26 April 2019

ဒီဆေးပင် ခြောက်မခြောက်၊








(Zawgyi version)

   အညာၿမိဳ႕တၿမိဳ႕မွာ ေဆးေျခာက္မေျခာက္ အပင္ၾကည့္ၿပီး မခြဲႏိုင္လို႔ အမႈျဖစ္ အဖမ္းခံေနရတယ္။ ေသခ်ာတာကေတာ့ ျမန္မာဥပေဒမွာ အတိအက် ပါဟန္မတူဘူး။ ဒါ ဥပေဒပညာ႐ွင္ေတြနဲ႔ သက္ဆိုင္ရာဌာနအတြက္ အလုပ္လုပ္ဖို႔ သတိေပးသလို ျဖစ္သြားပါျပီ။ ႐ွိရင္းစြဲဥပေဒက မတိက်တာ၊ မလံုေလာက္တာ၊ အျငင္းပြားစရာ ျဖစ္ေနတာ ေပၚလာပါတယ္။
.
ေဖ့ဘုတ္ေပၚ ဖတ္ၾကည့္ရင္ကို ေတာ္ေတာ္ဗဟုသုတ ရပါတယ္။ ဘယ္ႏိုင္ငံေတြက ေဆးေျခာက္ကို ခြင့္ျပဳတယ္။ ဘယ္ႏိုင္ငံေတြက စီးပြားျဖစ္ စိုက္ေနၾကၿပီ။ ေဆးေျခာက္ႏြယ္ဝင္ အပင္ဘယ္လိုေတြ႐ွိတယ္။ ဘယ္ဓာတ္ ဘယ္ႏွစ္ရာခိုင္ႏႈန္းပါမွ မူးယစ္ေဆးအျဖစ္ သတ္မွတ္တယ္၊ စသျဖင့္ သိရပါတယ္။
.
ဒါေတြကို ေလ့လာၿပီး ဥပေဒအသစ္ေတြ ေရးဖို႔လိုလာပါၿပီ။ ေခတ္နဲ႔ ေလ်ွာ္ညီစြာ ျပန္ေရးသင့္ပါၿပီ။ ဥပေဒတို႔ရဲ႕မိခင္ ေျခဥေတာင္ ေခတ္မမွီေတာ့လို႔ ျပင္ဖို႔ႀကိဳးစားေနရတာဘဲ။ အရင္အာဏာ႐ွင္ေခတ္ကေတာ့ ဒါမ်ိဳးျဖစ္ၿပီဆို ေပးႏိုင္ကမ္းႏိုင္လိုက္ႏိုင္ရင္ လြတ္မယ္၊ မေပးကမ္းႏိုင္ရင္ အဖမ္းခံရမွာ ေသခ်ာတယ္။ ဥပေဒစာအုပ္ ဘယ္သူမွလွန္မွာ မဟုတ္ဘူး။
.
 ဒီမိုေခတ္မွာေတာ့ ဒီလိုကိစၥမ်ိဳး ေပၚလာရင္ သက္ဆိုင္ရာဌာနေတြနဲ႔ လႊတ္ေတာ္အမတ္ေတြက အသစ္ေရးတန္တာေရး၊ ျပင္သင့္တာျပင္ လုပ္ၾကရပါမယ္။ အေပၚကအခိုင္း ေစာင့္မေနသင့္ပါဘူး။ ဒါမွ ဥပေဒျပဳေရးက႑ အသက္ပိုဝင္မွာေပါ့ဗ်ာ။

XxXxXx

(Unicode version)

