30 December 2007
ခင်မောင်တိုးဆိုတ့ဲ ခင်ဝမ်းရဲ့နှုတ်ဆက်ခဲ့ပါတယ်၊
ခင်၀မ်းရဲ့အမှတ်တရ ခင်မောင်တိုးဆိုထားတ့ဲ အခွေထဲက VIDEO CLIP ကလေးပါ ။ ခင်၀မ်းအကြောင်းလေးတွေ ထဲ့ထားတာ သဘောကျလို့တင်လိုက်တာပါ ။ 3GP Version မို့လို့စကားလုံးတွေ ဖတ်လို့ရချင်မှရပါဦးမယ် ။ Connection ကောင်းကောင်းရမှ MPEG Format နဲ့ထပ်တင်ပါဦးမယ် ။ မူပိုင်ကတော့ ချိုကြည်သာတေးသံသွင်း ပါ ။ ။
29 December 2007
Myanmar Pyi
(Unicode version)
လူတယောက် အသက် ၆၀ ပြည့်လျှင် မြန်မာပြည်တွင် ပင်စင်ပေးပါသည် ။ မြန်မာတစ်ယောက်အနေနဲ ့ အနားယူသင့်ပြီဟု သတ်မှတ်ပါသည် ။ အငြိမ်းစားဟု အခေါ်ခံရသော်လည်း လက်တွေ ့တွင်မူ အငြိမ်းမစားနိုင်ဘဲ ပူပင်နေရသူက များနေပါသည် ။ ကြီးကံကောင်းသူများသာ တကယ်အငြိမ်းစား နိုင်ပါသည် ။ မြန်မာတစ်ချို ့ကျတော့ လည်း အသက် ၆၀ ကျော်တာတောင် ပြည့်စုံရက်နဲ ့အနားမယူနိုင်ရှာ ။ တိုင်းပြည်အတွက်ဖြစ်မှာပါဗျာ ။
နောက်တစ်ပါတ် အတွင်းတွင် ကျွန်တော်တို ့ အရမ်းရင်းနှီးနေသူတစ်ဦး သက်ပြည့်အငြိမ်းစား ယူပါတော့မည် ။ ကျွန်တော်တို ့နှင့်ပါတ်သက်ရုံမျှမကဘဲ ကျွန်တော်တို ့ဘ၀ ကိုလုံး၀လွှမ်းမိုးနိုင်သူတစ်ဦးလဲဖြစိပါသည် ။ သူကား ၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်နေ ့ တွင် မွေးဖွားခဲ့သော မြန်မာပြည်ကြီးပင် ဖြစ်ပါသည် ။ လွန်ခဲ့သော ၂၅ နှစ်ခ့ံက ဗေဒင်ဆရာ စံဇာဏီဘို နှင့်တွေ ့စဉ် မြန်မာပြည်ကြီးကို လူတစ်ယောက်အနေနှင့် ဗေဒင်တွက်နိုင်သလားမေးကြည့်ဘူးရာ တွက်နိုင်ကြောင်းပြောပြီး သူတွက်ထားတာပြခ့ဲဘူးတာ မှတ်မိနေပါသည် ။
မြန်မာပြည်ကြီးသည် မွေးကာစကပင် ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည် ။ ၁၄ နှစ်သား ၁၉၆၂ တွင်တစ်ခါ ၊ အသက် ၄၀ ၊ ၁၉၈၈ တွင်တစ်ခါ ကြီးစွာသော အပြောင်းအလဲကို ကြုံခ့ဲရသည် ။ ထိုအဖြစ်အပျက်များ ဗေဒင်အရမှန်မမှန်ကိုမူ ဆရာများ သိနိုင်ပါလိမ့်မည်။ အသက် ၆၀ ပြည့်ပြီးချိန်တွင် အငြိမ်းစား ရ မရ ကိူမူ တွက်ပြီးသူများ ပြောပြသင့်ပါသည် ။ အငြိမ်းစား ရယုံ မကဘဲ အသက်ပါ ဆုံးရှုံးနိုင်သည် ဆိုလျှင်ပြသနာပါ ။ သို ့မဟုတ် အမှန်တကယ်ကိုပင် အငြိမ်းစားရပြီး အေးချမ်းတော့ မည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်မည် ။
