Showing posts with label စင်ကာပူ. Show all posts
Showing posts with label စင်ကာပူ. Show all posts
09 July 2025
ဒေါ်နွယ်ထွမ်းအခွန်၊
သိတ်တော့ နားမလည်ပါ။ ပတ်လည်း မပတ်သက်ပါ။ သို့သော် ထင်တာတော့ ဝင်ပြောကြည့်အုံးမှ။ . ဩဂတ်စ်တရက်နေ့ကစ မြန်မာ့ထုတ်ကုန်တွေကို ဒေါ်နွယ်ထွမ်းက ၄၀% အခွန်ကောက်မတဲ့။ အရင်က ဘယ်လောက်ကောက်လဲ မသိပါ။ မသိတာ ဒီကစပေမယ့် ဒီကိစ္စ မြန်မာနှစ်ခါနာတယ်လို့ ထင်မိလို့ပါဗျာ။ . ဒေါ်နွယ်ထွမ်း ဆော်ချင်တာတော့ တုတ်ကြီးလို့ပြောတာဘဲ။ ဒါပေသည့် သီးသန့် ဒဲ့မဆော်ရဲတော့ ပတ်ဆော်တဲ့သဘောဘဲ။ တုတ်ကြီးရဲ့လုပ်ငန်းရှင်တွေ ပြင်ပနိုင်ငံမှာ ကုန်ချောသွားထုတ်ပြီး အဲ့နိုင်ငံရဲ့ပို့ကုန်အဖြစ် အမေရိကန်သို့တင်သွင်းတဲ့ နိုင်ငံတွေကို အခွန်သိသိသာသာ တိုးကောက်ပါတယ်။ . ကြည့်ရတာ အမေရိကန်နဲ့ နိုင်ငံတနိုင်ငံချင်းရဲ့ ကုန်သွယ်မှုဘဲလဲန့်စ်ကိုကြည့်ပြီး ဒေါ်နွယ်ထွမ်း ဆုံးဖြတ်လိုက်ပုံဘဲ။ အဲဒီမှာ မြန်မာပြည် ပအကြိမ် နာတာ။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့ ပို့ကုန်စာရင်းပေါက်ပေမယ့် တကယ်အကျိုးအမြတ် အများဆုံးရတာ တုပ်ကြီးတို့ကုမ္ပဏီ အများစုပါ။ မြန်မာတွေက လက်ခစားခသာ ရလိုက်တာပါ။ မြန်မာကုမ္ပဏီအနေနဲ့ တိုက်ရိုက်အကျိုးရှိသူ တစ်ရာခိုင်နှုန်းတောင် ရှိပါ့မလား။ အလုပ်သမားခသာ ရလိုက်တာပါ။ . ဒုအကြိမ် နစ်နာတာက အမေရိကန်ပစ္စည်း မြန်မာပြည်သို့ သွင်းကုန်ကိစ္စ။ သွင်းကုန်နည်းနည်းဘဲ ရှိနိုင်ပေမယ့် အဲ့ဒီသွင်းကုန်ရဲ့ အများစုကို အခြားနိုင်ငံမှတဆင့် သွင်းတာ များမယ်။ အထူးသဖြင့် စလုံးကတဆင့်ပေါ့။ ဘာလို့လည်းဆိုတော့ ၈၈နောက်ပိုင်းကတည်းက ဆဲန်ရှင်ပိတ်ထားတော့ တိုက်ရိုက်ဆက်ဆံမှု မရှိတော့ဘဲ တနိုင်ငံငံ ခြားခံပြီးသွင်းနေရလို့လေ။ မြန်မာဝယ်တဲ့ အမေရိကန်ကုန်စာရင်း စလုံးဝယ်တဲ့ သဘောဖြစ်သွားလို့ စလုံးအတွက်ဘဲ အကျိုးရှိမှာပါ။ . ဒီတော့ အမေရိကန် ကုန်သွယ်စာရင်းမှာ မြန်မာပြည်က အဝယ်နည်းပေမယ့် ပို့ကုန်တွေကျ အတော်ပို့သလို ဖြစ်နေမှာဘဲ။ ပုံပါဇယားနဲ့ သတင်းအချို့အရ ခန့်မှန်းရေးတာပါ။ ဖြစ်နိုင်တယ်ဆို ဒေါ်နွယ်ထွမ်းကို ပြောပေးကြပါအုံး။ 😎
25 March 2021
ဝူဟန်ကိုဗစ် မတ် နှစ်ဆယ့်ငါး၊
ကမ္ဘာမှာ #ဝူနာ ၁၂၅သန်း ကျော်လာပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက တဟုန်ထိုးကျသမျှ အခုနောက်ပိုင်း ပြန်တက်နေပါတယ်။ ဂရဖ်မှာကြည့်ပါ။ မနေ့က ၅သိန်း၈သောင်းကျော် ပြန်တိုးလာပါပြီ။
.
