Showing posts with label သံဝေဂ. Show all posts
Showing posts with label သံဝေဂ. Show all posts

07 November 2019

မိုးတွေတောင် ငိုနေပြီ...


(Unicode version)

   နိုဝင်ဘာလဆန်းသည်အထိ ရန်ကုန်တွင်နွေလိုပူသည်။ ပြီးခဲ့သောရက်အနည်းငယ်မှစ မိုးကွက်ကျားရွာပြီး ဒီနေ့တော့ မိုးအုံ့ပြီး မိုးတွင်းလိုရွာနေသည်။ ဘယ်နှစ်ရက်ဆက်ရွာမှာလဲ၊ မိုးရပ်ပြီးရင် ဆောင်းလိုအေးတော့မှာလား ရန်ကုန်ကသူတွေ သိချင်နေမှာပါ။
.
ဖေ့ဘုတ်ပေါ်မှစိုက်ပျိုးရေးဂရုတခုတွင် အထက်မြန်မာပြည် ဒေသတချို့မှ စိုက်ပျိုးရေးသမားများ သိချင်နေသည်။ သူတို့ဘက် မိုးရွာမှာလား။ မိုးများမှာမို့ စိုက်ထားတာလေး ကြိုသိမ်းလိုက်ရတော့မှာလား။
.
လျှပ်စစ်ဒုဝန်ကြီးက သူ့ဖေ့ဘုတ်တွင်ရေးသည်။ နောင်နှစ်နွေရာသီ မီးမပျက်စေရေးအတွက် အင်းလေးကန်တို့ ပေါင်းလောင်းဆည်တို့ရေတိုးစေချင်နေသည်တဲ့။ ရှမ်းပြည်ဘက်မိုးရွာအောင် ဝိုင်းဆုတောင်းပေးကြမလား။ တောင်ကြီးရဲ့အစည်ဆုံး မီးပုံးပြန်လွှတ်ပွဲသမားတွေ ပွဲတော်ရက်မိုးလွတ်မလား သိချင်နေကြမှာပါဘဲ။
.
မြန်မာနိုင်ငံ အစိုးရဌာနများမှာ မိုးလေဝသဦးစီးဌာန တခုရှိသည်။ ရေဒီယိုသတင်း၊ တီဗီသတင်းနှင့် ဖေ့ဘုတ်မှာစာမျက်နှာဖွင့် ကြေငြာပေးနေသည်။ ပြည်သူအများစုကြီး သတိမှထားမိပါလေစ။
.
ပြည်သူအများစုကြီး မိုးလေဝသနှင့်ပတ်သက်ပြီး အားထားနေရသည်က ဆရာကြီးဦးထွန်းလွင်ကိုပါ။ သူရဲ့ဟောပြောချက်၊ သူ့ရဲ့ဆောင်းပါးများနဲ့ ပြည်သူထဲအပေါက်ဆုံးက သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာပါ။
.
ပျင်းစရာကောင်းသော၊ မိမိနှင့်မပတ်သက်ဟုထင်ရသော၊ လူစိတ်ဝင်စားမှုနည်းသော မိုးလေဝသကို လူအများစုကြီးစိတ်ဝင်စားလာတာ ဦးထွန်းလွင်ကြောင့်ဟုဆိုလျှင် ညင်းနိုင်ကြမည်မထင်။ ဆရာကြီး၏ မိုးလေဝသပညာတွင်မက ဆရာကြီး၏ တင်ဆက်မှုအနုပညာ၊ အထူးသဖြင့် ဟာသရသကြောင့် ပြည်သူအများ မိုးလေဝသကို စိတ်ဝင်စားရကောင်းမှန်း သိလာကြသည်ဟုဆိုချင်ပါသည်။
.
ယခု ဆရာကြီးမရှိတော့ပါ။ ကွယ်လွန်ခဲ့ပါပြီ။ တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်နေရာအနှံ့အပြားတွင် တချို့ဒေသများတွင်နေရာကြဲကြဲ၊ တချို့ဒေသများတွင်နေရာကွက်ကြား၊ တချို့ဒေသများတွင် မိုးထစ်ချုန်းရွာနေပါသည်။ (ဒီစာရေးတော့ သူပြောနေကြအသံကို ကြားလာမိပါတယ်) စိုင်းစိုင်မောဝ်ရဲ့ သီချင်းတပုဒ်သတိရမိသည်။ ''မိုးတွေတောင် ငိုနေပြီ ဆရာကြီးရေ'' ။ မိုးလေဝသဆရာကြီးဦးထွန်းလွင် ကောင်းရာသုဂတိ လားပါစေ။


XxXxXx

(Zawgyi version)

