ။ သူ႐ွိတဲ့အခ်ိန္ဆို ကၽြန္ေတာ့္ကို ျမင္တာနဲ႔ internet သံုမလားဆိုၿပီး ဖယ္ေပးပါတယ္။ password ေျပာင္းထားတ့ဲ အေၾကာင္းေတာ့ လံုး၀ မဟပါဘူး။ ကၽြန္ေတာ္လဲ လံုး၀ မသံုးျဖစ္ေတာ့ပါဘူး။

ဘယ္လိုျဖစ္သြားတာလဲ စဥ္းစားလို႔မရပါဘူး။ သူ႔အထက္ လူႀကီးက အျပင္လူ ေပးမသံုးနဲ႔ ေျပာေတာင္ ကၽြန္ေတာ္က သူတို႔ဌာနအတြက္ လုပ္ေပးေနရေတာ့ တစ္ဌာနထဲ မဟုတ္ေပမဲ့ လံုး၀အျပင္လူေတာ့ မဟုတ္ပါဘူး။ သူ download လုပ္ထားတာ မဖတ္ေစခ်င္လဲ သူဖြက္ထားမွာပါ။ ကၽြန္ေတာ္ကလဲ အခ်ိန္ကုန္ခံ ႐ွာမေနႏိုင္ပါဘူး။ လူတစ္ေယာက္အတြက္ တန္ဖိုး႐ွိတယ္ ထင္ေပမ့ဲ က်န္သူေတြက ထင္ခ်င္မွ ထင္မွာပါ။ ကၽြန္ေတာ္ စဥ္းစားလို႔ အေၾကာင္း႐ွာမရပါ။ ဘာေၾကာင့္ ၊ ကၽြန္ေတာ္လုပ္တ့ဲ အထဲက ဘာကို မႀကိဳက္လို႔၊ ျဖစ္သြားရတာလဲ သိခ်င္ပါတယ္။ ကၽြန္ေတာ္ ကိုယ္တိုင္ေတာ့ စဥ္းစားလို႔မရပါ။ ေနရတာလဲ ခက္သလိုပါဘဲ။ ကူ စဥ္းစားေပးၾကပါဥိး။

သူသံုးတ့ဲ computer brand က APPLE ပါ။ ပန္းသီးဖီလင္ေပါ့။ blog ေရးဖို႔ ျဖစ္လာတယ္ဘဲ ေအာက္ေမ့မိပါတယ္။