28 January 2013

ဆိုက်ကား။

(Unicode version)

ကြည့်လိုက်ယင်တော့ ဗန်ဒါပင်အောက်မှာ အေးချမ်းနေမ့ဲ ပုံဘဲ။ ဒီလူတွေ ခွန်အားသုံးပြီး လုရှာနေကြရတာတွေ့တော့ ငါ တော်သေးတယ်အောက်မေ့မိတယ်။ သူတို့ပြေလည်အောင် ဘယ်သူ လုပ်နိုင်မလဲ မသိ။

XxXxXx

(Zawgyi version )

ၾကည့္လိုက္ယင္ေတာ့ ဗန္ဒါပင္ေအာက္မွာ ေအးခ်မ္းေနမ့ဲ ပံုဘဲ။ ဒီလူေတြ ခြန္အားသံုးၿပီး လု႐ွာေနၾကရတာေတြ႔ေတာ့ ငါ ေတာ္ေသးတယ္ေအာက္ေမ့မိတယ္။ သူတို႔ေျပလည္ေအာင္ ဘယ္သူ လုပ္ႏိုင္မလဲ မသိ။

17 January 2013

2013 တံဆိပ်ခေါင်း


(Unicode version )

၂၀၁၃ ခုနှစ်အတွက်ထုတ်တ့ဲ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းပါ။ အချိန်မှီ မတင်လိုက်နိင်ပါဘူး။ Sorry ပါ။



ဒါပေမ့ဲ ဒီတစ်ပါတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာပါတ့ဲ မြန်မာနိုင်ငံက ထုတ်တ့ဲ စာရင်းလေး ဖေါ်ပြလိုက်ပါတယ်။ ကျေနပ်ကြပါ။ ဆောင်းပါးရေးသူက မောင်ဌေးဦး ( စိန်ဂျွန်း ) ပါ။ 



၁ ။ အင်္ဂလိပ်လက်အောက် မြန်မာနိုင်ငံအတွက် ပထမဆုံးတံဆိပ်ခေါင်းကို ၁၉၃၇ ခုနှစ်မှာ ပဉ္စမမြောက် ဂျော့ဘုရင်ပုံနဲ့ စထုတ်ခ့ဲပါတယ်။အင်္ဂလိပ်ခေတ်မှာ ၁၃၈ မျိုးထုတ်ေ၀ခ့ဲပါတယ်။

၂ ။ ဂျပန်ခေတ်ထုတ်ေ၀မှုမှာတော့ စာရင်းရှုပ်နေပါတယ်။ ၉၇ မျိုး၊ ၁၂၇၊ ၁၁၄ ၊ ၈၇ မျိုးဆိုပြီး ကွဲပြားနေပါသတ့ဲ။ ပိုက်ဆံတောင် ရိုက်ချင်သလိုရိုက်တ့ဲခေတ်လေ။ ဘာမဆို ဖြစ်နိုင်ပါတယ်။

၃ ။ လွတ်လပ်ရေးရပြီးချိန်ကနေ ၁၉၆၂ ခုထိ ၁၁၂ မျိုးထုတ်ခ့ဲပါတယ်။ ဒီမိုကရေစီ ခေတ်ပေါ့။

၄ ။ ၁၉၆၂ ကနေ ၁၉၈၈ ထိ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာတော့ ၁၆၃ မျိုးထုတ်ခ့ဲပါတယ်။ ကျွန်တော်တို့ လက်လှမ်းမှီသလောက် စစုခ့ဲတ့ဲအချိန်ပေါ့။

၅ ။ ၁၉၈၈ ကနေ ၂၀၁၂ဇွန်လအထိ ၁၀၇ မျိုးထုတ်ေ၀ခ့ဲပါတယ်။ ခုတင်ထားတ့ဲ တံဆိပ်ခေါင်းနှစ်လုံးတော့ မပါလောက်ပါဘူး။



