16 June 2019

ဆရာဝန်မသုံးယောက်


(Zawgyi version )

ခုဘဲ ဖတ္ၿပီးပါတယ္။ ဘာသာျပန္သူ ေမာင္ေပၚထြန္းရယ္၊ ထုတ္ေဝတ့ဲ ဘဝတကၠသိုလ္ရယ္ကို ေက်းဇူးတင္လိုက္တာ။ ေ႐ွ႕မွာ သံုးႀကိမ္ထုတ္ဖူးေပမ့ဲ အခုမွဖတ္ျဖစ္တာ။ အေတာ့ကိုေကာင္းတ့ဲ စာအုပ္ပါဘဲ။
.
မူရင္းေရးသူ ဆစ္ဒနီ႐ွယ္လ္ဒန္ရဲ႕ ေမာင္ေပၚထြန္းဘာသာျပန္တ့ဲ မ်ိးဆက္ေသြး (blood line) နဲ႔ ေက်ရာေက်ေၾကာင္း ( Rage of angels) တို႔ကို ဘာသာျပန္ဖတ္တတ္စအရြယ္ထဲက ႀကိဳက္ခ့ဲတာပါ။ ေနာက္စာအုပ္ေတြေတာ့ ဖတ္ျဖစ္မျဖစ္ နာမည္နဲ႔တြဲ မမွတ္မိ။
.
ခုစာအုပ္က ဆန္ဖရန္စစၥကိုက ေဆးရံုတခုမွ ဆရာဝန္သံုးေယာက္ရဲ႕ ဇတ္လမ္းပါ။ ျမန္မာေတြ အထင္ႀကီးၾကတ့ဲ အေမရိကန္ေဆးရံုေတြရဲ႕ အျဖစ္အပ်က္ေတြကို သိႏိုင္ပါတယ္။ ဇတ္လမ္းေတာ့ ဇတ္လမ္းေတြေပါ့ေလ။ ဒါေပမယ့္ တကယ့္အေျခအေနေတြနဲ႔ သိတ္ကင္းကြားမယ္လို႔ မထင္မိပါ။
.
ဘာသာျပန္ဝတၳဳေကာင္း ဖတ္လိုသူေတြ မျဖစ္မေနဖတ္သင့္တယ္။ ေနာက္ၿပီး ကိုးတန္းဆယ္တန္း ဆရာဝန္ျဖစ္ခ်င္စိတ္႐ွိသူေတြလည္း ဖတ္ၾကည့္သင့္တယ္။ ဆရာဝန္အလုပ္က ႐ုပ္႐ွင္ေတြထဲကလို ကုတ္အျဖဴေလးဝတ္၊ နားၾကပ္ေလးခ်ိတ္ထားယံုနဲ႔ မၿပီးဘူးဆိုတာ။ ေအာင္ျမင္ဖို့ ဘယ္ေလာက္ႀကိဳးစား ႐ုန္းကန္ရတယ္ဆိုတာ။
.
ေနာက္စဥ္းစားမိတာက ဒီဝတၳဳရယ္၊ ေမာင္ထြန္းသူဘာသာျပန္ ရဲတိုက္ (Citadel) ရယ္၊ နတ္ႏြယ္ဘာသာျပန္တ့ဲ ကိုမာ (Coma) တို႔ကို ေဆးေက်ာင္းပထမႏွစ္မွာ အျပင္စာအေနနဲ႔ဖတ္ဖို႔ ရည္ၫႊန္းသင့္တယ္။ အတန္းႀကီးလာရင္ေတာ့ ေအာ္ရီဂ်င္နယ္ဖတ္ခိုင္းေပါ့။ အဂၤလိပ္စာလည္းတက္ေအာင္၊ ေဆးေလာကအေၾကာင္းလည္းသိေအာင္၊ ရသစာေပလည္း ဖတ္ဘူးေအာင္လို႔ပါ။
.
က်ေနာ္ေျပာေလ့႐ွိပါတယ္။ သုတစာေပက လူကိုေတာ္ေစၿပီး ရသစာေပက လူကိုေကာင္းေစတယ္ဆိုတာေလ။

