30 January 2019

အခြေခံဥပဒေနဲ့ ညီမညီ

   အရင္က ဝတၳဳမ်ားမွာ ဖတ္ဘူး၊ ႐ုပ္႐ွင္မ်ားမွာ ၾကည့္ဘူးပါတယ္။ တရားရံုးေတြမွာ ေ႐ွ႕ေနေတြ ဟိုဘက္ဒီဘက္ ဥပေဒအရ အၿပိဳင္ၾကဲၾကတ့ဲ ဇတ္လမ္းေတြပါ။ တည္ဆဲဥပေဒကို မ႑ိုင္ထားၿပီး မိမိလိုရာ ရေအာင္ ပညာၿပိဳင္ၾကတ့ဲ သေဘာပါဘဲ။
.
ျမန္မာႏိုင္ငံမွာေတာ့ ၈၈ေနာက္ပိုင္းကတည္းက ပ်က္သြားပါၿပီ။ အေၾကာင္း ႏွစ္ခ်က္ေၾကာင့္ပါ။ ပထမအခ်က္က ၈၈အၿပီး စစ္ခံုရံုးေတြနဲ႔ အမိန္႔ခ်တာ မေျပာလိုပါဘူး။ အ့ဲဒီေနာက္ပိုင္း  အရပ္ဘက္တရားရံုးေတြမွာ ဒီမိုေတြကို အပစ္ႀကီးႀကီးေပးခ်င္ၾကတယ္။ တည္ဆဲဥပေဒအရ ေပးလို႔က မရ။ ပစ္မႈမေျမာက္။ ဒီေတာ့ တရားသူႀကီးေတြဆီ အိတ္ပိတ္အမိန္႔ေရာက္လာၿပီး ပါတာဖတ္ ခိုင္းေတာ့တယ္။ စပ်က္ေတာ့တာေပါ့။
့.
ဒုတိယက ျမန္မာတရားသူႀကီးေတြက ဥပေဒနဲ႔မညီ သူတို႔ကို ခိုင္းခံရတာကို အခြင့္အေရးယူတယ္။ ငါတို႔လည္း ပိုက္ဆံယူၿပီး အမိန္႔ေတြ ခ်ၾကမယ္ေပါ့။ ေငြမ်ား တရားႏိုင္ေခတ္ ေရာက္ေတာ့တာဘဲ။ ဥပေဒကို လွည့္ဖ်ားတာ စံနစ္တခု ေခတ္တခု ျဖစ္လာပါတယ္။
.
ဒါကို မေန႔က လႊတ္ေတာ္မွာ မ်က္ဝါးထင္ထင္ ေတြ႔ၾကရတယ္။ ျပည္သူ႔အေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ေ႐ွ႕ေနႀကီး ဦးေအာင္ၾကည္ၫြန္႔က အေျခခံဥပေဒ ျပင္ဆင္ဖို႔ ပူးေပါင္းေဆာင္ရြက္ေရး ေကာ္မတီဖြဲ႔ဖို႔ တင္တာ တပ္ကိုယ္စားလွယ္က ကမန္းကတန္း ထကန္႔ကြက္တာ ႐ုပ္ပ်က္တ့ဲအထိဘဲ။
.
သူ ကန္႔ကြက္သလို အေျခခံဥပေဒျပင္ဖို႔ ဥပေဒမူၾကမ္း တင္တာမွမဟုတ္တာ။ ဒီေကာ္မတီက အဲဒီဥပေဒမူၾကမ္းမွာ ဘာေတြပါသင့္သလဲ တိုင္ပင္ဖို႔ ဖြဲ႔တာျဖစ္ႏိုင္တယ္၊ ျပည္လံုးကြၽတ္ဆႏၵခံယူပြဲ လုပ္သင့္မသင့္ ေဆြးေႏြးဖို႔ ျဖစ္ႏိုင္တယ္၊ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။ အဲဒီကေန ရလာဒ္တခုရလာၿပီးမွ တပ္ကိုယ္စားလွယ္ေျပာတ့ဲ မူၾကမ္းအေနနဲ႔ လုပ္ထံုးလုပ္နည္း စမွာပါ။ အခုက အဲဒီအဆင့္မွ မေရာက္ေသးတာ။
.
"ဥပေဒက မည္သို႔ပင္ဆိုေစကာမူ'' ဆိုၿပီး ႏွစ္သံုးဆယ္ အုပ္ခ်ဳပ္ခ့ဲသူေတြ ဥပေဒနဲ႔အညီ လုပ္တတ္ေတာ့ဟန္ မတူပါဘူး။ အေျခခံဥပေဒျပင္ဆင္ေရး ဆိုတ့ဲစကား ၾကားတာနဲ႔တင္ ကန္႔ကြက္ၾကတာ ရယ္စရာ အဆဲခံရစရာ ျဖစ္ကုန္ပါတယ္။ နားမလည္ဘဲ ေျပာသြားေသးတယ္။ ဒါ ဥပေဒကို လက္တစ္လံုးျခား လုပ္တာတ့ဲ။ ရယ္လိုက္ရတာဗ်ာ။     ။

XxXxXx

(Unicode version)

   အရင်က ဝတၳုများမှာ ဖတ်ဘူး၊ ရုပ်ရှင်များမှာ ကြည့်ဘူးပါတယ်။ တရားရုံးတွေမှာ ရှေ့နေတွေ ဟိုဘက်ဒီဘက် ဥပဒေအရ အပြိုင်ကြဲကြတ့ဲ ဇတ်လမ်းတွေပါ။ တည်ဆဲဥပဒေကို မဏ္႑ိုင်ထားပြီး မိမိလိုရာ ရအောင် ပညာပြိုင်ကြတ့ဲ သဘောပါဘဲ။

.

မြန်မာနိုင်ငံမှာတော့ ၈၈နောက်ပိုင်းကတည်းက ပျက်သွားပါပြီ။ အကြောင်း နှစ်ချက်ကြောင့်ပါ။ ပထမအချက်က ၈၈အပြီး စစ်ခုံရုံးတွေနဲ့ အမိန့်ချတာ မပြောလိုပါဘူး။ အ့ဲဒီနောက်ပိုင်း အရပ်ဘက်တရားရုံးတွေမှာ ဒီမိုတွေကို အပစ်ကြီးကြီးပေးချင်ကြတယ်။ တည်ဆဲဥပဒေအရ ပေးလို့က မရ။ ပစ်မှုမမြောက်။ ဒီတော့ တရားသူကြီးတွေဆီ အိတ်ပိတ်အမိန့်ရောက်လာပြီး ပါတာဖတ် ခိုင်းတော့တယ်။ စပျက်တော့တာပေါ့။

့.

ဒုတိယက မြန်မာတရားသူကြီးတွေက ဥပဒေနဲ့မညီ သူတို့ကို ခိုင်းခံရတာကို အခွင့်အရေးယူတယ်။ ငါတို့လည်း ပိုက်ဆံယူပြီး အမိန့်တွေ ချကြမယ်ပေါ့။ ငွေများ တရားနိုင်ခေတ် ရောက်တော့တာဘဲ။ ဥပဒေကို လှည့်ဖျားတာ စံနစ်တခု ခေတ်တခု ဖြစ်လာပါတယ်။

.

