26 December 2019

နေကြတ်စဥ် ငလျင်လှုပ်၊


(Unicode version)

    မြန်မာဝေဒပညာရှင် အများစုက ၂၀၂၀မှာ တန်ခိုးကြီးမယ့် ခေါင်းဆောင်ပေါ်မယ်လို့ ယူဆနေကြပါတယ်။ သူက အနာဂတ်မြန်မာပြည်ကို ချမ်းသာတိုးတက်တဲ့တိုင်းပြည် ဖြစ်စေမတဲ့။
.
သာမန်အမြင်အရဆိုရင် ၂၀၂၀မှာ မြန်မာပြည်အထွေထွေရွေးကောက်ပွဲ ကျင်းပရမှာပါ။ လက်ရှိခြေဥအရ လွှတ်တော်မှာ အမတ်များတဲ့ပါတီက တိုင်းပြည်ခေါင်းဆောင်၊ သမတခန့်ခွင့်ရမှာပါ။ ခုအချိန်အတိုင်းဆို NLDပါတီကဘဲ အများစုအနိုင်ရမှာပါ။ တိုင်းရင်းသားဒေသအချို့မှာ NLDအမတ်နေရာ လျော့နိုင်ပေမယ့် သမတခန့်နိုင်တဲ့အများစုရဖို့ သေချာသလောက်ပါ။
.
ဒါဆို လက်ရှိသမတ ဦးဝင်းမြင့်ကဘဲ ဆက်လုပ်ရမယ်ထင်ပါတယ်။ သူက အမေစုသဘောကျ ခန့်ထားသူဘဲ။ အမေစုကတော့ ခြေဥမပြင်ရင် လုပ်လို့မရဘူးလေ။ သမတဦးဝင်းမြင့်က ဥပဒေ နားလည်ပြီး လွှတ်တော်ဥက္ကဌလုပ်စဥ်က ပြတ်သားသူဖြစ်ပါတယ်။ ကံဇာတာ မပါရင်တော့မပြောတတ်။
.
လက်ရှိလူတွေထဲ ဝေဒ ဆရာတွေ မျှော်မှန်းလောက်အောင်တော်တဲ့ ခေါင်းဆောင်မတွေ့မိပါ။ ၂၀၂၀မှာ ခေါင်းဆောင်မယ့်သူသည် ကမ္ဘာကပင် လေးစားသွားမယ့်သူပါတဲ့။ တပ်နွယ်တဲ့ဝေဒဆရာတွေကတော့ ကြာသပတေးသားလို့ အတင်းတွက်နေကြတယ်။ ကျွန်တော့်အမြင်တော့ အမေစုဘဲရှိတာဘဲ။ နေကြတ်တုံးငလျင်လှုပ်တာ အမေစုပါဝါထပ်တက်ဖို့ဘဲဖြစ်မယ်။

XxXxXx


(Zawgyi version)

    ျမန္မာေဝဒပညာရွင္ အမ်ားစုက ၂၀၂၀မွာ တန္ခိုးႀကီးမယ့္ ေခါင္းေဆာင္ေပၚမယ္လို႔ ယူဆေနၾကပါတယ္။ သူက အနာဂတ္ျမန္မာျပည္ကို ခ်မ္းသာတိုးတက္တဲ့တိုင္းျပည္ ျဖစ္ေစမတဲ့။
.
သာမန္အျမင္အရဆိုရင္ ၂၀၂၀မွာ ျမန္မာျပည္အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရမွာပါ။ လက္ရွိေျခဥအရ လႊတ္ေတာ္မွာ အမတ္မ်ားတဲ့ပါတီက တိုင္းျပည္ေခါင္းေဆာင္၊ သမတခန့္ခြင့္ရမွာပါ။ ခုအခ်ိန္အတိုင္းဆို NLDပါတီကဘဲ အမ်ားစုအနိုင္ရမွာပါ။ တိုင္းရင္းသားေဒသအခ်ိဳ႕မွာ NLDအမတ္ေနရာ ေလ်ာ့နိုင္ေပမယ့္ သမတခန့္နိုင္တဲ့အမ်ားစုရဖို႔ ေသခ်ာသေလာက္ပါ။
.
ဒါဆို လက္ရွိသမတ ဦးဝင္းျမင့္ကဘဲ ဆက္လုပ္ရမယ္ထင္ပါတယ္။ သူက အေမစုသေဘာက် ခန့္ထားသူဘဲ။ အေမစုကေတာ့ ေျခဥမျပင္ရင္ လုပ္လို႔မရဘူးေလ။ သမတဦးဝင္းျမင့္က ဥပေဒ နားလည္ၿပီး လႊတ္ေတာ္ဥကၠဌလုပ္စဥ္က ျပတ္သားသူျဖစ္ပါတယ္။ ကံဇာတာ မပါရင္ေတာ့မေျပာတတ္။
.
လက္ရွိလူေတြထဲ ေဝဒ ဆရာေတြ ေမွ်ာ္မွန္းေလာက္ေအာင္ေတာ္တဲ့ ေခါင္းေဆာင္မေတြ႕မိပါ။ ၂၀၂၀မွာ ေခါင္းေဆာင္မယ့္သူသည္ ကမၻာကပင္ ေလးစားသြားမယ့္သူပါတဲ့။ တပ္ႏြယ္တဲ့ေဝဒဆရာေတြကေတာ့ ၾကာသပေတးသားလို႔ အတင္းတြက္ေနၾကတယ္။ ကြၽန္ေတာ့္အျမင္ေတာ့ အေမစုဘဲရွိတာဘဲ။ ေနၾကတ္တုံးငလ်င္လႈပ္တာ အေမစုပါဝါထပ္တက္ဖို႔ဘဲျဖစ္မယ္။


20 December 2019

စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း












(Unicode version)

