Showing posts with label ရယ်စရာ. Show all posts
Showing posts with label ရယ်စရာ. Show all posts

02 March 2025

ဒေါ်နွယ်ထွမ့်အဖြစ်တွေ၊

ဒေါ်နွယ်ထွမ်း သံပဒတ် ဖြစ်တာ တလကျော်လာပြီ။ ယူတုကတဆင့်ကြည့်တဲ့ သတင်းတွေမှာ သတိထားမိတာတခုရှိတယ်။ သူရဲ့အင်တာဗျူးတွေ မေးခွန်းအဖြေတွေမှာ အရင်သံပဒတ်ဟောင်း ဘိုင်ဒဲန်ကို ထည့်ထည့်ပြောလေ့ရှိတယ်။ နာမည်တပ်ပြီးတော့ကို မကောင်းကြောင်း ပြောလေ့ရှိတယ်။ . ဘိုင်ဒဲန်က ထူးချွန်တဲ့သမတ မဟုတ်ခဲ့ပါ။ သို့သော် ဟိုးအရင် သမတအဆက်ဆက်လည်း ပြုတ်သွားပြီဖြစ်တဲ့ သမတဟောင်းတွေကို နာမည်ခေါ်ပြီး ဒီလိုနာနာကျည်းကျည်း အပစ်တင် ပြောတာမျိုး မကြားဘူးပါ။ မသကာ ''အရင်အစိုးရ'' ဆိုပြီး သုံးတာမျိုးဘဲ တွေ့ဘူးတယ်။ မိမိက လက်ရှိသမတဖြစ်နေပြီဆိုတော့ လုပ်စရာရှိ လုပ်သွားကြတာဘဲ။ . ခု ဒေါ်နွယ်ထွမ့်ကျမှ ဘိုင်ဒဲန်ကို အညှိုးတကြီး ထည့်ထည့်ပြောနေတာ သတိထားမိတာ။ ဒါနဲ့ ဘာကြောင့်များလည်း စဥ်းစားကြည့်တော့ ဖြစ်နိုင်တာ သွားတွေ့တယ်။ . ဒေါ်နွယ်ထွမ်းက ဘိုင်ဒဲန်ကို မဲရှုံးလို့ သမတပြုတ်ခဲ့တာ၊ ဘိုင်ဒဲန်က ဒေါ်နွယ်ထွမ်းကို မရှုံးဘူးဘူး။ သူ့ဖာသာ မပြိုင်တော့လို့ နားသွားရတာ။ ဒီအဖြစ်ကို အညှိုးကြီးဟန်တူတဲ့ ဒေါ်နွယ်ထွမ်း အခဲကြေဟန်မတူ။ ရှုံးခဲ့တဲ့ လွန်ခဲ့တဲ့ လေးနှစ်ကလည်း အေးဆေးအရှုံးပေးခဲ့တာ မဟုတ်ဘဲ ပြဿနာတွေရှာခဲ့သေးတာ။ ဘယ်လိုမှမရလို့သာ သမတကနေ ထွက်ပေးလိုက်ရတာကိုး။ . ဒီတော့ အညှိုးထားဟန်ရှိတယ်။ နောက်တကြိမ်ပြန်ပြိုင်လို့ ငါပြန်နိုင်ရင် အပြတ်သိပ်မယ်လို့ တေးထားလိမ့်မယ်။ သို့သော် အခြေအနေတွေက သမတသာဖြစ်လာတယ်။ ဘိုင်ဒဲန်ကို မနိုင်လိုက်ရဘူး။ ဒီတသက်လည်း နိုင်ဘူးတော့မှာ မဟုတ်။ . ငယ်ငယ်က ကလေးတွေ စကားအနိုင်ယူပြောသလို ပြောရရင် ''ထွမ့်ရာ၊ မင်းသမတသာ ပြန်ဖြစ်တာပါ၊ ငါ့ကိုမနိုင်ဘူးပါဘူး။ ငါကသာ မင်းကိုနိုင်ပြီး သမတဖြစ်ခဲ့တာကွ'' ဆို ဒေါ်နွယ်ထွမ်း ဒေါသအချောင်းချောင်း ထွက်နေမှာဘဲ။ . ပိုဆိုးတာက gender ခွဲတာ မဟုတ်ပေမယ့် ဗမာဆန်ဆန် စကားနိုင်လု ပြောလို့ရတာ ရှိသေးတယ်။ ''ဒေါ်နွယ်ထွမ်းရာ၊ မင်းသမတရွေးပွဲမှာ နိုင်ဘူးတာ ဒီမိုကရက်အမတွေကိုသာ နိုင်ဘူးတာပါကွ၊ ဒီမိုကရက်အထီးတွေကို မင်း တခါမှ မနိုင်ဘူးပါဘူးကွာ'' လို့စ်။

05 March 2021

ဖေ့ဘုတ်ပေါ်မှ ဂျင်းစစ်ပွဲများ


 



စစ်အာဏာသိမ်းတာ ၃၃ရက် ရှိလာပြီ။ စစ်အာဏာသိမ်းမှုကို ဆန္ဒပြတာ အပြင်မှာ ပြင်းထန်နေသလို ဖေ့ဘုတ်ပေါ်မှာလည်း ပြင်းထန်တယ်။ နှစ်ဖက် သတင်းပို့စ်တွေ များလွန်းလို့ ဘယ်ဟာအမှန်လည်း အတိအကျ သိဖို့ရာ မလွယ်ကူတော့။ ဖေ့ဘုတ်ပေါ်မှာ ဆန္ဒပြတဲ့အဆင့်မက စစ်ဖြစ်နေကြပြီ။

.

ဖေ့ဘုတ်မှာ ဒီခေတ်အခေါ် ဂျင်းသတင်းတွေက များလွန်းတယ်။ နှစ်ဖက်လုံးက ဆိုက်ဝါးအတွက် တမင်တင်တာရှိသလို နောက်ပြောင်တဲ့အနေနဲ့တင်ရင်း ပြန့်သွားတွေကလည်း များတယ်။ မိမိဖြစ်စေချင်တဲ့သတင်းတွေ့ရင် မှန်မှားမစဥ်းစားဘဲ ရှယ်လိုက်တော့တာဘဲ။ ပြီးခဲ့တဲ့ ၂၀၂၀အတွင်းမှာကို တရုပ်နဲ့အမေရိကား စစ်ဖြစ်နေတာ ဘယ်နှစ်ကြိမ်မှန်း မသိတော့။

.

ဆိုက်ဝါးသတင်းတွေကို တကယ်ထင်ပြီး ဖေ့ဘုတ်ပေါ်ရှယ်ကြ၊ မက်ဆင်ဂျာက ပို့ကြတာတွေလည်း မနည်းဘူး။ # ခံပြီး အင်အားပြကြပါဆိုလည်း ရှယ်ပေးကြတယ်။ အရေးကြီးလို့ပါ၊ ဆယ်မိနစ်ဘဲ လိုပါတော့တယ်ဆိုပြီး ရှယ်ကြတာတွေ တွေ့ကြမှာပါ။ အပစ်ပြောတာမဟုတ်၊ ဖြစ်နေတာတွေ ပြောပြတာ။

.

ကိုမင်းကိုနိုင်ပြောပြီဆိုတာတွေလည်း မနည်းမနောဘဲ။ တချို့က ဆိုက်ဝါးဖြစ်နိုင်တယ်။ လူတွေ လမ်းပေါ်မထွက်အောင်၊ လမ်းမှာကြွေးတာတွေ မစားရဲအောင်၊ အလကားပြန်ပို့တဲ့ ကားတွေမစီးရဲအောင် အထိဘဲ။ စေတနာအမှန်နဲ့ ဒုက္ခရောက်မှာ စိုးရိမ်တာရယ်၊ အခြေအနေမှန် စုံစမ်းဖို့မလွယ်တာရယ်၊ သံသယရှိပေမယ့်လည်း အမှန်ဖြစ်နေမှာ စိုးတာရယ်တွေကြောင့်ဘဲ ရှယ်ကြတော့တာဘဲ။

.

မှန်ကန်တဲ့သတင်းဘဲ တင်နိုင်ရင် ကောင်းတယ်ဆိုပေမယ့် မဖြစ်နိုင်လောက်ဘူး။ ကိုယ့်ဘက်က အမှန်ဘဲတင်ပေမယ့် ဟိုဘက်ကဆိုက်ဝါးသတင်း မိမှာလည်း စိုးရိမ်ကြမှာဘဲ။ သတင်းပို့စ်တခုမြင်ရင် မှန်တယ်ထင်လို့၊ သံသယရှိသော်လည်း စစ်ဖို့အခြေအနေမပေးလို့၊ ကိုယ်ဖြစ်စေချင်နေတဲ့ သတင်းဖြစ်လို့ ရှယ်မိကြမှာပါ။ တချို့ပို့စ်ဆို ဂျင်းမှန်းသိပေမယ့် ရယ်စရာလုပ်ပြီးရှယ်လိုက်တာ တချို့က တကယ်ထင်သွားတာ ဘယ်သိနိုင်ပါ့မလဲ။ 

.

ပိုပြီးထိရောက်မှုရှိသလို ပိုဆိုးတာက copy&paste ကြောင့်ဘဲ။ စတုံးက မူရင်းပို့စ်ကို ခြေရာမခံမိအောင် လုပ်ခဲ့တာ။ နောက်ပိုင်းတော့ အတော်များများကို လုပ်ကုန်ပြီ၊၊ သတိထားမိရင် လွန်ခဲ့သော နှစ်ရက်ခန့်က ပို့စ်ကို အခုမှ ဆယ်မိနစ်အတွင်းဖြန့်ပါဆိုပြီး ရှယ်သူတွေလည်း တွေ့မှာပါ။ တတ်နိုင်ဘူးလေ။ သူ့ဆီမှာ အခုမှပေါ်တာကိုး။ ဒီတော့ အခုမှ ရှယ်လိုက်ရတာပေါ့။

.

တချို့ကလည်း ဒီလိုဖြစ်နေတာ စေတနာနဲ့ မလုပ်ကြဖို့တားတယ်။ တချို့က အပစ်တင်တယ်။ ဒါပေမယ့် လျော့သွားတယ်လို့ မထင်မိပါဘူး။ လူတယောက်ရဲ့အကောင့်ကို အဲဒီလူဘဲပိုင်တာမို့ သူကြိုက်တာလုပ်မှာဘဲ။ ကိုယ်ကမမြင်ချင် ဟိုက်ထား၊ ဘလောက်ထားဖို့ဘဲရှိတယ်။ မတ်ဇူကာဘတ်နဲ့ အင်တာနက်ဆားဗစ်ကုမ္ပဏီတွေကတော့ ဝင်ငွေများလာလို့ ကြေနပ်နေမယ် ထင်တယ်။ စိတ်ကျဥ်းကြပ်နေတဲ့ ပြည်သူတွေလည်း ဖေ့ဘုတ်ပေါ်မှာ ဖွင့်လိုက်ရလို့ ပြေသွားမယ်ထင်တာဘဲ။ ရေစီးကြောင်းကြီးကို တားဖို့မလွယ်ဘူးလေ။

.

ခေတ်မီသွားအောင် ဒီပို့စ်ကိုလည်း # လေးတွေနဲ့ ပိတ်ပါရစေ။

#crd

#HearTheVoiceOfMyanmar 

#WhatsHappeningInMyanmar 

#JusticeForMyanmar 

#CivilDisobedienceMovement

#WeSupportCRPH 

#RejectMilitaryCoup


08 April 2020

UK in Myanmar သို့ပေးစာ၊



UK in Myanmar တို့

ကျနုပ် ဆာဟင်နရီဂွတိုနှင့် ဇနီးမဒမ် လေဒီမိတုပ်တို့ အင်္ဂလန်ဘောပွဲများအားပေးရန် တည်ထောင်ထားသော #ဗြိတိသျှဖွတ်ဘောကမ်ပိန်း(မြန်မာပြည်) မှ ကြေငြာပါသည်။

   ယနေ့ကမ္ဘာပေါ်တွင် မြန်မာတွေကြောက်ရသော ဦးပိုင်ထက်ဆိုးသော ကိုဗစ်ဆိုသူသောင်းကျန်းနေတာ ကြားသိကြမှာပါ။ ကိုဗစ်ကြောင့် ဘောပွဲတွေရပ်ထားရလို့ ဗီဒီယိုရုံပိုင်ရှင် လေဒီမိတုပ်လဲ ဝင်ငွေမရှိဖြစ်နေပြီ။

   ပို၍ဆိုးသည်မှာ ဒီရောဂါ မြန်မာပြည်ထဲမပြန့်ဖို့ဘဲ။ ဆေးရုံဆေးခန်း၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းလှပါရဲ့ ပြည့်စုံလှပါရဲ့ဆိုတဲ့ သူတို့အင်္ဂလန်ပြည်မှာ လူသောင်းချီရောဂါကူးပြီး လူငါးထောင်ကျော်သေဆုံးခဲ့ပြီ။ ကြည့်ရတာ ဆေးတွေပြည့်စုံသော်လည်း အင်္ဂလိပ်တွေ အနေအထိုင် ညစ်ပတ်ကြဟန်တူရဲ့။ သူတို့ဝန်ကြီးချုပ်ပင် ဆေးရုံတက်နေရပြီတဲ့။

ဒီအင်္ဂလိပ်တွေ အလာခံလို့ မဖြစ်ဘူး။ အင်္ဂလိပ်တွေ မပြောနဲ့၊ ခုရက်ပိုင်း မြန်မာပြည်ထဲ ရောဂါရှိသူတွေ့တာ နှစ်ယောက်က အင်္ဂလန်ပြန်တဲ့။

   ဒါကြောင့် ရွာသားတို့ မိမိအသင်းကို ဘယ်လောက်အားပေးကြစေကာမူ ဘောသမားများကို အိမ်လည်မခေါ်ကြပါနဲ့။ မဖိတ်ကြပါနဲ့။ ဘောသမားတွေလည်း ကူးနေလောက်ပြီ။

''ဘယ့်နှယ်အေ၊ အင်္ဂလိပ်တွေ ညစ်ပတ်တာသေချာတယ်။ ဘုရင်မကြီးသား အိမ်ရှေ့စံမင်းသားတောင် ကူးနေပြီတဲ့၊ ဒီမှာသာဆို မင်းသားကို ဖူးဖူးမှုတ်ထားမှာလို့'' မိတုပ်ကတောင် ပြောနေပြီ။

   သတိပေးလိုသည်မှာ ရောဂါပျောက်ပြီး ဘောပွဲများပြန်စလို့ အားပေးချင်ရင်တောင် တီဗီနဲ့ခြောက်ပေအကွာမှသာ အားပေးကြရန် #ဗြိတိသျှဖွတ်ဘောကမ်ပိန်း(မြန်မာပြည်) မှ ထပ်ဆင့်သတိပေးလိုက်သည်။ အင်္ဂလိပ်တွေ အားကြီးညစ်ပတ်တယ်။ 

08 February 2020

သင် ဘယ်ကဆင်းသက်လာတာလဲ









မြန်မာလူမျိုးတွေ ရှေးကဆင်းသက်လာပုံနဲ့ ပတ်သက်လို့ ကွဲပြားမှုတွေ ရှိပါတယ်။ တချို့က မဟာသာကီဝင်တွေဘက်က ဆင်းသက်လာတယ်။ ကူးလာသူများပေါ့။
.
တချို့က မဟာဂန္တရဇ်ဘက်က ဆင်းလာတာတဲ့။ တရုပ်ပြည်ဘက်ကပေါ့။ တချို့က ကော့ကေးရှန်းအဆက်ဆိုဘဲ။ တချို့ကတော့ ကမ္ဘာပေါ်မှာ လူအရင်ဖြစ်တာ မြန်မာပြည်ကကွ လုပ်ဖို့ကြိုးစားနေတုံး။
.
အဲဒါကို ဆွေးနွေးငြင်းခုန်မလို့ မဟုတ်ပါဘူး။ သတင်းတခု ဖတ်ရလို့ပါ။ ဝူဟန်ကပြန်လာတဲ့ အန္ဒိယနိုင်ငံသား ခြောက်ရာကျော်စစ်တာ တယောက်မှ မဗိုင်းရပ်စ်ဘူးတဲ့။ ဒီဗိုင်းရပ်စ်က တရုပ်သွေးမှ ချိုတယ်ထင်လားမသိဘူး။ အဲ့ဒါပြောချင်တာပါ။
.
ကိုယ့်ဖာသာကိုယ် ဘယ်ဘက်ကဆင်းသက်တဲ့မြန်မာလည်း ပြန်ဆန်းစစ်ထားကြဦးနော်။

24 September 2018

ရယ်ရတ့ဲ သတင်းစာရှင်းပွဲ







(Unicode version )

ဖွတ်တွေက ရယ်စရာပြောတတ်တယ်။ ပြောရေးဆိုခွင့်ရှိသူဆို အ့ဲလိုလူတွေ ရွေးခန့်သလား ထင်ရတယ်။

.

မနေ့က ဒီဗီဘီသတင်းမှာ ဖွတ်သတင်းစာရှင်းလင်းပွဲ ကြည့်လိုက်ရပါတယ်။ ပြောနေကျ နံတာလှမြင့် မဟုတ်ဘူး။ သူ့ထက် ပိုနံတ့ဲသူ။ ပိုဟားရတာပေါ့။

.

တရားစွဲခံရတ့ဲ ရွှေဘိုခရိုင် ဖွတ်ကြီး တရားစွဲတ့ဲသူတွေကို ပြန်အရေးယူလို့ရသတ့ဲ။ အကြောင်းက ရွှေဘိုဖွတ်ကြီး ဒေါ်စုနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မမှန်သတင်းတွေကို ဖေ့ဘုတ်ပေါ်လည်း မတင်ဘူး၊ စာရွက်စာတမ်းလည်း မရေးဘူး။ လူ၄၀လောက်ရှိတ့ဲ ကိုယ့်အချင်းချင်းစကားဝိုင်းမှာဘဲ ပြောခ့ဲတာ။ သူတို့ချင်း အတွင်းစကားကို ရဲတွေက သူတို့ကိုနောက်ယောင်ခံလိုက်လို် သိတာဘဲ။ ဝရမ်းမပါဘဲ နောက်ယောင်ခံမှုနဲ့ ပြန်တရားစွဲလို့ ရသတ့ဲဗျ။

.

တော်တော်ရယ်ရတ့ဲမောင်၊ ကိုယ့်စကား ဘယ်ရောက်မှန်းမသိ။ ပထမအချက်က ဒီစကားတွေ ပြောခ့ဲတာ တရားဝင်ဝန်ခံသလို ဖြစ်သွားပြီ။ တကယ်က ဘယ်မှာမှ မပြောခ့ဲဘူးကြောင်း ရှင်းရမှာ။

.

