Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

11 July 2020

ကျနော်နဲ့ ကိုကျော်၊


ကျနော် ငယ်ငယ်ကတည်းက ရုပ်ရှင် သိတ်စိတ်မဝင်စားပါ။ မြန်မာကားဆို မကြည့်ဘူးသလောက်ပါ။ အဲဒီခေတ်က မင်းသားတွေက တကယ့်ကို မင်းသားလိုနေကြရတာ။ ဝင်းဦး ဇော်ခင် ညွန့်ဝင်းတို့လိုပေါ့။ အပြင်လူတွေနဲ့ မတူအောင်ကို နေကြ လှုပ်ရှားရကြတာ။ သိတ်မကြိုက်ဘူး။
.
ကျနော် လူပျိုပေါက်အရွယ်မှာ လူငယ်တွေကြားပေါက်သွားတဲ့ မင်းသားပေါ်လာတယ်။ အပြင်က လူတွေအတိုင်းဘဲ။ ပိုတောင် ရွဲသေးလားမသိ။ မဲမဲပိန်ပိန်ခြောက်ခြောက်။ ဆံပင်က ကောက်တိကောက်ကွေး၊ လူကိုယ်က တွန့်လိမ်တွန့်လိမ်နဲ့။ အသံကလည်း သိတ်မထွက်ရှာဘူး။ ဝတ်လိုက်ရင်လည်း ခပ်ရွဲရွဲ။ လူငယ်တွေကတော့ သိတ်ကြိုက်ကုန်ကြတာ။ သူ့ပုံစံမျိုးကို လိုက်တုလုပ်ကြတာ။ အဲဒီခေတ်က ''ကိုကျော်'' လို့ခေါ်တဲ့ ''ကျော်ဟိန်း'' ပါဘဲ။
.
ကျနော်က သူသီချင်းဆိုတာကို ပိုကြိုက်တာ။ ရေဒီယိုမှာ ဓာတ်ပြားရ တပုဒ်ဘဲကြားဘူးတယ်။ ''စိမ်းတယ်လို့မှတ်မှာလား''။ သူ့အခွေထုတ်တော့ ကျနော်ကိုးတန်းထင်တယ်။ ''မျက်ရည်စက်များနားစေသတည်း'' တဲ့။ ကမ္ဘာကျော်သီချင်း ကော်ပီတွေပေမယ့် စာသားတွေက မောင်စစ်ငြိမ်းနဲ့ မောင်ဆွေနွယ်ဆိုတော့ တအားအဓိပ္ပါယ်ရှိတာ။ သူနာမည်ကြီးခဲ့တဲ့အခွေ ''အဓိပ္ပါယ်ရှိသောသူ'' အခွေထက်ကို အဓိပ္ပါယ်ရှိတာဗျာ။ ရော့စတီးဝဒ်ဆိုတာလည်း အဲ့ခွေကြောင့် ကြားဘူးတာဘဲ။ တခွေလုံးကို ကြိုက်ခဲ့တာဘဲ။ 
.
မဂ္ဂဇင်းတခုမှာ ဝတ္ထုတို တပုဒ်တော့ဖတ်ဘူးတာ မှတ်မိတယ်။ '' ပြာ'' လို့မှတ်မိတာဘဲ။ ကိုကျော်က စာရေးမှာတော့ အရမ်းမပေါက်ခဲ့ဘူး။
.
ရုပ်ရှင်နောက်ပိုင်း ဗီဒီယိုခေတ်အထိ အများကြီးလုပ်သွားတာပါ။ အဖေအရွယ်မှာ အဖေခန်းတွေရိုက်သွားတာကို အများကြီး။  ဒီတော့ နောက်လူတွေကလည်း ဆက်ကြိုက်ကြတာဘဲ။ ''ဦးကျော်'' ဆိုပြီးတော့။ နောက်ပေါက် မင်းသားမင်းသမီး အငယ်တွေနဲ့ကို အများကြီးလုပ်ပြသွားတာ။ 
.
နောက်ဆုံးမှာ အားလုံးကို အနိုင်ပိုင်းပြီး ဘုန်းကြီးဝတ်ကာ လူ့လောကမှ ထွက်သွားတယ်။ မထွက်ခင် လူဝတ်နဲ့ဗျူးတခုရယ်၊ ဝတ်ကာစ ဝါနုသေးတဲ့အချိန် ပြောခဲ့တဲ့ ဗုဒ္ဓတရားတွေကြားတော့ စိုးရိမ်မိသေးတယ်။ သူလို ပရိဿတ်အများကြီးရှိတဲ့သူ ပြောတာတွေကို လူတွေယုံကုန်ရင် ခက်ရချီရဲ့လို့။ ဒါပေမယ့် ဦးကျော်ကဦးကျော်ပါ။ နောက်ပိုင်းဟောတာ နာရတော့ တရားအသိ တော်တော်ရှိသွားပါပြီ။ လူအများကြီးကို နေထိုင်လုပ်ကိုင်ဝတ်စားပုံတွေ ပြောင်းစေခဲ့ပေမယ့် တရားဘက်အချိန်မှာ စိတ်ပြတ်သားစွာ ဖြတ်ထားခဲ့ပြီ။
.
ကိုကျော် ခုတော့ လူ့လောကမှ ထွက်ခွာသွားပြီတဲ့။ ''လူသားအားလုံးကို လေးစားပါတယ်'' လို့များ တိုးတိုးလေး ပြောသွားသေးလား မသိ။    ။

03 December 2019

မြန်မာအိုင်ဒေါနဲ့ ခင်ဝမ်းသီချင်း



(Unicode version)


မြန်မာအိုင်ဒေါမှာ စိုးလွင်လွင်သီချင်းတွေကို ပုံပြောင်းဆိုသွားတာ တချို့က ကြိုက်ကြဟန်မတူဘူး။ ကျနော်က မဆိုးပါဘူးပြောလို့လားမသိ၊ နောက်နှစ် ခင်ဝမ်းသီချင်းနဲ့ ပြိုင်ခိုင်းမတဲ့။ လှမ်းလုပ်ကြတယ်။
.
ပြန်ဆိုကြရင် မူလခင်ဝမ်းလောက် ကောင်းမကောင်းက ပြောစရာမလိုပါ။ ခင်ဝမ်းအမှတ်တရအခွေမှာ ကိုတိုးကြီးဆိုနေတုံး ခင်ဝမ်းအသံနဲ့ ထပ်လိုက်တာ အရမ်းကွာနေတာ သတိထားမိကြမှာပါ။ ပင်ကိုယ်အသံလည်းကွာသလို အသံသွင်းခဲ့တာ နှစ်နှစ်ဆယ်ကျော် ကွာနေတာလည်း ပါပါတယ်။ ဒါပေမယ့် ခင်ဝမ်းကတော့ ကျနော့အဖို့ ခင်ဝမ်းပါဘဲ။
.
ခင်ဝမ်းသီချင်းတွေ ပြန်ဆိုပြီးပြိုင်ကြရင် ကောင်းတာပေါ့ဗျာ။ ကြေနပ်တာပေါ့။ ခင်ဝမ်းသီချင်းတွေ ခေတ်လူငယ်တွေ ပြန်ကြားဘူးသွားတာပေါ့။ ဒါ့အပြင် ခင်ဝမ်းမိသားစုတွေလည်း မူပိုင်ကြေး ကျပ်သိန်းရာမချီတောင် ဆယ်ဂဏန်းတော့ ရမယ်အောက်မေ့တာဘဲ။
.
မဖြစ်နိုင်ဘူး မထင်ကြနဲ့ဗျ။ ဒီနှစ် စိုးလွင်လွင်မိသားစုတော့ ဘယ်လောက်ရသွားတယ်မသိဘူး။ ဒိုင်သုံးယောက်က သိန်းထောင်ချီစီ ရကြတယ်လို့ သတင်းကြားရတော့ ပေးချင်ရင်ဖြစ်လောက်တယ်။ အဲဒီ​ခေတ် သီချင်း​တွေ ပြန်ဆိုတော့ ဝင်ငွေရှိနေတဲ့အရွယ်တွေ စိတ်ဝင်စားပြီး များများတောင် ဗုတ်လာနိုင်သေး မဟုတ်လားဗျာ။ ဥက္ကာဦးသာနဲ့ ထရေစီတို့ ရှိနေသေးရင် ခင်ဝမ်းသီချင်းနဲ့ နောက်နှစ်ပြိုင်ကြပါစေဗျာ။


XxXxXx

(Zawgyi version)


ျမန္မာအိုင္ေဒါမွာ စိုးလြင္လြင္သီခ်င္းေတြကို ပုံေျပာင္းဆိုသြားတာ တခ်ိဳ႕က ႀကိဳက္ၾကဟန္မတူဘူး။ က်ေနာ္က မဆိုးပါဘူးေျပာလို႔လားမသိ၊ ေနာက္ႏွစ္ ခင္ဝမ္းသီခ်င္းနဲ႕ ၿပိဳင္ခိုင္းမတဲ့။ လွမ္းလုပ္ၾကတယ္။
.
ျပန္ဆိုၾကရင္ မူလခင္ဝမ္းေလာက္ ေကာင္းမေကာင္းက ေျပာစရာမလိုပါ။ ခင္ဝမ္းအမွတ္တရအေခြမွာ ကိုတိုးႀကီးဆိုေနတုံး ခင္ဝမ္းအသံနဲ႕ ထပ္လိုက္တာ အရမ္းကြာေနတာ သတိထားမိၾကမွာပါ။ ပင်ကိုယ်အသံလည္းကြာသလို အသံသြင္းခဲ့တာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ကြာေနတာလည္း ပါပါတယ္။ ဒါေပမယ့္ ခင္ဝမ္းကေတာ့ က်ေနာ့အဖို႔ ခင္ဝမ္းပါဘဲ။
.
ခင္ဝမ္းသီခ်င္းေတြ ျပန္ဆိုၿပီးၿပိဳင္ၾကရင္ ေကာင္းတာေပါ့ဗ်ာ။ ေၾကနပ္တာေပါ့။ ခင္ဝမ္းသီခ်င္းေတြ ေခတ္လူငယ္ေတြ ျပန္ၾကားဘူးသြားတာေပါ့။ ဒါ့အျပင္ ခင္ဝမ္းမိသားစုေတြလည္း မူပိုင္ေၾကး ကျပ်သိန္းရာမခ်ီေတာင္ ဆယ္ဂဏန္းေတာ့ ရမယ္ေအာက္ေမ့တာဘဲ။
.
မျဖစ္နိုင္ဘူး မထင္ၾကနဲ႕ဗ်။ ဒီႏွစ္ စိုးလြင္လြင္မိသားစုေတာ့ ဘယ္ေလာက္ရသြားတယ္မသိဘူး။ ဒိုင္သုံးေယာက္က သိန္းေထာင္ခ်ီစီ ရၾကတယ္လို႔ သတင္းၾကားရေတာ့ ေပးခ်င္ရင္ျဖစ္ေလာက္တယ္။ အဲဒီ​ေခတ္ သီခ်င္း​ေတြ ျပန္ဆိုေတာ့ ဝင္ေငြရွိေနတဲ့အ႐ြယ္ေတြ စိတ္ဝင္စားၿပီး မ်ားမ်ားေတာင္ ဗုတ္လာနိုင္ေသး မဟုတ္လားဗ်ာ။ ဥကၠာဦးသာနဲ႕ ထေရစီတို႔ ရွိေနေသးရင္ ခင္ဝမ္းသီခ်င္းနဲ႕ ေနာက္ႏွစ္ၿပိဳင္ၾကပါေစဗ်ာ။

23 October 2018

တို့ပြည်အတွက်သူရဲကောင်း



(Unicode version)


သံစဉ်ရိုးရိုးလေးနဲ့ စာသားကောင်းတ့ဲ ဒီသီချင်းကို နားထောင်ရင်း စဉ်းစားမိတယ်။

.

ပြည်တော်သာစီမံကိန်းလုပ်တော့ ဦးနုက လူထုစည်းရုံးဖို့ သီချင်းဆိုပြိုင်ပွဲ လုပ်သတ့ဲ။ အထက်ဗမာပြည် အောက်ဗမာပြည်ခွဲပြီး ဆုပေးသတ့ဲ။.