   ခင်ဝမ်းက လူနာမည်တွေကို သီချင်းထဲ ထည့်ရေးတတ်တယ်။ စော ၊ နှင်း ၊ မိလေး ၊ မိနီ ၊ မမချစ် စသဖြင့်ပေါ့။ ဒါပေမယ့် ခင်ဝမ်းသီချင်း အရူးအမူးစဖြစ်စေတဲ့ ပထမဆုံးစီးရီး ''နှင်းဆီဖြူရဲ့ အဝေးကလူတယောက်'' မှာကတည်းက နာမည်တခုကို ခင်ဝမ်းသီချင်းစွဲသွားသူတွေ သဘောကျ မှတ်မိ အလွတ်ရကုန်ကြတာပါ။
.
"အို မောင်ဒီ''
'မောင်ဒီ' ဘယ်သူမှန်း မသိခဲ့ပါ။ ခင်ဝမ်းခင်ခဲ့သူတဦး။ ခင်ဝမ်းနဲ့ ပေဖေါ်ပေဖက်ဖြစ်မယ်။ ခင်ဝမ်းလေးစားအားကျနေသူတဦး ဖြစ်မယ်။ အမည်ကလည်း ထူးဆန်းနေလို့ သဘောကျခဲ့တယ်။ နောက်ပိုင်းမှ မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ ပုံထူးထူးဆန်းဆန်းတွေမှာ 'မောင်ဒီ'လို့ လက်မှတ်ထိုးတာ သတိထားလာမိတယ်။ တချို့ပုံတွေကျ 'မျိုးညွန့်'တဲ့။
.
တကယ်ဘဲ သူတို့နှစ်ဦး လမ်းကြိုလမ်းကြား လျှောက်သွားခဲ့ကြဘူးတယ်။ လမ်းဘေးက(ကော်ဖီ)ဆိုင်တွေ ထိုင်ခဲ့ဘူးတယ်။ လောကကိုဖြတ်သန်းပြီး လောကအလှ ရှာခဲ့ဘူးပါတယ်။ အဲဒီ'မောင်ဒီ'က ခင်ဝမ်းအကြောင်း အမှတ်တရ ပြောဆိုရေးသားခဲ့တာတွေကို စာအုပ်အဖြစ် စုထုတ်လိုက်ပါပြီ။
.
"ဂီတနှင့်ပန်းချီ ၊ စံကြည်ကြော့ သို့မဟုတ် ခင်ဝမ်း'' ဆိုတဲ့ စာအုပ်ပါးလေးပါ။ ကျော်မွှေးစာပေမှ ဒုတိယအကြိမ် ဖြည့်စွက်ထုတ်ဝေသည်လို့ ပါပါတယ်။ တန်ဖိုး ၃၀၀၀ကျပ်ပါ။ ပထမအကြိမ်ကို အက္ခရာစာပေက ထုတ်ဝေခဲ့ပါတယ်။
.
ဆောင်းပါး၃ပုဒ်နဲ့ အင်တာဗျူးတခုပါပါတယ်။ ပထမဆောင်းပါး  'ဂီတ နှင့် ပန်းချီ' မှာတော့ ဆရာမောင်ဒီရဲ့ အနုပညာခံစားပုံများပြီး ခင်ဝမ်းအကြောင်း ပါးပါးဘဲပါပါတယ်။ 'စံကြည်ကြော့.....'ကတော့ သူနဲ့ခင်ဝမ်း ဖြတ်သန်းခဲ့ပုံတွေပါ။ သူတို့နှစ်ဦး စတွေ့ချိန်မှ ကွယ်လွန်ချိန်အထိ အမှတ်တရစာတွေပါ။ ခင်ဝမ်းပရိဿတ် သဘောကျစရာတွေကြီးပါ။
.
တတိယဆောင်းပါးက ခင်ဝမ်းဆုံးချိန်အကြောင်းနဲ့ နောက်ဆုံးက အလင်္ကာမဂ္ဂဇင်းမှာ 'အေးဘကျော်'နဲ့ ခင်ဝမ်းအကြောင်း ဗျူးထားတာပါ။ ဒီစာစုတွေ မဂ္ဂဇင်းတွေမှာ ဖတ်ဘူးတယ်ဖြစ်နိုင်ပေမယ့် အခုလို စုပြီးပြန်ထုတ်တော့ ခရေဇီးတွေ သဘောကျစရာပါဘဲ။