ဒါကို မနေ့က လွှတ်တော်မှာ မျက်ဝါးထင်ထင် တွေ့ကြရတယ်။ ပြည်သူ့အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး ဦးအောင်ကြည်ညွန့်က အခြေခံဥပဒေ ပြင်ဆင်ဖို့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဖွဲ့ဖို့ တင်တာ တပ်ကိုယ်စားလှယ်က ကမန်းကတန်း ထကန့်ကွက်တာ ရုပ်ပျက်တ့ဲအထိဘဲ။

.

သူ ကန့်ကွက်သလို အခြေခံဥပဒေပြင်ဖို့ ဥပဒေမူကြမ်း တင်တာမှမဟုတ်တာ။ ဒီကော်မတီက အဲဒီဥပဒေမူကြမ်းမှာ ဘာတွေပါသင့်သလဲ တိုင်ပင်ဖို့ ဖွဲ့တာဖြစ်နိုင်တယ်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်သင့်မသင့် ဆွေးနွေးဖို့ ဖြစ်နိုင်တယ်၊ အများကြီးဖြစ်နိုင်ပါတယ်။ အဲဒီကနေ ရလာဒ်တခုရလာပြီးမှ တပ်ကိုယ်စားလှယ်ပြောတ့ဲ မူကြမ်းအနေနဲ့ လုပ်ထုံးလုပ်နည်း စမှာပါ။ အခုက အဲဒီအဆင့်မှ မရောက်သေးတာ။

.

"ဥပဒေက မည်သို့ပင်ဆိုစေကာမူ'' ဆိုပြီး နှစ်သုံးဆယ် အုပ်ချုပ်ခ့ဲသူတွေ ဥပဒေနဲ့အညီ လုပ်တတ်တော့ဟန် မတူပါဘူး။ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတ့ဲစကား ကြားတာနဲ့တင် ကန့်ကွက်ကြတာ ရယ်စရာ အဆဲခံရစရာ ဖြစ်ကုန်ပါတယ်။ နားမလည်ဘဲ ပြောသွားသေးတယ်။ ဒါ ဥပဒေကို လက်တစ်လုံးခြား လုပ်တာတ့ဲ။ ရယ်လိုက်ရတာဗျာ။ ။

26 January 2019

YBS နှစ်နှစ်ပြည့်ခဲ့ပြီ

 


(Unicode version )

YBS ကားတွေ ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ခ့ဲပါပြီ။ အခက်အခဲ အဖျက်တွေကြားက ဒီလောက်ရောက်လာတာ အောင်မြင်တာပါဘဲ။ ပိုမိုအောင်မြင် အဆင်ပြေအောင် အချို့အချက်တွေ အကြံပြုချင်ပါတယ်။

.

ကားပေါပေါများများ အဲကွန်းနဲ့ စီးရတာ ၈၀% အောင်မြင်တယ်လို့ ဆိုရမှာပါ။ လိုသေးတ့ဲ ၂၀%ထဲမှာ မူလရည်မှန်းချက်ဖြစ်တ့ဲ ကုမ္ပဏီတွေ အကုန်မဖြစ်သေးဘဲ ကိုယ်ရကိုယ်ယူကားတွေ ရှိနေသေးတာ ပါပါတယ်။ အဲဒီကားတွေက အဲကွန်းမပါဘဲ စပယ်ယာပါတုံးပါ။ အများပိုင် ကုမ္ပဏီတွေဖြစ်ခ့ဲရင် နှစ်ဦးနှစ်ဘက် ပိုအဆင်ပြေမှာပါ။

.

နောက်တချက်က ကဒ်စံနစ် နှေးနေတာပါ။ အရင်လူဟောင်းတွေက ကဒ်စံနစ်လုပ်ဖို့ တင်ဒါကို အောက်ဈေးနဲ့ရအောင်ယူပြီး အချိန်နီးမှ မလုပ်နိုင်ဘူးဆိုပြီး ကဖျက်ယဖျက် လုပ်တာဆိုတ့ဲ ကောလဟလ ဘယ်လောက်မှန်မယ် မသိပါ။ နှစ်ရာတန်တွေ ခရီးသွားတွေလက်ထဲ မပြတ်ရှိနေလို့သာ ပြသနာမဖြစ်တာပါ။

.

နောက်ဆုံးကြားရတ့ဲ ကဒ်စံနစ်က အတက်တခါ အဆင်းတခါ ဖြတ်ပြီး ခရီးစဉ်သွားသလောက်ဘဲ ယူမယ်ဆိုပါတယ်။ တမှတ်တိုင်စီးစီး အစအဆုံးဈေး ပေးစရာ မလိုဘူးပေါ့။ ငါးဆယ်ကျပ် တစ်ရာ တစ့်ရားငါးဆယ် နှစ်ရာကျပ် စသဖြင့် သတ်မှတ်ဖြတ်ရင် ခရီးတိုသွားတွေအတွက် ပိုသက်သာသွားမှာပါ။

.

နောက်တခုက ကားပြိုင်မောင်းတာနဲ့ မှတ်တိုင်မရပ်တာပါ။ ကားမောင်းခ ပုံသေဆိုတော့ ဒီပြသနာ ရှိနေမှာပါ။ တပ်ရလွယ်ကူတ့ဲ cctv တွေ ပေါ်နေပါပြီ။ ကားတိုင်းမတပ်နိုင်တောင် အလှည့်ကျ ယာဉ်မောင်းကို အသိမပေးဘဲ တပ်ပြီး ပြန်စစ်နိုင်ပါတယ်။ ယာဉ်မောင်းတဦးချင်းရဲ့ အလေ့အထလည်း သိနိုင်ပါမယ်။

.

ကျန် အသေးအဖွဲ အချက်တွေ ပြောရရင် ပထမဆုံး သန့်ရှင်းရေးပါ။ ကားဂိတ်တွေမှာ သန့်ရှင်းရေးတံမျက်လှည်းတွေ ခန့်ထားပြိ်ီး ဝင်လာတ့ဲကားတိုင်း မထွက်ခင်တခေါက် လှည်းသင့်ပါတယ်။ သုံးလေးရက်တခါ အပြင်သန့်ရှင်းရေး လုပ်သင့်ပါတယ်။ ကားကြံ့ခိုင်ရေးကိုတော့ သတ်မှတ်ချက်နဲ့အညီ စစ်ဆေးမယ် ထင်ပါတယ်။

.

နောက် ကားမှာတပ်ထားတ့ဲ ဆင်းဖို့နှိပ်ရမ့ဲခလုတ် အကုန်ကောင်းနေဖို့ လိုပါတယ်။ မကောင်းရင် ချက်ချင်းပြင်ဖို့ လိုပါတယ်။ စပယ်ယာမပါတ့ဲအတွက် အရေးကြီးပါတယ်။

.

မှတ်တိုင်ကြေငြာပေးတ့ဲစံနစ် တပ်နိုင်ရင် ကောင်းပါမယ်။ တချို့ကားတွေမှာ တပ်ထားပါတယ်။ gps နဲ့ တွဲတပ်ရရင် အကုန်အကျ ပိုနိုင်သော်လည်း ကားနေရာပြမြေပုံ app ဆက်လုပ်ဖို့ အဆင်ပြေပါလိမ့်မယ်။

.

