23 February 2008
My Place
ဒီဓါတ်ပုံတွေက ကျွန်တော် အလုပ်ခန်းကနေမြင်ရတ့ဲ မြင်ကွင်းတွေပါ ။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ကရိုက်ထားတ့ဲပုံပါ ။ နောက်နှစ်အနည်းငယ်ဆို ဘယ်လိုမြင်ရမလဲ မသိပါဘူး ။ရှိချင်မှလဲရှိ တော့မှာပါ ။
ဒီဓါတ်ပုံတွေက ကျွန်တော် အလုပ်ခန်းကနေမြင်ရတဲ့ မြင်ကွင်းတွေပါ ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ကရိုက်ထားတဲ့ပုံပါ ။ နောက်နှစ်အနည်းငယ်ဆို ဘယ်လိုမြင်ရမလဲ မသိပါဘူး ရှိချင်မှလဲရှိ တော့မှာပါ ။
Constitution
(Unicode version)
ဒီတစ်ပါတ်အတွင်းမှာ နားထောင်ရတ့ဲသတင်းတွေမှာရော ၀င်လာတ့ဲ email တွေမှာရော အများဆုံးကြားရ ဖတ်ရတာကတော့ မေလမှာကျင်းပမ့ဲ ဖွဲ့စည်းအုပ်ချုပ်ပုံဆန္ဒခံယူပွဲကို ကန့်ကွက်ကြဖို့ပါဘဲ ။ ပြည်ပက ကန့်ကွက်ကြတ့ဲအဓိကအကြောင်းအရင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုရွေးကောက်ပွဲ ပေးမ၀င်လို့ပါ ။ ပြည်တွင်းကတော့ တပ်မတော်က နေရာတကာမှာ ၂၅% ယူထားလို့ပါ ။
ဒါပေမ့ဲ ကန့်ကွက်ပြီးယင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှဖေါ်ပြထားချင်းမရှိပါဘူး ။ ၁၉၉၃ ခုနှစ်ကပြန်စယင်ဘယ်လိုလုပ်ကြမလဲဗျာ ။ ထောက်ခံဖို့ဆိုတာကလဲဘယ်လိုမှ မဖြစ်နိုင်ပြန်ဘူး ။ ဆုပ်လဲဆူး၊စားလဲရူး အခြေအနေပါဘဲ ။
ဒီနေရာမှာ အချင်းချင်းညှိကြတာအကောင်းဆုံးပါဘဲ ။ အပေးအယူလုပ်ကြယင်ကောင်းမယ် ထင်တယ် ။ ၁၉၇၃ ဆန္ဒခံယူပွဲတုံးကတော့ မူကြမ်းဆိုပြီး ၃ ကြိမ်လောက်သတင်းစာတွေမှာ ထ့ဲပေးပါတယ် ။ မကြိုက်တာတွေကိုလဲ စာရေးအကြောင်းကြားလို့ရပါတယ် ။ ဒါပေမ့ဲနောက်ဆုံးမှာတော့ သူတို့စိတ်ကြိုက် ေရေးသွားတာပါဘဲ ။ ၁၉၈၈ ခုနှစ်ကျမှ ပျက်တော့တာပါ ။
ဘယ်ဖွဲ့စည်းအုပ်ချုပ်ပုံမှ အမြဲမမှန်နိုင်ပါဘူး ။ အချိန်အခါနဲ့လိုက်ပြောင်းနေရမှာပါဘဲ ။ ပြီးပြည့်စုံအောင် တစ်ခါထဲရေးတယ်ဆိုတာ မဖြစ်နိုင်တာကိုလုပ်နေတာပါ ။ အချိန်ဆွဲနေတာလဲ ဖြစ်နိုင်ပါတယ် ။ ယခုရုတ်တရက် ဆန္ဒခံယူပွဲလုပ်ပေးမယ်ဆိုတာ အကြောင်းရှိပါလိမ့့်မယ် ။ ရွေးကောက်ပွဲ date တစ်ခါလဲကြေငြာတာလဲ အ့ံသြစရာပါ ။ ၅၀ %ကျော်ကန့်ကွက်ကြယင်ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားမထားတာလား ၊ တစ်ခါထဲ ထောက်ခံကြပါတယ်ဆိုပြီး လိမ််မှာလားမသိပါဘူး ။