ဒုတိယအချက်က အ့ဲဒီစကားဝိုင်း လူ၄၀ထဲမှာ သတင်းပေးသူ ရှိနေနိုင်တာဘဲ။ များသောအားဖြင့် ဖွတ်တွေက ပိုက်ဆံနဲ့စည်းရုံးခ့ဲတော့ ပိုပေးသူရှိလို့ သတင်းပေးလိုက်တာ ဖြစ်နိုင်တာဘဲ။

.

မစဉ်းစားဘဲ ရှင်းတော့ ပိုဂွမ်းပြန်ပြီပေါ့။ ထူးရက်နဲ့ မဆန်းပါဘူးလေ။ ဒါ့ကြောင့်မို့လည်း ဒီလူတွေ ဖွတ်ဖြစ်နေတာဘဲ။

XxXxXx

(Zawgyi version)

ဖြတ္ေတြက ရယ္စရာေျပာတတ္တယ္။ ေျပာေရးဆိုခြင့္႐ွိသူဆို အ့ဲလိုလူေတြ ေရြးခန္႔သလား ထင္ရတယ္။
.
မေန႔က ဒီဗီဘီသတင္းမွာ ဖြတ္သတင္းစာ႐ွင္းလင္းပြဲ ၾကည့္လိုက္ရပါတယ္။ ေျပာေနက် နံတာလွျမင့္ မဟုတ္ဘူး။ သူ႔ထက္ ပိုနံတ့ဲသူ။ ပိုဟားရတာေပါ့။
.
တရားစြဲခံရတ့ဲ ေရႊဘိုခ႐ိုင္ ဖြတ္ႀကီး တရားစြဲတ့ဲသူေတြကို ျပန္အေရးယူလို႔ရသတ့ဲ။ အေၾကာင္းက ေရႊဘိုဖြတ္ႀကီး ေဒၚစုနဲ႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ မမွန္သတင္းေတြကို ေဖ့ဘုတ္ေပၚလည္း မတင္ဘူး၊ စာရြက္စာတမ္းလည္း မေရးဘူး။ လူ၄၀ေလာက္႐ွိတ့ဲ ကိုယ့္အခ်င္းခ်င္းစကားဝိုင္းမွာဘဲ ေျပာခ့ဲတာ။ သူတို႔ခ်င္း အတြင္းစကားကို ရဲေတြက သူတို႔ကိုေနာက္ေယာင္ခံလိုက္လို္ သိတာဘဲ။ ဝရမ္းမပါဘဲ ေနာက္ေယာင္ခံမႈနဲ႔ ျပန္တရားစြဲလို႔ ရသတ့ဲဗ်။
.
ေတာ္ေတာ္ရယ္ရတ့ဲေမာင္၊ ကိုယ့္စကား ဘယ္ေရာက္မွန္းမသိ။ ပထမအခ်က္က ဒီစကားေတြ ေျပာခ့ဲတာ တရားဝင္ဝန္ခံသလို ျဖစ္သြားၿပီ။ တကယ္က ဘယ္မွာမွ မေျပာခ့ဲဘူးေၾကာင္း ႐ွင္းရမွာ။
.
ဒုတိယအခ်က္က အ့ဲဒီစကားဝိုင္း လူ၄၀ထဲမွာ သတင္းေပးသူ ႐ွိေနႏိုင္တာဘဲ။ မ်ားေသာအားျဖင့္ ဖြတ္ေတြက ပိုက္ဆံနဲ႔စည္းရံုးခ့ဲေတာ့ ပိုေပးသူ႐ွိလို႔ သတင္းေပးလိုက္တာ ျဖစ္ႏိုင္တာဘဲ။
.
မစဥ္းစားဘဲ ႐ွင္းေတာ့ ပိုဂြမ္းျပန္ၿပီေပါ့။ ထူးရက္နဲ႔ မဆန္းပါဘူးေလ။ ဒါ့ေၾကာင့္မို႔လည္း ဒီလူေတြ ဖြတ္ျဖစ္ေနတာဘဲ။ 

14 July 2018

'ဝ'တွေကို အပြုတ်တိုက်တ့ဲ ကာချုပ်


(Unicode version)




   မနေ့က ဖွဘုတ်မှာ နားစွန်နားဖျား ကြားပါတယ်။ တပ်ချုပ်က 'ဝ'တွေကို ငှက်နဲ့ အပြုတ်တိုက်ပြီတ့ဲ။ ယုတ်တရက် ထင်မိတာက လူတွေအရမ်းအထင်ကြီးနေတ့ဲ 'ဝ'နယ်မြေကို တိုက်လေယာဉ်တွေသုံးပြီး စစ်ဆင်ရေး ဝင်ပြီလို့ထင်လိုက်တာ။ အဖြစ်မှန်သိမှ ပင်လုံဆွေးနွေးပွဲအရေး ရင်အေးရတော့တယ်။

.

ဖွဘုတ်ဆက်ကြည့်တော့မှ အဖြစ်မှန်သိရတော့တယ်။ အဲဒီတော့ ဆက်တွေးကြည့်မိတာပေါ့။ မြန်မာတွေက အသံနဲ့ယတျာ၊ နမိတ်အတိတ်ယုံကြတယ်လေ။ ဘေးဘယာကို ကျော်လွှားနိုင်အောင် ဘယာကျော် စားလိုက်တ့ဲ။ ခန်ပင် မစိုက်ကောင်းဘူး၊ ခံနေရလိမ့်မယ်။ သြဇာပင်စိုက်မှ နင်သြဇာရှိတ့ဲသူ ဖြစ်မှာပေါ့တ့ဲ။ ဒါမျိုးတွေက အများကြီးရှိတာကလား။

.

တပ်ချုပ်ကြီးကလည်း မြန်မာကြီးဆိုတော့ ဒါမျိုးတွေ ယုံကြည်လိမ့်မယ်။ သူမယုံတောင် ဘေးဘီက အခါတော်ပေးတွေက တိုက်တွန်းမှာ သေချာတယ်။ ဘာ့လို့ဆို အပြင်မှာ လူပြောများနေတာက 'ဝ'နယ်မြေကို စစ်တပ်ဝင်ဖို့ မလွယ်ဘူး။ ဝင်တိုက်ရင်လဲ အကျအဆုံး အရမ်းများပြီးမှ သိမ်းနိုင်လိမ့်မယ်တ့ဲ။

.

ဒီတော့ ကိုယ့်ရဲဘော်တွေ ထိခိုက်မှု မရှိဘဲနဲ့ 'ဝ'နယ်မြေကို လွှမ်းမိုးနိုင်အောင် ယတျာချေတ့ဲအနေနဲ့ 'ဝ'ခေါင်းဆောင်ကို အပြုတ်တိုက်လိုက်တာဘဲနေမှာ။ အကွက်မြင်တ့ဲ ဒို့ကာချုပ်ကွ၊ တခုဘဲရှိတယ်။ သူအပြုတ်တိုက်တ့ဲအထဲ ဂျင်းမပါဖို့ဘဲ အရေးကြီးတယ်။ ဒီခေတ်မှာ ဂျင်းထည့်ကြလွန်းလို့ပါဗျာ။

XxXxXx

(Zawgyi version)


  မေန႔က ဖြဘုတ္မွာ နားစြန္နားဖ်ား ၾကားပါတယ္။ တပ္ခ်ဳပ္က 'ဝ'ေတြကို ငွက္နဲ႔ အျပဳတ္တိုက္ၿပီတ့ဲ။ ယုတ္တရက္ ထင္မိတာက လူေတြအရမ္းအထင္ႀကီးေနတ့ဲ 'ဝ'နယ္ေျမကို တိုက္ေလယာဥ္ေတြသံုးၿပီး စစ္ဆင္ေရး ဝင္ၿပီလို႔ထင္လိုက္တာ။ အျဖစ္မွန္သိမွ ပင္လံုေဆြးေႏြးပြဲအေရး ရင္ေအးရေတာ့တယ္။
.
ဖြဘုတ္ဆက္ၾကည့္ေတာ့မွ အျဖစ္မွန္သိရေတာ့တယ္။ အဲဒီေတာ့ ဆက္ေတြးၾကည့္မိတာေပါ့။ ျမန္မာေတြက အသံနဲ႔ယတ်ာ၊ နမိတ္အတိတ္ယံုၾကတယ္ေလ။ ေဘးဘယာကို ေက်ာ္လႊားႏိုင္ေအာင္ ဘယာေက်ာ္ စားလိုက္တ့ဲ။ ခန္ပင္ မစိုက္ေကာင္းဘူး၊ ခံေနရလိမ့္မယ္။ ၾသဇာပင္စိုက္မွ နင္ၾသဇာ႐ွိတ့ဲသူ ျဖစ္မွာေပါ့တ့ဲ။ ဒါမ်ိဳးေတြက အမ်ားႀကီး႐ွိတာကလား။
.
တပ္ခ်ဳပ္ႀကီးကလည္း ျမန္မာႀကီးဆိုေတာ့ ဒါမ်ိဳးေတြ ယံုၾကည္လိမ့္မယ္။ သူမယံုေတာင္ ေဘးဘီက အခါေတာ္ေပးေတြက တိုက္တြန္းမွာ ေသခ်ာတယ္။ ဘာ့လို႔ဆို အျပင္မွာ လူေျပာမ်ားေနတာက 'ဝ'နယ္ေျမကို စစ္တပ္ဝင္ဖို႔ မလြယ္ဘူး။ ဝင္တိုက္ရင္လဲ အက်အဆံုး အရမ္းမ်ားၿပီးမွ သိမ္းႏိုင္လိမ့္မယ္တ့ဲ။
.
ဒီေတာ့ ကိုယ့္ရဲေဘာ္ေတြ ထိခိုက္မႈ မ႐ွိဘဲနဲ႔ 'ဝ'နယ္ေျမကို လႊမ္းမိုးႏိုင္ေအာင္ ယတ်ာေခ်တ့ဲအေနနဲ႔ 'ဝ'ေခါင္းေဆာင္ကို အျပဳတ္တိုက္လိုက္တာဘဲေနမွာ။ အကြက္ျမင္တ့ဲ ဒို႔ကာခ်ဳပ္ကြ၊ တခုဘဲ႐ွိတယ္။ သူအျပဳတ္တိုက္တ့ဲအထဲ ဂ်င္းမပါဖို႔ဘဲ အေရးႀကီးတယ္။ ဒီေခတ္မွာ ဂ်င္းထည့္ၾကလြန္းလို႔ပါဗ်ာ။ 

15 November 2017

တတိယအကြိမ်ဆိုရင်

(Unicode version)

 ဂျီတီအိုင်ဆင်းကို ဒရိုင်ဘာရာထူးခေါ်လို့ ကန့်ကွက်တယ်။ သေချာဖတ်တော့ ပြည်ပသင်တန်းသွားတက်နိုင်ရမယ်ဆိုတာပါတယ်။ ဒါ့ထက်မြင့်တ့ဲ အလုပ်ကိုခိုင်းဖို့ ဝင်ပေါက်လည်း ဖြစ်နိုင်ပါတယ်။ အလုပ်နေရာနည်းပြီး ကျောင်းဆင်းများလာရင် ဒီလိုဘဲ ဖြစ်မှာပါ။

.

အံ့သြစရာ ကောင်းတာက မျက်စိမှတ် ဘွဲ့ကိုအထင်ကြီးတ့ဲနိုင်ငံမှာ ဘယ်ဘွဲ့ရမှက မကန့်ကွက်တာပါဘဲ။ ကိုယ့်အခြေအနေ ကိုယ်သိလို့် ဖြစ်မှာပါ။

.

၁၉၆၂ မတိုင်ခင်က ရိုးရိုး ဝိဇ္ဇာ သိပ္ပံဘွဲ့တွေ တန်ဖိုးရှိခ့ဲပါတယ်။ ရတ့ဲလူကလည်း နည်းတာကိုး။ ပထမအကြိမ် အာဏာသိမ်းပြီးတ့ဲနောက် တန်ဖိုးကျသွားတာ အားလုံးအသိပါ။

.

၁၉၈၈ မတိုင်ခင်အထိ အင်ဂျင်နီယာနဲ့ ဆရာဝန်ဘွဲ့က တန်ဖိုးရှိခ့ဲပါသေးတယ်။ ဒုတိယအကြိမ် အာဏာသိမ်းပြီးတ့ဲနောက် အင်ဂျင်နီယာဘွဲ့လည်း တန်ဖိုးတော်တော်ကျသွားပါတယ်။ ခြောက်ဘာသာအမှတ် ၃၀၀လောက်ရတာတောင် ဘွဲ့ကြိုတန်း GTC ဆိုတာ တက်လို့ရခ့ဲတယ်။ အင်ဂျင်နီယာကောလိပ် တက္ကသိုလ်တွေလည်း မဆလခေတ် စက်မှုအထက်တန်းကျောင်းထက် များခ့ဲပြီး ကျောင်းဆင်းတွေများတော့ အလုပ်ရဖို့ ခက်သွားတာပါဘဲ။

.

ခုချိန်ထိ တန်ဖိုးမလျော့သေးတာက ဆရာဝန်ဘွဲ့ပါ။ ဝင်ခွင့်လည်း မြင့်တုံးပါဘဲ။ စဉ်းစားမိတာက တတိယအကြိမ်များ အာဏာသိမ်းလိုက်ရင် ဝိဇ္ဇာသိပ္ပံဘွဲ့တို့ အင်ဂျင်နီယာဘွဲ့တို့လို ဖြစ်သွားမလားဆိုတာပါဘဲ။

XxXxXx

(Zawgyi version)

 ဂ်ီတီအိုင္ဆင္းကို ဒ႐ိုင္ဘာရာထူးေခၚလို႔ ကန္႔ကြက္တယ္။ ေသခ်ာဖတ္ေတာ့ ျပည္ပသင္တန္းသြားတက္ႏိုင္ရမယ္ဆိုတာပါတယ္။ ဒါ့ထက္ျမင့္တ့ဲ အလုပ္ကိုခိုင္းဖို႔ ဝင္ေပါက္လည္း ျဖစ္ႏိုင္ပါတယ္။ အလုပ္ေနရာနည္းၿပီး ေက်ာင္းဆင္းမ်ားလာရင္ ဒီလိုဘဲ ျဖစ္မွာပါ။
.
အံ့ၾသစရာ ေကာင္းတာက မ်က္စိမွတ္ ဘြဲ႔ကိုအထင္ႀကီးတ့ဲႏိုင္ငံမွာ ဘယ္ဘြဲ႔ရမွက မကန္႔ကြက္တာပါဘဲ။ ကိုယ့္အေျခအေန ကိုယ္သိလို္႔ ျဖစ္မွာပါ။
.
၁၉၆၂ မတိုင္ခင္က ႐ိုး႐ိုး ဝိဇၨာ သိပၸံဘြဲ႔ေတြ တန္ဖိုး႐ွိခ့ဲပါတယ္။ ရတ့ဲလူကလည္း နည္းတာကိုး။ ပထမအႀကိမ္ အာဏာသိမ္းၿပီးတ့ဲေနာက္ တန္ဖိုးက်သြားတာ အားလံုးအသိပါ။
.
၁၉၈၈ မတိုင္ခင္အထိ အင္ဂ်င္နီယာနဲ႔ ဆရာဝန္ဘြဲ႔က တန္ဖိုး႐ွိခ့ဲပါေသးတယ္။ ဒုတိယအႀကိမ္ အာဏာသိမ္းၿပီးတ့ဲေနာက္ အင္ဂ်င္နီယာဘဲြ႔လည္း တန္ဖိုးေတာ္ေတာ္က်သြားပါတယ္။ ေျခာက္ဘာသာအမွတ္ ၃၀၀ေလာက္ရတာေတာင္ ဘြဲ႔ႀကိဳတန္း GTC ဆိုတာ တက္လို႔ရခ့ဲတယ္။ အင္ဂ်င္နီယာေကာလိပ္ တကၠသိုလ္ေတြလည္း မဆလေခတ္ စက္မႈအထက္တန္းေက်ာင္းထက္ မ်ားခ့ဲၿပီး ေက်ာင္းဆင္းေတြမ်ားေတာ့ အလုပ္ရဖို႔ ခက္သြားတာပါဘဲ။
.
ခုခ်ိန္ထိ တန္ဖိုးမေလ်ာ့ေသးတာက ဆရာဝန္ဘြဲ႔ပါ။ ဝင္ခြင့္လည္း ျမင့္တံုးပါဘဲ။ စဥ္းစားမိတာက တတိယအႀကိမ္မ်ား အာဏာသိမ္းလိုက္ရင္ ဝိဇၨာသိပၸံဘြဲ႔တို႔ အင္ဂ်င္နီယာဘြဲ႔တို႔လို ျဖစ္သြားမလားဆိုတာပါဘဲ။

14 November 2017

ရယ်စရာ မြန်မာပြည် SMS

(Unicode version)

   လွန်ခ့ဲတ့ဲ လေးငါးနှစ်က စင်ကာပူကို ခဏရောက်တော့ ဖုန်းကဒ်ဝယ်သုံးပါတယ်။ စင်းတယ်လ် ကဒ်ထင်ပါတယ်။ ဖော်မြူလာဝမ်းကား ပုံလေးနဲ့။ ဖုန်းဘဲ အဓိကသုံးပြီး SMS ကို အကျင့်မရှိလို့ မသုံးမိပါဘူး။ စင်ကာပူမှာ နေနေကျသူတွေကတော့ ဈေးသက်သာလို့ တွင်တွင်သုံးတာ တွေ့ရပါတယ်။ အပြန်အလှန်ကို စာရိုက် ပို့နေကြတာပါ။

.

စင်ကာပူက သူငယ်ချင်းကို မေးကြည့်တော့မှ ဖုန်းလစဉ် plan ဝယ်ရင် free sms ရလေ့ ရှိသတ့ဲ။ ကိုယ်ဝယ်တ့ဲ plan ပေါ်မူတည်ပြီး တလ အကြိမ် နှစ်ရာ ငါးရာ စသဖြင့်ပေါ့။ ဒီတော့လည်း သုံးဖြစ်တာပေါ့။ ခုတော့ instant messenger တွေပေါ်လာလို့ SMS သုံးသူ မရှိသလောက် ဖြစ်သွားပါပြီ။

.

မြန်မာနိုင်ငံမှာလည်း အရင်က ဖုန်းဆက်ခ အင်တာနက်ခ ဈေးကြီးခ့ဲပေမ့ဲ ပုဂ္ဂလိက ကုမ္ပဏီတွေ လုပ်ခွင့်ပြုလိုက်တ့ဲနောက်ပိုင်း ဈေးကျလာပါတယ်။ အခုဆို ပြောခ တမိနစ် တဆယ်ကျပ် plan ပေါ်လာပါပြီ။ (အဲဒီ plan တွေရဲ့ အင်တာနက်ခက တမဂ် ၈ကျပ်တော့ သတိထားကြပါ။) အင်တာနက်ခမှာလည်း တမဂ်ကို နှစ်ကျပ်အောက်ဘဲ ကျသင့်တ့ဲ package plan တွေ ပေါ်နေပါပြီ။

.