အမေကြီးကား တနိုင်ငံထဲ သန်းသုံးဆယ်ကျော် ဝူခဲ့ပြီ။ ကာကွယ်ဆေးထိုးနေပေမယ့် ဝူနှုန်းပြန်တက်နေတယ်။ ပြည်နယ်၅၀မှာ မနေ့က အနည်းဆုံး ပြည်နယ်၃၀​ေကျာ ်ဝူနှုန်းတက်ခဲ့ပါသတဲ့။ အခုအထိ ကိုဗစ်ကို ဂရုမစိုက်၊ မတ်စ်မတပ်သူတွေ အမေကြီးကားမှာ ရှိနေတုံးပါတဲ့။
.
ဥရောပနိုင်ငံတွေမှာ ယူကေကလွဲလို့ ကျန်တဲ့နိုင်ငံတွေမကျသေးပါ။ ပြင်သစ် သုံးသောင်းကျော်၊ အီတလီ တူရကီ ဂျာမဏီ ပိုလန်တွေမှာ နှစ်သောင်းကျော်။ တနေ့ထဲတိုးပါတယ်။ ဝူအများဆုံး ဒုတိယ နဲ့ တတိယဖြစ်တဲ့ ဘရာဇီးနဲ့ အန္ဒိယမှာလည်း ပြန်တက်လာနေပါတယ်။
.
စင်ကာပူမှာ ပြည်တွင်းကူး ဆယ်ရက်ကျော်မရှိလို့ လူမှုရေးပွဲတွေမှာ တင်းကြပ်မှု လျော့ပေးလာပြီ။ ဆေးထိုးတာလည်း ၁.၁သန်း ကျော်ပြီတဲ့။ အသက် ၄၅ အထက်တွေ စထိုးပေးဖို့ ရှိနေပြီ။ လူဦးရေရဲ့ တရာခိုင်နှုန်း ဝူထားတာဖြစ်လို့ အရမ်းဂရုစိုက်လုပ်နေတယ်။
.
ကိုဗစ်ကြောင့် အဓိကထိခိုက်တဲ့ စီးပွားရေးလုပ်ငန်းက ခရီးသွားလုပ်ငန်းပါ။ စားသောက်ဆိုင်ကစ လေကြောင်းလိုင်းတွေအထိ အကုန်ထိနေတယ်။ ဘတ်ဂျက်အဲလိုင်း ရိုင်ယန်အဲလိုင်းက မကြာခင်အတွင်း စပိန်သို့ တပတ်ကို အခေါက်၂၅၀၀ ပျံပါမယ်တဲ့။ နွေရာသီ မြေထဲပင်လယ်သို့ တိုးရစ်တွေလာနိုင်ကြပါ့မလား။
.
