26 April 2008

CONSTITUTION-4

(Unicode version )

Constitution နဲ့ပါတ်သက်ပြီး e-mail ကတဆင့် ထောက်ခံစာ နဲ့ ကန့်ကွက်စာ တွေဖတ်ရပါတယ် ။ နှစ်ဖက်စလုံးက ရေးထားတာတွေ ဖတ်ရတော့ မှန်နေတာပါဘဲ ။ pro ဖက်က ရေးထားတာက ကျွန်တော့်အမြင် ဦးဏှောက် နဲ့ရေးထားပြီး anti ဖက်က ရေးထား တာက ခံစားချက်ကို ဦးစားပေးထားတယ်ထင်ပါတယ် ။ ဒါက ကျွန်တော့် ကိုယ်ပိုင်အမြင်ပါ ။

အချင်းချင်း e-mail တွေကတဆင့် ပို့နေကြတော့ အတော်များများ လဲဖတ်ဖူးနေကြလောက်ပါပြီ ။ စိတ်မ၀င်စားယင်တော့ sorry ဘဲပေါ့ဗျာ ။ စိတ်၀င်စားယင်တော့ တော်တော်ကောင်းပါတယ် ။ သူငယ်ချင်းတော်တော် များများကတော့ စိတ်မ၀င်စားကြပါဘူး ။ တစ်ချို့ ကလဲ ကန့်ကွက်မဲပေးရမှာ ကြောက်နေကြပုံရပါတယ် ။ မဲမပေးဘဲ နေမယ်ပြောပါတယ် ။ ထောက်ခံ တယ် ဆိုတ့ဲစာ ဖတ်ကြည့်တော့လဲ ကြိုက်လို့မဟုတ်ပါဘူး ။ မြန်မြန်ပြောင်းသွားအောင် ထောက်ခံလိုက်ကြပုံရပါတယ် ။

ကျွန်တော်လဲ တော်တော် ခေါင်းစားပါတယ် ။ ထောက်ခံယင်လဲ ဒီအတိုင်းဆက်သွားနေရ တော့မယ် ။ ကန့်ကွက်ယင်လဲ ၁၉၉၃ ကပြန်စနေရဦးမယ် ။ ဒီလိုအချိန်မှာ tv မှာသီချင်းတစ်ပုဒ် လာနေတာ သတိထားမိပါတယ် ။ သူတို့ဆိုနေတာလဲ ကြာပါပြီ ။ ရတနာ ၊ ရည်မွန် နဲ့ သဇင် ဆိုတဲ့ ကောင်မလေးသုံးယောက်ပါ ။ လှုပ်လှုပ်နဲ့ဆို နေကြတာပါ ။ သီချင်းသံစဉ် ကိုစိတ်မ၀င်စား မိပေမ့ဲ အဖွဲ့နာမည်ကိုတော့ အရမ်းကြိုက်သွားပါတယ်ဗျာ ။ NO တဲ့ ။ ။

XxXxXx

(Zawgyi version )

Constitution နဲ႔ပါတ္သက္ျပီး e-mail ကတဆင့္ ေထာက္ခံစာ နဲ႔ ကန္႔ကြက္စာ ေတြဖတ္ရပါတယ္ ။ ႏွစ္ဖက္စလံုးက ေရးထားတာေတြ ဖတ္ရေတာ့ မွန္ေနတာပါဘဲ ။ pro ဖက္က ေရးထားတာက ကၽြန္ေတာ့္အျမင္ ဦးေဏွာက္ နဲ႔ေရးထားျပီး anti ဖက္က ေရးထား တာက ခံစားခ်က္ကို ဦးစားေပးထားတယ္ထင္ပါတယ္ ။ ဒါက ကၽြန္ေတာ့္ ကိုယ္ပိုင္အျမင္ပါ ။
အခ်င္းခ်င္း e-mail ေတြကတဆင့္ ပို႔ေနၾကေတာ့ အေတာ္မ်ားမ်ား လဲဖတ္ဖူးေနၾကေလာက္ပါျပီ ။ စိတ္မ၀င္စားယင္ေတာ့ sorry ဘဲေပါ့ဗ်ာ ။ စိတ္၀င္စားယင္ေတာ့ ေတာ္ေတာ္ေကာင္းပါတယ္ ။ သူငယ္ခ်င္းေတာ္ေတာ္ မ်ားမ်ားကေတာ့ စိတ္မ၀င္စားၾကပါဘူး ။ တစ္ခ်ိဳ႕ ကလဲ ကန္႔ကြက္မဲေပးရမွာ ေၾကာက္ေနၾကပံုရပါတယ္ ။ မဲမေပးဘဲ ေနမယ္ေျပာပါတယ္ ။ ေထာက္ခံ တယ္ ဆိုတ့ဲစာ ဖတ္ၾကည့္ေတာ့လဲ ၾကိဳက္လို႔မဟုတ္ပါဘူး ။ ျမန္ျမန္ေျပာင္းသြားေအာင္ ေထာက္ခံလိုက္ၾကပံုရပါတယ္ ။
ကၽြန္ေတာ္လဲ ေတာ္ေတာ္ ေခါင္းစားပါတယ္ ။ ေထာက္ခံယင္လဲ ဒီအတိုင္းဆက္သြားေနရ ေတာ့မယ္ ။ ကန္႔ကြက္ယင္လဲ ၁၉၉၃ ကျပန္စေနရဦးမယ္ ။ ဒီလိုအခ်ိန္မွာ tv မွာသီခ်င္းတစ္ပုဒ္ လာေနတာ သတိထားမိပါတယ္ ။ သူတို႔ဆိုေနတာလဲ ၾကာပါျပီ ။ ရတနာ ၊ ရည္မြန္ နဲ႔ သဇင္ ဆိုတဲ့ ေကာင္မေလးသံုးေယာက္ပါ ။ လႈပ္လႈပ္နဲ႔ဆို ေနၾကတာပါ ။ သီခ်င္းသံစဥ္ ကိုစိတ္မ၀င္စား မိေပမ့ဲ အဖြဲ႔နာမည္ကိုေတာ့ အရမ္းၾကိဳက္သြားပါတယ္ဗ်ာ ။ NO တဲ့ ။ ။

20 April 2008

CONSTITUTION -- 3

(Unicode version )

