22 December 2015

NLDအစိုးရ

 (Unicode version )

       NLD အစိုးရတ့ဲ။ ​ခေါ်ရတာ အားရလိုက်​တာ။ ​နောက်​သုံးလ​ကျော်​ဆို ​ပေါ်ပါပြီ​လေ။ ​ဒေါ်စု သမတလုပ်​ခွင်​့မရလဲ အစိုးရအဖွဲ့ကို သူဦး​ဆောင်​မယ်​ဆိုကတည်​းက ​ကြေနပ်​ပြီးသားဘဲ။ အများယုံကြည်​သူ ဦး​ဆောင်​မှ မြန်​မြန်​ဆန်​ဆန်​ ​ရွေ့မှာ​လေ။ ​စောင်​့ခ့ဲရတာ ၂၅နှစ်​​ကျော်​။

.

     NLD အစိုးရလုပ်​ရမှာ အများကြီးပါလား။ နှစ်​ငါးဆယ်​​ကျော်​ ​ရေဘူး​ပေါက်​တာမသိတ့ဲ ​ဗိုလ်​​တွေအုပ်​ချုပ်​ခ့ဲ​တော့ စံနစ်​​တွေ ​တော်​​တော်​ ပျက်​​နေပါပြီ။ တချို့ ရုံးအလုပ်​​တွေဆို ပုံမှန်​က ဘယ်​ဟာမှန်းမသိ​​အောင်​​ ယိုယွင်​း​နေတာပါ။ အရင်​ အင်္ဂလိပ်​ချန်​ခ့ဲတ့ဲ အုပ်​ချုပ်​​ရေးစံနစ်​ထဲက ​ကောင်​းတာ​တွေလဲ ကုန်​ပါပြီ။ အုပ်​ချုပ်​မ့ဲသူ​တွေ​တော့ မသိဘူး။ ပြည်​သူ​တွေ ​ပြောင်​း​စေချင်​တ့ဲ ကိစ္စ​တွေက​တော့ အများကြီး​နေမှာ။

.

     အုပ်​ချုပ်​​ရေးစံနစ်​လို၊ ​ငွေ​ရေး​ကြေး​ရေးစံနစ်​လို ၊ ကုန်​သွယ်​​ရေးစံနစ်​လို ကိစ္စကြီး​တွေကို​တော့ တ​ဖြေး​ဖြေးပြင်​မှာ အ​သေအချာပါ။ မြစ်​ဆုံလို၊ ​ကြေးစင်​​တောင်​လို၊ မြန်​မာပြည်​အလယ်​ကဖြတ်​တ့ဲ ​ရေနံပိုက်​​တွေလို ကိစ္စ​တွေကိုလည်​း မူရင်​းစာချုပ်​​တွေ သိမှ ရှင်​းရဦးမှာပါ။ ခု ဒီမှာက အဲလို ကြီးကြီးကျယ်​ကျယ်​ ကိစ္စ​တွေ မဟုတ်​ဘူး။ သာမန်​ပြည်​သူ​တွေ ​နေ့စဉ်​ကြုံ​တွေ့​နေရလို့ ​ပြောင်​း​စေချင်​တ့ဲ အ​ကြောင်​း​တွေ ​ပြောချင်​တာပါ။ NLD ကလဲ To Change နဲ့ အ​ရွေးချယ်​ခံလာရတာ မဟုတ်​ပါလား။

.

* ​အိမ်​​ဈေး​မြေ​ဈေး​တွေ ကျ​စေချင်​တယ်​။

*​ ဒေါ်လာ​ဈေး ကျ​စေချင်​တယ်​။

* ရန်​ကုန်​မြို့ရဲ့ ယာဉ်​ကြပ်​မှု အမြန်​​ဖြေရှင်​း​စေချင်​တယ်​။

* ရပ်​ကွက်​အဆင်​့ အုပ်​ချုပ်​​ရေးမှုးကို ထားဖို့မလိုရင်​ ဖြုတ်​​စေချင်​တယ်​။ မထားလို့မဖြစ်​ရင်​ ​ရွေးချယ်​ခန်​့သင်​့တယ်​။

* ဧည်​့စာရင်​းတိုင်​တာ ​ဖျောက်​သင်​့တယ်​။

* မြို့ရွာ သန်​့ရှင်​း​ရေး လုပ်​သင်​့တယ်​။

* ​ဆေးကုဖို့ ​ငွေကုန်​​နေရတာ မဖြစ်​သင်​့ပါ။ ကျန်​းမာ​ရေး အာမခံဖြစ်​ဖြစ်​ လုပ်​သင်​့တယ်​။

* ပညာ​ရေးလဲ စာတတ်​တ့ဲ ပညာ​ရေးဖြစ်​သင်​့တယ်​။ ခုက အလွတ်​ကျက်​ပညာ​ရေးကြီး။

* ​ချဲတို့ ​ဘောလုံး​လောင်​းတာတို့ကို လိုင်​စင်​နဲ့ ခွင်​့ပြုသင်​့တယ်​။

* မီးမပျက်​သင်​့သလို မီးမရသူ​တွေ ရ​အောင်​လုပ်​​ပေးပါ။

.

     အမ​လေး၊ အများကြီးပါလား။ ချက်​ချင်​း ချ​ရေးတာ​တောင်​ အများကြီးထွက်​လာတယ်​။ ဖတ်​မိသူ မိတ်​​ဆွေ တို့လဲ ကိုယ်​ဖြစ်​​စေချင်​တာ​တွေ ​ရေးသွားကြပါလား။ သက်​ဆိုင်​သူ​တွေ ​တွေ့ရင်​လဲ စဉ်​းစား​ပေးလို့ရတာ​ပေါ့​ဗျာ။

XxXxXx

(Zawgyi version )

      NLD အစိုးရတ့ဲ။ ​ေခၚရတာ အားရလိုက္​တာ။ ​ေနာက္​သံုးလ​ေက်ာ္​ဆို ​ေပၚပါၿပီ​ေလ။ ​ေဒၚစု သမတလုပ္​ခြင္​့မရလဲ အစိုးရအဖြဲ႔ကို သူဦး​ေဆာင္​မယ္​ဆိုကတည္​းက ​ေၾကနပ္​ၿပီးသားဘဲ။ အမ်ားယံုၾကည္​သူ ဦး​ေဆာင္​မွ ျမန္​ျမန္​ဆန္​ဆန္​ ​ေရြ႔မွာ​ေလ။ ​ေစာင္​့ခ့ဲရတာ ၂၅ႏွစ္​​ေက်ာ္​။
.
     NLD အစိုးရလုပ္​ရမွာ အမ်ားႀကီးပါလား။ ႏွစ္​ငါးဆယ္​​ေက်ာ္​ ​ေရဘူး​ေပါက္​တာမသိတ့ဲ ​ဗိုလ္​​ေတြအုပ္​ခ်ဳပ္​ခ့ဲ​ေတာ့ စံနစ္​​ေတြ ​ေတာ္​​ေတာ္​ ပ်က္​​ေနပါၿပီ။ တခ်ိဳ႕ ရံုးအလုပ္​​ေတြဆို ပံုမွန္​က ဘယ္​ဟာမွန္းမသိ​​ေအာင္​​ ယိုယြင္​း​ေနတာပါ။ အရင္​ အဂၤလိပ္​ခ်န္​ခ့ဲတ့ဲ အုပ္​ခ်ဳပ္​​ေရးစံနစ္​ထဲက ​ေကာင္​းတာ​ေတြလဲ ကုန္​ပါၿပီ။ အုပ္​ခ်ဳပ္​မ့ဲသူ​ေတြ​ေတာ့ မသိဘူး။ ျပည္​သူ​ေတြ ​ေျပာင္​း​ေစခ်င္​တ့ဲ ကိစၥ​ေတြက​ေတာ့ အမ်ားႀကီး​ေနမွာ။
.
     အုပ္​ခ်ဳပ္​​ေရးစံနစ္​လို၊ ​ေငြ​ေရး​ေၾကး​ေရးစံနစ္​လို ၊ ကုန္​သြယ္​​ေရးစံနစ္​လို ကိစၥႀကီး​ေတြကို​ေတာ့ တ​ေျဖး​ေျဖးျပင္​မွာ အ​ေသအခ်ာပါ။ ျမစ္​ဆံုလို၊ ​ေၾကးစင္​​ေတာင္​လို၊ ျမန္​မာျပည္​အလယ္​ကျဖတ္​တ့ဲ ​ေရနံပိုက္​​ေတြလို ကိစၥ​ေတြကိုလည္​း မူရင္​းစာခ်ဳပ္​​ေတြ သိမွ ႐ွင္​းရဦးမွာပါ။ ခု ဒီမွာက အဲလို ႀကီးႀကီးက်ယ္​က်ယ္​ ကိစၥ​ေတြ မဟုတ္​ဘူး။ သာမန္​ျပည္​သူ​ေတြ ​ေန႔စဥ္​ၾကံဳ​ေတြ႔​ေနရလို႔ ​ေျပာင္​း​ေစခ်င္​တ့ဲ အ​ေၾကာင္​း​ေတြ ​ေျပာခ်င္​တာပါ။ NLD ကလဲ To Change နဲ႔ အ​ေရြးခ်ယ္​ခံလာရတာ မဟုတ္​ပါလား။
.
* ​အိမ္​​ေစ်း​ေျမ​ေစ်း​ေတြ က်​ေစခ်င္​တယ္​။
*​ ေဒၚလာ​ေစ်း က်​ေစခ်င္​တယ္​။
* ရန္​ကုန္​ၿမိဳ႕ရဲ႕ ယာဥ္​ၾကပ္​မႈ အျမန္​​ေျဖ႐ွင္​း​ေစခ်င္​တယ္​။
* ရပ္​ကြက္​အဆင္​့ အုပ္​ခ်ဳပ္​​ေရးမႈးကို ထားဖို႔မလိုရင္​ ျဖဳတ္​​ေစခ်င္​တယ္​။ မထားလို႔မျဖစ္​ရင္​ ​ေရြးခ်ယ္​ခန္​႔သင္​့တယ္​။
* ဧည္​့စာရင္​းတိုင္​တာ ​ေဖ်ာက္​သင္​့တယ္​။
* ၿမိဳ႕ရြာ သန္​႔႐ွင္​း​ေရး လုပ္​သင္​့တယ္​။
* ​ေဆးကုဖို႔ ​ေငြကုန္​​ေနရတာ မျဖစ္​သင္​့ပါ။ က်န္​းမာ​ေရး အာမခံျဖစ္​ျဖစ္​ လုပ္​သင္​့တယ္​။
* ပညာ​ေရးလဲ စာတတ္​တ့ဲ ပညာ​ေရးျဖစ္​သင္​့တယ္​။ ခုက အလြတ္​က်က္​ပညာ​ေရးႀကီး။
* ​ခ်ဲတို႔ ​ေဘာလံုး​ေလာင္​းတာတို႔ကို လိုင္​စင္​နဲ႔ ခြင္​့ျပဳသင္​့တယ္​။
* မီးမပ်က္​သင္​့သလို မီးမရသူ​ေတြ ရ​ေအာင္​လုပ္​​ေပးပါ။
.
     အမ​ေလး၊ အမ်ားႀကီးပါလား။ ခ်က္​ခ်င္​း ခ်​ေရးတာ​ေတာင္​ အမ်ားႀကီးထြက္​လာတယ္​။ ဖတ္​မိသူ မိတ္​​ေဆြ တို႔လဲ ကိုယ္​ျဖစ္​​ေစခ်င္​တာ​ေတြ ​ေရးသြားၾကပါလား။ သက္​ဆိုင္​သူ​ေတြ ​ေတြ႔ရင္​လဲ စဥ္​းစား​ေပးလို႔ရတာ​ေပါ့​ဗ်ာ။

