Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts

14 October 2020

ကိုဗစ်တံဆိ​ပ်ခေါင်းများ









ကိုဗစ်တံဆိပ်ခေါင်းဆိုလို့ မြန်မာ့စာပို့လုပ်ငန်းက ကိုဗစ်အထိမ်းအမှတ်တံဆိပ်ခေါင်းတွေ ထုတ်နေပြီမထင်ကြပါနှင့်။ ထုတ်ဖို့ အိုင်ဒီယာမရှိသလို ရှိရင်လည်း ထုတ်ခွင့်ပေးလိမ့်မည် မထင်ပါ။

.

ရန်ကုန်နှင့် မန္တလေးတွင် stay@home ဆီမီးလော့ဒေါင်းလုပ်ထားစဥ် ထုတ်ဝေခဲ့သည့် တံဆိပ်ခေါင်းများကို အမည်ပေးတာပါ။ တံဆိပ်ခေါင်းများ သတ်မှတ်ရင်မှာထုတ်ဖို့ဆိုတာ နှစ်နဲ့ချီစီစဥ်ထားရတာ နားလည်ပါတယ်။ ကျန် ပန်းဆယ်မျိုးခေါင်းနဲ့ ရွေးကောက်ပွဲအထိမ်းအမှတ်ထုတ်ရင် ကိုဗစ်ခေါင်းစာရင်း ဝင်နိုင်ပါသေးတယ်။ မြန်မြန်ပျောက်ပါတော့ ကိုဗစ်ရယ်။

.

တံဆိပ်ခေါင်းထုတ်သည့်နေ့တွင် လူများလေ့ရှိသဖြင့် နောက်နေ့မှသွားပါတယ်။ အသွားအလာ ကန့်သတ်ထားလို့ သတင်းစုံစမ်းပြီးမှ သွားဝယ်ဖြစ်ပါတယ်။ ပန်းပုခေါင်းနဲ့ ရုပ်ရှင်နှစ်တရာပြည့်ခေါင်းတွေက လေးရက်ဘဲခြားလို့ ဒီနေ့မှသွားတာ ရုပ်ရှင် FDC မရတော့ပါ။ မနေ့က ရောင်းချစဥ်မှာပင် ကုန်သွားတယ်လို့ သိရပါတယ်။ ပုံမှန်တံဆိပ်ခေါင်းစုသူတွေအပြင် ရုပ်ရှင်ချစ်သူများကပါ ဝယ်သိမ်းကြဟန်တူပါတယ်။ 

.

၁၃ အောက်တိုဘာမှာ ထုတ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်နှစ်တရာအထိမ်းအမှတ်က ၂၀၀ကျပ်ပါဘဲ။ FDC လည်း ၂၀၀ကျပ်တန် ထုတ်ပါတယ်။ တဦးတည်းအကြိုက်ပြောရရင် မြန်မာ့စာပို့လုပ်ငန်းက နောက်ပိုင်းထုတ်တွေ ဒီဇိုင်းတိုးတက်လာတဲ့အထဲ ဒီခေါင်းကို ပိုသဘောကျမိတယ်။ 

.

၉ အောက်တိုဘာမှာထုတ်တဲ့ ရိုးရာပန်းစီးရီးရဲ့ ပန်းပုတံဆိပ်ခေါင်းကလည်း ၂၀၀ကျပ်ပါ။ FDCလည်း ၂၀၀ကျပ်တန် ထုတ်တယ်။ ဒီတံဆိပ်ခေါင်းမှာမှ နောက်ခံအရောင်ကြောင့် ပေါ်လာတဲ့ အမှတ်အသားလေးရှိတာ သတိထားမိတယ်။ တံဆိပ်ခေါင်းရဲ့ညာဘက် အလယ်လောက်မှာ အမဲရောင် လက်မှတ်လိုမျိုးလေးပါ။ အရင်ခေါင်းတွေပြန်ကြည့်တော့လည်း ပါပါတယ်။ နောက်ခံအရောင်နဲ့ ရောနေလို့ သတိမထားမိခဲ့ပါ။ ဒီဇိုင်နာလက် မှတ်ဆိုရင် တံဆိပ်ခေါင်းမှာသုံးတာ မမြင်ဘူးခဲ့ပါ။ 

11 July 2020

ကျနော်နဲ့ ကိုကျော်၊


ကျနော် ငယ်ငယ်ကတည်းက ရုပ်ရှင် သိတ်စိတ်မဝင်စားပါ။ မြန်မာကားဆို မကြည့်ဘူးသလောက်ပါ။ အဲဒီခေတ်က မင်းသားတွေက တကယ့်ကို မင်းသားလိုနေကြရတာ။ ဝင်းဦး ဇော်ခင် ညွန့်ဝင်းတို့လိုပေါ့။ အပြင်လူတွေနဲ့ မတူအောင်ကို နေကြ လှုပ်ရှားရကြတာ။ သိတ်မကြိုက်ဘူး။
.
ကျနော် လူပျိုပေါက်အရွယ်မှာ လူငယ်တွေကြားပေါက်သွားတဲ့ မင်းသားပေါ်လာတယ်။ အပြင်က လူတွေအတိုင်းဘဲ။ ပိုတောင် ရွဲသေးလားမသိ။ မဲမဲပိန်ပိန်ခြောက်ခြောက်။ ဆံပင်က ကောက်တိကောက်ကွေး၊ လူကိုယ်က တွန့်လိမ်တွန့်လိမ်နဲ့။ အသံကလည်း သိတ်မထွက်ရှာဘူး။ ဝတ်လိုက်ရင်လည်း ခပ်ရွဲရွဲ။ လူငယ်တွေကတော့ သိတ်ကြိုက်ကုန်ကြတာ။ သူ့ပုံစံမျိုးကို လိုက်တုလုပ်ကြတာ။ အဲဒီခေတ်က ''ကိုကျော်'' လို့ခေါ်တဲ့ ''ကျော်ဟိန်း'' ပါဘဲ။
.
ကျနော်က သူသီချင်းဆိုတာကို ပိုကြိုက်တာ။ ရေဒီယိုမှာ ဓာတ်ပြားရ တပုဒ်ဘဲကြားဘူးတယ်။ ''စိမ်းတယ်လို့မှတ်မှာလား''။ သူ့အခွေထုတ်တော့ ကျနော်ကိုးတန်းထင်တယ်။ ''မျက်ရည်စက်များနားစေသတည်း'' တဲ့။ ကမ္ဘာကျော်သီချင်း ကော်ပီတွေပေမယ့် စာသားတွေက မောင်စစ်ငြိမ်းနဲ့ မောင်ဆွေနွယ်ဆိုတော့ တအားအဓိပ္ပါယ်ရှိတာ။ သူနာမည်ကြီးခဲ့တဲ့အခွေ ''အဓိပ္ပါယ်ရှိသောသူ'' အခွေထက်ကို အဓိပ္ပါယ်ရှိတာဗျာ။ ရော့စတီးဝဒ်ဆိုတာလည်း အဲ့ခွေကြောင့် ကြားဘူးတာဘဲ။ တခွေလုံးကို ကြိုက်ခဲ့တာဘဲ။ 
.
မဂ္ဂဇင်းတခုမှာ ဝတ္ထုတို တပုဒ်တော့ဖတ်ဘူးတာ မှတ်မိတယ်။ '' ပြာ'' လို့မှတ်မိတာဘဲ။ ကိုကျော်က စာရေးမှာတော့ အရမ်းမပေါက်ခဲ့ဘူး။
.
ရုပ်ရှင်နောက်ပိုင်း ဗီဒီယိုခေတ်အထိ အများကြီးလုပ်သွားတာပါ။ အဖေအရွယ်မှာ အဖေခန်းတွေရိုက်သွားတာကို အများကြီး။  ဒီတော့ နောက်လူတွေကလည်း ဆက်ကြိုက်ကြတာဘဲ။ ''ဦးကျော်'' ဆိုပြီးတော့။ နောက်ပေါက် မင်းသားမင်းသမီး အငယ်တွေနဲ့ကို အများကြီးလုပ်ပြသွားတာ။ 
.
နောက်ဆုံးမှာ အားလုံးကို အနိုင်ပိုင်းပြီး ဘုန်းကြီးဝတ်ကာ လူ့လောကမှ ထွက်သွားတယ်။ မထွက်ခင် လူဝတ်နဲ့ဗျူးတခုရယ်၊ ဝတ်ကာစ ဝါနုသေးတဲ့အချိန် ပြောခဲ့တဲ့ ဗုဒ္ဓတရားတွေကြားတော့ စိုးရိမ်မိသေးတယ်။ သူလို ပရိဿတ်အများကြီးရှိတဲ့သူ ပြောတာတွေကို လူတွေယုံကုန်ရင် ခက်ရချီရဲ့လို့။ ဒါပေမယ့် ဦးကျော်ကဦးကျော်ပါ။ နောက်ပိုင်းဟောတာ နာရတော့ တရားအသိ တော်တော်ရှိသွားပါပြီ။ လူအများကြီးကို နေထိုင်လုပ်ကိုင်ဝတ်စားပုံတွေ ပြောင်းစေခဲ့ပေမယ့် တရားဘက်အချိန်မှာ စိတ်ပြတ်သားစွာ ဖြတ်ထားခဲ့ပြီ။
.
ကိုကျော် ခုတော့ လူ့လောကမှ ထွက်ခွာသွားပြီတဲ့။ ''လူသားအားလုံးကို လေးစားပါတယ်'' လို့များ တိုးတိုးလေး ပြောသွားသေးလား မသိ။    ။

