30 May 2018

ဒိုလေး နဲ့ မက်ဆီ



(Unicode version )




   ကမ်ဘာ့ဘောလုံးပွဲနီးလာတော့ တီဗီချယ်နယ်တွေမှာလည်း လုံးလာကြပါပြီ။ ပုံမှန်အားဖြင့် အားကစားအကြောင်း လုံးဝမပြတ့ဲ History Channel မှာတောင် History of Football ဆိုပြီး အစီအစဉ်တခု စပြနေပါပြီ။

.

အဲဒီမှာ head to head ဆိုပြီး ခေတ်ပြိုင် ဘောလုံးသမားနှစ်ယောက်ကို ဘယ်သူက ဘာကြောင့်သာသလဲဆိုပြီး ဆွေးနွေးကြပါတယ်။ တင်ဆက်သူ အမျိုးသမီးနဲ့အတူ ရိုင်ယန်ဂစ်၊ ဇိုလာ၊ ဂျာမိန်းဂျီးနပ်စ်နဲ့ လိုင်နယ်ကာတို့ ပါဝင်ဆွေးနွေးတာ ကြည့်လိုက်ရပါတယ်။

.

ယနေ့ ခေတ်အစားဆုံး ဘောလုံးသမားနှစ်ယောက်ဖြစ်တ့ဲ မက်ဆီနဲ့ ဒိုလေးကို ဘယ်သူသာသလဲ ဆွေးနွေးကြတာပါ။ ဘောလုံးအလိမ်အခေါက်၊ တည်ကန်ဘော၊ ဂိုးသွင်းနိုင်စွမ်း၊ ဆုရရှိမှု စသဖြင့် ခေါင်းစဉ်ခြောက်ခုနဲ့ အမှတ်ပေး ဆုံးဖြတ်ကြတာပါ။ မက်ဆီက ၄-၂ နဲ့ အသာရသွားပါတယ်။

.

သူတို့ ဆွေးနွေးတ့ဲအထဲမှာ မပါတ့ဲ ခေါင်းစဉ်ကို စဉ်းစားမိပါတယ်။ မက်ဆီရော ဒိုလေးရော ဘောလုံးကျွမ်းကျင်မှုမှာ တယောက်တမျိုး တော်ကြပါတယ်။ အစွမ်းမျိုးစုံပြပြီး ဆုမျိုးစုံလည်း အသင်းအတွက်ရော၊ တဦးချင်းအတွက်ပါ များစွာ ရပြီးကြပါပြီ။

.

ကွာတာက မက်ဆီက ကျန်ကစားဖေါ် အသင်းသားများရဲ့ အထောက်အပံ့ ပိုရသလို အထောက်အပ့ံလည်း ပိုလုပ်ပေးနိုင်ပါတယ်။ ဒိုလေးကကျတော့ သူ့အသင်းသားတွေရဲ့ အထောက်အပံ့ အရနည်းပြီး တကိုယ်တော်အစွမ်းနဲ့ ဂိုးပိုသွင်းလေ့ ရှိပါတယ်။

.

ဒီတော့ ဒိုလေးကို ပိုသာတယ်လိ့ု ရွေးမှာလားမေးရင် "မဟုတ်ပါ၊ မက်ဆီကိုဘဲ ရွေးပါတယ်" လို့ ဖြေမှာပါ။ ဘာလို့လည်းဆိုတော့ ဘောလုံးကစားနည်းဟာ အသင်းလိုက် အားကစားစိတ်ဓာတ်နဲ့ ကစားရတ့ဲ အားကစားနည်းမို့ပါ။ ။



XxXxXx

(Zawgyi version)

   ကမ႓ာ့ေဘာလံုးပြဲနီးလာေတာ့ တီဗီခ်ယ္နယ္ေတြမွာလည္း လံုးလာၾကပါၿပီ။ ပံုမွန္အားျဖင့္ အားကစားအေၾကာင္း လံုးဝမျပတ့ဲ History Channel မွာေတာင္ History of Football ဆိုၿပီး အစီအစဥ္တခု စျပေနပါၿပီ။
.
အဲဒီမွာ head to head ဆိုၿပီး ေခတ္ၿပိဳင္ ေဘာလံုးသမားႏွစ္ေယာက္ကို ဘယ္သူက ဘာေၾကာင့္သာသလဲဆိုၿပီး ေဆြးေႏြးၾကပါတယ္။ တင္ဆက္သူ အမ်ိဳးသမီးနဲ႔အတူ ႐ိုင္ယန္ဂစ္၊ ဇိုလာ၊ ဂ်ာမိန္းဂ်ီးနပ္စ္နဲ႔ လိုင္နယ္ကာတို႔ ပါဝင္ေဆြးေႏြးတာ ၾကည့္လိုက္ရပါတယ္။
.
ယေန႔ ေခတ္အစားဆံုး ေဘာလံုးသမားႏွစ္ေယာက္ျဖစ္တ့ဲ မက္ဆီနဲ႔ ဒိုေလးကို ဘယ္သူသာသလဲ ေဆြးေႏြးၾကတာပါ။ ေဘာလံုးအလိမ္အေခါက္၊ တည္ကန္ေဘာ၊ ဂိုးသြင္းႏိုင္စြမ္း၊ ဆုရ႐ွိမႈ စသျဖင့္ ေခါင္းစဥ္ေျခာက္ခုနဲ႔ အမွတ္ေပး ဆံုးျဖတ္ၾကတာပါ။ မက္ဆီက ၄-၂ နဲ႔ အသာရသြားပါတယ္။
.
သူတို႔ ေဆြးေႏြးတ့ဲအထဲမွာ မပါတ့ဲ ေခါင္းစဥ္ကို စဥ္းစားမိပါတယ္။ မက္ဆီေရာ ဒိုေလးေရာ ေဘာလံုးကြၽမ္းက်င္မႈမွာ တေယာက္တမ်ိဳး ေတာ္ၾကပါတယ္။ အစြမ္းမ်ိဳးစံုျပၿပီး ဆုမ်ိဳးစံုလည္း အသင္းအတြက္ေရာ၊ တဦးခ်င္းအတြက္ပါ မ်ားစြာ ရၿပီးၾကပါၿပီ။
.
ကြာတာက မက္ဆီက က်န္ကစားေဖၚ အသင္းသားမ်ားရဲ႕ အေထာက္အပံ့ ပိုရသလို အေထာက္အပ့ံလည္း ပိုလုပ္ေပးႏိုင္ပါတယ္။ ဒိုေလးကက်ေတာ့  သူ႔အသင္းသားေတြရဲ႕ အေထာက္အပံ့ အရနည္းၿပီး တကိုယ္ေတာ္အစြမ္းနဲ႔ ဂိုးပိုသြင္းေလ့ ႐ွိပါတယ္။
.
ဒီေတာ့ ဒိုေလးကို ပိုသာတယ္လိ႔ု ေရြးမွာလားေမးရင္ "မဟုတ္ပါ၊ မက္ဆီကိုဘဲ ေရြးပါတယ္" လို႔ ေျဖမွာပါ။ ဘာလို႔လည္းဆိုေတာ့ ေဘာလံုးကစားနည္းဟာ အသင္းလိုက္ အားကစားစိတ္ဓာတ္နဲ႔ ကစားရတ့ဲ အားကစားနည္းမို႔ပါ။     ။

29 May 2018

မလေးရှားရဲတွေ ပြောင်းလဲပြီ၊



(Unicode version) 




   မလေးရှားမှာ မြန်မာကလာတယ်ဆိုတ့ဲ မူးယစ်ဆေးတွေ စံချိန်တင် ဖမ်းမိကြောင်း သတင်းတွေ ပြန့်နေပါတယ်။ လဘက်ခြောက်ထုပ်လို့ ယူဆရတ့ဲ ရွှေရောင်အထုပ်တွေထဲမှာ ထည့်သွင်းလာတာပါ။ စဉ်းစားမိတာတွေ ပြောချင်ပါတယ်။

.

