(Unicode version )
ပညာရေးနှင့် ပတ်သက်၍ ဆက်ပြောချင်ပါသေးသည်။ sensitive issue ဖြစ်သည့် မိခင်ဘာသာဖြင့် ပထမဦးစားပေး သင်ကြားသင့်သည် ဆိုသည်ကို ဆွေးနွေးချင်ပါသည်။ ဒါကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်၍ အပစ်ပြောနေသူတွေလည်းရှိသည်။ ကျွန်တော့်တဦးတည်းအနေဖြင့် သဘောတခြမ်းတူသည်။ မတူသည့်တခြမ်းက များစွာသော အခက်အခဲများကြောင့်ဖြစ်သည်။ တရွာထဲတွင် လူမျိုးနှစ်မျိုးနေသောရွာတွေ မြန်မာပြည် တွင် အများကြီးရှိသည်။ သက်ဆိုင်ရာ ဘာသာစကားတတ်သော ဆရာများ လိုပါလိမ့်မည်။ လူများစု ဘာသာဘဲ သင်မည်ဆိုကာကလည်း လူမျိုးရေး ပြဿနာများ တက်လာနိုင်သည်။ ပြည်မမြို့များတွင်တော့ ဒီကိစ္စ အရေးမကြီးသော်လည်း ပြည်နယ်များရှိ ရွာများတွင် သေချာပေါက် ပြဿနာ။
ဒီကိစ္စကို မလိုသူတွေက ပြောသေးသည်။ တိုင်းရင်းသားဘာသာများဖြင့် ကျောင်းသုံး စာအုပ်အားလုံးကို ဘယ်လို ဘာသာပြန်နိုင်မလဲတ့ဲ။ အထူးသဖြင့် အစိုးရသတင်းစာပါ ဆောင်းပါးမှာ တွေ့ရသည်။ ကျွန်တော့်အယူအဆက သူငယ်တန်းလို ပထမဆုံးသင်ရသည့်အတန်းတွင် ကလေးများကို မိခင်ဘာသာစကားနှင့် စာလဲ (ရှိလျှင်)သင် ၊ မြန်မာစာလဲ သင်စေချင်သည်။ ဤသို့လုပ်နိုင်ရန်အတွက် ဒေသခံ စကားပြောသူများကို ရှစ်တန်းလောက်အောင်လျှင် ဆရာပြန်ခန့်ရမည်။ ရွာကြီး၊ လူဦးရေများလျှင် ဘာသာမတူသူများ နှစ်ခန်းခွဲ၍ သင်နိုင်ပါသည်။ ဘာသာစကား များပြားသည့်ရွာများတွင် အများသုံး နှစ်မျိုးလောက်ကိုသာ အများဆုံးဖြတ်၍ သင်ရပါမည်။ လက်တွေ့တွင် မလွယ်ကူမှန်းသိသော်လည်း မိခင်ဘာသာဖြင့် သင်လိုလျှင် ဤနည်းသာရှိပါသည်။ တိုင်းရင်းသားများ မြန်မာစာတတ်ရန် တနှစ်ဖြင့် မလုံလောက်ပါက ပထမတန်းအထိ သင်နိုင်ပါသည်။ သချာၤနှင့် အခြားသိသင့်သည်များကို နှစ်ဘာသာဖြင့် သင်ပေးပါ။ ကြီးကြီးကျယ်ကျယ် အလွတ်ရွတ်ရသည့် စာများမသင်သင့်ပါ။ ဒုတိယတန်းလောက်မှ စ၍သာ မြန်မာဘာသာဖြင့်သာ သင်သင့်ပါသည်။ ဤကိစ္စ မလွယ်သည့်အတွက် ပညာရေးဌာနသည် လွတ်လပ်ရေးရကတည်းက အကောင်အထည်မဖော်ခ့ဲခြင်း ဖြစ်နိုင်သည်ကို အလေးထားရပါမည်။ တိုင်းပြည်ချမ်းသာတ့ဲတနေ့ တမျိုးပေါ့လေ။