   နိုဝင္ဘာလဆန္းသည္အထိ ရန္ကုန္တြင္ႏြေလိုပူသည္။ ၿပီးခဲ့ေသာရက္အနည္းငယ္မွစ မိုးကြက္က်ား႐ြာၿပီး ဒီေန႕ေတာ့ မိုးအုံ႕ၿပီး မိုးတြင္းလို႐ြာေနသည္။ ဘယ္ႏွစ္ရက္ဆက္႐ြာမွာလဲ၊ မိုးရပ္ၿပီးရင္ ေဆာင္းလိုေအးေတာ့မွာလား ရန္ကုန္ကသူေတြ သိခ်င္ေနမွာပါ။
.
ေဖ့ဘုတ္ေပၚမွစိုက္ပ်ိဳးေရးဂ႐ုတခုတြင္ အထက္ျမန္မာျပည္ ေဒသတခ်ိဳ႕မွ စိုက္ပ်ိဳးေရးသမားမ်ား သိခ်င္ေနသည္။ သူတို႔ဘက္ မိုး႐ြာမွာလား။ မိုးမ်ားမွာမို႔ စိုက္ထားတာေလး ႀကိဳသိမ္းလိုက္ရေတာ့မွာလား။
.
လွ်ပ္စစ္ဒုဝန္ႀကီးက သူ႕ေဖ့ဘုတ္တြင္ေရးသည္။ ေနာင္ႏွစ္ႏြေရာသီ မီးမပ်က္ေစေရးအတြက္ အင္းေလးကန္တို႔ ေပါင္းေလာင္းဆည္တို႔ေရတိုးေစခ်င္ေနသည္တဲ့။ ရွမ္းျပည္ဘက္မိုး႐ြာေအာင္ ဝိုင္းဆုေတာင္းေပးၾကမလား။ ေတာင္ႀကီးရဲ႕အစည္ဆုံး မီးပုံးျပန္လႊတ္ပြဲသမားေတြ ပြဲေတာ္ရက္မိုးလြတ္မလား သိခ်င္ေနၾကမွာပါဘဲ။
.
ျမန္မာနိုင္ငံ အစိုးရဌာနမ်ားမွာ မိုးေလဝသဦးစီးဌာန တခုရွိသည္။ ေရဒီယိုသတင္း၊ တီဗီသတင္းႏွင့္ ေဖ့ဘုတ္မွာစာမ်က္ႏွာဖြင့္ ေၾကျငာေပးေနသည္။ ျပည္သူအမ်ားစုႀကီး သတိမွထားမိပါေလစ။
.
ျပည္သူအမ်ားစုႀကီး မိုးေလဝသႏွင့္ပတ္သက္ၿပီး အားထားေနရသည္က ဆရာႀကီးဦးထြန္းလြင္ကိုပါ။ သူရဲ႕ေဟာေျပာခ်က္၊ သူ႕ရဲ႕ေဆာင္းပါးမ်ားနဲ႕ ျပည္သူထဲအေပါက္ဆုံးက သူ႕ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာပါ။
.
ပ်င္းစရာေကာင္းေသာ၊ မိမိႏွင့္မပတ္သက္ဟုထင္ရေသာ၊ လူစိတ္ဝင္စားမႈနည္းေသာ မိုးေလဝသကို လူအမ်ားစုႀကီးစိတ္ဝင္စားလာတာ ဦးထြန္းလြင္ေၾကာင့္ဟုဆိုလွ်င္ ညင္းနိုင္ၾကမည္မထင္။ ဆရာႀကီး၏ မိုးေလဝသပညာတြင္မက ဆရာႀကီး၏ တင္ဆက္မႈအႏုပညာ၊ အထူးသျဖင့္ ဟာသရသေၾကာင့္ ျပည္သူအမ်ား မိုးေလဝသကို စိတ္ဝင္စားရေကာင္းမွန္း သိလာၾကသည္ဟုဆိုခ်င္ပါသည္။
.
ယခု ဆရာႀကီးမရွိေတာ့ပါ။ ကြယ္လြန္ခဲ့ပါၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ ျမန္မာျပည္ေနရာအႏွံ႕အျပားတြင္ တခ်ိဳ႕ေဒသမ်ားတြင္ေနရာႀကဲႀကဲ၊ တခ်ိဳ႕ေဒသမ်ားတြင္ေနရာကြက္ၾကား၊ တခ်ိဳ႕ေဒသမ်ားတြင္ မိုးထစ္ခ်ဳန္း႐ြာေနပါသည္။ (ဒီစာေရးေတာ့ သူေျပာေနၾကအသံကို ၾကားလာမိပါတယ္) စိုင္းစိုင္ေမာဝ္ရဲ႕ သီခ်င္းတပုဒ္သတိရမိသည္။ ''မိုးေတြေတာင္ ငိုေနၿပီ ဆရာႀကီးေရ'' ။ မိုးေလဝသဆရာႀကီးဦးထြန္းလြင္ ေကာင္းရာသုဂတိ လားပါေစ။ 