   အညာမြို့တမြို့မှာ ဆေးခြောက်မခြောက် အပင်ကြည့်ပြီး မခွဲနိုင်လို့ အမှုဖြစ် အဖမ်းခံနေရတယ်။ သေချာတာကတော့ မြန်မာဥပဒေမှာ အတိအကျ ပါဟန်မတူဘူး။ ဒါ ဥပဒေပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ဖို့ သတိပေးသလို ဖြစ်သွားပါပြီ။ ရှိရင်းစွဲဥပဒေက မတိကျတာ၊ မလုံလောက်တာ၊ အငြင်းပွားစရာ ဖြစ်နေတာ ပေါ်လာပါတယ်။
.
ဖေ့ဘုတ်ပေါ် ဖတ်ကြည့်ရင်ကို တော်တော်ဗဟုသုတ ရပါတယ်။ ဘယ်နိုင်ငံတွေက ဆေးခြောက်ကို ခွင့်ပြုတယ်။ ဘယ်နိုင်ငံတွေက စီးပွားဖြစ် စိုက်နေကြပြီ။ ဆေးခြောက်နွယ်ဝင် အပင်ဘယ်လိုတွေရှိတယ်။ ဘယ်ဓာတ် ဘယ်နှစ်ရာခိုင်နှုန်းပါမှ မူးယစ်ဆေးအဖြစ် သတ်မှတ်တယ်၊ စသဖြင့် သိရပါတယ်။
.
ဒါတွေကို လေ့လာပြီး ဥပဒေအသစ်တွေ ရေးဖို့လိုလာပါပြီ။ ခေတ်နဲ့ လျှော်ညီစွာ ပြန်ရေးသင့်ပါပြီ။ ဥပဒေတို့ရဲ့မိခင် ခြေဥတောင် ခေတ်မမှီတော့လို့ ပြင်ဖို့ကြိုးစားနေရတာဘဲ။ အရင်အာဏာရှင်ခေတ်ကတော့ ဒါမျိုးဖြစ်ပြီဆို ပေးနိုင်ကမ်းနိုင်လိုက်နိုင်ရင် လွတ်မယ်၊ မပေးကမ်းနိုင်ရင် အဖမ်းခံရမှာ သေချာတယ်။ ဥပဒေစာအုပ် ဘယ်သူမှလှန်မှာ မဟုတ်ဘူး။
.
 ဒီမိုခေတ်မှာတော့ ဒီလိုကိစ္စမျိုး ပေါ်လာရင် သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်အမတ်တွေက အသစ်ရေးတန်တာရေး၊ ပြင်သင့်တာပြင် လုပ်ကြရပါမယ်။ အပေါ်ကအခိုင်း စောင့်မနေသင့်ပါဘူး။ ဒါမှ ဥပဒေပြုရေးကဏ္႑ အသက်ပိုဝင်မှာပေါ့ဗျာ။

20 April 2019

မြစ်ဆုံလျှော်ကြေးကိစ္စ

(Zawgyi version)