မြန်မာကနေ မလေးသို့ မူးရစ်ဆေးတွေပို့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်နိုင်ပါ။ နာဂျစ်အစိုးရပြောင်းသွားပြီး ရဲတွေအရင်လို လုပ်မရလို့ မိကုန်တာ ဖြစ်နိုင်ပါတယ်။ နာဂျစ်ခေတ်မှာ လာဘ်စားမှုတွေ တိုးလာတာ လူတိုင်းအသိပါ။ မိတ့ဲသူတွေရဲ့ ကုမ္ပဏီနဲ့ ဆက်စပ်သူတွေ စစ်လိုက်ရင် ပေါ်လာမှာပါ။ မလေးရဲနဲ့ မလေးပြည်ထဲရေးက အစိုးရဟောင်း နာဂျစ်အစိုးရခေတ်မှာ ကျန်မနေရစ်ပါ။ အမှုကို ဆက်လိုက်လိမ့်မယ်လို့ ထင်ပါတယ်။

.

ဒါဆို မြန်မာဘက်ကရော။ ပို့တ့ဲကုမ္ပဏီ၊ အ့ဲနေ့ကတာဝန်ကျ ဆိပ်ကမ်းဝန်ထမ်းတွေ၊ ကာစတမ်နဲ့ ရဲတွေစစ်လိုက်ရင် ပေါ်မှာပါ။ လုပ်နေကျ ဖြစ်မှာပါ။ အထုပ်သေးသေးလေးမှ မဟုတ်ဘဲဗျာ။ ကွန်တိန်နာ အလုံးလိုက်တ့ဲ။ အထုပ်သေးတွေပေါ်မှာလည်း လက်မှတ်တွေ တွေ့တယ်။ စစ်ဆေးသူ အင်စပက်တော်တို့ လက်မှတ်ထင်တာဘဲ။

.

သေချာတာကတော့ မြန်မာဘက်မှာ အစိုးရပြောင်းတာ နှစ်နှစ်ကျော်လာပေမယ့် မပြောင်းသူတွေ၊ အရင်အစိုးရခေတ်မှာ ကျန်ခ့ဲသူတွေ၊ ချန်ခ့ဲသူတွေ ရှိနေတုံး ဆိုတာပါဘဲ။ များမကြာမှီကလည်း ဆိပ်ကမ်းကနေ သစ်တွေ ကွန်တိန်နာအလုံးလိုက် ပို့ဖို့စီစဉ်နေဆဲ မိဘူးသလို၊ ကုတ်ကင်းတွေ သွင်းတာလည်း မိဘူးပါတယ်။ ဘယ်လို အရေးယူလည်း၊ ဘယ်အဆင့်အထိ အရေးယူလည်း မသိတော့ပါ။

.

ခုတခေါက်တော့ နိုင်ငံတကာနဲ့ ပတ်သက်ပြီမို့ ပိုင်ရှင်မ့ဲ လုပ်ဖို့မလွယ် လောက်ပါ။ နောက်ကွယ်ကလက်မဲတွေ ဖော်ဖို့လိုသလို တာဝန်ကျ ဝန်ထမ်းကြီးတွေအထိ အရေးယူဖို့ လိုမယ်ထင်တာဘဲခင်ဗျာ။ နို့မို့ မြန်မာ့ထုတ်ကုန်တွေပါ နာမည်ပျက်ရချီရဲ့။ ။



XxXxXx 

(Zawgyi version )

   မေလး႐ွားမွာ ျမန္မာကလာတယ္ဆိုတ့ဲ မူးယစ္ေဆးေတြ စံခ်ိန္တင္ ဖမ္းမိေၾကာင္း သတင္းေတြ ျပန္႔ေနပါတယ္။ လဘက္ေျခာက္ထုပ္လို႔ ယူဆရတ့ဲ ေရႊေရာင္အထုပ္ေတြထဲမွာ ထည့္သြင္းလာတာပါ။ စဥ္းစားမိတာေတြ ေျပာခ်င္ပါတယ္။
.
ျမန္မာကေန မေလးသို႔ မူးရစ္ေဆးေတြပို႔တာ ဒါ ပထမဆံုးအႀကိမ္ မဟုတ္ႏိုင္ပါ။ နာဂ်စ္အစိုးရေျပာင္းသြားၿပီး ရဲေတြအရင္လို လုပ္မရလို႔ မိကုန္တာ ျဖစ္ႏိုင္ပါတယ္။ နာဂ်စ္ေခတ္မွာ လာဘ္စားမႈေတြ တိုးလာတာ လူတိုင္းအသိပါ။ မိတ့ဲသူေတြရဲ႕ ကုမၸဏီနဲ႔ ဆက္စပ္သူေတြ စစ္လိုက္ရင္ ေပၚလာမွာပါ။ မေလးရဲနဲ႔ မေလးျပည္ထဲေရးက အစိုးရေဟာင္း နာဂ်စ္အစိုးရေခတ္မွာ က်န္မေနရစ္ပါ။ အမႈကို ဆက္လိုက္လိမ့္မယ္လို႔ ထင္ပါတယ္။
.
ဒါဆို ျမန္မာဘက္ကေရာ။ ပို႔တ့ဲကုမၸဏီ၊ အ့ဲေန႔ကတာဝန္က် ဆိပ္ကမ္းဝန္ထမ္းေတြ၊ ကာစတမ္နဲ႔ ရဲေတြစစ္လိုက္ရင္ ေပၚမွာပါ။ လုပ္ေနက် ျဖစ္မွာပါ။ အထုပ္ေသးေသးေလးမွ မဟုတ္ဘဲဗ်ာ။ ကြန္တိန္နာ အလံုးလိုက္တ့ဲ။ အထုပ္ေသးေတြေပၚမွာလည္း လက္မွတ္ေတြ ေတြ႔တယ္။ စစ္ေဆးသူ အင္စပက္ေတာ္တို႔ လက္မွတ္ထင္တာဘဲ။
.
ေသခ်ာတာကေတာ့ ျမန္မာဘက္မွာ အစိုးရေျပာင္းတာ ႏွစ္ႏွစ္ေက်ာ္လာေပမယ့္ မေျပာင္းသူေတြ၊ အရင္အစိုးရေခတ္မွာ က်န္ခ့ဲသူေတြ၊ ခ်န္ခ့ဲသူေတြ ႐ွိေနတံုး ဆိုတာပါဘဲ။ မ်ားမၾကာမွီကလည္း ဆိပ္ကမ္းကေန သစ္ေတြ ကြန္တိန္နာအလုုံးလိုက္ ပို႔ဖို႔စီစဥ္ေနဆဲ မိဘူးသလို၊ ကုတ္ကင္းေတြ သြင္းတာလည္း မိဘူးပါတယ္။ ဘယ္လို အေရးယူလည္း၊ ဘယ္အဆင့္အထိ အေရးယူလည္း မသိေတာ့ပါ။
.
ခုတေခါက္ေတာ့ ႏိုင္ငံတကာနဲ႔ ပတ္သက္ၿပီမို႔ ပိုင္႐ွင္မ့ဲ လုပ္ဖို႔မလြယ္ ေလာက္ပါ။ ေနာက္ကြယ္ကလက္မဲေတြ ေဖာ္ဖို႔လိုသလို တာဝန္က် ဝန္ထမ္းႀကီးေတြအထိ အေရးယူဖို႔ လိုမယ္ထင္တာဘဲခင္ဗ်ာ။ ႏို႔မို႔ ျမန္မာ့ထုတ္ကုန္ေတြပါ နာမည္ပ်က္ရခ်ီရဲ႕။    ။


