Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

10 June 2019

ဆယ်တန်းအောင်ပြီးနောက် ၂


(Zawgyi version)

   စာေမးပြဲသည္ ဘဝတခုအတြက္ အဆံုးအျဖတ္ မဟုတ္ေၾကာင္း သိတာေလးတခု ေျပာပါဦးမည္။ ကံဥာဏ္ဝီရိယ သံုးခုအေပၚမူတည္သျဖင့္ မိမိတတ္ႏိုင္သည့္ ႀကိဳးစားမႈကို အေကာင္းဆံုး စိုက္ထုတ္ဖို႔လိုတာ ေျပာလိုရင္းပါ။
.
အကိုဝမ္းကြဲတေယာက္ အေၾကာင္းပါ။ စာအလြန္ႀကိဳးစားပါသည္။ RIT တြင္ civil တက္ပါသည္။ စာေမးပြဲတခုေျဖၿပီး၍ အဆင့္ ၁ ၂ ၃ ထဲမဝင္လွ်င္ ေနာက္တႀကိမ္အတြက္ ေတာက္ေလ်ာက္စာၾကည့္သည့္သူမ်ိဳးျဖစ္သည္။
.
ေက်ာင္းၿပီးေသာအခါ စစ္တပ္ဖက္ေလ်ာက္၍ G.E.တပ္တြင္ ဗိုလ္ႀကီးျဖစ္လာပါသည္။ ၇၆ ၇၇ခန္႔တြင္ျဖစ္မည္။ တပ္မွ ႐ွား႐ွားပါးပါး အဂၤလန္ႏိုင္ငံ အင္ပီးရီးရယ္ေကာလိပ္သို႔ ပညာေတာ္သင္လႊတ္မည္ျဖစ္၍ ရန္ကုန္သို႔ ဗိုလ္ႀကီးဆယ္ေယာက္ခန္႔ကို စာေမးပြဲလာေျဖဖို႔ အေၾကာင္းၾကားသည္။ အင္မတန္ ပညာသင္ခ်င္ေသာသူ နာမည္ႀကီးေက်ာင္းသို႔ တက္ခ်င္ေဇာျဖင့္ ေသခ်ာေလ့လာၿပီး လာေျဖပါသည္။
.
ေျဖခါနီး သူငယ္ခ်င္းေတြဆံုမွ သိရေတာ့သည္။ ေလ့လာဖို႔ ေပးလိုက္ေသာစာရင္းႏွစ္ရြက္တြင္ သူ႔ထံသို႔ တရြက္သာေရာက္ၿပီး တရြက္က်န္ခ့ဲသည္။ ဒုတိယစာရြက္မွ အေၾကာင္းအရာမ်ားကို မေလ့လာခ့ဲရသျဖင့္ စာေမးပြဲအကုန္မေျဖႏိုင္ခ့ဲ။ သူ႔ဝသီအတိုင္း ဆဲဆိုၿပီး မိခင္တပ္ျပန္သြားသည္။
.
ေအာင္စာရင္းထြက္ေတာ့ အဆင့္၆။ လႊတ္မွာက တေယာက္၊ အရန္ႏွစ္ေယာက္စာရင္းတြင္ပင္မပါရာ လံုးဝစိတ္ပင္မကူးေတာ့ပါတ့ဲ။ ထိုအခ်ိန္တြင္ လံုးဝမေမွ်ာ္လင့္သည္မ်ား ျဖစ္လာသည္။ ရာထူးအသစ္ရလာသည့္ စစ္ေထာက္ခ်ဳပ္က ဂ်ီအီးတပ္မ်ား အလြဲသံုးစားမႈမ်ားလြန္း၍ဆိုကာ တျပည္လံုး႐ွိ ဂ်ီအီးတပ္မ်ားကို စစ္ေဆးခိုင္းေတာ့သည္။
.
ေတာင္ငူ႐ွိ အကိုထံသို႔လည္း လာစစ္သည္။ ပ်င္းရင္နားေထာင္ဖို႔ ဝယ္ထားသည့္ ေရဒီယိုတလံုးသာေတြ႔သည္။ ကက္ဆက္ပင္မပါ။ အိမ္ ကား အျခားပိုင္ဆိုင္မႈလည္း ဘာမွမေတြ႔၍ ေရဒီယိုကိုပင္ စာရင္းထဲမထည့္ေတာ့ပါဟု လာစစ္သူမ်ားက ေျပာသြားေသးသတ့ဲ။
.
မ်ားမၾကာမွီ ရန္ကုန္စစ္ရံုးမွ လွမ္းေခၚပါသည္။ စာေမးပြဲေျဖထားသူ သူ႔ေ႐ွ႕မွ အင္ဂ်င္နီယာဗိုလ္ ငါးဦးလံုး အစစ္ခံစရာ႐ွိ၍ ပညာေတာ္သင္ သူ႔ကိုေရြးလိုက္ၿပီတ့ဲ။ ၾကံၾကံဖန္ဖန္ ျဖစ္လာၿပီျဖစ္လို႔ ေပ်ာ္ရႊင္စြာလစ္သည္ေပါ့။ ဟိုမွာလည္း စာႀကိဳးစား၍ ေနာက္တဆင့္ဆက္တက္ခြင့္ျပဳရာ စစ္ရံုးမွခြင့္မျပဳ၍ ျပန္လာရပါသည္။ သူျပန္ေျပာျပသည္မ်ားထဲမွ မာဂရက္သက္ခ်ာ ေရြးေကာက္ပြဲဝင္ၿပီး ႏိုင္သည့္အေၾကာင္းႏွင့္ BoneyM အဖြဲ႔ရဲ႕ Brown girl in the rain သီခ်င္း mtv ဘယ္ေလာက္ၾကည့္ေကာင္းေၾကာင္းမ်ား မွတ္မိေနပါသည္။
.
ဤေနရာမွာ အေရးႀကီးတာ လာပါၿပီ။ အကိုႀကိဳးစား၍ ေလ့လာရမည့္စာ တရြက္မပါတာေတာင္ နံပတ္၆ရေအာင္ ေျဖသြားသည္။ ကံက ေ႐ွ႕လူငါးဦးကို ဖယ္ေပးလိုက္သည္။ ထိုငါးဦးႏွင့္ ဂ်ီအီးတပ္မွ အရာ႐ွိမ်ား၊ အင္ဂ်င္နီယာၫႊန္မႉး ဒုဗိုလ္မႉးႀကီးအပါအဝင္ အားလံုးကို အပစ္မ႐ွိဟုသတ္မွတ္ေပးလိုက္ပါသည္။ မဂၤလာဒံုဂ်ီအီးတပ္မွ အရာခံဗိုလ္ႏွင့္ တပ္ၾကပ္ေလးငါးဦးသာ အိမ္တြင္ ကားဝယ္ထားေၾကာင္း၊ ေရခဲေသတၱာပိုင္ေၾကာင္း၊ ေလေအးစက္တပ္ထားေၾကာင္း သတင္းစာေတြထဲအထိပါေအာင္ အမႈလုပ္ကာ အပစ္ေပးခံခ့ဲရပါသည္။
.
အဓိက အေရးအႀကီးဆံုးမွာ ကံ မည္သို႔ပင္႐ွိေစ၊ ႀကိဳးစားဖို႔ပါဘဲ။ ႀကိဳးစားေနသူအတြက္ ကံေကာင္းျခင္းေရာက္လာေစပါတယ္။

XxXxXx

(Unicode version)