သူများထက် ထူးတ့ဲ မြန်မာနိုင်ငံမှာ ဖုန်းခ အင်တာနက်ခ လျော့သွားသော်လည်း SMS ခက တခါပို့ ၁၅ကျပ်ပါတ့ဲ။ ရယ်စရာလိုကို ဖြစ်နေပါတယ်။ နဂိုရ်ကမှ သုံးလေ့မရှိတာ ဆယ့်ငါးကျပ်ဆိုတော့ ဖုန်းတမိနစ်ခွဲ ပြောတော့မှာပေါ့။ Viber တို့ WhatsApp တို့ကနေ ရုပ်ပါကြည့်ပြီးပြော၊ ပုံတွေပါ ပို့တော့မှာပေါ့ဗျာ။

.

ဒီတော့ ဖုန်းနဲ့တွဲနေတ့ဲ SMS စံနစ်မဖျက်နိုင်သေးတ့ဲ အတူတူ တလ SMS ၅၀ ဖရီး၊ ၅၀ ကျော်သွားရင် တခါပို့ တကျပ်တို့ လုပ်ကြည့်ကြပါလား ဖုန်းအော်ပရေတာများရယ်။မြန်မာတွေ SMS သုံးလာမလား စမ်းကြည့်သင့်တယ်ထင်တယ်ဗျာ။

XxXxXx

(Zawgyi version )

   လြန္ခ့ဲတ့ဲ ေလးငါးႏွစ္က စင္ကာပူကို ခဏေရာက္ေတာ့ ဖုန္းကဒ္ဝယ္သံုးပါတယ္။ စင္းတယ္လ္ ကဒ္ထင္ပါတယ္။ ေဖာ္ျမဴလာဝမ္းကား ပံုေလးနဲ႔။ ဖုန္းဘဲ အဓိကသံုးၿပီး SMS ကို အက်င့္မ႐ွိလို႔ မသံုးမိပါဘူး။ စင္ကာပူမွာ ေနေနက်သူေတြကေတာ့ ေစ်းသက္သာလို႔ တြင္တြင္သံုးတာ ေတြ႔ရပါတယ္။ အျပန္အလွန္ကို စာ႐ိုက္ ပို႔ေနၾကတာပါ။
.
စင္ကာပူက သူငယ္ခ်င္းကို ေမးၾကည့္ေတာ့မွ ဖုန္းလစဥ္ plan ဝယ္ရင္ free sms ရေလ့ ႐ွိသတ့ဲ။ ကိုယ္ဝယ္တ့ဲ plan ေပၚမူတည္ၿပီး တလ အႀကိမ္ ႏွစ္ရာ ငါးရာ စသျဖင့္ေပါ့။ ဒီေတာ့လည္း သံုးျဖစ္တာေပါ့။ ခုေတာ့ instant messenger ေတြေပၚလာလို႔ SMS သံုးသူ မ႐ွိသေလာက္ ျဖစ္သြားပါၿပီ။
.
ျမန္မာႏိုင္ငံမွာလည္း အရင္က ဖုန္းဆက္ခ အင္တာနက္ခ ေစ်းႀကီးခ့ဲေပမ့ဲ ပုဂၢလိက ကုမၸဏီေတြ လုပ္ခြင့္ျပဳလိုက္တ့ဲေနာက္ပိုင္း ေစ်းက်လာပါတယ္။ အခုဆို ေျပာခ တမိနစ္ တဆယ္က်ပ္ plan ေပၚလာပါၿပီ။ (အဲဒီ plan ေတြရဲ႕ အင္တာနက္ခက တမဂ္ ၈က်ပ္ေတာ့ သတိထားၾကပါ။) အင္တာနက္ခမွာလည္း တမဂ္ကို ႏွစ္က်ပ္ေအာက္ဘဲ က်သင့္တ့ဲ package plan ေတြ ေပၚေနပါၿပီ။
.
သူမ်ားထက္ ထူးတ့ဲ ျမန္မာႏိုင္ငံမွာ ဖုန္းခ အင္တာနက္ခ ေလ်ာ့သြားေသာ္လည္း SMS ခက တခါပို႔ ၁၅က်ပ္ပါတ့ဲ။ ရယ္စရာလိုကို ျဖစ္ေနပါတယ္။ နဂိုရ္ကမွ သံုးေလ့မ႐ွိတာ ဆယ့္ငါးက်ပ္ဆိုေတာ့ ဖုန္းတမိနစ္ခြဲ ေျပာေတာ့မွာေပါ့။ Viber တို႔ WhatsApp တို႔ကေန ႐ုပ္ပါၾကည့္ၿပီးေျပာ၊ ပံုေတြပါ ပို႔ေတာ့မွာေပါ့ဗ်ာ။
.
ဒီေတာ့ ဖုန္းနဲ႔တြဲေနတ့ဲ SMS စံနစ္မဖ်က္ႏိုင္ေသးတ့ဲ အတူတူ တလ SMS ၅၀ ဖရီး၊ ၅၀ ေက်ာ္သြားရင္ တခါပို႔ တက်ပ္တို႔ လုပ္ၾကည့္ၾကပါလား ဖုန္းေအာ္ပေရတာမ်ားရယ္။ျမန္မာေတြ SMS သံုးလာမလား စမ္းၾကည့္သင့္တယ္ထင္တယ္ဗ်ာ။ 

09 September 2017

Facebook ပေါ်ကJ K Smith

 (Unicode version)

  မြန်မာတွေက ရီရတယ်။ ယံ့ုချင်ရင် အယုံလွယ်သလို မယုံချင်လည်း ဘယ်လောက်ရှင်းပြပြ မယုံကြပါဘူး။ စဉ်းစားတ့ဲသူတွေတော့ ရှိတာပေါ့လေ၊ ဒါပေမယ့် နည်းသလားလို့။ နှလုံးသားနဲ့ ဆုံးဖြတ်လို့ ထင်ပါရဲ့။

.

ဟိုးအရင်က ရွှေပေလွှာဆိုပြီး ပို့ကြတယ်။ စာတိုက်ကနေ တံဆိပ်ခေါင်းဖိုး အကုန်ခံပြီး ပို့ရတာပေါ့။ စာမှာ ဒီစာကို သင်ခင်မင်သူ ကိုးယောက်ဆီ တပတ်အတွင်းပို့ပါ။ မပို့ရင် ဘာဖြစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ ပို့သူကတော့ ထီဆုကြီးပေါက်တယ်ပေါ့။ ယုံပြီး ပို့ကြတာပါဘဲ။ အပျော်လုပ်သူတွေလည်း ပါမှာပေါ့။

.

နောက်ပိုင်း email ပေါ်လာတော့ အဲဒီသဘောဘဲ ပို့ကြပြန်တယ်။ တံဆိပ်ခေါင်းဖိုးတော့ မကုန်တော့ဘူးပေါ့။ forward လုပ်ယုံဘဲဆိုတော့ ပိုလွယ်ကူသွားတာပေါ့။ Facebook ပေါ်လာတော့ နောက်တမျိုး တိုးလာတယ်။ ဤဘုရားပုံကို share လိုက်ရင် ကောင်းတာတွေ ရောက်လာမယ်။ ဒီမြွေဖြူကြီးပုံ share လိုက်ရင် ထီဆုကြီးပေါက်မယ် စသဖြင့်ပေါ့။ ခုထိ လုပ်နေတ့ဲသူတွေ အများကြီးပါ။

.

မနေ့တနေ့ကစပြီး Facebook နဲ့ တွဲတ့ဲ messenger ကနေ စာတွေ ဖြန့်နေကြပြန်တယ်။ သင့် Facebook account ကို J K Smith ဆိုသူက လာ add ရင် လက်မခံပါနဲ့တ့ဲ။ လက်ခံလိုက်ရင် အကောင့်ဟက်ခံထိမယ်တ့ဲ။ ဒါကျတော့ ဘာမှန်းမသိ ကြောက်ပြီး ရှယ်နေကြပါတယ်။ ငယ်ငယ်က ဒေဝေါကြီး လာပြီဆိုလို့ အိမ်ပြန်ပြေး ပုန်းရတာ သတိရသေးတော့။

.

Facebook ပေါ်မှာ သတိထားရမှာ တခုရှိပါတယ်။ မဟက်ဘဲနဲ့ ကိုယ့်ဒေတာတွေ ယူသွားနိုင်တာမျိုးပါ။ ဒါမျိုးကျတော့ ပျော်ပျော်ကြီး ပါဝင်ဆင်နွှဲနေပါတယ်။ သင့်ရဲ့ ပရိုဖိုင်ကို ဘယ်သူအများဆုံး ဝင်ကြည့်သလဲ၊ သင်ရဲ့ ဘယ်ပုံကို ဘယ်ပို့စ်ကို like အများဆုံး ရသလဲ၊ သင် ဟိုဘဝက ဘယ်သူဖြစ်နိုင်လဲ၊ နောက်နှစ်နှစ်ဆယ်ကြာရင် ဘယ်သရုပ်ဆောင်နဲ့ တူလာမလဲ စသဖြင့်တွေပေါ့။ ဒီမေးခွန်းကို သင်သိချင်ပြီဆိုတာနဲ့ တချို့က မေးပါသေးတယ်။ သင့်အကောင့်ထဲကို ဝင်ရောက် access လုပ်ခွင့်ပြုမလား။ yes ဆိုတာနဲ့ အကုန်ဝင'်မ'သွားလို့ ရပါပြီ။ ခုနောက်ပိုင်း မြန်မာစာနဲ့ပါ လာနေပါပြီ။ သင်ဘယ်နှစ်ကြိမ် လုပ်ခ့ဲဘူးလည်း ပြန်စဉ်းစားကြည့်လိုက်ပါ။

.

အရမ်းကြီးတော့ မစိုးရိမ်လိုက်ပါနဲ့။ သူတို်က ကြော်ငြာလုပ်ငန်းအတွက် အသုံးများပါတယ်။ မဟုတ်တယုတ် လုပ်ဖို့မဟုတ်ပါဘူး။ သင့်ပို့စ်တွေကလည်း အရမ်းလျှို့ဝှက်တွေ မရှိဘူး ဆိုရင်ပေါ့။ J K Smith လို ဟက်ကာကတော့ သင့်ရဲ့ account ကို သင်သုံးသလိုအနေနဲ့ သုံးသွားမှာပါ။ ပိုတော့ ဆိုးတာပေါ့။ အင်တာနက်ကြီးက ရာနှုံးပြည့် လုံခြုံမှုမရှိတာ အမြဲသတိရှိပါ။

XxXxXx

(Zawgyi version)

  ်မႏၼာေၾတက ရီရတယ္။ ယံ့ုခ္င္ရင္ အယံုၾလယ္သလို မယံုခ္ငႅၫ္း ဘယ္ေလာက္႐ြင္း်ပ်ပ မယံုၾကပါဘူး။ စၪ္းစားတ့ဲသူေေၾတတာ့ ႐ြိတာေပါ့ေလ၊ ဒါေပမယ့္ နၫ္းသလားလို႔။ ႏြလံုးသားနဲ႔ ဆံုး်ဖတႅို႔ ထငၸါရဲ႕။

.

ဟိုးအရငၠ ေေ႐ႊပလႊာဆိုၿပီး ပို႔ၾကတယ္။ စာတိုေကၠန တံဆိပ္ေခါင္းဖိုး အကုႏၡံၿပီး ပို႔ရတာေပါ့။ စာမြာ ဒီစာကို သငၡငၼင္သဴ ကိုးေယာက္ဆီ တပတ္အၾတင္းပို႔ပါ။ မပို႔ရင္ ဘာ်ဖစၼယ္ဆိုၿပီး ၿခိမ္းေ်ခာကၳားတယ္။ ပို႔သူေကတာ့ ထီဆုႀကီးေပါကၱယ္ေပါ့။ ယံုၿပီး ပို႔ၾကတာပါဘဲ။ ေအပ္ာႅဳပ္သဴေၾတလၫ္း ပါမြာေပါ့။

.

ေနာကၸိုင္း email ေပၚလာေတာ့ အဲဒီေသဘာဘဲ ပို႔ၾက်ပႏၱယ္။ တံဆိပ္ေခါင္းဖိုးေတာ့ မကုႏ္ေတာ့ဘူးေပါ့။ forward လုပ္ယံုဘဲဆိုေတာ့ ပိုၾလယၠဴၾသားတာေပါ့။ Facebook ေပၚလာေတာ့ ေနာကၱမ္ိဳး တိုးလာတယ္။ ဤဘုရားပံုကို share လိုက္ရင္ ေကာင္းတာေၾတ ေရာကႅာမယ္။ ဒီေႁျမ်ဖဴႀကီးပံု share လိုက္ရင္ ထီဆုႀကီးေပါကၼယ္ စသ်ဖင့္ေပါ့။ ခုထိ လုပ္ေနတ့ဲသူေၾတ အမ္ားႀကီးပါ။

.

ေမန႔ေတန႔ကစၿပီး Facebook နဲ႔ ႀတဲတ့ဲ messenger ေကန စာေၾတ ်ဖႏ္႔ေနၾက်ပႏၱယ္။ သင့္ Facebook account ကို J K Smith ဆိုသူက လာ add ရင္ လကၼခံပါနဲ႔တ့ဲ။ လကၡံလိုက္ရင္ ေအကာင့္ဟကၡံထိမယၱ့ဲ။ ဒါက္ေတာ့ ဘာမြႏ္းမသိ ေၾကာက္ၿပီး ႐ြယ္ေနၾကပါတယ္။ ငယ္ငယၠ ေေဒဝါႀကီး လာၿပီဆိုလို႔ အိမ္်ပႏ္ေ်ပး ပုႏ္းရတာ သတိေရသးေတာ့။

.

Facebook ေပၚမြာ သတိထားရမြာ တခု႐ြိပါတယ္။ မဟကၻဲနဲ႔ ကိုယ့္ေဒတာေၾတ ယူၾသားႏိုငၱာမ္ိဳးပါ။ ဒါမ္ိဳးက္ေတာ့ ေပ္ာ္ေပ္ာ္ႀကီး ပါဝင္ဆင္ႏႊဲေနပါတယ္။ သင့္ရဲ႕ ပ႐ိုဖိုငၠို ဘယ္သဴအမ္ားဆံုး ဝင္ၾကည့္သလဲ၊ သင္ရဲ႕ ဘယၸံုကို ဘယၸို႔စၠို like အမ္ားဆံုး ရသလဲ၊ သင္ ဟိုဘဝက ဘယ္သဴ်ဖစ္ႏိုငႅဲ၊ ေနာက္ႏြစ္ႏြစ္ဆယ္ၾကာရင္ ဘယ္သ႐ုပ္ေဆာငၷဲ႔ တူလာမလဲ စသ်ဖင့္ေေၾတပါ့။ ဒီေမးျခႏ္းကို သင္သိခ္င္ၿပီဆိုတာနဲ႔ တခ္ိဳ႕က ေမးပါေသးတယ္။ သင့္ေအကာင့ၳဲကို ဝင္ေရာက္ access လုျပၡင့္်ပဳမလား။ yes ဆိုတာနဲ႔ အကုႏ္ဝင'ၼ'ၾသားလို႔ ရပါၿပီ။ ခုေနာကၸိုင္း ်မႏၼာစာနဲ႔ပါ လာေနပါၿပီ။ သငၻယ္ႏြစ္ႀကိမ္ လုပၡ့ဲဘူးလၫ္း ်ပႏၥၪ္းစားၾကည့ႅိုကၸါ။

.

အရမ္းႀကီးေတာ့ မစိုးရိမႅိုကၸါနဲ႔။ သူတိုၠ ေၾကာ္်ငာလုပ္ငႏ္းအၾတက္ အသံုးမ္ားပါတယ္။ မဟုတၱယုတ္ လုပၹို႔မဟုတၸါဘူး။ သင့ၸို႔စ္ေၾတကလၫ္း အရမ္းလြ္ိဳ႕ဝြက္ေၾတ မ႐ြိဘူး ဆုိရင္ေပါ့။ J K Smith လို ဟကၠာေကတာ့ သင့္ရဲ႕ account ကို သင္သံုးသလိုေအနနဲ႔ သံုးၾသားမြာပါ။ ပိုေတာ့ ဆိုးတာေပါ့။ အငၱာနက္ႀကီးက ရာႏြံုး်ပည့္ လံု်ခံဳမႈမ႐ြိတာ အ်မဲသတိ႐ြိပါ။



















05 July 2016

like မလား၊ မန်​့မလား။

(Unicode version )

  ဖတ်စရာစာအုပ်တွေလဲ

တော်တော်ရထားတယ်။

စာအုပ်ဖတ်ဖို့ကို

သီးသန့်အချိန် ပေးဖတ်ရတယ်။

.

တီဗီက ဇတ်လမ်းတွေတော့

မကြည့်ဖြစ်တာ ကြာပါပြီ။

သတင်းထူးရင် သိရအောင်လို့သာ

တီဗီကြီး ဖွင့်ထားဖြစ်တာ။

.

လူတွေ စာမဖတ်ကြတော့ဘူး၊

တီဗီကြည့်သူ နည်းလာပြီ။

အသံတွေကြားရတာ

မထူးဆန်းတော့ပါ။

.

စာအုပ်က ရေးသူကို

ကြိုက် မကြိုက် ပြန်ပြောလို့လဲ မရဘူး။

တီဗီကလဲ သူတို့လွှင့်နေတာကို

လိုင်းပြောင်းတာကလွဲလို့ မတုံ့ပြန်နိုင်ဘူး။

.

ဖွဘုတ်ကမှ ကိုယ်ဖတ်ရကြည့်ရတာကို

ချက်ချင်းတုံ့ပြန်နိုင်တာ။

ဒီတော့ စာမဖတ် တီဗီမကြည့်ဖြစ်လာတာ

အံ့သြစရာ မဟုတ်တော့ပါ။

.

