02 March 2025
ဒေါ်နွယ်ထွမ့်အဖြစ်တွေ၊
30 December 2022
ဘောလုံးဘုရင် ပီလီ
ကမ္ဘာကျော် ဘရာဇီး ဘောလုံးဘုရင် ပီလီ ကွယ်လွန်သွားပါပြီတဲ့။ ပီလီဟာ ကမ္ဘာ့ဖလား သုံးကြိမ်ရဘူးတဲ့ တဦးတည်းသော ဘောသမားပါ။
.
ပထမအကြိမ်ရတော့ ၁၇ နှစ်သာ ရှိသေးပါသတဲ့။ ကျနော်စသိတဲ့ ၇၀ဝါးကပ်မှာ တတိယအကြိမ်ရပြီး အရမ်းနာမည်ကြီးနေပါပြီ။ ကျနော်တို့ ဘောလုံးကန်တတ်စက ဘောကန်ကောင်းရင် ပီလီလို့ ခေါ်ကြတဲ့အထိပါဘဲ။
.
သူ့အကြောင်း သတင်းစာနဲ့ အားကစားဂျာနယ်လောက်ကဘဲ မြင်ဘူးတာပါ။ ဂျာနယ်နည်းသေးသလို မဝယ်နိုင်လို့ ဆံပင်ညှပ်ဆိုင်လို နေရမှာတွေ့မှ ဖတ်ရတာပါ။ ရက်လွန်သတင်းတွေပေါ့။
.
နှစ်အနည်းငယ်ကြာတော့ ရုပ်ရှင် the world at their feet မြန်မာပြည်မှာ ရုံတင်တယ်။ ဇတ်လမ်းက ဘောရူး ကောင်ငယ်လေးတယောက် သူအားကျတဲ့ ကမ္ဘာကျော်တွေ ဝါးကပ်ကစားတာ ကြည့်ချင်လို့ ကြိုးစားတဲ့အကြောင်း ပီလီနဲ့ နာမည်ကြီးဘောသမားတွေနဲ့ ရိုက်ထားတာ။ သေချာတော့ မမှတ်မိပေမယ့် အရမ်းသဘောကျခဲ့တာရယ်၊ အရုပ်မဟုတ် အလှုပ်တွေ စကြည့်ဘူးတာရယ်ကိုတော့ မှတ်မိတယ်။
.
နောက် ပီလီပါတဲ့ ရုပ်ရှင်တကား သဘောကျခဲ့သေးတယ်။ Escape to victory လို့မှတ်မိတာဘဲ။ ဂျာမန်စစ်သုံးပန်းဖြစ်နေတဲ့ စစ်သားတွေထဲက ဘောကန်ကောင်းသူတသင်းနဲ့ ဂျာမန်စစ်တပ်အသင်း ကန်တဲ့ပွဲ။ အဲဒီကန်အပြီးမှာ အကျဥ်းစခန်း ဖောက်ပြီး ပြေးကြမယ့်ဇတ်လမ်း။ ပီလီအပြင် အခြား ကမ္ဘာကျော် ဘောသမားတွေ ပါသေးတယ်။ နာမည်ကျော် ပီလီကစ်ဖြစ်တဲ့ အမြင့်ဘောကို နောက်ပြန်ကန်သွင်းတာ ဇတ်ရဲ့ အထွတ်အထိပ်ပေါ့။
.
ပီလီအကြောင်း စာအုပ်လည်း ထွက်သေးတယ်ထင်တာဘဲ။ သူ့အတ္ထုပတ္တိပေါ့။ အဲဒီကမှ အလွန်ဆင်းရဲခဲ့တဲ့ပီလီ ကမ္ဘာကျော်သည်အထိ ဖြစ်တာသိရတာ။ အခုခေတ်လို အင်တာနက်နဲ့ ဗီဒီယို ပေါပေါများများမရှိတော့ စာအုပ်စာတမ်းတွေကဘဲ သူ့အကြောင်းသိခဲ့ရတာ။
.
နောက်အမှတ်ရတာက ၂၀ရါစုအတွက် အကောင်းဆုံး ဘောသမားရွေးကြတော့ ပီလီနဲ့ မာရာဒိုနာ အရွေးခက်နေတာဘဲ။ ပူးတွဲပေးလိုက်တယ်ထင်တယ်။ ကျနော် တဦးတည်းသဘောအရဆို ပီလီဘဲရွေးမှာ။ ဘောကန် ထူးချွန်တာချင်းတူတောင် ပီလီက ကစားတာ အရမ်းသန့်တယ်။ ညစ်ကန်တာ မတွေ့သလောက်ဘဲ။ အနိုင်လိုချင်ကြတာချင်း တူပေမယ့် သန့်သန့်ရှင်းရှင်း အနိုင်ရတာက ပိုတန်ဖိုးရှိတယ် ထင်လို့ပါ။
.
အခုတော့ သူတို့နှစ်ဦး ကောင်းကင်မှာ ဘောဝါသနာရှင်တွေကို အတူတူ သင်ပေး ဖျော်ဖြေပေးနေလောက်ပြီ ထင်ပါရဲ့။ RIP.
23 May 2022
EPL 2021-22
မနေ့က ပြီးခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က နောက်ဆုံးမိနစ်တွေအထိ ရသပေးခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူး ဘယ်အသင်းဗိုလ်စွဲမလည်း နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ခဲ့ကြရတာပါ။ စီးတီး ၇၆မိနစ်အထိ အိမ်ကွင်းမှာ နှစ်ဂိုးရှုံးနေတဲ့အချိန် လီဗာပူးကလည်း သူ့ပွဲမှာ မနိုင်သေးပါဘူး။ ဆာလာ အနိုင်ဂိုးသွင်းနိုင်တဲ့အချိန်မှာ မန်စီးတီးကလည်း တဂိုးပြန်နိုင်နေပါပြီ။ သိတ်မလွယ်တော့သော်လည်း ဗီလာက ချေပဂိုးသွင်းခဲ့ရင်ဆိုပြီး ပွဲပြီးသည်အထိ ကြည့်ကောင်းခဲ့ပါတယ်။
.
ဥရောပမှာ ချန်ပီယံလိဂ် ကန်ခွင့်ရတာကလည်း ဂုဏ်တခုဖြစ်သလို ဝင်ငွေလည်းပိုရပါတယ်။ အင်္ဂလန်က ဝင်ခွင့်ရမယ့် နံပတ်လေးနေရာကို စပါးနဲ့ အာဆင်နယ် နောက်ဆုံးနေ့အထိ ကန်ကြရပါတယ်။ ကိုယ့်ပြိုင်ဘက်အသီးသီးကို ဂိုးပြတ်တွေနိုင်ကြတော့ စပါးဘဲ ချန်ပီယံလိဂ် ဝင်သွားတယ်။
.
အာကြီးနဲ့အတူ ဥရောပဘောလုံး ဒုတိယအဆင့်ပြိုင်ပွဲ ယူရိုပါလိဂ်ဝင်ခွင့် တနေရာအတွက် မန်ယူနဲ့ ဝက်စ်ဟဲမ်း မျှော်လင့်နိုင်သေးတယ်။ နှစ်သင်းလုံး ပြိုင်ဘက်ကို အရှုံးတူကြတော့ မူလအပေါ်မှာရှိတဲ့ မန်ယူကန်ခွင့်ရသွားတယ်။
.
အပေါ်သင်းတွေသာမဟုတ်။ အောက်တန်းဆင်းဖို့ သုံးသင်းမှာ နှစ်သင်းက သေချာပေမယ့် နံပတ်၁၈နေရာက နောက်ဆုံးနေ့အထိ မသေချာဘူး။ ပရီမီးယားလိဂ်မှာ ကန်ခွင့်ပြုတ်ရင် နောက်နှစ်ပြန်တက်ဖို့ အတော့်ကိုမလွယ်တဲ့ ကိစ္စပါ။ ဒီတော့ ဘိတ်ရှေ့ရောက်လည်း မနည်းတန်ဖိုးရှိတယ်လေ။ လိဒ်စ်က ပြိုင်ဘက်ကို နိုင်ပြီး ဘန်လေကရှုံးတော့ လိဒ်စ်အသင်း တန်းမဆင်းရတော့ပါဘူး။ သူ့ပရိဿတ်လည်း ပြိုင်ပွဲမှာ ဗိုလ်စွဲသလိုကို ပျော်သွားကြတာပါ။
.