13 April 2018

ခီမောင်နှံကို ေကျေးဇူးတင်တယ်၊



 (Unicode version)


   ခီတို့စုံတွဲကြောင့် မြန်မာ့ရုပ်ရှင်လောကကြီး ဆူညံသွားတယ်။ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယို လောကက မြန်မာဆန်ဆန် ပြီးစလွယ်လုပ်နေတာ ကြာလာလို့ပါ။ တကယ်က သူတို့ရဲ့ အနုပညာက အရမ်းကြီး မြင့်နေလို့ မဟုတ်ပါဘူး။ ဒါပေမယ့် သိသာထင်ရှားတာက ခီမောင်နှံက စံနစ်တကျ နည်းလမ်းတကျ လုပ်တယ်ဆိုတာပါဘဲ။ နိုင်ငံတကာမှာ ပရော်ဖက်ရှင်နယ်တွေ လုပ်ရမ့ဲပုံစံအတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်သွားတာပါဘဲ။ နိုင်ငံတကာ စံနှုန်းအပြည့် မလုပ်ပါဘူးဆိုသည့်တိုင် မြန်မာစံနှုန်းနဲ့ တော်တော်ကွာနေတာ တွေ့လိုက်ရတော့ မြန်မာ့ရုပ်ရှင်လောကသားတွေ ရှော့ခ်ရသွားတာပေါ့။

.

ဟုတ်ပါတယ်။ ၁၉၆၂ခုနှစ် အာဏာသိမ်းပြီးတ့ဲနောက် မြန်မာပြည်က နိုင်ငံတကာနဲ့ အတော်အဆက်ပြတ်သွားပါတယ်။ နိုင်ငံခြား ရောက်ရင်ကို တအံ့တသြဖြစ်ကြရပြီး အားလုံး အထင်ကြီးစရာ ဖြစ်နေရပါပြီ။ ပြည်တွင်းမှာ တံခါးပိတ်နေတာ ကြာလာတော့ အားလုံး မြန်မာ့နည်းမြန်မာ့ဟန်တွေ ဖြစ်ကုန်တာ မဆန်းပါဘူး။ တိုင်းပြည်အုပ်ချုပ်တ့ဲ အစိုးရအဖွဲ့တောင် ကိုယ်ထင်တာကိုယ်လုပ်ပြီး အရာမထင်တာ သမတဦးသိန်းစိန်အဖွဲ့က ဝန်ကြီးတယောက်တောင် ဝန်ခံခ့ဲဘူးပါတယ်။ အားလုံး စံလွဲနေတ့ဲ သဘောပေါ့။

.

ခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တ့ဲ NLDအစိုးရက တိုင်းပြည်ကို စံနစ်နဲ့ ပြန်လည်ပတ်အောင် ပြင်နေရတ့ဲ အချိန်ပါ။ ဒီလိုအချိန်မှာ အချိန်ကိုက်ဘဲ ခီမောင်နှံက သူတို့နဲ့ဆိုင်တ့ဲ ပရော်ဖက်ရှင်နယ်မှာ သူတို့နိုင်ငံတကာမှာ တွေ့လာတ့ဲ အတွေ့အကြုံတွေကို (အနည်းငယ်ပင်ဖြစ်စေ) သူတို့ ချပြလိုက်တာပါဘဲ။ သူတို့က လက်ရှိရုပ်ရှင်လောကသားတွေကို မတိုက်ခိုက်ပါဘူး။ (သူတို့ကို ဂျေဝင်တာတော့ မတတ်နိုင်) ။ ဆရာကြီးလည်း မလုပ်ပါဘူး။ အပစ်လည်း တင်မနေပါဘူး။ သူတို့တတ်စွမ်းသမျှနဲ့လုပ်ပြခ့ဲပါတယ်။ ပရော်ဖက်ရှင်ဆန်ဆန် လုပ်ရင် ဘာတွေဆောင်ရမယ်၊ ရှောင်ရမယ် လုပ်ပြခ့ဲတာပါ။ ဘာမှကို ကြီးကြီးကျယ်ကျယ် ပြောမနေခ့ဲပါဘူး။

.

အခြားသော ပရော်ဖက်ရှင်နယ်မှာလည်း ပြည်ပမှာ လုပ်နေတ့ဲ နိုင်ငံတကာ အတွေ့အကြုံ ရှိသူမြန်မာတွေ အများကြီးပါ။ ရိုးသားစွာ ကိုယ်နဲ့ ပရော်ဖက်ရှင်နယ်တူသူတွေကို လာကူစေချင်ပါတယ်။ ခီမောင်နှံလိုဘဲ အတိုက်အခိုက်တွေ ခံရနိုင်ပါတယ်။ အပစ်တင် ခံရနိုင်ပါတယ်။ ဒါတွေကို ခွင့်လွှတ်သည်းခံပြီးတော့ကို ကူညီမှ ရမှာပါ။ မြန်မာတွေ အချင်းချင်း သိမှာပါ။

.

