05 October 2025
တင်ညွန့်ရဲ့ ''မှီ'' ၊
15 March 2025
ရိုးမကိုကျောခိုင်း၍၊
09 July 2024
The Adventurers.
27 February 2024
Google search သုံးကြပါ။
မိတ်ဆွေတဦး ကောင်းမှုဖြင့် ပါချုပ်ဆရာတော်ရေး ''လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်'' စာအုပ်ဖတ်နေပါတယ်။ ဖတ်ရင်း တွေ့တာလေး ပြောချင်တာပါ။
.
ဤစာများကို ဆရာတော်ကြီးက တနာရီစာ အပိုင်းများ ဟောခဲ့တာပါ။ အရင်က အတော်နားထောင်ဖြစ်ခဲ့ပါတယ်။ နာဖြစ်ခဲ့တယ် ဆိုပါတော့။ အဲ့ဒီကတည်းက စုစည်းပြီး စာအုပ်လိုဖတ်ရရင် ကောင်းမယ်လို့ တွေးမိတယ်။ နောက်ပိုင်း သေချာတည်းဖြတ်ပြီး စာအုပ်လုပ်နေပြီကြားတော့ အိုကေပြီပေါ့။
.
ဆရာတော်ကြီးက ဘုရားဖြစ်ချိန်မှစ လူသားတွေအကျိုးရှိဖို့ ပြုလုပ်ခဲ့တာတွေ ဟောခဲ့တာပါ။ အကြောင်းအရာပိုင်းမှာ ဗဟုသုတ ရစရာတွေကြီးပါ။ ဖတ်ရကျိုး နပ်ပါတယ်။
.
ဆရာတော်ကြီးက အင်္ဂလိပ်စာလုံးတွေ ထည့်ဟောလေ့ရှိပါတယ်။ ဒါလည်း အကျိုးနောက်တမျိုး ရပါတယ်။ စီစဥ်သူက သုတ္တန်အညွှန်း ပါဠိစကားလုံးများ မမှားအောင် ဆရာတော်အချို့နဲ့ တိုက်ဆိုင်ရှာဖွေ ပြင်ဆင်ခဲ့တယ်လို့ အမှာစာမှာရေးထားပါတယ်။ အင်္ဂလိပ်စာလုံးတွေတော့ မပြင်ဆင်ခဲ့လို့ ထင်ပါတယ်။ စာလုံးပေါင်းအမှားတွေ တွေ့နေရပါတယ်။
.
သုတ္တန်အညွှန်းနဲ့ ပါဠိစာလုံးပေါင်းထက် အင်္ဂလိပ် စာလုံးပေါင်း ပြင်ရတာ ပိုလွယ်ပါတယ်။ ဒါကို ပြောပြချင်တာပါ။ ဒစ်ရှင်နာရီ လှန်စရာ မလိုပါ။ စာလုံးပေါင်းတွေ အဓိပ္ပါယ်တွေ အလွတ်ရစရာ သိစရာတောင်မလိုပါ။ အင်တာနက်သုံး ဖုန်းတိုင်းမှာပါနေတဲ့ ဂူဂယ်ရှာဖွေရေး Google search မှာ ရိုက်ကြည့်လိုက်ရုံပါ။ စာလုံးပေါင်းမှားရင် ပြင်ပေးယုံသာမက အဓိပ္ပါယ်ပါ ရှင်းပြပေးပါတယ်။ မြန်မာပြန်လည်း အချို့စာလုံးအတွက် ဖော်ပြပေးပါတယ်။ မြန်မာစာနဲ့ ပါဠိစာ စာလုံးပေါင်း စစ်တာထက် အများကြီး ပိုလွယ်တာပါ။
.
ခုတော့ လွယ်တာလေး အသုံမချလို့ ရုပ်ပျက်ရပါတယ်။ ဂူဂယ် သုံးကြပါလို့ တိုက်တွန်းပါရစေ
19 February 2024
အနုပညာ အားနည်းလို့ပါ၊
ဘာသာပြန်ဝတ္ထု တအုပ်ကို တလကျော် အချိန်ပေး ဖတ်လိုက်ရတယ်။ (မသိပေမယ့် အားနာလို့ စာအုပ်အမည် မပြောတော့ပါ။) တဆက်တည်း မဖတ်ချင်လောက်အောင်ကို စိတ်ဝင်စားလို့ မရတာဗျာ။ ဇတ်ကြောင်းက အက်ဆီးဒင့်ဖြစ်လို့ ကျန်ခဲ့သူအကြောင်း။ သေချာကို ညီးငွေ့အောင် ရေးထားတာဖြစ်မယ်။ ဘာသာပြန်သူကလည်း ခုနောက်ပိုင်း ဖတ်နေကျဆရာ။ မူရင်းကလည်း စာပေနိုဗယ်ဆုရဆိုတော့ သေချာကို ရည်ရွယ်ရေးတာဘဲ။
.
ဖတ်နေရင်း နှစ်ခုသတိရတယ်။ ပထမတခုက ဗီဒီယိုခွေတွေ ခေတ်စားနေချိန် အငှားဆိုင်နဲ့ ချိတ်မိနေတော့ စိတ်ကြိုက်ကြည့်လို့ရချိန်။ ရုပ်ရှင်တွေ တော်တော်များများ ကြည့်ဖြစ်ချိန်ပေါ့။ (ခုတော့ မကြည့်ဖြစ်တာ ကြာပြီ။)
.
ဟောလိဝုဒ်ကားတွေ ကြည့်တာများပါတယ်။ အဲဒီအချိန်က ကားကောင်းတွေလည်း အများကြီးထွက်တယ်။ အဲ့မှာ စဥ်းစားမိတာ။ ဟာ❗ အော်စကားဆုရကား ကြည့်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒါနဲ့ အဲ့အချိန် အော်စကာဆုမှ အကောင်းဆုံးဇတ်ကားဆုနဲ့ အခြားဆုများစွာရ ကားကို ရွေးကြည့်တာ။ နှစ်ခွေတွဲကြီး။ English Patient တဲ့။ ကြည့်ဖူးသူတွေ မှတ်မိမှာပါ။ ကျော်တော့ ဆုံးအောင်ကို မနည်းကြည့်ယူလိုက်ရတယ်။
.
နောက်မှတ်မိတာတခုက ဒါ့ထက်စောတယ်။ မဆလခေတ်က။ ဟယ်လ်ပင်လမ်းမှာရှိတဲ့ ပြင်သစ်သံရုံးမှာ တပတ်တခါ ရုပ်ရှင်ပြတယ်။ ကျနော့ အကြိုက်ဘဲ။ ဇတ်လမ်းတွေက ရိုးရိုးနဲ့ဆန်းတတ်တယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ မတိုင်ခင်အထိ မြန်မာတီဗီမှာ ပြင်သစ်ချယ်နယ် TV5Monde မှာလည်း အဲ့လိုကားတွေ ညနေဘက်ပြတယ်။
.
တရက်မှာ ပြတဲ့ကား အမည်တော့ မမှတ်မိပါဘူး။ အယ်လ်ဂျီးရီးယားကို ပြင်သစ်အုပ်စိုးစဥ်အချိန်။ အဲ့မှာရှိတဲ့ခံတပ်မှာ အလှည့်ကျသွား ကင်းစောင့်ရတဲ့ တပ်သားအကြောင်း ရိုက်ထားတာ။ သဲကန္တာရထဲက ရဲတိုက်ကြီး။ လူတယောက်မှလည်း မတွေ့ရ။ တခါလားမသိ မြင်းစီးအာရပ်တွေ ကပ်လာလို့ သေနတ်နဲ့ပစ်သံကြားမှ အိပ်ငိုက်သက်သာသွားတာ။
.
ကြည့်သူတွေလည်း ပျင်းနေပေမယ့် သံရုံးကိုအားနာလို့ ထမပြန်ကြသေးဘူး။ အတူသွားသူ အနုပညာစိတ်ဝင်စားသူကြီး စိတ်မရှည်တော့ဘူး။ ပြန်မယ်တကဲကဲ လုပ်နေပြီ။ အားနာစရာကွာ၊ ယဥ်ကျေးမှုအရ သည်းခံပါအုံးဆိုမှ ပြန်ထိုင်တယ်။ မခံနိုင်ကြပါဘူး။ မှောင်ထဲမှာ တယောက်ပြီးတယောက် ကုန်းကုန်း ကုန်းနဲ့ ထလစ်ကြတော့ နှစ်ယောက်သားလည်း ထလစ်ရတော့တယ်။ သံရုံးတွေ လှည့်ကြည့်ခဲ့ဘူးတဲ့အထဲ အားမနာဘဲ ထပြန်ကြတာ အဲ့တကားဘဲ ရှိတယ်။
.
အပြင်ရောက်မှ စဥ်းစားမိတာပါ။ အဲ့ရုပ်ရှင်မပြခင် ပြင်သစ်ယဥ်ကျေးမှု သံမှူးက အနည်းငယ်ရှင်းပြတာကို။ အခုပြမယ့် ရုပ်ရှင်က ဆုရကားတဲ့။ အယ်လ်ဂျီးရီးယားမှာ တာဝန်သွားထမ်းရတဲ့ စစ်သားတွေဘဝကို ပေါ်လွင်အောင် ရိုက်ထားတာတဲ့။ ပေါ်လွင်ပါတယ်ဗျာ။ ညီးငွေ့စရာကောင်းလိုက်ပုံ။ သဲကန္တာရထဲကြီးထဲ ကင်းစခန်းလေးထဲမှာ စစ်သားတယောက်က လူနဲ့ဝေးတုံး ထရမ်ပက်မှုတ်တာပါသေး။ နေပူပူထဲ တဂွီဂွီနဲ့ဗျာ။ စဥ်းစားသာကြည့်တော့။
.
ဖတ်ခဲ့တဲ့ဝတ္ထုနဲ့ အဲ့ရုပ်ရှင်နှစ်ကားက ဖတ်သူကြည့်သူတွေ ခံစားရအောင် သေချာရိုက်တာဖြစ်မယ်။ ကျနော်လို အနုပညာ နည်းသူတော့ ဘယ်လိုမှ ခံစားလို့မရပါကြောင်း။
20 July 2023
တော်ကောင်းမင်း ရဲ့ နွမ်းလျသေရှင်။
ခေတ်သစ် တရုတ်ဂန္တဝင် ဝတ္ထုရှည်နှစ်အုပ်တွဲ ဖတ်ပြီးတယ်။ ဆရာ တော်ကောင်းမင်း ဘာသာပြန်တဲ့ မော့ယန်ရဲ့ နွမ်းလျသေရှင်ပါ။ မူရင်းရေးသူ မော့ယန်က စာပေနိုဘယ်လ်ဆု ရဘူးသူဖြစ်တယ်။ ဆရာတော်ကောင်းမင်း ကလည်း တရုတ်စာပါ နားလည်သူဖြစ်မယ်။ မူရင်းလည်း ကောင်း၊ ဘာသာပြန်လည်း ကောင်း ပါ။
.
တရုတ်ပြည် ခေတ်သစ်သမိုင်းကို ဝတ္ထုနောက်ခံ၊ အတ္ထုပတ္တိတို့အပြင် သမိုင်းစာတွေလည်း ဖတ်ဘူးပါပြီ။ ဒီဝတ္ထုမှာကျ ပုံစံတမျိုး။ ကွန်မြူနစ်တွေ အာဏာရကာစက မြေပိုင်ရှင်ဖြစ်ခဲ့လို့ စာရင်းရှင်းခံရသူက ဘဝအစွဲကြောင့် သေပြီးနောက် မြည်း နွား ဝက် ခွေး မျောက် ငါးဘဝဖြစ်ပြီး နောက်ဆုံး လူဘဝပြန်ရောက်၊ အဲ့ဒီကျမှ နှစ်ငါးဆယ်ကြာ ဖြတ်သန်းမှုကို ပြန်ပြောပြတဲ့ဇတ်လမ်း။ ဒီကလေး ဘယ်သူ့ကလေး ဖြစ်မလဲ နောက်ဆုံးအချိန်ထိ စိတ်ဝင်စားစရာ ဇတ်လမ်းရေးထားတာ။
.