.

အောက်ဗမာပြည်က စီမံကိန်းစာသားတွေ ထည့်ပြီးဆိုတ့ဲသီချင်းက ဆုရတယ်။ တနိုင်ငံလုံးလည်း သူဘဲရသတ့ဲ။ အထက်ဗမာပြည်မှာ မြို့မငြိမ်းကို ရေးခိုင်းတော့ စီမံကိန်းဝါဒဖြန့် စာသားတွေမပါဘဲ ''လူချွန်လူကောင်း'' သီချင်းရေးပေးတာ ဆုမရဘူး။

.

ဒါပေမယ့် နှစ်၇၀ကြာသည်အထိ ဘယ်သီချင်း ကျန်ရစ်သလဲ သိသာပါတယ်။ ဝါဒဖြန့်စာသားသုံး ရေးခိုင်းရင် အောင်မြင်ဖို် မလွယ်ပါဘူး။ မဆလ နဝတခေတ် သီချင်းတွေ အများကြီး ပျောက်ကုန်ပေါ့။

.

ခုသီချင်း ''တို့ပြည်အတွက် သူရဲကောင်း'' ကလည်း အမိန့်နဲ့ ရေးခိုင်းတာမဟုတ်လို့ အဆင်ပြေတာပါ။အများလည်း သီဆိုနိုင်ပြီး ဗိုလ်ချုပ်ရော ဒေါ်စုကိုပါ ထည့်စပ်ထားတာမို့ တွင်ကျန်ပါစေ။

XxXxXx

(Zawgyi version)


သံစဥ္႐ိုး႐ိုးေလးနဲ႔ စာသားေကာင္းတ့ဲ ဒီသီခ်င္းကို နားေထာင္ရင္း စဥ္းစားမိတယ္။
.
ျပည္ေတာ္သာစီမံကိန္းလုပ္ေတာ့ ဦးႏုက လူထုစည္းရံုးဖို႔ သီခ်င္းဆိုၿပိဳင္ပြဲ လုပ္သတ့ဲ။ အထက္ဗမာျပည္ ေအာက္ဗမာျပည္ခြဲၿပီး ဆုေပးသတ့ဲ။.
.
ေအာက္ဗမာျပည္က စီမံကိန္းစာသားေတြ ထည့္ၿပီးဆိုတ့ဲသီခ်င္းက ဆုရတယ္။ တႏိုင္ငံလံုးလည္း သူဘဲရသတ့ဲ။ အထက္ဗမာျပည္မွာ ၿမိဳ႕မၿငိမ္းကို ေရးခိုင္းေတာ့ စီမံကိန္းဝါဒျဖန္႔ စာသားေတြမပါဘဲ ''လူခြၽန္လူေကာင္း'' သီခ်င္းေရးေပးတာ ဆုမရဘူး။
.
ဒါေပမယ့္ ႏွစ္၇၀ၾကာသည္အထိ ဘယ္သီခ်င္း က်န္ရစ္သလဲ သိသာပါတယ္။ ဝါဒျဖန္႔စာသားသံုး ေရးခိုင္းရင္ ေအာင္ျမင္ဖို္ မလြယ္ပါဘူး။ မဆလ နဝတေခတ္ သီခ်င္းေတြ အမ်ားႀကီး ေပ်ာက္ကုန္ေပါ့။
.
ခုသီခ်င္း ''တို႔ျပည္အတြက္ သူရဲေကာင္း'' ကလည္း အမိန္႔နဲ႔ ေရးခိုင္းတာမဟုတ္လို႔ အဆင္ေျပတာပါ။အမ်ားလည္း သီဆိုႏိုင္ၿပီး ဗိုလ္ခ်ဳပ္ေရာ ေဒၚစုကိုပါ ထည့္စပ္ထားတာမို႔ တြင္က်န္ပါေစ။

04 June 2018

The Voice Myanmar



(Unicode version)


   မနေ့ညက သီချင်းဆိုပြိုင်ပွဲ The Voice Myanmar ကြည့်လိုက်ကြရမယ် ထင်ပါတယ်။ ချန်ပီယံက ကိုငွေစိုးဖြစ်ပေမယ့် ခရက်ဒစ်ပေးသင့်သူက သူ့ရဲ့သီချင်းနည်းပြ လင်းလင်းပါဘဲ။ ရှင်းပါမယ်။

.

ဒီအဆင့်သို့ ယှဉ်ပြိုင်သူ ထောင်ချီထဲက လေးယောက်ဘဲ ရောက်လာတာမို့ တယောက်နဲ့တယောက် အရည်အချင်း သိတ်အကွာကြီး မဟုတ်ပါ။ ပထမတပုဒ်ဆိုပြီးသည်အထိ ပရိသာတ်တွေ ဝေခွဲမရ ဖြစ်နေမှာပါ။ ဒုတိယတပုဒ်စီ ဆိုတ့ဲအခါမှာတော့ နည်းပြတွေကြောင့် ကွာသွားပါပြီ။

.

ပထမဆုံးက သီချင်းရွေးတာပါ။ ဒီအဆင့်မှာ ဒိုင်တွေဆုံးဖြတ်ရတာမဟုတ်ဘဲ မဲပေးရတာဆိုတော့ မြန်မာတွေရဲ့ အသည်းနှလုံး ဧရာဝတီကို ရွေးလိုက်ပါတယ်။ ခင်ဝမ်း သီရိညွန့်နဲ့ အခြားအဆိုရှင်တွေရဲ့ ဧရာဝတီသီချင်းတွေ ရှိပေမ့ဲ ပြိုင်ပွဲအတွက် အရည်အချင်းပြလို့ အကောင်းဆုံးဖြစ်စေမ့ဲ ငှက်ကြီးရဲ့ ဧရာဝတီကို ရွေးချယ်ပေးခ့ဲတာပါ။

.

ဒုတိယက presentation ခေါ်တ့ဲ တင်ဆက်ပုံပါ။ အခြားသူတွေလို ဗူဗောင်းတွေ၊ ပန်းတွေ၊ မီးခိုးတွေ မလုပ်ဘဲ ဧရာဝတီမြစ်ပုံနဲ့ တီရှပ်ဆင်တူ ဝတ်ပါတယ်။ တီးဝိုင်းကိုလည်း စင်ပေါ်အထိတင်ပြီး ထွင်တီးတာလေးတွေ ပရိသာတ် မြင်စေခ့ဲပါတယ်။

.

နောက်ဆုံးတချက်ကတော့ arrangements ခေါ်တ့ဲ ဂီတတေးသွား စီစဉ်မှုပါဘဲ။ နဂိုရ်သီချင်းကို မြန်မာတွေပြန်ဆိုရင် ပျက်တတ်ပေမ့ဲ ဒီတခါတော့ မူရင်းထက်သာခ့ဲပါတယ်။ ပုလွေလေးနဲ့ ရေးစီးသံစသလို တယောကြိုးကို လက်နဲ့ခတ်ပြီးတော့ လှိုင်းလေးတွေ ဖန်တီးခ့ဲကာ ဧရာဝတီကို အသက်ဝင်စေခ့ဲပါတယ်။ လေမှုတ်တူရိယာသုံးတာနဲ့ second လိုက်သံတွေကလည်း သီချင်းကို ကြွတက်စေခ့ဲပါတယ်။ လင်းလင်း ဒီတီးခတ်ပုံကို ဘယ်လောက်အလေးထားသလဲဆို ပြီးတာနဲ့ ကိုငွေစိုးကို တီးခတ်သူတွေကို ဂါရဝပြုဖို့ သတိပေးခ့ဲပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုက အများကြီး အထောက်အကူ ဖြစ်စေခ့ဲတယ် မဟုတ်ပါလား။

.

ဒီအဆင့်မှာ အားလုံး အရည်အချင်းရှိပြီးသားပါ။ သော်ဒီနဲ့ မိန်းခလေးအဆိုရှင်တို့ ဒီသီချင်းကို ဒီအရိန့်ချ်မဲန်းနဲ့ သီဆိုရင် ဒီလောက်နီးပါးရမှာ သေချာပါတယ်။ အဆိုချင်းတူရင် စီစဉ်သူကွာသွားတာ ဒီပြိုင်ပွဲမှာ သိသာစေခ့ဲပါတယ်ဗျာ။ ။

.

ပြိုင်ပွဲဝင်သီချင်းကို အောက်ပါလင့်မှာ နားဆင်နိုင်ပါတယ်။

https://m.youtube.com/watch?v=2vMPu3u8ZrQ&feature=youtu.be

XxXxXx

(Zawgyi version)


   မေန႔ညက သီခ်င္းဆိုၿပိဳင္ပြဲ The Voice Myanmar ၾကည့္လိုက္ၾကရမယ္ ထင္ပါတယ္။ ခ်န္ပီယံက ကိုေငြစိုးျဖစ္ေပမယ့္ ခရက္ဒစ္ေပးသင့္သူက သူ႔ရဲ႕သီခ်င္းနည္းျပ လင္းလင္းပါဘဲ။ ႐ွင္းပါမယ္။
.
ဒီအဆင့္သို႔ ယွဥ္ၿပိဳင္သူ ေထာင္ခ်ီထဲက ေလးေယာက္ဘဲ ေရာက္လာတာမို႔ တေယာက္နဲ႔တေယာက္ အရည္အခ်င္း သိတ္အကြာႀကီး မဟုတ္ပါ။ ပထမတပုဒ္ဆိုၿပီးသည္အထိ ပရိသာတ္ေတြ ေဝခြဲမရ ျဖစ္ေနမွာပါ။ ဒုတိယတပုဒ္စီ ဆိုတ့ဲအခါမွာေတာ့ နည္းျပေတြေၾကာင့္ ကြာသြားပါၿပီ။
.
ပထမဆံုးက သီခ်င္းေရြးတာပါ။ ဒီအဆင့္မွာ ဒိုင္ေတြဆံုးျဖတ္ရတာမဟုတ္ဘဲ မဲေပးရတာဆိုေတာ့ ျမန္မာေတြရဲ႕ အသည္းႏွလံုး ဧရာဝတီကို ေရြးလိုက္ပါတယ္။ ခင္ဝမ္း သီရိၫြန္႔နဲ႔ အျခားအဆို႐ွင္ေတြရဲ႕ ဧရာဝတီသီခ်င္းေတြ ႐ွိေပမ့ဲ ၿပိဳင္ပြဲအတြက္ အရည္အခ်င္းျပလို႔ အေကာင္းဆံုးျဖစ္ေစမ့ဲ ငွက္ႀကီးရဲ႕ ဧရာဝတီကို ေရြးခ်ယ္ေပးခ့ဲတာပါ။
.
ဒုတိယက presentation ေခၚတ့ဲ တင္ဆက္ပံုပါ။ အျခားသူေတြလို ဗူေဗာင္းေတြ၊ ပန္းေတြ၊ မီးခိုးေတြ မလုပ္ဘဲ ဧရာဝတီျမစ္ပံုနဲ႔ တီ႐ွပ္ဆင္တူ ဝတ္ပါတယ္။ တီးဝိုင္းကိုလည္း စင္ေပၚအထိတင္ၿပီး ထြင္တီးတာေလးေတြ ပရိသာတ္ ျမင္ေစခ့ဲပါတယ္။
.
ေနာက္ဆံုးတခ်က္ကေတာ့ arrangements ေခၚတ့ဲ ဂီတေတးသြား စီစဥ္မႈပါဘဲ။ နဂိုရ္သီခ်င္းကို ျမန္မာေတြျပန္ဆိုရင္ ပ်က္တတ္ေပမ့ဲ ဒီတခါေတာ့ မူရင္းထက္သာခ့ဲပါတယ္။ ပုေလြေလးနဲ႔ ေရးစီးသံစသလို တေယာႀကိဳးကို လက္နဲ႔ခတ္ၿပီးေတာ့ လိႈင္းေလးေတြ ဖန္တီးခ့ဲကာ ဧရာဝတီကို အသက္ဝင္ေစခ့ဲပါတယ္။ ေလမႈတ္တူရိယာသံုးတာနဲ႔ second လိုက္သံေတြကလည္း သီခ်င္းကို ႂကြတက္ေစခ့ဲပါတယ္။ လင္းလင္း ဒီတီးခတ္ပံုကို ဘယ္ေလာက္အေလးထားသလဲဆို ၿပီးတာနဲ႔ ကိုေငြစိုးကို တီးခတ္သူေတြကို ဂါရဝျပဳဖို႔ သတိေပးခ့ဲပါတယ္။ သူတို႔ရဲ႕ ပံ့ပိုးမႈက အမ်ားႀကီး အေထာက္အကူ ျဖစ္ေစခ့ဲတယ္ မဟုတ္ပါလား။
.
ဒီအဆင့္မွာ အားလံုး အရည္အခ်င္း႐ွိၿပီးသားပါ။ ေသာ္ဒီနဲ႔ မိန္းခေလးအဆို႐ွင္တို႔ ဒီသီခ်င္းကို ဒီအရိန္႔ခ်္မဲန္းနဲ႔ သီဆိုရင္ ဒီေလာက္နီးပါးရမွာ ေသခ်ာပါတယ္။ အဆိုခ်င္းတူရင္ စီစဥ္သူကြာသြားတာ ဒီၿပိဳင္ပြဲမွာ သိသာေစခ့ဲပါတယ္ဗ်ာ။    ။
.
ၿပိဳင္ပြဲဝင္သီခ်င္းကို ေအာက္ပါလင့္မွာ နားဆင္ႏိုင္ပါတယ္။
https://m.youtube.com/watch?v=2vMPu3u8ZrQ&feature=youtu.be 

