27 November 2019

နတ်တော်လ တံဆိပ်ခေါင်း









(Unicode version)

   မြန်မာလအလိုက် ရိုးရာပွဲတော်နှင့်ပန်း စီးရီး၏ နောက်ဆုံးလတံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ နတ်တော်လအတွက် စာဆိုတော်ပွဲနှင့် သဇင်ပန်းပုံဖြစ်သည်။ ၂၀၀ကျပ်တန် တံဆိပ်ခေါင်းနှင့် ၂၀၀ကျပ်တန် FDC ထုတ်ဝေသည်။
.
ရိုးရာပွဲနှင့်ပန်း ၁၁ခေါင်းထုတ်ဝေပြီးဖြစ်သည်။ ထို၁၁ခေါင်းလုံး ပွဲသရုပ်ဖေါ်ပုံများကို ရှေးကဟန်ဖြင့် ရိုးရာပုံသရုပ်ဖော်ခဲ့သည်။ ယခုလတွင်မူ စာပေဟေါပြောပွဲစာတမ်းနှင့် ခေတ်ပေါ်စကားပြောစင်ရှေ့တွင် ခေါင်းပေါင်းဝတ်စာရေးဆရာပုံထည့်သုံးထားသည်မှာ ယခင်တံဆိပ်ခေါင်းများနှင့် ညီညွတ်သည်ဟု မခံစားရပါ။ ဒီဇိုင်းညံ့သည်ဟု ပြောလိုသည်။ ရှေးစာဆိုတဦး ကညစ်ဖြင့်ပေချပ်ပေါ်တွင် ရေးနေသည့်ဟန်ဆို လုံလောက်ပြီထင်သည်။
.
၂၀၁၉နှစ်အတွင်း ဤလစဥ်ထုတ် တံဆိပ်ခေါင်းများနှင့်အတူ ထုတ်နေကျလွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း၊ အထိမ်းအမှတ်ထုတ်အဖြစ် အာဆီယံ၊ ဂန္ဒီ ၊ UPU ခေါင်းများလည်း ထုတ်ဝေခဲ့ရာ မြန်မာ့စာပို့သမိုင်းတွင် တံဆိပ်ခေါင်းအများဆုံး ထုတ်ဝေသည့်နှစ် ဖြစ်ခဲ့ပြီ။ အာဆီယံအထိမ်းအမှတ်ဆိုလျှင် တံဆိပ်ခေါင်း၁၆ခေါင်းမျှ ထုတ်ဝေခဲ့ရာ ၂၀၁၉ခု နှစ်အတွင်း တံဆိပ်ခေါင်း ၃၃လုံးထုတ်ဝေခဲ့သည်။
.
လာမည့် ၂၀၂၀တွင်လည်း အနည်းဆုံး တိုကျိုအိုလံပစ်၊ ရုပ်ရှင်ရာပြည့်၊ တက္ကသိုလ်ရာပြည့်တို့ရှိနေရာ တံဆိပ်ခေါင်းအသစ်များ မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်ဝေဦးမည်ဟု ယူဆမိပါကြောင်းပါ။     ။


XxXxXx

(Zawgyi version)

   ျမန္မာလအလိုက္ ရိုးရာပြဲေတာ္ႏွင့္ပန္း စီးရီး၏ ေနာက္ဆုံးလတံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ နတ္ေတာ္လအတြက္ စာဆိုေတာ္ပြဲႏွင့္ သဇင္ပန္းပုံျဖစ္သည္။ ၂၀၀က်ပ္တန္ တံဆိပ္ေခါင္းႏွင့္ ၂၀၀က်ပ္တန္ FDC ထုတ္ေဝသည္။
.
ရိုးရာပြဲႏွင့္ပန္း ၁၁ေခါင္းထုတ္ေဝၿပီးျဖစ္သည္။ ထို၁၁ေခါင္းလုံး ပြဲသ႐ုပ္ေဖၚပုံမ်ားကို ေရွးကဟန္ျဖင့္ ရိုးရာပုံသ႐ုပ္ေဖာ္ခဲ့သည္။ ယခုလတြင္မူ စာေပေဟါေျပာပြဲစာတမ္းႏွင့္ ေခတ္ေပၚစကားေျပာစင္ေရွ႕တြင္ ေခါင္းေပါင္းဝတ္စာေရးဆရာပုံထည့္သုံးထားသည္မွာ ယခင္တံဆိပ္ေခါင္းမ်ားႏွင့္ ညီၫြတ္သည္ဟု မခံစားရပါ။ ဒီဇိုင္းညံ့သည္ဟု ေျပာလိုသည္။ ေရွးစာဆိုတဦး ကညစ္ျဖင့္ေပခ်ပ္ေပၚတြင္ ေရးေနသည့္ဟန္ဆို လုံေလာက္ၿပီထင္သည္။
.
၂၀၁၉ႏွစ္အတြင္း ဤလစဥ္ထုတ္ တံဆိပ္ေခါင္းမ်ားႏွင့္အတူ ထုတ္ေနက်လြတ္လပ္ေရးေန႕ တံဆိပ္ေခါင္း၊ အထိမ္းအမွတ္ထုတ္အျဖစ္ အာဆီယံ၊ ဂႏၵီ ၊ UPU ေခါင္းမ်ားလည္း ထုတ္ေဝခဲ့ရာ ျမန္မာ့စာပို႔သမိုင္းတြင္ တံဆိပ္ေခါင္းအမ်ားဆုံး ထုတ္ေဝသည့္ႏွစ္ ျဖစ္ခဲ့ၿပီ။ အာဆီယံအထိမ္းအမွတ္ဆိုလွ်င္ တံဆိပ္ေခါင္း၁၆ေခါင္းမွ် ထုတ္ေဝခဲ့ရာ ၂၀၁၉ခု ႏွစ္အတြင္း တံဆိပ္ေခါင္း ၃၃လုံးထုတ္ေဝခဲ့သည္။
.
လာမည့္ ၂၀၂၀တြင္လည္း အနည္းဆုံး တိုက်ိဳအိုလံပစ္၊ ႐ုပ္ရွင္ရာျပည့္၊ တကၠသိုလ္ရာျပည့္တို႔ရွိေနရာ တံဆိပ္ေခါင္းအသစ္မ်ား ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထုတ္ေဝဦးမည္ဟု ယူဆမိပါေၾကာင္းပါ။ ။