XxXxXx

(Zawgyi version)

   ခင္ဝမ္းက လူနာမည္ေတြကို သီခ်င္းထဲ ထည့္ေရးတတ္တယ္။ ေစာ ၊ ႏွင္း ၊ မိေလး ၊ မိနီ ၊ မမခ်စ္ စသျဖင့္ေပါ့။ ဒါေပမယ့္ ခင္ဝမ္းသီခ်င္း အ႐ူးအမူးစျဖစ္ေစတဲ့ ပထမဆုံးစီးရီး ''ႏွင္းဆီျဖဴရဲ႕ အေဝးကလူတေယာက္'' မွာကတည္းက နာမည္တခုကို ခင္ဝမ္းသီခ်င္းစြဲသြားသူေတြ သေဘာက် မွတ္မိ အလြတ္ရကုန္ၾကတာပါ။
.
"အို ေမာင္ဒီ''
'ေမာင္ဒီ' ဘယ္သူမွန္း မသိခဲ့ပါ။ ခင္ဝမ္းခင္ခဲ့သူတဦး။ ခင္ဝမ္းနဲ႕ ေပေဖၚေပဖက္ျဖစ္မယ္။ ခင္ဝမ္းေလးစားအားက်ေနသူတဦး ျဖစ္မယ္။ အမည္ကလည္း ထူးဆန္းေနလို႔ သေဘာက်ခဲ့တယ္။ ေနာက္ပိုင္းမွ မဂၢဇင္းသ႐ုပ္ေဖာ္ပန္းခ်ီ ပုံထူးထူးဆန္းဆန္းေတြမွာ 'ေမာင္ဒီ'လို႔ လက္မွတ္ထိုးတာ သတိထားလာမိတယ္။ တခ်ိဳ႕ပုံေတြက် 'မ်ိဳးၫြန့္'တဲ့။
.
တကယ္ဘဲ သူတို႔ႏွစ္ဦး လမ္းႀကိဳလမ္းၾကား ေလွ်ာက္သြားခဲ့ၾကဘူးတယ္။ လမ္းေဘးက(ေကာ္ဖီ)ဆိုင္ေတြ ထိုင္ခဲ့ဘူးတယ္။ ေလာကကိုျဖတ္သန္းၿပီး ေလာကအလွ ရွာခဲ့ဘူးပါတယ္။ အဲဒီ'ေမာင္ဒီ'က ခင္ဝမ္းအေၾကာင္း အမွတ္တရ ေျပာဆိုေရးသားခဲ့တာေတြကို စာအုပ္အျဖစ္ စုထုတ္လိုက္ပါၿပီ။
.
"ဂီတႏွင့္ပန္းခ်ီ ၊ စံၾကည္ေၾကာ့ သို႔မဟုတ္ ခင္ဝမ္း'' ဆိုတဲ့ စာအုပ္ပါးေလးပါ။ ေက်ာ္ေမႊးစာေပမွ ဒုတိယအႀကိမ္ ျဖည့္စြက္ထုတ္ေဝသည္လို႔ ပါပါတယ္။ တန္ဖိုး ၃၀၀၀က်ပ္ပါ။ ပထမအႀကိမ္ကို အကၡရာစာေပက ထုတ္ေဝခဲ့ပါတယ္။
.
ေဆာင္းပါး၃ပုဒ္နဲ႕ အင္တာဗ်ဴးတခုပါပါတယ္။ ပထမေဆာင္းပါး 'ဂီတ ႏွင့္ ပန္းခ်ီ' မွာေတာ့ ဆရာေမာင္ဒီရဲ႕ အႏုပညာခံစားပုံမ်ားၿပီး ခင္ဝမ္းအေၾကာင္း ပါးပါးဘဲပါပါတယ္။ 'စံၾကည္ေၾကာ့'ကေတာ့ သူနဲ႕ခင္ဝမ္း ျဖတ္သန္းခဲ့ပုံေတြပါ။ သူတို႔ႏွစ္ဦး စေတြ႕ခ်ိန္မွ ကြယ္လြန္ခ်ိန္အထိ အမွတ္တရစာေတြပါ။ ခင္ဝမ္းပရိႆတ္ သေဘာက်စရာေတြႀကီးပါ။
.
တတိယေဆာင္းပါးက ခင္ဝမ္းဆုံးခ်ိန္အေၾကာင္းနဲ႕ ေနာက္ဆုံးက အလကၤာမဂၢဇင္းမွာ 'ေအးဘေက်ာ္'နဲ႕ ခင္ဝမ္းအေၾကာင္း ဗ်ဴးထားတာပါ။ ဒီစာစုေတြ မဂၢဇင္းေတြမွာ ဖတ္ဘူးတယ္ျဖစ္နိုင္ေပမယ့္ အခုလို စုၿပီးျပန္ထုတ္ေတာ့ ခေရဇီးေတြ သေဘာက်စရာပါဘဲ။ 