Referendum နဲ့ ပါတ်သက်လို့ ကျွန််တော် ကိုယ်တိုင်ရဲ့အတွေးလေးတွေ ပြောပြချင်ပါသေးတယ် ။ ပထမဦးဆုံး ထောက်ခံတဲ့ဘက်က စ စဉ်းစားပါတယ် ။ တကယ်က ဒီဥပဒေ စဆွဲတဲ့အချိန် ၁၉၉၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ကိုတုပြီးရေးတာပါ ။ စစ်တပ်က ၂၅%ယူထားယင် စိတ်ချရပြီဆိုတ့ဲအတွေးနဲ့ပါ ။ တကယ်တမ်းကျတော့ ပထမအကြိမ် ပါလီမန်သက်တမ်းမှာတင် တပ်က စစ်ဗိုလ်တွေ ထွက်ချင်နေပါပြီ ။ မလုပ်လိုတော့ပါဘူး ။ဗိုလ်ချုပ်ကြီးတွေအုပ်ချုပ်စဉ်ကလို လာဘ်မှမရတော့ဘဲကိုး ၊ တကယ်တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ချင်တာမှမဟုတ်တာ ၊ အဲဒီအချိန်လာဘ်စားယင်လဲ သတင်းစာတွေ tv တွေမှာ ရေးလို့ရနေပြီလေ ။ ဒုတိယအကြိမ် ကျတော့ သူတို့ဖာသာ သူတို့ထွက်ကုန်ကြပါတယ် ။ နိုင်ငံရေးတကယ်လုပ်ချင်တ့ဲ ဗိုလ်ချုပ်တွေကျ တပ်ကထွက်ပြီး ၀င်အရွေးခံကြပါတယ် ။ ခုလက်ရှိသမတဟာ ဆူဟာတို လက်ထက်က ဗိုလ်ချုပ်ကြီးတစ်ဦးဆိုတာ သတိမှပြုမိကြရဲ့လားမသိဘူး ။


မြန်မာနိုင်ငံမှာလည်းဒီလိုဘဲပြောင်းလဲနိုင်ပါတယ် ။ ကျွန်တော့်အထင် လွှတ်တော်သက်တမ်း ၂ ကြိမ်အတွင်းမှာ ပြောင်းခွင့်မရှိ တော့ နောက်ပိုင်းမှာ စစ်တပ်က ပါ၀င်မှု % ကိုတဖြေးဖြေးလျှော့ချ သွားရပါမယ် ။ ကျွန်တော်တို့အားလုံး တစ်သဘောထဲရှိယင် ခု ကျွန််တော်တို့ ၇၅% ရနေပါပြီ ။ နောင်ဆယ်နှစ်အကြာမှာ လက်ရှိတပ်မတော်ထဲက အရာရှိငယ်တွေဟာ အင်ဒိုနီးရှားမှာလိုဘဲ စိတ်ကူးပြောင်းလာကြပါလိမ့်မယ် ။ ဘယ်ဟာအမှန်ဆိုတာ ကို မြင်လာကြပါလိမ့်မယ် ။ ခုလောလောဆယ်မှာတော့ ငွေကွယ်နေလို့ မမြင်သလိုဖြစ်နေတာနေမှာပါ ။


ခုချက်ချင်း ၁၀၀% လုံးရမှဆိုတာ သီအိုရီ အရမှန်ပါတယ် ။ လက်တွေ့မှာ ကိုယ်ကအောက် က ဆိုတာသတိထားရပါမယ် ။ ၁၀၀%ရမှဆိုပြီး စောင့်နေတာနဲ့တင် ၁၀ နှစ်ကျော်သွားယင် ဘယ်လိုလုပ်မလဲ ။ ရသလောက်ယူထားပြီးမှ ကျန်တာဆက်တောင်းယင် မဖြစ်ဘူးလား ။

နောက်တစ်ချက်က ကန့်ကွက်တဲ့ဘက် က စဉ်းစားကြည့်ပါတယ် ။ အခု အခြေခံဥပဒေဟာ စစ်တပ်စိတ်ကြိုက်ရေးဆွဲထားတာဖြစ်တယ် ။ သူတို့ဆက်အုပ်ချုပ်နိုင်ရေးအတွက် ရေးဆွဲထားတာဖြစ်တယ် ။ နေရာတိုင်းမှာ ၂၅%ယူထားတာ လုံး၀မတရားပါဘူး ။ အစောဆုံး ၁၀နှစ်ကြာမှ ဒီဥပဒေကိုပြင်နိုင်တော့ အဲဒီအချိန်မှာ ခုဗိုလ်ချုပ်တွေမရှိတော့လောက်ပါဘူး ။ တကယ့်နောက်ဆုံး ဥပဒေကြမ်း မှာ အခြေခံထဲက မပါတာလဲ ထပ်ဖြည့်ထားတယ်ဆိုပါတယ် ။ လက်ရှိ လူတွေကို ဥပဒေအရအရေးမယူနိုင်အောင် ကာကွယ်ထားတယ်ဆိုပါတယ် ။ ဘာတွေလုပ်ထားလို့ ဘာတွေကြောက်နေကြတာပါလိမ့် ။


နောက်ပြီး နိုင်ငံခေါင်းဆောင်ဟာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ဆိုထားပါတယ် ။ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေးတာနဲ့တင်အောက်နေပါပြီ ။ တကယ်က ဒီခေတ်ရဲ့ခေါင်းဆောင်ဟာ နိုင်ငံတကာ စီးပွားရေးအမြင်ရှိဖို့ အရေးအကြီးဆုံးပါ ။ လုံခြုံရေးကိုအဓိက စဉ်းစားနေတာနဲ့ဘဲ ဘာမှအလုပ်မဖြစ်တော့တာ များပါပြီ ။


ခုနှစ် ၂၀ အုပ်ချုပ်လာတာ တိုးတက်မှုနှေးကွေးလွန်းခ့ဲပါတယ် ။ မဆလ ခေတ်နဲ့ယှဉ်ပြီး အရမ်းတိုးတက်နေတယ်လို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့သူတွေ ဆက်အုပ်ချုပ်နေယင် တိုင်းပြည်ပိုမွဲဖို့ဘဲရှိပါတော့တယ် ။ မရှိတာထက် မသိတာခက်နေတ့ဲ လူတွေပါ ။ လာဘ်စားတာတောင် သူတို့လှမ်းအားကျ ဆရာတင်တဲ့ ဆူဟာတိုလို မစားတတ်ပါဘူး ။ရှိတာလေး ပိတ်လိုက် ဖွင့်လိုက် နဲ့လုပ်စားတတ်တာပါ ။ ဒီတော့ ဒီလိုလူမျိုးတွေကို ဆက်အုပ်ချုပ်ခွင့် ပေးလို့မဖြစ်ပါဘူး ။


ဒါပေမ့ဲ အရေးကြီးတာက ကန့်ကွက်ယင် ဘာဆက်လုပ်မယ်ဆိုတာ တစ်လုံးမျှဖေါ်ပြထားခြင်း မရှိပါဘူး ။ ဒီတော့ ကျွန်တော်လည်း ဘယ်ဖက်က ဆန္ဒပေးယင် ကောင်းမလဲ ? ။

XxXxXx

(Zawgyi version) 