ဝမ်းသာရမလား၊ ဝမ်းနည်းရမလား မပြောတတ်တဲ့သတင်းက အက်စတြာဇနက္က ကာကွယ်ဆေးကို အမေရိကန်က လက်မခံတာပါဘဲ။ နိုင်ငံရေးလည်း ပါနိုင်ပါတယ်။ ဒေတာအဟောင်းတွေဘဲ တင်ပြနိုင်သတဲ့။ စိတ်ချရတဲ့ ထိရောက်မှု ပြောသလောက်မရှိပေမယ့် ဆေးမထိုးထားတာထက်တော့ ပိုကောင်းပါတယ်လို့ ပြောနိုင်သလို၊ ကာကွယ်ဆေးထိုးပြီးပြီ၊ စိတ်ချစွာနေကာမှ ဝူဖြစ်ရင်လည်း ဒုက္ခ။ ဒီမနက်သတင်းမှာ ''၇၆%စိတ်ချရ''လို့ တွေ့လိုက်ပါတယ်။
.
မြန်ပြည်မှာ မနေ့က ၂၈ယောက်ဝူတယ်လို့ ဇယားအရ သိရတယ်။ စစ်ဆေးရုံတွေမှာ ဖြစ်နေတာလား မသိဘူး။ ကာကွယ်ဆေးထိုးဖို့လည်း ထိရောက်စွာမလုပ်နိုင်၊ လူစုလူဝေးလည်း ဖြစ်နေဦးမှာဆိုတော့ မတ်စ်တပ်ကြစေချင်တယ်။ အထူးသဖြင့် ဆန္ဒပြကြသူတွေပါ။ မတ်စ်တပ်ထားခြင်းအားဖြင့် ဘယ်သူမှန်း အလွယ်တကူမသိနိုင်လို့ အကျိုးလည်း ရှိပါတယ်။
.
အာဏာရှင်ဘေးနဲ့အတူ ဝူဟန်ဘေးကင်းဝေးကြပါစေ။
24 June 2019
စင်ကာပူသွား တောလား၊
(Zawgyi version)
.
.
.
.
(Unicode version)
စင်ကာပူ ရောက်သည့်နေ့ လေဆိပ်တာမင်နယ်ဝမ်းရှေ့တွင် အသစ်ဖွင့်သော Jewel ဆိုသော ဆိုင်အစုကို ကြည့်မိ၍သာ တော်တော့သည်။ ပြန်သည့်နေ့သည် တနင်္ဂနွေနေ့ ဖြစ်နေလေရာ အလုပ်အနားရသည့် မြန်မာမများ အပါအဝင် လာကြည့်သူများနှင့် ပြည့်နေလေသည်။ ဆယ်ဖီအလုအယက်ဆွဲ အော်ဟစ်စကားပြောနေကြရာ အသာလစ်ခ့ဲရတော့သည်။ အကောင်းစား အသုံးအဆောင်များနှင့် စားသောက်ဆိုင်များပါသည်။ ရုပ်ရှင်ရုံပါရှိသည်ပြောသည်။ စလုံးထုံးစံအတိုင်း လူလာလည်ချင်အောင် လှလှပပ လုပ်ထားရာ ဆယ်ဖီဆွဲလိုသူများ ကြွကြပါကုန်။
.
မြို့လည်သည် သိတ်မထူး။( နောက်ဆုံးရောက်တာ ငါးနှစ်ကျော်ပြီ၊) အစိမ်းလိုင်း အနီလိုင်းရထားများဆို ဟောင်းလှပြီ။ ဟိုးအရင် တွေ့ကာစလောက် သန့်ရှင်းတောက်ပြောင်သည်ဟု မထင်မိတော့။
.
အပြန်လေဆိပ်တွင် (ဂျက်စတားလိုင်း) စက်ဖြင့်ချက်ခင်လုပ်တာ လွယ်လှသည်။ အရင်အခေါက်အချိန်များတုံးကလည်း ရှိနေနိုင်သော်လည်း ပြန်သမျှ ဆီလက်တာလေဆိပ်ဖက်မှသာ ပြန်ရသဖြင့် မတွေ့ကြုံခ့ဲဘူးပါ။ ပတ်စပို့ကို စက်ဖြင့်ဖတ်သည်ဖြစ်ရာ မြန်မာပတ်စပို့တချို့ကို မဖတ်နိုင်တာ တွေ့ရသည်။ သို့သော် လက်မှတ်ချက်ခင်ကောင်တာတွင် လူနဲသွားသဖြင့် မစောင့်ရသလောက်ပါ။
.
