27 December 2008

F-1 တံဆိပ်ခေါင်း


(Unicode version)

စင်ကာပူကထုတ်တဲ့ တံဆိပ်ခေါင်း First Day Cover ပါ။ စင်ကာပူဟာ ဖေါ်မြူလာ၀မ်း Night Race လုပ်ရုံတင်မက တံဆိပ်ခေါင်းပါ ထုတ်ရောင်းလိုက်ပါသေးတယ်။ Thematic စုတ့ဲသူဆို ကားပုံပါလို့ စုတ့ဲသူရော၊ F-1 အကြောင်းစုတ့ဲသူရော၊ စင်ကာပူက ထုတ်တိုင်းစုတ့ဲသူတွေရော အားလုံး၀ယ်ကြရတာပေါ့။ ကားပြိုင်ပွဲက ရတ့ဲ အပို၀င်ငွေလေ။ မိုက်တယ်နော်။

တရုပ်အများစု ရှိတ့ဲ နိုင်ငံမို့ အမဲရောင်တံဆိပ်ခေါင်း ကြိုက်ပါ့မလားမသိဖူး။ Night Race ရ့ဲသဘော ပေါ်အောင် လုပ်ထားတာနေမှာပါ။ First Day Cover မှာတော့ ဘောင်အနီလေး ကွပ်ပေးထားပါတယ်။ Ready Made လုပ်ပေးထားတ့ဲ ပုံပါ Cover ကို ၅ $ ပေးရပါတယ်။ တံဆိပ်ခေါင်းဖိုးက ၄ှ $ လေ။

မြန်မာနိုင်ငံ ကလဲ ဒီလို Quality တံဆိပ်ခေါင်းလေးတွေ ထုတ်စေချင်ပါတယ်။ ဒါပေမ့ဲ email တွေပေါ်လာတော့ တံဆိပ်ခေါင်းတွေ ကွယ်ပျောက် တော့မှာပါ။ မြန်မာပြည်ဟာ တံဆိပ်ခေါင်းနဲ့ နိုင်ငံခြားငွေရှာခွင့်ရတော့မယ် မထင်တော့ပါဘူး။ နောက်ဘ၀ကျမှ လုပ်ကြတာပေါ့ဗျာ။ ။


XxXxXx

(Zawgyi version)

စင္ကာပူကထုတ္တဲ့ တံဆိပ္ေခါင္း First Day Cover ပါ။ စင္ကာပူဟာ ေဖၚျမဴလာ၀မ္း Night Race လုပ္႐ုံတင္မက တံဆိပ္ေခါင္းပါ ထုတ္ေရာင္းလိုက္ပါေသးတယ္။ Thematic စုတ့ဲသူဆို ကားပံုပါလို႔ စုတ့ဲသူေရာ၊ F-1 အေၾကာင္းစုတ့ဲသူေရာ၊ စင္ကာပူက ထုတ္တိုင္းစုတ့ဲသူေတြေရာ အားလံုး၀ယ္ၾကရတာေပါ့။ ကားၿပိဳင္ပြဲက ရတ့ဲ အပို၀င္ေငြေလ။ မိုက္တယ္ေနာ္။
တ႐ုပ္အမ်ားစု ႐ွိတ့ဲ ႏိုင္ငံမို႔ အမဲေရာင္တံဆိပ္ေခါင္း ႀကိဳက္ပါ့မလားမသိဖူး။ Night Race ရ့ဲသေဘာ ေပၚေအာင္ လုပ္ထားတာေနမွာပါ။ First Day Cover မွာေတာ့ ေဘာင္အနီေလး ကြပ္ေပးထားပါတယ္။ Ready Made လုပ္ေပးထားတ့ဲ ပံုပါ Cover ကို ၅ $ ေပးရပါတယ္။ တံဆိပ္ေခါင္းဖိုးက ၄ွ $ ေလ။
ျမန္မာႏိုင္ငံ ကလဲ ဒီလို Quality တံဆိပ္ေခါင္းေလးေတြ ထုတ္ေစခ်င္ပါတယ္။ ဒါေပမ့ဲ email ေတြေပၚလာေတာ့ တံဆိပ္ေခါင္းေတြ ကြယ္ေပ်ာက္ ေတာ့မွာပါ။ ျမန္မာျပည္ဟာ တံဆိပ္ေခါင္းနဲ႔ ႏိုင္ငံျခားေငြ႐ွာခြင့္ရေတာ့မယ္ မထင္ေတာ့ပါဘူး။ ေနာက္ဘ၀က်မွ လုပ္ၾကတာေပါ့ဗ်ာ။ ။

21 December 2008

နောက်ဘ၀မှာ-၂


(Unicode version )

ပြီးခ့ဲတ့ဲလက အပြင်းပြေ poll လေး တစ်ခု ကျွန်တော်လုပ်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်သန်းရွှေ နောက်ဘ၀တွင် ဖြစ်ချင်တာဖြစ်ရလျှင် ဘယ်သူ့ဘ၀ ရချင်သနည်းဟု မေးခ့ဲခြင်းဖြစ်ပါသည်။ ဖြေခဲ့သူများကိုလဲ ကျေးဇူးတင်ပါသည်။

လောကကြီးတွင်ပြောရတာ လွယ်သော်လည်း လက်တွေ့တွင်မူ တစ်ချို့ကိစ္စများမှာ တော်တော် ဂွကျပါသည်။ ရှင်းရှင်းပြောရလျှင် ကျွန်တော်ကိုယ်တိုင် ဤ poll မေးချိန်အထိ ဘာဖြေရမှန်းမသိပါ။ တစ်ခါတစ်ရံ နာမည်ကြီး နာမည်ကောင်း လိုချင်သော်လည်း ပိုက်ဆံ မရှိဘဲလည်း မနေချင်ပါ။ အထူးသဖြင့် ဤခေတ်ကြီးလို အရာရာ ငွေ အဓိက ကျနေချိန်တွင် ပိုဆိုးပါသည်။

တစ်ခါတစ်ရံတွင် ဘယ်သူတွေ ဘာပြောပြော ချမ်းသာနေရင် ပြီးတာဘဲဟု လည်းထင်မိပါသည်။ ဆဲနေသော်လည်း ကိုယ်မှကြားတာ မဟုတ်တာဘဲဟု တွေးမိသည်။ လိုချင်တာရှိလျှင် ဒီကောင်တွေ လာပြီးတောင် ခယ ကြဦးမှာ မဟုတ်ပါလား။ သို့သော် ကိုယ်ကိုတိုင်ဧ။် ဆင်ခြင်တုံတရားက သတိပေးနေပါသည်။ ဗုဒ္ဓဘာသာတရား အရ နောက်ဘ၀ သံသရာ ကိုလဲ ကြောက်တာပါသေးသည်။ ဒီဘ၀ ခဏတာလေးမှာ ခံစားရယုံဖြင့် နောင်ဘ၀ပေါင်းများစွာ မခံချင်ပါ။

ဤလိုဖြင့် ဟိုလိုတွေးလိုက် ဒီလိုတွေးလိုက်ဖြင့် ခုထိလည်း ဘာဖြေရမှန်းမသိသေးပါ။ သူများတော့ မေးပြီး ကိုယ်တိုင်တော့ မဖြေဘူးဟု မထင်စေလိုပါ။ တကယ်ကို မပြတ်သား သေးလို့ပါခင်ဗျား။ ။


XxXxXx 

(Zawgyi version )

ၿပီးခ့ဲတ့ဲလက အျပင္းေျပ poll ေလး တစ္ခု ကၽြန္ေတာ္လုပ္ခဲ့ပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဗိုလ္ခ်ဳပ္သန္းေရႊ ေနာက္ဘ၀တြင္ ျဖစ္ခ်င္တာျဖစ္ရလွ်င္ ဘယ္သူ႕ဘ၀ ရခ်င္သနည္းဟု ေမးခ့ဲျခင္းျဖစ္ပါသည္။ ေျဖခဲ့သူမ်ားကိုလဲ ေက်းဇူးတင္ပါသည္။
ေလာကႀကီးတြင္ေျပာရတာ လြယ္ေသာ္လည္း လက္ေတြ႔တြင္မူ တစ္ခ်ိဳ႕ကိစၥမ်ားမွာ ေတာ္ေတာ္ ဂြက်ပါသည္။ ရွင္း႐ွင္းေျပာရလွ်င္ ကၽြန္ေတာ္ကိုယ္တိုင္ ဤ poll ေမးခ်ိန္အထိ ဘာေျဖရမွန္းမသိပါ။ တစ္ခါတစ္ရံ နာမည္ႀကီး နာမည္ေကာင္း လိုခ်င္ေသာ္လည္း ပိုက္ဆံ မ႐ွိဘဲလည္း မေနခ်င္ပါ။ အထူးသျဖင့္ ဤေခတ္ႀကီးလို အရာရာ ေငြ အဓိက က်ေနခ်ိန္တြင္ ပိုဆိုးပါသည္။
တစ္ခါတစ္ရံတြင္ ဘယ္သူေတြ ဘာေျပာေျပာ ခ်မ္းသာေနရင္ ၿပီးတာဘဲဟု လည္းထင္မိပါသည္။ ဆဲေနေသာ္လည္း ကိုယ္မွၾကားတာ မဟုတ္တာဘဲဟု ေတြးမိသည္။ လိုခ်င္တာ႐ွိလွ်င္ ဒီေကာင္ေတြ လာၿပီးေတာင္ ခယ ၾကဦးမွာ မဟုတ္ပါလား။ သို႔ေသာ္ ကိုယ္ကိုုတိုင္ဧ။္ ဆင္ျခင္တံုတရားက သတိေပးေနပါသည္။ ဗုဒၶဘာသာတရား အရ ေနာက္ဘ၀ သံသရာ ကိုလဲ ေၾကာက္တာပါေသးသည္။ ဒီဘ၀ ခဏတာေလးမွာ ခံစားရယံုျဖင့္ ေနာင္ဘ၀ေပါင္းမ်ားစြာ မခံခ်င္ပါ။
ဤလိုျဖင့္ ဟိုလိုေတြးလိုက္ ဒီလိုေတြးလိုက္ျဖင့္ ခုထိလည္း ဘာေျဖရမွန္းမသိေသးပါ။ သူမ်ားေတာ့ ေမးၿပီး ကိုယ္တိုင္ေတာ့ မေျဖဘူးဟု မထင္ေစလိုပါ။ တကယ္ကို မျပတ္သား ေသးလို႔ပါခင္ဗ်ား။ ။