ကြီးကြီးကျယ်ကျယ်ဆို

အင်တာအက်တစ်ဗ် ဖြစ်တယ်ပေါ့။

ဒီ​တော့

လိုက်​မှာလား ၊ မန်​့မှာလား။

XxXxXx

  ဖတ္စရာစာအုပ္ေတြလဲ
ေတာ္ေတာ္ရထားတယ္။
စာအုပ္ဖတ္ဖို႔ကို
သီးသန္႔အခ်ိန္ ေပးဖတ္ရတယ္။
.
တီဗီက ဇတ္လမ္းေတြေတာ့
မၾကည့္ျဖစ္တာ ၾကာပါၿပီ။
သတင္းထူးရင္ သိရေအာင္လို႔သာ
တီဗီႀကီး ဖြင့္ထားျဖစ္တာ။
.
လူေတြ စာမဖတ္ၾကေတာ့ဘူး၊
တီဗီၾကည့္သူ နည္းလာၿပီ။
အသံေတြၾကားရတာ
မထူးဆန္းေတာ့ပါ။
.
စာအုပ္က ေရးသူကို
ႀကိဳက္ မႀကိဳက္ ျပန္ေျပာလို႔လဲ မရဘူး။
တီဗီကလဲ သူတို႔လႊင့္ေနတာကို
လိုင္းေျပာင္းတာကလဲြလို႔ မတံု႔ျပန္ႏိုင္ဘူး။
.
ဖြဘုတ္ကမွ ကိုယ္ဖတ္ရၾကည့္ရတာကို
ခ်က္ခ်င္းတံု႔ျပန္ႏိုင္တာ။
ဒီေတာ့ စာမဖတ္ တီဗီမၾကည့္ျဖစ္လာတာ
အံ့ၾသစရာ မဟုတ္ေတာ့ပါ။
.
ႀကီးႀကီးက်ယ္က်ယ္ဆို
အင္တာအက္တစ္ဗ္ ျဖစ္တယ္ေပါ့။
ဒီ​ေတာ့
လိုက္​မွာလား ၊ မန္​႔မွာလား။

03 June 2016

ယုန်​အစိမ်းနဲ့ ဆင်​အစိမ်းများ

(Unicode version)

       ရက်​တရက်​၌ ​နေပြည်​​တောထဲတွင်​ သတင်​းစာရှင်​းပွဲ လုပ်​၏။ အရင်​ ​နေပြည်​​တော၏ အကြီးအကဲ​ဟောင်​း လာဘ်​မစား​ကြောင်​း သူ့၏ ဖာဝန်​ကဖာ၏။ ( သူ့အကြီးအကဲ ကိစ္စမှားသမျှကို လိုက်​လံဖာ​ထေး​ပေး၍ ဖာဝန်​ဟု ​ခေါ်ခြင်​းဖြစ်​သည်​။ အခြားမ​တွေးရ။ ။ ဤကား စကားချပ်​) ထိုဖာပွဲတွင်​ ဖာဝန်​က စကားတခွန်​းဖာ၏။ #ဆင်​​တွေကြားထဲယုန်​ဝင်​ဖမ်​းတာနဲ့တူ​နေတယ်​ တ့ဲ။

.

     ထိုစကားသည်​ ​နေပြည်​​တောတခွင်​ ရယ်​စရာဖြစ်​​လေ​တော့သတည်​း။ သူ့ဆရာယုန်​သည်​ နည်​းနည်​းသာခိုး၍ အခြားသူများသည်​ ဆင်​​လောက်​ခိုးသည်​ဟု မြင်​ကြ​လေသတည်​း။ သူ့ဆရာ​ခေတ်​က ​နေပြည်​​တောထဲတွင်​ ဆင်​များသာ ကြီးစိုးကြတာကိုး။ ထိုစဉ်​က ဆင်​များသည်​ သူတို့ဖာသာသူတို့ ခြ​ငေ်္သ့ဟု သတ်​မှတ်​လျှက်​ အညို​ရောင်​ဆင်​ကို အဖြူသတ်​မှတ်​ကာ ချီး​မြှောက်​​လေ့ရှိကြ၏။

.

ဖာဝန်​၏ စကားအရ ကြားသူတို့ မြင်​မိသည်​မှာ ...

*အကြီးဆုံး ဆင်​မိသားစုကြီးသည်​ ​တောထဲတွင်​ စာဖတ်​​နေ၏

*ဒုတိယဆင်​ကြီးသည်​ ​နေမ​ကောင်​း၍ မမြင်​ရ​တော့။

*ဆင်​ကြီးတ​ကောင်​သည်​ အနီ​ရောင်​​ပြောင်​းဖို့ ကြိုးစား​နေ၏။

*​နောက်​ဆင်​တ​ကောင်​သည်​ လွှတ်​​တော်​ခိုးတက်​​နေသည်​။

*ဆင်​တ​ကောင်​က သူပိုင်​ဆိုင်​သမျှကို ဖွက်​​နေ၏။

*ဆင်​အများစုကမူ ​ဝေစုမရ​တော့သဖြင်​့ ​တွေ့သမျှသူကို ရန်​လို​နေ၏။

*ကံ​ကောင်​း​သောဆင်​ကြီး တ​ကောင်​ကမူ ​စော​စောစီးစီး ဆင်​​လောကမှ ထွက်​သွား​လေပြီ။

.

     ဤတွင်​မှ ထူးဆန်​းမှုတခု ​ပေါ်လာသည်​။ သဘာဝကြီးနှင်​့ ဆန်​့ကျင်​စွာ ထိုယုန်​တ​ကောင်​နှင်​့ ဆင်​အုပ်​စုကြီးသည်​ အစိမ်​း​ရောင်​ ရှိကြကုန်​​လေသတည်​း။


XxXxXx

(Zawgyi version )

       ရက္​တရက္​၌ ​ေနျပည္​​ေတာထဲတြင္​ သတင္​းစာ႐ွင္​းပြဲ လုပ္​၏။ အရင္​ ​ေနျပည္​​ေတာ၏ အႀကီးအကဲ​ေဟာင္​း လာဘ္​မစား​ေၾကာင္​း သူ႔၏ ဖာဝန္​ကဖာ၏။ ( သူ႔အႀကီးအကဲ ကိစၥမွားသမွ်ကို လိုက္​လံဖာ​ေထး​ေပး၍ ဖာဝန္​ဟု ​ေခၚျခင္​းျဖစ္​သည္​။ အျခားမ​ေတြးရ။ ။ ဤကား စကားခ်ပ္​) ထိုဖာပြဲတြင္​ ဖာဝန္​က စကားတခြန္​းဖာ၏။ #ဆင္​​ေတြၾကားထဲယုန္​ဝင္​ဖမ္​းတာနဲ႔တူ​ေနတယ္​ တ့ဲ။
.
     ထိုစကားသည္​ ​ေနျပည္​​ေတာတခြင္​ ရယ္​စရာျဖစ္​​ေလ​ေတာ့သတည္​း။ သူ႔ဆရာယုန္​သည္​ နည္​းနည္​းသာခိုး၍ အျခားသူမ်ားသည္​ ဆင္​​ေလာက္​ခိုးသည္​ဟု ျမင္​ၾက​ေလသတည္​း။ သူ႔ဆရာ​ေခတ္​က ​ေနျပည္​​ေတာထဲတြင္​ ဆင္​မ်ားသာ ႀကီးစိုးၾကတာကိုး။ ထိုစဥ္​က ဆင္​မ်ားသည္​ သူတို႔ဖာသာသူတို႔ ျခ​ေသၤ့ဟု သတ္​မွတ္​လွ်က္​ အညိဳ​ေရာင္​ဆင္​ကို အျဖဴသတ္​မွတ္​ကာ ခ်ီး​ေျမႇာက္​​ေလ့႐ွိၾက၏။
.
ဖာဝန္​၏ စကားအရ ၾကားသူတို႔ ျမင္​မိသည္​မွာ ...
*အႀကီးဆံုး ဆင္​မိသားစုႀကီးသည္​ ​ေတာထဲတြင္​ စာဖတ္​​ေန၏
*ဒုတိယဆင္​ႀကီးသည္​ ​ေနမ​ေကာင္​း၍ မျမင္​ရ​ေတာ့။
*ဆင္​ႀကီးတ​ေကာင္​သည္​ အနီ​ေရာင္​​ေျပာင္​းဖို႔ ႀကိဳးစား​ေန၏။
*​ေနာက္​ဆင္​တ​ေကာင္​သည္​ လႊတ္​​ေတာ္​ခိုးတက္​​ေနသည္​။
*ဆင္​တ​ေကာင္​က သူပိုင္​ဆိုင္​သမ်ွကို ဖြက္​​ေန၏။
*ဆင္​အမ်ားစုကမူ ​ေဝစုမရ​ေတာ့သျဖင္​့ ​ေတြ႔သမွ်သူကို ရန္​လို​ေန၏။
*ကံ​ေကာင္​း​ေသာဆင္​ႀကီး တ​ေကာင္​ကမူ ​ေစာ​ေစာစီးစီး ဆင္​​ေလာကမွ ထြက္​သြား​ေလၿပီ။
.
     ဤတြင္​မွ ထူးဆန္​းမႈတခု ​ေပၚလာသည္​။ သဘာဝႀကီးႏွင္​့ ဆန္​႔က်င္​စြာ ထိုယုန္​တ​ေကာင္​ႏွင္​့ ဆင္​အုပ္​စုႀကီးသည္​ အစိမ္​း​ေရာင္​ ႐ွိၾကကုန္​​ေလသတည္​း။ 

05 April 2016

အကယ်​ဒမီ `​ကြောင်​´

 (Unicode version)

         ဘယ်​ရုပ်​ရှင်​မှလဲ မကြည်​့မိပါ။ အကယ်​ဒမီပွဲလဲ ​သေချာမကြည်​့မိပါ။ ဒီ​နေ့ သတင်​းများဖတ်​ရမှ အံ့သြမိပါ၏။

.

အကယ်​ဒမီ အငြင်​းပွားလို့ ဘယ်​သူ​တွေလဲဆို​တော့ လူပြက်​နှစ်​​ယောက်​။ အဓိက မင်​းသား မင်​းသမီးဆို ​တော်​​သေး။ အ​ရေးထဲ နိုင်​ငံ​ရေးက ပါလာ​သေး။

.

အားကစားလို စံချိန်​စံညွှန်​းနဲ့ ပြိုင်​ရတာ မဟုတ်​သည်​့အတွက်​ မည်​သည်​့အနုပညာဆုမဆို အငြင်​းပွားနိုင်​ပါသည်​။ မရ​သောသူများက အပစ်​​ပြောမှာလဲ ပုံမှန်​ပင်​။ ခဏလွှတ်​သာထားလိုက်​။ ပြန်​တည်​့​နေကြမှာ အ​သေအချာ။

.

​အော်​စကာဆုနဲ့ ​ရွှေကမ္ဘာလုံးဆု​တောင်​ ရသူ​တွေ တူတာမဟုတ်​။ ​ပေး​သောအဖွဲ့ရဲ့ စိတ်​ကြိုက်​ဖြစ်​ဖို့ လိုတာပါဘဲ။ ​ဝေဖန်​တာ​တွေလဲ ပုံမှန်​ထွက်​မြဲပါဘဲ။ ခဏကြာ​တော့ ငြိမ်​။

.

မြန်​မာပြည်​မှာလဲ ထိုနည်​း၎င်း။ မင်​းသား​ကျော်​​ဆွေဆို ဘာဆုမှ ရမသွား။ ဒါ​ပေမ့ဲ ပရိဿတ်​အသဲစွဲပါ။ ကျုပ်​တို့​ခေတ်​ ​ကျော်​ဟိန်​းကြီး​တောင်​ ကိုယ်​့ဖက်​ကလဲနဲနဲ​လျော့၊ သူ့ဖက်​ကလည်​း နဲနဲ​လျော့​ခေတ်​မို့ ရသွားတာ။ ဘယ်​​ခေတ်​မဆို ​ပေးတ့ဲသူရဲ့ အကြိုက်​ဖြစ်​ဖို့ လိုတာအမှန်​။

.

ဘဘ​ဗိုလ်​ချုပ်​ကြီး​တွေ​ခေတ်​​ရောက်​​တော့ ပိုဆိုး။ မို့မို့တို့များ ငိုလိုက်​တိုင်​းရ။ ဇတ်​ကားထဲမှာတွင်မ​က ဘယ်​မှာပါ သွားငို​သေးလဲ​တော့ မသိပါ။ ဒါ​ကြောင်​့ ရုပ်​ရှင်​​လောကသား​တွေ ​ပြော​လေ့ရှိတယ်​။ အကယ်​ဒမီက နတ်​ကြီးတယ်​တ့ဲ။ တကယ်​က ကံ ပါဘဲ။

XxXxXx

(Zawgyi version)

        ဘယ္​႐ုပ္​႐ွင္​မွလဲ မၾကည္​့မိပါ။ အကယ္​ဒမီပြဲလဲ ​ေသခ်ာမၾကည္​့မိပါ။ ဒီ​ေန႔ သတင္​းမ်ားဖတ္​ရမွ အံ့ၾသမိပါ၏။
.
အကယ္​ဒမီ အျငင္​းပြားလို႔ ဘယ္​သူ​ေတြလဲဆို​ေတာ့ လူျပက္​ႏွစ္​​ေယာက္​။ အဓိက မင္​းသား မင္​းသမီးဆို ​ေတာ္​​ေသး။ အ​ေရးထဲ ႏိုင္​ငံ​ေရးက ပါလာ​ေသး။
.
အားကစားလို စံခ်ိန္​စံၫႊန္​းနဲ႔ ၿပိဳင္​ရတာ မဟုတ္​သည္​့အတြက္​ မည္​သည္​့အႏုပညာဆုမဆို အျငင္​းပြားႏိုင္​ပါသည္​။ မရ​ေသာသူမ်ားက အပစ္​​ေျပာမွာလဲ ပံုမွန္​ပင္​။ ခဏလႊတ္​သာထားလိုက္​။ ျပန္​တည္​့​ေနၾကမွာ အ​ေသအခ်ာ။
.
​ေအာ္​စကာဆုနဲ႔ ​ေရႊကမာၻလံုးဆု​ေတာင္​ ရသူ​ေတြ တူတာမဟုတ္​။ ​ေပး​ေသာအဖြဲ႔ရဲ႕ စိတ္​ႀကိဳက္​ျဖစ္​ဖို႔ လိုတာပါဘဲ။ ​ေဝဖန္​တာ​ေတြလဲ ပံုမွန္​ထြက္​ျမဲပါဘဲ။ ခဏၾကာ​ေတာ့ ၿငိမ္​။
.
ျမန္​မာျပည္​မွာလဲ ထိုနည္​း၎။ မင္​းသား​ေက်ာ္​​ေဆြဆို ဘာဆုမွ ရမသြား။ ဒါ​ေပမ့ဲ ပရိႆတ္​အသဲစြဲပါ။ က်ဳပ္​တို႔​ေခတ္​ ​ေက်ာ္​ဟိန္​းႀကီး​ေတာင္​ ကိုယ္​့ဖက္​ကလဲနဲနဲ​ေလ်ာ့၊ သူ႔ဖက္​ကလည္​း နဲနဲ​ေလ်ာ့​ေခတ္​မို႔ ရသြားတာ။ ဘယ္​​ေခတ္​မဆို ​ေပးတ့ဲသူရဲ႕ အႀကိဳက္​ျဖစ္​ဖို႔ လိုတာအမွန္​။
.
ဘဘ​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြ​ေခတ္​​ေရာက္​​ေတာ့ ပိုဆိုး။ မို႔မို႔တို႔မ်ား ငိုလိုက္​တိုင္​းရ။ ဇတ္​ကားထဲမွာတြင္မ​က ဘယ္​မွာပါ သြားငို​ေသးလဲ​ေတာ့ မသိပါ။ ဒါ​ေၾကာင္​့ ႐ုပ္​႐ွင္​​ေလာကသား​ေတြ ​ေျပာ​ေလ့႐ွိတယ္​။ အကယ္​ဒမီက နတ္​ႀကီးတယ္​တ့ဲ။ တကယ္​က ကံ ပါဘဲ။ 

18 October 2015

အစိမ်​း နဲ့ အနီ

 (Unicode version )

       ပထမတ​ယောက်​က​ပြောတယ်​၊

တတိုင်​းလုံး စိမ်​း​စေရမယ်​တ့ဲ။

   ​နောက်​တ​ယောက်​က ​ပြောပြန်​တယ်​၊

တပြည်​လုံး စိမ်​း​စေရမယ်​တ့ဲ။

   သစ်​​တောကြီး​တွေ စိမ်​း​နေတာ တိုင်​းပြည်​အတွက်​ မ​ကောင်​းဘူးလားတ့ဲ။ သစ်​ခုတ်​တ့ဲသူ​တွေအတွက်​ဘဲ ​ကောင်​းသွားပါတယ်​။

   စပါးခင်​းကြီး​တွေ စိမ်​း​နေတာ လူ​တွေအတွက်​ မ​ကောင်​းဘူးလားတ့ဲ။ စပါး​တွေမှည်​့ပြီး ​ရွှေဝါ​ရောင်​သန်​းမှ လူ​တွေအတွက်​ ​ကောင်​းပါတယ်​။

   မြက်​ခင်​းကြီး​တွေ စိမ်​း​နေတာ ဘယ်​သူ့အတွက်​ ​ကောင်​းပါသလဲ၊ သိပါတယ်​ သိပါတယ်​ ၊ နွား​တွေ ဆိတ်​​တွေအတွက်​ ​ကောင်​းပါတယ်​။

.

