29 March 2014
#MH 370
(Unicode version )
လွန်‌ခ့ဲတ့ဲ သုံးပါတ်‌က မနက်‌နိုးနိုးချင်‌း တီဗီသတင်‌းကြည်‌့လိုက်‌‌တော့ အထူးသတင်‌းတခု‌တွေ့ရပါတယ်‌။ မ‌လေးရှား‌လေယာဉ်‌တစီး‌ ပျောက်‌ဆုံး‌နေ‌ကြောင်‌းပါ။ MH370 လို့သိဖို့‌နေ‌နေသာ တနှစ်‌တခါ‌လောက်‌ဖြစ်‌‌လေ့ရှိတ့ဲ သတင်‌းမျိုးဘဲ‌ အောက်‌‌မေ့မိပါတယ်‌။ ခုအချိန်‌မှာ‌တော့ လူ‌တော်‌‌တော်‌များများ စိတ်‌၀င်‌တစား‌ပြော‌နေရတ့ဲ အထိ စိတ်‌၀င်‌စားစရာ ဂန္တ၀င်‌ဇတ်‌လမ်‌းတခု ဖြစ်‌‌နေပါပြီ။ ကျွန်‌‌တော်‌လဲ ကျွမ်‌းကျင်‌သူ မဟုတ်‌‌သော်‌လည်‌း ထင်‌တာ‌လေး‌တွေ ၀င်‌‌ပြောချင်‌လာပါတယ်‌။
             ကျွန်‌‌တော်‌့ရဲ့ ပထမဆုံး အထင်‌က‌တော့ ဒီကိစ္စကို ဖြစ်‌‌စေခ့ဲသူဟာ‌ လေယာဉ်‌မှုး နှစ်‌ဦးထဲက တဦးဖြစ်‌ရပါမယ်‌။ ဖြစ်‌နိုင်‌တာက‌တော့‌ လေယာဉ်‌မှုးကြီး ကိုယ်‌တိုင်‌ပါဘဲ။ တွဲဖက်‌‌လေယာဉ်‌မှုး ဖြစ်‌နိုင်‌‌ခြေက‌တော့ နဲပါတယ်‌။ ဒီလို‌ပြောရခြင်‌းက အ‌ကြောင်‌းရှိပါတယ်‌။
၁။‌ လေယာဉ်‌ကို စတင်‌လမ်‌း‌ကြောင်‌း‌ ပြောင်‌းတ့ဲ အချိန်‌ဟာ‌မြေပြင်‌မှ‌လေယာဉ်‌ကို ထိမ်‌းတ့ဲ စခန်‌း နှစ်‌ခု လွှဲတ့ဲ အချိန်‌က စပါတယ်‌။ မ‌လေးရှား kl control က‌နေ ဗီယက်‌နမ်‌ ဟိုချီမင်‌းအလွှဲမှာ မ‌လေးဖက်‌ကို Alright, Goodnight လို့ နှုတ်‌ဆက်‌သွားပြီး ဗီယက်‌နမ်‌ဖက်‌ကို စတင်‌ဆက်‌သွယ်‌ရမှာ ဖြစ်‌‌ပေမ့ဲ မဆက်‌သွယ်‌ခ့ဲပါဘူး။သူ့အတွက်‌ အချိန်‌‌တွေ အများကြီး ရသွားပါတယ်‌။ မ‌လေး‌လေ‌ကြောင်‌းထိမ်‌းကလဲ သူ့ ကွန်‌ထရိုးက လွတ်‌သွား‌တော့ ပြီးသွားပါပြီ။ ဗီယက်‌နမ်‌ဖက်‌က‌တော့ ဒီ‌လေယာဉ်‌‌ရောက်‌မလာ‌သေးဘူးဆိုပြီး‌အေး‌ဆေးဘ ဲ‌နေမှာပါ။ အချိန်‌တန်‌လို့ ဘီဂျင်‌းမှာ မဆင်‌း‌တော့မှ စစုံစမ်‌း‌တော့ အချိန်‌အများကြီး‌နောက်‌ကျသွားပါပြီ။
၂။‌လေယာဉ်‌မှုးက တွဲဖက်‌‌လေယာဉ်‌မှုးကို cabin ဖက်‌တခုခု ခိုင်‌းလိုက်‌ပြီး cockpit door ကို အတွင်‌းက lock ချလိုက်‌ယင်‌ သူတဦးတည်‌း ကြိုက်‌တာ လုပ်‌န်‌ုင်‌ပါပြီ။ တွဲဖက်‌‌လေယာဉ်‌မှုးက‌တော့‌ လေယာဉ်‌မှူးကြီးကို ထွက်‌ခိုင်‌းဖို့ မဖြစ်‌နိုင်‌ဘဲ ခဏအပြင်‌ထွက်‌တုံးသာ လုပ်‌နိုင်‌ပါတယ်‌။ ဒီလို အချိန်‌ကိုက်‌ဖြစ်‌ဖို့ မလွယ်‌လို့ တွဲဖက်‌‌လေယာဉ်‌မှူးကို ဖြစ်‌နိုင်‌‌ခြေ‌လျှော့ထားတာပါ။