ကျွန်တော်တစ်ဦးထဲရဲ့ သဘောအရကတော့ ဝါသနာအရသာ ဆက်စုနေရတယ်။ မစုချင်တော့ပါဘူး။ စိတ်ထင်လို့လားတော့ မသိ၊ ပုံတွေအည့ံဆုံး တံဆိပ်ခေါင်းတွေပါ။ စက္ကူည့ံသွားတာကတော့ သေချာပါတယ်။ နောက်ပြီး ကော်တောင်မပါတော့ ပါဘူး။ 



ပိုဆိုးတာကတော့ email ဆိုတာကြီးပေါ်လာတော့ စာထည့်တ့ဲလူရှားသွားပါတယ်။ ၈၈ အရင်ကဆို စာပို့သမားဆီမှာ ကိုယ်နဲ့မဆိုင်တ့ဲ စာအိပ်တွေကြည့်ပြီးတောင် ကျွန်တော်က သဘောကျနေတတ်တာပါ။ ၈၈နောက်ပိုင်းကျတော့ စာ အသုံးပြုမှုနဲလာတ့ဲအထဲ စာအိပ်တွေကို ဖေါက်ဖတ်တာတွေ လုပ်လာတော့ စာပို့တိုက်ကို သုံးသူပိုနဲနဲ သွားပါတယ်။ တံဆိပ်ခေါင်းထုတ်ေ၀တာလဲ တော်တော်ကို နဲသွားပါပြီ။ 



သိတတ်ကတည်းက ဝါသနာပါလာတာဆိုတော့ ဘယ်အစိုးရတက်တက် ဆံဆိပ်ခေါင်းတွေ ထုတ်နေယင် ကျွန်တော်ကတော့ ၀ယ်သိမ်းနေရဦးမှာပါ။ ပြည်သူနှစ်သက်တ့ဲ အစိုးရ အာဏာအမြန်ရပါစေဗျာ။ သူတို့ပြုတ်စေချင်လို့တော့ မဟုတ်ပါ။ တံဆိပ်ခေါင်းစုရတာ ပျော်ရအောင်လို့ပါ.။ ။


XxXxXx 

(Zawgyi version) 

၂၀၁၃ ခုႏွစ္အတြက္ထုတ္တ့ဲ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ တံဆိပ္ေခါင္းပါ။ အခ်ိန္မွီ မတင္လိုက္နိင္ပါဘူး။ Sorry ပါ။

ဒါေပမ့ဲ ဒီတစ္ပါတ္ထုတ္ ျပည္သူ႕ေခတ္ဂ်ာနယ္မွာပါတ့ဲ ျမန္မာႏိုင္ငံက ထုတ္တ့ဲ စာရင္းေလး ေဖၚျပလိုက္ပါတယ္။ ေက်နပ္ၾကပါ။ ေဆာင္းပါးေရးသူက ေမာင္ေဌးဦး ( စိန္ဂၽြန္း ) ပါ။ 