15 December 2019

အမေစုရဲ့ မေတ္တာနဲ့ဖြေရှင်းခြင်း၊


(Unicode version)

   အမေဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေမှာ ရှင်းခဲ့ပုံ အများသိပြီးကြပါပြီ။ ဒီနေရာမှာ ငါသာဆိုရင် ဆိုပြီးတွေးမိတော့ ရှက်မိပါတယ်။
.
ကျွန်တော်သာဆိုရင် ပြည်တွင်းပြည်ပက အဖွဲ့တွေကို ရန်စွယ်ငေါငေါ ပြောမိမှာဘဲ။ ပြည်တွင်းမှာ ဒီပြဿနာကြီးထွားအောင် လုပ်နေတဲ့အဖွဲ့ကို အစိုးရထိန်းမရတာတွေ၊ ဒီမိုကရေစီနဲ့ ရွေးထားတဲ့အစိုးရ ပြုတ်ကျရင်ပြီးရော လုပ်နေသူတွေအကြောင်းတွေပေါ့။
.
ပြည်ပကစွတ်စွဲချက်တွေကိုလည်း ပြန်ဖိုက်မှာ။ ဒီပြဿနာအစပြုတာ ARSAဆိုတဲ့အဖွဲ့က ရဲစခန်းတွေကို တိုက်ခဲ့လို့ စဖြစ်တာ။ ARSAဆိုတာ အနောက်နိုင်ငံတွေမှာ အသေကြောက်နေကြတဲ့ ISISပုံစံကွဲသာဖြစ်ကြောင်း၊ ကမ္ဘာအနှံ့ကိုကြည့်ရင် အစ္စလမ်နိုင်ငံတွေနဲ့ နယ်နမိတ်ထိတွေ့နေတဲ့ နေရာတိုင်းမှာ ဒါမျိုးဖြစ်တတ်ကြောင်း ဥပမာတွေနဲ့ကိုပြောပစ်မှာ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်း၊ တရုပ်ပြည် စင်ကျန်းအနောက်နယ်စပ်၊ အန္ဒိယနဲ့ပါကစ္စတန်နယ်စပ် စသဖြင့်ပေါ့လေ။
.
လူမျိုးတုံးလိုက်သတ်နေတယ်ဆိုရင် တီဗီမှာရိုက်ပြနေနိုင်အောင် လူတန်းရှည်ကြီး သွားနေနိုင်မလား ပြန်မေးမယ်။ အဲ့အချိန်ကစ ခုအချိန်ထိ ဘင်္ဂလီတွေမြန်မာပြည်ထဲ ခိုးဝင်နေသေးတာ သတ်ဖြတ်မှုမရှိလို့သာဖြစ်ကြောင်း သက်သေပြမယ်။
.
ရိုတွေ ကိုယ့်အိမ်ကိုမီးရှို့နေတဲ့ပုံတွေပြပြီး မီးလောင်ရွာအားလုံး မြန်မာတွေရှို့တာ မဟုတ်ကြောင်းရှင်းမယ်။ မုဒိမ်းအကျင့်ခံရသူတွေရဲ့ ကလေးတွေကိုလည်း DNA စစ်ခွင့်တောင်းမယ်။ သူတို့ဟာမကြီးတွေက သိတ်ချောနေကြတာကိုး။
.
နိုင်ငံသားဥပဒေဆိုတာလည်း တနိုင်ငံနဲ့တနိုင်ငံ တူမှမတူဘဲ။ တဆက်တစပ်တည်း ဘယ်နှစ်နှစ်နေဘူးရမယ်။ ဘယ်လိုအဖေအမေက မွေးခဲ့ရမယ် စသဖြင့်။ တချို့ဆို သူတို့စကားပြောနိုင်ရမယ်။ သူတို့စာတတ်ရမယ်။ သူတို့ယဥ်ကျေးမှုသိရမယ်။ အမျိုးမျိုးဘဲလေ။ တချို့က သူတို့နိုင်ငံတော်သီချင်း ဆိုပြနိုင်ရမယ်ဆိုဘဲ။ နိုင်ငံသားလိုချင်ရင် အဲဒီနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့  ညီအောင်နေမှပေါ့။
.
နောက်ဆုံး လူအများအပြား အသတ်ခံရတာကို ပြန်ရှင်းမှာ။ ARSAတွေ ဟိန္ဒူနဲ့ နယ်မြေခံတိုင်းရင်းသားတွေကို သတ်သွားတာတွေပြမယ်။ ပြီးတော့ARSAတွေက ပြည်သူနဲ့ရောပြီး ရဲစခန်းတွေကိုလာတိုက်တာ။ တိုက်ပြီးတော့လူနေရွာတွေထဲ ပြန်ဝင်ခိုတာ၊ မခွဲနိုင်လို့ ပစ်ခတ်ခံရတာရှိနိုင်တယ်လေ။ စစ်တွေနားက ဒုက္ခသည်စခန်းဆူတုံးက ရဲတွေကို ဘယ်လိုရန်လိုကြသလဲ ဗီဒီယိုတွေရှိပါတယ်။ မြန်မာစစ်တပ်သားတွေကလည်း ISISတို့ ARSAတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုဗီဒီယိုတွေ ကြည့်ဘူးထားတော့ လိုတာထက်ပိုတုံ့ပြန်မိတာလည်း ရှိနိုင်တယ်ပေါ့။
.
ဒီလို ခပ်ကြမ်းကြမ်းပြန်ရှင်းချင်မိတာပါ။ အမေစုပြန်ရှင်းတော့ အားလုံးအသိပါဘဲ။ သူ့ဘက်ကိုယ့်ဘက် ဘယ်သူမှအပစ်တင်မနေပါ။ ဖြစ်ပျက်ခဲ့တာအမှန်ဘဲပြောတယ်။ ပြဿနာပိုမကြီးအောင် ဆုံးဖြတ်ပေးဖို့ဘဲ ပြောခဲ့တာပါ။ ပြည်တွင်းပြည်ပကသူများ အံ့သြခဲ့ကြရတာပါ။ သူတို့အပေါ် အပစ်တွေပုံချမှာစိုးခဲ့တဲ့ ပြည်တွင်းက လဒတွေဖွတ်တွေငြိမ်သွားပေမယ့် မဲလိုချင်လို့လုပ်တာလို့ အောက်ကလိအာနေကြတုံး။ အင်း သူတို့အဆင့်နဲ့ ဒီလောက်ဘဲစဥ်းစားနိုင်မယ်လေ။
.
အဆုံးသတ်ရရင် အကြိမ်ကြိမ်ပြောခဲ့ဘူးသလိုဘဲ အမေစုမေတ္တာပါဘဲ။ ဒီတကြိမ်ကတော့ မေတ္တာနဲ့အုပ်ချုပ်ခြင်းအပြင် မေတ္တာနဲ့ဖြေရှင်းခြင်းကို ပြလိုက်တာပါ။ ကိုယ့်ပြည်သူပြည်သားအပေါ်တွင်မကဘဲ အားလုံးအပေါ်မှာပါ ထားနိုင်တဲ့မေတ္တာမျိုးပါ။ အမေစုပြောခဲ့သလို ဘယ်လိုဆုံးဖြတ်ခံရပါစေ၊ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြရမှာပါဘဲ။ အမေစုနဲ့ မြန်မာပြည်သူပြည်သားများ အောင်မြင်ကြပါစေ။