   ျမစ္ဆံုဆည္ကိစၥ အေလွ်ာ္ေပးၿပီး ျပန္ေရြးဖို႔ ဆရာႀကီးမ်ား ဆံုးျဖတ္သတ့ဲ။ တ႐ုပ္သမတထံ စာပို႔မတ့ဲ။ ဒီအဆိုကို ျပည္သူဘယ္ႏွစ္ရာခိုင္ႏႈန္းက ေထာက္ခံသလည္းေတာ့ မသိရပါဘူး။
.
ျမစ္ဆံုေနရာ ေပ်ာက္တာမႀကိဳက္ပါဘူး။ ျပည္သူအမ်ားစုလည္း မႀကိဳက္တာ ေသခ်ာပါတယ္။ သို႔ေသာ္ အရင္စစ္အစိုးရက ခ်ဳပ္သြားတ့ဲစာခ်ဳပ္မွာ ဘာပါမွန္းမသိဘဲ ခုလိုလုပ္တာ ေလာလြန္းတယ္ထင္ပါတယ္။ စာခ်ဳပ္ထဲမွာ ဆက္မလုပ္ရင္ ကုန္ထားသမွ်ရဲ႕ ငါးဆေလွ်ာ္ရမည္လို႔ပါရင္ ဘယ္လိုလုပ္မလည္း။ စာခ်ဳပ္ကို ဘာအေၾကာင္းနဲ႔မ်ွ မဖ်က္ရဆို ေသၿပီဆရာ။
.
ေလွ်ာ္ရမ့ဲေငြပမာဏကို ေဒၚလာသန္း၈၀၀ခန္႔ တြက္ထားဟန္႐ွိပါတယ္။ ဘယ္ကရတ့ဲ ကိန္းဂဏန္းလည္း မသိၾကရပါ။ ျမန္မာျပည္လူဦးေရ ၅၂သန္းေက်ာ္ ၁၅ခါ တစ္ေဒၚလာစီ ေလွ်ာ္ရမယ္တ့ဲ။ ျမန္မာျပည္က ကားေရာင္းကားဝယ္၊ အိမ္ေရာင္းအိမ္ဝယ္ စာခ်ဳပ္ၾကသလို ဖ်က္ရင္ႏွစ္ဆဆို အခါ၃၀ ျဖစ္သြားမယ္ေနာ္။ ခုထိ လွ်ပ္စစ္မီး ပိုက္သြယ္ေရ မရဘူးေသးသူမ်ားလည္း အညီအမွ် ေလွ်ာ္သင့္ပါသလား။
.
ဒီအဆိုသာအတည္ျဖစ္ရင္ သေဘာအက်ဆံုးကေတာ့ စစ္အစိုးရေခတ္က ေခါင္းေဆာင္ေတြဘဲ ျဖစ္မွာပါ။ သူတို႔စာခ်ဳပ္ခ်ဳပ္ခ်ိန္က ပြဲစားခသေဘာမ်ိဳး ပါမစ္ေပးခသေဘာမ်ိဳး တနင့္တပိုး ရထားသူေတြဆိုေတာ့ တစ္ေဒၚလာဘဲ ထည့္ရမယ္ဆို ေပ်ာ္စရာ ျဖစ္ေနမွာဘဲ။ တာဝန္လည္း ယူစရာ မလိုေတာ့ၿပီေလ။ ဒီအဆို တင္သြင္းသူေတြကို ေန႔တိုင္းေက်းဇူးတင္ေနၾကမွာဘဲ။
.
ဧရာဝတီအတြက္ သာတူညီမွ် ေလွ်ာ္ၾကရမယ္ဆိုေတာ့ ဧရာဝတီနဲ႔ ထိေတြ႔မႈမ႐ွိတ့ဲ ကရင္ ကယား ခ်င္း ႐ွမ္း ရခိုင္ မြန္ တနသၤာရီ ေဒသေတြကသူေတြကေရာ သေဘာတူသတ့ဲလား။ စားတံုးကေတာ့ ဗမာေတြ၊ (တကယ္က စစ္ေခါင္းေဆာင္ တခ်ိဳ႕ပါ) ေလွ်ာ္ေတာ့မွ ငါတို႔က အညီအမွ်တ့ဲလား ကန္႔ကြက္ရင္ ဘယ္လိုစဥ္းစားထားလဲ။ ေနာက္ထပ္ လက္နက္ကိုင္အဖြဲ႔ေတြ ေပၚလာေတာ့မွာဘဲ။
.
တကယ္က တ႐ုပ္သမတထံ ေလွ်ာ္မယ့္အေၾကာင္းမပါဘဲ ျမန္မာျပည္သားအမ်ားစု လက္မခံေၾကာင္းဘဲ အရင္အေၾကာင္းၾကားရမွာပါ။ ခုလုပ္ပံုက ႏွပ္ေၾကာင္းေပးသလိုျဖစ္ေနတယ္။ ဒီအဆိုျပဳခ်က္ အတည္ျဖစ္သြားရင္ စစ္ေခါင္းေဆာင္ေဟာင္းေတြအတြက္ အျမတ္ထြက္သြားမယ္။ အဆိုးဆံုးကေတာ့ အေမစု တ႐ုပ္သြားခါနီး ဖိအားေပးသလိုျဖစ္ေနတယ္။ ဒီပြဲလုပ္တာ ႐ိုးမွ႐ိုးၾကရဲ႕လား။ ဒါေၾကာင့္ ဒီအဆိုကို လက္မခံႏိုင္ေသးပါ။

XxXxXx

(Unicode version)