09 December 2015

အကြာဆုံးစစ်​ပွဲ မြန်​မာပြည် ​​

(Unicode version )

       ဆရာကြီးမြသန်​းတင်​့ ဘာသာပြန်​ဆို​သော "အကြာဆုံးစစ်​ပွဲ မြန်​မာပြည် [၁၉၄၁-၁၉၄၅]" စာအုပ်​​ကြီးကို ဖတ်​ခ့ဲပါသည်​။ မူရင်​းစာအုပ်​မှာ Louis Allen ​ရေးသည်​့ Burma : The Longest War [1941-1945] ဖြစ်​သည်​။ စာမျက်​နှာ ​ခြောက်​ရာ​ကျော်​၍ တန်​ဖိုး ၉၀၀၀ကျပ်​ဖြစ်​သည်​။ တိုးမြစ်​စာ​ပေမှ ၅နှစ်​ပြည်​့အထူးထုတ်​ဖြစ်​၍ 2015 ဇွန်​လတွင်​ ထုတ်​​ဝေပါသည်​။

.

     မူလပထမက ​ပေဖူးလွှာမဂ္ဂဇင်​းတွင်​ ၁၉၈၈ ဇန်​နဝါရီလမှစ၍ ၁၈လ​ဖော်​ပြခ့ဲပြီး အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ ရပ်​တန်​့ခ့ဲကာ ယခုမှ လုံးခြင်​းအဖြစ်​ ပြန်​ထုတ်​ခြင်​းဖြစ်​သည်​။ ဆရာကြီးမြသန်​းတင်​့ ကွယ်​လွန်​သွားချိန်​တွင်​ ပြီးဆုံး​အောင်​ပြန်​ဆိုသွားသည်​ကို မသိကြရဘဲ ယခုမှ ပြန်​လည်​ဖတ်​ရသည်​မှာ တန်​ဖိုးရှိလှပါသည်​။

.

     ဒုတိယကမ္ဘာစစ်​တွင်​ စစ်​​တောင်​းမြစ်​ကို ဂျပန်​တို့ဖြတ်​သည်​့အချိန်​မှ စာအုပ်​ကိုအစပြုသည်​။ ဂျပန်​တို့ မြန်​မာ အိန္ဒိယနယ်​စပ်​ အင်​ဖာ ကိုဟီးမားအထိ တိုက်​ခ့ဲကြပြီး စစ်​စရှုံး၍ ပြန်​ဆုတ်​လာရာ စစ်​​တောင်​းမြစ်​သို့ ပြန်​​ရောက်​ချိန်​တွင်​ စာအုပ်​ဆုံးပါသည်​။ ထိုသုံး ​လေးနှစ်​အတွင်​း စစ်​ကြီးတွင်​ ပါဝင်​ပတ်​သက်​ခ့ဲသူ နှစ်​ဖက်​လုံး၏ ကိုယ်​​ရေးမှတ်​တမ်​းများ၊ စစ်​သမိုင်​းစာအုပ်​များမှ စုစည်​းတင်​ပြခြင်​းဖြစ်​ရာ သမိုင်​း​လေ့လာသူများအတွက်​ လွန်​စွာအကျိုးရှိပါမည်​။ စစ်​ပွဲများအ​ကြောင်​းကို အ​သေးစိတ်​​ဖော်​ပြထားပြီး ကြည်​လင်​ပြတ်​သား​သော ဓာတ်​ပုံမှတ်​တမ်​းများလည်​း ပါရှိသည်​။

.

     ဆရာကြီးမြသန်​းတင်​့၏ ဘာသာပြန်​ဆိုမှုကို ချီးမွမ်​းခန်​းဖွင်​့​နေလျှင်​ ကျွန်​​တော်​​လောက်​ မိုက်​မဲသူ မရှိနိုင်​သဖြင်​့ မ​ပြော​တော့ပါ။ ဆရာကြီး၏ ဘာသာပြန်​စာအုပ်​​ပေါင်​းများစွာကို နှစ်​ခြိုက်​လွန်​းသဖြင်​့ အြက်ိမ်​ကြိမ်​လည်​း ပြန်​ဖတ်​​နေမိသည်​။ အထူးချီးကျူးသင်​့သူမှာ ထုတ်​​ဝေသူ တိုးမြစ်​စာအုပ်​တိုက်​ဖြစ်​သည်​။ ပြီးဆုံးမှုမရှိဟု ထင်​ခ့ဲ​သော စာအုပ်​ကို ရှာ​ဖွေတင်​ဆက်​နိုင်​ခ့ဲသည်​။ ​ငွေ​ကြေးအရ အရှုံးအမြတ်​ မ​သေချာသည်​့ ဂန္တဝင်​ဖြစ်​မည်​့စာအုပ်​ကို ထုတ်​ခ့ဲခြင်​းဖြစ်​သည်​။ အထူးချီးကျူးလိုသည်​မှာ စာမျက်​နှာ​ခြောက်​ရာ​ကျော်​ စာမျက်​နှာများတွင်​ စာလုံး​ပေါင်​းနှင်​့ printing error ဆယ်​ခုပင်​မပြည်​့ဟု ထင်​ပါသည်​။ မြန်​မာစာအုပ်​​လောကတွင်​ ရှားရှားပါးပါးပင်​။

.