17 December 2008

47

47, 47,47 , 47 474747474747474747474747 47 474444
47,47 , 47 474747474747474747474747 47 47444744
47 , 47 474747474747474747474747 47 47444447, 47,
47 474747474747474747474747 47 47444447, 47,47 , 47
474747474747474747474747 47 47444447, 47,47 , 47
4747474747474747474747 47 47444447, 47,47 , 47 47
47474747474747474747 47 47444447, 47,47 , 47 474747
47474747 47 47444447, 47,47 , 47 4747474747474747
47 47 47444447, 47,47 , 47 474747474747474747474747

09 December 2008

လမင်းပြုံးတ့ဲနေ့


(Unicode version )

ပြီးခ့ဲတ့ဲ တနင်္လာနေ့က ရန်ကုန်မှ တွေ့လိုက်ရတ့ဲ လ နဲ့ ကြယ်တွေရဲ့ ပုံပါ။ ကိုယ်တွေ့မျက်မြင် တွေ့လိုက်ရသူတွေ ၂၀၀၉ကနေ ၂၀၁၀ အတွင်း ပျော်စရာတွေဘဲ တွေ့မယ်လို့ ဗေဒင်ဆရာကြီး ဦးဦးစိမ်းက ဟောပါတယ်။ ကိုယ်တွေ့မတွေ့လိုက်တ့ဲသူတွေ ဒီဓါတ်ပုံကို တစ်ပါတ်အတွင်း နှစ်ခါကြည့်ယင်လဲ အတူတူပါဘဲဟု ဆရာစိမ်း ပြောပါသည်။ ဆရာ့ကို လုံး၀ ယုံကြပါခင်ဗျား။ ။

XxXxXx

(Zawgyi version )


ၿပီးခ့ဲတ့ဲ တနလၤာေန႔က ရန္ကုန္မွ ေတြ႔လိုက္ရတ့ဲ လ နဲ႔ ၾကယ္ေတြရဲ့ ပံုပါ။ ကိုယ္ေတြ႔မ်က္ျမင္ ေတြ႔လိုက္ရသူေတြ ၂၀၀၉ကေန ၂၀၁၀ အတြင္း ေပ်ာ္စရာေတြဘဲ ေတြ႔မယ္လို႔ ေဗဒင္ဆရာႀကီး ဦးဦးစိမ္းက ေဟာပါတယ္။ ကိုယ္ေတြ႔မေတြ႔လိုက္တ့ဲသူေတြ ဒီဓါတ္ပံုကို တစ္ပါတ္အတြင္း ႏွစ္ခါၾကည့္ယင္လဲ အတူတူပါဘဲဟု ဆရာစိမ္း ေျပာပါသည္။ ဆရာ့ကို လံုး၀ ယံုၾကပါခင္ဗ်ား။ ။

07 December 2008

အဖြေမှန်

(Unicode version )

ချစ်သော ဉာဏ်ကြီးရှင် ရှင့်၊


တနေ့က ကျွန်မ အလုပ်သွားဖို့ ကားမောင်းသွားစဉ် ကားက အိမ်နဲ့မနီးမေ၀းမှာ ပျက်သွားပါတယ်။ ဘာဖြစ်မှန်းလဲ မသိတာနဲ့ အိမ်ကို လမ်းလျှောက်ပြန်ခ့ဲပါတယ်။ အိမ်လဲရောက်ရော ကျွန်မယောင်္ကျားကို အိမ်နီးချင်း အမျိုးသမီး တစ်ယောက်နဲ့ ကုတင်ပေါ်မှာ တွေ့တော့တာပါဘဲ။


သူက လောလောဆယ် အလုပ်ပြုတ်ထားသူပါ။ အဲဒီအတွက် စိတ်ဓါတ်ကျနေလို့ ကျွန်မက သူစိတ်ချမ်းသာအောင် ထားပါတယ်။ အားလဲ မငယ်စေချင်ပါဘူး။ သူ့ကိုလဲ ငယ်ချစ်မို့ သိပ်ချစ်ပါတယ်။ ကွဲလဲ မကွဲချင်ပါဘူး။ ရှေ့လျှောက် သူ့ရဲ့ သစ္စာရှိမှု့ကို ယုံကြည်ရမလား မသိတော့ပါဘူး။


သူ့ကိုလဲ မခွဲနိုင်ပါဘူး။ ကျွန်မ ဘာလုပ်သင့်ပါသလဲရှင့်။ အကြံဉာဏ်လေး ပေးပါဦး။


တွေေ၀နေသူ



ချစ်သော တွေေ၀နေသူ ရေ၊


လမ်းမှာ သွားနေယင်း ကားရပ်သွားတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဓါတ်ဆီ ကုန် သွားတာလား။ မဟုတ်ဖူးဆိုယင် အင်ဂျင်ကို လာတ့ဲ ဆီပိုက် ပျက်စီးနေသလား စစ်ပါ။ ok တယ်ဆိုယင် ပန့်အထွက်က ဆီပိုက်ဖမ်းတ့ဲ ကလစ် { jubilee clips } တွေပြုတ်နေသလား စစ်ပါ။ ကောင်းနေတယ်ဆိုယင် ဓါတ်ဆီ ပန့် မကောင်းတာ ဖြစ်နိုင်ပါတယ်။ ပန့် အလုပ် မလုပ်ယင် ကာဗျူရေတာကို ဆီမရောက် နိုင်ဖူးလေ။


ဒီ အကြံဉာဏ်လေးက မင်းအတွက် အသုံး၀င်မယ် ထင်ပါတယ်။ ကံကောင်းပါစေ။


မမ ဉာဏ်ကြီးရှင်

XxXxXx

(Zawgyi version) 

ခ်စ္ေသာ ဥာဏ္ႀကီး႐ွင္ ႐ွင့္၊

တေန႔က ကၽြန္မ အလုပ္သြားဖို႔ ကားေမာင္းသြားစဥ္ ကားက အိမ္နဲ႔မနီးမေ၀းမွာ ပ်က္သြားပါတယ္။ ဘာျဖစ္မွန္းလဲ မသိတာနဲ႔ အိမ္ကို လမ္းေလွ်ာက္ျပန္ခ့ဲပါတယ္။ အိမ္လဲေရာက္ေရာ ကၽြန္မေယာကၤ်ားကို အိမ္နီးခ်င္း အမ်ိဳးသမီး တစ္ေယာက္နဲ႔ ကုတင္ေပၚမွာ ေတြ႕ေတာ့တာပါဘဲ။

သူက ေလာေလာဆယ္ အလုပ္ျပဳတ္ထားသူပါ။ အဲဒီအတြက္ စိတ္ဓါတ္က်ေနလို႔ ကၽြန္မက သူစိတ္ခ်မ္းသာေအာင္ ထားပါတယ္။ အားလဲ မငယ္ေစခ်င္ပါဘူး။ သူ႔ကိုလဲ ငယ္ခ်စ္မို႔ သိပ္ခ်စ္ပါတယ္။ ကြဲလဲ မကြဲခ်င္ပါဘူး။ ေ႐ွ႔ေလွ်ာက္ သူ႔ရဲ့ သစၥာ႐ွိမႈ႔ကို ယံုၾကည္ရမလား မသိေတာ့ပါဘူး။

သူ႔ကိုလဲ မခြဲႏိုင္ပါဘူး။ ကၽြန္မ ဘာလုပ္သင့္ပါသလဲ႐ွင့္။ အၾကံဥာဏ္ေလး ေပးပါဦး။

ေတြေ၀ေနသူ

ခ်စ္ေသာ ေတြေ၀ေနသူ ေရ၊

လမ္းမွာ သြားေနယင္း ကားရပ္သြားတာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္နိုင္ပါတယ္။ ဓါတ္ဆီ ကုန္ သြားတာလား။ မဟုတ္ဖူးဆိုယင္ အင္ဂ်င္ကို လာတ့ဲ ဆီပိုက္ ပ်က္စီးေနသလား စစ္ပါ။ ok တယ္ဆိုယင္ ပန္႔အထြက္က ဆီပိုက္ဖမ္းတ့ဲ ကလစ္ { jubilee clips } ေတြျပဳတ္ေနသလား စစ္ပါ။ ေကာင္းေနတယ္ဆိုယင္ ဓါတ္ဆီ ပန္႔ မေကာင္းတာ ျဖစ္ႏိုင္ပါတယ္။ ပန္႔ အလုပ္ မလုပ္ယင္ ကာဗ်ဴေရတာကို ဆီမေရာက္ ႏိုင္ဖူးေလ။

ဒီ အၾကံဥာဏ္ေလးက မင္းအတြက္ အသံုး၀င္မယ္ ထင္ပါတယ္။ ကံေကာင္းပါေစ။

မမ ဥာဏ္ႀကီး႐ွင္

29 November 2008

shwedagone

ေ႐ႊတိဂံု ည ႐ႈခင္း။

ရွှေတိဂုံ ည ရှုခင်း။

22 November 2008

နောက်ဘ၀မှာ

(Unicode version)

ကျွန်တော် စဉ်းစားမိတာ တစ်ခုရှိပါသည်။ လောလောဆယ် ေ၀ခွဲလို့လည်း မရသေးပါ။ လူှနှစ်ဦး အကြောင်းယှဉ်၍ စဉ်းစားမိခြင်း ဖြစ်သည်။ 

XxXxXx 

(Zawgyi version )
-->


ကၽြန္ေတာ္ စဥ္းစားမိတာ တစ္ခု႐ွိပါသည္။ ေလာေလာဆယ္ ေ၀ခြဲလို႔လည္း မရေသးပါ။ လူွႏွစ္ဦး အေၾကာင္းယွဥ္၍ စဥ္းစားမိျခင္း ျဖစ္သည္။
ပထမ တစ်ဦးကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်။ ဘယ်သူတွေ အသိအမှတ်ပြုပြု မပြုပြု နိုင်ငံဧ။် ဖခင်ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေး အတွက် အသက်အသေခံ ခဲ့သူ၊ မိမိကိုယ်ကျိုးအတွက် ဘာမျှလုပ်မသွားသူ ဖြစ်သည်။ လွတ်လပ်ရေးရ၍ မသေခ့ဲလျှင်လည်း စာရေး၊ ခြံစိုက်၍ နေမည့်သူမျိုး ဖြစ်ပါသည်။ မြန်မာပြည်သား အားလုံးဧ။် အကြွင်းမ့ဲ ချစ်ခြင်းကို ခံရသူလည်း ဖြစ်ပါသည်။