အကောင်းဆုံးကတော့ အင်မီဂရေးရှင်း အထွက်ပါ။ စက်ဖြင့် ချက်ခင်လုပ်သည့်နေရာသို့ သွားခိုင်းသည်။ အထွက်တုံးလိုချင်သဖြင့် ပုံမှန်စစ်သည့်ကောင်တာ (နှစ်ခုသုံးခုဘဲ ရှိတော့သည်။) သို့သွားမည်လုပ်ရာ အတင်းလှမ်းခေါ်ပြီး စက်နေရာမှသာ ဖြတ်စေပါသည်။ ပတ်စပိုကိုဖတ် လက်ဗွေနှိပ်ပြီးသည်နှင့် တံခါးပွင့်ပြီး ပြီးတော့သည်။ ၁၅စက္ကန့်ခန့်သာ။ လက်မှတ်နဲ့ အင်မီဂရေးရှင်း ချက်ခင် ၅မိနစ်နှင့် ပြီးနိုင်ပြီ။ ပုံမှန်ကောင်တာမျိုးသို့ လက်ဗွေမနှိပ်နိုင်သည့် ကလေးပါသူများကိုသာ သွားစေရာ လူရှင်းနေပါသည်။
.
အကောင်းဆုံးနဲ့ အညံ့ဆုံးတွဲနေတတ်ရာ အညံ့ဆုံးမှာ အင်မီဂရေးရှင်း အဝင်ဖြစ်သည်။ ယခုအထိ အင်မီဂရေးရှင်းကဒ်ခေါ် ဝှိုက်ကဒ်ဖြည့်နေရတုံး။ ကောင်တာဖြတ်၍ အဝင်သမားကို စစ်တာ ကျစ်တာ ရစ်တာနားလည်ပေးနိုင်သော်လည်း ဗီယက်နမ်နှင့် မြန်မာတောင် မသုံးတော့သော ဝှိုက်ကဒ်ဖြည့်ခိုင်းနေတုံး။
24 March 2015
လီကွမ်​ယူ
(Unicode version )
စင်​ကာပူ တည်​​ထောင်​သူ လီကွမ်​ယူ ကွယ်​လွန်​သွားပါပြီ။ လီကွမ်​ယူ၏ ထူးခြား​သော စွမ်​​ဆောင်​မှုများကိုလည်​း ပြန်​သတိရပါသည်​။ ထိုစွမ်​း​ဆောင်​မှုများအတွက်​ ချီးမွမ်​းခံခ့ဲရသလို ရှုတ်​ချမှုများလည်​း များစွာ​ဖော်​ပြခ့ဲကြပါသည်​။ လီသည်​ တရုပ်​လူမျိုးပီသစွာ စီးပွား​ရေးကို ပထမဦးစား​ပေးခ့ဲသည်​။ သို့​သော်​ အင်္ဂလန်​​ကျောင်​းထွက်​မို့လားမသိ၊ စည်​းကမ်​းဥပ​ဒေများနှင်​့အညီ အများစု လုပ်​​ဆောင်​ခ့ဲသည်​။ စင်​ကာပူ စတည်​ကာစက ကွန်​မြူနစ်​ရန်​ကိုု သူ စိုးရိမ်​မှုသည်​ ကွယ်​လွန်​ချိန်​အထိ ပါသွားခ့ဲဟန်​တူသည်​။ လွန်​ခ့ဲ​သော ငါးနှစ်​ခန်​့က တီ​ဗီတွင်​ ​ကျောင်​းသား​လေးများနှင်​့ ​တော့ခ်​ရှိုးတွင်​ ကွန်​မြူနစ်​ရန်​အ​ကြောင်​း​ပြောမိသဖြင်​့ ​ကျောင်​းသားတဦးက ဒီ​ခေတ်​တွင်​ ကွန်​မြူနစ်​ မရှိ​တော့​ကြောင်​း၊ ​ကြောက်​မ​နေသင်​့​ကြောင်​း ကြားဖြတ်​ထ​ပြောရာ လီသည်​ ရီ၍သာ ​နေခ့ဲရသည်​ကို ​တွေ့ဘူးပါသည်​။
