Showing posts with label Flower. Show all posts
Showing posts with label Flower. Show all posts

28 October 2019

တန်ဆောင်မုန်းလ တံဆိပ်ခေါင်း


(Unicode version)

   ပန်းနဲ့ပွဲတော်စီးရီး တန်ဆောင်မုန်းလအတွက် တံဆိပ်ခေါင်း ယနေ့ထုတ်ဝေသည်။ တန်ဆောင်မုန်းလ ကထိန်လှည့်သည့်ပွဲပုံနှင့် ခဝဲပန်းပုံဖြစ်သည်။ တံဆိပ်ခေါင်းက ၂၀၀ကျပ်တန်ဖြစ်ပြီး ၂၀၀ကျပ်တန် FDC လည်း ထုတ်ဝေသည်။
.
အောက်တိုဘာလအတွင်း တံဆိပ်ခေါင်း၃ကြိမ် ထုတ်ခဲ့ခြင်းက မြန်မာတံဆိပ်ခေါင်းလောကအတွက် အမှတ်တရပါ။ ယခင်သြဂုတ်လက ၃ကြိမ်ထုတ်ခဲ့ဘူးသော်လည်း လဆန်းတရက်တိုင်းထုတ်သည့် ပန်းနှင့်ပွဲတော်စီးရီးအတွက် နှစ်ကြိမ်နဲ့ အထိမ်းအမှတ်ထုတ် တကြိမ်ဖြစ်သည်။ ယခုလမှာမူ ပန်းနဲ့ပွဲတော်အတွက် တကြိမ်နှင့် အထိမ်းအမှတ်နှစ်ကြိမ်ဖြစ်သဖြင့် ထူးခြားမှုတခုအဖြစ် မှတ်တမ်းတင်ရမည်။


XxXxXx

(Zawgyi version )

   ပန္းနဲ႕ပြဲေတာ္စီးရီး တန္ေဆာင္မုန္းလအတြက္ တံဆိပ္ေခါင္း ယေန႕ထုတ္ေဝသည္။ တန္ေဆာင္မုန္းလ ကထိန္လွည့္သည့္ပြဲပုံႏွင့္ ခဝဲပန္းပုံျဖစ္သည္။ တံဆိပ္ေခါင္းက ၂၀၀က်ပ္တန္ျဖစ္ၿပီး ၂၀၀က်ပ္တန္ FDC လည္း ထုတ္ေဝသည္။
.
ေအာက္တိုဘာလအတြင္း တံဆိပ္ေခါင္း၃ႀကိမ္ ထုတ္ခဲ့ျခင္းက ျမန္မာတံဆိပ္ေခါင္းေလာကအတြက္ အမွတ္တရပါ။ ယခင္ၾသဂုတ္လက ၃ႀကိမ္ထုတ္ခဲ့ဘူးေသာ္လည္း လဆန္းတရက္တိုင္းထုတ္သည့္ ပန္းႏွင့္ပြဲေတာ္စီးရီးအတြက္ ႏွစ္ႀကိမ္နဲ႕ အထိမ္းအမွတ္ထုတ္ တႀကိမ္ျဖစ္သည္။ ယခုလမွာမူ ပန္းနဲ႕ပြဲေတာ္အတြက္ တႀကိမ္ႏွင့္ အထိမ္းအမွတ္ႏွစ္ႀကိမ္ျဖစ္သျဖင့္ ထူးျခားမႈတခုအျဖစ္ မွတ္တမ္းတင္ရမည္။ 

26 April 2019

ဒီဆေးပင် ခြောက်မခြောက်၊








(Zawgyi version)

