07 July 2011

အစိုးရသစ်

ယခုတလော ဂျာနယ်များတွင် ခေတ်စားနေသော စကားလုံးတစ်ခု ရှိသည်။ နိုင်ငံတော်သစ်၊ အစိုးရသစ် ဆိုသော စကားလုံးပင်။ ထိုစာများထဲတွင် စနစ်သစ်ဖြင့် စတင်ပြောင်းလဲ အုပ်ချုပ်နေပြီဟု အကြိမ်ကြိမ်ပြောနေသော်လည်း ယုံကြည်သူ မရှိသလောက်ပင်။

ကျွန်တော်သိသလောက် တစ်ချို့လုပ်ထုံးလုပ်နည်းများကို လျှော့ပေါ့ပေးနေသည်။ ဂျာနယ်များတွင်လဲ ကုန်သွယ်ရေးနှင့်ပါတ်သက်၍၄င်း၊ တယ်လီဖုန်းများနဲ့ပါတ်သက်၍၄င်း လျှော့ပေါ့မှုများ တွေ့နေရပါသည်။ အခြား ကျွန်တော်တို့မသိသော ကိစ္စများလဲ ရှိမှာအမှန်ပင်။ tvမှာတွေ့ရတာတော့ သမတတို့ ဒုသမတတို့ ကို အလေးပြုနှုတ်ဆက် လျှင်ပင် ပြန်အလေးပြုတာ မတွေ့ရတော့။ အရမ်းကို အရပ်သားဖြစ်နေသည်။

သို့သော် လူအများကို လိုက်လံ မေးကြည့်ပါ။ အစိုးရအသစ်ဟု ယူဆပါပြီလား။ NO -ဟု အများစုက ဖြေကြပါလိမ်မည်။ အကုန်လုံး မဟုတ်တောင် စ ပြောင်းလဲလာပြီဟု လူတွေ ဘာကြောင့် လက်မခံကြပါသလဲ။


ရှင်းပါသည်။ လူအများနှင့်ပါတ်သက်နေသော Media များ မပြောင်းသောကြောင့်ပင်။ သတင်းစာများတွင် အရင်အတိုင်း လူစာရင်းဖေါ်ပြနေတုံးရှိသေးသည်။ လူကြော်ငြာများ ဖေါ်ပြနေတုံးရှိသေးသည်။ TV တွင်တော့ မပြောပါနှင့်တော့။ ၁၉၈၈ က စ၍ ၈နာရီ သတင်းလာသည်နှင့် video အခွေ ငှား ကြည့်ကြတာ မြန်မာ ဇတ်ကားဆုံးတာတောင် သတင်း မပြီးသေး။ ယခုထိ ဒီထုံးစံ ရှိနေသေးသည်။

လူအများ ယုံစေချင်လျှင် အမှန်အတိုင်း ဖေါ်ပြဖို့ လိုသည်။ ခုတော့ ဘယ်သူ ကိုမှ ဂရုမစ်ုက်၊ အစိုးရဖာသာ အစိုးရ ယုံလာယင်ပြီးတာဘဲ ဖြစ်နေသည်။

သတင်းစာဌာနအနေနှင့် ဂျာနယ်များမှ သတင်းများကို ကြည့်ယုံနှင့် သဘောဘောပေါက်လောက်ပါသည်။ အတင်းကို ငါတို့ သဘောဟု စောကြောနေလျှင် အစိုးရသစ် ဆိုတာကို ယုံကြည်ရန် လိုနေပါဦးမည် ခင်ဗျား။