ဒီစာအုပ်အရင် သုံးအုပ် တရုတ်စာအုပ်ပြန်တာ ဖတ်ပြီးပြီ။ တအုပ်က မော့ယန်ရဲ့စာအုပ်ဘဲဖြစ်ပြီး တအုပ်က ဝူဟန်မှာ ကိုဗစ်ဖြစ်ချိန် မှတ်တမ်းတင်ရေးထားတဲ့ ဝူဟန်ဒိုင်ယာယီ။ ဘာသာပြန်သူတွေလည်းကောင်းတော့ တရုပ်စာအုပ် ပြန်ထားတာတွေ ဖတ်ရတာ ထူးဆန်းကောင်းမွန်နေတယ်။ ဇတ်လမ်းတွေအပြင် စာလုံးသုံးပုံတွေ၊ ရှေးကဗျာတွေ စာတွေ ညှပ်သုံးပုံတွေ၊ အမည်ပေးပုံတွေ၊ တင်စားပြောတာတွေ ထူးဆန်းနေတယ်။ အနောက်ဝတ္ထု ဘာသာပြန်တွေဘဲ အဖတ်များခဲ့လို့လည်း ပါမှာပါ။
.
ကျနော်ထင်တယ်၊ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့် မော်ဒန် ဝတ္ထုတိုရှည်တွေ ဖတ်ပြီးကတည်းက ကျနော့အတွက် ပထမအကြိမ် စာပုံစံသစ် ဖတ်ဖူးခြင်းဘဲလို့။
26 January 2023
သက်ရှင်နေ၊
ဟို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က တရုပ်ရုပ်ရှင် To Live ကို ကြည့်ဘူးကြမှာပါ။ တရုပ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးအချိန် ဒုက္ခရောက်ကြပုံကို ရိုက်ထားတာလို့ မှတ်မိတာဘဲ။ နာမည်အတော် ကြီးခဲ့တာပါ။ ငတ်နေတာကြာပြီဖြစ်တဲ့ ပရော်ဖက်ဆာတယောက် တော်လှန်ရေးအပြီး ပေါက်စီတွေ အငမ်းမရစားလို့ စားပို့နင့်သေတာ ဒီကားထဲထင်တာဘဲ။ ကြာတော့ မမှတ်မိ။
.
အခု "သက်ရှင်နေ'' ဆိုတဲ့ ဝတ္ထုက အဲဒီရုပ်ရှင်ရဲ့ မူရင်းဝတ္ထုတဲ့။ စားပို့နင့်သေတာ ဝတ္ထုထဲမှာ ပရော်ဖက်ဆာမဟုတ်ဘဲ ဇတ်ဆောင်တယောက်တော့ ဖြစ်နေတယ်။ ဒါမျိုးက ဝတ္ထုကနေ ရုပ်ရှင်ပြောင်းရင် ဖြစ်တတ်တာပါဘဲ။
.
မူရင်း တရုပ်ဝတ္ထုကနေ တိုက်ရိုက်ပြန်တာတဲ့။ ဒီဆရာပြန်တာ ဖတ်ဖူးတာ ဒါသုံးအုပ်မြောက် ထင်တယ်။ အားလုံးဖတ်ကောင်းတယ်။ ဇတ်လမ်း ဆန်းတယ်။ အားလုံး တရုပ်ပြည်နောက်ခံဆိုတော့ ဆန်းတာပေါ့။ အမှာစာအရ မူရင်းဝတ္ထုက တရုပ်ပြည်မှာလည်း ပေါက်သတဲ့။
.
ဇတ်လမ်းကတော့ ၁၉၄၀ကနေ ၈၀လောက်အတွင်း ဖြစ်ခဲ့တာတဲ့။ တရုပ်ပြည် ယဥ်ကျေးမှုတော်လှန်ရေးအချိန်မှာ ဒုက္ခရောက်တဲ့ ဖြစ်ပုံတွေပါတယ်။ ဒါပေမယ့် ဇတ်ပြန်ပြောပြတဲ့ တရုပ်အဖိုးကြီးက တော်လှန်ရေးမစခင်ကတည်းက မွဲနေပါပြီ။ မွဲနေလို့သာ တော်လှန်ချိန်မှာ ရှင်ကျန်ခဲ့ပြီး ဒီဇတ်ကို ပြန်ပြောနိုင်တာ။ မွေးတုံးက သူဌေးသား။ တရုပ်ပြည်မှာ သားဦးသဌေးသား ဘယ်လိုနေ တယ်ကအစ ဇတ်လမ်းအတွက် အထောက်အကူ။
.
''To live'' ကို ဘာသာပြန်ရင် ''အသက်ရှင်နေဖို့'' လို့ ပြန်ရမယ်ထင်တယ်။ စာရေးဆရာက အစအဆုံး နှစ်လုံးဖြုတ်ပြီး အမည်ပေးထားပေမယ့် ဇတ်လမ်းနဲ့ လိုက်ဖက်လှပါတယ်။ ရေးသားပုံ၊ စကားလုံးသုံးပုံ ကောင်းတယ်။ အဲဒီအချိန်က တရုပ်ပြည်မှာ အသက်ရှင်ဖို့ ဘယ်လောက်ခက်လည်း ကွင်းကွင်ကွက်ကွက် မြင်ရတယ်။
.
ယဥ်ကျေးမှုတော်လှန်ရေးအတွင်း ဘယ်လို ဆင်းရဲကြပ်တည်းကြခဲ့တယ်ဆိုတာ သတင်းတွေမှာ ကြားသိခဲ့ဖူးပြီးသားပါ။ ဒါပေမယ့် ဝတ္ထုဇတ်လမ်းအနေနဲ့ ရေးပြတာဆိုတော့ ပိုမြင်လွယ် ပိုမှတ်မိပြီး ပိုနာကျည်းစေပါတယ်။ ဒါကြောင့်လည်း နိုင်ငံသားတွေကို ဒုက္ခပေးလေ့ရှိတဲ့ အစိုးရတွေက အနုပညာရှင်ဆို ကဗျာဆရာကအစ မကြိုက်ကြတာ ထင်ပါရဲ့။
.
အချို့နေရာလေးတွေမှာ တင်စားတာ၊ စာလုံးသုံးတာတွေ ကောင်းတာ တရုပ်ဘာသာကနေ တိုက်ရိုက်ပြန်နိုင်လို့လို့ ထင်တာဘဲ။ ဖတ်ကြည့်ကြပါလား။
11 December 2022
ဓားရိုးကမ်း
၂၀၁၀ နောက်ပိုင်း စာပေစိစစ်ရေး မရှိတဲ့အချိန်ကစ စာအုပ်မျိုးစုံ ထွက်လာတယ်။ လူငယ်တွေအတွက် စာအုပ်ကိုင်ဖတ်ချိန်မဟုတ်မှ စာအုပ်တွေ အသစ်ဒီလောက်ထွက်တာ အံ့ဩမိ။ ပင်ကိုယ်ရေး နိုင်ငံရေးစာပေကအစ ဘာသာပြန်အဆုံး အရင်ကအပိတ်ခံရလွန်းလို့ မထုတ်ရဲတဲ့ စာအမျိုးအစားတွေ အသစ်ထွက်တယ်။ ရန်ကုန်ဘုခ်ပလာဇာနဲ့ စာအုပ်ရောင်းပွဲတွေရောက်ရင် ဘယ်လိုမှထင်မထားတဲ့ စာအုပ်တွေပင် တွေ့မိတယ်။ စာအုပ်ခေတ်မဟုတ်တော့လို့ စီးပွားရေးကိုက်ပါ့မလား တွေးပူမိလို့ ရေးသူရောထုတ်သူတွေပါ ကျေးဇူးတင်မိ။
.
အခု ဖတ်ပြီးသွားတဲ့ ဒီစာအုပ်လည်း ရန်ကုန်ဘုခ်ပလာဇာမှာ လျောက်ကြည့်ရင်းတွေ့လို့ ဝယ်မိတာ။ ကြားဘူးလို့ မဟုတ်ဘူး။ မူရင်းက ပူလစ်ဇာဆုရဆိုလို့ ပိုစိတ်ဝင်စားသွားတယ်။ ဘာသာပြန်သူ ရာပြည့်ရဲ့ အရိုင်းဒီရေ တအုပ်တော့ ဖတ်ဖူးတယ်။ ဘာသာပြန်ဘဲ။
.
အခုစာအုပ်က တောင်ဗီယက်နမ်မှာ စစ်ရှုံးလို့ အမေရိကန်တွေ ပြန်ပြေးရတဲ့အချိန်မှာ ဇတ်စတယ်။ ဇတ်လိုက်က တောင်ဗီယက်နမ် စစ်တပ်က ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ပီအေ။ သို့သော် သူက မြောက်ဗီယက်နမ် သူလျှို။ အဖေပြင်သစ်ဖုန်းကြီးနဲ့ အမေဗီယက်နမ်ကမွေးတော့ အင်္ဂလိပ်စာတတ်တော့ အလုပ်ဖြစ်နေတာ။ တပ်ထဲမဝင်ခင် အမေရိကားမှာ ပညာသင်သွားဘူးသေး။
.
တောင်ဗီယက်နမ်တွေ စစ်ရှုံးတော့ သူ့ဗိုလ်ချုပ် အမေရိကားပြေးရပြီ။ သူကမလိုက်ချင်ပေမယ့် အထက်ကခိုင်းတော့ သူလှျိုဆက်လုပ်ဖို့ လိုက်သွားရတယ်။ ဇတ်လမ်းပေါ့။ အမေရိကားမှာ ပိပိရိရိ အလုပ်လုပ်နိုင်တယ်။ နှစ်အနည်းငယ်ကြာတော့ ထိုင်းဘက်ကတဆင့် တန်ပြန်တော်လှန်ရေးလုပ်ဖို့ စေလွှတ်ခံရတယ်။ သူကလည်း နဂိုရ်က ေမြာက်ဗီယက်နမ်ဘက်ကဆိုတော့ ပြန်ချင်တာနဲ့ အတော်ဘဲပေါ့။
.
ပထမ စစ်ဆင်ရေးမှာတွင် အဖမ်းခံရပြီး ဇတ်လမ်းဖြစ်တယ်။ ကိုယ်တိုင်ဖတ်ကြည့်ကြရင် ပိုကောင်းမယ်။ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ဇတ်လမ်းဖွဲ့ထားတယ်။ မူလရေးသူက တောင်ဗီယက်နမ်ကပြေးသူရဲ့ အဆက်ထင်တယ်။ အမေရိကားမှာနေတဲ့ ဗီယက်နမ်ဘဲ။ မြောက်ဘက်အကြောင်း မကောင်း ဘက်လိုက်ရေးထားသလို ထင်ရပေမယ့် တောင်မြောက်စစ်ပွဲအပြီး နှစ်ငါးဆယ်အကြာမှာ ဗီယက်နမ်က စစ်ပွဲမရှိဘဲ ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ကိုဗစိအပြီး လာလိုက်တဲ့တိုးရစ်တွေမှာ အမေရိကန်တွေက တဝက်လောက်များ ရှိနေမလား မသိ။ ဘာဘဲဖြစ်ဖြစ် ခေတ်ဟောင်းအကြောင်း ရေးထားတဲ့ ဝတ္ထုကောင်းတအုပ်ပါ။
05 August 2022
အမှောင်၊
လက်ရှိ ဖတ်နေစဲစာအုပ်။
.
လူသတ်မှုကို စုံစမ်းတဲ့ဝတ္ထုပါ။ အခုနောက်ပိုင်း ဖတ်တဲ့အထဲ အကောင်းဆုံးလို့ ထင်မိတယ်။ ကျော်လည်း အဆုံးအထိ မဖတ်ရသေးလို့ ဇတ်အစုံမသိသေး။
.