21 November 2019

ICJ နဲ့ မြန်မာနိုင်ငံ











(Unicode version)

   မနေ့ညက ၈နာရီသတင်းမှာ သတင်းထူးကြားလိုက်ရလို့ အတော်အံ့သြသွားမိပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်တဲ့။ ဟော်လန်ကတရားရုံးမှာ ကိုယ်တိုင်သွားရောက် ရင်ဆိုင်မယ့် သဘောပါဘဲ။
.
အမေစုက နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပြည်ပကကျွမ်းကျင်သူ ဥပဒေပညါရှင်တွေငှားရမ်းပြီး ကိုယ်တိုင်အမှုရင်ဆိုင်မှာပါ။ နားရှိလို့သာကြားရတယ်။ မြန်မာပြည်မှာ ကြုံခဲ့ဘူးသမျှခေါင်းဆောင်တွေထဲ ဒီလိုလုပ်မယ့်သူ ရှိလိမ့်မယ်လို့ စဥ်းတောင်မစဥ်းစားမိခဲ့ဘူးတာ အမှန်ပါ။
.
မလိုသူတွေကတော့ ပြောကြပါလိမ့်ဦးမယ်။ နိုင်ငံ့ခေါင်းဆောင်ကိုယ်တိုင် သွားရသလားတို့။ ပြည်ပနဲ့အဆက်အသွယ်ရှိသူဆိုတော့ ဇတ်များတိုက်ထားသလားတို့၊ နောက်နှစ်မှာကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်တာတို့ စသဖြင့် အောက်ကလိအာကြနိုင်ပါတယ်။ သူတို့ရဲ့ဆရာကြီးများ လုပ်ရပ်အပြုအမူတွေကိုသာ မြင်ဘူးတဲ့သူတွေဆိုတော့ အပစ်မမြင်တော့ပါဘူး။
.
တကယ်ဆို ဒီလိုဆုံးဖြတ် လုပ်ကိုင်ရဲဖို့ ပထမဆုံးသတ္တိလိုပါတယ်။ တိုက်ရဲခိုက်ရဲမှ လက်နက်ရှိမှ ထွက်လာတဲ့သတ္တိမျိုး မဟုတ်ပါ။ မဟုတ်တာကို ပြန်လည်ရှင်းပြရဲတဲ့ သတ္တိမျိုးကို ဆိုလိုတာပါ။ ဒီလိုသတ္တိရှိဖို့လည်း မဟုတ်တာမလုပ်ထားကြောင်း စိတ်ရှင်းဖို့လိုသလို မိမိကိုယ်တိုင် နောက်ကြောင်းရှင်းဖို့လည်း လိုပါတယ်။
.
ဒုတိယက အရည်အချင်းပါ။ ဒါလည်း စာမေးပွဲအောင်ပြီး ဘွဲ့တွေရထားတဲ့ပညာမဟုတ်ပါ။ တသက်တာမှာကြုံခဲ့တဲ့ အတွေ့အကြုံတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ထုတ်သုံးနိုင်ခြင်းမျိုးကို ဆိုလိုတာပါ။ တရားရေးရင်ဆိုင်ရမှာဖြစ်လို့ ကျွမ်းကျင်သူတွေငှားသုံးတာကိုက ပညာရှိတာကိုပြတာပါ။ ဒီနေရာမှာ မျိုးချစ်စိတ်တို့ ပြည်တွင်းဖြစ်တ်ို့သာ ဖက်တွယ်နေရင် စိန့်မာတင်ကျွန်းလို ခံသွားရပါလိမ့်မယ်။
.
နိုင်ငံတကာတရားရုံးမှာမို့လို့ အင်္ဂလိပ်လို​ကျွမ်းဖို့လိုတာတော့ ထည့်မပြောတော့ပါဘူး။ နိုင်ငံတကာအဆက်အသွယ်၊ ပြည်ပမှာဝင်ဆန့်မှုတွေလည်း လိုအပ်တာအသေအချာပါဘဲ။ ဒါတွေအားလုံး ပြည့်စုံတာ မြန်မာပြည်မှာ အမေစုတယောက်ဘဲ ရှိပါတယ်။
.
တကယ်ဆို အမေ့အသက်နဲ့က ဒီကနေ လိုတာလှမ်းပြောပြီး စေခိုင်းနေသင့်တဲ့အရွယ်ပါ။ တိုင်းပြည်အတွက်ဆိုတဲ့စိတ်နဲ့ လှုပ်ရှားနေတဲ့ အမေ့ကိုကြည့်ပြီး ပင်ပန်းလှပါတယ်။ မြန်မာပြည်သားမှန်ရင် အမေဦးဆောင်ရာနောက်ကို မမှိတိမသုံ လိုက်သင့်ပါတယ်။ မိမိလိုဘ မပြည့်လို့ ဂလန့်တိုက်နေတဲ့ ဂဏန်းတွေလည်း ဒီတကြိမ် အမြင်မှန်ရပြီး အတည့်သွားနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။
.
#အမေစုရဲ့_မှန်ကန်သောလုပ်ရပ်_အကြွင်းမဲ့_အောင်မြင်ပါစေ။


