ဒါ စာတိုက်ပုံး mail box လို့ခေါ်တယ်။ ဟိုးအရင်က လူတွေ အဝေးမှာရှိတဲ့သူစီ ဆက်သွယ်ချင်ရင် စာပို့လုပ်ငန်း postal service ကို သုံးကြတယ်ကွဲ့။ အင်တာနက်နဲ့ အီးမေးလ်တွေ မပေါ်ခင်ကပေါ့။
.
မိမိပြောချင်တဲ့ အကြောင်းအရာကို စာရွက် writing pads ပေါ် ကလောင် pen နဲ့ ချရေးရတယ်။ ပြီးရင် စာရွက်ကို စာအိပ် envelope ထဲ ခေါက်ထည့်။ မိမိပို့ချင်တဲ့သူရဲ့ အမည်နဲ့ လိပ်စာ mail address ကို စာအိပ်ပေါ်မှာ ရေး။ သတ်မှတ်ထားတဲ့ အခတန်ဖိုးရှိ တံဆိပ်ခေါင်း postage stamp ကပ်ပြီး ဒီလိုမျိုး စာတိုက်ပုံးထဲ သွားထည့်ရတယ်ကွဲ့။
.
အဲဒီပုံးထဲက စာအိပ်တွေကို စာတိုက် post office က အချိန်မှန် လိုက်သိမ်းတယ်။ စာအိပ်ပေါ်မှာ ရေးထားတဲ့ လိပ်စာပါတဲ့စီကို ကား ရထား လေပျံတွေနဲ့ ပို့တယ်။ လိပ်စာပေါ်ပါတဲ့ မြို့စာတိုက်က သက်ဆိုင်ရာအိမ်အထိ စာပို့လုလင် post man နဲ့ ပို့ပေးတယ်ကွဲ့။
.
အဲဒီလို ပို့ပေးခကို စာတစောင်ချင်း ကောက်နေရင် အလုပ်ရှုပ်မှာမလို့ စာပို့ခကို တံဆိပ်ခေါင်းဝယ်ပြီး ကပ်ခိုင်းလိုက်တာဘဲ။ ဒါကြောင့် တံဆိပ်ခေါင်းတွေပေါ်မှာ သတ်မှတ်တန်ဖိုးရိုက်ထားတယ်။ အင်္ဂလိပ်တွေ လွန်ခဲ့တဲ့ ၁၈၄၀ခု မေလ ၁ ရက်နေ့မှာ စသုံးခဲ့တာတဲ့။
.
မြန်မာပြည်မှာ ၁၉၉၀ခန့်အထိ ပြည်တွင်းစာပို့ခက ၁၅ပြားဘဲ။ ပို့စကဒ်ဆို ၁၀ပြား။ နောက်တော့ ၅၀ပြား။ နောက်ဆုံးသိလိုက်တာ ၅၀ကျပ်ဖြစ်နေပြီ။ အခုတော့ ဘယ်လောက်ဖြစ်နေလည်း မသိတော့ပါ။ စာပို့လုပ်ငန်းလည်း ရပ်နေပြီတဲ့။