XxXxXx

(Zawgyi version )

   အေမေဒၚေအာင္ဆန္းစုၾကည္ အိုင္စီေဂ်မွာ ရွင္းခဲ့ပုံ အမ်ားသိၿပီးၾကပါၿပီ။ ဒီေနရာမွာ ငါသာဆိုရင္ ဆိုၿပီးေတြးမိေတာ့ ရွက္မိပါတယ္။
.
ကြၽန္ေတာ္သာဆိုရင္ ျပည္တြင္းျပည္ပက အဖြဲ႕ေတြကို ရန္စြယ္ေငါေငါ ေျပာမိမွာဘဲ။ ျပည္တြင္းမွာ ဒီျပႆနာႀကီးထြားေအာင္ လုပ္ေနတဲ့အဖြဲ႕ကို အစိုးရထိန္းမရတာေတြ၊ ဒီမိုကေရစီနဲ႕ ေ႐ြးထားတဲ့အစိုးရ ျပဳတ္က်ရင္ၿပီးေရာ လုပ္ေနသူေတြအေၾကာင္းေတြေပါ့။
.
ျပည္ပကစြတ္စြဲခ်က္ေတြကိုလည္း ျပန္ဖိုက္မွာ။ ဒီျပႆနာအစျပဳတာ ARSAဆိုတဲ့အဖြဲ႕က ရဲစခန္းေတြကို တိုက္ခဲ့လို႔ စျဖစ္တာ။ ARSAဆိုတာ အေနာက္နိုင္ငံေတြမွာ အေသေၾကာက္ေနၾကတဲ့ ISISပုံစံကြဲသာျဖစ္ေၾကာင္း၊ ကမၻာအႏွံ႕ကိုၾကည့္ရင္ အစၥလမ္နိုင္ငံေတြနဲ႕ နယ္နမိတ္ထိေတြ႕ေနတဲ့ ေနရာတိုင္းမွာ ဒါမ်ိဳးျဖစ္တတ္ေၾကာင္း ဥပမာေတြနဲ႕ကိုေျပာပစ္မွာ။ ထိုင္းနိုင္ငံေတာင္ပိုင္း၊ ဖိလစ္ပိုင္ေတာင္ပိုင္း၊ တ႐ုပ္ျပည္ စင္က်န္းအေနာက္နယ္စပ္၊ အႏၵိယနဲ႕ပါကစၥတန္နယ္စပ္ စသျဖင့္ေပါ့ေလ။
.
လူမ်ိဳးတုံးလိုက္သတ္ေနတယ္ဆိုရင္ တီဗီမွာရိုက္ျပေနနိုင္ေအာင္ လူတန္းရွည္ႀကီး သြားေနနိုင္မလား ျပန္ေမးမယ္။ အဲ့အခ်ိန္ကစ ခုအခ်ိန္ထိ ဘဂၤလီေတြျမန္မာျပည္ထဲ ခိုးဝင္ေနေသးတာ သတ္ျဖတ္မႈမရွိလို႔သာျဖစ္ေၾကာင္း သက္ေသျပမယ္။
.
ရိုေတြ ကိုယ့္အိမ္ကိုမီးရွို႔ေနတဲ့ပုံေတြျပၿပီး မီးေလာင္႐ြာအားလုံး ျမန္မာေတြရွို႔တာ မဟုတ္ေၾကာင္းရွင္းမယ္။ မုဒိမ္းအက်င့္ခံရသူေတြရဲ႕ ကေလးေတြကိုလည္း DNA စစ္ခြင့္ေတာင္းမယ္။ သူတို႔ဟာမႀကီးေတြက သိတ္ေခ်ာေနၾကတာကိုး။
.
နိုင္ငံသားဥပေဒဆိုတာလည္း တနိုင္ငံနဲ႕တနိုင္ငံ တူမွမတူဘဲ။ တဆက္တစပ္တည္း ဘယ္ႏွစ္ႏွစ္ေနဘူးရမယ္။ ဘယ္လိုအေဖအေမက ေမြးခဲ့ရမယ္ စသျဖင့္။ တခ်ိဳ႕ဆို သူတို႔စကားေျပာနိုင္ရမယ္။ သူတို႔စာတတ္ရမယ္။ သူတို႔ယဥ္ေက်းမႈသိရမယ္။ အမ်ိဳးမ်ိဳးဘဲေလ။ တခ်ိဳ႕က သူတို႔နိုင္ငံေတာ္သီခ်င္း ဆိုျပနိုင္ရမယ္ဆိုဘဲ။ နိုင္ငံသားလိုခ်င္ရင္ အဲဒီနိုင္ငံရဲ႕ တည္ဆဲဥပေဒနဲ႕ ညီေအာင္ေနမွေပါ့။
.
ေနာက္ဆုံး လူအမ်ားအျပား အသတ္ခံရတာကို ျပန္ရွင္းမွာ။ ARSAေတြ ဟိႏၵဴနဲ႕ နယ္ေျမခံတိုင္းရင္းသားေတြကို သတ္သြားတာေတြျပမယ္။ ၿပီးေတာ့ARSAေတြက ျပည္သူနဲ႕ေရာၿပီး ရဲစခန္းေတြကိုလာတိုက္တာ။ တိုက္ၿပီးေတာ့လူေန႐ြာေတြထဲ ျပန္ဝင္ခိုတာ၊ မခြဲနိုင္လို႔ ပစ္ခတ္ခံရတာရွိနိုင္တယ္ေလ။ စစ္ေတြနားက ဒုကၡသည္စခန္းဆူတုံးက ရဲေတြကို ဘယ္လိုရန္လိုၾကသလဲ ဗီဒီယိုေတြရွိပါတယ္။ ျမန္မာစစ္တပ္သားေတြကလည္း ISISတို႔ ARSAတို႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈဗီဒီယိုေတြ ၾကည့္ဘူးထားေတာ့ လိုတာထက္ပိုတုံ႕ျပန္မိတာလည္း ရွိနိုင္တယ္ေပါ့။
.
ဒီလို ခပ္ၾကမ္းၾကမ္းျပန္ရွင္းခ်င္မိတာပါ။ အေမစုျပန္ရွင္းေတာ့ အားလုံးအသိပါဘဲ။ သူ႕ဘက္ကိုယ့္ဘက္ ဘယ္သူမွအပစ္တင္မေနပါ။ ျဖစ္ပ်က္ခဲ့တာအမွန္ဘဲေျပာတယ္။ ျပႆနာပိုမႀကီးေအာင္ ဆုံးျဖတ္ေပးဖို႔ဘဲ ေျပာခဲ့တာပါ။ ျပည္တြင္းျပည္ပကသူမ်ား အံ့ၾသခဲ့ၾကရတာပါ။ သူတို႔အေပၚ အပစ္ေတြပုံခ်မွာစိုးခဲ့တဲ့ ျပည္တြင္းက လဒေတြဖြတ္ေတြၿငိမ္သြားေပမယ့္ မဲလိုခ်င္လို႔လုပ္တာလို႔ ေအာက္ကလိအာေနၾကတုံး။ အင္း သူတို႔အဆင့္နဲ႕ ဒီေလာက္ဘဲစဥ္းစားနိုင္မယ္ေလ။
.
အဆုံးသတ္ရရင္ အႀကိမ္ႀကိမ္ေျပာခဲ့ဘူးသလိုဘဲ အေမစုေမတၱာပါဘဲ။ ဒီတႀကိမ္ကေတာ့ ေမတၱာနဲ႕အုပ္ခ်ဳပ္ျခင္းအျပင္ ေမတၱာနဲ႕ေျဖရွင္းျခင္းကို ျပလိုက္တာပါ။ ကိုယ့္ျပည္သူျပည္သားအေပၚတြင္မကဘဲ အားလုံးအေပၚမွာပါ ထားနိုင္တဲ့ေမတၱာမ်ိဳးပါ။ အေမစုေျပာခဲ့သလို ဘယ္လိုဆုံးျဖတ္ခံရပါေစ၊ ျပည္သူေတြ ညီညီၫြတ္ၫြတ္နဲ႕ ရင္ဆိုင္ၾကရမွာပါဘဲ။ အေမစုနဲ႕ ျမန္မာျပည္သူျပည္သားမ်ား ေအာင္ျမင္ၾကပါေစ။

12 December 2019

အစဥ်သုံးတံဆိပ်ခေါင်း ၁၀ဝကျပ်


(Unicode version)

