27 August 2013

သစ်ခွနက်


(Unicode version)

သစ်ခွနက် ဆိုတာ မကြားဖူးခင် ပုလဲနက်ဆိုတ့ဲ စကားလုံးကို အယင်ကြားဖူးတာပါ။ ဘရာဇီး ကမ္ဘာကျော်ဘောလုံးသမား ပီလီကို သူ့ရဲ့တန်ဘိုးနဲ့ အသားအရောက်ကိုပေါ်လွင်အောင် ပေးထားတ့ဲ အမည်ပါ။ တကယ်လဲ ပုလဲနက်က အနက်ရောက်ရှိပါတယ်။



သစ်ခွနက်ဆိုပြီး Readers Digest မှာတွေ့တော့ ပုံမှာမြင်တ့ဲ အတိုင်းပါဘဲ။ အနက်စင်းလေးတွေသာ တွေ့ရပါတယ်။ မြန်မာပြည်မြောက်ဖျား ပူတာအိုမှာ စိုက်ထားနိုင်ပြီလို့ ရေးထားပါတယ်။ အင်တာနက်မှာရှာကြည့်တော့ အနက်ရောင်သစ်ခွပွင့်ပုံ တွေ့ရပါတယ်။



သေချာတာကတော့ အင်မတန်ရှားပါးပြီး တော်တော်တန်ဖိုးရှိတယ်ပြောပါတယ်။



XxXxXx

(Zawgyi version)

 သစ္ခြနက္ ဆိုတာ မၾကားဖူးခင္ ပုလဲနက္ဆိုတ့ဲ စကားလံုးကို အယင္ၾကားဖူးတာပါ။ ဘရာဇီး ကမာၻေက်ာ္ေဘာလံုးသမား ပီလီကို သူ႕ရဲ့တန္ဘိုးနဲ႔ အသားအေရာက္ကိုေပၚလြင္ေအာင္ ေပးထားတ့ဲ အမည္ပါ။ တကယ္လဲ ပုလဲနက္က အနက္ေရာက္႐ွိပါတယ္။

သစ္ခြနက္ဆိုၿပီး Readers Digest မွာေတြ႕ေတာ့ ပံုမွာျမင္တ့ဲ အတိုင္းပါဘဲ။  အနက္စင္းေလးေတြသာ ေတြ႕ရပါတယ္။ ျမန္မာျပည္ေျမာက္ဖ်ား ပူတာအိုမွာ စိုက္ထားႏိုင္ၿပီလို႔ ေရးထားပါတယ္။ အင္တာနက္မွာ႐ွာၾကည့္ေတာ့ အနက္ေရာင္သစ္ခြပြင့္ပံု ေတြ႕ရပါတယ္။

ေသခ်ာတာကေတာ့ အင္မတန္႐ွားပါးၿပီး ေတာ္ေတာ္တန္ဖိုး႐ွိတယ္ေျပာပါတယ္။

16 August 2013

မင်းလူ - အမှတ်တရ

(Unicode version)

၁၉၈၁-၈၂ အချိန်များက ဖြစ်ပါသည်။ ထိုအချိန်က စနေနေ့

နေ့တ၀က်ကျောင်းတက်ရသေးသည်။ တစ်ရက်သော စနေနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်

၀ိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ် သိပ္ပံခန်းမတွင် စာပေဟောပြောပွဲ

တစ်ခုကျင်းပခ့ဲတာကို မှတ်မိပါသေးသည်။ နှစ်သုံးဆယ်ကျော်ပြီးဖြစ်သဖြင့်

အသေးစိတ်မမှတ်မိသော်လည်း မှတ်မိတာလေး ပြန်ရေးပါရစေ။



စာပေဟောပြောပွဲ ခေါင်းစဉ်က သာဓုနှင့်သားများ စာပေဟောပြောပွဲ။

ခန်းမကြီးတစ်ခုလုံးပြည့်သွားအောင် အားပေးကြတာ မှတ်မိသေးသည်။ စာရေးဆရာသာဓု

၊ သားများဖြစ်ကြသော မောင်၀ဏ္ဏ၊ သုမောင် နှင့် မင်းလူတို့ ဟောပြောကြပါသည်။

စင်ပေါ်တွင် သူတို့လေးဦး စထိုင်ကတည်းက ကျွန်တော်က သဘောကျနေသည်။ ဒီ လေးဦး

တစ်ခါမှ မတွေ့ဘူးသည့် ပုံစံတွေနှင့် ခပ်တည်တည်ထိုင်သည်။ စင်အောက်မှာတောင်

နှုတ်ဆက်ကြ စကားပြောခ့ဲကြရ့ဲလား မသိပါ။



ပထမဦးစွာ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓုမှ ပြောပါသည်။ မှတ်မိသလောက်

သာဓု လူဝါး၀တယ် စာအုပ်အကြောင်းပြောခ့ဲသည်ဟု ထင်ပါသည်။ မှားလျှင်လည်း

ခွင့်လွှတ်ကြပါ။ ပြောချင်တာက ဒီအကြောင်းများ မဟုတ်ပါ။ ထို့နောက် မောင်၀ဏ္ဏက

ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း အကြောင်း ပြောသည်ထင်သည်။ ထားလိုက်ပါတော့။

နောက် စာရေးဆရာ ဘ၀ သာရှိသေးသော သုမောင်က အချစ်၀ထၳုအကြောင်းပြောခ့ဲသည်

ထင်ပါသည်။



ခုမှ ပြောချင်သည့် အကြောင်းစပါမည်။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်

မင်းလူပြောပါတော့သည်။ အဖေနှင့်အကိုများရှေ့တွင် ပြောရတာ သူ့အဖို့

လွယ်မည်မဟုတ်ပါ။ နာမည်ကြီးတွေသာမက ဝါပါ ကြီးသောသူများ မဟုတ်ပါလား။

ဆရာမင်းလူက သူ့အဖေအကြောင်းနှင့် စဖွင့်ခ့ဲပါသည်။



ဟိုးဖက်အစွန်းဆုံးမှာ ထိုင်နေတာ နိုင်ငံကျော်အနုပညာရှင်ကြီး ဖြစ်ပါတယ်။

ရုပ်ရှင်လည်းအောင်မြင်၊ စာရေးတာလဲ အောင်မြင်သူပါ။ ဒါပေမ့ဲ သူ့သားတွေကို

နာမည်ပေးတာတော့ အင်မတန်ကို လွဲနေပါတယ်။ ပထမဆုံးမွေးလာတ့ဲ သားကို ပါဠိလို

အမည်ပေးပါတယ်။ အာယု တ့ဲ။ မြန်မာလို အသက်ရှည်ခြင်းပေါ့။ ငယ်စဉ်ကတည်းက

ဆုံးသွားပါတယ်။ ဒီနေရာမှာပင် လွန်စွာပွဲကျနေပြီ။ ဦးသာဓုကတော့

နားလေးသူပီပီ ဘာမှကြားဟန်မတူ။ ခပ်တည်တည်ပင် ထိုင်နေသည်။



နောက်တစ်ယောက်မွေးတော့ မမှတ်သေးဘူး။ ဆက်နာမည်ပေးပါသည်။ ၀ဏ္ဏ တ့ဲ

ကောင်းလိုက်ပုံများ။ မြန်မာလို အဆင်းလှခြင်းပေါ့။ မြင်တ့ဲအတိုင်းပါဘဲဗျာ။

ပွဲကျ သွားပြန်ပါသည်။ သိ သညိ့အတိုင်း မောင်၀ဏ္ဏမှာ မုတ်ဆိတ်မွှေး၊

နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင် ဗိုသီဘတ်သီနှင့်ပါ။ သူ့အကြောင်း