ပထမ တစ္ဦးကေတာ့ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျဖစ္ပါသည္။ ဘယ္သူေတြ အသိအမွတ္ျပဳျပဳ မျပဳျပဳ ႏိုင္ငံဧ။္ ဖခင္ျဖစ္သည္။ တိုင္းျပည္လြတ္လပ္ေရး အတြက္ အသက္အေသခံ ခဲ့သူ၊ မိမိကိုယ္က်ိဳးအတြက္ ဘာမွ်လုပ္မသြားသူ ျဖစ္သည္။ လြတ္လပ္ေရးရ၍ မေသခ့ဲလွ်င္လည္း စာေရး၊ ျခံစိုက္၍ ေနမည့္သူမ်ိဳး ျဖစ္ပါသည္။ ျမန္မာျပည္သား အားလံုးဧ။္ အၾကြင္းမ့ဲ ခ်စ္ျခင္းကို ခံရသူလည္း ျဖစ္ပါသည္။
နောက်တစ်ဦးကတော့ လက်ရှိခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဖြစ်ပါသည်။ ဘယ်သူတွေဘာပြောနေနေ မြန်မာနိုင်ငံကို နှစ်နှစ်ဆယ်အုပ်ချုပ်ခ့ဲသူ၊ လက်ရှိလည်း အုပ်ချုပ်နေသူဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ အမျိုးမျိုး အတိုက်ခိုက်ခံ၊ အဝေဖန်ခံနေရသော်လည်း Still going strong ပါ။


ဤနေရာတွင် တစ်ခုကြားဖြတ် ပြောပါရစေ။ ဗိုလ်ချုပ်သန်းရွှေသည် မြန်မာပြည်ကို သက်သက်မ့ဲ မတိုးတက်အောင် လုပ်နေခြင်းတော့ မဖြစ်နိုင်ပါ။ သူစွမ်းသလောက်တော့ လုပ်နေတာဘဲ ဖြစ်ပါမည်။ သူများနိုင်ငံများ နည်းတူ မတိုးတက်ရခြင်းမှာ သူရဲ့အရည်အချင်း၊ ပြည်ပနိုင်ငံများရ့ဲ အနှောင့်အယှက်များအပြင် တိုင်းသူပြည်သားများဧ။် ကုသိုလိကံတရား ကြောင့်ပင် ထင်ပါသည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ဗိုလ်ချုပ်သန်းရွှေသည် သူ့မိသားစုများ အပါအ၀င် သူနှင့်ပါတ်သက်သူများကို လုံလောက်စွာ ချမ်းသာစေခ့ဲပါသည်။


ကျွန်တော့တစ်ခု မေးလိုပါသည်။ စဉ်းစားမိတာလေးပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် လုပ်ကြံခံရခြင်းမရှိခ့ဲ။ လွတ်လပ်ရေး ရပြီးသောအခါ အတွေ့အကြုံများကို စာရေးသားယင်း၊ ခြံစိုက်စားကာ အရိုးထုတ်သွားခ့ဲသည်။ တစ်တိုင်းပြည်လုံးပူဆွေး ၀မ်းနည်းခ့ဲရသည်။ နိုင်ငံဧ။်ဖခင်အဖြစ် ဂုဏ်ရှိစွာ ပြီးဆုံသွားခ့ဲသည်။


ဗိုလ်ချုပ်သန်းရွှေကလည်း သူမျှော်မှန်းထားသည့်အတိုင်း ၂၀၁၀ ခုနှစ်တွင် သူရည်မှန်းထားခ့ဲသူကို အေးချမ်းစွာ အာဏာလွှဲပေးကာ အနားယူသွားခဲ့သည်။ ပြီးနောက် မိသားစုနှင့်အတူ အေးအေးချမ်းချမ်း ငွေကြေးချမ်းချမ်းသာသာဖြင့် ဘ၀ပြီးဆုံးသွားခ့ဲသည်။


မိတ်ဆွေကို မေးလိုပါသည်။ ထိုနှစ်ယောက်တွင် သင်ဘယ်သူ ဖြစ်လိုပါသလဲ။ အများဧ။်ချစ်ခြင်းကို ခံ၍ သာမာန်ဘ၀ ဖြင့်နေလိုပါသလား၊ အများက့ဲရဲ့ချင်က့ဲရဲ့ပါစေ၊ ချမ်းသာ လျှင်ပြီးတာဘဲဟု တွေးမိပါသလား၊။


ခုသင့်ဘေးနားတွင် ဘယ်သူမှ မရှိပါ။ သင်နှင့် computer သာရှိပါသည်။ သင်ဘာဖြေလိုက်တယ် ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါ။ သင် စဉ်းစားခ့ဲမိတာလေး ပြောပြခ့ဲပါလား မိတ်ဆွေ။ ဘေးက poll လုပ်ထားတ့ဲ အကွက်လေးမှာ click လေးလုပ်ခ့ဲယုံပါဘဲ။ ကျေးဇူးတင်ပါတယ်။


သြော်၊ အရေးကြီးတာလေး ပြောဖို့ ကျန်သွားပါတယ်။ ကျွန်တော် ကိုယ်တိုင်တော့ ကိုယ့်မေးခွန်းနဲ့ကိုယ် တွေေ၀နေတုံးပါ။ အပြောလွယ်သလောက် အလုပ်ခက်နေပါလား။ ။

ေနာက္တစ္ဦးကေတာ့ လက္႐ွိေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီးသန္းေ႐ႊ ျဖစ္ပါသည္။ ဘယ္သူေတြဘာေျပာေနေန ျမန္မာႏိုင္ငံကို ႏွစ္ႏွစ္ဆယ္အုပ္ခ်ဳပ္ခ့ဲသူ၊ လက္႐ွိလည္း အုပ္ခ်ဳပ္ေနသူျဖစ္ပါသည္။ ျပည္တြင္းျပည္ပမွ အမ်ိဳးမ်ိဳး အတိုက္ခိုက္ခံ၊ အေဝဖန္ခံေနရေသာ္လည္း Still going strong ပါ။

ဤေနရာတြင္ တစ္ခုၾကားျဖတ္ ေျပာပါရေစ။ ဗိုလ္ခ်ဳပ္သန္းေ႐ႊသည္ ျမန္မာျပည္ကို သက္သက္မ့ဲ မတိုးတက္ေအာင္ လုပ္ေနျခင္းေတာ့ မျဖစ္ႏိုင္ပါ။ သူစြမ္းသေလာက္ေတာ့ လုပ္ေနတာဘဲ ျဖစ္ပါမည္။ သူမ်ားႏိုင္ငံမ်ား နည္းတူ မတိုးတက္ရျခင္းမွာ သူရဲ့အရည္အခ်င္း၊ ျပည္ပႏိုင္ငံမ်ားရ့ဲ အေႏွာင့္အယွက္မ်ားအျပင္ တိုင္းသူျပည္သားမ်ားဧ။္ ကုသိုလိကံတရား ေၾကာင့္ပင္ ထင္ပါသည္။ မည္သည့္အေၾကာင္းေၾကာင့္ပင္ျဖစ္ေစ ဗိုလ္ခ်ဳပ္သန္းေ႐ႊသည္ သူ႕မိသားစုမ်ား အပါအ၀င္ သူႏွင့္ပါတ္သက္သူမ်ားကို လံုေလာက္စြာ ခ်မ္းသာေစခ့ဲပါသည္။

ကၽြန္ေတာ့တစ္ခု ေမးလိုပါသည္။ စဥ္းစားမိတာေလးပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ လုပ္ၾကံခံရျခင္းမ႐ွိခ့ဲ။ လြတ္လပ္ေရး ရၿပီးေသာအခါ အေတြ႕အၾကံဳမ်ားကို စာေရးသားယင္း၊ ျခံစိုက္စားကာ အ႐ိုးထုတ္သြားခ့ဲသည္။ တစ္တိုင္းျပည္လံုးပူေဆြး ၀မ္းနည္းခ့ဲရသည္။ ႏိုင္ငံဧ။္ဖခင္အျဖစ္ ဂုဏ္႐ွိစြာ ၿပီးဆံုသြားခ့ဲသည္။

ဗိုလ္ခ်ဳပ္သန္းေ႐ႊကလည္း သူေမွ်ာ္မွန္းထားသည့္အတိုင္း ၂၀၁၀ ခုႏွစ္တြင္ သူရည္မွန္းထားခ့ဲသူကို ေအးခ်မ္းစြာ အာဏာလႊဲေပးကာ အနားယူသြားခဲ့သည္။ ၿပီးေနာက္ မိသားစုႏွင့္အတူ ေအးေအးခ်မ္းခ်မ္း ေငြေၾကးခ်မ္းခ်မ္းသာသာျဖင့္ ဘ၀ၿပီးဆံုးသြားခ့ဲသည္။

မိတ္ေဆြကို ေမးလိုပါသည္။ ထိုႏွစ္ေယာက္တြင္ သင္ဘယ္သူ ျဖစ္လိုပါသလဲ။ အမ်ားဧ။္ခ်စ္ျခင္းကို ခံ၍ သာမာန္ဘ၀ ျဖင့္ေနလိုပါသလား၊ အမ်ားက့ဲရဲ့ခ်င္က့ဲရဲ့ပါေစ၊ ခ်မ္းသာ လွ်င္ၿပီးတာဘဲဟု ေတြးမိပါသလား၊။

ခုသင့္ေဘးနားတြင္ ဘယ္သူမွ မ႐ွိပါ။ သင္ႏွင့္ computer သာ႐ွိပါသည္။ သင္ဘာေျဖလိုက္တယ္ ဆိုတာလည္း ဘယ္သူမွ မသိႏိုင္ပါ။ သင္ စဥ္းစားခ့ဲမိတာေလး ေျပာျပခ့ဲပါလား မိတ္ေဆြ။ ေဘးက poll လုပ္ထားတ့ဲ အကြက္ေလးမွာ click ေလးလုပ္ခ့ဲယံုပါဘဲ။ ေက်းဇူးတင္ပါတယ္။

ေၾသာ္၊ အေရးႀကီးတာေလး ေျပာဖို႔ က်န္သြားပါတယ္။ ကၽြန္ေတာ္ ကိုယ္တိုင္ေတာ့ ကိုယ့္ေမးခြန္းနဲ႔ကိုယ္ ေတြေ၀ေနတံုးပါ။ အေျပာလြယ္သေလာက္ အလုပ္ခက္ေနပါလား။ ။

15 November 2008

လပြည့်နေ့

ရွှေတိဂုံ အရှေ့ဖက်မုတ်

ေ႐ႊတိဂံု အေ႐ွ႔ဖက္မုတ္

09 November 2008

joke of the week


(Unicode version )