   အလကား ရီစရာ စကားကပ်​​ပြောတာပါ။ ကမ္ဘာကြီးမှာ ဘယ်​အ​ရောင်​မဆို သူ့အစွမ်​းနဲ့ သူကြီးပါဘဲ။ အပြာလဲ အပြာမို့၊ အဝါလဲ အဝါမို့ သူ့​ကောင်​းကွက်​နဲ့ သူကြီးပါဘဲ။

   အစိမ်​းမှာလဲ ​ကောင်​းတာ​တွေ အများကြီးပါဘဲ။ အစိမ်​း​ကောင်​း​ကြောင်​း​တွေ ​ပြောပြ​နေရင်​ ဆုံးမှာ​တောင်​ မဟုတ်​​တော့။ သူ့အဆင်​းနှင်​့ သူ့အချင်​း​ပေါ့။

   အဲ..... အစိမ်​းထဲမှာ မ​ကောင်​းတ့ဲအစိမ်​းက တခုဘဲ ရှိတယ်​။ ဘာလဲ​တော့ မ​ပြော​တော့ပါဘူး။ မြန်​မာပြည်​သူ ပြည်​သား​တွေ အသိဆုံးမို့ပါ။ ခစ်​ ခစ်​ ခစ်​။

XxXxXx

(Zawgyi version)

      ပထမတ​ေယာက္​က​ေျပာတယ္​၊
တတိုင္​းလံုး စိမ္​း​ေစရမယ္​တ့ဲ။
   ​ေနာက္​တ​ေယာက္​က ​ေျပာျပန္​တယ္​၊
တျပည္​လံုး စိမ္​း​ေစရမယ္​တ့ဲ။
   သစ္​​ေတာႀကီး​ေတြ စိမ္​း​ေနတာ တိုင္​းျပည္​အတြက္​ မ​ေကာင္​းဘူးလားတ့ဲ။ သစ္​ခုတ္​တ့ဲသူ​ေတြအတြက္​ဘဲ ​ေကာင္​းသြားပါတယ္​။
   စပါးခင္​းႀကီး​ေတြ စိမ္​း​ေနတာ လူ​ေတြအတြက္​ မ​ေကာင္​းဘူးလားတ့ဲ။ စပါး​ေတြမွည္​့ၿပီး ​ေရႊဝါ​ေရာင္​သန္​းမွ လူ​ေတြအတြက္​ ​ေကာင္​းပါတယ္​။
   ျမက္​ခင္​းႀကီး​ေတြ စိမ္​း​ေနတာ ဘယ္​သူ႔အတြက္​ ​ေကာင္​းပါသလဲ၊ သိပါတယ္​ သိပါတယ္​ ၊ ႏြား​ေတြ ဆိတ္​​ေတြအတြက္​ ​ေကာင္​းပါတယ္​။
.
   အလကား ရီစရာ စကားကပ္​​ေျပာတာပါ။ ကမာၻၾကီးမွာ ဘယ္​အ​ေရာင္​မဆို သူ႔အစြမ္​းနဲ႔ သူႀကီးပါဘဲ။ အျပာလဲ အျပာမို႔၊ အဝါလဲ အဝါမို႔ သူ႔​ေကာင္​းကြက္​နဲ႔ သူႀကီးပါဘဲ။
   အစိမ္​းမွာလဲ ​ေကာင္​းတာ​ေတြ အမ်ားႀကီးပါဘဲ။ အစိမ္​း​ေကာင္​း​ေၾကာင္​း​ေတြ ​ေျပာျပ​ေနရင္​ ဆံုးမွာ​ေတာင္​ မဟုတ္​​ေတာ့။ သူ႔အဆင္​းႏွင္​့ သူ႔အခ်င္​း​ေပါ့။
   အဲ..... အစိမ္​းထဲမွာ မ​ေကာင္​းတ့ဲအစိမ္​းက တခုဘဲ ႐ွိတယ္​။ ဘာလဲ​ေတာ့ မ​ေျပာ​ေတာ့ပါဘူး။ ျမန္​မာျပည္​သူ ျပည္​သား​ေတြ အသိဆံုးမို႔ပါ။ ခစ္​ ခစ္​ ခစ္​။ 

20 September 2015

မဲ ​ဘေး

(Unicode version)

       ယ​နေ့ မြန်​မာပြည်​သားဖြစ်​ရတာ အပူအပင်​များလှပါတယ်​။ ရန်​သူမျိုးငါးပါး ဖြစ်​တ့ဲ ​ရေ​ဘေး မီး​ဘေး မင်​း​ဘေး​တွေ အပြင်​ အခုတ​လော တမျိုးတိုးလာပါတယ်​။ မဲ​ဘေးပါ။ ဒီမိုက​ရေစီနိုင်​ငံ​ရော အာဏာရှင်​နိုင်​ငံများပါမကျန်​ မကြားဘူးတ့ဲ မဲစာရင်​းကိစ္စပါ။ မဲစာရင်​းမှာ မပါလို့ လွန်​ခ့ဲတ့ဲသုံးလ​လောက်​က ပြင်​ဖို့ကြိုးစားခ့ဲကြရပါတယ်​။ ခု စက်​တင်​ဘာ၁၄မှာ ပြင်​ဆင်​ပြီး ပါလာမယ်​လို့ ထင်​ခ့ဲကြ​ပေမ့ဲ အထင်​နဲ့ အမြင်​ လွဲခ့ဲကြပါတယ်​။ ပြင်​ဆင်​သူ ရာနှုံးပြည်​့ မပါတ့ဲအပြင်​ အရင်​တ​ခေါက်​က ပါသူတချို့ပါ စာရင်​း​ပျောက်​ကုန်​ပါတယ်​။

.

     ပြည်​သူအများစု ပြာကုန်​ပါတယ်​။ အရင်​ကပါပြီးသူလဲ စိတ်​မချရ၊ မဲစာရင်​း ​ပြေးကြည်​့ကြ​တော့ ရှုပ်​​အောင်​လုပ်​ထားတ့ဲ မဲစာရင်​းနဲ့တိုးပါတယ်​။ မိသားစုနာမည်​​တွေ တကွဲတပြားနဲ့ပါ။ ရပ်​ကွက်​အလိုက်​ မဲရုံခွဲရင်​ မိသားစု​တွေ မဲရုံတရုံထဲ မဲမ​ပေးရဘဲ မိမိနာမည်​ အမှတ်​စဉ်​ပါတ့ဲ မဲရုံမှာ မဲ​ပေးရမ့ဲပုံဘဲ။ ပရက ဥက္ကဌကြီးက ဆင်​​ခြေ​ပေးပါတယ်​။ IT နည်​းပညာသုံးလိုက်​လို့ပါတ့ဲ။ အမှန်​က ကွန်ပြူတာသုံးတာကို ဆိုလိုတာပါ။ ကွန်​ပြူတာဆိုတာ လူခိုင်​းတ့ဲအတိုင်​းလုပ်​တာကို သူမသိတာ ဖြစ်​နိုင်​သလို ရူးချင်​​ယောင်​​ဆောင်​တာလဲ ဖြစ်​နိုင်​ပါတယ်​။

.

     အဆိုးဆုံးက မိမိအိမ်​ မဲစာရင်​းမှာ မိမိနာမည်​ပါရုံနဲ့ မပြီးဘဲ မဆိုင်​သူ​တွေ စာရင်​းပါ​နေတာပါ။ဒီကိစ္စ လူ​တွေ အစိုးရိမ်​ဆုံး ကိစ္စဖြစ်​လာပါတယ်​။ ကြိုတင်​မဲကို ဝိုင်​းစစ်​မှာဆို​တော့ ​နောက်​တမျိုး လုပ်​လာတယ်​ ထင်​ကြပါတယ်​။ အဲဒီအတွက်​ အ​ရေးအကြီးဆုံး တာဝန်​ရှိသူ​တွေက မဲရုံကိုယ်​စားလှယ်​​တွေပါ။ မဲရုံမဖွင်​့ခင်​ ကြိုတင်​မဲက ဘယ်​နှစ်​​ယောက်​၊ မဲလာ​ပေးသူ အားလုံး​ပေါင်​း ဘယ်​နှစ်​​ယောက်​ ရည်​တွက်​ထားရပါမယ်​။ အဲဒီအရည်​အတွက်​ထက်​ မဲလက်​မှတ်​ ပိုများ​နေရင်​ လွဲ​နေပါပြီ။ မဲ​ပေးသူကို ဝဲဘက်​လက်​သန်​း ​ဆေးဆိုးမှတ်​ထားမှာ ဖြစ်​တ့ဲအတွက်​ လွယ်​လွယ်​နဲ့ လူစားထိုးလို့ မလွယ်​​လောက်​ပါ။

.

     ဒါ​တွေက လူ​ကောင်​းတ​ယောက်​ရဲ့ ကြိုတင်​ကာကွယ်​ဖို့ စဉ်​းစားတ့ဲ အ​တွေးတခုပါ။ သူခိုးက​တော့ သူ့အလုပ်​ ခိုးဖို့ကို နည်​းမျိုးစုံနဲ့ စဉ်​းစားမှာပါ။ ဖြစ်​နိုင်​တ့ဲ ခိုးနည်​း​တွေကို ​ဖေ့ဘုတ်​လို​နေရာမှာ ချပြပြီး ကာကွယ်​ဖို့ ပြင်​ဆင်​ကြရပါမယ်​။ မဲစာရင်​းမှာ မှား​နေရင်​လဲ ရပ်​ကွက်​ထဲ ​နေထိုင်​​ကြောင်​း​သေချာရင်​ မဲ​ပေးခွင်​့ပြုမယ်​လို့ ​ပြောကြ​ပေမ့ဲ စိတ်​မချဘဲ မဲစာရင်​းမှာ မိမိနာမည်​ ပါမပါ စစ်​​ဆေးကြပါ။ ကမ္ဘာ​ပေါ်က ဘယ်​နိုင်​ငံမှာမှ မကြားဘူးတ့ဲ မဲစာရင်​းစစ်​တ့ဲအလုပ်​ကို မြန်​မာ​တွေဘဲ လုပ်​ရတယ်​ဆိုပြီး ဂုဏ်​ယူစွာ စစ်​ကြပါ။

.

     ပြည်​သူပြည်​သားအ​ပေါင်​း မဲ​ဘေးက ကင်​း​ဝေးကြပါ​စေ။

XxXxXx

(Zawgyi version )

      ယ​ေန႔ ျမန္​မာျပည္​သားျဖစ္​ရတာ အပူအပင္​မ်ားလွပါတယ္​။ ရန္​သူမ်ိဳးငါးပါး ျဖစ္​တ့ဲ ​ေရ​ေဘး မီး​ေဘး မင္​း​ေဘး​ေတြ အျပင္​ အခုတ​ေလာ တမ်ိဳးတိုးလာပါတယ္​။ မဲ​ေဘးပါ။ ဒီမိုက​ေရစီႏိုင္​ငံ​ေရာ အာဏာ႐ွင္​ႏိုင္​ငံမ်ားပါမက်န္​ မၾကားဘူးတ့ဲ မဲစာရင္​းကိစၥပါ။ မဲစာရင္​းမွာ မပါလို႔ လြန္​ခ့ဲတ့ဲသံုးလ​ေလာက္​က ျပင္​ဖို႔ႀကိဳးစားခ့ဲၾကရပါတယ္​။ ခု စက္​တင္​ဘာ၁၄မွာ ျပင္​ဆင္​ၿပီး ပါလာမယ္​လို႔ ထင္​ခ့ဲၾက​ေပမ့ဲ အထင္​နဲ႔ အျမင္​ လြဲခ့ဲၾကပါတယ္​။ ျပင္​ဆင္​သူ ရာႏႈံးျပည္​့ မပါတ့ဲအျပင္​ အရင္​တ​ေခါက္​က ပါသူတခ်ိဳ႕ပါ စာရင္​း​ေပ်ာက္​ကုန္​ပါတယ္​။
.
     ျပည္​သူအမ်ားစု ျပာကုန္​ပါတယ္​။ အရင္​ကပါၿပီးသူလဲ စိတ္​မခ်ရ၊ မဲစာရင္​း ​ေျပးၾကည္​့ၾက​ေတာ့ ႐ႈပ္​​ေအာင္​လုပ္​ထားတ့ဲ မဲစာရင္​းနဲ႔တိုးပါတယ္​။ မိသားစုနာမည္​​ေတြ တကြဲတျပားနဲ႔ပါ။ ရပ္​ကြက္​အလိုက္​ မဲရံုခြဲရင္​ မိသားစု​ေတြ မဲရံုတရံုထဲ မဲမ​ေပးရဘဲ မိမိနာမည္​ အမွတ္​စဥ္​ပါတ့ဲ မဲရံုမွာ မဲ​ေပးရမ့ဲပံုဘဲ။ ပရက ဥကၠဌႀကီးက ဆင္​​ေျခ​ေပးပါတယ္​။ IT နည္​းပညာသံုးလိုက္​လို႔ပါတ့ဲ။ အမွန္​က ကြန္ျပဴတာသံုးတာကို ဆိုလိုတာပါ။ ကြန္​ျပဴတာဆိုတာ လူခိုင္​းတ့ဲအတိုင္​းလုပ္​တာကို သူမသိတာ ျဖစ္​ႏိုင္​သလို ႐ူးခ်င္​​ေယာင္​​ေဆာင္​တာလဲ ျဖစ္​ႏိုင္​ပါတယ္​။
.
     အဆိုးဆံုးက မိမိအိမ္​ မဲစာရင္​းမွာ မိမိနာမည္​ပါရံုနဲ႔ မၿပီးဘဲ မဆိုင္​သူ​ေတြ စာရင္​းပါ​ေနတာပါ။ဒီကိစၥ လူ​ေတြ အစိုးရိမ္​ဆံုး ကိစၥျဖစ္​လာပါတယ္​။ ႀကိဳတင္​မဲကို ဝိုင္​းစစ္​မွာဆို​ေတာ့ ​ေနာက္​တမ်ိဳး လုပ္​လာတယ္​ ထင္​ၾကပါတယ္​။ အဲဒီအတြက္​ အ​ေရးအႀကီးဆံုး တာဝန္​႐ွိသူ​ေတြက မဲရံုကိုယ္​စားလွယ္​​ေတြပါ။ မဲရံုမဖြင္​့ခင္​ ႀကိဳတင္​မဲက ဘယ္​ႏွစ္​​ေယာက္​၊ မဲလာ​ေပးသူ အားလံုး​ေပါင္​း ဘယ္​ႏွစ္​​ေယာက္​ ရည္​တြက္​ထားရပါမယ္​။ အဲဒီအရည္​အတြက္​ထက္​ မဲလက္​မွတ္​ ပိုမ်ား​ေနရင္​ လဲြ​ေနပါၿပီ။ မဲ​ေပးသူကို ဝဲဘက္​လက္​သန္​း ​ေဆးဆိုးမွတ္​ထားမွာ ျဖစ္​တ့ဲအတြက္​ လြယ္​လြယ္​နဲ႔ လူစားထိုးလို႔ မလြယ္​​ေလာက္​ပါ။
.
     ဒါ​ေတြက လူ​ေကာင္​းတ​ေယာက္​ရဲ႕ ႀကိဳတင္​ကာကြယ္​ဖို႔ စဥ္​းစားတ့ဲ အ​ေတြးတခုပါ။ သူခိုးက​ေတာ့ သူ႔အလုပ္​ ခိုးဖို႔ကို နည္​းမ်ိဳးစံုနဲ႔ စဥ္​းစားမွာပါ။ ျဖစ္​ႏိုင္​တ့ဲ ခိုးနည္​း​ေတြကို ​ေဖ့ဘုတ္​လို​ေနရာမွာ ခ်ျပၿပီး ကာကြယ္​ဖို႔ ျပင္​ဆင္​ၾကရပါမယ္​။ မဲစာရင္​းမွာ မွား​ေနရင္​လဲ ရပ္​ကြက္​ထဲ ​ေနထိုင္​​ေၾကာင္​း​ေသခ်ာရင္​ မဲ​ေပးခြင္​့ျပဳမယ္​လို႔ ​ေျပာၾက​ေပမ့ဲ စိတ္​မခ်ဘဲ မဲစာရင္​းမွာ မိမိနာမည္​ ပါမပါ စစ္​​ေဆးၾကပါ။ ကမာၻ​ေပၚက ဘယ္​ႏိုင္​ငံမွာမွ မၾကားဘူးတ့ဲ မဲစာရင္​းစစ္​တ့ဲအလုပ္​ကို ျမန္​မာ​ေတြဘဲ လုပ္​ရတယ္​ဆိုၿပီး ဂုဏ္​ယူစြာ စစ္​ၾကပါ။
.
     ျပည္​သူျပည္​သားအ​ေပါင္​း မဲ​ေဘးက ကင္​း​ေဝးၾကပါ​ေစ။ 

29 July 2015

သမတ​လောင်း?

(Unicode version)

မ​နေ့ညက လဘက်​ရည်​ချိုကျ​သောက်​ပြီး အိပ်​လို့လားမသိဘူး။ အိပ်​မက်​​တွေ မက်​တယ်​​ဗျာ။ အိပ်​မက်​ဆို​တော့ မက်​ချင်​ရာ မက်​တာ​ပေါ့။ လုံးဝ မဖြစ်​နိုင်​ဘူးတို့ အဓိပ္ပါယ်​ မရှိဘူးတို့ မ​ပြောရဘူး​နော။ ​သေချာဖတ်​ကြည်​့ကြဦး၊

.

လာမ့ဲနိုဝင်​ဘာညတည​ပေါ့။ တီ​ဗီ​ရှေ့မှာ အခန်​့သား။ တနင်္ဂ​နွေည​ပေမဲ့ ​ဘောပွဲမကြည်​့နိုင်​ဘူး။ မြန်​မာပရီမီယာလိဂ်​ ဟုတ်​​ပေါင်၊​ မြန်​မာ​ရွေး​ကောက်​ပွဲ အရှုံးအနိုင်​ ကြည်​့​နေတာ။ ပွဲကကြည်​့​ကောင်​းတယ်​။ ဟိုဖက်​ကတဂိုးသွင်​းလိုက်​၊ ဒီဖက်​က ပြန်​​ချေလိုက်​နဲ့။

.

ပွဲပြီးသွား​တော့ ကြ့ံဖွံက သူ့အ​ပေါင်​းပါ ပါတီ​တွေနဲ့​ပေါင်​း အထက်​လွှတ်​​တော်​မှာ အနိုင်​ရတယ်​။ ပြည်​ချစ်​ NLD ပါတီကလဲ ​အောက်​လွှတ်​​တော်​မှာ အနိုင်​ရသတ့ဲ။ ကြ့ံဖွံကလဲ ချက်​ချင်​း​ကြေငြာချက်​ထုတ်​တယ်​။ သမတအ​ရွေးခံဖို့ ဒုသမတ​လောင်​းအဖြစ်​ သူတို့ပါတီဥက္ကဌကြီး ဦးသူရ​ရွှေမန်​းကို တင်​မယ်​​ပေါ့။ NLD ကလဲ ​ကြေငြာတယ်​ထင်​တယ်​။ အိပ်​မက်​ထဲတင်​ ထပ်​အိပ်​ငိုက်​​နေ​တော့ ဘယ်​သူမှန်​း​သေချာ မကြားလိုက်​မိဘူး။ ထားပါ။ တ​ယောက်​​ယောက်​​ပေါ့။

.

ဒီမှာ စဉ်​းစားမိတယ်​။ အနိုင်​အရှုံး ကိန်​းဂဏန်​း​တွေနဲ့​ပေါ့။ ပြည်​​ထောင်​စုလွှတ်​​တော်​ စပါပြီ။ သမတ​ရွေးဖို့ ​ခြေဥအတိုင်​း တင်​ကြတာ။ အထက်​လွှတ်​​တော်​က အများစုဆန္ဒအရ သူရဦး​ရွှေမန်​းကို တင်​တယ်​။ သူတို့က အဲ့မှာ နိုင်​တာများတာကိုး။ ​အောက်​လွှတ်​​တော်​က​တော့ NLD က ​ရွေးတ့ဲ တ​ယောက်​​ယောက်​​ပေါ့။ တတိယ အစု တမတ်​သားက​တော့ လက်​ရှိသမတကြီး ဦးသိန်​းစိန်​​ပေါ့။

.