   မြစ်ဆုံဆည်ကိစ္စ အလျှော်ပေးပြီး ပြန်ရွေးဖို့ ဆရာကြီးများ ဆုံးဖြတ်သတ့ဲ။ တရုပ်သမတထံ စာပို့မတ့ဲ။ ဒီအဆိုကို ပြည်သူဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံသလည်းတော့ မသိရပါဘူး။
.
မြစ်ဆုံနေရာ ပျောက်တာမကြိုက်ပါဘူး။ ပြည်သူအများစုလည်း မကြိုက်တာ သေချာပါတယ်။ သို့သော် အရင်စစ်အစိုးရက ချုပ်သွားတ့ဲစာချုပ်မှာ ဘာပါမှန်းမသိဘဲ ခုလိုလုပ်တာ လောလွန်းတယ်ထင်ပါတယ်။ စာချုပ်ထဲမှာ ဆက်မလုပ်ရင် ကုန်ထားသမျှရဲ့ ငါးဆလျှော်ရမည်လို့ပါရင် ဘယ်လိုလုပ်မလည်း။ စာချုပ်ကို ဘာအကြောင်းနဲ့မျှ မဖျက်ရဆို သေပြီဆရာ။
.
လျှော်ရမ့ဲငွေပမာဏကို ဒေါ်လာသန်း၈၀၀ခန့် တွက်ထားဟန်ရှိပါတယ်။ ဘယ်ကရတ့ဲ ကိန်းဂဏန်းလည်း မသိကြရပါ။ မြန်မာပြည်လူဦးရေ ၅၂သန်းကျော် ၁၅ခါ တစ်ဒေါ်လာစီ လျှော်ရမယ်တ့ဲ။ မြန်မာပြည်က ကားရောင်းကားဝယ်၊ အိမ်ရောင်းအိမ်ဝယ် စာချုပ်ကြသလို ဖျက်ရင်နှစ်ဆဆို အခါ၃၀ ဖြစ်သွားမယ်နော်။ ခုထိ လျှပ်စစ်မီး ပိုက်သွယ်ရေ မရဘူးသေးသူများလည်း အညီအမျှ လျှော်သင့်ပါသလား။
.
ဒီအဆိုသာအတည်ဖြစ်ရင် သဘောအကျဆုံးကတော့ စစ်အစိုးရခေတ်က ခေါင်းဆောင်တွေဘဲ ဖြစ်မှာပါ။ သူတို့စာချုပ်ချုပ်ချိန်က ပွဲစားခသဘောမျိုး ပါမစ်ပေးခသဘောမျိုး တနင့်တပိုး ရထားသူတွေဆိုတော့ တစ်ဒေါ်လာဘဲ ထည့်ရမယ်ဆို ပျော်စရာ ဖြစ်နေမှာဘဲ။ တာဝန်လည်း ယူစရာ မလိုတော့ပြီလေ။ ဒီအဆို တင်သွင်းသူတွေကို နေ့တိုင်းကျေးဇူးတင်နေကြမှာဘဲ။
.
ဧရာဝတီအတွက် သာတူညီမျှ လျှော်ကြရမယ်ဆိုတော့ ဧရာဝတီနဲ့ ထိတွေ့မှုမရှိတ့ဲ ကရင် ကယား ချင်း ရှမ်း ရခိုင် မွန် တနင်္သာရီ ဒေသတွေကသူတွေကရော သဘောတူသတ့ဲလား။ စားတုံးကတော့ ဗမာတွေ၊ (တကယ်က စစ်ခေါင်းဆောင် တချို့ပါ) လျှော်တော့မှ ငါတို့က အညီအမျှတ့ဲလား ကန့်ကွက်ရင် ဘယ်လိုစဉ်းစားထားလဲ။ နောက်ထပ် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာတော့မှာဘဲ။
.
တကယ်က တရုပ်သမတထံ လျှော်မယ့်အကြောင်းမပါဘဲ မြန်မာပြည်သားအများစု လက်မခံကြောင်းဘဲ အရင်အကြောင်းကြားရမှာပါ။ ခုလုပ်ပုံက နှပ်ကြောင်းပေးသလိုဖြစ်နေတယ်။ ဒီအဆိုပြုချက် အတည်ဖြစ်သွားရင် စစ်ခေါင်းဆောင်ဟောင်းတွေအတွက် အမြတ်ထွက်သွားမယ်။ အဆိုးဆုံးကတော့ အမေစု တရုပ်သွားခါနီး ဖိအားပေးသလိုဖြစ်နေတယ်။ ဒီပွဲလုပ်တာ ရိုးမှရိုးကြရဲ့လား။ ဒါကြောင့် ဒီအဆိုကို လက်မခံနိုင်သေးပါ။ 

15 April 2019

ထီးသူခိုးများ









(Zawgyi version)