ကျွန်တော်စဉ်းစားမိတာ တစ်ခုတော့ရှိပါတယ် ။ ကြီးကြီးကျယ်ကျယ် ပြောယင်တော့ နိုင်ငံရေးအပေးအယူ လုပ်တာပေါ့ ။ တစ်ကယ်ကတော့ ဈေးဆစ်ကြတာပါ ။ NLD ဖက်ကလဲ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကိုမယူသင့်တော့ပါဘူး ။ အရွေးခံအမတ်တော်တော် များများလဲမရှိေတော့ပါဘူး ။ ခုတစ်ခါ စ မဲဲပေးမ့ဲ လူငယ်တွေဟာ ၁၉၉၀ ကမှမွေးတဲ့သူတွေပါ ။ ၁၉၈၈ ကအကြောင်းတွေကို လုံး၀သိသူတွေ မဟုတ်ပါဘူး ။ သူတို့အတွေးအခေါ်တွေဟာ အယင်လူတွေနဲ့ လုံး၀ခြားနားနေပါလိမ့်မယ် ။ NLD အနေနဲ့ကလဲ ကိုယ့်ကိုကိုယ် ယူံကြည်မှု ရှိတယ်ဆိုယင် ဘာလို့ရွေးကောက်ပွဲအသစ်ကို မ၀င်ရဲတာလဲ ။
ကဲ ဒီတော့ စစ်တပ်ဖက်ကရော ဘာလျှော့ပေးရမှာလဲ ။ လွယ်လွယ်လေးပါ ။ ၂၅% ဆိုတာကြီးကို ဖြုတ်ပေးလိုက်ယုံပါဘဲ ။ တပ်ထဲက နိုင်ငံရေးဝါသနာပါသူတွေ တပ်ကထွက်ပြီး ရွေးကောက်ပွဲ၀င်နိုင်ပါတယ် ။ ကြ့ံဖွံ့အသင်းကို ပါတီအဖြစ်ပြောင်းဖွဲ့ပြီး ၀င်သင့်တာပေါ့ ။သူတို့မှာလဲ အဖွဲ့၀င်တွေနဲတာမှမဟုတ်ဘဲ ။ သတင်းစာတွေ မှာဆိုထောက်ခံသူတွေ အများအပြားတွေ့နေရတာဘဲဗျာ ။ နိုင်နိုင်ပါတယ်နော် ။ ။
XxXxXx
(Zawgyi version )
12 February 2008
this week
ဒီတစ်ပါတ်ထဲမှာရေးချင်တာ ကြီး တွေ့ပေမဲ့ မရေးဖြစ်ခဲ့ပါဘူး ။ စာလုံးသုံးတာကအစ ဂရုပြုရမဲ့ ကိစ္စဆိုတော့ နောက်မှဘဲရေးပါမယ် ။
ဒီအပါတ်ထဲမှာ စင်ကာပူဒေါ်လာဟာ အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုံးမှာ အမြင့်ဆုံးရောက်သွားပါတယ် ။ အမေရိကန် တစ်ဒေါ်လာကို စင်ကာပူ ၁.၄၁ လောက်သာရှိပါတယ် ။ လွန်ခဲ့တဲ့ တစ်နှစ် ဒီအချိန်မှာ ၁.၅၂ လောက်ပေးခဲ့ရပါတယ် ။ သဘောကတော့ US$ ၁၀၀၀ ရဘို့ အယင်က S$ ၁၅၂၀ ပေးရမှာဖြစ်ပေမဲ့ အခု ၁၄၁၀ ခန့်သာပေးရတော့မှာပါ ။ ၅% လောက်သက်သာသွားတာပေါ့ ။ euro ကလဲ US$ နဲ့ယှဉ်ယင် ၃ ၄ နှစ်အတွင်း အများကြီးတက်လာပါတယ် ။
