20 July 2026
၂၆ဝါးကပ်မှတ်တမ်း၊
မြောက်အမေရိကက သုံးနိုင်ငံ အိမ်ရှင်လုပ်တဲ့ပွဲကြီး ပြီးသွားပြီ၊ စပိန် ဗိုလ်စွဲသွားတယ်။ ပြင်သစ်က အမ်ဘပေး ဂိုးသွင်းအများဆုံးဆု ၁၀ဂိုးသွင်းပြီး ရသွားတယ်။ အသန့်ရှင်းဆုံးဆု ဟော်လန်အသင်းတဲ့။ ကျနော်အားပေးတဲ့ အင်္ဂလန် တတိယနဲ့ဘဲ ကြေနပ်လိုက်ရတယ်။
.
အမေရိကနဲ့ ကနေဒါက ကွင်းကြီးတွေက ကောင်းလိုက်တာ။ သူတို့က သူတို့အခေါ် ဆော်ကာ မကစားတော့ သာမန်အချိန် ဘောလုံးကွင်းအစစ်မဟုတ်ဘူး။ သူတို့ ဖွတ်ဘောလို့ခေါ်တဲ့ ကြစုသီးပုံကို လက်နဲ့သယ်ကစားတဲ့ ကွင်းတွေဖြစ်မယ်။ ကမ္ဘာက သိပ်မသိကြပေမယ့် အမေရိကားမှာ ထိပ်တန်းအားကစားနည်းပါ။
.
ဒီပွဲကြီးကြောင့် ဘောလုံးကစားနည်းနဲ့ ပတ်သက်လို့ သိပ်တိုးတက်တယ် မထင်မိဘူး။ ဒီတကြိမ် ထူးချွန်ကြော်ကြားလာတဲ့ ကစားသမားလည်း ထွက်မလာဘူး။ သို့သော် ဖှီဖှာနဲ့ အိမ်ရှင်နိုင်ငံတွေအတွက် စီးပွားတော့ အတော်ဖြစ်သွားမယ်ထင်တယ်။ ကွင်းကြီးတွေကြီးသလောက် ပရိဿတ်က ကွင်းအပြည့်ဆိုတော့လေ။ အမေရိကန်တွေရဲ့ စီးပွားရေးလုပ်နိုင်စွမ်းကြောင့်ပါ။
.
အမေရိကန်မှာ ၁၉၈၀လောက်ကတည်းက ဘော်လုံးဖွံ့ဖြိုး လူအများစိတ်ဝင်စားအောင် ကြိုးစားခဲ့ကြတာ ခုထိမအောင်မြင်ပါ။ ပွဲတခုအနေနဲ့ဘဲ အောင်မြင်ပြီး အားကစားတခုအနေနဲ့ မအောင်မြင်ခဲ့။ အမေရိကန်တွေ အများဆုံး စိတ်ဝင်စားတဲ့ ဘတ်စကက်ဘော၊ ဘေ့စ်ဘော၊ အမေရိကန်ဖွတ်ဘောတွေ နောက်မှာဘဲ ရှိနေခဲ့ပါတယ်။ မြောက်ပိုင်းပြည်နယ်တွေဆို ရေခဲပြင်ဟော်ကီကို ပိုစိတ်ဝင်စားကြသေး။
.
ဘောလုံးက ရည်မှန်းချက်ပန်းတိုင် (goal) တကြိမ်ရဖို့ အကြာကြီးကြိုးစားရတယ်။ အမေရိကန်တွေ အဲဒီလောက် စိတ်မရှည်ကြဘူး။ အချိန်နဲ့အမျှ လှုပ်ရှားသွက်လက်နေတဲ့ ကစားနည်းမျိုးဘဲ ကြိုက်ကြဟန်တူတယ်။ သူတို့အတော် နှစ်ခြိုက်အားပေး ကစားကြတဲ့ ပြေးပွဲတွေမှာတောင် တာလတ်တာဝေးထက် မီတာ၁၀၀ ပြေးပွဲကို စိတ်အဝင်စားဆုံးဆိုတော့ အမေရိကားမှာ ဘောလုံးစည်ပင်မယ် မထင်မိသေးကြောင်းပါ။
04 July 2026
၂၆ဝါးကပ် ရှုံးထွက်၁၆အဆင့်၊
ကျနော် ပြောလေ့ရှိတယ်။ ဝါးကပ်ပွဲ ကွာတားရောက်ရင် ကြည့်လိုက်။ ယူရိုပွဲမှာ ဘရာဇီးနဲ့ အာဂျင်တီးနား ထည့်ကန်ရုံဘဲလို့။
.
ခုလဲ ၁၆ပွဲ အဆင့်အရောက်မှာ အဲ့အတိုင်းနီးပါး ဖြစ်လာပါပြီ။ အာရှနဲ့ ကျွန်းနိုင်ငံများအုပ်စု အကုန်မရှိတော့ပါ။ အာရှက ချာသွားတာ အရှေ့ရော အနောက်ရောပါ။
.
အာဖရိကက အီဂျစ်နဲ့ မော်ရိုကိုကျန်တာမှာ မော်ရိုကိုက ကျန်သင့်တဲ့အသင်းဖြစ်ပြီး ဆက်နိုင်ပါသေးတယ်။ (ကျန်တသင်း ဂါနာ စကန်ပါပြီ)
.
နောက်ပိုင်း ဝါးကပ်တွေမှာ အိမ်ရှင်တွေ နဲနဲစွာလာတတ်ပါတယ်။ အုပ်စုအထက် ရှုံးထွက်အဆင့်အထိ ရောက်လာတတ်တယ်။ ကိုရီးယားတုံးကလိုပေါ့။ ခုလဲ အိမ်ရှင် ၃ နိုင်ငံလုံး ကျန်နေသေးတယ်။ ကွာတားထိ ရောက်မရောက်ကတော့ တပွဲစီဘဲ စောင့်ကြည့်ရတော့မှာပါ။
Subscribe to:
Posts (Atom)