     ကျွန်​​တော်​သည်​ ဘာသာပြန်​နှစ်​သက်​သူဖြစ်​ရာ ​ပေဖူးလွှာမဂ္ဂဇင်​းတွင်​ အခန်​းဆက်​​ဖော်​ပြစဉ်​က စိတ်​ဝင်​တစား ​စောင်​့ဖတ်​ခ့ဲရသည်​ကို မှတ်​မိ​နေသည်​။ စာအရမ်​းဖတ်​​နေသည်​့အချိန်​ဖြစ်​ရာ ​နောက်​လ ​နောက်​လကို ​မျှော်​၍ စိတ်​မရှည်​ဖြစ်​​နေတာ ​သေချာခ့ဲသည်​။ သို့​သော်​ ယခုတကြိမ်​ တစုတစည်​းထဲ ပြန်​ဖတ်​ရ​သောအခါ ထိုစဉ်​က​လောက်​ စိတ်​မဝင်​စားနိုင်​တာ သတိထားမိပါသည်​။ ဆရာမြသန်​းတင်​့ စာအ​ရေးအသား​ကြောင်​့​တော့ မဟုတ်​နိုင်ပါ​။ အခြားဘာသာပြန်​စာအုပ်​များကို ယ​နေ့တိုင်​ အကြိမ်​ကြိမ်​ဖတ်​​နေဆဲပါ။ ဘာ​ကြောင်​့ စိတ်​ဝင်​စားမှု့ ​လျော့သွားသလဲ မိမိကိုယ်​ကိုမိမိ ပြန်​​စော​ကြောမိ​သောအခါ ​အောက်​ပါအတိုင်​း ထင်​မြင်​မိသည်​။

.

     ၁။ ယခင်​ကလို လစဉ်​​စောင်​့၍ ဖတ်​ရခြင်​းမဟုတ်​ဘဲ တစုတစည်​းထဲ ဖတ်​လို့ရ​နေ၍ ဖြစ်​နိုင်​သည်​။

     ၂။ ၁၉၈၈မတိုင်​ခင်​က ဒုတိယကမ္ဘာစစ်​ကြီးသည်​ ကြားဖူးသည်​့အထဲ ကြီးမားသည်​့ဖြစ်​ရပ်​ ဖြစ်​ပြီး တခြားအဖြစ်​အပျက်​ကြီးများ မကြုံဘူး၍လည်​း ဖြစ်​နိုင်​သည်​။

     ၃။ လက်​ရှိအ​ခြေအ​နေနှင်​့ ​မြေပြင်​အ​နေအထား၊ infrastructure များ လွန်​စွာ ကွဲပြားသွား၍လည်​း ဖြစ်​နိုင်​သည်​။ ထို​ခေတ်​က မန္တ​လေးနှင်​့ မိတၳီလာ တရက်​နှင်​့ချီ၍ မ​ရောက်​နိုင်​ရာ ဖတ်​​နေစဉ်​ မိမိဖာသာမိမိ ၁၉၄၀​ကျော်က​ စစ်​ဖြစ်​​နေတာဟု စိတ်​သွင်​း​နေရပါသည်​။

     ၄။ ​နောက်​ဆုံး အချက်​မှာ ကျွန်​​တော်​သည်​` စစ်​´ ဆို​သော စကားလုံးကို ညီး​ငွေ့သွား​သော​ကြောင်​့ ဖြစ်​နိုင်​သည်​။ စစ်​ရုပ်​ရှင်​ စစ်​ကား မကြည်​့ဖြစ်​တာကြာပြီ။ စစ်​​နောက်​ခံဝတၳု မဖတ်​ဖြစ်​​တော့ပါ။ စိတ်​မဝင်​စားလို့လား​တော့ မသိပါ။ အ​တွေ့မများ​တော့ဟုလည်​း ထင်​မိသည်​။

.

     မည်​သို့ပင်​ဆို​စေ စာအုပ်​ ကိုယ်​ပိုင်​ဝယ်​၍ သိမ်​းသူများ ဝယ်​သိမ်​းထားသင်​့ပါသည်​။ မြန်​မာ့စစ်​သမိုင်​း၊ မြန်​မာပြည်​ ပါဝင်​ပတ်​သက်​ခ့ဲရ​သော ဒုတိယကမ္ဘာစစ်​ အ​ကြောင်​း စိတ်​ဝင်​စားသူများ ​လေ့လာလိုသူများလည်​း မလွဲမ​သွေဖတ်​သင်​့​သော စာအုပ်​ဖြစ်​ပါ​ကြောင်​း။ ။


XxXxXx

(Zawgyi version)