၃။‌လေယာဉ်‌ကို အဲဒီအချိန်‌က စလို့ လမ်‌း‌ပြောင်‌းလိုက်‌ပါတယ်‌။ တချိန်‌တည်‌းမှာဘဲ‌ လေယာဉ်‌နဲ့ ပြင်‌ပကို အဆက်‌အသွယ်‌ ဖြတ်‌လိုက်‌ပါတယ်‌။ စကား‌ပြောစက်‌‌တွေကို ပိတ်‌လိုက်‌နိုင်‌ပါတယ်‌။ ဒါ‌ပေမ့ဲ‌ လေယာဉ်‌က ပြင်‌ပကို သတင်‌းပို့‌နေတ့ဲ စံနစ်‌ နှစ်‌ခု ရှိပါ‌သေးတယ်‌။ ့ဲ ATC နဲ့ ACARS တို့ပါ။ နှစ်‌ခုစလုံးကို ရည်‌ရွယ်‌ချက်‌ရှိရှိ ပိတ်‌ပစ်‌ခ့ဲပါတယ်‌။ အပြင်‌လူ အပိုင်‌စီးယင်‌‌တောင်‌ ACARS ပိတ်‌ပစ်‌ဖို်‌့ မသိနိုင်‌ပါ။ Boeing 777လေယာဉ်‌ အ‌ကြောင်‌း အ‌သေးစိတ်‌ သိ‌နေသူဆိုယင်‌‌တော့ မ‌ပြောတတ်‌ဘူး‌ပေါ့။
၄။ ဘယ်‌သူမှ မထင်‌တ့ဲဘက်‌ကို ို‌လေယာဉ်ဥ‌ီးတည်‌ပါ‌တော့တယ်‌။ မ‌လေးကျွန်‌းဆွယ်‌ကို ပြန်‌အဖြတ်‌မှာ ATC Contol လွတ်‌တ့ဲ လမ်‌း‌ကြောင်‌း ( သို့ ) အမြင်‌့မှ ပျံသန်းနိုင်‌‌ပါတယ်‌။ ကျွမ်‌းကျင်‌သူ ူ‌လေယာဉ်‌မှူး‌တွေ သိန်‌ုင်‌ပါတယ်‌။ ဘယ်‌သူမှ မထင်‌တ့ဲ အိန္ဒိယသမုဒ္ဒရာဖက်‌ကို ို‌လေယာဉ်‌ဦးတည် autopilot ချိတ်‌ပြီး ကိုယ်‌့ကိုကိုယ်‌ သတ်‌‌သေလိုက်‌တာလဲ ဖြစ်‌နိုင်‌ပါတယ်‌။‌ နောက်‌ကလူ‌တွေက ဘယ်‌ကိုပျံနေမှန်‌း မသိန်‌ုင်‌ပါ။ သိလဲ ဘာမှ မတတ်‌နိုင်‌ပါ။
ဒီအချက်‌များ‌ကြောင ်‌့‌လေယာဉ်‌မှူး လုပ်‌တာဘဲ ဖြစ်‌ရမယ်‌လို့‌ ပြောတာပါ။ အပျင်‌း‌ပြေ စဉ်‌းစားကြည်‌့ထားတာပါ။
အ‌ရေးအကြီးဆုံးက ပိုင်‌း‌လော့က ဘာ‌ကြောင်‌့လုပ်‌တာလဲ ဆိုတာပါဘဲ။ ခုထိ မ‌လေးရှားအစိုးရ ရှင်‌း‌နေတာကို ခရီးသည်‌အများဆုံး ပါသွားတ့ဲ တရုပ်‌နိုင်‌ငံ အပါအ၀င်‌ ကမ္ဘာက မယုံကြည်‌ရခြင်‌း အ‌ကြောင်‌းရှိပါတယ်‌။ မ‌လေးရှားအစိုးရက သူတို့ရဲ့ အဓိက အတိုက်‌အခံ အန်‌ဝါအီဘရာဟင်‌ကို အမှုမျိုးစုံနဲ့‌ ထောင်‌ချထားပါတယ်‌။ ခုလဲ လွတ်‌ခါနီးလာလို့ အယင်‌ပိတ်‌ထားတ့ဲ အမှုတခုကို ပြန်‌ဖွင်‌့ပြီး ထောင်‌ထပ်‌ချလိုက်‌ပါတယ်‌။ MH370ရဲ့ ပိုင်‌း‌လော့ဟာ အန်‌ဝါနဲ့ အမျိုး‌တော်‌တယ်‌လို့ ဆိုပါတယ်‌။ သူကိုယ်‌တိုင်‌ အဲဒီခုံရုံးက ဆုံးဖြတ်‌တာကို သွားနား‌ထောင်‌ခ့ဲပါ‌သေးတယ်‌။ ခုံရုံးက‌နေ စိတ်‌ပျက်‌လက်‌ပျက်‌ပြန်‌လာခ့ဲပြီး ခုနှစ်‌နာရီအကြာမှာ ဒီ‌လေယာဉ်‌ကြီးကို သူ‌မောင်‌းသွား‌တော့တာဘဲ ဖြစ်‌ပါတယ်‌။ သူမ‌ကြေနပ်‌‌သော်‌လည်‌း ဘာမှမတတ်‌နိုင်‌‌တော့ ထင်‌ရာလုပ်‌သွားတယ်‌လို့ ကျွန်‌‌တော်‌ထင်‌တာပါ။ ကွာလာလမ်‌ပူကtwin tower နဲ့ KL Tower တခုခုကို တိုက်‌မသွားတာဘဲ ပိုင်‌း‌လော့ကို‌ကျေးဇူးတင်‌ရမှာပါ။