စုံထောက်ဝတ္ထုလိုင်းမှာ လူသတ်မှုစုံစမ်းတဲ့လိုင်းက အအောင်မြင်ဆုံး ထင်တယ်။ ကြိုက်တယ်။ ပထမဆုံး ဖတ်ဖူးတာက စုံထောက်ကြီးဦးစံရှားပေါ့။ ဝတ္ထုစဖတ်ဖူးတဲ့အရွယ်ကကို ဖတ်ဖူးပြီးသဘောကျတာ။ စဥ်းစားပုံလော့ဂျစ်တွေက အရမ်းမိုက်စ်၊ စဖတ်ဖူးချိန်မှာ မူရင်းက နှစ်ငါးဆယ်လောက် အိုပြီဆိုပေမယ့် ဖတ်ပြီးသဘောကျတုံး။ ဦးစံရှားပြီးမှ ရှားလော့ဟုမ်းတို့ ဆားပုလင်းနှင်းမောင်တို့ ဖတ်ဖူးတာ။ အကုန်သဘောကျတာဘဲ။ သူတို့က အေးဆေးနဲ့ အဖြေရှာတဲ့ စုံထောက်တွေ။
.
နောက်စုံထောက်တမျိုးက လူစွမ်းကောင်း စုံထောက်တွေ။ စဖတ်ဖူးပြီး ကြိုက်တာက ဂျိမ်းစ်ဟယ်ဒလီချေ့စ်ဆိုတဲ့ စာရေးဆရာရဲ့ ဝတ္ထုဘာသာပြန်တွေ။ သူ့ဇတ်လိုက်တွေက စုံထောက်မဟုတ်ဘူး။ မတော်တဆ လူသတ်မှုဖြစ်တဲ့နေရာ ရောက်နေမိလို့ အစွပ်စွဲခံရပြီး ကိုယ်လွတ်ရုန်း၊ ပြီးမှ လူသတ်တရားခံကို ဇတ်လိုက်ကရှာပေးရတာ။ လော့ဂျစ်သိတ်မသုံး။ ဗြုကားနဲ့ လျူဂါသေနတ်ဘဲသုံးတယ်။ မြာကလည်း စွံကြသေး။ အထောက်တော်လှအောင်နဲ့ အောင်ခင်ဆင့်တို့လက်ရာတွေကြိုက်ခဲ့။
.
အဲဒီလို စုံထောက်မဟုတ်ဘဲ တရားခံရှာပေးတဲ့ အခြားဝတ္ထုတွေလည်း ရှိခဲ့တယ်။ အဂ္ဂသာခရစ္စတီး၊ အလစ္စတာမက္ကလိန်းရဲ့ ဝတ္ထုဘာသာပြန်တွေပေါ့။ လောလောဆယ် ခေါင်းထဲပေါ်လာတဲ့ စာရေးဆရာတွေဘဲ ချရေးလိုက်ရပေမယ့် အခြားဘာသာပြန်တွေ ရှိသေးတယ်။ တော်တော်များများ ဖတ်ကောင်းတာတွေ ရှိခဲ့ပေမယ့် မမှတ်မိ။
.
စုံထောက်ဝတ္ထုဘာသာပြန် နည်းသွားလို့ ဖတ်စရာရှာရချိန် မောင်ထော်လေးလမ်း အပေါ်ဘလောက်က အင်္ဂလိပ်ဝတ္ထု အငှားဆိုင်ရောက်သွားတယ်။ အဲဒီကပုဂ္ဂိုလ်က Lawrence Sanders ဖတ်ဖူးလားတဲ့။ မကြားဖူးလို့ ဘာသာပြန်ဖူးတာ ရှိလားမေးမိတယ်။ ဗမာလိုဖတ်ဖူးမှ အမျိုးအစားသိမှာကိုး။ မတွေ့ဘူးကြောင်း ကောင်းလွန်းလို့ ဖတ်ကြည့်သင့်ကြောင်းပြောပြီး First Deadly Sin လား၊ Sixth Commandments လား တအုပ်အုပ်ဘဲ။ ငှားလိုက်တယ်။ သဘောကျလွန်းလို့ အဲဒီဆိုင်ရှိ အဲဒီစာရေးဆရာရဲ့ဝတ္ထု အကုန်ဖတ်ဖြစ်တယ်။ အရင်က အဲဒီဆိုင်မှာ ဟာရိုးရော်ဘင်တို့လို့ နာမည်ကြီးတွေရဲ့ ဝတ္ထုတွေဘဲ ငှားဖတ်ဖြစ်တာ။ သူ့ဇတ်တွေက လူသတ်မှု စုံစမ်းတာပေမယ့် အဲဒီအချိန်က ခေတ်စားတဲ့ ဗြုကားနဲ့ လျူဂါစတိုင်မဟုတ်ဘူး။ သဲလွန်စတွေ အသေးစိတ်ရှာပြီး စုံစမ်းတဲ့ပုံစံ။ ဇတ်လေးတယ်။ ဒါကြောင့် မြန်မာပြန် မရှိတာဖြစ်မယ်။ စာအုပ်ငှားဆိုင်အမည်က သိင်္ဂီမော်။
.
အခုစာအုပ်က လူသတ်မှုစုံစမ်းတာပေမယ့် အထက်ကပုံစံတွေနဲ့ မတူဘူး။ နှစ်သုံးဆယ်လောက်ကြာမှ သိချင်စိတ်ပေါ်လို့ စုံစမ်းတာမျိုး။ ဘာဖြစ်မယ်တော့ မသိသေး။ သေချာတာက အမေရိကားမှာမလို့ ဒီဇတ်မျိုးဖြစ်တာ။ ပြီးသွားမှာစိုးလို့ တနေ့နှစ်ခန်းဘဲ စွဲဖတ်နေရတယ်။
.
ရေးရင်း စဥ်းစားမိတာက ဖတ်ခဲ့တာ များပြီ။ မြန်မာတွေရေးတဲ့ မူရင်း စုံထောက်ဝတ္ထု ခေါင်းထဲမပေါ်ဘူး။ ရှိခဲ့လို့ ဖတ်ခဲ့မိတောင် ကြိုက်တာမရှိခဲ့လို့ ဖြစ်မယ်။ ဘာလို့ မရေးကြပါလိမ့်။ မြန်မာတွေ လော့ဂျစ်ကျကျ မတွေးချင်ကြလို့များလား။
11 June 2022
ယစ် ရွှေ ပြည် ဝတ္ထု၊
စာအုပ်အသစ်များ မဖတ်ဖြစ်တာ ကြာလာပြီ။ အရင်ကစာတွေ ပြန်ဖတ်ရတာ ဇိမ်ပိုကျနေသည်။ တလောက ဘာသာပြန်အသစ်တအုပ် ဖတ်ဖြစ်သော်လည်း အဆုံးအထိ မဖတ်ဖြစ်။ အရသာ မတွေ့။ ဖေ့ဘုတ်ပေါ်က တွေ့နေသော စာအဟောင်းတွေကိုဘဲ ရှာဖတ်ဖြစ်နေသည်။
.
ဖေ့ဘုတ်ပေါ်မှာဘဲ ဘဝတက္ကသိုလ်စာပေမှ ကြော်ငြာတခုတွေ့တော့ စိတ်ဝင်စားသွားတာနှင့် ဝယ်ဖတ်ဖြစ်သည်။ စာရေးဆရာတော်ကောင်းမင်း ဘာသာပြန်သော မူရင်း တရုပ်ဝတ္ထု ယစ်ရွှေပြည်တဲ့။
.
စဖတ်ဖတ်ချင်း ဒီဆရာဘာသာပြန် နှစ်အုပ်လား ဖတ်ဖူးပါတယ်။ စာရေးတာ ဒီလိုမဟုတ်ပါဘူးလို့ ထင်မိသည်။ နှစ်ခန်းသုံးခန်းလောက်ဖတ်မိမှ သဘောကျလာပြီး အဆုံးအထိ ဖတ်ဖြစ်တော့သည်။
.
ဖတ်ရင်းနဲ့ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က ခေတ်စားခဲ့သော မော်ဒန်ဆိုတဲ့ စကားလုံးကို သတိရလာမိသည်။ ဤဘာသာပြန်ဝတ္ထုသည် စာအရေးအသား၊ အကြောင်းအရာ၊ ဇတ်လမ်းဆင်ပုံမှအစ အမည်ပေးပုံများအဆုံး တကယ်ဒန်တာဘဲဟု စိတ်ထင်မိပါသည်။
.
ဇတ်လမ်းအရ အရက်များ အမည်ပေးပုံ၊ အစားအသောက်များ အမည်ပေးပုံတွေဖတ်ရတော့ လွန်ခဲ့သော နှစ်လေးဆယ်ကျော်က ခေတ်စားခဲ့သော သိုင်းဝတ္ထုများထဲမှ သိုင်းနာမည်တွေကိုပင် သတိရမိပါသည်။
.
စာအုပ်တဝက်လောက်ရောက်မှ ဝတ္ထုဇတ်သွားကို သဘောပေါက်မိသည်။ စာတအုပ်ထဲတွင် ဝတ္ထုရှည် ဝတ္ထုတို ပေးစာများကို ထည့်ရေးထားရာ ဒန်ဖွဲ့စည်းပုံလို့ဘဲ ထင်မိသည်။ ကိုယ်တိုင်ဖတ်ကြည့်လိုက်ကြပါ။
.
မူရင်းတရုပ်ဝတ္ထု၊ အင်္ဂလိပ်လို The Republic of Wine ၊ ရေးသူ Mo Yan ကို ဘာသာပြန်ဆရာ တော်ကောင်းမင်းက ဘာသာပြန်ထားပါသည်။ စာပေစိစစ်ရေး ရှိချိန်ဆိုလျှင် အကြောင်းအရာအချို့အရ၎င်း၊ ဇတ်တည်ရာ တရုပ်ပြည်တွင် ဒီလိုအဖြစ်မျိုး တကယ်ရှိသည်ဟု ထင်မှာစိုးသည်ကတကြောင်း၊ အပေါ်ကပြောခဲ့သလို ဒန်လွန်းသဖြင့်၎င်း စာအုပ်အဖြစ် မြင်ရမည်လို့ မထင်မိပါကြောင်း။
20 March 2020
မော့ဆက်၏ စစ်ဆင်ရေးများ
ဆရာလှစိုးဝေ ဘာသာပြန်သည့် မော့ဆက်အကြောင်း ဖတ်ဖြစ်သည်။ စာမျက်နှာ ၇၅၀ခန့်နှင့် တန်ဖိုးကျပ်၁၀၀၀၀ ဖြစ်သည်။
.
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်ကို (၈၀ခု နှစ်များလောက်ကထင်သည်) တင်နွယ်မောင်ပြုစုသည့် မော့ဆက်စာအုပ်မှစ ရင်းနှီးခဲ့သည်။ သူတို့၏ ပြောင်မြောက်သောလုပ်ရပ်များကို အားကျခဲ့သည်။ အင်တက်ဘီလေဆိပ်တွင် ပြန်ပေးဆွဲခံထားရသော လေယာဥ်ကိုသွားကယ်ချိန်က မော့ဆက်ကဇတ်လိုက်။
.
ယခုစာအုပ်တွင်မူ အသေးစိတ်ဖော်ပြထားပြီး ဥပဒေပ အလွန်အကျွန်ဆောင်ရွက်မှုများကိုပါ ဖော်ပြထားပါသည်။ ၂၀၁၂ စစ်ဆင်ရေးများအထိ ဖော်ပြထားရာ အပြည့်စုံဆုံး စာအုပ်ဖြစ်သည်။ အင်တက်ဘီ၊ ရှင်းဘက်၊ ဘေရွတ်၊ ပါလက်စတိုင်း၊ အာရာဖတ် ၊လီကွတ်ပါတီ၊ ဘီဂင်၊ မိုရှေဒါယန်း၊ ဂိုလ်ဒါမေယာမှအစ ဂျေရူစလင်အထိ စကားလုံးများ ပြန်ဖတ်မိသည်။ ဒီစကားလုံးတွေနဲ့ ဝေးနေတာကြာခဲ့ပြီ။
.