   စာမေးပွဲသည် ဘဝတခုအတွက် အဆုံးအဖြတ် မဟုတ်ကြောင်း သိတာလေးတခု ပြောပါဦးမည်။ ကံဉာဏ်ဝီရိယ သုံးခုအပေါ်မူတည်သဖြင့် မိမိတတ်နိုင်သည့် ကြိုးစားမှုကို အကောင်းဆုံး စိုက်ထုတ်ဖို့လိုတာ ပြောလိုရင်းပါ။
.
အကိုဝမ်းကွဲတယောက် အကြောင်းပါ။ စာအလွန်ကြိုးစားပါသည်။ RIT တွင် civil တက်ပါသည်။ စာမေးပွဲတခုဖြေပြီး၍ အဆင့် ၁ ၂ ၃ ထဲမဝင်လျှင် နောက်တကြိမ်အတွက် တောက်လျောက်စာကြည့်သည့်သူမျိုးဖြစ်သည်။
.
ကျောင်းပြီးသောအခါ စစ်တပ်ဖက်လျောက်၍ G.E.တပ်တွင် ဗိုလ်ကြီးဖြစ်လာပါသည်။ ၇၆ ၇၇ခန့်တွင်ဖြစ်မည်။ တပ်မှ ရှားရှားပါးပါး အင်္ဂလန်နိုင်ငံ အင်ပီးရီးရယ်ကောလိပ်သို့ ပညာတော်သင်လွှတ်မည်ဖြစ်၍ ရန်ကုန်သို့ ဗိုလ်ကြီးဆယ်ယောက်ခန့်ကို စာမေးပွဲလာဖြေဖို့ အကြောင်းကြားသည်။ အင်မတန် ပညာသင်ချင်သောသူ နာမည်ကြီးကျောင်းသို့ တက်ချင်ဇောဖြင့် သေချာလေ့လာပြီး လာဖြေပါသည်။
.
ဖြေခါနီး သူငယ်ချင်းတွေဆုံမှ သိရတော့သည်။ လေ့လာဖို့ ပေးလိုက်သောစာရင်းနှစ်ရွက်တွင် သူ့ထံသို့ တရွက်သာရောက်ပြီး တရွက်ကျန်ခ့ဲသည်။ ဒုတိယစာရွက်မှ အကြောင်းအရာများကို မလေ့လာခ့ဲရသဖြင့် စာမေးပွဲအကုန်မဖြေနိုင်ခ့ဲ။ သူ့ဝသီအတိုင်း ဆဲဆိုပြီး မိခင်တပ်ပြန်သွားသည်။
.
အောင်စာရင်းထွက်တော့ အဆင့်၆။ လွှတ်မှာက တယောက်၊ အရန်နှစ်ယောက်စာရင်းတွင်ပင်မပါရာ လုံးဝစိတ်ပင်မကူးတော့ပါတ့ဲ။ ထိုအချိန်တွင် လုံးဝမမျှော်လင့်သည်များ ဖြစ်လာသည်။ ရာထူးအသစ်ရလာသည့် စစ်ထောက်ချုပ်က ဂျီအီးတပ်များ အလွဲသုံးစားမှုများလွန်း၍ဆိုကာ တပြည်လုံးရှိ ဂျီအီးတပ်များကို စစ်ဆေးခိုင်းတော့သည်။
.
တောင်ငူရှိ အကိုထံသို့လည်း လာစစ်သည်။ ပျင်းရင်နားထောင်ဖို့ ဝယ်ထားသည့် ရေဒီယိုတလုံးသာတွေ့သည်။ ကက်ဆက်ပင်မပါ။ အိမ် ကား အခြားပိုင်ဆိုင်မှုလည်း ဘာမှမတွေ့၍ ရေဒီယိုကိုပင် စာရင်းထဲမထည့်တော့ပါဟု လာစစ်သူများက ပြောသွားသေးသတ့ဲ။
.
များမကြာမှီ ရန်ကုန်စစ်ရုံးမှ လှမ်းခေါ်ပါသည်။ စာမေးပွဲဖြေထားသူ သူ့ရှေ့မှ အင်ဂျင်နီယာဗိုလ် ငါးဦးလုံး အစစ်ခံစရာရှိ၍ ပညာတော်သင် သူ့ကိုရွေးလိုက်ပြီတ့ဲ။ ကြံကြံဖန်ဖန် ဖြစ်လာပြီဖြစ်လို့ ပျော်ရွှင်စွာလစ်သည်ပေါ့။ ဟိုမှာလည်း စာကြိုးစား၍ နောက်တဆင့်ဆက်တက်ခွင့်ပြုရာ စစ်ရုံးမှခွင့်မပြု၍ ပြန်လာရပါသည်။ သူပြန်ပြောပြသည်များထဲမှ မာဂရက်သက်ချာ ရွေးကောက်ပွဲဝင်ပြီး နိုင်သည့်အကြောင်းနှင့် BoneyM အဖွဲ့ရဲ့ Brown girl in the rain သီချင်း mtv ဘယ်လောက်ကြည့်ကောင်းကြောင်းများ မှတ်မိနေပါသည်။
.
ဤနေရာမှာ အရေးကြီးတာ လာပါပြီ။ အကိုကြိုးစား၍ လေ့လာရမည့်စာ တရွက်မပါတာတောင် နံပတ်၆ရအောင် ဖြေသွားသည်။ ကံက ရှေ့လူငါးဦးကို ဖယ်ပေးလိုက်သည်။ ထိုငါးဦးနှင့် ဂျီအီးတပ်မှ အရာရှိများ၊ အင်ဂျင်နီယာညွှန်မှူး ဒုဗိုလ်မှူးကြီးအပါအဝင် အားလုံးကို အပစ်မရှိဟုသတ်မှတ်ပေးလိုက်ပါသည်။ မင်္ဂလာဒုံဂျီအီးတပ်မှ အရာခံဗိုလ်နှင့် တပ်ကြပ်လေးငါးဦးသာ အိမ်တွင် ကားဝယ်ထားကြောင်း၊ ရေခဲသေတ္တာပိုင်ကြောင်း၊ လေအေးစက်တပ်ထားကြောင်း သတင်းစာတွေထဲအထိပါအောင် အမှုလုပ်ကာ အပစ်ပေးခံခ့ဲရပါသည်။
.
အဓိက အရေးအကြီးဆုံးမှာ ကံ မည်သို့ပင်ရှိစေ၊ ကြိုးစားဖို့ပါဘဲ။ ကြိုးစားနေသူအတွက် ကံကောင်းခြင်းရောက်လာစေပါတယ်။ 

30 June 2018

ပညာဆိုတာ ပြန့်ပွားဖို့ပါ၊




(Unicode version )



   လူသားတွေ ပေါ်လာပြီးနောက် နေမကောင်းထိုင်မသာ ဖြစ်ကြမှာပါဘဲ။ ဒါတွေဖြစ်ရင် ပျောက်ကင်းသွားအောင် ကုသပေးတ့ဲ ပညာလည်း တဖြေးဖြေးပေါ်လာပြီး ထွန်းကားလာတာပါ။ ဆရာဝန်ခေါ် သမားတော်တွေ ဖြစ်လာတာပေါ့။ ပြောချင်တာက ဆေးဝါးသုံးပြီးကုသတ့ဲအကြောင်းဖြစ်ပြီး တန်ခိုးနဲ့ကုသတ့ဲ ပျောက်စေဆရာတွေ မပါပါ။

.

အရှေ့တိုင်းမှာ ဘုရားဇတ်တော်တွေထဲက ဇီဝကဆို ထူးချွန်ခ့ဲတ့ဲ သမားတော်ကြီးပါ။ သူ့နောက်မှာလည်း ထူးချွန်တ့ဲ သမားတော်တွေ ရှိနေမှာပါဘဲ။ အန္ဒိယ တရုပ်တို့လိုဘဲ မြန်မာပြည်မှာလည်း တော်တ့ဲ သမားတော်တွေ ရှိခ့ဲကြမှာပါ။ ဘာဖြစ်လို့ ခုချိန်မှာ ရှေးခေတ်ထက် ပိုမိုထွန်းကားနေတ့ဲ မြန်မာ့ဆေးပညာ မရှိတော့တာလဲ။ ထင်တာကတော့ စံနစ်တကျ ပညာကို လက်ဆင့်မကမ်းခ့ဲ၊ သင်မပေးခ့ဲကြလို့ပါဘဲ။ တချို့ဆို ဖွက်တောင်ဖွက်ကြသေးသတ့ဲ။

.

လွန်ခ့ဲသောနှစ် ၂၄၀၀ခန့်က အနောက်တိုင်းမှာလည်း ဆေးပညာ စဖွံ့ဖြိုးခ့ဲပါတယ်။ အဲဒီအချိန်က အရှေ့နဲ့အနောက် အဆင့်သိတ်ကွာမယ် မထင်ပါ။ အဲဒီအချိန် ဂရိနိုင်ငံမှာ ဆေးပညာသင်ကြားမှု စတင်ခ့ဲပြီး ဟစ်ပိုကရိတ် သို့မဟုတ် ဟစ်ပိုကရေးတီးက ဆေးကုသူတွေ ဆိုရမယ့်သစ္စာတောင် ပြုစုပေးခ့ဲပါတယ်။ ဆေးပညာကို လက်ဆင့်ကမ်း စံနစ်တကျ သင်ပေးခ့ဲကြတာ အခုဘယ်လောက် ဖွံ့ဖြိုးနေတာ အားလုံးအသိပါဘဲ။

.

မြန်မာပြည်မှာလဲ မြန်မာ့ဆေးနည်းတွေ တတ်သိကုသနိုင်သူတွေ ရှိဦးမှာပါ။ မိမိတတ်ထားတ့ဲ ဆေးပညာတွေကို သင်ပေးခြင်းဖြင့် ထားခ့ဲစေချင်ပါတယ်။ ရှေးအရင်က ပုဂ္ဂိုလ်တွေ ပညာဖွက်သွားကြတာ အများလုပ်စားမှာ စိုးရိမ်တာ ရာခိုင်နှုန်းတခုအထိ ပါပါလိမ့်မယ်။ အနောက်တိုင်းဆေးလောကကို ကြည့်ရင် မမှန်ကြောင်း တွေ့မှာပါ။ တက္ကသိုလ်ကြီးတွေဖွင့်ပြီး အဆင့်မှီသူတွေ တက်စေတာတောင် ဆေးဆရာဝန်တွေ လိုနေပါသေးတယ်။ မြန်မာသမားတော်တွေ အနေနဲ့လည်း အများကို ပညာပြန့်ပွားအောင် သင်ပေးရင်း မြန်မာ့ဆေးပညာ ပြန်လည်ဖွံ့ဖြိုးလာအောင် လုပ်သင့်ပါပြီ။ မဟုတ်ပါက မကြာခင်အတွင်း ကွယ်ပျောက်သွားနိုင်ကြောင်းပါဗျာ။


XxXxXx

(Zawgyi version)