ဒီအ‌တောအတွင်‌း ပြည်‌ပ‌လေယာဉ်‌မှူးကြီးတဦး‌ ပြောတာဆိုတ့ဲ စာလဲဖတ်‌ရပါတယ်‌။ လန်‌ကာ၀ီကို သွားတာတ့ဲ။‌ လေယာဉ်‌ဘီးမီး‌လောင်‌လို့ ဆိုလား။‌ လေယာဉ်‌ဘီး အတက်‌မှာ မီး‌လောင်‌ခဲပါတယ်‌။ မီး‌လောင်‌ယင်‌လဲ ဲ‌ရေဒီယိုနဲ့ ချက်‌ချင်‌းအ‌ကြောင်‌းကြား ပြန်‌လှည်‌့ဆင်‌းနိုင်‌ပါတယ်‌။ မိနစ်‌၄၀‌လောက်‌ ဆက်‌ပြန်‌စရာအ‌ကြောင်‌း မရှိပါ။ မီးခိုး‌ငွေ့များ‌ မောင်‌းခန်‌းအတွင်‌း ၀င်‌ရ‌အောင်‌လဲ‌ လေယာဉ်‌တက်‌ပြီး မိနစ်‌အနည်‌းငယ်‌အတွင်းလေယာဉ်‌‌‌‌‌‌‌‌ အတွင်‌းမှ ဖိအားက အပြင်‌မှ‌ လေဖိအားထက်‌ များသွားပြီမို့ မီးခိုး‌ငွေ့များ မ၀င်‌နိုင်‌ပါ။
ဤအချက်‌များသည်‌လဲ ကျွန်‌‌တော်‌့၏ ခန်‌့မှန်‌းချက်‌များသာဖြစ်‌၍ မှားနိုင်‌ပါသည်‌။အ‌ထောက်‌အထားများ အတိအကျရမှသာ‌ သေချာပါမည်‌။ ဒါ‌တောင်‌ သံသယတခု ရှိပါ‌သေးသည်‌။‌လေယာဉ်‌‌မောင်‌းခန်‌းထဲမှ အသံများကိုသွင်‌းထားသည်‌့ CVR ကို ရှာ‌ဖွေ၍‌တွေ့သည်‌့တိုင်‌ အ‌ထောက်‌အထား ရမည်‌မထင်‌ပါ။ ACARS ကို ပိတ်‌သွား‌သော ဤဇတ်‌လမ်‌းကို ဖန်‌တီးခ့ဲသူ ဇတ်‌လိုက်‌သည်‌ CVR ကိုလဲ အလုပ်‌မလုပ်‌‌အောင်‌ လုပ်‌သွားလိမ်‌့မည်‌ဟု ထင်‌မိပါ‌ကြောင်‌း။.
XxXxXx
(Zawgyi version)
23 March 2014
၂၃ ရက်​​နေ့ အ​တွေး
(Unicode version)
ပထမဆုံး​ရေးခ့ဲတ့ဲ စာလို ဘာ​ရေးရမလဲမသိဘူး ဖြစ်​​နေတယ်​။
အဲဒီတုံးက မြန်​မာလို မရိုက်​တတ်​တာက အဓိက ပြဿနာပါ။
ခု​တော့ ဖုန်​းသုံးမြန်​မာစာရိုက်​စံနစ်​က လွယ်​ကူ​တော့ idea ဘဲ လိုပါ​တော့တယ်​။
Idea က facebook.com မှာလဲ တိုန့ံန့ံ​တွေ​ရေး​တော့ မထွက်​​တော့ပါဘူး။
တပတ်​တပတ်​ ​လေးငါး​စောင်​​ရေး​နေသူ​တွေ ဘယ်​လို​တွေးကြပါလိမ်​့။
ဘာမဟုတ်​တ့ဲ အ​ကြောင်​းကို အစာပလာ အ​ဟောင်​း​တွေ​ဖြေ့ပြီး ​ရေ​းနေကြတ့ဲ ​ကော်​လန်​စား​တွေကို ကိုယ်​ချင်​းစာပါတယ်​။
ကိုယ်​က အ​ပျော်​တမ်​း ၊ သူတို့က ပိုက်​ဆံရမှာမို့ အတင်​းညှစ်​​ရေးကြရမှာပါ။
လက်​ရှိ hot item ​တွေဖြစ်​တ့ဲ အ​ခြေခံဥပ​ဒေနဲ့ မျိုး​စောင်​့ဥပ​ဒေ အ​ကြောင်​းကလဲ စိတ်​ကုန်​​နေပါပြီ။
ဒီတပတ်​ မိုးကုတ်​မှာ ​ဒေါ်စု​ပြောသလို ပညာမတတ်​လို့ဘဲလား၊ ​စေတနာမပါလို့လား၊ သတ္တိမရှိလို့လားဘဲ ။
မ​လေးရှား​လေယာဉ်​ #MH370 ကိစ္စက ကိုယ်​မကျွမ်​းကျင်​တ့ဲ ကိစ္စဖြစ်​​နေတယ်​။ ​ဗေဒင်​ အကြားအမြင်​ဆရာ​တွေဆီ အကူအညီ ​တောင်​းသင်​့​နေပါပြီ။