တချို့ဆရာကြီးတွေလို ကိုယ်အမှန်ပြောတာဘဲ၊ ဒီဗမာတွေ လက်မခံရင် ပစ်ထားခ့ဲရုံဘဲလို့တော့ စိတ်ထားလို့ မဖြစ်ပါဘူး။ ဒီမှာ စံလွဲနေတ့ဲ နှစ်ငါးဆယ်ကျော်ကြာ လူတွေရဲ့ မိုင်းဆက်ကို အချိန်ယူပြီး ပြင်ရမှာပါ။ ပြင်လိုက်ရင် လက်ရှိ ငါဆရာကြီဆိုတ့ဲဂွင် ပျောက်သွားမလား၊ ငါရနေတ့ဲ အခွင့်အရေးတွေ ရော့သွားမလား၊ ငါသိက္ခာ ကျသွားမလား စိုးရိမ်နေတ့ဲ စောင်ဆရာကြီးတွေကို ဖြည်းဖြည်းချင်း ကျော်လွန်နိုင်မှ မြန်မာပြည်ကြီး နိုင်ငံတကာ စံပြန်ရောက်မှာပါ။

.

ခီမောင်နှံကတော့ သူတို့ပရော်ဖက်ရှင်နယ်မှာ စပြီးလုပ်ပြလိုက်တာပါဘဲ။ သူတိုလည်း ဘယ်လောက် အတိုက်အခိုက်ခံခ့ဲရလည်း အားလုံးအမြင်ပါ။ အခုလည်း အားလုံးအောင်နိုင်သေးတာ မဟုတ်ပါဘူး။ အပြောင်းအလဲကို မျှော်လင့်နေတ့ဲ ပရိသတ်ရဲ့အားနဲ့ သူတို့ရှေ့ကို အများကြီးသွားရဦးမှာပါ။

.

မြန်မာ့ရုပ်ရှင်လောကအတွက် လမ်းစလေးဘဲဖြစ်ဖြစ် ပြပေးလိုက်တ့ဲအတွက် ကျေးဇူးပါခီမောင်နှံ။

XxXxXx

(Zawgyi version)

  ခီတို႔စံုတြဲေၾကာင့္ ျမန္မာ့႐ုပ္႐ွင္ေလာကႀကီး ဆူညံသြားတယ္။ ျမန္မာ့႐ုပ္႐ွင္နဲ႔ ဗီဒီယို ေလာကက ျမန္မာဆန္ဆန္ ၿပီးစလြယ္လုပ္ေနတာ ၾကာလာလို႔ပါ။ တကယ္က သူတို႔ရဲ႕ အႏုပညာက အရမ္းႀကီး ျမင့္ေနလို႔ မဟုတ္ပါဘူး။ ဒါေပမယ့္ သိသာထင္႐ွားတာက ခီေမာင္ႏွံက စံနစ္တက် နည္းလမ္းတက် လုပ္တယ္ဆိုတာပါဘဲ။ ႏိုင္ငံတကာမွာ ပေရာ္ဖက္႐ွင္နယ္ေတြ လုပ္ရမ့ဲပံုစံအတိုင္း ကိုယ့္အလုပ္ ကိုယ္လုပ္သြားတာပါဘဲ။ ႏိုင္ငံတကာ စံႏႈန္းအျပည့္ မလုပ္ပါဘူးဆိုသည့္တိုင္ ျမန္မာစံႏႈန္းနဲ႔ ေတာ္ေတာ္ကြာေနတာ ေတြ႔လိုက္ရေတာ့ ျမန္မာ့႐ုပ္႐ွင္ေလာကသားေတြ ေ႐ွာ့ခ္ရသြားတာေပါ့။
.
ဟုတ္ပါတယ္။ ၁၉၆၂ခုႏွစ္ အာဏာသိမ္းၿပီးတ့ဲေနာက္ ျမန္မာျပည္က ႏိုင္ငံတကာနဲ႔ အေတာ္အဆက္ျပတ္သြားပါတယ္။ ႏိုင္ငံျခား ေရာက္ရင္ကို တအံ့တၾသျဖစ္ၾကရၿပီး အားလံုး အထင္ႀကီးစရာ ျဖစ္ေနရပါျပီ။ ျပည္တြင္းမွာ တံခါးပိတ္ေနတာ ၾကာလာေတာ့ အားလံုး ျမန္မာ့နည္းျမန္မာ့ဟန္ေတြ ျဖစ္ကုန္တာ မဆန္းပါဘူး။ တိုင္းျပည္အုပ္ခ်ဳပ္တ့ဲ အစိုးရအဖြဲ႔ေတာင္ ကိုယ္ထင္တာကိုယ္လုပ္ၿပီး အရာမထင္တာ သမတဦးသိန္းစိန္အဖြဲ႔က ဝန္ႀကီးတေယာက္ေတာင္ ဝန္ခံခ့ဲဘူးပါတယ္။ အားလံုး စံလြဲေနတ့ဲ သေဘာေပါ့။
.
ခုအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တ့ဲ NLDအစိုးရက တိုင္းျပည္ကို စံနစ္နဲ႔ ျပန္လည္ပတ္ေအာင္ ျပင္ေနရတ့ဲ အခ်ိန္ပါ။ ဒီလိုအခ်ိန္မွာ အခ်ိန္ကိုက္ဘဲ ခီေမာင္ႏွံက သူတို႔နဲ႔ဆိုင္တ့ဲ ပေရာ္ဖက္႐ွင္နယ္မွာ သူတို႔ႏိုင္ငံတကာမွာ ေတြ႔လာတ့ဲ အေတြ႔အၾကံဳေတြကို (အနည္းငယ္ပင္ျဖစ္ေစ) သူတို႔ ခ်ျပလိုက္တာပါဘဲ။ သူတို႔က လက္႐ွိ႐ုပ္႐ွင္ေလာကသားေတြကို မတိုက္ခိုက္ပါဘူး။ (သူတို႔ကို ေဂ်ဝင္တာေတာ့ မတတ္ႏိုင္) ။ ဆရာႀကီးလည္း မလုပ္ပါဘူး။ အပစ္လည္း တင္မေနပါဘူး။ သူတို႔တတ္စြမ္းသမွ်နဲ႔လုပ္ျပခ့ဲပါတယ္။ ပေရာ္ဖက္႐ွင္ဆန္ဆန္ လုပ္ရင္ ဘာေတြေဆာင္ရမယ္၊ ေ႐ွာင္ရမယ္ လုပ္ျပခ့ဲတာပါ။ ဘာမွကို ႀကီးႀကီးက်ယ္က်ယ္ ေျပာမေနခ့ဲပါဘူး။
.
အျခားေသာ ပေရာ္ဖက္႐ွင္နယ္မွာလည္း ျပည္ပမွာ လုပ္ေနတ့ဲ ႏိုင္ငံတကာ အေတြ႔အၾကံဳ ႐ွိသူျမန္မာေတြ အမ်ားႀကီးပါ။ ႐ိုးသားစြာ ကိုယ္နဲ႔ ပေရာ္ဖက္႐ွင္နယ္တူသူေတြကို လာကူေစခ်င္ပါတယ္။ ခီေမာင္ႏွံလိုဘဲ အတိုက္အခိုက္ေတြ ခံရႏိုင္ပါတယ္။ အပစ္တင္ ခံရနိုင္ပါတယ္။ ဒါေတြကို ခြင့္လႊတ္သည္းခံၿပီးေတာ့ကို ကူညီမွ ရမွာပါ။ ျမန္မာေတြ အခ်င္းခ်င္း သိမွာပါ။
.
တခ်ိဳ႕ဆရာႀကီးေတြလို ကိုယ္အမွန္ေျပာတာဘဲ၊ ဒီဗမာေတြ လက္မခံရင္ ပစ္ထားခ့ဲရံုဘဲလို႔ေတာ့ စိတ္ထားလို႔ မျဖစ္ပါဘူး။ ဒီမွာ စံလြဲေနတ့ဲ ႏွစ္ငါးဆယ္ေက်ာ္ၾကာ လူေတြရဲ႕ မိုင္းဆက္ကို အခ်ိန္ယူၿပီး ျပင္ရမွာပါ။ ျပင္လိုက္ရင္ လက္႐ွိ ငါဆရာႀကီဆိုတ့ဲဂြင္ ေပ်ာက္သြားမလား၊ ငါရေနတ့ဲ အခြင့္အေရးေတြ ေရာ့သြားမလား၊ ငါသိကၡာ က်သြားမလား စိုးရိမ္ေနတ့ဲ ေစာင္ဆရာႀကီးေတြကို ျဖည္းျဖည္းခ်င္း ေက်ာ္လြန္ႏိုင္မွ ျမန္မာျပည္ႀကီး ႏိုင္ငံတကာ စံျပန္ေရာက္မွာပါ။
.
ခီေမာင္ႏွံကေတာ့ သူတို႔ပေရာ္ဖက္႐ွင္နယ္မွာ စၿပီးလုပ္ျပလိုက္တာပါဘဲ။ သူတိုလည္း ဘယ္ေလာက္ အတိုက္အခိုက္ခံခ့ဲရလည္း အားလံုးအျမင္ပါ။ အခုလည္း အားလံုးေအာင္ႏိုင္ေသးတာ မဟုတ္ပါဘူး။ အေျပာင္းအလဲကို ေမွ်ာ္လင့္ေနတ့ဲ ပရိသတ္ရဲ႕အားနဲ႔ သူတို႔ေ႐ွ႕ကို အမ်ားႀကီးသြားရဦးမွာပါ။
.
ျမန္မာ့႐ုပ္႐ွင္ေလာကအတြက္ လမ္းစေလးဘဲျဖစ္ျဖစ္ ျပေပးလိုက္တ့ဲအတြက္ ေက်းဇူးပါခီေမာင္ႏွံ။
.