XxXxXx

(Zawgyi version)

   မေန႕ညက ၈နာရီသတင္းမွာ သတင္းထူးၾကားလိုက္ရလို႔ အေတာ္အံ့ၾသသြားမိပါတယ္။ အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)မွာ ျမန္မာနိုင္ငံ၏ အက်ိဳးစီးပြားကို ကာကြယ္ရန္အတြက္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ကိုယ္တိုင္ ဦးစီးေဆာင္႐ြက္မည္တဲ့။ ေဟာ္လန္ကတရား႐ုံးမွာ ကိုယ္တိုင္သြားေရာက္ ရင္ဆိုင္မယ့္ သေဘာပါဘဲ။
.
အေမစုက နိုင္ငံျခားေရးဝန္ႀကီးအေနနဲ႕ ျပည္ပကကြၽမ္းက်င္သူ ဥပေဒပညါရွင္ေတြငွားရမ္းၿပီး ကိုယ္တိုင္အမႈရင္ဆိုင္မွာပါ။ နားရွိလို႔သာၾကားရတယ္။ ျမန္မာျပည္မွာ ႀကဳံခဲ့ဘူးသမွ်ေခါင္းေဆာင္ေတြထဲ ဒီလိုလုပ္မယ့္သူ ရွိလိမ့္မယ္လို႔ စဥ္းေတာင္မစဥ္းစားမိခဲ့ဘူးတာ အမွန္ပါ။
.
မလိုသူေတြကေတာ့ ေျပာၾကပါလိမ့္ဦးမယ္။ နိုင္ငံ့ေခါင္းေဆာင္ကိုယ္တိုင္ သြားရသလားတို႔။ ျပည္ပနဲ႕အဆက္အသြယ္ရွိသူဆိုေတာ့ ဇတ္မ်ားတိုက္ထားသလားတို႔၊ ေနာက္ႏွစ္မွာက်င္းပဖို႔ရွိတဲ့ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္တာတို႔ စသျဖင့္ ေအာက္ကလိအာၾကနိုင္ပါတယ္။ သူတို႔ရဲ႕ဆရာႀကီးမ်ား လုပ္ရပ္အျပဳအမူေတြကိုသာ ျမင္ဘူးတဲ့သူေတြဆိုေတာ့ အပစ္မျမင္ေတာ့ပါဘူး။
.
တကယ္ဆို ဒီလိုဆုံးျဖတ္ လုပ္ကိုင္ရဲဖို႔ ပထမဆုံးသတၱိလိုပါတယ္။ တိုက္ရဲခိုက္ရဲမွ လက္နက္ရွိမွ ထြက္လာတဲ့သတၱိမ်ိဳး မဟုတ္ပါ။ မဟုတ္တာကို ျပန္လည္ရွင္းျပရဲတဲ့ သတၱိမ်ိဳးကို ဆိုလိုတာပါ။ ဒီလိုသတၱိရွိဖို႔လည္း မဟုတ္တာမလုပ္ထားေၾကာင္း စိတ္ရွင္းဖို႔လိုသလို မိမိကိုယ္တိုင္ ေနာက္ေၾကာင္းရွင္းဖို႔လည္း လိုပါတယ္။
.
ဒုတိယက အရည္အခ်င္းပါ။ ဒါလည္း စာေမးပြဲေအာင္ၿပီး ဘြဲ႕ေတြရထားတဲ့ပညာမဟုတ္ပါ။ တသက္တာမွာႀကဳံခဲ့တဲ့ အေတြ႕အႀကဳံေတြကို လိုအပ္တဲ့အခ်ိန္မွာ လိုအပ္သလို ထုတ္သုံးနိုင္ျခင္းမ်ိဳးကို ဆိုလိုတာပါ။ တရားေရးရင္ဆိုင္ရမွာျဖစ္လို႔ ကြၽမ္းက်င္သူေတြငွားသုံးတာကိုက ပညာရွိတာကိုျပတာပါ။ ဒီေနရာမွာ မ်ိဳးခ်စ္စိတ္တို႔ ျပည္တြင္းျဖစ္တ္ို႔သာ ဖက္တြယ္ေနရင္ စိန့္မာတင္ကြၽန္းလို ခံသြားရပါလိမ့္မယ္။
.
နိုင္ငံတကာတရား႐ုံးမွာမို႔လို႔ အဂၤလိပ္လို​ကြၽမ္းဖို႔လိုတာေတာ့ ထည့္မေျပာေတာ့ပါဘူး။ နိုင္ငံတကာအဆက္အသြယ္၊ ျပည္ပမွာဝင္ဆန့္မႈေတြလည္း လိုအပ္တာအေသအခ်ာပါဘဲ။ ဒါေတြအားလုံး ျပည့္စုံတာ ျမန္မာျပည္မွာ အေမစုတေယာက္ဘဲ ရွိပါတယ္။
.
တကယ္ဆို အေမ့အသက္နဲ႕က ဒီကေန လိုတာလွမ္းေျပာၿပီး ေစခိုင္းေနသင့္တဲ့အ႐ြယ္ပါ။ တိုင္းျပည္အတြက္ဆိုတဲ့စိတ္နဲ႕ လႈပ္ရွားေနတဲ့ အေမ့ကိုၾကည့္ၿပီး ပင္ပန္းလွပါတယ္။ ျမန္မာျပည္သားမွန္ရင္ အေမဦးေဆာင္ရာေနာက္ကို မမွိတိမသုံ လိုက္သင့္ပါတယ္။ မိမိလိုဘ မျပည့္လို႔ ဂလန့္တိုက္ေနတဲ့ ဂဏန္းေတြလည္း ဒီတႀကိမ္ အျမင္မွန္ရၿပီး အတည့္သြားနိုင္ဖို႔ ဆုေတာင္းလိုက္ပါတယ္။
.
#အေမစုရဲ႕_မွန္ကန္ေသာလုပ္ရပ္_အႂကြင္းမဲ့_ေအာင္ျမင္ပါေစ။