အသင်းတွေသာမက ဂိုးသွင်းအများဆုံးဆုကိုလည်း နောက်ဆုံးနေ့မှ သေချာတာပါ။ မကန်ခင်က လီဗာပူးကဆာလာက စပါးကစွန်ထက် တဂိုးပိုသွင်း ထားပါတယ်။ နောက်ဆုံးနေ့ပွဲစဥ်တွေမှာ ဆာလာကတဂိုးဘဲသွင်းပြီး စွန်ကနှစ်ဂိုးသွင်းနိုင်တော့ တရာသီအတွက်၂၃ဂိုးစီ သွင်းတာတူနေပါတယ်။ ပူးတွဲဆုပေးလိုက်သတဲ့။ တကယ်က တောင်အာဖရိကဝါးကပ်တုံးကလို ဂိုးသွင်းတာတူနေရင် အခြားသူသွင်းဖို့ ဂိုးဖန်တီးပေးနိုင်သူက ရသင့်တာပါ။ ဒါဆို ဆာလာ လွတ်လွတ်ကျွတ်ကျွတ် ရွှေဖိနပ်ဆု ရသွားပါမယ်။
.
နောက်ဆုံးဆု ရွှေလက်အိပ်ဆုကိုလည်း လီဗာပူးနဲ့ မန်စီးတီးဂိုးသမားတွေ ဂိုးမပေးရတဲ့ပွဲ တူနေတာပါ။ သို့သော်လည်း နောက်ဆုံးနေ့ ကိုယ်စီပွဲတွေမှာ နှစ်ဦးလုံး ဂိုးစောစောပေးလိုက်ကြရပြီး ဆုပူးတွဲရသွားပါတယ်။
.
တရာသီတော့ ပြီးသွားပြန်ပါပြီ။ ကိုယ်အားပေးတဲ့အသင်းရလာဒ်ကို ကျေနပ်ကြမယ် မထင်ပါ။ ဒါ့ထက်ပိုကောင်းစေချင်နေကြမှာပါ။ မည်သို့ပင်ဖြစ်စေ ပရီးမီးယားလိဂ်ကတော့ နောက်ဆုံးနေ့အထိ ရသပေးသွားပါပြီ။ အခြားဥရောပလိဂ်တွေထက် ပိုစိတ်လှုပ်ရှားစရာကောင်းတော့ နောက်နှစ်လည်း အားပေးကြအုံးမယ် ထင်ပါရဲ့ဗျာ။
08 August 2021
တိုကျိုအိုလံပစ်နဲ့ မြန်မာ၊
08 July 2021
အင်္ဂလန် ယူရိုဖိုင်နယ်တက်ပြီ။
၅၅နှစ်ကြာ စောင့်ဆိုင်းအပြီးမှာ ဝင်ဘလေကွင်းကြီးမှာဘဲ အင်္ဂလန်ဘောသင်း ဖိုင်နယ်ရောက်လာပါပြီ။ ဖိုင်နယ်ပွဲကိုလည်း အီတလီနဲ့ ဝင်ဘလေမှာဘဲ ကန်မှာဆိုတော့ ၅၅နှစ်မှာ တဖလားဘဲ ရဖူးတဲ့ အင်္ဂလန် မျှော်လင့်လို့ရပါသေးတယ်။
.
မနေ့ညက ဒိန်းမတ်နဲ့ပွဲ တူး ဝမ်းနဲ့ နိုင်ပါတယ်။ မန်စီးတီးမှာကတည်းက မကြိုက်တဲ့ စတာလင်ကြောင့်ဘဲ အနိုင်ဂိုးတွေရတာပါ။ ပထမဆုံး တော်တော်ကောင်းတဲ့ ဖရီးကစ်နဲ့ ဒိန်းမတ်ကဦးဆောင်တယ်။ ဒီပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ ပထမဆုံး ပေးဂိုးပေါ့။
.
သူ့စတိုင်အတိုင်း ဂိုးသေချာပေါက်တွေ ဖြုန်းတီးနေတဲ့ စတာလင်ကြောင့်ဘဲ ဒိန်းမတ်နောက်တန်း အုံးဂိုးပေးရတယ်။ မသိရင် စတာလင်သွင်းသလိုပါဘဲ။ ကောင်းတာက လုပ်ပေးသွားတဲ့ ဆာကာပါ။
.
အချိန်ပိုမှာလည်း စတာလင်ကြောင့်ဘဲ ပင်နယ်တီရတယ်။ အုပ်စုပွဲမှာ ဂိုးမသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ကန်သွင်းတယ်။ ဂိုးသမားပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ဘောကို ထပ်ကန်သွင်းသွားတာပါ။ လေးဂိုးရှိသွားပြီ။ ဖိုင်နယ်မှာ တဂိုးသွင်းမှ ဂိုးသွင်းများဆုံးဆုကို သုံးယောက်ပူးရမှာပါ။
.
ပရိဿတ် ခြောက်သောင်းကျော် လာကြည့်တာ မတ်စ်မတပ်သူ များပါတယ်။ ယူကေရဲ့ ၈၀%ကျော် ကာကွယ်ဆေးထိုးထားပြီးလို့ အေးဆေးနေပေမယ့် တနေ့ကို လူနှစ်သောင်းကျော် ဝူနေပါသေးတယ်။
.
မြန်မာပြည်မှာတော့ ကိုဗစ်နဲ့ ငစစ်နှိပ်စက်နေလို့ လူအများစု ဘောပွဲဘက် စိတ်မလှည့်နိုင်ကြပါ။ တောင်အမေရိက ကိုပါကပ်ဆို ကန်နေမှန်းတောင် မသိကြပါ။ ထုံးစံအတိုင်း ဖိုင်နယ်မှာ ဘရာဇီးနဲ့ အာဂျင်တီးနား ကန်မှာပါ။
.
အင်္ဂလန် ပရိဿတ်ဆိုတော့ ၅၅နှစ်မှာ အဓိကဖလား နောက်တလုံးရစေချင်ပါတယ်။ တဖက်က အီတလီအသင်းကလည်း သူ့စတိုင်အတိုင်း လှုပ်စိလှုပ်စိနဲ့ ဖိုင်နယ်တက်လာတော့ လွယ်လွယ်နဲ့တော့ မရနိုင်ပါဘူး။
.
ဂွတ်လပ် အင်္ဂလန်။
18 January 2021
ကိုဗစ် ချန်ပီယံလား၊
ကျွန်တော် အင်္ဂလန်မှ ဘောလုံးပွဲများအကြောင်း စ စိတ်ဝင်စားချိန်မှာ နာမည်ကြီးနေတာ လီဗာပူးအသင်းပါ။ တံခွန်စာစောင်ကို တွေ့ရာနေရာ ဖတ်ရတဲ့အချိန်ပါ။ ဝယ်မဖတ်နိုင်ပါဘူး။ အများဆုံးဖတ်ခဲ့ရတာက ရက်လွန်နေတဲ့ ဂျာနယ်တွေကို ဆံပင်ညှပ်ဆိုင်မှာ ဖတ်ရတာပါ။ နာမည်မှတ်မိနေသူတွေက နည်းပြ ဂရမ်ဆူးနက်၊ ေရှ့တန်းဂိုးသွင်းကောင်းသူ အီယန်ရပ်ရှ်နဲ့ ဂိုးသမားကြီး ဂရော်ဘယ်လာတို့ပါဘဲ။
.
တီဗီမှာ ဟိုင်းလိုက် စကြည့်ရတာက ငါးသုံးလုံးစီးကရက် စပွန်ဆာနဲ့ မြန်မာ့တီဗီမှာ။ လေးငါးခြောက်လမက နောက်ကျနေပေမယ့် ကြည့်ကောင်းလိုက်တာ မပြောပါနဲ့တော့။ ဟိုင်းလိုက်ဆိုတော့ ကောင်းကွက်တွေဘဲ ရွေးပြတာကိုး။ မကြာခင်ဘဲ ဂြိုဟ်တုစလောင်းဖမ်းစက်တွေ ရောက်လာတော့ အင်ဒိုနီးရှားချယ်နယ်တွေမှာ တိုက်ရိုက်ပွဲတွေ ကြည့်ရတော့တယ်။ အဲဒီကြမှ ပရီမီးယားလိဂ်ကိုလည်း ပိုသဘောပေါက်လာတယ်။ အကြိုက်ဆုံးအသင်းကလည်း မန်ယူဖြစ်လာပြီလေ။
.