ဒီကိစ္စကတော့ ကျွန်တော်တို့နဲ့တိုက်ရိုက်ဆိုင်ပါတယ် ။ မြန်မာနိုင်ငံကို sanction လုပ်ချိန်မှာ exchange rate ကနဲပါသေးတယ် ။ အသေအချာမှတ်မထားမိပေမဲ့ ခုနှုံးကိုမရောက်သေးတာတော့ သေချာပါတယ် ။ အဲဒီအချိန်ကသာ မြန်မာအစိုးရက သတ္တိရှိရှိ ငွေကြေးအားလုံးကို euro နဲ့ လဲခဲ့ယင် နေယင်းထိုင်ယင်း တစ်ဆခွဲလောက်ပိုချမ်းသာသွားမှာပါ ။ ရှေးရိုးဆွဲကလဲ ရှိနေတော့ ၊ အမျှော်အမြင်ကလဲ မရှိတော့ ခုထိ ဒီ $ ကြီးကိုကိုင်ဆွဲထားတုံးပါဘဲ ။ တရားဝင်သာ အစိုးရကိစ္စတွေမှာ euro နဲ့ကြေငြာပေမဲ့ တကယ်သုံးတော့ US$ ပါဘဲ ။ အစိုးရ F.E ဘဏ်မှာ သွားထုတ်ယင် $ သာပေးတုံးပါဘဲ ။
x x x x x x
ဒီတစ်ပါတ်ထဲ နောက်ထပ်ရေးချင်တာက ယိုးဒယား ရွေးကောက်ပွဲ အနိုင်အရှုံးအကြောင်းပါ ။ ကျွန်တော်ထင်တဲ့အတိုင်း သက်ဆင် ထောက်ခံသူတွေဦးဆောင်တဲ့ PPP ပါတီကဘဲ နိုင်သွားပါတယ် ။ စစ်တပ်က အာဏာသိမ်းပြီး ၁၅ လ အကြာမှာ အရပ်သားအစိုးရလက်ထဲ ပြန်ရောက်သွားတာပေါ့ ။ ဒီ ၁၅ လအတွင်းမှာ ဗိုလ်ချုပ်ကြီးတွေဟာ ပထမဆုံးမျှော်မှန်းချက်ဖြစ်တဲ့ တောင်ပိုင်းက ခွဲထွက်မူစလင် ကိစ္စကိုတောင်
မရှင်းနိုင်ခဲ့ပါဘူး ။ ၁၅ လ အတွင်းမှာ လူ ၉၀၀ ကျော်အသတ်ခံရတယ်လို့ သတင်းများမှာဖတ်ရပါတယ် ။
အရေးကြီးတဲ့ စီးပွားရေးကိစ္စမှာ စစချင်း သက်ဆင်နဲ့ပါတ်သက်တာတွေကိုဖြိုဖို့လုပ်တာ မအောင်မြင်ပါဘူး။ ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးတောင်ပျာသွားပါတယ် ။ နိုင်ငံခြားသားတွေရဲ့ ပိုင်ဆိုင်မှု့ကိုထိန်းချုပ်တာ စတော့ဈေးတွေကျသွားလို့ နောက်နေ့မှာ ချက်ချင်းပြန်ဖျက်ပေးလိုက်ရပါတယ် ။ ရှက်ဖွယ်ပါဘဲ ။ အဲဒီနောက်မှာ ဗိုလ်ချုပ်တွေ စီးပွားရေးကိုလုံးဝ မထိတော့ပါဘူး ။ ဒီခေတ်ကြီးမှာ နေရာတကာ လုံခြုံရေးရှု့ထောင့်ကကြည့်လို့ မရတော့ပါဘူး ။ စစ်ရေးနဲ့ တိုက်တာ လူမြင်ပြီး ပိုက်ဆံကုန်ပါတယ် ။ စီးပွားရေးနဲ့ တိုက်တာ မသိသာပါဘူး ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကလို ကိုလိုနီလုပ်ဖို့ မလိုတော့ပါဘူး ။ ဆင်းရဲတဲ့နီုင်ငံတွေက လာစီးပွားရေး လုပ်ဖို့ခေါ်နေရတဲ့ ခေတ်ပါ ။ ဒီမှာ ရေ၊မီးတွေ လဲအဆင်သင့်ပါ ၊ Infrastructure တွေလဲ လုပ်ပေးပါ့မယ် ။ အလုပ်သမားတွေဆိုလဲ ပေါမှပေါ ဆိုပြီး ကြော်ငြာအော်ခေါ်နေရတဲ့ အချိန်ပါ ။