မဟုတ်သလိုနှင့် မျက်မှောင်ကုတ်ပြီး အရမ်းအရေးကြီးသည့် ကိစ္စကို

စဉ်းစားဟန်လုပ်နေသည်။



ဆက်ပါသည်။ နောက်တစ်ယောက်ကျ ဗလ တ့ဲ။ အင်အားကြီးခြင်းပေါ့။ ခွန်အားကတော့

မြင်တဲအတိုင်းပါဘဲ။ ထိုစဉ်က ဦးသုမောင်မှာ ပိန်တာမှ ရှိုက်ကုန်းကလေးလို

ဖြစ်နေချိန်၊ ပွဲကျပြန်တာပေါ့။ နောက်တစ်ယောက်ကျတော့ ရုပ တ့ဲ။ ဂလန်ဂလားနဲ့

ဘယ်လိုလုပ် အဆင်းလှမလည်းဗျာ။ သူကလည်း ဘောလုံးသာကန်နေသူပါ။ အကိုမောင်၀ဏ္ဏ၏

ရုပ်ရှင်နှစ်ကားလောက်တွင် သရုပ်ဆောင်ဘူးသည်။ ပုံမလာပါ။



နောက်ဆုံးတစ်ယောက်ကျတော့ ဉာဏ တ့ဲ။ ( ဉာဏ်ပေါ်) ဟုခေါ်သော ကျွန်တော်ပေါ့။

ပညာကြီးခြင်းပေါ့။ ၀ိဇ္ဖာဘွဲ့လေးရဘို့ ငါးနှစ်လောက်ကျောင်းတက်လိုက်ရတယ်။

စာလဲ တစ်ခါမှ မတော်ဘူးပါဗျာ။ ပွဲကျသွားပါသည်။ စကားလုံး အတိအကျ

မဖြစ်သော်လည်း အကြောင်းအရာတော့ သေချာပါသည်။



ခုတော စင်ပေါ်က စာရေးဆရာများ အားလုံးမရှိတော့ပါ။ အနုပညာဝါသနာ မပါသူ

ဘောလုံးသမားတစ်ဦးသာ ကျန်တော့သည်။ မြန်မာစာပေလောကရဲ့ မိသားစုလိုက်

ထူးချွန်ခ့ဲသူတွေ။ နှမြောစရာ အလွန်ပါ။ ဆရာမင်းလူရေးခ့ဲဘူးသော

သော်တာဆွေတို့ ရောက်နေသော ဘုံတစ်ခုတွင် ဆုံနေကြလောက်ပြီ ထင်ပါသည်။



လွမ်းမယ်ဆိုယင်တော့ ခုနှစ်ကြိမ်၊ ခုနှစ်ခါ လွမ်းရပါတော့မည်။ ။

XxXxXx

(Zawgyi version)

၁၉၈၁-၈၂ အခ်ိန္မ်ားက ျဖစ္ပါသည္။ ထိုအခ်ိန္က စေနေန႔
ေန႔တ၀က္ေက်ာင္းတက္ရေသးသည္။ တစ္ရက္ေသာ စေနေန႔ ေန႔လည္ပိုင္းတြင္ ရန္ကုန္
၀ိဇၹာႏွင့္သိပၸံ တကၠသိုလ္ သိပၸံခန္းမတြင္ စာေပေဟာေျပာပြဲ
တစ္ခုက်င္းပခ့ဲတာကို မွတ္မိပါေသးသည္။ ႏွစ္သံုးဆယ္ေက်ာ္ၿပီးျဖစ္သျဖင့္
အေသးစိတ္မမွတ္မိေသာ္လည္း မွတ္မိတာေလး ျပန္ေရးပါရေစ။

စာေပေဟာေျပာပြဲ ေခါင္းစဥ္က သာဓုႏွင့္သားမ်ား စာေပေဟာေျပာပြဲ။
ခန္းမႀကီးတစ္ခုလံုးျပည့္သြားေအာင္ အားေပးၾကတာ မွတ္မိေသးသည္။ စာေရးဆရာသာဓု
၊ သားမ်ားျဖစ္ၾကေသာ ေမာင္၀ဏၰ၊ သုေမာင္ ႏွင့္ မင္းလူတို႔ ေဟာေျပာၾကပါသည္။
စင္ေပၚတြင္ သူတို႔ေလးဦး စထိုင္ကတည္းက ကၽြန္ေတာ္က သေဘာက်ေနသည္။ ဒီ ေလးဦး
တစ္ခါမွ မေတြ႕ဘူးသည့္ ပံုစံေတြႏွင့္ ခပ္တည္တည္ထိုင္သည္။ စင္ေအာက္မွာေတာင္
ႏႈတ္ဆက္ၾက စကားေျပာခ့ဲၾကရ့ဲလား မသိပါ။

ပထမဦးစြာ စာေရးဆရာ ႐ုပ္႐ွင္ဒါ႐ိုက္တာ ဦးသာဓုမွ ေျပာပါသည္။ မွတ္မိသေလာက္
သာဓု လူ၀ါး၀တယ္ စာအုပ္အေၾကာင္းေျပာခ့ဲသည္ဟု ထင္ပါသည္။ မွားလွ်င္လည္း
ခြင့္လႊတ္ၾကပါ။ ေျပာခ်င္တာက ဒီအေၾကာင္းမ်ား မဟုတ္ပါ။ ထို႔ေနာက္ ေမာင္၀ဏၰက
ကတၱီပါဖိနပ္စီး ေ႐ႊထီးေဆာင္း အေၾကာင္း ေျပာသည္ထင္သည္။ ထားလိုက္ပါေတာ့။
ေနာက္ စာေရးဆရာ ဘ၀ သာ႐ွိေသးေသာ သုေမာင္က အခ်စ္၀ထၳဳအေၾကာင္းေျပာခ့ဲသည္
ထင္ပါသည္။

ခုမွ ေျပာခ်င္သည့္ အေၾကာင္းစပါမည္။ ေနာက္ဆံုးပိတ္ အိတ္နဲ႔လြယ္
မင္းလူေျပာပါေတာ့သည္။ အေဖႏွင့္အကိုမ်ားေ႐ွ႕တြင္ ေျပာရတာ သူ႔အဖို႔
လြယ္မည္မဟုတ္ပါ။ နာမည္ႀကီးေတြသာမက ၀ါပါ ႀကီးေသာသူမ်ား မဟုတ္ပါလား။
ဆရာမင္းလူက သူ႔အေဖအေၾကာင္းႏွင့္ စဖြင့္ခ့ဲပါသည္။

ဟိုးဖက္အစြန္းဆံုးမွာ ထိုင္ေနတာ ႏိုင္ငံေက်ာ္အႏုပညာ႐ွင္ႀကီး ျဖစ္ပါတယ္။
႐ုပ္႐ွင္လည္းေအာင္ျမင္၊ စာေရးတာလဲ ေအာင္ျမင္သူပါ။ ဒါေပမ့ဲ သူ႔သားေတြကို
နာမည္ေပးတာေတာ့ အင္မတန္ကို လြဲေနပါတယ္။ ပထမဆံုးေမြးလာတ့ဲ သားကို ပါဠိလို
အမည္ေပးပါတယ္။ အာယု တ့ဲ။ ျမန္မာလို အသက္႐ွည္ျခင္းေပါ့။ ငယ္စဥ္ကတည္းက
ဆံုးသြားပါတယ္။ ဒီေနရာမွာပင္ လြန္စြာပြဲက်ေနၿပီ။ ဦးသာဓုကေတာ့
နားေလးသူပီပီ ဘာမွၾကားဟန္မတူ။ ခပ္တည္တည္ပင္ ထိုင္ေနသည္။