Referendum နဲ႔ ပါတ္သက္လို႔ ကၽြန္္ေတာ္ ကိုယ္တိုင္ရဲ႕အေတြးေလးေတြ ေျပာျပခ်င္ပါေသးတယ္ ။ ပထမဦးဆံုး ေထာက္ခံတဲ့ဘက္က စ စဥ္းစားပါတယ္ ။ တကယ္က ဒီဥပေဒ စဆြဲတဲ့အခ်ိန္ ၁၉၉၃ ခုႏွစ္က အင္ဒိုနီးရွားႏိုင္ငံ ကိုတုျပီးေရးတာပါ ။ စစ္တပ္က ၂၅%ယူထားယင္ စိတ္ခ်ရျပီဆိုတ့ဲအေတြးနဲ႔ပါ ။ တကယ္တမ္းက်ေတာ့ ပထမအၾကိမ္ ပါလီမန္သက္တမ္းမွာတင္ တပ္က စစ္ဗိုလ္ေတြ ထြက္ခ်င္ေနပါျပီ ။ မလုပ္လိုေတာ့ပါဘူး ။ဗိုလ္ခ်ဳပ္ၾကီးေတြအုပ္ခ်ဳပ္စဥ္ကလို လာဘ္မွမရေတာ့ဘဲကိုး ၊ တကယ္တိုင္းျပည္ေကာင္းစားေရးအတြက္ လုပ္ခ်င္တာမွမဟုတ္တာ ၊ အဲဒီအခ်ိန္လာဘ္စားယင္လဲ သတင္းစာေတြ tv ေတြမွာ ေရးလို႔ရေနျပီေလ ။ ဒုတိယအၾကိမ္ က်ေတာ့ သူတို႔ဖာသာ သူတို႔ထြက္ကုန္ၾကပါတယ္ ။ ႏိုင္ငံေရးတကယ္လုပ္ခ်င္တ့ဲ ဗိုလ္ခ်ဳပ္ေတြက် တပ္ကထြက္ျပီး ၀င္အေရြးခံၾကပါတယ္ ။ ခုလက္ရွိသမတဟာ ဆူဟာတို လက္ထက္က ဗိုလ္ခ်ဳပ္ၾကီးတစ္ဦးဆိုတာ သတိမွျပဳမိၾကရဲ႕လားမသိဘူး ။

ျမန္မာနိုင္ငံမွာလည္းဒီလိုဘဲေျပာင္းလဲနိုင္ပါတယ္ ။ ကၽြန္ေတာ့္အထင္ လႊတ္ေတာ္သက္တမ္း ၂ ၾကိမ္အတြင္းမွာ ေျပာင္းခြင့္မရွိ ေတာ့ ေနာက္ပိုင္းမွာ စစ္တပ္က ပါ၀င္မႈ % ကိုတေျဖးေျဖးေလွ်ာ့ခ် သြားရပါမယ္ ။ ကၽြန္ေတာ္တို႔အားလံုး တစ္သေဘာထဲရွိယင္ ခု ကၽြန္္ေတာ္တို႔ ၇၅% ရေနပါျပီ ။ ေနာင္ဆယ္ႏွစ္အၾကာမွာ လက္ရွိတပ္မေတာ္ထဲက အရာရွိငယ္ေတြဟာ အင္ဒိုနီးရွားမွာလိုုဘဲ စိတ္ကူးေျပာင္းလာၾကပါလိမ့္မယ္ ။ ဘယ္ဟာအမွန္ဆိုတာ ကို ျမင္လာၾကပါလိမ့္မယ္ ။ ခုေလာေလာဆယ္မွာေတာ့ ေငြကြယ္ေနလို႔ မျမင္သလိုျဖစ္ေနတာေနမွာပါ ။

ခုခ်က္ခ်င္း ၁၀၀% လံုးရမွဆိုတာ သီအိုရီ အရမွန္ပါတယ္ ။ လက္ေတြ႕မွာ ကိုယ္ကေအာက္ က ဆိုတာသတိထားရပါမယ္ ။ ၁၀၀%ရမွဆိုျပီး ေစာင့္ေနတာနဲ႔တင္ ၁၀ နွစ္ေက်ာ္သြားယင္ ဘယ္လိုလုပ္မလဲ ။ ရသေလာက္ယူထားျပီးမွ က်န္တာဆက္ေတာင္းယင္ မျဖစ္ဘူးလား ။
ေနာက္တစ္ခ်က္က ကန္႔ကြက္တဲ့ဘက္ က စဥ္းစားၾကည့္ပါတယ္ ။ အခု အေျခခံဥပေဒဟာ စစ္တပ္စိတ္ၾကိဳက္ေရးဆြဲထားတာျဖစ္တယ္ ။ သူတို႔ဆက္အုပ္ခ်ဳပ္နိုင္ေရးအတြက္ ေရးဆြဲထားတာျဖစ္တယ္ ။ ေနရာတိုင္းမွာ ၂၅%ယူထားတာ လံုး၀မတရားပါဘူး ။ အေစာဆံုး ၁၀ႏွစ္ၾကာမွ ဒီဥပေဒကိုျပင္နိုင္ေတာ့ အဲဒီအခ်ိန္မွာ ခုဗိုလ္ခ်ဳပ္ေတြမရွိေတာ့ေလာက္ပါဘူး ။ တကယ့္ေနာက္ဆံုး ဥပေဒၾကမ္း မွာ အေျခခံထဲက မပါတာလဲ ထပ္ျဖည့္ထားတယ္ဆိုပါတယ္ ။ လက္ရွိ လူေတြကို ဥပေဒအရအေရးမယူနိုုင္ေအာင္ ကာကြယ္ထားတယ္ဆိုပါတယ္ ။ ဘာေတြလုပ္ထားလို႔ ဘာေတြေၾကာက္ေနၾကတာပါလိမ့္ ။

ေနာက္ျပီး နိုင္ငံေခါင္းေဆာင္ဟာ စစ္ေရးအေတြ႕အၾကံဳရွိရမယ္လို႔ဆိုထားပါတယ္ ။ ဒီေခတ္ၾကီးထဲမွာ ဒီလိုေတြးတာနဲ႔တင္ေအာက္ေနပါျပီ ။ တကယ္က ဒီေခတ္ရဲ႕ေခါင္းေဆာင္ဟာ နိုင္ငံတကာ စီးပြားေရးအျမင္ရွိဖို႔ အေရးအၾကီးဆံုးပါ ။ လံုျခံဳေရးကိုအဓိက စဥ္းစားေနတာနဲ႔ဘဲ ဘာမွအလုပ္မျဖစ္ေတာ့တာ မ်ားပါျပီ ။

ခုႏွစ္ ၂၀ အုပ္ခ်ဳပ္လာတာ တိုုးတက္မႈေႏွးေကြးလြန္းခ့ဲပါတယ္ ။ မဆလ ေခတ္နဲ႕ယွဥ္ျပီး အရမ္းတိုးတက္ေနတယ္လို႔ ကိုယ့္ကိုကိုယ္ထင္ေနတဲ့သူေတြ ဆက္အုပ္ခ်ဳပ္ေနယင္ တိုင္းျပည္ပိုမြဲဖို႔ဘဲရွိပါေတာ့တယ္ ။ မရွိတာထက္ မသိတာခက္ေနတ့ဲ လူေတြပါ ။ လာဘ္စားတာေတာင္ သူတို႔လွမ္းအားက် ဆရာတင္တဲ့ ဆူဟာတိုလို မစားတတ္ပါဘူး ။ရွိတာေလး ပိတ္လိုက္ ဖြင့္လိုက္ နဲ႔လုပ္စားတတ္တာပါ ။ ဒီေတာ့ ဒီလိုလူမ်ိဳးေတြကို ဆက္အုပ္ခ်ဳပ္ခြင့္ ေပးလို႔မျဖစ္ပါဘူး ။