ပရီမီယာလိဂ် မစခင် ပထမတန်းအမြင့်ဆုံးခေတ် နောက်ဆုံးနှစ်နှစ်ဆယ်လောက်မှာ အအောင်မြင်ခဲ့ဆုံးက လီဗာပူးပါ။ ပရီမီယာလိဂ် စပြီးနောက် နှစ်နှစ်ဆယ်က မန်ယူခေတ်ဘဲ။ အင်္ဂလန်ပြင်ပမှာတော့ မန်ယူပရိဿတ် အများဆုံးဖြစ်လာတယ်။ ဒါပေမယ့် အင်္ဂလန်မှာတော့ ဆွေစဥ်မျိုးဆက် တသင်းထဲအားပေးလေ့ရှိတော့ လီဗာပူးပရိဿတ် ပုံမှန်ရှိနေဆဲဘဲ။
.
မန်ယူအောင်ပွဲဆက်လာချိန်မှာ အင်္ဂလန်သတင်းစာတွေအရ သူတို့နှစ်သင်းရဲ့ ပရိဿတ်တွေ ဖိုက်နေဆဲပါ။ လီဗာပူးခေတ် ကုန်ပြီပေါ့။ ဘယ်လောက်ကုန်ခဲ့လည်းဆို မန်ယူဂိုးသမား ရှမိုက်ကယ်ရဲ့သား လက်စတာအသင်းမှာ ဂိုးသမားဖြစ်လာပြီး ချန်ပီယံဖြစ်တဲ့အထိ လီဗာပူးတွေ တကြိမ်မှဖလားပြန်မရဆိုပြီးအထိ ဟားတာပါ။ လီဗာပူးတွေ အတော်ခံရခက်မှာဘဲ။
.
ပြီးခဲ့တဲ့ ရာသီမှာတော့ လီဗာပူး ပြန်ဗိုလ်စွဲခဲ့ပါတယ်။ အဟားခံရတာတွေ ရပ်တန့်နိုင်ခဲ့တယ်။ သို့သော်လည်း ၂၀၂၀နှစ်ကုန် ဒုအကျော့ပြန်စချိန်မှာ အတော်အမှတ်ပြတ်ပြီး ဦးဆောင်နေပါပြီ။ အဲဒီနောက်ပိုင်း အင်္ဂလန်ကို ကိုဗစ်ဗိုင်းရပ်စ် ကူးလာတော့ ဘောလုံးပွဲတွေ ရပ်လိုက်ရတယ်။ လီဗာပူး ချန်ပီယံဆုနဲ့ ဝေးပြီလို့ ထင်နေကြချိန်မှ ပရိဿတ်မပါဘဲ ခြောက်ကပ်ကပ်ပွဲတွေကစားပြီး လီဗာပူးဘဲ ချန်ပီယံဖြစ်ခဲ့တယ်။
.
အဲဒီလက်ကျန်ပွဲတွေ ဆက်ကစားချိန်မှာ ပရိဿတ်စိတ်ဝင်စားမှု အတော်လျော့ကျခဲ့ချိန်ပါ။ တချို့ပွဲတွေဆို ဘယ်အချိန်ကန်သွားမှန်းကို သတိမထားမိကြဘူး။ အားလုံးက ကိုဗစ်နဲ့ နပမ်းလုံးနေရချိန်လေ။ ဒီတော့ မန်ယူပရိဿတ်က ဟားမယ်ဆို ဟားလို့ရတယ်လေ။ ကိုဗစ်ချန်ပီယံပါလို့။ ကိုဗစ်ဘက် လူတွေစိတ်ရောက်နေချိန် လူမသိသူမသိ ချန်ပီယံဖြစ်သွားတာကိုး။
.
ဒီတော့ လီဗာပူးအနေနဲ့ အဲ့လိုမဟုတ်ကြောင်းပြဖို့ ဒီရာသီမှာ လိုပါပြီ။ ကစားအား၊ နိုင်နိုင်စွမ်း အပြည့်ရှိကြောင်းပေါ့။ ယခုထိ အင်္ဂလန်မှာ ကိုဗစ်ဆိုးနေပေမယ့် ပရိဿတ်မပါဘဲ ကန်ရတာ အသားကျလာလောက်ပြီ။ လူတွေလည်း ဘောလုံပွဲဘက် စိတ်ပြန်ပါလာကြပြီ။ ဒါပေမယ့် ခုရာသီတဝက်မှာဘဲ လီဗာပူးက ဇယားရဲ့ထိပ်ဆုံးနဲ့ဝေးလာပါပြီ။ ပိုပြောချင်စရာဖြစ်တာက ထိပ်ဆုံးရောက်လာတာ မန်ယူဖြစ်နေတာပါဘဲ။ လီဗာပူးအနေနဲ့ ကျန်ရာသီတဝက်မှာ မနှစ်က ချန်ပီယံဖြစ်တာ တကြိမ်ကံကောင်းတာမဟုတ်၊ ပုံမှန်ခြေစွမ်းကောင်းရှိကြောင်း ပြဖို့လိုပါပြီ။ အနည်းဆုံး ပရီမီယာလိဂ် အသင်းကြီးစာရင်းဝင်ဖို့ အာဆင်နယ် ချယ်ဆီး မန်စီးတီးတို့လို ချန်ပီယံဆုတွေ တကြိမ်မက ရအောင်လုပ်ပြဖို့ လိုပါပြီ။
.
မဟုတ်ရင် ကိုဗစ်ကြောင့် လူတွေ ဘောလုံးဘက်စိတ်မရောက်ချိန် ကိုဗစ်ချန်ပီယံ တခါဖြစ်သွားတာပါကွာလို့ အပြောခံရနိုင်ကြောင်းပါ။ အဟားခံရနိုင်ကြောင်းပါ။
02 August 2020
ဝူဟန်ကိုဗစ် ဩဂုတ် ၂
07 January 2020
အမေရိကန်နဲ့အီရန် စစ်ဖြစ်နိုင်လား၊
အီရတ်မှာရောက်နေတဲ့ အီရန်ရဲ့ သြဇာအကြီးဆုံးတပ်မှုး ဗိုလ်ချုပ်ကြီးကို အမေရိကန်စစ်တပ်က နည်းပညာမြင့် မောင်းသူမဲ့လေယာဥ်ပျံငယ် ဒရုန်းသုံးပြီး လုပ်ကြံလိုက်ပါတယ်။ အီရန်အစိုးရအတွက် အရှိုက်ထိခဲ့ပြီး ပြန်တုန့်ပြန်မယ်လို့ ဟစ်ကြွေးနေပါတယ်။
.
အီရန်ရဲ့ အယာတိုလာတွေ ဒီတကြိမ် စဥ်းစားရပါတော့မယ်။ မိမိသိက္ခာ ဆယ်တင်တဲ့အနေနဲ့ အမေရိကန်ကိုတိုက်မယ်ဆိုရင် အမေရီးကားတိုက်ပြင်ပမှာရှိတဲ့ အမေရိကန်လို့ခေါ်နိုင်တာလေးတွေကိုဘဲ တိုက်လို့ရပါမယ်။ နိုင်းအလဲဗဲန်းတုံးကလိုတောင် တိုက်ဖို့မလွယ်လောက်တော့ပါ။
.
အဲ့လို မထိခလုတ်လုပ်ရင် အမေရိကန်ကတော့ တီဟီရန်မှ အယာတိုလာတို့ကို တိုက်ရိုက်ဆော်မယ်ထင်ပါတယ်။ အီရန် ပြည်သူပြည်သားတွေ ဘယ်လောက် အစိုးရနောက်မှာရှိမလည်း မသိပေမယ့် အလံချနင်းတာရယ်၊ မီးရှို့တာရယ်၊ ရင်ဘတ်ထုအော်တာရယ်ဘဲ လုပ်လို့ရပါမယ်။ အလှမ်းဝေးလွန်းတာကြောင့် စစ်ပွဲပုံစံ တုန့်ပြန်ဖို့မလွယ်ဘဲ အကြမ်းဖက်မှုလို့ သတ်မှတ်ခံရမယ်ပုံစံဘဲ တုန့်ပြန်နိုင်မယ် ထင်ပါတယ်။
.