၁ ။ အဂၤလိပ္လက္ေအာက္ ျမန္မာႏိုင္ငံအတြက္ ပထမဆံုးတံဆိပ္ေခါင္းကို ၁၉၃၇ ခုႏွစ္မွာ ပဥၥမေျမာက္ ေဂ်ာ့ဘုရင္ပံုနဲ႔ စထုတ္ခ့ဲပါတယ္။အဂၤလိပ္ေခတ္မွာ ၁၃၈ မ်ိဳးထုတ္ေ၀ခ့ဲပါတယ္။
၂ ။ ဂ်ပန္ေခတ္ထုတ္ေ၀မႈမွာေတာ့ စာရင္း႐ႈပ္ေနပါတယ္။ ၉၇ မ်ိဳး၊ ၁၂၇၊ ၁၁၄ ၊ ၈၇ မ်ိဳးဆိုၿပီး ကြဲျပားေနပါသတ့ဲ။ ပိုက္ဆံေတာင္ ႐ိုက္ခ်င္သလို႐ိုက္တ့ဲေခတ္ေလ။ ဘာမဆို ျဖစ္ႏိုင္ပါတယ္။
၃ ။ လြတ္လပ္ေရးရၿပီးခ်ိန္ကေန ၁၉၆၂ ခုထိ ၁၁၂ မ်ိဳးထုတ္ခ့ဲပါတယ္။ ဒီမိုကေရစီ ေခတ္ေပါ့။
၄ ။ ၁၉၆၂ ကေန ၁၉၈၈ ထိ ျမန္မာ့ဆို႐ွယ္လစ္ေခတ္မွာေတာ့ ၁၆၃ မ်ိဳးထုတ္ခ့ဲပါတယ္။ ကၽြန္ေတာ္တို႔ လက္လွမ္းမွီသေလာက္ စစုခ့ဲတ့ဲအခ်ိန္ေပါ့။
၅ ။ ၁၉၈၈ ကေန ၂၀၁၂ဇြန္လအထိ ၁၀၇ မ်ိဳးထုတ္ေ၀ခ့ဲပါတယ္။ ခုတင္ထားတ့ဲ တံဆိပ္ေခါင္းႏွစ္လံုးေတာ့ မပါေလာက္ပါဘူး။

ကၽြန္ေတာ္တစ္ဦးထဲရဲ့ သေဘာအရကေတာ့ ၀ါသနာအရသာ ဆက္စုေနရတယ္။ မစုခ်င္ေတာ့ပါဘူး။ စိတ္ထင္လို႔လားေတာ့ မသိ၊ ပံုေတြအၫ့ံဆံုး တံဆိပ္ေခါင္းေတြပါ။ စကၠဴၫ့ံသြားတာကေတာ့ ေသခ်ာပါတယ္။ ေနာက္ၿပီး ေကာ္ေတာင္မပါေတာ့  ပါဘူး။ 

ပိုဆိုးတာကေတာ့ email ဆိုတာႀကီးေပၚလာေတာ့ စာထည့္တ့ဲလူ႐ွားသြားပါတယ္။ ၈၈ အရင္ကဆို စာပို႔သမားဆီမွာ ကိုယ္နဲ႔မဆိုင္တ့ဲ စာအိပ္ေတြၾကည့္ၿပီးေတာင္ ကၽြန္ေတာ္က သေဘာက်ေနတတ္တာပါ။ ၈၈ေနာက္ပိုင္းက်ေတာ့ စာ အသံုးျပဳမႈနဲလာတ့ဲအထဲ စာအိပ္ေတြကို ေဖါက္ဖတ္တာေတြ လုပ္လာေတာ့ စာပို႔တိုက္ကို သံုးသူပိုနဲနဲ သြားပါတယ္။ တံဆိပ္ေခါင္းထုတ္ေ၀တာလဲ ေတာ္ေတာ္ကို နဲသြားပါၿပီ။ 

သိတတ္ကတည္းက ၀ါသနာပါလာတာဆိုေတာ့ ဘယ္အစိုးရတက္တက္ ဆံဆိပ္ေခါင္းေတြ ထုတ္ေနယင္ ကၽြန္ေတာ္ကေတာ့ ၀ယ္သိမ္းေနရဦးမွာပါ။ ျပည္သူႏွစ္သက္တ့ဲ အစိုးရ အာဏာအျမန္ရပါေစဗ်ာ။ သူတို႔ျပဳတ္ေစခ်င္လို႔ေတာ့ မဟုတ္ပါ။ တံဆိပ္ေခါင္းစုရတာ ေပ်ာ္ရေအာင္လို႔ပါ.။     

13 January 2013

အာပလာ

(Unicode version)

