Showing posts with label ဆန္ဒ. Show all posts
Showing posts with label ဆန္ဒ. Show all posts

07 March 2026

အို...နှင်းဆီနီရယ်၊

ဒီအချိန်မျိုး ဒီအခြေအနေမျိုးမှာ မြန်ပြည်မှာလိုနေတာ စီးပွားရေးဆရာကြီးတွေလဲ မဟုတ်ဘူး။ ရေနံပညာရှင်တွေလဲ မဟုတ်ဘူး။ ပြည်သူလူထုကို ဓာတ်ဆီလျော့သုံးပေးဖို့ ရှင်းပြပြီး နှစ်သိမ့်စည်းရုံးပေးမယ့်သူ လိုတာဘဲ။ ဥပမာ ပြောပြမယ်။ . တီဗီကနေ ပုဝါနှစ်စ အသာချလို့ မြန်မာနိုင်ငံသူသားများရှင်။ ကမ္ဘာ့အခြေအနေက လက်ရှိမှာ ဒီလိုဒီလိုတွေ ဖြစ်နေပါတယ်။ ပြောသာပြောရတယ်။ ပြည်သူပြည်သားတွေက (ဗီပီအဲန်မလိုဘဲ) ဖေ့ဘုတ်ကနေတဆင့် ကျမထက်တောင် (ပြုံးရယ်လျှက်) ပိုသိနေမှာပါ။ . အစိုးရမှာ အရံဆီ ဒီရွေ့ဒီမျှ ရှိပါတယ်။ မပြတ်လတ်အောင်လဲ စီစဥ်နေပါတယ်။ ဒီအချိန်မှာ မှာသလောက်မရနိုင်လို့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှု လိုပါတယ်။ ကားပူးပေါင်း သုံးပေးကြပါ။ YBS တွေ ဂက်စ်မပြတ်အောင် စီစဥ်ထားပါတယ်။ ကားခလဲ မတက်စေရပါဘူး။ အားပေးကြပါအုံး။ . မဖြစ်မနေ ထွက်နေရတဲ့ ဝန်ထမ်းတွေအတွက် ကားpass တွေ၊ ဖယ်ရီတွေလဲ အမြန်ဆုံး လုပ်ပေးပါမယ်။ panic buying မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြည်သူပူးပေါင်းပါဝင်ပြီး ဒီအခက်အခဲကို ကျော်ဖြတ်ကြပါစို့လို့ ပြောကြည့်ပါလား။ . စုံမတောင် သတ်မှတ်ဖို့ လိုချင်မှလိုတော့မယ်။ သတ်မှတ်ခဲ့ရင်လဲ ရပ်ကွက်တွေမှာ ဗော်လန်တီယာတွေ ပေါ်လာမှာဘဲ။ ဖေ့ဘုတ်မှာ ကျွန်တော့်ကားက စုံနံပတ်ပါ။ စုံရက်မှာ ကားသုံးဖို့ အရေးပေါ်လာခဲ့ရင် ကျွန်တော်အခမဲ့ ကူညီပါရစေ၊ ဒါမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ . အခုတော့.....

30 July 2022

ဆုတောင်း၊

ဗမာလူမျိုးတွေသာ မကပါ။ လူသားအများစုက ဆုတောင်းလေ့ရှိကြတာပါဘဲ။ မိမိ ဖြစ်ချင်တဲ့ဆန္ဒကို လုပ်ပေး ဖြည့်ဆည်းပေးနိုင်မယ် ထင့်တဲ့သူစီ တိုင်တည်ဆုတောင်းလေ့ရှိတာ လူသားအများစု လုပ်လေ့ရှိကြမှာပါ။ ဘုရားတွေ နတ်တွေကအစ ကွယ်လွန်ပြီဖြစ်တဲ့ မိဘဆွေမျိုး အကြီးအကဲ အားကိုးသူတွေကို တိုင်တည်ဆုတောင်းလေ့ ရှိတာ ဟိုးရှေးကတည်းက လုပ်ခဲ့ကြမှာပါ။

.

ဒီခေတ်တော့ ပြောလာကြတယ်။ ဆုတောင်းနေယုံနဲ့ ပြည့်နိုင်မှာလား၊ ဒါဆို ဘာမှမလုပ်ဘဲ ထိုင်ပြီး ဆုဘဲတောင်းနေမှာပေါ့လို့ ပြောလာကြတယ်။ မှန်ပါတယ်။ ဘာမှမလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး ဆုတောင်းတာက ပိုအဓိပ္ပယ်ရှိမှာပါ။

.

