Showing posts with label ရွှေတိဂုံ. Show all posts
Showing posts with label ရွှေတိဂုံ. Show all posts
10 May 2015
Save SHWEDAGONE 2
Save SHWEDAGONE ဆိုပြီး သိဂုင်္တ္တရကုန်း​တော်​ မပြို​ရေးအတွက်​ ​တော်​​တော်​​ရေးလာကြပါတယ်​။ ​ရေးလဲ ​ရေးသင့်​ပါတယ်​။ မ​တော်​တဆ ဆိုတာ မဖြစ်​​အောင်​ ကာကွယ်​နိုင်​ရင်​ အ​ကောင်းဆုံးပါ။ ရှု​ထောင့်​မ်ျိုးစုံက ​ရေးလာကြတာကိုလဲ ​တွေ့ရပါတယ်​။
.
လော​လောဆယ်​ နီ​ပေါငလျင်​ကို ​တွေ့​တော့ လန့်​သွားပါတယ်​။ ​ဖောင်​​ဒေးရှင်းအတွက်​ ​ပေရာချီ တူးထားတုံးများဆို ပြဿနာပါ။ ​မြေထိန်းနံရံ​တွေ လုပ်​ထားရင်​​တောင်​ မြန်​မာပြည်​က ​ဆောက်​လုပ်​​ရေးပုံစံ​တွေ ​ကြောက်​လွန်းလို့ပါ။ တချို့ဆိုဒ်​​တွေမှာ ထုံးစံအရသာ safety first ​ရေးထား​ပေမဲ့ သတ္တ၀ါ တခု ကံတခုနဲ့ တည်​​ဆောက်​​နေကြတာပါ။
.
လက်​ရှိအမြင့်​ကို လွန်​ခဲ့တဲ့ နှစ်​နှစ်​ရာ့ငါးဆယ်​​ကျော်​က တည်​ခဲ့တယ်​လို့ သိရပါတယ်​။ အဲဒီအချိန်​က ​မြေ​အောက်​ကို ​ဖောင်​​ဒေးရှင်း မချ​သေးတာ အ​သေအချာပါ။ ​ဗမာထုံးစံအတိုင်း အမြင့်​ဆုံး​နေရာမှာ အုတ်​စီပြီး စတည်​ခဲ့တာဘဲ ဖြစ်​နိုင်​ပါတယ်​။ ခု​ခေတ်​လက်​ရှိ နည်းပညာ​တွေနဲ့ ​မြေပြန်​စမ်းသင့်​ပါတယ်​။ ပြီး​တော့မှ လိုအပ်​တဲ့ ကာကွယ်​မှု တည်​​ဆောက်​သင့်​ပါတယ်​။
.
နောက်​ကြားဘူးတာက ဆည်​ကြီး​တွေတည်​​ဆောက်​ရင်​ ငလျင်​လှုပ်​တတ်​တယ်​ဆိုပြီး ဘူမိေ​ဗဒတွက်​ချက်​မှုများ လုပ်​ကြရပါတယ်​။ ဒီလိုတိုင်းတာ တွက်​ချက်​တာမျိုး လုပ်​သင့်​ပါတယ်​။ ခုလဲ ဘူမိပညာရှင်​​တွေနဲ့ အင်​ဂျင်​နီယာဘက်​က လူ​တွေ ​ရေးကြတာ ဖတ်​ရပါတယ်​။ ​ကောင်းပါတယ်​။ ဒါမျိုးက မ​လောဘဲ အချိန်​ယူ လုပ်​ရမဲ့ အလုပ်​မျိုးပါ။
.
ပြည်​ပ ကျွမ်းကျင်​တဲ့ အဖွဲ့​တွေ ငှါးရမ်းသုံးရပါမယ်​။ ပြည်​တွင်းက အစိုးရ အင်​ဂျင်​နီယာဌာန​တွေ အင်​ဂျင်​နီယာအသင်းကသူ​တွေဆို ဘက်​လိုက်​မှု ရှိနိုင်​ပါတယ်​။ ​ကြောက်​ရလို့ လူကြီးအကြိုက်​ ဆွဲ​ကောက်​ချက်​ချနိုင်​ပါတယ်​။ မကင်းရာ မကင်း​ကြောင်း​တွေ မဟုတ်​ပါလား။ အစိုးရဌာနကသူ မ​ပြောနဲ့၊ NGO လို့​ပြောတဲ့ အင်​ဂျင်​နီယာအသင်း ဥက္ကဌ​ဟောင်း တ​ယောက်​ဆို တံတား သံ​ဘောင်ကန်​ထရိုက်​ သူချည်းရ​နေတာ ဘယ်​လိုလွန်​ဆန်​နိုင်​မှာလဲ။ နည်းပညာကို တကယ်​အဓိကထားတဲ့ တိုင်းတာဆုံးဖြတ်​မှုဘဲ လိုချင်​ပါတယ်​။
.