XxXxXx

(Unicode version)

ခုဘဲ ဖတ်ပြီးပါတယ်။ ဘာသာပြန်သူ မောင်ပေါ်ထွန်းရယ်၊ ထုတ်ဝေတ့ဲ ဘဝတက္ကသိုလ်ရယ်ကို ကျေးဇူးတင်လိုက်တာ။ ရှေ့မှာ သုံးကြိမ်ထုတ်ဖူးပေမ့ဲ အခုမှဖတ်ဖြစ်တာ။ အတော့ကိုကောင်းတ့ဲ စာအုပ်ပါဘဲ။
.
မူရင်းရေးသူ ဆစ်ဒနီရှယ်လ်ဒန်ရဲ့ မောင်ပေါ်ထွန်းဘာသာပြန်တ့ဲ မျိးဆက်သွေး (blood line) နဲ့ ကျေရာကျေကြောင်း ( Rage of angels) တို့ကို ဘာသာပြန်ဖတ်တတ်စအရွယ်ထဲက ကြိုက်ခ့ဲတာပါ။ နောက်စာအုပ်တွေတော့ ဖတ်ဖြစ်မဖြစ် နာမည်နဲ့တွဲ မမှတ်မိ။
.
ခုစာအုပ်က ဆန်ဖရန်စစ္စကိုက ဆေးရုံတခုမှ ဆရာဝန်သုံးယောက်ရဲ့ ဇတ်လမ်းပါ။ မြန်မာတွေ အထင်ကြီးကြတ့ဲ အမေရိကန်ဆေးရုံတွေရဲ့ အဖြစ်အပျက်တွေကို သိနိုင်ပါတယ်။ ဇတ်လမ်းတော့ ဇတ်လမ်းတွေပေါ့လေ။ ဒါပေမယ့် တကယ့်အခြေအနေတွေနဲ့ သိတ်ကင်းကွားမယ်လို့ မထင်မိပါ။
.
ဘာသာပြန်ဝတၳုကောင်း ဖတ်လိုသူတွေ မဖြစ်မနေဖတ်သင့်တယ်။ နောက်ပြီး ကိုးတန်းဆယ်တန်း ဆရာဝန်ဖြစ်ချင်စိတ်ရှိသူတွေလည်း ဖတ်ကြည့်သင့်တယ်။ ဆရာဝန်အလုပ်က ရုပ်ရှင်တွေထဲကလို ကုတ်အဖြူလေးဝတ်၊ နားကြပ်လေးချိတ်ထားယုံနဲ့ မပြီးဘူးဆိုတာ။ အောင်မြင်ဖို့ ဘယ်လောက်ကြိုးစား ရုန်းကန်ရတယ်ဆိုတာ။
.
နောက်စဉ်းစားမိတာက ဒီဝတၳုရယ်၊ မောင်ထွန်းသူဘာသာပြန် ရဲတိုက် (Citadel) ရယ်၊ နတ်နွယ်ဘာသာပြန်တ့ဲ ကိုမာ (Coma) တို့ကို ဆေးကျောင်းပထမနှစ်မှာ အပြင်စာအနေနဲ့ဖတ်ဖို့ ရည်ညွှန်းသင့်တယ်။ အတန်းကြီးလာရင်တော့ အော်ရီဂျင်နယ်ဖတ်ခိုင်းပေါ့။ အင်္ဂလိပ်စာလည်းတက်အောင်၊ ဆေးလောကအကြောင်းလည်းသိအောင်၊ ရသစာပေလည်း ဖတ်ဘူးအောင်လို့ပါ။
.
ကျနော်ပြောလေ့ရှိပါတယ်။ သုတစာပေက လူကိုတော်စေပြီး ရသစာပေက လူကိုကောင်းစေတယ်ဆိုတာလေ။

No comments:

Post a Comment

Thank you.