   အညာၿမိဳ႕တၿမိဳ႕မွာ ေဆးေျခာက္မေျခာက္ အပင္ၾကည့္ၿပီး မခြဲႏိုင္လို႔ အမႈျဖစ္ အဖမ္းခံေနရတယ္။ ေသခ်ာတာကေတာ့ ျမန္မာဥပေဒမွာ အတိအက် ပါဟန္မတူဘူး။ ဒါ ဥပေဒပညာ႐ွင္ေတြနဲ႔ သက္ဆိုင္ရာဌာနအတြက္ အလုပ္လုပ္ဖို႔ သတိေပးသလို ျဖစ္သြားပါျပီ။ ႐ွိရင္းစြဲဥပေဒက မတိက်တာ၊ မလံုေလာက္တာ၊ အျငင္းပြားစရာ ျဖစ္ေနတာ ေပၚလာပါတယ္။
.
ေဖ့ဘုတ္ေပၚ ဖတ္ၾကည့္ရင္ကို ေတာ္ေတာ္ဗဟုသုတ ရပါတယ္။ ဘယ္ႏိုင္ငံေတြက ေဆးေျခာက္ကို ခြင့္ျပဳတယ္။ ဘယ္ႏိုင္ငံေတြက စီးပြားျဖစ္ စိုက္ေနၾကၿပီ။ ေဆးေျခာက္ႏြယ္ဝင္ အပင္ဘယ္လိုေတြ႐ွိတယ္။ ဘယ္ဓာတ္ ဘယ္ႏွစ္ရာခိုင္ႏႈန္းပါမွ မူးယစ္ေဆးအျဖစ္ သတ္မွတ္တယ္၊ စသျဖင့္ သိရပါတယ္။
.
ဒါေတြကို ေလ့လာၿပီး ဥပေဒအသစ္ေတြ ေရးဖို႔လိုလာပါၿပီ။ ေခတ္နဲ႔ ေလ်ွာ္ညီစြာ ျပန္ေရးသင့္ပါၿပီ။ ဥပေဒတို႔ရဲ႕မိခင္ ေျခဥေတာင္ ေခတ္မမွီေတာ့လို႔ ျပင္ဖို႔ႀကိဳးစားေနရတာဘဲ။ အရင္အာဏာ႐ွင္ေခတ္ကေတာ့ ဒါမ်ိဳးျဖစ္ၿပီဆို ေပးႏိုင္ကမ္းႏိုင္လိုက္ႏိုင္ရင္ လြတ္မယ္၊ မေပးကမ္းႏိုင္ရင္ အဖမ္းခံရမွာ ေသခ်ာတယ္။ ဥပေဒစာအုပ္ ဘယ္သူမွလွန္မွာ မဟုတ္ဘူး။
.
 ဒီမိုေခတ္မွာေတာ့ ဒီလိုကိစၥမ်ိဳး ေပၚလာရင္ သက္ဆိုင္ရာဌာနေတြနဲ႔ လႊတ္ေတာ္အမတ္ေတြက အသစ္ေရးတန္တာေရး၊ ျပင္သင့္တာျပင္ လုပ္ၾကရပါမယ္။ အေပၚကအခိုင္း ေစာင့္မေနသင့္ပါဘူး။ ဒါမွ ဥပေဒျပဳေရးက႑ အသက္ပိုဝင္မွာေပါ့ဗ်ာ။

XxXxXx

(Unicode version)