Voice ဂျာနယ်ကို ကျွန်တော်ဖတ်လေ့ရှိတာ သိကြပြီးသားပါ။ ခုဖေါ်ပြနေတ့ဲ WHY Singapore? ဆိုလဲ အမှတ် ၁၁ ရောက်လာပါပြီ။ ဆက်တိုက်လဲ ဖတ်ဖြစ်ပါတယ်။ ကြိုက်လဲကြိုက်ပါတယ်။ ဆန့်ကျင်ဖက်ယူလိုက်ယင် အားလုံးအဆင်ပြေသွားပါတယ်။ ဒါပေမဲ့ စင်ကာပူ ဖြစ်ရခြင်း အကြောင်း အရေးအကြီးဆုံးတစ်ချက် ကျန်နေပါတယ်။


ကျွန်တော်တို့ အပြင်းပြေရေးနေတ့ဲ Blog ကလေးတွေကို မြန်မာပြည်က အားပေးနေတ့ဲသူတွေ ရှိပါတယ်။ ခက်ခက်ခဲခဲ ကျော်လွှားပြီး ဖတ်ကြရတာပါ။ “အဲဒီလောက်ကိုကြည့်တယ်” ဆိုတဲ့ စာရင်းမှာ ကြည့်လိုက်ယင် ပြင်သစ်အလံလေးတွေ များ နေတာ ပြင်သစ်ကဖတ်တဲ့သူ များလို့မဟုတ်ပါဘူး။ ကျော်လွှားနေရလို့ပါ။ ပြောချင်တာက မြန်မာအလံတွေ တိုးအောင်လုပ်ပေးနေသူတွေကို ပြောချင်တာပါ။ ခု post က ရယ်စရာရေးတာပါဗျာ။ ခုဏပြောခ့ဲတ့ဲ Voice ဂျာနယ်မှာ အဖြည့်ထည့်တ့ဲ Joke Of The Week မှာ ပါတာမျိုးလေးပါ။ စိတ်မရှိကြပါနဲ့နော်။ ခေါင်းစဉ်က

“ ကျောက်ဆည်ကယ်ပေလို့ ”

Voice ဂျာနယ်တွင် အပါတ်စဉ်ဖေါ်ပြနေသော WHY Singapore ဆောင်းပါးများကို ဖတ်ပြီးသဘောကျနေသော ဦးair တစ်ယောက် လဘက်ရည်ဆိုင်တွင် အကြီးအကျယ် ရှင်းပြနေသည်။ စင်ကာပူသည် နိုင်ငံငယ်သော်လည်း အမြင််ကျယ်သဖြင့် ပထမကမ္ဘာ့ နိုင်င ံဖြစ်နေကြောင်း ၊ မိမိနိုင်ငံတွင် မထွက်သည့် ရေနံမှပင် ၀င်ငွေ သန်းထောင်ချီ ရနေကြောင်း ၊ IT လုပ်ငန်းများမှလည်း သန်းထောင်ချီ ရနေကြောင်း ၊ သယံဇာတ လုံး၀မထွက်ဘဲ ချမ်းသာနေခြင်းမှာ အမြော်အမြင်ရှိသော နိုင်ငံခေါင်းဆောင်ကောင်း များကြောင့်ဖြစ်ကြောင်း ရှင်းပြနေသည်။

ဤနေရာအရောက်တွင် တစ်ချိန်လုံး ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေသော မောင်စိန်းစိန်း ခေါင်းထောင်လာသည်။ ပြီးမှ မ့ဲရွဲ့၍ “ မင်း စင်ကာပူ သိပ်တော်လို့ မဟုတ်ပါဘူးကွာ၊ ဒို့ ဗိုလ်ချုပ်ကြီး သန်းရွှေ အဲဒီမှာ မမွေးလို့ သက်သာသွားတာပါ” ဟု၀င်ပြောလိုက်၍ ဦးair ငြိမ်သွားရလေ တော့သည်။ ။


XxXxXx 

(Zawgyi version )

Voice ဂ်ာနယ္ကို ကၽြန္ေတာ္ဖတ္ေလ့႐ွိတာ သိၾကၿပီးသားပါ။ ခုေဖၚျပေနတ့ဲ WHY Singapore? ဆိုလဲ အမွတ္ ၁၁ ေရာက္လာပါၿပီ။ ဆက္တိုက္လဲ ဖတ္ျဖစ္ပါတယ္။ ၾကိဳက္လဲႀကိဳက္ပါတယ္။ ဆန္႔က်င္ဖက္ယူလိုက္ယင္ အားလံုးအဆင္ေျပသြားပါတယ္။ ဒါေပမဲ့ စင္ကာပူ ျဖစ္ရျခင္း အေၾကာင္း အေရးအႀကီးဆံုးတစ္ခ်က္ က်န္ေနပါတယ္။

ကၽြန္ေတာ္တို႔ အျပင္းေျပေရးေနတ့ဲ Blog ကေလးေတြကို ျမန္မာျပည္က အားေပးေနတ့ဲသူေတြ ႐ွိပါတယ္။ ခက္ခက္ခဲခဲ ေက်ာ္လႊားၿပီး ဖတ္ၾကရတာပါ။ “အဲဒီေလာက္ကိုၾကည့္တယ္” ဆိုတဲ့ စာရင္းမွာ ၾကည့္လိုက္ယင္ ျပင္သစ္အလံေလးေတြ မ်ား ေနတာ ျပင္သစ္ကဖတ္တဲ့သူ မ်ားလို႔မဟုတ္ပါဘူး။ ေက်ာ္လႊားေနရလို႔ပါ။ ေျပာခ်င္တာက ျမန္မာအလံေတြ တိုးေအာင္လုပ္ေပးေနသူေတြကို ေျပာခ်င္တာပါ။ ခု post က ရယ္စရာေရးတာပါဗ်ာ။ ခုဏေျပာခ့ဲတ့ဲ Voice ဂ်ာနယ္မွာ အျဖည့္ထည့္တ့ဲ Joke Of The Week မွာ ပါတာမ်ိဳးေလးပါ။ စိတ္မ႐ွိၾကပါနဲ႔ေနာ္။ ေခါင္းစဥ္က
“ ေက်ာက္ဆည္ကယ္ေပလို႔ ”
Voice ဂ်ာနယ္တြင္ အပါတ္စဥ္ေဖၚျပေနေသာ WHY Singapore ေဆာင္းပါးမ်ားကို ဖတ္ၿပီးသေဘာက်ေနေသာ ဦးair တစ္ေယာက္ လဘက္ရည္ဆိုင္တြင္ အႀကီးအက်ယ္ ႐ွင္းျပေနသည္။ စင္ကာပူသည္ ႏိုင္ငံငယ္ေသာ္လည္း အျမင္္က်ယ္သျဖင့္ ပထမကမာၻ႕ ႏိုင္င ံျဖစ္ေနေၾကာင္း ၊ မိမိႏိုင္ငံတြင္ မထြက္သည့္ ေရနံမွပင္ ၀င္ေငြ သန္းေထာင္ခ်ီ ရေနေၾကာင္း ၊ IT လုပ္ငန္းမ်ားမွလည္း သန္းေထာင္ခ်ီ ရေနေၾကာင္း ၊ သယံဇာတ လံုး၀မထြက္ဘဲ ခ်မ္းသာေနျခင္းမွာ အေျမာ္အျမင္႐ွိေသာ ႏိုင္ငံေခါင္းေဆာင္ေကာင္း မ်ားေၾကာင့္ျဖစ္ေၾကာင္း ႐ွင္းျပေနသည္။
ဤေနရာအေရာက္တြင္ တစ္ခ်ိန္လံုး ေခါင္းတျငိမ့္ျငိမ့္ႏွင့္ နားေထာင္ေနေသာ ေမာင္စိန္းစိန္း ေခါင္းေထာင္လာသည္။ ၿပီးမွ မ့ဲ႐ြဲ႕၍ “ မင္း စင္ကာပူ သိပ္ေတာ္လို႔ မဟုတ္ပါဘူးကြာ၊ ဒို႔ ဗိုလ္ခ်ဳပ္ႀကီး သန္းေ႐ႊ အဲဒီမွာ မေမြးလို႔ သက္သာသြားတာပါ” ဟု၀င္ေျပာလိုက္၍ ဦးair ျငိမ္သြားရေလ ေတာ့သည္။ ။

01 November 2008

မဟာရန်ကုန်

၂၆ရက္ေန႔ ေန႔ခင္းက မိုးခဏေလး႐ြာလိုက္တာ ရန္ကုန္ထဲမွာ ေရလွ်ံပါတယ္။














ကားေတြလဲ ေရထဲမွာ ဘီးတစ္ျခမ္း နစ္ပါတယ္။မိုးကသိပ္မသည္းေပမ့ဲ ေျမာင္းေတြပိတ္ေနေတာ့ ေရစီးစရာ မ႐ွိပါဘူး။



တစ္နာရီေလာက္မိုးခိုေနတံုး ေတြ႔လိုက္ရတ့ဲ ပံုေလးေတြပါ။ ေနသာေနခ်ိန္မွာ ႐ုတ္တယက္ ႐ြာလိုက္ေတာ့ ထီးမပါသူေတြလည္း ပါတာေလးေဆာင္းၿပီး သြားတာေတြ႔ရပါတယ္။ ထီးပါေသာ္လည္း ကေလးပါသူေတြ ကုန္းပိုး သြားၾကရပါတယ္။ ေရက ကေလး ဒူးဆစ္ေလာက္ နစ္တာကိုး။













ေျမာင္းေတြပိတ္တာ အခြန္ေကာက္ၿပီး အမႈိက္မ႐ွင္းနိုင္တ့ဲ စည္ပင္သာယာ အျပစ္လား၊ လုပ္ခ်င္တာလုပ္ၿပီး အစိုးရကို အျပစ္တင္ေလ့႐ွိတ့ဲ ျပည္သူေတြ အျပစ္လားေတာ့ မေ၀ခြဲတတ္ပါဘူး။
ဘယ္သူေတြ ဘာျဖစ္ေနေန ဒီလိုေရထဲမွာ ေဆးလိပ္ ေသာက္မပ်က္သူကိုဘဲ အ့ံၾသမိပါရဲ့။
သာမာန္လူေတာ့ မဟုတ္ေလာက္ေပဘူး။ ။

XxXxXx 

(Unicode version) 