ကျွန်တော်စဉ်းစားမိတာက ၁၅ လ လောက်နဲ့ ထိုင်းစီးပွားရေး ဒီလောက်ထိယင် ၁၅ နှစ်ကျော်ဆိုယင် ဘယ်လိုနေမလဲ ဆိုတာကိုပါ ။ မချမ်းသာချင်ဘူးဆိုယင်တော့ မတတ်နိုင်ဘူးပေါ့ ။ ။
09 February 2008
myanmar stamp
(unicode version )
နှစ် ၆၀ ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ် တံဆိပ်ခေါင်းပါ ။ မြန်မာ့ဆက်သွယ်ရေးက ထုတ်နေကြ Design ပါဘဲ ။ ည့ံပါတယ် ။ အထူးသဖြင့် ၁၀၀ ကျပ်တန်ခေါင်းမှာ မြန်မာလို တန်ဘိုးရိုက်ဖို့ ကျန်ခ့ဲပုံ ရပါတယ် ။ သူ့အရင်က ထုတ်တ့ဲ ASEAN အထိမ်းအမှတ်ခေါင်းများနဲ့တော့ အရမ်းကွာပါတယ် ။
XxXxXx 
(Zawgyi version) 
my job
(Unicode version)
ဒီအဆောက်အဦလေးမှာ ကျွန်တော်အလုပ်လုပ်လာတာ ဒီလဆန်းမှာ ၂၃ နှစ်ပြည့်ပါပြီ ။ ဘာလိုလိုနဲ့ပါ ။
(Zawgyi version)
လွန်ခ့ဲတဲ့ ၂၃ နှစ်မှာ နှစ် ၂၀ နီးပါး ဒီ Bench တွေပေါ်မှာဘဲ ၃ ည မှာတစ်ည အိပ်ခဲ့ပါတယ် ။
မိုးအလင်း အလုပ်လုပ်ခဲ့ရတ့ဲညတွေလဲ ရှိခ့ဲပါတယ် ။ နဲနဲဘဲ အိပ်ပျက်ခ့ဲတာ ကံကောင်းပါတယ် ။ အတူတူ လုပ်ခ့ဲတ့ဲသူ တစ်ချို့လဲမရှိတော့ပါဘူး ။ ပင်စင်ယူတ့ဲသူယူ ၊ ဆုံးတ့ဲသူဆုံးသွားကြပါပြီ ။
ဒီလောက်ရှုပ်ပွနေတ့ဲ အခန်းလေးထဲကနေ ပြင်ပေးလိုက်တ့ဲ စက်တွေရဲ့ တန်ဘိုးဟာ US$ သန်းဂဏန်း မရှိယင်တောင် သိန်းပေါင်းများစွာရှိနေပြီဆိုယင် ယုံကြမယ်မထင်ပါဘူး ။
လွန်ခဲ့တဲ့ ၂၃ နှစ်မှာ နှစ် ၂၀ နီးပါး ဒီ Bench တွေပေါ်မှာဘဲ ၃ ည မှာတစ်ည အိပ်ခဲ့ပါတယ် ။
မိုးအလင်း အလုပ်လုပ်ခဲ့ရတဲ့ညတွေလဲ ရှိခဲ့ပါတယ် ။ နဲနဲဘဲ အိပ်ပျက်ခဲ့တာ ကံကောင်းပါတယ် ။ အတူတူ လုပ်ခဲ့တဲ့သူ တစ်ချို့လဲမရှိတော့ပါဘူး ။ ပင်စင်ယူတဲ့သူယူ ၊ ဆုံးတဲ့သူဆုံးသွားကြပါပြီ ။
ဒီလောက်ရှုပ်ပွနေတဲ့ အခန်းလေးထဲကနေ ပြင်ပေးလိုက်တဲ့ စက်တွေရဲ့ တန်ဘိုးဟာ US$ သန်းဂဏန်း မရှိယင်တောင် သိန်းပေါင်းများစွာရှိနေပြီဆိုယင် ယုံကြမယ်မထင်ပါဘူး ။
03 February 2008
Amazing