14 November 2019

လူညံ့တွေကို လဲမပေးဘူးဆိုရင်.....

(Unicode version)

မနေ့ညက ၈နာရီသတင်းနားထောင်ပါသည်။ သတင်းခေါင်းစဥ်မှာ သမတထံ သံအမတ်နှစ်ဦး ခန့်အပ်လွှာပေးတာဘဲပါသဖြင့် ကြည့်လက်စပြင်သစ်စီးရီး CHEFS ကိုဘဲဆက်ကြည့်နေပါသည်။
.
မဆလခေတ်ကတည်းက ည၈နာရီသတင်းတွေကို ခေါင်းစဥ်နားထောင်လေ့ရှိခဲ့သည်။ အရေးကြီးတာ ထိုအချိန်မှာကြေငြာလေ့ ရှိသကို။ ခုချိန်ထိ တီဗီနားရှိလျှင် နားထောင်ဖြစ်ဆဲပါ။ စိတ်ဝင်စားစရာခေါင်းစဥ်မပါလျှင် ဆက်နားမထောင်တော့။
.
မနေ့က သံအမတ်ခန့်အပ်လွှာဘဲပါတော့ ဆက်နားမထောင်ဖြစ်ပါ။ ဒီမနက်ဖေ့ဘုတ်သတင်းတွေကြည့်တော့ စာရေးဆရာမဂျူး အမျိုးသားစာပေဆုရ၍ ချီးကျူးတာတွေ့မှ သိရသည်။ အခြားဘယ်သူတွေရလည်း သိချင်လို့ MOI ဖေ့ဘုတ်သွားကြည့်ရာ (မနက်၇နာရီအထိ) မတွေ့သေးပါ။
.
တကယ်ဆို စာရေးဆရာကြီးကိုယ်တိုင် ဝန်ကြီးဖြစ်နေချိန် မြန်မာနိုင်ငံအတွက် အမြင့်ဆုံးစာပေဆုသတင်းကို သတင်းခေါင်းစဥ်မှာကို ကြေငြာသင့်သည်။ စာရေးဆရာများအတွက် ဂုဏ်ယူစရာကိစ္စ။ စစ်အစိုးရခေတ်ကလို မပေးမဖြစ်လို့ ဝတ်ကျေတန်းကျေ ကိုယ့်လူကိုယ်ပေးခဲ့တာဆို ထားပါတော့။
.
ပြည်သူရွေးချယ်သောအစိုးရခေတ် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်သူအများ အားမလိုအားမရဖြစ်ရတာများပြီ။ မနေ့ကလည်း ပါချုပ်ဆရာတော်ကြီးကိစ္စ အကုသိုလ်ကောင်များက လုပ်ကြံသတင်းဖြန့်ကြသည်။ ဒါမျိုးဆို ပြန်ကြားရေးဌာနက သာသနာရေးဌာနကို အမြန်ဆုံးလှမ်းမေးပြီး ဖြေရှင်းချက်ထုတ်သင့်သည်။ ခုတော့ မတုန်မလှုပ်။
.
အစိုးရရဲ့ ပုံရိပ်ထိခိုက်လာလျှင် အမြန်ဆုံးဖြေရှင်းဖို့ ပြန်ဝန်တွင်တာဝန်ရှိပါသည်။ စစ်အစိုးရခေတ်လို အပေါ်ကပြောမှလုပ်မည်ဆိုလျှင် အခြားဒီမိုကရေစီနိုင်ငံများလို ပြန်ကြားရေးဌာန ထားမနေပါနှင့်တော့။ ပြန်ကြားရေးဌာနအတွက် ပြန်ကြားရေးဝန်ကြီးတွင် တာဝန်အရှိဆုံးဖြစ်သည်။ လက်ရှိပြန်ကြားရေးဝန်ကြီးကို ဆက်သုံးနေမည်ဆိုလျှင် သူ့ကိုပြောင်းသည်အထိ NLDပါတီကိုဘဲ မဲဆက်ပေးရမည်ဟု ဆုံးဖြတ်လိုက်ပါပြီ။ NLDပါတီ လွှတ်တော်အမတ်များနဲ့ အစိုးရအဖွဲ့ဝင်များ အားလုံးကောင်းသွားသည်အထိ NLD ပါတီကိုဘဲ မဲပေးသင့်ပါကြောင်း။