   မြန်မာ့စာပို့လုပ်ငန်းအတွက် အစဥ်သုံးတံဆိပ်ခေါင်း ၁၀၀ကျပ်တန် ယနေ့ထုတ်ပါတယ်။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က အသုံးအများဆုံး ငှက်ခါးပုံနဲ့ပါ။ ထိုစဥ်က ၅ပြား ၁၀ပြားနဲ့ ၁၅ပြားကို အရောင်တမျိုးစီနဲ့ ထုတ်ခဲ့သော်လည်း အခုတရာတန်ငှက်ခါးပုံက ရောင်စုံပုံနဲ့ပါ။
.
တံဆိပ်ခေါင်းပုံ လှပါတယ်။ ဒီဇ်ိုင်းလည်း အဆင့်ရှိပါတယ်။ စုသူတွေအကြိုက်ပါဘဲ။ ဒီလိုရောင်စုံပုံနဲ့ ဆိုဒ်အကြီးထုတ်တာ အထိမ်းအမှတ်ထုတ်၊ အထူးထုတ်ဆို ပြောစရာမရှိပါ။ အစဥ်သုံးဆိုတော့ နည်းနည်းပြောချင်ပါတယ်။
.
အစဥ်သုံးဆိုတာ အရည်အတွက် အကန့်အသတ်မရှိဘဲ နောက်တကြိမ် အစဥ်သုံးထုတ်သည်အထိ သုံးရမှပါ။ နိုင်ငံတိုင်းလိုလိုနဲ့ မြန်မာ့အရင်အစဥ်သုံးတွေတောင် ပုံနှိပ်မှင် နှစ်ရောင်လောက်ဘဲ သုံးကြပါတယ်။ ခုခေတ် စျေးမကွာဘူးဆိုရင်တော့ မပြောတတ်ပါ။
.
တံဆိပ်ခေါင်းအရွယ်လည်း ခုထုတ်ဝေတါရဲ့ တဝက်ဆိုဒ်၊ တိုင်းရင်းသားအစဥ်သုံးအရွယ်ဘဲ လုပ်သင့်ပါတယ်။ ပုံနှိပ်မှင်ခနဲ့ စက္ကူသက်သာအောင်လို့ပါ။ အစဥ်သုံးရဲ့ တန်ဖိုးကြီးခေါင်းများမှ ခုဆိုဒ်ကို ရောင်စုံထုတ်သင့်တာပါ။ တံဆိပ်ခေါင်းထုတ်လုပ်စားရိတ် မြန်မာ့စာပို့လုပ်ငန်းအတွက် သက်သာအောင်လို့ပါ။ အရည်အတွက်မြောက်များစွာ ထုတ်ရမှာမလို့ပါ။
.
အစဥ်သုံးဆိုတော့ အခြားတန်ဖိုးများအတွက်လည်း ထုတ်ဝေဦးမှာ သေချာပါတယ်။ ရစ်တွေ အောက်ချင်းတွေ၊ ဒေါင်းတွေ ဗွတ်ကလုံတွေ လာဦးမှာပါ။ ပုံမနှိပ်ရသေးဘူးဆိုရင် အထက်ပါနှစ်ချက်ကို စဥ်းစားသင့်ပါတယ်။ ဒီဇိုင်းလည်းပြောင်းစရာမလိုဘဲ အရည်အတွက်နှစ်ဆ ရမှာပါ။
.
FDC လည်းထုတ်ဝေပြီး ၂၀၀ကျပ်ပါ။


XxXxXx

(Zawgyi version)

   ျမန္မာ့စာပို႔လုပ္ငန္းအတြက္ အစဥ္သုံးတံဆိပ္ေခါင္း ၁၀၀က်ပ္တန္ ယေန႕ထုတ္ပါတယ္။ လြန္ခဲ့ေသာ ႏွစ္ငါးဆယ္ခန့္က အသုံးအမ်ားဆုံး ငွက္ခါးပုံနဲ႕ပါ။ ထိုစဥ္က ၅ျပား ၁၀ျပားနဲ႕ ၁၅ျပားကို အေရာင္တမ်ိဳးစီနဲ႕ ထုတ္ခဲ့ေသာ္လည္း အခုတရာတန္ငွက္ခါးပုံက ေရာင္စုံပုံနဲ႕ပါ။
.
တံဆိပ္ေခါင္းပုံ လွပါတယ္။ ဒီဇ္ိုင္းလည္း အဆင့္ရွိပါတယ္။ စုသူေတြအႀကိဳက္ပါဘဲ။ ဒီလိုေရာင္စုံပုံနဲ႕ ဆိုဒ္အႀကီးထုတ္တာ အထိမ္းအမွတ္ထုတ္၊ အထူးထုတ္ဆို ေျပာစရာမရွိပါ။ အစဥ္သုံးဆိုေတာ့ နည္းနည္းေျပာခ်င္ပါတယ္။
.
အစဥ္သုံးဆိုတာ အရည္အတြက္ အကန့္အသတ္မရွိဘဲ ေနာက္တႀကိမ္ အစဥ္သုံးထုတ္သည္အထိ သုံးရမွပါ။ နိုင္ငံတိုင္းလိုလိုနဲ႕ ျမန္မာ့အရင္အစဥ္သုံးေတြေတာင္ ပုံႏွိပ္မွင္ ႏွစ္ေရာင္ေလာက္ဘဲ သုံးၾကပါတယ္။ ခုေခတ္ ေစ်းမကြာဘူးဆိုရင္ေတာ့ မေျပာတတ္ပါ။
.
တံဆိပ္ေခါင္းအ႐ြယ္လည္း ခုထုတ္ေဝတါရဲ႕ တဝက္ဆိုဒ္၊ တိုင္းရင္းသားအစဥ္သုံးအ႐ြယ္ဘဲ လုပ္သင့္ပါတယ္။ ပုံႏွိပ္မွင္ခနဲ႕ စကၠဴသက္သာေအာင္လို႔ပါ။ အစဥ္သုံးရဲ႕ တန္ဖိုးႀကီးေခါင္းမ်ားမွ ခုဆိုဒ္ကို ေရာင္စုံထုတ္သင့္တာပါ။ တံဆိပ္ေခါင္းထုတ္လုပ္စားရိတ္ ျမန္မာ့စာပို႔လုပ္ငန္းအတြက္ သက္သာေအာင္လို႔ပါ။ အရည္အတြက္ေျမာက္မ်ားစြာ ထုတ္ရမွာမလို႔ပါ။
.
အစဥ္သုံးဆိုေတာ့ အျခားတန္ဖိုးမ်ားအတြက္လည္း ထုတ္ေဝဦးမွာ ေသခ်ာပါတယ္။ ရစ္ေတြ ေအာက္ခ်င္းေတြ၊ ေဒါင္းေတြ ဗြတ္ကလုံေတြ လာဦးမွာပါ။ ပုံမႏွိပ္ရေသးဘူးဆိုရင္ အထက္ပါႏွစ္ခ်က္ကို စဥ္းစားသင့္ပါတယ္။ ဒီဇိုင္းလည္းေျပာင္းစရာမလိုဘဲ အရည္အတြက္ႏွစ္ဆ ရမွာပါ။
.
FDC လည္းထုတ္ေဝၿပီး ၂၀၀က်ပ္ပါ။ 

09 December 2019

လွတ်လပ်သောမြန်မာပြည် ပထမဆုံးတံဆိပ်ခေါင်း











(Unicode version)