ဒီတစ်ပါတ်ထုတ် FIRST ELEVEN ဂျာနယ်တွင် ထူးခြားတာ တစ်ခုဖတ်ရသည် ။ အခြားသူများ ဖတ်နေစဉ် ကျောက်မဲတွင်ကန်သော ဘော်လုံးပွဲ တစ်ပွဲတွင် ဒိုင်လူကြီးအား ဘောလုံးကန်သူများက ၀ိုင်းထိုးကြသည်ဟု ပြောသံကြားမိသည် ။ ရပ်ကွက်ပွဲ ၊ မြို့နယ်ပွဲ ၊ အလွန်ဆုံး ခရိုင်ပွဲသာ ဖြစ်လိမ့်မည်ဟုထင်မိသည် ။ ကျွန်တော်တို့ မြန်မာပြည်တွင် ဘောလုံးပွဲများ၌ ရန်ဖြစ်နေကြပင် ။ ချစ်ကြည်ရေးပွဲပင် ရန်ဖြစ်၍ ပွဲမဖြစ်တာကြာပြီဖြစ်သည် ။
ကိုယ်တိုင်ဖတ်လိုက်ရမှ အံ့သြရတော့သည် ။ ရန်ဖြစ်ကြသည်ဆိုသော ကျောက်မဲ ပွဲ သည် သာမာန်ဘောလုံးပွဲ သေးသေး လေးမဟုတ်ပါ ။ တစ်ခေတ်တစ်ခါက အကြီးကျယ်ဆုံး ဘောလုံးပွဲဖြစ်သော တိုင်း နှင့် ပြည်နယ် ဘောလုံးင်္ပွဲဖြစ်နေသည် ။ သတင်းအရ ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲဇုန်တွင် ကျင်းပနေသော (၅၃)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်း (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဇန်န၀ါရီလ(၂၆) ရက်နေ့ညနေ(၃)နာရီက ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းတို့ ယှဉ်ပြိုင်ကစားကြသည့်ပွဲစဉ်၌ ကွင်းလယ်ဒိုင်ဧ။် ဆုံးဖြတ်ချက်ကို မကြေနပ် ကြသည့် ဧရာဝတီတိုင်း ဘောလုံးသမားများက ဒိုင်လူကြီးများအား ၀ိုင်းဝန်ထိုးကြိတ် ကန်ကျောက်ခဲ့ကြသည်ဟု သိရှိရပါသည် ။
ထူးခြားသည့်နောက်တစ်ချက်မှာ ရာဂဏန်းနီးပါးရှိနေပြီ ဖြစ်သော အခြား အားကစားဂျာနယ် များတွင်မတွေ့ရခြင်းပင် ။ အချိန်မှီ သတင်း ပိတ်လိုက်သလောမသိ ။ ( FIRST ELEVEN ဂျာနယ်သည် ထူးခြားသောဂျာနယ် ဖြစ်သည် ၊ သတင်းဦး ထူးလေ့ရှိသလို ထုတ်ဝေခွင့်၊ ဈေးနှုံး၊ အခြားဂျာနယ်များတွင် ဖေါ်ပြရသည်များ မဖေါ်ပြဘဲ ထုတ်ဝေခွင့်ရသည့် ဂျာနယ်ဖြစ်သည်) ပြည်နယ်နှင့်တိုင်း ဘောပွဲမျိုးတွင် ဒါမျိုးဖြစ်သည်ဆိုလျှင် ကျန်ပွဲများကို မတွေးဝံ့တော့ ။ ပြီးခဲ့သည့်နှစ်က Final ပွဲတစ်ပွဲတွင်လဲ ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မနှစ်သက် ၍ ဘောလုံးသမားများ ကွင်းအတွင်းမှ ထွက်သွားသည်ကို ဥက္ကဌ ကိုယ်တိုင် လိုက်ချော့ရသည်ဟု ဖတ်ဘူးတာ သတိရသည် ။ ဘယ်လိုသတ္တိရှင်တွေ ဒိုင်လူကြီး လုပ်နေကြပါလိမ့် ။