အ​သေချာဆုံးက​တော့ မ​လောဖို့ပါဘဲ၊ ပထမဆုံး​ပြောခဲ့သလို ဘက်​​ပေါင်းစုံစဉ်းစားဖို့ပါ။ ယဉ်​​ကျေးမှု ​ဗိသုကာ အင်​ဂျင်​နီယာ ​ဆောက်​လုပ်​​ရေး ဘူမိ​ဗေဒ ​ထောင့်​​ပေါင်းစုံက စဉ်းစားရမှာပါ။ အဖက်​ဖက်​က​သေချာမှ ​ရွှေတိဂုံကုန်း​တော်​ ​ရေရှည်​တည်​တံ့​ရေးအတွက်​ ပူး​ပေါင်း လုပ်​​ဆောင်​ကြရမှာပါ။ ​နောက်​ဆုံး စစ်​​ရေးအတွက်​​တောင်​ စဉ်းစားရမလို ဖြစ်​​နေတယ်​။ ​ဗန္ဓုလ​ခေတ်​ကလို ခံတပ်​လုပ်​ဖို့ မဟုတ်​ပါ။ ​ရွှေတိဂုံကုန်း​တော်​ အနီးတဝိုက်​မှာ စစ်​တပ်​​မြေဖြစ်​​နေတယ်​။ အဲဒီမှာ ​ဖောင်​​ဒေးရှင်း အနက်​ကြီးတူးပြီး အထပ်​မြင့်​ကွန်​ဒို​တွေ ​ဆောက်​မယ်​ဆို​တော့ ဂွကျကုန်​ပါတယ်​။ အုပ်​ချုပ်​​ရေးနဲ့လဲ ပတ်​သက်​ပါတယ်​။ အဲဒီကွန်​ဒိုပ​ရောဂျက်​မှာ ​မြေပိုင်​သူ၊ ခွင့်​ပြုသူ MIC ၊ ​ဆောက်​ခွင့်​ပြုသူ စည်​ပင်​အများစုကလဲ တပ်​နဲ့ပတ်​သက်​သူ​တွေ ဖြစ်​​နေပါတယ်​။ ဒီ​တော့ အများအမြင်​မှာ ဒီပ​ရောဂျက်​​ကြောင့်​ အကျိုးရှိမဲ့သူ အများစုကလဲ တပ်​နဲ့ပတ်​သက်​သူ​တွေဘဲ ဖြစ်​မယ်​လို့ နိုင်​ငံ​ရေး စွပ်​စွဲမှု​တွေပါ ရှိလာပါတယ်​။ ရှုပ်​ကုန်​တာ​ပေါ့။
.
ကျွန်​​တော်​က​တော့ သိဂုင်္တ္တရကုန်း​တော်​ ​ရေရှည်​တည်​​ရေးဘဲ လိုလားတာပါ။ ဒါကလဲ ဒီ​နေ့ မနက်​ဖန်​​လောက်​ကို ရည်​ရွယ်​​ပြော​နေတာမဟုတ်​ဘဲ ​နောင်​နှစ်​ သုံး​လေးရာအတွက်​ မှန်းပြီးလုပ်​ဖို့ ​ပြောချင်​တာပါ။ လာဘ်​စားတဲ့ ပိုက်​ဆံမှ မဟုတ်​၊ ဘယ်​ပိုက်​ဆံဖြစ်​ဖြစ်​ ​သေရင်​ ပါမသွားပါဘူး။ မိမိလုပ်​ခဲ့တဲ့ ကုသိုလ်​၊အကုသိုလ်​ဘဲ ပါမှာပါ။ ခုလဲ ​ရွှေတိဂုံဘုရားကြီးရဲ့ တန်​ခိုး စပြပြီလားမသိပါဘူး။ ကွန်​ဒို​တွေ ဝယ်​မဲ့လူ မရှိဖြစ်​လာပြီ ကြားပါတယ်​။ ​ရွှေတိဂုံဘုရား တန်​ခိုး မ​ကြောက်​ကြဘူးလား။
02 April 2015
Save SHWEDAGONE.
