28 February 2010

ခင်၀မ်း ၁၀ နှစ်


၂၀၁၀ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ခင်၀မ်း ကွယ်လွန်ခ့ဲတာ ၁၀

နှစ်ပြည့်ခ့ဲပါပြီ။ ဘာလိုလိုနဲ့ပဲ ၁၀ နှစ်ဖြစ်ခ့ဲပါပြီ။ ထုံးစံအတိုင်း ဒီ

ရက်သတ္တပါတ်၀န်းကျင်မှာ ထွက်တ့ဲ စာစောင်အချို့မှာ အမှတ်တရ

ဖေါ်ပြခ့ဲကြပါတယ်။ ယခုအထိ တွေ့သမျှထဲမှာ ၂၀၁၀ ဖေဖေါ်ဝါရီလ ထုတ် မြန်မာသစ်

မဂ္ဂဇင်းမှာ အမှတ်တရ ဆောင်းပါအများဆုံးအဖြစ် ခုနှစ်ပုဒ် ဖေါ်ပြထားပါတယ်။

အဖုံးမှာလဲ ခင်၀မ်းပုံသေးလေး ဖေါ်ပြထားပါတယ်။

အားနာနာနဲ့ပြောရယင် စတိဘဲ ဖေါ်ပြထားသလိုပါဘဲ။ ခင်၀မ်းနဲ့ တစ်ပါတ်ပဲဲ
မန္တလေးမှာ အတူနေဖူးသူ ရေးတ့ဲဆောင်းပါးတောင် ပါပါတယ်။ ခင်၀မ်းနဲ့
ခြောက်လလောက် လူချင်းသိဖူးသူက အမှုဆောင်အယ်ဒီတာ ဆိုတော့ ခင်၀မ်းနဲ့
ပတ်သက်ဖူးသူတွေကို ရေးခိုင်းပုံရပါတယ်။ အဲဒီ အယ်ဒီတာမင်း ကလဲ
ဆောင်းပါးတစ်ပုဒ်၊ အတၳုပတ္တိ တစ်ပုဒ်ရေးထားပါတယ်။ ဘာပဲဖြစ်ဖြစ်
ကျေးဇူးတင်ပါတယ်။

မဂ္ဂဇင်းရဲ့ အားထုတ်မှုအနေနဲ့ ခင်၀မ်းနဲ့ အနီးဆုံးပတ်သက်ခ့ဲဖူးတ့ဲ
ကိုရဲလွင် နဲ့ ကိုနေ၀င်း တို့ရဲ့ ဆောင်းပါးတွေ တွေ့ရတာပါဘဲ။ ကိုနေ၀င်းက
ကိုခင်၀မ်း လွမ်းချင်း ၊ ကိုရဲကြီးက ကျွန်တော့်သူငယ်ချင်း ကိုခင်၀မ်း
ဆိုပြီးရေးထားပါတယ်။ အမှတ်တရ ဖြစ်ယုံပါဘဲ။ ခင်၀မ်း ခရေဇီ
ကျောက်ပန်းတောင်ကမောင် ဖတ်မိယင် မဂ္ဂဇင်းစာအုပ်တွေ ၀ယ်ပြီး မီးရှိ့ပစ်မလား
မသိပါဘူး။ အယ်ဒီတာမင်း ပြုစုထားတ့ဲ ခင်၀မ်း အတၳုပတ္တိ ကတော့
နောက်လူတွေအတွက် Reference ဖြစ်မှာပါ။ ထပ်ပြောပါရစေ။ အားမရပေမ့ဲ
ကျေးဇူးတင်ပါတယ်။

ခင်၀မ်းအကြောင်း ကျွန်တော်အယင်က ရေးခ့ဲတ့ဲအထဲမှာ ပြောဖူးပါတယ်။
ခင်၀မ်းကို ကျွန်တော် ခရေဇီဖြစ်တာ သီချင်းတွေကြောင့်ပါ။ ခင်၀မ်းရဲ့
တစ်ခြား ထူးချွန်မှုဖြစ်တ့ဲ ပန်းချီကို ကျွန်တော် လုံး၀နီးပါးလောက်ကို
မသိတာပါ။ ခင်၀မ်းပန်းချီ အကြောင်းဖတ်ရယင် သီချင်း အကြောင်းလောက်
စိတ်၀င်စားမှု မရှိပါဘူး။ ဒါပေမ့ဲ ခင်၀မ်း အမှတ်တရ ဆောင်းပါးတွေထဲမှာ
ပန်းချီဆရာမ မသိ ၤဂီ ရဲ့ ဆောင်းပါး သဘောကျတာလေး ကောက်နှုတ်
ဖေါ်ပြချင်ပါတယ်။ ပန်းချီအသိုင်းအ၀ိုင်းရဲ့ ခင်၀မ်းအပေါ် အမြင်လေးလဲ
သဘောကျလို့ပါ။

" ၁၉၈၀ခုနှစ်တွေမှာတော့၊ ခင်၀မ်းတစ်ယောက် ပန်းချီလောက ကနေ
ပျောက်သွားပါတယ်။ ဂီတလောကထဲ ရောက်သွားပြီတ့ဲ။ အဲဒီမှာတော့ ကျမတို့ဟာ
ပရိသတ် သက်သက်ဖြစ်သွားပြီး၊ သူ့သီချင်းတွေကို ကြိုက်ကြပေမ့ဲ
သူ့ပန်းချီလက်ကို တော်တော် နှမြောကြတာကြောင့် ( မှန်တာပြောရယင် တခြားဘ၀ထဲ
၀င်ရောက် ပျောက်ကွယ်သွားတာကို မကျေနပ်တာလဲ ပါပါလိမ့်မယ်)
သူ့သီချင်းတွေကို တကူးတက နားမထောင်ခ့ဲကြပါဘူး။

၁၉၉၄ လောက်မှာ ခင်၀မ်း ပန်းချီပြန်ရေးတော့မှ ပြန်ဆုံကြတော့တယ်။ ဒါပေမ့ဲ
ဂီတကိုလဲ မစွန့်ပါဘူး။ နောက်မကြာမှီ ကျမ သူ့သီချင်းသစ် 'ယိမ်း'
ကိုကြားရတော့ ခင်၀မ်းဟာ သူ့ပန်းချီအင်အားတွေ၊ ရသတွေကို၊ ဂီတထဲမှာ
သွားနှစ်ထားတာ ပါလားလို့ စဉ်းစားမိတယ်။ ဒီသီချင်းက၊ ဒြပ်မ့ဲ
ပန်းချီရေးသလို ဖွဲ့ထား၊ သီဆိုထားတ့ဲ သီချင်းဘဲ။ 'ယိမ်း' ကို
ကြားကြားချင်းဘဲ အနှစ်နှစ်ဆယ်နီူပါး ဂီတလောကထဲမှာ ပျောက်နေခ့ဲတာကို ကျမ
လုံးလုံးကျေအေးလိုက်ပါတယ်။ တခြားပန်းချီလောကသားတွေလဲ ဒီလိုပဲ
ခံစားကြမလားလို့ တွေးမိပါတယ်။"
မသိ ၤဂီ ရေး ခင်၀မ်း။ ။ဆန့်ကျင်ဘက်တို့ဆုံဆည်းရာ