မနေ့က အမေရိကန် hit ( ကြည့်တ့ဲသူ ) ၁၀၀၀ပြည့်သွားပါတယ်။ ဘယ်သူတွေကြည့်ကြလဲတော့ မသိပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ကြည့်တ့ဲ နိုင်ငံပေါင်းလဲ ၁၀၀ ပြည့်ပါတယ်။ Uganda နိုင်ငံကပါ။ တစ်ခါတစ်လေ မှှားနှိပ် မိတ့ဲ သူတွေဖြစ်မှာပါ။ ဘုရာဇီးကဆို aplar က ဘာအဓိပါယ်ထွက်သလဲမသိပါ။ ကြည့်တ့ဲသူ တော်တော်များပါတယ်။ မှားနှိပ်မိသူတွေဘဲ နေမှာပါ။ ဘာဘဲဖြစ်ဖြစ် ရေးချင်စိတ် ပေါ်ယင်တော့၊ အင်တာနက် ကော်နက်ရှင်လေးလဲ ရနေယင်ရေးနေမိဦးမှာပါဘဲ။

ကျေးဇူးတင်ပါတယ်။


XxXxXx

(Zawgyi version)

မေန႔က အေမရိကန္ hit ( ၾကည့္တ့ဲသူ ) ၁၀၀၀ျပည့္သြားပါတယ္။ ဘယ္သူေတြၾကည့္ၾကလဲေတာ့ မသိပါဘူး။ တိုက္တိုက္ဆိုင္ဆိုင္ ၾကည့္တ့ဲ ႏိုင္ငံေပါင္းလဲ ၁၀၀ ျပည့္ပါတယ္။ Uganda ႏိုင္ငံကပါ။ တစ္ခါတစ္ေလ မွွားႏွိပ္ မိတ့ဲ သူေတြျဖစ္မွာပါ။ ဘုရာဇီးကဆို aplar က ဘာအဓိပါယ္ထြက္သလဲမသိပါ။ ၾကည့္တ့ဲသူ ေတာ္ေတာ္မ်ားပါတယ္။ မွားႏွိပ္မိသူေတြဘဲ ေနမွာပါ။ ဘာဘဲျဖစ္ျဖစ္ ေရးခ်င္စိတ္ ေပၚယင္ေတာ့၊ အင္တာနက္ ေကာ္နက္႐ွင္ေလးလဲ ရေနယင္ေရးေနမိဦးမွာပါဘဲ။
ေက်းဇူးတင္ပါတယ္။

09 January 2013

ဦးနု၏ တာတေစနေသား








(Unicode version )


မြန်မာနိုင်ငံတွင်စာပေစီစစ်ရေး မရှိတော့တာ “လ” အနည်းငယ်ကြာလာပါပြီ။ ကာတွန်းတွေ အရမ်းကောင်းလာတယ် ဟု ပထမဆုံးကြားရဧ။် ။ ကာတွန်းဖတ်တ့ဲသူ များလို့ဖြစ်ပါလိမ့်မည်။ နောက် ဆောင်းပါးတွေလဲ ဆော်တာတွေ တွေ့လာရပြီတ့ဲ။ ဆောင်းပါးဖတ်သူတွေလဲ ရှိပါသေးဧ။်။

သို့သော် စီစစ်ရေးမရှိလို့ ဘာတွေတိုးတက်လာပြီလဲ။ စာထဲမှာရေးယုံနဲ့ဘဲ ပြီးရောလား။ ဒီလိုသာဆို စီစစ်ရေး စခ့ဲတ့ဲ ဗိုလ်နေ၀င်း မှားချက်တော့ ကမ်းကုန်။ ဒီလိုရေးတာလေးတွေ ဖတ်ပြီး ကျေနပ်သွားကြလို့ “၈၈”လို ဆူပူမှု မရှိတော့နိုင်။ ဆရာမောင်သော်က ပြောခ့ဲသလို ပေါက်ကွဲတော့မည့် ဘွိုင်လာအိုးကို ပရက်ရှာရှော့ပေး သလောက်ပင်ဖြစ်မည်။