ရွှေတိဂုံဘုရားသည်​ မြန်​မာလူမျိုးများ ​ဗုဒ္ဓဘာသာဝင်​များအတွက်​ ကိုးကွယ်​ကြည်​ညိုစရာ မက​တော့ပါ။ မြန်​မာနိုင်​ငံ၏ သ​င်္ကေတ ၊ မြန်​မာ့ယဉ်​​ကျေးမှု အနုပညာ အ​ပေါင်းစု​ဝေးရာ ဌာနဖြစ်​​နေပါပြီ။ သာမန်​ဘာသာ​ရေး အ​ဆောက်​အအုံ တခုထက်​ များစွာ​ကျော်​လွန်​ပြီး မြန်​မာ့​ဗိသုကာ မြန်​မာ့ပန်းဆယ်​မျိုးကို ကမ္ဘာသိ​စေသည့်​ ​နေရာဖြစ်​​နေပါပြီ။ မြန်​မာနိုင်​ငံ ရန်​ကုန်​မြို့ကို လာလည်​သူ ပြည်​တွင်းဘုရားဖူးများသာမက ပြည်​ပမှ လာလည်​သူ ဘာသာခြား တိုးရစ်​များပင်​ ရင်​သပ်​ရှု​မောဖြင့်​ လာကြည့်​ကြရသည့်​ အထွဋ်​အမြတ်​​နေရာ တခုပါ။
သို့​သော်​ မကြာမီကစ၍ မြင်​ရ ဖတ်​ရ ကြားလာရသည့်​ သတင်းအချို့က ​ရွှေတိဂုံဘုရားကြီး ​ရေရှည်​တည့်​တံ့​ရေးအတွက်​ စိုးရိမ်​စရာ သတင်းများဖြစ်​လာသည်​။ ပထမဦးစွာ အ​နောက်​ဖက်​ ပြည်​သူ့ဥယာဉ်​အတွင်း အ​ဆောက်​အဦးများ ​ဆောက်​ခွင့်​ပြုခြင်းဖြစ်​သည်​။ အများက ကန့်​ကွက်​၍သာ အထပ်​မြင့်​ မ​ဆောက်​တာထင်​ပါသည်​။ စီးပွား​ရေး ဆိုင်​များဖြစ်​သဖြင့်​ ​ဆောက်​ခွင့်​ရရန်​ သက်​ဆိုင်​ရာများသို့ ​လျှောက်​ထားခဲ့မည်​ထင်​သည်​။ ထိုအ​ဆောက်​အဦးများအတွက်​ ​ရေမိလ္လာကိစ္စများ မည်​သို့ ခွင့်​ပြုခဲ့သလဲ မသိပါ။
ရွှေတိဂုံ တဝိုက်​တွင်​ အဝီစိတွင်းများ တူးခြင်းသည်​ ​မြေ​အောက်​တွင်​ ဂလှိုင်​များ ဖြစ်​​ပေါ်​စေ​သော​ကြောင့်​ အထူးအန္တရယ်​များ​ကြောင်း ဖတ်​လိုက်​ရပါသည်​။ ယခင်​က မစဉ်းစားမိ​သော ကိစ္စမျိုးပါ။ မဆလ​ခေတ်​ကတည်းက ရန်​ကုန်​ကို ​ရေလုံ​လောက်​စွာ မ​ပေးနိုင်​သဖြင့်​ အဝီစိတွင်းများ ခိုးတူး၍ သုံးလာခဲ့ကြသည်​။ ​နောက်​ပိုင်းစစ်​အစိုးရလက်​ထက်​တွင်​ ရန်​ကုန်​မြူကိုယ်​တိုင်​က တူး၍​ရေ​ပေး​နေခဲ့ရသည်​။ ခုချိန်​ ပြန်​စဉ်းစားသင့်​ပါသည်​။ ဘန်​​ကောက်​မြို့ကြီးလဲ တချိန်​က ​မြေ​အောက်​​ရေ အလွန်​အကျွန်​ထုတ်​မှု​ကြောင့်​ ကျွံခဲ့သည်​ကို အမှတ်​ရမိပါသည်​။