   လူသားေတြ ေပၚလာၿပီးေနာက္ ေနမေကာင္းထိုင္မသာ ျဖစ္ၾကမွာပါဘဲ။ ဒါေတြျဖစ္ရင္ ေပ်ာက္ကင္းသြားေအာင္ ကုသေပးတ့ဲ ပညာလည္း တေျဖးေျဖးေပၚလာၿပီး ထြန္းကားလာတာပါ။ ဆရာဝန္ေခၚ သမားေတာ္ေတြ ျဖစ္လာတာေပါ့။ ေျပာခ်င္တာက ေဆးဝါးသံုးၿပီးကုသတ့ဲအေၾကာင္းျဖစ္ၿပီး တန္ခိုးနဲ႔ကုသတ့ဲ ေပ်ာက္ေစဆရာေတြ မပါပါ။
.
အေ႐ွ႕တိုင္းမွာ ဘုရားဇတ္ေတာ္ေတြထဲက ဇီဝကဆို ထူးခြၽန္ခ့ဲတ့ဲ သမားေတာ္ႀကီးပါ။ သူ႔ေနာက္မွာလည္း ထူးခြၽန္တ့ဲ သမားေတာ္ေတြ ႐ွိေနမွာပါဘဲ။ အႏၵိယ တ႐ုပ္တို႔လိုဘဲ ျမန္မာျပည္မွာလည္း ေတာ္တ့ဲ သမားေတာ္ေတြ ႐ွိခ့ဲၾကမွာပါ။ ဘာျဖစ္လို႔ ခုခ်ိန္မွာ ေ႐ွးေခတ္ထက္ ပိုမိုထြန္းကားေနတ့ဲ ျမန္မာ့ေဆးပညာ မ႐ွိေတာ့တာလဲ။ ထင္တာကေတာ့ စံနစ္တက် ပညာကို လက္ဆင့္မကမ္းခ့ဲ၊ သင္မေပးခ့ဲၾကလို႔ပါဘဲ။ တခ်ိဳ႕ဆို ဖြက္ေတာင္ဖြက္ၾကေသးသတ့ဲ။
.
လြန္ခ့ဲေသာႏွစ္ ၂၄၀၀ခန္႔က အေနာက္တိုင္းမွာလည္း ေဆးပညာ စဖြံ႔ၿဖိဳးခ့ဲပါတယ္။ အဲဒီအခ်ိန္က အေ႐ွ႕နဲ႔အေနာက္ အဆင့္သိတ္ကြာမယ္ မထင္ပါ။ အဲဒီအခ်ိန္ ဂရိႏိုင္ငံမွာ ေဆးပညာသင္ၾကားမႈ စတင္ခ့ဲၿပီး ဟစ္ပိုကရိတ္ သို႔မဟုတ္ ဟစ္ပိုကေရးတီးက ေဆးကုသူေတြ ဆိုရမယ့္သစၥာေတာင္ ျပဳစုေပးခ့ဲပါတယ္။ ေဆးပညာကို လက္ဆင့္ကမ္း စံနစ္တက် သင္ေပးခ့ဲၾကတာ အခုဘယ္ေလာက္ ဖြံ႔ၿဖိဳးေနတာ အားလံုးအသိပါဘဲ။
.
ျမန္မာျပည္မွာလဲ ျမန္မာ့ေဆးနည္းေတြ တတ္သိကုသႏိုင္သူေတြ ႐ွိဦးမွာပါ။ မိမိတတ္ထားတ့ဲ ေဆးပညာေတြကို သင္ေပးျခင္းျဖင့္ ထားခ့ဲေစခ်င္ပါတယ္။ ေ႐ွးအရင္က ပုဂၢိဳလ္ေတြ ပညာဖြက္သြားၾကတာ အမ်ားလုပ္စားမွာ စိုးရိမ္တာ ရာခိုင္ႏႈန္းတခုအထိ ပါပါလိမ့္မယ္။ အေနာက္တိုင္းေဆးေလာကကို ၾကည့္ရင္ မမွန္ေၾကာင္း ေတြ႔မွာပါ။ တကၠသိုလ္ႀကီးေတြဖြင့္ၿပီး အဆင့္မွီသူေတြ တက္ေစတာေတာင္ ေဆးဆရာဝန္ေတြ လိုေနပါေသးတယ္။ ျမန္မာသမားေတာ္ေတြ အေနနဲ႔လည္း အမ်ားကို ပညာျပန္႔ပြားေအာင္ သင္ေပးရင္း ျမန္မာ့ေဆးပညာ ျပန္လည္ဖြံ႔ၿဖိဳးလာေအာင္ လုပ္သင့္ပါၿပီ။ မဟုတ္ပါက မၾကာခင္အတြင္း ကြယ္ေပ်ာက္သြားႏိုင္ေၾကာင္းပါဗ်ာ။ 

22 June 2017

အသက်မွေးဝမ်းကျောင်းပညာ

(Unicode version)

     အသက်မွေးဝမ်းကျောင်းပညာနှင့် ပတ်သက်၍ ဒေါ်စုပြောစကားအပေါ် ဖွနေတာ တွေ့ရပါသည်။ ဘွဲ့နှင့် အသက်မွေးဝမ်းကျောင်းပညာ ဘယ်ကမြင့်သလည်း ဇဝေဇဝါ ဖြစ်ကုန်ကြပါသည်။ တကယ်က အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်တွင်လည်း ဘွဲ့သာမက မာစတာ ဒေါက်တာဘွဲ့အထိ ရှိပါသည်။ ဟိုတယ်အခန်း ပြင်ဆင်တတ်ယုံ၊ တွင်ခုံခုတ်တတ်ယုံလောက်ကိုသာ သက်မွေးဝမ်းကျောင်းပညာဟု ခေါ်တာမဟုတ်ကြောင်း သိစေလိုပါသည်။

.

မဆလခေတ်တွင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်များကို အင်္ဂလိပ်လို Institute ဟု သုံးပါသည်။ Institute of Medicine, Rangoon Institute of Technology ဟု ခေါ်ခ့ဲပါသည်။ အခြား စိုက်ပျိုးရေး စီးပွားရေး မွေးမြူရေး တက္ကသိုလ်များကိုလည်း အင်္ဂလိပ်လို Institute ဟုသာ ခေါ်ဆိုခ့ဲပါသည်။ မြန်မာလို ဘွဲ့ရတာချင်းတူသော်လည်း အလုပ်ရလွယ်မှုအပေါ် မူတည်၍ ဝင်ခွင့်အမှတ် မြင့်လာခ့ဲပါသည်။ ရှေးယခင်က အမြင့်ဆုံးဖြစ်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ဘွဲ့များမှာ နိမ့်သလို ဖြစ်ခ့ဲရပါသည်။

.

ယနေ့ထက်တိုင် မြန်မာအများစုသည် ပညာတတ်စရာမလို၊ ဘွဲ့ရရင် ကြေနပ်နေဆဲ ဖြစ်ပါသည်။ တချို့ဆိုလျင် လေးနှစ်အချိန်ကုန်ခံ ငွေကုန်ခံပြီး ဘွဲ့ယူကြသည်။ နောက်ပိုင်း စာပေးစာယူ (ယခု အဝေးသင်) ပေါ်လာတော့ ဘွဲ့ယူရတာ ပိုလွယ်သွားသည်။ မိမိ အဓိကယူသည့် မေဂျာအမည်ကို အင်္ဂလိပ်လို မသိသည့် ဘွဲ့ရများ ပေါ်ထွက်လာသည်အထိ ဝမ်းနည်းဖွယ် ကောင်းခ့ဲပါသည်။ ဤအဖြစ်များကို ဗိုလ်ချုပ်နေဝင်း အာဏာယူချိန်မှစ၍ ပျက်သည်ဟု စွပ်စွြဲကတာ မှန်သော်လည်း ပညာတတ်ဖို့ထက် ဘွဲ့ရဖို့က ပိုအဓိကဖြစ်နေသော မြန်မာတို့ရဲ့ ဓလေ့ထုံးစံကြောင့်လည်း ပါပါသည်။

.

အင်္ဂလန်တို့ အမေရိကန်တို့မှာတောင် မြန်မာပြည်လောက် ဘွဲ့ရအရည်အတွက် များရဲ့လား သံသယဖြစ်မိသည်။ ရှေးအင်္ဂလိပ်ခေတ်က မြန်မာပြည်တွင် ဘွဲ့ရရှားပါးသည်။ ဘွဲ့ရပါက ရာထူးရာခံရ၍ လူတန်းစေ့ နေနိုင်သဖြင့် ဘွဲ့ကို တန်ဖိုးထားခဲ့ကြသည်။ နောက်ပိုင်းတွင် ဘွဲ့ရများပြီး အလုပ်မပေးနိုင်သဖြင့် ဘွဲ့ရအလုပ်လက်မ့ဲ များလာသော်လည်း မြန်မာများကား ဘွဲ့ကို မက်မောနေဆဲပင်။

.

ကမ်ဘာကျော် ရုပ်ရှင်မင်းသားများ မင်းသမီးများ ၊ အားကစား ဘောလုံးသမားများ ဘွဲ့ရတာ မရှိသလောက်ပါ။ မိမိအလုပ်တွင် ကျွမ်းကျင်လျှင် အောင်မြင်တာဘဲ ဖြစ်သည်။ အပြောများသည့် ဘီလ်ဂိတ်တို့လို အိုင်တီလောကမှ ပဂေးကြီးတွေ ဘွဲ့မရခ့ဲကြပါ။ ဘွဲ့ရလျှင် မကောင်းဘူးလား၊ ကောင်းပါသည်။ သို့သော် ဘွဲ့ရပြီး ဘာမှမတတ်တာနှင့် စာလျှင် အသက်မွေးဝမ်းကျောင်း ပညာတခု တတ်တာက ပိုကောင်းမည် ထင်ပါသည်။ မြန်မာပြည်တွင်လည်း ချမ်းသာ အောင်မြင်နေသူများထဲ ဘွဲ့ရသူ ဘယ်လောက်ရှိမလည်း။ မိမိရသည့် ဘွဲ့နှင့် မဆိုင်သော အလုပ်တွင် အောင်မြင်နေသူရော ဘယ်လောက်များမလည်း။

.