17 April 2013

သင်္ကြန်မိုး၊

(Unicode version)

ဒီနှစ်သင်္ကြန်တွင် တီဗွီတော်တော်ထိုင်ကြည့် ဖြစ်သည်။ မြန်မာတီဗွီတွင် ရုပ်ရှင်ကားကြီးကို မကြည့်လိုက်ရသော်လည်း သီချင်းဆိုပြီး က နေပြီဆိုလျှင် တော်တော်များများ ရာခိုင်နှုံးကတော့ သင်္ကြန်မိုးဇတ်ကားထဲမှ သီချင်းများဖြစ်နေတာကို တွေ့ရပါသည်။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် သင်္ကြန်တွင် မြို့မသီချင်းများသာ ကြားရလေ့ရှိပါသည်။ ထိုခေတ်ကပင်သင်္ကြန်နောက်ဆုံးနေ့ အပိတ်သီချင်းသည် မန်းတောင်ရိပ်ခို သီချင်းပါ။ သင်္ကြန်နိုင်ငံတော် သီချင်းလို ဖြစ်နေပါသည်။ နှစ်ပေါင်းတော်တော်ကြာပင် သင်္ကြန်သီချင်း အသစ် ခေတ်မစားတော့ပါ။ အသစ်ရေးသူများရှိမှာ ဖြစ်သော်လည်း ပေါ်ထွက်လာခြင်းတော့ မရှိခ့ဲပါ။ ၁၉၈၆လောက်တွင် ဖြစ်မည်ထင်သည်။ မန ္တလေးသားများ ဦးဆောင်သော သင်္ကြန်မိုး ဆိုသည့်ရုပ်ရှင်ဇတ်ကားကြီးပေါ်လာပါသည်။ လူပြောများလာ၍ သွားကြည့်မိသည်။ ဇတ်လမ်းမှာသိပ်ထူးခြားသည်ဟု မထင်ပါ။ ကင်မရာ အယူအဆများ အလွန်လှတာ သတိထားမိပါသည်။ အကောင်းဆုံးကတော့ သီချင်းများပါ။ ဇတ်ကားထွက်ပြီး မကြာခင်မှာပင် ရုပ်ရှင်သီချင်းများဆိုပြီး တိပ်ခွေထွက်လာပါသည်။၀က်၀က်ကွဲ ရောင်းရသော သီချင်းခွေဖြစ်သွားတော့သည် ကို မှတ်မိနေသည်။ ခုနောက်ပိုင်းကတော့ အားလုံးသိကြသည့် အတိုင်းပင်။ သင်္ကြန်တွင် ဤဇတ်ကားမှ သီချင်းများမပါရဆိုလျှင်ပင် သင်္ကြန်ဖြစ်ပါ့ဦးမလား ဟုထင်ရသည်။ ဤရုပ်ရှင်ကြီးတွင်ပါ၀င်ခွင့်ရခ့ဲသော သူအားလုံး ဂုဏ်ယူစရာ ဖြစ်ခ့ဲပြီ။ မြန်မာ Classic Movie ဆိုပါတော့။ဒီနှစ် သင်္ကြန်တွင်လည်း သင်္ကြန်မိုး ဇတ်ကားမှ သီချင်းများနဲ့ပင် တော်တော် အလုပ်ဖြစ်နေကြဆဲပါ။ နောက် ဘယ်နှစ်နှစ်ကြာပါမှ ဒီလိုသီချင်းမျိုးတွေ အသစ်ကြားရမှာပါလိမ့်။ 5 plus channel တွင် သင်္ကြန်မိုး ရုပ်ရှင်ကားတွင် ပါခ့ဲသောသူများ အင်တာဗျူးတွေ့ရရာ အစအဆုံးထိုင် ကြည့်ဖြစ်သည်။ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့်အတူ သီချင်းရေးသူ မြို့မကိုပေါ ပါသဖြင့် တော်တော်ပြည့်စုံပါသည်။ သူတို့တွေ ဘယ်လိုလုပ်ခ့ဲကြကြောင်းတွေ ခုတော့ ခပ်ကြွားကြွား ပြန်ပြောနိုင်နေပြီပေါ့။ တော်တော််ကိုလည်း ခပ်ကြွားကြွားပြောနေတာ တွေ့ရပါသည်။ တစ်ခုတော့ အကြီးအကျယ်လိုနေပါသည်။ ဒါရိုက်တာဦးတင်ဦးမှ လွဲ၍ အဓိက သင်္ကြန်မိုး သီချင်းကိုရေးသူအကြောင်းမပြောကြ။ မေ့ သွားကြပြီ ထင်ပါသည်။ သင်္ကြန်မိုးဇတ်ကား မရှိလျှင် သင်္ကြန်မိုးသီချင်းပေါ်လာမည် မဟုတ်သည်ကို လက်ခံပါသည်။ သို့သော် ကျွန်တော်သည် သီချင်းကို ရုပ်ရှင်ထက် ပိုကြိုက်တတ်၍လားမသိပါ။ သင်္ကြန်မိုးသီချင်းသာ ဒီဇတ်ကားတွင် မပါလျှင် ဒီဇတ်ကား ဒီလောက် အောင်မြင်မည်မထင်ပါ။ တွေးကြည့်ပါ။ ဇတ်ကလည်း သာမာန်ဇတ်ပါ။ သရုပ်ဆောင်သွားကြသည်မှာလည်း ထူးထူးခြားခြား မဟုတ်ရပါ။ မန္တလေးသင်္ကြန်၊ ကင်မရာအယူအဆ နှင့် သီချင်းများကြောင့်သာ အောင်မြင်ခ့ဲခြင်း ဖြစ်သည်။ မြို့မနှင့် မန ္တလေးသင်္ကြန်ကတော့ ထားပါတော့။ ဒါတောင် ဒီရုပ်ရှင်ကြည့်ပြီးပြီးခြင်း မင်္ဂလာဆောင်သီချင်းနှင့် မြူမှောင်ေ၀ကင်း ကစွဲကျန်ခ့ဲတာ ကျွန်တော့်အတွက်တော့ မဟုတ်ပါ။ နှစ််တော်တော်ကြာ ကာရာအိုကေများတွင် ကြားရပါများကာမှ သင်္ကြန်မိုး ဇတ်ကားထဲမှ သီချင်းမှန်းသိတော့သည်။ ရုံထဲက ထွက်လာကတည်းက သင်္ကြန်မိုး ဇတ်သိိမ်းသီချင်းသာသဘောကျပါသည်။ ဒါတောင် ထိုအချိန်က ကိုမောင်မောင်ရေးမှန်း မသိခ့ဲပါ။ ကျန်သီချင်း အချို့ကိုလည်း မဇ္ဈိမ အဖွဲ့သားတွေရေးခ့ဲသည်ဟု သိခ့ဲပါသည်။ ဇော်၀မ်းကြီးသီဆိုထားသည့် မြူးဟ ဆိုသည့်သီချင်းကို ကိုနေ၀င်းက ကော်ပီသီချင်းဖြစ်နေသဖြင့် ပြောလေ့မရှိဟု ကြားဘူးပါသည်။ မဇ္ဈိမအဖွဲ့ကို ပွဲမထုတ်ချင်သဖြင့် ထိုအချိန်က နောက်တမ်းပို့ထားသည်ဟု ထင်မိပါသည်။ ဤရုပ်ရှင်ပြစဉ် အခိျန်က သင်္ကြန်မိုး သီချင်းရေးသူ ကိုမောင်မောင်ကို မူးယစ်ဆေးသုံးသူဖြစ်နေ၍ ပွဲမထုတ်ခ့ဲကြခြင်း ဖြစ်မည်ထင်ပါသည်။ သက်ဆိုင်သူများ အသိဆုံးနေမှာပါ။ ဒီအဖွဲ့သားတွေပင် ပင်လယ်သင်္ကြန်ဆိုပြီး ထပ်လုပ်ကြည့်ရာ ၀က်၀က်ကွဲပြန်ပါသည်။ ဒီတစ်ခါတော့ ဟက်တက်ကွဲတာပါ။ ခုတော့ အချိန်တွေပြောင်းခ့ဲပါပြီ။ သင်္ကြန်မိုးဇတ်ကားတွင် စတင် သရုပ်ဆောင်ခ့ဲသူ ဦးဇင်၀ိုင်းကြီးပင် ရုပ်ရှင်ဥက္ကဌ ဖြစ်နေပါပြီ။ ဒီအချိန်မျိုးတွင် သူဦးဆောင်၍ ကိုမောင်မောင်နှင့် မဇ္ဈိမအဖွဲ့ကို back date နှင့်ပင် အကယ်ဒမီပြန်ပေးသင့်သည်။ ထိုအခိျန်က တေးဂီတအကယ်ဒမီ မရှိသေးလို့ ခုမှ ပြန်ပေးတာဆိုလည်း ကန့်ကွက်မည့်သူ ရှိမည်မထင်ပါ။ ရုပ်ရှင် နှင့် ဂီတ ဆိုလျှင် ရုပ်ရှင်က တန်ခိုးကြီးတာ လက်ခံပါသည်။ သို့သော် ဒီကိစ္စတွင်မူ ဂီတက ၈၀%လောက်ရှိနေ၍ ရုပ်ရှင်သမားများ တစ်မျိုးစဉ်းစားသင့်ပါသည်။ မူးယစ်ဆေးသုံးခ့ဲသော်လည်း လူကြီးများနှင့် အလွမ်းသင့်၍ အကယ်ဒမီရသော သရုပ်ဆောင်များလည်း ရှိပါသည်။ မဇ္ဈိမ အဖွဲ့သည် မည်သူ့ကိုမှ အောက်ကျို့မည်မဟုတ်ပါ။ အကယ်ဒမီမရ၍လည်း ဂရုစိုက်မည် မဟုတ်ပါ။ သို့သော် သီချင်းချစ်သူ ပရိသတ်တစ်ဦးအနေနှင့် သင်္ကြန်ရောက်တိုင်း အမြင်ကပ်လောက်အောင် သင်္ကြန်မိုးနေကြ၍ Credit လေး ပေးစေချင်သည့် သဘောသာ ဖြစ်ပါသည်ခင်ဗျား။ ။

XxXxXx

(Zawgyi version)

