(Unicode version )
ယခုတစ်ပါတ်ထဲ ဖတ်ရသည့်စာများထဲတွင် သတိထားမိသည့် အကြောင်းတစ်ခုရှိပါသည်။ ရန်ကုန်တိုင်းအစိုးရက ရာသက်ပန် ကားမရပ်ရနေရာများ ကြေငြာဆိုဘဲဗျာ။ ရာသက်ပန်တ့ဲ။ တော်တော်ကို ကြောင်တ့ဲ အမိန့်ပါလား။
ပထမဆုံး ရာသက်ပန်ကို မှတ်မိနေသည်မှာ လွန်ခ့ဲသောနှစ်နှစ်ဆယ်ခန့်က (ဘာလိုလိုနဲ့ နှစ်နှစ်ဆယ် ရှိသွားပြီကိုး၊ ) ဗိုလ်ချုပ်ထွန်းကြည်ထောင်ခ့ဲသည့် ဂရုဏာဖောင်ဒေးရှင်းတုံးကဖြစ်သည်။ သူ ကုန်သွယ်ရေး၀န်ကြီးအဖြစ် ကားပါမစ်များချပေးပြီး အလှုဒမြတိုက်ထားသော ပိုက်ဆံများဖြင့် ထောင်ခ့ဲခြင်းဖြစ်သည်။ ထိုအသင်းတွင် သူက ရာသက်ပန်နာယကကြီးဆိုဘဲ။ မှတ်မိသလောက်တစ်နှစ်တောင် မခံဘဲ ပြုတ်သွားတော့သည်။ သင်္ခါရ ပေပဲ။
ခုလဲ လာပြန်ပါပြီ။ ရာသက်ပန် ကားမရပ်ရတ့ဲ။ တရားသဘောအရ သင်္ခါရကို ထားလိုက်ဦးတော့။ ဥပဒေနဲ့ပင် ညီမည်မထင်။ ကျွန်တော်တို့ ကားလိုင်စင်ဖြေစဉ်က ကားမရပ်ရမည့်နေရာများကို သငေ်္ကတများဖြင့် သတ်မှတ်ပေးထားသည်။ သေချာတာက အဖြူအနီကြားဆို ကားလုံး၀ မရပ်ရပါ။ အချို့နိုင်ငံများတွင် လမ်းပေါ်တွင် အဝါကြားနှစ်စဉ်းတားထားတာလဲ တွေ့ဘူးသည်။ ဥပဒေအရသာဖြစ်သင့်ပါသည်။ ထို့အပြင် မြင်လိုက်တာနဲ့ သိနေဖို့ လိုအပ်ပါသည်။
အဘယ်ကြောင့်ပါလဲ။ ကျွန်တော်မေးပါမည်။ မည်သည့်လမ်းများသည် ကားမရပ်ရပါသလဲ။ ဖြေကြည့်ပါ။ ရန်ကုန်တွင် ရာသက်ပန်ကားမရပ်ရသော လမ်းမကြီး ၂၇လမ်းရှိပါသည်။ ၄င်းတို့မှာ ၁၊ပြည်လမ်း၊ ၂၊ ပါရမီလမ်း၊ ၃၊ အစရှိသည်ဖြင့် ကလေးများ စာကျက်သလို အလွတ်ကျက်ရမည့် အပေါက်ရောက်နေသည်။ အမိန့်ထုတ်သူများ အလွတ်ရနေလျှင်တော့ မပြောတတ်။ ထိုအထဲ ပြည်လမ်းမကြီးတ့ဲ။ ပြည်လမ်းမကြီးသည် ရန်ကုန်ထောင်ကြီးကွေ့မှ ပြည်မြို့အထိလား။ ခြောက်လမ်းသွားဆိုလျှင်ပင်ထောက်ကြံ့အထိလား။ မင်္ဂလာဒုံဘက်မှာတော့ စစ်ကားများရပ်နေမှာ အသေအချာပါ။ ကျောင်းကြိုတာလေ.။
ပြည်လမ်းမကြီးကိုလဲ မြို့ထဲမှစကြည့်ပါက တော်၀င်စင်တာနှင့် ဘီရှော့ဟုန်းတွင်စ၍ တက်စီတွေ ရပ်နေတာ တွေ့ပါလိမ့်မည်။ နောက်မြေနီကုန်း၊ ရှစ်မိုင်မီးပွိုင့်အကျော်၊ နောက် ကိုးမိုင် အိုးရှင်းရှေ့။ ဆယ်မိုင်ကုန်းဈေးထိပ်။ တက်စီနှင့် ဘတ်စကားများ ပိတ်သည့်နေရာတွေဘဲ ယာဉ်ထိန်းရဲထား၍ ဖမ်းလျှင် ရန်ပုံငွေတော်တော်ရပါလိမ့်မည်။ ဆိ ုက ရေး တီးပွဲတောင် တစ်နှစ်ထဲ လေးကြိမ်လောက် ကျင်းပနိုင်လိမ့်မည် ထင်သည်။
