30 December 2009

ဘာပါလိမ့်

လူကြီးကို ကန်တော့ဖို့ တော့ ဟုတ်မယ်မထင်ပါဘူး။ အမှိုက်တွေပါနေတယ်။

XxXxXx


လူၾကီးကို ကန္ေတာ့ဖို႔ ေတာ့ ဟုတ္မယ္မထင္ပါဘူး။ အမႈိက္ေတြပါေနတယ္။


--
ammon


22 December 2009

ကံဆိုး ၊ ကံကောင်း

(Unicode version )

ယနေ့ မြန်မာနိုင်ငံတွင် နေသူများသည် အနည်းနှင့်အများသာ ကွာ၍ စိတ်မချမ်းသာ သူများနေသည်ကို သတိထားမိပါသည်။ တကယ်ကတော့ သက်ရှိ သတ္တဝါဟူ၍ ဖြစ်လာကတည်းက ဒုက္ခ ဆင်းရဲကို ကြုံရမည်မှာ တရားသဘောပင်။ သို့သော် လက်တွေ့ ကြုံနေသူများသည် တစ်မျိုး စဉ်းစား နေကြတာ တွေ့ရပါသည်။ တိုင်းပြည်ဆင်းရဲ၍ မိမိတို့ စိတ်ညစ်နေကြရသည်ဟု ထင်နေကြပါသည်။

တိုင်းပြည် ဆင်းရဲနေရခြင်းကို များစွာသော သူများသည် လက်ရှိ အစိုးရ အုပ်ချုပ်သူများကို ပထမဆုံး အပစ်တင်ကြတာ များပါသည်။ ဟိုကောင်ကြီး အသုံးမကျ၍၊ ဒီကောင်ကြီး အသုံးမကျ၍ စသည်ဖြင့် အပစ်တင်ကြသည်။ တစ်ချို့ကျတော့ နဲနဲစောစောက အုပ်ချုပ််သွားသူ ဦးနေ၀င်းဧ။် တော်လှန်ရေးကောင်စီ အစိုးရကို လှမ်းအပစ် တင်တာလဲ ကြားဖူးပါသည်။ ထိုဗိုလ်ချုပ်ကြီး ဗူး တတ်တာကလွဲ၍ ဘာမှ မလုပ်တတ်သဖြင့် တိုင်းပြည်ဆင်းရဲသွားပြီး ခုကောင်တွေ အာဏာရလာတာဟု ပြောကြသည်။

ပိုပြီး ရှေးမှီသူများက ဟိုရှေးရှေးက အုပ်ချုပ်သွားသူ ဦးနု အစိုးရ ကိုလဲ အပစ်တင်ကြပါသည်။ ဒီမိုကရေစီ စံနစ် ကျင့်သုံးနေပါလျှက် အာဏာကိုတစ်ဦးတည်း ရှည်ကြာစွာရယူလိုလာ၍ မိမိကိို ပုဂ္ဂိုလ်ရေး ကြည်ညို မှုကို အလွဲသုံးစား လုပ်လွန်းသဖြင့် အာဏာသိမ်း ခံရပြီး အဆုံးသတ်ခ့ဲရသည်။ ထို့ထက် ဆိုးရွားစွာ အပစ်တင်တာလည်း ကြားဖူးပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုတောင်အပစ်တင်တာ ကြားဖူးပါသည်။ အင်္ဂလိပ်က လွတ်လပ်ရေးပေးတော့မှာ ကို ဆန္ဒစောပြီး အတင်းတောင်းသည်၊ မဟုတ်ပါက အချိန်တန်လျှင် တိုင်းပြည် မပင်ပန်းဘဲ လွတ်လပ်ရေး ရမည်။ ဓနသဟာယ အဖွဲ့၀င် နိုင်ငံလည်းဖြစ်ပြီး တိုင်းပြည်ဆင်းရဲစရာ မရှိဟူဧ။် ။

တရားကျစရာကောင်းပါသည်။ တကယ်က သေချာစဉ်းစားကြည့်လျှင် အုပ်ချုပ်သူများဧ။် အပစ်လည်းပါပါသည်။ သို့သော် အုပ်ချုပ်ခံရသူများဧ။် ကံမကောင်းမှုကသာ အဓိကကျပါသည်။ နှစ်ဦးနှစ်ဖက် တစ်ချိန်တည်း ကံဆိုးနေချိန်တွင် ကံဆိုးနေတာချင်းအတူတူ အုပ်ချုပ်သူက ကံသာနေသည်မှာ သေချာပါသည်။ အုပ်ချုပ်ခံနေရသူများ ကံကောင်းလျှင် အုပ်ချုပ်သူအညံ့များ တက်မလာမှာ သေချာပါသည်။