ပြည်​​ထောင်​စုလွှတ်​​တော်​မှာ မဲခွဲမယ်​လုပ်​​တော့ တမတ်​သားတင်​တ့ဲ ဦးသိန်​းစိန်​က ၂၅%နဲ့ မဖြစ်​နိုင်​​တော့ဘူး။ ကြံကြံဖန်​ဖန်​ ​အောက်​လွှတ်​​တော်​က လူများ​တော့ ဦး​ရွှေမန်​းလဲ မနိုင်​နိုင်​ဘူးဖြစ်​​နေတယ်​။ ဒီလိုဆို NLD ကတင်​တ့ဲသူ သမတဖြစ်​​တော့မှာ​ပေါ့။ အဲဒီမှာ တပ်​ကိုယ်​စားလှယ်​​ခေါင်​း​ဆောင်​က လွှတ်​​တော်​ခဏရပ်​ခိုင်​းပြီး သူ့ဆရာ​တွေဆီ ဖုန်​းဆက်​ပြီး အ​ခြေအ​နေ​တွေ ရှင်​းပြ၊ ဘာဆက်​လုပ်​ရမလဲ အမိန်​့​တောင်​း​နေတုံး နိုးလာပါတယ်​။ ကာချုပ်​နဲ့ ​ဗိုလ်​ချုပ်​ကြီး​တွေ အ​ရေး​ပေါ် အစည်​းအ​ေ၀း လုပ်​​နေတုံးဆို​တော့ အ​ဖြေမသိခ့ဲပါ။

.

ကာချုပ်​နဲ့အဖွဲ့​တော့ အ​တော်​အကြပ်​ရိုက်​မယ်​။ ​ရွေး​ကောက်​ပွဲမတိုင်​ခင်​​တောက်​​လျောက်​ စစ်​တပ်​ကို သစ္စာ​ဖောက်​သွားလို့ ဖြုတ်​ဖို့​တောင်​ ဝိုင်​းကြံခ့ဲတ့ဲ ဦး​ရွှေမန်​းကြီးကို မဲ​ပေးမလား။ ၂၇နှစ်​​လောက်​ မတ့ဲခ့ဲတ့ဲ NLD ကလူကိုဘဲ မဲ​ပေးလိုက်​ရ​တော့မလား။ အိပ်​မက်​ထဲ​တော့ အာဏာသိမ်​းတာ မပါဘူး​ဗျ။

.

ဟဲ ဟဲ။ ကျွန်​​တော့အိပ်​မက်​​တွေ တခါမှ အပြင်​မှာ မဖြစ်​ဘူးပါဘူး​ဗျာ။ ခုလဲ ကာချုပ်​နဲ့အဖွဲ့ အိပ်​မက်​ထဲ အကြပ်​ရိုက်​​နေတယ်​။ အပြင်​မှာ ဇတ်​ဆရာက ရန်​ဖြစ်​ချင်​​ယောင်​​ဆောင်​ဖို့ ​ခိုင်​းထားရင်​​တော့ မ​ပြောတတ်​ဘူး။ တကယ်​ဖြစ်​လာရင်​​တော့ တပ်​မ​တော်​ကြီး ဘယ်​လိုလုပ်​မှာလဲ။ ကျွန်​​တော်​့မှာ​တော့ အ​ဖြေရှိပြီးသားပါ။ ​ပြောချင်​လွန်​းလို့၊ ​ပြောချင်​လွန်​းလို့ ဖြစ်​​နေတာ။ လွယ်​လွယ်​​လေးပါ။

.

NLD ကို မဲ​ပေးခိုင်​းလိုက်​ဖို့ပါဘဲ။

XxXxXx

(Zawgyi version )

မ​ေန႔ညက လဘက္​ရည္​ခ်ဳိက်​ေသာက္​ၿပီး အိပ္​လို႔လားမသိဘူး။ အိပ္​မက္​​ေတြ မက္​တယ္​​ဗ်ာ။ အိပ္​မက္​ဆို​ေတာ့ မက္​ခ်င္​ရာ မက္​တာ​ေပါ့။ လံုးဝ မျဖစ္​ႏိုင္​ဘူးတို႔ အဓိပၸါယ္​ မ႐ွိဘူးတို႔ မ​ေျပာရဘူး​ေနာ။ ​ေသခ်ာဖတ္​ၾကည္​့ၾကဦး၊
.
လာမ့ဲႏိုဝင္​ဘာညတည​ေပါ့။ တီ​ဗီ​ေ႐ွ႕မွာ အခန္​႔သား။ တနဂၤ​ေႏြည​ေပမဲ့ ​ေဘာပြဲမၾကည္​့ႏိုင္​ဘူး။ ျမန္​မာပရီမီယာလိဂ္​ ဟုတ္​​ေပါင္၊​ ျမန္​မာ​ေရြး​ေကာက္​ပြဲ အ႐ွံုးအႏိုင္​ ၾကည္​့​ေနတာ။ ပြဲကၾကည္​့​ေကာင္​းတယ္​။ ဟိုဖက္​ကတဂိုးသြင္​းလိုက္​၊ ဒီဖက္​က ျပန္​​ေခ်လိုက္​နဲ႔။
.
ပြဲၿပီးသြား​ေတာ့ ၾက့ံဖြံက သူ႔အ​ေပါင္​းပါ ပါတီ​ေတြနဲ႔​ေပါင္​း အထက္​လႊတ္​​ေတာ္​မွာ အႏိုင္​ရတယ္​။ ျပည္​ခ်စ္​ NLD ပါတီကလဲ ​ေအာက္​လႊတ္​​ေတာ္​မွာ အႏိုင္​ရသတ့ဲ။ ၾက့ံဖြံကလဲ ခ်က္​ခ်င္​း​ေၾကျငာခ်က္​ထုတ္​တယ္​။ သမတအ​ေရြးခံဖို႔ ဒုသမတ​ေလာင္​းအျဖစ္​ သူတို႔ပါတီဥကၠဌႀကီး ဦးသူရ​ေရႊမန္​းကို တင္​မယ္​​ေပါ့။ NLD ကလဲ ​ေၾကျငာတယ္​ထင္​တယ္​။ အိပ္​မက္​ထဲတင္​ ထပ္​အိပ္​ငိုက္​​ေန​ေတာ့ ဘယ္​သူမွန္​း​ေသခ်ာ မၾကားလိုက္​မိဘူး။ ထားပါ။ တ​ေယာက္​​ေယာက္​​ေပါ့။
.
ဒီမွာ စဥ္​းစားမိတယ္​။ အႏိုင္​အ႐ႈံး ကိန္​းဂဏန္​း​ေတြနဲ႔​ေပါ့။ ျပည္​​ေထာင္​စုလႊတ္​​ေတာ္​ စပါၿပီ။ သမတ​ေရြးဖို႔ ​ေျခဥအတိုင္​း တင္​ၾကတာ။ အထက္​လႊတ္​​ေတာ္​က အမ်ားစုဆႏၵအရ သူရဦး​ေရႊမန္​းကို တင္​တယ္​။ သူတို႔က အဲ့မွာ ႏိုင္​တာမ်ားတာကိုး။ ​ေအာက္​လႊတ္​​ေတာ္​က​ေတာ့ NLD က ​ေရြးတ့ဲ တ​ေယာက္​​ေယာက္​​ေပါ့။ တတိယ အစု တမတ္​သားက​ေတာ့ လက္​႐ွိသမတႀကီး ဦးသိန္​းစိန္​​ေပါ့။
.
ျပည္​​ေထာင္​စုလႊတ္​​ေတာ္​မွာ မဲခြဲမယ္​လုပ္​​ေတာ့ တမတ္​သားတင္​တ့ဲ ဦးသိန္​းစိန္​က ၂၅%နဲ႔ မျဖစ္​ႏိုင္​​ေတာ့ဘူး။ ၾကံၾကံဖန္​ဖန္​ ​ေအာက္​လႊတ္​​ေတာ္​က လူမ်ား​ေတာ့ ဦး​ေရႊမန္​းလဲ မႏိုင္​ႏိုင္​ဘူးျဖစ္​​ေနတယ္​။ ဒီလိုဆို NLD ကတင္​တ့ဲသူ သမတျဖစ္​​ေတာ့မွာ​ေပါ့။ အဲဒီမွာ တပ္​ကိုယ္​စားလွယ္​​ေခါင္​း​ေဆာင္​က လႊတ္​​ေတာ္​ခဏရပ္​ခိုင္​းၿပီး သူ႔ဆရာ​ေတြဆီ ဖုန္​းဆက္​ၿပီး အ​ေျခအ​ေန​ေတြ ႐ွင္​းျပ၊ ဘာဆက္​လုပ္​ရမလဲ အမိန္​႔​ေတာင္​း​ေနတံုး ႏိုးလာပါတယ္​။ ကာခ်ဳပ္​နဲ႔ ​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြ အ​ေရး​ေပၚ အစည္​းအ​ေ၀း လုပ္​​ေနတံုးဆို​ေတာ့ အ​ေျဖမသိခ့ဲပါ။
.
ကာခ်ဳပ္​နဲ႔အဖြဲ႔​ေတာ့ အ​ေတာ္​အၾကပ္​႐ိုက္​မယ္​။ ​ေရြး​ေကာက္​ပြဲမတိုင္​ခင္​​ေတာက္​​ေလ်ာက္​ စစ္​တပ္​ကို သစၥာ​ေဖာက္​သြားလို႔ ျဖဳတ္​ဖို႔​ေတာင္​ ဝိုင္​းၾကံခ့ဲတ့ဲ ဦး​ေရႊမန္​းႀကီးကို မဲ​ေပးမလား။ ၂၇ႏွစ္​​ေလာက္​ မတ့ဲခ့ဲတ့ဲ NLD ကလူကိုဘဲ မဲ​ေပးလိုက္​ရ​ေတာ့မလား။ အိပ္​မက္​ထဲ​ေတာ့ အာဏာသိမ္​းတာ မပါဘူး​ဗ်။
.
ဟဲ ဟဲ။ ကြၽန္​​ေတာ့အိပ္​မက္​​ေတြ တခါမွ အျပင္​မွာ မျဖစ္​ဘူးပါဘူး​ဗ်ာ။ ခုလဲ ကာခ်ဳပ္​နဲ႔အဖြဲ႔ အိပ္​မက္​ထဲ အၾကပ္​႐ိုက္​​ေနတယ္​။ အျပင္​မွာ ဇတ္​ဆရာက ရန္​ျဖစ္​ခ်င္​​ေယာင္​​ေဆာင္​ဖို႔ ​ခိုင္​းထားရင္​​ေတာ့ မ​ေျပာတတ္​ဘူး။ တကယ္​ျဖစ္​လာရင္​​ေတာ့ တပ္​မ​ေတာ္​ႀကီး ဘယ္​လိုလုပ္​မွာလဲ။ ကြၽန္​​ေတာ္​့မွာ​ေတာ့ အ​ေျဖ႐ွိၿပီးသားပါ။ ​ေျပာခ်င္​လြန္​းလို႔၊ ​ေျပာခ်င္​လြန္​းလို႔ ျဖစ္​​ေနတာ။ လြယ္​လြယ္​​ေလးပါ။
.
NLD ကို မဲ​ေပးခိုင္​းလိုက္​ဖို႔ပါဘဲ။ 

24 June 2015

ယ​နေ့မြန်​မာပြည်​၊

(Unicode version )

ယ​နေ့ မြန်​မာပြည်​မှာ အ​ခြေခံဥပ​ဒေ ဆိုတာကြီးကို ပြင်​ဖို့ ကြိုးစား​နေကြပါတယ်​။

*သမတကြီးကလဲ သူလုပ်​မှ ရမ့ဲဟန်​ ဖမ်​း​နေတယ်​။

*ကာချုပ်​ကလဲ သူ မလိုက်​​လျောရင်​ ဘာမှလုပ်​မရမ့ဲပုံ။

*လွှတ်​​တော်​ ဥက္ကဌကလဲ သူဘဲ စွမ်​းသလိုလို။

*​ရွေး​ကော်​ဥက္ကဌ ကလဲ သူဘဲ အ​ရေးပါဆုံးလိုလို။

*အန်​တီစုလဲ သူမ စွမ်​းသ​လောက်​ ကြိုးစား​နေတာဘဲ။

.

ပြည်​သူ​တွေဖက်​ကလဲ

*မဲစာရင်​းမှာ မိမိနာမည်​ပါ မပါကြည်​့ကြ၊

*မပါတ့ဲသူ​တွေလဲ ​ဒေါသ​တွေထွက်​ကြ၊

*NGO ​တွေ ပါတီ​တွေလဲ မဲစာရင်​း အမှား​တွေ ​ထောက်​ပြကြနဲ့

 ​ခြေဥပြင်​ဖို့ လုံးပမ်​း​နေကြပါတယ်​။

.

ဒါ​ပေမ့ဲ ဒီ​နေ့ လွှတ်​​တော်​မှာ ချင်​းလူမျိုးအမတ်​ ​ဆွေး​နွေးသွား​တော့မှ ရှင်​းသွားတယ်​။

ဥက္ကဌလဲ မတား​တော့ဘူး။

စစ်​သားအမတ်​​တွေလဲ မကန်​့ကွက်​ရဲ​တော့ဘူး။

ကြ့ံဖွံအမတ်​​တွေဆို လက်​ခုတ်​ဘဲ တီးရမလိုလိုဖြစ်​ကုန်​တယ်​။

.

ချင်​းလူမျိုးအမတ်​ ​ပြောတာက

" ဖွဲ့စည်​းပုံ ပြင်​ဖို့ ကိစ္စက ဦးသန်​း​ရွှေအ​ပေါ် မူတည်​တယ်​။

ဒါ​ကြောင်​့ လွှတ်​​တော်​ထဲက လူ​တွေစုပြီး ဉ်​ီးသန်​း​ရွှေအိမ်​ ခွင်​့သွား​တောင်​းကြရ​အောင်​ " တ့ဲ​ဗျား။

မကြိုက်​လဲ မတတ်​နိုင်​။

လက်​ရှိမြန်​မာပြည်​ အ​ခြေအ​နေက ဒီအတိုင်​းဖြစ်​​နေတာကိုး။ ။

XxXxXx

(Zawgyi version )

ယ​ေန႔ ျမန္​မာျပည္​မွာ အ​ေျခခံဥပ​ေဒ ဆိုတာႀကီးကို ျပင္​ဖို႔ ႀကိဳးစား​ေနၾကပါတယ္​။
*သမတႀကီးကလဲ သူလုပ္​မွ ရမ့ဲဟန္​ ဖမ္​း​ေနတယ္​။
*ကာခ်ဳပ္​ကလဲ သူ မလိုက္​​ေလ်ာရင္​ ဘာမွလုပ္​မရမ့ဲပံု။
*လႊတ္​​ေတာ္​ ဥကၠဌကလဲ သူဘဲ စြမ္​းသလိုလို။
*​ေရြး​ေကာ္​ဥကၠဌ ကလဲ သူဘဲ အ​ေရးပါဆံုးလိုလို။
*အန္​တီစုလဲ သူမ စြမ္​းသ​ေလာက္​ ႀကိဳးစား​ေနတာဘဲ။
.
ျပည္​သူ​ေတြဖက္​ကလဲ
*မဲစာရင္​းမွာ မိမိနာမည္​ပါ မပါၾကည္​့ၾက၊
*မပါတ့ဲသူ​ေတြလဲ ​ေဒါသ​ေတြထြက္​ၾက၊
*NGO ​ေတြ ပါတီ​ေတြလဲ မဲစာရင္​း အမွား​ေတြ ​ေထာက္​ျပၾကနဲ႔
 ​ေျခဥျပင္​ဖို႔ လံုးပမ္​း​ေနၾကပါတယ္​။
.
ဒါ​ေပမ့ဲ ဒီ​ေန႔ လႊတ္​​ေတာ္​မွာ ခ်င္​းလူမ်ိဳးအမတ္​ ​ေဆြး​ေႏြးသြား​ေတာ့မွ ႐ွင္​းသြားတယ္​။
ဥကၠဌလဲ မတား​ေတာ့ဘူး။
စစ္​သားအမတ္​​ေတြလဲ မကန္​႔ကြက္​ရဲ​ေတာ့ဘူး။
ၾက့ံဖြံအမတ္​​ေတြဆို လက္​ခုတ္​ဘဲ တီးရမလိုလိုျဖစ္​ကုန္​တယ္​။
.
ခ်င္​းလူမ်ိဳးအမတ္​ ​ေျပာတာက
" ဖြဲ႔စည္​းပံု ျပင္​ဖို႔ ကိစၥက ဦးသန္​း​ေရႊအ​ေပၚ မူတည္​တယ္​။
ဒါ​ေၾကာင္​့ လႊတ္​​ေတာ္​ထဲက လူ​ေတြစုၿပီး ဥ္​ီးသန္​း​ေရႊအိမ္​ ခြင္​့သြား​ေတာင္​းၾကရ​ေအာင္​ " တ့ဲ​ဗ်ား။
မႀကိဳက္​လဲ မတတ္​ႏိုင္​။
လက္​႐ွိျမန္​မာျပည္​ အ​ေျခအ​ေနက ဒီအတိုင္​းျဖစ္​​ေနတာကိုး။ ။ 

20 April 2015

ယမမင်​းများလား။

(Unicode version )

သင်္ကြန်​ တခါပြီးသွား​တော့ သိကြားမင်​း ပြန်​တက်​သွားပါပြီ။ ငယ်​စဉ်​က လူကြီးများ ​ပြောခ့ဲသည်​ကို သတိရသည်​။ " သင်္ကြန်​တွင်​း ​ကောင်​း​ကောင်​း​နေကြ၊ သိကြားမင်​းက မ​ကောင်​းတ့ဲသူ​တွေကို ​ခွေးသာ​ရေ ပုရိပိုဒ်​နဲ့ မှတ်​သွားတတ်​တယ်​။ " ဒီနှစ်​သိကြားမင်​း လည်​ပတ်​ချိန်​​တောင်​မရဟု ကြားသည်​။ အိုင်​ပက်​နဲ့ မှတ်​တာ​တောင်​ မဆန်​့၍ အပိုဟတ်​ဒစ်​ခ်​​တောင်​ သုံးသွားရသည်​အထိ မှတ်​လို့မကုန်​တ့ဲ။

.