25 May 2018

ဝက်ကလေး နဲ့ ဒေါ်နွယ်ထွန်း

(Unicode version) 



   မနေ့ညက တီဗီကြည့်နေတုံး ဘရိတ်ကင်းနျူးစ် တက်လာတယ်။ နောက်လ ဝက်ကလေးနဲ့တွေ့မယ့် အစီအစဉ်ကို အခြေအနေ မပေးသေးလို့ဆိုပြီး အမေရိကန်သမတ ဒေါ်နွယ်ထွန်းက ဖျက်လိုက်ကြောင်းပါ။

.

အံ့သြစရာတော့ သိတ်မရှိပါ။ မတွေ့သင့်သေးတ့ဲ အချိန်မှာ တွေ့မယ်လုပ်ကြတုံးက အံ့သြပြီးခ့ဲပါပြီ။ တဖက်နဲ့တဖက် ခါးခါးသီးသီးဖြစ်နေကြသူတွေ အချိန်ယူပြီးမှ တွေ့သင့်တာပါ။ တောင်နဲ့မြောက် ကိုရီးယားချင်း သုံးလေးကြိမ် စကားပြောကြပါစေ။ မိမိပြောချင်တာတော့ ထည့်ပြောခိုင်းပေါ့။ ပြီးမှ ဂျပန်တို့လို နိုင်ငံနဲ့ တွေ့ခိုင်း၊ ပြီးမှ အမေရိကန်နဲ့ မကိုရီးယားတို့ တွေ့သင့်တာပါ။ ဒါပေမယ့် ဒေါ်နွယ်ထွန်းရဲ့သဘောလား၊ အခါတော်ပေးတွေရဲ့သဘောလား မသိရဘဲ ချက်ချင်းကြီး တွေ့မယ်လုပ်တာကို အံ့သြခ့ဲတာပါ။ ခုတော့ ပျက်ပြန်ပြိီ။

.

 မနေ့က နေ့ခင်းပိုင်း မကိုရီးယားက သူတို့ရဲ့ နျူလက်နက်စမ်းသတ်တ့ဲနေရာတွေ ပြည်ပသတင်းထောက်တွေရှေ့မှာ ခေါ်ပြနေတာပါ။ သတင်းထောက်တွေမှာ အမှန်အကန်နေရာတွေလား ဇဝေဇဝါ မယုံမကြည်နဲ့ လိုက်ကြည့်နေတုံးပါ။ ဒီနေ့ကြည့်ရတ့ဲ သတင်းများအရတော့ အမေရိကန်ဖက်က ဆွေးနွေးပွဲဖျက်ကြောင်း CNN မှာပြမှ မကိုရီးယားတွေ သိရပါသတ့ဲ။

.

ဒေါ်နွယ်ထွန်းလုပ်ပုံက ရိုက်ပေါက်ပါ။ သူ့အခါတော်ပေးတွေက ပိုင်လို့လုပ်တာဆို အရေးမကြီးပါ။ သူတို့ဆက်ဆံနေရတ့ဲ ဝက်ကလေးက အာဏာရှင်ငကြောင်ဆိုတာ သတိထားသင့်ပါတယ်။ ဝက်ကလေးက သဘောရိုးနဲ့ ဖျက်နေတာဆိုရင်တော့ ကိစ္စမရှိဘူး။

.

အူကြောင်ကြားတွေးပြီး ငါက ဖျက်ပေးနေရက်နဲ့ အမေရိကန်က ငါ့ကိုအရှက်ခွဲတယ်ဆိုပြီး ရှက်ရမ်းရမ်းရင် ဒုက္ခ။ ဒီကိစ္စတာဝန်ယူနေရတ့ဲ မြောက်ကိုရီးယား အရာရှ်ိ ခွေးစာကျွေးပြီး အသတ်ခံရတာက အရေးမကြီးဘူး။ ရုပ်ရှင်တွေထဲကလို ဝက်ကလေးက စားပွဲရှည်ကြီးထိပ်မှာ ထိုင်။ တပည့်တွေက သူပြောသမျှ လိုက်မှတ်နေ။ သူက မျက်နှာကြီး မ့ဲရွဲ့ပြီး "ဟေ့ကောင်တွေ (ကိုရီးယားဘာသာနဲ့ပေါ့ဗျာ) ငါမပြောဘူးလား။ ဒီ မိစၧာကောင်တွေကို မယုံနဲ့ဆိုတာလေ။ ဒီကောင်တွေ ဂတိဖျက်ပြီ။ ဒီတော့ သူတို့ကို မပြဘဲ ငါဖွက်ခိုင်းထားတ့ဲ နျူကလိယထိပ်ဖူးတပ် ဒုံးကျည်တွေ ချိန်ထားတ့ဲနေရာတွေ ပစ်လိုက်တော့၊" ဆ်ိုရင် သေပြီဘဲ။

.

ဒေါ်နွယ်ထွန်းနဲ့ သူ့လူတွေလည်း ပိုင်လို့လုပ်တာနေမှာပါ။ ကြားက ငထွားတွေ နာမှာစိုးလို့ပါ။ မြန်မာအပါအဝင် ကမ်ဘာကြီး စစ်ပွဲတွေ ရပ်ပါစေသား။ ။

XxXxXx

(Zawgyi version )