XxXxXx

(Zawgyi version )

မေန႕ညက ၈နာရီသတင္းနားေထာင္ပါသည္။ သတင္းေခါင္းစဥ္မွာ သမတထံ သံအမတ္ႏွစ္ဦး ခန့္အပ္လႊာေပးတာဘဲပါသျဖင့္ ၾကည့္လက္စျပင္သစ္စီးရီး CHEFS ကိုဘဲဆက္ၾကည့္ေနပါသည္။
.
မဆလေခတ္ကတည္းက ည၈နာရီသတင္းေတြကို ေခါင္းစဥ္နားေထာင္ေလ့ရွိခဲ့သည္။ အေရးႀကီးတာ ထိုအခ်ိန္မွာေၾကျငာေလ့ ရွိသကို။ ခုခ်ိန္ထိ တီဗီနားရွိလွ်င္ နားေထာင္ျဖစ္ဆဲပါ။ စိတ္ဝင္စားစရာေခါင္းစဥ္မပါလွ်င္ ဆက္နားမေထာင္ေတာ့။
.
မေန႕က သံအမတ္ခန့္အပ္လႊာဘဲပါေတာ့ ဆက္နားမေထာင္ျဖစ္ပါ။ ဒီမနက္ေဖ့ဘုတ္သတင္းေတြၾကည့္ေတာ့ စာေရးဆရာမဂ်ဴး အမ်ိဳးသားစာေပဆုရ၍ ခ်ီးက်ဴးတာေတြ႕မွ သိရသည္။ အျခားဘယ္သူေတြရလည္း သိခ်င္လို႔ MOI ေဖ့ဘုတ္သြားၾကည့္ရာ (မနက္၇နာရီအထိ) မေတြ႕ေသးပါ။
.
တကယ္ဆို စာေရးဆရာႀကီးကိုယ္တိုင္ ဝန္ႀကီးျဖစ္ေနခ်ိန္ ျမန္မာနိုင္ငံအတြက္ အျမင့္ဆုံးစာေပဆုသတင္းကို သတင္းေခါင္းစဥ္မွာကို ေၾကျငာသင့္သည္။ စာေရးဆရာမ်ားအတြက္ ဂုဏ္ယူစရာကိစၥ။ စစ္အစိုးရေခတ္ကလို မေပးမျဖစ္လို႔ ဝတ္ေက်တန္းေက် ကိုယ့္လူကိုယ္ေပးခဲ့တာဆို ထားပါေတာ့။
.
ျပည္သူေ႐ြးခ်ယ္ေသာအစိုးရေခတ္ ျပန္ၾကားေရးဝန္ႀကီးဌာနကို ျပည္သူအမ်ား အားမလိုအားမရျဖစ္ရတာမ်ားၿပီ။ မေန႕ကလည္း ပါခ်ဳပ္ဆရာေတာ္ႀကီးကိစၥ အကုသိုလ္ေကာင္မ်ားက လုပ္ႀကံသတင္းျဖန့္ၾကသည္။ ဒါမ်ိဳးဆို ျပန္ၾကားေရးဌာနက သာသနာေရးဌာနကို အျမန္ဆုံးလွမ္းေမးၿပီး ေျဖရွင္းခ်က္ထုတ္သင့္သည္။ ခုေတာ့ မတုန္မလႈပ္။
.
အစိုးရရဲ႕ ပုံရိပ္ထိခိုက္လာလွ်င္ အျမန္ဆုံးေျဖရွင္းဖို႔ ျပန္ဝန္တြင္တာဝန္ရွိပါသည္။ စစ္အစိုးရေခတ္လို အေပၚကေျပာမွလုပ္မည္ဆိုလွ်င္ အျခားဒီမိုကေရစီနိုင္ငံမ်ားလို ျပန္ၾကားေရးဌာန ထားမေနပါႏွင့္ေတာ့။ ျပန္ၾကားေရးဌာနအတြက္ ျပန္ၾကားေရးဝန္ႀကီးတြင္ တာဝန္အရွိဆုံးျဖစ္သည္။ လက္ရွိျပန္ၾကားေရးဝန္ႀကီးကို ဆက္သုံးေနမည္ဆိုလွ်င္ သူ႕ကိုေျပာင္းသည္အထိ NLDပါတီကိုဘဲ မဲဆက္ေပးရမည္ဟု ဆုံးျဖတ္လိုက္ပါၿပီ။ NLDပါတီ လႊတ္ေတာ္အမတ္မ်ားနဲ႕ အစိုးရအဖြဲ႕ဝင္မ်ား အားလုံးေကာင္းသြားသည္အထိ NLD ပါတီကိုဘဲ မဲေပးသင့္ပါေၾကာင္း။

07 November 2019

မိုးတွေတောင် ငိုနေပြီ...