နောက်တခုမှာ ပညာရေး ဥပဒေတွင် ကိုးကွယ်သည့် ဘာသာသင်ကျောင်းများနှင် ့ မပတ်သက်ရပါ။ မနေ့ကပြောခ့ဲသည့် မစ်ရှင်ကျောင်းများကို ထိုကိစ္စရှင်းလျှင် ပြန်ပေးဖွင့်သင့်သည်။ ဒီဘက်ခေတ်တွင် ဘကကျောင်းများစွာ ပေါ်လာ၍ ဗုဒ္ဓဘာသာသင်ဖို့ မဟုတ်ရပါ။ သာသနာတက္ကသိုလ်အထိ ဤဥပဒေနှင့် မဆိုင်ပါ။ ဘာသာရေးကျောင်းများအတွက် သီးခြားဥပဒေ ရှိရပါမည်။
နောက် ကျောင်းများတွင် အတန်းငယ်စဉ်၌ နီတိ ပြန်သင်သင့်ပါသည်။ ဘာသာရေးကဲသော နီတိမဟုတ်ဘဲ ခေတ်လူနေမှုနှင့် တိုက်ရိုက်ပတ်သက်သော နီတိ ပြန်ပြုစု၍ သင်သင့်ပါသည်။ အမှိုက်ပစ်ခြင်း၊ တံတွေးထွေးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းနှင့် နှစ်ဦးထက်ပိုသည်နှင့် တန်းစီခြင်းလို အကျင့်မျိုးများကို ငယ်စဉ်ကသင်မှ ရပါတော့မည်။ တိုင်းရင်းသားဘာသာများဖြင့်လည်း နီတိကိုသင်နိုင်ပါသည်။ မြန်မာပြည်မှ နောက်ပိုင်းလူငယ်များ ရိုင်းလာရခြင်းမှာ စီးပွားရေး အဆင်မပြေမှုပါသလို နီတိမသင်သောကြောင့်ဟုလည်း ကျွန်တော်ထင်မိသည်။
အဆင့်မြင့် တက္ကသိုလ်များတွင် သင်မည့် ဘာသာရပ်များကိုလဲ တိုင်းပြည်လိုအပ်ချက်အပေါ် မူတည်၍ ပြောင်းနေရပါမည်။ ကျွန်တော်ပတ်သက်သော အပိုင်းဖြင့် ဥပမာ ပေးပါရစေ။ စက်မှုပညာရပ်များအတွက် ဘွဲ့ရအဆင့် B.E အဆင့်၊ ဒီပလိုမာ AGTI အဆင့်၊ အခြေခံလက်မှတ်ရအဆင့် THS ဆင်းများ တနှစ်မည်မျှလိုသည်ကို ခန့်မှန်း၍ ကျောင်းဝင်ခွင့် ခေါ်ရပါမည်။ လွန်ခ့ဲသော နှစ်အစိတ်ခန့်မှစ၍ BE ရယ် GTI ရယ် THS ရယ် ခွဲမသိသည့်သူက စီမံခန့်ခွဲလိုက်သောအခါ B.E ဘွဲ့ရပါလျှက် THS အဆင့်ဖြင့် အလုပ်ဝင်နေရသည်ကို ဝမ်းနည်းစွာ တွေ့နေရပါပြီ။ ပိုဆိုးသည်မှာ B.E ဘွဲ့သာ ရလာတယ်၊ ရှေး THS ဆင်းလောက်တောင် မသိကြဟု အပြောခံရခြင်း ဖြစ်ပါသည်။
စဉ်းစားမိတာတခု ပြောရင်း အဆုံးသတ်ပါရစေ။ ပထမအကြိမ် ၁၉၆၂က အာဏာသိမ်းလိုက်တာ ရိုးရိုးဘွဲ့ B.A , B.Sc များ ပျက်သွားတော့သည်။ တန်ဖိုးမရှိတော့။ ၁၉၈၈တွင် ဒုတိယအကြိမ် အာဏာသိမ်းလိုက်ပြန်ရာ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ B.E , AGTI ဘွဲ့ ဒီပလိုမာများ တန်ဖိုးမရှိအောင် လုပ်လိုက်ပြန်သည်။ တတိယအကြိမ် အာဏာသိမ်းစေလို့ မဖြစ်တော့။ ကျန်သည့် ဆေးပညာရပ်များကို ဖျက်လိုက်လျှင် ကျွန်တော်တို့ ဆေးရုံသို့ပင် မသွားရဲတော့ဘဲ အသေခံကြရလိမ့်မည်။
ယနေ့မှစ၍ပင် ပညာရေးကို ပြင်ဖို့ သင့်ပါကြောင်း။