ဒီႏွစ္သႀကၤန္တြင္ တီဗြီေတာ္ေတာ္ထိုင္ၾကည့္ ျဖစ္သည္။ ျမန္မာတီဗြီတြင္ ႐ုပ္႐ွင္ကားႀကီးကို မၾကည့္လိုက္ရေသာ္လည္း သီခ်င္းဆိုၿပီး က ေနၿပီဆိုလွ်င္ ေတာ္ေတာ္မ်ားမ်ား ရာခိုင္ႏႈံးကေတာ့ သႀကၤန္မိုးဇတ္ကားထဲမွ သီခ်င္းမ်ားျဖစ္ေနတာကို ေတြ႔ရပါသည္။ ကၽြန္ေတာ္တို႔ငယ္ငယ္ကဆိုလွ်င္ သႀကၤန္တြင္ ၿမိဳ႕မသီခ်င္းမ်ားသာ ၾကားရေလ့႐ွိပါသည္။ ထိုေခတ္ကပင္သႀကၤန္ေနာက္ဆံုးေန႔ အပိတ္သီခ်င္းသည္ မန္းေတာင္ရိပ္ခို သီခ်င္းပါ။ သႀကၤန္ႏိုင္ငံေတာ္ သီခ်င္းလို ျဖစ္ေနပါသည္။ ႏွစ္ေပါင္းေတာ္ေတာ္ၾကာပင္ သႀကၤန္သီခ်င္း အသစ္ ေခတ္မစားေတာ့ပါ။ အသစ္ေရးသူမ်ား႐ွိမွာ ျဖစ္ေသာ္လည္း ေပၚထြက္လာျခင္းေတာ့ မ႐ွိခ့ဲပါ။ ၁၉၈၆ေလာက္တြင္ ျဖစ္မည္ထင္သည္။ မႏ ၱေလးသားမ်ား ဦးေဆာင္ေသာ သႀကၤန္မိုး ဆိုသည့္႐ုပ္႐ွင္ဇတ္ကားႀကီးေပၚလာပါသည္။ လူေျပာမ်ားလာ၍ သြားၾကည့္မိသည္။ ဇတ္လမ္းမွာသိပ္ထူးျခားသည္ဟု မထင္ပါ။ ကင္မရာ အယူအဆမ်ား အလြန္လွတာ သတိထားမိပါသည္။ အေကာင္းဆံုးကေတာ့ သီခ်င္းမ်ားပါ။ ဇတ္ကားထြက္ၿပီး မၾကာခင္မွာပင္ ႐ုပ္႐ွင္သီခ်င္းမ်ားဆိုၿပီး တိပ္ေခြထြက္လာပါသည္။၀က္၀က္ကြဲ ေရာင္းရေသာ သီခ်င္းေခြျဖစ္သြားေတာ့သည္ ကို မွတ္မိေနသည္။ ခုေနာက္ပိုင္းကေတာ့ အားလံုးသိၾကသည့္ အတိုင္းပင္။ သႀကၤန္တြင္ ဤဇတ္ကားမွ သီခ်င္းမ်ားမပါရဆိုလွ်င္ပင္ သႀကၤန္ျဖစ္ပါ့ဦးမလား ဟုထင္ရသည္။ ဤ႐ုပ္႐ွင္ႀကီးတြင္ပါ၀င္ခြင့္ရခ့ဲေသာ သူအားလံုး ဂုဏ္ယူစရာ ျဖစ္ခ့ဲၿပီ။ ျမန္မာ Classic Movie ဆိုပါေတာ့။ဒီႏွစ္ သႀကၤန္တြင္လည္း သႀကၤန္မိုး ဇတ္ကားမွ သီခ်င္းမ်ားနဲ႔ပင္ ေတာ္ေတာ္ အလုပ္ျဖစ္ေနၾကဆဲပါ။ ေနာက္ ဘယ္ႏွစ္ႏွစ္ၾကာပါမွ ဒီလိုသီခ်င္းမ်ိဳးေတြ အသစ္ၾကားရမွာပါလိမ့္။ 5 plus channel တြင္ သႀကၤန္မိုး ႐ုပ္႐ွင္ကားတြင္ ပါခ့ဲေသာသူမ်ား အင္တာဗ်ဴးေတြ႔ရရာ အစအဆံုးထိုင္ ႀကည့္ျဖစ္သည္။ ထုတ္လုပ္သူ၊ ဒါ႐ိုက္တာ၊ သ႐ုပ္ေဆာင္မ်ားႏွင့္အတူ သီခ်င္းေရးသူ ၿမိဳ႕မကိုေပါ ပါသျဖင့္ ေတာ္ေတာ္ျပည့္စံုပါသည္။ သူတို႔ေတြ ဘယ္လိုလုပ္ခ့ဲၾကေၾကာင္းေတြ ခုေတာ့ ခပ္ၾကြားၾကြား ျပန္ေျပာႏိုင္ေနၿပီေပါ့။ ေတာ္ေတာ္္ကိုလည္း ခပ္ၾကြားၾကြားေျပာေနတာ ေတြ႕ရပါသည္။ တစ္ခုေတာ့ အႀကီးအက်ယ္လိုေနပါသည္။ ဒါ႐ိုက္တာဦးတင္ဦးမွ လြဲ၍ အဓိက သႀကၤန္မိုး သီခ်င္းကိုေရးသူအေၾကာင္းမေျပာၾက။ ေမ့ သြားၾကၿပီ ထင္ပါသည္။ သႀကၤန္မိုးဇတ္ကား မ႐ွိလွ်င္ သႀကၤန္မိုးသီခ်င္းေပၚလာမည္ မဟုတ္သည္ကို လက္ခံပါသည္။ သို႔ေသာ္ ကၽြန္ေတာ္သည္ သီခ်င္းကို ႐ုပ္႐ွင္ထက္ ပိုႀကိဳက္တတ္၍လားမသိပါ။ သႀကၤန္မိုးသီခ်င္းသာ ဒီဇတ္ကားတြင္ မပါလွ်င္ ဒီဇတ္ကား ဒီေလာက္ ေအာင္ျမင္မည္မထင္ပါ။ ေတြးၾကည့္ပါ။ ဇတ္ကလည္း သာမာန္ဇတ္ပါ။ သ႐ုပ္ေဆာင္သြားၾကသည္မွာလည္း ထူးထူးျခားျခား မဟုတ္ရပါ။ မႏၱေလးသႀကၤန္၊ ကင္မရာအယူအဆ ႏွင့္ သီခ်င္းမ်ားေၾကာင့္သာ ေအာင္ျမင္ခ့ဲျခင္း ျဖစ္သည္။ ၿမိဳ႕မႏွင့္ မႏ ၱေလးသႀကၤန္ကေတာ့ ထားပါေတာ့။ ဒါေတာင္ ဒီ႐ုပ္႐ွင္ၾကည့္ၿပီးၿပီးျခင္း မဂၤလာေဆာင္သီခ်င္းႏွင့္ ျမဴေမွာင္ေ၀ကင္း ကစြဲက်န္ခ့ဲတာ ကၽြန္ေတာ့္အတြက္ေတာ့ မဟုတ္ပါ။ ႏွစ္္ေတာ္ေတာ္ၾကာ ကာရာအိုေကမ်ားတြင္ ၾကားရပါမ်ားကာမွ သႀကၤန္မိုး ဇတ္ကားထဲမွ သီခ်င္းမွန္းသိေတာ့သည္။ ႐ံုထဲက ထြက္လာကတည္းက သႀကၤန္မိုး ဇတ္သိိမ္းသီခ်င္းသာသေဘာက်ပါသည္။ ဒါေတာင္ ထိုအခ်ိန္က ကိုေမာင္ေမာင္ေရးမွန္း မသိခ့ဲပါ။ က်န္သီခ်င္း အခ်ိဳ႕ကိုလည္း မဇၥ်ိမ အဖြဲ႕သားေတြေရးခ့ဲသည္ဟု သိခ့ဲပါသည္။ ေဇာ္၀မ္းႀကီးသီဆိုထားသည့္ ျမဴးဟ ဆိုသည့္သီခ်င္းကို ကိုေန၀င္းက ေကာ္ပီသီခ်င္းျဖစ္ေနသျဖင့္ ေျပာေလ့မ႐ွိဟု ၾကားဘူးပါသည္။ မဇၥ်ိမအဖြဲ႕ကို ပြဲမထုတ္ခ်င္သျဖင့္ ထိုအခ်ိန္က ေနာက္တမ္းပို႔ထားသည္ဟု ထင္မိပါသည္။ ဤ႐ုပ္႐ွင္ျပစဥ္ အခိ်န္က သႀကၤန္မိုး သီခ်င္းေရးသူ ကိုေမာင္ေမာင္ကို မူးယစ္ေဆးသံုးသူျဖစ္ေန၍ ပြဲမထုတ္ခ့ဲၾကျခင္း ျဖစ္မည္ထင္ပါသည္။ သက္ဆိုင္သူမ်ား အသိဆံုးေနမွာပါ။ ဒီအဖြဲ႕သားေတြပင္ ပင္လယ္သႀကၤန္ဆိုၿပီး ထပ္လုပ္ၾကည့္ရာ ၀က္၀က္ကြဲျပန္ပါသည္။ ဒီတစ္ခါေတာ့ ဟက္တက္ကြဲတာပါ။ ခုေတာ့ အခ်ိန္ေတြေျပာင္းခ့ဲပါၿပီ။ သႀကၤန္မိုးဇတ္ကားတြင္ စတင္ သ႐ုပ္ေဆာင္ခ့ဲသူ ဦးဇင္၀ိုင္းႀကီးပင္ ႐ုပ္႐ွင္ဥကၠဌ ျဖစ္ေနပါၿပီ။ ဒီအခ်ိန္မ်ိဳးတြင္ သူဦးေဆာင္၍ ကိုေမာင္ေမာင္ႏွင့္ မဇၥ်ိမအဖြဲ႔ကို back date ႏွင့္ပင္ အကယ္ဒမီျပန္ေပးသင့္သည္။ ထိုအခိ်န္က ေတးဂီတအကယ္ဒမီ မ႐ွိေသးလို႔ ခုမွ ျပန္ေပးတာဆိုလည္း ကန္႔ကြက္မည့္သူ ႐ွိမည္မထင္ပါ။ ႐ုပ္႐ွင္ ႏွင့္ ဂီတ ဆိုလွ်င္ ႐ုပ္႐ွင္က တန္ခိုးႀကီးတာ လက္ခံပါသည္။ သို႔ေသာ္ ဒီကိစၥတြင္မူ ဂီတက ၈၀%ေလာက္႐ွိေန၍ ႐ုပ္႐ွင္သမားမ်ား တစ္မ်ိဳးစဥ္းစားသင့္ပါသည္။ မူးယစ္ေဆးသံုးခ့ဲေသာ္လည္း လူႀကီးမ်ားႏွင့္ အလြမ္းသင့္၍ အကယ္ဒမီရေသာ သ႐ုပ္ေဆာင္မ်ားလည္း ႐ွိပါသည္။ မဇၥ်ိမ အဖြဲ႕သည္ မည္သူ႔ကိုမွ ေအာက္က်ိဳ႕မည္မဟုတ္ပါ။ အကယ္ဒမီမရ၍လည္း ဂ႐ုစိုက္မည္ မဟုတ္ပါ။ သို႔ေသာ္ သီခ်င္းခ်စ္သူ ပရိသတ္တစ္ဦးအေနႏွင့္ သႀကၤန္ေရာက္တိုင္း အျမင္ကပ္ေလာက္ေအာင္ သႀကၤန္မိုးေနၾက၍ Credit ေလး ေပးေစခ်င္သည့္ သေဘာသာ ျဖစ္ပါသည္ခင္ဗ်ား။ ။

24 February 2013

ခင်၀မ်း-သီချင်းခေါင်းစဉ်များ


သီချင်းခေါင်းစဉ်တွေ စုစည်းပေးထားပါတယ် ။

လိုတာ နောက်ဆက်ဖြည့်သွားပါမယ် ။

စာလုံးပေါင်းများမှာ နဂိုရ် အတိုင်းဖြစ်ပါတယ် ခင်ဗျား ။ ။



၁ ။ နှင်းဆီဖြူ ရဲ့ အ​​ဝေးကလူတယောက်

၁၊နှင်း ၂၊အို ၊ မောင်ဒီ ၃၊ပြီးဆုံးခ့ဲသော ၄၊လူတယောက်ရဲ့မျက်နှာ ၅၊အချစ်ကိုရင်း၍ ၆၊အသဲနှစ်လုံးသစ် ၇၊ဧရာ၀တီ ၈၊နှုတ်ဆက်ခ့ဲပါတယ် ၉၊နှင်းဆီဖြူရဲ့​ အဝေေးကလူတယောက် ၁၀၊ပျော်ပါးခြင်း ၁၁၊အမေ ၁၂၊လူပျိုတမ်းချင်း ၁၃၊မီးခိုးဖြူ