မော့ဆက်နှင့် အခြားအစ္စရေးထောက်လှမ်းရေးအဖွဲ့များ၏ အော်ပရေးရှင်းများ တော်တော်အသေးစိတ်ရေးထားသည်။ အရင်မော့ဆက်အကြောင်း စာအုပ်များလို ဇတ်လမ်းပုံမရေးဘဲ မှတ်တမ်းလိုရေးထားသဖြင့် ဖတ်ရတာ လေးပါလိမ့်မည်။ သို့သော် ထောက်လှမ်းရေးစိတ်ပါဝင်စားသူများ ဖတ်သင့်ပါသည်။ အထူးသဖြင့် စစ်တပ်စာကြည့်တိုက်များအတွက် လွန်စွာသင့်တော်မည်ဟု ထင်မိသည်။
19 January 2020
ကံမကုန်သရွေ့
ဉာဏ်သစ် ဘာသာပြန်သည့် ''ကံမကုန်သရွေ့'' ဝတ္ထု ဖတ်ဖြစ်ပါတယ်။ မူရင်းက paul adirex ရဲ့ Until the karma ends စာအုပ်ပါ။ မူရင်းရေးသူမှာ ထိုင်းနိုင်ငံရေးလောကတွင် ဒုဝန်ကြီးချုပ်အဆင့်ထိ တာဝန်ယူဘူးတယ်လို့ ဖော်ပြထားပါတယ်။
.
မျက်နှာဖုံးပုံကြည့်ပြီး ၈၈နောက်ပိုင်း မြန်မာ့နိုင်ငံရေးနောက်ခံ ဝတ္ထုဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်တာပါ။ တကယ်ဖတ်တော့ ဇတ်လမ်းက ပိုကြီးကျယ်နေပါတယ်။ ယုတ္တိနဲ့ ဖြစ်နိုင်ခြေကို လစ်လျုရှုဖတ်ရင် သာမန်စုံထောက်ဝတ္ထုတအုပ်ပါဘဲ။ ဖတ်လို့ကောင်းပါတယ်။
.
ဇတ်လိုက်က ဆိုဗီယက်ပြည်ထောင်စုကြီးကို သမတနိုင်ငံတွေဖြစ်ကုန်အောင် ဖြိုခွဲခဲ့တဲ့သူပါ။ လူတော် စီအိုင်အေဇတ်လိုက်ပေါ့။ ၉၅ခုလောက်ကျတော့ အမေရိကန်သမတက မြန်မာပြည်ကိုရော အဲ့လိုဖြိုခွဲရင် ရနိုင်မလား တာဝန်ပေးပါသတဲ့။
.
သမတ စီအိုင်အေနဲ့ ဘီလီယံနာသဌေးကြီးတဦးက စီစဥ်ကြတာပါ။ သူဌေးကလည်း ဘယ်လောက် အမေရိကန်နိုင်ငံရေးလောကကို ပိုင်လည်းဆိုရင် သမတဖို့ဒ်နောက်ပိုင်း အမေရိကန်သမတဖြစ်သူတွေ သူနဲ့မကင်းကြဘူးတဲ့။ ရီပါ့ဘလစ်ကင်ရော ဒီမိုကရက်ရော သူသဘောတူမှ သမတဖြစ်မယ့်ပုံ ရေးထားတာပါ။
.
ဒါနဲ့ဘဲ မြန်မာပြည်ထဲက တိုင်းရင်းသားလေးမျိုးကို နိုင်ငံခွဲထောင်ဖို့ စည်းရုံးရန် ထိုင်းကိုလွှတ်လိုက်တယ်။ ခွန်ဆာ(ရှမ်း) ၊ ဗိုလ်မြ(ကရင်)၊ နိုင်ရွှေကျင်(မွန်) နဲ့ အောင်သန်းလေး(ကယား)တို့ကို တွေ့ပြီးစည်းရုံးတယ်။ အရှေ့မြန်မာပြည်ထောင်ရင် အမေရိကန်က အသိအမှတ် အရင်ပြုမယ်ပေါ့။ ဗိုလ်အညွန့်လည်း ဒီဝတ္ထုဖတ်ပြီး ကျောချမ်းနေမလား မသိ။
.
ဝတ္ထုအလယ်လောက်လည်းရောက်ရော ဒီမဟာအကြံအစည်ကြီးက မဖြစ်နိုင်သေးဆိုပြီး ဘာမှဆက်မရေးတော့ဘူးဗျာ။ ဘီလီယံနာသဌေး မြန်မာ့စီးပွားရေးလွှမ်းမိုးတာဘက်ရောက်ပြီး အဆုံးကျ ဗန်ကောက်ကို အစည်းအဝေးလါတက်မဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို လုပ်ကြံမယ့်ဘက် ဦးတည်သွားတယ်။ အဲဒီလုပ်ကြံမှုထဲ ဘီလီယံနာပါပြီး အမှုပေါ်တော့ မြန်မာပြည်ထဲမှာဘဲ တသက်လုံး နေသွားမယ်ပုံဘဲ။
.
လူဆိုးတွေကတော့ မြန်မာထောက်လှမ်းရေးနဲ့ အပေါင်းပါတွေပေါ့။ ကေဂျီဘီတဦးရယ် ထိုင်းလူကြမ်းအဖွဲ့ရယ် ဇတ်လမ်းထဲပါလာတော့ ဖတ်ကောင်းတဲ့ သာမန်စုံထောက်ဝတ္ထု ဖြစ်သွားပါတယ်။
.
စာရေးသူက ထိုင်းဖြစ်နေလို့လား မသိဘူး။ ဇတ်လမ်းဆုံးပြီးမှ အတိတ်ဆိုပြီး အလောင်းဘုရား ကျဆုံးပုံအသစ်ကို ရေးထားပါသေးတယ်။ မဆီမဆိုင် သီပေါတို့ခေတ်ဗမာတွေ ညံ့လို့ အင်္ဂလိပ်အောက်ရောက်ပုံကိုလည်း ထပ်ဖြည့်ထားသေးသဗျ။ ဒီထိုင်းကြီး အညှိုးကြီးပုံရတယ်။
20 December 2019
စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း
(Unicode version)
ခင်ဝမ်းက လူနာမည်တွေကို သီချင်းထဲ ထည့်ရေးတတ်တယ်။ စော ၊ နှင်း ၊ မိလေး ၊ မိနီ ၊ မမချစ် စသဖြင့်ပေါ့။ ဒါပေမယ့် ခင်ဝမ်းသီချင်း အရူးအမူးစဖြစ်စေတဲ့ ပထမဆုံးစီးရီး ''နှင်းဆီဖြူရဲ့ အဝေးကလူတယောက်'' မှာကတည်းက နာမည်တခုကို ခင်ဝမ်းသီချင်းစွဲသွားသူတွေ သဘောကျ မှတ်မိ အလွတ်ရကုန်ကြတာပါ။
.
"အို မောင်ဒီ''
'မောင်ဒီ' ဘယ်သူမှန်း မသိခဲ့ပါ။ ခင်ဝမ်းခင်ခဲ့သူတဦး။ ခင်ဝမ်းနဲ့ ပေဖေါ်ပေဖက်ဖြစ်မယ်။ ခင်ဝမ်းလေးစားအားကျနေသူတဦး ဖြစ်မယ်။ အမည်ကလည်း ထူးဆန်းနေလို့ သဘောကျခဲ့တယ်။ နောက်ပိုင်းမှ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ ပုံထူးထူးဆန်းဆန်းတွေမှာ 'မောင်ဒီ'လို့ လက်မှတ်ထိုးတာ သတိထားလာမိတယ်။ တချို့ပုံတွေကျ 'မျိုးညွန့်'တဲ့။
.
တကယ်ဘဲ သူတို့နှစ်ဦး လမ်းကြိုလမ်းကြား လျှောက်သွားခဲ့ကြဘူးတယ်။ လမ်းဘေးက(ကော်ဖီ)ဆိုင်တွေ ထိုင်ခဲ့ဘူးတယ်။ လောကကိုဖြတ်သန်းပြီး လောကအလှ ရှာခဲ့ဘူးပါတယ်။ အဲဒီ'မောင်ဒီ'က ခင်ဝမ်းအကြောင်း အမှတ်တရ ပြောဆိုရေးသားခဲ့တာတွေကို စာအုပ်အဖြစ် စုထုတ်လိုက်ပါပြီ။
.
"ဂီတနှင့်ပန်းချီ ၊ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း'' ဆိုတဲ့ စာအုပ်ပါးလေးပါ။ ကျော်မွှေးစာပေမှ ဒုတိယအကြိမ် ဖြည့်စွက်ထုတ်ဝေသည်လို့ ပါပါတယ်။ တန်ဖိုး ၃၀၀၀ကျပ်ပါ။ ပထမအကြိမ်ကို အက္ခရာစာပေက ထုတ်ဝေခဲ့ပါတယ်။
.
ဆောင်းပါး၃ပုဒ်နဲ့ အင်တာဗျူးတခုပါပါတယ်။ ပထမဆောင်းပါး 'ဂီတ နှင့် ပန်းချီ' မှာတော့ ဆရာမောင်ဒီရဲ့ အနုပညာခံစားပုံများပြီး ခင်ဝမ်းအကြောင်း ပါးပါးဘဲပါပါတယ်။ 'စံကြည်ကြော့.....'ကတော့ သူနဲ့ခင်ဝမ်း ဖြတ်သန်းခဲ့ပုံတွေပါ။ သူတို့နှစ်ဦး စတွေ့ချိန်မှ ကွယ်လွန်ချိန်အထိ အမှတ်တရစာတွေပါ။ ခင်ဝမ်းပရိဿတ် သဘောကျစရာတွေကြီးပါ။
.
တတိယဆောင်းပါးက ခင်ဝမ်းဆုံးချိန်အကြောင်းနဲ့ နောက်ဆုံးက အလင်္ကာမဂ္ဂဇင်းမှာ 'အေးဘကျော်'နဲ့ ခင်ဝမ်းအကြောင်း ဗျူးထားတာပါ။ ဒီစာစုတွေ မဂ္ဂဇင်းတွေမှာ ဖတ်ဘူးတယ်ဖြစ်နိုင်ပေမယ့် အခုလို စုပြီးပြန်ထုတ်တော့ ခရေဇီးတွေ သဘောကျစရာပါဘဲ။
XxXxXx
(Zawgyi version)
ခင္ဝမ္းက လူနာမည္ေတြကို သီခ်င္းထဲ ထည့္ေရးတတ္တယ္။ ေစာ ၊ ႏွင္း ၊ မိေလး ၊ မိနီ ၊ မမခ်စ္ စသျဖင့္ေပါ့။ ဒါေပမယ့္ ခင္ဝမ္းသီခ်င္း အ႐ူးအမူးစျဖစ္ေစတဲ့ ပထမဆုံးစီးရီး ''ႏွင္းဆီျဖဴရဲ႕ အေဝးကလူတေယာက္'' မွာကတည္းက နာမည္တခုကို ခင္ဝမ္းသီခ်င္းစြဲသြားသူေတြ သေဘာက် မွတ္မိ အလြတ္ရကုန္ၾကတာပါ။
.
"အို ေမာင္ဒီ''
'ေမာင္ဒီ' ဘယ္သူမွန္း မသိခဲ့ပါ။ ခင္ဝမ္းခင္ခဲ့သူတဦး။ ခင္ဝမ္းနဲ႕ ေပေဖၚေပဖက္ျဖစ္မယ္။ ခင္ဝမ္းေလးစားအားက်ေနသူတဦး ျဖစ္မယ္။ အမည္ကလည္း ထူးဆန္းေနလို႔ သေဘာက်ခဲ့တယ္။ ေနာက္ပိုင္းမွ မဂၢဇင္းသ႐ုပ္ေဖာ္ပန္းခ်ီ ပုံထူးထူးဆန္းဆန္းေတြမွာ 'ေမာင္ဒီ'လို႔ လက္မွတ္ထိုးတာ သတိထားလာမိတယ္။ တခ်ိဳ႕ပုံေတြက် 'မ်ိဳးၫြန့္'တဲ့။
.
တကယ္ဘဲ သူတို႔ႏွစ္ဦး လမ္းႀကိဳလမ္းၾကား ေလွ်ာက္သြားခဲ့ၾကဘူးတယ္။ လမ္းေဘးက(ေကာ္ဖီ)ဆိုင္ေတြ ထိုင္ခဲ့ဘူးတယ္။ ေလာကကိုျဖတ္သန္းၿပီး ေလာကအလွ ရွာခဲ့ဘူးပါတယ္။ အဲဒီ'ေမာင္ဒီ'က ခင္ဝမ္းအေၾကာင္း အမွတ္တရ ေျပာဆိုေရးသားခဲ့တာေတြကို စာအုပ္အျဖစ္ စုထုတ္လိုက္ပါၿပီ။
.