   လွတ်လပ်သောမြန်မာပြည်ရဲ့ ပထမဆုံး  တံဆိပ်ခေါင်းကို လွတ်လပ်ရေးနေ့ ၁၉၄၈ခု ဇန်နဝါရီလ ၄ရက်နေ့မှာ မထုတ်ဝေနိုင်ဘဲ ၆ရက်နေ့မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ လွတ်လပ်သောမြန်မာနိုင်ငံဖြစ်ပြီမို့ အစစတည်ဆောက်ပြင်ဆင်နေရလို့ အလုပ်ရှုပ်နေတာကြောင့် ဖြစ်နိုင်သလို အချိန်မီ မရောက်လို့လည်းဘဲ ဖြစ်နိုင်တာပါဘဲ။ လိုအပ်တာတွေလည်း ရှိခဲ့ပါတယ်။
.
ပထမလိုအပ်တာက လွတ်လပ်သော မြန်မာပြည်ရဲ့ ပထမဆုံး တံဆိပ်ခေါင်းကို ဒီဇိုင်းအသစ်နဲ့ မလုပ်နိုင်ဘဲ အင်္ဂလိပ်ကိုလိုနီခေတ်က အထူးထုတ်တံဆိပ်ခေါင်းပုံကို ယူသုံးလိုက်ခြင်းပါဘဲ။ ၁၉၄၆ကထုတ်ခဲ့တဲ့ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်ထုတ်ခေါင်း ၂ပဲတန် ခြင်္သေ့ပုံနဲ့ တံဆိပ်ခေါင်းရဲ့ ဂျော့ဘုရင်နေရာမှာ ဗိုလ်ချုပ်ပုံအစားထိုး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်းတမျိုးထဲကို အရောင်ငါးမျိုးနဲ့ တန်ဖိုးငါးမျိုးအတွက် ထုတ်ဝေခဲ့တာပါ။ ပဲဝက်(၆ပိုင်) ၊ ၁ပဲ ၊၂ပဲ ၊ ၃ပဲ၆ပိုင် နဲ့ ၈ပဲ တို့ပါ။
.
ဒုတိယလိုအပ်တာက မြန်မာနိုင်ငံအမည်ကို မြန်မာလို မပါခဲ့တာပါဘဲ။ အဲ့ဒီအချိန်က တပြည်လုံးအလုပ်ရှုပ်နေကြမယ် ထင်ပါတယ်။ အသစ်ဒီဇိုင်း မလုပ်ဖြစ်လို့ ပုံတူယူလိုက်တော့ နိုင်ငံအမည် မြန်မာဘာသာနဲ့ ပါမလာတော့တာ ဖြစ်မှာပါ။ တံဆိပ်ခေါင်းတန်ဖိုးတွေကိုတော့ ဒီဇိုင်းဟောင်းမှာကတည်းက မြန်မာလိုရော အင်္ဂလိပ်လိုပါ နှစ်မျိုးပါခဲ့ပါတယ်။
.
ကိုလိန်ိီခေတ် မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်း ထုတ်စဥ်ကပင် လွဲချော်မှုလေးတွေ ရှိခဲ့သလို လွတ်လပ်သော မြန်မာပြည်အတွက် ထုတ်တော့လည်း လွဲချော်မှုလေးတွေ ဖြစ်ခဲ့တာ မှတ်သားစရာပါ။


XxXxXx

(Zawgyi version )

   လြတ္လပ္ေသာျမန္မာျပည္ရဲ႕ ပထမဆုံး တံဆိပ္ေခါင္းကို လြတ္လပ္ေရးေန႕ ၁၉၄၈ခု ဇန္နဝါရီလ ၄ရက္ေန႕မွာ မထုတ္ေဝနိုင္ဘဲ ၆ရက္ေန႕မွ ထုတ္ေဝနိုင္ခဲ့ပါတယ္။ လြတ္လပ္ေသာျမန္မာနိုင္ငံျဖစ္ၿပီမို႔ အစစတည္ေဆာက္ျပင္ဆင္ေနရလို႔ အလုပ္ရႈပ္ေနတာေၾကာင့္ ျဖစ္နိုင္သလို အခ်ိန္မီ မေရာက္လို႔လည္းဘဲ ျဖစ္နိုင္တာပါဘဲ။ လိုအပ္တာေတြလည္း ရွိခဲ့ပါတယ္။
.
ပထမလိုအပ္တာက လြတ္လပ္ေသာ ျမန္မာျပည္ရဲ႕ ပထမဆုံး တံဆိပ္ေခါင္းကို ဒီဇိုင္းအသစ္နဲ႕ မလုပ္နိုင္ဘဲ အဂၤလိပ္ကိုလိုနီေခတ္က အထူးထုတ္တံဆိပ္ေခါင္းပုံကို ယူသုံးလိုက္ျခင္းပါဘဲ။ ၁၉၄၆ကထုတ္ခဲ့တဲ့ စစ္ေအာင္နိုင္ျခင္း အထိမ္းအမွတ္ထုတ္ေခါင္း ၂ပဲတန္ ျခေသၤ့ပုံနဲ႕ တံဆိပ္ေခါင္းရဲ႕ ေဂ်ာ့ဘုရင္ေနရာမွာ ဗိုလ္ခ်ဳပ္ပုံအစားထိုး ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ ဒီဇိုင္းတမ်ိဳးထဲကို အေရာင္ငါးမ်ိဳးနဲ႕ တန္ဖိုးငါးမ်ိဳးအတြက္ ထုတ္ေဝခဲ့တာပါ။ ပဲဝက္(၆ပိုင္) ၊ ၁ပဲ ၊၂ပဲ ၊ ၃ပဲ၆ပိုင္ နဲ႕ ၈ပဲ တို႔ပါ။
.
ဒုတိယလိုအပ္တာက ျမန္မာနိုင္ငံအမည္ကို ျမန္မာလို မပါခဲ့တာပါဘဲ။ အဲ့ဒီအခ်ိန္က တျပည္လုံးအလုပ္ရႈပ္ေနၾကမယ္ ထင္ပါတယ္။ အသစ္ဒီဇိုင္း မလုပ္ျဖစ္လို႔ ပုံတူယူလိုက္ေတာ့ နိုင္ငံအမည္ ျမန္မာဘာသာနဲ႕ ပါမလာေတာ့တာ ျဖစ္မွာပါ။ တံဆိပ္ေခါင္းတန္ဖိုးေတြကိုေတာ့ ဒီဇိုင္းေဟာင္းမွာကတည္းက ျမန္မာလိုေရာ အဂၤလိပ္လိုပါ ႏွစ္မ်ိဳးပါခဲ့ပါတယ္။
.
ကိုလိန္ိီေခတ္ ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္း ထုတ္စဥ္ကပင္ လြဲေခ်ာ္မႈေလးေတြ ရွိခဲ့သလို လြတ္လပ္ေသာ ျမန္မာျပည္အတြက္ ထုတ္ေတာ့လည္း လြဲေခ်ာ္မႈေလးေတြ ျဖစ္ခဲ့တာ မွတ္သားစရာပါ။ 