သင်္ကြန်​အပြီး ငါးရက်​ကြာ​တော့ ​ဖေ့ဘုတ်​တွင်​ ​တွေ့ရပြန်​ပါပြီ။ ယ​နေ့​ပေါ့။ ဟစ်​တလာနဲ့ ​မွေး​နေ့တူ​သော သမတကြီးကို ဆဲကြပြန်​ပါသည်​။ ​

# ​သေ​နေ့ဖြစ်​သင်​့သတ့ဲ၊

# ယမမင်​း ​စောင်​့​နေတယ်​တ့ဲ၊

# နာဂစ်​က ​သေသူ​တွေ ​စောင်​့​နေတယ်​တ့ဲ၊

တခြားဆဲကြတာ​တွေ​တော့ ပြန်​မ​ပြောချင်​​တော့ပါ။ သိကြားမင်​း အတက်​​စော​ပေလို့ဘဲ။ နို့မို့ ​နောက်​ထပ်​ တဲန်​း ဂစ်​​တောင်​ ​လောက်​မှာမဟုတ်​။

.

" ယမမင်​း ​စောင်​့​နေတာ " တခွန်​းကိုဘဲ စာ​ရေးဆရာ ကိုတာ​ရေးသလို ဖြန်​ထွက်​​တွေးကြည်​့မိပါသည်​။ ဦးသိန်​းစိန်​သာ မက သူ့ဆရာ စာဖတ်​​နေသူကြီး​ရောပါ ယမမင်​း ဖြစ်​​နေလျှင်​​ရော။ ကျွန်​​တော်​တို့ မြန်​မာ​တွေ ငရဲပြည်​ တ​နေရာရာ ​ရောက်​​နေတာ မဖြစ်​နိုင်​ဘူးလား။ သူတို့က ငရဲမင်​းကြီး​တွေ​လေ။ ပြည်​သူ​တွေက ငရဲတမျိုး ခံ​နေရတာ​လေ။ မြန်​မာပြည်​သား​တွေက မဟုတ်​တာ လုပ်​တာ များ​နေသည်​​လေ၊ ဒီလို​တွေးမိ​တော့လဲ မခံချင်​စရာ။

.

အပျင်​း​ပြေ ​တွေးကြည်​့တာပါ။ သူတို့ကလဲ ယမမင်​း​တွေ မဟုတ်​လို့ ငရဲကြီးမယ်​ ထင်​ပါရဲ့။ ပြည်​သူ​တွေကလဲ ​ကောင်​းမှု​တွေ ​ရှေ့​လျှောက်​လုပ်​ပြီး နတ်​ပြည်​မြန်​းကြပါမယ်​။ ​နောက်​ဆုံး အပိုဒ်​လေး မ​ရေးမိယင်​ ကွန်​မန်​့​တွေ​ကြောင်​့ ​နောက်​ထပ်​ ဟတ်​ဒစ်​ခ်​တလုံး။ ။

XxXxXx

(Zawgyi version )

သၾကၤန္​ တခါၿပီးသြား​ေတာ့ သိၾကားမင္​း ျပန္​တက္​သြားပါၿပီ။ ငယ္​စဥ္​က လူႀကီးမ်ား ​ေျပာခ့ဲသည္​ကို သတိရသည္​။ " သၾကၤန္​တြင္​း ​ေကာင္​း​ေကာင္​း​ေနၾက၊ သိၾကားမင္​းက မ​ေကာင္​းတ့ဲသူ​ေတြကို ​ေခြးသာ​ေရ ပုရိပိုဒ္​နဲ႔ မွတ္​သြားတတ္​တယ္​။ " ဒီႏွစ္​သိၾကားမင္​း လည္​ပတ္​ခ်ိန္​​ေတာင္​မရဟု ၾကားသည္​။ အိုင္​ပက္​နဲ႔ မွတ္​တာ​ေတာင္​ မဆန္​႔၍ အပိုဟတ္​ဒစ္​ခ္​​ေတာင္​ သံုးသြားရသည္​အထိ မွတ္​လို႔မကုန္​တ့ဲ။
.
သၾကၤန္​အၿပီး ငါးရက္​ၾကာ​ေတာ့ ​ေဖ့ဘုတ္​တြင္​ ​ေတြ႔ရျပန္​ပါၿပီ။ ယ​ေန႔​ေပါ့။ ဟစ္​တလာနဲ႔ ​ေမြး​ေန႔တူ​ေသာ သမတႀကီးကို ဆဲၾကျပန္​ပါသည္​။ ​
# ​ေသ​ေန႔ျဖစ္​သင္​့သတ့ဲ၊
# ယမမင္​း ​ေစာင္​့​ေနတယ္​တ့ဲ၊
# နာဂစ္​က ​ေသသူ​ေတြ ​ေစာင္​့​ေနတယ္​တ့ဲ၊
တျခားဆဲၾကတာ​ေတြ​ေတာ့ ျပန္​မ​ေျပာခ်င္​​ေတာ့ပါ။ သိၾကားမင္​း အတက္​​ေစာ​ေပလို႔ဘဲ။ ႏို႔မို႔ ​ေနာက္​ထပ္​ တဲန္​း ဂစ္​​ေတာင္​ ​ေလာက္​မွာမဟုတ္​။
.
" ယမမင္​း ​ေစာင္​့​ေနတာ " တခြန္​းကိုဘဲ စာ​ေရးဆရာ ကိုတာ​ေရးသလို ျဖန္​ထြက္​​ေတြးၾကည္​့မိပါသည္​။ ဦးသိန္​းစိန္​သာ မက သူ႔ဆရာ စာဖတ္​​ေနသူႀကီး​ေရာပါ ယမမင္​း ျဖစ္​​ေနလွ်င္​​ေရာ။ ကြၽန္​​ေတာ္​တို႔ ျမန္​မာ​ေတြ ငရဲျပည္​ တ​ေနရာရာ ​ေရာက္​​ေနတာ မျဖစ္​ႏိုင္​ဘူးလား။ သူတို႔က ငရဲမင္​းႀကီး​ေတြ​ေလ။ ျပည္​သူ​ေတြက ငရဲတမ်ိဳး ခံ​ေနရတာ​ေလ။ ျမန္​မာျပည္​သား​ေတြက မဟုတ္​တာ လုပ္​တာ မ်ား​ေနသည္​​ေလ၊ ဒီလို​ေတြးမိ​ေတာ့လဲ မခံခ်င္​စရာ။
.
အပ်င္​း​ေျပ ​ေတြးၾကည္​့တာပါ။ သူတို႔ကလဲ ယမမင္​း​ေတြ မဟုတ္​လို႔ ငရဲႀကီးမယ္​ ထင္​ပါရဲ႕။ ျပည္​သူ​ေတြကလဲ ​ေကာင္​းမႈ​ေတြ ​ေ႐ွ႕​ေလွ်ာက္​လုပ္​ၿပီး နတ္​ျပည္​ျမန္​းၾကပါမယ္​။ ​ေနာက္​ဆံုး အပိုဒ္​ေလး မ​ေရးမိယင္​ ကြန္​မန္​႔​ေတြ​ေၾကာင္​့ ​ေနာက္​ထပ္​ ဟတ္​ဒစ္​ခ္​တလံုး။ ။ 

16 April 2015

water ပါတီ၊ ချာပါတီ။


(Unicode version )



ရုပ်​မြင်​သံကြားအနံ့ပါရသည်​့ ဘိုး​တော်​ချစ်​​ရွှေကြီး၏ ​ပြောကြားချက်​။



ယခုနှစ်​ သင်္ကြန်​တွင်​ ​ခေတ်​စား​နေ​သော သီချင်​း water ပါတီ ချာပါတီသီချင်​းသည်​၊ သာမ​ညောင်​ည မဟုတ်​၊ သဘင်​သည်​များ စ ဆို၍ က​လေးများ မည်​သူ့တိုက်​တွန်​းမှုမှ မပါဘဲ ဆိုကြ​သော တ​ဘောင်​ကြီးဖြစ်​​ကြောင်​း၊ ဤတ​ဘောင်​နမိတ်​ကို အသုံးချနိုင်​ပါက တိုင်​းပြည်​ကြီး တိုးတက်​အံ့ဟု မိန်​့​လေ၏။

.

တပည်​့များက အဓိပ္ပါယ်​ လင်​းပါဟု ​တောင်​းဆိုသဖြင်​့ ​ရွှေဘိုး​တော်​ကြီး ရှင်​းပြသည်​မှာ --- water ပါတီမှာ ပါတီက မြန်​မာစကားအဖြစ်​ ပါတီ​ကောင်​စီ​ခေတ်​ကတည်​းက ဖြစ်​​နေတာ မင်​းတို့သိကြတယ်​ ၊ water မှာ `t´ ရဲ့ မူရင်​း အင်္ဂလိပ်​ အသံမှာ တီ မဟုတ်​ဘဲ ထီ ဖြစ်​တယ်​။ ​ဗမာ​တွေကဘဲ တီ လို့ အသံထွက်​တယ်​။ ကရင်​​တွေ​တောင်​ အမှန်​အတိုင်​း ထီ လို့ထွက်​တာ မင်​းတို့ သိရဲ့လား၊ ဒါ​ကြောင်​့ water ပါတီကို ​ဗမာသံနဲ့ ဝါးထားပါတီ လို့ထွက်​ရမယ်​။ သီချင်​းအမှန်​က ဝါးထားပါတီ၊ ချာပါတီဘဲ။ ဟုမိန်​့၍ ကွမ်​းမြုံ့​နေ​လေ၏။

.

တပည်​့တဦးက ဘိုး​တော်​၊ နိုင်​ငံတိုးတက်​မ့ဲနမိတ်​နဲ့ ဘယ်​လို ဆက်​စပ်​သလဲ လင်​းပါဦးဟု ​မေးရာ စိတ်​တိုပြီး " မင်​းတို့ ဒါ​ကြောင်​့လဲ မကြီးပွားတာဘဲ။ တ​ဘောင်​က ရှင်​း​နေတာကွ၊ ဝါးထားတ့ဲပါတီက ချာတ့ဲပါတီ​ပေါ့ကွာ။ ၂၀၁၅ လာမဲ့ ​ရွေး​ကောက်​ပွဲကျ ဝါးထားတ့ဲ ချာပါတီကို မဲမ​ပေးယင်​ တိုင်​းပြည်​ ကြီးပွားပြီ​ပေါ့ကွ၊ ​တော်​​တော်​တုံးတ့ဲ ​မောင်​​တွေဘဲ။ ​ဟေ့ ဘယ်​ပါတီက ပြည်​သူ့ပိုက်​ဆံ​တွေ ဝါးထားလဲ ငါ တည်​့​ပြောရဦးမလား။ " ဆိုမှ

.

တပည်​့များလဲ၊ မလို​တော့ပါ၊ ဘိုး​တော်​ရယ်​ဟု ရီရင်​း ပြန်​​ပြောကြယင်​း " ဝါးထားပါတီ၊ ချာပါတီ " သုံးကြိမ်​ ရွတ်​ကြ​လေသတည်​း။

...

​နောက်​ဆုံး လျှို့ဝှက်​မှတ်​ချက်​။ ။ ဤ အ​ကြောင်​းကို သင်္ကြန်​ ​နောက်​ဆုံး​နေ့မှ အပြင်​လူများကို ဘိုး​တော်​က ​ပြောခိုင်​းပါသည်​။ တာဝန်​ရှိသူဟု သူတို့ဖာသာ သတ်​မှတ်​ထား​သော သူများ ကြားလျှင်​ သင်္ကြန်​တွင်​း ဤသီချင်​း ​ပေးမဆိုမှာ စိုး​သော​ကြောင်​့ပါ။

XxXxXx

(Zawgyi version)


႐ုပ္​ျမင္​သံၾကားအနံ႔ပါရသည္​့ ဘိုး​ေတာ္​ခ်စ္​​ေရႊႀကီး၏ ​ေျပာၾကားခ်က္​။

ယခုႏွစ္​ သၾကၤန္​တြင္​ ​ေခတ္​စား​ေန​ေသာ သီခ်င္​း water ပါတီ ခ်ာပါတီသီခ်င္​းသည္​၊ သာမ​ေညာင္​ည မဟုတ္​၊ သဘင္​သည္​မ်ား စ ဆို၍ က​ေလးမ်ား မည္​သူ႔တိုက္​တြန္​းမႈမွ မပါဘဲ ဆိုၾက​ေသာ တ​ေဘာင္​ႀကီးျဖစ္​​ေၾကာင္​း၊ ဤတ​ေဘာင္​နမိတ္​ကို အသံုးခ်ႏိုင္​ပါက တိုင္​းျပည္​ႀကီး တိုးတက္​အံ့ဟု မိန္​႔​ေလ၏။
.
တပည္​့မ်ားက အဓိပၸါယ္​ လင္​းပါဟု ​ေတာင္​းဆိုသျဖင္​့ ​ေရႊဘိုး​ေတာ္​ႀကီး ႐ွင္​းျပသည္​မွာ --- water ပါတီမွာ ပါတီက ျမန္​မာစကားအျဖစ္​ ပါတီ​ေကာင္​စီ​ေခတ္​ကတည္​းက ျဖစ္​​ေနတာ မင္​းတို႔သိၾကတယ္​ ၊ water မွာ `t´ ရဲ႕ မူရင္​း အဂၤလိပ္​ အသံမွာ တီ မဟုတ္​ဘဲ ထီ ျဖစ္​တယ္​။ ​ဗမာ​ေတြကဘဲ တီ လို႔ အသံထြက္​တယ္​။ ကရင္​​ေတြ​ေတာင္​ အမွန္​အတိုင္​း ထီ လို႔ထြက္​တာ မင္​းတို႔ သိရဲ႕လား၊ ဒါ​ေၾကာင္​့ water ပါတီကို ​ဗမာသံနဲ႔ ဝါးထားပါတီ လို႔ထြက္​ရမယ္​။ သီခ်င္​းအမွန္​က ဝါးထားပါတီ၊ ခ်ာပါတီဘဲ။ ဟုမိန္​႔၍ ကြမ္​းျမံဳ႕​ေန​ေလ၏။
.
တပည္​့တဦးက ဘိုး​ေတာ္​၊ ႏိုင္​ငံတိုးတက္​မ့ဲနမိတ္​နဲ႔ ဘယ္​လို ဆက္​စပ္​သလဲ လင္​းပါဦးဟု ​ေမးရာ စိတ္​တိုၿပီး " မင္​းတို႔ ဒါ​ေၾကာင္​့လဲ မႀကီးပြားတာဘဲ။ တ​ေဘာင္​က ႐ွင္​း​ေနတာကြ၊ ဝါးထားတ့ဲပါတီက ခ်ာတ့ဲပါတီ​ေပါ့ကြာ။ ၂၀၁၅ လာမဲ့ ​ေရြး​ေကာက္​ပြဲက် ဝါးထားတ့ဲ ခ်ာပါတီကို မဲမ​ေပးယင္​ တိုင္​းျပည္​ ႀကီးပြားၿပီ​ေပါ့ကြ၊ ​ေတာ္​​ေတာ္​တံုးတ့ဲ ​ေမာင္​​ေတြဘဲ။ ​ေဟ့ ဘယ္​ပါတီက ျပည္​သူ႔ပိုက္​ဆံ​ေတြ ဝါးထားလဲ ငါ တည္​့​ေျပာရဦးမလား။ " ဆိုမွ
.
တပည္​့မ်ားလဲ၊ မလို​ေတာ့ပါ၊ ဘိုး​ေတာ္​ရယ္​ဟု ရီရင္​း ျပန္​​ေျပာၾကယင္​း " ဝါးထားပါတီ၊ ခ်ာပါတီ " သံုးႀကိမ္​ ရြတ္​ၾက​ေလသတည္​း။
...
​ေနာက္​ဆံုး လ်ိႈ့ဝွက္​မွတ္​ခ်က္​။ ။ ဤ အ​ေၾကာင္​းကို သၾကၤန္​ ​ေနာက္​ဆံုး​ေန႔မွ အျပင္​လူမ်ားကို ဘိုး​ေတာ္​က ​ေျပာခိုင္​းပါသည္​။ တာဝန္​႐ွိသူဟု သူတို႔ဖာသာ သတ္​မွတ္​ထား​ေသာ သူမ်ား ၾကားလွ်င္​ သၾကၤန္​တြင္​း ဤသီခ်င္​း ​ေပးမဆိုမွာ စိုး​ေသာ​ေၾကာင္​့ပါ။ 

05 April 2015

ယ​နေ့​ခေတ်​မှီ တရုပ်​ပြည်​

(Unicode version )

မ​နေ့က တရုပ်​တံတား​ဆောက်​လုပ်​​ရေးအဖွဲ့့. မြန်​မာ့​မြေ​ပေါ် အလံလာစိုက်​သဖြင်​့ မျိုးချစ်​သူများ လှုပ်​လှုပ်​ရှားရှား ဖြစ်​ကုန်​ကြသည်​။ ဟိုတခါ ​ဗုံးကျဲလွန်​သွား၍ ​တောင်​းပန်​ပြီး ​ရော်​​ကြေး​ပေးသည်​နှင်​့ တိုက်​ဆိုင်​သဖြင်​့ ဟားသူက ဟား​​နေကြသည်​။ ဘာကိစ္စဖြစ်​ဖြစ်​ ​ရွှေ​ဗမာ​တွေက​တော့ အချင်​းချင်​း နှစ်​ခြမ်​းကွဲပြီး ဖြစ်​​နေပြီ။



ဒါ​ပေမ့ဲ ဒီတခါ မျိုးချစ်​သူများ ​လောက်​ကိုင်​ကိစ္စ​လောက်​ မ​ဟော့​တော့။ အဲဒီတုံးက ​ဖေ့ဘုတ်​​ပေါ်မှာ ပရိုဖိုင်​​ပုံ​တွေ ​ပြောင်​းပြီး တရုပ်​စစ်​တပ်​ကို ဝါးရင်​းတုတ်​ဖြင်​့ ရင်​ဆိုင်​မည်​့ ​လေသူရဲ​ကောင်​း​တွေ ​ဖေ့ဘုတ်​​ပေါ်မှာ ​ပေါ်လာသည်​။ မြန်​မာစစ်​တပ်​တွင်​ရှိသည်​့ အည့ံဆုံး​သေနတ်​ပင်​ ပစ်​တတ်​ဟန်​မတူသဖြင်​့ ဝါးရင်​းတုတ်​ သတိရဟန်​တူသည်​။ ၁၈၀၀​ကျော်​က အင်္ဂလိပ်​တပ်​လက်​နက်​​တောင်​ မနိုင်​တာ ​မေ့​နေဟန်​တူသည်​။ သတ္တိ​တော့ ​လေးစားတယ်​။