ဒါရန်ကုန်သား အနေနဲ့တွေးတာနော်။ နယ်ကလာသူဆို ဘယ်လို လုပ်မလဲ။ ခုတောင် အသိတစ်ယောက်အပြောက ရန်ကုန်လမ်းစည်းကမ်းကို သူတို့မသိ။ ( ကျွန်တော်တို့လဲ သိပ်မသိပါ။) သူများရပ်ထားတာတွေ့လျှင် ရပ်လိုက်တာဘဲတ့ဲ။ ရဲဖမ်းတော့လဲ ပေးခ့ဲရတာပေါ့တ့ဲ။ အလွန်ရှင်းသော စည်းကမ်းဥပဒေပေဘဲ။
နောက်နှစ် အာစီယံဥက္ကဌလုပ်လျင် နိုင်ငံခြားသားတွေ လာပါတော့မည်။ သူတို့ကိုလဲ လမ်းမကြီး၂၇လမ်း အလွတ်ကျက်ခိုင်းထားမှာလား။ မြန်မာဆိုတာကိုတောင် အသံထွက်ရခက်လို့ ဘားမားဘဲ လွယ်လွယ်ခေါ်ချင်သူတွေတော့ ခက်တော့မည်။ ကမ္ဘာပတ်လာတာ ဆယ်ပါတ်ကျော်ပြီ။ မင်းတို့ဆီရောက်မှဘဲ ဖမ်းခံရတော့သည်ဟု ပြောခံရမှာလား။ ကျွန်တော်ကတော့ အဖမ်းမခံရဟုထင်သည်။ ရဲတွေ အင်္ဂလိပ်စကားမတတ်၍ ပိုက်ဆံမတောင်းရဲသဖြင့် ဖမ်းတော့မည်မထင်ပါ။
ဒါကြောင့် ပြောတာပါ။ စစ်ဗိုလ်ချုပ်ကြီးများခင်ဗျာ။ တိုင်းပြည်ကို အမိန့်ထုတ် အုပ်ချုပ်ယုံဖြင့် မပြီးပါ။ ပိုဆိုးသည်မှာ ပါးစပ်အမိန့်ဖြစ်သည်။ ငါတို့ တသက်လုံး လုပ်လာတာဆိုလဲ ပြင်သင့်နေပါပြီ။ အမိန့် ဥပဒေတစ်ခုသည် လူအများ နားလည်စေရပါမည်။ မြင်သာထင်သာရှိသင့်ပါသည်။ ယခုကိစ္စတွင် ကားမရပ်စေလျှင် အဖြူအနီကြား သုတ်ထားရပါမည်။ အဖြူအနီကြားသည် VIP ယာဉ်ကြောတွင် အလှသုတ်စရာမဟုတ်ပါ။ အဖြူအနီကြား၊ အဝါအနက်ကြားဆေးများတွင် အဓိပါယ် သီးသန့်ရှိပါသည်။ ကညန မှ မိုးကျရွှေကိုယ် မဟုတ်သော ၀န်ထမ်းများကို မေး၍ အဓိပါယ်ရှိအောင် လုပ်ကြပါဦး ဆရာတို့လို့သာ ပြောချင်ပါတော့သည်။
(Zawgyi version)
ပထမဆုံး
ရာသက်ပန်ကို မှတ်မိနေသည်မှာ လွန်ခဲ့သောနှစ်နှစ်ဆယ်ခန့်က
(ဘာလိုလိုနဲ့ နှစ်နှစ်ဆယ် ရှိသွားပြီကိုး၊ ) ဗိုလ်ချုပ်ထွန်းကြည်ထောင်ခဲ့သည့် ဂရုဏာဖောင်ဒေးရှင်းတုံးကဖြစ်သည်။
ခုလဲ
လာပြန်ပါပြီ။ ရာသက်ပန် ကားမရပ်ရတဲ့။ တရားသဘောအရ
အဘယ်ကြောင့်ပါလဲ။
အသေအချာပါ။ ကျောင်းကြိုတာလေ.။
ပြည်လမ်းမကြီးကိုလဲ
ဒါရန်ကုန်သား
နောက်နှစ်
ဖမ်းတော့မည်မထင်ပါ။
ဒါကြောင့်