ဆရာစံဇာဏီဘို နှင့်ပြောစဉ်က မြန်မာပြည်ကို ယောက်ကျားအနေနှင့် သတ်မှတ်လား မိန်းမအနေနှင့် သတ်မှတ်လား မမေးမိခဲ့ ၊ ဗေဒင်ဆရာများ ကတော့သိပါလိမ့်မည် ။ မြန်မာများက ကိုယ့်နိုင်ငံကိုယ် အမိ မြန်မာပြည် ဟု သုံးလေ့ရှိပြီး အနောက်နိုင်ငံများက ကိုယ့်နိုင်ငံကိုယ် Father Land ဟုသုံးလေ့ရှိသောကြောင့်ဖြစိသည် ။ ဟောစာတမ်း ကို WEB PAGE တွင်ဖတ်မိသူများ အကြောင်းကြားစေလိုပါသည်ခင်ဗျား ။ ။
XxXxXx
(Zawgyi version )
25 December 2007
thai polled - 2
မနေ့ က ယ်ုးဒယား ရွေးကောက်ပွဲမှာ သက်ဆင်ကိုထောက်ခံတဲ့ပါတီ အနိုင်ရသွားပါတယ် ။ အများစုရဖို့  မဲအနည်းငယ်ဘဲ လိုပါတော့တယ် ။ ယိုးဒယားစစ်တပ် ဘာလုပ်မလဲ စောင့်ကြည့်ရပါမယ် ။ မြောက်ပိုင်း ဇင်းမယ် က ppp ပါတီ က်ုဘဲ မဲပေးခဲ့ ကြတယ် ။ တောင်ပိုင်း Bangkok ကတော့ ဆန့် ကျင်ဖက်ပါတီကို မဲပေးခဲ့ကြပါတယ် ။
ကျွန်တော်တို့ ဆီကျယင်လဲ ဘယ်လိုဖြစ်မလဲ တွေးကြည့်မိပါတယ် ။ မုန့် ဆီကျော်ကဖြင့်ဘယ်မှန်းမသိ မပြောကြပါနဲ့  ။ လာတော့လာပါလိမ့်မယ် ။ လာယင်ဘာလုပ်ကြမှာလဲ ။ ၁၀၀ % ရမှ စကြမယ်ဆိုယင်တော့ ဒီဘ၀ မှာ မှီမယ်မထင်ဘူး ။ အကြိမ်ကြိမ်ပြင်နေတာနဲ့ ဘဲ ပြီးသွားလိမ့်မယ် ။ ရသလောက်နဲ့  စကြရယင်မကောင်းဘူးလား ။ ဒီလိုပြောလို့  ကျွန်တော့်ကို ဘက် မသတ်မှတ်ကြပါနဲ့  ။ ဘယ်ဘက်ကမှ မဟုတ်ပါ ။
ယိုးဒယား အခြေအနေကို ကြည့်ယင် ၂၁ ရာစုရဲ့  ခေါင်းဆောင်ဟာ မျိုးချစ်စိတ်ရှိဖို့  အဓိက မဟုတ်တော့ဘဲ စီးပွားရေးလုပ်တတ်ဖို့ အဓိကဖြစ်နေတာ တွေ့ ရမှာပါ ။ သက်ဆင် ဟာ သူ့  အတွက်လုပ်သွားတာတွေ ရှိပါလိမ့်မယ် ၊ ဒါပေမဲ့ နိုင်ငံအတွက်လဲ လုပ်သွားတဲ့ အတွက်လဲ တ၀က်လောက်က ခွင့်လွှတ်ကြတာနေမှာပေါ့ ။ ခေါင်းဆောင်က အားလုံးနီးပါး သူ့အတွက်ကြိးဘဲ လုပ်သွားယင်တော့ ၀ိုင်းဆဲတာခံရမှာပေါ့ ။
ခက်တာက ကိုယ်တိုင် ဘာလုပ်နေမှန်း မသိတာပါ ။ မရှိတာထက် မသိတာခက်တာပေါ့။ ရိုးရိုးသားသားလုပ်သော်လည်း အရည်အချင်း မရှိယင်ပြသနာ ဘဲ ။ အချိန်ကုန် အကျိုးမရှိ ဖြစ်သွားမှာပါ ။ ဘယ်သူကမှတော့ တမင်ပျက်အောင်လုပ်လိုက်မဟဲ့ လို့ တွေးလုပ်မှာ မဟုတ်ဘူးထင်ပါတယ် ။ ကြားဖူးတဲ့ ပုံပြင်ထဲက မောင်အငယ်ဆုံး ဆိုယင်တော့ မသိဘူးပေါ့ ။
မိတ်ဆွေတို့  ၊ ခုရေးနေတာ ယိုးဒယား နိုင်ငံကီုကြည့်ရေးနေတာပါ ။ အရေးမတတ်တော့ ဟိုရောက်ဒီရောက် ဖြစ်သွားတတ်ပါတယ် ။ ဟိုထင်ဒီထင်လဲ မဖြစ်ကြပါနဲ့ ဗျာ ။ ။
23 December 2007
thai polled
ဒီနေ့ ယိုးဒယားမှာ မဲ ထည့်နေကြပြီ ။ အာဏာသိမ်းပြီး မကြာခင်မှာဘဲ ဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးစွဲပြီး မဲပေးနေကြပြီ။