ဒါေပမ့ဲ အေရးၾကီးတာက ကန္႔ကြက္ယင္ ဘာဆက္လုပ္မယ္ဆိုတာ တစ္လံုးမွ်ေဖၚျပထားျခင္း မရွိပါဘူး ။ ဒီေတာ့ ကၽြန္ေတာ္လည္း ဘယ္ဖက္က ဆႏၵေပးယင္ ေကာင္းမလဲ ? ။

18 April 2008

Earth Day

(Unicode version) 

ဒီအပါတ်ထဲ TV News မျာကြည့်လိုကိရပါတယ် ။ ကမ္ဘာပေါ်က မြိ့ုကြီး ၂၄ မြ့ိုမှာ earth day ဆိုပြီးကျင်းပကြပါတယ် ။ ကျင်းပပုံက သက်ဆိုင်ရာ မြိ့ုရ့ဲဒေသစံတော်ချိန် ည ၈နာရီကနေ ၉နာရီထိ light out ဆိုပြီး တစ်နာရီ မီးမှိတ်ကြပါတယ် ။ လျှပ်စစ်မီးတွေမှိတ်ပေမ့ဲ ဖယောင်းတိုင်မီးတွေ လက်နှိပ်ဓါတ်မီးတွေ ထွန်းပြီးပျှော်ပွဲ ရွှင်ပွဲတွေ ကျင်းပကြပါတယ် ။


ကျွန်တော်ရုတ်တရက် အ့ံသြမိပါတယ် ။ နောက်နေတယ်လည်း ထင်မိတယ် ။ လင်းနေတ့ဲ မီးတွေမှိတ်ပြီး အမှောင်ပွဲလုပ်ကြတယ် ။ ကားလမ်းမကြီးတွေ ရုတ်တရက် မီးမှိတ်လိုက်တော့ မော်တော်ကားမီးတွေဘဲ ကျန်ခ့ဲပါတယ် ။ တစ်ခြမ်းက ဝါပြီး ကျန်တစ်ခြမ်းက နီရဲလို့ပေါ့ ။


ကျွန်တော်တို့ရွှှေမြ့ိုတော်ကြီးမှာ တောင်ဥက္ကလာပ မြိ့ုသစ် နဲ့ မြောက်ဥက္ကလာပမြိ့ုသစ်ဆိုပြီး မြိ့ုတည်တာ ဒီနှစ်ထဲမှာ နှစ် ၅၀ ပြည့်ပါပြီ ။ ရွှေရတုသဘင် ဆိုပြီး အကြီးအကျယ်ကျင်းပသင့်တာပေါ့ ၊ အဲဒီလိုအကြီးအကျယ် ကျင်းပယင် Earth Day လည်းတစ်ခါထဲ တွဲကျင်းပသင့်ပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီ နှစ်၅၀ အတွင်း မီးမပျက်တ့ဲ လ တစ်လမှ မရှိခ့ဲလို့ပါဘဲ ။ မဟုတ်ပါဘူး ၊ sorry sorry ။ Earth Day ခဏခဏ ကျင်းပနေတာပါဗျာ ။ ။

XxXxXx

(Zawgyi version )

ဒီအပါတ္ထဲ TV News မ်ာၾကည့္လိုကိရပါတယ္ ။ ကမာၻေပၚက ျမိ့ဳၾကီး ၂၄ ျမ့ိဳမွာ earth day ဆိုျပီးက်င္းပၾကပါတယ္ ။ က်င္းပပံုက သက္ဆိုင္ရာ ျမိ့ဳရ့ဲေဒသစံေတာ္ခ်ိန္ ည ၈နာရီကေန ၉နာရီထိ light out ဆိုျပီး တစ္နာရီ မီးမွိတ္ၾကပါတယ္ ။ လၽွပ္စစ္မီးေတြမွိတ္ေပမ့ဲ ဖေယာင္းတိုင္မီးေတြ လက္ႏွိပ္ဓါတ္မီးေတြ ထြန္းျပီးေပၽွာ္ပဲြ ရႊင္ပြဲေတြ က်င္းပၾကပါတယ္ ။

ကၽြန္ေတာ္ရုတ္တရက္ အ့ံၾသမိပါတယ္ ။ ေနာက္ေနတယ္လည္း ထင္မိတယ္ ။ လင္းေနတ့ဲ မီးေတြမွိတ္ျပီး အေမွာင္ပြဲလုပ္ၾကတယ္ ။ ကားလမ္းမၾကီးေတြ ရုတ္တရက္ မီးမွိတ္လိုက္ေတာ့ ေမာ္ေတာ္ကားမီးေတြဘဲ က်န္ခ့ဲပါတယ္ ။ တစ္ျခမ္းက ၀ါျပီး က်န္တစ္ျခမ္းက နီရဲလို႔ေပါ့ ။

ကၽြန္ေတာ္တို႔ေရႊွျမ့ိဳေတာ္ၾကီးမွာ ေတာင္ဥကၠလာပ ျမိ့ဳသစ္ နဲ႔ ေၿမာက္ဥကၠလာပျမိ့ဳသစ္ဆိုျပီး ျမိ့ဳတည္တာ ဒီႏွစ္ထဲမွာ ႏွစ္ ၅၀ ျပည့္ပါျပီ ။ ေရႊရတုသဘင္ ဆိုျပီး အၾကီးအက်ယ္က်င္းပသင့္တာေပါ့ ၊ အဲဒီလိုအၾကီးအက်ယ္ က်င္းပယင္ Earth Day လည္းတစ္ခါထဲ တြဲက်င္းပသင့္ပါတယ္ ။ ဘာလို႔လဲဆိုေတာ့ အဲဒီ နွစ္၅၀ အတြင္း မီးမပ်က္တ့ဲ လ တစ္လမွ မရွိခ့ဲလို႔ပါဘဲ ။ မဟုတ္ပါဘူး ၊ sorry sorry ။ Earth Day ခဏခဏ က်င္းပေနတာပါဗ်ာ ။ ။

17 April 2008

CONSTITUTION-2

(Unicode version) 

ခုတလော ကျွန်တော့ခေါင်းထဲ ရောက်နေတ့ဲအကြောင်းပါဘဲ ။ ဒီလထုတ် LIVING COLOR မဂ္ဂဇင်းမှာလဲ မျက်နှာဖုံးဆောင်းပါးအဖြစ်ဖေါ်ပြထာားပါတယ် ။ လူငယ် ငါးယောက် ကို interview ထားတာပါ ။ သက်သက် ခေါ်အရှက်ခွဲထားသလားအောက်မေ့ရပါတယ် ။ စကားလုံးကြီးကြီးကျယ်ကျယ်တွေ သုံးပြီးဖြေထားပေမဲ့ တစ်ယောက်ကလွဲလို့ referendum နဲ့ election မကွဲကြပါဘူး ။ မဲ ပေးရမယ် ဆိုတာနဲ့ အတူတူဘဲအောက်မေ့နေတယ်ထင်ပါတယ် ။ ၁၉၇၂ မှာမွေးတဲ့ အကြီးဆုံးတောင် သူ ၁၈ နှစ် ပြည့်ပြီးကာစ မဲပေးဘူးတယ်ဆိုထားသေးတယ် ။ ကျန်လေးယောက်က မဲတစ်ခါမှ မပေးဘူးဘူးလေ ။ အငယ်ဆုံးတစ်ယောက်က ခု ဗျူးချိန်မှာတောင် ၁၈ နှစ်မပြည့်သေးပါဘူး ။