"ဂီတႏွင့္ပန္းခ်ီ ၊ စံၾကည္ေၾကာ့ သို႔မဟုတ္ ခင္ဝမ္း'' ဆိုတဲ့ စာအုပ္ပါးေလးပါ။ ေက်ာ္ေမႊးစာေပမွ ဒုတိယအႀကိမ္ ျဖည့္စြက္ထုတ္ေဝသည္လို႔ ပါပါတယ္။ တန္ဖိုး ၃၀၀၀က်ပ္ပါ။ ပထမအႀကိမ္ကို အကၡရာစာေပက ထုတ္ေဝခဲ့ပါတယ္။
.
ေဆာင္းပါး၃ပုဒ္နဲ႕ အင္တာဗ်ဴးတခုပါပါတယ္။ ပထမေဆာင္းပါး 'ဂီတ ႏွင့္ ပန္းခ်ီ' မွာေတာ့ ဆရာေမာင္ဒီရဲ႕ အႏုပညာခံစားပုံမ်ားၿပီး ခင္ဝမ္းအေၾကာင္း ပါးပါးဘဲပါပါတယ္။ 'စံၾကည္ေၾကာ့'ကေတာ့ သူနဲ႕ခင္ဝမ္း ျဖတ္သန္းခဲ့ပုံေတြပါ။ သူတို႔ႏွစ္ဦး စေတြ႕ခ်ိန္မွ ကြယ္လြန္ခ်ိန္အထိ အမွတ္တရစာေတြပါ။ ခင္ဝမ္းပရိႆတ္ သေဘာက်စရာေတြႀကီးပါ။
.
တတိယေဆာင္းပါးက ခင္ဝမ္းဆုံးခ်ိန္အေၾကာင္းနဲ႕ ေနာက္ဆုံးက အလကၤာမဂၢဇင္းမွာ 'ေအးဘေက်ာ္'နဲ႕ ခင္ဝမ္းအေၾကာင္း ဗ်ဴးထားတာပါ။ ဒီစာစုေတြ မဂၢဇင္းေတြမွာ ဖတ္ဘူးတယ္ျဖစ္နိုင္ေပမယ့္ အခုလို စုၿပီးျပန္ထုတ္ေတာ့ ခေရဇီးေတြ သေဘာက်စရာပါဘဲ။
07 October 2019
INTO HIDDEN BURMA စာအုပ်ဘာသာပြန်
(Unicode version)
မောရစ်ကောလစ်၏ Into hidden Burma ကို ဘာသာပြန်ထားသောစာအုပ်ဖတ်ရပါသည်။ သူ့၏စာ ဘာသာပြန်များ ဖတ်ဘူးသော်လည်း ဤစာအုပ်ကို ဖတ်ဘူးခဲ့သည်ဟု မမှတ်မိပါ။ ဦးခင်မောင်ကြီးဘာသာပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၁၉၆၂ခုခန့်က ထုတ်ဝေခဲ့ဟန်တူပါသည်။ ယခုဖတ်ရသောစာအုပ်မှာ စိတ်ကူးချိုချိုမှ ပြန်လည်ထုတ်ဝေသော စာအုပ်ဖြစ်သည်။
.
မောရစ်ကောလစ် မြန်မာပြည်တွင် တာဝန်ထမ်းဆောင်သွားစဥ် ကြုံတွေ့ခဲ့သမျှကို မှတ်တမ်းတင်ထားခြင်းဖြစ်သော်လည်း မူရင်းရေးသူကတော်သလို ဘာသာပြန်သူက ကောင်းသဖြင့် ဖတ်ကောင်းပါသည်။ ၁၉၁၈မှ ၁၉၃၄အတွင်း မြန်မာပြည်အခြေအနေကိုလည်း သိရ၍ ဗဟုသုတရစရာပါ။
.
ဆိုးတာနှစ်ချက်ရှိသည်။ မူရင်းအမည် INTO HIDDEN BURMA ဖြစ်သော်လည်း ဘာသာပြန်စာအုပ်ကို ''#ဗြိတိသျှသံဖနောင့်အောက်မှ_မြန်မာပြည်'' ဟု အမည်တပ်ခဲ့သည်။ မောရစ်ကောလစ်သည် အင်္ဂလိပ်အုပ်ချုပ်သူတဦးဖြစ်သော်လည်း မြန်မာတို့အပေါ်တွင် ကောင်းခဲ့သူဖြစ်သည်။ ဤစာအုပ်တွင်လည်း ထည့်ရေးထာသည်။ သူအုပ်ချုပ်သည့် ဒေသခံမြန်မာတွေက သူ့ကိုခင်မင်လေးစားသောကြောင့် သူတို့၏ ကိုယ်ပိုင်ဘဝတွေကို ပြခဲ့ကြသည်။ ထို့ကြောင့်ပင် အခြား အင်္ဂလိပ်အုပ်ချုပ်သူများ မသိခဲ့သည်များကို သူသိခဲ့ရသည်။ သာမန်မြင်နေကျ မြန်မာ့လူမှု့ဘဝ၏ အတွင်းဘက်အထိ သူသိခဲ့ရသဖြင့် မူရင်းအမည်ပေးခဲ့ခြင်းဖြစ်ရာ ဘာသာပြန်အမည်သည် စာရေးဆရာကို စော်ကားသလိုထင်မိသည်။
.
ပိုဆိုးသည်ကား ပထမအကြိမ်ထုတ်ဝေသူ ဦးမြင့်ဆွေ၏ အမှာစာပင်။ အင်္ဂလိပ်ကိုလိုနီမကောင်းကြောင်း၊ မြန်မာတွေ ဘယ်လိုအဖိနှိပ်ခံခဲ့ရကြောင်း၊ လွတ်လပ်ရေးရရန် ဘယ်လိုတော်လှန်ခဲ့ရကြောင်းတွေ ထည့်ရေးထားသည်။ စာအုပ်နှင့် မဆိုင်လှဟုထင်မိသည်။ မူရင်းစာရေးသူထံမှ ဘာသာပြန်ထုတ်ရန်အတွက် ခွင့်တောင်းမည် မထင်ပါ။ မူရင်းကို စီးပွားရေးအတွက် ဘာသာပြန်ထုတ်ပြီး မဆိုင်သည့်မကောင်းကြောင်းများ အမှာစာရေးတာ ဆိုးလှပါသည်။
.
မောရစ်ကောလစ်ကိုတော့ မဆိုးဟုရေးထားသော်လည်း ကြံဖန်ရှာ၍ မကောင်းကြောင်းရေးထားတာ အတော်ညံ့ရာကျသည်။ ဖတ်ကြည့်ပါ။
"မစ္စတာမောရစ်ကောလစ်ကမူ ...
'အကယ်၍ ဗြိတိသျှတို့သည် အမြင်မတိုဘဲ ယခုထက် စောစီးစွာ မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည်ဆိုလျှင် ဗြိတိသျှဓနသဟာယမှ မြန်မာနိုင်ငံသည် အဘယ်နည်းနှင့်မှ ခွဲထွက်လိမ့်မည်မဟုတ်'
ဟူ၍ ဗြိတိသျှနယ်ချဲ့သမား၏ သဘောထားယုတ်ညံ့မှု ၊ အရှည်မကြည့်တတ်မှုတို့ကို သိမ်သိမ်မွေ့မွေ့နှင့်ပင် ပေါ်လွင်အောင် တင်ပြထားပေသည်။'' ဟူ၏။
.
ထုတ်ဝေသူသည် လွတ်လပ်ရေးနှင့် ဓနသဟာယအဖွဲ့ကို ၁၉၆၂အထိ ခွဲခြားသိသေးဟန်မတူ။ လိပ်ဆိုလျှင် လိပ်ခွံဘီးတောင်မသုံးဆိုသော ပညာမဲ့အုပ်စုဘက်မှဖြစ်ဟန်တူသည်။ ဗိုလ်ချုပ်အောင်ဆန်းပင် သိရက်နှင့် မကျော်နိုင်ခဲ့သည့် မျိုးချစ်တစောက်ကန်းအုပ်စုက ထိုခေတ်တွငိပင် အင်အားကောင်းခဲ့ဟန်တူသည်။
.
မိမိစာအုပ်ကိုလည်း ခွင့်ပြုချက်မယူဘဲ ဘာသာပြန်သေး၊ စာအုပ်အမည်ကိုလည်း မဆီမလျှော် စော်ကားသည့်အမည်မျိုး ပြောင်းပေးသေး၊ လုံးဝမသင့်တော်သော အမှာစာကိုလည်း ထုတ်ဝေသူက ရေးသေးသည်ဆိုလျှင် မောရစ်ကောလစ်သာသိပါက ခွင့်ပြုမည် မထင်မိပါကြောင်း။ သူက ခွင့်လွှတ်နိုင်လျှင်ပင် မြန်မာတို့၏ စိတ်ထားကို ဖော်ပြသလိုဖြစ်နေ၍ ရှက်စရာကောင်းသည်ဟု ထင်မိပါကြောင်း။ ။
XxXxXx
(Zawgyi version )
ေမာရစ္ေကာလစ္၏ Into hidden Burma ကို ဘာသာျပန္ထားေသာစာအုပ္ဖတ္ရပါသည္။ သူ႕၏စာ ဘာသာျပန္မ်ား ဖတ္ဘူးေသာ္လည္း ဤစာအုပ္ကို ဖတ္ဘူးခဲ့သည္ဟု မမွတ္မိပါ။ ဦးခင္ေမာင္ႀကီးဘာသာျပန္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ကို ၁၉၆၂ခုခန့္က ထုတ္ေဝခဲ့ဟန္တူပါသည္။ ယခုဖတ္ရေသာစာအုပ္မွာ စိတ္ကူးခ်ိဳခ်ိဳမွ ျပန္လည္ထုတ္ေဝေသာ စာအုပ္ျဖစ္သည္။
.
ေမာရစ္ေကာလစ္ ျမန္မာျပည္တြင္ တာဝန္ထမ္းေဆာင္သြားစဥ္ ႀကဳံေတြ႕ခဲ့သမွ်ကို မွတ္တမ္းတင္ထားျခင္းျဖစ္ေသာ္လည္း မူရင္းေရးသူကေတာ္သလို ဘာသာျပန္သူက ေကာင္းသျဖင့္ ဖတ္ေကာင္းပါသည္။ ၁၉၁၈မွ ၁၉၃၄အတြင္း ျမန္မာျပည္အေျခအေနကိုလည္း သိရ၍ ဗဟုသုတရစရာပါ။
.
ဆိုးတာႏွစ္ခ်က္ရွိသည္။ မူရင္းအမည္ INTO HIDDEN BURMA ျဖစ္ေသာ္လည္း ဘာသာျပန္စာအုပ္ကို ''#ၿဗိတိသွ်သံဖေနာင့္ေအာက္မွ_ျမန္မာျပည္'' ဟု အမည္တပ္ခဲ့သည္။ ေမာရစ္ေကာလစ္သည္ အဂၤလိပ္အုပ္ခ်ဳပ္သူတဦးျဖစ္ေသာ္လည္း ျမန္မာတို႔အေပၚတြင္ ေကာင္းခဲ့သူျဖစ္သည္။ ဤစာအုပ္တြင္လည္း ထည့္ေရးထာသည္။ သူအုပ္ခ်ဳပ္သည့္ ေဒသခံျမန္မာေတြက သူ႕ကိုခင္မင္ေလးစားေသာေၾကာင့္ သူတို႔၏ ကိုယ္ပိုင္ဘဝေတြကို ျပခဲ့ၾကသည္။ ထို႔ေၾကာင့္ပင္ အျခား အဂၤလိပ္အုပ္ခ်ဳပ္သူမ်ား မသိခဲ့သည္မ်ားကို သူသိခဲ့ရသည္။ သာမန္ျမင္ေနက် ျမန္မာ့လူမႈ႕ဘဝ၏ အတြင္းဘက္အထိ သူသိခဲ့ရသျဖင့္ မူရင္းအမည္ေပးခဲ့ျခင္းျဖစ္ရာ ဘာသာျပန္အမည္သည္ စာေရးဆရာကို ေစာ္ကားသလိုထင္မိသည္။
.