ဘီဘီစီ သတင်း မှာဖတ်လိုက်ရပါတယ် ။ ကျွှန်တော်တို့  ကျမှ ဘာလို့ ကြာနေရသလဲ မသိပါဘူး ။ သူတို့ ဆီမှာ တိုင်းရင်းသား ၁၃၅ မျိုးမရှိ လို့ နဲ့ တူပါတယ် ။ သူတို့ ဆီမှာ လဲ အာဏာသိမ်းတာ ၇၅ နှစ်အတွင်း ၁၈ ကြိမ်ရှိပြီလို့ ဆိုပါတယ် ။ ကျွန်တော်တို့ တိုင်းပြည်မှာ ပညာတတ် နဲ လီု့ လား ။ အရိုင်း အစိုင်း များလို့ လား မသိပါဘူး ။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ခါရေးတာ ၁၅ နှစ်ရှိပြီ မပြီးသေးပါဘူး ။ နောက်မကြာခင်ပြီးကောင်းပါရဲ့  ။
သတင်းတွေ အရ အယင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့  ပါတီ အခြေအနေ ကောင်းနိုင်ပါတယ် ။ စစ်ဗိုလ်ချုပ်ကြီးတွေ မကြိုက်ပေမဲ့ ပြည်သူကြိုက်ယင် နိုင်နိုင်ပါတယ် ။ ဒါပေမဲ့ မကြေနပ်လို့  အာဏာထပ်သိမ်းယင်တော့ မသိဘူးပေါ့ ။
BANGKOK POST သတင်းစာခေါင်းကြီးပိုင်း ကလဲ "စစ်တပ်တကယ်ကို စစ်တန်းလျှားပြန်သွားပြီး တနည်းနည်း နဲ့ မှအစီုးရ ကိုထိန်းချုပ်မှု မရှိယင်ကောင်းမယ်" လို့ ဆုတောင်း ထားပါတယ် ။ ။
21 December 2007
LETTER TO EDITOR
ဒီတစ်ပါတ်ထွက်တဲ့ VOICE ဂျာနယ် [ vol:4.No.9 ] ကို ဖတ်ပြီးတော့ရေးပါတယ် ။ VOICE ဂျာနယ်ကို အားကစားဂျာနယ် မဟုတ်ပေမဲ့ ပုံမှန်ဖတ်ဖြစ်ခဲ့တာကြာပါပြီ ။ အကြောင်းအရာဆန်းသစ်လို့ ၊ အတွေးအခေါ် ထူးခြားလို့  ဖတ်ဖြစ်ပါတယ် ။ များသောအားဖြင့် အခြားဂျာနယ်တွေက သတင်းသာပေးနိုင်လို့ ပါ ။ခုတော့သူတို့  ပေးတဲ့အတွေးကြောင့် VOICE ကို စိတ်ကုန်သွားပါပြီ ။
တကယ်တော့ လွန်ခဲ့တဲ့ နှစ်လခန့် က သခင်တင်မြရဲ့  ဗိုလ်ချုပ် နဲ့ အမှားတော်ပုံ ဆောင်းပါးဖတ်မိကတည်းက
နောက်ထပ် မဖတ်ဖြစ် တော့ပါဘူး ။ကွယ်လွန်ပြီး မရှိတော့တဲ့ တိုင်းပြည် ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘာအကြောင်းကြောင့်နဲ့  မှ မလေးမစားမရေးသင့်ပါဘူး ။ သူကမွေးခဲ့တဲ့ သားသမီးတွေကို မကြိုက်ယင်တောင် သူ ကိုမထိသင့်ပါဘူး ။ ဗိုလ်ချုပ်ဟာ ရိုးရိုး ခေါင်းဆောင်တောင်မဟုတ်ပါဘူး ။ တိုင်းပြည်လွတ်လပ်ရေးရဲ့  ဖခင် ၊ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ အာဇာနည် လဲဖြစ်ပါတယ် ။ ဒီလိုခေါင်းဆောင်မျိုးကို ထိခိုက်နိုင်တဲ့ ဆောင်းပါးဖေါ်ပြတာ မကြိုက်လို့ မဖတ်တော့တာပါ ။ နောက်မှ ကွန်မြူနစ်ြပြီပီ စကားလုံးလေးကပ်ပြီး ဖြေရှင်းနေတာလဲ လုံးဝ အသုံးမကြပါဘူး ။ ဒါဟာ ကလေးကလား အလုပ်လဲ မဟုတ်ပါ ။ နိုင်ငံရေးလည့်စားစရာလဲ မဟုတ်ပါ ။