စဥ်းစားကြည့်တာပါ။ ပိုက်ဆံတောင်းသူတယောက်က ငါ့ကို ပိုက်ဆံပေးပါလို့ တောင်းတာနဲ့ တခုခုလုပ်ပြပြီးတောင်းတာ ဘယ်ဟာက ပိုရနိုင်မလဲ။ အနည်းဆုံး သီချင်းဆိုတောင်းရင် လူပိုသတိထားမိမယ်၊ လူကြိုက်များနေတဲ့ သီချင်းကိုဆိုပြမယ်၊ ဆိုပြတဲ့သီချင်းကို ကြိုက်တဲ့သူရှိရင် ပိုက်ဆံရနိုင်တယ်။ ပိုက်ဆံများများရှိသူ စေတနာရှိသူနဲ့ကြုံရင် များများရနိုင်မှာပေါ့။ ဆိုပြတဲ့ သီချင်းကို ကြိုက်သူမကြုံလို့ မရတဲ့အချိန်မျိုး ဖြစ်နိုင်ပေမယ့် ပိုက်ဆံလိုချင်ရင်တော့ ဆက်ဆိုနေရမှာပါ။

.

ဒီသဘောပါဘဲ။ ဆုတောင်းပြီဆို ဘာမှ မလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး တောင်းတာက ပြည့်ဖို့ ပိုနီးစပ်မယ်ထင်တယ်။ ဘုရားကို ကန်တော့ပြီး ဆုတောင်းတာကအစ ပရိတ်ရွတ်မယ်၊ ဂါထာတခုခုရွတ်မယ်၊ ကောင်းမှုတခုခုလုပ်မယ်၊ သစ္စာဆိုမယ် စသဖြင့် လုပ်ပြီးမှ ဆုတောင်းရင် လုပ်တဲ့အပြုအမူကို သဘောကျတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ဖြည့်ပေးနိုင်တဲ့ ဆုတောင်းဆို ဖြည့်ပေးနိုင်မယ်လို့ ထင်မိတယ်။

.

ဘယ်သူတွေ ဘယ်လိုပြောနေကြစေ၊ လူသားတွေကတော့ ဆုတောင်းနေမှာပါဘဲ။ ဒီအတိုင်း အလွတ်ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြီး ဆုတောင်းကြည့်ကြပါ။ အနိမ့်ဆုံးအနေနဲ့ သစ္စာဆိုပြီးပေါ့။ စမ်းကြည့်ကြရအောင်။

11 February 2021

ဆရာစံဇာဏီဘိုယတျာ









အခုရက်ပိုင်းအတွင်း အညံ့ရှိနေတဲ့ အမေစု  ကံတရားအထောက်အပံ့အတွက် သောကြာနံ (သပြေပန်း သစ္စာပန်းတို့) ကပ်လှူပြီး အမေစုလွတ်မြောက်စေရန်၊ တိုင်းပြည်အေးချမ်းစေရန် ဆုတောင်းပါသည်။

04 February 2021

Free AungSanSuuKyi










အမေစုအား အမြန်ဆုံး အကြွင်းမဲ့ လွှတ်ပေးရန် တောင်းဆိုပါသည်။  

08 January 2021

ဒိုးလိုက်တော့ ဒေါ်နွယ်ထွမ်း၊












ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆရာကြီး။ အလုံးစုံ လက်လျော့သွားပါပြီ။ ဖေ့ဘုတ်နဲ့ တွစ်တာတွေက အပိတ်ခံထားရတော့ သူ့တပည့်အကောင့်သုံး ကြေညာရတယ်။ ခုတီဗီမှာလည်း ပြောသွားပါပြီ။ ၂၀ရက်နေ့မှာ အစိုးရသစ်ကို လွှဲပေးမှာပါတဲ့။ မနေ့က သမတအတည်ပြုပွဲမှာ ဝင်ရောက် အကြမ်းဖက်သူတွေကိုလည်း ရှုတ်ချပါသတဲ့။ နောက်ဆုံးအချိန်ထိ သူမြှောက်ပေးခဲ့ပြီး အလွတ်ရုန်းဖို့ ကြံလေပြီ။

.