15 April 2019

ထီးသူခိုးများ









(Zawgyi version)

ဒီႏွစ္သၾကၤန္အတြက္ ႐ုပ္အဆိုးဆံုးကိစၥ ဒီေန႔ေတြရပါသည္။ အမ်ားသိတ့ဲအတိုင္း အင္းယားကန္ေဘာင္မွာ အလွဆင္ထားတ့ဲ ထီးေတြကို ျဖဳတ္ယူသြားတ့ဲကိစၥပါ။ တကယ္က ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ ခိုးယူမႈ ျဖစ္ပါတယ္။ လုပ္ေနသူေတြၾကည့္ရတာ ေပ်ာ္ေပ်ာ္ပါးပါးဘဲဗ်ာ။ ခိုးေနတာလို႔ေတာင္ ထင္ဟန္မတူဘူး။ ဘယ္လိုမိဘကေမြးၿပီး ဘယ္လိုဆရာက သင္ေပးလိုက္တာပါလိမ့္ ေတြးမိတယ္။
.
ဒီတႀကိမ္ေတာ့ စံျပအေနနဲ႔ အေရးယူျပသင့္ပါတယ္။ မဟုတ္ရင္ ဒီလိုဘဲ ပန္းျခံေတြ လမ္းေတြမွာ အလွဆင္ထားတာေတြကို ဖ်က္ဆီးေနၾကဦးမွာပါဘဲ။ ခုတခါက ဓာတ္ပံုသက္ေသေတြ အတိအက်နဲ႔ဆိုေတာ့ ႐ွာဖို႔ရာ မခက္ေလာက္ေတာ့ဘူး။
.
ပစ္ဒဏ္ေပးသင့္တာက စင္ကာပူမွာလိုဘဲႀကိမ္ဒဏ္ပါ။ ဒီမွာက ႀကိမ္ဒဏ္ေပးလို႔မရေတာ့ ဒဏ္ေငြ႐ိုက္သင့္ပါတယ္။ တန္ဖိုးရဲ႕ဆယ္ဆေလာက္ ဒဏ္႐ိုက္ရင္ ေနာင္က်ဥ္လာမယ္လို႔ ေမွ်ာ္လင့္ရတာဘဲ။ တေလာကမွ ခန္႔လိုက္တ့ဲ ၿမိဳ႕နယ္စည္ပင္ေတြအစြမ္း ၾကည့္ရမွာဘဲဗ်ာ။
.
ျမန္မာျပည္မွာက အမ်ားပိုင္ပစၥည္းဆို တာဝန္ယူမ့ဲသူ မ႐ွိေတာ့ဘူး။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ဖ်က္တ့ဲသူနဲ႔၊ ပန္းျခံထဲကအ႐ုပ္ေတြ ဖ်က္တ့ဲသူနဲ႔၊ လမ္းအလယ္အလွဆင္ထားတ့ဲ ပန္းအိုးေတြ ဖ်က္တ့ဲသူနဲ႔၊ ေနာက္ဆံုး ေရႊတိဂံုဘုရားေပၚက ထီးေတာင္ မတ့ဲသူနဲ႔ မ်ားလာၿပီ။ ဒီတႀကိမ္ေတာ့ စံျပျဖစ္ေကာင္းေလာက္ပါရဲ႕။

XxXxXx

(Unicode version)

ဒီနှစ်သင်္ကြန်အတွက် ရုပ်အဆိုးဆုံးကိစ္စ ဒီနေ့တွေရပါသည်။ အများသိတ့ဲအတိုင်း အင်းယားကန်ဘောင်မှာ အလှဆင်ထားတ့ဲ ထီးတွေကို ဖြုတ်ယူသွားတ့ဲကိစ္စပါ။ တကယ်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ခိုးယူမှု ဖြစ်ပါတယ်။ လုပ်နေသူတွေကြည့်ရတာ ပျော်ပျော်ပါးပါးဘဲဗျာ။ ခိုးနေတာလို့တောင် ထင်ဟန်မတူဘူး။ ဘယ်လိုမိဘကမွေးပြီး ဘယ်လိုဆရာက သင်ပေးလိုက်တာပါလိမ့် တွေးမိတယ်။
.
ဒီတကြိမ်တော့ စံပြအနေနဲ့ အရေးယူပြသင့်ပါတယ်။ မဟုတ်ရင် ဒီလိုဘဲ ပန်းခြံတွေ လမ်းတွေမှာ အလှဆင်ထားတာတွေကို ဖျက်ဆီးနေကြဦးမှာပါဘဲ။ ခုတခါက ဓာတ်ပုံသက်သေတွေ အတိအကျနဲ့ဆိုတော့ ရှာဖို့ရာ မခက်လောက်တော့ဘူး။
.
ပစ်ဒဏ်ပေးသင့်တာက စင်ကာပူမှာလိုဘဲကြိမ်ဒဏ်ပါ။ ဒီမှာက ကြိမ်ဒဏ်ပေးလို့မရတော့ ဒဏ်ငွေရိုက်သင့်ပါတယ်။ တန်ဖိုးရဲ့ဆယ်ဆလောက် ဒဏ်ရိုက်ရင် နောင်ကျဉ်လာမယ်လို့ မျှော်လင့်ရတာဘဲ။ တလောကမှ ခန့်လိုက်တ့ဲ မြို့နယ်စည်ပင်တွေအစွမ်း ကြည့်ရမှာဘဲဗျာ။
.
မြန်မာပြည်မှာက အများပိုင်ပစ္စည်းဆို တာဝန်ယူမ့ဲသူ မရှိတော့ဘူး။ ဗိုလ်ချုပ်ကြေးရုပ် ဖျက်တ့ဲသူနဲ့၊ ပန်းခြံထဲကအရုပ်တွေ ဖျက်တ့ဲသူနဲ့၊ လမ်းအလယ်အလှဆင်ထားတ့ဲ ပန်းအိုးတွေ ဖျက်တ့ဲသူနဲ့၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်က ထီးတောင် မတ့ဲသူနဲ့ များလာပြီ။ ဒီတကြိမ်တော့ စံပြဖြစ်ကောင်းလောက်ပါရဲ့။ 