ဒေါ်စုက ကမ်ဘာ့အခြေအနေကို မြင်၍ မြန်မာပြည် လိုအပ်ချက်အတွက် အသက်မွေးပညာတတ်သူ ပညာရှင်များ လိုအပ်နေတာကို ဖြည့်ဖို့ ပြောခ့ြဲခင်း ဖြစ်ပါလိမ့်မည်။ တမင်တကာ အကျအနကောက်၍ က့ဲရဲ့စကားဆိုနေသူများကို ပြန်မရှင်းလိုပါ။ ထိုသူများစကား (အထူးသဖြင့် ဖွဘုတ်ပေါ်မှ) နဝေတိမ်တောင် ဖြစ်နေသူများ အမြင်ရှင်းစေရန် အတွက်ဖြစ်ကြောင်းပါ။ ။


XxXxXx

(Zawgyi version )

    အသက္ေမြးဝမ္းေက်ာင္းပညာႏွင့္ ပတ္သက္၍ ေဒၚစုေျပာစကားအေပၚ ဖြေနတာ ေတြ႔ရပါသည္။ ဘြဲ႔ႏွင့္ အသက္ေမြးဝမ္းေက်ာင္းပညာ ဘယ္ကျမင့္သလည္း ဇေဝဇဝါ ျဖစ္ကုန္ၾကပါသည္။ တကယ္က အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ ပညာရပ္တြင္လည္း ဘြဲ႔သာမက မာစတာ ေဒါက္တာဘြဲ႔အထိ ႐ွိပါသည္။ ဟိုတယ္အခန္း ျပင္ဆင္တတ္ယံု၊ တြင္ခံုခုတ္တတ္ယံုေလာက္ကိုသာ သက္ေမြးဝမ္းေက်ာင္းပညာဟု ေခၚတာမဟုတ္ေၾကာင္း သိေစလိုပါသည္။
.
မဆလေခတ္တြင္ သက္ေမြးဝမ္းေက်ာင္း တကၠသိုလ္မ်ားကို အဂၤလိပ္လို Institute ဟု သံုးပါသည္။ Institute of Medicine, Rangoon Institute of Technology ဟု ေခၚခ့ဲပါသည္။ အျခား စိုက္ပ်ိဳးေရး စီးပြားေရး ေမြးျမဴေရး တကၠသိုလ္မ်ားကိုလည္း အဂၤလိပ္လို Institute ဟုသာ ေခၚဆိုခ့ဲပါသည္။ ျမန္မာလို ဘြဲ႔ရတာခ်င္းတူေသာ္လည္း အလုပ္ရလြယ္မႈအေပၚ မူတည္၍ ဝင္ခြင့္အမွတ္ ျမင့္လာခ့ဲပါသည္။ ေ႐ွးယခင္က အျမင့္ဆံုးျဖစ္ေသာ ဝိဇၨာသိပၸံတကၠသိုလ္မွ ဘြဲ႔မ်ားမွာ နိမ့္သလို ျဖစ္ခ့ဲရပါသည္။
.
ယေန႔ထက္တိုင္ ျမန္မာအမ်ားစုသည္ ပညာတတ္စရာမလို၊ ဘဲြ႔ရရင္ ေၾကနပ္ေနဆဲ ျဖစ္ပါသည္။ တခ်ိဳ႕ဆိုလ်င္ ေလးႏွစ္အခ်ိန္ကုန္ခံ ေငြကုန္ခံၿပီး ဘြဲ႔ယူၾကသည္။ ေနာက္ပိုင္း စာေပးစာယူ (ယခု အေဝးသင္) ေပၚလာေတာ့ ဘြဲ႔ယူရတာ ပိုလြယ္သြားသည္။ မိမိ အဓိကယူသည့္ ေမဂ်ာအမည္ကို အဂၤလိပ္လို မသိသည့္ ဘြဲ႔ရမ်ား ေပၚထြက္လာသည္အထိ ဝမ္းနည္းဖြယ္ ေကာင္းခ့ဲပါသည္။ ဤအျဖစ္မ်ားကို ဗိုလ္ခ်ဳပ္ေနဝင္း အာဏာယူခ်ိန္မွစ၍ ပ်က္သည္ဟု စြပ္စြၾဲကတာ မွန္ေသာ္လည္း ပညာတတ္ဖို႔ထက္ ဘြဲ႔ရဖို႔က ပိုအဓိကျဖစ္ေနေသာ ျမန္မာတို႔ရဲ႕ ဓေလ့ထံုးစံေၾကာင့္လည္း ပါပါသည္။
.
အဂၤလန္တို႔ အေမရိကန္တို႔မွာေတာင္ ျမန္မာျပည္ေလာက္ ဘြဲ႔ရအရည္အတြက္ မ်ားရဲ႕လား သံသယျဖစ္မိသည္။ ေ႐ွးအဂၤလိပ္ေခတ္က ျမန္မာျပည္တြင္ ဘြဲ႔ရ႐ွားပါးသည္။ ဘြဲ႔ရပါက ရာထူးရာခံရ၍ လူတန္းေစ့ ေနႏိုင္သျဖင့္ ဘြဲ႔ကို တန္ဖိုးထားခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ဘြဲ႔ရမ်ားၿပီး အလုပ္မေပးႏိုင္သျဖင့္ ဘြဲ႔ရအလုပ္လက္မ့ဲ မ်ားလာေသာ္လည္း ျမန္မာမ်ားကား ဘြဲ႔ကို မက္ေမာေနဆဲပင္။
.
ကမ႓ာေက်ာ္ ႐ုပ္႐ွင္မင္းသားမ်ား မင္းသမီးမ်ား ၊ အားကစား ေဘာလံုးသမားမ်ား ဘြဲ႔ရတာ မ႐ွိသေလာက္ပါ။ မိမိအလုပ္တြင္ ကြၽမ္းက်င္လွ်င္ ေအာင္ျမင္တာဘဲ ျဖစ္သည္။ အေျပာမ်ားသည့္ ဘီလ္ဂိတ္တို႔လို အိုင္တီေလာကမွ ပေဂးႀကီးေတြ ဘြဲ႔မရခ့ဲၾကပါ။ ဘြဲ႔ရလွ်င္ မေကာင္းဘူးလား၊ ေကာင္းပါသည္။ သို႔ေသာ္ ဘြဲ႔ရၿပီး ဘာမွမတတ္တာႏွင့္ စာလွ်င္ အသက္ေမြးဝမ္းေက်ာင္း ပညာတခု တတ္တာက ပိုေကာင္းမည္ ထင္ပါသည္။ ျမန္မာျပည္တြင္လည္း ခ်မ္းသာ ေအာင္ျမင္ေနသူမ်ားထဲ ဘြဲ႔ရသူ ဘယ္ေလာက္႐ွိမလည္း။ မိမိရသည့္ ဘြဲ႔ႏွင့္ မဆိုင္ေသာ အလုပ္တြင္ ေအာင္ျမင္ေနသူေရာ ဘယ္ေလာက္မ်ားမလည္း။
.
ေဒၚစုက ကမ႓ာ့အေျခအေနကို ျမင္၍ ျမန္မာျပည္ လိုအပ္ခ်က္အတြက္ အသက္ေမြးပညာတတ္သူ ပညာ႐ွင္မ်ား လိုအပ္ေနတာကို ျဖည့္ဖို႔ ေျပာခ့ျဲခင္း ျဖစ္ပါလိမ့္မည္။ တမင္တကာ အက်အနေကာက္၍ က့ဲရဲ႕စကားဆိုေနသူမ်ားကို ျပန္မ႐ွင္းလိုပါ။ ထိုသူမ်ားစကား (အထူးသျဖင့္ ဖြဘုတ္ေပၚမွ) နေဝတိမ္ေတာင္ ျဖစ္ေနသူမ်ား အျမင္႐ွင္းေစရန္ အတြက္ျဖစ္ေၾကာင္းပါ။ ။ 

18 March 2015

လူတိုင်​းအတွက်​ ပညာ​ရေး - ၂

(Unicode version )

ပညာ​ရေးနှင်​့ ပတ်​သက်​၍ ဆက်​​ပြောချင်​ပါ​သေးသည်​။ sensitive issue ဖြစ်​သည်​့ မိခင်​ဘာသာဖြင်​့ ပထမဦးစား​ပေး သင်​ကြားသင်​့သည်​ ဆိုသည်​ကို ​ဆွေး​နွေးချင်​ပါသည်​။ ဒါကို အမျိုးမျိုး အဓိပ္ပါယ်​ဖွင်​့၍ အပစ်​​ပြော​နေသူ​တွေလည်​းရှိသည်​။ ကျွန်​​တော်​့တဦးတည်​းအ​နေဖြင်​့ သ​ဘောတခြမ်​းတူသည်​။ မတူသည်​့တခြမ်​းက များစွာ​သော အခက်​အခဲများ​ကြောင်​့ဖြစ်​သည်​။ တရွာထဲတွင်​ လူမျိုးနှစ်​မျိုး​နေ​သောရွာ​တွေ မြန်​မာပြည်​ တွင်​ အများကြီးရှိသည်​။ သက်​ဆိုင်​ရာ ဘာသာစကားတတ်​​သော ဆရာများ လိုပါလိမ်​့မည်​။ လူများစု ဘာသာဘဲ သင်​မည်​ဆိုကာကလည်​း လူမျိုး​ရေး ပြဿနာများ တက်​လာနိုင်​သည်​။ ပြည်​မမြို့များတွင်​​တော့ ဒီကိစ္စ အ​ရေးမကြီး​သော်​လည်​း ပြည်​နယ်​များရှိ ရွာများတွင်​ ​သေချာ​ပေါက်​ ပြဿနာ။