ဒီလိုလူကို မြန်မာပြည်ကနေ လှမ်းအားကျနေသူတွေက ရှိသေး။ တချို့က တရုပ်ကိုဖိုက်မယ့်သူမလို့တဲ့။ ဒီလိုလူ သူလိုချင်တဲ့အချက်သာ တရုပ်လိုက်လျောရင် မြန်မာပြည်ထဲ တရုပ်တပ်ဝင်သိမ်းတောင် လက်ပိုက်ကြည့်နေမယ့် သူမျိုးပါ။ တချို့ကတော့ အစွန်းရောက်တွေကို နှိပ်ကွပ်မယ်လို့ မျှော်နေကြတာ။ သူကိုယ်တိုင်က အစွန်းရောက်ကြီး။ 

.

တချို့က နောက်ဆုံးအချိန် ဘယ်လိုလှုပ်ရှားမယ် စောင့်ကြည့်ပါဦးတဲ့။ ​မျှော်ကြရှာတာ။ ခုတော့ ကုတ်ချောင်းချောင်းလေး ထွက်သွားမှာမြင်မိသေး။ ပုခုန်းနှစ်ဖက် တွန့်ပြပြီးတော့လေ။ သူ့ရဲ့လက်ကျန် သမတသက်တမ်းတောင် ရပ်ပစ်ဖို့ လှုပ်ရှားနေကြပြီ။ စွတ်စွဲတဲ့ခေါင်းစဥ်က သမတလုပ်ဖို့ စိတ်မမှန်တဲ့ခေါင်းစဥ်။ သူလုပ်ခဲ့တဲ့သက်တမ်း ပြန်ကြည့်တော့လည်း အပြောတမျိုး အလုပ်တမျိုးတွေ အများကြီး။ အမှားတွေပြောခဲ့တဲ့ မိန့်ခွန်းများစွာက ရှိခဲ့သေး။

.

သမတအငြိမ်းစားရရင် အတော်ကံကောင်းနေပြီ။ လက်ကျန်နှစ်ပတ်အတွင်း အဖြုတ်ခံရယုံမက အဖမ်းတောင် ခံရနိုင်တဲ့ အခြေအနေ ရောက်နေပြီ။ သူ့ဖာသာသူ နောက်ကြောင်းမပြန်ရအမိန့် ထုတ်သွားဖို့တခုဘဲ ရှိတော့တယ်။ ပိုင်ဆိုင်မှုစာအိပ်လေး လွှတ်တော်တင်ထားရရင်လည်း တိတ်တိတ်လေး ပြန်တောင်းသွားပေါ့ဗျာ။ အမေရိကန်ရဲ့ နိုင်ငံတကာသိက္ခာကို ချသွားတဲ့သမတလို့ဘဲ သမိုင်းကျန်ခဲ့မှာပါ။ ဒိုးလိုက်တော့ ဒေါ်နွယ်ထွမ်း။

 