27 April 2018

အပြောင်းအလဲ နဲ့ အရွယ်



(Unicode version )




တဖက်က အင်္ဂတေခင်း၊ တဖက်က ကျောက်စရစ်ခင်းထားသော ခြောက်လက်မအမြင့်ရှိ ဘောင်လေးကို ကျော်ဖြတ်ခြင်းဖြင့် စခ့ဲပါပြီ၊ နှစ်ဖက် စစ်ပြေမငြိမ်းထားသေးသော နယ်နမိတ်ဖြစ်သော်လည်း လူမျိုးတူ စကားတူ ဘာသာတော့မတူတော့သော တနိုင်ငံတည်းသားတွေပါ။

.

ဒီလိုဖြစ်လာဖို့ ဝက်ကလေးက အခရာပါ။ သူတက်ခါစက သူ့အာဏာတည်မြဲဖို့ ဖြုတ်ထုတ်သတ်အထိလုပ်ခ့ဲတာ ဒီလိုလုပ်နိုင်ဖို့ ရည်ရွယ်သလားမသိနိုင်ပါ။ ကမ်ဘာ့ကြီးကမြင်သလို မြောက်ကိုရီးယား ပြည်သုူအများစုက ပေါင်းစည်းချင်မယ်လို့ အလွယ်ထင်လို့ မရပါ။ အာဏာလက်မလွှတ်ချင်သူ အခွင့်အရေး (သေးသေးလေးဖြစ်ဖြစ်) လက်မလွှတ်ချင်သူ၊ ဝါဒမှိုင်းမိနေသူတွေက ရှိနေဆဲ အခြေအနေကို ကြိုက်နေနိုင်ပါတယ်။

.

ဝက်ကလေးက သူ့အာဏာတည်မြဲလာချိန်မှ လှုပ်ရှားလာတာ ဖြစ်သလို အရင်အတိုင်း ဆက်ချီတက်နေလို့ မရမှန်းသိလာလို့လည်း ဖြစ်နိုင်ပါတယ်။ သူ့အဖေလက်ထက်ကလည်း ဒီလို အခွင့်အရေး ရခ့ဲပေမယ့် နောက်ပိုင်း ဆက်မလုပ်တော့ပါဘူး။

.

ဒီလိုဖြစ်ရတာ ခေါင်းဆောင်ရဲ့ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ ဘဝရဲ့ ဒုတိယအရွယ် နှောင်းပိုင်းရောက်လာရင် ရှိထားတာလေးကို ပျက်သွားမှာ စိုးရိမ်လာတတ်ပါတယ်။ ရထားတ့ဲ စည်းစိမ်လေး ပျောက်သွားမှာ စိုးရိမ်လာတတ်ပါတယ်။ အများအတွက် ထည့်မစဉ်းစားချင်တတ်ကြတော့ပါဘူး။ အပြောင်းအလဲလုပ်ဖို့ တွန့်ဆုတ်လာပါတယ်။ ငါအလျော့ပေးလိုက်သလို ဖြစ်သွားမလား ထင်မိတတ်တယ်။ စဉ်းစားတွေးခေါ်နိုင်ခြေ မရှိသူ၊ အာဏာမှာ နှစ်ခြိုက်ပျော်မွေ့သူများက ပိုဆိုးတာပေါ့ဗျာ။

.