လီ၏ နာမည်​ပျက်​မှုမှာ စီးပွား​ရေး ပထမဦးစား​ပေး အတွက်​ လူ့အခွင်​့အ​ရေးကို လစ်​လျှူရှုသည်​့အဆင်​့သာမက နှိပ်​ကွပ်​သည်​့အဆင်​့ထိ ​ရောက်​ခ့ဲသည်​ဟု ကျွန်​​တော်​ထင်​မိသည်​။ အ​မေရိကန်​လူငယ်​ မိုက်​ကယ်​​ဖေး မှုတ်​​ဆေးဘူးဖြင်​့ လက်​သရမ်​းသဖြင်​့ ကြိမ်​ဒါဏ်​​ပေးခ့ဲရာ တကမ္ဘာလုံးက တား​သော်​လည်​း လက်​မခံခ့ဲ။ မိုက်​ခရို ခလုတ်​များကို ဒုက္ခ​ပေးတတ်​သဖြင်​့၄င်​း၊ ညစ်​ပတ်​မှုဖြင်​့၎င်း ပီ​ကေ ​ခေါ် chewing gum ကို ယ​နေ့တိုင်​ လက်​မခံခ့ဲ​ပေ။ ထို့အပြင်​ အမျိုးသမီးများအား လိင်​ပိုင်​းဆိုင်​ရာ ​စော်​ကားမှု လက်​သရမ်​းမှုလို အမှုများအတွက်​ ကြိမ်​ဒါဏ်​​ပေးခြင်​းကိုလည်​း ယ​နေ့တိုင်​ ပြဌာန်​းထားသည်​။ အဆိုးဆုံးအဖြစ်​ မူးယစ်​​ဆေးအနည်​းငယ်​အတွက်​ မ​ပေးမ​နေရ​သေဒါဏ်​ကိုလည်​း ယခုတိုင်​ အ​နောက်​ကမ္ဘာကို ဆန်​့ကျင်​၍ ပြဌာန်​းထားဆဲ ဖြစ်​သည်​။ သို့​သော်​ ဤကိစ္စများသည်​ စင်​ကာပူလို နိုင်​ငံ​သေး​လေးအတွက်​ လိုကိုလိုသည်​ဟု သူယုံကြည်​၍ လုပ်​ခ့ဲတာ ထင်​ရှားပါသည်​။
လီသည်​ အိမ်​သာတွင်​ အ​ပေါ့သွားပြီး ​ရေမ​လောင်​းခ့ဲခြင်​းအတွက်​ လွန်​စွာ စိတ်​ဆိုးဟန်​တူသည်​။ ထိုသို့လုပ်​သူများကို လက်​ရဖမ်​း၍ ဒါဏ်​​ငွေရိုက်​ခြင်​းကို အစပိုင်​းတွင်​ လုပ်​ခ့ဲသည်​။ ​နောက်​ပိုင်​းတွင်​ အ​ပေါ့သွားရာ​နေရာများ၌ sensor များတပ်​၍ အ​ပေါ့သွားသူ ထွက်​ခွာသည်​နှင်​့ ​ရေကျလာ​အောင်​ လုပ်​​ပေးခ့ဲရာ၊ ဒါဏ်​ရိုက်​ခြင်​းသည်​ ဒါဏ်​​ငွေလို၍ မဟုတ်​။ ကျန်​းမာသန်​့ရှင်​းရန်​သာ အဓိကဖြစ်​​ကြောင်​း ထင်​ရှားပါသည်​။ ထို့အပြင်​ ကျန်​းမာ​ရေး အတွက်​ အလွန်​အ​ရေးကြီး​သော ​ဆေးလိပ်​​သောက်​ခြင်​းအတွက်​ ကြီး​လေး​သော အခွန်​​ကောက်​​စေခြင်​းမှာလဲ ထို့အတွက်​သာ ဖြစ်​ပါသည်​။