ေနာက္တစ္ေယာက္ေမြးေတာ့ မမွတ္ေသးဘူး။ ဆက္နာမည္ေပးပါသည ၀ဏၰ တ့ဲ
ေကာင္းလိုက္ပံုမ်ား။ ျမန္မာလို အဆင္းလွျခင္းေပါ့။ ျမင္တ့ဲအတိုင္းပါဘဲဗ်ာ။
ပြဲက် သြားျပန္ပါသည္။ သိ သညိ့အတိုင္း ေမာင္၀ဏၰမွာ မုတ္ဆိတ္ေမႊး၊
ႏႈတ္ခမ္းေမႊး ထိုးထိုးေထာင္ေထာင္ ဗိုသီဘတ္သီႏွင့္ပါ။ သူ႔အေၾကာင္း
မဟုတ္သလိုႏွင့္ မ်က္ေမွာင္ကုတ္ၿပီး အရမ္းအေရးႀကီးသည့္ ကိစၥကို
စဥ္းစားဟန္လုပ္ေနသည္။

ဆက္ပါသည္။ ေနာက္တစ္ေယာက္က် ဗလ တ့ဲ။ အင္အားႀကီးျခင္းေပါ့။ ခြန္အားကေတာ့
ျမင္တဲအတိုင္းပါဘဲ။ ထိုစဥ္က ဦးသုေမာင္မွာ ပိန္တာမွ ႐ႈိက္ကုန္းကေလးလို
ျဖစ္ေနခ်ိန္၊ ပြဲက်ျပန္တာေပါ့။ ေနာက္တစ္ေယာက္က်ေတာ့ ႐ုပ တ့ဲ။ ဂလန္ဂလားနဲ႔
ဘယ္လိုလုပ္ အဆင္းလွမလည္းဗ်ာ။ သူကလည္း ေဘာလံုးသာကန္ေနသူပါ။ အကိုေမာင္၀ဏၰ၏
႐ုပ္႐ွင္ႏွစ္ကားေလာက္တြင္ သ႐ုပ္ေဆာင္ဘူးသည္။ ပံုမလာပါ။

ေနာက္ဆံုးတစ္ေယာက္က်ေတာ့ ဉာဏ တ့ဲ။ ( ဉာဏ္ေပၚ) ဟုေခၚေသာ ကၽြန္ေတာ္ေပါ့။
ပညာႀကီးျခင္းေပါ့။ ၀ိဇၹာဘြဲ႕ေလးရဘို႔ ငါးႏွစ္ေလာက္ေက်ာင္းတက္လိုက္ရတယ္။
စာလဲ တစ္ခါမွ မေတာ္ဘူးပါဗ်ာ။ ပြဲက်သြားပါသည္။ စကားလံုး အတိအက်
မျဖစ္ေသာ္လည္း အေၾကာင္းအရာေတာ့ ေသခ်ာပါသည္။

ခုေတာ စင္ေပၚက စာေရးဆရာမ်ား အားလံုးမ႐ွိေတာ့ပါ။ အႏုပညာ၀ါသနာ မပါသူ
ေဘာလံုးသမားတစ္ဦးသာ က်န္ေတာ့သည္။ ျမန္မာစာေပေလာကရဲ့ မိသားစုလိုက္
ထူးခၽြန္ခ့ဲသူေတြ။ ႏွေျမာစရာ အလြန္ပါ။ ဆရာမင္းလူေရးခ့ဲဘူးေသာ
ေသာ္တာေဆြတို႔ ေရာက္ေနေသာ ဘံုတစ္ခုတြင္ ဆံုေနၾကေလာက္ၿပီ ထင္ပါသည္။

လြမ္းမယ္ဆိုယင္ေတာ့ ခုႏွစ္ႀကိမ္၊ ခုႏွစ္ခါ လြမ္းရပါေတာ့မည္။ ။

14 August 2013

ဆရာမင်းလူသို့

ဆရာမင်းလူ ဆေးရုံတက်နေသည့်ပုံ တွေ့မိတယ်။

လုံး၀ စိတ်မကောင်းပါ။

ဆရာ ငယ်စဉ်က ရေးခ့ဲသော ကဗျာများကို ပြန်သတိရတော့

ခရု ခုံမိတယ်။

ခွင့်လွှတ်ကြပါကုန်။



ထားထားနွယ်သို့ အိပ်ဖွင့်ပေးကဗျာ



H5N1 ဗိုင်းရပ်ဆိုး

တစ်ချို့က ဆား ပိုးတ့ဲ၊

တရုပ်ပြည်မှာ ပြန့်နှံ့

ငါ လန့် လိမ့်မယ်ထင်သလား၊

အေ၀းကြီးမှ အေ၀းကြီး။ ။



H7N9 ဗိုင်းရပ်ဆိုး

အများက မား ပိုးတ့ဲ၊

အရှေ့အလယ်ပိုင်းမှာ ပြန့်နှံ့

ငါ လန့် လိမ့်မယ်ထင်သလား၊

အေ၀းကြီးမှ အေ၀းကြီး။ ။



လွန်ခ့ဲတ့ဲဆယ်နှစ်ကျော်

ငါချစ်တတ်တ့ဲ အရွယ်တော် ကတည်းက

H2N1 ဒါဏ် ခံ ခ့ဲရတ့ဲ ငါ ၊

ဆား လဲမကြောက်

မား လဲမကြောက်တော့ ။ ။



ဒီရောဂါက ဆား လိုလဲ မစွဲ

ဒီရောဂါက မား လိုလဲမစွဲ၊

ဒီ H2N1 က အသဲခွဲသွားတ့ဲရောဂါ

ဒီ တစ်သက်စာပါဘဲဗျို့။



ထားရက်ခ့ဲတယ် ထားထားနွယ် ရယ်။ ။



ပြီးပါပြီ။ ။ ။

10 August 2013

၈၈၈၈


(Unicode version)

       ကျွန်တော်နဲ့ ၈၈၈၈ ဟုပြောရမှာ တော်တော်မျက်နှာပူမိပါသည်။ လွန်ခ့ဲသော နှစ်ဆယ့်ငါးနှစ်က ကျွန်တော်ဘာလုပ်နေသလဲ ပြန်စဉ်းစားကြည့်တော့ ထိထိရောက်ရောက်ဘာမှ ပါတ်သက်ခ့ဲခြင်း မရှိပါ။ အလုပ်မသွားတော့ဘဲ မြို့ထဲသူများတွေ ဆန္ဒပြတာ နှစ်ကြိမ်လောက် သွားကြည့်တာဘဲ မှတ်မိပါသည်။ ကျွန်တော့်မြို့ထဲရုံး ဆန္ဒပြရာသို့ တစ်ကြိမ်သွားစဉ် လမ်းတွင်ရှိသေး၊ စစ်ကားများ မြို့ထဲရောက်လာ၍ဆိုကာ ဝါးကပ်များဖြင့်လမ်းသွယ်များကို ပိတ်လိုက်ရာ ကျွန်တော်တစ်ဦးထဲ ကုန်သည်လမ်းမပေါ်တွင် ယောင်ချာချာဖြစ်နေတာတော့ မှတ်မိသည်။ နေရပ် ဗဟန်းအထိ လမ်းလျှောက်ပြန်ရသည့်အပြင် ရပ်ကွက်ထဲသို့ ပြန်၀င်ရန် တော်တော်ပြော ၀င်ခ့ဲရပါသည်။