ဒီတော့ အုပ်ချုပ်ခံနေရသူများ ဘယ်သူ့ကိုမှ အပစ်တင်မနေဘဲ ကံကောင်းအောင် လုပ်ရပါမည်။ ကံ ဆိုသည်မှာ ခက်ခက်ခဲခဲ မဟုတ်ဘဲ စေတနာကောင်းကောင်းဖြင့် အလုပ် လုပ်ခြင်းသာ ဖြစ်ပါသည်။ ယနေ့မှစ၍ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများသည် အစိုးရကို သဘောမကျလျှင်လည်း မိမိတို့အချင်းချင်း စေတနာထား ကူညီကြပါ။ တစ်ဦးနဲ့တစ်ဦး ဂျောက်မတွန်းကြပါနှင့်။ မညစ်ကြပါနှင့်။ အနည်းဆုံး တန်းစီနေသည်ကို တွေ့လျှက်နှင့် ကြားမဖြတ်ကြပါနှင့်။ မိမိအတတ်နိုင်ဆုံး စိတ်ကောင်းလေးများ ထားခြင်းဖြင့် အစပြုကြပါ။

အတိတ်က အကုသိုလ်မကုန်သေး၍ ရုတ်တရက် မပြောင်းလဲသေးလျှင်လည်း လက်ရှိဘ၀တွင် နောက်ထပ် အကုသိုလ် မပွားပါစေတော့နှင့်။ သူများ ချမ်းသာ၍ လှုတာ တမ်းတာ ပေးတာ ကမ်းတာ တွေ့နေလျှင်လည်း မုဒိတာ မပွားနိုင်လျှင် ဥပေက္ခာပြုထားပါ။ ဒီကောင်က ပေးနိုင်မှာပေါ့။ ဘယ်ကနေ ဘယ်လို ရထားတာလေ ဟု ပွားမနေကြပါနဲ့တော့။ ဘေးထိုင် ဘိုင်ကျ ဘုပြောနေခြင်းသည် ဘာမျှအကျိုးမရှိတာ လူတိုင်းသိပါသည်။

ကိုယ်ချင်းစာပါသည်။ တစ်ခါတည်း သူတော်စင်လို မကျင့်နိုင်မှန်းသိပါသည်။ သတိလေးထား၍ တတ်နိုင်သလောက်လေး ထိမ်းစေလိုတာ သာဖြစ်ပါသည်ခင်ဗျား။ ။


XxXxXx

(Zawgyi version)

