23 September 2011

ခင်၀မ်းသရဲ

အမှတ်စဉ် - ၁

ကွယ်လွန်သူ အဆိုတော် ခင်၀မ်း သရဲ ဖြစ်သွားတာ မဟုတ်ပါ။ ခင်၀မ်းကြိုက်သူများ ခင်၀မ်း စွဲ စွဲ နေသူများကိုသာ ဆိုလိုပါသည်။ သေပြီး သရဲဖြစ်နေသူများ ကိုလဲ ဆိုလိုပါသည်။ ထိုသို့ ပုဂ္ဂိုလ်များရှိခ့ဲလျှင် ထို ခင်၀မ်းသရဲများသည် ခင်၀မ်းကြိုက်ခ့ဲသည်များကို ကြိုက်နေကြမှာ အသေအချာ။ ထိုသူတို့သည် အမေ များကို ချစ်ကြမည်။ ချစ်သူများကို အခြားသူများထက်ပို၍ ချစ်ကြမည်။ပြည်မှာဆောင်း ကိုချစ်ကြမည်။ ထို့အပြင် ဧရာ၀တီ ကိုချစ်ကြမှာ အသေအချာပင်။

အမှတ်စဉ် - ၂

ခုတလော ဧရာ၀တီ ခေတ်စားနေသည်။ ရောဂါ ဟုပင် သမုတ်သူက သမုတ်သည်။ ဂျာနယ်များတွင် ကား အကြောင်းပြီးလျှင် အဖတ်ရဆုံးပင်။ပြောရဲသူက မြစ်ဆုံဆည် အကြောင်း ကျွန်တော်သာ အသိဆုံး ဆို၍ အထူးအ့ံသြမိသည်။ ခင်၀မ်း crazy များအတွက် ဧရာ၀တီ ပျောက်ကွယ်သွား၍ မဖြစ်ပါ။ ဧရာ၀တီ သီချင်းဧ။် Intro ရေစီးသံ ပျောက်သွား၍ မဖြစ်နိုင်ပါ။ ထိုအခါ ဘာမှ မတတ်နိုင်သူ ကျွန်တော်တို့ ဆုတောင်း ယုံသာရှိတော့သည်။

အမှတ်စဉ် - ၃

ကျွန်တော်တို့ ငယ်စဉ်က မဟုတ်တာ လုပ်သူများကို တစ်ချို့လူကြီးများက ဆုံးမလေ့ရှိသည်။ ဒီကောင်တော့ အတွယ်ခံ ရတော့မယ်။ ဘာ တွယ်ခံရမှန်းလဲ မသိပါ။ မျှော့ တွယ်တာမျိုးလဲ မဖြစ်နိုင်ပါ။ ချစ်သူချင်း တွယ်တာ တာ မျိုးလဲ မဟုတ်နိုင်ပါ။

၁ + ၂ + ၃

ကျွန်တော့် ဆုတောင်း

ခရားဆူးခြုံ တောနက်ထဲက ခင်၀မ်းသရဲကြီး တွယ်လိမ့်မယ် ။

18 September 2011

အပ်ကွက်



(Unicode version)

စမ်းချောင်းက အာရှတော်၀င်ဆေးခန်းရှေ့မှာ ဖြစ်နေကြပါ။ ဒါပေမ့ဲ ခဏအတွင်း သူ့ဖာသာသူ ပြေလည်သွားတတ်ပါတယ်။

XxXxXx

(Zawgyi version )

စမ္းေခ်ာင္းက အာ႐ွေတာ္၀င္ေဆးခန္းေ႐ွ႕မွာ ျဖစ္ေနၾကပါ။ ဒါေပမ့ဲ ခဏအတြင္း သူ႔ဖာသာသူ ေျပလည္သြားတတ္ပါတယ္။

12 September 2011

ခန္ဒာ၀န်

(Unicode version)

ခင်မောင်တိုး ဆိုတ့ဲ " ခန္ဓာ၀န် `ရှင်သန်ရေး ဓါတုဆေးဝါး ကျားကန်ယင်း "

ဆိုတ့ဲစာသားတွေ နေမကောင်းတော့ ပိုခံစားမိသလိုပါဘဲ။

XxXxXx

(Zawgyi version)