မ​နေ့ညက အာကြီး မရှုမလှ ရှုံးသွားတယ်​ဘဲ ကြားပါတယ်​။ EPL ပွဲ​တွေ ​ကောင်​းကင်​နက်​ကြီး ​မောင်​ပိုင်​စီးလိုက်​ကတည်​းက မကြည်​့ဖြစ်​​တော့ပါဘူး။
ဒီ​နေ့ည ကန်​မ့ဲ EL CLASICO ပွဲမှာလဲ တပွဲ တဂိုးနှုံးသွင်​း​နေတ့ဲ ​မောင်​နှစ်​​ယောက်​ တဂိုးစီ သွင်​းကြဦးမလား ​စောင်​့မကြည်​့နိုင်​ပါ။ ည သိပ်​နက်​တယ်​​လေ။
တပတ်​နှစ်​ရက်​ လွှင်​့​နေတ့ဲ #americanidol ကိုလဲ အားမရပါဘူး၊ ကိုယ်​အား​ပေးလိုက်​တ့ဲသူတိုင်​း ပြုတ်​သွား​နေတယ်​။ အ​မေရိကန်​​တွေ သီချင်​း နားမလည်​တာ​တော့ မဖြစ်​နိုင်​။
စင်​ကာပူ tv channel CNA က​တော့ မြန်​မာပြည်​က အ​ကြောင်​း​တွေ ပိုပြ​နေပါတယ်​။
ဟိုမှာ ​အောက်​​ကြေးနဲ့ လုပ်​​နေရတ့ဲ ​ရွှေမြန်​မာ​တွေ ပို ဂုဏ်​တက်​လာမလား၊ အထင်​​သေးခံရမလား​တော့ မသိပါ။
ကား​မောင်​းပြန်​လာယင်​း သူငယ်​ချင်​း တ​ယောက်​​ပြောတာ ပြန်​သတိရတယ်​။
ကားတစီး သိန်​း ၃၀၀ ​ခေတ်​​လောက်​ ပြန်​​ရောက်​ချင်​စိတ်​​ပေါက်​လာတယ်​တ့ဲ။
ကားမှာ အဲကွန်​း မ​ကောင်​း​ပေမ့ဲ ​မောင်​းရတာ ခုထက်​ စိတ်​ချမ်​းသာပါတယ်​။
TAXI ​တွေ ကား​ရော ​မောင်​းတတ်​ရဲ့လား စစ်​ဖို့ ​ကောင်​းပြီထင်​တယ်​။
​နေက​တော့ ​တော်​​တော်​ ပူ​နေပါပြီ။
ခရမ်​းလွန်​ ​ရောင်​ခြည်​ အ​ကြောင်​း ​နေပူထဲ ​မြေသယ်​​နေတ့ဲသူ​တွေ သွားရှင်​းပြမ့ဲသူ မရှိပါလား၊
​အေး​အေး​ဆေး​ဆေး ချစ်​​ရွှေကြီးနဲ့ ဘီယာ သွား​သောက်​​နေတာဘဲ ​ကောင်​းမယ်​ထင်​တယ်​။
မနက်​ဖန်​လည်​း မ​ရောက်​ချင်​။ မနက်​ဖန်​ မ​ရောက်​​အောင် ဒီည မအိပ်​ဘဲ ​နေမှဖြစ်​​တော့မည်​။
XxXxXx
(Zawgyi version )
ပထမဆုံး​ရေးခဲ့တဲ့ စာလို ဘာ​ရေးရမလဲမသိဘူး ဖြစ်​​နေတယ်​။
Idea က facebook.com မှာလဲ တိုနံ့နံ့​တွေ​ရေး​တော့ မထွက်​​တော့ပါဘူး။
ဘာမဟုတ်​တဲ့ အ​ကြောင်းကို အစာပလာ အ​ဟောင်း​တွေ​ဖြေ့ပြီး ​ရေးနေကြတဲ့ ​ကော်​လန်​စား​တွေကို ကိုယ်​ချင်းစာပါတယ်​။
လက်​ရှိ hot item ​တွေဖြစ်​တဲ့ အ​ခြေခံဥပ​ဒေနဲ့ မျိုး​စောင့်​ဥပ​ဒေ အ​ကြောင်းကလဲ စိတ်​ကုန်​​နေပါပြီ။
ဒီ​နေ့ည ကန်​မဲ့ EL CLASICO ပွဲမှာလဲ တပွဲ တဂိုးနှုံးသွင်း​နေတဲ့ ​မောင်​နှစ်​​ယောက်​ တဂိုးစီ သွင်းကြဦးမလား ​စောင့်​မကြည့်​နိုင်​ပါ။ ည သိပ်​နက်​တယ်​​လေ။