ဤတွင်​ ကျွန်​​တော်​တို့ ဇတ်​လိုက်​​ကျော်​ ချစ်​​ရွှေကြီးက ရှင်​းပြ​ပေးပါသည်​။ သူတို့ တရုပ်​ပြည်​ ဘယ်​​လောက်​တိုးတက်​တယ်​ဆိုတာ မသိ​သေးလို့ပါ။ သိယင်​ ​ပြောရဲမှာ မဟုတ်​ဘူး။ တရုပ်​ပြည်​က စီးပွား​ရေး နိုင်​ငံ​ရေး စစ်​​ရေး ဘက်​​ပေါင်​းစုံက တိုးတက်​သွားတာ။ အဆုံးစွန် တရုပ်​​တွေ ​ ဘယ်​​လောက်​တိုးတက်​သလဲဆို​တော့ သူတို့့ ​ခေါက်​ဆွဲစားရင်​​တောင်​ အရင်​လို တူနှစ်​​ချောင်​းနဲ့ မစား​တော့ဘူး။ တူသုံး​ချောင်​းနဲ့ စား​နေကြပြီတ့ဲ။



ကဲ၊ မျိုးချစ်​​တွေ ကြပ်​ကြပ်​သတိထား။

XxXxXx

(Zawgyi version)

မ​ေန႔က တ႐ုပ္​တံတား​ေဆာက္​လုပ္​​ေရးအဖြဲ့႔. ျမန္​မာ့​ေျမ​ေပၚ အလံလာစိုက္​သျဖင္​့ မ်ိဳးခ်စ္​သူမ်ား လႈပ္​လႈပ္​႐ွား႐ွား ျဖစ္​ကုန္​ၾကသည္​။ ဟိုတခါ ​ဗံုးက်ဲလြန္​သြား၍ ​ေတာင္​းပန္​ၿပီး ​ေရာ္​​ေၾကး​ေပးသည္​ႏွင္​့ တိုက္​ဆိုင္​သျဖင္​့ ဟားသူက ဟား​​ေနၾကသည္​။ ဘာကိစၥျဖစ္​ျဖစ္​ ​ေရႊ​ဗမာ​ေတြက​ေတာ့ အခ်င္​းခ်င္​း ႏွစ္​ျခမ္​းကြဲၿပီး ျဖစ္​​ေနၿပီ။

ဒါ​ေပမ့ဲ ဒီတခါ မ်ိဳးခ်စ္​သူမ်ား ​ေလာက္​ကိုင္​ကိစၥ​ေလာက္​ မ​ေဟာ့​ေတာ့။ အဲဒီတံုးက ​ေဖ့ဘုတ္​​ေပၚမွာ ပ႐ိုဖိုင္​​ပံု​ေတြ ​ေျပာင္​းၿပီး တ႐ုပ္​စစ္​တပ္​ကို ဝါးရင္​းတုတ္​ျဖင္​့ ရင္​ဆိုင္​မည္​့ ​ေလသူရဲ​ေကာင္​း​ေတြ ​ေဖ့ဘုတ္​​ေပၚမွာ ​ေပၚလာသည္​။ ျမန္​မာစစ္​တပ္​တြင္​႐ွိသည္​့ အည့ံဆံုး​ေသနတ္​ပင္​ ပစ္​တတ္​ဟန္​မတူသျဖင္​့ ဝါးရင္​းတုတ္​ သတိရဟန္​တူသည္​။ ၁၈၀၀​ေက်ာ္​က အဂၤလိပ္​တပ္​လက္​နက္​​ေတာင္​ မႏိုင္​တာ ​ေမ့​ေနဟန္​တူသည္​။ သတၱိ​ေတာ့ ​ေလးစားတယ္​။

ဤတြင္​ ကြၽန္​​ေတာ္​တို႔ ဇတ္​လိုက္​​ေက်ာ္​ ခ်စ္​​ေရႊႀကီးက ႐ွင္​းျပ​ေပးပါသည္​။ သူတို႔ တ႐ုပ္​ျပည္​ ဘယ္​​ေလာက္​တိုးတက္​တယ္​ဆိုတာ မသိ​ေသးလို႔ပါ။ သိယင္​ ​ေျပာရဲမွာ မဟုတ္​ဘူး။ တ႐ုပ္​ျပည္​က စီးပြား​ေရး ႏိုင္​ငံ​ေရး စစ္​​ေရး ဘက္​​ေပါင္​းစံုက တိုးတက္​သြားတာ။ အဆံုးစြန္ တရုပ္​​ေတြ ​ ဘယ္​​ေလာက္​တိုးတက္​သလဲဆို​ေတာ့ သူတို့့ ​ေခါက္​ဆြဲစားရင္​​ေတာင္​ အရင္​လို တူႏွစ္​​ေခ်ာင္​းနဲ႔ မစား​ေတာ့ဘူး။ တူသံုး​ေခ်ာင္​းနဲ႔ စား​ေနၾကၿပီတ့ဲ။

ကဲ၊ မ်ိဳးခ်စ္​​ေတြ ၾကပ္​ၾကပ္​သတိထား။ 

06 March 2015

​ကျောင်​းသားသပိတ်​ ရဲ့ ​ကျေးဇူးရှင်​၊

(Unicode version )

မ​နေ့က မြို့​တော်​ခန်​းမ​ရှေ့ ဖြစ်​ခ့ဲတ့ဲကိစ္စဟာ ​တော်​​တော်​ရုပ်​ပျက်​ပါတယ်​။ ​ဖေ့ဘုတ်​​ပေါ်မှာလဲ ​တော်​​တော်​ကို ကန်​့ကွက်​ကြ ရှုံချကြတာကို ​တွေ့ရပါတယ်​။ ကျက်​သ​ရေမရှိတ့ဲ လူငနွားပုံ​တွေ ပလူပျံ​နေတာကို ကြည်​့ရတာ ​တော်​​တော်​ စိတ်​မချမ်​းသာစရာပါ။ အစိုးရက လုပ်​ရပ်​မမှန်​​တော့ လုပ်​​ပေးမ့ဲသူ ရှိဟန်​မတူပါ။ ယုတ်​ည့ံပြီး ပိုက်​ဆံရပြီး​ရောဆိုတ့ဲ သူ​တွေ ​ခေါ်လာပုံပါဘဲ။



ဒီသတင်​းဓါတ်​ပုံ​တွေ မြင်​​တော့ ပထမသတိရတာ ​ကောသလအိမ်​မက်​ ဆယ်​့​ခြောက်​ချက်​ပါဘဲ။ လူ​ကောင်​း​တွေက သူခိုး​တွေကို ရှိခိုး​နေရတာ ပုံ​တွေပါ ​ဖေ့ဘုတ်​မှာ ​တွေ့နိုင်​ပါတယ်​။ ​နောက်​တခုက သမိုင်​းဆရာကြီး ​ဦးသနး်​ထွန်​း​ပြောခ့ဲတ့ဲ ပဲခူး​ရေကြီးပြီဆိုတ့ဲ ပုံပြင်​ပါဘဲ။ ဒါ့အပြင်​ လူကို​ခွေးဆွဲ​နေပုံဆိုတာက​တော့ အများအပြားသုံးကြပါတယ်​။ သူခိုးဂျပိုးသာသာ ရုပ်​​တွေက ​ကျောင်​းသူ​တွေကို ဝင်​လုံးပြီး ဖမ်​းဘို့ခိုင်​းသူကို ပထမ​တော့ အံ့သြမိပါတယ်​။ ဒီ​လောက်​​တောင်​ ​ခေါင်​းမရှိရ​ကောင်​းလား​ပေါ့။



အရင်​ စစ်​အစိုးရ​ခေတ်​ကလဲ ဒါမျိုး​တွေ ဖြစ်​ခ့ဲတာ အကြိမ်​ကြိမ်​ပါ။ ဘယ်​​တော့မှ ​ရန်​ကုန်​မြို့လယ်​မှာ ​နေ့ခင်​း​ကြောင်​​တောင်​ ကင်​မရာအမျိုးစုံ​ရှေ့မှာ မလုပ်​ပါဘူး။ ရဲဆို​ပေမ့ဲ သူခိုးကျင်​့သူခိုးကြံ ည​မှောင်​မှ ဖမ်​း​လေ့ရှိပါတယ်​။ ပတ်​ဝန်​းကျင်​ကိုလဲ မီးဖြတ်​လိုက်​ပါ​သေးတယ်​။ လက်​ပန်​း​တောင်​

ဘုန်​းကြီး​တွေကို ကပ်​ပိတုံးက​​ သတင်​းသမား​တွေမရှိတာ​တောင်​ ညဘက်​မှာ လုပ်​တာပါ။ ဒီဘက်​​ခေတ်​မှာ ဒီမိုက​ရေစီကလဲ ဟစ်​ထား​၊ ကင်​မရာဖုန်​း​တွေကလဲ​ ပွ​နေ​တော့ သူတို့ ​တော်​​တော့ကို အကြပ်​ရိုက်​​နေမယ်​ ​အောက်​​မေ့တာ။



​နေ့ခင်​းလင်​းလင်​းချင်​းချင်​းကြီး ဖြိုခွဲတာ ပထမ​တော့ ဘယ်​သူကိုမှ ဂရုမစိုက်​ဘူးကွလို့ ပြလိုက်​တာဘဲ ထင်​မိတယ်​။ ​နောက်​​ကြောင်​းပြန်​ဘို့ ​ခြေဦးပြင်ပြီ​လား ထင်​မိတယ်​။ သူတို့ ရိုးရိုးသားသား ဘယ်​လိုမှ မနိုင်​နိုင်​တ့ဲ ၂၀၁၅ ​ရွေး​ကောက်​ပွဲ မဖြစ်​​အောင်​ အစပျိုးတာလား ​အောက်​​မေ့တယ်​။



ခု တရက်​အကြာ ​သွေး​အေး​အေးနဲ့ စဉ်​းစားကြည်​့မှ ဒီလို စွမ်​းအားရှင်​​တွေနဲ့ ​နေ့ခင်​း​ကြောင်​​တောင်​ ​ကျောင်​းသားသပိတ်​ကို ဖြိုခွဲသူဟာ သူ့လူ ငါတို့ဘက်​သားပါလားလို့ သိလာတယ်​။ သူ ဘယ်​သူဖြစ်​ဖြစ်​ ​ကျေးဇူးတင်​ရမယ်​။ ​ဗဟိုအစိုးရထဲကလူက ခိုင်​းခိုင်​း၊ ရန်​ကုန်​ဝန်​ကြီးချုပ်​က ခိုင်​းခိုင်​း၊ ရန်​ကုန်​နယ်​လုံဝန်​ကြီးက ခိုင်​းခိုင်​း၊ ခိုင်​းသူဟာ မသိမသာ ဒီမိုဘက်​သားပါ။ ​ကျေးဇူးတင်​ ချီးကျူးသင်​့ပါတယ်​။ သူဒီလို မလုပ်​ခ့ဲရင်​ အဓိကဖြစ်​တ့ဲ လက်​ပတန်​းသပိတ်​ကို သူတို့သုံး​နေကျ နည်​း​တွေနဲ့ ဖြိုခွဲနိုင်​ပါတယ်​။ ခုလို နမိတ်​ပြလိုက်​​တော့ ဒီဘက်​ကလူ​တွေလဲ နိုးကြားလာပါပြီ။ အစု်​ိုးရသည်​ အကျင်​့ယုတ်​တတ်​သည်​လို့လဲ သတိ​ပေးလိုက်​ရာ ​ရောက်​ပါတယ်​။ ဒါ​ကြောင်​့ မ​နေ့က ဖြိုခွဲမှုကို က​လေက​ချေများသုံး၍ ပြုလုပ်​ရန်​ ​စေခိုင်​းခ့ဲသူအား ကျွန်​​တော်​အာပလာမှ အထူး​ကျေးဇူးတင်​မိပါ​ကြောင်​း။ ။

XxXxXx

(Zawgyi version )

မ​ေန႔က ၿမိဳ႕​ေတာ္​ခန္​းမ​ေ႐ွ႕ ျဖစ္​ခ့ဲတ့ဲကိစၥဟာ ​ေတာ္​​ေတာ္​႐ုပ္​ပ်က္​ပါတယ္​။ ​ေဖ့ဘုတ္​​ေပၚမွာလဲ ​ေတာ္​​ေတာ္​ကို ကန္​႔ကြက္​ၾက ႐ွံုခ်ၾကတာကို ​ေတြ႔ရပါတယ္​။ က်က္​သ​ေရမ႐ွိတ့ဲ လူငႏြားပံု​ေတြ ပလူပ်ံ​ေနတာကို ၾကည္​့ရတာ ​ေတာ္​​ေတာ္​ စိတ္​မခ်မ္​းသာစရာပါ။ အစိုးရက လုပ္​ရပ္​မမွန္​​ေတာ့ လုပ္​​ေပးမ့ဲသူ ႐ွိဟန္​မတူပါ။ ယုတ္​ည့ံၿပီး ပိုက္​ဆံရၿပီး​ေရာဆိုတ့ဲ သူ​ေတြ ​ေခၚလာပံုပါဘဲ။

ဒီသတင္​းဓါတ္​ပံု​ေတြ ျမင္​​ေတာ့ ပထမသတိရတာ ​ေကာသလအိမ္​မက္​ ဆယ္​့​ေျခာက္​ခ်က္​ပါဘဲ။ လူ​ေကာင္​း​ေတြက သူခိုး​ေတြကို ႐ွိခိုး​ေနရတာ ပံု​ေတြပါ ​ေဖ့ဘုတ္​မွာ ​ေတြ႔ႏိုင္​ပါတယ္​။ ​ေနာက္​တခုက သမိုင္​းဆရာႀကီး ​ဦးသနး္​ထြန္​း​ေျပာခ့ဲတ့ဲ ပဲခူး​ေရႀကီးၿပီဆိုတ့ဲ ပံုျပင္​ပါဘဲ။ ဒါ့အျပင္​ လူကို​ေခြးဆြဲ​ေနပံုဆိုတာက​ေတာ့ အမ်ားအျပားသံုးၾကပါတယ္​။ သူခိုးဂ်ပိုးသာသာ ႐ုပ္​​ေတြက ​ေက်ာင္​းသူ​ေတြကို ဝင္​လံုးၿပီး ဖမ္​းဘို႔ခိုင္​းသူကို ပထမ​ေတာ့ အံ့ၾသမိပါတယ္​။ ဒီ​ေလာက္​​ေတာင္​ ​ေခါင္​းမ႐ွိရ​ေကာင္​းလား​ေပါ့။

အရင္​ စစ္​အစိုးရ​ေခတ္​ကလဲ ဒါမ်ိဳး​ေတြ ျဖစ္​ခ့ဲတာ အႀကိမ္​ႀကိမ္​ပါ။ ဘယ္​​ေတာ့မွ ​ရန္​ကုန္​ၿမိဳ႕လယ္​မွာ ​ေန႔ခင္​း​ေၾကာင္​​ေတာင္​ ကင္​မရာအမ်ိဳးစံု​ေ႐ွ႕မွာ မလုပ္​ပါဘူး။ ရဲဆို​ေပမ့ဲ သူခိုးက်င္​့သူခိုးၾကံ ည​ေမွာင္​မွ ဖမ္​း​ေလ့႐ွိပါတယ္​။ ပတ္​ဝန္​းက်င္​ကိုလဲ မီးျဖတ္​လိုက္​ပါ​ေသးတယ္​။ လက္​ပန္​း​ေတာင္​
ဘုန္​းႀကီး​ေတြကို ကပ္​ပိတံုးက​​ သတင္​းသမား​ေတြမ႐ွိတာ​ေတာင္​ ညဘက္​မွာ လုပ္​တာပါ။ ဒီဘက္​​ေခတ္​မွာ ဒီမိုက​ေရစီကလဲ ဟစ္​ထား​၊ ကင္​မရာဖုန္​း​ေတြကလဲ​ ပြ​ေန​ေတာ့ သူတို႔ ​ေတာ္​​ေတာ့ကို အၾကပ္​႐ိုက္​​ေနမယ္​ ​ေအာက္​​ေမ့တာ။

​ေန႔ခင္​းလင္​းလင္​းခ်င္​းခ်င္​းႀကီး ၿဖိဳခြဲတာ ပထမ​ေတာ့ ဘယ္​သူကိုမွ ဂ႐ုမစိုက္​ဘူးကြလို႔ ျပလိုက္​တာဘဲ ထင္​မိတယ္​။ ​ေနာက္​​ေၾကာင္​းျပန္​ဘို႔ ​ေျခဦးျပင္ျပီ​လား ထင္​မိတယ္​။ သူတို႔ ႐ိုး႐ိုးသားသား ဘယ္​လိုမွ မႏိုင္​ႏိုင္​တ့ဲ ၂၀၁၅ ​ေရြး​ေကာက္​ပြဲ မျဖစ္​​ေအာင္​ အစပ်ိဳးတာလား ​ေအာက္​​ေမ့တယ္​။

ခု တရက္​အၾကာ ​ေသြး​ေအး​ေအးနဲ႔ စဥ္​းစားၾကည္​့မွ ဒီလို စြမ္​းအား႐ွင္​​ေတြနဲ႔ ​ေန႔ခင္​း​ေၾကာင္​​ေတာင္​ ​ေက်ာင္​းသားသပိတ္​ကို ၿဖိဳခြဲသူဟာ သူ႔လူ ငါတို႔ဘက္​သားပါလားလို႔ သိလာတယ္​။ သူ ဘယ္​သူျဖစ္​ျဖစ္​ ​ေက်းဇူးတင္​ရမယ္​။ ​ဗဟိုအစိုးရထဲကလူက ခိုင္​းခိုင္​း၊ ရန္​ကုန္​ဝန္​ႀကီးခ်ဳပ္​က ခိုင္​းခိုင္​း၊ ရန္​ကုန္​နယ္​လံုဝန္​ႀကီးက ခိုင္​းခိုင္​း၊ ခိုင္​းသူဟာ မသိမသာ ဒီမိုဘက္​သားပါ။ ​ေက်းဇူးတင္​ ခ်ီးက်ဴးသင္​့ပါတယ္​။ သူဒီလို မလုပ္​ခ့ဲရင္​ အဓိကျဖစ္​တ့ဲ လက္​ပတန္​းသပိတ္​ကို သူတို႔သံုး​ေနက် နည္​း​ေတြနဲ႔ ၿဖိဳခြဲႏိုင္​ပါတယ္​။ ခုလို နမိတ္​ျပလိုက္​​ေတာ့ ဒီဘက္​ကလူ​ေတြလဲ ႏိုးၾကားလာပါၿပီ။ အစု္​ိုးရသည္​ အက်င္​့ယုတ္​တတ္​သည္​လို႔လဲ သတိ​ေပးလိုက္​ရာ ​ေရာက္​ပါတယ္​။ ဒါ​ေၾကာင္​့ မ​ေန႔က ၿဖိဳခြဲမႈကို က​ေလက​ေခ်မ်ားသံုး၍ ျပဳလုပ္​ရန္​ ​ေစခိုင္​းခ့ဲသူအား ကြၽန္​​ေတာ္​အာပလာမွ အထူး​ေက်းဇူးတင္​မိပါ​ေၾကာင္​း။ ။