ဒီကိစ္စကို မလိုသူ​တွေက ​ပြော​သေးသည်​။ တိုင်​းရင်​းသားဘာသာများဖြင်​့ ​ကျောင်​းသုံး စာအုပ်​အားလုံးကို ဘယ်​လို ဘာသာပြန်​နိုင်​မလဲတ့ဲ။ အထူးသဖြင်​့ အစိုးရသတင်​းစာပါ ​ဆောင်​းပါးမှာ ​တွေ့ရသည်​။ ကျွန်​​တော်​့အယူအဆက သူငယ်​တန်​းလို ပထမဆုံးသင်​ရသည်​့အတန်​းတွင်​ က​လေးများကို မိခင်​ဘာသာစကားနှင်​့ စာလဲ (ရှိလျှင်​)သင်​ ၊ မြန်​မာစာလဲ သင်​​စေချင်​သည်​။ ဤသို့လုပ်​နိုင်​ရန်​အတွက်​ ​ဒေသခံ စကား​ပြောသူများကို ရှစ်​တန်​း​လောက်​​အောင်​လျှင်​ ဆရာပြန်​ခန်​့ရမည်​။ ရွာကြီး၊ လူဦး​ရေများလျှင်​ ဘာသာမတူသူများ နှစ်​ခန်​းခွဲ၍ သင်​နိုင်​ပါသည်​။ ဘာသာစကား များပြားသည်​့ရွာများတွင်​ အများသုံး နှစ်​မျိုး​လောက်​ကိုသာ အများဆုံးဖြတ်​၍ သင်​ရပါမည်​။ လက်​​တွေ့တွင်​ မလွယ်​ကူမှန်​းသိ​သော်​လည်​း မိခင်​ဘာသာဖြင်​့ သင်​လိုလျှင်​ ဤနည်​းသာရှိပါသည်​။ တိုင်​းရင်​းသားများ မြန်​မာစာတတ်​ရန်​ တနှစ်​ဖြင်​့ မလုံ​လောက်​ပါက ပထမတန်​းအထိ သင်​နိုင်​ပါသည်​။ သချာၤနှင်​့ အခြားသိသင်​့သည်​များကို နှစ်​ဘာသာဖြင်​့ သင်​​ပေးပါ။ ကြီးကြီးကျယ်​ကျယ်​ အလွတ်​ရွတ်​ရသည်​့ စာများမသင်​သင်​့ပါ။ ဒုတိယတန်​း​လောက်​မှ စ၍သာ မြန်​မာဘာသာဖြင်​့သာ သင်​သင်​့ပါသည်​။ ဤကိစ္စ မလွယ်​သည်​့အတွက်​ ပညာ​ရေးဌာနသည်​ လွတ်​လပ်​​ရေးရကတည်​းက အ​ကောင်​အထည်​မ​ဖော်​ခ့ဲခြင်​း ဖြစ်​နိုင်​သည်​ကို အ​လေးထားရပါမည်​။ တိုင်​းပြည်​ချမ်​းသာတ့ဲတ​နေ့ တမျိုး​ပေါ့​လေ။



​နောက်​တခုမှာ ပညာ​ရေး ဥပ​ဒေတွင်​ ကိုးကွယ်​သည်​့ ဘာသာသင်​​ကျောင်​းများနှင်​ ့ မပတ်​သက်​ရပါ။ မ​နေ့က​ပြောခ့ဲသည်​့ မစ်​ရှင်​​ကျောင်​းများကို ထိုကိစ္စရှင်​းလျှင်​ ပြန်​​ပေးဖွင်​့သင်​့သည်​။ ဒီဘက်​​ခေတ်​တွင်​ ဘက​ကျောင်​းများစွာ ​ပေါ်လာ၍ ​ဗုဒ္ဓဘာသာသင်​ဖို့ မဟုတ်​ရပါ။ သာသနာတက္ကသိုလ်​အထိ ဤဥပ​ဒေနှင်​့ မဆိုင်​ပါ။ ဘာသာ​ရေး​ကျောင်​းများအတွက်​ သီးခြားဥပ​ဒေ ရှိရပါမည်​။



​နောက်​ ​ကျောင်​းများတွင်​ အတန်​းငယ်​စဉ်​၌ နီတိ ပြန်​သင်​သင်​့ပါသည်​။ ဘာသာ​ရေးကဲ​သော နီတိမဟုတ်​ဘဲ ​ခေတ်​လူ​နေမှုနှင်​့ တိုက်​ရိုက်​ပတ်​သက်​​သော နီတိ ပြန်​ပြုစု၍ သင်​သင်​့ပါသည်​။ အမှိုက်​ပစ်​ခြင်​း၊ တံ​တွေး​ထွေးခြင်​း၊ ယာဉ်​စည်​းကမ်​း လမ်​းစည်​းကမ်​း လိုက်​နာခြင်​းနှင်​့ နှစ်​ဦးထက်​ပိုသည်​နှင်​့ တန်​းစီခြင်​းလို အကျင်​့မျိုးများကို ငယ်​စဉ်​ကသင်​မှ ရပါ​တော့မည်​။ တိုင်​းရင်​းသားဘာသာများဖြင်​့လည်​း နီတိကိုသင်​နိုင်​ပါသည်​။ မြန်​မာပြည်​မှ ​နောက်​ပိုင်​းလူငယ်​များ ရိုင်​းလာရခြင်​းမှာ စီးပွား​ရေး အဆင်​မ​ပြေမှုပါသလို နီတိမသင်​​သော​ကြောင်​့ဟုလည်​း ကျွန်​​တော်​ထင်​မိသည်​။



အဆင်​့မြင်​့ တက္ကသိုလ်​များတွင်​ သင်​မည်​့ ဘာသာရပ်​များကိုလဲ တိုင်​းပြည်​လိုအပ်​ချက်​အ​ပေါ် မူတည်​၍ ​ပြောင်​း​နေရပါမည်​။ ကျွန်​​တော်​ပတ်​သက်​​သော အပိုင်​းဖြင်​့ ဥပမာ ​ပေးပါရ​စေ။ စက်​မှုပညာရပ်​များအတွက်​ ဘွဲ့ရအဆင်​့ B.E အဆင်​့၊ ဒီပလိုမာ AGTI အဆင်​့၊ အ​ခြေခံလက်​မှတ်​ရအဆင်​့ THS ဆင်​းများ တနှစ်​မည်​မျှလိုသည်​ကို ခန်​့မှန်​း၍ ​ကျောင်​းဝင်​ခွင်​့ ​ခေါ်ရပါမည်​။ လွန်​ခ့ဲ​သော နှစ်​အစိတ်​ခန်​့မှစ၍ BE ရယ်​ GTI ရယ်​ THS ရယ်​ ခွဲမသိသည်​့သူက စီမံခန်​့ခွဲလိုက်​​သောအခါ B.E ဘွဲ့ရပါလျှက်​ THS အဆင်​့ဖြင်​့ အလုပ်​ဝင်​​နေရသည်​ကို ဝမ်​းနည်​းစွာ ​တွေ့​နေရပါပြီ။ ပိုဆိုးသည်​မှာ B.E ဘွဲ့သာ ရလာတယ်​၊ ​ရှေး THS ဆင်​း​လောက်​​တောင်​ မသိကြဟု အ​ပြောခံရခြင်​း ဖြစ်​ပါသည်​။



စဉ်​းစားမိတာတခု ​ပြောရင်​း အဆုံးသတ်​ပါရ​စေ။ ပထမအကြိမ်​ ၁၉၆၂က အာဏာသိမ်​းလိုက်​တာ ရိုးရိုးဘွဲ့ B.A , B.Sc များ ပျက်​သွား​တော့သည်​။ တန်​ဖိုးမရှိ​တော့။ ၁၉၈၈တွင်​ ဒုတိယအကြိမ်​ အာဏာသိမ်​းလိုက်​ပြန်​ရာ အင်​ဂျင်​နီယာဘာသာရပ်​ဆိုင်​ရာ B.E , AGTI ဘွဲ့ ဒီပလိုမာများ တန်​ဖိုးမရှိ​အောင်​ လုပ်​လိုက်​ပြန်​သည်​။ တတိယအကြိမ်​ အာဏာသိမ်​း​စေလို့ မဖြစ်​​တော့။ ကျန်​သည်​့ ​ဆေးပညာရပ်​များကို ဖျက်​လိုက်​လျှင်​ ကျွန်​​တော်​တို့ ​ဆေးရုံသို့ပင်​ မသွားရဲ​တော့ဘဲ အ​သေခံကြရလိမ်​့မည်​။



ယ​နေ့မှစ၍ပင်​ ပညာ​ရေးကို ပြင်​ဖို့ သင်​့ပါ​ကြောင်​း။


XxXxXx

(Zawgyi version)

ပညာ​ေရးႏွင္​့ ပတ္​သက္​၍ ဆက္​​ေျပာခ်င္​ပါ​ေသးသည္​။ sensitive issue ျဖစ္​သည္​့ မိခင္​ဘာသာျဖင္​့ ပထမဦးစား​ေပး သင္​ၾကားသင္​့သည္​ ဆိုသည္​ကို ​ေဆြး​ေႏြးခ်င္​ပါသည္​။ ဒါကို အမ်ိဳးမ်ိဳး အဓိပၸါယ္​ဖြင္​့၍ အပစ္​​ေျပာ​ေနသူ​ေတြလည္​း႐ွိသည္​။ ကြၽန္​​ေတာ္​့တဦးတည္​းအ​ေနျဖင္​့ သ​ေဘာတျခမ္​းတူသည္​။ မတူသည္​့တျခမ္​းက မ်ားစြာ​ေသာ အခက္​အခဲမ်ား​ေၾကာင္​့ျဖစ္​သည္​။ တရြာထဲတြင္​ လူမ်ိဳးႏွစ္​မ်ိဳး​ေန​ေသာရြာ​ေတြ ျမန္​မာျပည္​ တြင္​ အမ်ားႀကီး႐ွိသည္​။ သက္​ဆိုင္​ရာ ဘာသာစကားတတ္​​ေသာ ဆရာမ်ား လိုပါလိမ္​့မည္​။ လူမ်ားစု ဘာသာဘဲ သင္​မည္​ဆိုကာကလည္​း လူမ်ိဳး​ေရး ျပႆနာမ်ား တက္​လာႏိုင္​သည္​။ ျပည္​မၿမိဳ႕မ်ားတြင္​​ေတာ့ ဒီကိစၥ အ​ေရးမႀကီး​ေသာ္​လည္​း ျပည္​နယ္​မ်ား႐ွိ ရြာမ်ားတြင္​ ​ေသခ်ာ​ေပါက္​ ျပႆနာ။