  မေန႔ညက တီဗီၾကည့္ေနတံုး ဘရိတ္ကင္းန်ဴးစ္ တက္လာတယ္။ ေနာက္လ ဝက္ကေလးနဲ႔ေတြ႔မယ့္ အစီအစဥ္ကို အေျခအေန မေပးေသးလို႔ဆိုၿပီး အေမရိကန္သမတ ေဒၚႏြယ္ထြန္းက ဖ်က္လိုက္ေၾကာင္းပါ။
.
အံ့ၾသစရာေတာ့ သိတ္မ႐ွိပါ။ မေတြ႔သင့္ေသးတ့ဲ အခ်ိန္မွာ ေတြ႔မယ္လုပ္ၾကတံုးက အံ့ၾသၿပီးခ့ဲပါၿပီ။ တဖက္နဲ႔တဖက္ ခါးခါးသီးသီးျဖစ္ေနၾကသူေတြ အခ်ိန္ယူၿပီးမွ ေတြ႔သင့္တာပါ။ ေတာင္နဲ႔ေျမာက္ ကိုရီးယားခ်င္း သံုးေလးႀကိမ္ စကားေျပာၾကပါေစ။ မိမိေျပာခ်င္တာေတာ့ ထည့္ေျပာခိုင္းေပါ့။ ၿပီးမွ ဂ်ပန္တို႔လို ႏိုင္ငံနဲ႔ ေတြ႔ခိုင္း၊ ၿပီးမွ အေမရိကန္နဲ႔ မကိုရီးယားတို႔ ေတြ႔သင့္တာပါ။ ဒါေပမယ့္ ေဒၚႏြယ္ထြန္းရဲ႕သေဘာလား၊ အခါေတာ္ေပးေတြရဲ႕သေဘာလား မသိရဘဲ ခ်က္ခ်င္းႀကီး ေတြ႔မယ္လုပ္တာကို အံ့ၾသခ့ဲတာပါ။ ခုေတာ့ ပ်က္ျပန္ၿပိီ။
.
 မေန႔က ေန႔ခင္းပိုင္း မကိုရီးယားက သူတို႔ရဲ႕ န်ဴလက္နက္စမ္းသတ္တ့ဲေနရာေတြ ျပည္ပသတင္းေထာက္ေတြေ႐ွ႕မွာ ေခၚျပေနတာပါ။ သတင္းေထာက္ေတြမွာ အမွန္အကန္ေနရာေတြလား ဇေဝဇဝါ မယံုမၾကည္နဲ႔ လိုက္ၾကည့္ေနတံုးပါ။ ဒီေန႔ၾကည့္ရတ့ဲ သတင္းမ်ားအရေတာ့ အေမရိကန္ဖက္က ေဆြးေႏြးပြဲဖ်က္ေၾကာင္း CNN မွာျပမွ မကိုရီးယားေတြ သိရပါသတ့ဲ။
.
ေဒၚႏြယ္ထြန္းလုပ္ပံုက ႐ိုက္ေပါက္ပါ။ သူ႔အခါေတာ္ေပးေတြက ပိုင္လို႔လုပ္တာဆို အေရးမႀကီးပါ။ သူတို႔ဆက္ဆံေနရတ့ဲ ဝက္ကေလးက အာဏာ႐ွင္ငေၾကာင္ဆိုတာ သတိထားသင့္ပါတယ္။ ဝက္ကေလးက သေဘာ႐ိုးနဲ႔ ဖ်က္ေနတာဆိုရင္ေတာ့ ကိစၥမ႐ွိဘူး။
.
အူေၾကာင္ၾကားေတြးၿပီး ငါက ဖ်က္ေပးေနရက္နဲ႔ အေမရိကန္က ငါ့ကိုအ႐ွက္ခြဲတယ္ဆိုၿပီး ႐ွက္ရမ္းရမ္းရင္ ဒုကၡ။ ဒီကိစၥတာဝန္ယူေနရတ့ဲ ေျမာက္ကိုရီးယား အရာ႐ွ္ိ ေခြးစာေကြၽးၿပီး အသတ္ခံရတာက အေရးမႀကီးဘူး။ ႐ုပ္႐ွင္ေတြထဲကလို ဝက္ကေလးက စားပြဲ႐ွည္ႀကီးထိပ္မွာ ထိုင္။ တပည့္ေတြက သူေျပာသမွ် လိုက္မွတ္ေန။ သူက မ်က္ႏွာႀကီး မ့ဲရြဲ႔ၿပီး "ေဟ့ေကာင္ေတြ (ကိုရီးယားဘာသာနဲ႔ေပါ့ဗ်ာ) ငါမေျပာဘူးလား။ ဒီ မိစၧာေကာင္ေတြကို မယံုနဲ႔ဆိုတာေလ။ ဒီေကာင္ေတြ ဂတိဖ်က္ၿပီ။ ဒီေတာ့ သူတို႔ကို မျပဘဲ ငါဖြက္ခိုင္းထားတ့ဲ န်ဴကလိယထိပ္ဖူးတပ္ ဒံုးက်ည္ေတြ ခ်ိန္ထားတ့ဲေနရာေတြ ပစ္လိုက္ေတာ့၊" ဆ္ိုရင္ ေသၿပီဘဲ။
.
ေဒၚႏြယ္ထြန္းနဲ႔ သူ႔လူေတြလည္း ပိုင္လို႔လုပ္တာေနမွာပါ။ ၾကားက ငထြားေတြ နာမွာစိုးလို႔ပါ။ ျမန္မာအပါအဝင္ ကမ႓ာႀကီး စစ္ပြဲေတြ ရပ္ပါေစသား။     ။

16 May 2018

ရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ



(Unicode version )


   မြန်မာနိုင်ငံ ရဲချုပ်အသစ်စက်စက်ကလည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာတင် ဂွမ်းပြန်ပြီ။ တာမွေအဝိုင်းထိပ် ဆန္ဒပြသူများ ဖြိုခွဲရာတွင် အရပ်သားများ မသုံးခ့ဲဘူးလို့ ပြောလိုက်ပါတယ်။

.

ရဲချုပ်ကြီး ကျန်အင်တာနက်စာမျက်နှာတွေ မသုံးတောင် ဖေ့ဘုတ်လေးတော့ သုံးစေချင်ပါတယ်။ ဓာတ်ပုံတွေကို ဖိုတိုရှော့လို့ ပြောချင်တောင် ဗီဒီယိုတွေ live တင်ခ့ဲကြတာ တွေ့ရမှာပါ။ ဘာကြောင့် အခြားအကြောင်းပြချက်မသုံးဘဲ မျိက်စိစုံမှိတ် ပြောလိုက်ပါသလဲ။

.

သတင်းစာရှင်းပွဲမှာ ရဲချုပ်က "ထိုသို့ပြုလုပ်ရာတွင် (လူစုခွဲရန်ကိစ္စ) လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းခံနိုင်သည်ဟု (ဥပဒေတွင်) ဖော်ပြထားကြောင်း ရဲချုပ်အောင်ဝင်းဦးက ဆိုသည်။ သို့သော် ဒီဖြစ်စဉ်မှာ အရပ်သားအင်အား မသုံးကြောင်း သိရှိရပါတယ်" လို့ ပြောသွားပါတယ်။ ဘာကြောင့် ဥပဒေမှာ ဒီလိုဖော်ပြထားရက်နဲ့ အသုံးမချခ့ဲလည်း စဉ်းစားစရာပါ။ ဓာတ်ပုံတွေမှာ အထင်အရှား မြင်နေရရက်နဲ့ ငြင်းခ့ဲသလည်း စဉ်းစားစရာပါ။

.

အတည်မပြုနိုင်တ့ဲ ဖေ့ဘုတ်ပို့စ်များအရ ဆန္ဒပြသူများကို ဝင်ရောက်ဖြိုခွဲပေးတ့ဲ အရပ်သားတွေထဲမှာ ရဲကအလိုရှိနေသူ တရားခံပြေးဖြစ်နေသူတယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။ ကျန်အချို့ကလည်း အရင်အစိုးရ အသုံးချခ့ဲသော စွမ်းအားရှင်များ ပါတယ်လို့ ဆိုနေကြပါတယ်။ ဒါကြောင့်များ အသုံးမချရဲတာလား မေးစရာဖြစ်လာပါပြီ။

.