17 November 2017

ရဲတိုက် ဘယ်လမ်းလိုက်မလဲ

(Unicode version)

 ရဲတိုက်လွတ်လာတ့ဲ အကြောင်းတွေဖတ်မိတော့ MRTV4 မှာထင်တယ်၊ ဆွေဇင်ထိုက်နဲ့ ဗျူးထားတာလေး ပြန်သတိရတယ်။

.

အနုပညာသမားတွေ မူးယစ်ဆေးစွဲကြတယ်။ အဖမ်းခံရပြီး အပစ်ပေးခံရတယ်။ ပြန်လွတ်လာချိန်မှာ ပြန်ညိမှာစိုးလို့ အနုပညာအလုပ် ပြန်ပေးကြတယ်။တချို့ အောင်မြင်တ့ဲအဆင့်တောင် ပြန်ရောက်ပါတယ်။ တချို့ လုံးဝလွတ်ကင်းသွားသလို တချို့ ဒီထဲဘဲ ပြန်ရောက်သွားပါသတ့ဲ။

.

နာမည်တွေနဲ့ကို ဥပမာပေး ပြောတာပါ။ ပြန်အောင်မြင်တ့ဲအထဲမှာ စိုင်းထီးစိုင်နဲ့ ကျော်ဟိန်းကို ဥပမာပေးတယ်လို့ ထင်မိတာဘဲ။ သေချာ မမှတ်မိလို့ ဆောရီးပါ။

.

သူများတွေလို တကြိမ်မကပါ၊ နှစ်ကြိမ်လွတ် နှစ်ကြိမ်လုံးနာမည်ကြီးပြီး မူးယစ်ကမ်ဘာထဲ ပြန်ရောက်ပြီး ကျဆုံးသွားတာ ဇော်ဝမ်းပါဘဲတ့ဲ။

.

ကျောက်ခဲနဲ့ နာမည်ကြီးတယ်။ မူးယစ်နဲ့ အဖမ်းခံရတယ်။ ပြန်လွတ်တယ်။ အနုပညာလောကမှာ ပြန်အောင်မြင်တယ်။ ဆွေဇင်ထိုက်ကတော့ သူအောင်မြင်တ့ဲ ရုပ်ရှင်လား သီချင်းလားမသိ၊ ပြောပြပါတယ်။ မမှတ်မိလို့ ထပ်ဆောရီးပါ။

.

နောက်တကြိမ် ပြန်အဖမ်းခံရပြန်တယ်။ ပြန်လွတ်တယ်။ သရုပ်ပြန်ဆောင်တယ်။ အရမ်းကို အောင်မြင်ပြန်တာဘဲတ့ဲ။ ဒီတခါက သင်္ကြန်မိုးပါ။ အ့ဲဒီနောက်တော့ ပြန်ညိနေတာ သေသည်အထိပါဘဲတ့ဲ။

.

ဒီနေ့ လွတ်လာတ့ဲသူလည်း အ့ဲဒီဗျူးလေးကြည့်စေချင်တယ်။ ပြန်ပြရင် ကြည့်ချင်ပါသေးတယ်။


XxXxXx

(Zawgyi version )