ငယ်ရွယ်သူ ဝက်ကလေးကတော့ စလိုက်ပါပြီ။ ဒါဟာ ရှည်လျှားတ့ဲလမ်းရဲ့ အစလေးဘဲ ရှိပါသေးတယ်။ ဆုံးအောင် အများကြီးသွားရမှာမို့ စောင့်ကြည့်ရပါဦးမယ်။ မြန်မာပြည်က သက်ဆိုင်သူများလည်း အသိတရား ရကြပါစေ။ ။



XxXxXx

(Zawgyi version)

တဖက္က အဂၤေတခင္း၊ တဖက္က ေက်ာက္စရစ္ခင္းထားေသာ ေျခာက္လက္မအျမင့္႐ွိ ေဘာင္ေလးကို ေက်ာ္ျဖတ္ျခင္းျဖင့္ စခ့ဲပါၿပီ၊ ႏွစ္ဖက္ စစ္ေျပမၿငိမ္းထားေသးေသာ နယ္နမိတ္ျဖစ္ေသာ္လည္း လူမ်ိဳးတူ စကားတူ ဘာသာေတာ့မတူေတာ့ေသာ တႏိုင္ငံတည္းသားေတြပါ။
.
ဒီလိုျဖစ္လာဖို႔ ဝက္ကေလးက အခရာပါ။ သူတက္ခါစက သူ႔အာဏာတည္ျမဲဖို႔ ျဖဳတ္ထုတ္သတ္အထိလုပ္ခ့ဲတာ ဒီလိုလုပ္ႏိုင္ဖို႔ ရည္ရြယ္သလားမသိႏိုင္ပါ။ ကမ႓ာ့ႀကီးကျမင္သလို ေျမာက္ကိုရီးယား ျပည္သုူအမ်ားစုက ေပါင္းစည္းခ်င္မယ္လို႔ အလြယ္ထင္လို႔ မရပါ။ အာဏာလက္မလႊတ္ခ်င္သူ အခြင့္အေရး (ေသးေသးေလးျဖစ္ျဖစ္) လက္မလႊတ္ခ်င္သူ၊ ဝါဒမိႈင္းမိေနသူေတြက ႐ွိေနဆဲ အေျခအေနကို ႀကိဳက္ေနႏိုင္ပါတယ္။
.
ဝက္ကေလးက သူ႔အာဏာတည္ျမဲလာခ်ိန္မွ လႈပ္႐ွားလာတာ ျဖစ္သလို အရင္အတိုင္း ဆက္ခ်ီတက္ေနလို႔ မရမွန္းသိလာလို႔လည္း ျဖစ္ႏိုင္ပါတယ္။ သူ႔အေဖလက္ထက္ကလည္း ဒီလို အခြင့္အေရး ရခ့ဲေပမယ့္ ေနာက္ပိုင္း ဆက္မလုပ္ေတာ့ပါဘူး။
.
ဒီလိုျဖစ္ရတာ ေခါင္းေဆာင္ရဲ႕ အသက္အရြယ္နဲ႔လည္း ဆိုင္ပါတယ္။ ဘဝရဲ႕ ဒုတိယအရြယ္ ေႏွာင္းပိုင္းေရာက္လာရင္ ႐ွိထားတာေလးကို ပ်က္သြားမွာ စိုးရိမ္လာတတ္ပါတယ္။ ရထားတ့ဲ စည္းစိမ္ေလး ေပ်ာက္သြားမွာ စိုးရိမ္လာတတ္ပါတယ္။ အမ်ားအတြက္ ထည့္မစဥ္းစားခ်င္တတ္ၾကေတာ့ပါဘူး။ အေျပာင္းအလဲလုပ္ဖို႔ တြန္႔ဆုတ္လာပါတယ္။ ငါအေလ်ာ့ေပးလိုက္သလို ျဖစ္သြားမလား ထင္မိတတ္တယ္။ စဥ္းစားေတြးေခၚႏိုင္ေျခ မ႐ွိသူ၊ အာဏာမွာ ႏွစ္ၿခိဳက္ေပ်ာ္ေမြ႔သူမ်ားက ပိုဆိုးတာေပါ့ဗ်ာ။
.
ငယ္ရြယ္သူ ဝက္ကေလးကေတာ့ စလိုက္ပါၿပီ။ ဒါဟာ ႐ွည္လွ်ားတ့ဲလမ္းရဲ႕ အစေလးဘဲ ႐ွိပါေသးတယ္။ ဆံုးေအာင္ အမ်ားႀကီးသြားရမွာမို႔ ေစာင့္ၾကည့္ရပါဦးမယ္။ ျမန္မာျပည္က သက္ဆိုင္သူမ်ားလည္း အသိတရား ရၾကပါေစ။     ။

22 March 2018

ကျေးဇူးပါ သမတကြီးခင်ဗျား။



 (Unicode version )




   သမတကြီးဦးထင်ကျော်ကတော့ အနားယူသွားပါပြီ။ မလိုသူတွေက အမျိုးမျိုး ပျက်ရယ်ပြုနေပေမယ့် ဦးထင်ကျော်ဟာ မြန်မာ့သမိုင်းမှာ အရေးကြီးဆုံးနေရာက ပါဝင်သွားတာပါ။ ခေါင်းဆောင်ရိုးလ်နေရာလို့ မသတ်မှတ်တောင် တရားဝင်အကြီးဆုံးရာထူးကို ဝန်ထမ်းပေးသွားတာပါ။ အစိုးရအဖွဲ့ကို နောက်ကွယ်ကဘဲ ထိမ်းကျောင်းပေးသွားတာပါ။

.