ကျန်​သည်​များက​တော့ လီ ​ကောင်​းခြင်​းများသာ ဖြစ်​ပါသည်​။ အထင်​ရှားဆုံးမှာ သယံဇာတ ဘာမျှမရှိ​သော စင်​ကာပူကို ပထမ ကမ္ဘာသို့ ပို့နိုင်​ခ့ဲသည်​။ ကျန်​အရည်​အချင်​းများကိုလည်​း အများသူငှါ ​ရေး​နေကြပါပြီ။ ဖတ်​မိသည်​များထဲမှ မှတ်​မိ​သော ကျွန်​​တော်​သ​ဘောကျ​သော အချက်​​လေးများကို ပြန်​​ပြောချင်​ပါသည်​။
* ကမ္ဘာ့စ​တော့ရှယ်​ယာ ​ဈေးကွက်​တွင်​ နယူး​ရောက်​ နှင်​့ လန်​ဒန်​​ဈေးကွက်​ပိတ်​​ချိန်​တွင်​ အ​ရောင်​းအဝယ်​လုပ်​၍ အကျိုးရှိ​ေ​နသော ​ဟောင်​​ကောင်​နှင်​့ စံ​တော်​ချိန်​တူ အလုပ်​လုပ်​နိုင်​​အောင်​ တိုင်​းပြည်​စံ​တော်​ချိန်​ကို ပုံမှန်​ထက်​ တနာရီ ​ေ့ရှ​ရွှေ၍ သတ်​မှတ်​ခ့ဲသည်​။
* တယ်​လီဖုန်​းနံပတ်​လှည်​့ချိန်​တွင်​ နံပတ်​များ များလာပါက အချိန်​ကြာသဖြင်​့ နှိပ်​သည်​့ခလုပ်​သုံး တယ်​လီဖုန်​းများ သုံး​စေခ့ဲသည်​။
*ရိုးရိုးမီးသီးများသည်​ အလင်​းထက်​ အပူ​ကြောင်​့ စွမ်​းအင်​ကုန်​သဖြင်​့ မီး​ချောင်​း မသုံးမ​နေရ သတ်​မှတ်​ခ့ဲသည်​။
*ကျွန်​း​သေး​သေး​လေး​ပေါ်တွင်​ ​မော်​​တော်​ကားများ ကြပ်​​နေနိုင်​သဖြင်​့ ကားပိုင်​ဆိုင်​ခွင်​့နှင်​့ မြို့ထဲ ကားဝင်​ခွင်​့များကို စည်​းကမ်​းသတ်​မှတ်​ခ့ဲသည်​။
*နိုင်​ငံခြားသား ပညာရှင်​များ အလုပ်​သမားများကို မက်​လုံးမျိုးစုံ​ပေး၍ ခိုင်​းစားခ့ဲသည်​။
*​ရေ နှင်​့ ​ရေနံ နှစ်​ခုစလုံး မထွက်​​သောနိုင်​ငံက ​ရေနှင်​့ ​ရေနံထွက်​ပစ္စည်​း ​ရောင်​းစားနိုင်​သည်​အထိ လုပ်​ပြခ့ဲသည်​။
​နောက်​ဆုံး TIME မဂ္ဂဇင်​းတွင်​ ​ရေးခ့ဲတာ​လေး မှတ်​မိပါသည်​။ လီသည်​ စင်​ကာပူကို က​လေးတ​ယောက်​ကို ထိမ်​းသလို အ​သေးစိတ်​ လုပ်​​ပေးခ့ဲသည်​။ စင်​ကာပူတွင်​ သူမသိဘဲ ဖြစ်​တာ မရှိ​အောင်​အထိ ကြိုးစားခ့ဲသည်​။ အဆုံးစွန်​တွင်​ စင်​ကာပူတွင်​ ​စိုက်​​သောသစ်​ပင်​သည်​ပင်​ သူ​ကြွေ​စေချင်​သည်​့ အချိန်​မှ အရွက်​​ကြွေရသည်​ဟု palm ​ခေါ် အုန်​းထန်​းမျိုးနွယ်​ပင်​များ စိုက်​ခ့ဲသည်​ကို ခနဲ့​ရေးခ့ဲပါ​ကြောင်​း။
