30 December 2011

ဆောင်းတွင်းပလူ


(Unicode version)

ဆောင်းတွင်းညနေဖက် ပလူများထွက်လာစဉ် ငှက်များ စားနေတာကိုတွေ့ရတာပါ။ ညာဖက်အောက်ထောင့်ရှိ သစ်ပင်အရိပ်တွင် ပလူများပျံထွက်နေသည်ကို တွေ့နိုင်ပါတယ်။ သဘာ၀က ငှက်တွေကိုပေးတ့ဲ ပဒေသာပင် ညစာ စားပွဲကြီးပေါ့။


XxXxXx

(Zawgyi version )

ေဆာင္းတြင္းညေနဖက္ ပလူမ်ားထြက္လာစဥ္ ငွက္မ်ား စားေနတာကိုေတြ႔ရတာပါ။ ညာဖက္ေအာက္ေထာင့္႐ွိ သစ္ပင္အရိပ္တြင္ ပလူမ်ားပ်ံထြက္ေနသည္ကို ေတြ႔ႏိုင္ပါတယ္။ သဘာ၀က ငွက္ေတြကိုေပးတ့ဲ ပေဒသာပင္ ညစာ စားပြဲႀကီးေပါ့။

26 December 2011

နောက်ဆုံးလူ

(Unicode version)

လူအများစုသည် ရှေ့ဆုံးက လူသာဖြစ်ချင်ကြပါသည်။ မြန်မာအများစုဆိုလျှင် လုံ၀ နီးပါး မကြိုးစားဘဲ ရှေ့ဆုံးရချင်တတ်ကြသည်။ ကြားဖြတ်နည်းများဖြင့် ရှေ့ဆုံးရရန်ကြိုးပမ်းတတ်ကြပါသည်။ အရင်ဆုံးသေရမည့်ကိစ္စမှလွဲ၍ အလွန်အရှေ့လိုချင် ကြပါသည်။ ကျွန်တော်လည်း မြန်မာပီစွာ လုံး၀မကြိုးစားဘဲ ရှေ့ဆုံးလိုချင်ပါသည်။



သို့သော် ကျွန်တော် အမြင်ဖြင့် နောက်ဆုံးလူတစ်ယောက် ရွေးထားပါသည်။ ကာယကံရှင် မသိအောင် ရွေးထားခြင်းဖြစ်သည်။ သွားမပြောကြစေလိုပါ။ စိတ်ပြောင်းသွားမှာစိုး၍ဖြစ်သည်။ ကျွန်တော်ရွေးထားသော နောက်ဆုံးလူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး စိတ်၀င်စားနေသူကို နောက်ဆုံးလူ အဖြစ်ရွေးထားရသည့် အကြောင်းရှင်းပြရတော့မည်။



ကျွန်တော်ကြည့်ဘူးသော မာဖီးယားရုပ်ရှင် တစ်ခုကိုအခြေခံပါသည်။ ဒွန် ကြီးက တပည့်ဖြစ်သူကို လာဘ်ထိုး၍မရသည့်ကိစ္စနှင့်ပါတ်သက်၍ မေးသည်။ တပည့်က လာဘ်ထိုး၍ မရသေးကြောင်း ပြန်ပြောသည်။ ထိုအခါ ဒွန်က လူတိုင်းမှာ Price တစ်ခုရှိကြောင်း တစ်ရာ နှင့် မရလျှင် တစ်ထောင် ပေးပေါ့ကွဟု သင်ပေးလိုက်ရာ အားလုံးအဆင်ပြေသွားပါတော့သည်။



သဘောပေါက်ကြမည်ထင်ပါသည်။ လူတစ်ချို့လာဘ် မယူခြင်းသည် နဲသေး၍ဖြစ်နိုင်သည်။ များလာသောအခါ လူတို့ဧ။်စိတ်သည် ယိမ်းယိုင်သွားတတ်ပါသည်။ အစ က ရိုးရိုး နောက်တော့တစ်မျိုးပြောင်း ဆိုသလို ဖြစ်သွားတတ်သည်။ လုံး၀ စိတ်မပြောင်းသောသူများလည်းရှိနိုင်ပါသည်။ မြန်မာပြည်ကို အာဏာသိမ်းခ့ဲသောသူများလည်း စ သိမ်းသောအချိန်တွင် ရိုးရိုးပင်ဖြစ်ပါလိမ့်မည်။ ကြာလာသောအခါ ငွေ ဒါဏ်ကိုမခံနိုင်တော့ဘဲ အာဏာနှင့် ငွေရှာ သည့်အဖြစ်ရောက်သွားပါတော့သည်။



မြန်မာပြည်သားထဲတွင် ငွေကြောင့်ပြောင်းမည်ဆိုလျှင် ဒေါ်စု ကို နောက်ဆုံးမှ ပြောင်းမည့်သူဟု ထင်ပါသည်။ လုံး၀ မပြောင်းပါဟု ကံသေကံမ မပြောရဲခြင်းမှာ ပုထုဇဉ် လူသားတစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ ကျွန်တော်ကတော့ ၁၀၀% ယုံသည်။ ကျန်မြန်မာလူမျိ့းအားလုံးလဲ ကျွန်တော့်လိုဘဲ ယုံစေချင်ပါသည်။ သို့မှသာ ရှေ့မှ ဦးဆောင်သူ စိတ်ဖြောင့်ပါလိမ့်မည်။ ယခုလက်ရှိ အခြေအနေတွင်ပင် ဒေါ်စု ကိုဆန့်ကျင်သော စကားများကြားလာရပြီဖြစ်သည်။ စိတ်ရင်းမမှန်ကြသောကြောင့်သာ ကျယ်ကျယ်မပြော၀န့်ကြခြင်း ဖြစ်သည်။