နောက်တစ်ခါ RIT ကျောင်းတော်ကြီးထဲမှာ မင်းကိုနိုင်တရားဟောမည်ဆို၍ သွားရာ နားမထောင်ခ့ဲရပါ။ ဖုန်းမော်ကျသည့်နေရာတွင် အမှတ်တရ လုပ်ထားသည်ကို ကြည့်ပြီးပြန်ခ့ဲရပါသည်။ ဒါကလဲ စစ်တပ်က လမ်းမများပေါ်သို့ မပစ်သည့် အချိန်များတွင်သာ။



ထိုအချိန်များအတွင်း အများဆုံးလုပ်ဖြစ်နေသည်မှာ ရေဒီယိုနားထောင် ဖြစ်ခြင်းပင်။ အယင်ကတည်းက Radio Short Waveဖြင့် ကမ္ဘာ့သတင်းများ နားထောင်လေ့ရှိရာ သတင်းဦးများ ကြားနေရသည်။ BBC အင်္ဂလိပ်ပိုင်း အာရှအရှေ့ပိုင်း အစီအစဉ်သည် ညနေ သုံးနာရီခွဲတွင် 25 meter band မှ စလေ့ရှိရာ ဦးနေ၀င်း မိုးပေါ်ထောင် သေနပ်ဖြင့်ပစ်ပြီး ရာထူးများမှ ထွက်သွားကြောင်းမျိုးကို ည ရှစ်နာရီ သတင်းမကြေငြာခင် ကြိုသိခ့ဲရသည်။



ည ရှစ်နာရီ ဆယ့်ငါးမှ စ လေ့ရှိသော ဘီဘီစီ မြန်မာပိုင်းကိုတော့ မလွတ်တမ်းနားထောင်လေ့ရှိရာ မြန်မာပြည်အခြားနေရာများတွင် ဖြစ်ပွားနေသော ပြဿနာများကို သိနေရသည်။ ၈၈၈၈ မစခင် ခရစ်စတိုဖာ ဂမ်းပျက်ဟု ခင်ညွန့် နှင့် သူ့တပည့်များ နောက်ပိုင်းတွင် သမုတ်လေ့ရှိသော ခရစ်စတိုဖာ ဂန်းနက်၏ သတင်းပို့ချက်များက မြန်မာပြည်သူတို့ကို နိုးကြားစေခ့ဲသည်မှာ အမှန်ပင်။

နောက်ပိုင်း ဇတ်လမ်းများကတော့ အားလုံး အသိပင်။ ၈၈ ကို ကျေးဇူးတင်သင့်သူများမှာ စစ်တပ်မှ အုပ်ချုပ်သူများနှင့် ၄င်းတို့နှင့် ပေါင်း၍ သူဌေးဖြစ်သွား သူများပင်။ ထို နှစ်ဖွဲ့လုံး ၂၂ နှစ်အတွင်း မယုံနိုင်လောက်အောင် ချမ်းသာကုန်ကြသည်။ ၀န်ထမ်းများ ပြည်သူများ၏ စာရိတ္တကို ပျက်စီးစေခ့ဲသည်.။ ငါတို့ကို မလှန်လျှင် ပြီးရော မင်းတို့လဲ လုပ်ချင်ရာလုပ် ဆိုသည့်သဘောဖြစ် နိုင်ငံကို ဖျက်စီးခ့ဲကြသည်။ သူတို့ကိုထောက်ခံသူဆိုလျှင် အရက်ဆိုင်ဖွင့်၊ ပြည်တန်ဆာခန်းထောင်၊ချဲထီရောင်း၊ မူးယစ်ဆေးဖြန့်၊ ကြိုက်တာလုပ်ခွင့် ရခ့ဲကြသည်။



စစ်တပ်အုပ်ချုပ်ရေးမှမမှန်ကန်သည်များကို ထောက်ပြလျှင် ထောင်ချခံသည်။ ဆွေမျိုးများကိုပါ လိုက်ဒုက္ခပေးခ့ဲသည်။ စစ်ထောက်လှမ်းရေးမှ နှိပ်စက်မှုများကို အရင်ကြားခ့ဲစဉ်က ဟုတ်ချင်မှ ဟုတ်မှာပါလေဟု စိတ်တွင်ဖြစ်ခ့ဲသော်လည်း ခုအချိန် ဂျာနယ်များတွင် ဖတ်ရသောအခါမှ ဂျပန်ခေတ်ထက် ဆိုးပါလားဟု သိခ့ဲရသည်။ သို့သော် တာ၀န်အရှိဆုံးသူကလည်း မျက်နှာပြောင်ပြောင်နဲ့ ကော်ဖီဆိုင်ဖွင့်နေသလို တပည့်များကလည်း သူတို့နှင့် လုံး၀မဆိုင်ခ့ဲသလို နေနိုင်နေကြသည်။



တကယ်တော် မြန်မာအချင်းချင်း တောင်ပန်ကြေအေးလိုက်ကြလျှင် သံသရာမှာ ဘယ်လောက်ကောင်းလိုက်မည်နည်း။ ခံခ့ဲရသူများဖက်မှ ကြေအေးကာ ခွင့်လွှတ်နေချိန်အထိ ပြုခ့ဲသူများမှ မသိသလို။ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုသော်လည်း ထိုသံသရာ လည်မနေအောင် ဖြတ်ခ့ဲကြလျှင် မကောင်းပေဘူးလားဟု စဉ်းစားမိသည်။ တစ်နေ့တော့ နားလည်ကြကောင်းပါရဲ့။



ဒီလောက်ဆို ၈၈၈၈ နှင့် ကျွန်တော်၏ ပါတ်သက်မှုကို "ကျွန်တော့အား ၈၈၈၈နှစ်ပါတ်လည်ပွဲ မသွားဘူးလားဟု” မေးသည့်သူငယ်ချင်း နားလည်လောက်ပါပြီ။ တော်တော်မျက်နှာပူစရာကိစ္စ ကျွန်တော်မလုပ်သင့်ပါ။ ဒါထက်ပိုဆိုးသည်က ဘာမှမလုပ်ခ့ဲဘဲ နိုင်တော့မှ အလံစိုက်သည့် ပုဂ္ဂိုလ်များထဲ ကျွန်တော်မပါ၀့ံကြောင်းပါ။ ။



XxXxXx

(Zawgyi version) 