 ရဲတိုက္လြတ္လာတ့ဲ အေၾကာင္းေတြဖတ္မိေတာ့ MRTV4 မွာထင္တယ္၊ ေဆြဇင္ထိုက္နဲ႔ ဗ်ဴးထားတာေလး ျပန္သတိရတယ္။
.
အႏုပညာသမားေတြ မူးယစ္ေဆးစြဲၾကတယ္။ အဖမ္းခံရၿပီး အပစ္ေပးခံရတယ္။ ျပန္လြတ္လာခ်ိန္မွာ ျပန္ညိမွာစိုးလို႔ အႏုပညာအလုပ္ ျပန္ေပးၾကတယ္။တခ်ိဳ႕ ေအာင္ျမင္တ့ဲအဆင့္ေတာင္ ျပန္ေရာက္ပါတယ္။ တခ်ိဳ႕ လံုးဝလြတ္ကင္းသြားသလို တခ်ိဳ႕ ဒီထဲဘဲ ျပန္ေရာက္သြားပါသတ့ဲ။
.
နာမည္ေတြနဲ႔ကို ဥပမာေပး ေျပာတာပါ။ ျပန္ေအာင္ျမင္တ့ဲအထဲမွာ စိုင္းထီးစိုင္နဲ႔ ေက်ာ္ဟိန္းကို ဥပမာေပးတယ္လို႔ ထင္မိတာဘဲ။ ေသခ်ာ မမွတ္မိလို႔ ေဆာရီးပါ။
.
သူမ်ားေတြလို တႀကိမ္မကပါ၊ ႏွစ္ႀကိမ္လြတ္ ႏွစ္ႀကိမ္လံုးနာမည္ႀကီးၿပီး မူးယစ္ကမ႓ာထဲ ျပန္ေရာက္ၿပီး က်ဆံုးသြားတာ ေဇာ္ဝမ္းပါဘဲတ့ဲ။
.
ေက်ာက္ခဲနဲ႔ နာမည္ႀကီးတယ္။ မူးယစ္နဲ႔ အဖမ္းခံရတယ္။ ျပန္လြတ္တယ္။ အႏုပညာေလာကမွာ ျပန္ေအာင္ျမင္တယ္။ ေဆြဇင္ထိုက္ကေတာ့ သူေအာင္ျမင္တ့ဲ ႐ုပ္႐ွင္လား သီခ်င္းလားမသိ၊ ေျပာျပပါတယ္။ မမွတ္မိလို႔ ထပ္ေဆာရီးပါ။
.
ေနာက္တႀကိမ္ ျပန္အဖမ္းခံရျပန္တယ္။ ျပန္လြတ္တယ္။ သ႐ုပ္ျပန္ေဆာင္တယ္။ အရမ္းကို ေအာင္ျမင္ျပန္တာဘဲတ့ဲ။ ဒီတခါက သၾကၤန္မိုးပါ။ အ့ဲဒီေနာက္ေတာ့ ျပန္ညိေနတာ ေသသည္အထိပါဘဲတ့ဲ။
.
ဒီေန႔ လြတ္လာတ့ဲသူလည္း အ့ဲဒီဗ်ဴးေလးၾကည့္ေစခ်င္တယ္။ ျပန္ျပရင္ ၾကည့္ခ်င္ပါေသးတယ္။

24 July 2017

မန်းနီးဒရော့မြန်မာ လန်ကြုပ်လား

  (Unicode version)

     အမေရိကန် တီဗီစီးရီးတွေအကြောင်း ဖတ်ဘူးပါသည်။ ပထမဆုံး season တွင် ဇတ်ကောင် လေးငါးယောက်ဖြင့် ဇတ်လမ်းစလိုက်သည်။ season ကုန်ဆုံးချိန်တွင် ပရိဿတ်ရဲ့ တုံ့ပြန်မှုကို နားထောင်သည်။ ဘယ်ဇတ်ကောင်ကို ပရိဿတ်စိတ်ဝင်စားမှု အရှိဆုံးလည်း။ ထိုဇတ်ကောင်ကို အဓိကထား၍ ဒုတိယ season အတွက် ရိုက်ကူးပါတော့သည်။ အခြားဇတ်ကောင်များက ဝန်းရံပေး၍ပေါ့။

.

ဒုတိယ season ကုန်လျှင်လည်း ထိုနည်းအတိုင်း စနည်းနာ။ ပရိဿတ် စိတ်ဝင်စားသူကို အသားပေး၍ နောက်ဇတ်ကို ဆက်ရေးသည်တ့ဲ။ ဒီတော့ ပရိဿတ်ရဲ့ စိတ်ဝင်စားမှုက အမြဲရနေသလို ဖြစ်တော့သည်။ မြန်မာပြည်တီဗီတွင် အမေရိကန် စီးရီးများ မပြသော်လည်း ဗီစီဒီ ဒီဗီဒီများ၏ ကျေးဇူးကြောင် 24, Prison break, lost တို့ ကြည့်ဘူးသူတွေ သတိထားမိကြပါလိမ့်မည်။ အဓိကက သူတို့ အစီအစဉ်ကို လူစိတ်ဝင်စားအောင် လုပ်ကြတာဖြစ်သည်။

.

ယခုတလော money drop myanmar လည်း လူစိတ်ဝင်စားအောင် အဲဒီလို ခပ်ဆင်ဆင် လုပ်နေပြီလားဟု ထင်မိသည်။ ပြီးခ့ဲသည့် သောကြာနေ့ကအပိုင်းကို မသင်္ကာ၍ ဒီနေ့ပြန်ကြည့်တာ တော်တော်သေချာသွားပါသည်။ သောကြာနေ့ညနေက ပြိုင်ပွဲဝင်သည့် MRTV4 စီးရီးမှ မင်းသားနှစ်လက်ကို မှတ်မိကြဦးမည် ထင်သည်။

ထိုညနေ ဖွဘုတ်လောကမှာ ဆဲသံညံသွားသည်။

.

ဒီအစီအစဉ်ကို ကြည့်မိသူတွေ

အရင်ကလည်း သိသင့်သည့် မေးခွန်းများကို မဖြေနိုင်၍ သွားလေသူ ပညာရေးပညာရှင်ကြီးများကို မေတ္တာပို့နေကြတာပါ။ သူတို့၏ အစီအမံကြောင့် ပညာရေးကျဆင်းပြီး လူငယ်တွေ ဗဟုသုတ အရမ်းနည်းမှန်း ထင်ပေါ်လာလို့ ဆဲနေကြသည်။ အဲဒီအချက်ကို အသုံချ၍ Money drop myanmar အစီအစဉ်ကို လူစိတ်ဝင်စားအောင် လုပ်သွားသည်ဟုဘဲ ထင်ပါသည်။

.

ဤအစီအစဉ်အတွက် ပရိဿတ်၏ တုံ့ပြန်မှု အများဆုံးမှာ ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မေးခွန်း မဖြေနိုင်တာ ဖြစ်သည်။ ဗိုလ်ချုပ်အမေကို ဒေါ်နုဟု ရောဖြေစဉ်က အဆဲသံ အညံဆုံး။ ယခုလည်း မင်းသားနှစ်လက်ကို ဗိုလ်ချုပ်ရဲ့ ရဲဘော်သုံးကျိတ်အမည် မေးသည်။ အသားပိုဖြူသူ မျက်နှာသွယ်သွယ်မင်းသားက ဗိုလ်တေဇဟု ရွတ်လိုက်သံ ကြားလိုက်ရသည်။ သူ ငွေပုံမည်လုပ်စဉ် မျက်နှာဝိုင်းဝိုင်းမင်းသားက လက်တို့ခေါ်ပြီး တခုခုပြောလိုက်ပါသည်။ ပြီးတော့ ဗိုလ်ရှုမောင်(ဦးနေဝင်း) မှလွဲလို် ကျန်သုံးခုပေါ် ငွေသွားပုံသည်။

.