   အညာမြို့တမြို့မှာ ဆေးခြောက်မခြောက် အပင်ကြည့်ပြီး မခွဲနိုင်လို့ အမှုဖြစ် အဖမ်းခံနေရတယ်။ သေချာတာကတော့ မြန်မာဥပဒေမှာ အတိအကျ ပါဟန်မတူဘူး။ ဒါ ဥပဒေပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနအတွက် အလုပ်လုပ်ဖို့ သတိပေးသလို ဖြစ်သွားပါပြီ။ ရှိရင်းစွဲဥပဒေက မတိကျတာ၊ မလုံလောက်တာ၊ အငြင်းပွားစရာ ဖြစ်နေတာ ပေါ်လာပါတယ်။
.
ဖေ့ဘုတ်ပေါ် ဖတ်ကြည့်ရင်ကို တော်တော်ဗဟုသုတ ရပါတယ်။ ဘယ်နိုင်ငံတွေက ဆေးခြောက်ကို ခွင့်ပြုတယ်။ ဘယ်နိုင်ငံတွေက စီးပွားဖြစ် စိုက်နေကြပြီ။ ဆေးခြောက်နွယ်ဝင် အပင်ဘယ်လိုတွေရှိတယ်။ ဘယ်ဓာတ် ဘယ်နှစ်ရာခိုင်နှုန်းပါမှ မူးယစ်ဆေးအဖြစ် သတ်မှတ်တယ်၊ စသဖြင့် သိရပါတယ်။
.
ဒါတွေကို လေ့လာပြီး ဥပဒေအသစ်တွေ ရေးဖို့လိုလာပါပြီ။ ခေတ်နဲ့ လျှော်ညီစွာ ပြန်ရေးသင့်ပါပြီ။ ဥပဒေတို့ရဲ့မိခင် ခြေဥတောင် ခေတ်မမှီတော့လို့ ပြင်ဖို့ကြိုးစားနေရတာဘဲ။ အရင်အာဏာရှင်ခေတ်ကတော့ ဒါမျိုးဖြစ်ပြီဆို ပေးနိုင်ကမ်းနိုင်လိုက်နိုင်ရင် လွတ်မယ်၊ မပေးကမ်းနိုင်ရင် အဖမ်းခံရမှာ သေချာတယ်။ ဥပဒေစာအုပ် ဘယ်သူမှလှန်မှာ မဟုတ်ဘူး။
.
 ဒီမိုခေတ်မှာတော့ ဒီလိုကိစ္စမျိုး ပေါ်လာရင် သက်ဆိုင်ရာဌာနတွေနဲ့ လွှတ်တော်အမတ်တွေက အသစ်ရေးတန်တာရေး၊ ပြင်သင့်တာပြင် လုပ်ကြရပါမယ်။ အပေါ်ကအခိုင်း စောင့်မနေသင့်ပါဘူး။ ဒါမှ ဥပဒေပြုရေးကဏ္႑ အသက်ပိုဝင်မှာပေါ့ဗျာ။

05 April 2016

အကယ်​ဒမီ `​ကြောင်​´

 (Unicode version)

         ဘယ်​ရုပ်​ရှင်​မှလဲ မကြည်​့မိပါ။ အကယ်​ဒမီပွဲလဲ ​သေချာမကြည်​့မိပါ။ ဒီ​နေ့ သတင်​းများဖတ်​ရမှ အံ့သြမိပါ၏။

.

အကယ်​ဒမီ အငြင်​းပွားလို့ ဘယ်​သူ​တွေလဲဆို​တော့ လူပြက်​နှစ်​​ယောက်​။ အဓိက မင်​းသား မင်​းသမီးဆို ​တော်​​သေး။ အ​ရေးထဲ နိုင်​ငံ​ရေးက ပါလာ​သေး။

.

အားကစားလို စံချိန်​စံညွှန်​းနဲ့ ပြိုင်​ရတာ မဟုတ်​သည်​့အတွက်​ မည်​သည်​့အနုပညာဆုမဆို အငြင်​းပွားနိုင်​ပါသည်​။ မရ​သောသူများက အပစ်​​ပြောမှာလဲ ပုံမှန်​ပင်​။ ခဏလွှတ်​သာထားလိုက်​။ ပြန်​တည်​့​နေကြမှာ အ​သေအချာ။

.

​အော်​စကာဆုနဲ့ ​ရွှေကမ္ဘာလုံးဆု​တောင်​ ရသူ​တွေ တူတာမဟုတ်​။ ​ပေး​သောအဖွဲ့ရဲ့ စိတ်​ကြိုက်​ဖြစ်​ဖို့ လိုတာပါဘဲ။ ​ဝေဖန်​တာ​တွေလဲ ပုံမှန်​ထွက်​မြဲပါဘဲ။ ခဏကြာ​တော့ ငြိမ်​။

.