ဒီကိစၥကို မလိုသူ​ေတြက ​ေျပာ​ေသးသည္​။ တိုင္​းရင္​းသားဘာသာမ်ားျဖင္​့ ​ေက်ာင္​းသံုး စာအုပ္​အားလံုးကို ဘယ္​လို ဘာသာျပန္​ႏိုင္​မလဲတ့ဲ။ အထူးသျဖင္​့ အစိုးရသတင္​းစာပါ ​ေဆာင္​းပါးမွာ ​ေတြ႔ရသည္​။ ကြၽန္​​ေတာ္​့အယူအဆက သူငယ္​တန္​းလို ပထမဆံုးသင္​ရသည္​့အတန္​းတြင္​ က​ေလးမ်ားကို မိခင္​ဘာသာစကားႏွင္​့ စာလဲ (႐ွိလွ်င္​)သင္​ ၊ ျမန္​မာစာလဲ သင္​​ေစခ်င္​သည္​။ ဤသို႔လုပ္​ႏိုင္​ရန္​အတြက္​ ​ေဒသခံ စကား​ေျပာသူမ်ားကို ႐ွစ္​တန္​း​ေလာက္​​ေအာင္​လွ်င္​ ဆရာျပန္​ခန္​႔ရမည္​။ ရြာႀကီး၊ လူဦး​ေရမ်ားလွ်င္​ ဘာသာမတူသူမ်ား ႏွစ္​ခန္​းခြဲ၍ သင္​ႏိုင္​ပါသည္​။ ဘာသာစကား မ်ားျပားသည္​့ရြာမ်ားတြင္​ အမ်ားသံုး ႏွစ္​မ်ိဳး​ေလာက္​ကိုသာ အမ်ားဆံုးျဖတ္​၍ သင္​ရပါမည္​။ လက္​​ေတြ႔တြင္​ မလြယ္​ကူမွန္​းသိ​ေသာ္​လည္​း မိခင္​ဘာသာျဖင္​့ သင္​လိုလွ်င္​ ဤနည္​းသာ႐ွိပါသည္​။ တိုင္​းရင္​းသားမ်ား ျမန္​မာစာတတ္​ရန္​ တႏွစ္​ျဖင္​့ မလံု​ေလာက္​ပါက ပထမတန္​းအထိ သင္​ႏိုင္​ပါသည္​။ သခ်ာၤႏွင္​့ အျခားသိသင္​့သည္​မ်ားကို ႏွစ္​ဘာသာျဖင္​့ သင္​​ေပးပါ။ ႀကီးႀကီးက်ယ္​က်ယ္​ အလြတ္​ရြတ္​ရသည္​့ စာမ်ားမသင္​သင္​့ပါ။ ဒုတိယတန္​း​ေလာက္​မွ စ၍သာ ျမန္​မာဘာသာျဖင္​့သာ သင္​သင္​့ပါသည္​။ ဤကိစၥ မလြယ္​သည္​့အတြက္​ ပညာ​ေရးဌာနသည္​ လြတ္​လပ္​​ေရးရကတည္​းက အ​ေကာင္​အထည္​မ​ေဖာ္​ခ့ဲျခင္​း ျဖစ္​ႏိုင္​သည္​ကို အ​ေလးထားရပါမည္​။ တိုင္​းျပည္​ခ်မ္​းသာတ့ဲတ​ေန႔ တမ်ိဳး​ေပါ့​ေလ။

​ေနာက္​တခုမွာ ပညာ​ေရး ဥပ​ေဒတြင္​ ကိုးကြယ္​သည္​့ ဘာသာသင္​​ေက်ာင္​းမ်ားႏွင္​ ့ မပတ္​သက္​ရပါ။ မ​ေန႔က​ေျပာခ့ဲသည္​့ မစ္​႐ွင္​​ေက်ာင္​းမ်ားကို ထိုကိစၥ႐ွင္​းလွ်င္​ ျပန္​​ေပးဖြင္​့သင္​့သည္​။ ဒီဘက္​​ေခတ္​တြင္​ ဘက​ေက်ာင္​းမ်ားစြာ ​ေပၚလာ၍ ​ဗုဒၶဘာသာသင္​ဖို႔ မဟုတ္​ရပါ။ သာသနာတကၠသိုလ္​အထိ ဤဥပ​ေဒႏွင္​့ မဆိုင္​ပါ။ ဘာသာ​ေရး​ေက်ာင္​းမ်ားအတြက္​ သီးျခားဥပ​ေဒ ႐ွိရပါမည္​။

​ေနာက္​ ​ေက်ာင္​းမ်ားတြင္​ အတန္​းငယ္​စဥ္​၌ နီတိ ျပန္​သင္​သင္​့ပါသည္​။ ဘာသာ​ေရးကဲ​ေသာ နီတိမဟုတ္​ဘဲ ​ေခတ္​လူ​ေနမႈႏွင္​့ တိုက္​႐ိုက္​ပတ္​သက္​​ေသာ နီတိ ျပန္​ျပဳစု၍ သင္​သင္​့ပါသည္​။ အမိႈက္​ပစ္​ျခင္​း၊ တံ​ေတြး​ေထြးျခင္​း၊ ယာဥ္​စည္​းကမ္​း လမ္​းစည္​းကမ္​း လိုက္​နာျခင္​းႏွင္​့ ႏွစ္​ဦးထက္​ပိုသည္​ႏွင္​့ တန္​းစီျခင္​းလို အက်င္​့မ်ိဳးမ်ားကို ငယ္​စဥ္​ကသင္​မွ ရပါ​ေတာ့မည္​။ တိုင္​းရင္​းသားဘာသာမ်ားျဖင္​့လည္​း နီတိကိုသင္​ႏိုင္​ပါသည္​။ ျမန္​မာျပည္​မွ ​ေနာက္​ပိုင္​းလူငယ္​မ်ား ႐ိုင္​းလာရျခင္​းမွာ စီးပြား​ေရး အဆင္​မ​ေျပမႈပါသလို နီတိမသင္​​ေသာ​ေၾကာင္​့ဟုလည္​း ကြၽန္​​ေတာ္​ထင္​မိသည္​။

အဆင္​့ျမင္​့ တကၠသိုလ္​မ်ားတြင္​ သင္​မည္​့ ဘာသာရပ္​မ်ားကိုလဲ တိုင္​းျပည္​လိုအပ္​ခ်က္​အ​ေပၚ မူတည္​၍ ​ေျပာင္​း​ေနရပါမည္​။ ကြၽန္​​ေတာ္​ပတ္​သက္​​ေသာ အပိုင္​းျဖင္​့ ဥပမာ ​ေပးပါရ​ေစ။ စက္​မႈပညာရပ္​မ်ားအတြက္​ ဘြဲ႔ရအဆင္​့ B.E အဆင္​့၊ ဒီပလိုမာ AGTI အဆင္​့၊ အ​ေျခခံလက္​မွတ္​ရအဆင္​့ THS ဆင္​းမ်ား တႏွစ္​မည္​မွ်လိုသည္​ကို ခန္​႔မွန္​း၍ ​ေက်ာင္​းဝင္​ခြင္​့ ​ေခၚရပါမည္​။ လြန္​ခ့ဲ​ေသာ ႏွစ္​အစိတ္​ခန္​႔မွစ၍ BE ရယ္​ GTI ရယ္​ THS ရယ္​ ခြဲမသိသည္​့သူက စီမံခန္​႔ခြဲလိုက္​​ေသာအခါ B.E ဘြဲ႔ရပါလွ်က္​ THS အဆင္​့ျဖင္​့ အလုပ္​ဝင္​​ေနရသည္​ကို ဝမ္​းနည္​းစြာ ​ေတြ႔​ေနရပါၿပီ။ ပိုဆိုးသည္​မွာ B.E ဘြဲ႔သာ ရလာတယ္​၊ ​ေ႐ွး THS ဆင္​း​ေလာက္​​ေတာင္​ မသိၾကဟု အ​ေျပာခံရျခင္​း ျဖစ္​ပါသည္​။

စဥ္​းစားမိတာတခု ​ေျပာရင္​း အဆံုးသတ္​ပါရ​ေစ။ ပထမအႀကိမ္​ ၁၉၆၂က အာဏာသိမ္​းလိုက္​တာ ႐ိုး႐ိုးဘြဲ႔ B.A , B.Sc မ်ား ပ်က္​သြား​ေတာ့သည္​။ တန္​ဖိုးမ႐ွိ​ေတာ့။ ၁၉၈၈တြင္​ ဒုတိယအႀကိမ္​ အာဏာသိမ္​းလိုက္​ျပန္​ရာ အင္​ဂ်င္​နီယာဘာသာရပ္​ဆိုင္​ရာ B.E , AGTI ဘြဲ႔ ဒီပလိုမာမ်ား တန္​ဖိုးမ႐ွိ​ေအာင္​ လုပ္​လိုက္​ျပန္​သည္​။ တတိယအႀကိမ္​ အာဏာသိမ္​း​ေစလို႔ မျဖစ္​​ေတာ့။ က်န္​သည္​့ ​ေဆးပညာရပ္​မ်ားကို ဖ်က္​လိုက္​လွ်င္​ ကြၽန္​​ေတာ္​တို႔ ​ေဆးရံုသို႔ပင္​ မသြားရဲ​ေတာ့ဘဲ အ​ေသခံၾကရလိမ္​့မည္​။