အာရပ်ကမ္ဘာကတော့ နိုင်ငံအားလုံးဂျီဟတ်တောင် အော်မယ်မထင်ပါ။ အီရန်က အစ္စလမ်ကြီးစိုးပေမယ့် မျိုးမတူတဲ့အပြင် အာရပ်လည်းမဟုတ်၊ တည့်လည်း မတည့်ကြဘူးလေ။ အစ္စလမ်ကမ္ဘာမှာ အီရန်ကြီးစိုးမှာ နဂိုရ်ကတည်းက စိုးရိမ်နေကြတာ မဟုတ်ပါလား။
.
တိုက်ရိုက် မသက်ဆိုင်တဲ့ နိုင်ငံတွေကလည်း ၁၉၅၀ကျော် စစ်အေးခေတ်ကလို အရင်းရှင်ဗိုလ်ကျမှုဆိုပြီး အော်ကြမှာ မဟုတ်တော့ပါ။ တရုပ် ရုရှနဲ့ အိုအိုင်စီအဖွဲ့ကတောင် အမေရိကန်လုပ်ကြံမှုကို ပြင်းထန်တဲ့ရှုတ်ချမှုလုပ်တာ မတွေ့ရသေးပါ။ မိမိနိုင်ငံဆီ မရောက်သေးပေမယ့် အကြမ်ဖက်ဝါဒီတွေ မရှိရင်ပိုကောင်းမယ်ဆိုပြီး ငြိမ်နေကြတယ်ထင်ပါတယ်။ အရင် မြန်မာစစ်အစိုးရဆိုရင်တောင် ခေတ်သစ်နယ်ချဲ့ငပွကြီးတို့ ဘာတ်ို့ ပြောရဲမယ် မထင်မိဘူး။ တကယ်ဆော်မယ့် အမေရိကန်လို့ ထင်နေကြပြီလေ။
08 October 2017
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ
နိုင်ငံ့ခေါင်းဆောင် ပြည်သူ့အချစ်တော် အမေစု ထောက်ခံပွဲတွေ ယနေ့ မုံရွာ မကွေး ပုသိမ် စသဖြင့် မြို့ကြီးတွေမှာ လုပ်ပါတယ်။ မနေ့ကလည်း မန္တလေးမှာလုပ်ခ့ဲတယ်။ ရန်ကုန်မှာတော့ လွန်ခ့ဲတ့ဲ နှစ်ပါတ်လောက်ထဲက လုပ်ခ့ဲပါတယ်။ (ခုပြန်ကြည့်တော့ ရန်ကုန်ပွဲတွေ လူအနည်းဆုံးပါဘဲ၊) သေချာ ပြန်လုပ်သင့်ပါတယ်။
.
အွန်လိုင်းပေါ်က စောင်ဆရာကြီးအချို့က ရေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ လုပ်ဖို့လိုသလားတ့ဲ။ ကျွန်တော့်အမြင်ကတော့ လိုပါတယ်။
.
ကမ်ဘာမှာ မြန်မာဟာ လက်ရှိအချိန် ရိုဟင်ဂျာအရေးကြောင့် အကြပ်အတည်း ဆိုက်နေပါတယ်။ အမေစုရဲ့ NLD အစိုးရဟာ နိုင်ငံအတွက် လုပ်သင့်တာကို ဘယ်သူ့မှမင့ဲညှာဘဲ လုပ်နေတာ သိရက်သားနဲ့ ပြည်တွင်းပြည်ပက မဟုတ်တန််းတရားတွေ စွပ်စွဲနေပါတယ်။ စွပ်စွဲမှု အများစုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုဘဲ ခေါင်းစဉ်တပ် ဦးတည်ပြီး လုပ်နေတာပါ။ ဒီအချိန်မှာမှ ဒေါ်စုကို မထောက်ခံရင် ဘယ်အချိန် ထောက်ခံကြမလည်းဗျာ။
.
နောက် တချို့ စဆရကတွေ၊ အယောင်ဆောင်လား မသိသူတွေက ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ အတိုင်းဆို ၂၀၂၀မှာ NLD မဲမရနိုင်ဘူး၊ မဲပေးကြမှ မဟုတ်ဘူး၊ မဲမပေးနိုင်ဘူး စသဖြင့် လေသံပေး နှပ်ကြောင်းပေးလာပါတယ်။ ရွေးကောက်ပွဲက အနည်းငယ် ဝေးသေးပေမယ့် တွေဝေသူတချို့ အမြင်မမှားရအောင် ဒေါ်စုနဲ့ NLDအစိုးရသည် ပြည်သူအများစု ၊ လူအများစု ထောက်ခံမှုရှိကြောင်း ပြသဖို့ လိုပါတယ်။
.
ဒါကြောင့်မို့ မိတ်ဆွေတို့ရဲ့ ဒေသမှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲလုပ်ဖို့ လိုသလို လုပ်ရင်လည်း ထောက်ခံကြောင်း သွားပြဖို့လိုပါတယ်။ ဦးဖြိုးမင်းသိန်း အမှူးပြုပြီး ရန်ကုန်မှာလည်း ပွဲကြီးတခု သေချာပြန်လုပ်သင့်တယ်လို့ ထင်မိကြောင်းပါဗျာ။
XxXxXx
(Zawgyi version)
.
.
.
.
22 September 2017
ဒေါ်အောင်ဆန်းစုကြည် တပ်မတော်နဲ့ ဘင်္ဂလီအရေး
.
ရှေးအတိတ်ကုသိုလ်ကံအရ ဒေါ်စုက နိုင်ငံခြားသားတဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဒေါ်စုရဲ့ခင်ပွန်းက အင်္ဂလိပ်လူမျိုး ဗုဒ္ဓဘာသာပညာရှင် ပရော်ဖက်ဆာ တဦးပါ။ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက ကုလားမယားလို့ အပုတ်ချခဲ့ပါတယ်။ ဒေါ်စုကိုလည်း ကုလားမလို့ဘဲ သုံးနှုံးခဲ့တယ်လို့ ကြားသိခဲ့ရဘူးပါတယ်။ မြန်မာပြည်သား အများစုရဲ့ ဒေါ်စုအပေါ် ယုံကြည်အားကိုးမှုကို မထိခိုက်ခဲ့ပါဘူး။
.
နှစ်ပေါင်းများစွာ အကျယ်ချုပ်ခံခဲ့ရပါတယ်။ ပြန်လွှတ်ကာနီး ကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်း စစ်တပ်ပုံပြောင်း ဖွတ်ပါတီအတွက် မဲဆွယ်အပုတ်ချပါတယ်။ NLD နိုင်ရင် ကုလားပြည်ဖြစ်သွားမယ်။ တခုတောင်တိုးလာပါတယ်။ အရင်က ကုလားဆိုတာ အဖြူအမဲ မပြောပါဘူး။ ဒီတခါကျ ရခိုင်မှာဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စကို အကြောင်းပြပြီး မူစလင်ကုလားပြည် ဖြစ်သွားမယ်ဆိုပြီး မဲဆွယ်တာပါ။ တော်တော်အောက်တန်းကျစွာ လုပ်တာပါ။
.
ဒါပေမဲ့ ပြည်သူထဲက တချို့ကတော့ ယုံကြည်သွားကြပါတယ်။ ဒေါ်စုသာ နိုင်သွားရင် ကုလားတွေ အခွင့်အရေး ပိုရတော့မယ်။ တရားမဝင် မြန်မာပြည်ထဲ ခိုးဝင်ထားတဲ့ ဘင်္ဂလီတွေ နိုင်ငံသားရပြီး တပြည်လုံးအနှံ့ သွားခွင့်ရတော့မယ်။ ဗလီတွေ စိတ်ကြိုက်ဆောက်ခွင့်ပေးလိမ့်မယ် စသဖြင့်ပေါ့။ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့တွေ အသုံးချပြီး စစ်အာဏာရှင်တွေ ဖွဲ့ပေးခဲ့တဲ့ ဖွတ်ပါတီနိုင်အောင် မဲဆွယ်ကြတာပါ။ ပြည်သူတွေ ယုံမယုံကိုတော့ ရွေးကောက်ပွဲရလာဒ်က ပြခဲ့ပြီးပါပြီ။
.