       ဆရာႀကီးျမသန္​းတင္​့ ဘာသာျပန္​ဆို​ေသာ "အၾကာဆံုးစစ္​ပြဲ ျမန္​မာျပည္ [၁၉၄၁-၁၉၄၅]" စာအုပ္​​ႀကီးကို ဖတ္​ခ့ဲပါသည္​။ မူရင္​းစာအုပ္​မွာ Louis Allen ​ေရးသည္​့ Burma : The Longest War [1941-1945] ျဖစ္​သည္​။ စာမ်က္​ႏွာ ​ေျခာက္​ရာ​ေက်ာ္​၍ တန္​ဖိုး ၉၀၀၀က်ပ္​ျဖစ္​သည္​။ တိုးျမစ္​စာ​ေပမွ ၅ႏွစ္​ျပည္​့အထူးထုတ္​ျဖစ္​၍ 2015 ဇြန္​လတြင္​ ထုတ္​​ေဝပါသည္​။
.
     မူလပထမက ​ေပဖူးလႊာမဂၢဇင္​းတြင္​ ၁၉၈၈ ဇန္​န၀ါရီလမွစ၍ ၁၈လ​ေဖာ္​ျပခ့ဲၿပီး အ​ေၾကာင္​းအမ်ိဳးမ်ိဳး​ေၾကာင္​့ ရပ္​တန္​႔ခ့ဲကာ ယခုမွ လံုးျခင္​းအျဖစ္​ ျပန္​ထုတ္​ျခင္​းျဖစ္​သည္​။ ဆရာႀကီးျမသန္​းတင္​့ ကြယ္​လြန္​သြားခ်ိန္​တြင္​ ၿပီးဆံုး​ေအာင္​ျပန္​ဆိုသြားသည္​ကို မသိၾကရဘဲ ယခုမွ ျပန္​လည္​ဖတ္​ရသည္​မွာ တန္​ဖိုး႐ွိလွပါသည္​။
.
     ဒုတိယကမာၻစစ္​တြင္​ စစ္​​ေတာင္​းျမစ္​ကို ဂ်ပန္​တို႔ျဖတ္​သည္​့အခ်ိန္​မွ စာအုပ္​ကိုအစျပဳသည္​။ ဂ်ပန္​တို႔ ျမန္​မာ အိႏၵိယနယ္​စပ္​ အင္​ဖာ ကိုဟီးမားအထိ တိုက္​ခ့ဲၾကၿပီး စစ္​စ႐ႈံး၍ ျပန္​ဆုတ္​လာရာ စစ္​​ေတာင္​းျမစ္​သို႔ ျပန္​​ေရာက္​ခ်ိန္​တြင္​ စာအုပ္​ဆံုးပါသည္​။ ထိုသံုး ​ေလးႏွစ္​အတြင္​း စစ္​ႀကီးတြင္​ ပါဝင္​ပတ္​သက္​ခ့ဲသူ ႏွစ္​ဖက္​လံုး၏ ကိုယ္​​ေရးမွတ္​တမ္​းမ်ား၊ စစ္​သမိုင္​းစာအုပ္​မ်ားမွ စုစည္​းတင္​ျပျခင္​းျဖစ္​ရာ သမိုင္​း​ေလ့လာသူမ်ားအတြက္​ လြန္​စြာအက်ိဳး႐ွိပါမည္​။ စစ္​ပြဲမ်ားအ​ေၾကာင္​းကို အ​ေသးစိတ္​​ေဖာ္​ျပထားၿပီး ၾကည္​လင္​ျပတ္​သား​ေသာ ဓာတ္​ပံုမွတ္​တမ္​းမ်ားလည္​း ပါ႐ွိသည္​။
.
     ဆရာႀကီးျမသန္​းတင္​့၏ ဘာသာျပန္​ဆိုမႈကို ခ်ီးမြမ္​းခန္​းဖြင္​့​ေနလွ်င္​ ကြၽန္​​ေတာ္​​ေလာက္​ မိုက္​မဲသူ မ႐ွိႏိုင္​သျဖင္​့ မ​ေျပာ​ေတာ့ပါ။ ဆရာႀကီး၏ ဘာသာျပန္​စာအုပ္​​ေပါင္​းမ်ားစြာကို ႏွစ္​ၿခိဳက္​လြန္​းသျဖင္​့ အၾက္ိမ္​ႀကိမ္​လည္​း ျပန္​ဖတ္​​ေနမိသည္​။ အထူးခ်ီးက်ဴးသင္​့သူမွာ ထုတ္​​ေဝသူ တိုးျမစ္​စာအုပ္​တိုက္​ျဖစ္​သည္​။ ၿပီးဆံုးမႈမ႐ွိဟု ထင္​ခ့ဲ​ေသာ စာအုပ္​ကို ႐ွာ​ေဖြတင္​ဆက္​ႏိုင္​ခ့ဲသည္​။ ​ေငြ​ေၾကးအရ အ႐ႈံးအျမတ္​ မ​ေသခ်ာသည္​့ ဂႏၲဝင္​ျဖစ္​မည္​့စာအုပ္​ကို ထုတ္​ခ့ဲျခင္​းျဖစ္​သည္​။ အထူးခ်ီးက်ဴးလိုသည္​မွာ စာမ်က္​ႏွာ​ေျခာက္​ရာ​ေက်ာ္​ စာမ်က္​ႏွာမ်ားတြင္​ စာလံုး​ေပါင္​းႏွင္​့ printing error ဆယ္​ခုပင္​မျပည္​့ဟု ထင္​ပါသည္​။ ျမန္​မာစာအုပ္​​ေလာကတြင္​ ႐ွား႐ွားပါးပါးပင္​။
.
     ကြၽန္​​ေတာ္​သည္​ ဘာသာျပန္​ႏွစ္​သက္​သူျဖစ္​ရာ ​ေပဖူးလႊာမဂၢဇင္​းတြင္​ အခန္​းဆက္​​ေဖာ္​ျပစဥ္​က စိတ္​ဝင္​တစား ​ေစာင္​့ဖတ္​ခ့ဲရသည္​ကို မွတ္​မိ​ေနသည္​။ စာအရမ္​းဖတ္​​ေနသည္​့အခ်ိန္​ျဖစ္​ရာ ​ေနာက္​လ ​ေနာက္​လကို ​ေမွ်ာ္​၍ စိတ္​မ႐ွည္​ျဖစ္​​ေနတာ ​ေသခ်ာခ့ဲသည္​။ သို႔​ေသာ္​ ယခုတႀကိမ္​ တစုတစည္​းထဲ ျပန္​ဖတ္​ရ​ေသာအခါ ထိုစဥ္​က​ေလာက္​ စိတ္​မဝင္​စားႏိုင္​တာ သတိထားမိပါသည္​။ ဆရာျမသန္​းတင္​့ စာအ​ေရးအသား​ေၾကာင္​့​ေတာ့ မဟုတ္​နိုင္ပါ​။ အျခားဘာသာျပန္​စာအုပ္​မ်ားကို ယ​ေန႔တိုင္​ အႀကိမ္​ႀကိမ္​ဖတ္​​ေနဆဲပါ။ ဘာ​ေၾကာင္​့ စိတ္​ဝင္​စားမႈ႔ ​ေလ်ာ့သြားသလဲ မိမိကိုယ္​ကိုမိမိ ျပန္​​ေစာ​ေၾကာမိ​ေသာအခါ ​ေအာက္​ပါအတိုင္​း ထင္​ျမင္​မိသည္​။
.
     ၁။ ယခင္​ကလို လစဥ္​​ေစာင္​့၍ ဖတ္​ရျခင္​းမဟုတ္​ဘဲ တစုတစည္​းထဲ ဖတ္​လို႔ရ​ေန၍ ျဖစ္​ႏိုင္​သည္​။
     ၂။ ၁၉၈၈မတိုင္​ခင္​က ဒုတိယကမာၻစစ္​ႀကီးသည္​ ၾကားဖူးသည္​့အထဲ ႀကီးမားသည္​့ျဖစ္​ရပ္​ ျဖစ္​ၿပီး တျခားအျဖစ္​အပ်က္​ႀကီးမ်ား မၾကံဳဘူး၍လည္​း ျဖစ္​ႏိုင္​သည္​။
     ၃။ လက္​႐ွိအ​ေျခအ​ေနႏွင္​့ ​ေျမျပင္​အ​ေနအထား၊ infrastructure မ်ား လြန္​စြာ ကြဲျပားသြား၍လည္​း ျဖစ္​ႏိုင္​သည္​။ ထို​ေခတ္​က မႏၲ​ေလးႏွင္​့ မိတၳီလာ တရက္​ႏွင္​့ခ်ီ၍ မ​ေရာက္​ႏိုင္​ရာ ဖတ္​​ေနစဥ္​ မိမိဖာသာမိမိ ၁၉၄၀​ေက်ာ္က​ စစ္​ျဖစ္​​ေနတာဟု စိတ္​သြင္​း​ေနရပါသည္​။
     ၄။ ​ေနာက္​ဆံုး အခ်က္​မွာ ကြၽန္​​ေတာ္​သည္​` စစ္​´ ဆို​ေသာ စကားလံုးကို ညီး​ေငြ႔သြား​ေသာ​ေၾကာင္​့ ျဖစ္​ႏိုင္​သည္​။ စစ္​႐ုပ္​႐ွင္​ စစ္​ကား မၾကည္​့ျဖစ္​တာၾကာၿပီ။ စစ္​​ေနာက္​ခံဝတၳဳ မဖတ္​ျဖစ္​​ေတာ့ပါ။ စိတ္​မဝင္​စားလို႔လား​ေတာ့ မသိပါ။ အ​ေတြ႔မမ်ား​ေတာ့ဟုလည္​း ထင္​မိသည္​။
.
     မည္​သို႔ပင္​ဆို​ေစ စာအုပ္​ ကိုယ္​ပိုင္​ဝယ္​၍ သိမ္​းသူမ်ား ဝယ္​သိမ္​းထားသင္​့ပါသည္​။ ျမန္​မာ့စစ္​သမိုင္​း၊ ျမန္​မာျပည္​ ပါဝင္​ပတ္​သက္​ခ့ဲရ​ေသာ ဒုတိယကမာၻစစ္​ အ​ေၾကာင္​း စိတ္​ဝင္​စားသူမ်ား ​ေလ့လာလိုသူမ်ားလည္​း မလဲြမ​ေသြဖတ္​သင္​့​ေသာ စာအုပ္​ျဖစ္​ပါ​ေၾကာင္​း။ ။

03 December 2015

Wishful thinking

(Unicode version)



  မ​နေ့က ​တွေ့ဆုံမှုတွင်​ သမတကြီးက ​ဒေါ်​အောင်​ဆန်​းစုကြည်​အား ၅၉(စ) ကို စိတ်​ပူစရာမလို​တော့​ကြောင်​း၊ ​ခြေဥလဲ ပြင်​စရာမလို​အောင်​ ​ဒေါ်စု၏သားနှစ်​ဦးကို ယခင်​က ရုပ်​သိမ်​းထားသည်​့ မြန်​မာနိုင်​ငံသားလက်​မှတ်​ ပြန်​ထုတ်​​ပေးမည်​ဖြစ်​​ကြောင်​း၊ အစိုးရအဖွဲ့အား အမြန်​ဆုံး​ဆောင်​ရွက်​ရန်​ အ​ကြောင်​းကြားထားပြီးဖြစ်​​ကြောင်​း အသိ​ပေးပါသည်​။

.

  ​ဒေါ်​အောင်​ဆန်​းစုကြည်​ နှင်​့ ကာချုပ်​​တွေ့ဆုံရာတွင်​ ​ဒေါ်စုမှ မိမိအား သမတဖြစ်​ရန်​ အခက်​အခဲဖြစ်​​နေသည်​့ ၅၉(စ) ကိစ္စ သမတနှင်​့ ​တွေ့သည်​့ပွဲတွင်​ အဆင်​​ပြေသွားပြီဖြစ်​​ကြောင်​း၊ သို့အတွက်​ မိမိသမတအဖြစ်​ ဦး​ဆောင်​မည်​့အစိုးရ အဖွဲ့တွင်​ ​ဗခမကအ​နေဖြင်​့ တပ်​မ​တော်​မှ တင်​သွင်​းမည်​့ ဒုသမတအဖြစ်​ ပါဝင်​​စေလို​ကြောင်​း ကမ်​းလှမ်​းရာ ​ဗခမကမှ မိမိ​မျှော်​လင်​့ထားသည်​့အတိုင်​းဖြစ်​၍ ဝမ်​း​မြောက်​ဝမ်​းသာ လက်​ခံ​ကြောင်​း ပြန်​​ပြောပါသည်​။

.

​ဒေါ်စုသားနှစ်​ဦးအတွက်​ နိုင်​ငံသားလက်​မှတ်​ ထုတ်​​ပေးသည်​့​နေ့သည်​ ဆရာ`ခ´ကြီး ​ပြောခ့ဲသည်​့​နေ့ဖြစ်​လျှင်​ မအ့ံသြကြ​စေလိုပါ​ကြောင်​း။


XxXxXx

(Zawgyi version )