ယ​ေန႔မွစ၍ပင္​ ပညာ​ေရးကို ျပင္​ဖို႔ သင္​့ပါ​ေၾကာင္​း။

17 March 2015

လူတိုင်းအတွက်​ ပညာ​ရေးလား။

(Unicode version )

ကျွန်​​တော်​သည်​ ပညာ​ရေးဝန်​ထမ်​း တနည်​း ​ကျောင်​းဆရာလည်​း မဟုတ်​သလို ဥပ​ဒေပညာရှင်​လည်​း မဟုတ်​ပါ။ သို့အတွက်​ ပညာ​ရေးဥပ​ဒေ ​ရေးဆွဲနိုင်​စွမ်​းမရှိသလို ​ဗိုလ်​ချုပ်​ခင်​ညွန်​့တို့လို အားလုံးမတတ်​သဖြင်​့ ပညာ​ရေးမူဝါဒ​လေးပင်​ မညွှန်​ကြားနိုင်​​ကြောင်​း ဝန်​ခံပါရ​စေ။ သို့​သော်​ ယ​နေ့အ​ခြေအ​နေတွင်​ ဝင်​ပါချင်​ပါသဖြင်​့ စိတ်​ကူးထဲရှိတာ​လေး​တွေ ​ပြောချင်​ပါသည်​။



ပထမဆုံး မြန်​မာလူမျိုးအများစု စိတ်​ထဲရှိ​နေသည်​့ လူအားလုံးကို ညီမျှစွာ ပညာသင်​​ပေးရမည်​ဆိုတာ ​ဆွေး​နွေးချင်​ပါသည်​။ တိုင်​းသူပြည်​သားအားလုံး ညီမျှစွာ ပညာသင်​ကြားခွင်​့ ရ ရမည်​ဖြစ်​​သော်​လည်​း ပညာထူးချွန်​မှုအ​ပေါ်မူတည်​၍၎င်း​ ​ငွေ​ကြေးတတ်​နိုင်​မှုအ​ပေါ်မူတည်​၍၎င်း အခြားကိစ္စများ​ကြောင်​့၎င်း လူတိုင်​း ညီမျှစွာ ​ကျောင်​းတက်​နိုင်​မည်​မဟုတ်​ပါ။ အစိုးရပညာ​ရေးဌာနအ​နေဖြင်​့ ​ငွေ​ကြေး မတတ်​နိုင်​သူများအတွက်​သာ ဂရုပြု၍ စီမံ​ပေးသင်​့ပါသည်​။ တတ်​နိုင်​သူများသည်​ ​ကျောင်​း​ကောင်​းများတွင်​ တက်​မည်​သာ ဖြစ်​ပါသည်​။ ယခုလည်​း ထိုအတိုင်​း မသိမသာဖြစ်​​နေပါသည်​။ ထို​ကျောင်​းများတွင်​တက်​တိုင်​း လူ​တော်​မထွက်​လာနိုင်​သလို သာမန်​​ကျောင်​းများမှလည်​း လူ​တော်​များထွက်​လာတတ်​သည်​ကို သတိထား​စေချင်​ပါသည်​။



​နောက်​တချက်​က လူတိုင်​း အင်္ဂလိပ်​စာ တတ်​ဖို့ လိုသလား စဉ်​းစားမိပါသည်​။ တတ်​လျှင်​​တော့ ​ကောင်​းပါသည်​။ သို့​သော်​ လူ့စွမ်​းအားမရှိပါ။ မြန်​မာပြည်​တွင်​ အ​ခြေခံ​ကျောင်​း တသိန်​း​ကျော်​ရှိပါသည်​။ အင်္ဂလိပ်​စာ ဆရာ တသိန်​းရှိနိုင်​ပါသလား။ ဆွဲခန်​့လိုက်​၍သာ အင်္ဂလိပ်​စာ ဆရာဖြစ်​ချင်​ဖြစ်​မည်​။ အရည်​အချင်​း မရှိနိုင်​ပါ။ ​ရှေးဦးစွာ အလယ်​တန်​း​လောက်​က ပြန်​စပြီး အင်္ဂလိပ်​စာတတ်​ဆရာများ ရရှိလာနိုင်​မှ မူလတန်​းသို့ တတန်​းချင်​း ဆင်​းသွားသင်​့ပါသည်​။



ပညာ​ရေးဘတ်​ဂျက်​ကလဲ အ​ရေးကြီးပါသည်​။ ​ကျောင်​းသားများ​တောင်​းဆိုထားသလို ၂၀% ချက်​ချင်​းမရ​တောင်​ လက်​ရှိ သုံး​လေးရာခိုင်​နှုံူးထက်​​တော့ ပိုရသင်​့ပါသည်​။ ထိုဘတ်​ဂျက်​​ငွေများကိုလဲ အ​ဆောက်​အဦး ​ဆောက်​ဖို့အများစုမသုံးဘဲ ဆရာများလခ စာအုပ်​စာတမ်​းများတွင်​ ပိုသုံးသင်​့ပါသည်​။



မူလတန်​းပြီး​အောင်​ပင်​ လူတိုင်​းမတက်​နိုင်​​သေးခင်​ အလယ်​တန်​း အထက်​တန်​းအထိ မသင်​မ​နေရ လုပ်​သင်​့သလားလဲ စဉ်​းစား​စေချင်​သည်​။ မြန်​မာပီပီ ဒူး​လောက်​တင်​ထားတာဆိုပါက တကယ်​မလုပ်​နိုင်​ဘဲ ​ဗန်​းပြပညာ​ရေး ဖြစ်​သွားမှာ စိုးမိပါသည်​။



လူတိုင်​း ဉာဏ်​ရည်​အရ၎င်း၊ ​ငွေ​ကြေးအရ၎င်း အဆင်​့မြင်​့ပညာထိ သင်​နိုင်​မှာ မဟုတ်​ပါ။ စိတ်​ကူးမယဉ်​​စေချင်​ပါ။ ထိုသို့ မသင်​နိုင်​သူများအတွက်​ အခြား အသက်​​မွေးဝမ်​း​ကျောင်​း ပညာ​ရေး စီစဉ်​​ပေးရပါမည်​။ စက်​မှု လက်​မှုသင်​တန်​းများ၊ အထည်​ချုပ်​ ဟင်​းချက်​သင်​မှစ၍ လက်​​တွေ့နယ်​ပယ်​တွင်​ အသုံးဝင်​နိုင်​မည်​့ ပညာသင်​​ကျောင်​းများ ဖွင်​့​ပေးရပါမည်​။



ယခင်​ ပြည်​သူပိုင်​သိမ်​းထား​သော စိန်​့​ကျောင်​းများ၊ မစ်​ရှင်​​ကျောင်​းများကိုလည်​း ဘာသာ​ရေးအထူးပြု ​ကျောင်​းများမဟုတ်​ရန်​ စည်​းကမ်​းသတ်​မှတ်​၍ ပြန်​​ပေးဖွင်​့သင်​့ပါသည်​။ ထို​ကျောင်​းများသည်​ ပြည်​ပအဆက်​အသွယ်ရှိ၍​ ​ငွေ​ကြေးတတ်​နိုင်​သဖြင်​့ ပညာ​ရေးကို အလျှင်​အမြန်​ မြှင်​့တင်​နိုင်​မည်​ဟု ယူဆပါသည်​။ အလားတူ ပုဂ္ဂလိက ပညာ​ရေး​ကျောင်​းများကိုလည်​း တက္ကသိုလ်​ အဆင်​့ထိ ဖွင်​့ခွင်​့ပြုသင်​့ပါသည်​။



ပြည်​သူအများစု ကလဲ တချက်​စဉ်​းစား​စေချင်​သည်​။ ဘာမှမတတ်​ဘဲ အချိန်​​လေးနှစ်​ကုန်​ ပိုက်​ဆံကုန်​ပြီး အမည်​ခံဘွဲ့တခု အဘယ်​​ကြောင်​့ ယူချင်​ကြပါသလဲ။ သက်​​မွေးဝမ်​း​ကျောင်​းပညာတခု အ​သေအချာသင်​၍ ဝင်​​ငွေ သင်​့တင်​့စွာ ရနိုင်​သည်​ကို သတိပြု​စေချင်​ပါသည်​။ ကမ္ဘာ​ကျော်​ ​ဘောသမားများ၊ ​ဟောလိဝုဒ်​ ရုပ်​ရှင်​သမားများ အများစုကြီးသည်​ ဘွဲ့ရမဟုတ်​သည်​ကို သတိချင်​​စေချင်​သည်​။



ပညာတတ်​လျှင်​​တော့ ​ကောင်​းပါသည်​။ များများတတ်​​လေ များများ​ကောင်​း​လေ ဖြစ်​သည်​။ သို့​သော်​ ရူပ​ေ​ဗဒဖြင်​့ တနှစ်​လူတ​သောင်​း​လောက်​ဘွဲ့ရပြီး အ​ရွေ့နှင်​့ အလျင်​​တောင်​ ခွဲမသိလျှင်​ ​ငွေကုန်​ရုံသာရှိသည်​့ ပညာ​ရေးမျိုး မလိုချင်​ကြပါနှင်​့ဟု ​မေတ္တာရပ်​ခံချင်​​ကြောင်​းပါခင်​​ဗျား။

XxXxXx

(Zawgyi version)