ပိုဆိုးသည္ကား ပထမအႀကိမ္ထုတ္ေဝသူ ဦးျမင့္ေဆြ၏ အမွာစာပင္။ အဂၤလိပ္ကိုလိုနီမေကာင္းေၾကာင္း၊ ျမန္မာေတြ ဘယ္လိုအဖိႏွိပ္ခံခဲ့ရေၾကာင္း၊ လြတ္လပ္ေရးရရန္ ဘယ္လိုေတာ္လွန္ခဲ့ရေၾကာင္းေတြ ထည့္ေရးထားသည္။ စာအုပ္ႏွင့္ မဆိုင္လွဟုထင္မိသည္။ မူရင္းစာေရးသူထံမွ ဘာသာျပန္ထုတ္ရန္အတြက္ ခြင့္ေတာင္းမည္ မထင္ပါ။ မူရင္းကို စီးပြားေရးအတြက္ ဘာသာျပန္ထုတ္ၿပီး မဆိုင္သည့္မေကာင္းေၾကာင္းမ်ား အမွာစာေရးတာ ဆိုးလွပါသည္။
.
ေမာရစ္ေကာလစ္ကိုေတာ့ မဆိုးဟုေရးထားေသာ္လည္း ႀကံဖန္ရွာ၍ မေကာင္းေၾကာင္းေရးထားတာ အေတာ္ညံ့ရာက်သည္။ ဖတ္ၾကည့္ပါ။
"မစၥတာေမာရစ္ေကာလစ္ကမူ ...
'အကယ္၍ ၿဗိတိသွ်တို႔သည္ အျမင္မတိုဘဲ ယခုထက္ ေစာစီးစြာ ျမန္မာနိုင္ငံအား လြတ္လပ္ေရးေပးမည္ဆိုလွ်င္ ၿဗိတိသွ်ဓနသဟာယမွ ျမန္မာနိုင္ငံသည္ အဘယ္နည္းႏွင့္မွ ခြဲထြက္လိမ့္မည္မဟုတ္'
ဟူ၍ ၿဗိတိသွ်နယ္ခ်ဲ့သမား၏ သေဘာထားယုတ္ညံ့မႈ ၊ အရွည္မၾကည့္တတ္မႈတို႔ကို သိမ္သိမ္ေမြ႕ေမြ႕ႏွင့္ပင္ ေပၚလြင္ေအာင္ တင္ျပထားေပသည္။'' ဟူ၏။
.
ထုတ္ေဝသူသည္ လြတ္လပ္ေရးႏွင့္ ဓနသဟာယအဖြဲ႕ကို ၁၉၆၂အထိ ခြဲျခားသိေသးဟန္မတူ။ လိပ္ဆိုလွ်င္ လိပ္ခြံဘီးေတာင္မသုံးဆိုေသာ ပညာမဲ့အုပ္စုဘက္မွျဖစ္ဟန္တူသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပင္ သိရက္ႏွင့္ မေက်ာ္နိုင္ခဲ့သည့္ မ်ိဳးခ်စ္တေစာက္ကန္းအုပ္စုက ထိုေခတ္တြငိပင္ အင္အားေကာင္းခဲ့ဟန္တူသည္။
.
မိမိစာအုပ္ကိုလည္း ခြင့္ျပဳခ်က္မယူဘဲ ဘာသာျပန္ေသး၊ စာအုပ္အမည္ကိုလည္း မဆီမေလွ်ာ္ ေစာ္ကားသည့္အမည္မ်ိဳး ေျပာင္းေပးေသး၊ လုံးဝမသင့္ေတာ္ေသာ အမွာစာကိုလည္း ထုတ္ေဝသူက ေရးေသးသည္ဆိုလွ်င္ ေမာရစ္ေကာလစ္သာသိပါက ခြင့္ျပဳမည္ မထင္မိပါေၾကာင္း။ သူက ခြင့္လႊတ္နိုင္လွ်င္ပင္ ျမန္မာတို႔၏ စိတ္ထားကို ေဖာ္ျပသလိုျဖစ္ေန၍ ရွက္စရာေကာင္းသည္ဟု ထင္မိပါေၾကာင္း။ ။
27 August 2019
လှစိုးဝေရဲ့ 9/12 အလွန်စစ်ပွဲများ
21 August 2019
မဟာတို့၏ကျဆုံးခန်း စကားဝိုင်း၊
(Zawgyi version)
ႏိုင္ငံေရးစာေပနဲ႔ ဘာသာျပန္ဝတၳဳႀကိဳက္သူပီပီ ဆရာလွစိုးေဝရဲ႕ မဟာတို႔ရဲ႕က်ဆံုးခန္း စကားဝိုင္းသို႔ သြားနားေထာင္ျဖစ္ခ့ဲပါတယ္။ ဆရာက ကေနဒါမွာေနသူျဖစ္ၿပီး ျမန္မာျပည္အလည္ေရာက္ခိုက္ စကားဝိုင္းေလးလုပ္တာပါ။ ဘာသာျပန္ဝတၳဳ ႐ွားလာခ်ိန္မွာ ဘာသာျပန္ေပးလို႔ ေက်းဇူးတင္စကား ကိုယ္တိုင္ကိုယ္က် ေျပာခ့ဲရပါတယ္။
.
ပထမပိုင္းမွာ ဒီစာအုပ္ေရးဖို႔ စိတ္ကူးရပံုနဲ႔ ငယ္စဥ္ကတည္းက ဝါသနာပါခ့ဲတ့ဲ အဂၤလိပ္စာ ေလ့လာျဖစ္ပံု၊ ဂ်ာနယ္လစ္ျဖစ္ခ်င္ခ့ဲပံုေတြ ေျပာျပခ့ဲပါတယ္။ ဒီ မဟာစာအုပ္တြဲက ႏွစ္တရာစာေလာက္ ကမာၻ႔သမိုင္းကို အေျခခံထားတ့ဲ ဝတၳဳျဖစ္ေၾကာင္း၊ သာမန္သမိုင္းလိုမကဘဲ ဘာေၾကာင့္ျဖစ္ခ့ဲရတယ္ဆိုတာေတြပါ ေဖၚျပထားလို႔ ျမန္မာ့ႏိုင္ငံေရး လုပ္လိုသူေတြ သိ႐ွိေလ့လာဖို႔ အဓိကရည္ရြယ္ခ့ဲတယ္လို႔ ေျပာၾကားခ့ဲပါတယ္။ အထူးသျဖင့္ ႏိုင္ငံေရး စိတ္ဝင္စားသူ လူငယ္ေတြအတြက္ပါတ့ဲ။
.
မူရင္းစာေရးဆရာရဲ႕ အာေဘာ္ေၾကာင့္ သမိုင္းဆရာေတြပင္ အျငင္းပြားစရာ ျဖစ္ခ့ဲပါတယ္တ့ဲ။ ဥပမာအေနနဲ႔ လီနင္ရဲ႕ ေဘာ္လ္႐ွီဗစ္ေတာ္လွန္ေရး ေအာင္ျမင္ဖို႔ ဂ်ာမန္ေထာက္လွမ္းေရးက ေငြေၾကးေထာက္ပံ့ခ့ဲရတယ္၊ ဆိုဗီယက္သံကန္႔လန္႔ကာ ၿပိဳက်ဖို႔ အဓိကလႈပ္႐ွားခ့ဲသူေတြက အေမရိကန္သမတရီဂင္နဲ႔ ပုပ္ရဟန္းမင္းႀကီး ဂြၽန္ေပါတို႔မဟုတ္ဘဲ ပိုလန္ႏိုင္ငံ သေဘၤာက်င္းတခုမွ အလုပ္သမားတစုက အစျပဳခ့ဲတာ ဆိုတာမ်ိဳးေတြပါ။ စဥ္းစားစရာေတြပါဘဲ။
.
ဒုတိယပိုင္း အေမးအေျဖအခန္းမွာ သမတေဒၚနယ္ထရမ့္လက္ထက္ ႐ိုျပသနာ ျမန္မာျပည္အတြက္ သက္သာသြားတယ္လို႔ ေျဖခ့ဲပါတယ္။ ေဒၚနယ္ထရမ့္က အဲဒီကိစၥနဲ႔အတူ ျမန္မာကိုလည္း သိတ္စိတ္ဝင္စားဟန္မ႐ွိလို႔ ေျဖခ့ဲပါတယ္။
.
လက္႐ွိ တ႐ုပ္အေမရိကန္ စီးပြားေရးစစ္အေၾကာင္း ေမးရာမွာ တ႐ုပ္ အထိနာဖို႔မ်ားတယ္၊ အေမရိကန္စီးပြားေရး သူ႔ေၾကာင့္တက္လာလို႔ လာမယ့္ေရြးေကာက္ပြဲမွာ အေမရိကန္ေတြ သူ႔ကိုဘဲ ဆက္ေရြးၾကမယ္လို႔ ေျဖခ့ဲပါတယ္။
.
ျမန္မာ့ၿငိမ္းခ်မ္းေရး ရႏိုင္မလားဆိုေတာ့ ေျခဥမျပင္သေရြ႔ မရႏိုင္ေၾကာင္း၊ ေျခဥျပင္ၿပီးမွသာ နီးစပ္မယ္။ ဒါေတာင္ ကုလအကူအညီ ယူသင့္တယ္ဆိုၿပီး ကိုလန္ဘီယာနဲ႔ နီေပါမွ ၿငိမ္းျခမ္းေရးယူခ့ဲပံုမ်ား နမူနာေျပာၿပီး ေျဖခ့ဲပါတယ္။
.
အျခား ကေနဒါႏိုင္ငံ လူမႈေရး စီးပြားေရးအေၾကာင္းမ်ား ေျပာျပခ့ဲသလို လက္႐ွိအဂၤလန္အစိုးရ မတည္ျမဲႏိုင္ဘူးလို႔လည္း သံုးသပ္ျပခ့ဲေၾကာင္းပါ။ ။
XxXxX
(Unicode version)
နိုင်ငံရေးစာပေနဲ့ ဘာသာပြန်ဝတ္ထုကြိုက်သူပီပီ ဆရာလှစိုးဝေရဲ့ မဟာတို့ရဲ့ကျဆုံးခန်း စကားဝိုင်းသို့ သွားနားထောင်ဖြစ်ခ့ဲပါတယ်။ ဆရာက ကနေဒါမှာနေသူဖြစ်ပြီး မြန်မာပြည်အလည်ရောက်ခိုက် စကားဝိုင်းလေးလုပ်တာပါ။ ဘာသာပြန်ဝတ္ထု ရှားလာချိန်မှာ ဘာသာပြန်ပေးလို့ ကျေးဇူးတင်စကား ကိုယ်တိုင်ကိုယ်ကျ ပြောခ့ဲရပါတယ်။
.
ပထမပိုင်းမှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရပုံနဲ့ ငယ်စဉ်ကတည်းက ဝါသနာပါခ့ဲတ့ဲ အင်္ဂလိပ်စာ လေ့လာဖြစ်ပုံ၊ ဂျာနယ်လစ်ဖြစ်ချင်ခ့ဲပုံတွေ ပြောပြခ့ဲပါတယ်။ ဒီ မဟာစာအုပ်တွဲက နှစ်တရာစာလောက် ကမ္ဘာ့သမိုင်းကို အခြေခံထားတ့ဲ ဝတ္ထုဖြစ်ကြောင်း၊ သာမန်သမိုင်းလိုမကဘဲ ဘာကြောင့်ဖြစ်ခ့ဲရတယ်ဆိုတာတွေပါ ဖေါ်ပြထားလို့ မြန်မာ့နိုင်ငံရေး လုပ်လိုသူတွေ သိရှိလေ့လာဖို့ အဓိကရည်ရွယ်ခ့ဲတယ်လို့ ပြောကြားခ့ဲပါတယ်။ အထူးသဖြင့် နိုင်ငံရေး စိတ်ဝင်စားသူ လူငယ်တွေအတွက်ပါတ့ဲ။
.