ဒီႏွစ္သၾကၤန္အတြက္ ႐ုပ္အဆိုးဆံုးကိစၥ ဒီေန႔ေတြရပါသည္။ အမ်ားသိတ့ဲအတိုင္း အင္းယားကန္ေဘာင္မွာ အလွဆင္ထားတ့ဲ ထီးေတြကို ျဖဳတ္ယူသြားတ့ဲကိစၥပါ။ တကယ္က ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ ခိုးယူမႈ ျဖစ္ပါတယ္။ လုပ္ေနသူေတြၾကည့္ရတာ ေပ်ာ္ေပ်ာ္ပါးပါးဘဲဗ်ာ။ ခိုးေနတာလို႔ေတာင္ ထင္ဟန္မတူဘူး။ ဘယ္လိုမိဘကေမြးၿပီး ဘယ္လိုဆရာက သင္ေပးလိုက္တာပါလိမ့္ ေတြးမိတယ္။
.
ဒီတႀကိမ္ေတာ့ စံျပအေနနဲ႔ အေရးယူျပသင့္ပါတယ္။ မဟုတ္ရင္ ဒီလိုဘဲ ပန္းျခံေတြ လမ္းေတြမွာ အလွဆင္ထားတာေတြကို ဖ်က္ဆီးေနၾကဦးမွာပါဘဲ။ ခုတခါက ဓာတ္ပံုသက္ေသေတြ အတိအက်နဲ႔ဆိုေတာ့ ႐ွာဖို႔ရာ မခက္ေလာက္ေတာ့ဘူး။
.
ပစ္ဒဏ္ေပးသင့္တာက စင္ကာပူမွာလိုဘဲႀကိမ္ဒဏ္ပါ။ ဒီမွာက ႀကိမ္ဒဏ္ေပးလို႔မရေတာ့ ဒဏ္ေငြ႐ိုက္သင့္ပါတယ္။ တန္ဖိုးရဲ႕ဆယ္ဆေလာက္ ဒဏ္႐ိုက္ရင္ ေနာင္က်ဥ္လာမယ္လို႔ ေမွ်ာ္လင့္ရတာဘဲ။ တေလာကမွ ခန္႔လိုက္တ့ဲ ၿမိဳ႕နယ္စည္ပင္ေတြအစြမ္း ၾကည့္ရမွာဘဲဗ်ာ။
.
ျမန္မာျပည္မွာက အမ်ားပိုင္ပစၥည္းဆို တာဝန္ယူမ့ဲသူ မ႐ွိေတာ့ဘူး။ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ ဖ်က္တ့ဲသူနဲ႔၊ ပန္းျခံထဲကအ႐ုပ္ေတြ ဖ်က္တ့ဲသူနဲ႔၊ လမ္းအလယ္အလွဆင္ထားတ့ဲ ပန္းအိုးေတြ ဖ်က္တ့ဲသူနဲ႔၊ ေနာက္ဆံုး ေရႊတိဂံုဘုရားေပၚက ထီးေတာင္ မတ့ဲသူနဲ႔ မ်ားလာၿပီ။ ဒီတႀကိမ္ေတာ့ စံျပျဖစ္ေကာင္းေလာက္ပါရဲ႕။

XxXxXx

(Unicode version)

ဒီနှစ်သင်္ကြန်အတွက် ရုပ်အဆိုးဆုံးကိစ္စ ဒီနေ့တွေရပါသည်။ အများသိတ့ဲအတိုင်း အင်းယားကန်ဘောင်မှာ အလှဆင်ထားတ့ဲ ထီးတွေကို ဖြုတ်ယူသွားတ့ဲကိစ္စပါ။ တကယ်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ခိုးယူမှု ဖြစ်ပါတယ်။ လုပ်နေသူတွေကြည့်ရတာ ပျော်ပျော်ပါးပါးဘဲဗျာ။ ခိုးနေတာလို့တောင် ထင်ဟန်မတူဘူး။ ဘယ်လိုမိဘကမွေးပြီး ဘယ်လိုဆရာက သင်ပေးလိုက်တာပါလိမ့် တွေးမိတယ်။
.
ဒီတကြိမ်တော့ စံပြအနေနဲ့ အရေးယူပြသင့်ပါတယ်။ မဟုတ်ရင် ဒီလိုဘဲ ပန်းခြံတွေ လမ်းတွေမှာ အလှဆင်ထားတာတွေကို ဖျက်ဆီးနေကြဦးမှာပါဘဲ။ ခုတခါက ဓာတ်ပုံသက်သေတွေ အတိအကျနဲ့ဆိုတော့ ရှာဖို့ရာ မခက်လောက်တော့ဘူး။
.
ပစ်ဒဏ်ပေးသင့်တာက စင်ကာပူမှာလိုဘဲကြိမ်ဒဏ်ပါ။ ဒီမှာက ကြိမ်ဒဏ်ပေးလို့မရတော့ ဒဏ်ငွေရိုက်သင့်ပါတယ်။ တန်ဖိုးရဲ့ဆယ်ဆလောက် ဒဏ်ရိုက်ရင် နောင်ကျဉ်လာမယ်လို့ မျှော်လင့်ရတာဘဲ။ တလောကမှ ခန့်လိုက်တ့ဲ မြို့နယ်စည်ပင်တွေအစွမ်း ကြည့်ရမှာဘဲဗျာ။
.
မြန်မာပြည်မှာက အများပိုင်ပစ္စည်းဆို တာဝန်ယူမ့ဲသူ မရှိတော့ဘူး။ ဗိုလ်ချုပ်ကြေးရုပ် ဖျက်တ့ဲသူနဲ့၊ ပန်းခြံထဲကအရုပ်တွေ ဖျက်တ့ဲသူနဲ့၊ လမ်းအလယ်အလှဆင်ထားတ့ဲ ပန်းအိုးတွေ ဖျက်တ့ဲသူနဲ့၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်က ထီးတောင် မတ့ဲသူနဲ့ များလာပြီ။ ဒီတကြိမ်တော့ စံပြဖြစ်ကောင်းလောက်ပါရဲ့။ 