ခင္ေမာင္တိုး ဆိုတ့ဲ " ခႏၶာ၀န္ `႐ွင္သန္ေရး ဓါတုေဆး၀ါး က်ားကန္ယင္း "
ဆိုတ့ဲစာသားေတြ ေနမေကာင္းေတာ့ ပိုခံစားမိသလိုပါဘဲ။

09 September 2011

မြန်မာ CNN

(Unicode version)

မြန်မာ့အသံနဲ့ ပူးပေါင်းလွှင့်နေတ့ဲ 5-Series မှာ CNN

အစီအစဉ်ကို Delay လုပ်ပြီး အလကားလွှင့်နေတာ ကြာပါပြီ။ ဆင်ဆာလုပ်ချင်လို့

ထင်ပါတယ်။ အနည်းဆုံး ၁၂ မိနစ်လောက် Delay ဖြစ်ပါတယ်။ တစ်ခါတစ်ခါတော့

နာရီနံ့ဲချီပြီး Delay ဖြစ်ပါတယ်။

ဒီလ ၆ ရက်နေ့ ညနေ ကစပြီးတော့ Real Live

လွှင့်နေတာတွေ့ရပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရယင် အစိုးရ

အသစ်တက်လာပြီးနောက် ပြောင်းလဲမှုတစ်ခု လို့ပြောလို့ရပါတယ်။ ကျွန်တော်

သိချင်တာတစ်ခုက ဒီလို ဆင်ဆာလုပ်ဖို့ စောင့်ခ့ဲတ့ဲ နှစ်တွေမှာ

မြန်မာ့ပြည်အကြောင်း လွှင့်တာ ဘယ်နှစ်ခါ တွေ့ခ့ဲပါသလဲ။ အကြိမ် အရမ်းနဲ

မယ်ထင်ပါတယ်။ တကယ်က Live လွှင့်တာရဲ့တန်ဖိုးက သတင်း နဲ့ ဘောလုံးပွဲ မှာဘဲ

တန်ဖိုး အရှိဆုံးပါ။ ခုလို Delay လုပ်ထားတ့ဲအတွက် သိနေယင် သတင်းကြည့်ရတာ

feel အောက်ပါတယ်။

မနက်စောစောဆို ပိုဆိုးပါတယ်။ စောင့်ကြည့်နေတ့ဲသူတွေ

မနိုးလို့လား မသိပါဘူး။ ည က သတင်းကိုဘဲ ပြန်ပြနေပါတယ်။ မြန်မာ

စံတော်ချိန် ၇ နာရီခွဲဆို PierceMorgan အစီအစဉ်လာတော့ မနက်သတင်းကို သိကို

မသိလိုက်ရပါ။ အလုပ်သွားသည်အထိ ဒီမနက် ကမ္ဘာကြီး ဘာဖြစ်ခဲ့သလဲ မသိရတော့ပါ။

ဟဲဟဲ ၊ များသောအားဖြစ်တော့ ဘာမှ မဖြစ်တတ်ပါ။ သိကို သိချင်နေတာပါ။

အင်္ဂလိပ်ခေတ်က ပြောခ့ဲဘူးတာ ကြားဘူးပါတယ်။ လူဆိုးတစ်ရာ

မမိယင်နေပါစေ၊ လူကောင်းတစ်ယောက်ကို မနှောက်ရှက်မိစေနဲ့ လို့ ။

ဒီအဆိုနဲ့ဆိုတော်တော် ကိုလွဲနေပါပြီ။ မြန်မာသတင်းက တစ်နှစ်မှာ

ဘယ်နှစ်ကြိမ်ပါလဲတော့ မသိ။ ကျန်သတင်းတွေ တစ်ချိန်လုံး လွတ်နေရတာ မဟန်ပါ။

ဒီခေတ်မှာ ဒါမျိုးတွေ ရိုးနေပါပြီလား။ ဧည့်စာရင်းစစ်သလိုပေါ့။ လူဆိုး

ဘယ်နှစ်ယောက် ဧည့်စာရင်းစစ်ရင်း မိသလဲတော့ မသိဘူး။ လူကောင်းများစွာ ကတော့

အိပ်ေ၇းပျက်ပေါင်း များခ့ဲပါပြီ။ အင်း၊ အစိုးရသစ်နဲ့ သမတ အသစ်ကြီးတွေ

လက်ထက်မှာ တိုးတက်လာတန်ကောင်းပါရဲ့ဗျာ။


XxXxXx

(Zawgyi version )