ဒါဆို ခုခေတ် စာရေးသူတွေ ထိရောက်အောင် မရေးနိုင်လို့လား မသိ။ စီစစ်ရေး မရှိ၍ တိုးတက်လာတာ “ရေးခွင့်ရယုံ” ဆိုတာနဲ့ မကြေနပ်သင့်။ ထိထိရောက်ရောက် ပြုပြင်လာသည်အထိ ရေးနိုင်ရမည်ထင်ပါသည်။ ဒါမှ ဗိုလ်နေ၀င်းလဲ ရောက်ရာအရပ်မှနေ၍ “တွေ့လား၊ ခွေးမသားတွေ။ ငါမမှားဘူးကွ” ဟု ဖြေသာပါလိမ့်မည်။

စီစစ်ရေးမရှိ၍ အရင်ထုတ်ေ၀ခွင့် မရသော စာအုပ်မျိုး ထုတ်ခွင့်ရတယ်လေဟု ပြောနိုင်ပါသည်။ ၈၈မျိုးဆက်ကျောင်းသားများ Best Seller နေ့ချင်းညချင်း ဖြစ်ကုန်ဧ။်။ ကျေနပ်ပါသည်။ သူတို့လို အတွေ့ အကြုံမျိုး ကိုယ်မယူရဲဘူးလေ.။ စာပေဟောပြောပွဲတွေမှာတောင် ဟောပြောသည့်အဆင့် ဖြစ်နေပြီ။ သာဓုပါဗျာ။ သာဓုပါ။

စီစစ်ရေးမရှိ၍ထွက်လာသော စာအုပ်များထဲမှ ဦးနု ဧ။် “တာတေစနေသား ” အကြောင်းပြောချင်ပါသည်။ ပထမဆုံးအကြိမ် ဆိုသော်လည်း ဦးနုငယ်စဉ်က မိုက်ခ့ဲသည့် အကြောင်းများ မှတ်မိနေပါသည်။ ဘယ်တွင်ဖတ်ဘူးသည် မမှတ်မိပါ။ နိုင်ငံရေး မသိသည့်အချိန်က ဖတ်ခ့ဲရ၍ ဖြစ်မည်၊ ဦးနုဧ။် နိုင်ငံရေး အကြောင်းများတော့ မမှတ်မိပါ။ စိတ်မ၀င်စားခ့ဲတာ ဖြစ်မည်။ ခုတော့ တော်တော်များများ သိရပါသည်။

ကျွန်တော့်အထင် ဦးနုသည် မှန်တာတစ်၀က်နှင့် ရောချကာ သူမကောင်းခ့ဲတာတွေကို ဖုံးသွားတာဖြစ်မည်။ စာရေးကောင်းသည် မဟုတ်ပါလား။ ကျန်သူများကလဲ ပြန်မရှင်းနိုင်တော့သည့် မရဏပြည် ရောက်ကုန်ကြပြီ။ ဦးနုအည့ံှဆုံးကတော့ ဦးနေ၀င်းကို ယုံကြည်နေမှုဖြစ်သည်။ ဦးနေ၀င်းကို သူယုံလျှက်နဲ့ သူ့ကို လုပ်ရက်တယ်ဟု ဆိုလိုချင်သလား မသိပါ။

ဦးနုဧ။် “တာတေစနေသား” တွင် အဆိုးဆုံးက ဒါတွေ မဟုတ်ပါ။ ဘုရားဆုပန်သူ၊ ၀န်ကြီးချုပ်ဟောင်းက ဆဲသည့် စကားလုံးများကို တိုက်ရိုက်ရေးထားခြင်းပါ။ ကျွန်တော်တစ်သက် အပြာစာအုပ်များမှ လွဲ၍ ဤစကားလုံးကို ပုံနှိပ်စာနှင့် မဖတ်ဘူးပါ။ ဆဲလျှင်တောင် ကန်တော့ပါရဲ့၊ ခံပြီး မအေရိုးဟု ဆိုလျှင်ပင် လွန်လှပြီ။ တစ်ချို့က -ိုး ဟု သုံးတာသာ တွေ့ဘူးပါသည်။ တကယ်ဆဲခ့ဲလို့ တကယ် မရေးသင့်ပါ။ စီစစ်ရေးမရှိတာကို အခွင့်အရေးဟုယူပြီး သုံးသွားသည်ဟု ယူဆပါသည်။