သိတ်အရေးတကြီး မဟုတ်သော်လည်း တချက်အကြံပြုချင်ပါသေးတယ်။ ကားထဲမှာ သီချင်း ရေဒီယို စပီကာမှ ဖွင့်ပေးတ့ဲကိစ္စပါ။ တချို့ဖွင့်ထားတာ ဆူညံနေတာပါ။ ဆူညံသီချင်းကြားတ့ဲအတွက် မောင်းသူရောစီးသူပါ စိတ်တိုစေပါတယ်။ အေးဆေးညင်သာသော တီးလုံးတွေ ဖွင့်ပေးရင် ကားပေါ်ပါလူများ စိတ်ငြိမ်စေပါလိမ့်မယ်။

.

ဘာဘဲဖြစ်ဖြစ် အတော်ကို ခရီးရောက်ခ့ဲပါပြီ။ ခုစနေပြီဖြစ်တ့ဲ တန်းစီတက်တ့ဲအဆင့်ထိ ရောက်ခ့ဲရင် YBS အတိုင်းထက်အလွန်လို့ဘဲ ပြောပါရစေ။

XxXxXx

(Zawgyi version )


YBS ကားေတြ ဘာလိုလိုနဲ႔ ႏွစ္ႏွစ္ျပည့္ခ့ဲပါၿပီ။ အခက္အခဲ အဖ်က္ေတြၾကားက ဒီေလာက္ေရာက္လာတာ ေအာင္ျမင္တာပါဘဲ။ ပိုမိုေအာင္ျမင္ အဆင္ေျပေအာင္ အခ်ိဳ႕အခ်က္ေတြ အၾကံျပဳခ်င္ပါတယ္။
.
ကားေပါေပါမ်ားမ်ား အဲကြန္းနဲ႔ စီးရတာ ၈၀% ေအာင္ျမင္တယ္လို႔ ဆိုရမွာပါ။ လိုေသးတ့ဲ ၂၀%ထဲမွာ မူလရည္မွန္းခ်က္ျဖစ္တ့ဲ ကုမၸဏီေတြ အကုန္မျဖစ္ေသးဘဲ ကိုယ္ရကိုယ္ယူကားေတြ ႐ွိေနေသးတာ ပါပါတယ္။ အဲဒီကားေတြက အဲကြန္းမပါဘဲ စပယ္ယာပါတံုးပါ။ အမ်ားပိုင္ ကုမၸဏီေတြျဖစ္ခ့ဲရင္ ႏွစ္ဦးႏွစ္ဘက္ ပိုအဆင္ေျပမွာပါ။
.
ေနာက္တခ်က္က ကဒ္စံနစ္ ေႏွးေနတာပါ။ အရင္လူေဟာင္းေတြက ကဒ္စံနစ္လုပ္ဖို႔ တင္ဒါကို ေအာက္ေစ်းနဲ႔ရေအာင္ယူၿပီး အခ်ိန္နီးမွ မလုပ္ႏိုင္ဘူးဆိုၿပီး ကဖ်က္ယဖ်က္ လုပ္တာဆိုတ့ဲ ေကာလဟလ ဘယ္ေလာက္မွန္မယ္ မသိပါ။ ႏွစ္ရာတန္ေတြ ခရီးသြားေတြလက္ထဲ မျပတ္႐ွိေနလို႔သာ ျပသနာမျဖစ္တာပါ။
.
ေနာက္ဆံုးၾကားရတ့ဲ ကဒ္စံနစ္က အတက္တခါ အဆင္းတခါ ျဖတ္ၿပီး ခရီးစဥ္သြားသေလာက္ဘဲ ယူမယ္ဆိုပါတယ္။ တမွတ္တိုင္စီးစီး အစအဆံုးေစ်း ေပးစရာ မလိုဘူးေပါ့။ ငါးဆယ္က်ပ္ တစ္ရာ တစ့္ရားငါးဆယ္ ႏွစ္ရာက်ပ္ စသျဖင့္ သတ္မွတ္ျဖတ္ရင္ ခရီးတိုသြားေတြအတြက္ ပိုသက္သာသြားမွာပါ။
.
ေနာက္တခုက ကားၿပိဳင္ေမာင္းတာနဲ႔ မွတ္တိုင္မရပ္တာပါ။ ကားေမာင္းခ ပံုေသဆိုေတာ့ ဒီျပသနာ ႐ွိေနမွာပါ။ တပ္ရလြယ္ကူတ့ဲ cctv ေတြ ေပၚေနပါၿပီ။ ကားတိုင္းမတပ္ႏိုင္ေတာင္ အလွည့္က် ယာဥ္ေမာင္းကို အသိမေပးဘဲ တပ္ၿပီး ျပန္စစ္ႏိုင္ပါတယ္။ ယာဥ္ေမာင္းတဦးခ်င္းရဲ႕ အေလ့အထလည္း သိႏိုင္ပါမယ္။
.
က်န္ အေသးအဖြဲ အခ်က္ေတြ ေျပာရရင္ ပထမဆံုး သန္႔႐ွင္းေရးပါ။ ကားဂိတ္ေတြမွာ သန္႔႐ွင္းေရးတံမ်က္လွည္းေတြ ခန္႔ထားၿပိ္ီး ဝင္လာတ့ဲကားတိုင္း မထြက္ခင္တေခါက္ လွည္းသင့္ပါတယ္။ သံုးေလးရက္တခါ အျပင္သန္႔႐ွင္းေရး လုပ္သင့္ပါတယ္။ ကားၾကံ့ခိုင္ေရးကိုေတာ့ သတ္မွတ္ခ်က္နဲ႔အညီ စစ္ေဆးမယ္ ထင္ပါတယ္။
.
ေနာက္ ကားမွာတပ္ထားတ့ဲ ဆင္းဖို႔ႏွိပ္ရမ့ဲခလုတ္ အကုန္ေကာင္းေနဖို႔ လိုပါတယ္။ မေကာင္းရင္ ခ်က္ခ်င္းျပင္ဖို႔ လိုပါတယ္။ စပယ္ယာမပါတ့ဲအတြက္ အေရးႀကီးပါတယ္။
.
မွတ္တိုင္ေၾကျငာေပးတ့ဲစံနစ္ တပ္ႏိုင္ရင္ ေကာင္းပါမယ္။ တခ်ိဳ႕ကားေတြမွာ တပ္ထားပါတယ္။ gps နဲ႔ တြဲတပ္ရရင္ အကုန္အက် ပိုႏိုင္ေသာ္လည္း ကားေနရာျပေျမပံု app ဆက္လုပ္ဖို႔ အဆင္ေျပပါလိမ့္မယ္။
.
သိတ္အေရးတႀကီး မဟုတ္ေသာ္လည္း တခ်က္အၾကံျပဳခ်င္ပါေသးတယ္။ ကားထဲမွာ သီခ်င္း ေရဒီယို စပီကာမွ ဖြင့္ေပးတ့ဲကိစၥပါ။ တခ်ိဳ႕ဖြင့္ထားတာ ဆူညံေနတာပါ။ ဆူညံသီခ်င္းၾကားတ့ဲအတြက္ ေမာင္းသူေရာစီးသူပါ စိတ္တိုေစပါတယ္။ ေအးေဆးညင္သာေသာ တီးလံုးေတြ ဖြင့္ေပးရင္ ကားေပၚပါလူမ်ား စိတ္ၿငိမ္ေစပါလိမ့္မယ္။
.
ဘာဘဲျဖစ္ျဖစ္ အေတာ္ကို ခရီးေရာက္ခ့ဲပါၿပီ။ ခုစေနၿပီျဖစ္တ့ဲ တန္းစီတက္တ့ဲအဆင့္ထိ ေရာက္ခ့ဲရင္ YBS အတိုင္းထက္အလြန္လို႔ဘဲ ေျပာပါရေစ။ 