       ကၽြန္ေတာ္နဲ႔ ၈၈၈၈ ဟုေျပာရမွာ ေတာ္ေတာ္မ်က္ႏွာပူမိပါသည္။ လြန္ခ့ဲေသာ ႏွစ္ဆယ့္ငါးႏွစ္က ကၽြန္ေတာ္ဘာလုပ္ေနသလဲ ျပန္စဥ္းစားၾကည့္ေတာ့ ထိထိေရာက္ေရာက္ဘာမွ ပါတ္သက္ခ့ဲျခင္း မ႐ွိပါ။ အလုပ္မသြားေတာ့ဘဲ ၿမိဳ႕ထဲသူမ်ားေတြ ဆႏၵျပတာ ႏွစ္ႀကိမ္ေလာက္ သြားၾကည့္တာဘဲ မွတ္မိပါသည္။ ကၽြန္ေတာ့္ၿမိဳ႕ထဲ႐ံုး ဆႏၵျပရာသို႔ တစ္ႀကိမ္သြားစဥ္ လမ္းတြင္႐ွိေသး၊ စစ္ကားမ်ား ၿမိဳ႕ထဲေရာက္လာ၍ဆိုကာ ၀ါးကပ္မ်ားျဖင့္လမ္းသြယ္မ်ားကို ပိတ္လိုက္ရာ ကၽြန္ေတာ္တစ္ဦးထဲ ကုန္သည္လမ္းမေပၚတြင္ ေယာင္ခ်ာခ်ာျဖစ္ေနတာေတာ့ မွတ္မိသည္။  ေနရပ္ ဗဟန္းအထိ လမ္းေလွ်ာက္ျပန္ရသည့္အျပင္ ရပ္ကြက္ထဲသို႔ ျပန္၀င္ရန္ ေတာ္ေတာ္ေျပာ ၀င္ခ့ဲရပါသည္။

ေနာက္တစ္ခါ RIT ေက်ာင္းေတာ္ႀကီးထဲမွာ မင္းကိုႏိုင္တရားေဟာမည္ဆို၍ သြားရာ နားမေထာင္ခ့ဲရပါ။ ဖုန္းေမာ္က်သည့္ေနရာတြင္ အမွတ္တရ လုပ္ထားသည္ကို ၾကည့္ၿပီးျပန္ခ့ဲရပါသည္။ ဒါကလဲ စစ္တပ္က လမ္းမမ်ားေပၚသို႔ မပစ္သည့္ အခ်ိန္မ်ားတြင္သာ။

ထိုအခ်ိန္မ်ားအတြင္း အမ်ားဆံုးလုပ္ျဖစ္ေနသည္မွာ ေရဒီယိုနားေထာင္ ျဖစ္ျခင္းပင္။ အယင္ကတည္းက Radio Short Waveျဖင့္ ကမာၻ႔သတင္းမ်ား နားေထာင္ေလ့႐ွိရာ သတင္းဦးမ်ား ၾကားေနရသည္။ BBC အဂၤလိပ္ပိုင္း အာ႐ွအေ႐ွ႔ပိုင္း အစီအစဥ္သည္ ညေန သံုးနာရီခြဲတြင္ 25 meter band မွ စေလ့႐ွိရာ ဦးေန၀င္း မိုးေပၚေထာင္ ေသနပ္ျဖင့္ပစ္ၿပီး ရာထူးမ်ားမွ ထြက္သြားေၾကာင္းမ်ိဳးကို ည ႐ွစ္နာရီ သတင္းမေၾကျငာခင္ ႀကိဳသိခ့ဲရသည္။

ည ႐ွစ္နာရီ ဆယ့္ငါးမွ စ ေလ့႐ွိေသာ ဘီဘီစီ ျမန္မာပိုင္းကိုေတာ့ မလြတ္တမ္းနားေထာင္ေလ့႐ွိရာ  ျမန္မာျပည္အျခားေနရာမ်ားတြင္ ျဖစ္ပြားေနေသာ ျပႆနာမ်ားကို သိေနရသည္။ ၈၈၈၈ မစခင္ ခရစ္စတိုဖာ ဂမ္းပ်က္ဟု ခင္ၫြန္႔ ႏွင့္ သူ႕တပည့္မ်ား ေနာက္ပိုင္းတြင္ သမုတ္ေလ့႐ွိေသာ ခရစ္စတိုဖာ ဂန္းနက္၏ သတင္းပို႔ခ်က္မ်ားက    ျမန္မာျပည္သူတို႔ကို    ႏိုးႀကားေစခ့ဲသည္မွာ အမွန္ပင္။
ေနာက္ပိုင္း ဇတ္လမ္းမ်ားကေတာ့ အားလံုး အသိပင္။ ၈၈ ကို ေက်းဇူးတင္သင့္သူမ်ားမွာ စစ္တပ္မွ အုပ္ခ်ဳပ္သူမ်ားႏွင့္ ၄င္းတို႔ႏွင့္ ေပါင္း၍ သူေဌးျဖစ္သြား သူမ်ားပင္။ ထို ႏွစ္ဖြဲ႔လံုး ၂၂ ႏွစ္အတြင္း မယံုႏိုင္ေလာက္ေအာင္ ခ်မ္းသာကုန္ၾကသည္။ ၀န္ထမ္းမ်ား ျပည္သူမ်ား၏ စာရိတၱကို ပ်က္စီးေစခ့ဲသည္.။ ငါတို႕ကို မလွန္လွ်င္ ၿပီးေရာ မင္းတို႔လဲ လုပ္ခ်င္ရာလုပ္ ဆိုသည့္သေဘာျဖစ္ ႏိုင္ငံကို ဖ်က္စီးခ့ဲၾကသည္။ သူတို႔ကိုေထာက္ခံသူဆိုလွ်င္ အရက္ဆိုင္ဖြင့္၊ ျပည္တန္ဆာခန္းေထာင္၊ခ်ဲထီေရာင္း၊ မူးယစ္ေဆးျဖန္႔၊ ႀကိဳက္တာလုပ္ခြင့္ ရခ့ဲၾကသည္။

စစ္တပ္အုပ္ခ်ဳပ္ေရးမွမမွန္ကန္သည္မ်ားကို ေထာက္ျပလွ်င္ ေထာင္ခ်ခံသည္။ ေဆြမ်ိဳးမ်ားကိုပါ လိုက္ဒုကၡေပးခ့ဲသည္။ စစ္ေထာက္လွမ္းေရးမွ ႏိွပ္စက္မႈမ်ားကို အရင္ၾကားခ့ဲစဥ္က ဟုတ္ခ်င္မွ ဟုတ္မွာပါေလဟု စိတ္တြင္ျဖစ္ခ့ဲေသာ္လည္း ခုအခ်ိန္ ဂ်ာနယ္မ်ားတြင္ ဖတ္ရေသာအခါမွ ဂ်ပန္ေခတ္ထက္ ဆိုးပါလားဟု သိခ့ဲရသည္။ သို႔ေသာ္ တာ၀န္အ႐ွိဆံုးသူကလည္း မ်က္ႏွာေျပာင္ေျပာင္နဲ႔ ေကာ္ဖီဆိုင္ဖြင့္ေနသလို တပည့္မ်ားကလည္း သူတို႔ႏွင့္ လံုး၀မဆိုင္ခ့ဲသလို ေနႏိုင္ေနၾကသည္။

တကယ္ေတာ္ ျမန္မာအခ်င္းခ်င္း ေတာင္ပန္ေၾကေအးလိုက္ၾကလွ်င္ သံသရာမွာ ဘယ္ေလာက္ေကာင္းလိုက္မည္နည္း။ ခံခ့ဲရသူမ်ားဖက္မွ ေၾကေအးကာ ခြင့္လႊတ္ေနခ်ိန္အထိ ျပဳခ့ဲသူမ်ားမွ မသိသလို။ ျပဳသူအသစ္ ျဖစ္သူအေဟာင္း ဆိုေသာ္လည္း ထိုသံသရာ လည္မေနေအာင္ ျဖတ္ခ့ဲၾကလွ်င္ မေကာင္းေပဘူးလားဟု စဥ္းစားမိသည္။ တစ္ေန႔ေတာ့ နားလည္ၾကေကာင္းပါရဲ့။