၂ ၊ ပြည်မှာဆောင်း
၁၊အိပ်မရတ့ဲည ၂၊တို့နှစ်ယောက် ၃၊ပတ်၀န်းကျင်အပေါ်တင်နေတဲ့အကြွေး ၄၊ပြည်မှာဆောင်း ၅ ၊ စိုးရွံစိတ်တွေ ၆၊မင်းတို့သဘောကိုသိဖို့ ရ။ညကောင်းကင်ရဲ့တေးသမား ၈၊ကောလိပ်နေ့ရက်များ ၉၊ဒီဇင်ဘာ ၁၀၊မခွဲခင်အချိန်ကလေး ၁၁၊ငါသွားတ့ဲလမ်းခရီး ၁၂၊တစိမ်း


၃ ။ အိမ်မက်




၁၊ မန္တလေး ၂၊ ရွှေစော်နံရင်ပြန်ပါအုံး ၃၊ အချစ်ရဲ့အဓိပ္ပါယ်ကိုသိရဲ့လား ၄၊ မင်းရဲ့သဘောတခုပါ ၅၊ မမချစ် ၆၊ ဆေးကြောခွင့်ပြုပါ ၇၊ မုန်တိုင်းဇင်ယော် ၈၊ မိလေးရေ ၉၊ အမြန်လာကူညီလှဲ့ ၁၀၊ လွမ်းတယ် ၁၁၊ လိုအပ်ချက်ကလေးများ ၁၂၊ မျှားဘုရင် ၁၃၊ အဝေးရောက်ညီငယ် ၁၄၊ မကြာပါဘူး ၁၅၊ ခုနှစ်ပြည်ထောင် ၁၆၊ နင့်ကိုငါချစ်နေတုံးဘဲ(မိနီ)




၄ ။ ပန်းနုရောင်ခံစားချက်များ


၁၊ဘာမဆိုမင်းအတွက် ၂၊တောင်ပေါ်သူ(သို့)လွမ်းတေး ၃၊ဆယ်လမွန်ငါးတို့အပြန် ၄၊မကြေငြာသောသိမ်းဖျက်ခြင်း ၅၊ငြိမ်းချမ်းရေးကဖီး ၆၊မပြောတော့ဘူး ၇၊အင်းယားသူ ၈၊မငိုမိတယ် ၉၊ကျောင်းသားသစ် ၁၀၊တစ်ခုသောယုံကြည်ချက် ၁၁၊ယုံကြည်ထား ၁၂၊မရှိခဏ ၁၃၊တစိမ်း ၁၄၊ဘ၀စေရာ


၅ ။ ည



၁၊အမြဲတမ်းမင်းဘက်မှာ ၂၊မင်းနဲ့မတွေ့ခဲ့ရင် ၃၊ညင်သာစွာဆင်း ၄၊လာမယ်ဆိုအကြောင်းကြားလိုက် ၅၊မိဘမေတ္တာ ၆၊ဆေးရောင်ချယ်လှဲ့ပါ ၇၊တပတ်လောက်လျှော့အုံး ၈၊မရောထွေးနဲ့ညီမငယ် ၉၊နွေညများ ၁၀၊နီးလျှက်နဲ့ေ၀း ၁၁၊ဆောင်းဦးမြောက်ပြန်လေ ၁၂၊အရုပ်အရိပ်နဲ့အရောင်များ၁၃၊နှောင်းခဲ့ပြီနွယ် ၁၄၊ နွမ်းလျှသောနှလုံးသားနှင့်ခရီးဆက်ပါရစေ


၆ ။ လိပ်ပြာလွင်ပြင်
 

၁၊ကျော်ကြီး ၂၊ချစိခရီးသည် ၃၊သက်ထား ၄၊လွမ်းည ၅၊စိမ်ခေါ်ပါတယ်မင်းရယ် ၆၊ခံယူလျှက်ပါနွေ ၇၊မောင်ခေါ်ရာ ၈၊တစ်ခြားတစ်ယောက် ၉၊ကောင်းကင်နဲ့မြေကြီး ၁၀၊ဘယ်ဆီဘယ်၀ယ် ၁၁။အမျိုးသမီးများနှင့်စကားပြောခြင်း ၁၂။သိနှင့်တော့ကွယ် ၁၃။စ.ရ.တ ၁၄။ မြိုင်



၇ ။ ကစားမလား၊ နားမလား
 

၁၊မျှော်တလင့်လင့် ၂၊သိပါပြီ ၃၊သူ့အလိုအတိုင်းရှိစေ ၄၊အချစ် ၅၊မိုးတွေရွာစွေ ၆၊ကချေသည် ၇၊မောင့်ရဲ့လမင်းလေး ၈၊ကောင်းသောနေ့ ၉။နောက်ဆုံးအနမ်း ၁၀။ဘ၀တူ ၁၁။မြစ် ၁၂။နံက်ခင်းအလင်း၁၃။ရင်ခုံသံလှိုင်း ၁၄။မမ့ဲပါနဲ့အချစ် ၁၅။ထပ်တူကျသောနွေ



၈ ။ စိတ်ကြိုက်ပြန်ဆိုတေး
၁၊ဆယ်လမွန်ငါးတို့အပြန် ၂၊နဒီမင်္ဂလာ ၃၊ဧရာ၀တီ ၄၊အမေ ၅၊ခုနှစ်ပြည်ထောင် ၆၊ပြည်မှာဆောင်း ရ၊ပန်းခရမ်းပြာ ၈၊လွမ်းရတ့ဲညတွေလွန်ပါစေ ၉၊မမချစ် ၁၀၊ဘာမဆိုမင်းအတွက် ၁၁၊မြှားဘုရင် ၁၂၊မျှော်တလင့်လင့် ၁၃၊နှုတ်ဆက်ခ့ဲပါတယ်


၉ ။ ပန်းခရမ်းပြာ

၁၊ပန်းခရမ်းပြာ ၂၊နဒီမင်္ဂလာ ၃။တို့ရင်ထဲ ၄၊တေးမြုံငှက် ၅၊သဇင်ည ၆၊တံခါးဖွင့်ပေးပါ ၇၊ချစ်ထုံးဖြေပါ ၈၊မငိုတတ်တော့ဘူး ၉၊ရှယ်လီရဲ့အချစ်ဒဿန ၁၀၊မလာမယ့်လမ်း ၁၁၊အရွယ်လွန်ရွေ့လျှား ၁၂၊ခွဲခွာခြင်းခဏ ၁၃၊နောက်ဆုံးအိပ်မက် ၁၄၊အချစ်ဘယ်သူ့ပုံမှာတုံး


၁၀ ။ အမှောင်ကိုထွန်းညှိမယ့်မီးအိမ်

၁၊အစောဆုံးပြန်ခ့ဲ ၂။မင်းမရှိတ့ဲနောက် ၃၊ခွဲခွါခြင်းကိုနှစ်သိမ့်သောအပြုံး ၄၊အဖြည့်ကုသိုလ် ၅၊အမှောင်ကိုထွန်းညှိမယ့်မီးအိမ် ၆၊လက်မတွဲသင့်တ့ဲအဆုံးရ၊လွမ်းရတ့ဲညတွေလွန်ပါစေ ၈၊မင်းပြန်ခ့ဲ ၉၊နေမင်းပြုံးမယ့်နေ့ ၁၀၊တစ်ဦးတစ်ယောက် ၁၁၊မေ၀ပါနဲ့နှင်း ၁၂၊ရွှေရည်ဦး


၁၁ ။ လိုတရအကြည့်
၁၊သောင်ကမ်းခြေ ၂၊ဘယ်ဆီဘယ်၀ယ် ၃၊နတ်မိသက်ဆင်းည ၄၊ပန်းသစ္စာ ၅၊မြစ် ၆၊ယိမ်း ရ၊ချစ်ခြင်းတည်ခ့ဲတယ် ဂ၊နှင်းထုဖွဲ့ဆင် ၉၊လွမ်းစေတီဦး ၁၀၊ဆောင်းလည်းမေ၀းတော့ပြီမို့ ၁၁၊ဆုံဆည်းရာ ၁၂၊သိနှင့်တော့


၁၂၊ မင်းလျောက်ခဲ့တဲ့လမ်း 


၁၊ အေ၀းပြေး ၂၊အင်းယားရေရိပ် ၃၊စေတမန် ၄၊မင်းလျှောက်ခ့ဲတ့ဲလမ်း


၁၃ ။ ခင်၀မ်း လက်ရွေးစင်

     ၁၊ အချစ်ကိုရင်း၍ ၂၊ မုန်တိုင်းစင်ရော် ၃၊ အိပ်မရတ့ဲည ၄၊ဆယ်လ်မွန်ငါးတို့အပြန် ၅၊ ခုနှစ်ပြည်ထောင်မင်းသား ၆၊ညကောင်းကင်ရဲ့တေးသမား ၇၊ အမေ ၈၊ ပြန်လာကူညီလှည့် ၉၊မကြေငြာတ့ဲသိမ်းဖျက်ခြင်း ၁၀၊ ဧရာ၀တီ ၁၁၊ မမချစ် ၁၂၊နှုတ်ဆက်ခဲ့ပါတယ် 
 
၁၄ ။အကောင်းဆုံးသီချင်းများ

၁၊အဖြေ့ကုသိုလ် ၂၊ဘယ်ဆီဘယ်၀ယ် ၃၊ မုန်တိုင်းစင်ရော် ၄၊ လွမ်းရတ့ဲညတွေလွန်ပါစေ ၅၊မမချစ် ၆၊ဘာမဆိုမင်းအတွက် ၇၊မျှော်တလင့်လင့် ၈၊လွမ်းတယ် ၉၊ဆယ်လမွန်ငါးတို့အပြန် ၁၀၊အစောဆုံးပြန်ခ့ဲ ၁၁၊မြှားဘုရင် ၁၂၊အမြဲတမ်းမင်းဖက်မှာ ၁၃၊ချစ်ခရီးသည် ၁၄၊လူပျိုတမ်းချင်း ၁၅၊ဆေးကြောခွင့်ပြုပါ



၁၅ ။ ခင်၀မ်းလက်ရွေးစင် (၂) 



၁၊ ဆေးရောင်ချယ်လှည့်ပါ ၂၊နီးလျှက်နဲ့ေ၀း ၃၊မခွဲခင်အချိန်လေး ၄၊သူစိမ်း ၅၊မင်းနဲ့မတွေ့ခ့ဲယင် ၆၊နွေညများ ၇၊ယုံကြည်ထားကွယ် ၈၊အမြဲတမ်းမင်းဖက်မှာ ၉၊ညကောင်းကင်ရဲ့တေးသမား ၁၀၊မင်းတို့သဘောကိုသိဖို့ ၁၁။ဘာမဆိုမင်းအတွက် ၁၂။မပြောတော့ဖူး ၁၃၊ပြည်မှာဆောင်း


၁၆။တဖန်ပြန်လည် ဖြတ်သန်းခြင်း


၁၊။ဘာမဆိုမင်းအတွက် ၂။လူပျိုတမ်းခြင်း ၃။ပြည်မှာဆောင်း ၄။မြှားဘုရင် ၅။နှင်း ၆။လွမ်းတယ် ရ။လူတယောက်ရဲ့မျက်နှာ ၈။မုန်တိုင်းစင်ယော် ၉။ခုနှစ်ပြည်ထောင် ၁၀။အချစ်ရဲ့အဓိပါယ်ကိုသိရဲ့လား ၁၁။မမချစ် ၁၂။တောင်ပေါ်သူ