ယေန႔ ျမန္မာႏိုင္ငံတြင္ ေနသူမ်ားသည္ အနည္းႏွင့္အမ်ားသာ ကြာ၍ စိတ္မခ်မ္းသာ သူမ်ားေနသည္ကို သတိထားမိပါသည္။ တကယ္ကေတာ့ သက္႐ွိ သတၱ၀ါဟူ၍ ျဖစ္လာကတည္းက ဒုကၡ ဆင္းရဲကို ၾကံဳရမည္မွာ တရားသေဘာပင္။ သို႔ေသာ္ လက္ေတြ႕ ၾကံဳေနသူမ်ားသည္ တစ္မ်ိဳး စဥ္းစား ေနၾကတာ ေတြ႕ရပါသည္။ တိုင္းျပည္ဆင္းရဲ၍ မိမိတို႔ စိတ္ညစ္ေနၾကရသည္ဟု ထင္ေနၾကပါသည္။
တိုင္းျပည္ ဆင္းရဲေနရျခင္းကို မ်ားစြာေသာ သူမ်ားသည္ လက္႐ွိ အစိုးရ အုပ္ခ်ဳပ္သူမ်ားကို ပထမဆံုး အပစ္တင္ၾကတာ မ်ားပါသည္။ ဟိုေကာင္ႀကီး အသံုးမက်၍၊ ဒီေကာင္ႀကီး အသံုးမက်၍ စသည္ျဖင့္ အပစ္တင္ၾကသည္။ တစ္ခ်ိဳ႕က်ေတာ့ နဲနဲေစာေစာက အုပ္ခ်ဳပ္္သြားသူ ဦးေန၀င္းဧ။္ ေတာ္လွန္ေရးေကာင္စီ အစိုးရကို လွမ္းအပစ္ တင္တာလဲ ၾကားဖူးပါသည္။ ထိုဗိုလ္ခ်ဳပ္ႀကီး ဗူး တတ္တာကလြဲ၍ ဘာမွ မလုပ္တတ္သျဖင့္ တိုင္းျပည္ဆင္းရဲသြားျပီး ခုေကာင္ေတြ အာဏာရလာတာဟု ေျပာၾကသည္။
ပိုၿပီး ေ႐ွးမွီသူမ်ားက ဟိုေ႐ွးေ႐ွးက အုပ္ခ်ဳဳပ္သြားသူ ဦးႏု အစိုးရ ကိုလဲ အပစ္တင္ၾကပါသည္။ ဒီမိုကေရစီ စံနစ္ က်င့္သံုးေနပါလွ်က္ အာဏာကိုတစ္ဦးတည္း ႐ွည္ၾကာစြာရယူလိုလာ၍ မိမိကိုိ ပုဂၢိဳလ္ေရး ၾကည္ညိဳ မႈကို အလြဲသံုးစား လုပ္လြန္းသျဖင့္ အာဏာသိမ္း ခံရၿပီး အဆံုးသတ္ခ့ဲရသည္။ ထို႔ထက္ ဆိုး႐ြားစြာ အပစ္တင္တာလည္း ၾကားဖူးပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုေတာင္အပစ္တင္တာ ၾကားဖူးပါသည္။ အဂၤလိပ္က လြတ္လပ္ေရးေပးေတာ့မွာ ကို ဆႏၵေစာၿပီး အတင္းေတာင္းသည္၊ မဟုတ္ပါက အခ်ိန္တန္လွ်င္ တိုင္းျပည္ မပင္ပန္းဘဲ လြတ္လပ္ေရး ရမည္။ ဓနသဟာယ အဖြဲ႔၀င္ ႏိုင္ငံလည္းျဖစ္ၿပီး တိုင္းျပည္ဆင္းရဲစရာ မ႐ွိဟူဧ။္ ။
တရားက်စရာေကာင္းပါသည္။ တကယ္က ေသခ်ာစဥ္းစားၾကည့္လွ်င္ အုပ္ခ်ဳပ္သူမ်ားဧ။္ အပစ္လည္းပါပါသည္။ သို႔ေသာ္ အုပ္ခ်ဳပ္ခံရသူမ်ားဧ။္ ကံမေကာင္းမႈကသာ အဓိကက်ပါသည္။ ႏွစ္ဦးႏွစ္ဖက္ တစ္ခ်ိန္တည္း ကံဆိုးေနခ်ိန္တြင္ ကံဆိုးေနတာခ်င္းအတူတူ အုပ္ခ်ဳပ္သူက ကံသာေနသည္မွာ ေသခ်ာပါသည္။ အုပ္ခ်ဳပ္ခံေနရသူမ်ား ကံေကာင္းလွ်င္ အုပ္ခ်ဳပ္သူအညံ့မ်ား တက္မလာမွာ ေသခ်ာပါသည္။
ဒီေတာ့ အုပ္ခ်ဳပ္ခံေနရသူမ်ား ဘယ္သူ႔ကိုမွ အပစ္တင္မေနဘဲ ကံေကာင္းေအာင္ လုပ္ရပါမည္။ ကံ ဆိုသည္မွာ ခက္ခက္ခဲခဲ မဟုတ္ဘဲ ေစတနာေကာင္းေကာင္းျဖင့္ အလုပ္ လုပ္ျခင္းသာ ျဖစ္ပါသည္။ ယေန႔မွစ၍ ျမန္မာႏိုင္ငံသူ ျမန္မာႏိုင္ငံသားမ်ားသည္ အစိုးရကို သေဘာမက်လွ်င္လည္း မိမိတို႔အခ်င္းခ်င္း ေစတနာထား ကူညီၾကပါ။ တစ္ဦးနဲ႔တစ္ဦး ေဂ်ာက္မတြန္းၾကပါႏွင့္။ မညစ္ၾကပါႏွင့္။ အနည္းဆံုး တန္းစီေနသည္ကို ေတြ႔လွ်က္ႏွင့္ ၾကားမျဖတ္ၾကပါႏွင့္။ မိမိအတတ္ႏိုင္ဆံုး စိတ္ေကာင္းေလးမ်ား ထားျခင္းျဖင့္ အစျပဳၾကပါ။
အတိတ္က အကုသိုလ္မကုန္ေသး၍ ႐ုတ္တရက္ မေျပာင္းလဲေသးလွ်င္လည္း လက္႐ွိဘ၀တြင္ ေနာက္ထပ္ အကုသိုလ္ မပြားပါေစေတာ့ႏွင့္။ သူမ်ား ခ်မ္းသာ၍ လႈတာ တမ္းတာ ေပးတာ ကမ္းတာ ေတြ႔ေနလွ်င္လည္း မုဒိတာ မပြားႏိုင္လွ်င္ ဥေပကၡာျပဳထားပါ။ ဒီေကာင္က ေပးႏိုင္မွာေပါ့။ ဘယ္ကေန ဘယ္လို ရထားတာေလ ဟု ပြားမေနၾကပါနဲ႔ေတာ့။ ေဘးထိုင္ ဘိုင္က် ဘုေျပာေနျခင္းသည္ ဘာမွ်အက်ိဳးမ႐ွိတာ လူတိုင္းသိပါသည္။
ကိုယ္ခ်င္းစာပါသည္။ တစ္ခါတည္း သူေတာ္စင္လို မက်င့္ႏိုင္မွန္းသိပါသည္။ သတိေလးထား၍ တတ္ႏိုင္သေလာက္ေလး ထိမ္းေစလိုတာ သာျဖစ္ပါသည္ခင္ဗ်ား။ ။

06 December 2009

chance


(Unicode version)

သရေပင်တစ်ပင် ဝါးရုံပေါ်ပစ်လိုက်တာ ချိတ်နေပါတယ်။


XXXXXXX

(Zawgyi version)

သေရပင္တစ္ပင္ ၀ါး႐ံုေပၚပစ္လိုက္တာ ခ်ိတ္ေနပါတယ္။