ဒီေလာက္ဆို ၈၈၈၈ ႏွင့္ ကၽြန္ေတာ္၏ ပါတ္သက္မႈကို "ကၽြန္ေတာ့အား ၈၈၈၈ႏွစ္ပါတ္လည္ပြဲ မသြားဘူးလားဟု” ေမးသည့္သူငယ္ခ်င္း နားလည္ေလာက္ပါၿပီ။  ေတာ္ေတာ္မ်က္ႏွာပူစရာကိစၥ ကၽြန္ေတာ္မလုပ္သင့္ပါ။ ဒါထက္ပိုဆိုးသည္က ဘာမွမလုပ္ခ့ဲဘဲ ႏိုင္ေတာ့မွ အလံစိုက္သည့္ ပုဂၢိဳလ္မ်ားထဲ ကၽြန္ေတာ္မပါ၀့ံေၾကာင္းပါ။       


05 August 2013

၂၀၁၅ ရွေးကောက်ပွဲသို့

(Unicode version)

ပြီးခ့ဲသောရက်သတ္တပါတ်အတွင်းထွက်သော Messenger Journal

တွင်ဖေါ်ပြခ့ဲသောအင်တာဗျူးများကိုဖတ်၍ တွေးစရာများပေါ်လာပါသည်။

ပထမအင်တာဗျူးမှာ နိုင်ငံရေးလေ့လာသူဦးမင်းဇင်နှင့် ဗျူးဖြစ်သည်။ သူက NLD

ပါတီနှင့် ပါတ်သက်၍ဖြေထားတာသဘောကျမိသည်။ အတွေးတူ၍ဖြစ်သည်။



NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ကိုဗဟိုပြုလွန်းနေသည်။ လွှတ်တော်အတွင်းအမတ်

၄၁ယောက် ၀င်ရောက်ခ့ဲပြီဖြစ်သော်လည်း ထိုသူတို့အသံတိုးလွန်းနေသည်။

လွန်စွာအနည်းစုဖြစ်၍ ဘာမှ လုပ်မရဟုမဆိုသင့်ပါ။ ကန့်ကွက်ရန်ရှိသည်ကို

ရှုံးမည်မှန်းသိသော်လည်းကန့်ကွက်ရမည်။ ထို့အပြင် ဥပဒေပြုရန်

လွှတ်တော်ထဲရောက်သော်လည်း NLD ဦးဆောင်တင်သည့် ဥပဒေမည်မျှ ရှိပြီနည်း။

တစ်ခုမှကို မရှိသေးဟုထင်သည်။ အမှတ်မှားယင်တောင် လက်ငါးချောင်း

ပြည့်ဦးမည် မထင်ပါ။ ဒီကိစ္စကိုဦးမင်းဇင်

ထောက်ပြထားသည်မှာလူတကာမထိရဲသောNLDအတွက် သတိပြုစရာပါ။



နောက်ဗျူးတစ်ခုမှာလယ်ရီရေဂင် နှင့် ဗျူးဖြစ်သည်။ လယ်ရီကို ၁၉၈၈

နောက်ပိုင်း BBC မြန်မာပိုင်းအစီအစဉ်နှင့် နောက်ပိုင်း RFA နားထောင်နေကျ

သူများသိကြပါသည်။ ထိုင်းနိုင်ငံတွင် နေထိုင်၍

မြန်မာပြည်အကြောင်းဆရာကြီးဖြစ်သည်။ ယခုလည်းသူ၏ အတွေးမှာစာဖတ်သူများနှင့်

နိုင်ငံရေးလေကန်သူများအကြားတွေးစရာများပေါ်လာခ့ဲသည်။



သူ၏အဆိုမှာ ၂၀၁၅ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ လက်ရှိသမတဦးသိန်းစိန်၊

ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခေတ်စားနေစဉ် နောက်ထပ်

ပလေယာတစ်ဦးထုတ်လိုက်သည်။ ဤသည်မှာလည်းသွားလေသူကြီးဗိုလ်ချုပ်သန်းရွှေ၏

အစီအမံဖြစ်သည်ဟုသူကယူဆထားသည်။ ၂၀၁၅ ခန့်တွင် စစ်တပ်မှ

သက်ပြည့်ပင်စင်ယူမည့် လက်ရှိကာ/ချုပ်

ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုစစ်တပ်အစိတ်သားမှ တဆင့် သမတအဖြစ်