တိုင်းပြည် အေးချမ်းသာယာစွာ တိုးတက်ဖို့ ပည်သူ့ရဲတွေက ပထမဆုံး အရေးကြီးပါတယ်။ သူတို့ကိုယ်တိုင်က ဥပဒေနဲ့အညီ ဥပဒေချိုးဖောက်သူတွေကို အရေးယူရမှာပါ။ ခုလက်ရှ်ိ အမြင်အရတော့ ပြုပြင်ဖို့ အများကြီးလိုပါသေးတယ်။

XxXxXx

(Zawgyi version )


   ျမန္မာႏိုင္ငံ ရဲခ်ဳပ္အသစ္စက္စက္ကလည္း ပထမဆံုး သတင္းစာ႐ွင္းလင္းပြဲမွာတင္ ဂြမ္းျပန္ၿပီ။ တာေမြအဝိုင္းထိပ္ ဆႏၵျပသူမ်ား ျဖိုဳခြဲရာတြင္  အရပ္သားမ်ား မသံုးခ့ဲဘူးလို႔ ေျပာလိုက္ပါတယ္။
.
ရဲခ်ဳပ္ႀကီး က်န္အင္တာနက္စာမ်က္ႏွာေတြ မသံုးေတာင္ ေဖ့ဘုတ္ေလးေတာ့ သံုးေစခ်င္ပါတယ္။ ဓာတ္ပံုေတြကို ဖိုတိုေ႐ွာ့လို႔ ေျပာခ်င္ေတာင္ ဗီဒီယိုေတြ live တင္ခ့ဲၾကတာ ေတြ႔ရမွာပါ။ ဘာေၾကာင့္ အျခားအေၾကာင္းျပခ်က္မသံုးဘဲ မ်ိက္စိစံုမွိတ္ ေျပာလိုက္ပါသလဲ။
.
သတင္းစာ႐ွင္းပြဲမွာ ရဲခ်ဳပ္က "ထိုသို႔ျပဳလုပ္ရာတြင္ (လူစုခြဲရန္ကိစၥ)  လက္နက္ကိုင္မဟုတ္သူ မည္သည့္အမ်ိဳးသားကိုမဆို အကူအညီေတာင္းခံနိုင္သည္ဟု (ဥပေဒတြင္) ေဖာ္ျပထားေၾကာင္း ရဲခ်ဳပ္ေအာင္ဝင္းဦးက ဆိုသည္။ သို႔ေသာ္ ဒီျဖစ္စဥ္မွာ အရပ္သားအင္အား မသံုးေၾကာင္း သိ႐ွိရပါတယ္" လို႔ ေျပာသြားပါတယ္။ ဘာေၾကာင့္ ဥပေဒမွာ ဒီလိုေဖာ္ျပထားရက္နဲ႔ အသံုးမခ်ခ့ဲလည္း စဥ္းစားစရာပါ။ ဓာတ္ပံုေတြမွာ အထင္အ႐ွား ျမင္ေနရရက္နဲ႔ ျငင္းခ့ဲသလည္း စဥ္းစားစရာပါ။
.
အတည္မျပဳႏိုင္တ့ဲ ေဖ့ဘုတ္ပို႔စ္မ်ားအရ ဆႏၵျပသူမ်ားကို ဝင္ေရာက္ၿဖိဳခြဲေပးတ့ဲ အရပ္သားေတြထဲမွာ ရဲကအလို႐ွိေနသူ တရားခံေျပးျဖစ္ေနသူတေယာက္ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။ က်န္အခ်ိဳ႕ကလည္း အရင္အစိုးရ အသံုးခ်ခ့ဲေသာ စြမ္းအား႐ွင္မ်ား ပါတယ္လို႔ ဆိုေနၾကပါတယ္။ ဒါေၾကာင့္မ်ား အသံုးမခ်ရဲတာလား ေမးစရာျဖစ္လာပါၿပီ။
.
တိုင္းျပည္ ေအးခ်မ္းသာယာစြာ တိုးတက္ဖို႔ ပည္သူ႔ရဲေတြက ပထမဆံုး အေရးႀကီးပါတယ္။ သူတို႔ကိုယ္တိုင္က ဥပေဒနဲ႔အညီ ဥပေဒခ်ိဳးေဖာက္သူေတြကို အေရးယူရမွာပါ။ ခုလက္႐ွ္ိ အျမင္အရေတာ့ ျပဳျပင္ဖို႔ အမ်ားႀကီးလိုပါေသးတယ္။ 

14 May 2018

ပြည်သူ့ရဲ့?

(Unicode version)

 Police ခေါ် ပုလိပ် ခေါ် ရဲဆိုတာ ဥပဒေကို အလိုက်နာသင့်ဆုံးသူတွေပါ။ ဘာလို့လည်းဆိုတော့ သူတို့က ဥပဒေချိုးဖေါက်သူတွေကို အရေးယူရမှာလေ။ ဒီတော့ သူကမှ မလိုက်နာနိုင်ရင် ဘယ်လိုအရေးယူတော့မလဲ။ နောက်ဆက်တွဲအနေနဲ့ ဘယ်သူက အားကိုးယုံကြည်တော့မလဲဗျာ။

.

ကမ်ဘာကျော်အမှုဖြစ်နေတ့ဲ ရိုက်တာသတင်းထောက် ဝလုံးတို့ကိစ္စကို ကြည့်ပါ။ သူတို့နှစ်ဦး နိုင်ငံချစ်စိတ် မျိုးချစ်စိတ်မရှိဘူးလို့ ပြောလို့ရရင် ရမယ်။ ဒါပေမယ့် ဥပဒေချိုးဖောက်တာ မပြနိုင်လို့ ကိုယ့်လူလွှတ်ပြီး စာရွက်စာတမ်းတွေပေး၊ ပြန်အထွက်မှာ စောင့်ဖမ်းပြီး တရားစွဲဖို့လုပ်တာ လွန်စွာညံ့ရာ ရောက်ပါသည်။

.

တနေ့က တာမွေမှာ စစ်ပွဲတွေရပ်ဖို့ ဆန္ဒပြသူတွေ ဖြိုခွဲအဖမ်းခံရသည်။ ဆန္ဒပြခွင့်မရှိဘဲပြခြင်း၊ တချို့က အကြိမ်ကြိမ်ပြဿနာရှာနေသူဖြစ်ခြင်းကြောင့် ဖမ်းရင်တရားတယ် ပြောနိုင်ပါတယ်။ ဒါပေမယ့် လူဝတ်နဲ့ စွမ်းအားရှင်တွေကိုသုံးခြင်း၊ တန်ပြန်ဆန္ဒပြသူတွေကိုတော့ မဖမ်းခြင်းက ရဲတွေရဲ့လုပ်ရပ်ကို အံ့သြစေပါတယ်။

.

ရဲတွေက ဥပဒေရော သိကြသေးရဲ့လား။ နှစ်ငါးဆယ်လောက် အမိန့်ပေးတ့ဲအတိုင်း လုပ်ခ့ဲကြရလို့ ရဲအတတ်ပညာ မတတ်ကြတော့တာလား။ အရင်ကလို အမှုပေါ်အောင် ရိုက်နှက်စစ်ဆေးခွင့်မရှိတော့ မစစ်တတ်ကြတော့တာလား။ တကယ်က ဥပဒေသိ ကျွမ်းကျင်ရင် အရေးယူနိုင်စရာ ပုံစံများစွာ ရှိမှာပါ။ ဘိန်းပစ်ဖမ်းလို့ ကိုလိုနီခေတ်ကတည်းက နာမည်ပျက်ခ့ဲဘူးတာဘဲ။

.