၂၆ရက်နေ့ နေ့ခင်းက မိုးခဏလေးရွာလိုက်တာ ရန်ကုန်ထဲမှာ ရေလျှံပါတယ်။
ကားတွေလဲ ရေထဲမှာ ဘီးတစ်ခြမ်း နစ်ပါတယ်။မိုးကသိပ်မသည်းပေမ့ဲ မြောင်းတွေပိတ်နေတော့ ရေစီးစရာ မရှိပါဘူး။
တစ်နာရီလောက်မိုးခိုနေတုံး တွေ့လိုက်ရတ့ဲ ပုံလေးတွေပါ။ နေသာနေချိန်မှာ ရုတ်တယက် ရွာလိုက်တော့ ထီးမပါသူတွေလည်း ပါတာလေးဆောင်းပြီး သွားတာတွေ့ရပါတယ်။ ထီးပါသော်လည်း ကလေးပါသူတွေ ကုန်းပိုး သွားကြရပါတယ်။ ရေက ကလေး ဒူးဆစ်လောက် နစ်တာကိုး။
မြောင်းတွေပိတ်တာ အခွန်ကောက်ပြီး အမှိုက်မရှင်းနိုင်တ့ဲ စည်ပင်သာယာ အပြစ်လား၊ လုပ်ချင်တာလုပ်ပြီး အစိုးရကို အပြစ်တင်လေ့ရှိတ့ဲ ပြည်သူတွေ အပြစ်လားတော့ မေ၀ခွဲတတ်ပါဘူး။
ဘယ်သူတွေ ဘာဖြစ်နေနေ ဒီလိုရေထဲမှာ ဆေးလိပ် သောက်မပျက်သူကိုဘဲ အ့ံသြမိပါရဲ့။
သာမာန်လူတော့ မဟုတ်လောက်ပေဘူး။ ။




25 October 2008

ပိတောက်ပွင့်သစ်


(Unicode version)

စက်တင်ဘာလ၊ ၂၀၀၈ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းကို ဖတ်ကြည့်ပါသည်။ စာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်ခြင်းနှစ် ၃၀ အထိမ်းအမှတ် ထုတ်ေ၀ခြင်း ဖြစ်ပါသည်။ ထုတ်ခွင့်ရဖို့ တော်တော်ကြိုးစားခ့ဲရမည် ထင်ပါသည်။ များသောအားဖြင့် ဗန်းမော်တင်အောင် အကြောင်းဆိုလျှင် ထုတ်ေ၀ခွင့်ရဖို့ ခက်ခဲသည်ဟု ကြားဖူး၍ပါ။ သေချာတော့မသိပါ။


ဆောင်းပါးအများစုမှာ သူ့ကိုချီးကြူးထားသည့် ဆောင်းပါးများသာဖြစ်ပါသည်။ သူ့အကြောင်း ထုတ်သည့် မဂ္ဂဇင်းတွင် သူ့ကိုချီးကြူး ကြရမည်သာ။ သူဧ။် စာပေနှင့် ကိုယ်ကျင့် သိက္ခာမှာ အလွန်လေးစားစရာ ဖြစ်ပါသည်။ ဆောင်းပါးအများစုတွင်လည်း အသားပေး ဖေါ်ပြထားကြပါသည်။ ကြည်ညိုစရာ ပုဂ္ဂိုလ်တစ်ဦးပင်။


အားလုံးသောဆောင်းပါးများထဲတွင် သော်တာဆွေဧ။်ဆောင်းပါးကို အကြိုက်ဆုံးပါ။ နမူနာလေး မြည်းကြည့်ကြပါ။


" ထိုနေ့ နေ့လည်ခင်း၀ယ် ကျွန်တော်သည် ရှုမ၀တိုက်မှ ပြန်ခ့ဲ၍ ဗိုလ်ချုပ်ဈေးကို ဖြတ်ခ့ဲပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ်၁၂ ဘတ်စကား မှတ်တိုင်တွင် အခြားကားစောင့် ခရီးသည်တွေ တစ်ပုံတစ်ပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျွန်တော်သူ့ဆီ လျှောက်သွားကာ......


“ဟေ့ လူကြီး၊ ခင်ဗျား ဘုန်းမောင်တစ်ယောက်ထဲလား၊ ဘယ်သွားမလို့လဲ”


“ဟာ...ကိုဆွေ၊ ခင်ဗျားတွေ့ရတာ ၀မ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်”


“ကျွန်တော်ကတော့ နေကောင်းပါတယ်ဗျ၊ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတ့ဲလူ၊ အခု ဆေးရုံကဆင်းလာတာ ဘယ်လောက်ကြာပြီလဲ”


“အရက် ၂၀ လောက်ရှိသွားပြီဗျ၊ ကျွန်တော်ဆေးရုံတက်နေတုံးက ခင်ဗျားငွေ ၅၀ိ/ လာပေးတာ သိပ်ကျေးဇူးတင်ပါတယ်ဗျာ”


“ခင်ဗျားကို လာပေးတာ မဟုတ်ဖူးဗျို့၊ ခင်ဗျားကိုမြင်တော့မှ သြော် ဒီလူကြီး ဆေးရုံတက်နေရတာလဲကြာပြီ၊ စာလဲမရေးနိုင်တော့ ဘိုင်ကျမှာဘဲဆိုပြီး အိတ်ထဲငွေလေး ၁၅၀ိ/ ပါခ့ဲတာက ခင်ဗျားကို ၅၀ိ/ပေးခ့ဲတာ၊ တယ်ပြီး ပေးချင်လှလို့ မဟုတ်ဘူးဗျို့၊ ခုတောင် တွေးတွေးပြီး ပြန်နှမြောနေသေးတယ်ဗျ”


သူသည်တဟီးဟီး ရယ်မောလျှက်...


“ကောင်းတယ်ဗျာ။ ခင်ဗျားနဲ့တွေ့ရတာ ရယ်ရတယ်”


“သြော်...ဒါ ရယ်စရာပြောတာမဟုတ်ဘူး။ တကယ်ပြောနေတာ၊ နောက်ကို ခင်ဗျား ဆေးရုံလည်း မတက်ပါနဲ့၊ ကျုပ်ငွေလည်း လာမပေးပါရစေနဲ့။ ကျန်းကျန်းမာမာ နေစမ်းပါ သိလား၊ ခင်ဗျားကို သတိထားမိတယ်၊ ခင်ဗျားဟာ ထောင်ထဲမှာ နေယင်နေမယ်။ ဒါမှမဟုတ် ဆေးရုံမှာနေမယ် ဆိုတ့ဲလူ၊ အိမ်မှာကို နေတယ်မရှိဘူး၊ ဘာလဲ ခင်ဗျား သားမယားနဲ့ အဆင်မပြေလို့လား”


သူသည် တဟီးဟီးရယ်မောပြန်လျှက် ...


“ဟုတ်တယ်ဗျာ၊ ကျုပ်ကလည်း ခင်ဗျားပြောမယ်ဆို ပြောစရာပဲ”


ထိုစဉ်က သူသည် (လပိုင်းမျှသာလိုတော့သည်) နောက်တစ်ကြိမ် ဆေးရုံသွားပြီး ဘ၀ဇတ်သိမ်းတော့မည်ကို ကျွန်တော် ပသို့ တွေးထင်နိုင်ပါအ့ံနည်း။ ကျွန်တော့် ဝါသနာအလျှောက် ကိုယ်နှင့်ခင်မင်သူကို ကလိတိတိပြော၍ ရယ်မောစေခြင်းသာ ဖြစ်ပါသည်။


“ကိုယ့် အခုလက်ရှိအိမ်ထောင် အဆင်မပြေလည်း ကျွန်တော့်လိုပဲ နောက်တစ်မယား ယူပေါ့ဗျာ။ ဘာလို့ ထောင်ထဲသွားလိုက်၊ ဆေးရုံတက်လိုက် လုပ်နေရမှာလဲ”


........................


တကယ် ပြောခ့ဲတာတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ သို့သော် ဖတ်၍ကောင်း ပါသည်။ နှစ်ဦးစလုံးဧ။် Character တွေကို ပေါ်လွင်စေပါသည်။အခြားဆောင်းပါးများကမူ ဆင်တူနီးပါးတွေသာ ဖြစ်ပါသည်။


ကြားဖြတ်၍ ပြောရလျှင် ကျွန်တော်သည် ကွန်မြူနစ်ဝါဒကို လုံး၀မယုံကြည်ပါ။ စိတ်ကူးယဉ် ဝါဒ ဟုသာ ထင်ပါသည်။ သို့သော်် တစ်ခေတ်တစ်ခါက ထိုဝါဒကို လွန်စွာသက်၀င် ယုံကြည်ခဲ့သူများကိုလည်း အလွန်အ့ံသြ မိကြောင်းပါ။ ဘယ်လောက်တော်သူ ဖြစ်ခ့ဲစေ ၊ အထင်ကြီး၍ မရတော့ပါ။


ဤမဂ္ဂဇင်းတွင်ပါသော ဗန်းမော်တင်အောင် အကြောင်း မဟုတ်သည့် ဆောင်းပါးတစ်ပုဒ်ကို သဘောကျမိပါသည်။


ချိုတူးဇော် ဧ။် “သမိုင်းကိုဖတ်၊ ကမ္ဘာကိုမြင်၊ မြန်မာကိုတွေး” ဆိုသော ဆောင်းပါးဖြစ်သည်။ အားလုံးမဟုတ်သော်လည်း အများစုကို သဘောတူ၍ရပါသည်။ ဗန်းမော်တင်အောင် ဂုဏ်ပြုအထူးထုတ် မဂ္ဂဇင်းတွင် ဤဆောင်းပါးကို တပါးတည်းဖေါ်ပြ ခြင်းမှာ ခေတ်နှစ်ခေတ်မှ လူတို့ဧ။် အမြင်ကို ပေါ်လွင်စေချင်၍ ဖြစ်မည်ထင်သည်။ တိုက်ဆိုင်မှုတော့ ဟုတ်မည်မထင်ကြောင်းပါ ။ ။


XxXxXx 

(Zawgyi version) 

စက္တင္ဘာလ၊ ၂၀၀၈ ထုတ္ ပိေတာက္ပြင့္သစ္ မဂၢဇင္းကို ဖတ္ၾကည့္ပါသည္။ စာေရးဆရာ ဗန္းေမာ္တင္ေအာင္ ကြယ္လြန္ျခင္းႏွစ္ ၃၀ အထိမ္းအမွတ္ ထုတ္ေ၀ျခင္း ျဖစ္ပါသည္။ ထုတ္ခြင့္ရဖို႔ ေတာ္ေတာ္ၾကိဳးစားခ့ဲရမည္ ထင္ပါသည္။ မ်ားေသာအားျဖင့္ ဗန္းေမာ္တင္ေအာင္ အေၾကာင္းဆိုလွ်င္ ထုတ္ေ၀ခြင့္ရဖို႔ ခက္ခဲသည္ဟု ၾကားဖူး၍ပါ။ ေသခ်ာေတာ့မသိပါ။