အခြားသောနိုင်ငံများတွင်တော့ မသိ ။ ကျွန်တော် သဘောအကျဆုံး England တွင်တော့ ဒါမျိုးဖြစ်လျှင် ကွင်းအတွင်းအရေးယူရုံမျှ မက ပွဲပြီးလျှင်လည်း F.A က အရေးယူပါသေးသည် ။ ထို့အပြင် ခုကဲ့သို့ လက်ပါမှု ၊ ခုံဖြင့်ရိုက်မှုမျိုးဆိုလျှင် အရပ်တရားရုံး တွငိပါ Civil Act ဖြင့်ပါ အရေးယူပါသေးသည် ။ ကွင်းအတွင်းတွင် ထိုးထိုး ၊ အရက်ဆိုင်တွင် ထိုးထိုး အတူတူပင် ။ သတိထားမိကြမည်ထင်ပါသည် ။ ဘောလုံးသမားများ ရန်ဖြစ်လျှင် လက်မပါကြဘဲ ပခုံးနှင့်သာတိုက်ကြ ခေါင်းနှင့်သာတိုက်ကြလေ့ရှိသည် ။
Manchester United မှ နာမည်ကျော် ကန်တိုနာ သည် သူ့ကိုလှောင်ပြောင်သည့် ပရိသတ်အား ကွန်ဖူးကစ် ကန်မိသဖြင့် တရားရုံးမှ လူမှုရေးအပြစ်ဒဏ်ခတ်ခံခဲ့ ရဖူးသည် ။ အခြားသော လက်ပါဘူးသည့် ဘောလုံးသမားများလည်း အရပ်တရားရုံးမှ ဒဏ်ခတ်ခံရသည်များ များစွာရှိခဲ့ဘူးပါသည် ။
ယခု ဒီကပွဲတွင်လည်း ခြေစွမ်းမပြဘဲ လက်စွမ်းပါပြကြသော ဘောလုံးသမားများကို အရပ်တရားရုံးကပါ စံပြအဖြစ် အရေးယူသင့်ပါသည် ။ မဆိုင်သော အရေးယူမှုမျိုးလည်း မလုပ်သင့်ပါ ။ ငါတို့ကို အရှက်ခွဲတာဘဲ ၊ သတ်ပြစ်လိုက်ကွာ ဆိုတာမျိုးလည်း မဖြစ်သင့်ပါ ။ ရပ်ကွက်အတွင်း ၊ အရက်ဆိုင်များထွင် ရန်ဖြစ်ကြလျှင် အရေးယူသည့် ဥပဒေ ပုဒ်မ ဖြင့်သာ အရေးယူရပါမည် ။ ဤအရေးယူမှုကိုလည်း သတင်းစာ အပါအ၀င် အားကစားဂျာနယ် များတွင် ဖေါ်ပြပေးပါမှ အခြားအားကစားသမားများ ဆင်ခြင်နိုင်ကြပါလိမ့်မည် ။ လူကြီးတွေ သိမှာစိုး၍ ဖုံးဖုံးဖိဖိ လုပ်သင့်သည့် ကိစ္စမျိုးလည်း မဟုတ်ပါ ။
မြန်မာနိုင်ငံတွင် တစ်ချိန်က အကြီးကျယ်ဆုံးပွဲ ဖြစ်ခဲ့သည့် ပြည်နယ်နှင့်တိုင်း ပွဲတွင် ဒါမျိုးဖြစ်ခဲ့သည်မှာ ဘောလုံးချစ်သူများ သာမက နိုင်ငံသားတစ်ယောက်အနေနှင့်ပါ ရှက်မိပါသည် ။ လုံးဝမဖြစ်သင့်ပါ ။ လုံးဝခွင့်မလွှတ်သင့်ပါ ။ စံပြအဖြစ် အရပ်ဖက်အရေးယူမှုပါ လုပ်ရပါမည် ။ ပြည်နယ်နှင့်တိုင်းပွဲ တွင်တောင်ဒါမျိုးဖြစ်လျှင် ကျန်ရပ်ကွက်ပွဲများ တွင် ဒိုင်လူကြီင်္း လုပ်မည့်သူမှ ရှိပါဦးမလားမသိတော့ပါ ။ ။