ဟိုမှာ ​အောက်​​ကြေးနဲ့ လုပ်​​နေရတဲ့ ​ရွှေမြန်​မာ​တွေ ပို ဂုဏ်​တက်​လာမလား၊ အထင်​​သေးခံရမလား​တော့ မသိပါ။
ကားတစီး သိန်း ၃၀၀ ​ခေတ်​​လောက်​ ပြန်​​ရောက်​ချင်​စိတ်​​ပေါက်​လာတယ်​တဲ့။
ကားမှာ အဲကွန်း မ​ကောင်း​ပေမဲ့ ​မောင်းရတာ ခုထက်​ စိတ်​ချမ်းသာပါတယ်​။
ခရမ်းလွန်​ ​ရောင်​ခြည်​ အ​ကြောင်း ​နေပူထဲ ​မြေသယ်​​နေတဲ့သူ​တွေ သွားရှင်းပြမဲ့သူ မရှိပါလား၊
16 March 2014
ခင်​၀မ်​း
ဒီအချိန်​ကြီး ခင်​၀မ်​းအ​ကြောင်​း​ရေးလို့ ဘာ​ကြောင်​သွားတာလဲ မထင်​​စေပါ။ ကျွန်​​တော်​့အတွက်​ ခင်​၀မ်​းသီချင်​းများ အမြဲအနီးတွင်​ ရှိ​နေသည်​။ ခင်​၀မ်​းသီချင်​းများ အမြဲ ညီး​နေမိတတ်​သည်​။ ဘာမျှမဆန်​းပါ။ တခါတရံ ခင်​၀မ်​းအ​ကြောင်​းများ ဂျာနယ်​​တွေထဲ ပါလာလျှင်​ ထူးထူး မထူးထူး ​ကြေနပ်​သွားမိပါသည်​။ facebook တွင်​ ခင်​၀မ်​းအ​ကြောင်​း အတို​လေးဖြစ်​​စေ၊ သီချင်​းစာသား​လေး​တွေဖြစ်​​စေ ရံဖန်​ရံခါ ဖတ်​ရလျှင်​ ​ပျော်​ပါသည်​။
သီချင်​းဆိုတ့ဲ ခင်​၀မ်​း နဲ့ ခင်​၀မ်​းရဲ့ သီချင်​း​တွေကို သ​ဘောကျတာ​နော်​။ ပန်​းချီဆွဲတ့ဲ ခင်​၀မ်​းကိုမူ ကျွန်​​တော်​ သိပ်​မသိပါ။ ခင်​၀မ်​းအလွမ်​း​ပြေ၊ အမှတ်​တရ ထုတ်​ထားတ့ဲ '' ခင်​၀မ်​း ၁၉၄၇ - ၂၀၀၀ စာအုပ်​တွင်​ ပန်​းချီဆရာ ခင်​၀မ်​း ကို လွမ်​းသူ ပိုများ​နေသလိုဘဲ။ သီချင်​းဆိုသူ​တွေ မလွမ်​းတတ်​ကြဘူးလား မသိပါ။
​ပြောရဦးမည်​။ ကျွန်​​တော်​ crazy ဖြစ်​တာ ခင်​၀မ်​းပါ။ ​မောင်​ခင်​၀မ်​း မဟုတ်​၊ ကိုခင်​၀မ်​း မဟုတ်​၊ ဦးခင်​၀မ်​း မဟုတ်​ပါ။ ​လေးစားမှု မရှိ၍ မဟုတ်​ရပါ။ နားမလည်​ ငယ်​စဉ်​က ကိုးကွယ်​တယ်​လို့​တောင်​ သုံးခ့ဲဘူး​သေးတာ​လေ။ ခင်​၀မ်​းလို့ ​ခေါ်ရမှ ကြားရမှ အားရသလိုဘဲ။ ရွတ်​ကြည်​့ပါလား။ ခင်​၀မ်​း ၊ ခင်​၀မ်​း ၊ ခင်​၀မ်​း ။ ယုတ်​စွအဆုံး Mr.ခင်​၀မ်​းလဲ မဟုတ်​၊ အင်္လကာ​ကျော်​စွာခင်​၀မ်​းလဲ မဟုတ်​ရ​ကြောင်​းပါ။
ခင်​၀မ်​း၏သီချင်​းများ ​တော်​​တော်​စုံခ့ဲပါသည်​။ ကြီးကြီးကျယ်​ကျယ်​ ဆိုရလျှင်​
်​ မြန်​မာပြည်​ အတွက်​ဆိုလျှင်​ ဧရာ၀တီ၊ ​
ဒေါ်​အောင်​ဆန်​းစုကြည်​အတွက်​ အ​မေ၊
သူ​မွေးရပ်​​မြေအတွက်​ ပြည်​မှာ​ဆောင်​း၊
ရိုးသားကြိုးစား​သောသူ​တွေအတွက်​ မြားဘုရင်​၊
တကယ်​့ မင်​း​နေပြည်​​တော်​မြို့အတွက်​ မန္တ​လေး၊