ဒီအမှားဝါဒဖြန့် မဲဆွယ်မှုကို ရခိုင်ခိုးဝင် ဘင်္ဂါလီတွေနဲ့ သူတို့ကို နောက်ကွယ်က မြှောက်ကော်ပင့်ထိုး လုပ်ပေးသူတွေကပါ ယုံကြည်သွားကြဟန်တူပါတယ်။ ဒေါ်စုမဲနိုင်ရင် သူတို့လိုချင်တာတွေ ရမှာဘဲလို့ ထင်နေကြလား မသိပါ။ ဒေါ်စုနဲ့NLD အစိုးရ တက်လာပြီး ပုံမှန်ဥပဒေအတိုင်း ဘင်္ဂါလီအရေးကို ကိုင်တွယ်တော့ ဒေါ်စုကို ဦးတည်ပြီး တိုက်ခိုက်လာပါတယ်။ စစ်အာဏာရှင်လက်အောက်မှ အကြမ်းမဖက်ဘဲ ဆန့်ကျင်လို့ရခဲ့တဲ့ နိုဘယ်ဆုကိုတောင် မဆီမဆိုင် ရုပ်သိမ်းခိုင်းနေပါပြီ။ ကမ္ဘာ့မီဒီယာတွေကလည်း ဒေါ်စုဟာ အင်မတန်ဆိုးတဲ့ အာဏာရှင်ဘဲလို့ ပုံဖော်နေကြပါပြီ။
.
ရယ်တော့ရယ်ရပါတယ်။ ကိစ္စတခုထဲမှာဘဲ တဖက်ကို ဒေါ်စုကဘက်လိုက်တယ်လို့ တဖက်က စွတ်စွဲတာပါ။ ဒေါ်စုကို မနာလို၊ နိုင်ချင်နေတဲ့ အရှုံးသမားဖွတ်တွေကတော့ ပျော်ချင်ပျော်နေမှာပါ။ ဒီအချိန်မှာ ပြောင်းလဲသင့်တာက စစ်တပ်ပါဘဲ။ ဒေါ်စုကို ကုလားမလို့ ၈၈ဗိုလ်ချုပ်တွေ အပုတ်ချစဉ်က အခုကာချုပ်နဲ့ဗိုလ်ချုပ်တွေဟာ အရာရှိငယ်တွေဘဲ ဖြစ်ဦးမှာပါ။ ဒီလို အပုတ်ချတာကိုလည်း နှစ်သက်ချင်မှ နှစ်သက်မှာပါ။ ဒေါ်စုကို ခုလို အပုတ်ချတာ တိုင်းပြည်အတွက် ဘယ်လိုထိခိုက်တယ်ဆိုတာ လက်ရှိတပ်မတော် ခေါင်းဆောင်တွေအနေနဲ့ မြင်တွေ့နေရမှာပါ။ တိုင်းပြည်အတွက် ခံစားရမယ်လို့ဘဲ ထင်ပါတယ်။ မြန်မာပြည် ရှေ့ရေးအတွက် အရေးကြီးနေတဲ့ အချိန်မှာ အရင်ဗိုလ်ချုပ်ဟောင်းတွေဘက် ဆက်လိုက်မလား၊ လက်ရှိအစိုးရကို ပူးပေါင်းဆောင်ရွက်မလား။ ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း။
19 June 2017
မွေးနေ့ဆုတောင်း
(Unicode version)
ဒေါ်စု အနည်းဆုံး နောက်နှစ်နှစ်ဆယ်လောက် ကျန်းမာနေ အသက်ရှင်နေဖို့ လိုပါတယ်။
.
မြန်မာတွေက NLD မကလို့ ဘာပါတီဖြစ်ဖြစ် စိတ်မချရပါဘူး။ လစ်ရင်တွယ်တတ်မှ လူတော်လို့ သတ်မှတ်ထားတ့ဲ သူတွေများလို့ပါ။ ခုတောင် သူရှိလို့ သူ့ကြောက်လို့ ငြိမ်နေသူတွေ အများကြီးပါ။
.
ပြီးတော့ ဒေါ်စုကို ကိုယ့်ကိုယ်ကိုထက် ပိုယုံပါတယ်။ ကိုယ်သာ သူ့လောက်ပိုက်ဆံရှိရင် ဒီဗမာတွေကို ပစ်ထားခ့ဲလောက်ပါပြီ။ နင်တို့ဖာသာ ပေဖြစ်ရင်ခံ၊ တူဖြစ်ရင်နှံလို့ အော်ပြီး နေခ့ဲကြပေတော့လို့။
.
တကယ်က ၇၂နှစ်အရွယ် အမေအို မုဆိုးမတယောက်ဟာ တရားဘာဝနာပွား မြေးထိန်းရင်း အေးဆေးစွာ ဘဝကို ကုန်ဆုံးစေရမှာပါ။
.
ခုတော့ အားနာနာနဲ့ဘဲ ဆုတောင်းရဦးမယ်။
#ဒေါ်အောင်ဆန်းစုကြည်_သက်တော်ရာကျော်_ရှည်ပါစေသတည်း။
XxXxXx
(Zawgyi version)
.
.
.
.
23 February 2017
၆၆(ဃ)
.
NLDအစိုးရခေတ်ရောက်တော့ ဒီဥပဒေ မတရားကြောင်း၊ ဒီမိုကရေစီအစိုးရနဲ့ မလိုက်ဖက်ကြောင်း ပြောကြပါတယ်။ ကိုယ်အပြောခံရတုံးက ကိုယ့်ကို ပြောသူကို အဲဒီဥပဒေနဲ့ အရေးယူဖို့ တရားစွဲခဲ့ဘူးသူလည်း အော်တဲ့အထဲ ပါပါတယ်။ သတင်းသမားတွေကလည်း ဒီဥပဒေကြောင့် NLDအစိုးရကို ဝေဖန်ဖို့ ကြောက်ရွံနေရလို့ မရှိသင့်ကြောင်း ပြောကြပါတယ်။ ဒီဥပဒေကို လွှတ်တော်တင် ဖျက်ဖို့ မကြိုးစားလို့ NLDအစိုးရ အာဏာရှင်ဆန်သွားပြီလို့ စွပ်စွဲသူတွေတောင် ပေါ်လာပါတယ်။
.
ရယ်ရတယ်နော်။
.
ဒီဥပဒေကို တပ်မတော်အစိုးရခေတ်က ထုတ်ခဲ့တာပါ။ ယနေ့လွှတ်တော်ထဲမှာ နာဂစ်ခြေဥအရ တပ်တော်သား ၂၅% ကြီးများတောင် ဝင်ထိုင်နေပါတယ်။ ၆၆(ဃ)ကို ပယ်ဖျက်ဖို့ သူတို့ကို တိုက်တွန်းတဲ့အသံများ ကြားမိကြပါသလား။ အရင်စစ်ဗိုလ်တွေနဲ့ လွှတ်တော်ထဲက စစ်ဗိုလ်တွေ အမျိုးအရင်းကြီးပါတော်။
.
တခါ ၂၀၁၁မှနေ ၂၀၁၆အထိ ခြိတ်လုံခြည်ပြောင်းဝတ်တဲ့ ဗိုလ်ချုပ်ကြီးတွေ အစိုးရလုပ်ခဲ့ပါတယ်။ အဲဒီတုံးကရော ဒီဥပဒေဖျက်သိမ်းဖို့ တိုက်တွန်းသံ ကြားမိခဲ့ကြပါသလား။ အခုလွှတ်တော်မှာလည်း အဲဒီဖွတ်အုပ်စု အကြွင်းအကျန်အချို့ ရှိနေပါသေးတယ်။ သူတို့ဆီကရော အဆိုတင်သွင်းသံ ကြားမိသလား။
.
ဒီတော့ ၆၆(ဃ) မဖျက်လို့ NLD အစိုးရကို အာဏာရှင်အစိုးရ အော်နေသူတွေရေ။ အရင်အဖွဲ့ နှစ်ဖွဲ့ဆီက အသံကြားပြီးမှ လာပြောကြတော့နော။ ။
10 February 2017
ဦးဏှောက်ရှိရင်ပေါ့လေ
ပြဿနာရှာနေတ့ဲ မလေးရှားက ကယ်ဆယ်ရေးသငေ်္ဘာ သီလဝါမှာ ကူညီရေးပစ္စည်း လာချတာ တီဗီသတင်းမှာ ကြည့်ရတယ်။ မျိုးညစ်တချို့ကလည်း ဆန္ဒလာပြရှာကြတယ်။ လူငါးဆယ်ကျော်သတ့ဲ။ ကျွန်တော်တို့က ရိက္ခာလာပို့တာကို ကန့်ကွက်တာမဟုတ်ဘူး။ သူတို့သုံးတ့ဲ ရိုဟင်ဂျာ မြန်မာပြည်မှာ မရှိကြောင်း လာကန့်ကွက်တာတ့ဲ။
.