14 January 2019

မြစ်ဆုံဆည်မှ ခြေဥပြင်အထိ










(Unicode version)


မြစ်ဆုံဆည် ဇတ်လမ်းက ပြန်စပြန်ပြီ။ ဒေါ်စုကပါ သဘောတူသယောင် ကောလဟလတွေလဲ ပျံ့နေတယ်။ တရုပ်သံကလဲ ကချင်တွေ ကန့်ကွက်သူမရှိဆိုပြီး ပြောလို့ ဆဲခံနေရပြီ။ ရခိုင်စစ်ပွဲကလဲ ဒါနဲ့ဆက်စပ်နေသတ့ဲ။ မပြောတတ်တော့ပါ။

.

မြန်မာပြည်အတွက် လျှပ်စစ်လိုတာတော့ အမှန်ဘဲ။ မြစ်ဆုံ အိုင်ဒဲန်တတီ ပျောက်တာကတကြောင်း၊ ဟိုမအေပေးတွေ တိုင်းပြည်အတွက် လုံးဝမတွက်ဘဲ လက်မှတ်ထိုးကြေး မက်ပြီး မတန်မရာစာချုပ်ကို လက်မှတ်ထိုးသွားတာကတကြောင်း လက်ရှိအစိုးရရော တရုပ်ကုမ္ပဏီပါ ဂန့်နေရပြီ။ ဒီကြားထဲ သဘာဝပျက်စီးမယ်ဆိုသူတွေကလဲ တမှောင့်။

.

တကယ်တော့ စာချုပ်ပါအချက်အလက်တွေကို ပြည်သူတွေကို မချွင်းမချန် ချပြစေချင်တယ်။ ငွေရေးကြေးရေးလဲ အပါအဝင်ပေါ့။ ရော်ရမယ်အမောင့်က ဒီလောက်၊ ပွဲခက ဒီလောက်၊ စာချုပ်အရ မြန်မာရတာက ဒီလောက်၊ စသဖြင့်ပေါ့။ ဘယ်သူမျက်နှာမှမထောက်ဘဲ ပြည်သူ့မျက်နှာအတွက် လုပ်ပြရမယ်။

.

ပြီးတော့မှ နှစ်ဖက်အဖွဲ့တွေ လော်ကြပါစေ။ အချိန်တခုပေးပြီးမှ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ဆုံးဖြတ်သင့်တယ် ထင်တာဘဲ။ ပြည်သူတွေ ရွေးထားတ့ဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆုံးဖြတ်ခိုင်းမှာထက် ပြည်သူတွေပါဝင် ဆုံးဖြတ်သင့်တ့ဲ ကိစ္စကြီးမို့ပါ။ ဆန္ဒခံယူပွဲ လုပ်ကြည့်သင့်တာက နောင်ခြေဥပြင်ဖို့လဲ အလေ့အကျင့်ဖြစ်တာပေါ့လေ။

XxXxXx

(Zawgyi version)


ျမစ္ဆံုဆည္ ဇတ္လမ္းက ျပန္စျပန္ၿပီ။ ေဒၚစုကပါ သေဘာတူသေယာင္ ေကာလဟလေတြလဲ ပ်ံ့ေနတယ္။ တ႐ုပ္သံကလဲ ကခ်င္ေတြ ကန္႔ကြက္သူမ႐ွိဆိုၿပီး ေျပာလို႔ ဆဲခံေနရၿပီ။ ရခိုင္စစ္ပြဲကလဲ ဒါနဲ႔ဆက္စပ္ေနသတ့ဲ။ မေျပာတတ္ေတာ့ပါ။
.
ျမန္မာျပည္အတြက္ လွ်ပ္စစ္လိုတာေတာ့ အမွန္ဘဲ။ ျမစ္ဆံု အိုင္ဒဲန္တတီ ေပ်ာက္တာကတေၾကာင္း၊ ဟိုမေအေပးေတြ တိုင္းျပည္အတြက္ လံုးဝမတြက္ဘဲ လက္မွတ္ထိုးေၾကး မက္ၿပီး မတန္မရာစာခ်ဳပ္ကို လက္မွတ္ထိုးသြားတာကတေၾကာင္း လက္႐ွိအစိုးရေရာ တ႐ုပ္ကုမၸဏီပါ ဂန္႔ေနရၿပီ။ ဒီၾကားထဲ သဘာဝပ်က္စီးမယ္ဆိုသူေတြကလဲ တေမွာင့္။
.
တကယ္ေတာ့ စာခ်ဳပ္ပါအခ်က္အလက္ေတြကို ျပည္သူေတြကို မခြၽင္းမခ်န္ ခ်ျပေစခ်င္တယ္။ ေငြေရးေၾကးေရးလဲ အပါအဝင္ေပါ့။ ေရာ္ရမယ္အေမာင့္က ဒီေလာက္၊ ပြဲခက ဒီေလာက္၊ စာခ်ဳပ္အရ ျမန္မာရတာက ဒီေလာက္၊ စသျဖင့္ေပါ့။ ဘယ္သူမ်က္ႏွာမွမေထာက္ဘဲ ျပည္သူ႔မ်က္ႏွာအတြက္ လုပ္ျပရမယ္။
.
ၿပီးေတာ့မွ ႏွစ္ဖက္အဖြဲ႔ေတြ ေလာ္ၾကပါေစ။ အခ်ိန္တခုေပးၿပီးမွ ျပည္သူ႔ဆႏၵခံယူပြဲလုပ္ၿပီး ဆံုးျဖတ္သင့္တယ္ ထင္တာဘဲ။ ျပည္သူေတြ ေရြးထားတ့ဲ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဆံုးျဖတ္ခိုင္းမွာထက္ ျပည္သူေတြပါဝင္ ဆံုးျဖတ္သင့္တ့ဲ ကိစၥႀကီးမို႔ပါ။  ဆႏၵခံယူပြဲ လုပ္ၾကည့္သင့္တာက ေနာင္ေျခဥျပင္ဖို႔လဲ အေလ့အက်င့္ျဖစ္တာေပါ့ေလ။ 

13 January 2019

ခင်ဝမ်း သီချင်းအယ်လ်ဘမ်၊











 


ခင်ဝမ်း၊ သီချင်းအယ်လ်ဘမ် စာအုပ်ထွက်ပါပြီ။ ခင်ဝမ်းသီချင်းကြိုက်သူ ခင်ဝမ်းသီချင်း ခရေဇီတွေအတွက်ပါ။ အခြားခင်ဝမ်းလုပ်ခ့ဲတ့ဲအနုပညာတွေဖြစ်တ့ဲ ပန်းချီ ဆောင်ပါးများမပါပါ။ ဆိုခ့ဲ ရေးခ့ဲသော သီချင်းများကို စုစည်းပေးထားတာပါ။ ခင်ဝမ်းကိုယ်ရေး အကျဉ်းချုပ်နဲ့ အရင်စာအုပ်မှာမပါသော ဓာတ်ပုံများ အသစ်ပါဝင်လာပါတယ်။

.