မြန်​မာပြည်​မှာလဲ ထိုနည်​း၎င်း။ မင်​းသား​ကျော်​​ဆွေဆို ဘာဆုမှ ရမသွား။ ဒါ​ပေမ့ဲ ပရိဿတ်​အသဲစွဲပါ။ ကျုပ်​တို့​ခေတ်​ ​ကျော်​ဟိန်​းကြီး​တောင်​ ကိုယ်​့ဖက်​ကလဲနဲနဲ​လျော့၊ သူ့ဖက်​ကလည်​း နဲနဲ​လျော့​ခေတ်​မို့ ရသွားတာ။ ဘယ်​​ခေတ်​မဆို ​ပေးတ့ဲသူရဲ့ အကြိုက်​ဖြစ်​ဖို့ လိုတာအမှန်​။

.

ဘဘ​ဗိုလ်​ချုပ်​ကြီး​တွေ​ခေတ်​​ရောက်​​တော့ ပိုဆိုး။ မို့မို့တို့များ ငိုလိုက်​တိုင်​းရ။ ဇတ်​ကားထဲမှာတွင်မ​က ဘယ်​မှာပါ သွားငို​သေးလဲ​တော့ မသိပါ။ ဒါ​ကြောင်​့ ရုပ်​ရှင်​​လောကသား​တွေ ​ပြော​လေ့ရှိတယ်​။ အကယ်​ဒမီက နတ်​ကြီးတယ်​တ့ဲ။ တကယ်​က ကံ ပါဘဲ။

XxXxXx

(Zawgyi version)

        ဘယ္​႐ုပ္​႐ွင္​မွလဲ မၾကည္​့မိပါ။ အကယ္​ဒမီပြဲလဲ ​ေသခ်ာမၾကည္​့မိပါ။ ဒီ​ေန႔ သတင္​းမ်ားဖတ္​ရမွ အံ့ၾသမိပါ၏။
.
အကယ္​ဒမီ အျငင္​းပြားလို႔ ဘယ္​သူ​ေတြလဲဆို​ေတာ့ လူျပက္​ႏွစ္​​ေယာက္​။ အဓိက မင္​းသား မင္​းသမီးဆို ​ေတာ္​​ေသး။ အ​ေရးထဲ ႏိုင္​ငံ​ေရးက ပါလာ​ေသး။
.
အားကစားလို စံခ်ိန္​စံၫႊန္​းနဲ႔ ၿပိဳင္​ရတာ မဟုတ္​သည္​့အတြက္​ မည္​သည္​့အႏုပညာဆုမဆို အျငင္​းပြားႏိုင္​ပါသည္​။ မရ​ေသာသူမ်ားက အပစ္​​ေျပာမွာလဲ ပံုမွန္​ပင္​။ ခဏလႊတ္​သာထားလိုက္​။ ျပန္​တည္​့​ေနၾကမွာ အ​ေသအခ်ာ။
.
​ေအာ္​စကာဆုနဲ႔ ​ေရႊကမာၻလံုးဆု​ေတာင္​ ရသူ​ေတြ တူတာမဟုတ္​။ ​ေပး​ေသာအဖြဲ႔ရဲ႕ စိတ္​ႀကိဳက္​ျဖစ္​ဖို႔ လိုတာပါဘဲ။ ​ေဝဖန္​တာ​ေတြလဲ ပံုမွန္​ထြက္​ျမဲပါဘဲ။ ခဏၾကာ​ေတာ့ ၿငိမ္​။
.
ျမန္​မာျပည္​မွာလဲ ထိုနည္​း၎။ မင္​းသား​ေက်ာ္​​ေဆြဆို ဘာဆုမွ ရမသြား။ ဒါ​ေပမ့ဲ ပရိႆတ္​အသဲစြဲပါ။ က်ဳပ္​တို႔​ေခတ္​ ​ေက်ာ္​ဟိန္​းႀကီး​ေတာင္​ ကိုယ္​့ဖက္​ကလဲနဲနဲ​ေလ်ာ့၊ သူ႔ဖက္​ကလည္​း နဲနဲ​ေလ်ာ့​ေခတ္​မို႔ ရသြားတာ။ ဘယ္​​ေခတ္​မဆို ​ေပးတ့ဲသူရဲ႕ အႀကိဳက္​ျဖစ္​ဖို႔ လိုတာအမွန္​။
.
ဘဘ​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြ​ေခတ္​​ေရာက္​​ေတာ့ ပိုဆိုး။ မို႔မို႔တို႔မ်ား ငိုလိုက္​တိုင္​းရ။ ဇတ္​ကားထဲမွာတြင္မ​က ဘယ္​မွာပါ သြားငို​ေသးလဲ​ေတာ့ မသိပါ။ ဒါ​ေၾကာင္​့ ႐ုပ္​႐ွင္​​ေလာကသား​ေတြ ​ေျပာ​ေလ့႐ွိတယ္​။ အကယ္​ဒမီက နတ္​ႀကီးတယ္​တ့ဲ။ တကယ္​က ကံ ပါဘဲ။ 