ဒါလေးမှ မသိရကောင်းလားလို့ ဖွဘုတ်တွင် ဆဲသံညံတော့သည်။ ထိုမင်းသားနှစ်လက်ကတော့ ရုပ်ရှင်အရဆိုရလျှင် လူဆိုးခန်းမှ ပရိဿတ်ရအောင် လုပ်သွားတာဘဲ ဖြစ်မည်။ သူတို့ရဲ့ တီဗီအစီအစဉ် လူစိတ်ဝင်စားမှု များအောင် အပေးအယူလုပ်သွားသည်ဟုသာ ထင်မိပါကြောင်း။

XxXxXx

(Zawgyi version)

   အေမရိကန္ တီဗီစီးရီးေတြအေၾကာင္း ဖတ္ဘူးပါသည္။ ပထမဆံုး season တြင္ ဇတ္ေကာင္ ေလးငါးေယာက္ျဖင့္ ဇတ္လမ္းစလိုက္သည္။ season ကုန္ဆံုးခ်ိန္တြင္ ပရိႆတ္ရဲ႕ တံု႔ျပန္မႈကို နားေထာင္သည္။ ဘယ္ဇတ္ေကာင္ကို ပရိႆတ္စိတ္ဝင္စားမႈ အ႐ွိဆံုးလည္း။ ထိုဇတ္ေကာင္ကို အဓိကထား၍ ဒုတိယ season အတြက္ ႐ိုက္ကူးပါေတာ့သည္။ အျခားဇတ္ေကာင္မ်ားက ဝန္းရံေပး၍ေပါ့။
.
ဒုတိယ season ကုန္လွ်င္လည္း ထိုနည္းအတိုင္း စနည္းနာ။ ပရိႆတ္ စိတ္ဝင္စားသူကို အသားေပး၍ ေနာက္ဇတ္ကို ဆက္ေရးသည္တ့ဲ။ ဒီေတာ့ ပရိႆတ္ရဲ႕ စိတ္ဝင္စားမႈက အျမဲရေနသလို ျဖစ္ေတာ့သည္။ ျမန္မာျပည္တီဗီတြင္ အေမရိကန္ စီးရီးမ်ား မျပေသာ္လည္း ဗီစီဒီ ဒီဗီဒီမ်ား၏ ေက်းဇူးေၾကာင္ 24, Prison break, lost တို႔ ၾကည့္ဘူးသူေတြ သတိထားမိၾကပါလိမ့္မည္။ အဓိကက သူတို႔ အစီအစဥ္ကို လူစိတ္ဝင္စားေအာင္ လုပ္ၾကတာျဖစ္သည္။
.
ယခုတေလာ money drop myanmar လည္း လူစိတ္ဝင္စားေအာင္ အဲဒီလို ခပ္ဆင္ဆင္ လုပ္ေနၿပီလားဟု ထင္မိသည္။ ၿပီးခ့ဲသည့္ ေသာၾကာေန႔ကအပိုင္းကို မသကၤာ၍ ဒီေန႔ျပန္ၾကည့္တာ ေတာ္ေတာ္ေသခ်ာသြားပါသည္။ ေသာၾကာေန႔ညေနက ၿပိဳင္ပြဲဝင္သည့္ MRTV4 စီးရီးမွ မင္းသားႏွစ္လက္ကို မွတ္မိၾကဦးမည္ ထင္သည္။
ထိုညေန ဖြဘုတ္ေလာကမွာ ဆဲသံညံသြားသည္။
.
ဒီအစီအစဥ္ကို ၾကည့္မိသူေတြ
အရင္ကလည္း သိသင့္သည့္ ေမးခြန္းမ်ားကို မေျဖႏိုင္၍ သြားေလသူ ပညာေရးပညာ႐ွင္ႀကီးမ်ားကို ေမတၱာပို႔ေနၾကတာပါ။ သူတို႔၏ အစီအမံေၾကာင့္ ပညာေရးက်ဆင္းၿပီး လူငယ္ေတြ ဗဟုသုတ အရမ္းနည္းမွန္း ထင္ေပၚလာလို႔ ဆဲေနၾကသည္။ အဲဒီအခ်က္ကို အသံုခ်၍ Money drop myanmar အစီအစဥ္ကို လူစိတ္ဝင္စားေအာင္ လုပ္သြားသည္ဟုဘဲ ထင္ပါသည္။
.
ဤအစီအစဥ္အတြက္ ပရိႆတ္၏ တံု႔ျပန္မႈ အမ်ားဆံုးမွာ ဗိုလ္ခ်ဳပ္ႏွင့္ပတ္သက္သည့္ ေမးခြန္း မေျဖႏိုင္တာ ျဖစ္သည္။ ဗိုလ္ခ်ဳပ္အေမကို ေဒၚႏုဟု ေရာေျဖစဥ္က အဆဲသံ အညံဆံုး။ ယခုလည္း မင္းသားႏွစ္လက္ကို ဗိုလ္ခ်ဳပ္ရဲ႕ ရဲေဘာ္သံုးက်ိတ္အမည္ ေမးသည္။ အသားပိုျဖဴသူ မ်က္ႏွာသြယ္သြယ္မင္းသားက ဗိုလ္ေတဇဟု ရြတ္လိုက္သံ ၾကားလိုက္ရသည္။ သူ ေငြပံုမည္လုပ္စဥ္ မ်က္ႏွာဝိုင္းဝိုင္းမင္းသားက လက္တို႔ေခၚၿပီး တခုခုေျပာလိုက္ပါသည္။ ၿပီးေတာ့ ဗိုလ္႐ႈေမာင္(ဦးေနဝင္း) မွလြဲလို္ က်န္သံုးခုေပၚ ေငြသြားပံုသည္။
.
ဒါေလးမွ မသိရေကာင္းလားလို႔ ဖြဘုတ္တြင္ ဆဲသံညံေတာ့သည္။ ထိုမင္းသားႏွစ္လက္ကေတာ့ ႐ုပ္႐ွင္အရဆိုရလွ်င္ လူဆိုးခန္းမွ ပရိႆတ္ရေအာင္ လုပ္သြားတာဘဲ ျဖစ္မည္။ သူတို႔ရဲ႕ တီဗီအစီအစဥ္ လူစိတ္ဝင္စားမႈ မ်ားေအာင္ အေပးအယူလုပ္သြားသည္ဟုသာ ထင္မိပါေၾကာင္း။ 

17 December 2016

မြန်မာ့ မြန်မာ့ရုပ်ရှင်

(Unicode version )

   ဇာဂနာရေးတ့ဲဆောင်းပါး ဖတ်လိုက်ရပါတယ်။ ရီချင်စိတ် ပေါ်လာသလို ရုပ်ရှင်သားတွေကို စိတ်လဲပျက်မိပါတယ်။ ဝန်ကြီးကို ရုပ်ရှင်ဆင်ဆာအဖွဲ့ ဖျက်ပေးဖို့ တောင်းဆိုတ့ဲအကြောင်း ရေးထားတာပါ။ ဇာဂနာက လမ်းဘေးဈေးမရောင်းရလို့ ဆန္ဒပြတ့ဲ ဈေးသည်တွေရယ်၊ တန်းစီလမ်းပိတ်ရပ်ပြီး ဟွန်းတီးတ့ဲ ကွန်ကားသမားတွေရယ်နဲ့ အတူတူပါဘဲလို့ ရေးထားပါတယ်။

.