တစ်ယောက်ကလဲ သူများနိုင်ငံတွေဆို လေး ငါးနှစ်တစ်ခါပေးနေကြဆိုတော့ တဲ့ ၊ ဘယ်နိုင်ငံများ ခဏခဏ CONSTITUTION ရေးေနေပါလိမ့် ။ လူငယ်တွေ ဘဲမသိတာလားဆိုပြီး မေးကြည့်ပါ ။ လူကြီး ၉၉% ကလဲမသိပါဘူး ။ ကျွန်တော်လဲ အသေးစိတ်မသိပါဘူး ။ လူပြောများတာ နဲ့ ရေဒီယိုမှာ အများဆုံးကြားရတာက NLD ပါရေးမပါရေး ၊ စစ်တပ်က ၂၅% ယူထားမှု ၊ ဒါလောက်ဘဲ လူစိတ်၀င်စားကြတာပါ ။

အပြစ်ပြောစရာမရှိပါဘူး ။ မြန်မာ လူမျိုးတွေမှ မသိတာမဟုတ်ပါဘူး ။တခြားရောက်တုံး မိတ်ဆွေတွေကို မေးကြည့်တော့ တစ်ချို့ဆို သူတို့နိုင်ငံမှာ Constitution ရှိမရှိ တောင်မသိတဲ့သူတွေ့ရပါတယ် ။ ဒီကိစ္စ မျိုးက စိတ်၀င်စား တဲ့သူတွေနှဲ့ ဆိုင်သူတွေသာ ဆွေးနွေးရမှာပါ ။ နဲနဲစိတ်၀င်စားသူတေကွ သူတို့ဆွေးနွေးတာ နားထောင်ပြီး ကိုယ်ဖါ့သာကိုယ်ဆုံးဖြတ်ရမှာပါ ။ လုံး၀ စိတ်မ၀င်စားဖူးဆိုလဲ အလကား ကြောင်ရေချိုးနေတယ် တောင်ထင်ပါဦးမယ်ဗျာ ။ သူငယ်ချင်းကြီး ဦးမင်းသူ ဆိုယင်ပေါ့ ။

Constitution ကြီးထဲမှာ ပါတာတွေကို ထောက်ခံပါတယ် ဆိုသူကလဲ ဘာကြောင့်ဆိုတာ ရှင်းပြနိုင်ရပါမယ် ။ ဒီလိုဘဲ မထောက်ခံသင့်ဘူး ဆိုသူကလဲ ဘာကြောင့်ဆိုတာ ရှင်းပြရပါမယ် ။ ရှင်းပြခွင့်လဲ ရှိရပါမယ် ။ ဘယ်အချက် ဘယ်အချက်တွေကဖြင့် လူတစ်ဦး၊ လူတစ်ဖွဲ့ ကိုအားသာစေပါတယ် ၊ ဘယ်အချကိကဖြင့် ဘယ်သူကို ထိခိုက်စေပါတယ် ဆိုပြီးရှင်းပြခွင့်ရှိရမှာပေါ့် ။ အရေးအကြီးဆုံးက အလုံးစုံ [ perfect ] ပြည့်စုံတ့ဲ Constitution ဆိုတာ ကမ္ဘာပေါ်မှာမရှိနိုင်ပါဘူး။ ဘုရားဟောမှ မဟုတ်ဘဲဗျာ ။ ခုအချိန်မှာ သွေးထွက်အောင် မှန်ပေ့စေဦး တစ်ချိန်မှာ လွဲရမှာ နိယာမတရားပါဘဲ ။

၁၉၇၃ တုံးက အရမ်းအောင်မြင်ခဲ့တဲ့ အောင်ကိုလတ် ရဲ့ မဲရုံကိုသွားကြစို့ သီချင်းကိုလဲ ပြန်သုံးနေပါတယ် ။ ခေတ်အခြေအနေချင်း လုံး၀မတူတော့ပါဘူး ။ ၁၉၇၃ ခုကအတွေးအခေါ် အတိုင်းရှိပြီး ၁၉၇၃ ခုကို ပြန်တမ်းတနေယင် ၁၉၇၃ မှာဘဲကျန်ခဲ့ပါလိမ့်မယ် ။ ။

XxXxXx

(Zawgyi version) 