01 November 2020

ကိုယ်တိုင် မဲပေးကြပါ၊













နောက်တပတ် ဒီအချိန်ဆို မဲပေးလို့ရပြီ။ အခုလည်း အသက်၆၀ ကျော်တွေ ကြိုတင်မဲ ပေးနေကြပါပြီ။
.
ကြားကြမြင်ကြမှာပါ။ ကြိုတင်မဲပေးချိန်မှာကို ဘယ်လိုမဲခိုးနေကြတယ် ဆိုတာကို။ ဒါ သိတဲ့အပိုင်းဘဲ ရှိပါသေးတယ်။ မသိတဲ့ မဲခိုးမှုတွေ ရှိနိုင်သေးတယ်။ တပ်ထဲကမဲကိစ္စတွေဆို လုံးဝမသိနိုင်တဲ့ ကိစ္စတွေပါ။
.
ဒါတွေသိလို့ ကြားလို့ စိတ်မပျက်ကြပါနဲ့။ ဒီလိုတွေလုပ်နေတာ၊ တနည်းအားဖြင့် မဲခိုးနေကြတာတွေကို တုံ့ပြန်ဖို့ တနည်းဘဲရှိတယ်။ ကိုယ်တိုင် NLD ကိုယ်စားလှယ်ဘေးမှာ တံဆိပ်တုံးထုပြီး မဲပေးဖို့ပါဘဲ။
.
ကြားထဲတပတ်မှာ မဲပေးမယ့်သူတွေ ကြောက်လှန့်အောင်၊ တွေဝေအောင်၊ စိတ်ပျက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါလိမ့်မယ်။ မည်သို့ပင် ခြိမ်းခြောက်ပါစေ၊ မဲပေးတဲ့အချိန်မှာ ဘယ်သူမှမသိနိုင်လို့ ကိုယ်ကြိုက်တဲ့ပါတီ NLDကို ပေးခဲ့ပါ။ အပြင်ပြန်ရောက်မှ ပြောချင်တာပြောလိုက်ပါ။
.
ဒီတပတ်ထဲ လမ်းပေါ်လှည့်လည် အင်အားပြစရာလည်း မလုပ်ကြပါနဲ့။ တဖက်က ပြဿနာရှာသူတွေရန်ရှိသလို ကိုဗစ်ကူးစက်နိုင်တဲ့ ရန်လည်းရှိတယ်။ ထုတ်ထားတဲ့ လူ၅၀ထက် ပိုမစုရအမိန့်လည်း လိုက်နာဖို့လိုပါတယ်။
.
သေချာ ထပ်ပြောပါမယ်။ NLDပါတီကို ကိုယ်တိုင်မဲပေးကြပါ။ တမဲချင်းက အရေးကြီးတယ်။ ဟိုဘက်က ဘယ်လိုဘယ်လောက် ခိုးမယ် မသိနိုင်ဘူး။ ပေးမယ့်လူတွေ အများကြီးပါဆိုပြီး မပေးဘဲမနေပါနဲ့။ ခြိမ်းခြောက်သူရှိရင်တောင် မဲရုံထဲမှာ ကိုယ်ကြိုက်တဲ့ NLDကို မဲပေးပြီး အပြင်ရောက်မှ သူ့အကြိုက် ပြောလိုက်ယုံပါ။
.
အရေးအကြီးဆုံးက ကိုယ်တိုင် မဲပေးဖို့ပါဘဲ။ အခြားမိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ရှင်းပြပေးပါ။ ဒီတခါ မဲပေးတာ မြန်မာပြည်အနာဂတ် ကောင်းဖို့အတွက် မဲပေးနေရတာပါလို့။

11 October 2020

ရန်ကုန်ဆေးရုံသစ်အတွက် မြေနေရာ၊


ရန်ကုန်အတွက် သင့်တော်မည့် ဆေးရုံသစ်ကြီးနေရာ။

.

ကိုဗစ်အတွက် ဆေးရုံယာယီတွေဆောက်ရင်း ကျန်ခဲ့မယ့်ဆေးရုံတရုံဆောက်လိုက်ဖို့ အိုင်ဒီယာပေါ်တယ်။ မြေနေရာရွေးကြတော့ သာကေတာအမှိုက်ပုံကိုနေရာကိုရွေးလို့ ဆူညံနေတယ်။ ပို့စ်တခုဖတ်လိုက်တော့ သနားတောင်သွားပါတယ်။ ရန်ကုန်အစိုးရ စီမံခန့်ခွဲလို့ရတဲ့ အကျယ်ဆုံးမြေနေရာပါတဲ့။ ဘာမှပြောစရာမရှိတော့ပါ။ ဖြစ်နိုင်ပါတယ်။ ကွီးဖြိုး ဓာတ်ဆီဆိုင်YPအတွက် နေရာရှာတာ့ ရှိမှမရှိဘဲ။

.

ရေရှည်အတွက် နိုင်ငံတော်အဆင့်က ရွေးပေးနိုင်ရင် ထောက်ကြန့်လမ်းဆုံကနေ ပဲခူးဘက်အထွက် ညာဘက်ခြမ်းက အကွက်ကြီးရွေးစေချင်တယ်။ ပိုင်ရှင်တော့ ရှိပြီးသားဖြစ်မှာပါ။ နိုင်ငံတော်အနေနဲ့ ပြန်ဝယ်လို့ဖြစ်စေ၊ ပိုင်ရှင်ထံမှ အလှူခံလို့ဖြစ်စေ မြေရအောင်လုပ်ရမှာပါ။

.

လမ်းများအဆုံမှာရှိလို့ အဆင်ပြေမှာပါ။ ရန်ကုန်မြို့ထဲက ဆေးရုံကြီးကို နယ်တွေကလာနေတဲ့ အရေးပေါ်ကားတွေ မနည်းပါ။ ကားကြပ်ကြပ်ထဲဖြတ်နေကြတာ အမြဲတွေ့နေရတာပါ။ ဒီနေရာမှာသာ ဆေးရုံကြီးတရုံရှိရင် အဆင်ပြေမှာပါ။ တဆက်တစပ်ထဲရှိလို့ ဆေးတက္ကသိုလ်နဲ့ အခြားဆက်စပ်တက္ကသိုလ်တွေ ကျောင်းတွေပါ ရမယ်ထင်ပါတယ်။ 

.