အလွမ်​းသမားများအတွက်​ သက်​ထား၊ရင်​ခုံသံလှိုင်​း အပါအ၀င်​ သီချင်​း အများအပြား ​ရေးခ့ဲသလိုပါဘဲ။
ကျွန်​​တော်​တဦးတည်​းအတွက်​​တော့ လူပျိုလွမ်​းချင်​း​ပေါ့ဗျာ။
တကယ်​​တော့ ခင်​၀မ်​းသည်​ ခံစားခ့ဲသမျှကို ​ရေးခ့ဲခြင်​းပါ။ မိမိ၏ခံစားချက်​နဲ့ ထပ်​တူကျကျသွား​တော့ ရည်​ရွယ်​ပြီး ​ရေး​ပေးသွားတယ်​ ထင်​မိတယ်​။ မလွန်​​လောက်​ပါဘူး​နော်​။
ခင်​၀မ်​းသက်​ရှင်​ထင်​ရှားရှိ​နေလျှင်​ ဒီမိုက​ရေစီကို ဘယ်​လိုထင်​မလဲ။ နိုင်​ငံ​ရေးဆိုတာကြီးကို စိတ်​၀င်​စားပါ့မလား မသိ။ အနုပညာ ​ပြောင်​​မြောက်​လွန်​းသူ ခင်​၀မ်​း၊ သီချင်​း​တွေထဲမှာ နိုင်​ငံ့ံအ​ရေး​တွေ ဖွက်​​ရေးသွားလားမသိ။ ကျွန်​​တော်​ကသာ ကိုယ်​့ဖီလင်​နှင်​ကိုယ်​ အချစ်​​တွေ ခံစားမိ​နေသလား မသိပါ။ ​ဆောရီ​းနော် ခင်​၀မ်​း။
ဒါ​ပေမ့ဲ *ခင်​၀မ်​း ၁၉၄၇-၂၀၀၀* စာအုပ်​ အဖွင်​့ အတွင်​းစာမျက်​နှာနဲ့ အပိတ်​ အတွင်​းစာမျက်​နှာမှာ ပါတ့ဲ
'' ဖူးပွင်​့လာမ့ဲ မိုး​သောက်​ပန်​းအတွက်​ ဆိုက်​​ရောက်​လာ​တော့မ့ဲ ​ရောင်​နီအတွက်​ အဆင်​သင်​့ပြင်​ထား ​စောင်​့ကြိုစမ်​းကွယ်​ ယုံကြည်​ခြင်​းဟာ ​ပျော်​ရွှင်​ခြင်​းဘဲ ချစ်​ခြင်​း​မေတ္တာ ​အောင်​မြင်​ရမြဲ '' ဆိုတ့ဲ စာသားမျိုး​တွေက​တော့ ဘ၀တခုလုံးအတွက်​ လမ်​းပြလိုက်​သလိုပါဘဲ။
လွမ်​းဖွယ်​ ခင်​၀မ်​း။ ။
11 March 2014
သန်း​ခေါင်​စာရင်း တံဆိပ်​​ခေါင်း ၂
(Unicode version)
မ​နေ့ကထွက်​တ့ဲ သန်​း​ခေါင်​စာရင်​း​ကောက်​ အထိမ်​းအမှတ်​ ၂ ပါ။ ဒီတခါ ၁၀၀ကျပ်​တန်​ ​ခြောက်​​ခေါင်​းထုတ်​ပါတယ်​။ အရင်​က ၂၀၀ကျပ်​တန်​ ဒီဇိုင်​းကို ဆိုဒ်​​သေးလိုက်​တာပါ။ quality က​တော့ ထုံးစံပါဘဲ။
Myanmar Philatelic Society ကထုတ်​တ့ဲ FDC က​တော့ ရှယ်​ပါဘဲ။ FDC Series 2 ဆိုပြီး​တောင်​ ထည်​့ ထားပါ​သေးတယ်​။ ကြာရှည်​ထုတ်​နိုင်​ပါ​စေလို့ ဆု​တောင်​း ပါတယ်​ဗျာ။
XxXxXx
(Zawgyi version )
08 March 2014
Japanese white car
(Unicode version)
Japanese white paper ဆိုတာ ကြားဘူးကြမှာပါ။