ရုပ်ရှင်သမားတွေက ဆင်ဆာကို ဘာလို့ ဖျက်စေချင်တာပါလိမ့်။ မဆလနဲ့ စစ်အစိုးရသက်တမ်းတလျောက်မှာ ဆင်ဆာအဖွဲ့ဟာ နာမည်ကြီးခ့ဲပါတယ်။ အာဏာရှင်တွေ ကြောက်တ့ဲ နိုင်ငံရေးအကြောင်းဆို အပိတ်ခံရသလို သူတို့နဲ့ မတည့်တ့ဲလူ တခုခုလုပ်ရင်လည်း အပိတ်ခံရနိုင်ပါတယ်။ အခုလက်ရှိ အဲလိုနိုင်ငံရေးကိစ္စတွေ ဆင်ဆာအဖြတ်ခံရလို့ ဖျက်စေချင်တာလား။

.

ဒါမှမဟုတ် တခြား sensitive issue တွေဖြစ်တ့ဲ ဘာသာရေး လူမျိုးရေး ယဉ်ကျေးမှုတွေကို ရိုက်ခွင့်မပြုလို့လား။ ကြားမိသလောက်တော့ အဲလိုရုပ်ရှင် ဗီဒီယိုတွေ ရိုက်လို့ပိတ်ခံရတာ မရှိပါဘူး။ ဒါမျိုးတွေရိုက်လို့ တဖက်ဖက်ကို ထိခိုက်နိုင်ရင်တော့ တားမြစ်ဖို့ အဖွဲ့အစည်း တခုခုလိုအပ်ပါလိမ့်မယ်။

.

ဒါမှမဟုတ် အပြာနုရောင်အခန်းတွေ ထည့်ချင်လို့ ဆင်ဆာအဖွဲ့ ဖျက်စေချင်တာလား။ ဒါကတော့ လက်ရှိမြန်မာ့ယဉ်ကျေးမှု အသိုင်းအဝိုင်းက လက်ခံမယ်ဆိုရင်တော့ စမ်းကြည့်ပေါ့။ ဒီခေတ်မှာတော့ လွှတ်တော်မှာတင်ပြီး ဆွေးနွေးရမ့ဲ ကိစ္စဖြစ်နေပါပြီ။ လက်ရှိမှာ တရားဝင်မိန်းကလေးအနှိပ်ခန်း တရားဝင်ကာရာအိုကေနဲ့ တရားဝင်ဆောင်ကြာမြိုင်တောင် ခွင့်ပြုထားတာ မရှိပါဘူး။ မြန်မာ့လူ့ဘောင်က လက်ခံနိုင်စွမ်း မရှိသေးဘူးထင်ပါတယ်။ ဒီနည်းနဲ့ မြန်မာ့ရုပ်ရှင် အဆင့်မြှင့်မယ်ဆိုလည်း စဉ်းစားစေချင်ပါတယ်။ အရင်က ပိတ်ထားတ့ဲ စုန်းကဝေလိုဇတ်ကားတွေ ခဏတော့ အသစ်အဆန်းဖြစ်ကြပေမ့ဲ ကြာတော့ ရိုးသွားကြတာပါဘဲ။ တကယ့်အရည်အချင်း ရှိဖို့်ဘဲ လိုအပ်တာပါ။

.

ဆင်ဆာအဖွဲ့ ဖျက်ဖျက် မဖျက်ဖျက် မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုအတွက် လိုအပ်နေတ့ဲ အဖွဲ့တခုရှိပါတယ်။ အမေရိကန်ရုပ်ရှင်အဖွဲ့တွေကလို ပရိဿတ်အရွယ် ကန့်သတ်ပေးမ့ဲ အဖွဲ့အစည်းပါ။ လက်ရှိဗီဒီယိုတွေမှာ စကားပြောတွေကတော့ ဆင်ဆာလွတ်နေတာ အတော်ကြာပါပြီ။ အဓိပ္ပာယ်နှစ်ခွထွက်တ့ဲ ညစ်ညမ်းစကားလုံးတွေနဲ့ ပြောနေကြတ့ဲ ဗီဒီယိုများစွာကို လူကြီးတွေနဲ့အတူ ကလေးတွေကြည့်နေမိပါတယ်။ ကုတ်အကျႌအနက် အရှည်တွေဝတ်ပြီး လူမိုက်လိုလုပ်နေကြတာတွေ ကြည့်နေရပါတယ်။ ဒါတွေဟာ နုနယ်တ့ဲကလေးတွေမှာ စွဲသွားပြီး ကိုယ်ပိုင်အပြုအမူ ဖြစ်ကုန်တတ်ပါတယ်။ ဒီတော့ မြန်မာဗီဒီယိုတွေကို အမေရိကန်အဆင့်သတ်မှတ်ချက်တွေလို သတ်မှတ်ပေးတ့ဲအလုပ် အရင်လုပ်စေချင်ပါတယ်။ နောက်ပိုင်းခွင့်ပြုလို့ အသက် ၁၈နှစ်အထက်ကြည့်ရန်သာ ကားမျိုး ရိုက်ချင်လဲ ရိုက်ကြပေါ့။ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပါဘဲ။

.

မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယို ဖွံ့ဖြိုးတိုးတက်ပါစေ။





XxXxXx

(Zawgyi version)