လူကြီးတွေကတော့ လုပ်ပြသွားပါပြီ။ စီစဉ်သူကရော Etiquette အရ ၊ မြန်မာ့ယဉ်ကျေးမှုအရ Self Sensored မလုပ်သင့်ပေဘူးလားဗျာ။ ဒါလေးတွေကို Edit လုပ်လိုက်လို့ စာတန်ဖိုး ဘာမျှရော့သွားစရာ မရှိပါ။ တစ်အုပ်လုံး၏တန်ဖိုး တက်လာဖို့သာ ရှိပါမည်။ ကျွန်တော်တို့ခေတ်လူငယ်များသည် သူများထက်သာအောင် ကွန့်ချင်သူတွေ များသည်။

ခုဘဲ ညှို့ မဂ္ဂဇင်းပေါ်လာပြီ။ ကျွန်တော် မဖတ်ဘူးသေးပါ။ ဒါပေမ့ဲ ကျွန်တော်ထင်သည်။ -ိုး ဆိုတ့ဲ စကားလုံး တိုက်ရိုက်သုံးထားမည် မဟုတ်ပါ။ ပုံတွေနဲ့သာ ဆွဲဆောင်ထားလိမ့်မည်။ ကဲ ၊ ဒီစကားလုံးသုံးပါပြီတ့ဲ။ လူကြီးဆိုသူတွေ ဘာပြောကြမည်နည်း။ ခုတော့ ဆေးပညာပေးဆိုပြီး ပြောင်းဖို့ ကြိုးစားနေသည်ဟု ကြားသည်။ ဒီ ကိုဦးဆွေက ဦးနုစာအုပ် မဖတ်ဘူးသေးလို့သာ။ ဒီလူက စတန့်ထွင်ချင်သူလို့ ကြားဘူးသည်။ ကိုယ့် နာရေး ကိုယ်ထ့ဲပြီး နာမည်ကြီးအောင် လုပ်ဘူးသည်ဟု ဆိုသည်။ ဘယ်ဆရာကောင်းရဲ့ လက်ထွက်တပည့် လဲမသိ။ ဦးနုကို ဆရာတင်လျှင်တော့ ခက်ရချီရဲ့ ဆရာတို့။

သူများစီစစ်တာမခံရအောင် ကိုယ့်ဖာသာကိုယ် စီစစ်တာ အကောင်းဆုံးဖြစ်မည် ထင်ပါသည်။



XxXxXx

(Zawgyi version)