ကိုဖီအာနန်လိုလူလည်း ကန့်ကွက်နေ၊
အစိုးရဘာလုပ်သလဲ သိစေချင်လို့ fm radio လွှင့်လည်း ကန့်ကွက်နေ၊ ရိုဟင်ဂျာဆိုတ့ဲ
စကားလုံးသုံးတာ အဓိကထားပြီးလည်း ကန့်ကွက်နေ၊
အုန်းမှုတ်ခွက်ထဲက ဖားသူငယ်လိုလုပ်နေ။
.
ဟိုမောင်တွေက ဗြိတိန်ကသတင်းစာတွေမှာလည်း ငိုပြလို့ ကမ်ဘာသိနေပြီ၊
ကုလသမဂ္ဂဆိုလည်း သူတိုဘက်ကဖြစ်နေပြီ၊ မူစလင်အဖွဲ့အစည်း
အိုအိုင်စီမပြောနဲ့၊ ခရစ်ယာန်ပုပ်ရဟန်းမင်းကြီးတောင် သူတို့ပြောတာ အဟုတ်ထင်နေပြီ။
.
ကိုယ့်လုပ်ရပ် ဟုတ်လှပြီထင်နေတ့ဲ
မျိုးညစ်တွေ သူတို့လုပ်ရပ် ပြန်စဉ်းစားသင့်ပြီ။ လက်ရှိ အစိုးရကို အကြပ်ရိုက်စေချင်တာလား။ ရိုဟင်ဂျာအများစုဟာ ခိုးဝင်ဘင်္ဂလီတွေဆိုတာ ကမ်ဘာက သိစေချင်တာလား။
ဦးဏှောက်ရှိရင်ပေါ့လေ။
XxXxXx
(Zawgyi version )
.
အစိုးရဘာလုပ်သလဲ သိစေချင်လို့ fm radio လွှင့်လည်း ကန့်ကွက်နေ၊ ရိုဟင်ဂျာဆိုတဲ့
.
ဟိုမောင်တွေက ဗြိတိန်ကသတင်းစာတွေမှာလည်း ငိုပြလို့ ကမ္ဘာသိနေပြီ၊
.
ကိုယ့်လုပ်ရပ် ဟုတ်လှပြီထင်နေတဲ့
07 February 2017
အနီနဲ့အစိမ်း
ဖွဘုတ်ပေါ်မှာ ဘက် နှစ်ဘက်ရှိပါတယ်။ အလွယ်ပြောရရင် အနီဘက်နဲ့ အစိမ်းဘက်ပေါ့။ အစိမ်းဘက်ကတော့ ကြေးစားတွေလည်းပါတယ် ပြောကြပါတယ်။ တဖြေးဖြေးနဲ့ အင်အား နည်းနည်းလာပါပြီ။ မမှန်သူတွေ များတ့ဲဘက်ကိုး။
.
အနီဘက်ကတော့ ပြည်သူနဲ့ နီးစပ်သူတွေပါ။ ဘယ်သူမှ တာဝန်ပေးလို့မဟုတ်။ ကိုယ်မှန်တယ် ထင်တ့ဲဘက်က ပါဝင်နေသူများပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေကြိုက်တ့ဲ NLDပါတီ အောင်နိုင်ရေး တခဲနက် ကြိုးပမ်းပေးခ့ဲကြပါတယ်။ ဖေ့ဘုတ်ပေါ်မှာ တိုက်ပွဲ အပြင်းထန်ဆုံး အချိန်တွေပေါ့။ မတိုင်ပင်ကြရဘဲ တက်ညီလက်ညီကို ပါဝင်ကြတာပါ။ ကိုယ့်ထမင်းကိုယ်စားပြီး မှန်တ့ဲဘက်က ရပ်တည်ကြတာပေါ့။
.
ခုတော့ NLDအစိုးရဖြစ်တာ တနှစ်ခန့်ရှိလာပါပြီ။ အစိမ်းဘက်က သူတွေလည်း အောင်မောင်းခြေထိုးတို့၊ နောက်ကျောဓားထိုးတို့ဘဲ လုပ်နိုင်ပါတော့တယ်။ ဒီအချိန်မှာ အနီဘက်ကသူတွေက မြန်မာပီသကြောင်း ပြလာကြပါတော့တယ်။ အရင် အစိမ်းတွေထူတ့ဲ ဆိုင်းဘုတ်အနီကြီးတွေပေါ်က ဆောင်ပုဒ်တခုလို ကျင့်သုံးလာကြပါတယ်။
”ဘယ်သူခွဲခွဲ တို့မခွဲ၊
တို့ဘာသာဘဲ တို့ခွဲမည်။”
.
ခုတလော ဖွဘုတ်ပေါ်မှာ အရင်စုစည်းပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ တာဝန်ကျေခ့ဲသူတွေ အချင်းချင်း ဆော်ကုန်ပါပြီ။ ဒီကောင်က ဖွဘုတ်ဆယ်လီဘဲရှိတယ် ငါက ဆယ့်တလီကွတို့။ like လိုချင်တိုင်း ဒါမျိုးတွေ မရေးနဲ့တို့။ သူက ဘာမို့လို့ စဆရက လုပ်တာလဲတို့ စုံလို့ပါဘဲ။ နောက်ဆုံး ဦးကိုနီအသတ်ခံရမှု စုံစမ်းတာကို အကြောင်းပြုပြီး အချင်းချင်း ဟားနေကြပါတယ်။ စိတ်ပျက်စရာပါ။ တကယ်က သွားရမ့ဲလမ်းခရီးက အစဘဲ ရှိသေးတာ သူတို့သိပါတယ်။ တယောက်နဲ့တယောက် မှားတာတွေ့လဲ ခွင့်လွှတ်သင့် ခွင့်လွှတ်၊ ထောက်ပြသင့် ထောက်ပြကြပေါ့။ ခုလို ကွဲကြတော့ အစိမ်းတွေ ဟားနေမှာပါ။ နှစ်ယောက်ရှိရင် သုံးပါတီဖြစ်တ့ဲ မြန်မာ့စရိုက်ကို ဖော်ပြကြတာလား။ ဘုံရန်သူ မရှိတာနဲ့ မြန်မာတွေ အချင်းချင်းကွဲတာ သမိုင်းမှာ အများကြီးပါ။ ဆင်ခြင်ကြစေချင်ပါတယ်ခင်ဗျား။
XxXxXx
(Zawgyi version)
.
.
”ဘယ်သူခွဲခွဲ တို့မခွဲ၊
.
08 October 2016
ဆု(ဘွဲ့တံဆိပ်)
လူတယောက် အဖွဲ့အစည်းတခုရဲ့ စွမ်းဆောင်ရည် လုပ်ဆောင်မှုကို ကြည့်ပြီး (ဘွဲ့တံဆိပ်)ဆုချီးမြှင့်လေ့ ရှိကြပါတယ်။ မြန်မာပြည်မှာလဲ ရှေးဘုရင်များလက်ထက်မှနေ ယနေ့အထိ ဆုများ ချီးမြှင့်နေဆဲ ဖြစ်ပါတယ်။
.
ဒီနေရာမှာ ဆုရဲ့တန်ဖိုးက ချီးမြှင့်တ့ဲသူရဲ့ တန်ဖိုးအပေါ် မူတည်သလို အချီးမြှင့်ခံရသူ တနည်း ဆုရွေးချယ်ပုံအပေါ်လည်း မူတည်ပါတယ်။
.
ငယ်ငယ်က ကြားဘူးတာရှိပါတယ်။ မြန်မာနိုင်ငံက ကြက်ခြေနီအဖွဲ့ဝင် စိုင်းအောင်လှိုင်မြင့်ကို ကမ္ဘာ့အမြင့်ဆုံး ဟင်နရီဒူးနန့်ဆု ချီးမြှင့်ခံရတ့ဲ အကြောင်းပါ။ ကျောင်းတွေမှာလည်း သူက ဟောပြောပွဲတွေ လိုက်လုပ်ပေးတော့ ကြက်ခြေနီအလုပ်ကို အားကျကြပြီး အဖွဲ့ဝင်ကြပါတယ်။ အဲဒီခေတ်က မဆလဥက္ကဌကြီး သူ့လူတွေကို ဆုတွေပေးခ့ဲတာ ကာယကံရှင်တွေကလွဲလို့ ဘယ်သူမှတောင် မှတ်ထားမယ်မထင်တော့ပါ။
.