မူရင်းစာရေးဆရာရဲ့ အာဘော်ကြောင့် သမိုင်းဆရာတွေပင် အငြင်းပွားစရာ ဖြစ်ခ့ဲပါတယ်တ့ဲ။ ဥပမာအနေနဲ့ လီနင်ရဲ့ ဘော်လ်ရှီဗစ်တော်လှန်ရေး အောင်မြင်ဖို့ ဂျာမန်ထောက်လှမ်းရေးက ငွေကြေးထောက်ပံ့ခ့ဲရတယ်၊ ဆိုဗီယက်သံကန့်လန့်ကာ ပြိုကျဖို့ အဓိကလှုပ်ရှားခ့ဲသူတွေက အမေရိကန်သမတရီဂင်နဲ့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါတို့မဟုတ်ဘဲ ပိုလန်နိုင်ငံ သငေ်္ဘာကျင်းတခုမှ အလုပ်သမားတစုက အစပြုခ့ဲတာ ဆိုတာမျိုးတွေပါ။ စဉ်းစားစရာတွေပါဘဲ။
.
ဒုတိယပိုင်း အမေးအဖြေအခန်းမှာ သမတဒေါ်နယ်ထရမ့်လက်ထက် ရိုပြသနာ မြန်မာပြည်အတွက် သက်သာသွားတယ်လို့ ဖြေခ့ဲပါတယ်။ ဒေါ်နယ်ထရမ့်က အဲဒီကိစ္စနဲ့အတူ မြန်မာကိုလည်း သိတ်စိတ်ဝင်စားဟန်မရှိလို့ ဖြေခ့ဲပါတယ်။
.
လက်ရှိ တရုပ်အမေရိကန် စီးပွားရေးစစ်အကြောင်း မေးရာမှာ တရုပ် အထိနာဖို့များတယ်၊ အမေရိကန်စီးပွားရေး သူ့ကြောင့်တက်လာလို့ လာမယ့်ရွေးကောက်ပွဲမှာ အမေရိကန်တွေ သူ့ကိုဘဲ ဆက်ရွေးကြမယ်လို့ ဖြေခ့ဲပါတယ်။
.
မြန်မာ့ငြိမ်းချမ်းရေး ရနိုင်မလားဆိုတော့ ခြေဥမပြင်သရွေ့ မရနိုင်ကြောင်း၊ ခြေဥပြင်ပြီးမှသာ နီးစပ်မယ်။ ဒါတောင် ကုလအကူအညီ ယူသင့်တယ်ဆိုပြီး ကိုလန်ဘီယာနဲ့ နီပေါမှ ငြိမ်းခြမ်းရေးယူခ့ဲပုံများ နမူနာပြောပြီး ဖြေခ့ဲပါတယ်။
.
အခြား ကနေဒါနိုင်ငံ လူမှုရေး စီးပွားရေးအကြောင်းများ ပြောပြခ့ဲသလို လက်ရှိအင်္ဂလန်အစိုးရ မတည်မြဲနိုင်ဘူးလို့လည်း သုံးသပ်ပြခ့ဲကြောင်းပါ။ ။
25 July 2019
ရာစုသစ် ခင်ဝမ်း
(Zawgyi version)
ခင္ဝမ္းပံုတူ ပန္းခ်ီနဲ႔ မဂၢဇင္း ေတြ႔လို႔ ဝယ္ျဖစ္ပါတယ္။ ခင္ဝမ္းလြန္ခ့ဲတာ ႏွစ္နွစ္ဆယ္နီးၿပီကတေၾကာင္း၊ ခင္ဝမ္းပံု မ်က္ႏွာဖံုးတင္တာကတေၾကာင္း အံ့ၾသစြာနဲ႔ပါ။ 'ရာစုသစ္မဂၢဇင္း' အတြဲ-၃ [၂၀၁၉] ပါ။
.
ခင္ဝမ္း အမွတ္တရထုတ္တာပါဘဲ။ အယ္ဒီတာ့စကား၊ ပန္းခ်ီေမာင္ညိဳဝင္းရဲ႕ အမွတ္တရစာ၊ ခင္ဝမ္းဘိုင္အိုဂရပ္ဖီနဲ႔ ေဆာင္းပါး ၉ပုဒ္ပါဝင္ပါတယ္။ ၁၉၉၅ထုတ္ မုဒိတာမဂၢဇင္းမွာ ခင္ဝမ္းေရးခ့ဲတ့ဲ 'ေငြမိုး' ဆိုတ့ဲကဗ်ာကိုလည္း ျပန္လည္ေဖာ္ျပထားပါတယ္။
.
ခင္ဝမ္းအေၾကာင္းေတြ မဖတ္ရတာၾကာလာေတာ့ သတိတရဖတ္ရတာေပါ့။ ေဆာင္းပါးေတြ အမွတ္တရေရးၾကတာက ေမာင္ဒီ၊ မ်ိဳးျမတ္သူ၊ ဂြၽန္ဘြား၊ ဘေဌးၾကည္၊ ေမာင္ညီၫြတ္၊ ၿငိမ္းခ်မ္းဆု၊ ေနမ်ိဳးနဲ႔ ေမာင္ေဆြခင္(ခရမ္းျပာ)တို႔ပါဘဲ။
.
ထူးထူးျခားျခား ေဆာင္းပါးက သမီးအရင္း 'ဇူလိုင္သီ' ေရးတ့ဲ 'အေဖ့ကိုလြမ္းတ့ဲ အလြမ္းေတြ' ျဖစ္ပါတယ္။ ခင္ဝမ္းနဲ႔သမီးေတြကို အနီးကပ္ျမင္လိုက္ရသလိုပါဘဲ။ ေပ်ာ္စရာမိသားစု ျဖစ္ခ့ဲၾကမွာပါ။
.
၂၀၁၃ထုတ္ 'ခင္ဝမ္း' စာအုပ္ထဲမွာ တခ်ိဳ႕အေၾကာင္းအရာေတြ ဖတ္ဘူးေသာ္လည္း ပံုစံသစ္တခ်ိဳ႕မို႔ ဖတ္ရတာ ႀကိဳက္ပါတယ္။ ေနာက္ေလးငါေျခာက္လအၾကာ ႏွစ္ႏွစ္ဆယ္ျပည့္မွာလည္း အမွတ္တရေတြ တဝႀကီးဖတ္ခ်င္ပါေသးတယ္။ သက္ဆိုင္သူေတြ စီစဥ္ၾကပါဦး။
30 June 2019
ခင်ဝမ်းသီချင်းနဲ့ ချစ်ရေးဆိုသူ၊
(Zawgyi version)
ဆရာဦးေက်ာ္ဝင္းရဲ႕စာအုပ္ ''ေပ်ာက္ဆံုးသြားေသာ မ်ိဳးဆက္တစ္ခု'' တတိယတြဲကို စဖတ္ကာစမွာဘဲ ေရးစရာေပၚလာတယ္။
.
ဆရာေထာင္က လြတ္ကာစ မံုရြာျပန္ေရာက္ေတာ့ အရင္ကရင္းႏွီးခ့ဲသူ မံုရြာသူေလးကို ခ်စ္ေရးဆိုတယ္။ ဘယ္လိုလည္းဆိုေတာ့ ကိုေနဝင္းေရးၿပီး ခင္ဝမ္းျပန္ဆိုတ့ဲ ''ေနမင္းျပံဳးမယ့္ေ႔န သီခ်င္းကို စီဒီခုတ္၊ သီခ်င္းစာသားနဲ႔အတူ ေပးၿပီးေျပာခ့ဲတာတ့ဲ။ မူလဆိုသူ ထီးဆိုင္ဗား႐ွင္းမဟုတ္ဘူးေနာ္။
.
မံုရြာသူေလးက ဆရာတင္မိုးရဲ႕ ကဗ်ာနဲ႔အေၾကာင္းျပန္ေတာ့ ဆရာတို႔ အဆင္ေျပသြားၾကပါတယ္။ ေလးစားသြားၿပီဗ်ာ။
XxXxXx
(Unicode version)
ဆရာဦးကျော်ဝင်းရဲ့စာအုပ် ''ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု'' တတိယတွဲကို စဖတ်ကာစမှာဘဲ ရေးစရာပေါ်လာတယ်။
.
ဆရာထောင်က လွတ်ကာစ မုံရွာပြန်ရောက်တော့ အရင်ကရင်းနှီးခ့ဲသူ မုံရွာသူလေးကို ချစ်ရေးဆိုတယ်။ ဘယ်လိုလည်းဆိုတော့ ကိုနေဝင်းရေးပြီး ခင်ဝမ်းပြန်ဆိုတ့ဲ ''နေမင်းပြုံးတ့ဲနေ့'' သီချင်းကို စီဒီခုတ်၊ သီချင်းစာသားနဲ့အတူ ပေးပြီးပြောခ့ဲတာတ့ဲ။ မူလဆိုသူ ထီးဆိုင်ဗားရှင်းမဟုတ်ဘူးနော်။
.
မုံရွာသူလေးက ဆရာတင်မိုးရဲ့ ကဗျာနဲ့အကြောင်းပြန်တော့ ဆရာတို့ အဆင်ပြေသွားကြပါတယ်။ လေးစားသွားပြီဗျာ။
16 June 2019
ဆရာဝန်မသုံးယောက်
(Zawgyi version )
ခုဘဲ ဖတ္ၿပီးပါတယ္။ ဘာသာျပန္သူ ေမာင္ေပၚထြန္းရယ္၊ ထုတ္ေဝတ့ဲ ဘဝတကၠသိုလ္ရယ္ကို ေက်းဇူးတင္လိုက္တာ။ ေ႐ွ႕မွာ သံုးႀကိမ္ထုတ္ဖူးေပမ့ဲ အခုမွဖတ္ျဖစ္တာ။ အေတာ့ကိုေကာင္းတ့ဲ စာအုပ္ပါဘဲ။
.
မူရင္းေရးသူ ဆစ္ဒနီ႐ွယ္လ္ဒန္ရဲ႕ ေမာင္ေပၚထြန္းဘာသာျပန္တ့ဲ မ်ိးဆက္ေသြး (blood line) နဲ႔ ေက်ရာေက်ေၾကာင္း ( Rage of angels) တို႔ကို ဘာသာျပန္ဖတ္တတ္စအရြယ္ထဲက ႀကိဳက္ခ့ဲတာပါ။ ေနာက္စာအုပ္ေတြေတာ့ ဖတ္ျဖစ္မျဖစ္ နာမည္နဲ႔တြဲ မမွတ္မိ။
.
ခုစာအုပ္က ဆန္ဖရန္စစၥကိုက ေဆးရံုတခုမွ ဆရာဝန္သံုးေယာက္ရဲ႕ ဇတ္လမ္းပါ။ ျမန္မာေတြ အထင္ႀကီးၾကတ့ဲ အေမရိကန္ေဆးရံုေတြရဲ႕ အျဖစ္အပ်က္ေတြကို သိႏိုင္ပါတယ္။ ဇတ္လမ္းေတာ့ ဇတ္လမ္းေတြေပါ့ေလ။ ဒါေပမယ့္ တကယ့္အေျခအေနေတြနဲ႔ သိတ္ကင္းကြားမယ္လို႔ မထင္မိပါ။
.
ဘာသာျပန္ဝတၳဳေကာင္း ဖတ္လိုသူေတြ မျဖစ္မေနဖတ္သင့္တယ္။ ေနာက္ၿပီး ကိုးတန္းဆယ္တန္း ဆရာဝန္ျဖစ္ခ်င္စိတ္႐ွိသူေတြလည္း ဖတ္ၾကည့္သင့္တယ္။ ဆရာဝန္အလုပ္က ႐ုပ္႐ွင္ေတြထဲကလို ကုတ္အျဖဴေလးဝတ္၊ နားၾကပ္ေလးခ်ိတ္ထားယံုနဲ႔ မၿပီးဘူးဆိုတာ။ ေအာင္ျမင္ဖို့ ဘယ္ေလာက္ႀကိဳးစား ႐ုန္းကန္ရတယ္ဆိုတာ။
.