မြန်မာပြည်သူအများစုက စစ်ဗိုလ်အာဏာရှင်တွေကို စိတ်ကုန်နေတာ ကြာပါပြီ။ သူတို့ဖဲသူတို့ချိုးလို့ ပိုင်ပြီဆိုပြီး ရွေးကောက်ပွဲလုပ်ပေးပါတယ်။ ပြည်သူလူထုကြီးကလည်း ရတ့ဲ ဒီအခွင့်အရေးလေးကို အပြည့်အဝ အသုံးချပြီး အမေစုခေါင်းဆောင်တ့ဲ NLD ကို ရွေးချယ်ခ့ဲပါတယ်။

.

လွှတ်တော်ခေါ် အစိုးရမဖွဲ့ခင် သုံးလအတွင်းလောက်မှာ သမတအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် ညစ်ပတ်သောအကြံနဲ့ ရေးခ့ဲတ့ဲ နာဂစ်ခြေဥကြောင့် မဖြစ်နိုင်ခ့ဲပါဘူး။ နောက်ဆုံးအချိန်ထိ ညှိလို့မရတ့ဲအခါကျတော့ plan B ကို ထုတ်သုံးခ့ဲရပါတယ်။

.

NLD ကတင်သော သမတသည် အမေစုနဲ့ အဆင်ပြေဖို့ အရေးအကြီးဆုံးပါ။ စိတ်ချယုံကြည်ရဆုံးသူ ဖြစ်ဖို့လိုပါတယ်။ မျိုးရိုးကောင်းဖို့လိုသလို နောက်ကြောင်းရှင်းဖို့လိုပါတယ်။ ပညာတတ်ဖြစ်ဖို့လိုသလို ဥပတိရုပ်ထွက်ဖို့လည်း လိုပါတယ်။ အဓိကအချက်မဟုတ်ပေမယ့် ၂၅နှစ်ကျော် စကားပြန်ကနေတဆင့် နိုင်ငံခြားသားနဲ့ ပြောနေရတ့ဲ နိုင်ငံ့အကြီးအကဲတွေ မမြင်ချင်တော့တ့ဲ ပြည်သူပြည်သားတွေက အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သူမျိုးကိုလည်း သမတအဖြစ် မြင်နေချင်ကြချိန်ပါ။

.

အ့ဲဒီကာလမှာ NLDပါတီမှာ လုပ်နိုင်စွမ်းရှိသူတွေ လိုနေပုံပါဘဲ။ လုပ်နိုင်စွမ်းရှိသူအချို့ကလည်း အရင်လူတွေနဲ့ ပတ်သက်ဘူးခ့ဲတာလည်း ရှိနေမှာပါ။ ၂၅နှစ်ကျော်အတွင်း ဝန်ထမ်းကြီးလုပ်ဘူးရင်တောင် အဂတိနဲ့ အနည်းနဲ့အများ ပတ်သက်နေနိုင်တာကိုး။ ပထမဆုံးဖွဲ့ခ့ဲရတ့ဲ ဝန်ကြီးအဖွဲ့မှာတောင် အမေစုကိုယ်တိုင် ဝန်ကြီးဌာန လေးနေရာလောက် ယူခ့ဲရတာက သိသာခ့ဲပါတယ်။

.

ဒီလို လူကောင်းရှားနေချိန်မှာ အဓိကရာထူး သမတနေရာအတွက် ဦးထင်ကျော်ဟာ အသင့်တော်ဆုံး ဖြစ်ခ့ဲပါတယ်။ သူကိုယ်တိုင်ပြောခ့ဲသလို အမစု တာဝန်ပေးခ့ဲလို့လို့ ဆိုပေမယ့် အမေစုအတွက်သာမက NLDပါတီနဲ့ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး လိုအပ်ချက်ကို ဖြည့်ပေးခ့ဲတာပါ။

.