EDITOR အဖွဲ့ ကလဲအသုံးမကျပါ ။ လျှပ်တပြက် မှ မြတ်ခိုင် က နဲနဲကဲပြတာနဲ့  အားကျပြီး လိုက်လုပ်တာ လုံးဝလူရွေးမှားပါတယ် ။ ကိုယ့်လိုင်းလဲမဟုတ်ပါဘူး ။ စ ကတည်းက မလုံမလဲနဲ့ အခြားဆောင်းပါးနဲ့  ကာထားတာကိုက သိသာပါတယ် ။ မြတ်ခိုင် အားကျ ၊ စာမူတောင်းပြီးကာမှ အားနာနာနဲ့  ထဲ့ရတော့မှာမို့  ကာရေးတဲ့ဆောင်းပါးပါ တွဲထဲ့တယ်လေ ။ ဘယ်လောက် အသုံးမကျလဲဆိုတာ ။
စိတ်ကုန်ပြီးမဖတ်ဖြစ်တော့ ကြားထဲကအဖြစ်အပျက်တွေ ၊ ပြန်အရေးခံရတာတွေ မသိခဲ့ပါဘူး ။ ခု နှစ်လလောက်အကြာ VOICE ကိုပြန်ဖတ်ချိန်မှာ တော်တော်ရှင်းနေရတာ တွေ့ ရပါတယ် ။ ဒီတစ်ပါတ်ရေးထားတဲ့ ဆောင်းပါးကတော့ အဆိုးဆုံးပါဘဲ ။ စာဖတ်သူတစ်ဦးဆိုတာ EDITOR အဖွဲ့  အာဘော်ပါဘဲ ။ VOICE မှာ လေ့လာသူတစ်ဦးတို့ ၊ စာဖတ်သူတစ်ဦးတို့  ဆိုပြီးရေးတဲ့ဆောင်းပါးတွေနဲ့  သတင်းတွေဟာ တခါတရံ အယ်ဒီတာအာဘော် နဲ့  IDEA သာမက စကားလုံးကအစ တူတတ်ပါတယ် ။ ဒါကြောင့် အယ်ဒီတာအာဘော် လို့  ယူဆတာပါ ။ ဘာမှမလုပ်နိုင်တဲ့ ရေမြွေကို ဘာကြောင့် ၀ိုင်းထိုးချင်ကြတာလဲတဲ့ ။ ရှင်းပါတယ် ၊ ရေမြွေအို ကိုယ့်နေရာကိုယ်မနေဘဲ အမောက်ထောင်ပြလိုပြ ၊ မြွေပွေးလို လုပ်ပြလုပ်နေတာကိုး ။ တုတ်နဲ့  ထိုးသူတွေ အပြစ်မရှိပါ ၊ ကျွန်တော်သာဆိုရိုက်သတ်ပါတယ် ။ ဒီနေရာမှာ ကျွန်တော်အမြင်တစ်ခု ပြောချင်ပါတယ် ။ ရိုးသားစွာမှားခဲ့သူကိုလဲ ခွင့်မလွှတ်သင့်ပါဘူး၊ခွင့်လွှတ်ယင်တောင် မသုံးသင့်တော့ပါ ။ အခုလက်ရှိလူတွေလဲ ၇ည်ရွယ်ချက်နဲ့  မှားလုပ်နေတဲ့သူ တစ်ယောက်မှမရှိပါ ။ နောင်တစ်ချိန်ကြမှ ကျွန်တော်တို့ လဲတိုင်းပြည်အတွက် ရိုးရိုးသားသား မှားမိပါတယ် ဆိုပြီးလာကြဦးမယ် ။ ခွင့်လွှတ်သင့်တဲ့ အမှားရှိသလို ခွင့်မလွှတ်သင့်တဲ့ အမှားလဲရှိ တယ်လေ ။ရေးလက်စနဲ့  VOICE ကိုနဲနဲပြောချင်သေးတယ် ။ တာဝန်ယူမှုကို အဓိကထားပြီး ပြောနေသူတွေက အမှားပြင်ဆင်ချက်ကလေးနဲ့  ရှင်းထားတာကိုပါ ။ သီချင်းဆိုသူ (ထူးထူးရဲ့  ၀ိုင်မြစ်ထဲကငါး ) အသစ်မို့ သာပေါ့ ဇော်ဝင်းထွဋ်တို့  ၊ အာဇာနည်တို့ ဆိုဒီလောက်လေးနဲ့  ပြီးပါ့မလား ။ မှားမိတာကို တာဝန်ယူတောင်းပန်သင့်ပါတယ် ။ နိုင်ငံတည်ဆောက်ရေးအတွက် တစ်တပ်တစ်အား လုပ်ဆောင်နေတဲ့ VOICE ဂျာနယ်ရဲ့ သတင်း SOURCE ကိုလဲ အံ့သြမိပါတယ် ။ လမ်းဘေး တရားမ၀င် ခိုးကူးခွေ ရောင်းသူပြောတာရေးမိတာပါတဲ့ ။အံ့သြကုန်နိုင်ဖွယ်ပါဘဲ ။