တင်မြောက်နိုင်သည်ဟူသောအဆိုဖြစ်သည်။

တော်တော်ပြောဖြစ်ကြပါသည်။ သူရဦးရွှေမန်းသည်

ဤကိစ္စကိုသဘောပေါက်သွားသောကြောင့် ဒေါ်စုနှင့် ပို၍နီးကပ်လာကည်။

ဦးသိန်းစိန်သည် ကျန်းမာရေးအကြောင်းပြ၍ နားသွားမည်။ အခြေခံဥပဒေ

ပြင်ဆင်ရေးကိုလည်း ၂၀၁၅ မမှီအောင် ရေးနေခြင်းဖြင့် ဒေါ်စုတစ်ယောက်

သမတမဖြစ်နိူင်တော့။ ဒီလိုအခြေအနေမျိုးတွင်

သူရဦးရွှေမန်းလွတ်လွတ်ကျွတ်ကျွတ်ကြီး ဂိုးသွင်း၇န်

ဆွဲသွားတော့မည်ဟုထင်နေစဉ် နောက်တမ်းဖျက်မည့်သူပေါ်လာသလို ဖြစ်နေသည်။

ဒါကလယ်ရီအတွေးများ။



သွားလေသူဗိုလ်ချုပ်သန်းရွှေသည် ၂၀၁၅ အထိတော့ စဉ်းစားထားနိုင်ပါသည်။

ဗိုလ်ချုပ်သိန်းစိန် ဟန်ပုံမပေါ်လျှင် အစားထိုးဖို့ Plan B

ရှိမှာသေချာပါသည်။သို့သော် လယ်ရီတွေးသည့်အတိုင်းတော့ မဖြစ််နိုင်ဟု

ကျွန်တော်ထင်ပါသည်။ တစ် အချက်က ရွေးကောက်ပွဲတွင် NLD

အရွေးခံမည်ဆိုလျှင် ကြံ့ဖွတ်သည် စိတ်ကြိုက် သမတတင်နိုင်လောက်သည့်

ကိုယ်စားလှယ် မရှိနိုင်တော့။ အခြေခံဥပဒေအချိန်မှီမပြင်နိုင်၍

ဒေါ်စုအရွေးမခံရသည့်တိုင်အောင် စစ်တပ်မှတင်၍ ဒုသမတဖြစ်နေပြီဖြစ်သည့်

ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုအမတ်များကသမတတင်ရန်

ပထမအကြိမ်တုံးကလိုမဖြစ်နိုင်တော့ပါ။



နှစ်အချက်မှာ ကြ့ံဖွတ်ကြီးဘဲလွှတ်တော်ထဲတွင် ရှိလျှင်ပင် အမတ်အများစုသည်

ဗိုလ်ချုပ်ရွှေမန်းဖက်မှာ ရှိနေနိုင်ပါသည်။ ၂၀၁၅ အချိန်တွင်

ဗိုလ်ချုပ်သန်းရွှေ၏ အာဏာဘယ်လောက်ထိတည်နိုင်ဦးမှာလဲမေးစရာရှိပါသေးသည်။

ဦးရွှေမန်းအနေနှင့် မိမိအားဖြုတ်မည့်သူကိုရာနှုံးပြည ့်သစ္စာခံနိုင်မှာလား၊

တွေးစရာဖြစ်နေသည်။သူသည်ယခုပင် ထူးဆန်းစွာဒေါ်စုနှင့် ပူးပေါင်းနေသည်။

အကွဲအပြဲသန်သော မြန်မာ့နိုင်ငံရေးတွင် ကြ့ံပါတီနှင့် ဖွတ်ပါတီဟူ၍

အသစ်အသစ်သောပါတီများလည်းတွေ့ရလျှင် ဘာမျှ အ့ံသြစရာ

မရှိတော့။လယ်ရီဘယ်လိုတွေးမိသလဲတော့ မပြောပြတတ်တော့ပါ။



ဒီနေရာတွင် ဦးစွာဖေါ်ပြခ့ဲသောဦးမင်းဇင်၏ ဗျူးကိုဆက်ပြောလိုပါသည်။

ဦးမင်းဇင်ကအကယ်၍ ဒေါ်စုမနက်ဖန် သဘက် သမတဖြစ်ပြီဆိုလျှင်

အစိုးရကောင်းဖွဲ့နိုင်အောင် လူကောင်းတွေ မွေးထားပြီးပြီလား၊

မေးခွန်းထုတ်ထားပါသည်။ မှန်ပါသည်။

နိုင်ငံအစိုးရကိုတစ်ယောက်ထဲအားကိုးဖြင့် တည်ဆောက်၍ မရနိုင်ပါ။ NLD တွင်

ရှိသောသူများသည် တသက်လုံးဆန့်ကျင်ရေးလုပ်လာသဖြင့်

ဆန့်ကျင်ရေးဘဲလုပ်တတ်သူများနေပါသည်။ ၈၈မျိုးဆက်များ အုပ်ချုပ်ရေးဘက်တွင်

၀င်ရောက်လုပ်ကိုင်နိုင်မည်လားမသေချာခင်ပင်တွင် သူတို့က

နိုင်ငံရေးမလုပ်ဟုဟစ်နေပါသည်။ ရှင်နည်းရာအဂ္ဂလူထွက် ဖြစ်နေသည်။



ဖွ ဟ့ဲ၊ မပြောကောင်းပြောကောင်း။ ဒေါ်စုများတစ်ခုခုဖြစ်ခ့ဲသော် ။

ကျွန်တော်တို့ မြန်မာပြည်ကြီးဘာဆက်လုပ်ကြမည်လဲ။ အခြေခံဥပဒေကို ပြင်ဆင်၍

နိုင်ငံခြားသားတစ်ဦးကိုCEOခန့်ဖို့သာရှိပါတော့မည်။

ကျွန်တော်ဖတ်ပြီးကတည်းကဆက်၍ တွေးမိသည်။

လယ်ရီရေဂင်ဗျူးကိုစဉ်းစားစရာဖြစ်သော်လည်းသဘောမတူမိပါ။ သို့သော် NLD

နှင့် ဒေါ်စုကိုစိုးရိမ်အားကိုးသောစိတ်ဖြင့်

ပြောထားသောဦးမင်းဇင်၏ဗျူးကိုတော့ သဘောတူမိပါသည် ခင်ဗျား။ ။


XxXxXx

(Zawgyi version)

ၿပီးခ့ဲေသာရက္သတၱပါတ္အတြင္းထြက္ေသာ Messenger Journal
တြင္ေဖၚျပခ့ဲေသာအင္တာဗ်ဴးမ်ားကိုဖတ္၍ ေတြးစရာမ်ားေပၚလာပါသည္။
ပထမအင္တာဗ်ဴးမွာ ႏိုင္ငံေရးေလ့လာသူဦးမင္းဇင္ႏွင့္ ဗ်ဴးျဖစ္သည္။ သူက NLD
ပါတီႏွင့္ ပါတ္သက္၍ေျဖထားတာသေဘာက်မိသည္။ အေတြးတူ၍ျဖစ္သည္။

NLD ပါတီသည္ ေဒၚေအာင္ဆန္းစုၾကည္ကိုဗဟိုျပဳလြန္းေနသည္။ လႊတ္ေတာ္အတြင္းအမတ္
၄၁ေယာက္ ၀င္ေရာက္ခ့ဲၿပီျဖစ္ေသာ္လည္း ထိုသူတို႔အသံတိုးလြန္းေနသည္။
လြန္စြာအနည္းစုျဖစ္၍ ဘာမွ လုပ္မရဟုမဆိုသင့္ပါ။ ကန္႔ကြက္ရန္႐ွိသည္ကို
႐ႈံးမည္မွန္းသိေသာ္လည္းကန္႔ကြက္ရမည္။ ထို႔အျပင္ ဥပေဒျပဳရန္
လႊတ္ေတာ္ထဲေရာက္ေသာ္လည္း NLD ဦးေဆာင္တင္သည့္ ဥပေဒမည္မွ် ႐ွိၿပီနည္း။
တစ္ခုမွကို မ႐ွိေသးဟုထင္သည္။ အမွတ္မွားယင္ေတာင္ လက္ငါးေခ်ာင္း
ျပည့္ဦးမည္ မထင္ပါ။ ဒီကိစၥကိုဦးမင္းဇင္
ေထာက္ျပထားသည္မွာလူတကာမထိရဲေသာNLDအတြက္ သတိျပဳစရာပါ။

ေနာက္ဗ်ဴးတစ္ခုမွာလယ္ရီေရဂင္ ႏွင့္ ဗ်ဴးျဖစ္သည္။ လယ္ရီကို ၁၉၈၈
ေနာက္ပိုင္း BBC ျမန္မာပိုင္းအစီအစဥ္ႏွင့္ ေနာက္ပိုင္း RFA နားေထာင္ေနက်
သူမ်ားသိၾကပါသည္။ ထိုင္းႏိုင္ငံတြင္ ေနထိုင္၍
ျမန္မာျပည္အေၾကာင္းဆရာႀကီးျဖစ္သည္။ ယခုလည္းသူ၏ အေတြးမွာစာဖတ္သူမ်ားႏွင့္
ႏိုင္ငံေရးေလကန္သူမ်ားအၾကားေတြးစရာမ်ားေပၚလာခ့ဲသည္။