၁၇။ နှုတ်ဆက်ခ့ဲပါတယ်။ဧရာ၀တီ
                                    
  ၁။ရွှေစော်နံယင်ပြန်လိုက်ပါအုံး ၂။ခုနှစ်ပြည်ထောင် ၃။နှုတ်ဆက်ခ့ဲပါတယ် ၄။ဧရာ၀တီ ၅။မုန်တိုင်းစင်ရော် ၆။ပြည်မှာဆောင်း ၇။အချစ်ကိုရင်း၍ ၈။အမြန်လာကူညီလှည့် ၉။ချစ်ခရီးသည် ၁၀။မြှားဘုရင် ၁၁။အမေ ၁၂။အိပ်မရတ့ဲည ၁၃။ဆယ်လမွန်ငါးတို့အပြန်

ps: cover များ ပို့ပေးတ့ဲ ကိုလှိုင်မင်းအောင် ကိုကျေးဇူးတင်ပါတယ်။

PS : နောက်ဆုံးကျန်နေတ့ဲ "ည" Cover တင်ပေးလိုက်ပါပြီ။ ၂၂-၂-၂၀၁၃




28 February 2011

ကိုနေ၀င်း

(Unicode version)

ကိုနေ၀င်း အမှတ်တရ Show ပွဲကြည့်အပြီးမှာဘဲ ကိုနေ၀င်းတို့ ကိုရဲလွင်တို့ Private Show ပွဲလေးလုပ်တာ ကြည့်လိုက်ရပါတယ်။ သူတို့သူငယ်ချင်း မင်္ဂလာ anniversary မှာတီးကြ ဆိုကြတာပါ။ကိုနေ၀င်း၊ ကိုရဲလွင်၊ သားထွေး တို့ဘဲပါပါတယ်။ ကျန်တာတော့ လူငယ်တွေပါ။ အိမ်ရှင်ကလဲ မဆိုးပါဘူး။

ဒီပွဲမှာ ကိုနေ၀င်း တို့က အယင်လို ဆို နိုင်တုံးပါဘဲ။ နဂိုရ်က လဲ ဒီလောက်ဘဲဆိုနိုင်တာပါ။ ကိုနေ၀င်းရဲ့ မောင့်လပြည့်၀န်း Version က Mizzima ပွဲမှာ ဆိုတ့ဲ Style ပါဘဲ.။ ကျန်သီချင်းတွေလဲ Ending တွေမှာ New Style တွေနဲ့ အဆုံးသတ်တွေ ပြောင်းထားတော့ သူတို့ရဲ့ ပရိသာတ်တွေ ကြည့်စေချင်မိတယ်။ Connection အဆင်ပြေရင်လဲ Format လျှော့ပြီး ဒီမှာဘဲ တင်ပေးဖို့ ကြိုးစားပါမယ်။

အကောင်းဆုံးကတော့ အခွေထုတ်တောင် ပါမှာ မဟုတ်တဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ဆိုှတ့ဲ သီချင်းစာသားပါ။ သီချင်းဆိုနေတုံး ကိုနေ၀င်းက Battle for Peace လို့ပြောတော့ လက်ခုတ်တီးကြတာပေါ့။ နာမည်ကျော် မိုးမခပင်တွေ တို့သက်သေတည် ဆိုတ့ဲ စာသားတွေက်ု ပြောင်းဆိုထားတာ စီစစ်ရေး ခွင့်မပြုမ့ဲ စာသားတွေပါ။ တင်ပေးနိုင်အောင် ကြိုးစားပါဦးမယ်။ အေ၀းရောက်သူတွေ ဒီသီချင်းကို ဒါကြောင့် ဆိုကြတာ ထင်ပါတယ်။

မကြားဖူးတ့ဲ Eချို ဆိုတ့ဲ သီချင်းကလဲ အယင်က မကြားဘူးပါဘူး။ ကောင်းပါတယ် ဘဲ ပြောချင်ပါတယ်။

သီချင်းတွေ တင်မပေးနိုင်ဘဲ အတင်းကောင်းနေတာ Sorry ပါ။

XxXxXx

(Zawgyi version )

ကိုေန၀င္း အမွတ္တရ Show ပြဲၾကည့္အၿပီးမွာဘဲ ကိုေန၀င္းတို႔ ကိုရဲလြင္တို႔ Private Show ပြဲေလးလုပ္တာ ၾကည့္လိုက္ရပါတယ္။ သူတို႔သူငယ္ခ်င္း မဂၤလာ anniversary မွာတီးၾက ဆိုၾကတာပါ။ကိုေန၀င္း၊ ကိုရဲလြင္၊ သားေထြး တို႔ဘဲပါပါတယ္။ က်န္တာေတာ့ လူငယ္ေတြပါ။ အိမ္႐ွင္ကလဲ မဆိုးပါဘူး။
ဒီပြဲမွာ ကိုေန၀င္း တို႔က အယင္လို ဆို ႏိုင္တံုးပါဘဲ။ နဂိုရ္က လဲ ဒီေလာက္ဘဲဆိုႏိုင္တာပါ။ ကိုေန၀င္းရဲ့ ေမာင့္လျပည့္၀န္း Version က Mizzima ပဲြမွာ ဆိုတ့ဲ Style ပါဘဲ.။ က်န္သီခ်င္းေတြလဲ Ending ေတြမွာ New Style ေတြနဲ႔ အဆံုးသတ္ေတြ ေျပာင္းထားေတာ့ သူတို႔ရဲ့ ပရိသာတ္ေတြ ၾကည့္ေစခ်င္မိတယ္။ Connection အဆင္ေျပရင္လဲ Format ေလွ်ာ့ၿပီး ဒီမွာဘဲ တင္ေပးဖို႔ ႀကိဳးစားပါမယ္။
အေကာင္းဆံုးကေတာ့ အေခြထုတ္ေတာင္ ပါမွာ မဟုတ္တဲ့ ျငိမ္းခ်မ္းေရးအတြက္ တိုက္ပြဲ ဆိုွတ့ဲ သီခ်င္းစာသားပါ။ သီခ်င္းဆိုေနတံုး ကိုေန၀င္းက Battle for Peace လို႔ေျပာေတာ့ လက္ခုတ္တီးၾကတာေပါ့။ နာမည္ေက်ာ္ မိုးမခပင္ေတြ တို႔သက္ေသတည္ ဆိုတ့ဲ စာသားေတြက္ု ေျပာင္းဆိုထားတာ စီစစ္ေရး ခြင့္မျပဳမ့ဲ စာသားေတြပါ။ တင္ေပးႏိုင္ေအာင္ ႀကိဳးစားပါဦးမယ္။ အေ၀းေရာက္သူေတြ ဒီသီခ်င္းကို ဒါေၾကာင့္ ဆိုၾကတာ ထင္ပါတယ္။
မၾကားဖူးတ့ဲ Eခ်ိဳ ဆိုတ့ဲ သီခ်င္းကလဲ အယင္က မၾကားဘူးပါဘူး။ ေကာင္းပါတယ္ ဘဲ ေျပာခ်င္ပါတယ္။
သီခ်င္းေတြ တင္မေပးႏိုင္ဘဲ အတင္းေကာင္းေနတာ Sorry ပါ။

18 February 2011

လပြည့်၀န်းသို့

(Unicode version )

ကိုနေ၀င်း အမှတ်တရနှင့် Mizzima တီး၀ိုင်းနှစ်သုံးဆယ်ပြည့် Show ပွဲ လုပ်မည်ကိုကြားသော်လည်း တကယ်လုပ်သည်ကို မကြည့်လိုက်ရပါ။

MRTV-4 ကောင်းမှုကြောင့်သာ ပြန်ကြည့်လိုက်ရပါသည်။၁၁ ပိုင်း လွှင့်သော်လည်း ၇ ပိုင်းသာ ကြည့်လိုက်ရသည်။

မကြည့်ခင်ကတည်းက စဉ်းစားထားတာ ရှိပါသည်။ နဂို Original ကို ဘယ်လိုမှ မမှီနိုင်ဟု။

ကျွန်တော်သည် Original သီချင်းများကို အရမ်းစွဲနေပြီ။ ခင်၀မ်း ရဲ့ " ပြည်မှာဆောင်း " အခွေဆိုလျှင် ကျွန်တော်တွင်ရှိသည့် အခွေက ပြည်မှာဆောင်း သီချင်း Chorus ပိုဒ်အပြီး ပြန်၀င်သည့် စာသား 'အဆုံးစွန်အထိသာ" နေရာတွင် တိပ်ပြတ်ထား၍ ပြန်ဆက်ထားသဖြင့် ထစ်နေသည်။ နားထောင်ပါများသဖြင့် အဲဒီနေရာလေးရောက်လျှင် ခုထိတိုင် စိတ်ထဲမှာ ထစ်၍ ကြားနေတုံးပင်။

ကိုနေ၀င်း ရေးသည့်သီချင်းအများစုကိုလည်း စာသားများပါ စွဲနေပြီ။ ခိုင်ထူး၊ ခင်မောင်တိုး၊ သားထွေး၊ ရာပြည့် တို့အပြင် အခြားအဆိုကျော်များရဲ့ ဆိုဟန်ကိုလည်း နဂိုဟန်ကိုသာ စွဲမှတ်မိနေပြီ။ ထို့အတွက် နဂိုကို မမှီလည်း သည်းခံခွင့်လွှတ်နားဆင်မည်ဟု နှလုံးသွင်းထားပြီးပါပြီ။

ကျွန်တော့်ဘ၀တွင် အဆိုရှင်တွေ ကိုသာ သိနေရာမှ မောင့်လပြည့်၀န်း သီချင်းစာသားများကို ကြားမိပြီး ဒီလိုစာသားတွေကို ရေးသူ ဘယ်သူလဲ သိချင်လာသည်။ ပထမ စိုင်းထီးစိုင် ပင်ရေးသည်ဟုထင်ခ့ဲသည်။ နောက်မှ ကိုနေ၀င်း ဆိုတာကို ကြားဖုူးခ့ဲသည်။

အခုပွဲက ကိုနေ၀င်း နှင့် Mizzima ဆိုတော့ အမိုက်ဆုံးအစီစဉ် မဟုတ်ပါလား။

ပရိသာတ် ပြည့်ပါ့မလား တွေးပူမိသည်။ ကိုနေ၀င်း ပရိတ်သတ်သည် လေးဆယ်ကျော်များသာ ဖြစ်လိမ့်မည်။

x x x

တကယ်ကြည့်မိတော့မှ တကယ်စိတ်ညစ်ရပါသည်။

အပစ်လဲ မပြောတော့ပါ။ သီချင်းများ မလွှင့်ခင် အဆိုရှင်များကို အင်တာဗျူးအတည်းက သီချင်းစာသားများ ရှည်လျှားခက်ခဲကြောင်း ပြောခ့ဲကြပါသည်။ ခုခေတ်အဆိုကျော်များအတွက်ဆို ကိုနေ၀င်းသီချင်း တစ်ပုဒ်သည် ခေတ်သီချင်း သုံးပုဒ်လောက်ရနေမှာပါ။

ရွေးထားသည့် အဆိုကျော်များနှင့် ကိုနေ၀င်းသီချင်း အတော်များများ မလိုက်ဖက်ပါ။ ဈေးကွက်အရ ရွေးခ့ဲရဟန်တူသည်။ စီစဉ်သူများက ဂီတလောကသားများဖြစ်၍ ကျွန်တော်တို့ထက်တောင် ပိုသိမှာပါ။ လိုက်ဖက်အောင် ဟန်ပြောင်းလိုက်ပါကလည်း မြန်မာများ ကြိုက်ကြတော့မည်မထင်။

အားနာနာနဲ့ပြောရလျှင် ခိုင်ထူး အဆိုးဆုံးဖြစ်နေသည်။ ကျွန်တော်တစ်ဦးတည်း သဘောပြောရလျှင် ကိုနေ၀င်း သီချင်းများနှင့် အလိုက်ဖက်ဆုံး အသံရှင်မှာ ခိုင်ထူး ပင်။ စိတ္တဇ ဆန်သော ကိုနေ၀င်း စာသားများနှင့် စိတ္တဇဆန်ဆန် မာန်ပါသော ခိုင်ထူး အသံမှာ ဘယ်လိုလိုက်ဖက်မှန်းမသိ။ သီချင်းအားလုံးကို ကြိုက်ခ့ဲသည်။