VOICE နဲ့ ပတ်သက်လို့ ကြားဖူးတာရှိပါတယ် ။ ဘယ်လောက်မှန်လဲတော့ မသိပါဘူး ။ 8 လေးလုံးနှစ်ပတ်လည်တစ်ရက်မှာ R.I.T ပုံထဲ့ချင်တာနဲ့  R.I.T ကို ကြို့ ကုန်းမှာပြန်ဖွင့်တော့မယ် ဆိုတဲ့ သတင်းမှားကြီး ကိစ္စ ပါ ။ ဆောင်းပါးပါ ကာယကံရှင်တွေက သူတို့ မပြောကြောင်းပြောပေမဲ့ ထဲ့ပေးတာမတွေ့  ခဲ့ပါဘူး ။ တာဝန်ယူ တောင်းပန်တာလဲ မတွေ့ ခဲ့ပါဘူး ။ 8 လေးလုံးနေ့ မှာ R.I.T ပုံထဲ့တာဟာ နိုင်ငံရေးအလုပ်လဲ မဟုတ်ပါဘူး ။ ခပ်ချာချာ ရူးနှမ်းနှမ်း နာမည်ကြီးချင်တဲ့ EDITOR အဖွဲ့ ရဲ့ စတန့် အဆင့်သာရှိပါလိမ့်မယ် ။ ဟိုမင်းသားနဲ့  ဟိုမင်းသမီး ၊ ဟိုနေ့ က ဟိုဟာဖြစ်တယ်ဆိုပြီးရေးတဲ့ ဂျာနယ်တွေဘဲ ရေးသင့်တာပါ ။VOICE ဂျာနယ်ကို ကျွန်တော်စိတ်ကုန်သွားပါပြီ ။ VOICE ကိုဖတ်သူလဲ အလွန်ရှားပါတယ် ။ အယင်ဖတ်တုံးကလဲ ကျွန်တော်ဖတ်တာကို အံ့သြတဲ့သူတွေများပါတယ် ။ IDEA ထူးတာတွေပါတတ်လို့  ၊ ကိုယ်ပိုင်မူနဲ့  သဘောမတူတာတွေ ရှိတောင် သည်းခံပြီးဖတ်ခဲ့ပါတယ် ။ ခုတော့ အမေရိကန် STYLE နဲ့  မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ခိုင်းနေတဲ့ EDITOR ကိုလဲစိတ်ကုန်သွားပါပြီ ။ ဤ ဘ၀ အီသွားပါပြီဗျာ ။ ။
P.S. ကွန်မြူနစ်ဝါဒနဲ့ ပါတ်သက်ပြီး အမြင်ပြောရယင် အဲဒီအချိန်ကလူတွေ အရင်းရှင်ကိုဆန့် ကျင်ချင်တဲ့ဇောနဲ့  ယုံခဲ့ကြတာဖြစ်ပါလိမ့်မယ် ။ မဖြစ်နိုင်တာကြီးကို မျက်စိမှိတ် ယုံခဲ့တဲ့သူတွေကို ခုဒီအချိန် ဒီအခြေအနေမှာ ပြန်စဉ်းစားကြည့်တော့ အရူး တွေပါဘဲ ။ လုံးဝကို မသနားသင့်အောင် ရူးခဲ့တဲ့သူတွေပါ ။ ။
17th December
၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆4၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆466၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆၄၆46၄၆46၄၆4646၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46၄၆46
16 December 2007
SEA GAME-2
SEA GAME - 2
ဖတ်ခဲ့မိ မနေ့က sea game မှာ အမျိုးသား ဘောလုံး ပြိုင်ပွဲ final ပြီးဆုံးသွားပါပြီ။ ကံအလွန်ကောင်းလွန်းလို့  final တက်လာတဲ့ ရွှေမြန်မာတွေ ရှုံးသွားပါပြီ။ မျိုးချစ်စိတ် နဲ့  အားပေးတဲ့ ပရိသာတ်ကြီးကို အားနာသော်လည်း ဘောလုံးပညာ ကွာခြားလွန်းတာကို ဂရုပြုရပါမယ်။ ကစားပုံသာမက လူကောင်လဲ သိသိသာသာ ကွာလာပါပြီ။ ယိုးဒယားတွေက အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ဖြစ်လာချိန်မှာ ရွှေမြန်မာတွေက ပုပုမဲမဲလေးတွေ ဖြစ်နေပါတယ် ။