ကြၽန္​​ေတာ္​သည္​ ပညာ​ေရးဝန္​ထမ္​း တနည္​း ​ေက်ာင္​းဆရာလည္​း မဟုတ္​သလို ဥပ​ေဒပညာ႐ွင္​လည္​း မဟုတ္​ပါ။ သို႔အတြက္​ ပညာ​ေရးဥပ​ေဒ ​ေရးဆြဲႏိုင္​စြမ္​းမ႐ွိသလို ​ဗိုလ္​ခ်ဳပ္​ခင္​ၫြန္​႔တို႔လို အားလံုးမတတ္​သျဖင္​့ ပညာ​ေရးမူဝါဒ​ေလးပင္​ မၫႊန္​ၾကားႏိုင္​​ေၾကာင္​း ဝန္​ခံပါရ​ေစ။ သို႔​ေသာ္​ ယ​ေန႔အ​ေျခအ​ေနတြင္​ ဝင္​ပါခ်င္​ပါသျဖင္​့ စိတ္​ကူးထဲ႐ွိတာ​ေလး​ေတြ ​ေျပာခ်င္​ပါသည္​။

ပထမဆံုး ျမန္​မာလူမ်ိဳးအမ်ားစု စိတ္​ထဲ႐ွိ​ေနသည္​့ လူအားလံုးကို ညီမွ်စြာ ပညာသင္​​ေပးရမည္​ဆိုတာ ​ေဆြး​ေႏြးခ်င္​ပါသည္​။ တိုင္​းသူျပည္​သားအားလံုး ညီမွ်စြာ ပညာသင္​ၾကားခြင္​့ ရ ရမည္​ျဖစ္​​ေသာ္​လည္​း ပညာထူးခြၽန္​မႈအ​ေပၚမူတည္​၍၎​ ​ေငြ​ေၾကးတတ္​ႏိုင္​မႈအ​ေပၚမူတည္​၍၎ အျခားကိစၥမ်ား​ေၾကာင္​့၎ လူတိုင္​း ညီမွ်စြာ ​ေက်ာင္​းတက္​ႏိုင္​မည္​မဟုတ္​ပါ။ အစိုးရပညာ​ေရးဌာနအ​ေနျဖင္​့ ​ေငြ​ေၾကး မတတ္​ႏိုင္​သူမ်ားအတြက္​သာ ဂ႐ုျပဳ၍ စီမံ​ေပးသင္​့ပါသည္​။ တတ္​ႏိုင္​သူမ်ားသည္​ ​ေက်ာင္​း​ေကာင္​းမ်ားတြင္​ တက္​မည္​သာ ျဖစ္​ပါသည္​။ ယခုလည္​း ထိုအတိုင္​း မသိမသာျဖစ္​​ေနပါသည္​။ ထို​ေက်ာင္​းမ်ားတြင္​တက္​တိုင္​း လူ​ေတာ္​မထြက္​လာႏိုင္​သလို သာမန္​​ေက်ာင္​းမ်ားမွလည္​း လူ​ေတာ္​မ်ားထြက္​လာတတ္​သည္​ကို သတိထား​ေစခ်င္​ပါသည္​။

​ေနာက္​တခ်က္​က လူတိုင္​း အဂၤလိပ္​စာ တတ္​ဖို႔ လိုသလား စဥ္​းစားမိပါသည္​။ တတ္​လွ်င္​​ေတာ့ ​ေကာင္​းပါသည္​။ သို႔​ေသာ္​ လူ႔စြမ္​းအားမ႐ွိပါ။ ျမန္​မာျပည္​တြင္​ အ​ေျခခံ​ေက်ာင္​း တသိန္​း​ေက်ာ္​႐ွိပါသည္​။ အဂၤလိပ္​စာ ဆရာ တသိန္​း႐ွိႏိုင္​ပါသလား။ ဆြဲခန္​႔လိုက္​၍သာ အဂၤလိပ္​စာ ဆရာျဖစ္​ခ်င္​ျဖစ္​မည္​။ အရည္​အခ်င္​း မ႐ွိႏိုင္​ပါ။ ​ေ႐ွးဦးစြာ အလယ္​တန္​း​ေလာက္​က ျပန္​စၿပီး အဂၤလိပ္​စာတတ္​ဆရာမ်ား ရ႐ွိလာႏိုင္​မွ မူလတန္​းသို႔ တတန္​းခ်င္​း ဆင္​းသြားသင္​့ပါသည္​။

ပညာ​ေရးဘတ္​ဂ်က္​ကလဲ အ​ေရးႀကီးပါသည္​။ ​ေက်ာင္​းသားမ်ား​ေတာင္​းဆိုထားသလို ၂၀% ခ်က္​ခ်င္​းမရ​ေတာင္​ လက္​႐ွိ သံုး​ေလးရာခိုင္​ႏွံုူးထက္​​ေတာ့ ပိုရသင္​့ပါသည္​။ ထိုဘတ္​ဂ်က္​​ေငြမ်ားကိုလဲ အ​ေဆာက္​အဦး ​ေဆာက္​ဖို႔အမ်ားစုမသံုးဘဲ ဆရာမ်ားလခ စာအုပ္​စာတမ္​းမ်ားတြင္​ ပိုသံုးသင္​့ပါသည္​။

မူလတန္​းၿပီး​ေအာင္​ပင္​ လူတိုင္​းမတက္​ႏိုင္​​ေသးခင္​ အလယ္​တန္​း အထက္​တန္​းအထိ မသင္​မ​ေနရ လုပ္​သင္​့သလားလဲ စဥ္​းစား​ေစခ်င္​သည္​။ ျမန္​မာပီပီ ဒူး​ေလာက္​တင္​ထားတာဆိုပါက တကယ္​မလုပ္​ႏိုင္​ဘဲ ​ဗန္​းျပပညာ​ေရး ျဖစ္​သြားမွာ စိုးမိပါသည္​။

လူတိုင္​း ဥာဏ္​ရည္​အရ၎၊ ​ေငြ​ေၾကးအရ၎ အဆင္​့ျမင္​့ပညာထိ သင္​ႏိုင္​မွာ မဟုတ္​ပါ။ စိတ္​ကူးမယဥ္​​ေစခ်င္​ပါ။ ထိုသို႔ မသင္​ႏိုင္​သူမ်ားအတြက္​ အျခား အသက္​​ေမြးဝမ္​း​ေက်ာင္​း ပညာ​ေရး စီစဥ္​​ေပးရပါမည္​။ စက္​မႈ လက္​မႈသင္​တန္​းမ်ား၊ အထည္​ခ်ဳပ္​ ဟင္​းခ်က္​သင္​မွစ၍ လက္​​ေတြ႔နယ္​ပယ္​တြင္​ အသံုးဝင္​ႏိုင္​မည္​့ ပညာသင္​​ေက်ာင္​းမ်ား ဖြင္​့​ေပးရပါမည္​။

ယခင္​ ျပည္​သူပိုင္​သိမ္​းထား​ေသာ စိန္​႔​ေက်ာင္​းမ်ား၊ မစ္​႐ွင္​​ေက်ာင္​းမ်ားကိုလည္​း ဘာသာ​ေရးအထူးျပဳ ​ေက်ာင္​းမ်ားမဟုတ္​ရန္​ စည္​းကမ္​းသတ္​မွတ္​၍ ျပန္​​ေပးဖြင္​့သင္​့ပါသည္​။ ထို​ေက်ာင္​းမ်ားသည္​ ျပည္​ပအဆက္​အသြယ္ရွိ၍​ ​ေငြ​ေၾကးတတ္​ႏိုင္​သျဖင္​့ ပညာ​ေရးကို အလွ်င္​အျမန္​ ျမႇင္​့တင္​ႏိုင္​မည္​ဟု ယူဆပါသည္​။ အလားတူ ပုဂၢလိက ပညာ​ေရး​ေက်ာင္​းမ်ားကိုလည္​း တကၠသိုလ္​ အဆင္​့ထိ ဖြင္​့ခြင္​့ျပဳသင္​့ပါသည္​။

ျပည္​သူအမ်ားစု ကလဲ တခ်က္​စဥ္​းစား​ေစခ်င္​သည္​။ ဘာမွမတတ္​ဘဲ အခ်ိန္​​ေလးႏွစ္​ကုန္​ ပိုက္​ဆံကုန္​ၿပီး အမည္​ခံဘြဲ႔တခု အဘယ္​​ေၾကာင္​့ ယူခ်င္​ၾကပါသလဲ။ သက္​​ေမြးဝမ္​း​ေက်ာင္​းပညာတခု အ​ေသအခ်ာသင္​၍ ဝင္​​ေငြ သင္​့တင္​့စြာ ရႏိုင္​သည္​ကို သတိျပဳ​ေစခ်င္​ပါသည္​။ ကမာၻ​ေက်ာ္​ ​ေဘာသမားမ်ား၊ ​ေဟာလိဝုဒ္​ ႐ုပ္​႐ွင္​သမားမ်ား အမ်ားစုႀကီးသည္​ ဘြဲ႔ရမဟုတ္​သည္​ကို သတိခ်င္​​ေစခ်င္​သည္​။

ပညာတတ္​လ်ွင္​​ေတာ့ ​ေကာင္​းပါသည္​။ မ်ားမ်ားတတ္​​ေလ မ်ားမ်ား​ေကာင္​း​ေလ ျဖစ္​သည္​။ သို႔​ေသာ္​ ႐ူပ​ေ​ဗဒျဖင္​့ တႏွစ္​လူတ​ေသာင္​း​ေလာက္​ဘဲြ႔ရၿပီး အ​ေရြ႔ႏွင္​့ အလ်င္​​ေတာင္​ ခြဲမသိလ်ွင္​ ​ေငြကုန္​ရံုသာ႐ွိသည္​့ ပညာ​ေရးမ်ိဳး မလိုခ်င္​ၾကပါႏွင္​့ဟု ​ေမတၱာရပ္​ခံခ်င္​​ေၾကာင္​းပါခင္​​ဗ်ား။