စစ်အစိုးရခေတ်ကျ ပိုဆိုးပါတယ်။ နဝတ နအဖ ဦးသိန်းစိန်ခေတ်အထိ သူတို့နဲ့ တည့်တ့ဲသူတွေကိုဘဲ ဆုရွေးချယ်ပေးပါတယ်။ တချို့ ဆုတွေကို ငွေပေးဝယ်လို့တောင်ရသတ့ဲ။ ဆုချီးမြင့်ပွဲဆို စလွယ်ကြီးတွေ တကားကားနဲ့ပေါ့။ ဘယ်သူမှလဲ အားကျဖို့နေနေသာ အထင်မကြီးကြဘူး။ ငွေလှူလို့ ရတ့ဲဆုဆိုလဲ လှူတ့ဲငွေ ဘယ်ကရမှန်း သိနေကြတော့ ဟာသဖြစ်နေတာပေါ့ (အမှန်အကန် ငွေလှူသူများ ကန်တော့ပါ။) ။ နောက်ဆုံး ဦးသိန်းစိန်ဆို သူပြုတ်ကာနီး ဆုမရဘူးသေးတ့ဲ သူ့ဝန်အားလုံးကို ချီးမြှင့်သွားသေးသတ့ဲ။ ပြည်သူတွေကတော့ သတ်မှတ်ကြပါတယ်။ #အလကားကျော်စွာဘွဲ့တွေတ့ဲ။
.
မြန်မာလူမျိုးထဲက ကမ္ဘာမှာ အမြင့်ဆုံးဆုရဖူးတ့ဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြီးအကဲဖြစ်လာတော့ လစဉ် ထူးချွန်သူရွေးပြီး ဆုချီးမြှင့်ပါတယ်။ ရွေးချယ်သူရဲ့ အရည်အချင်းကို တမ်းပြတာပါဘဲ။ ပြည်သူတွေ အားကျစေမ့ဲ အလုပ်မျိုးကို လုပ်ခ့ဲသူတွေကို ရွေးချီးမြှင့်ပါတယ်။ NLD ပါတီဝင်တွေ မဟုတ်သလို သူခိုးကြီးတွေလဲ မဟုတ်ပါဘူး။ နာမည်ကြီးပြီးသားသူတွေ မဟုတ်သလို ဝန်ထမ်းကြီးတွေလဲ မဟုတ်ပါဘူး။ ဒါပေမ့ဲ လစဉ် ကြေငြာလိုက်တ့ဲအခါတိုင်း ပြည်သူတွေ ကျေနပ်သွားကြတာ အမှန်ပါဘဲ။
.
ပြီးခ့ဲတ့ဲ စက်တင်ဘာလအတွက်လဲ နှစ်ယောက်ချီးမြှင့်ပါတယ်။ တယောက်ကတော့ ဖေ့ဘုတ်ပေါ်မှာ နာမည်ကျော်ပြီးသား သိန်းသောင်းချီတန်တ့ဲ ရတနာတွေ တက်စီပေါ်မှာ ကျန်ခ့ဲတာ ပြန်ပေးခ့ဲတ့ဲ ကိုသန်းထိုက်ကျော် ပါ။ နောက်တယောက်က ကျန်းမာရေးမှူး ကိုသန့်ဇင်ဦး ပါ။ သူ့အကြောင်းက လူသိပ်မသိပါဘူး။ ဝေးလံလှတ့ဲ နာဂတောင်တန်းပေါ်မှာ ကူးစက်ရောဂါဖြစ်နေတာကို ရပ်တန့်အောင် ကိုယ်ကျိုးမဖက် ကုသပေးခ့ဲတ့ဲအတွက်ပါ။
.
ခုလို လူမျိုးတွေကို ရွေးချယ်ဆုပေးတ့ဲအတွက် ပြည်သူများအကြား၊ အထူးသဖြင့် လူငယ်များမှာ အားကျစိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလိုဘဲ ကျောင်းတွေမှာ သူတို့အကြောင်းတွေ ပြောပြပေးနိုင်ရင် အကျိုးရှိပါမယ်။ ကောင်းတ့ဲအလုပ်လုပ်ရင် သာမန်လူတွေလဲ အသိအမှတ်ပြုခံရနိုင်တယ်ဆိုတ့ဲစိတ် လူငယ်တွေ ရသွားနိုင်ပါတယ်။ ဆုဆိုတာ တမင်ရအောင် လုပ်နေစရာမလိုဘူး။ ကောင်းတ့ဲအလုပ် လုပ်နေရင် ကောင်းတ့ဲအရာ ပြန်ရမှာဘဲလို့ လူငယ်တွေ သိစေချင်ပါတယ်။
.
ကဲ ..... နောက်လတွေမှာလဲ နိုင်ငံတော်အတိုင်ပင်ခံ၏ ဂုဏ်ပြုလွှာ ဘယ်သူတွေရဦးမလဲ စောင့်ကြည့်ကြစို့လားဗျာ။
XxXxXx
(Zawgyi version )
.
ဒီနေရာမှာ ဆုရဲ့တန်ဖိုးက ချီးမြှင့်တဲ့သူရဲ့ တန်ဖိုးအပေါ် မူတည်သလို အချီးမြှင့်ခံရသူ တနည်း ဆုရွေးချယ်ပုံအပေါ်လည်း မူတည်ပါတယ်။
.
.
.
.
.
.
27 August 2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၊
ရခိုင်ပြည်နယ်ထဲကို ရောက်နေတ့ဲ ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဂါနာနိုင်ငံသား ခရစ်ယာန်ကိုးကွယ်သူ ကိုဖီအာနန်ကို ခန့်လိုက်လို့ ကန့်ကွက်သူတွေ ပေါ်လာပါတယ်။ အဓိကကန့်ကွက်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDအစိုးရ နာမည်ကောင်းရမှာစိုးနေတ့ဲ ဖွတ်ပါတီနဲ့ တစ်ပူးသတင်းစာ တို့ပါဘဲ။ ကြားထဲက လုပ်ကြံချင်နေတ့ဲ မျိုးနှစ်တွေလဲ ပါတာပေါ့ခင်ဗျ။
.
နားယောင်သွားနိုင်သူတွေ ရှိနိုင်တ့ဲအတွက် တနိုင်တပိုင် ပြန်ရှင်းပြချင်ပါတယ်။ ပထမဦးဆုံး ကိုဖီအာနန်သည် အသားမဲတာကလွဲပြီး ကုလားလဲမဟုတ်၊ မူစလင်ဘာသာ ကိုးကွယ်သူလဲ မဟုတ်ရပါ။ အာဖရိကတိုက်သားဖြစ်၍ အသားမဲတာသာဖြစ်ပြီး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ပညာတတ်တယောက်ပါ။ ဒေါ်စုလိုဘဲ နိုဘယ်ငြိမ်းချမ်းရေးဆု ရခ့ဲသူတဦးပါ။ သူ့ကို ဒီလိုအဖွဲ့တခုမှာ ပါစေဖို့ မလွယ်ပါ။ ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေး မေတ္တာရပ်မှုကြောင့် ပါဝင်လာတာ ဖြစ်နိုင်ပါတယ်။
.
တချို့ ငပိန်းတွေ ဝါဒဖြန့်သလို ရခိုင်ပြည်နယ်မှ ဘင်္ဂလီအရေးသည် ပြည်တွင်းရေး သက်သက်မကပါ။ အနည်းဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဝင်ပတ်သက်နေပါတယ်။ ထို့အပြင် သူတို့လှေစီးထွက်ပြေးကြသဖြင့် ရောက်ရှိပတ်သက်ကုန်သည့် မလေးရှား ထိုင်း အင်ဒိုနီးရှားတို့ပါ ပတ်သက်နေသည့် အမှုဖြစ်နေပါပြီ။ ထို့ထက်ကြယ်ပြန့်သည်မှာ အရင်စစ်အစိုးရခေတ်က စစ်အစိုးရကို မကြိုက်သည်နှင့် ပြည်တွင်းပြည်ပ လှုံူ့ဆော်မှုများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများလဲ ပတ်သက်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလီများကိုးကွယ်သည့် မူစလင်ဘာသာဝင်အချင်းချင်း လှော်ပေးမှုကလဲ အရှေ့အလယ်ပိုင်းနိုင်ငံအများစုလဲ ပတ်သက်နေပါပြီ။ အင်အားကြီးမီဒီယာများကလဲ စစ်အစိုးရခေတ်က စစ်အစိုးရကိုဆန့်ကျင်ရင်း ပါဝင်ပတ်သက်နေတာ အားလုံးအသိပင်ဖြစ်ပါတယ်။
.