(Unicode version)

   နိုဝင်ဘာလဆန်းသည်အထိ ရန်ကုန်တွင်နွေလိုပူသည်။ ပြီးခဲ့သောရက်အနည်းငယ်မှစ မိုးကွက်ကျားရွာပြီး ဒီနေ့တော့ မိုးအုံ့ပြီး မိုးတွင်းလိုရွာနေသည်။ ဘယ်နှစ်ရက်ဆက်ရွာမှာလဲ၊ မိုးရပ်ပြီးရင် ဆောင်းလိုအေးတော့မှာလား ရန်ကုန်ကသူတွေ သိချင်နေမှာပါ။
.
ဖေ့ဘုတ်ပေါ်မှစိုက်ပျိုးရေးဂရုတခုတွင် အထက်မြန်မာပြည် ဒေသတချို့မှ စိုက်ပျိုးရေးသမားများ သိချင်နေသည်။ သူတို့ဘက် မိုးရွာမှာလား။ မိုးများမှာမို့ စိုက်ထားတာလေး ကြိုသိမ်းလိုက်ရတော့မှာလား။
.
လျှပ်စစ်ဒုဝန်ကြီးက သူ့ဖေ့ဘုတ်တွင်ရေးသည်။ နောင်နှစ်နွေရာသီ မီးမပျက်စေရေးအတွက် အင်းလေးကန်တို့ ပေါင်းလောင်းဆည်တို့ရေတိုးစေချင်နေသည်တဲ့။ ရှမ်းပြည်ဘက်မိုးရွာအောင် ဝိုင်းဆုတောင်းပေးကြမလား။ တောင်ကြီးရဲ့အစည်ဆုံး မီးပုံးပြန်လွှတ်ပွဲသမားတွေ ပွဲတော်ရက်မိုးလွတ်မလား သိချင်နေကြမှာပါဘဲ။
.
မြန်မာနိုင်ငံ အစိုးရဌာနများမှာ မိုးလေဝသဦးစီးဌာန တခုရှိသည်။ ရေဒီယိုသတင်း၊ တီဗီသတင်းနှင့် ဖေ့ဘုတ်မှာစာမျက်နှာဖွင့် ကြေငြာပေးနေသည်။ ပြည်သူအများစုကြီး သတိမှထားမိပါလေစ။
.
ပြည်သူအများစုကြီး မိုးလေဝသနှင့်ပတ်သက်ပြီး အားထားနေရသည်က ဆရာကြီးဦးထွန်းလွင်ကိုပါ။ သူရဲ့ဟောပြောချက်၊ သူ့ရဲ့ဆောင်းပါးများနဲ့ ပြည်သူထဲအပေါက်ဆုံးက သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာပါ။
.
ပျင်းစရာကောင်းသော၊ မိမိနှင့်မပတ်သက်ဟုထင်ရသော၊ လူစိတ်ဝင်စားမှုနည်းသော မိုးလေဝသကို လူအများစုကြီးစိတ်ဝင်စားလာတာ ဦးထွန်းလွင်ကြောင့်ဟုဆိုလျှင် ညင်းနိုင်ကြမည်မထင်။ ဆရာကြီး၏ မိုးလေဝသပညာတွင်မက ဆရာကြီး၏ တင်ဆက်မှုအနုပညာ၊ အထူးသဖြင့် ဟာသရသကြောင့် ပြည်သူအများ မိုးလေဝသကို စိတ်ဝင်စားရကောင်းမှန်း သိလာကြသည်ဟုဆိုချင်ပါသည်။
.
ယခု ဆရာကြီးမရှိတော့ပါ။ ကွယ်လွန်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်နေရာအနှံ့အပြားတွင် တချို့ဒေသများတွင်နေရာကြဲကြဲ၊ တချို့ဒေသများတွင်နေရာကွက်ကြား၊ တချို့ဒေသများတွင် မိုးထစ်ချုန်းရွာနေပါသည်။ (ဒီစာရေးတော့ သူပြောနေကြအသံကို ကြားလာမိပါတယ်) စိုင်းစိုင်မောဝ်ရဲ့ သီချင်းတပုဒ်သတိရမိသည်။ ''မိုးတွေတောင် ငိုနေပြီ ဆရာကြီးရေ'' ။ မိုးလေဝသဆရာကြီးဦးထွန်းလွင် ကောင်းရာသုဂတိ လားပါစေ။


XxXxXx

(Zawgyi version)