 ကွန်​ဖြူးရှပ်​နှင်​့ ရုပ်​ဝါဒီဆန်​​သော သူ့အတွက်​ သူကြိုက်​မည်​၊ ယုံကြည်​မည်​ မထင်​​သော်​လည်​း ဆု​တောင်​းလိုက်​ပါသည်​။ လီသည်​ စင်​ကာပူ နိုင်​ငံသားများအတွက်​ နတ်​တပါးပင်​ မသတ်​မှတ်​သင်​့ပါသ​လော။ လီကွမ်​ယူ ​ကောင်​းရာဘုံ ​ရောက်​ပါ​စေ။
XxXxXx
(Zawgyi version )
* ကမ္ဘာ့စ​တော့ရှယ်​ယာ ​ဈေးကွက်​တွင်​ နယူး​ရောက်​ နှင့်​ လန်​ဒန်​​ဈေးကွက်​ပိတ်​​ချိန်​တွင်​ အ​ရောင်းအဝယ်​လုပ်​၍ အကျိုးရှိေ​နသော ​ဟောင်​​ကောင်​နှင့်​ စံ​တော်​ချိန်​တူ အလုပ်​လုပ်​နိုင်​​အောင်​ တိုင်းပြည်​စံ​တော်​ချိန်​ကို ပုံမှန်​ထက်​ တနာရီ ​ရှေ့​ရွှေ၍ သတ်​မှတ်​ခဲ့သည်​။
* တယ်​လီဖုန်းနံပတ်​လှည့်​ချိန်​တွင်​ နံပတ်​များ များလာပါက အချိန်​ကြာသဖြင့်​ နှိပ်​သည့်​ခလုပ်​သုံး တယ်​လီဖုန်းများ သုံး​စေခဲ့သည်​။
*ရိုးရိုးမီးသီးများသည်​ အလင်းထက်​ အပူ​ကြောင့်​ စွမ်းအင်​ကုန်​သဖြင့်​ မီး​ချောင်း မသုံးမ​နေရ သတ်​မှတ်​ခဲ့သည်​။
*ကျွန်း​သေး​သေး​လေး​ပေါ်တွင်​ ​မော်​​တော်​ကားများ ကြပ်​​နေနိုင်​သဖြင့်​ ကားပိုင်​ဆိုင်​ခွင့်​နှင့်​ မြို့ထဲ ကားဝင်​ခွင့်​များကို စည်းကမ်းသတ်​မှတ်​ခဲ့သည်​။
*နိုင်​ငံခြားသား ပညာရှင်​များ အလုပ်​သမားများကို မက်​လုံးမျိုးစုံ​ပေး၍ ခိုင်းစားခဲ့သည်​။
*​ရေ နှင့်​ ​ရေနံ နှစ်​ခုစလုံး မထွက်​​သောနိုင်​ငံက ​ရေနှင့်​ ​ရေနံထွက်​ပစ္စည်း ​ရောင်းစားနိုင်​သည်​အထိ လုပ်​ပြခဲ့သည်​။
နောက်​ဆုံး TIME မဂ္ဂဇင်းတွင်​ ​ရေးခဲ့တာ​လေး မှတ်​မိပါသည်​။ လီသည်​ စင်​ကာပူကို က​လေးတ​ယောက်​ကို ထိမ်းသလို အ​သေးစိတ်​ လုပ်​​ပေးခဲ့သည်​။ စင်​ကာပူတွင်​ သူမသိဘဲ ဖြစ်​တာ မရှိ​အောင်​အထိ ကြိုးစားခဲ့သည်​။ အဆုံးစွန်​တွင်​ စင်​ကာပူတွင်​ ​စိုက်​​သောသစ်​ပင်​သည်​ပင်​ သူ​ကြွေ​စေချင်​သည့်​ အချိန်​မှ အရွက်​​ကြွေရသည်​ဟု palm ​ခေါ် အုန်းထန်းမျိုးနွယ်​ပင်​များ စိုက်​ခဲ့သည်​ကို ခနဲ့​ရေးခဲ့ပါ​ကြောင်း။