အနက်ရောင်မျှားဘက်က လမ်းကိုအသုံးပြုရင် ရွှေပြည်သာဖြတ်ပြီး ဧရာဝတီဘက်ကပါ လာလို့ရပါလိမ့်မယ်။ တခါတည်း အပြီးမဆောက်နိုင်ရင်တောင် မာစတာပလန်ဆွဲထားပြီး တဆောင်ချင်းဆောက်သွားသင့်ပါတယ်။ လက်ရှိ ဘာအဆောက်အဦးမှ မရှိသေးတဲ့ မြေကွက်ကျယ်ကြီးပါ။ တနေရာမှာတော့ အိမ်ယာစီမံကိန်းလုပ်ဖို့ ကာထားတာဘဲ ရှိပါသေးတယ်။

26 August 2020

ဝူဟန်ကိုဗစ် ဩဂုတ် ၂၆

 

ကမ္ဘာမှာ #ဝူနာ ၂၄သန်းကျော်သွားပါပြီ။ WHOက ကမ္ဘာမှာ ဝူနာတိုးနှုန်း အရှေ့တောင်အာရှကလွဲလို့ ကျလာပြီဆိုပေမယ့် လေးရက်ကို တသန်းနှုန်း တိုးနေတုံးပါ။ သေဆုံးသူ ၈သိန်းကျော်နဲ့ ပြန်ကောင်းသူ ၁၆၅သိန်းကျော်ပါ။ 

.

ယူအက်စ်ကတော့ ဝူကောင်းတုံးပါ။ ဝူနာ ခြောက်သန်းပြည့်ပါတော့မယ်။ ဖြစ်စက တုပ်ကွေးလူနာ နှစ်စဥ်ရှစ်သောင်းခွဲလောက်ဖြစ်နေကြလို့ ဒေါ်နွယ်ထွမ်းပြောခဲ့ပေမယ့် ခုသေသူကို တသိန်းရှစ်သောင်းရှိနေပါပြီ။ ဘရာဇီးနဲ့ အန္ဒိယမှာ သုံးသန်းကျော်စီနဲ့ ရုရှမှာတသန်းပြည့်ပါတော့မယ်။ အန္ဒိယမှာက နေ့စဥ် ခြောက်သောင်းကျော်တိုးနေတာပါ။

.

တရုပ်ကြီးတောင် ဇယားမှာ ၃၅ရောက်သွားပြီ။ လူဦးရေဆယ်သန်းလောက်ဘဲရှိတဲ့ ဆွီဒင်ကကျော်တက်သွားပါပြီ။ လူဦးရေကိုးသန်းမပြည့်တဲ့ အစ္စရေးကလည်း ဝူနာတသိန်းကျော်သွားပါပြီ။

.

ကိုရီးယားမှာ တကျော့ပြန်ဝူနေပါတယ်။ အစိုးရရဲ့ကိုင်တွယ်ပုံကြောင့်ဆိုပြီး ဆေးဝန်ထမ်းတွေဆန္ဒပြနေကြတယ်။ စံနစ်ပြင်မပေးရင် ဆက်ပြကြမယ်တဲ့။ လေမုန်တိုင်းကလည်း ဒီရက်အတွင်းအတိုက်ခံရမှာမလို့ အစိုးရအတွက် ပွဲကြီးပွဲကောင်းပါ။ ဝူနာပြန်ပြန့်တဲ့တနေရာဖြစ်တဲ့ စတားဘတ်ကော်ဖီဆိုင်မှ ဝန်ထမ်းတွေကို ဆေးစစ်ကြည့်တော့ မတ်စ်တပ်ထားတဲ့ဝန်ထမ်းတွေ အကူးမခံရဘူးလို့ သိရပါတယ်။

.

အင်္ဂလန်မှာ နောက်လကျောင်းတွေပြန်ဖွင့်ဖို့ လုပ်နေပါပြီ။ ကျန်းဌာနကတာဝန်ရှိသူက ကျောင်းရက်ရှည်ပိတ်တာက ကျောင်းသားတွေအတွက် ဝူထက်ပိုဆိုးလို့ ကျောင်းပြန်တက်ကြပါတဲ့။ ဝန်ချုပ်ကလည်း ကျောင်းပြန်တက်ဖို့ ဆော်သြပါတယ်။ သူတို့အတွေးကလည်း တမျိုးပါလားနော်။ အောက်စဖို့ဆေး နောက်တသုတ်တော့ ဆောင်းဦးပေါက်မှာ စမ်းမယ်လို့ပြောပါတယ်။

.