မောင့်လပြည့်၀န်းမှလွဲ၍ ကိုနေ၀င်းဧ။် ကျန် ဂန ္တ၀င်သီချင်းများဖြစ်သည့် မိုးရဲယင် ဆောင်းရဲရမယ်၊ သို့ တစ်ရံတစ်ခါဆီ၊ မြတ်သောအကျင့် စသည်များသည် အားလုံး perfect ဖြစ်ခ့ဲသည်။

ခုတစ်ကြိမ် ခိုင်ထူး ဆိုသောအခါ မဆိုနိုင်တော့ပါ။ အချို့ အဆုံးသတ်အပိုဒ်များကို Rap ဆိုသလို စကားပြောဖြင့် ရောချသွားခ့ဲရသည်။ လုံး၀နီးပါး မအော်နိုင်တော့ပါ။

ဂီတလောကသား ရင်ဂိုက ခင်၀မ်းဆိုခ့ဲသော သီချင်းက်ု မကြားဖူးခ့ဲပါဟု ၀န်ခံပြောကြားသောအခါ မိမိ professional လောကကို တော်တော်လေ့လာ ထားပါသလားဟု အ့ံသြမိသည်။ ခွင့်လွှတ်စေ။

အခြားသော အဆိုရှင်များကိုတော့ လာဆိုပေးတာ ကျေးဇူးတင်ပါသည်ဟုဘဲ ပြောချင်ပါသည်။ အဆိုကျော်ကြီးများ ဖြစ်ကြသော လေးဖြူ နှင့် ဇော်၀င်းထွဋ် လဲ အပါအ၀င်ပါ။ ကျေးဇူး အများကြီး တင်ပါသည်။

ဘာဘဲဖြစ်ဖြစ် ခန်းနားသောပွဲ တစ်ပွဲ ဖြစ်သွားပါသည်။ ပရိတ်သာတ်လဲ အပြည့်ပင်။ လေးဆယ်ကျော် ခပ်ထွေထွေ ပရိသာတ်ကြီးကို ထင်ထားသလို မြင်သောအခါ ငါ မှ မပါလိုက်ရခြင်း ဖြစ်မိတာ ၀န်ခံပါသည်။

နောက်ထပ် ဒီလိုပွဲများ ကျင်းပနိုင်ပါစေဟု ဆုတောင်းပါသည်။ အထူးသဖြင့် Mizzima အဖွဲ့သားများ ဖြစ်သော ကိုမောင်မောင် နှင့် ခင်၀မ်းသီချင်းများ သီဆိုပွဲ ဖြစ်စေချင်မိသည်။ ကိုနေ၀င်းအတွက်လည်း နောက်ထပ် လုပ်နိုင်ပါစေ။ မင်းကိုလွမ်းရတ့ဲ ည တွေလွန်ပါစေ တစ်ပုဒ်နှင့်ပင် ပွဲဖြစ်နိုင်သည်။

မရှိတော့သည့် ကျန်အဖွဲ့သားများကိုလည်း အလေးပြုလိုက်ပါသည်။

XxXxXx

(Zawgyi version)

ကိုေန၀င္း အမွတ္တရႏွင့္ Mizzima တီး၀ိုင္းႏွစ္သံုးဆယ္ျပည့္ Show ပြဲ လုပ္မည္ကိုၾကားေသာ္လည္း တကယ္လုပ္သည္ကို မၾကည့္လိုက္ရပါ။
MRTV-4 ေကာင္းမႈေၾကာင့္သာ ျပန္ၾကည့္လိုက္ရပါသည္။၁၁ ပိုင္း လႊင့္ေသာ္လည္း ၇ ပိုင္းသာ ၾကည့္လိုက္ရသည္။
မၾကည့္ခင္ကတည္းက စဥ္းစားထားတာ ႐ွိပါသည္။ နဂို Original ကို ဘယ္လိုမွ မမွီႏိုင္ဟု။
ကၽြန္ေတာ္သည္ Original သီခ်င္းမ်ားကို အရမ္းစြဲေနၿပီ။ ခင္၀မ္း ရဲ့ " ျပည္မွာေဆာင္း " အေခြဆိုလွ်င္ ကၽြန္ေတာ္တြင္႐ွိသည့္ အေခြက ျပည္မွာေဆာင္း သီခ်င္း Chorus ပိုဒ္အၿပီး ျပန္၀င္သည့္ စာသား 'အဆံုးစြန္အထိသာ" ေနရာတြင္ တိပ္ျပတ္ထား၍ ျပန္ဆက္ထားသျဖင့္ ထစ္ေနသည္။ နားေထာင္ပါမ်ားသျဖင့္ အဲဒီေနရာေလးေရာက္လွ်င္ ခုထိတိုင္ စိတ္ထဲမွာ ထစ္၍ ၾကားေနတံုးပင္။
ကိုေန၀င္း ေရးသည့္သီခ်င္းအမ်ားစုကိုလည္း စာသားမ်ားပါ စြဲေနၿပီ။ ခိုင္ထူး၊ ခင္ေမာင္တိုး၊ သားေထြး၊ ရာျပည့္ တို႔အျပင္ အျခားအဆိုေက်ာ္မ်ားရဲ့ ဆိုဟန္ကိုလည္း နဂိုဟန္ကိုသာ စြဲမွတ္မိေနၿပီ။ ထို႔အတြက္ နဂိုကို မမွီလည္း သည္းခံခြင့္လႊတ္နားဆင္မည္ဟု ႏွလံုးသြင္းထားၿပီးပါၿပီ။
ကၽြန္ေတာ့္ဘ၀တြင္ အဆို႐ွင္ေတြ ကိုသာ သိေနရာမွ ေမာင့္လျပည့္၀န္း သီခ်င္းစာသားမ်ားကို ၾကားမိၿပီး ဒီလိုစာသားေတြကို ေရးသူ ဘယ္သူလဲ သိခ်င္လာသည္။ ပထမ စိုင္းထီးစိုင္ ပင္ေရးသည္ဟုထင္ခ့ဲသည္။ ေနာက္မွ ကိုေန၀င္း ဆိုတာကို ၾကားဖုူးခ့ဲသည္။
အခုပြဲက ကိုေန၀င္း ႏွင့္ Mizzima ဆိုေတာ့ အမိုက္ဆံုးအစီစဥ္ မဟုတ္ပါလား။
ပရိသာတ္ ျပည့္ပါ့မလား ေတြးပူမိသည္။ ကိုေန၀င္း ပရိတ္သတ္သည္ ေလးဆယ္ေက်ာ္မ်ားသာ ျဖစ္လိမ့္မည္။
x x x
တကယ္ၾကည့္မိေတာ့မွ တကယ္စိတ္ညစ္ရပါသည္။
အပစ္လဲ မေျပာေတာ့ပါ။ သီခ်င္းမ်ား မလႊင့္ခင္ အဆို႐ွင္မ်ားကို အင္တာဗ်ဴးအတည္းက သီခ်င္းစာသားမ်ား ႐ွည္လွ်ားခက္ခဲေၾကာင္း ေျပာခ့ဲၾကပါသည္။ ခုေခတ္အဆိုေက်ာ္မ်ားအတြက္ဆို ကိုေန၀င္းသီခ်င္း တစ္ပုဒ္သည္ ေခတ္သီခ်င္း သံုးပုဒ္ေလာက္ရေနမွာပါ။
ေ႐ြးထားသည့္ အဆိုေက်ာ္မ်ားႏွင့္ ကိုေန၀င္းသီခ်င္း အေတာ္မ်ားမ်ား မလိုက္ဖက္ပါ။ ေစ်းကြက္အရ ေ႐ြးခ့ဲရဟန္တူသည္။ စီစဥ္သူမ်ားက ဂီတေလာကသားမ်ားျဖစ္၍ ကၽြန္ေတာ္တို႔ထက္ေတာင္ ပိုသိမွာပါ။ လိုက္ဖက္ေအာင္ ဟန္ေျပာင္းလိုက္ပါကလည္း ျမန္မာမ်ား ၾကိဳက္ၾကေတာ့မည္မထင္။
အားနာနာနဲ႔ေျပာရလွ်င္ ခိုင္ထူး အဆိုးဆံုးျဖစ္ေနသည္။ ကၽြန္ေတာ္တစ္ဦးတည္း သေဘာေျပာရလွ်င္ ကိုေန၀င္း သီခ်င္းမ်ားႏွင့္ အလိုက္ဖက္ဆံုး အသံ႐ွင္မွာ ခိုင္ထူး ပင္။ စိတၱဇ ဆန္ေသာ ကိုေန၀င္း စာသားမ်ားႏွင့္ စိတၱဇဆန္ဆန္ မာန္ပါေသာ ခိုင္ထူး အသံမွာ ဘယ္လိုလိုက္ဖက္မွန္းမသိ။ သီခ်င္းအားလံုးကို ႀကိဳက္ခ့ဲသည္။
ေမာင့္လျပည့္၀န္းမွလြဲ၍ ကိုေန၀င္းဧ။္ က်န္ ဂႏ ၱ၀င္သီခ်င္းမ်ားျဖစ္သည့္ မိုးရဲယင္ ေဆာင္းရဲရမယ္၊ သို႔ တစ္ရံတစ္ခါဆီ၊ ျမတ္ေသာအက်င့္ စသည္မ်ားသည္ အားလံုး perfect ျဖစ္ခ့ဲသည္။
ခုတစ္ႀကိမ္ ခိုင္ထူး ဆိုေသာအခါ မဆိုႏိုင္ေတာ့ပါ။ အခ်ိဳ႕ အဆံုးသတ္အပိုဒ္မ်ားကို Rap ဆိုသလို စကားေျပာျဖင့္ ေရာခ်သြားခ့ဲရသည္။ လံုး၀နီးပါး မေအာ္ႏိုင္ေတာ့ပါ။
ဂီတေလာကသား ရင္ဂိုက ခင္၀မ္းဆိုခ့ဲေသာ သီခ်င္းက္ု မၾကားဖူးခ့ဲပါဟု ၀န္ခံေျပာၾကားေသာအခါ မိမိ professional ေလာကကို ေတာ္ေတာ္ေလ့လာ ထားပါသလားဟု အ့ံၾသမိသည္။ ခြင့္လႊတ္ေစ။
အျခားေသာ အဆို႐ွင္မ်ားကိုေတာ့ လာဆိုေပးတာ ေက်းဇူးတင္ပါသည္ဟုဘဲ ေျပာခ်င္ပါသည္။ အဆိုေက်ာ္ႀကီးမ်ား ျဖစ္ၾကေသာ ေလးျဖဴ ႏွင့္ ေဇာ္၀င္းထြဋ္ လဲ အပါအ၀င္ပါ။ ေက်းဇူး အမ်ားႀကီး တင္ပါသည္။
ဘာဘဲျဖစ္ျဖစ္ ခန္းနားေသာပြဲ တစ္ပြဲ ျဖစ္သြားပါသည္။ ပရိတ္သာတ္လဲ အျပည့္ပင္။ ေလးဆယ္ေက်ာ္ ခပ္ေထြေထြ ပရိသာတ္ႀကီးကို ထင္ထားသလို ျမင္ေသာအခါ ငါ မွ မပါလိုက္ရျခင္း ျဖစ္မိတာ ၀န္ခံပါသည္။
ေနာက္ထပ္ ဒီလိုပြဲမ်ား က်င္းပႏိုင္ပါေစဟု ဆုေတာင္းပါသည္။ အထူးသျဖင့္ Mizzima အဖြဲ႔သားမ်ား ျဖစ္ေသာ ကိုေမာင္ေမာင္ ႏွင့္ ခင္၀မ္းသီခ်င္းမ်ား သီဆိုပြဲ ျဖစ္ေစခ်င္မိသည္။ ကိုေန၀င္းအတြက္လည္း ေနာက္ထပ္ လုပ္ႏိုင္ပါေစ။ မင္းကိုလြမ္းရတ့ဲ ည ေတြလြန္ပါေစ တစ္ပုဒ္ႏွင့္ပင္ ပြဲျဖစ္ႏိုင္သည္။
မ႐ွိေတာ့သည့္ က်န္အဖြဲ႔သားမ်ားကိုလည္း အေလးျပဳလိုက္ပါသည္။