XxXxXx
(Zawgyi version)
ပညာေရးႏွင့္ ပတ္သက္၍ ဆက္ေျပာခ်င္ပါေသးသည္။ sensitive issue ျဖစ္သည့္ မိခင္ဘာသာျဖင့္ ပထမဦးစားေပး သင္ၾကားသင့္သည္ ဆိုသည္ကို ေဆြးေႏြးခ်င္ပါသည္။ ဒါကို အမ်ိဳးမ်ိဳး အဓိပၸါယ္ဖြင့္၍ အပစ္ေျပာေနသူေတြလည္း႐ွိသည္။ ကြၽန္ေတာ့္တဦးတည္းအေနျဖင့္ သေဘာတျခမ္းတူသည္။ မတူသည့္တျခမ္းက မ်ားစြာေသာ အခက္အခဲမ်ားေၾကာင့္ျဖစ္သည္။ တရြာထဲတြင္ လူမ်ိဳးႏွစ္မ်ိဳးေနေသာရြာေတြ ျမန္မာျပည္ တြင္ အမ်ားႀကီး႐ွိသည္။ သက္ဆိုင္ရာ ဘာသာစကားတတ္ေသာ ဆရာမ်ား လိုပါလိမ့္မည္။ လူမ်ားစု ဘာသာဘဲ သင္မည္ဆိုကာကလည္း လူမ်ိဳးေရး ျပႆနာမ်ား တက္လာႏိုင္သည္။ ျပည္မၿမိဳ႕မ်ားတြင္ေတာ့ ဒီကိစၥ အေရးမႀကီးေသာ္လည္း ျပည္နယ္မ်ား႐ွိ ရြာမ်ားတြင္ ေသခ်ာေပါက္ ျပႆနာ။
ဒီကိစၥကို မလိုသူေတြက ေျပာေသးသည္။ တိုင္းရင္းသားဘာသာမ်ားျဖင့္ ေက်ာင္းသံုး စာအုပ္အားလံုးကို ဘယ္လို ဘာသာျပန္ႏိုင္မလဲတ့ဲ။ အထူးသျဖင့္ အစိုးရသတင္းစာပါ ေဆာင္းပါးမွာ ေတြ႔ရသည္။ ကြၽန္ေတာ့္အယူအဆက သူငယ္တန္းလို ပထမဆံုးသင္ရသည့္အတန္းတြင္ ကေလးမ်ားကို မိခင္ဘာသာစကားႏွင့္ စာလဲ (႐ွိလွ်င္)သင္ ၊ ျမန္မာစာလဲ သင္ေစခ်င္သည္။ ဤသို႔လုပ္ႏိုင္ရန္အတြက္ ေဒသခံ စကားေျပာသူမ်ားကို ႐ွစ္တန္းေလာက္ေအာင္လွ်င္ ဆရာျပန္ခန္႔ရမည္။ ရြာႀကီး၊ လူဦးေရမ်ားလွ်င္ ဘာသာမတူသူမ်ား ႏွစ္ခန္းခြဲ၍ သင္ႏိုင္ပါသည္။ ဘာသာစကား မ်ားျပားသည့္ရြာမ်ားတြင္ အမ်ားသံုး ႏွစ္မ်ိဳးေလာက္ကိုသာ အမ်ားဆံုးျဖတ္၍ သင္ရပါမည္။ လက္ေတြ႔တြင္ မလြယ္ကူမွန္းသိေသာ္လည္း မိခင္ဘာသာျဖင့္ သင္လိုလွ်င္ ဤနည္းသာ႐ွိပါသည္။ တိုင္းရင္းသားမ်ား ျမန္မာစာတတ္ရန္ တႏွစ္ျဖင့္ မလံုေလာက္ပါက ပထမတန္းအထိ သင္ႏိုင္ပါသည္။ သခ်ာၤႏွင့္ အျခားသိသင့္သည္မ်ားကို ႏွစ္ဘာသာျဖင့္ သင္ေပးပါ။ ႀကီးႀကီးက်ယ္က်ယ္ အလြတ္ရြတ္ရသည့္ စာမ်ားမသင္သင့္ပါ။ ဒုတိယတန္းေလာက္မွ စ၍သာ ျမန္မာဘာသာျဖင့္သာ သင္သင့္ပါသည္။ ဤကိစၥ မလြယ္သည့္အတြက္ ပညာေရးဌာနသည္ လြတ္လပ္ေရးရကတည္းက အေကာင္အထည္မေဖာ္ခ့ဲျခင္း ျဖစ္ႏိုင္သည္ကို အေလးထားရပါမည္။ တိုင္းျပည္ခ်မ္းသာတ့ဲတေန႔ တမ်ိဳးေပါ့ေလ။