နောက်​တချက်​က ဦးဝိစာရအဂိုင်း အနီးက အထပ်​မြင့်​ အိမ်​ယာမျိုးပါ။ အထပ်​မြင့်​များအတွက်​ ​မြေ​အောက်​သို့ အုတ်​မြစ်​ပိုင်​ ရိုက်​ရာတွင်​ တုန်​ခါမှု​ကြောင့်​ ​မြေပြိုနိုင်​ခြင်းကို အထူးဂရုပြုသင့်​သည်​။ လွန်​ခဲ့​သောနှစ်​​လေးဆယ်​​ကျော်​ခန့်​က ​ရွှေတိဂုံအ​နောက်​ဖက်​ ဝတ္တက​မြေ ပြိုခဲ့ဘူးရာ ဦးဝိစာရလမ်း​ပေါ် ​မောင်း​နေ​သောကားများပင်​ ခါရမ်းသွားဘူးသည်​ကို သိထားရပါမည်​။
ယခု​နောက်​ပိုင်း ကြားရတဲ့အထဲ အဆိုးဆုံးမှာ ဘုရားကြီး​တောင်​ဖက်​ စစ်​တပ်​ပိုင်​​မြေထဲတွင်​ အိမ်​ယာများ ​ဆောက်​မည့်​သတင်းဖြစ်​သည်​။ ဂျာနယ်​သတင်းစာများတွင်​ အကြီးအကျယ်​ ​ကြော်​ငြာ​နေ​သော ဒဂုံစီးတီးကွန်​ဒို ဖြစ်​သည်​။ အလွန်​အန္တရယ်​ များသည်​ဟု ကြားရပါသည်​။ ဘုရားရင်​ပြင်​​တော်​ အမြင့်​ထက်​ ပိုမမြှင့်​ရဟု ကန့်​သတ်​လိုက်​သည့်​အတွက်​ လက်​ရှိ ​မြေပြင်​​အောက်​ ငါးထပ်​ခန့်​ ​မြေ​အောက်​တူး၍ ​ဆောက်​မည်​ဟုသိရသည်​။ ထို့​အောက်​သို့ အုတ်​မြစ်​ပိုင်​တူးပါက ​ရွှေတိဂုံကုန်း​တော်​ အပါအဝင်​ မဟာဝိဇယ​စေတီ အလံပြဘုရားတို့ပါ ​မြေပြိုနိုင်​မလား ​သေချာစစ်​​ဆေးသင့်​ပါသည်​။ အတိအကျ မ​ပြောနိုင်​ပါက ဤကိစ္စသည်​ calculated risk လုံးဝမယူသင့်​ဟုထင်​ပါသည်​။
စစ်​​တပ်​မြေတွင်​ ကွန်​ဒို​ဆောက်​သည့်​ကိစ္စမှာ မည်​သူ့အတွက်​ အကျိုးများမလဲ မသိပါ။ မည်​သူပင်​ဖြစ်​​စေ ​ရွှေတိဂုံဘုရား ​ရေရှည်​အကျိုးထိခိုက်​မည်​ဆိုလျှင်​ ​ရှောင်​မည်​ထင်​ပါသည်​။ တည်​​ဆောက်​မည့်​ ကုမ္ပဏီသည်​ စင်​ကာပူမှ ဖြစ်​သဖြင့်​ ​သေချာရှင်းပြ၍ ​နေရာ​ပြောင်းသင့်​ပါသည်​။ ထို​နေရာကို ​ရွှေတိဂုံ ကန်​​တော်​ကြီး တိရိစ္ဆာန်​ဥယာဉ်​ ပြည်​သူ့ရင်​ပြင်​တို့နှင့်​ တဆက်​တစပ်​ထဲ ပြည်​သူများ အပန်း​ဖြေ​နေရာသာ လုပ်​သင့်​ပါသည်​။ ပြည်​ပမှ မြို့ကြီးများတွင်​ ​ခေတ်​မှီကွန်​ကရိ အ​ဆောက်​အအုံများအလယ်​တွင်​ သစ်​ပင်​ကြီးများဖြင့်​ ပန်းခြံများ ​တွေ့ရသည်​မှာ အဖိုးတန်​သည်​ဟု ထင်​မိ​သော​ကြောင့်​ပါ။