 
မ​ေန႔က ​ေတြ႔ဆံုမႈတြင္​ သမတႀကီးက ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​အား ၅၉(စ) ကို စိတ္​ပူစရာမလို​ေတာ့​ေၾကာင္​း၊ ​ေျခဥလဲ ျပင္​စရာမလို​ေအာင္​ ​ေဒၚစု၏သားႏွစ္​ဦးကို ယခင္​က ႐ုပ္​သိမ္​းထားသည္​့ ျမန္​မာႏိုင္​ငံသားလက္​မွတ္​ ျပန္​ထုတ္​​ေပးမည္​ျဖစ္​​ေၾကာင္​း၊ အစိုးရအဖြဲ႔အား အျမန္​ဆံုး​ေဆာင္​ရြက္​ရန္​ အ​ေၾကာင္​းၾကားထားၿပီးျဖစ္​​ေၾကာင္​း အသိ​ေပးပါသည္​။
.
  ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ ႏွင္​့ ကာခ်ဳပ္​​ေတြ႔ဆံုရာတြင္​ ​ေဒၚစုမွ မိမိအား သမတျဖစ္​ရန္​ အခက္​အခဲျဖစ္​​ေနသည္​့ ၅၉(စ) ကိစၥ သမတႏွင္​့ ​ေတြ႔သည္​့ပြဲတြင္​ အဆင္​​ေျပသြားၿပီျဖစ္​​ေၾကာင္​း၊ သို႔အတြက္​ မိမိသမတအျဖစ္​ ဦး​ေဆာင္​မည္​့အစိုးရ အဖြဲ႔တြင္​ ​ဗခမကအ​ေနျဖင္​့ တပ္​မ​ေတာ္​မွ တင္​သြင္​းမည္​့ ဒုသမတအျဖစ္​ ပါဝင္​​ေစလို​ေၾကာင္​း ကမ္​းလွမ္​းရာ ​ဗခမကမွ မိမိ​ေမွ်ာ္​လင္​့ထားသည္​့အတိုင္​းျဖစ္​၍ ဝမ္​း​ေျမာက္​ဝမ္​းသာ လက္​ခံ​ေၾကာင္​း ျပန္​​ေျပာပါသည္​။
.
​ေဒၚစုသားႏွစ္​ဦးအတြက္​ ႏိုင္​ငံသားလက္​မွတ္​ ထုတ္​​ေပးသည္​့​ေန႔သည္​ ဆရာ`ခ´ႀကီး ​ေျပာခ့ဲသည္​့​ေန႔ျဖစ္​လ်ွင္​ မအ့ံၾသၾက​ေစလိုပါ​ေၾကာင္​း။

24 November 2015

မယုံကြည်​မှု သံသယ

(Unicode version )

     မယုံကြည်​မှု သံသယသည်​ လူကို ဒုက္ခ​ပေးပါသည်​။ စိတ်​​ကြောင်​့ဖြစ်​​သော သံသယများသည်​ ခန္ဓာကိုယ်​ကိုပါ ထိခိုက်​လာ​စေပါသည်​။ သံသရာမှ မလွတ်​​မြောက်​နိုင်​​သေးသူ လူသားများသည်​ သံသယများ ကင်​းနိုင်​ကြဦးမှာ မဟုတ်​ပါ။ သို့​သော်​ ရှိသင်​့သည်​့သံသယထက်​ ပိုမို​နေလျှင်​ စိတ်​​ရောဂါတမျိုးပင်​ ဖြစ်​လာနိုင်​သည်​။ အထူးသဖြင်​့ မြန်​မာနိုင်​ငံသားများသည်​ မလိုအပ်​ မဖြစ်​သင်​့သည်​့ သံသယများကို ခံစား​နေရသည်​ဟု ထင်​မိပါသည်​။

.

     လွန်​ခ့ဲ​သောတနှစ်​ခန်​့မှစ၍ အစိုးရနှင်​့ ​ရွေး​ကော်​တို့မှ ​ရွေး​ကောက်​ပွဲ လုပ်​​ပေးပါ့မလားဟု သံသယဖြစ်​​နေကြရသည်​။ ခု​တော့ ​အောင်​မြင်​စွာ ပြီးသွားပါပြီ။

     မတ်​လကုန်​မှစ၍ မဲစာရင်​း​ကြေငြာသည်​။ အလွဲလွဲ အမှားမှားဖြင်​့။ ပြည်​သူတို့၏ သံသယများကြီးထွားလာကြသည်​။ မဲ​ပေးခွင်​့ ​လျော့နည်​း​အောင်​ လုပ်​တာလား။ တချို့မဲမ​ပေးရ​သော်​လည်​း အများစု ​ပေးခ့ဲရပါသည်​။

     မဲ​ပေးရာတွင်​ အရင်​အကြိမ်​ကြိမ်​ကလို ​ဖောင်​တိန်​ ​ဘောပင်​တို့ဖြင်​့ အမှန်​ခြစ်​ အမှားခြစ်​တို့ဖြင်​့ ​ပေးရမည်​မဟုတ်​ဘဲ တံဆိပ်​တုံးထု၍ ​ပေးရမည်​ဟု​ကြေငြာရာ သံသယဖြစ်​ကြရပြန်​သည်​။ စာပင်​ ​ဖြောင်​့​အောင်​မတတ်​သည်​့ လူအများ၏ ပယ်​မဲကို ရည်​ရွယ်​တာလားဟု။ မဲဆန္ဒတုံးထုနည်​းပင်​ ​ပေါ်လာရသည်​။ ခု​တော့လဲ လွယ်​လွယ်​ကူကူပင်​ မဲ​ပေးခ့ဲကြပါပြီ။

     အ​ရွေးခံအမတ်​များ ​ကြေငြာ​တော့လဲ အချိန်​များဆွဲ​နေသလား ထင်​ကြပြန်​သည်​။ ​ဝေးလံသည်​့​ဒေသမှ ပုံစံ ၁၆ ၁၉ ​တွေ မစုံ​သေးလို့ပါ ရှင်​းပြ​တော့ ဘယ်​သူမှ မယုံ။ ခု​တော့လဲ ပြီးဆုံးခ့ဲပါပြီ။

     သို့​သော်​ သံသယများကား မဆုံးနိုင်​​သေး။ ကန်​့ကွက်​မှုများ လုပ်​၍ အ​ရွေးချယ်​ခံများကို ဖြုတ်​ဦးမှာလား။ အစိုးရအာဏာ တကယ်​လွှဲပါ့မလား။ စစ်​ပွဲများ ဖန်​တီး​နေပြီ၊ အာဏာမလွှဲချင်​၍ လုပ်​​နေတာလား။ အစိုးရအသစ်​ကို လွှဲ​ပေးဖို့ (​ခြေဥအတိုင်​းလုပ်​​သော်​လည်​း) ​လေးငါးလ​တောင်​ ကြာရလား။ စသည်​ဖြင်​့ `လား​´ပေါင်​းများစွာ သံသယရှိ​နေကြပါသည်​။

.

     သံသယ ရှိ​နေသူ ပြည်​သူများကို အပြစ်​​ပြောချင်​တာ မဟုတ်​ပါ။ လူဘဲကွာ၊ မ​​သေသ၍ သံသယရှိ​နေမှာဘဲလို့ ပြန်​​ပြောလိုသူများကို အပြစ်​​ပြောလိုတာ မဟုတ်​ပါ။ လူသားသည်​ သံသယဖြစ်​မှာ အမှန်​ပါ။ သို့​သော်​ အထက်​ပါ သံသယများသည်​ ဖြစ်​လာစရာအ​ကြောင်​း မရှိရမည်​့ သံသယများဖြစ်​သည်​။ အခြားနိုင်​ငံများတွင်​ ​ရွေး​ကောက်​ပွဲအချိန်​​ရောက်​လျှင်​ ကိုယ်​နှစ်​သက်​သူကို မဲ​ပေးမည်​၊ ပြီးပြီ။ ဘာသံသယမှ ထားစရာ မလို​တော့။ ကျန်​တာ ​ကော်​မရှင်​နှင်​့ အစိုးရ ဆက်​လုပ်​သွားရုံသာ။

.

     မြန်​မာပြည်​မှာ​တော့ မတ်​လ​နောက်​ဆုံး​နေ့ အစိုးရအာဏာ လွှဲ​ပေးပြီးပါမှ ဟင်​းချနိုင်​​တော့မည်​။ ဤသို့ အစိုးရကို မယုံကြည်​၍ သံသယဖြစ်​ရခြင်​းမျိုး ၂၀၂၀တွင်​ မကြုံ​လို​တော့ပါ။ သာမန်​လူသားများ ဖြစ်​​ပေါ်တတ်​သည်​့ သံသယမျိုး၊ မထိန်​းနိုင်​လျှင်​ ဖြစ်​​ပေါ်​လေ့ရှိသည်​့ သံသယမျိုးသာ ကြုံလိုပါ​ကြောင်​း ဆု​တောင်​းအပ်​ပါသည်​ခင်​​ဗျား။ ။

XxXxXx

(Zawgyi version )