သူရဲ့ပင်ကိုယ်ပုံစံအရ ဒီလို ရာထူးနဲ့တာဝန်တွေ နှစ်သက်မှာ မဟုတ်ပါ။ သို့သော်လည်း တိုင်းပြည်လိုအပ်ချက်အတွက် လာဘ်မစား၊ ရာထူးအလွဲသုံးစားမလုပ်ဘဲ ကျန်းမာရေး ချို့ယွင်းတဲ့ကြားက နှစ်နှစ်လုပ်ပေးခ့ဲပါပြီ။ ခုအချိန်မှာ အစိုးရအဖွဲ့လည်း တည်ငြိမ်လာပြီဖြစ်လို့ သမတနေရာအတွက် သင့်တော်သူ အစားထိုးနိုင်လောက်ပါပြီ။

.

မြန်မာပြည်အတွက် တကယ်လိုအပ်နေချိန်မှာ တာဝန်ယူပေးခ့ဲတ့ဲအတွက် ပြည်သူတွေက ရာသက်ပန် သတိရနေကြမှာပါ။ ကျေးဇူးပါ သမတကြီးခင်ဗျား။ ။


XxXxXx

(Zawgyi version )

  သမတႀကီးဦးထင္ေက်ာ္ကေတာ့ အနားယူသြားပါၿပီ။ မလိုသူေတြက အမ်ိဳးမ်ိဳး ပ်က္ရယ္ျပဳေနေပမယ့္ ဦးထင္ေက်ာ္ဟာ ျမန္မာ့သမိုင္းမွာ အေရးႀကီးဆံုးေနရာက ပါဝင္သြားတာပါ။ ေခါင္းေဆာင္႐ိုးလ္ေနရာလို႔ မသတ္မွတ္ေတာင္ တရားဝင္အႀကီးဆံုးရာထူးကို ဝန္ထမ္းေပးသြားတာပါ။ အစိုးရအဖြဲ႔ကို ေနာက္ကြယ္ကဘဲ ထိမ္းေက်ာင္းေပးသြားတာပါ။
.
ျမန္မာျပည္သူအမ်ားစုက စစ္ဗိုလ္အာဏာ႐ွင္ေတြကို စိတ္ကုန္ေနတာ ၾကာပါၿပီ။ သူတို႔ဖဲသူတို႔ခ်ိဳးလို႔ ပိုင္ၿပီဆိုၿပီး ေရြးေကာက္ပြဲလုပ္ေပးပါတယ္။ ျပည္သူလူထုႀကီးကလည္း ရတ့ဲ ဒီအခြင့္အေရးေလးကို အျပည့္အဝ အသံုးခ်ၿပီး အေမစုေခါင္းေဆာင္တ့ဲ NLD ကို ေရြးခ်ယ္ခ့ဲပါတယ္။
.
လႊတ္ေတာ္ေခၚ အစိုးရမဖြဲ႔ခင္ သံုးလအတြင္းေလာက္မွာ သမတအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ကိုဘဲ ျဖစ္ေစခ်င္ၾကပါတယ္။ ဒါေပမယ့္ ညစ္ပတ္ေသာအၾကံနဲ႔ ေရးခ့ဲတ့ဲ နာဂစ္ေျခဥေၾကာင့္ မျဖစ္ႏိုင္ခ့ဲပါဘူး။ ေနာက္ဆံုးအခ်ိန္ထိ ညႇိလို႔မရတ့ဲအခါက်ေတာ့ plan B ကို ထုတ္သံုးခ့ဲရပါတယ္။
.
NLD ကတင္ေသာ သမတသည္ အေမစုနဲ႔ အဆင္ေျပဖို႔ အေရးအႀကီးဆံုးပါ။ စိတ္ခ်ယံုၾကည္ရဆံုးသူ ျဖစ္ဖို႔လိုပါတယ္။ မ်ိဳး႐ိုးေကာင္းဖို႔လိုသလို ေနာက္ေၾကာင္း႐ွင္းဖို႔လိုပါတယ္။ ပညာတတ္ျဖစ္ဖို႔လိုသလို ဥပတိ႐ုပ္ထြက္ဖို႔လည္း လိုပါတယ္။ အဓိကအခ်က္မဟုတ္ေပမယ့္ ၂၅ႏွစ္ေက်ာ္ စကားျပန္ကေနတဆင့္ ႏိုင္ငံျခားသားနဲ႔ ေျပာေနရတ့ဲ ႏိုင္ငံ့အႀကီးအကဲေတြ မျမင္ခ်င္ေတာ့တ့ဲ ျပည္သူျပည္သားေတြက အဂၤလိပ္လို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာႏိုင္သူမ်ိဳးကိုလည္း သမတအျဖစ္ ျမင္ေနခ်င္ၾကခ်ိန္ပါ။
.
အ့ဲဒီကာလမွာ NLDပါတီမွာ လုပ္ႏိုင္စြမ္း႐ွိသူေတြ လိုေနပံုပါဘဲ။ လုပ္နိုင္စြမ္း႐ွိသူအခ်ိဳ႕ကလည္း အရင္လူေတြနဲ႔ ပတ္သက္ဘူးခ့ဲတာလည္း ႐ွိေနမွာပါ။ ၂၅ႏွစ္ေက်ာ္အတြင္း ဝန္ထမ္းႀကီးလုပ္ဘူးရင္ေတာင္ အဂတိနဲ႔ အနည္းနဲ႔အမ်ား ပတ္သက္ေနႏိုင္တာကိုး။ ပထမဆံုးဖြဲ႔ခ့ဲရတ့ဲ ဝန္ႀကီးအဖြဲ႔မွာေတာင္ အေမစုကိုယ္တိုင္ ဝန္ႀကီးဌာန ေလးေနရာေလာက္ ယူခ့ဲရတာက သိသာခ့ဲပါတယ္။
.
ဒီလို လူေကာင္း႐ွားေနခ်ိန္မွာ အဓိကရာထူး သမတေနရာအတြက္ ဦးထင္ေက်ာ္ဟာ အသင့္ေတာ္ဆံုး ျဖစ္ခ့ဲပါတယ္။ သူကိုယ္တိုင္ေျပာခ့ဲသလို အမစု တာဝန္ေပးခ့ဲလို႔လို႔ ဆိုေပမယ့္ အေမစုအတြက္သာမက NLDပါတီနဲ႔ ျမန္မာနိုင္ငံအတြက္ အေရးအႀကီးဆံုး လိုအပ္ခ်က္ကို ျဖည့္ေပးခ့ဲတာပါ။
.
သူရဲ႕ပင္ကိုယ္ပံုစံအရ ဒီလို ရာထူးနဲ႔တာဝန္ေတြ ႏွစ္သက္မွာ မဟုတ္ပါ။ သို႔ေသာ္လည္း တိုင္းျပည္လိုအပ္ခ်က္အတြက္ လာဘ္မစား၊ ရာထူးအလြဲသံုးစားမလုပ္ဘဲ က်န္းမာေရး ခ်ိဳ႕ယြင္းတဲ့ၾကားက ႏွစ္ႏွစ္လုပ္ေပးခ့ဲပါၿပီ။ ခုအခ်ိန္မွာ အစိုးရအဖြဲ႔လည္း တည္ၿငိမ္လာၿပီျဖစ္လို႔ သမတေနရာအတြက္ သင့္ေတာ္သူ အစားထိုးႏိုင္ေလာက္ပါၿပီ။
.
ျမန္မာျပည္အတြက္ တကယ္လိုအပ္ေနခ်ိန္မွာ တာဝန္ယူေပးခ့ဲတ့ဲအတြက္ ျပည္သူေတြက ရာသက္ပန္ သတိရေနၾကမွာပါ။ ေက်းဇူးပါ သမတႀကီးခင္ဗ်ား။     ။

