27 March 2023

ခေါက်ဆွဲ


 အရသာမြေပုံဆိုတဲ့ ဝက်ဆိုဒ်က ကမ္ဘာ့ အကောင်းဆုံး curry ဟင်း၃၉မျိုးရွေးတာ အများစုက အန္ဒိယနဲ့ ထိုင်းဟင်းပွဲတွေပါဘဲ။ မြန်မာဟင်း ကြက်သားဆီပြန်က နံပတ်၃၀။

.

နံပတ်တစ်က ထိုင်းဟင်းပါဘဲ။ နံပတ်သုံးကလည်း ထိုင်းမြောက်ပိုင်းမှာ နာမည်ကျော်​ေနတဲ့ ခေါက်ဆွဲပါတဲ့။ မြန်မာရဲ့ အုန်းနို့ခေါက်ဆွဲနဲ့ အတူတူပါ။  ဒါပေမယ့် ပါတဲ့အမယ်တွေမှာကြည့်ရင် ကြက်သားသာမက အမဲသား ဝက်သားတို့နဲ့လည်း ရနေပါပြီ။ ယူတုမှာကြည့်လိုက်ရတဲ့ ချင်းမိုင်က နာမည်ကြီး ခေါက်ဆွဲဆိုင်မှာ ပင်လယ်စာနဲ့ပါ ရနေပါပြီ။ နှစ်ရာချီအတွင်း မြန်မာက ပြောင်းလိုက်တာကတော့ အုန်းနို့အစား နွားနို့နဲ့ ချက်လိုက်တာရှိမယ်။

.

ဝက်ဆိုက်မှာ ဖော်ပြထားတာက ထိုင်းမြောက်ပိုင်းစာ ဆိုပေမယ့် မူရင်းကို အတိအကျ မသိပါဘူးတဲ့။ မြန်မာ လာအိုတို့မှာလည်း စားကြတော့ ဖြစ်နိုင်တာက ယူနန်ထဲက မူစလင်တရုပ်တွေဆီက ဆင်းသက်လာတာ ဖြစ်နိုင်တယ်တဲ့။ 

.

ခေါက်ဆွဲပါတဲ့အတွက် မူရင်းကတော့ တရုပ်စာဖြစ်မှာ သေချာပါတယ်။ သို့သော် ရေနဲ့ဂျုံ နယ်ထားတဲ့ dough ကြီးကို ခေါက်လိုက်ဆွဲလိုက် လုပ်လုပ်ပြီး စားလို့ရတဲ့ အမျှင်ဖြစ်အောင် လုပ်ထားတာမို့ ခေါက်ဆွဲဆိုတဲ့ အမည်ကတော့ မြန်မာအမည်ဘဲ ထင်တာပါဘဲဗျာ။

.

မကြာခင် ထိုင်းက သူတို့ရဲ့ အစားအစာ အနေနဲ့ ယူနက်စကို အသိအမှတ်ပြု မတင်ခင် ဦးအောင်နေရာယူကြည့်တာ။ 

22 March 2023

ချိုးလင်းပြာငှက် တံဆိပ်ခေါင်း၊




 မြန်မာဒေသရင်းငှက်မျိုးစိတ်များ တံဆိပ်ခေါင်း စီးရီးအတွက် ''မြန်မာချိုးလင်းပြာ'' ပုံနဲ့ ယနေ့ထွက်တယ်။ အင်္ဂလိပ်လို Burmese Collared-dove ငှက်ပါ။ ငှက်စီးရီးရဲ့ ခြောက်ခေါင်းမြောက်ပေါ့။

.

တံဆိပ်ခေါင်းက နှစ်ရာကျပ်တန်ပါ။ FDC နဲ့ မှတ်တမ်းလွှာလည်း ထုတ်တယ်။ နှစ်ခုလုံးက လေးရာကျပ်စီပါ။ အထူးထုတ် မဟုတ်လို့လား မသိ၊ ပြည်ထောင်စုနေ့ တံဆိပ်ခေါင်းလို နည်းနည်းဘဲရောင်းပြီး ကုန်ပြီမဖြစ်ပါ။

.

Myanmar post ဖေ့ဘုတ်မှာ ဖော်ပြတဲ့ တံဆိပ်ခေါင်းပုံနဲ့ အရောင်ဘယ်လောက်ကွာလည်း သိရအောင် တွဲဖော်ပြပေးလိုက်ပါတယ်။ ကြည့်ရတာ မြန်မာငှက်တွေက ကိုယ်ရောင်ဖျောက်တဲ့ သဘောရှိကြတယ်ထင်တယ်။