ေဆာင္းပါးအမ်ားစုမွာ သူ႔ကိုခ်ီးၾကဴးထားသည့္ ေဆာင္းပါးမ်ားသာျဖစ္ပါသည္။ သူ႔အေၾကာင္း ထုတ္သည့္ မဂၢဇင္းတြင္ သူ႔ကိုခ်ီးၾကဴး ၾကရမည္သာ။ သူဧ။္ စာေပႏွင့္ ကိုယ္က်င့္ သိကၡာမွာ အလြန္ေလးစားစရာ ျဖစ္ပါသည္။ ေဆာင္းပါးအမ်ားစုတြင္လည္း အသားေပး ေဖၚျပထားၾကပါသည္။ ၾကည္ညိဳစရာ ပုဂၢိဳလ္တစ္ဦးပင္။

အားလံုးေသာေဆာင္းပါးမ်ားထဲတြင္ ေသာ္တာေဆြဧ။္ေဆာင္းပါးကို အၾကိဳက္ဆံုးပါ။ နမူနာေလး ျမည္းၾကည့္ၾကပါ။

" ထိုေန႔ ေန႔လည္ခင္း၀ယ္ ကၽြန္ေတာ္သည္ ႐ႈမ၀တိုက္မွ ျပန္ခ့ဲ၍ ဗိုလ္ခ်ဳပ္ေစ်းကို ျဖတ္ခ့ဲၿပီး အေနာ္ရထာလမ္း ေရာက္သည္၌ အမွတ္၁၂ ဘတ္စကား မွတ္တိုင္တြင္ အျခားကားေစာင့္ ခရီးသည္ေတြ တစ္ပံုတစ္ပင္ႀကီးထဲမွာ ဗန္းေမာ္တင္ေအာင္အား ေတြ႕ရသျဖင့္ ကၽြန္ေတာ္သူ႔ဆီ ေလွ်ာက္သြားကာ......

“ေဟ့ လူႀကီး၊ ခင္ဗ်ား ဘုန္းေမာင္တစ္ေယာက္ထဲလား၊ ဘယ္သြားမလို႔လဲ”

“ဟာ...ကိုေဆြ၊ ခင္ဗ်ားေတြ႔ရတာ ၀မ္းသာလိုက္တာဗ်ာ၊ ေနေကာင္းတယ္ေနာ္”

“ကၽြန္ေတာ္ကေတာ့ ေနေကာင္းပါတယ္ဗ်၊ ခင္ဗ်ားသာ ေဆး႐ံုနဲ႔ ကူးသန္းေနတ့ဲလူ၊ အခု ေဆး႐ံုကဆင္းလာတာ ဘယ္ေလာက္ၾကာၿပီလဲ”

“အရက္ ၂၀ ေလာက္႐ွိသြားၿပီဗ်၊ ကၽြန္ေတာ္ေဆး႐ံုတက္ေနတံုးက ခင္ဗ်ားေငြ ၅၀ိ/ လာေပးတာ သိပ္ေက်းဇူးတင္ပါတယ္ဗ်ာ”

“ခင္ဗ်ားကို လာေပးတာ မဟုတ္ဖူးဗ်ိဳ႕၊ ခင္ဗ်ားကိုျမင္ေတာ့မွ ေၾသာ္ ဒီလူႀကီး ေဆး႐ံုတက္ေနရတာလဲၾကာၿပီ၊ စာလဲမေရးႏိုင္ေတာ့ ဘိုင္က်မွာဘဲဆိုၿပီး အိတ္ထဲေငြေလး ၁၅၀ိ/ ပါခ့ဲတာက ခင္ဗ်ားကို ၅၀ိ/ေပးခ့ဲတာ၊ တယ္ၿပီး ေပးခ်င္လွလို႔ မဟုတ္ဘူးဗ်ိဳ႕၊ ခုေတာင္ ေတြးေတြးၿပီး ျပန္ႏွေျမာေနေသးတယ္ဗ်”

သူသည္တဟီးဟီး ရယ္ေမာလွ်က္...

“ေကာင္းတယ္ဗ်ာ။ ခင္ဗ်ားနဲ႔ေတြ႕ရတာ ရယ္ရတယ္”

“ေၾသာ္...ဒါ ရယ္စရာေျပာတာမဟုတ္ဘူး။ တကယ္ေျပာေနတာ၊ ေနာက္ကို ခင္ဗ်ား ေဆး႐ံုလည္း မတက္ပါနဲ႔၊ က်ဳပ္ေငြလည္း လာမေပးပါရေစနဲ႔။ က်န္းက်န္းမာမာ ေနစမ္းပါ သိလား၊ ခင္ဗ်ားကို သတိထားမိတယ္၊ ခင္ဗ်ားဟာ ေထာင္ထဲမွာ ေနယင္ေနမယ္။ ဒါမွမဟုတ္ ေဆး႐ံုမွာေနမယ္ ဆိုတ့ဲလူ၊ အိမ္မွာကို ေနတယ္မ႐ွိဘူး၊ ဘာလဲ ခင္ဗ်ား သားမယားနဲ႔ အဆင္မေျပလို႔လား”

သူသည္ တဟီးဟီးရယ္ေမာျပန္လွ်က္ ...

“ဟုတ္တယ္ဗ်ာ၊ က်ဳပ္ကလည္း ခင္ဗ်ားေျပာမယ္ဆို ေျပာစရာပဲ”

ထိုစဥ္က သူသည္ (လပိုင္းမွ်သာလိုေတာ့သည္) ေနာက္တစ္ႀကိမ္ ေဆး႐ံုသြားၿပီး ဘ၀ဇတ္သိမ္းေတာ့မည္ကို ကၽြန္ေတာ္ ပသို႔ ေတြးထင္ႏိုင္ပါအ့ံနည္း။ ကၽြန္ေတာ့္ ၀ါသနာအေလွ်ာက္ ကိုယ္ႏွင့္ခင္မင္သူကို ကလိတိတိေျပာ၍ ရယ္ေမာေစျခင္းသာ ျဖစ္ပါသည္။

“ကိုယ့္ အခုလက္႐ွိအိမ္ေထာင္ အဆင္မေျပလည္း ကၽြန္ေတာ့္လိုပဲ ေနာက္တစ္မယား ယူေပါ့ဗ်ာ။ ဘာလို႔ ေထာင္ထဲသြားလိုက္၊ ေဆး႐ံုတက္လိုက္ လုပ္ေနရမွာလဲ”

........................

တကယ္ ေျပာခ့ဲတာေတြ ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မည္။ သို႔ေသာ္ ဖတ္၍ေကာင္း ပါသည္။ ႏွစ္ဦးစလံုးဧ။္ Character ေတြကို ေပၚလြင္ေစပါသည္။အျခားေဆာင္းပါးမ်ားကမူ ဆင္တူနီးပါးေတြသာ ျဖစ္ပါသည္။

ၾကားျဖတ္၍ ေျပာရလွ်င္ ကၽြန္ေတာ္သည္ ကြန္ျမဴနစ္၀ါဒကို လံုး၀မယံုၾကည္ပါ။ စိတ္ကူးယဥ္ ၀ါဒ ဟုသာ ထင္ပါသည္။ သို႔ေသာ္္ တစ္ေခတ္တစ္ခါက ထို၀ါဒကို လြန္စြာသက္၀င္ ယံုၾကည္ခဲ့သူမ်ားကိုလည္း အလြန္အ့ံၾသ မိေၾကာင္းပါ။ ဘယ္ေလာက္ေတာ္သူ ျဖစ္ခ့ဲေစ ၊ အထင္ႀကီး၍ မရေတာ့ပါ။

ဤမဂၢဇင္းတြင္ပါေသာ ဗန္းေမာ္တင္ေအာင္ အေၾကာင္း မဟုတ္သည့္ ေဆာင္းပါးတစ္ပုဒ္ကို သေဘာက်မိပါသည္။

ခ်ိဳတူးေဇာ္ ဧ။္ “သမိုင္းကိုဖတ္၊ ကမာၻကိုျမင္၊ ျမန္မာကိုေတြး” ဆိုေသာ ေဆာင္းပါးျဖစ္သည္။ အားလံုးမဟုတ္ေသာ္လည္း အမ်ားစုကို သေဘာတူ၍ရပါသည္။ ဗန္းေမာ္တင္ေအာင္ ဂုဏ္ျပဳအထူးထုတ္ မဂၢဇင္းတြင္ ဤေဆာင္းပါးကို တပါးတည္းေဖၚျပ ျခင္းမွာ ေခတ္ႏွစ္ေခတ္မွ လူတို႔ဧ။္ အျမင္ကို ေပၚလြင္ေစခ်င္၍ ျဖစ္မည္ထင္သည္။ တိုက္ဆိုင္မႈေတာ့ ဟုတ္မည္မထင္ေၾကာင္းပါ ။ ။

18 October 2008

အလံတော်








(Unicode version)



ရှေးတုံးကမြန်မာတွေ အနုပညာ အားကောင်းခ့ဲကြပုံရပါတယ်။ လွတ်လပ်ရေး ရတော့မယ်ဆိုတော့ နိုင်ငံတော်အလံ နဲ့ သီချင်းကို အကောင်းဆုံး လုပ်နိုင်ခ့ဲပါတယ်။ အခု Constitution အသစ်ရေးတော့လည်း ကမ္ဘာမကြေဆိုတ့ဲ နိုင်ငံတော် သီချင်းကို မပြင်ရဲကြပါဘူး။ မြန်မာတွေ နားထဲ စွဲနေပြီလေ။ ဒါပေမ့ဲ နိုင်ငံတော် အလံကိုတော့ ၁၉၇၄ ကတည်းက ပြောင်းပစ်ခ့ဲကြပါတယ်။ နှမြောစရာပါ။ ဆိုရှယ်လစ်ခေတ် တည်ဆောက်မယ်ဆိုတော့ အင်မတန် အနုပညာ မဆန်တ့ဲ ကြယ် ၁၄လုံးတို့၊ စပါးနှံ ၁၄ခက်တို့ သုံးခဲ့ကြပါတယ်။ ခွေးသွားစိတ်ကြီးကလဲ ပါသေး။