    မယံုၾကည္​မႈ သံသယသည္​ လူကို ဒုကၡ​ေပးပါသည္​။ စိတ္​​ေၾကာင္​့ျဖစ္​​ေသာ သံသယမ်ားသည္​ ခႏၶာကိုယ္​ကိုပါ ထိခိုက္​လာ​ေစပါသည္​။ သံသရာမွ မလြတ္​​ေျမာက္​ႏိုင္​​ေသးသူ လူသားမ်ားသည္​ သံသယမ်ား ကင္​းႏိုင္​ၾကဦးမွာ မဟုတ္​ပါ။ သို႔​ေသာ္​ ႐ွိသင္​့သည္​့သံသယထက္​ ပိုမို​ေနလွ်င္​ စိတ္​​ေရာဂါတမ်ိဳးပင္​ ျဖစ္​လာႏိုင္​သည္​။ အထူးသျဖင္​့ ျမန္​မာႏိုင္​ငံသားမ်ားသည္​ မလိုအပ္​ မျဖစ္​သင္​့သည္​့ သံသယမ်ားကို ခံစား​ေနရသည္​ဟု ထင္​မိပါသည္​။
.
     လြန္​ခ့ဲ​ေသာတႏွစ္​ခန္​႔မွစ၍ အစိုးရႏွင္​့ ​ေရြး​ေကာ္​တို႔မွ ​ေရြး​ေကာက္​ပြဲ လုပ္​​ေပးပါ့မလားဟု သံသယျဖစ္​​ေနၾကရသည္​။ ခု​ေတာ့ ​ေအာင္​ျမင္​စြာ ၿပီးသြားပါၿပီ။
     မတ္​လကုန္​မွစ၍ မဲစာရင္​း​ေၾကျငာသည္​။ အလြဲလြဲ အမွားမွားျဖင္​့။ ျပည္​သူတို႔၏ သံသယမ်ားႀကီးထြားလာၾကသည္​။ မဲ​ေပးခြင္​့ ​ေလ်ာ့နည္​း​ေအာင္​ လုပ္​တာလား။ တခ်ိဳ႕မဲမ​ေပးရ​ေသာ္​လည္​း အမ်ားစု ​ေပးခ့ဲရပါသည္​။
     မဲ​ေပးရာတြင္​ အရင္​အႀကိမ္​ႀကိမ္​ကလို ​ေဖာင္​တိန္​ ​ေဘာပင္​တို႔ျဖင္​့ အမွန္​ျခစ္​ အမွားျခစ္​တို႔ျဖင္​့ ​ေပးရမည္​မဟုတ္​ဘဲ တံဆိပ္​တံုးထု၍ ​ေပးရမည္​ဟု​ေၾကျငာရာ သံသယျဖစ္​ၾကရျပန္​သည္​။ စာပင္​ ​ေျဖာင္​့​ေအာင္​မတတ္​သည္​့ လူအမ်ား၏ ပယ္​မဲကို ရည္​ရြယ္​တာလားဟု။ မဲဆႏၵတံုးထုနည္​းပင္​ ​ေပၚလာရသည္​။ ခု​ေတာ့လဲ လြယ္​လြယ္​ကူကူပင္​ မဲ​ေပးခ့ဲၾကပါၿပီ။
     အ​ေရြးခံအမတ္​မ်ား ​ေၾကျငာ​ေတာ့လဲ အခ်ိန္​မ်ားဆြဲ​ေနသလား ထင္​ၾကျပန္​သည္​။ ​ေဝးလံသည္​့​ေဒသမွ ပံုစံ ၁၆ ၁၉ ​ေတြ မစံု​ေသးလို႔ပါ ႐ွင္​းျပ​ေတာ့ ဘယ္​သူမွ မယံု။ ခု​ေတာ့လဲ ၿပီးဆံုးခ့ဲပါၿပီ။
     သို႔​ေသာ္​ သံသယမ်ားကား မဆံုးႏိုင္​​ေသး။ ကန္​႔ကြက္​မႈမ်ား လုပ္​၍ အ​ေရြးခ်ယ္​ခံမ်ားကို ျဖဳတ္​ဦးမွာလား။ အစိုးရအာဏာ တကယ္​လႊဲပါ့မလား။ စစ္​ပြဲမ်ား ဖန္​တီး​ေနၿပီ၊ အာဏာမလႊဲခ်င္​၍ လုပ္​​ေနတာလား။ အစိုးရအသစ္​ကို လႊဲ​ေပးဖို႔ (​ေျခဥအတိုင္​းလုပ္​​ေသာ္​လည္​း) ​ေလးငါးလ​ေတာင္​ ၾကာရလား။ စသည္​ျဖင္​့ `လား​´ေပါင္​းမ်ားစြာ သံသယ႐ွိ​ေနၾကပါသည္​။
.
     သံသယ ႐ွိ​ေနသူ ျပည္​သူမ်ားကို အျပစ္​​ေျပာခ်င္​တာ မဟုတ္​ပါ။ လူဘဲကြာ၊ မ​​ေသသ၍ သံသယ႐ွိ​ေနမွာဘဲလို႔ ျပန္​​ေျပာလိုသူမ်ားကို အျပစ္​​ေျပာလိုတာ မဟုတ္​ပါ။ လူသားသည္​ သံသယျဖစ္​မွာ အမွန္​ပါ။ သို႔​ေသာ္​ အထက္​ပါ သံသယမ်ားသည္​ ျဖစ္​လာစရာအ​ေၾကာင္​း မ႐ွိရမည္​့ သံသယမ်ားျဖစ္​သည္​။ အျခားႏိုင္​ငံမ်ားတြင္​ ​ေရြး​ေကာက္​ပြဲအခ်ိန္​​ေရာက္​လွ်င္​ ကိုယ္​ႏွစ္​သက္​သူကို မဲ​ေပးမည္​၊ ၿပီးၿပီ။ ဘာသံသယမွ ထားစရာ မလို​ေတာ့။ က်န္​တာ ​ေကာ္​မ႐ွင္​ႏွင္​့ အစိုးရ ဆက္​လုပ္​သြားရံုသာ။
.
     ျမန္​မာျပည္​မွာ​ေတာ့ မတ္​လ​ေနာက္​ဆံုး​ေန႔ အစိုးရအာဏာ လႊဲ​ေပးၿပီးပါမွ ဟင္​းခ်ႏိုင္​​ေတာ့မည္​။ ဤသို႔ အစိုးရကို မယံုၾကည္​၍ သံသယျဖစ္​ရျခင္​းမ်ိဳး ၂၀၂၀တြင္​ မၾကံဳ​လို​ေတာ့ပါ။ သာမန္​လူသားမ်ား ျဖစ္​​ေပၚတတ္​သည္​့ သံသယမ်ိဳး၊ မထိန္​းႏိုင္​လွ်င္​ ျဖစ္​​ေပၚ​ေလ့႐ွိသည္​့ သံသယမ်ိဳးသာ ၾကံဳလိုပါ​ေၾကာင္​း ဆု​ေတာင္​းအပ္​ပါသည္​ခင္​​ဗ်ား။ ။

22 November 2015

Cessna Grand Caravan










Brand new Cessna aircrafts arrived for Myanmar National Airlines.

Photo:MNA Fb page.

18 November 2015

ခင်​ဝမ်​း (သို့မဟုတ်​)

  ၁။ အကြမ်​းမျဉ်​းအားဖြင်​့ ခင်​ဝမ်​း သုံးမျိုးရှိပါသည်​။

     ၎င်းတို့မှာ (က) သာမန်​လူသား ခင်​ဝမ်​း၊

                   (ခ) ပန်​းချီ​ဆွဲ​သော ခင်​ဝမ်​း၊

                   (ဂ) သီချင်​းဆို​သော ခင်​ဝမ်​း ဟူ၍ဖြစ်​သည်​။



၂။ ပထမအမျိုးအစား ခင်​ဝမ်​းကို သူ၏မိသားစု ​ဆွေမျိုး သူငယ်​ချင်​းများက နှစ်​သက်​ကြပါလိမ်​့မည်​။



၃။ ဒုတိယအမျိုးအစား ခင်​ဝမ်​းကို သူနဲ့ နီးကပ်စွာ ​ခင်​မင်​ရင်​းနှီးသူ ၊ သူ့အ​ကြောင်​း​ရေးသူ လူအများစုက ကြိုက်​ကြတာ ​တွေ့ရပါသည်​။ ခင်​ဝမ်​း (သို့မဟုတ်​) စိတ္တဇပန်​းချီ။



၄။ ကျွန်​​တော်​ ရူးသွပ်​ ခ​ရေဇီဖြစ်​​သော ခင်​ဝမ်​းကား တတိယအမျိုးအစား ခင်​ဝမ်​းသာ ဖြစ်​ပါ​ကြောင်​း သိ​စေအပ်​ပါသည်​။



၅။ ခင်​ဝမ်​း ( သို့မဟုတ်​) နှင်​းဆီဖြူရဲ့အ​ဝေးကလူတ​ယောက်​။ 

16 November 2015

မဲပြတ်​ရခြင်​း အ​ကြောင်​းအချို့ ၂

(Unicode version)

       ပြီးခ့ဲတ့ဲ အပတ်​က​ရေးခ့ဲတ့ဲ မဲပြတ်​ရခြင်​း အ​ကြောင်​းအချို့ထဲမှာ ကျွန်​​တော်​့ညံ့ဖျင်​းမှု​ကြောင်​့ ဆိုက်​ကားဆရာ​တွေ မပါခ့ဲပါဘူး။ သူတို့သည်​လဲ အ​ရေးပါတ့ဲ​နေရာက ပါခ့ဲပါတယ်​။ ​ဒေါ်စုကိုယ်​တိုင်​က​တောင်​ အသိအမှတ်​ပြု စကားဆိုခ့ဲရပါတယ်​။