02 March 2018

သံဝေဂ ရသင့်ပြီ



(Unicode version )


မြန်မာနိုင်ငံသမိုင်းမှာ

စစ်အာဏာ နှစ်ခါသိမ်းခ့ဲပေမယ့်

သိမ်းသူကတော့ တယောက်တည်းပါဘဲ။

.

ပထမတခါက သူကိုယ်တိုင် သိမ်းပြီး

နောက်တခါက သူကသိမ်းခိုင်းတာပါ။

.

ဒီလို ပါဝါအစွမ်းတွေရှိသူ ဗိုလ်ချုပ်ကြီးလည်း သူ့အစွမ်းတွေကုန်တော့ ဂျောင်ထိုးခံရတာပါဘဲ။ အသုဘတောင် တိတ်တိတ်ချရရှာတယ်။

.

နောက်ထပ် အာဏာသိမ်းချင်တ့ဲ

စစ်ဗိုလ်တွေရှိရင်

သံဝေဂ ယူနိုင်ဖို့ပါ။



XxXxXx

(Zawgyi version )

ျမန္မာႏိုင္ငံသမိုင္းမွာ
စစ္အာဏာ ႏွစ္ခါသိမ္းခ့ဲေပမယ့္
သိမ္းသူကေတာ့ တေယာက္တည္းပါဘဲ။
.
ပထမတခါက သူကိုယ္တိုင္ သိမ္းၿပီး
ေနာက္တခါက သူကသိမ္းခိုင္းတာပါ။
.
ဒီလို ပါဝါအစြမ္းေတြ႐ွိသူ ဗိုလ္ခ်ဳပ္ႀကီးလည္း သူ႔အစြမ္းေတြကုန္ေတာ့ ေဂ်ာင္ထိုးခံရတာပါဘဲ။ အသုဘေတာင္ တိတ္တိတ္ခ်ရ႐ွာတယ္။
.
ေနာက္ထပ္ အာဏာသိမ္းခ်င္တ့ဲ
စစ္ဗိုလ္ေတြ႐ွိရင္
သံေဝဂ ယူႏိုင္ဖို႔ပါ။