အရင် ခင်ဝမ်းအမှတ်တရစာအုပ်မှာ မပါတ့ဲ သီချင်း ၄ ၅ပုဒ်လည်း ပါပါတယ်။ စီရီးတခုချင်းအလိုက် ဖော်ပြထားပါတယ်။ စီးရီးတခုချင်းရဲ့ အမှတ်တရစာ၊ တီးတ့ဲ တီးဝိုင်း ပလေယာတွေကအစ ဖော်ပြပေးထားပါတယ်။

.

ခင်ဝမ်းသီဆိုခ့ဲတာ ၁၇စီးရီးရှိပါတယ်။ စီးရီး၉ခုက ကိုယ်တိုင်ရေး/ဆိုပါ။ အခြားသူရေးစီးရီး၂ခုက ကိုနေဝင်း တစီးရီး၊ ကိုရဲလွင် တစီးရီး၊ ကျန်တာတွေက ပြန်ဆိုတေးတွေနဲ့ လက်ရွေးစင် တေးတွေပါ။

.

ခင်ဝမ်း ကိုယ်တိုင်ရေးပြီး ဆိုခ့ဲတာ သီချင်း၁၀၈ပုဒ် ရှိပါတယ်။ မဆိုခ့ဲတာ ၂ပုဒ် (အိုဆာကာလေဆိပ်၊ ထပ်တူ) ရှိပါတယ်။ စီးရီးတွေထဲမှာ ကိုနေဝင်း၊ ကိုမောင်မောင်၊ စောဂျက်ဆင်တို့သီချင်း ဆိုခ့ဲဘူးတယ်။ စုပေါင်းစီးရီးတွေမှာ အခြားသူများရဲ့သီချင်း ၄ပုဒ်ဆိုခ့ဲပါတယ်။ ကိုမောင်မောင် ၂ပုဒ် ( ယူပါမေရေယူ၊ ရိုးရိုးလေး)၊ စိုးနိုင်အေး (နွေအလှ)၊ မြို့မငြိမ်း (ဖိုးညိုမြ) တို့ပါ။ ခင်ဝမ်းရေးပြီး မိုးမိုးက ၂ပုဒ်ဆိုခ့ဲဘူးတာက ကစားမလား နားမးလား စီးရီးမှာပါ။ သုဝဏ်(အမြင့်ပျံငှက်များက)ကလည်း တပုဒ်ဆိုဘူးပါတယ်။

.

ခင်ဝမ်းရဲ့ သီချင်းတွေကို အစုံဆုံး ဖော်ပြထားတာပါ။ ဂစ်တာကော့ဒ်များကိုလည်း ပြန်စစ်ထားတ့ဲအတွက် တီးခတ်လိုသူများအတွက် အဆင်သင့်ပါ။ ခင်ဝမ်းသီချင်း ခရေဇီးတွေအတွက် အမှတ်တရ သိမ်းထားဖို့ အသင့်တော်ဆုံးစာအုပ်ပါ။

11 January 2019

ကျေးဂျူးကမ္ဘာပါ ကချင်ပြည်









(Unicode version )


   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ဒီပုံလေးကို သတိထားမိကြမယ်ထင်ပါတယ်။ ပုံမှာပါတ့ဲ ကလေးငယ်အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေမြင်ရမှာပါ။ ဒေါ်စုကို ကြိုနေတ့ဲ ကျောင်းသားလေးတွေပါ။

.

ကလေးတွေရဲ့အပြုံးက ဟန်ဆောင်လို့မရပါဘူး။ ဆင့်ခေါ်ခံရလို့ဖြစ်စေ၊ ပိုက်ဆံရလို့ဖြစ်စေ လာကြိုနေရသူတွေမှာ ဒီအပြုံးမျိုး မတွေ့နိုင်ပါ။ ဒီကလေးတွေသာမက မြန်မာပြည်မြောက်ဖျားအကျဆုံးမြို့ ခေါင်လန်ဖူးကစ မချမ်းဘော ပူတာအို မြစ်ကြီးနားမြို့တွေက ပြည်သူတွေ ၊ အထူးသဖြင့် ဒေသခံတိုင်းရင်းသားတွေ သောင်းသောင်းဖြဖြကြိုဆိုကြတာ တွေ့ရပါတယ်။

.

ဒီလိုကြိုဆိုတာ ဒေါ်စုရဲ့ ငြိမ်းချမ်းရေးကိစ္စအပါအဝင် လုပ်ရပ်တွေကို ကြိုဆိုမျှော်လင့်လို့ဆိုတာ ကချင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အားလုံး သဘောပေါက်သင့်ပါပြီ။ တိုင်းပြည်အတွက်၊ ပြည်နယ်အတွက်၊ လူမျိုးအတွက်စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး စစ်တိုက်နေကြတာ ရပ်သင့်ပါပြီ။ ဒေါ်စုခေတ်မှာမရရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ မရနိုင်တော့ဘူးဆိုတာ အားလုံး လက်ခံသဘောပေါက်သင့်ပါပြီ။

.

ကချင်ပြည်နယ်က ခုလိုသောင်းသောင်းဖြဖြကြိုတာ ဝမ်းလည်းသာ ကျေးဇူးလည်းတင်တယ်၊ တဆက်တည်း ဝန်ခံရဦးမယ်။ ဒေါ်စု ကချင်ပြည်နယ်သွားမ့ဲသတင်း ကြားတော့ စိုးရိမ်မိပါတယ်။ ကချင်ပြည်နယ်မှ မကြေနပ်သူ ပြသနာရှာမှာထက်၊ ကချင်တွေဒုက္ခဖြစ်အောင် ကချင်ယောင်ဆောင်ပြီး ပြသနာရှာမ့ဲသူ ရှိနိုင်တာကို တွေးပူမိတာပါ။ ခုတော့ ချောချောမောမောနဲ့ ပြီးဆုံးခ့ဲပါပြီ။ ဒီ့အတွက်လည်း ကချင်ပြည်နယ်မျ ဒေသခံများကို ထပ်ဆင့်ကျေးဇူးတင်မိပါတယ်ခင်ဗျား။
XxXxXx

(Zawgyi version )


  ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကခ်င္ျပည္နယ္ခရီးစဥ္မွာ ဒီပံုေလးကို သတိထားမိၾကမယ္ထင္ပါတယ္။ ပံုမွာပါတ့ဲ ကေလးငယ္အားလံုးရဲ႕ မ်က္ႏွာမွာ အျပံဳးေတြျမင္ရမွာပါ။ ေဒၚစုကို ႀကိဳေနတ့ဲ ေက်ာင္းသားေလးေတြပါ။
.
ကေလးေတြရဲ႕အျပံဳးက ဟန္ေဆာင္လို႔မရပါဘူး။ ဆင့္ေခၚခံရလို႔ျဖစ္ေစ၊ ပိုက္ဆံရလို႔ျဖစ္ေစ လာႀကိဳေနရသူေတြမွာ ဒီအျပံဳးမ်ိဳး မေတြ႔ႏိုင္ပါ။ ဒီကေလးေတြသာမက ျမန္မာျပည္ေျမာက္ဖ်ားအက်ဆံုးၿမိဳ႕ ေခါင္လန္ဖူးကစ မခ်မ္းေဘာ ပူတာအို ျမစ္ႀကီးနားၿမိဳ႕ေတြက ျပည္သူေတြ ၊ အထူးသျဖင့္ ေဒသခံတိုင္းရင္းသားေတြ ေသာင္းေသာင္းျဖျဖႀကိဳဆိုၾကတာ ေတြ႔ရပါတယ္။
.
ဒီလိုႀကိဳဆိုတာ ေဒၚစုရဲ႕ ၿငိမ္းခ်မ္းေရးကိစၥအပါအဝင္ လုပ္ရပ္ေတြကို ႀကိဳဆိုေမွ်ာ္လင့္လို႔ဆိုတာ ကခ်င္ျပည္နယ္အတြင္း႐ွိ လက္နက္ကိုင္အားလံုး သေဘာေပါက္သင့္ပါၿပီ။ တိုင္းျပည္အတြက္၊ ျပည္နယ္အတြက္၊ လူမ်ိဳးအတြက္စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး စစ္တိုက္ေနၾကတာ ရပ္သင့္ပါၿပီ။ ေဒၚစုေခတ္မွာမရရင္ ဖက္ဒရယ္ျပည္ေထာင္စုဆိုတာ မရႏိုင္ေတာ့ဘူးဆိုတာ အားလံုး လက္ခံသေဘာေပါက္သင့္ပါၿပီ။
.
ကခ်င္ျပည္နယ္က ခုလိုေသာင္းေသာင္းျဖျဖႀကိဳတာ ဝမ္းလည္းသာ ေက်းဇူးလည္းတင္တယ္၊ တဆက္တည္း ဝန္ခံရဦးမယ္။ ေဒၚစု ကခ်င္ျပည္နယ္သြားမ့ဲသတင္း ၾကားေတာ့ စိုးရိမ္မိပါတယ္။ ကခ်င္ျပည္နယ္မွ မေၾကနပ္သူ ျပသနာ႐ွာမွာထက္၊ ကခ်င္ေတြဒုကၡျဖစ္ေအာင္ ကခ်င္ေယာင္ေဆာင္ၿပီး ျပသနာ႐ွာမ့ဲသူ ႐ွိႏိုင္တာကို ေတြးပူမိတာပါ။ ခုေတာ့ ေခ်ာေခ်ာေမာေမာနဲ႔ ၿပီးဆံုးခ့ဲပါၿပီ။ ဒီ့အတြက္လည္း ကခ်င္ျပည္နယ္မ် ေဒသခံမ်ားကို ထပ္ဆင့္ေက်းဇူးတင္မိပါတယ္ခင္ဗ်ား။ 

06 January 2019

ရာသီပန်းနဲ့ ရာသီပွဲ တံဆိပ်ခေါင်း








(Unicode version)

   မြန်မာပြက္ခဒိန် လများအလိုက် ပွဲနှင့်ပန်းစီးရီးအဖြစ် ယနေ့ တံဆိပ်ခေါင်း ထုတ်ပါတယ်။ ဇန်နဝါရီ်လ ၆ရက်နေ့၊ ကရင်အမျိုးသားနေ့ ဖြစ်ပေမယ့် ပြာသိုလဆန်းတရက်နေ့မို့ ပြာသိုလ ခွာညိုပန်းနဲ့ မြင်းခင်းပွဲ ပုံနဲ့ထုတ်တာပါ။

.

ထုတ်ခ့ဲသော တံဆိပ်ခေါင်း အတော်များများထက် ဒီဇိုင်းတိုးတက်လာပါတယ်။ တံဆိပ်ခေါင်း စုသူတော်တော်များများ လက်ခံကြပါတယ်။ အရင်လိုပိုစတာပုံ မထုတ်တာ တိုးတက်မှုပါဘဲ။ First day cover လည်း စီးရီးပုံစံ ထုတ်ပါတယ်။

.

နောက်လ တပို့တွဲလဆန်း တစ်ရက်နေ့မှာ ထပ်မံထုတ်မယ် ပြောပါတယ်။ ၁၂လ ၁၂ခေါင်း ထုတ်မ့ဲသဘောပါ။ အရင် ၉၀ခုများဆီကလို တံဆိပ်ခေါင်းစုတာ ခေတ်စားချိန်ဆို လွန်စွာတန်ဖိုးရှိမှာပါ။ ခုခေတ်က စာပို့တာ အရမ်းနဲသွားပါပြီ။ စုသူတွေကတော့ ရှိနေဆဲပါဘဲ။

.

တခု ပြောချင်ပါသေးတယ်။ First day cover လုံလောက်မှု မရှိသေးပါ။ ပိုရိုက်စေချင်ပါတယ်။ official cover က ပုဂ္ဂလိက လုပ်တာထက် ပိုတန်ဖိုးရှိတာ သိကြမှာပါ။ ရောင်းမကုန်မှာလဲ ပူစရာမလိုပါ။ ပိုသမျှ ခေါင်းကပ် တုံးထုပြီး နောက်နေ့တွေ စာတိုက်ကြီးတွေမှာရောင်းရင် ပိုဝင်ငွေရပါဦးမယ်။ စာအိပ် ၂၀၀ကျပ်၊ တံဆိပ်ခေါင်း ၂၀၀ကျပ်ပေမယ့် တထောင်ရောင်းလည်း စုသူတွေအတွက် တန်ဖိုးရှိဆဲပါ။


XxXxXx

(Zawgyi version)