သူ၏အဆိုမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲႏွင့္ ပါတ္သက္၍ လက္႐ွိသမတဦးသိန္းစိန္၊
ဦးေ႐ႊမန္းနွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေခတ္စားေနစဥ္ ေနာက္ထပ္
ပေလယာတစ္ဦးထုတ္လိုက္သည္။ ဤသည္မွာလည္းသြားေလသူႀကီးဗုိလ္ခ်ဳပ္သန္းေ႐ႊ၏
အစီအမံျဖစ္သည္ဟုသူကယူဆထားသည္။ ၂၀၁၅ ခန္႔တြင္ စစ္တပ္မွ
သက္ျပည့္ပင္စင္ယူမည့္ လက္႐ွိကာ/ခ်ဳပ္
ဗိုလ္ခ်ဳပ္မင္းေအာင္လိႈင္ကိုစစ္တပ္အစိတ္သားမွ တဆင့္ သမတအျဖစ္
တင္ေျမာက္ႏိုင္သည္ဟူေသာအဆိုျဖစ္သည္။
ေတာ္ေတာ္ေျပာျဖစ္ၾကပါသည္။ သူရဦးေ႐ႊမန္းသည္
ဤကိစၥကိုသေဘာေပါက္သြားေသာေၾကာင့္ ေဒၚစုႏွင့္ ပို၍နီးကပ္လာကည္။
ဦးသိန္းစိန္သည္ က်န္းမာေရးအေၾကာင္းျပ၍ နားသြားမည္။ အေျခခံဥပေဒ
ျပင္ဆင္ေရးကိုလည္း ၂၀၁၅ မမွီေအာင္ ေရးေနျခင္းျဖင့္ ေဒၚစုတစ္ေယာက္
သမတမျဖစ္ႏိူင္ေတာ့။ ဒီလိုအေျခအေနမ်ိဳးတြင္
သူရဦးေရႊမန္းလြတ္လြတ္ကၽြတ္ကၽြတ္ႀကီး ဂိုးသြင္း၇န္
ဆြဲသြားေတာ့မည္ဟုထင္ေနစဥ္ ေနာက္တမ္းဖ်က္မည့္သူေပၚလာသလို ျဖစ္ေနသည္။
ဒါကလယ္ရီအေတြးမ်ား။

သြားေလသူဗိုလ္ခ်ဳပ္သန္းေ႐ႊသည္ ၂၀၁၅ အထိေတာ့ စဥ္းစားထားႏိုင္ပါသည္။
ဗိုလ္ခ်ဳပ္သိန္းစိန္ ဟန္ပံုမေပၚလွ်င္ အစားထိုးဖို႔ Plan B
႐ွိမွာေသခ်ာပါသည္။သို႔ေသာ္ လယ္ရီေတြးသည့္အတိုင္းေတာ့ မျဖစ္္ႏိုင္ဟု
ကၽြန္ေတာ္ထင္ပါသည္။ တစ္ အခ်က္က ေ႐ြးေကာက္ပြဲတြင္ NLD
အေ႐ြးခံမည္ဆိုလွ်င္ ႀကံ့ဖြတ္သည္ စိတ္ႀကိဳက္ သမတတင္ႏိုင္ေလာက္သည့္
ကိုယ္စားလွယ္ မ႐ွိႏိုင္ေတာ့။ အေျခခံဥပေဒအခ်ိန္မွီမျပင္ႏိုင္၍
ေဒၚစုအေ႐ြးမခံရသည့္တိုင္ေအာင္ စစ္တပ္မွတင္၍ ဒုသမတျဖစ္ေနၿပီျဖစ္သည့္
ဗိုလ္ခ်ဳပ္မင္းေအာင္လႈိုင္ကိုအမတ္မ်ားကသမတတင္ရန္
ပထမအႀကိမ္တံုးကလိုမျဖစ္ႏိုင္ေတာ့ပါ။

ႏွစ္အခ်က္မွာ ႀက့ံဖြတ္ႀကီးဘဲလႊတ္ေတာ္ထဲတြင္ ႐ွိလွ်င္ပင္ အမတ္အမ်ားစုသည္
ဗိုလ္ခ်ဳပ္ေ႐ႊမန္းဖက္မွာ ႐ွိေနႏိုင္ပါသည္။ ၂၀၁၅ အခ်ိန္တြင္
ဗိုလ္ခ်ဳပ္သန္းေ႐ႊ၏ အာဏာဘယ္ေလာက္ထိတည္ႏိုင္ဦးမွာလဲေမးစရာ႐ွိပါေသးသည္။
ဦးေ႐ႊမန္းအေနႏွင့္ မိမိအားျဖဳတ္မည့္သူကိုရာႏႈံးျပည ့္သစၥာခံႏိုင္မွာလား၊
ေတြးစရာျဖစ္ေနသည္။သူသည္ယခုပင္ ထူးဆန္းစြာေဒၚစုႏွင့္ ပူးေပါင္းေနသည္။
အကြဲအၿပဲသန္ေသာ ျမန္မာ့ႏိုင္ငံေရးတြင္ ႀက့ံပါတီႏွင့္ ဖြတ္ပါတီဟူ၍
အသစ္အသစ္ေသာပါတီမ်ားလည္းေတြ႕ရလွ်င္ ဘာမွ် အ့ံၾသစရာ
မ႐ွိေတာ့။လယ္ရီဘယ္လိုေတြးမိသလဲေတာ့ မေျပာျပတတ္ေတာ့ပါ။

ဒီေနရာတြင္ ဦးစြာေဖၚျပခ့ဲေသာဦးမင္းဇင္၏ ဗ်ဴးကိုဆက္ေျပာလိုပါသည္။
ဦးမင္းဇင္ကအကယ္၍ ေဒၚစုမနက္ဖန္ သဘက္ သမတျဖစ္ၿပီဆိုလွ်င္
အစိုးရေကာင္းဖြဲ႔ႏိုင္ေအာင္ လူေကာင္းေတြ ေမြးထားၿပီးၿပီလား၊
ေမးခြန္းထုတ္ထားပါသည္။ မွန္ပါသည္။
ႏိုင္ငံအစိုးရကိုတစ္ေယာက္ထဲအားကိုးျဖင့္ တည္ေဆာက္၍ မရႏိုင္ပါ။ NLD တြင္
႐ွိေသာသူမ်ားသည္ တသက္လံုးဆန္႔က်င္ေရးလုပ္လာသျဖင့္
ဆန္႔က်င္ေရးဘဲလုပ္တတ္သူမ်ားေနပါသည္။ ၈၈မ်ိဳးဆက္မ်ား အုပ္ခ်ဳပ္ေရးဘက္တြင္
၀င္ေရာက္လုပ္ကိုင္ႏိုင္မည္လားမေသခ်ာခင္ပင္တြင္ သူတို႔က
ႏိုင္ငံေရးမလုပ္ဟုဟစ္ေနပါသည္။ ႐ွင္နည္းရာအဂၢလူထြက္ ျဖစ္ေနသည္။

ဖြ ဟ့ဲ၊ မေျပာေကာင္းေျပာေကာင္း။ ေဒၚစုမ်ားတစ္ခုခုျဖစ္ခ့ဲေသာ္ ။
ကၽြန္ေတာ္တို႔ ျမန္မာျပည္ႀကီးဘာဆက္လုပ္ၾကမည္လဲ။ အေျခခံဥပေဒကို ျပင္ဆင္၍
ႏိုင္ငံျခားသားတစ္ဦးကိုCEOခန္႔ဖို႔သာရွိပါေတာ့မည္။
ကၽြန္ေတာ္ဖတ္ၿပီးကတည္းကဆက္၍ ေတြးမိသည္။
လယ္ရီေရဂင္ဗ်ဴးကိုစဥ္းစားစရာျဖစ္ေသာ္လည္းသေဘာမတူမိပါ။ သို႔ေသာ္ NLD
ႏွင့္ ေဒၚစုကိုစိုးရိမ္အားကိုးေသာစိတ္ျဖင့္
ေျပာထားေသာဦးမင္းဇင္၏ဗ်ဴးကိုေတာ့ သေဘာတူမိပါသည္ ခင္ဗ်ား။ ။