မြန်​မာလို ထန်​းပင်​တက်​ လက်​မှတ်​​ပေါ့။ ဂျပန်​​ခေတ်​တုံးက ထန်​းသမားကို ဂျပန်​ဗိုလ်​က ထန်​းရည်​ အလကား​သောက်​ပြီး ဘူးသီးငါး​ပေါင်​း​ကျော်​​စာ​တွေပါတ့ဲ စက္ကူတရွက်​ ​ပေးသွားပါတယ်​။ ထန်​းသမားကလည်​း ​ပျော်​ပြီး ​နောက်​လာတ့ဲ ဂျပန်​​တွေကို ပြတာ​ပေါ့။ သက်​သာပြီး နာမည်​​ကောင်​းများ ရမလား​ပေါ့။ တခါထဲ ထန်​းပင်​​ပေါ် လက်​ညှိုးထိုး တက်​ခိုင်​း​တော့တာဘဲ။ ​ရေးထားတာက ဒိိီ​ကောင့်ထန်​း​ရည်​ သိပ်​​ကောင်​းတယ်​။ တက်​ခိုင်​းပါလို့ ဂျပန်​လို ​ရေးသွားတာ နားမှမလည်​​တော့ ခံ​ပေါ့။
ခုလည်​း မြန်​မာပြည်တပြည်​လုံး Japanese white car ​တွေ ပြည်​့​နေပါတဲယ်​။ အယင်​ထက်​ ​ဈေးသက်​သာ​တော့ ၀ယ်​စီးကြတာ​ပေါ့။
car manual က ပါယင်​​တောင်​ ဂျပန်​လို ​ရေးထား​တော့ ဘာမှ နားမလည်​ကြပါ။ ၀ပ်​​ရှော့​တွေ စမ်​းတဝါးဝါးနပြင်​​နေကြပါတယ်​။ မ​ကောင်​းသူထိ ​ကောင်​းသူထိ​ပေါ့။ နားလည်​တ့ဲ စက်​ပြင်​ဆရာ​တွေ အမြန်​ဆုံး​ပေါ်လာဖို့ဘဲ ဆု​တောင်​း​နေရပါတယ်​ဗျာ။
XxXxXx
(Zawgyi version)
Japanese white paper ဆိုတာ ၾကားဘူးၾကမွာပါ။
01 March 2014
အချိုရည်​
(Unicode version)
အင်​တာနက်​မှာ ဖတ်​ရတာ​လေး ပြန်​ ​ပြောချင်​လို့ပါ။ ကျန်​းမာ​ရေးအတွက်​​ပေါ့။
ယ​နေ့ မြန်​မာနိုင်​ငံမှာ အချိုရည်​မျိုးစုံ ၀ယ်​လို့ရလာပါပြီ။ အယင်​က sanction ​ကြောင်​့ ၀ယ်​ရ​ဈေးကြီးတ့ဲ Coca cola တို့ Pepsi တို့ကို ​တော်​​တော်​​ဈေး​ပေါ​ပေါနဲ့ကို ​နေရာတကာမှာ ၀ယ်​လို့ရ​နေပါပြီ။ ​နောက်​သိပ်​မကြာခင်​ ​သောက်​​ရေသန်​့ထက်​ ​ဈေးပို​ပေါသွားနိုင်​ပါတယ်​။ သတိထားစရာ​လေး​တွေ ​ပြောချင်​တာပါ။
အ၀လွန်​တာ အချိုရည်​နဲ့ တိုက်​ရိုက်​အချိုးကျ​နေပါတယ်​။ ​သောက်​သ​လောက်​ ၀ ​စေပါတယ်​။ များ​သောအားဖြင်​့ လူ​တွေက အချိုရည်​ ​သောက်​လိုက်​ယင်​ ကိုယ်​အ​လေးချိန်​တိုး​စေတ့ဲ ကယ်​လိုရီ အပို​တွေ တိုးသွားတာ သတိမထားမိကြပါဘူး။ အချိုရည်​ တံဆိပ်​မျိုးစုံ ရှိတာ အားလုံးသိကြပါတယ်​။ ဒါ​တွေအားလုံးဟာ ဆိုဒါရည်​ထဲကို အချိုဓာတ်​၊ အရသာနဲ့ အ​ရောင်​​တွေ ထည်​့ထားတာ အတူတူကြီးပါဘဲ။
ဒါ​ပေမ့ဲ ပိန်​​နေတ့ဲသူ​တွေက ၀ လာ​အောင်​ အချိုရည်​​တွေ ​သောက်​​နေလို့ မရပါ။ ​နောက်​ဆက်​တွဲ ဖြစ်​နိုင်​တ့ဲ ​ရောဂါ​တွေ ရှ​ိ​နေပါ​သေးတယ်​။
ပထမဆုံးက​တော့ ဆီးချို ​သွေးချို ဖြစ်​​စေနိုင်​ပါတယ်​။ တခါ​သောက်​လိုက်​ယင်​ ခန္ဓာကိုယ်​ထဲကို သကြားဓာတ်​ အများကြီး ၀င်​သွားပါတယ်​။ များများ​သောက်​ယင်​ ခန္ဓာကိုယ်​ ထဲက အင်​ဆူလင်​က မထိမ်​းနိုင်​​တော့ဘဲ ဆီးချို​ရောဂါ ဖြစ်​​စေပါတယ်​။