05 April 2019

တန်ခူးလ သင်္ကြန်တံဆိပ်ခေါင်း၊







(Zawgyi version)

   တန္ခူးလဆန္း တစ္ရက္ေန႔မွာ သၾကၤန္ပြဲတံဆိပ္ေခါင္းထြက္ပါတယ္။ တန္ခူးလရဲ႕ပန္းက ပိေတာက္ပန္းဆိုတာေတာ့ ျမန္မာမွန္သမွ် သၾကၤန္ပြဲနဲ႔ တြဲမွတ္မိၾကပါတယ္။
.
စီးရီးပံုစံအတိုင္းပါ။ တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္နဲ႔ FDCက ၂၀၀က်ပ္ပါ။ ခုေနာက္ပိုင္း ရန္ကုန္စာတိုက္ႀကီးမွာ FDC ဝယ္လို႔ရေပမယ့္ ေနျပည္ေတာ္မွာ ကုန္ၿပီလုပ္လို႔ အတင္းေျပာမွ ထုတ္ေရာင္းပါသတ့ဲ။
.
တံဆိပ္ေခါင္းပံုက စီးရီးမို႔ ေကာင္းပါတယ္။ ၾကံဖန္အပစ္ နည္းနည္းေျပာရရင္ ေရပက္ခံတ့ဲ ႏြားလွည္းက ႀကီးေနသလားလို႔။ ေရပက္ေနၾကပံု အသားေပးရင္ ပိုေကာင္းမယ္ ထင္မိလို္႔ပါ။

XxXxXx

(Unicode version)

   တန်ခူးလဆန်း တစ်ရက်နေ့မှာ သင်္ကြန်ပွဲတံဆိပ်ခေါင်းထွက်ပါတယ်။ တန်ခူးလရဲ့ပန်းက ပိတောက်ပန်းဆိုတာတော့ မြန်မာမှန်သမျှ သင်္ကြန်ပွဲနဲ့ တွဲမှတ်မိကြပါတယ်။
.
စီးရီးပုံစံအတိုင်းပါ။ တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်နဲ့ FDCက ၂၀၀ကျပ်ပါ။ ခုနောက်ပိုင်း ရန်ကုန်စာတိုက်ကြီးမှာ FDC ဝယ်လို့ရပေမယ့် နေပြည်တော်မှာ ကုန်ပြီလုပ်လို့ အတင်းပြောမှ ထုတ်ရောင်းပါသတ့ဲ။
.
တံဆိပ်ခေါင်းပုံက စီးရီးမို့ ကောင်းပါတယ်။ ကြံဖန်အပစ် နည်းနည်းပြောရရင် ရေပက်ခံတ့ဲ နွားလှည်းက ကြီးနေသလားလို့။ ရေပက်နေကြပုံ အသားပေးရင် ပိုကောင်းမယ် ထင်မိလို့်ပါ။ 

03 April 2019

အရူး အရူးနဲ့ .....