ခုတေလာ ကၽြန္ေတာ့ေခါင္းထဲ ေရာက္ေနတ့ဲအေၾကာင္းပါဘဲ ။ ဒီလထုတ္ LIVING COLOR မဂၢဇင္းမွာလဲ မ်က္ႏွာဖံုးေဆာင္းပါးအျဖစ္ေဖၚျပထာားပါတယ္ ။ လူငယ္ ငါးေယာက္ ကို interview ထားတာပါ ။ သက္သက္ ေခၚအရွက္ခြဲထားသလားေအာက္ေမ့ရပါတယ္ ။ စကားလံုးၾကီးၾကီးက်ယ္က်ယ္ေတြ သံုးျပီးေျဖထားေပမဲ့ တစ္ေယာက္ကလြဲလို႔ referendum နဲ႔ election မကြဲၾကပါဘူး ။ မဲ ေပးရမယ္ ဆိုတာနဲ႔ အတူတူဘဲေအာက္ေမ့ေနတယ္ထင္ပါတယ္ ။ ၁၉၇၂ မွာေမြးတဲ့ အၾကီးဆံုးေတာင္ သူ ၁၈ ႏွစ္ ျပည့္ျပီးကာစ မဲေပးဘူးတယ္ဆိုထားေသးတယ္ ။ က်န္ေလးေယာက္က မဲတစ္ခါမွ မေပးဘူးဘူးေလ ။ အငယ္ဆံုးတစ္ေယာက္က ခု ဗ်ဴးခ်ိန္မွာေတာင္ ၁၈ ႏွစ္မျပည့္ေသးပါဘူး ။
တစ္ေယာက္ကလဲ သူမ်ားႏိုင္ငံေတြဆို ေလး ငါးႏွစ္တစ္ခါေပးေနၾကဆိုေတာ့ တဲ့ ၊ ဘယ္ႏိုင္ငံမ်ား ခဏခဏ CONSTITUTION ေရးေေနပါလိမ့္ ။ လူငယ္ေတြ ဘဲမသိတာလားဆိုျပီး ေမးၾကည့္ပါ ။ လူၾကီး ၉၉% ကလဲမသိပါဘူး ။ ကၽြန္ေတာ္လဲ အေသးစိတ္မသိပါဘူး ။ လူေျပာမ်ားတာ နဲ႔ ေရဒီယိုမွာ အမ်ားဆံုးၾကားရတာက NLD ပါေရးမပါေရး ၊ စစ္တပ္က ၂၅% ယူထားမႈ ၊ ဒါေလာက္ဘဲ လူစိတ္၀င္စားၾကတာပါ ။
အျပစ္ေျပာစရာမရွိပါဘူး ။ ျမန္မာ လူမ်ိဳးေတြမွ မသိတာမဟုတ္ပါဘူး ။တျခားေရာက္တံုး မိတ္ေဆြေတြကို ေမးၾကည့္ေတာ့ တစ္ခ်ိဳ႕ဆို သူတို႔ႏိုင္ငံမွာ Constitution ရွိမရွိ ေတာင္မသိတဲ့သူေတြ႕ရပါတယ္ ။ ဒီကိစၥ မ်ိဳးက စိတ္၀င္စား တဲ့သူေတြနွဲ႔ ဆိုင္သူေတြသာ ေဆြးေႏြးရမွာပါ ။ နဲနဲစိတ္၀င္စားသူေတကြ သူတို႔ေဆြးေႏြးတာ နားေထာင္ျပီး ကိုယ္ဖါ့သာကိုယ္ဆံုးျဖတ္ရမွာပါ ။ လံုး၀ စိတ္မ၀င္စားဖူးဆိုလဲ အလကား ေၾကာင္ေရခ်ိဳးေနတယ္ ေတာင္ထင္ပါဦးမယ္ဗ်ာ ။ သူငယ္ခ်င္းၾကီး ဦးမင္းသူ ဆိုယင္ေပါ့ ။
Constitution ၾကီးထဲမွာ ပါတာေတြကို ေထာက္ခံပါတယ္ ဆိုသူကလဲ ဘာေၾကာင့္ဆိုတာ ရွင္းျပႏိုင္ရပါမယ္ ။ ဒီလိုဘဲ မေထာက္ခံသင့္ဘူး ဆိုသူကလဲ ဘာေၾကာင့္ဆိုတာ ရွင္းျပရပါမယ္ ။ ရွင္းျပခြင့္လဲ ရွိရပါမယ္ ။ ဘယ္အခ်က္ ဘယ္အခ်က္ေတြကျဖင့္ လူတစ္ဦး၊ လူတစ္ဖြဲ႔ ကိုအားသာေစပါတယ္ ၊ ဘယ္အခ်ကိကျဖင့္ ဘယ္သူကို ထိခိုက္ေစပါတယ္ ဆိုျပီးရွင္းျပခြင့္ရွိရမွာေပၚ့ ။ အေရးအၾကီးဆံုးက အလံုးစံု [ perfect ] ျပည့္စံုတ့ဲ Constitution ဆိုတာ ကမာၻေပၚမွာမရွိႏိုင္ပါဘူး။ ဘုရားေဟာမွ မဟုတ္ဘဲဗ်ာ ။ ခုအခ်ိန္မွာ ေသြးထြက္ေအာင္ မွန္ေပ့ေစဦး တစ္ခ်ိန္မွာ လြဲရမွာ နိယာမတရားပါဘဲ ။
၁၉၇၃ တံုးက အရမ္းေအာင္ျမင္ခဲ့တဲ့ ေအာင္ကိုလတ္ ရဲ႕ မဲရံုကိုသြားၾကစို႔ သီခ်င္းကိုလဲ ျပန္သံုးေနပါတယ္ ။ ေခတ္အေျခအေနခ်င္း လံုး၀မတူေတာ့ပါဘူး ။ ၁၉၇၃ ခုကအေတြးအေခၚ အတိုင္းရွိျပီး ၁၉၇၃ ခုကို ျပန္တမ္းတေနယင္ ၁၉၇၃ မွာဘဲက်န္ခဲ့ပါလိမ့္မယ္ ။ ။

11 April 2008

စိုင်းထီးစိုင်

(Unicode version )


ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ ဂျာနယ်များတွင် စိုင်းထီးစိုင်ကွယ်လွန်ကြောင်း ဓါတ်ပုံများနှင့် ေ၀ေ၀ဆာဆာ တွေ့ရသည် ။ အချို့ဆိုလျှင်မျက်နှာဖုံး သတင်းအဇြစ်ပင် တွေ့ရသည် ။ လုပ်စားသည်လို့တော့ ကျွန်တော်မပြောလိုပါ ။ ထင်ရှားသူ ကွယ်လွန်သဖြင့် သတင်းထူးအဖြစ် ရေးကြတာသာ ဖြစ်ပါလိမ့်မည် ။ ဖတ်၍ကောင်းသော်လည်း မကြိုက်တာ သဘောမတူတာလေးများ တွေ့ရပါသည် ။

ဂျာနယ်အမည်များ အတိအကျမမှတ်မိတော့ပါ ။ အများစုတွင် စိုင်းထီးစိုင်း ကို စိုင်းထီးစိုင် ဟုဖြစ်စေသည့် သီချင်းကိုအတိအကျ မရေးထားကြပါ ။ တချို့တွင် အလွန်နာမည်ကြီးခဲ့သည့် မောင့်လပြည့်၀န်း ဟုရေးထားသည်ကိုပင်တွေ့ရပါသည် ။ တကယ်က မန္တလေးရောက် ရှမ်းတယောက် ဖြစ်ရပါမည် ။ ဒီသီချင်းအရင် အခွေထွက်ခဲ့သော်လည်း နာမည်မကြီးသေးပါ ။ ဒီသီချင်းကြောင့် နာမည်ကြီးပြီးမှသာ အယင်သီချင်းများ ပြန်နားထောင်လာကြတာဖြစ်ပါသည် ။ ငါ့ဘ၀ ၊ ခြငေ်္သ့လည်ပြန် ၊ စိုင်းပြန်ရဦးမယ် တို့ပါသည် ဟုထင်ပါသည် ။ နှစ်များကြာခဲ့ပြီဖြစ်သဖြင့် အတိအကျ မမှတ်မိတော့ပါ ။

မောင့်လပြည့်၀န်း သည် နောက်မှ ထွက်သည့်အခွေတွင်ပါသည်ဟူ မှတ်မိပါသည် ။ ဦးမောင်ပြန်လာမှ verify လုပ်ရပါမည် ။ မောင့်လပြည့်၀န်း သည် ဗိုလ်ထီးဧ၊် MASTER PIECE သာဖြစ်ပါသည် ။ ဒီနေရာတွင် ကျွန်တော်နဲ့သီချင်း ပတ်သက်တာလေး ပြောပြချင်ပါသည် ။ ငယ်စဉ်က JAMES BOND ရုပ်ရှင် THUNDER BALL မှသီချင်း UNDERNEATH THE MANGO TREE ကို သံစဉ်အတိုင်းဖြီးဖြန်း၍ ဆိုပြလေ့ရှိသည်ဟု ပြောကြလေ့ရှိပါသည် ။ ကိုယ်တိုင် မှတ်မိသ၍ စဆိုသည့်သီချင်းမှာ တက္ကသိုလ် ထွန်းနောင် ဧ။် မာမီရယ်ရှာပေးကွယ် ရည်းစားလိိုချင်တယ် ဖြစ်ပါသည် ။ [ ယခုလည်း ဒီသဘော အတိုင်းရှိပါသေးသည် ၊ ဤကား စကားချပ် ။ ]