အချိုရည်​ ​သောက်​တာများယင်​ အရိုးအားနဲတ့ဲ ​ရောဂါလဲ ဖြစ်​​စေပါတယ်​။ က​လေးငယ်​​တွေမှာ အရိုးကြီးထွားမှု ဖြစ်​​စေတ့ဲ ကယ်​ဆီယမ်​ဖြစ်​​ပေါ်မှုကို ပျက်​စီး​စေပါတယ်​။
​နောက်​တခါ သွား​တွေ ပျက်​စီး ​စေပါတယ်​။ အချိုရည်​ မှာပါတ့ဲ အက်​ဆစ်​ဓာတ်​က သွားအ​ပေါ်လွှာကို ပျက်​စီး ​စေပါတယ်​။ အစာစား​နေစဉ်​မှာလဲ အချိုရည်​ ​သောက်​တာ မပြုလုပ်​​စေချင်​ပါဘူး။
​ကျောက်​ကပ်​မှာလဲ ​ကျောက်​တည်​​စေပါတယ်​။ အချိုရည်​ မှာပါတ့ဲ အက်​ဆစ်​ဓာတ်​ကို ဟန်​့တားဖို့ ခန္ဓာကိုယ်​က အရိုးထဲက ကယ်​ဆီယမ်​ကို သုံးပါတယ်​။ အရိုးမှာ ကယ်​ဆီယမ်​ ​လျော့နည်​း​စေပြီး အဲဒီ ကယ်​ဆီယမ်​ ​တွေ ​ကျောက်​ကပ်​မှာ စုပြီး ​ကျောက်​တည်​​စေပါတယ်​။
​နောက်​ အစာ​ခြေမှုကိုလဲ ပျက်​ပြား​စေပါတယ်​။ အချိုရည်​ မှာပါတ့ဲ ​ဖော့စ​ဖောရစ်​အက်​ဆစ်​နဲ့ အစာအိမ်​မှာရှိတ့ဲ ဟိုက်​ဒြိုကလိုရစ်​အက်​ဆစ်​တို့ ဓာတ်​ပြိုင်​မှုဖြစ်​ပြီး အစာ​ခြေမှုကို ထိခိုက်​​စေပါတယ်​။ အစာမ​ကြေ ​လေပွတာ​တွေ ဖြစ်​​စေပါတယ်​။
အချိုရည်​ ​တွေမှာ ကာဖင်​းဓာတ်​ ပါပါတယ်​။ ကာဖင်​းဓာတ်​က ဂဏာမငြိမ်​မှု၊ စိတ်​တင်​းကြပ်​မှု၊ ​သွေးတိုးနဲ့ ဆီး အလွန်​အကျွန်​သွားမှုကို ဖြစ်​​စေပါတယ်​။ အချိုရည်​ ​ကြောင်​့ ​သွေးတိုး​စေတယ်​လို့ ယုံကြည်​ရပါတယ်​။ တချို့ ​လေ့လာမှု​တွေအရ အသည်​းကိုလဲ အန္တရယ်​ဖြစ်​​စေတယ်​လို့ သိရပါတယ်​။
အချိုရည်​မှာ သုံးတ့ဲ Aspertame ဟာ ပုံမှန်​သကြားထက်​ အဆ ၂၀၀ ပိုချိုပါတယ်​။ ​ဘေးထွက်​ဆိုးကျိုး ပိုများမှာ အ​သေအချာပါ။
ဒီဟာ​တွေဟာ အချိုရည်​ရဲ့ ဆိုးကျိုး​တွေပါ။ ဒါ​ပေမ့ဲ တ​နေ့ကို ​လေးငါး ဆယ်​ဘူး​လောက်​ ​သောက်​မှ သိသာမှာပါ။ မြန်​မာပြည်​မှာ သာမန်​သူ​တွေ အဲဒီ​လောက်​ ၀ယ်​မ​သောက်​နိုင်​​သေး​တော့ စိုးရိမ်​စရာ​တော့ မဟုတ်​​လောက်​​သေးပါဘူး။ ဆင်​ခြင်​နိုင်​ကြဖို့ပါ။ ​ကျေးဇူးတင်​ပါတယ်​။
XxXxXx
(Zawgyi version)
ဒါ​ပေမဲ့ ပိန်​​နေတဲ့သူ​တွေက ၀ လာ​အောင်​ အချိုရည်​​တွေ ​သောက်​​နေလို့ မရပါ။ ​နောက်​ဆက်​တွဲ ဖြစ်​နိုင်​တဲ့ ​ရောဂါ​တွေ ရှိ​နေပါ​သေးတယ်​။
အချိုရည်​ ​သောက်​တာများယင်​ အရိုးအားနဲတဲ့ ​ရောဂါလဲ ဖြစ်​​စေပါတယ်​။ က​လေးငယ်​​တွေမှာ အရိုးကြီးထွားမှု ဖြစ်​​စေတဲ့ ကယ်​ဆီယမ်​ဖြစ်​​ပေါ်မှုကို ပျက်​စီး​စေပါတယ်​။