ထိုကွန်​ဒိုများ ​ဆောက်​ခွင့်​ပြုသူ အစိုးရမင်း​များလဲ ချမ်းသာပြီး ဖြစ်​ပါသည်​။ ပါမစ်​​ပေးရသူ ရန်​ကုန်​မြူမင်းများလဲ ချမ်းသာပြီး ဖြစ်​ပါသည်​။ ​မြေပိုင်​ရှင်​ ​ဗိုလ်​ချုပ်​ကြီးများလဲ ချမ်းသာပြီးဖြစ်​ပါသည်​။ အားလုံးသည်​လဲ ​ဗုဒ္ဓဘာသာဝင်​များ ဖြစ်​ပါလိမ့်​မည်​။ နဂိုရ်​က ​လောဘ​ကြောင့်​ မသိဘဲ ခွင့်​ပြုခဲ့တာဘဲ ဖြစ်​ပါလိမ့်​မည်​။ ယခုကဲ့သို့ မြန်​မာ့သ​င်္ကေတ ​ရွှေတိဂုံဘုရားကြီး ​ရေရှည်​တည်​တံ့​ရေး ထိခိုက်​မည်​ဆိုလျှင်​ ပြန်​လည်​စဉ်းစားလိမ့်​မည်​ဟု ထင်​မိပါ​ကြောင်း။
27 April 2010
ရွှေတိဂုံ
ရွှေတိဂုံဘုရား ကို နှစ်ဆန်းတစ်ရက်နေ့က အရှေ့ဖက်မုတ်မှ ဖူးမျှော်ရစဉ်။
27 October 2009
သွေးချင်းချင်းနီ
(Unicode version)
မြို့တော် မဟုတ်တော့တ့ဲ ရန်ကုန်မှာ တည်ရှိတ့ဲ ရွှေတိဂုံဘုရားခြေရင်းမှာ သွေးချင်းချင်းနီ မယ်လို့များ ကြားကြပါသလား။
ရွှေတိဂုံဘုရား အောက်ခြေကို အနီရောင်တွေ သုတ်ထားတာ သေချာမြင်ကြရမှာပါ။
XxXxXx
(Zawgyi version)
မြို့တော် မဟုတ်တော့တဲ့ ရန်ကုန်မှာ တည်ရှိတဲ့ ရွှေတိဂုံဘုရားခြေရင်းမှာ သွေးချင်းချင်းနီ မယ်လို့များ ကြားကြပါသလား။
14 April 2009
မိုးတွေရွာစွေ
(Unicode version)
ဒီနှစ်သင်္ကြန်မှာ မိုးတွေရွာနေပါတယ်။ ရန်ကုန်ရဲ့ ကျက်သရေဆောင် ရွှေတိဂုံဘုရားကို မိုးတွေကြားမှာ ဖူးတွေ့နိုင်ပါတယ်။
XxXxXx
(Zawgyi version )
29 November 2008
shwedagone
ရွှေတိဂုံ ည ရှုခင်း။
ရွှေတိဂုံ ည ရှုခင်း။
15 November 2008
လပြည့်နေ့
ရွှေတိဂုံ အရှေ့ဖက်မုတ်
30 August 2008
ရွှေတိဂုံ
ရွှေတိဂုံကို မြင်လျှင် စိတ်အားလွန်ပျော်ရွှင် ။
23 August 2008
ရွှေတိဂုံ
(Zawgyi version)
XxXxXx
(Unicode version )
မြန်မာပြည် ရန်ကုန်မြို့ မှာ လူလာဖြစ်တာ ဗုဒ္ဓဘာသာ၀င် ဖြစ်ရတာရယ် ၊ ရွှေတိဂုံ ဘုရားကြီးကို ဒီလိုရှုခင်းမျိုးနဲ့ ဖူးရတာရယ် အတန်ဆုံးပါဘဲဗျာ။ ။