စလုံးမှာ စ်ိးပွားရေးထိလို့ အလုပ်လျော့မှာစိုးနေပေမယ့် ကျန်းမာရေးနဲ့ဆိုင်တဲ့ အလုပ်သစ်တွေ ခန့်မယ်လို့ကြေငြာပါတယ်။ စလုံးမှာ ဝူနာအသစ်တွေ့တာ ဆယ်ဂဏန်းအထိ ကျလာပါပြီ။ ခရီးသွားလည်း ပြန်စချင်နေပါပြီ။ ဘရူနိုင်းနဲ့ နယူးဇီလန်ကလာရင် ခြေရာခံကရိယာ နှစ်ပတ်ဝတ်ထားရပြီး Qစရာမလိုပါတဲ့။ မလေးနဲ့လည်း လမ်းကြောင်းရှာနေသလို ဂျပန်နဲ့လည်း အပြန်အလှန်ခွင့်ပြုပါလိမ့်မယ်။ တနေ့က စလုံးမှတရုပ်သွားတဲ့ စကုလေကြောင်းမှာ ဝူနာတွေ့တာ လေယာဥ်ဝန်ထမ်းတွေမကူးဘူးလို့ သိရပါတယ်။ အကာအကွယ်တွေဝတ်ထားတာရဲ့ အကျိုးကျေးဇူးပါဘဲ။

.

ထိုင်းမှာ ပြည်တွင်းခရီးသွားပြန်စမယ်ပြောပေမယ့် နိုင်ငံအရေးပေါ်အခြေအနေကို စက်တင်ဘာလကုန်အထိ တိုးလိုက်ပါတယ်။ ပြည်ပကလာခွင့်ပြုရင် တရုပ်တွေဘဲ ခုအချိန်အများဆုံး လာကြမယ်ထင်တယ်။ တရုပ်မှာတော့ ဝူသစ်မတွေ့တာ ကိုးရက်ရှိပြီဆိုပေမယ့် လုံးဝစိတ်မချရသေးပါ။

.

အမေကြီးကားက လေကြောင်းတွေလည်း ဆက်ပျံဖို့ကြိုးစားနေတယ်။ ဒါပေမယ့် AAလေကြောင်းက အစိုးရဆက်မထောက်ပံ့ရင် အောက်တိုဘာမှာ လူ၁၉၀၀၀လောက် အနားပေးရမယ်တဲ့။ ဖင်လန်လေကြောင်းကတော့ လူတထောင်လောက် လျော့ပါမယ်။ ထိုင်းလေကြောင်းပြန်ဖွဲ့ဖို့ စက်တင်ဘာ၁၄မှာ တရားရုံးက အမိန့်ချပါလိမ့်မယ်။ တကမ္ဘာလုံး လေကြောင်းလိုင်းတွေ ပြုတ်မယ့်ကိန်းပါ။

.

ရွှေပြည်မှာတော့ ဝူပြန့်နှုန်း များလာပါပြီ။ နှစ်ရက်အတွင်း ဝူတရာတွေ့ပါတယ်။ အများစုက ရခိုင်ပြည်နယ်မှာပါ။ အဲ့ဒီမှာ အောက်ဘရိတ်အဆင့်လို့ ပြောလို့ရနေပါပြီ။ ခုနောက်ပိုင်း ရခိုင်ဘက်မှာတွေ့တဲ့ဝူက အပြန့်လွယ်ပေမယ့် ရောဂါလက္ခဏာ ပြင်းထန်ဟန်မတူပါ။ လက္ခဏာမပြသူ၊ ဖျားနာခြင်းမရှိသူတွေ များပါသတဲ့။ အဲဒါမှန်ရင် တော်ပါသေးတယ်။

.

ကျန်းမာရေးရှု့ဒေါင့်ကမဟုတ်ဘဲ ဖြစ်စေချင်တဲ့ရှု့ဒေါင့်က တွေးကြည့်တယ်။ မြန်မာပြည်မှာ ဝူကြောင့်ခြောက်ဦးဘဲသေတယ်။ သူတို့ကလည်း အရင်ပြင်းထန်တဲ့ဝူမိတာဖြစ်ပြီး နဂိုရ်ရောဂါအခံ ရှိသူတွေလည်းဖြစ်တယ်။ နောက်ပိုင်းဝူသူတွေက အသည်းအသန်ဖြစ်သူတောင် မတွေ့ရဘူးတဲ့။ ဆေးလည်းမရှိဘဲ ကျန်းမာအောင်စောင့်ရှောက်ထားတာနဲ့တင် ပြန်ကောင်းသွားကြပုံဘဲ။ ဆေးရုံဆင်းရသူ ၃၃၉ဦးရှိခဲ့ပြီ။

.