   နိုဝင္ဘာလဆန္းသည္အထိ ရန္ကုန္တြင္ႏြေလိုပူသည္။ ၿပီးခဲ့ေသာရက္အနည္းငယ္မွစ မိုးကြက္က်ား႐ြာၿပီး ဒီေန႕ေတာ့ မိုးအုံ႕ၿပီး မိုးတြင္းလို႐ြာေနသည္။ ဘယ္ႏွစ္ရက္ဆက္႐ြာမွာလဲ၊ မိုးရပ္ၿပီးရင္ ေဆာင္းလိုေအးေတာ့မွာလား ရန္ကုန္ကသူေတြ သိခ်င္ေနမွာပါ။
.
ေဖ့ဘုတ္ေပၚမွစိုက္ပ်ိဳးေရးဂ႐ုတခုတြင္ အထက္ျမန္မာျပည္ ေဒသတခ်ိဳ႕မွ စိုက္ပ်ိဳးေရးသမားမ်ား သိခ်င္ေနသည္။ သူတို႔ဘက္ မိုး႐ြာမွာလား။ မိုးမ်ားမွာမို႔ စိုက္ထားတာေလး ႀကိဳသိမ္းလိုက္ရေတာ့မွာလား။
.
လွ်ပ္စစ္ဒုဝန္ႀကီးက သူ႕ေဖ့ဘုတ္တြင္ေရးသည္။ ေနာင္ႏွစ္ႏြေရာသီ မီးမပ်က္ေစေရးအတြက္ အင္းေလးကန္တို႔ ေပါင္းေလာင္းဆည္တို႔ေရတိုးေစခ်င္ေနသည္တဲ့။ ရွမ္းျပည္ဘက္မိုး႐ြာေအာင္ ဝိုင္းဆုေတာင္းေပးၾကမလား။ ေတာင္ႀကီးရဲ႕အစည္ဆုံး မီးပုံးျပန္လႊတ္ပြဲသမားေတြ ပြဲေတာ္ရက္မိုးလြတ္မလား သိခ်င္ေနၾကမွာပါဘဲ။
.
ျမန္မာနိုင္ငံ အစိုးရဌာနမ်ားမွာ မိုးေလဝသဦးစီးဌာန တခုရွိသည္။ ေရဒီယိုသတင္း၊ တီဗီသတင္းႏွင့္ ေဖ့ဘုတ္မွာစာမ်က္ႏွာဖြင့္ ေၾကျငာေပးေနသည္။ ျပည္သူအမ်ားစုႀကီး သတိမွထားမိပါေလစ။
.
ျပည္သူအမ်ားစုႀကီး မိုးေလဝသႏွင့္ပတ္သက္ၿပီး အားထားေနရသည္က ဆရာႀကီးဦးထြန္းလြင္ကိုပါ။ သူရဲ႕ေဟာေျပာခ်က္၊ သူ႕ရဲ႕ေဆာင္းပါးမ်ားနဲ႕ ျပည္သူထဲအေပါက္ဆုံးက သူ႕ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာပါ။
.
ပ်င္းစရာေကာင္းေသာ၊ မိမိႏွင့္မပတ္သက္ဟုထင္ရေသာ၊ လူစိတ္ဝင္စားမႈနည္းေသာ မိုးေလဝသကို လူအမ်ားစုႀကီးစိတ္ဝင္စားလာတာ ဦးထြန္းလြင္ေၾကာင့္ဟုဆိုလွ်င္ ညင္းနိုင္ၾကမည္မထင္။ ဆရာႀကီး၏ မိုးေလဝသပညာတြင္မက ဆရာႀကီး၏ တင္ဆက္မႈအႏုပညာ၊ အထူးသျဖင့္ ဟာသရသေၾကာင့္ ျပည္သူအမ်ား မိုးေလဝသကို စိတ္ဝင္စားရေကာင္းမွန္း သိလာၾကသည္ဟုဆိုခ်င္ပါသည္။
.
ယခု ဆရာႀကီးမရွိေတာ့ပါ။ ကြယ္လြန္ခဲ့ပါၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ ျမန္မာျပည္ေနရာအႏွံ႕အျပားတြင္ တခ်ိဳ႕ေဒသမ်ားတြင္ေနရာႀကဲႀကဲ၊ တခ်ိဳ႕ေဒသမ်ားတြင္ေနရာကြက္ၾကား၊ တခ်ိဳ႕ေဒသမ်ားတြင္ မိုးထစ္ခ်ဳန္း႐ြာေနပါသည္။ (ဒီစာေရးေတာ့ သူေျပာေနၾကအသံကို ၾကားလာမိပါတယ္) စိုင္းစိုင္ေမာဝ္ရဲ႕ သီခ်င္းတပုဒ္သတိရမိသည္။ ''မိုးေတြေတာင္ ငိုေနၿပီ ဆရာႀကီးေရ'' ။ မိုးေလဝသဆရာႀကီးဦးထြန္းလြင္ ေကာင္းရာသုဂတိ လားပါေစ။ 

03 November 2019

မေတ္တာနဲ့ အုပ်ချုပ်ခြင်း၊


(Unicode version)