ပြည်ပ ရုပ်ရှင်ဝတၳုတွေထဲက ရဲတွေလို ဥပဒေကို တိကျစွာလိုက်နာ၊ နည်းပညာတွေသုံးပြီး အမှုဖော်တ့ဲ ပြည်သူ့ရဲတွေ မြင်ချင်ပါပြီ။ လူဆိုးတွေကပင် မခန့် မလေးစားတ့ဲ ရဲတွေကို ပြောင်းလဲသင့်ပြီ ထင်ပါကြောင်း။

XxXxXx

(Zawgyi version)

 Police ေခၚ ပုလိပ္ ေခၚ ရဲဆိုတာ ဥပေဒကို အလိုက္နာသင့္ဆံုးသူေတြပါ။ ဘာလို႔လည္းဆိုေတာ့ သူတို႔က ဥပေဒခ်ိဳးေဖါက္သူေတြကို အေရးယူရမွာေလ။ ဒီေတာ့ သူကမွ မလိုက္နာႏိုင္ရင္ ဘယ္လိုအေရးယူေတာ့မလဲ။ ေနာက္ဆက္တြဲအေနနဲ႔ ဘယ္သူက အားကိုးယံုၾကည္ေတာ့မလဲဗ်ာ။
.
ကမ႓ာေက်ာ္အမႈျဖစ္ေနတ့ဲ ႐ိုက္တာသတင္းေထာက္ ဝလံုးတို႔ကိစၥကို ၾကည့္ပါ။ သူတို႔ႏွစ္ဦး ႏိုင္ငံခ်စ္စိတ္ မ်ိဳးခ်စ္စိတ္မ႐ွိဘူးလို႔ ေျပာလို႔ရရင္ ရမယ္။ ဒါေပမယ့္ ဥပေဒခ်ိဳးေဖာက္တာ မျပႏိုင္လို႔ ကိုယ့္လူလႊတ္ၿပီး စာရြက္စာတမ္းေတြေပး၊  ျပန္အထြက္မွာ ေစာင့္ဖမ္းၿပီး တရားစြဲဖို႔လုပ္တာ လြန္စြာညံ့ရာ ေရာက္ပါသည္။
.
တေန႔က တာေမြမွာ စစ္ပြဲေတြရပ္ဖို႔ ဆႏၵျပသူေတြ ၿဖိဳခြဲအဖမ္းခံရသည္။ ဆႏၵျပခြင့္မ႐ွိဘဲျပျခင္း၊ တခ်ိဳ႕က အႀကိမ္ႀကိမ္ျပႆနာ႐ွာေနသူျဖစ္ျခင္းေၾကာင့္ ဖမ္းရင္တရားတယ္ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ လူဝတ္နဲ႔ စြမ္းအား႐ွင္ေတြကိုသံုးျခင္း၊ တန္ျပန္ဆႏၵျပသူေတြကိုေတာ့ မဖမ္းျခင္းက ရဲေတြရဲ႕လုပ္ရပ္ကို အံ့ၾသေစပါတယ္။
.
ရဲေတြက ဥပေဒေရာ သိၾကေသးရဲ႕လား။ ႏွစ္ငါးဆယ္ေလာက္ အမိန္႔ေပးတ့ဲအတိုင္း လုပ္ခ့ဲၾကရလို႔ ရဲအတတ္ပညာ မတတ္ၾကေတာ့တာလား။ အရင္ကလို အမႈေပၚေအာင္ ႐ိုက္ႏွက္စစ္ေဆးခြင့္မ႐ွိေတာ့ မစစ္တတ္ၾကေတာ့တာလား။ တကယ္က ဥပေဒသိ ကြၽမ္းက်င္ရင္ အေရးယူႏိုင္စရာ ပံုစံမ်ားစြာ ႐ွိမွာပါ။ ဘိန္းပစ္ဖမ္းလို႔ ကိုလိုနီေခတ္ကတည္းက နာမည္ပ်က္ခ့ဲဘူးတာဘဲ။
.
ျပည္ပ ႐ုပ္႐ွင္ဝတၳဳေတြထဲက ရဲေတြလို ဥပေဒကို တိက်စြာလိုက္နာ၊ နည္းပညာေတြသံုးၿပီး အမႈေဖာ္တ့ဲ ျပည္သူ႔ရဲေတြ ျမင္ခ်င္ပါၿပီ။ လူဆိုးေတြကပင္ မခန္႔ မေလးစားတ့ဲ ရဲေတြကို ေျပာင္းလဲသင့္ၿပီ ထင္ပါေၾကာင္း။ 

12 May 2018

ပျောက်ဆုံးသွားသော...မှ ခင်ဝမ်း




 






   ခင်ဝမ်းအကြောင်း စာများထဲ မဖတ်ရတာ ကြာပြီ။ ကွယ်လွန်ခ့ဲတာဘဲ ဆယ်နှစ်ကျော်ခ့ဲပြီကိုး။

.

စာရေးဆရာကျော်ဝင်းရေးတ့ဲ (သူ့အကြောင်း တစိတ်တပိုင်း) "ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခု" ဝတၳု ဒုတိယတွဲတွင် ဖတ်ရပါသည်။ သူ တောခိုတော့ ခင်ဝမ်းရဲ့ နှင်းဆီဖြူအခွေ ယူသွားပြီး တောထဲတွင် နားထောင်ကြသည့်အကြောင်း။

.

ဝတၳုထဲမှ ဇတ်ကောင် ကိုဌေးဝေးမှာ စနားထောင်မိသည်နှင့် အကြိမ်ကြိမ်နားထောင်ပြီး စွဲသွားဟန်တူသည်။ ထိုအချိန်နဲ့ တပြိုင်နက်မှာ တောင်ကြီးမြို့တွင် အဲဒီအခွေ နားထောင်မိပြီး စွဲသွားသူတယောက်လည်း ရှိခ့ဲဘူးကြောင်း။

.

ခင်ဝမ်းအကြောင်း အမှတ်တရလေးပေါ့ဗျာ။ 

10 May 2018

မလေးမှာ နာဂျစ်ရှုံးပြီ

(Unicode version )

 ဒီနေ့မနက် ဖွဘုတ်ဖွင့်လိုက်တော့ မလေးမှာနေတ့ဲ ညီမတင်ထားတ့ဲ ပို့စ်တွေ့ပါတယ်။ လက်ရှိမလေး ဝန်ကြီးချုပ် နာဂျစ်ရှုံးပြီး အတိုက်အခံတွေနိုင်လို့ ရုံးတွေနှစ်ရက် ပိတ်သတ့ဲ။ အင်း ❗ နှစ်ရက်လောက်ဆို တော်သေးတယ်။ အာရှသား အာဏာရပါတီရှုံးရင် အာဏာလွှဲပြီးသည်အထိ စိတ်ချရတာ မဟုတ်ဘူး။

.

တကယ်တော့ အာဏာရပါတီကို ထောင်ခ့ဲသူကဘဲ ပြန်ဖြုတ်ချလိုက်တာပါ။ မဟာသီယာက အနားယူပြီး ဆယ်နှစ်ကျော်ကြာမှ သူတင်ထားတ့ဲ မျောက်တွေ သူမနိုင်လို့ ပါတီထောင်ပြီး ပြန်ဖြုတ်ချရတာပါ။

.