အားလုံးကို ပန်ကြားပါရစေ။ နောက်ဆုံးလူ နောက်ကို ယုံယုံကြည်ကြည်ဖြင့် ရဲရဲသာ လိုက်ခ့ဲကြပါဟု။ ။


XxXxXx

(Zawgyi version )


လူအမ်ားစုသည္ ေရွ႕ဆံုးက လူသာျဖစ္ခ်င္ၾကပါသည္။ ျမန္မာအမ်ားစုဆိုလွ်င္ လံု၀ နီးပါး မႀကိဳးစားဘဲ ေရွ႕ဆံုးရခ်င္တတ္ၾကသည္။ ၾကားျဖတ္နည္းမ်ားျဖင့္ ေရွ႕ဆံုးရရန္ႀကိဳးပမ္းတတ္ၾကပါသည္။ အရင္ဆံုးေသရမည့္ကိစၥမွလြဲ၍ အလြန္အေရွ႕လိုခ်င္ ၾကပါသည္။ ကၽြန္ေတာ္လည္း ျမန္မာပီစြာ လံုး၀မႀကိဳးစားဘဲ ေရွ႕ဆံုးလိုခ်င္ပါသည္။

သို႔ေသာ္ ကၽြန္ေတာ္ အျမင္ျဖင့္ ေနာက္ဆံုးလူတစ္ေယာက္ ေရြးထားပါသည္။ ကာယကံရွင္ မသိေအာင္ ေရြးထားျခင္းျဖစ္သည္။ သြားမေျပာၾကေစလိုပါ။ စိတ္ေျပာင္းသြားမွာစိုး၍ျဖစ္သည္။ ကၽြန္ေတာ္ေရြးထားေသာ ေနာက္ဆံုးလူမွာ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္ပါသည္။ တစ္ကမာၻလံုး စိတ္၀င္စားေနသူကို ေနာက္ဆံုးလူ အျဖစ္ေရြးထားရသည့္ အေၾကာင္းရွင္းျပရေတာ့မည္။

ကၽြန္ေတာ္ၾကည့္ဘူးေသာ မာဖီးယားရုပ္ရွင္ တစ္ခုကိုအေျခခံပါသည္။ ဒြန္ ႀကီးက တပည့္ျဖစ္သူကို လာဘ္ထိုး၍မရသည့္ကိစၥႏွင့္ပါတ္သက္၍ ေမးသည္။ တပည့္က လာဘ္ထိုး၍ မရေသးေၾကာင္း ျပန္ေျပာသည္။ ထိုအခါ ဒြန္က လူတိုင္းမွာ Price တစ္ခုရွိေၾကာင္း တစ္ရာ ႏွင့္ မရလွ်င္ တစ္ေထာင္ ေပးေပါ့ကြဟု သင္ေပးလိုက္ရာ အားလံုးအဆင္ေျပသြားပါေတာ့သည္။

သေဘာေပါက္ၾကမည္ထင္ပါသည္။ လူတစ္ခ်ိဳ႕လာဘ္ မယူျခင္းသည္ နဲေသး၍ျဖစ္ႏိုင္သည္။ မ်ားလာေသာအခါ လူတို႔ဧ။္စိတ္သည္ ယိမ္းယိုင္သြားတတ္ပါသည္။ အစ က ရိုးရိုး ေနာက္ေတာ့တစ္မ်ိဳးေျပာင္း ဆိုသလို ျဖစ္သြားတတ္သည္။ လံုး၀ စိတ္မေျပာင္းေသာသူမ်ားလည္းရွိႏိုင္ပါသည္။ ျမန္မာျပည္ကို အာဏာသိမ္းခ့ဲေသာသူမ်ားလည္း စ သိမ္းေသာအခ်ိန္တြင္ ရိုးရိုးပင္ျဖစ္ပါလိမ့္မည္။ ၾကာလာေသာအခါ ေငြ ဒါဏ္ကိုမခံႏိုင္ေတာ့ဘဲ အာဏာႏွင့္ ေငြရွာ သည့္အျဖစ္ေရာက္သြားပါေတာ့သည္။

ျမန္မာျပည္သားထဲတြင္ ေငြေၾကာင့္ေျပာင္းမည္ဆိုလွ်င္ ေဒၚစု ကို ေနာက္ဆံုးမွ ေျပာင္းမည့္သူဟု ထင္ပါသည္။ လံုး၀ မေျပာင္းပါဟု ကံေသကံမ မေျပာရဲၿခင္းမွာ ပုထုဇဥ္ လူသားတစ္ေယာက္ျဖစ္ေန၍ ျဖစ္သည္။ ကၽြန္ေတာ္ကေတာ့ ၁၀၀% ယံုသည္။ က်န္ျမန္မာလူမ်ိ႔းအားလံုးလဲ ကၽြန္ေတာ့္လိုဘဲ ယံုေစခ်င္ပါသည္။ သို႔မွသာ ေရွ႕မွ ဦးေဆာင္သူ စိတ္ေျဖာင့္ပါလိမ့္မည္။ ယခုလက္ရွိ အေျခအေနတြင္ပင္ ေဒၚစု ကိုဆန္႔က်င္ေသာ စကားမ်ားၾကားလာရၿပီျဖစ္သည္။ စိတ္ရင္းမမွန္ၾကေသာေၾကာင့္သာ က်ယ္က်ယ္မေျပာ၀န္႔ၾကျခင္း ျဖစ္သည္။

အားလံုးကို ပန္ၾကားပါရေစ။ ေနာက္ဆံုးလူ ေနာက္ကို ယံုယံုၾကည္ၾကည္ျဖင့္ ရဲရဲသာ လိုက္ခ့ဲၾကပါဟု။ ။