22 June 2008

ခင်၀မ်း-သီချင်းခေါင်းစဉ်များ

တနေရာမှာ ယူနီကုဒ်နဲ့ တင်ထားသည်။ 


သီခ်င္းေတြ စုစည္းေပးထားပါတယ္ ။
လိုတာ ေနာက္ဆက္ျဖည့္သြားပါမယ္ ။

စာလံုးေပါင္းမ်ားမွာ နဂုိရ္ အတိုင္းျဖစ္ပါတယ္ ခင္ဗ်ား ။ ။

၁ ။ ႏွင္းဆီျဖဴ ရဲ႕ အေ၀းကလူတေယာက္
၁၊ႏွင္း ၂၊အို ၊ ေမာင္ဒီ ၃၊ၿပီးဆံုးခ့ဲေသာ ၄၊လူတေယာက္ရဲ႕မ်က္ႏွာ

၅၊ အခ်စ္ကိုရင္း၍ ၆၊အသဲႏွစ္လံုးသစ္ ၇၊ဧရာ၀တီ ၈၊ႏႈတ္ဆက္ခ့ဲပါတယ္

၉၊ႏွင္းဆီျဖဴရဲ႕အေ၀းကလူတေယာက္ ၁၀၊ေပ်ာ္ပါးျခင္း ၁၁၊အေမ

၁၂၊လူပ်ိဳတမ္းခ်င္း ၁၃၊မီးခိုးျဖဴ


၂ ၊ ျပည္မွာေဆာင္း

၁၊အိပ္မရတ့ဲည ၂၊တို႔ႏွစ္ေယာက္ ၃၊ပတ္၀န္းက်င္အေပၚတင္ေနတဲ့အေၾကြး

၄၊ျပည္မွာေဆာင္း ၅ ၊ စိုးရြံစိတ္ေတြ ၆၊မင္းတို႔သေဘာကိုသိဖို႔

ရ။ညေကာင္းကင္ရဲ႕ေတးသမား ၈၊ေကာလိပ္ေန႔ရက္မ်ား ၉၊ဒီဇင္ဘာ

၁၀၊မခြဲခင္အခ်ိန္ကေလး ၁၁၊ငါသြားတ့ဲလမ္းခရီး ၁၂၊တစိမ္း

၃ ။ အိမ္မက္

၁၊မႏၲေလး ၂၊ေရႊေစာ္နံယင္ျပန္ပါဦး ၃၊အခ်စ္ရဲ႕အဓိပၸါယ္ကိုသိရဲ႕လား

၄၊မင္းရဲ႕သေဘာတခုပါ ၅၊မမခ်စ္ ၆၊ေဆးေၾကာခြင့္ျပဳပါ ၇၊မုန္တိုင္းဇင္ေယာ္

၈၊မိေလးေရ ၉၊အျမန္လာကူညီလွည့္ ၁၀၊လြမ္းတယ္ ၁၁၊လိုအပ္ခ်က္ေလးမ်ား

၁၂၊မွ်ားဘုရင္ ၁၃။အေ၀းေရာက္ညီငယ္္၁၄၊မၾကာပါဘူး ၁၅၊ခုႏွစ္ျပည္ေထာင္ ၁၆၊နင့္ကိုငါခ်စ္ေနတံုးဘဲ(မိနီ)

၄ ။ ပန္းႏုေရာင္ခံစားခ်က္မ်ား

၁၊ဘာမဆိုမင္းအတြက္ ၂၊ေတာင္ေပၚသူ(သို႔)လြမ္းေတး ၃၊ဆယ္လမြန္ငါးတို႔အျပန္ ၄၊မေၾကျငာေသာသိမ္းဖ်က္ျခင္း ၅၊ၿငိမ္းခ်မ္းေရးကဖီး ၆၊မေျပာေတာ့ဘူး ၇၊အင္းယားသူ ၈၊မငိုမိတယ္ ၉၊ေက်ာင္းသားသစ္ ၁၀၊တစ္ခုxxxxxxx ၁၁၊ယံုၾကည္ထား ၁၂၊မရွိခဏ ၁၃၊တစိမ္း ၁၄၊ဘ၀ေစရာ

၅ ။ ည

၁၊အျမဲတမ္းမင္းဘက္မွာ ၂၊မင္းနဲ႔မေတြ႕ခဲ့ရင္ ၃၊ညင္သာစြာဆင္း

၄၊လာမယ္ဆိုအေၾကာင္းၾကားလိုက္ ၅၊မိဘေမတၱာ ၆၊ေဆးေရာင္ခ်ယ္လွဲ႔ပါ

၇၊တပတ္ေလာက္ေလွ်ာ့အံုး ၈၊မေရာေထြးနဲ႔ညီမငယ္ ၉၊ေႏြညမ်ား

၁၀၊နီးလွ်က္နဲ႔ေ၀း ၁၁၊ေဆာင္းဦးေျမာက္ျပန္ေလ ၁၂၊အရုပ္အရိပ္နဲ႔အေရာင္မ်ား

၁၃၊ေႏွာင္းခဲ့ၿပီႏြယ္ ၁၄၊ ႏြမ္းလွ်ေသာႏွလံုးသားႏွင့္ခရီးဆက္ပါရေစ

၆ ။ လိပ္ျပာလြင္ျပင္

၁၊ေက်ာ္ႀကီး ၂၊ခ်စိခရီးသည္ ၃၊သက္ထား ၄၊လြမ္းည ၅၊စိမ္ေခၚပါတယ္မင္းရယ္ ၆၊ခံယူလွ်က္ပါေႏြ ၇၊ေမာင္ေခၚရာ ၈၊တစ္ျခားတစ္ေယာက္ ၉၊ေကာင္းကင္နဲ႔ေျမႀကီး ၁၀၊ဘယ္ဆီဘယ္၀ယ္

၁၁။အမ်ိဳးသမီးမ်ားႏွင့္စကားေျပာျခင္း ၁၂။သိႏွင့္ေတာ့ကြယ္ ၁၃။စ.ရ.တ ၁၄။ ၿမိဳင္

၇ ။ ကစားမလား၊ နားမလား

၁၊ေမွ်ာ္တလင့္လင့္ ၂၊သိပါၿပီ ၃၊သူ႔အလိုအတိုင္းရွိေစ ၄၊အခ်စ္

၅၊မိုးေတြရြာေစြ ၆၊ကေခ်သည္ ၇၊ေမာင့္ရဲ႕လမင္းေလး ၈၊ေကာင္းေသာေန႔ ၉။ေနာက္ဆံုးအနမ္း ၁၀။ဘ၀တူ ၁၁။ျမစ္ ၁၂။နံက္ခင္းအလင္း၁၃။ရင္ခံုသံလႈိင္း ၁၄။မမ့ဲပါနဲ႔အခ်စ္ ၁၅။ထပ္တူက်ေသာေႏြ

၈ ။ စိတ္ႀကိဳက္ျပန္ဆိုေတး

၁၊ဆယ္လမြန္ငါးတို႔အျပန္ ၂၊နဒီမဂၤလာ ၃၊ဧရာ၀တီ ၄၊အေမ ၅၊ခုႏွစ္ျပည္ေထာင္ ၆၊ျပည္မွာေဆာင္း ရ၊ပန္းခရမ္းျပာ

၈၊လြမ္းရတ့ဲညေတြလြန္ပါေစ ၉၊မမခ်စ္ ၁၀၊ဘာမဆိုမင္းအတြက္

၁၁၊ျမွားဘုရင္ ၁၂၊ေမွ်ာ္တလင့္လင့္ ၁၃၊ႏႈတ္ဆက္ခ့ဲပါတယ္


၉ ။ ပန္းခရမ္းျပာ

၁၊ပန္းခရမ္းျပာ ၂၊နဒီမဂၤလာ ၃။တို႔ရင္ထဲ ၄၊ေတးျမံဳငွက္ ၅၊သဇင္ည ၆၊တံခါးဖြင့္ေပးပါ ၇၊ခ်စ္ထံုးေျဖပါ ၈၊မငိုတတ္ေတာ့ဘူး

၉၊ရွယ္လီရဲ႕အခ်စ္ဒႆန ၁၀၊မလာမယ့္လမ္း ၁၁၊အရြယ္လြန္ေရြ႕လွ်ား

၁၂၊ခြဲခြာျခင္းခဏ ၁၃၊ေနာက္ဆံုးအိပ္မက္ ၁၄၊အခ်စ္ဘယ္သူ႕ပံုမွာတံုး


၁၀ ။ အေမွာင္ကိုထြန္းညွိမယ့္မီးအိမ္

၁၊အေစာဆံုးျပန္ခ့ဲ ၂။မင္းမရွိတ့ဲေနာက္ ၃၊ခြဲခြါျခင္းကိုႏွစ္သိမ့္ေသာအျပံဳး ၄၊အျဖည့္ကုသိုလ္ ၅၊အေမွာင္ကိုထြန္းညွိမယ့္မီးအိမ္ ၆၊လက္မတြဲသင့္တ့ဲအဆံုး

ရ၊လြမ္းရတ့ဲညေတြလြန္ပါေစ ၈၊မင္းျပန္ခ့ဲ ၉၊ေနမင္းျပံဳးမယ့္ေန႔ ၁၀၊တစ္ဦးတစ္ေယာက္ ၁၁၊မေ၀ပါနဲ႔ႏွင္း ၁၂၊ေရႊရည္ဦး

၁၁ ။ လိုတရအၾကည့္

၁၊ေသာင္ကမ္းေျခ ၂၊ဘယ္ဆီဘယ္၀ယ္ ၃၊နတ္မိသက္ဆင္းည ၄၊ပန္းသစၥာ ၅၊ျမစ္ ၆၊ယိမ္း ရ၊ခ်စ္ျခင္းတည္ခ့ဲတယ္ ဂ၊ႏွင္းထုဖြဲ႕ဆင္ ၉၊လြမ္းေစတီဦး ၁၀၊ေဆာင္းလည္းမေ၀းေတာ့ၿပီမို႔ ၁၁၊ဆံုဆည္းရာ ၁၂၊သိႏွင့္ေတာ့


၁၂ ။ မင္းေလွ်ာက္ခ့ဲတ့ဲလမ္း

၁၃ ။ တဖန္ျပန္လည္ျဖတ္သန္းျခင္း
၁၄ ။ ခင္၀မ္း လက္ေ႐ြးစင္
၁၊ အခ်စ္ကိုရင္း၍ ၂၊ မုန္တိုင္းစင္ေရာ္ ၃၊ အိပ္မရတ့ဲည ၄၊ ဆယ္လ္မြန္ငါးတို႔အျပန္ ၅၊ ခုႏွစ္ျပည္ေထာင္မင္းသား ၆၊ ညေကာင္းကင္ရဲ႕ေတးသမား ၇၊ အေမ ၈၊ ျပန္လာကူညီလွည့္ ၉၊ မေၾကျငာတ့ဲသိမ္းဖ်က္ျခင္း ၁၀၊ ဧရာ၀တီ ၁၁၊ မမခ်စ္ ၁၂၊ ႏႈတ္ဆက္ခဲ့ပါတယ္ ။
က်န္ေနတ့ဲ သီခ်င္း နာမည္ေတြ ရွာေဖြၿပီး ေျဖ့ေပးပါဦးမယ္။

cover ေတြကလဲ ေတာ္ေတာ္ရွာရ ခက္ေနပါၿပီ ။ ။

30 December 2007

ခင်မောင်တိုးဆိုတဲ့ ခင်ဝမ်းရဲ့နှုတ်ဆက်ခဲ့ပါတယ်၊



ခင်၀မ်းရဲ့အမှတ်တရ ခင်မောင်တိုးဆိုထားတဲ့ အခွေထဲက VIDEO CLIP ကလေးပါ ။ ခင်၀မ်းအကြောင်းလေးတွေ ထဲ့ထားတာ သဘောကျလို့တင်လိုက်တာပါ ။ 3GP Version မို့လို့စကားလုံးတွေ ဖတ်လို့ရချင်မှရပါဦးမယ် ။ Connection ကောင်းကောင်းရမှ MPEG Format နဲ့ထပ်တင်ပါဦးမယ် ။ မူပိုင်ကတော့ ချိုကြည်သာတေးသံသွင်း ပါ ။ ။