နာဂစ်ကလည်း ရွေးကောက်ပွဲနဲ့ တက်တာပါ။ တဖြေးဖြေး အာဏာတည်မြဲလာတော့ လာဘ်ကိစ္စ ပတ်သက်လာပါတယ်။ ပြန်ဆင်းရင်လည်း အရေးယူခံနိုင်ရတာမို့ မဘသနည်းတွေ သုံးပါတော့တယ်။ အထူးသဖြင့် တောနယ်တွေက ဘာသာရေးအယူသီးတွေကို စည်းရုံးဖို့ ရည်ရွယ်ဟန်တူပါတယ်။ မြန်မာပြည်က ရိုတွေကိုလည်း အရမ်းချစ်တ့ဲ မူစလင်သူတော်ကောင်းကြီးပေါ့။

.

ဒါပေမယ့် မလေးက တောသားတွေလည်း မတ်ဘဇူကာတို့ ကျေးဇူးကြောင့် ဒီမောင့်အကြောင်း သိနေပါပြီ။ မြန်မာပြည် ၂၀၁၅ ရွေးကောက်ပွဲလိုဘဲ အာဏာရနေသူကို ကြောက်တော့ ငြိမ်နေပြီး မဲနဲ့ဖြုတ်လိုက်ပုံပါဘဲ။ နာဂစ်က ၂၀ရာစုအတွေးဘဲ ရှိနေချိန်မှာ မလေးပြည်သူတွေက အင်တာနက်ကောင်းမှုနဲ့ ၂၁ရာစု ရောက်နေတာ သတိထားမိဟန် မတူလိုက်ပါ။

.

အာဏာလွှဲပြီးတ့ဲအထိတော့ တထိတ်ထိတ်နဲ့ စောင့်ကြည့်ရဦးမှာပါ။ ဒါဟာ အဆုံးမဟုတ်၊ အစဆိုတာ မြန်မာပြည်သားတွေ ကောင်းကောင်း ကိုယ်ချင်းစာတတ်ပါတယ်။


XxXxXx

(Zawgyi version )

ဒီေန႔မနက္ ဖြဘုတ္ဖြင့္လိုက္ေတာ့ မေလးမွာေနတ့ဲ ညီမတင္ထားတ့ဲ ပို႔စ္ေတြ႔ပါတယ္။ လက္႐ွိမေလး ဝန္ႀကီးခ်ဳပ္ နာဂ်စ္႐ွံုးၿပီး အတိုက္အခံေတြႏိုင္လို႔ ရံုးေတြႏွစ္ရက္ ပိတ္သတ့ဲ။ အင္း ❗ ႏွစ္ရက္ေလာက္ဆို ေတာ္ေသးတယ္။ အာ႐ွသား အာဏာရပါတီ႐ွံုးရင္ အာဏာလႊဲၿပီးသည္အထိ စိတ္ခ်ရတာ မဟုတ္ဘူး။
.
တကယ္ေတာ့ အာဏာရပါတီကို ေထာင္ခ့ဲသူကဘဲ ျပန္ျဖဳတ္ခ်လိုက္တာပါ။ မဟာသီယာက အနားယူၿပီး ဆယ္ႏွစ္ေက်ာ္ၾကာမွ သူတင္ထားတ့ဲ ေမ်ာက္ေတြ သူမႏိုင္လို႔ ပါတီေထာင္ၿပီး ျပန္ျဖဳတ္ခ်ရတာပါ။
.
နာဂစ္ကလည္း ေရြးေကာက္ပြဲနဲ႔ တက္တာပါ။ တေျဖးေျဖး အာဏာတည္ျမဲလာေတာ့ လာဘ္ကိစၥ ပတ္သက္လာပါတယ္။ ျပန္ဆင္းရင္လည္း အေရးယူခံႏိုင္ရတာမို႔ မဘသနည္းေတြ သံုးပါေတာ့တယ္။ အထူးသျဖင့္ ေတာနယ္ေတြက ဘာသာေရးအယူသီးေတြကို စည္းရံုးဖို႔ ရည္ရြယ္ဟန္တူပါတယ္။ ျမန္မာျပည္က ႐ိုေတြကိုလည္း အရမ္းခ်စ္တ့ဲ မူစလင္သူေတာ္ေကာင္းႀကီးေပါ့။
.
ဒါေပမယ့္ မေလးက ေတာသားေတြလည္း မတ္ဘဇူကာတို႔ ေက်းဇူးေၾကာင့္ ဒီေမာင့္အေၾကာင္း သိေနပါၿပီ။ ျမန္မာျပည္ ၂၀၁၅ ေရြးေကာက္ပြဲလိုဘဲ အာဏာရေနသူကို ေၾကာက္ေတာ့ ၿငိမ္ေနၿပီး မဲနဲ႔ျဖဳတ္လိုက္ပံုပါဘဲ။ နာဂစ္က ၂၀ရာစုအေတြးဘဲ ႐ွိေနခ်ိန္မွာ မေလးျပည္သူေတြက အင္တာနက္ေကာင္းမႈနဲ႔ ၂၁ရာစု ေရာက္ေနတာ သတိထားမိဟန္ မတူလိုက္ပါ။
.
အာဏာလႊဲၿပီးတ့ဲအထိေတာ့ တထိတ္ထိတ္နဲ႔ ေစာင့္ၾကည့္ရဦးမွာပါ။ ဒါဟာ အဆံုးမဟုတ္၊ အစဆိုတာ ျမန္မာျပည္သားေတြ ေကာင္းေကာင္း ကိုယ္ခ်င္းစာတတ္ပါတယ္။

07 May 2018

မြန်မာပြည် သတင်းလွတ်လပ်ခွင့်



(Unicode version)

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLDပါတီ ရွေးကောက်ပွဲနိုင်ပြီး ဖြစ်ပျက်မှုတွေထဲမှာ သတင်းလွတ်လပ်ခွင့် ပိုဆိုးလာတယ်လို့ အစွပ်စွွဲခံရမှုက ပိုများလာပါတယ်။ အံ့သြစရာပါ။ NLDပါတီဟာ နှစ်သုံးဆယ်နီးပါး သတင်းမှောင်ချခံထားရတ့ဲ စစ်အပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်အောင် လုပ်လာတာပါ။ RSF အစီရင်ခံစာအရ အဆင့်၁၃၁သို့တက်လာပေမ့ဲ စိုးရိမ်ဖွယ်ရာ အနီရောင်အဆင့်မှာဘဲ ရှိနေပါသေးတယ်။

.

NLD အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်တ့ဲ ဥပဒေတွေ ထပ်ထုတ်တာလည်း မကြားမိပါဘူး။ လက်ရှိ ဖေ့ဘုတ်ပေါ်က သတင်းတွေကြည့်ရင် လွတ်လပ်တာ လွန်နေတယ်လို့ ထင်ရပါတယ်။ ဘယ်လိုမျိုး မလွတ်လပ်တာလည်း ခွဲစဉ်းစားသင့်ပါတယ်။

.

ပထမအနေနဲ့ ဒေါ်စုနဲ့ NLDလူကြီးတွေက တားမြစ်လို့ပါလား။ စစ်တပ်နဲ့ ပြည်ထဲရေးက တားမြစ်လို့လား။ ပုဂ္ဂလိကအချင်းချင်း တရားစွဲကြလို့လား ခွဲစဉ်းစားသင့်ပါတယ်။ အစိုးရဌာနတွေရဲ့ ဌာနဆိုင်ရာ လျှို့ဝှက်ချက်တွေကိုတော့ တားမြစ်ထားမှာ သေချာပါတယ်။

.