တိုင်းပြည်တပြည်ရဲ့  ဆင်းရဲ ချမ်းသာဟာ အားကစားမှာ ထင်ရှားပေါ်လွင်လာပါတယ် ။ အပျော်ထမ်းဆိုတာ စာအုပ်ထဲမှာသာရှိပါတော့မယ် ။ရွှေတံဆိပ်ရဘို့  ငွေသုံးနိုင်ရပါတော့မယ်။ စားဖို့ အဟာရ ၊ လေ့ကျင့်ဖို ပစ္စည်း ၊ ဒါတွေအားလုံးအတွက် ငွေလို နေပါပြီ ။စင်ကာပူ ဆိုယင် Table tennis ပြိုင်ပွဲ အတွက် တရုပ်နိုင်ငံသားတွေကို စင်ကာပူနိုင်ငံသား ပေးပြီး ပြိုင်စေခဲ့ပါတယ် ။ Tabletennis ပြိုင်ပွဲ ရဲ့  ရွှေ ၇ ဆုလုံးကို စင်ကာပူ က ရသွားပါတယ် ။ မြန်မာပြည် က အဲဒီလိုမျိုးခေါ်ယင် ဘယ်သူလာမှာလဲ ။ လာယင်ဆင်းရဲမှာဆိုးလို့  ဘယ်သူမှ လာကြမှာ မဟုတ်ပါဘူး ။
ပြီးခဲ့တဲ့ဟာ ထားပါတော့ ။ နောက်တခေါက် sea game ကို Lao မှာလုပ်မှာပါ ။ ၂၀၀၇ မှာ ရတဲ့ ရွှေရဲ့  သုံးပုံ တစ်ပုံဟာရေ ထဲ လှေလှော်ပြီး ရတာပါ ။ Lao က ကုန်းတွင်းပိတ်နိုင်ငံဖြစ်လို့  လှေလှော်ပြိုင်ပွဲ မပါယင် ခက်ပြီ ။ ဒီနှစ် ပုံစံအတိုင်းဆိုယင် နိုင်ငံအလိုက်ဇယားမှာ ရွှေမြန်မာတွေဟာ Lao ရဲ့အောက် နံပါတ် ၈ သို့ ရောက်ပါတော့မယ် ။ Lao ကလဲ သူအားသာတဲ့ ရိုးရာအားကစားနည်းတွေ ထဲ့မှာ အသေအချာပါဘဲ ။ Sea game အိမ်ရှင်တွေ လုပ်နေကြဘဲလေ ။ ၂၀၀၉ ရောက်မှာတောင် တွေးရှက်မိပါရဲ့  ။ ။
P.S ။ ။ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ ခြေကွာပေမဲ့လဲ မတော်တဆနိုင်သွားမှာဆိုးလို့  ဆုချရမှာ စိုးတဲ့ မြန်မာ လုပ်ငန်းရှင်တွေ ယတြာခြေကြတာ အောင်မြင်သွားပါတယ် ။
08 December 2007
SEA GAME
sea game
ခုချိန်ထိ ကျွန်တော်အမြဲဖတ်လေ့ ရှိတဲ့ဂျာနယ်ကတော့ FirstElevenဂျာနယ်ပါ။ နောက် PremierElevenလဲပါတာပေါ့ ။ WeeklyEleven တောင် weekly မဖတ်ဖြစ်ပါဘူး။FirstEleven ကတော့ စထွက်ကတည်းက ဒီနေ့ အထိလွတ်တာ မရှိသလောက်ပါဘဲ ။ ခရီးသွားမယ်ဆိုယင်တောင် ၀ယ်ခိုင်းထားခဲ့ပြီး ပြန်လာမှ ဖတ်ပါတယ် ။
FirstEleven ဂျာနယ်မှာ အားကစားသတင်းတွေအပြင် ဖတ်လို့  ကောင်းတာ ကတော့ ခင်မောင်ထွေး [ ပျဉ်းမနား ] ရေးတဲ့ ဆောင်းပါးပါ ။ ဒီပုံစံမျိုး ရေးတဲ့သူ မရှိတော့သလောက်ပါဘဲ ။ တစ်ချို့ ပျောက်ကျားရေးတာကလွဲယင် ပုံမှန်ရေးနိုင်သူ ဦးခင်မောင်ထွေးဘဲ ရှိပါတယ် ။
Sea game ကျင်းပခါနီးတိုင်း သူရေးလေ့ရှိတာတစ်ခု ရှိပါတယ် ။ Sea game ကြီးအောင်မြင်ဖို့ အကြောင်းပါ ၊ Sea game ကတဆင့် ဒီဆယ်နိုင်ငံဟာ အာရှအထိလှမ်းနိုင်ဖို့ ရေးလေ့ရှိပါတယ် ၊ Olympic မှာမပါတဲ့ ရိုးရာအားကစားနည်းတွေ ထည့်သုံးတာလဲ ဆု အများဆုံး နိုင်ငံဖြစ်အောင် အိမ်ရှင်နိုင်ငံတွေ လုပ်တာလို့  ဝေဖန်လေ့ရှိပါတယ် ၊ သဘောတူပါတယ်။ သူရေးလေ့ရှိတာ အများစုကို သဘောလဲ ကျ ၊ တူလဲတူပါတယ် ။