   ​နောက်​တဖွဲ့က နာမည်​​ကျော်​ မဘသ အဖွဲ့ကြီးပါ။ သူတို့အစပြုတ့ဲ တလင်​တမယားဥပ​ဒေ​ကြောင်​့ သူတို့ရည်​ရွယ်​တ့ဲ ဘာသာခြား​တွေရဲ့မဲ မရတ့ဲအပြင်​ ​ဗုဒ္ဓဘာသာဝင်​​တွေရဲ့ မဲ​တွေပါဆုံးခ့ဲပါတယ်​။ ခုချိန်​ထိ အဲဒီဥပ​ဒေ​ကြောင်​့ တရားစွဲခံရတာ ​​ဗုဒ္ဓဘာသာဝင်​​တွေချည်​းပါဘဲ။

   ​နောက်​ ပြည်​သူ​တွေရဲ့ စိတ်​ထဲမှာ မသိမသာနဲ့ အမြစ်​တွယ်​​နေတ့ဲ မ​ကြေနပ်​ချက်​တခု​ကြောင်​့လဲ ပါပါတယ်​။ ဒါက​တော့ တိုင်​းပြည်​လွတ်​လပ်​​ရေးဖခင်​ ​ဗိုလ်​ချုပ်​​အောင်​ဆန်​းကို လူမြင်​ကွင်​းမှ ဖယ်​ထုတ်​လိုက်​တာကိုပါ။

   ၁၉၈၈​နောက်​ပိုင်​း နဝတ​ခေတ်​မှာ ​ဒေါ်စုကို မနိုင်​တာနဲ့ သူ့ရဲ့ဖခင်​ ​ဗိုလ်​ချုပ်​ကို ပိုက်​ဆံ ၊ သတင်​းစာ၊ ဂျာနယ်​​တွေက​နေ ဖယ်​ထုတ်​ခ့ဲပါတယ်​။ ​ကျောင်​းသင်​ခန်​းစာများမှ ဖယ်​ထုတ်​ခ့ဲပါတယ်​။ နာစရာအ​ကောင်​းဆုံးက ​ဗိုလ်​ချုပ်​ပါတ့ဲ အာဇာနည်​​နေ ့ ကိုပါ ​သေးသိမ်​​မှေးမိန်​​အောင်​ လုပ်​ခ့ဲတာပါ။ ​ဗိုလ်​ချုပ်​ပုံ အိမ်​မှာထားလို့ အဖမ်​းခံရသူ​တွေ​တောင်​ ရှိခ့ဲပါတယ်​။

   ဒီအချက်​ဟာ စစ်​​ဗိုလ်​ချုပ်​​တွေရဲ့ အမှားများစွာထဲက အ​ရေးကြီးတ့ဲ အမှားပါဘဲ။ ဦးသိန်​းစိန်​ သမတဖြစ်​​တော့ ​နေရာပြန်​​ပေးလာ​ပေမ့ဲ ပိုက်​ဆံ​တွေ​ပေါ်မှာ တိရိစာၧန်​​တွေအစား ပြန်​သုံးဖို့ကို​တော့ အစိုးရ​ရော လွှတ်​​တော်​ကပါ ပယ်​ချခ့ဲပါတယ်​။

   တကယ်​က ​ဗိုလ်​ချုပ်​​အောင်​ဆန်​းသည်​ တပ်​မ​တော်​ရဲ့ ဖခင်​လဲ ဖြစ်​ပါတယ်​။ သမီးကို မ​ကြေနပ်​တာနဲ့ တပ်​မ​တော်​ရဲ့ဖခင်​ကို စာရင်​း​ဖျောက်​တာ တပ်​မ​တော်​အကြီးအကဲ​တွေဘဲ ဖြစ်​​နေတာ အင်​မတန်​ ​သေးသိမ်​ရာ​ရောက်​ပါတယ်​။ အဲဒီ နဝတ​ခေတ်​​ခေါင်​း​ဆောင်​ ​ဗိုလ်​​စော​မောင်​နဲ့ ​ဗိုလ်​တင်​ဦးက​တော့ မရှိ​တော့ပါဘူး။ ဒါ​ပေမ့ဲ ပိုမိုပါဝါရှိတ့ဲ ​ဗိုလ်​ခင်​ညွန်​့နဲ့ ​ဗိုလ်​သန်​း​ရွှေရှိပါ​သေးတယ်​။ သူတို့အထဲက ဘယ်​သူ့အိုင်​ဒီယာဆိုတာ ​ဖော်​ထုတ်​​ပေးရင်​ သမိုင်​းမှတ်​တမ်​း ဖြစ်​လာမှာပါ။ လက်​ရှိကြံ့ဖွံ့ဆရာကြီး​တွေက ဦး​ဆောင်​ပြီး​တော့​တောင်​ ​ဖော်​ထုတ်​သင်​့တယ်​ ထင်​ပါတယ်​။ ဘာလို့လဲဆို သူတို့မဲရးှုံ​အောင်​ လုပ်​ခ့ဲတ့ဲ အချက်​တချက်​ဖြစ်​​နေလို့ပါဘဲ။

XxXxXx

(Zawgyi version )

       ၿပီးခ့ဲတ့ဲ အပတ္​က​ေရးခ့ဲတ့ဲ မဲျပတ္​ရျခင္​း အ​ေၾကာင္​းအခ်ိဳ႕ထဲမွာ ကြၽန္​​ေတာ္​့ညံ့ဖ်င္​းမႈ​ေၾကာင္​့ ဆိုက္​ကားဆရာ​ေတြ မပါခ့ဲပါဘူး။ သူတို႔သည္​လဲ အ​ေရးပါတ့ဲ​ေနရာက ပါခ့ဲပါတယ္​။ ​ေဒၚစုကိုယ္​တိုင္​က​ေတာင္​ အသိအမွတ္​ျပဳ စကားဆိုခ့ဲရပါတယ္​။
   ​ေနာက္​တဖြဲ႔က နာမည္​​ေက်ာ္​ မဘသ အဖြဲ႔ႀကီးပါ။ သူတို႔အစျပဳတ့ဲ တလင္​တမယားဥပ​ေဒ​ေၾကာင္​့ သူတို႔ရည္​ရြယ္​တ့ဲ ဘာသာျခား​ေတြရဲ႕မဲ မရတ့ဲအျပင္​ ​ဗုဒၶဘာသာဝင္​​ေတြရဲ႕ မဲ​ေတြပါဆံုးခ့ဲပါတယ္​။ ခုခ်ိန္​ထိ အဲဒီဥပ​ေဒ​ေၾကာင္​့ တရားစြဲခံရတာ ​​ဗုဒၶဘာသာဝင္​​ေတြခ်ည္​းပါဘဲ။
   ​ေနာက္​ ျပည္​သူ​ေတြရဲ႕ စိတ္​ထဲမွာ မသိမသာနဲ႔ အျမစ္​တြယ္​​ေနတ့ဲ မ​ေၾကနပ္​ခ်က္​တခု​ေၾကာင္​့လဲ ပါပါတယ္​။ ဒါက​ေတာ့ တိုင္​းျပည္​လြတ္​လပ္​​ေရးဖခင္​ ​ဗိုလ္​ခ်ဳပ္​​ေအာင္​ဆန္​းကို လူျမင္​ကြင္​းမွ ဖယ္​ထုတ္​လိုက္​တာကိုပါ။
   ၁၉၈၈​ေနာက္​ပိုင္​း နဝတ​ေခတ္​မွာ ​ေဒၚစုကို မႏိုင္​တာနဲ႔ သူ႔ရဲ႕ဖခင္​ ​ဗိုလ္​ခ်ဳပ္​ကို ပိုက္​ဆံ ၊ သတင္​းစာ၊ ဂ်ာနယ္​​ေတြက​ေန ဖယ္​ထုတ္​ခ့ဲပါတယ္​။ ​ေက်ာင္​းသင္​ခန္​းစာမ်ားမွ ဖယ္​ထုတ္​ခ့ဲပါတယ္​။ နာစရာအ​ေကာင္​းဆံုးက ​ဗိုလ္​ခ်ဳပ္​ပါတ့ဲ အာဇာနည္​​ေန ့ ကိုပါ ​ေသးသိမ္​​ေမွးမိန္​​ေအာင္​ လုပ္​ခ့ဲတာပါ။ ​ဗိုလ္​ခ်ဳပ္​ပံု အိမ္​မွာထားလို႔ အဖမ္​းခံရသူ​ေတြ​ေတာင္​ ႐ွိခ့ဲပါတယ္​။
   ဒီအခ်က္​ဟာ စစ္​​ဗိုလ္​ခ်ဳပ္​​ေတြရဲ႕ အမွားမ်ားစြာထဲက အ​ေရးႀကီးတ့ဲ အမွားပါဘဲ။ ဦးသိန္​းစိန္​ သမတျဖစ္​​ေတာ့ ​ေနရာျပန္​​ေပးလာ​ေပမ့ဲ ပိုက္​ဆံ​ေတြ​ေပၚမွာ တိရိစာၧန္​​ေတြအစား ျပန္​သံုးဖို႔ကို​ေတာ့ အစိုးရ​ေရာ လႊတ္​​ေတာ္​ကပါ ပယ္​ခ်ခ့ဲပါတယ္​။
   တကယ္​က ​ဗိုလ္​ခ်ဳပ္​​ေအာင္​ဆန္​းသည္​ တပ္​မ​ေတာ္​ရဲ႕ ဖခင္​လဲ ျဖစ္​ပါတယ္​။ သမီးကို မ​ေၾကနပ္​တာနဲ႔ တပ္​မ​ေတာ္​ရဲ႕ဖခင္​ကို စာရင္​း​ေဖ်ာက္​တာ တပ္​မ​ေတာ္​အႀကီးအကဲ​ေတြဘဲ ျဖစ္​​ေနတာ အင္​မတန္​ ​ေသးသိမ္​ရာ​ေရာက္​ပါတယ္​။ အဲဒီ နဝတ​ေခတ္​​ေခါင္​း​ေဆာင္​ ​ဗိုလ္​​ေစာ​ေမာင္​နဲ႔ ​ဗိုလ္​တင္​ဦးက​ေတာ့ မ႐ွိ​ေတာ့ပါဘူး။ ဒါ​ေပမ့ဲ ပိုမိုပါဝါ႐ွိတ့ဲ ​ဗိုလ္​ခင္​ၫြန္​႔နဲ႔ ​ဗိုလ္​သန္​း​ေရႊ႐ွိပါ​ေသးတယ္​။ သူတို႔အထဲက ဘယ္​သူ႔အိုင္​ဒီယာဆိုတာ ​ေဖာ္​ထုတ္​​ေပးရင္​ သမိုင္​းမွတ္​တမ္​း ျဖစ္​လာမွာပါ။ လက္​႐ွိၾကံ့ဖြံ႔ဆရာႀကီး​ေတြက ဦး​ေဆာင္​ၿပီး​ေတာ့​ေတာင္​ ​ေဖာ္​ထုတ္​သင္​့တယ္​ ထင္​ပါတယ္​။ ဘာလို႔လဲဆို သူတို႔မဲ႐းႈံ​ေအာင္​ လုပ္​ခ့ဲတ့ဲ အခ်က္​တခ်က္​ျဖစ္​​ေနလို႔ပါဘဲ။ 