တကယ်က ပထမ ကြယ်ငါးပွင့်အလံက အဓိပ္ပါယ်ရှိပြီးသားပါ။ စုစည်းမှုကို သငေ်္ကတ သဘောနဲ့ ပြောထားတာပါ။ ပိုအနုပညာမြောက်တာက အလံနဲ့ လွတ်လပ်ရေး ကျောက်တိုင်တွေ ချိတ်ဆက်မှုပါ။ လွတ်လပ်ရေးကျောက်တိုင်တွေကို အပေါ်စီး Plan View ကကြည့်ရင် အလံတော်က ကြယ်ငါးပွင့် ပုံအတိုင်း မြင်ရအောင် လုပ်ထားတာပါ။ မြို့တိုင်းမှာ လွတ်လပ်ရေး ကျောက်တိုင်တွေ အခုအထိ ရှိနေတုံးပါ။ လက်ရှိနိုင်ငံတော် အလံနဲ့တော့ ဆက်စပ်မှု မရှိတော့ဘူးပေါ့။

ခုနောက်ဆုံး အတည်ပြုလိုက်တ့ဲ Constitution မှာတော့ အလံတော်က သုံးရောင်ကြား ကြီးပါ။ အာဖရိကနိုင်ငံ အလံလို့ဘဲ ရုတ်တရက်ထင်မိမှာပါ။ ဟိုးကောင်းကင်ကနေ အဲဒီအလံ ကိုမြင်ချင်ယင် တနည်းဘဲ တွေးလို့ရပါတယ်။ နေပြည်တော်မှာ ဖေါက်နေတ့ဲ ၂၀သွားလမ်းမကြီးကို သုံးရောင်ချယ် ကြမယ်လေ။ မကောင်းဖူးလား။ အနုပညာ မြောက်သွားတာပေါ့။ ။


XxXxXx

(Zawgyi version)


ေ႐ွးတံုးကျမန္မာေတြ အႏုပညာ အားေကာင္းခ့ဲၾကပံုရပါတယ္။ လြတ္လပ္ေရး ရေတာ့မယ္ဆိုေတာ့ ႏိုင္ငံေတာ္အလံ နဲ႔ သီခ်င္းကို အေကာင္းဆံုး လုပ္ႏိုင္ခ့ဲပါတယ္။ အခု Constitution အသစ္ေရးေတာ့လည္း ကမာၻမေၾကဆိုတ့ဲ ႏိုင္ငံေတာ္ သီခ်င္းကို မျပင္ရဲၾကပါဘူး။ ျမန္မာေတြ နားထဲ စြဲေနၿပီေလ။ ဒါေပမ့ဲ ႏိုင္ငံေတာ္ အလံကိုေတာ့ ၁၉၇၄ ကတည္းက ေျပာင္းပစ္ခ့ဲၾကပါတယ္။ ႏွေျမာစရာပါ။ ဆို႐ွယ္လစ္ေခတ္ တည္ေဆာက္မယ္ဆိုေတာ့ အင္မတန္ အႏုပညာ မဆန္တ့ဲ ၾကယ္ ၁၄လံုးတို႔၊ စပါးႏွံ ၁၄ခက္တို႔ သံုးခဲ့ၾကပါတယ္။ ေခြးသြားစိတ္ႀကီးကလဲ ပါေသး။
တကယ္က ပထမ ၾကယ္ငါးပြင့္အလံက အဓိပၸါယ္႐ွိၿပီးသားပါ။ စုစည္းမႈကို သေကၤတ သေဘာနဲ႔ ေျပာထားတာပါ။ ပိုအႏုပညာေျမာက္တာက အလံနဲ႔ လြတ္လပ္ေရး ေက်ာက္တိုင္ေတြ ခ်ိတ္ဆက္မႈပါ။ လြတ္လပ္ေရးေက်ာက္တိုင္ေတြကို အေပၚစီး Plan View ကၾကည့္ရင္ အလံေတာ္က ၾကယ္ငါးပြင့္ ပံုအတိုင္း ျမင္ရေအာင္ လုပ္ထားတာပါ။ ၿမိဳ႕တိုင္းမွာ လြတ္လပ္ေရး ေက်ာက္တိုင္ေတြ အခုအထိ ႐ွိေနတံုးပါ။ လက္႐ွိႏိုင္ငံေတာ္ အလံနဲ႔ေတာ့ ဆက္စပ္မႈ မ႐ွိေတာ့ဘူးေပါ့။
ခုေနာက္ဆံုး အတည္ျပဳလိုက္တ့ဲ Constitution မွာေတာ့ အလံေတာ္က သံုးေရာင္ၾကား ႀကီးပါ။ အာဖရိကႏိုင္ငံ အလံလို႔ဘဲ ႐ုတ္တရက္ထင္မိမွာပါ။ ဟိုးေကာင္းကင္ကေန အဲဒီအလံ ကိုျမင္ခ်င္ယင္ တနည္းဘဲ ေတြးလို႔ရပါတယ္။ ေနျပည္ေတာ္မွာ ေဖါက္ေနတ့ဲ ၂၀သြားလမ္းမႀကီးကို သံုးေရာင္ခ်ယ္ ၾကမယ္ေလ။ မေကာင္းဖူးလား။ အႏုပညာ ေျမာက္သြားတာေပါ့။ ။

14 October 2008

U-17 တံဆိပ်ခေါင်း


(Unicode version)

၉ ရက်နေ့က တံဆိပ်ခေါင်းထွက်မယ်ဆိုလို့ စာတိုက်ကြီးသွားပါတယ်။ အသစ်လည်းမထွက်ပါဘူး။ ဒါပေမဲ့ ၂၀၀၄ခု U-17 ဘောလုံးပွဲတုံးက ထုတ်ထားတ့ဲ တံဆိပ်ခေါင်း အဟောင်း သွားတွေ့ပါတယ်။ Quality ကတော့ ထုံးစံအတိုင်း ည့ံပါတယ်။ အဲဒီနေ့က ထုပေးတ့ဲ စီးကလဲ အထူးစီး ဟုတ်ဟန်မတူပါဘူး။ ဘာပဲဖြစ်ဖြစ် ဝါသနာကို တားမရတော့လည်း စုရဦးမှာပါဘဲ။ စုနိုင်မှ ချမ်းသာမှာလေ။


XxXxXx 

(Zawgyi version) 

၉ ရက္ေန႔က တံဆိပ္ေခါင္းထြက္မယ္ဆိုလို႔ စာတိုက္ႀကီးသြားပါတယ္။ အသစ္လည္းမထြက္ပါဘူး။ ဒါေပမဲ့ ၂၀၀၄ခု U-17 ေဘာလံုးပြဲတံုးက ထုတ္ထားတ့ဲ တံဆိပ္ေခါင္း အေဟာင္း သြားေတြ႕ပါတယ္။ Quality ကေတာ့ ထံုးစံအတိုင္း ည့ံပါတယ္။ အဲဒီေန႔က ထုေပးတ့ဲ စီးကလဲ အထူးစီး ဟုတ္ဟန္မတူပါဘူး။ ဘာပဲျဖစ္ျဖစ္ ၀ါသနာကို တားမရေတာ့လည္း စုရဦးမွာပါဘဲ။ စုႏိုင္မွ ခ်မ္းသာမွာေလ။

07 October 2008

ဖေမောင်သိန်း နှင့် ခင်၀မ်း


















ခင်၀မ်း သီချင်းတွေ ပြန်စုကြည့်တော့ တစ်ချို့ Album တွေဆို Cover Card တောင် တွေ့ရဖို့ မလွယ်ကူတော့ပါဘူး။ တေးသံသွင်းဆိုင်တွေမှာ ရှိယင် ခဏငှားပြီး Copy ကူးမယ်ဆိုတာတောင် မရခ့ဲပါဘူး။ ပြည်မှာဆောင်း Cover ကိုတော့ ဝါသနာတူ တစ်ဦးဆီက ရလို့ကျေးဇူးတင်ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ သီချင်းစာအုပ် ပုံတူတစ်အုပ်ရပါတယ်။ Original မရနိုင်လို့ ကိုယ့်နီးကိုယ့်ဟန် ဖန်တီးထားတာပါ။ ယှဉ်သာကြည့်ကြပါတော့။ ကွယ်လွန်သူ ကိုဖေမောင်သိန်း ရဲ့ ဖန်တီးမှုပါ။ Original ကသူ့တန်ဖိုး သူရှိသလို တုယူဖန်တီးထားမှုကလည်း အနုပညာ မနိမ့်ပါဘူး။

ကိုဖေမောင်သိန်း ၁၉၇၈ လောက်က အိမ်မှာလာ ကျောင်းတက်စဉ် ခင်၀မ်း ရောဂါ ရသွားပါတယ်။ ဒီပိုးက ကူးမိယင် မလွယ်တော့ သီချင်းစာအုပ် Original မရနိုင်လို့ ကူးထားလိုက်တာ ထင်ပါတယ်။ ဖေမောင်သိန်း ကိုရော ခင်၀မ်း ကိုပါ နှမြောမိပါရဲ့။ ။
























































04 October 2008

သိက္ခာ

(Unicode version )

ဒီတစ်ပါတ်ထဲ နို့မှုန့်တွင် မယ်လမင်းရောသည့် သတင်းများ သတင်းစာ၊ ဂျာနယ်၊ တီဗီ များတွင်ထိပ်တန်းသတင်း ဖြစ်နေပါသည်။ ကလေးငယ်များစွာဧ။် ကျန်းမာရေး ထိခိုက်စေ၍ ထိုနို့မှုန့်များ မသုံးရန် သတိပေးမှုများစွာ ပေါ်ထွက်ခ့ဲသည်။ မြန်မာသတင်းစာများတွင်ပါ ဖေါ်ပြသော်လည်း ထုတ်လုပ်သည့် နိုင်ငံအမည်ကို ဖေါ်ပြခြင်းမပြုပါ။

တရုပ်ပြည်ရှိ စံလူ ဆိုသော ကုမ္ပဏီမှ ထုတ်လုပ်သောနို့မှုန့်များတွင် မယ်လမင်း ရောထားသည်ကို ၄င်းတို့နှင့် ဖက်စပ်ထုတ်လုပ်သော နယူးဇီလန် ကုမ္ပဏီမှ စတင်သိရှိ၍ ဖေါ်ထုတ်လိုက်ခြင်း မှစပါသည်။ ၄င်းတို့မှ ကြိတ်၍သတိပေးသော်လည်း မရသဖြင့် အစိုးရခြင်း အကြောင်းကြားကာ ဖေါ်ထုတ်လိုက်ဟန်တူပါသည်။