ျမန္မာႏိုင္ငံတြင္စာေပစီစစ္ေရး မ႐ွိေတာ့တာ “လ” အနည္းငယ္ၾကာလာပါၿပီ။ ကာတြန္းေတြ အရမ္းေကာင္းလာတယ္ ဟု ပထမဆံုးၾကားရဧ။္ ။ ကာတြန္းဖတ္တ့ဲသူ မ်ားလို႔ျဖစ္ပါလိမ့္မည္။   ေနာက္ ေဆာင္းပါးေတြလဲ ေဆာ္တာေတြ ေတြ႔လာရၿပီတ့ဲ။ ေဆာင္းပါးဖတ္သူေတြလဲ ႐ွိပါေသးဧ။္။
သို႔ေသာ္ စီစစ္ေရးမ႐ွိလို႔ ဘာေတြတိုးတက္လာၿပီလဲ။ စာထဲမွာေရးယံုနဲ႔ဘဲ ၿပီးေရာလား။ ဒီလိုသာဆို စီစစ္ေရး စခ့ဲတ့ဲ ဗိုလ္ေန၀င္း မွားခ်က္ေတာ့ ကမ္းကုန္။ ဒီလိုေရးတာေလးေတြ ဖတ္ၿပီး ေက်နပ္သြားၾကလို႔ “၈၈”လို ဆူပူမႈ မ႐ွိေတာ့ႏိုင္။ ဆရာေမာင္ေသာ္က   ေျပာခ့ဲသလို   ေပါက္ကြဲေတာ့မည့္        ဘြိဳင္လာအိုးကို ပရက္႐ွာေ႐ွာ့ေပး သေလာက္ပင္ျဖစ္မည္။
ဒါဆို ခုေခတ္ စာေရးသူေတြ ထိေရာက္ေအာင္ မေရးႏိုင္လို႔လား မသိ။ စီစစ္ေရး မ႐ွိ၍ တိုးတက္လာတာ “ေရးခြင့္ရယံု” ဆိုတာနဲ႔ မေၾကနပ္သင့္။ ထိထိေရာက္ေရာက္ ျပဳျပင္လာသည္အထိ ေရးႏိုင္ရမည္ထင္ပါသည္။ ဒါမွ ဗိုလ္ေန၀င္းလဲ ေရာက္ရာအရပ္မွေန၍ “ေတြ႔လား၊ ေခြးမသားေတြ။ ငါမမွားဘူးကြ” ဟု ေျဖသာပါလိမ့္မည္။
စီစစ္ေရးမ႐ွိ၍ အရင္ထုတ္ေ၀ခြင့္ မရေသာ စာအုပ္မ်ိဳး ထုတ္ခြင့္ရတယ္ေလဟု ေျပာႏိုင္ပါသည္။ ၈၈မ်ိဳးဆက္ေက်ာင္းသားမ်ား Best Seller ေန႔ခ်င္းညခ်င္း ျဖစ္ကုန္ဧ။္။ ေက်နပ္ပါသည္။ သူတို႕လို အေတြ႔ အႀကံဳမ်ိုဳး ကိုယ္မယူရဲဘူးေလ.။ စာေပေဟာေျပာပြဲေတြမွာေတာင္ ေဟာေျပာသည့္အဆင့္ ျဖစ္ေနၿပီ။ သာဓုပါဗ်ာ။ သာဓုပါ။
စီစစ္ေရးမ႐ွိ၍ထြက္လာေသာ စာအုပ္မ်ားထဲမွ ဦးႏု ဧ။္  တာေတစေနသား ” အေၾကာင္းေျပာခ်င္ပါသည္။ ပထမဆံုးအႀကိမ္ ဆိုေသာ္လည္း ဦးႏုငယ္စဥ္က မိုက္ခ့ဲသည့္ အေၾကာင္းမ်ား မွတ္မိေနပါသည္။ ဘယ္တြင္ဖတ္ဘူးသည္ မမွတ္မိပါ။ ႏိုင္ငံေရး မသိသည့္အခ်ိန္က ဖတ္ခ့ဲရ၍ ျဖစ္မည္၊ ဦးႏုဧ။္ ႏိုင္ငံေရး အေၾကာင္းမ်ားေတာ့ မမွတ္မိပါ။ စိတ္မ၀င္စားခ့ဲတာ ျဖစ္မည္။ ခုေတာ့ ေတာ္ေတာ္မ်ားမ်ား သိရပါသည္။