ေနာက္စဥ္းစားမိတာက ဒီဝတၳဳရယ္၊ ေမာင္ထြန္းသူဘာသာျပန္ ရဲတိုက္ (Citadel) ရယ္၊ နတ္ႏြယ္ဘာသာျပန္တ့ဲ ကိုမာ (Coma) တို႔ကို ေဆးေက်ာင္းပထမႏွစ္မွာ အျပင္စာအေနနဲ႔ဖတ္ဖို႔ ရည္ၫႊန္းသင့္တယ္။ အတန္းႀကီးလာရင္ေတာ့ ေအာ္ရီဂ်င္နယ္ဖတ္ခိုင္းေပါ့။ အဂၤလိပ္စာလည္းတက္ေအာင္၊ ေဆးေလာကအေၾကာင္းလည္းသိေအာင္၊ ရသစာေပလည္း ဖတ္ဘူးေအာင္လို႔ပါ။
.
က်ေနာ္ေျပာေလ့႐ွိပါတယ္။ သုတစာေပက လူကိုေတာ္ေစၿပီး ရသစာေပက လူကိုေကာင္းေစတယ္ဆိုတာေလ။
XxXxXx
(Unicode version)
ခုဘဲ ဖတ်ပြီးပါတယ်။ ဘာသာပြန်သူ မောင်ပေါ်ထွန်းရယ်၊ ထုတ်ဝေတ့ဲ ဘဝတက္ကသိုလ်ရယ်ကို ကျေးဇူးတင်လိုက်တာ။ ရှေ့မှာ သုံးကြိမ်ထုတ်ဖူးပေမ့ဲ အခုမှဖတ်ဖြစ်တာ။ အတော့ကိုကောင်းတ့ဲ စာအုပ်ပါဘဲ။
.
မူရင်းရေးသူ ဆစ်ဒနီရှယ်လ်ဒန်ရဲ့ မောင်ပေါ်ထွန်းဘာသာပြန်တ့ဲ မျိးဆက်သွေး (blood line) နဲ့ ကျေရာကျေကြောင်း ( Rage of angels) တို့ကို ဘာသာပြန်ဖတ်တတ်စအရွယ်ထဲက ကြိုက်ခ့ဲတာပါ။ နောက်စာအုပ်တွေတော့ ဖတ်ဖြစ်မဖြစ် နာမည်နဲ့တွဲ မမှတ်မိ။
.
ခုစာအုပ်က ဆန်ဖရန်စစ္စကိုက ဆေးရုံတခုမှ ဆရာဝန်သုံးယောက်ရဲ့ ဇတ်လမ်းပါ။ မြန်မာတွေ အထင်ကြီးကြတ့ဲ အမေရိကန်ဆေးရုံတွေရဲ့ အဖြစ်အပျက်တွေကို သိနိုင်ပါတယ်။ ဇတ်လမ်းတော့ ဇတ်လမ်းတွေပေါ့လေ။ ဒါပေမယ့် တကယ့်အခြေအနေတွေနဲ့ သိတ်ကင်းကွားမယ်လို့ မထင်မိပါ။
.
ဘာသာပြန်ဝတၳုကောင်း ဖတ်လိုသူတွေ မဖြစ်မနေဖတ်သင့်တယ်။ နောက်ပြီး ကိုးတန်းဆယ်တန်း ဆရာဝန်ဖြစ်ချင်စိတ်ရှိသူတွေလည်း ဖတ်ကြည့်သင့်တယ်။ ဆရာဝန်အလုပ်က ရုပ်ရှင်တွေထဲကလို ကုတ်အဖြူလေးဝတ်၊ နားကြပ်လေးချိတ်ထားယုံနဲ့ မပြီးဘူးဆိုတာ။ အောင်မြင်ဖို့ ဘယ်လောက်ကြိုးစား ရုန်းကန်ရတယ်ဆိုတာ။
.
နောက်စဉ်းစားမိတာက ဒီဝတၳုရယ်၊ မောင်ထွန်းသူဘာသာပြန် ရဲတိုက် (Citadel) ရယ်၊ နတ်နွယ်ဘာသာပြန်တ့ဲ ကိုမာ (Coma) တို့ကို ဆေးကျောင်းပထမနှစ်မှာ အပြင်စာအနေနဲ့ဖတ်ဖို့ ရည်ညွှန်းသင့်တယ်။ အတန်းကြီးလာရင်တော့ အော်ရီဂျင်နယ်ဖတ်ခိုင်းပေါ့။ အင်္ဂလိပ်စာလည်းတက်အောင်၊ ဆေးလောကအကြောင်းလည်းသိအောင်၊ ရသစာပေလည်း ဖတ်ဘူးအောင်လို့ပါ။
.
ကျနော်ပြောလေ့ရှိပါတယ်။ သုတစာပေက လူကိုတော်စေပြီး ရသစာပေက လူကိုကောင်းစေတယ်ဆိုတာလေ။
22 May 2019
စစ်အေးတိုက်ပွဲ အသစ်
(Zawgyi version)
နာမည္ေက်ာ္ အဂၤလိပ္ဝတၳဳေရးဆရာ ဂ်က္ဖရီအာခ်ာရဲ႕ ၇အုပ္တြဲစီးရီး Clifton chronicles ဖတ္ၿပီးပါၿပီ၊ အရင္ သူ႔ရဲ႕နာမည္ေက်ာ္စာအုပ္ေတြလို မဟုတ္ဘဲ ရာစုခ်ီ ဇတ္လမ္း႐ွည္ႀကီးပါ။ စာတခုခုဖတ္ခ်င္ေနသူေတြအတြက္ အေတာ္ပါဘဲ။
.
ဒီစာအုပ္ဖတ္အၿပီးမွာ လြန္ခ့ဲေသာ ၃ႏွစ္ခန္႔က ဖတ္ခ့ဲရေသာ ကဲန္ေဖာေလးရဲ႕ ရာစုခ်ီ ဝတၳဳႀကီး The fall of giant သံုးအုပ္တြဲကို ခ်က္ခ်င္းသတိရပါတယ္။ လွစိုးေဝ ဘာသာျပန္ေနတ့ဲ မဟာတို႔ရဲ က်ဆံုးခန္းဝတၳဳ ႀကီးပါ။
.
စာေရးဆရာႏွစ္ဦးရဲ႕ ဇတ္ေၾကာင္းက တျခားစီပါ။ ဇတ္လိုက္မ်ားစြာနဲ႔ ကာလၾကာ႐ွည္စြာ ဇတ္လမ္းဆင္ခ့ဲေပမယ့္ ဇတ္သိမ္းခ်ိန္ကိုေတာ့ ဘာလင္တံတိုင္းၿပိဳကြဲခ်ိန္နဲ႔ အဆံုးသတ္တာ တူေနပါတယ္။ စစ္ေအးတိုက္ပြဲ ၿပီးဆံုးခ်ိန္၊ ကမာၻရြာျဖစ္ခ်ိန္လို႔ သတ္မွတ္ၾကဟန္တူပါရဲ႕။ တခ်ိဳ႕ဝတၳဳေတြလည္း ဒီလိုအဆံုးသတ္တာ ဖတ္ဘူးပါတယ္။
.
အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြအတြက္ အတၱလန္တိတ္ ဟိုဘက္ဒီဘက္ စစ္မျဖစ္ႏိုင္ေတာ့ဘူးလို႔ ဒံုးခ်ခ့ဲၾကတယ္ထင္ပါတယ္။ ဇတ္လမ္းအသစ္ေတြ မျဖစ္ေတာ့ဘူးေပါ့။ ေနာက္ထပ္ ရာစုခ်ီဝတၳဳ အသစ္ေရးသူေတြအတြက္ကေတာ့ ဇတ္လမ္းအသစ္ေတြ စဥ္းစားၾကရေတာ့မယ္။
.
ခုအခ်ိန္ကစ တကယ့္စစ္ေအးတိုက္ပြဲက ပစိဖိတ္ ဟိုဘက္ဒီဘက္ တိုက္ၾကရေတာ့မွာ။ တကယ့္စစ္ေအးတိုက္ပြဲ အစစ္။ ဘာအေျမာက္ ေသနတ္လက္နက္မွ မပါဘူး၊ ဒီတခါ သံုးၾကမယ့္ လက္နက္ေတြက ကုန္သြယ္ခြန္တို႔၊ နည္းပညာမူပိုင္ခြင့္တ္ို႔လို စီးပြားေရးစကားလံုးေတြဘဲ ျဖစ္လိမ့္မယ္။ အဲဒီဇတ္လမ္းနဲ႔ ဝတၳဳေတြရဲ႕ အဆံုးကိုေတာ့ က်ေနာ္တို႔ မွီခ်င္မွ မွီပါေတာ့မယ္။
XxXxXx
(Unicode version)
နာမည်ကျော် အင်္ဂလိပ်ဝတၳုရေးဆရာ ဂျက်ဖရီအာချာရဲ့ ၇အုပ်တွဲစီးရီး Clifton chronicles ဖတ်ပြီးပါပြီ၊ အရင် သူ့ရဲ့နာမည်ကျော်စာအုပ်တွေလို မဟုတ်ဘဲ ရာစုချီ ဇတ်လမ်းရှည်ကြီးပါ။ စာတခုခုဖတ်ချင်နေသူတွေအတွက် အတော်ပါဘဲ။
.
ဒီစာအုပ်ဖတ်အပြီးမှာ လွန်ခ့ဲသော ၃နှစ်ခန့်က ဖတ်ခ့ဲရသော ကဲန်ဖောလေးရဲ့ ရာစုချီ ဝတၳုကြီး The fall of giant သုံးအုပ်တွဲကို ချက်ချင်းသတိရပါတယ်။ လှစိုးဝေ ဘာသာပြန်နေတ့ဲ မဟာတို့ရဲ ကျဆုံးခန်းဝတၳု ကြီးပါ။
.
စာရေးဆရာနှစ်ဦးရဲ့ ဇတ်ကြောင်းက တခြားစီပါ။ ဇတ်လိုက်များစွာနဲ့ ကာလကြာရှည်စွာ ဇတ်လမ်းဆင်ခ့ဲပေမယ့် ဇတ်သိမ်းချိန်ကိုတော့ ဘာလင်တံတိုင်းပြိုကွဲချိန်နဲ့ အဆုံးသတ်တာ တူနေပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်၊ ကမ္ဘာရွာဖြစ်ချိန်လို့ သတ်မှတ်ကြဟန်တူပါရဲ့။ တချို့ဝတၳုတွေလည်း ဒီလိုအဆုံးသတ်တာ ဖတ်ဘူးပါတယ်။
.
အမေရိကန်နဲ့ အနောက်နိုင်ငံတွေအတွက် အတ္တလန်တိတ် ဟိုဘက်ဒီဘက် စစ်မဖြစ်နိုင်တော့ဘူးလို့ ဒုံးချခ့ဲကြတယ်ထင်ပါတယ်။ ဇတ်လမ်းအသစ်တွေ မဖြစ်တော့ဘူးပေါ့။ နောက်ထပ် ရာစုချီဝတၳု အသစ်ရေးသူတွေအတွက်ကတော့ ဇတ်လမ်းအသစ်တွေ စဉ်းစားကြရတော့မယ်။
.
ခုအချိန်ကစ တကယ့်စစ်အေးတိုက်ပွဲက ပစိဖိတ် ဟိုဘက်ဒီဘက် တိုက်ကြရတော့မှာ။ တကယ့်စစ်အေးတိုက်ပွဲ အစစ်။ ဘာအမြောက် သေနတ်လက်နက်မှ မပါဘူး၊ ဒီတခါ သုံးကြမယ့် လက်နက်တွေက ကုန်သွယ်ခွန်တို့၊ နည်းပညာမူပိုင်ခွင့်တ်ို့လို စီးပွားရေးစကားလုံးတွေဘဲ ဖြစ်လိမ့်မယ်။ အဲဒီဇတ်လမ်းနဲ့ ဝတၳုတွေရဲ့ အဆုံးကိုတော့ ကျနော်တို့ မှီချင်မှ မှီပါတော့မယ်။




