( Zawgyi version)
   ေဖ့ဘုတ္ေပၚမွာ ေဒၚစုကို စိန္ေခၚေနတ့ဲ တကၠသိုလ္ဆရာမတေယာက္ ေတြ႔လိုက္တယ္။ ေျဖေျပာသူေတြကေတာ့ စိတ္မမွန္လို႔ပါတ့ဲ။ မၾကာခဏ ေတြ႔ရတတ္တာက ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဖ်က္ဆီးသူေတြ အေမစုကို ဆဲေနသူေတြက စိတ္မမွန္သူေတြ ျဖစ္ေနတတ္တာပါဘဲ။ အ႐ူးေတြေပါ့။
.
ႏိုင္ငံျပန္လည္ဦးေမာ့လာေရးအတြက္ အဓိကလုပ္ေဆာင္ႏိုင္မယ္လို႔ ျပည္သူေတြက ေမွ်ာ္လင့္အားကိုးသူက အေမစုဘဲ ျဖစ္ပါတယ္။ ဒါကို မနာလိုတို႐ွည္ျဖစ္ေနသူေတြ ႐ွိေနေတာ့ လုပ္ၾကံမွာ စိုးၾကတာ သဘာဝပါ။ အ႐ူး အ႐ူးနဲ႔ ခဏခဏျမင္ရေတာ့ စိတ္မခ်မ္းသာပါ။ သတိရတာ တခုေပၚလာပါတယ္။
.
ကမာၻ႔ဂီတေလာကမွာ ဘီတယ္လ္အဖြဲ႔ဆိုတာ အရမ္းေက်ာ္ၾကားခ့ဲပါတယ္။ ၆၀ေက်ာ္ႏွစ္မ်ားမွာ ေကာင္မေလးေတြရဲ႕ အသဲစြဲတီးဝိုင္းအျဖစ္ အဂၤလန္မွာ စခ့ဲတာပါ။ ေနာက္ပိုင္း အေမရိကားအထိ ျပန္႔ႏွံ႔ၿပီး ကမာၻေက်ာ္ ခ့ဲတာေပါ့။ ခုထိလည္း နံပတ္တစ္အဖြဲ႔အျဖစ္ သတ္မွတ္ၾကတံုးပါ။
.
အဲဒီတီးဝိုင္းကို စေထာင္သူက သီဆိုသူ သီခ်င္းေရးဆရာ ဂြၽန္လင္ႏြန္ပါ။ တဦးခ်င္းလည္း ေအာင္ျမင္ခ့ဲသူပါ။ ၇၀ေနာက္ပိုင္း အဖြဲ႔ကြဲသလိုျဖစ္ၿပီး အေမရိကားမွာ သြားေနပါတယ္။ ၁၉၈၀ျပည့္ႏွစ္တရက္ ညပိုင္းမွာ သူေနတ့ဲအိမ္ကေန အျပင္ထြက္လမ္းေလ်ာက္စဥ္ လူငယ္တဦးရဲ႕ လုပ္ၾကံခံရၿပီး ကြယ္လြန္ခ့ဲတာပါ။
.
တကမာၻလံုး အံ့ၾသခ့ဲရတာပါ။ ဘယ္လိုအေၾကာင္းေၾကာင့္ လုပ္ၾကံရတာလည္း ေမးခြန္းမ်ားစြာ ထြက္ေပၚခ့ဲပါတယ္။ စီးပြားေရးေၾကာင့္လား၊ အိမ္ေထာင္ေရးေၾကာင့္လား (ဂြၽန္က အ့ဲအခ်ိန္မွာ ေနာက္ဇနီး ဂ်ပန္သူနဲ႔ပါ)၊ အဖြဲ႔ကြဲတာ မေၾကနပ္ၾကလို႔မ်ားလား၊ လားေပါင္းမ်ားစြာ ေပၚထြက္ခ့ဲတာပါ။

.
လုပ္ၾကံသူကို ဖမ္းမိၿပီး အေၾကာင္းရင္းသိရေတာ့ ပိုအ့ၾသစရာ ျဖစ္ခ့ဲၾကပါတယ္။ ပိုၿပီး ယူၾကံဳးမရ ျဖစ္ၾကရပါတယ္။ သတ္သူက ဘာအေၾကာင္းနဲ႔မွ မဟုတ္ပါဘူး၊ သူက ဂြၽန္လင္ႏြန္ခေရးဇီးပါ။ သူ႔ကိုသူ ဂြၽန္လင္ႏြန္ထင္ၿပီး တကယ့္ဂြၽန္က သူ႔အေယာင္ေဆာင္ၿပီး ေနေနတယ္ထင္ၿပီး ႐ွင္းလိုက္တာပါတ့ဲ။
.
တကယ္ကို ႐ူးေန႐ွာတာပါ။ ႐ူးခ်င္ေယာင္ေဆာင္တာေတာင္ မဟုတ္ပါ။ ခု အေမစုကိစၥမွာလည္း ဒါမ်ိဳးစိုးရိမ္မိပါတယ္။ မနာလိုလို႔ လုပ္ခ်င္သူ႐ွိႏိုင္သလို တကယ္႐ူးၿပီး လုပ္ခ်င္သူလည္း ေပၚလာႏိုင္ပါတယ္။ အေမစုက သိတ့ဲအတိုင္းဘဲ လူထုနဲ႔ အလြန္ထိေတြ႔ေတာ့ ဂ႐ုစိုက္ေပးၾကပါ ေဒၚခ်ယ္ရီထက္တို႔ အဖြဲ႔ေတြရယ္။ ေတာ္ၾကာ အ႐ူး အ႐ူးနဲ႔  ..... ။

XxXxX

(Unicode version)