27 August 2013

သစ်ခွနက်


(Unicode version)

သစ်ခွနက် ဆိုတာ မကြားဖူးခင် ပုလဲနက်ဆိုတ့ဲ စကားလုံးကို အယင်ကြားဖူးတာပါ။ ဘရာဇီး ကမ္ဘာကျော်ဘောလုံးသမား ပီလီကို သူ့ရဲ့တန်ဘိုးနဲ့ အသားအရောက်ကိုပေါ်လွင်အောင် ပေးထားတ့ဲ အမည်ပါ။ တကယ်လဲ ပုလဲနက်က အနက်ရောက်ရှိပါတယ်။



သစ်ခွနက်ဆိုပြီး Readers Digest မှာတွေ့တော့ ပုံမှာမြင်တ့ဲ အတိုင်းပါဘဲ။ အနက်စင်းလေးတွေသာ တွေ့ရပါတယ်။ မြန်မာပြည်မြောက်ဖျား ပူတာအိုမှာ စိုက်ထားနိုင်ပြီလို့ ရေးထားပါတယ်။ အင်တာနက်မှာရှာကြည့်တော့ အနက်ရောင်သစ်ခွပွင့်ပုံ တွေ့ရပါတယ်။



သေချာတာကတော့ အင်မတန်ရှားပါးပြီး တော်တော်တန်ဖိုးရှိတယ်ပြောပါတယ်။



XxXxXx

(Zawgyi version)

 သစ္ခြနက္ ဆိုတာ မၾကားဖူးခင္ ပုလဲနက္ဆိုတ့ဲ စကားလံုးကို အယင္ၾကားဖူးတာပါ။ ဘရာဇီး ကမာၻေက်ာ္ေဘာလံုးသမား ပီလီကို သူ႕ရဲ့တန္ဘိုးနဲ႔ အသားအေရာက္ကိုေပၚလြင္ေအာင္ ေပးထားတ့ဲ အမည္ပါ။ တကယ္လဲ ပုလဲနက္က အနက္ေရာက္႐ွိပါတယ္။

သစ္ခြနက္ဆိုၿပီး Readers Digest မွာေတြ႕ေတာ့ ပံုမွာျမင္တ့ဲ အတိုင္းပါဘဲ။  အနက္စင္းေလးေတြသာ ေတြ႕ရပါတယ္။ ျမန္မာျပည္ေျမာက္ဖ်ား ပူတာအိုမွာ စိုက္ထားႏိုင္ၿပီလို႔ ေရးထားပါတယ္။ အင္တာနက္မွာ႐ွာၾကည့္ေတာ့ အနက္ေရာင္သစ္ခြပြင့္ပံု ေတြ႕ရပါတယ္။

ေသခ်ာတာကေတာ့ အင္မတန္႐ွားပါးၿပီး ေတာ္ေတာ္တန္ဖိုး႐ွိတယ္ေျပာပါတယ္။

18 May 2013

ပိတောက်တွေ


(Unicode version)

 ပြီးခ့ဲတ့ဲရက်တွေက ရန်ကုန်မှာ မိုးရွာလိုက်တော့ ပိတောက်တွေ ပွင့်နေပါတယ်။

XxXxXx

(Zawgyi version)


ၿပီးခ့ဲတ့ဲရက္ေတြက ရန္ကုန္မွာ မိုးရြာလိုက္ေတာ့ ပိေတာက္ေတြ ပြင့္ေနပါတယ္။