ချက်ခြင်းပင် တစ်ကမ္ဘာလုံး သတင်းပြန့်သွားပါသည်။ ပထမဆုံးသတင်းများတွင်ပင် ထိုကုမ္ပဏီမှ နို့မှုန့်များကို ယီမင်၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ဖြန့်ချီကြောင်း ပါရှိပါသည်။ သို့သော်မြန်မာသတင်းစာများတွင် ထိုက့ဲသို့ ယနေ့တိုင် ဖေါ်ပြခြင်း မတွေ့ရပါ။ နို့မှုန့်သတင်း ဖေါ်ပြခွင့်ရကြသည့် ဂျာနယ်များတွင်ပင် မြန်မာနိုင်ငံ နာမည်တပ်၍ ဖေါ်ပြခြင်း မပြုကြပါ။

ဤသို့ဖေါ်ပြခြင်း မပြုသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးပြောကြပါသည်။ ဆရာကြီး တရုပ်ပြည် သိက္ခာ ကျမှာစိုး၍ မဖေါ်ပြတာဟု အများက ပြောကြသည်။ ကျွန်တော်ကတော့ သဘောမတူပါ။ တရုပ် မီဒီယာ အများစုတွင်ပင် ဒီနို့မှုန့်ကြောင့် ကလေးသူငယ်များ ဒုက္ခ ရောက်ကြပုံကို အဆက်မပြတ် ပြသခ့ဲသည်။ ထိုနို့မှုန့်ကြောင့် ကျောက်ကပ်ရောဂါ ရသူ ကလေးငယ်များကို နိုင်ငံတော်မှ စားရိတ်တာ၀န်ယူ၍ ကုသပေးမည်ဟုပင် ကြေငြာပေးတာ တွေ့ရပါသည်။

နောက်ပိုင်းတွင် တရုပ်နိုင်ငံတော်၀န်ကြီးချုပ် ကိုယ်တိုင်ပင် ဆေးရုံတက်နေသူ ကလေးငယ်များအား လိုက်လံကြည့်ရှုနေပုံမှာ မြေငလျှင်တုံးကလဲ အလွန်စိတ်ထိခိုက်စွာဖြင့်
အားပေးနေသည်ကို အမှတ်ရစရာပင်။ ဒါတွေကို ကြည့်လျှင် တရုပ်နိုင်ငံသည် ရှေးကက့ဲသို့ အဖြစ်ဆိုးများကို ဖုံးထားချင်စိတ်မရှိတော့တာ ပေါ်လွင်ပါသည်။ ဒီခေတ်တွင် ဖုံးထားလို့လဲ မလွယ်ကူပါ။ အထူးသဖြင့် Digital Camera များနှင့် Internet သည် သတင်းများကို နာရီပိုင်းအတွင်း ကမ္ဘာကို ပြန့်စေပြီ ဖြစ်သည်။

ဒါဖြင့် ကာယကံရှင် တရုပ်နိုင်ငံကပင် ၀န်ခံခ့ဲပြီးသောကိစ္စကို ဘာအတွက် ကျွန်တော်တို့ ဖုံးထား ဖို့လိုသနည်း။ အပြစ်ဖြစ်၍ ရိုးသားစွာ ၀န်ခံလိုက်ခြင်းသည် သိက္ခာမကျစေပါ။ တာ၀န်ယူဖြေရှင်း လိုက်လျှင် သိက္ခာပင်တက်နိုင်ပါသည်။ မဆီမဆိုင် ကြားမှ ကာကွယ်ပေးသူသာ သိက္ခာ ကျစရာ ရှိပါသည်။

ထို့ကြောင့် နို့မှုန့် ကိစ္စ ဖုံးကွယ်မှုတွင် ကျွန်တော် ရိုးရိုးလေးမြင်သည်မှာ တရုပ်နိုင်ငံ သိက္ခာမကျဘဲ ဖုံးကွယ်ပေးသည့် မိမိတို့ မီဒီယာများသာ သိက္ခာကျသည်ဟု ထင်ပါကြောင်း။ ။


XxXxXx 

(Zawgyi version) 

ဒီတစ္ပါတ္ထဲ ႏို႔မႈန္႔တြင္ မယ္လမင္းေရာသည့္ သတင္းမ်ား သတင္းစာ၊ ဂ်ာနယ္၊ တီဗီ မ်ားတြင္ထိပ္တန္းသတင္း ျဖစ္ေနပါသည္။ ကေလးငယ္မ်ားစြာဧ။္ က်န္းမာေရး ထိခိုက္ေစ၍ ထိုႏို႔မႈန္႔မ်ား မသံုးရန္ သတိေပးမႈမ်ားစြာ ေပၚထြက္ခ့ဲသည္။ ျမန္မာသတင္းစာမ်ားတြင္ပါ ေဖၚျပေသာ္လည္း ထုတ္လုပ္သည့္ ႏိုင္ငံအမည္ကို ေဖၚျပျခင္းမျပဳပါ။
တ႐ုပ္ျပည္႐ွိ စံလူ ဆိုေသာ ကုမၸဏီမွ ထုတ္လုပ္ေသာႏို႔မႈန္႔မ်ားတြင္ မယ္လမင္း ေရာထားသည္ကို ၄င္းတို႔ႏွင့္ ဖက္စပ္ထုတ္လုပ္ေသာ နယူးဇီလန္ ကုမၸဏီမွ စတင္သိ႐ွိ၍ ေဖၚထုတ္လိုက္ျခင္း မွစပါသည္။ ၄င္းတို႔မွ ႀကိတ္၍သတိေပးေသာ္လည္း မရသျဖင့္ အစိုးရျခင္း အေၾကာင္းၾကားကာ ေဖၚထုတ္လိုက္ဟန္တူပါသည္။
ခ်က္ျခင္းပင္ တစ္ကမာၻလံုး သတင္းျပန္႔သြားပါသည္။ ပထမဆံုးသတင္းမ်ားတြင္ပင္ ထိုကုမၸဏီမွ ႏို႔မႈန္႔မ်ားကို ယီမင္၊ ျမန္မာ ႏွင့္ ဘဂၤလားေဒ့႐ွ္ ႏိုင္ငံမ်ားသို႔ ျဖန္႔ခ်ီေၾကာင္း ပါ႐ွိပါသည္။ သို႔ေသာ္ျမန္မာသတင္းစာမ်ားတြင္ ထိုက့ဲသို႔ ယေန႔တိုင္ ေဖၚျပျခင္း မေတြ႔ရပါ။ ႏို႔မႈန္႔သတင္း ေဖၚျပခြင့္ရၾကသည့္ ဂ်ာနယ္မ်ားတြင္ပင္ ျမန္မာႏိုင္ငံ နာမည္တပ္၍ ေဖၚျပျခင္း မျပဳၾကပါ။
ဤသို႔ေဖၚျပျခင္း မျပဳသည့္ ကိစၥႏွင့္ ပတ္သက္၍ အမ်ိဳးမ်ိဳးေျပာၾကပါသည္။ ဆရာႀကီး တ႐ုပ္ျပည္ သိကၡာ က်မွာစိုး၍ မေဖၚျပတာဟု အမ်ားက ေျပာၾကသည္။ ကၽြန္ေတာ္ကေတာ့ သေဘာမတူပါ။ တ႐ုပ္ မီဒီယာ အမ်ားစုတြင္ပင္ ဒီႏို႔မႈန္႔ေၾကာင့္ ကေလးသူငယ္မ်ား ဒုကၡ ေရာက္ၾကပံုကို အဆက္မျပတ္ ျပသခ့ဲသည္။ ထိုႏို႔မႈန္႔ေၾကာင့္ ေက်ာက္ကပ္ေရာဂါ ရသူ ကေလးငယ္မ်ားကို ႏိုင္ငံေတာ္မွ စားရိတ္တာ၀န္ယူ၍ ကုသေပးမည္ဟုပင္ ေၾကျငာေပးတာ ေတြ႕ရပါသည္။
ေနာက္ပိုင္းတြင္ တ႐ုပ္ႏိုင္ငံေတာ္၀န္ႀကီးခ်ဳပ္ ကိုယ္တိုင္ပင္ ေဆး႐ံုတက္ေနသူ ကေလးငယ္မ်ားအား လိုက္လံၾကည့္႐ႈေနပံုမွာ ေျမငလွ်င္တံုးကလဲ အလြန္စိတ္ထိခိုက္စြာျဖင့္
အားေပးေနသည္ကို အမွတ္ရစရာပင္။ ဒါေတြကို ၾကည့္လွ်င္ တ႐ုပ္ႏိုင္ငံသည္ ေ႐ွးကက့ဲသို႔ အျဖစ္ဆိုးမ်ားကို ဖံုးထားခ်င္စိတ္မ႐ွိေတာ့တာ ေပၚလြင္ပါသည္။ ဒီေခတ္တြင္ ဖံုးထားလို႔လဲ မလြယ္ကူပါ။ အထူးသျဖင့္ Digital Camera မ်ားႏွင့္ Internet သည္ သတင္းမ်ားကို နာရီပိုင္းအတြင္း ကမာၻကို ျပန္႔ေစၿပီ ျဖစ္သည္။
ဒါျဖင့္ ကာယကံ႐ွင္ တ႐ုပ္ႏိုင္ငံကပင္ ၀န္ခံခ့ဲၿပီးေသာကိစၥကို ဘာအတြက္ ကၽြန္ေတာ္တို႔ ဖံုးထား ဖို႔လိုသနည္း။ အျပစ္ျဖစ္၍ ႐ိုးသားစြာ ၀န္ခံလိုက္ျခင္းသည္ သိကၡာမက်ေစပါ။ တာ၀န္ယူေျဖ႐ွင္း လိုက္လွ်င္ သိကၡာပင္တက္ႏိုင္ပါသည္။ မဆီမဆိုင္ ၾကားမွ ကာကြယ္ေပးသူသာ သိကၡာ က်စရာ ႐ွိပါသည္။
ထို႔ေၾကာင့္ ႏို႔မႈန္႔ ကိစၥ ဖံုးကြယ္မႈတြင္ ကၽြန္ေတာ္ ႐ိုး႐ိုးေလးျမင္သည္မွာ တ႐ုပ္ႏိုင္ငံ သိကၡာမက်ဘဲ ဖံုးကြယ္ေပးသည့္ မိမိတို႔ မီဒီယာမ်ားသာ သိကၡာက်သည္ဟု ထင္ပါေၾကာင္း။ ။