   NLD ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် အမေစုကပြောခဲ့ပါတယ်။ ကျမတို့အစိုးရက မေတ္တာနဲ့ အုပ်ချုပ်မယ့် အစိုးရပါ လို့။
.
အများပြည်သူတွေမဆိုထားနဲ့။ ပါတီဝင်တွေကပင် ထင်ထားခဲ့ကြတာပါ။ ပေဖြစ်တုံးက ခံခဲ့ရသမျှ ပြန်နှံရတော့မယ်လို့။
.
တကယ်ကျ အမေစုက လက်တုန့်ပြန်ဖို့မဆိုထားနှင့်၊ အတိတ်ဟောင်းတွေကို ပြန်ဖော်ပြောတာကိုတောင် မလုပ်စေတော့ပါဘူး။
.
ပြည်သူအချို့က မကြေနပ်နိုင်ကြပါဘူး။ မေတ္တာနဲ့ အုပ်ချုပ်တယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့မှာ မေတ္တာအစစ်မရှိလို့ပါ။
.
မေတ္တာဖြင့်အုပ်ချုပ်တယ်ဆိုတာ ပါဝါအာဏာရှိသူတွေ မဟုတ်မတရားလုပ်ခွင့်ပေးတါ မဟုတ်ပါဘူး။ လုပ်တာတွေ့ရင် အရေးယူနေတာလက်တွေ့ပါ။
.
မေတ္တာနဲ့အုပ်ချုပ်တယ်ဆိုတာ အတိတ်တွေပြန်လှန်ပြီး အပစ်တင်နေဖို့ မဟုတ်ဘူးတဲ့။ မေတ္တာနည်းသူတွေ သဘောပေါက်ဖို့မလွယ်လောက်ဘူး။
.
တချို့ကလည်း ပြောကြတယ်။ မြန်မာပြည်သားတွေကို ပါဝါလေးပြပြီးအုပ်ချုပ်မှ အလုပ်ဖြစ်မှာ။ မေတ္တာနဲ့ ခပ်ပျော့ပျော့အုပ်ချုပ်နေလို့ မရဘူးတဲ့။
.
လူတွေမျိုးစုံပြောကြလည်း အမေစုက မေတ္တာနဲ့အုပ်ချုပ်နေဆဲပါဘဲ။  မြန်မာပြည်သားအများစု မေတ္တာရဲ့တန်ဖိုးကို သိလာနိုင်ကြပါစေလို့ဘဲ ဆုတောင်းမိပါတယ်။


XxXxXx

(Zawgyi version)

   NLD ပါတီ ေ႐ြးေကာက္ပြဲမွာ အနိုင္ရၿပီးတဲ့ေနာက္ အေမစုကေျပာခဲ့ပါတယ္။ က်မတို႔အစိုးရက ေမတၱာနဲ႕ အုပ္ခ်ဳပ္မယ့္ အစိုးရပါ လို႔။
.
အမ်ားျပည္သူေတြမဆိုထားနဲ႕။ ပါတီဝင္ေတြကပင္ ထင္ထားခဲ့ၾကတာပါ။ ေပျဖစ္တုံးက ခံခဲ့ရသမွ် ျပန္ႏွံရေတာ့မယ္လို႔။
.
တကယ္က် အေမစုက လက္တုန့္ျပန္ဖို႔မဆိုထားႏွင့္၊ အတိတ္ေဟာင္းေတြကို ျပန္ေဖာ္ေျပာတာကိုေတာင္ မလုပ္ေစေတာ့ပါဘူး။
.
ျပည္သူအခ်ိဳ႕က မေၾကနပ္နိုင္ၾကပါဘူး။ ေမတၱာနဲ႕ အုပ္ခ်ဳပ္တယ္ဆိုတာကို နားမလည္နိုင္ၾကပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔မွာ ေမတၱာအစစ္မရွိလို႔ပါ။
.
ေမတၱာျဖင့္အုပ္ခ်ဳပ္တယ္ဆိုတာ ပါဝါအာဏာရွိသူေတြ မဟုတ္မတရားလုပ္ခြင့္ေပးတါ မဟုတ္ပါဘူး။ လုပ္တာေတြ႕ရင္ အေရးယူေနတာလက္ေတြ႕ပါ။
.
ေမတၱာနဲ႕အုပ္ခ်ဳပ္တယ္ဆိုတာ အတိတ္ေတြျပန္လွန္ၿပီး အပစ္တင္ေနဖို႔ မဟုတ္ဘူးတဲ့။ ေမတၱာနည္းသူေတြ သေဘာေပါက္ဖို႔မလြယ္ေလာက္ဘူး။
.
တခ်ိဳ႕ကလည္း ေျပာၾကတယ္။ ျမန္မာျပည္သားေတြကို ပါဝါေလးျပၿပီးအုပ္ခ်ဳပ္မွ အလုပ္ျဖစ္မွာ။ ေမတၱာနဲ႕ ခပ္ေပ်ာ့ေပ်ာ့အုပ္ခ်ဳပ္ေနလို႔ မရဘူးတဲ့။
.
လူေတြမ်ိဳးစုံေျပာၾကလည္း အေမစုက ေမတၱာနဲ႕အုပ္ခ်ဳပ္ေနဆဲပါဘဲ။ ျမန္မာျပည္သားအမ်ားစု ေမတၱာရဲ႕တန္ဖိုးကို သိလာနိုင္ၾကပါေစလို႔ဘဲ ဆုေတာင္းမိပါတယ္။