အခုနောက်ဆုံးတွေ့နေတာက ဖျားနာတာမရှိ။ ကူးလွယ်တာသာရှိတာမလို့ ပုံမှန်ဖြစ်နေကျ ရာသီတုပ်ကွေးတွေလိုဖြစ်သွားရင် ကောင်းမယ်။ ကိုယ်ခံအားနည်းနေသူတွေ အကူးခံရရင်တော့ ဆင်တုပ်ကွေးလို ခံရမှာပေါ့။ အဖိတ်အစင်လည်း နည်းနိုင်ပါတယ်။ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးနဲ့ ရာသီရောဂါတွေမှာတောင် သေသူတွေနှစ်စဥ် ရှိနေတာဘဲလေ။ ဖြစ်ချင်တာ ပြောတာပါ။ ခုထိကတော့ ဘာမှသေချာမပြောနိုင်တာမလို့ အပြင်လိုအပ်မှထွက်ပါ။ ထွက်တိုင်းမတ်စ်တပ်ပါ။ ပြန်လာတိုင်း လက်ဆေးကြပါအုံးနော်။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။ 



19 July 2020

မဲပေးကြရအောင်





No vote ဆိုတဲ့သူတွေ၊ ကိုယ့်အဆင့် ကိုယ်သိကြပေတော့။ မဲမပေးတာ အာခံတာမဟုတ်ဘူး၊ တော်လှန်တာမဟုတ်ဘူး။ လက်နက်ချ အညံ့ခံလိုက်တာပါတဲ့။ 
.
ဒီမိုကရေစီစံနစ် အောင်မြင်ဖို့ နိုင်ငံသားတွေ မဲပေးကြရမယ်။ ကိုယ့်ကိုယ်ကို အားလုံးသိ အားလုံးတတ် ဆရာကြီးလို့ထင်နေရင်တောင် မကြိုက်တာအနည်းဆုံးကိုယ်စားလှယ်ကို ရွေးချယ်မဲပေးကြရမယ်။ ဒါ့ထက်သတ္တိရှိရင်တော့ ကိုယ်တိုင်အရွေးခံဖို့ဘဲ ရှိပါတော့တယ်။
.
ခုမြန်မာပြည်မှာ no vote မဲမပေးကြနဲ့ကမ်ပိန်းလုပ်နေသူတွေက ဟီလာရီကလင်တန်နဲ့ ဒေါ်နွယ်ထွမ်း ရွေးကောက်ပွဲရယ်၊ ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်သင့်လား ဆန္ဒခံယူပွဲရယ်မှာ မဲမပေးသူများလို့ မဖြစ်နိုင်တဲ့ရလာဒ် ရသွားတာမျိုး မျှော်လင့်ပြီး လုပ်နေတာ။ 
.
ဟီလာရီကြိုက်သူတွေက ဒေါ်နွယ်ထွမ်းကြိုက်သူ မရှိလောက်ပါဘူး၊ ကိုယ့်လူအေးဆေး နိုင်မှာပါဆိုပြီး မဲမပေးခဲ့ကြဘူးတဲ့။ ဒေါ်နွယ်ထွမ်းထောက်ခံသူတွေက အားလုံးနီးပါး မဲပေးကြတော့ နိုင်သွားတာပေါ့။ 
.
အီးယူက ဗြိတိန်ခွဲထွက်ဖို့ ဆန္ဒခံယူတုံးကလည်း ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး ခွဲမထွက်သင့်မှန်း သိသူတွေက မဲသွားမပေးကြဘူးတဲ့။ ရလာဒ်တွေထွက်လာမှ လန့်ဖြန့်ပြီး မဲဆန္ဒခံယူပွဲပြန်လုပ်ဖ်ု့ ကြိုးစားကြပေမယ့် မရတော့ဘူးလေ။ ခုထိ ဘာဆက်လုပ်ကြမယ် မပြတ်သေးဘူး။
.
ဒီလိုမျိုးမျှော်လင့်ပြီး မဲပေးဖို့တွေဝေနေသူ၊ NLDအစိုးရရဲ့ အချို့လုပ်ရပ်ကို မကြိုက်သူ၊ NLDထဲက အချို့ကို ပုဂ္ဂိုလ်ရေးမကြိုက်သူတွေ မဲမပေးအောင် ဆွယ်နေကြတာ။ အယူတိမ်းပြီး အစိမ်းဖြစ်နေသူတွေရဲ့မဲတွေက ဆောလစ်လေ။ ဒီဘက်ကမဲမပေးသူများရင် သူတို့ဂွင်ဘဲ။ 
.
 မြန်မာပြည် မဲဆန္ဒရှင်တွေက နိုင်ငံရေးနပ်ပြီးသားတွေပါ။ အရေးကြီးတဲ့ရွေးကောက်ပွဲတိုင်း ပြတ်သားစွာဆုံးဖြတ် မဲပေးခဲ့ကြတာပါ။ အခုတခေါက်လည်း ပြတ်သားစွာဆုံးဖြတ်ပြီး မဲပေးကြဦးစို့။
.
#vote_NLD   #NLDကိုမဲပေးပါ။