ပြန်ကြားရေးဌာနကို ကြည့်ရင်လည်း တားမြစ်ဖို့ နေနေသာသာ သတင်းထုတ်ပြန်တာ နှေးလွန်းလို့ အပစ်ပြောခံနေရတာပါ။ စစ်တပ်နဲ့ပြည်ထဲရေးကတော့ သတင်းအချက်အလက်တွေကို အလုပ်သဘောအရ ပိုလှိျု့ဝှက်မ့ဲသဘောရှိပါတယ်။

.

အစိုးရအနေနဲ့ ဘယ်နေရာတွေက သတင်းလွတ်လပ်ခွင့် မရတာလည်း၊ ဘယ်လိုသတင်းတွေက တားမြစ်ခံရတာလည်း ပြန်စီစစ်သင့်ပါတယ်။ အရင်စစ်အစိုးရတွေလို အစိုးရကိစ္စမှန်သမျှ လှှို့ဝှက်ကိစ္စ မဖြစ်သင့်တော့ဘဲ ပြည်သူနဲ့ဆိုင်တ့ဲ ပြည်သူနဲ့ပတ်သက်တ့ဲ သတင်းအချက်အလက်ဆို ထုတ်ပြန်ပေးရတော့မှာပါ။ ဌာနဆိုင်ရာ အပေါ်ပိုင်းအုပ်ချုပ်သူ အများစုက စစ်တပ်ကလာသူရယ်၊ အရင်အုပ်ချုပ်ရေးအောက်မှာ လုပ်လာသူတွေဖြစ်တာကြောင့် အရင်အစိုးရတွေအောက်မှာလိုဘဲ ကျင့်ကြံနေကြလို့လည်း ဖြစ်နိုင်ပါတယ်။

.

ဒီကိစ္စဟာ နိုင်ငံတကာမှာလည်း အစိုးရပုံရိပ်ကို ထိခိုက်စေလို့ သမတြက်ီးအနေနဲ့ ဦးစားပေးကိုင်တွယ်သင့်ပါတယ်။ ဘယ်ကိစ္စက လှိျု့ဝှက်၊ ဘယ်ကိစ္စမျိုးက ပြည်သူကိုသိအောင်ချပြ ခွဲခြားပြီး အမြန်အကောင်အထည် ဖော်သင့်ပါတယ်ခင်ဗျား။ ။

XxXxXx

(Zawgyi version)

     ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ NLDပါတီ ေရြးေကာက္ပြဲႏိုင္ၿပီး ျဖစ္ပ်က္မႈေတြထဲမွာ သတင္းလြတ္လပ္ခြင့္ ပိုဆိုးလာတယ္လို႔ အစြပ္စြြဲခံရမႈက ပိုမ်ားလာပါတယ္။ အံ့ၾသစရာပါ။ NLDပါတီဟာ ႏွစ္သံုးဆယ္နီးပါး သတင္းေမွာင္ခ်ခံထားရတ့ဲ စစ္အပ္ခ်ဳပ္မႈလက္ေအာက္ကေန လြတ္ေျမာက္ေအာင္ လုပ္လာတာပါ။ RSF အစီရင္ခံစာအရ အဆင့္၁၃၁သို႔တက္လာေပမ့ဲ စိုးရိမ္ဖြယ္ရာ အနီေရာင္အဆင့္မွာဘဲ ႐ွိေနပါေသးတယ္။
.
NLD အစိုးရအေနနဲ႔ သတင္းလြတ္လပ္ခြင့္ကို ဖိႏွိပ္တ့ဲ ဥပေဒေတြ ထပ္ထုတ္တာလည္း မၾကားမိပါဘူး။ လက္႐ွိ ေဖ့ဘုတ္ေပၚက သတင္းေတြၾကည့္ရင္ လြတ္လပ္တာ လြန္ေနတယ္လို႔ ထင္ရပါတယ္။ ဘယ္လိုမ်ိဳး မလြတ္လပ္တာလည္း ခြဲစဥ္းစားသင့္ပါတယ္။
.
ပထမအေနနဲ႔ ေဒၚစုနဲ႔ NLDလူႀကီးေတြက တားျမစ္လို႔ပါလား။ စစ္တပ္နဲ႔ ျပည္ထဲေရးက တားျမစ္လို႔လား။ ပုဂၢလိကအခ်င္းခ်င္း တရားစြဲၾကလို႔လား ခြဲစဥ္းစားသင့္ပါတယ္။ အစိုးရဌာနေတြရဲ႕ ဌာနဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ေတြကိုေတာ့ တားျမစ္ထားမွာ ေသခ်ာပါတယ္။
.
ျပန္ၾကားေရးဌာနကို ၾကည့္ရင္လည္း တားျမစ္ဖို႔ ေနေနသာသာ သတင္းထုတ္ျပန္တာ ေႏွးလြန္းလို႔ အပစ္ေျပာခံေနရတာပါ။ စစ္တပ္နဲ႔ျပည္ထဲေရးကေတာ့ သတင္းအခ်က္အလက္ေတြကို အလုပ္သေဘာအရ ပိုလွိ်ဳ႕ဝွက္မ့ဲသေဘာ႐ွိပါတယ္။
.
အစိုးရအေနနဲ႔ ဘယ္ေနရာေတြက သတင္းလြတ္လပ္ခြင့္ မရတာလည္း၊ ဘယ္လိုသတင္းေတြက တားျမစ္ခံရတာလည္း ျပန္စီစစ္သင့္ပါတယ္။ အရင္စစ္အစိုးရေတြလို အစိုးရကိစၥမွန္သမွ် လွိႈ့ဝွက္ကိစၥ မျဖစ္သင့္ေတာ့ဘဲ ျပည္သူနဲ႔ဆိုင္တ့ဲ ျပည္သူနဲ႔ပတ္သက္တ့ဲ သတင္းအခ်က္အလက္ဆို ထုတ္ျပန္ေပးရေတာ့မွာပါ။ ဌာနဆိုင္ရာ အေပၚပိုင္းအုပ္ခ်ဳပ္သူ အမ်ားစုက စစ္တပ္ကလာသူရယ္၊ အရင္အုပ္ခ်ဳပ္ေရးေအာက္မွာ လုပ္လာသူေတြျဖစ္တာေၾကာင့္ အရင္အစိုးရေတြေအာက္မွာလိုဘဲ က်င့္ၾကံေနၾကလို႔လည္း ျဖစ္ႏိုင္ပါတယ္။
.
ဒီကိစၥဟာ ႏိုင္ငံတကာမွာလည္း အစိုးရပံုရိပ္ကို ထိခိုက္ေစလို႔ သမတၾက္ီးအေနနဲ႔ ဦးစားေပးကိုင္တြယ္သင့္ပါတယ္။ ဘယ္ကိစၥက လွိ်ဳ႕ဝွက္၊ ဘယ္ကိစၥမ်ိဳးက ျပည္သူကိုသိေအာင္ခ်ျပ ခြဲျခားၿပီး အျမန္အေကာင္အထည္ ေဖာ္သင့္ပါတယ္ခင္ဗ်ား။     ။