ျမန္မာ့အသံနဲ႔ ပူးေပါင္းလႊင့္ေနတ့ဲ 5-Series မွာ CNN
အစီအစဥ္ကို Delay လုပ္ၿပီး အလကားလႊင့္ေနတာ ၾကာပါၿပီ။ ဆင္ဆာလုပ္ခ်င္လို႔
ထင္ပါတယ္။ အနည္းဆံုး ၁၂ မိနစ္ေလာက္ Delay ျဖစ္ပါတယ္။ တစ္ခါတစ္ခါေတာ့
နာရီနံ႔ဲခ်ီၿပီး Delay ျဖစ္ပါတယ္။
ဒီလ ၆ ရက္ေန႔ ညေန ကစၿပီးေတာ့ Real Live
လႊင့္ေနတာေတြ႕ရပါတယ္။ ႀကီးႀကီးက်ယ္က်ယ္ ေျပာရယင္ အစိုးရ
အသစ္တက္လာၿပီးေနာက္ ေျပာင္းလဲမႈတစ္ခု လို႔ေျပာလို႔ရပါတယ္။ ကၽြန္ေတာ္
သိခ်င္တာတစ္ခုက ဒီလို ဆင္ဆာလုပ္ဖို႔ ေစာင့္ခ့ဲတ့ဲ ႏွစ္ေတြမွာ
ျမန္မာ့ျပည္အေၾကာင္း လႊင့္တာ ဘယ္ႏွစ္ခါ ေတြ႕ခ့ဲပါသလဲ။ အႀကိမ္ အရမ္းနဲ
မယ္ထင္ပါတယ္။ တကယ္က Live လႊင့္တာရဲ့တန္ဖိုးက သတင္း နဲ႔ ေဘာလံုးပြဲ မွာဘဲ
တန္ဖိုး အရွိဆံုးပါ။ ခုလို Delay လုပ္ထားတ့ဲအတြက္ သိေနယင္ သတင္းၾကည့္ရတာ
feel ေအာက္ပါတယ္။
မနက္ေစာေစာဆို ပိုဆိုးပါတယ္။ ေစာင့္ၾကည့္ေနတ့ဲသူေတြ
မႏိုးလို႔လား မသိပါဘူး။ ည က သတင္းကိုဘဲ ျပန္ျပေနပါတယ္။ ျမန္မာ
စံေတာ္ခ်ိန္ ၇ နာရီခြဲဆို PierceMorgan အစီအစဥ္လာေတာ့ မနက္သတင္းကို သိကို
မသိလိုက္ရပါ။ အလုပ္သြားသည္အထိ ဒီမနက္ ကမာၻႀကီး ဘာျဖစ္ခဲ့သလဲ မသိရေတာ့ပါ။
ဟဲဟဲ ၊ မ်ားေသာအားျဖစ္ေတာ့ ဘာမွ မျဖစ္တတ္ပါ။ သိကို သိခ်င္ေနတာပါ။
အဂၤလိပ္ေခတ္က ေျပာခ့ဲဘူးတာ ၾကားဘူးပါတယ္။ လူဆိုးတစ္ရာ
မမိယင္ေနပါေစ၊ လူေကာင္းတစ္ေယာက္ကို မေႏွာက္ရွက္မိေစနဲ႔ လို႔ ။
ဒီအဆိုနဲ႔ဆိုေတာ္ေတာ္ ကိုလြဲေနပါၿပီ။ ျမန္မာသတင္းက တစ္ႏွစ္မွာ
ဘယ္ႏွစ္ႀကိမ္ပါလဲေတာ့ မသိ။ က်န္သတင္းေတြ တစ္ခ်ိန္လံုး လြတ္ေနရတာ မဟန္ပါ။
ဒီေခတ္မွာ ဒါမ်ိဳးေတြ ရိုးေနပါၿပီလား။ ဧည့္စာရင္းစစ္သလိုေပါ့။ လူဆိုး
ဘယ္ႏွစ္ေယာက္ ဧည့္စာရင္းစစ္ရင္း မိသလဲေတာ့ မသိဘူး။ လူေကာင္းမ်ားစြာ ကေတာ့
အိပ္ေ၇းပ်က္ေပါင္း မ်ားခ့ဲပါၿပီ။ အင္း၊ အစိုးရသစ္နဲ႔ သမတ အသစ္ႀကီးေတြ
လက္ထက္မွာ တိုးတက္လာတန္ေကာင္းပါရဲ့ဗ်ာ။