ဒါပေမဲ့ တစ်ခါတစ်လေတော့ အံ့သြမိပါတယ် ။ အိမ်ရှင်နိုင်ငံတွေက ပြတဲ့ TV Programတွေဟာ အိမ်ရှင်ပြိုင်တဲ့ပွဲဘဲ ပြတယ် ၊ အခြားနိုင်ငံတွေကလဲ သူတို့ ကစားတဲ့ပွဲဘဲ ပြတယ် ၊ကျန်နိုင်ငံတွေရဲ့  ပွဲတွေမပြဘူးပေါ့ ။ ဒီဆရာကြီး မသိချင်ယောင်ဆောင် ရေးတာဘဲဖြစ် မှာပါ ။ ကိုယ့်နိုင်ငံ ကစားတဲ့ပွဲဘဲ ကိုယ့်နိုင်ငံ TV ကပြမှာပေါ့ ။
အမှန်က မြန်မာပြိုင်တဲ့ပွဲတွေ မကြည့်ရလို့ ဒီအဖိုးကြီး ဒေါသထွက်ရေးတာဖြစ်မှာပါ ။ ရှင်းပါတယ် ၊ မြန်မာပြိုင်တဲ့ပွဲတွေ လွှင့်ဖို့  က မြန်မာ TV တွေမှာတာဝန်ရှိပါတယ် ။ ဘောလုံး ပွဲလောက်ပြတာနဲ့  မပြီးဘဲ သွားပြိုင်သမျှ အချိန်မတိုက်ယင် Live ပြရမယ် ၊ အချိန်တိုက်ယင် Delay ပြရမှာပေါ့ ။
ခုတော့သူများနိုင်ငံ TV ဘဲ လှမ်းကြည့်နေရတယ် ။ သူတို့ နဲ့ မြန်မာများပြိုင် မလားလို့ ပေါ့ ။ ပြိုင်ယင်ကြည့်ရပြီ ။ သူတို့ နိုင်ငံတွေက TV အဖွဲ့ တွေလွှတ်ပြီး Live လွှင့်ကြတာပါ ။ ကိုယ့်နိုင်ငံ ပြိုင်တာဘဲ အဓိကပြတာ သဘာဝကျပါတယ် ။
မြန်မာ ပရိသာတ်ကတော့ ဆုရယင်တောင် သတင်းရဲ့ ဘယ်အချိန်မှာ လွှင့်မယ်မှန်း မသိရတော့  နောက်နေ့ ဂျာနယ်တွေမှာ ပါမှသိရတာပါ ။
ခုရေးနေချိန်မှ စင်ကာပူ TV CNA ကပြတော့ တတိယမြောက် ရွှေ မြန်မာ ရတာတွေ့ ပါတယ် ။ ဘာပြိုင်ပွဲမှာ ဘယ်သူရမှန်းမသိပါဘူး ။ ဆှုဇယားအရသိတာပါ ။ မလောပါနဲ့  ဦးခင်မောင်ထွေး နဲ့  မြန်မာ ပရိသာတ်ကြီးရယ် ။ မနက်ဖန်မနက် ဂျာနယ်တွေ ထွက်တော့
မြန်မာ အမျိုးသားဘောလုံးအသင်း ဆီမီးတက်မတက်နဲ့ အတူ သိရမှာပါဗျာ ။ ။
p.s ။ ။ ဒီနေ့မနက် sea game web ဖတ်ကြည့်တော့ မြန်မာ ရွှေ ၂ ခု ဘဲရတာတွေ့ ပါတယ် ။ စင်ကာပူ CNA ကလွှင့်တာ မှားနေပါတယ် ။ ဘောလုံးပွဲ မှာ ကံကောင်းလို့ မြန်မာ ဆီမီး တက်သွားပါတယ် ။ ။
04 December 2007
ကျွန်တော်နဲ့ သုံးလုံး
(Unicode version)
ဒီအပါတ်ထဲမှာ တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး နဲ ့ကျွန်တော် အလုပ်ရှုပ်နေပါတယ် ။ ဒီကောင်နာချင် ပြန်ပြီထင်တယ် လို ့ ့မတွေးကြပါနဲ ့ဦး ။ ပြီးခဲ့တဲ့ ရက်အနည်းငယ် ကဘဲမောင်ဖွတ် က သူ ့သွေးပေါင်ချိန်စက် ပျက်လို ့ပြင်ခိုင်းပါတယ် ။ ပြင်ပြီးလို ့ပြန်ပေးယင်း စက်စမ်းတဲ့အနေနဲ ့ ချိန်ကြည့်တော့ ၁၈၀ - ၁၂၀ ဖြစ်နေတယ် ။ စက်မမှန် ဘူးလို ့ဘဲ ထင်ခဲ့တာပါ ။ 