ပထမဆုံး သီချင်းစာသား ရေးမှတ်၍ အလွတ်ကျက်ဆိုသည့် သီချင်းမှာ မင်းမင်းလတ် ဧ။် ဖဲကြိုးဝါ နဲ့ ယုဇနပင် သီချင်းဖြစ်ပါသည် ။ ၇ တန်းတွင် ဗလာစာအုပ်နောက်ဆုံးမှာ ရေး၍ အလွတ်ရသည်အထိ ကျက်ဆိုခဲ့ကြပါသည် ။ စာရေးဆရာ သုမောင် အချစ်သစ်ပင် ၀ထၳုတွင် ရေးခဲ့သလို ORIGINAL သီချင်းကိုပင် နောက်မှ ခံစားနိုင်ခ့ဲပါသည် ။ ထိုအချိန်ထိ သီချင်းဆိုသူ နှင့် ရေးသူတစ်ယောက်စီဖြစ်နိုင်မှန်း သတိမထားခ့ဲမိပါ ။ မောင့်လပြည့်၀န်း သီချင်းနားထောင်မိတော့မှ စာသားကိုသတိပြုမိတော့သည် ။ ထိုသီချင်းမှ အစပြုကာ သီချင်းစာသားကို ခံစားတတ်၍ သီချင်းရေးသူ အလွန်အရေးကြီးမှန်း သတိပြုခဲ့မိသည် ။

ဗိုလ်ထီး အလွန်နာမည် ကြီးချိန်တွင် ဆေးမှုဖြင့် ထောင်ကျခဲ့ပါသည် ။ မြန်မာသတင်းစာများတွင် ဖေါ်ပြခြင်းမရှိဘဲ WORKING PEOPLES DAILY အဂ်လိပ် သတင်းစာတွင်သာဖေါ်ပြခ့ဲတာ မှတ်မိပါသည် ။ ပြန်ထွက်လာသောအခါ ပလက်ဖေါင်းမင်းသား အခွေဖြင့် စိုင်းထီးစိုင် ပြန်ဖြစ်ခ့ဲပါသည် ။ တေးရေး စိုင်းခမ်းလိတ် နှင့် မတွဲချိန်တွင် နာမည်ကျသွားပါတော့သည် ။ အချို့ဂျာနယ်များတွင် ဖေါ်ပြနိုင်ချင်း မရှိခ့ဲပါ ။

ဂျာနယ်တစ်စောင်တွင် ဗိုလ်ထီးနှင့် ခေတ်ပြိုင်အဆိုကျော် ဟုဆိုကာ ကိုင်ဇာ ကိုအင်တာဗျူး လုပ်ထားပါသည် ။ ဒီခေတ်မှ နှစ် ၃၀ ပြန်ကြည့်သော် ၃ ၄ နှစ် ဆိုသည်မှာ မသိသာသော်လည်း ထိုစဉ်ကတခြားစီဖြစ်ပါသည် ။ ဗိုလ်ထီး နှင့် ကိုင်ဇာ ၄ ၅ နှစ်ကွာပါလိမ့်မည် ။ အနည်းဆုံးပြောတာပါ ။ အရေးအကြီးဆုံးက တန်း အလွန်ကွာပါသည် ။ ဒဿန သီချင်းနှင့် ကလေး သီချင်း ဘာမျှမဆိုင်ပါ ။ အားနာစရာ တခြားစီသာဖြစ်ပါသည် ။

ပြန်စဉ်းစားကြည့်တော့ ယနေ့ ဂျာနယ်တွင်ရေးသူ အများစုမှာ ထိုစဉ်က မမွေးကြသေးဟုထင်ပါသည် ။ မောင့်လပြည့်၀န်း ပေါ်ချိန်က ၉ တန်းရောက်နေသော ကျွန်တော်ပင် အသေးစိတ် မမှတ်မိသဖြင့် ထိုအချိန်က အကြောင်းကို မှတ်မိနေသူများမှာ ၅၀ တန်းလောက်တော့ အနည်းလေးရှိနေကြပါပြီ ။ ပြန်တွေးကြည့်တော့ ခဏလေးလိုပါဘဲလား ။ ။

P.S [ ငါ့ဘ၀ သီချင်း စာသားကောင်းကြောင်း ထိုစဉ်က ရှင်းပြခဲ့သူ ဦးသိန်းစိုး အား ကျေးဇူးတင်နေပါသေးသည် ။]

XxXxXx

(Zawgyi version) 