27 December 2008
F-1 တံဆိပ်ခေါင်း
(Unicode version)
စင်ကာပူကထုတ်တဲ့ တံဆိပ်ခေါင်း First Day Cover ပါ။ စင်ကာပူဟာ ဖေါ်မြူလာ၀မ်း Night Race လုပ်ရုံတင်မက တံဆိပ်ခေါင်းပါ ထုတ်ရောင်းလိုက်ပါသေးတယ်။ Thematic စုတ့ဲသူဆို ကားပုံပါလို့ စုတ့ဲသူရော၊ F-1 အကြောင်းစုတ့ဲသူရော၊ စင်ကာပူက ထုတ်တိုင်းစုတ့ဲသူတွေရော အားလုံး၀ယ်ကြရတာပေါ့။ ကားပြိုင်ပွဲက ရတ့ဲ အပို၀င်ငွေလေ။ မိုက်တယ်နော်။
တရုပ်အများစု ရှိတ့ဲ နိုင်ငံမို့ အမဲရောင်တံဆိပ်ခေါင်း ကြိုက်ပါ့မလားမသိဖူး။ Night Race ရ့ဲသဘော ပေါ်အောင် လုပ်ထားတာနေမှာပါ။ First Day Cover မှာတော့ ဘောင်အနီလေး ကွပ်ပေးထားပါတယ်။ Ready Made လုပ်ပေးထားတ့ဲ ပုံပါ Cover ကို ၅ $ ပေးရပါတယ်။ တံဆိပ်ခေါင်းဖိုးက ၄ှ $ လေ။
မြန်မာနိုင်ငံ ကလဲ ဒီလို Quality တံဆိပ်ခေါင်းလေးတွေ ထုတ်စေချင်ပါတယ်။ ဒါပေမ့ဲ email တွေပေါ်လာတော့ တံဆိပ်ခေါင်းတွေ ကွယ်ပျောက် တော့မှာပါ။ မြန်မာပြည်ဟာ တံဆိပ်ခေါင်းနဲ့ နိုင်ငံခြားငွေရှာခွင့်ရတော့မယ် မထင်တော့ပါဘူး။ နောက်ဘ၀ကျမှ လုပ်ကြတာပေါ့ဗျာ။ ။
XxXxXx
(Zawgyi version)
07 September 2008
စင်ကာပူ
တကယ်တော့ စင်ကာပူ ဆိုတာ ကျင်းကျင်းလေးပါ ။
ထောင်ထောင် ထောင်ထောင်ကောင်တွေကလဲ အများသားလား ။
ညညမှာလဲ မီးတွေလျှောက်ထွန်းထားတယ်။ နဲနဲချေွတာ လိုက်ရင် တစ်နှစ်ကို စင်ကာပူမြစ်ကူး တံတားကြီး သုံးစင်းလောက် တည်ဆောက်နိုင်မှာ။
စင်ကာပူနိုင်ငံ တိုးတက်လွန်းလို့ စင်ကာပူမှာသတိထားကြည့် မိပါတယ်။ အလုပ်လုပ်နေတာ လူသားတွေပါဘဲ။ အပျင်းထူလွန်းတယ်ဆိုတ့ဲ ရွှေမြန်မာတွေတောင် တော်တော်များနေပါပြီ။ ခေါင်းဆောင်ကောင်း ရှိယင် မြန်မာ နိုင်ငံလဲ တိုးတက်ကောင်းပါရဲ့။