   ဖေ့ဘုတ်ပေါ်မှာ ဒေါ်စုကို စိန်ခေါ်နေတ့ဲ တက္ကသိုလ်ဆရာမတယောက် တွေ့လိုက်တယ်။ ဖြေပြောသူတွေကတော့ စိတ်မမှန်လို့ပါတ့ဲ။ မကြာခဏ တွေ့ရတတ်တာက ဗိုလ်ချုပ်ကြေးရုပ်ဖျက်ဆီးသူတွေ အမေစုကို ဆဲနေသူတွေက စိတ်မမှန်သူတွေ ဖြစ်နေတတ်တာပါဘဲ။ အရူးတွေပေါ့။
.
နိုင်ငံပြန်လည်ဦးမော့လာရေးအတွက် အဓိကလုပ်ဆောင်နိုင်မယ်လို့ ပြည်သူတွေက မျှော်လင့်အားကိုးသူက အမေစုဘဲ ဖြစ်ပါတယ်။ ဒါကို မနာလိုတိုရှည်ဖြစ်နေသူတွေ ရှိနေတော့ လုပ်ကြံမှာ စိုးကြတာ သဘာဝပါ။ အရူး အရူးနဲ့ ခဏခဏမြင်ရတော့ စိတ်မချမ်းသာပါ။ သတိရတာ တခုပေါ်လာပါတယ်။
.
ကမ္ဘာ့ဂီတလောကမှာ ဘီတယ်လ်အဖွဲ့ဆိုတာ အရမ်းကျော်ကြားခ့ဲပါတယ်။ ၆၀ကျော်နှစ်များမှာ ကောင်မလေးတွေရဲ့ အသဲစွဲတီးဝိုင်းအဖြစ် အင်္ဂလန်မှာ စခ့ဲတာပါ။ နောက်ပိုင်း အမေရိကားအထိ ပြန့်နှံ့ပြီး ကမ္ဘာကျော် ခ့ဲတာပေါ့။ ခုထိလည်း နံပတ်တစ်အဖွဲ့အဖြစ် သတ်မှတ်ကြတုံးပါ။
.
အဲဒီတီးဝိုင်းကို စထောင်သူက သီဆိုသူ သီချင်းရေးဆရာ ဂျွန်လင်နွန်ပါ။ တဦးချင်းလည်း အောင်မြင်ခ့ဲသူပါ။ ၇၀နောက်ပိုင်း အဖွဲ့ကွဲသလိုဖြစ်ပြီး အမေရိကားမှာ သွားနေပါတယ်။ ၁၉၈၀ပြည့်နှစ်တရက် ညပိုင်းမှာ သူနေတ့ဲအိမ်ကနေ အပြင်ထွက်လမ်းလျောက်စဉ် လူငယ်တဦးရဲ့ လုပ်ကြံခံရပြီး ကွယ်လွန်ခ့ဲတာပါ။
.
တကမ္ဘာလုံး အံ့သြခ့ဲရတာပါ။ ဘယ်လိုအကြောင်းကြောင့် လုပ်ကြံရတာလည်း မေးခွန်းများစွာ ထွက်ပေါ်ခ့ဲပါတယ်။ စီးပွားရေးကြောင့်လား၊ အိမ်ထောင်ရေးကြောင့်လား (ဂျွန်က အ့ဲအချိန်မှာ နောက်ဇနီး ဂျပန်သူနဲ့ပါ)၊ အဖွဲ့ကွဲတာ မကြေနပ်ကြလို့များလား၊ လားပေါင်းများစွာ ပေါ်ထွက်ခ့ဲတာပါ။

.
လုပ်ကြံသူကို ဖမ်းမိပြီး အကြောင်းရင်းသိရတော့ ပိုအ့သြစရာ ဖြစ်ခ့ဲကြပါတယ်။ ပိုပြီး ယူကြုံးမရ ဖြစ်ကြရပါတယ်။ သတ်သူက ဘာအကြောင်းနဲ့မှ မဟုတ်ပါဘူး၊ သူက ဂျွန်လင်နွန်ခရေးဇီးပါ။ သူ့ကိုသူ ဂျွန်လင်နွန်ထင်ပြီး တကယ့်ဂျွန်က သူ့အယောင်ဆောင်ပြီး နေနေတယ်ထင်ပြီး ရှင်းလိုက်တာပါတ့ဲ။
.
တကယ်ကို ရူးနေရှာတာပါ။ ရူးချင်ယောင်ဆောင်တာတောင် မဟုတ်ပါ။ ခု အမေစုကိစ္စမှာလည်း ဒါမျိုးစိုးရိမ်မိပါတယ်။ မနာလိုလို့ လုပ်ချင်သူရှိနိုင်သလို တကယ်ရူးပြီး လုပ်ချင်သူလည်း ပေါ်လာနိုင်ပါတယ်။ အမေစုက သိတ့ဲအတိုင်းဘဲ လူထုနဲ့ အလွန်ထိတွေ့တော့ ဂရုစိုက်ပေးကြပါ ဒေါ်ချယ်ရီထက်တို့ အဖွဲ့တွေရယ်။ တော်ကြာ အရူး အရူးနဲ့ ..... ။