ကၽြန္ေတာ္ ရန္ကုန္ျပန္ေရာက္ေတာ့ ဂ်ာနယ္မ်ားတြင္ စိုင္းထီးစိုင္ကြယ္လြန္ေၾကာင္း ဓါတ္ပံုမ်ားႏွင့္ ေ၀ေ၀ဆာဆာ ေတြ႔ရသည္ ။ အခ်ိဳ႕ဆိုလွ်င္မ်က္ႏွာဖံုး သတင္းအျဇစ္ပင္ ေတြ႔ရသည္ ။ လုပ္စားသည္လို႔ေတာ့ ကၽြန္ေတာ္မေျပာလိုပါ ။ ထင္ရွားသူ ကြယ္လြန္သျဖင့္ သတင္းထူးအျဖစ္ ေရးၾကတာသာ ျဖစ္ပါလိမ့္မည္ ။ ဖတ္၍ေကာင္းေသာ္လည္း မၾကိဳက္တာ သေဘာမတူတာေလးမ်ား ေတြ႔ရပါသည္ ။
ဂ်ာနယ္အမည္မ်ား အတိအက်မမွတ္မိေတာ့ပါ ။ အမ်ားစုတြင္ စိုင္းထီးစိုင္း ကို စိုင္းထီးစိုင္ ဟုျဖစ္ေစသည့္ သီခ်င္းကိုအတိအက် မေရးထားၾကပါ ။ တခ်ိဳ႕တြင္ အလြန္နာမည္ၾကီးခဲ့သည့္ ေမာင့္လျပည့္၀န္း ဟုေရးထားသည္ကိုပင္ေတြ႔ရပါသည္ ။ တကယ္က မႏၲေလးေရာက္ ရွမ္းတေယာက္ ျဖစ္ရပါမည္ ။ ဒီသီခ်င္းအရင္ အေခြထြက္ခဲ့ေသာ္လည္း နာမည္မၾကီးေသးပါ ။ ဒီသီခ်င္းေၾကာင့္ နာမည္ၾကီးျပီးမွသာ အယင္သီခ်င္းမ်ား ျပန္နားေထာင္လာၾကတာျဖစ္ပါသည္ ။ ငါ့ဘ၀ ၊ ျခေသၤ့လည္ျပန္ ၊ စိုင္းျပန္ရဦးမယ္ တို႔ပါသည္ ဟုထင္ပါသည္ ။ ႏွစ္မ်ားၾကာခဲ့ျပီျဖစ္သျဖင့္ အတိအက် မမွတ္မိေတာ့ပါ ။
ေမာင့္လျပည့္၀န္း သည္ ေနာက္မွ ထြက္သည့္အေခြတြင္ပါသည္ဟူ မွတ္မိပါသည္ ။ ဦးေမာင္ျပန္လာမွ verify လုပ္ရပါမည္ ။ ေမာင့္လျပည့္၀န္း သည္ ဗိုလ္ထီးဧ၊္ MASTER PIECE သာျဖစ္ပါသည္ ။ ဒီေနရာတြင္ ကၽြန္ေတာ္နဲ႔သီခ်င္း ပတ္သက္တာေလး ေျပာျပခ်င္ပါသည္ ။ ငယ္စဥ္က JAMES BOND ရုပ္ရွင္ THUNDER BALL မွသီခ်င္း UNDERNEATH THE MANGO TREE ကို သံစဥ္အတိုင္းျဖီးျဖန္း၍ ဆိုျပေလ့ရွိသည္ဟု ေျပာၾကေလ့ရွိပါသည္ ။ ကိုယ္တိုင္ မွတ္မိသ၍ စဆိုသည့္သီခ်င္းမွာ တကၠသိုလ္ ထြန္းေနာင္ ဧ။္ မာမီရယ္ရွာေပးကြယ္ ရည္းစားလိိုခ်င္တယ္ ျဖစ္ပါသည္ ။ [ ယခုလည္း ဒီသေဘာ အတိုင္းရွိပါေသးသည္ ၊ ဤကား စကားခ်ပ္ ။ ]
ပထမဆံုး သီခ်င္းစာသား ေရးမွတ္၍ အလြတ္က်က္ဆိုသည့္ သီခ်င္းမွာ မင္းမင္းလတ္ ဧ။္ ဖဲၾကိဳး၀ါ နဲ႔ ယုဇနပင္ သီခ်င္းျဖစ္ပါသည္ ။ ၇ တန္းတြင္ ဗလာစာအုပ္ေနာက္ဆံုးမွာ ေရး၍ အလြတ္ရသည္အထိ က်က္ဆိုခဲ့ၾကပါသည္ ။ စာေရးဆရာ သုေမာင္ အခ်စ္သစ္ပင္ ၀ထၳဳတြင္ ေရးခဲ့သလို ORIGINAL သီခ်င္းကိုပင္ ေနာက္မွ ခံစားႏိုင္ခ့ဲပါသည္ ။ ထိုအခ်ိန္ထိ သီခ်င္းဆိုသူ နွင့္ ေရးသူတစ္ေယာက္စီျဖစ္ႏိုင္မွန္း သတိမထားခ့ဲမိပါ ။ ေမာင့္လျပည့္၀န္း သီခ်င္းနားေထာင္မိေတာ့မွ စာသားကိုသတိျပဳမိေတာ့သည္ ။ ထိုသီခ်င္းမွ အစျပဳကာ သီခ်င္းစာသားကို ခံစားတတ္၍ သီခ်င္းေရးသူ အလြန္အေရးၾကီးမွန္း သတိျပဳခဲ့မိသည္ ။
ဗိုလ္ထီး အလြန္နာမည္ ၾကီးခ်ိန္တြင္ ေဆးမႈျဖင့္ ေထာင္က်ခဲ့ပါသည္ ။ ျမန္မာသတင္းစာမ်ားတြင္ ေဖၚျပျခင္းမရွိဘဲ WORKING PEOPLES DAILY အဂ္လိပ္ သတင္းစာတြင္သာေဖၚျပခ့ဲတာ မွတ္မိပါသည္ ။ ျပန္ထြက္လာေသာအခါ ပလက္ေဖါင္းမင္းသား အေခြျဖင့္ စိုင္းထီးစိုင္ ျပန္ျဖစ္ခ့ဲပါသည္ ။ ေတးေရး စိုင္းခမ္းလိတ္ ႏွင့္ မတြဲခ်ိန္တြင္ နာမည္က်သြားပါေတာ့သည္ ။ အခ်ိဳ႕ဂ်ာနယ္မ်ားတြင္ ေဖၚျပႏိုင္ခ်င္း မရွိခ့ဲပါ ။
ဂ်ာနယ္တစ္ေစာင္တြင္ ဗိုလ္ထီးႏွင့္ ေခတ္ျပိဳင္အဆိုေက်ာ္ ဟုဆိုကာ ကိုင္ဇာ ကိုအင္တာဗ်ဴး လုပ္ထားပါသည္ ။ ဒီေခတ္မွ ႏွစ္ ၃၀ ျပန္ၾကည့္ေသာ္ ၃ ၄ ႏွစ္ ဆိုသည္မွာ မသိသာေသာ္လည္း ထိုစဥ္ကတျခားစီျဖစ္ပါသည္ ။ ဗိုလ္ထီး ႏွင့္ ကိုင္ဇာ ၄ ၅ ႏွစ္ကြာပါလိမ့္မည္ ။ အနည္းဆံုးေျပာတာပါ ။ အေရးအၾကီးဆံုးက တန္း အလြန္ကြာပါသည္ ။ ဒႆန သီခ်င္းနွင့္ ကေလး သီခ်င္း ဘာမွ်မဆိုင္ပါ ။ အားနာစရာ တျခားစီသာျဖစ္ပါသည္ ။
ျပန္စဥ္းစားၾကည့္ေတာ့ ယေန႔ ဂ်ာနယ္တြင္ေရးသူ အမ်ားစုမွာ ထိုစဥ္က မေမြးၾကေသးဟုထင္ပါသည္ ။ ေမာင့္လျပည့္၀န္း ေပၚခ်ိန္က ၉ တန္းေရာက္ေနေသာ ကၽြန္ေတာ္ပင္ အေသးစိတ္ မမွတ္မိသျဖင့္ ထိုအခ်ိန္က အေၾကာင္းကို မွတ္မိေနသူမ်ားမွာ ၅၀ တန္းေလာက္ေတာ့ အနည္းေလးရွိေနၾကပါျပီ ။ ျပန္ေတြးၾကည့္ေတာ့ ခဏေလးလိုပါဘဲလား ။ ။
P.S [ ငါ့ဘ၀ သီခ်င္း စာသားေကာင္းေၾကာင္း ထိုစဥ္က ရွင္းျပခဲ့သူ ဦးသိန္းစိုး အား ေက်းဇူးတင္ေနပါေသးသည္ ။]

05 April 2008

SNOW AND ME


(Unicode version)

ကျွန်တော် BLOG ရေးဖို့ အတန်ကြာ ပျက်ကွက်နေပါတယ် ။ ခရီးသွားနေရလို့ပါ ။ ၁၉၈၅ ခု လောက်ကတည်းက သိချင်ခဲ့တ့ဲ ပြင်သစ်ကိုရောက်ခ့ဲတာပါ ။ အဲဒီခရီးစဉ်မှာ ပထမဆုံးအနေနဲ့

နှင်းကိုမြင်ဖူးခဲ့ပါတယ် ။ အမှတ်တရ အနေနဲ့ ခြေချခဲ့ ပုံလေးရိုက်ထားတာပါ ။

XxXxXx

(Zawgyi version) 

ကြၽန္ေတာ္ BLOG ေရးဖို႔ အတန္ၾကာ ပ်က္ကြက္ေနပါတယ္ ။ ခရီးသြားေနရလို႔ပါ ။ ၁၉၈၅ ခု ေလာက္ကတည္းက သိခ်င္ခဲ့တ့ဲ ျပင္သစ္ကိုေရာက္ခ့ဲတာပါ ။ အဲဒီခရီးစဥ္မွာ ပထမဆံုးအေနနဲ႔
ႏွင္းကိုျမင္ဖူးခဲ့ပါတယ္ ။ အမွတ္တရ အေနနဲ႔ ေျခခ်ခဲ့ ပံုေလးရိုက္ထားတာပါ ။