03 December 2019

မြန်မာအိုင်ဒေါနဲ့ ခင်ဝမ်းသီချင်း



(Unicode version)


မြန်မာအိုင်ဒေါမှာ စိုးလွင်လွင်သီချင်းတွေကို ပုံပြောင်းဆိုသွားတာ တချို့က ကြိုက်ကြဟန်မတူဘူး။ ကျနော်က မဆိုးပါဘူးပြောလို့လားမသိ၊ နောက်နှစ် ခင်ဝမ်းသီချင်းနဲ့ ပြိုင်ခိုင်းမတဲ့။ လှမ်းလုပ်ကြတယ်။
.
ပြန်ဆိုကြရင် မူလခင်ဝမ်းလောက် ကောင်းမကောင်းက ပြောစရာမလိုပါ။ ခင်ဝမ်းအမှတ်တရအခွေမှာ ကိုတိုးကြီးဆိုနေတုံး ခင်ဝမ်းအသံနဲ့ ထပ်လိုက်တာ အရမ်းကွာနေတာ သတိထားမိကြမှာပါ။ ပင်ကိုယ်အသံလည်းကွာသလို အသံသွင်းခဲ့တာ နှစ်နှစ်ဆယ်ကျော် ကွာနေတာလည်း ပါပါတယ်။ ဒါပေမယ့် ခင်ဝမ်းကတော့ ကျနော့အဖို့ ခင်ဝမ်းပါဘဲ။
.
ခင်ဝမ်းသီချင်းတွေ ပြန်ဆိုပြီးပြိုင်ကြရင် ကောင်းတာပေါ့ဗျာ။ ကြေနပ်တာပေါ့။ ခင်ဝမ်းသီချင်းတွေ ခေတ်လူငယ်တွေ ပြန်ကြားဘူးသွားတာပေါ့။ ဒါ့အပြင် ခင်ဝမ်းမိသားစုတွေလည်း မူပိုင်ကြေး ကျပ်သိန်းရာမချီတောင် ဆယ်ဂဏန်းတော့ ရမယ်အောက်မေ့တာဘဲ။
.
မဖြစ်နိုင်ဘူး မထင်ကြနဲ့ဗျ။ ဒီနှစ် စိုးလွင်လွင်မိသားစုတော့ ဘယ်လောက်ရသွားတယ်မသိဘူး။ ဒိုင်သုံးယောက်က သိန်းထောင်ချီစီ ရကြတယ်လို့ သတင်းကြားရတော့ ပေးချင်ရင်ဖြစ်လောက်တယ်။ အဲဒီ​ခေတ် သီချင်း​တွေ ပြန်ဆိုတော့ ဝင်ငွေရှိနေတဲ့အရွယ်တွေ စိတ်ဝင်စားပြီး များများတောင် ဗုတ်လာနိုင်သေး မဟုတ်လားဗျာ။ ဥက္ကာဦးသာနဲ့ ထရေစီတို့ ရှိနေသေးရင် ခင်ဝမ်းသီချင်းနဲ့ နောက်နှစ်ပြိုင်ကြပါစေဗျာ။


XxXxXx

(Zawgyi version)


ျမန္မာအိုင္ေဒါမွာ စိုးလြင္လြင္သီခ်င္းေတြကို ပုံေျပာင္းဆိုသြားတာ တခ်ိဳ႕က ႀကိဳက္ၾကဟန္မတူဘူး။ က်ေနာ္က မဆိုးပါဘူးေျပာလို႔လားမသိ၊ ေနာက္ႏွစ္ ခင္ဝမ္းသီခ်င္းနဲ႕ ၿပိဳင္ခိုင္းမတဲ့။ လွမ္းလုပ္ၾကတယ္။
.
ျပန္ဆိုၾကရင္ မူလခင္ဝမ္းေလာက္ ေကာင္းမေကာင္းက ေျပာစရာမလိုပါ။ ခင္ဝမ္းအမွတ္တရအေခြမွာ ကိုတိုးႀကီးဆိုေနတုံး ခင္ဝမ္းအသံနဲ႕ ထပ္လိုက္တာ အရမ္းကြာေနတာ သတိထားမိၾကမွာပါ။ ပင်ကိုယ်အသံလည္းကြာသလို အသံသြင္းခဲ့တာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ကြာေနတာလည္း ပါပါတယ္။ ဒါေပမယ့္ ခင္ဝမ္းကေတာ့ က်ေနာ့အဖို႔ ခင္ဝမ္းပါဘဲ။
.
ခင္ဝမ္းသီခ်င္းေတြ ျပန္ဆိုၿပီးၿပိဳင္ၾကရင္ ေကာင္းတာေပါ့ဗ်ာ။ ေၾကနပ္တာေပါ့။ ခင္ဝမ္းသီခ်င္းေတြ ေခတ္လူငယ္ေတြ ျပန္ၾကားဘူးသြားတာေပါ့။ ဒါ့အျပင္ ခင္ဝမ္းမိသားစုေတြလည္း မူပိုင္ေၾကး ကျပ်သိန္းရာမခ်ီေတာင္ ဆယ္ဂဏန္းေတာ့ ရမယ္ေအာက္ေမ့တာဘဲ။
.
မျဖစ္နိုင္ဘူး မထင္ၾကနဲ႕ဗ်။ ဒီႏွစ္ စိုးလြင္လြင္မိသားစုေတာ့ ဘယ္ေလာက္ရသြားတယ္မသိဘူး။ ဒိုင္သုံးေယာက္က သိန္းေထာင္ခ်ီစီ ရၾကတယ္လို႔ သတင္းၾကားရေတာ့ ေပးခ်င္ရင္ျဖစ္ေလာက္တယ္။ အဲဒီ​ေခတ္ သီခ်င္း​ေတြ ျပန္ဆိုေတာ့ ဝင္ေငြရွိေနတဲ့အ႐ြယ္ေတြ စိတ္ဝင္စားၿပီး မ်ားမ်ားေတာင္ ဗုတ္လာနိုင္ေသး မဟုတ္လားဗ်ာ။ ဥကၠာဦးသာနဲ႕ ထေရစီတို႔ ရွိေနေသးရင္ ခင္ဝမ္းသီခ်င္းနဲ႕ ေနာက္ႏွစ္ၿပိဳင္ၾကပါေစဗ်ာ။