02 July 2020

၂၀၂၀ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။



  • မြန်မာနိုင်ငံ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေငြာပါပြီ။ နိုဝင်ဘာလ၈ရက် တနင်္ဂနွေနေ့ပါ။
  • .
  • မြန်မာပြည်သားများ၊ အထူးသဖြင့် ဒီတခေါက်မှ မဲစပေးရမယ့်လူငယ်များကို မဲပေးကြဖို့ တိုက်တွန်းပါတယ်။ ရွေးကောက်ပွဲမှာမဲပေးတာ ဒီမိုကရေစီနိုင်ငံသားတဦးရဲ့ အခွင့်အရေး နဲ့ တာဝန်ပါ။ 
  • .
  • ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးရမှာလဲ။ ကိုယ်ကြိုက်တဲ့ပါတီကို မဲပေးန်ိုင်ပါတယ်။ ဘယ်သူတွေ ဘယ်ပါတီတွေက လူထုနဲ့နိုင်ငံအတွက် အကျိုးရှိစေလည်း လေ့လာပြီး မဲပေးရမှာပါ။ နေ့တဝက်လောက် လေ့လာလိုက်ရင်ကို သိနိုင်ပါတယ်။ ကိုယ့်ထက်အကြီး သူငယ်ချင်းမိတ်ဆွေကအစ အတွေ့အကြုံရှိသူ မိဘဆရာသမား ဆွေမျိုးများကိုလည်း မေးမြန်းကြည့်ရင် သိနိုင်ပါတယ်။ 
  • .
  • မနေ့ကကြည့်လိုက်ရတဲ့ မကွေးဝန်ချုပ်နဲ့ဗျူးမှာ ပြောသွားသလို အစိုးရဌာနတွေ၊ ပါတီတွေကစ NGOတွေ၊ အသင်းတွေ၊ လူမှုရေးအဖွဲ့တွေ၊ လူတဦးချင်းကအစ မိမိနှစ်သက်တဲ့ပါတီကို မဲပေးကြဖို့ တိုက်တွန်းပေးရပါမယ်။
  • .
  • မိမိ ဘယ်ပါတီကို မဲပေးမယ်ဆိုတာ လူအများသိအောင် ပြောစရာမလိုပါ။ မိမိအခွင့်အရေးသာ ဖြစ်တယ်။ အခြားသူတွေက ခြိမ်းခြောက်ပြီးသော်၎င်း၊ တန်စိုးလက်ဆောင် လာဘ်ထိုးပြီးသော်၎င်း မဲဆွယ်လာရင် ခေါင်းညိတ်ပြခဲ့ပြီး မဲရုံထဲရောက်ရင် ကိုယ်ကြိုက်သူပေးလို့ရပါတယ်။ လျှို့ဝှက်မဲပေးတဲ့စံနစ်မို့ မိမိမှတပါး အခြားသူမသိနိုင်ပါဘူး။
  • .
  • ဒီတော့ အသက်၁၈နှစ်ပြည့်သူတိုင်း မဲပေးဖ်ို့ လေ့လာပြင်ဆင်ကြပါ။ မဲဆန္ဒရှင်စာရင်း ကြေငြာရင် သွားကြည့်ပြီး မိမိအမည်ပါမပါ စစ်ပါ။ မပါရင် လုပ်ထုံးလုပ်နည်းအတိုင်း အကြောင်းကြားပါ။ နိုင်ငံသားတဦးပီသအောင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးကြရအောင်။