ဤမျှအထိ ကြယ်ပြန့်နေသည့် ကိစ္စမျိုးကို မိမိတို့ နိုင်ငံအတွင်း လက်သီးလက်မောင်းတန်း အော်နေယုံနှင့် မထိရောက်နိုင်ပါ။ လူငါးဆယ်လောက် စီတန်းလှည့်လည်နေလျှင် ကားလမ်းပိတ်တာသာ အဖတ်တင်ပါလိမ့်မယ်။ မိမိတိုင်းပြည်ထဲမှ လူများနှင့်သာ ဆုံးဖြစ်လျင်လည်း ကိုယ့်ဖဲကိုယ်ချိုးသည့် လုပ်ရပ်အဖြစ် ကမ္ဘာက သတ်မှတ်ခံရပါလိမ့်မယ်။ ထို့အတွက် အကောင်းဆုံးကတော့ ကမ္ဘာက လက်ခံနိုင်မည့် ပုဂ္ဂိုလ်များ ထည့်သွင်းဆုံးဖြတ်စေခြင်း ဖြစ်ပါတယ်။ တကယ်တော့ ကိုဖီအာနန်လို လူမျိုးကို မြန်မာနှင့်ပတ်သက်သည့် မည်သည့်ကိစ္စမျိုးအတွက်မှ ယခင်ကဆို ခေါ်၍ ရမည်မဟုတ်ပါ။ ယခုလက်ရှိ အစိုးရထဲမှာ ကမ္ဘာက ကြည်ညိုဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်ရှိနေလို့သာ လက်ခံတာမျိုးဖြစ်မှာပါ။ ငွေရေးကြေးရေး လူမျိုးရေး ဘာသာရေးတ့ိုနှင့် လုံးဝမပတ်သက်နိုင်ပါ။
.
နောက်ဆုံးအရေးကြီးသည့်အချက်မှာ ဤအဖွဲ့သည် အကြံပေးအဖွဲ့သာ ဖြစ်ပါတယ်။ အဆုံးစွန်အနေဖြင့် ဆုံးဖြတ်ချက်ကို မကြိုက်ပါက အကောင်အထည် မဖော်ဖို့သာ ရှိပါတယ်။ ကိုဖီအာနန်လိုလူကလဲ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်အလုပ်မျိုး လုပ်မည်မထင်ပါ။ လုပ်ပါကလည်း အဖွဲ့ထဲပါသည့် မြန်မာ(ရခိုင်)များကလဲ လက်သင့်ခံမည် မဟုတ်ပါ။ ထို့အတွက် ယခုကိစ္စသည် လူပိန်းယောင်ဆောင်များ ပြောနေကြသလို ဝင်ရောက်စွက်ဖက်ခံရသည့် ကိစ္စမဟုတ်ဘဲ ဝမ်းမြောက်စွာ ကြိုဆိုရမည့် ကိစ္စဖြစ်ပါကြောင်း ယောင်တောင်တောင်ဖြစ်နေသူများ သိစေအပ်ပါသည်ခင်ဗျား။ ။
XxXxXx
(Zawgyi version )
ရခိုင်ပြည်နယ်ထဲကို ရောက်နေတဲ့ ဘင်္ဂလီအရေးနဲ့ ပတ်သက်လို့ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဂါနာနိုင်ငံသား ခရစ်ယာန်ကိုးကွယ်သူ ကိုဖီအာနန်ကို ခန့်လိုက်လို့ ကန့်ကွက်သူတွေ ပေါ်လာပါတယ်။ အဓိကကန့်ကွက်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDအစိုးရ နာမည်ကောင်းရမှာစိုးနေတဲ့ ဖွတ်ပါတီနဲ့ တစ်ပူးသတင်းစာ တို့ပါဘဲ။ ကြားထဲက လုပ်ကြံချင်နေတဲ့ မျိုးနှစ်တွေလဲ ပါတာပေါ့ခင်ဗျ။
.
.
.
.
22 August 2016
လက်ဝှေ့ချန်ပီယံ မိုဟာမက်အလီ
(Unicode version)
ဟောလီးဝုဒ်ရဲ့ ကြော်ကြားသူများ လမ်းမကြီးမှာ နာမည်ကျော်အနုပညာရှင်များရဲ့ အမည်နဲ့လက်ရာများပါတ့ဲ ကြယ်များပြုလုပ် ဂုဏ်ပြုထားပါတယ်။ ယခုချိန်အထိ နာမည်ကြီး အနုပညာရှင် ၂၅၀၀ကျော်ရဲ့ ကြယ်များကို ပလက်ဖောင်းပေါ်မှာ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
.
တခုတည်းသော အမှတ်တရကြယ်ကတော့ ပလက်ဖောင်းပေါ်မှာ ခင်းမထားဘဲ နံရံပေါ်မှာ ချိတ်ထားပါတယ်။ သူကတော့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ သုံးကြိမ်ရဘူးတ့ဲ ကပ်စီးယပ်စ်ကလေး ခေါ် မိုဟာမက်အလီဘဲ ဖြစ်ပါတယ်။ အများစုလို ပလက်ဖောင်းပေါ်မှာ ပြမထားဘဲ ကိုဒက်ဇတ်ဖျော်ဖြေရေး အဆောက်အဦးနံရံမှာ ပြထားတာပါ။ ဆုံးဖြတ်ရေးအဖွဲ့က လက်ဝှေ့သည်လဲ တိုက်ရိုက်ထုတ်လွင့်ပြသတ့ဲ ဖျော်ဖြေရေးတမျိုးဖြစ်တယ်ဆိုပြီး ခွင့်ပြုခ့ဲတာပါ။
.
နံရံမှာ ချိတ်စေချင်တ့ဲအကြောင်းကို ဂုဏ်ပြုခံရစဉ်က အသက်၅၉နှစ် ရှိပြီဖြစ်တ့ဲ အလီက ပြောပြပါတယ်။ ”သူ့ကို မလေးစားသူတွေ ဒီကြယ်ပေါ်က ဖြတ်မလျှောက်စေချင်ဘူး” လို့ ပြောခ့ဲတာပါ။ အလီတဦးထဲရဲ့ ကြယ်ဘဲ နံရံပေါ်မှာ ရှိနေတာပါ။
.
နာမည်ကျော် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အလီဟာ ငယ်စဉ် အိုလံပစ်ချန်ပီယံ ဖြစ်ပြီးအချိန်မှာတောင် အသားအရောင် ခွဲခြားခြင်း ခံခ့ဲရပါတယ်။ အသက် ၇၄နှစ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခ့ဲပါတယ်။ မကွယ်လွန်ခင် နှစ်သုံးဆယ်ခန့် ပါကင်ဆန်ရောဂါ ခံစားခ့ဲရပါတယ်။ ကြီးကြယ်သော အနုပညာရှင်အဖြစ် ချီးမြှောက်ခံရတ့ဲ လက်ဝှေ့သမားတဦးပါ။
XxXxXx
(Zawgyi version )
.
.
.
နာမည်ကျော် ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အလီဟာ ငယ်စဉ် အိုလံပစ်ချန်ပီယံ ဖြစ်ပြီးအချိန်မှာတောင် အသားအရောင် ခွဲခြားခြင်း ခံခဲ့ရပါတယ်။ အသက် ၇၄နှစ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ မကွယ်လွန်ခင် နှစ်သုံးဆယ်ခန့် ပါကင်ဆန်ရောဂါ ခံစားခဲ့ရပါတယ်။ ကြီးကြယ်သော အနုပညာရှင်အဖြစ် ချီးမြှောက်ခံရတဲ့ လက်ဝှေ့သမားတဦးပါ။