ကၽြန္ေတာ့္အထင္ ဦးႏုသည္ မွန္တာတစ္၀က္ႏွင့္ ေရာခ်ကာ သူမေကာင္းခ့ဲတာေတြကို ဖံုးသြားတာျဖစ္မည္။ စာေရးေကာင္းသည္ မဟုတ္ပါလား။ က်န္သူမ်ားကလဲ ျပန္မ႐ွင္းႏိုင္ေတာ့သည့္ မရဏျပည္ ေရာက္ကုန္ၾကၿပီ။ ဦးႏုအၫ့ံွဆံုးကေတာ့ ဦးေန၀င္းကို ယံုၾကည္ေနမႈျဖစ္သည္။ ဦးေန၀င္းကို သူယံုလွ်က္နဲ႔ သူ႔ကို လုပ္ရက္တယ္ဟု ဆိုလိုခ်င္သလား မသိပါ။
ဦးႏုဧ။္ “တာေတစေနသား” တြင္ အဆိုးဆံုးက ဒါေတြ မဟုတ္ပါ။ ဘုရားဆုပန္သူ၊ ၀န္ႀကီးခ်ဳပ္ေဟာင္းက ဆဲသည့္ စကားလံုးမ်ားကို တိုက္႐ိုက္ေရးထားျခင္းပါ။ ကၽြန္ေတာ္တစ္သက္ အျပာစာအုပ္မ်ားမွ လြဲ၍ ဤစကားလံုးကို ပံုႏွိပ္စာႏွင့္ မဖတ္ဘူးပါ။ ဆဲလွ်င္ေတာင္ ကန္ေတာ့ပါရဲ့၊ ခံၿပီး မေအ႐ိုးဟု ဆိုလွ်င္ပင္ လြန္လွၿပီ။ တစ္ခ်ိဳ႔က  -ိုး  ဟု သံုးတာသာ ေတြ႔ဘူးပါသည္။ တကယ္ဆဲခ့ဲလို႔ တကယ္ မေရးသင့္ပါ။ စီစစ္ေရးမ႐ွိတာကို အခြင့္အေရးဟုယူၿပီး သံုးသြားသည္ဟု ယူဆပါသည္။
လူႀကီးေတြကေတာ့ လုပ္ျပသြားပါၿပီ။ စီစဥ္သူကေရာ Etiquette အရ ၊ ျမန္မာ့ယဥ္ေက်းမႈအရ Self Sensored မလုပ္သင့္ေပဘူးလားဗ်ာ။ ဒါေလးေတြကို Edit လုပ္လိုက္လို႔ စာတန္ဖိုး ဘာမွ်ေရာ့သြားစရာ မ႐ွိပါ။ တစ္အုပ္လံုး၏တန္ဖိုး တက္လာဖို႔သာ ႐ွိပါမည္။ ကၽြန္ေတာ္တို႔ေခတ္လူငယ္မ်ားသည္ သူမ်ားထက္သာေအာင္ ကြန္႔ခ်င္သူေတြ မ်ားသည္။
ခုဘဲ ၫႈိ႔ မဂၢဇင္းေပၚလာျပီ။ ကၽြန္ေတာ္ မဖတ္ဘူးေသးပါ။ ဒါေပမ့ဲ ကၽြန္ေတာ္ထင္သည္။ -ိုး ဆိုတ့ဲ စကားလံုး တိုက္႐ိုက္သံုးထားမည္ မဟုတ္ပါ။ ပံုေတြနဲ႔သာ ဆြဲေဆာင္ထားလိမ့္မည္။ ကဲ ၊ ဒီစကားလံုးသံုးပါၿပီတ့ဲ။ လူႀကီးဆိုသူေတြ ဘာေျပာၾကမည္နည္း။  ခုေတာ့ ေဆးပညာေပးဆိုၿပီး ေျပာင္းဖို႔ ႀကိဳးစားေနသည္ဟု ၾကားသည္။ ဒီ ကိုဦးေဆြက ဦးႏုစာအုပ္ မဖတ္ဘူးေသးလို႔သာ။ ဒီလူက စတန္႔ထြင္ခ်င္သူလို႔ ၾကားဘူးသည္။ ကိုယ့္ နာေရး ကိုယ္ထ့ဲၿပီး နာမည္ႀကီးေအာင္ လုပ္ဘူးသည္ဟု ဆိုသည္။ ဘယ္ဆရာေကာင္းရဲ့ လက္ထြက္တပည့္ လဲမသိ။ ဦးႏုကို ဆရာတင္လွ်င္ေတာ့ ခက္ရခ်ီရဲ့ ဆရာတို႔။
သူမ်ားစီစစ္တာမခံရေအာင္ ကိုယ့္ဖာသာကိုယ္ စီစစ္တာ အေကာင္းဆံုးျဖစ္မည္ ထင္ပါသည္။