   ျမန္မာျပကၡဒိန္ လမ်ားအလိုက္ ပြဲႏွင့္ပန္းစီးရီးအျဖစ္ ယေန႔ တံဆိပ္ေခါင္း ထုတ္ပါတယ္။ ဇန္နဝါရီ္လ ၆ရက္ေန႔၊ ကရင္အမ်ိဳးသားေန႔ ျဖစ္ေပမယ့္ ျပာသိုလဆန္းတရက္ေန႔မို႔ ျပာသိုလ ခြာညိဳပန္းနဲ႔ ျမင္းခင္းပြဲ ပံုနဲ႔ထုတ္တာပါ။
.
ထုတ္ခ့ဲေသာ တံဆိပ္ေခါင္း အေတာ္မ်ားမ်ားထက္ ဒီဇိုင္းတိုးတက္လာပါတယ္။ တံဆိပ္ေခါင္း စုသူေတာ္ေတာ္မ်ားမ်ား လက္ခံၾကပါတယ္။ အရင္လိုပိုစတာပံု မထုတ္တာ တိုးတက္မႈပါဘဲ။ First day cover လည္း စီးရီးပံုစံ ထုတ္ပါတယ္။
.
ေနာက္လ တပို႔တြဲလဆန္း တစ္ရက္ေန႔မွာ ထပ္မံထုတ္မယ္ ေျပာပါတယ္။ ၁၂လ ၁၂ေခါင္း ထုတ္မ့ဲသေဘာပါ။ အရင္ ၉၀ခုမ်ားဆီကလို တံဆိပ္ေခါင္းစုတာ ေခတ္စားခ်ိန္ဆို လြန္စြာတန္ဖိုး႐ွိမွာပါ။ ခုေခတ္က စာပို႔တာ အရမ္းနဲသြားပါၿပီ။ စုသူေတြကေတာ့ ႐ွိေနဆဲပါဘဲ။
.
တခု ေျပာခ်င္ပါေသးတယ္။ First day cover လံုေလာက္မႈ မ႐ွိေသးပါ။ ပို႐ိုက္ေစခ်င္ပါတယ္။ official cover က ပုဂၢလိက လုပ္တာထက္ ပိုတန္ဖိုး႐ွိတာ သိၾကမွာပါ။ ေရာင္းမကုန္မွာလဲ ပူစရာမလိုပါ။ ပိုသမွ် ေခါင္းကပ္ တံုးထုၿပီး ေနာက္ေန႔ေတြ စာတိုက္ႀကီးေတြမွာေရာင္းရင္ ပိုဝင္ေငြရပါဦးမယ္။ စာအိပ္ ၂၀၀က်ပ္၊ တံဆိပ္ေခါင္း ၂၀၀က်ပ္ေပမယ့္ တေထာင္ေရာင္းလည္း စုသူေတြအတြက္ တန္ဖိုး႐ွိဆဲပါ။ 

04 January 2019

လွတ်လပ်ရေးနေ့ တံဆိပ်ခေါင်း







(Unicode version)

၇၁ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်ပါတယ်။ ၁၀၀ကျပ်တန် သုံးမျိုးပါ။

.

နိုင်ငံအမည် မြန်မာ အင်္ဂလိပ်၊ တန်ဖိုးကို မြန်မာ အင်္ဂလိပ်​၊ လွတ်လပ်ရေးနေ့ဆိုတာကိုတော့ ၄ ရက် ၁ လဖြစ်ကြောင်း မြန်မာလို ဖော်ပြပါတယ်။

.

ထုံးစံအတိုင်း ပန်းချီကားကို ထုတ်တော့ ဘာမှမပေါ်လွင်ပါ။ အရင်နှစ်တွေအတိုင်းပါဘဲ။ ဆင်ခြင်သင့်ပြီထင်ပါတယ်။ တိုးတက်လာတာကတော့ perforation လို့ခေါ်တ့ဲ ခွေးသွားစိပ် ဖြတ်စရာလေးတွေပါဘဲ။ တော်တော်ကောင်းလာပါတယ်။

.

First day cover လဲထုတ်ပါတယ်။ ၂၀၀ကျပ်ပါ။ စက္ကူအသား ကောင်းပါတယိ။ စရောင်းအပြီး မိနစ်နှစ်ဆယ်လောက်နဲ့ ကုန်သွားပြီလုပ်ပါသေးတယ်။ နောက်တော့ ရှိသေးတယ်ဆိုပြီး ထပ်ရောင်းပါတယ်။

.

နောက်တရက်ကျော်မှာ ပန်းစီးရီးထုတ်ပါမယ်တ့ဲ။ တလတခေါင်းနှူန်းနဲ့ ထုတ်မယ်လို့ ကြားခ့ဲရကြောင်းပါ။



XxXxXx

(Zawgyi version )

၇၁ႀကိမ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ တံဆိပ္ေခါင္း ထုတ္ပါတယ္။ ၁၀၀က်ပ္တန္ သံုးမ်ိဳးပါ။
.
ႏိုင္ငံအမည္ ျမန္မာ အဂၤလိပ္၊ တန္ဖိုးကို ျမန္မာ အဂၤလိပ္​၊ လြတ္လပ္ေရးေန႔ဆိုတာကိုေတာ့ ၄ ရက္ ၁ လျဖစ္ေၾကာင္း ျမန္မာလို ေဖာ္ျပပါတယ္။
.
ထံုးစံအတိုင္း ပန္းခ်ီကားကို ထုတ္ေတာ့ ဘာမွမေပၚလြင္ပါ။ အရင္ႏွစ္ေတြအတိုင္းပါဘဲ။ ဆင္ျခင္သင့္ၿပီထင္ပါတယ္။ တိုးတက္လာတာကေတာ့ perforation လို႔ေခၚတ့ဲ ေခြးသြားစိပ္ ျဖတ္စရာေလးေတြပါဘဲ။ ေတာ္ေတာ္ေကာင္းလာပါတယ္။
.
First day cover လဲထုတ္ပါတယ္။ ၂၀၀က်ပ္ပါ။ စကၠဴအသား ေကာင္းပါတယိ။ စေရာင္းအၿပီး မိနစ္ႏွစ္ဆယ္ေလာက္နဲ႔ ကုန္သြားၿပီလုပ္ပါေသးတယ္။ ေနာက္ေတာ့ ႐ွိေသးတယ္ဆိုၿပီး ထပ္ေရာင္းပါတယ္။
.
ေနာက္တရက္ေက်ာ္မွာ ပန္းစီးရီးထုတ္ပါမယ္တ့ဲ။ တလတေခါင္းႏႉန္းနဲ႔ ထုတ္မယ္လို႔ ၾကားခ့ဲရေၾကာင္းပါ။

02 January 2019

ထွေအုပ်ပြီးရင် ပြည်သူ ရဲ

(Unicode version)

၂၀၁၈ ကုန်ခါနီး မြန်မာနိုင်ငံသားတွေ သာဓုခေါ်တ့ဲ သတင်းတခု ထွက်လာပါတယ်။ အများသိပြီး ဖြစ်တ့ဲအတိုင်း ထွေအုပ်ဌာနကို ပြည်ထဲရေးအောက်ကနေ သမရုံးအောက် ရွှေ့လိုက်တ့ဲ သတင်းပါ။

.

နိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ ပြည်သူအများ မပတ်သက်လို့မရတ့ဲ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ခံရတ့ဲ အရေးကြီးဆုံး ဌာနပါ။ အင်္ဂလိပ်ခေတ်က တက္ကသိုလ်မှ အတော်ဆုံးလေးငါးဦးကို နှစ်စဉ် အင်္ဂလန် ပညာသင်လွှတ်ပြီး အဲဒီဌာနမှာခန့်ဖို့ လူရွေးမွေးခ့ဲတာပါ။ လက်ရှိမှာတော့ ပြည်တွင်းတက္ကသိုလ်တခုရဲ့ ကျောင်းဆင်းတွေဘဲ ပြောင်းရွှေ့အခန့်ခံရတ့ဲ ဌာနဖြစ်နေပါပြီ။

.

နိုင်ငံအုပ်ချုပ်ရေးအတွက် အရေးကြီးတော့ သမတက ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေကနေတဆင့် ကွပ်ကဲမ့ဲ သဘောပါဘဲ။ အဲဒီလိုဘဲ ပြည်ထဲရေးအောက်ကနေ ပြည်နယ်တိုင်းဝန်ချုပ်တွေအောက် ပို့ရမ့ဲဌာနက ပြည်သူ့ရဲတပ်ဖွဲ့ပါဘဲ။

.