   ဇာဂနာေရးတ့ဲေဆာင္းပါး ဖတ္လိုက္ရပါတယ္။ ရီခ်င္စိတ္ ေပၚလာသလို ႐ုပ္႐ွင္သားေတြကို စိတ္လဲပ်က္မိပါတယ္။ ဝန္ႀကီးကို ႐ုပ္႐ွင္ဆင္ဆာအဖြဲ႔ ဖ်က္ေပးဖို႔ ေတာင္းဆိုတ့ဲအေၾကာင္း ေရးထားတာပါ။ ဇာဂနာက လမ္းေဘးေစ်းမေရာင္းရလို႔ ဆႏၵျပတ့ဲ ေစ်းသည္ေတြရယ္၊ တန္းစီလမ္းပိတ္ရပ္ၿပီး ဟြန္းတီးတ့ဲ ကြန္ကားသမားေတြရယ္နဲ႔ အတူတူပါဘဲလို႔ ေရးထားပါတယ္။
.
႐ုပ္႐ွင္သမားေတြက ဆင္ဆာကို ဘာလို႔ ဖ်က္ေစခ်င္တာပါလိမ့္။ မဆလနဲ႔ စစ္အစိုးရသက္တမ္းတေလ်ာက္မွာ ဆင္ဆာအဖြဲ႔ဟာ နာမည္ႀကီးခ့ဲပါတယ္။ အာဏာ႐ွင္ေတြ ေၾကာက္တ့ဲ ႏိုင္ငံေရးအေၾကာင္းဆို အပိတ္ခံရသလို သူတို႔နဲ႔ မတည့္တ့ဲလူ တခုခုလုပ္ရင္လည္း အပိတ္ခံရႏိုင္ပါတယ္။ အခုလက္႐ွိ အဲလိုႏိုင္ငံေရးကိစၥေတြ ဆင္ဆာအျဖတ္ခံရလို႔ ဖ်က္ေစခ်င္တာလား။
.
ဒါမွမဟုတ္ တျခား sensitive issue ေတြျဖစ္တ့ဲ ဘာသာေရး လူမ်ိဳးေရး ယဥ္ေက်းမႈေတြကို ႐ိုက္ခြင့္မျပဳလို႔လား။ ၾကားမိသေလာက္ေတာ့ အဲလို႐ုပ္႐ွင္ ဗီဒီယိုေတြ ႐ိုက္လို႔ပိတ္ခံရတာ မ႐ွိပါဘူး။ ဒါမ်ိဳးေတြ႐ိုက္လို႔ တဖက္ဖက္ကို ထိခိုက္ႏိုင္ရင္ေတာ့ တားျမစ္ဖို႔ အဖြဲ႔အစည္း တခုခုလိုအပ္ပါလိမ့္မယ္။
.
ဒါမွမဟုတ္ အျပာႏုေရာင္အခန္းေတြ ထည့္ခ်င္လို႔ ဆင္ဆာအဖြဲ႕ ဖ်က္ေစခ်င္တာလား။ ဒါကေတာ့ လက္႐ွိျမန္မာ့ယဥ္ေက်းမႈ အသိုင္းအဝိုင္းက လက္ခံမယ္ဆိုရင္ေတာ့ စမ္းၾကည့္ေပါ့။ ဒီေခတ္မွာေတာ့ လႊတ္ေတာ္မွာတင္ၿပီး ေဆြးေႏြးရမ့ဲ ကိစၥျဖစ္ေနပါၿပီ။ လက္႐ွိမွာ တရားဝင္မိန္းကေလးအႏွိပ္ခန္း တရားဝင္ကာရာအိုေကနဲ႔ တရားဝင္ေဆာင္ၾကာၿမိဳင္ေတာင္ ခြင့္ျပဳထားတာ မ႐ွိပါဘူး။ ျမန္မာ့လူ႔ေဘာင္က လက္ခံႏိုင္စြမ္း မ႐ွိေသးဘူးထင္ပါတယ္။ ဒီနည္းနဲ႔ ျမန္မာ့႐ုပ္႐ွင္ အဆင့္ျမႇင့္မယ္ဆိုလည္း စဥ္းစားေစခ်င္ပါတယ္။ အရင္က ပိတ္ထားတ့ဲ စုန္းကေဝလိုဇတ္ကားေတြ ခဏေတာ့ အသစ္အဆန္းျဖစ္ၾကေပမ့ဲ ၾကာေတာ့ ႐ိုးသြားၾကတာပါဘဲ။ တကယ့္အရည္အခ်င္း ႐ွိဖို္႔ဘဲ လိုအပ္တာပါ။
.
ဆင္ဆာအဖြဲ႔ ဖ်က္ဖ်က္ မဖ်က္ဖ်က္ ျမန္မာ့႐ုပ္႐ွင္နဲ႔ ဗီဒီယိုအတြက္ လိုအပ္ေနတ့ဲ အဖြဲ႔တခု႐ွိပါတယ္။ အေမရိကန္႐ုပ္႐ွင္အဖြဲ႔ေတြကလို ပရိႆတ္အရြယ္ ကန္႔သတ္ေပးမ့ဲ အဖြဲ႔အစည္းပါ။ လက္႐ွိဗီဒီယိုေတြမွာ စကားေျပာေတြကေတာ့ ဆင္ဆာလြတ္ေနတာ အေတာ္ၾကာပါၿပီ။ အဓိပၸာယ္ႏွစ္ခြထြက္တ့ဲ ညစ္ညမ္းစကားလံုးေတြနဲ႔ ေျပာေနၾကတ့ဲ ဗီဒီယိုမ်ားစြာကို လူျကီးေတြနဲ႔အတူ ကေလးေတြၾကည့္ေနမိပါတယ္။ ကုတ္အက်ႌအနက္ အ႐ွည္ေတြဝတ္ၿပီး လူမိုက္လိုလုပ္ေနၾကတာေတြ ၾကည့္ေနရပါတယ္။ ဒါေတြဟာ ႏုနယ္တ့ဲကေလးေတြမွာ စြဲသြားၿပီး ကိုယ္ပိုင္အျပဳအမူ ျဖစ္ကုန္တတ္ပါတယ္။ ဒီေတာ့ ျမန္မာဗီဒီယိုေတြကို အေမရိကန္အဆင့္သတ္မွတ္ခ်က္ေတြလို သတ္မွတ္ေပးတ့ဲအလုပ္ အရင္လုပ္ေစခ်င္ပါတယ္။ ေနာက္ပိုင္းခြင့္ျပဳလို႔ အသက္ ၁၈ႏွစ္အထက္ၾကည့္ရန္သာ ကားမ်ိဳး ႐ိုက္ခ်င္လဲ ႐ိုက္ၾကေပါ့။ ကိုယ့္အရည္အခ်င္းနဲ႔ ကိုယ္ပါဘဲ။
.
ျမန္မာ့႐ုပ္႐ွင္နဲ႔ဗီဒီယို ဖြံ႔ၿဖိဳးတိုးတက္ပါေစ။


30 June 2010

HERO

(Unicode version)

ဒီhero ဆိုတ့ဲ စီးရီးကိုကြည့်ကြည့်ကြပါ။ ဗမာတွေ

စိတ်ကူးရင်ခ့ဲကြတ့ဲ ဘိုးတော်လို အစွမ်းထက်တ့ဲသူတွေ အမေရိကားမှာ

တစ်ပုံကြီးရှိတယ်လို့ စိတ်ကူးနဲ့ရိုက်ထားတာပါ။ ဗမာတွေ စိတ်ကူးထားတ့ဲ

အစွမ်းတွေ ကုန်တ့ဲအပြင် အစွမ်းအသစ်တွေပါ တွေ့ရပါမယ်။

ဗမာလို စာတန်းထိုးတော့ လိုပါတယ်။ အသေးစိတ်နားလည်မှ

သူတို့ရဲ့ အစွမ်းပြတာတွေ အပြည့်နားလည်မှာ မို့လို့ပါ။

ကြည့်ကြည့်လိုက်ဖို့ဘဲ ပြောပါရစေ။

XxXxXx

'Zawgyi version)

ဒီhero ဆိုတ့ဲ စီးရီးကိုၾကည့္ၾကည့္ၾကပါ။ ဗမာေတြ
စိတ္ကူးရင္ခ့ဲၾကတ့ဲ ဘိုးေတာ္လို အစြမ္းထက္တ့ဲသူေတြ အေမရိကားမွာ
တစ္ပံုႀကီး႐ွိတယ္လို႔ စိတ္ကူးနဲ႔႐ိုက္ထားတာပါ။ ဗမာေတြ စိတ္ကူးထားတ့ဲ
အစြမ္းေတြ ကုန္တ့ဲအျပင္ အစြမ္းအသစ္ေတြပါ ေတြ႕ရပါမယ္။
ဗမာလို စာတန္းထိုးေတာ့ လိုပါတယ္။ အေသးစိတ္နားလည္မွ
သူတို႔ရဲ့ အစြမ္းျပတာေတြ အျပည့္နားလည္မွာ မို႔လို႔ပါ။
ၾကည့္ၾကည့္လိုက္ဖို႔ဘဲ ေျပာပါရေစ။