ေနာက္တခုမွာ ပညာေရး ဥပေဒတြင္ ကိုးကြယ္သည့္ ဘာသာသင္ေက်ာင္းမ်ားႏွင္ ့ မပတ္သက္ရပါ။ မေန႔ကေျပာခ့ဲသည့္ မစ္႐ွင္ေက်ာင္းမ်ားကို ထိုကိစၥ႐ွင္းလွ်င္ ျပန္ေပးဖြင့္သင့္သည္။ ဒီဘက္ေခတ္တြင္ ဘကေက်ာင္းမ်ားစြာ ေပၚလာ၍ ဗုဒၶဘာသာသင္ဖို႔ မဟုတ္ရပါ။ သာသနာတကၠသိုလ္အထိ ဤဥပေဒႏွင့္ မဆိုင္ပါ။ ဘာသာေရးေက်ာင္းမ်ားအတြက္ သီးျခားဥပေဒ ႐ွိရပါမည္။
ေနာက္ ေက်ာင္းမ်ားတြင္ အတန္းငယ္စဥ္၌ နီတိ ျပန္သင္သင့္ပါသည္။ ဘာသာေရးကဲေသာ နီတိမဟုတ္ဘဲ ေခတ္လူေနမႈႏွင့္ တိုက္႐ိုက္ပတ္သက္ေသာ နီတိ ျပန္ျပဳစု၍ သင္သင့္ပါသည္။ အမိႈက္ပစ္ျခင္း၊ တံေတြးေထြးျခင္း၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္း လိုက္နာျခင္းႏွင့္ ႏွစ္ဦးထက္ပိုသည္ႏွင့္ တန္းစီျခင္းလို အက်င့္မ်ိဳးမ်ားကို ငယ္စဥ္ကသင္မွ ရပါေတာ့မည္။ တိုင္းရင္းသားဘာသာမ်ားျဖင့္လည္း နီတိကိုသင္ႏိုင္ပါသည္။ ျမန္မာျပည္မွ ေနာက္ပိုင္းလူငယ္မ်ား ႐ိုင္းလာရျခင္းမွာ စီးပြားေရး အဆင္မေျပမႈပါသလို နီတိမသင္ေသာေၾကာင့္ဟုလည္း ကြၽန္ေတာ္ထင္မိသည္။
အဆင့္ျမင့္ တကၠသိုလ္မ်ားတြင္ သင္မည့္ ဘာသာရပ္မ်ားကိုလဲ တိုင္းျပည္လိုအပ္ခ်က္အေပၚ မူတည္၍ ေျပာင္းေနရပါမည္။ ကြၽန္ေတာ္ပတ္သက္ေသာ အပိုင္းျဖင့္ ဥပမာ ေပးပါရေစ။ စက္မႈပညာရပ္မ်ားအတြက္ ဘြဲ႔ရအဆင့္ B.E အဆင့္၊ ဒီပလိုမာ AGTI အဆင့္၊ အေျခခံလက္မွတ္ရအဆင့္ THS ဆင္းမ်ား တႏွစ္မည္မွ်လိုသည္ကို ခန္႔မွန္း၍ ေက်ာင္းဝင္ခြင့္ ေခၚရပါမည္။ လြန္ခ့ဲေသာ ႏွစ္အစိတ္ခန္႔မွစ၍ BE ရယ္ GTI ရယ္ THS ရယ္ ခြဲမသိသည့္သူက စီမံခန္႔ခြဲလိုက္ေသာအခါ B.E ဘြဲ႔ရပါလွ်က္ THS အဆင့္ျဖင့္ အလုပ္ဝင္ေနရသည္ကို ဝမ္းနည္းစြာ ေတြ႔ေနရပါၿပီ။ ပိုဆိုးသည္မွာ B.E ဘြဲ႔သာ ရလာတယ္၊ ေ႐ွး THS ဆင္းေလာက္ေတာင္ မသိၾကဟု အေျပာခံရျခင္း ျဖစ္ပါသည္။
စဥ္းစားမိတာတခု ေျပာရင္း အဆံုးသတ္ပါရေစ။ ပထမအႀကိမ္ ၁၉၆၂က အာဏာသိမ္းလိုက္တာ ႐ိုး႐ိုးဘြဲ႔ B.A , B.Sc မ်ား ပ်က္သြားေတာ့သည္။ တန္ဖိုးမ႐ွိေတာ့။ ၁၉၈၈တြင္ ဒုတိယအႀကိမ္ အာဏာသိမ္းလိုက္ျပန္ရာ အင္ဂ်င္နီယာဘာသာရပ္ဆိုင္ရာ B.E , AGTI ဘြဲ႔ ဒီပလိုမာမ်ား တန္ဖိုးမ႐ွိေအာင္ လုပ္လိုက္ျပန္သည္။ တတိယအႀကိမ္ အာဏာသိမ္းေစလို႔ မျဖစ္ေတာ့။ က်န္သည့္ ေဆးပညာရပ္မ်ားကို ဖ်က္လိုက္လွ်င္ ကြၽန္ေတာ္တို႔ ေဆးရံုသို႔ပင္ မသြားရဲေတာ့ဘဲ အေသခံၾကရလိမ့္မည္။
ယေန႔မွစ၍ပင္ ပညာေရးကို ျပင္ဖို႔ သင့္ပါေၾကာင္း။

No comments:
Post a Comment
Thank you.