ပြည်နယ်နဲ့တိုင်းတွေမှာ ပြည်နယ်ရဲ တိုင်းဒေသကြီးရဲအဖွဲ့များအဖြစ် သီးခြားစီဖွဲ့ရမှာပါ။ ဗဟို ရဲချုပ်မလိုအပ်ပါဘူး။ တိုင်း/ပြည်နယ် ပြောင်းရွှေ့ဖို့ မလိုအပ်တော့ပါဘူး။ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တာဝန်ခံရမ့ဲ တိုင်း/ ပြည်နယ်ရဲချုပ်တွေကဘဲ စီမံအုပ်ချုပ်ရမှာပါ။

.

နောင် ဖက်ဒရယ်စံနစ် မြန်မာပြည်မှာ အမှန်တကယ်ဖြစ်လာရင် ပြည်နယ် တိုင်းအလိုက် ဥပဒေက မတူနိုင်တော့ပါ။ ထို့အတွက် ပြည်နယ် တိုင်းအလိုက် ရဲတပ်ဖွဲ့တွေက မိမိနဲ့ ဆိုင်သော ဥပဒေကို ပိုသိဖို့လိုပါလိမ့်မယ်။ မိမိနယ်မြေကို ပိုသိဖို့လိုပါလိမ့်မယ်။ လိုအပ်ရင် ပြည်နယ် တိုင်းအတွင်းသာ ရွှေ့ပြောင်း တာဝန်ပေးနိုင်ပါမယ်။

.

ဒီလိုလုပ်တာ တရားဥပဒေ စိုးမိုးရေး ပိုထိရောက်ဖို့သာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အင်အားလျော့အောင် လုပ်ခိုင်းတာမဟုတ်ပါ။ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး ပြည်ထောင်စုနိုင်ငံဖြစ်တ့ဲ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်ရဲ့အဖွဲ့ဘဲ ထားရှိတာ သတိထားမိမှာပါ။ တနိုင်ငံလုံးနဲ့ဆိုင်တ့ဲ မှုခင်းမျိုးကိုင်ဖို့ FBI နဲ့တူတ့ဲ မှုခင်းတပ်ဖွဲ့၊ စသုံးလုံးတို့ကတော့ အရင်အတိုင်း ထားနိုင်ပါတယ်။

XxXxXx

(Zawgyi version)

၂၀၁၈ ကုုန္ခါနီး ျမန္မာႏိုင္ငံသားေတြ သာဓုေခၚတ့ဲ သတင္းတခု ထြက္လာပါတယ္။ အမ်ားသိၿပီး ျဖစ္တ့ဲအတိုင္း ေထြအုပ္ဌာနကို ျပည္ထဲေရးေအာက္ကေန သမရံုးေအာက္ ေရႊ႔လိုက္တ့ဲ သတင္းပါ။
.
ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးမွာ ျပည္သူအမ်ား မပတ္သက္လို႔မရတ့ဲ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမ်ား တာဝန္ခံရတ့ဲ အေရးႀကီးဆံုး ဌာနပါ။ အဂၤလိပ္ေခတ္က တကၠသိုလ္မွ အေတာ္ဆံုးေလးငါးဦးကို ႏွစ္စဥ္ အဂၤလန္ ပညာသင္လႊတ္ၿပီး အဲဒီဌာနမွာခန္႔ဖို႔ လူေရြးေမြးခ့ဲတာပါ။ လက္႐ွိမွာေတာ့ ျပည္တြင္းတကၠသိုလ္တခုရဲ႕ ေက်ာင္းဆင္းေတြဘဲ ေျပာင္းေရႊ႔အခန္႔ခံရတ့ဲ ဌာနျဖစ္ေနပါၿပီ။
.
ႏိုင္ငံအုပ္ခ်ဳပ္ေရးအတြက္ အေရးႀကီးေတာ့ သမတက ျပည္နယ္တိုင္း ဝန္ႀကီးခ်ဳပ္ေတြကေနတဆင့္ ကြပ္ကဲမ့ဲ သေဘာပါဘဲ။ အဲဒီလိုဘဲ ျပည္ထဲေရးေအာက္ကေန ျပည္နယ္တိုင္းဝန္ခ်ဳပ္ေတြေအာက္ ပို႔ရမ့ဲဌာနက ျပည္သူ႔ရဲတပ္ဖြဲ႔ပါဘဲ။
.
ျပည္နယ္နဲ႔တိုင္းေတြမွာ ျပည္နယ္ရဲ တိုင္းေဒသႀကီးရဲအဖြဲ႔မ်ားအျဖစ္ သီးျခားစီဖြဲ႔ရမွာပါ။ ဗဟို ရဲခ်ဳပ္မလိုအပ္ပါဘူး။ တိုင္း/ျပည္နယ္ ေျပာင္းေရႊ႔ဖို႔ မလိုအပ္ေတာ့ပါဘူး။ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္ေတြကို တာဝန္ခံရမ့ဲ တိုင္း/ ျပည္နယ္ရဲခ်ဳပ္ေတြကဘဲ စီမံအုပ္ခ်ဳပ္ရမွာပါ။
.
ေနာင္ ဖက္ဒရယ္စံနစ္ ျမန္မာျပည္မွာ အမွန္တကယ္ျဖစ္လာရင္ ျပည္နယ္ တိုင္းအလိုက္ ဥပေဒက မတူႏိုင္ေတာ့ပါ။ ထို႔အတြက္ ျပည္နယ္ တိုင္းအလိုက္ ရဲတပ္ဖြဲ႔ေတြက မိမိနဲ႔ ဆိုင္ေသာ ဥပေဒကို ပိုသိဖို႔လိုပါလိမ့္မယ္။ မိမိနယ္ေျမကို ပိုသိဖို႔လိုပါလိမ့္မယ္။ လိုအပ္ရင္ ျပည္နယ္ တိုင္းအတြင္းသာ ေရႊ႔ေျပာင္း တာဝန္ေပးႏိုင္ပါမယ္။
.
ဒီလိုလုပ္တာ တရားဥပေဒ စိုးမိုးေရး ပိုထိေရာက္ဖို႔သာျဖစ္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာန အင္အားေလ်ာ့ေအာင္ လုပ္ခိုင္းတာမဟုတ္ပါ။ ကမာၻေပၚမွာ အေအာင္ျမင္ဆံုး ျပည္ေထာင္စုႏိုင္ငံျဖစ္တ့ဲ အေမရိကန္ျပည္ေထာင္စုမွာ ျပည္နယ္ရဲ႕အဖြဲ႔ဘဲ ထား႐ွိတာ သတိထားမိမွာပါ။ တႏိုင္ငံလံုးနဲ႔ဆိုင္တ့ဲ မႈခင္းမ်ိဳးကိုင္ဖို႔ FBI နဲ႔တူတ့ဲ မႈခင္းတပ္ဖြဲ႔၊ စသံုးလံုးတို႔ကေတာ့ အရင္အတိုင္း ထားႏိုင္ပါတယ္။