အိမ်ရောက် မှချိန်ကြည့်တော့ ၁၇၀ - ၁၁၀ ဖြစ်နေတယ် ။ ခေါင်းထဲမှာ ငြီးစီးစီး ဖြစ်နေဒါ ဒင်းကြောင့်မှန်း ခုမှသတိထားမိတယ် ။ ဒါနဲ ့ဘဲ သွေးကျဆေး စသောက်ရတယ် ။ ဟိုကောင် မောင်ဖွတ် သိ၇င်ပျော်နေဦးမယ် ။ 
နောက်တစ်ခါ ဒီတစ်ပါတ်ထဲ အေးလာပြန်တော့ အအေးမိပြီး အဆုတ်ပွ ချွဲကျပ်ပြန် တယ် ။ ဒီတော့ ဆေးသောက်ရပြန်ရောလေ ။ သူ ့အတွက် က နှစ်မျိူးသောက်ရတယ် ။
ခုဆို မနက်တိုင်း သွေးကျဆေး Amlong က တစ်လုံး ။ အအေးမိ ချောင်းဆိုးအတွက် က Solven က နှစ်လုံး ၊ Fluza က သုံးလုံး နေ ့တိုင်းသောက်နေရပါတယ် ။ ဆေးသုံးမျိုးနဲ ့ ရှုပ်နေတာပါဘဲဗျာ ။ တစ်လုံး နှစ်လုံး နဲ ့ရှုပ်နေတယ်ဆိုတာ ဒါကိုပြောတာပါ ။
တကယ်ကတော့ စနေ နံ ၀င်ခါနီးလီု ကျန်းမာရေး ည့ံတာ ့ဖြစ်မှာပါ ။ ဘာဘဲဖြစ်ဖြစ်လေ
ဖြည်းဖြည်းလာပါ အိုဇရာ ။ ။
XxXxXx
(Zawgyi version )
တကယ်ကတော့ စနေ နံ ၀င်ခါနီးလီု ကျန်းမာရေး ညံ့တာ့ ဖြစ်မှာပါ ။ ဘာဘဲဖြစ်ဖြစ်လေ
01 December 2007
ကျွန်တော်နဲ့ မောင်း[ ၂ ]
(Unicode version)
ဒီတစ်ပါတ်မောင်းကွဲတဲ့အကြောင်းပြောပြချင်ပါတယ်။ဘောလုံးလောင်းတဲ့ မောင်းကွဲတာပါ။ ဒီတစ်ပါတ်ကန်တဲ့ CHAMPIONS LEAGUE နှစ်ရက်လုံး ကွဲတာပါ ။ ပထမ နေ ့ကမောင်းစာရွက် ကြည့်ပါ ။
(Zawgyi version) 
BODY နှစ်ပွဲ ၊ ဂိုးပေါင်း လေးပွဲ လောင်းပါတယ် ။ ဆီဗီလာ နဲ ့ အာကြီးပွဲမှာ အာကြီးက ၃ - ၁ နဲ ့ရှုံး တော့ မောင်းကွဲပါတယ်။ မောင်း ်ရဲ ့သဘောက တစ်ပွဲရှုံးယင် မောင်းပျက်ပါတယ် ။ အလျှော်မရတော့ပါဘူး ။ ခြောက်ပွဲလောင်းတာ လေးပွဲဘဲလွဲပါတယ်။ ဟဲဟဲ ။
ဒုတိယနေ ့ကျတော့ ခုနှစ်ပွဲလောင်း ပါတယ်။ body လေးပွဲ ၊ ဂိုးပေါင်း သုံးပွဲပါ ။BODY လေးပွဲလုံး ရှုံးပါတယ် ။ ခုနှစ်ပွဲလောင်းတာ ငါးပွဲ လွဲပါတယ် ။ အရင် စံချိန် ပါဘဲ ။ ဟဲဟဲ။
နှစ်ပွဲဘဲမှန်ပါတယ် ။ ဥရောပ က ဘောလုံးသမားတွေ ညံ့ပါတယ် ။ ကျွန်တော် မှန်းသလို မကန် နိုင်ပါဘူး။ သူတီု ့ကန်ချင်သလို ကန်နေကြပါတယ် ။ တစ်ပွဲလောက်ဘဲ လွဲအောင်ကန်ယင် တော်သေးတယ်ဗျာ ။ပရိသာတ် ကြီးမပူကြပါနဲ ့။ အပါတ်တိုင်း ရှုံးတာကြီးဘဲ ဖတ်မနေ ရစေပါဘူး ။ နောက်ဆို မောင်းအောင် မှ ပြောပါတော့မယ် ။ 
P.S. blog မှာ လောင်းကစားရေး လို ့ ဖမ်းမှာ မပူကြပါနဲ ့ ။ နေ ့စဉ်ထုတ် သတင်းစာမှာ ငါးမင်းဆွေ က သူ ချဲဒိုင် ကိုင်ခဲ့တဲ့ အကြောင်းရေးထားတာ ဘာမှမဖြစ်ပါဘူး ။ တရားဥပဒေ က လက်ပူးလက်ကျပ် မိမှ အရေးယူတာ နဲ ့တူပါတယ် ။
တော်သေးတာပေါ့ဗျာ ။ ။
တော်သေးတာပေါ့ဗျာ ။ ။