11 November 2015

မဲပြတ်​ရခြင်း အ​ကြောင်း အချို့

 (Unicode version)

       ယ​နေ့အထိ သိရတ့ဲ ရလာဒ်​များအရ NLD အစိုးရဖွဲ့ခွင်​့ရ​လောက်​​အောင်​ မဲအ​ရေအတွက်​ ​သေချာသွားပါပြီ။ ​တောင်​ပြိုကမ်​းပြိုသာမက ပင်​လယ်​ပါပြိုလို့ ​ပြောရ​အောင်​ ပြတ်​ခ့ဲပါတယ်​။ လွယ်​လွယ်​နဲ့ ရခ့ဲတာမဟုတ်​ပါဘူး။ ​ပေးဆပ်​မှု​တွေ အများကြီး​ပေးခ့ဲရတာပါ။ နှစ်​နှစ်​ဆယ်​​ကျော်​ အပြင်​းအထန်​ ဖိနှိပ်​ထားတ့ဲကြားက ဘာ​ကြောင်​့ ဒီ​လောက်​အပြတ်​အသတ်​နိုင်​ရလဲ စဉ်​းစားမိတာ​လေး​တွေ ​ရေးကြည်​့မိပါတယ်​။ ဟိုးအရင်​က ကိစ္စ​တွေထားလို့ လတ်​တ​လော​လေးဘဲ ကြည်​့ရ​အောင်​။ အ​ကြောင်​း​တွေက​တော့ အများကြီး​ပေါ့။

.

      အဓိကက​တော့ ​ဒေါ်​အောင်​ဆန်​းစုကြည်​ပါဘဲ။ သူ့ရဲ့ ထူးခြားတ့ဲ အရည်​အ​သွေး​တွေ​ကြောင်​့ဆိုတာ ဘယ်​သူမှ မညင်​းနိုင်​ပါဘူး။ တခြားအချက်​က​လေး​တွေ စဉ်​းစားကြည်​့​တော့

*​မြေသိမ်​းယာသိမ်​းခံ လယ်​သမား​တွေ၊ လုပ်​ခအနှိမ်​ခံ အလုပ်​သမား​တွေ၊ ပညာ​ရေးအတွက်​ ဆန္ဒပြလို့ ယ​နေ့တိုင်​အဖမ်​းခံ​နေရတ့ဲ ​ကျောင်​းသား​တွေအ​ပေါ် ကိုယ်​ချင်​းစာစိတ်​​တွေ ပါပါတယ်​။

*၁၉၆၂က စလို့ စစ်​​ဗိုလ်​အဆက်​ဆက်​အုပ်​ချုပ်​လိုက်​တာ ကမ္ဘာ့အဆင်​းရဲဆုံးဖြစ်​သွားတာ မခံချင်​စိတ်​​တွေ ပါပါတယ်​။

*​လော​လောလတ်​လတ်​ဆိုရင်​ စင်​ကာပူမှာ ညအိပ်​တန်​းစီပြီး မဲ​ပေးတာ မြင်​ကြရလို့လဲ နိုးကြားလာတာ ပါပါတယ်​။

*အနုပညာရှင်​များ နယ်​လှည်​့စည်​းရုံး​ရေး ဆင်​းခ့ဲတ့ဲ အကျိုး​တွေပါပါတယ်​။

.

     တခြားတဖက်​က စဉ်​းစားကြည်​့ရင်​

*မဲစာရင်​းအမှားများလွန်​းလို့ မယုံကြည်​​တော့တာ ပါပါတယ်​။

*၂၀၁၀က ကြိုတင်​မဲကို ရွံတာပါတယ်​။

*ဘူးလက်​က ၂၆%ရရင်​ ပြီးပြီလို့ ​ပြောခ့ဲတ့ဲအချက်​ ပါပါတယ်​။

*အချိန်​နီးမှ ကြံ့ဖွံ့မှာ ​ဖေ​ဗာအရဆုံး ဦး​ရွှေမန်​းကို ဖယ်​ရှားလိုက်​တာ ပါပါတယ်​။

*တပ်​က အရာရှိကြီး​တွေကို ပင်​စင်​​ပေးပြီး ချက်​ချင်​း ဝင်​အ​ရွေးခံခိုင်​းလိုက်​တာ ​တော်​​တော်​အမြင်​ ဆိုးပါတယ်​။ တပ်​နဲ့ နိုင်​ငံ​ရေး မကွဲဘူးဆိုတာ ​သေချာ​စေခ့ဲတယ်​။

*မဲဆွယ်​ပွဲ​တွေမှာ ​ဟော​ပြောစည်​းရုံးမှု ​တော်​​တော်​ည့ံခ့ဲတယ်​။

*ပြည်​သူ​တွေကို ​နေ့တွက်​​လေး​ပေး၊ ထမင်​း​လေး​ကြွေးရင်​ ရ​လောက်​တယ်​လို့ ​လျော့တွက်​ခ့ဲတယ်​။

*​ရွေး​ကော်​ရဲ့လုပ်​ရပ်​​တွေကို ပြည်​သူက သံသယများခ့ဲတာ​တွေ ပါပါတယ်​။

.

     ​သေချာပြန်​ကြည်​့ရင်​ ရှိဦးမှာပါ။ NLD ​ကောင်​းတာထက်​ ကြ့ံဖွံ့ဆိုးလို့ မဲပို​ပေးကြတာလို့ ထင်​ပါတယ်​။ အစိုးရကလဲ ကြံ့ဖွံ့ကိုး။

XxXxXx

(Zawgyi version )

      ယ​ေန႔အထိ သိရတ့ဲ ရလာဒ္​မ်ားအရ NLD အစိုးရဖြဲ႔ခြင္​့ရ​ေလာက္​​ေအာင္​ မဲအ​ေရအတြက္​ ​ေသခ်ာသြားပါၿပီ။ ​ေတာင္​ၿပိဳကမ္​းၿပိဳသာမက ပင္​လယ္​ပါၿပိဳလို႔ ​ေျပာရ​ေအာင္​ ျပတ္​ခ့ဲပါတယ္​။ လြယ္​လြယ္​နဲ႔ ရခ့ဲတာမဟုတ္​ပါဘူး။ ​ေပးဆပ္​မႈ​ေတြ အမ်ားႀကီး​ေပးခ့ဲရတာပါ။ ႏွစ္​ႏွစ္​ဆယ္​​ေက်ာ္​ အျပင္​းအထန္​ ဖိႏွိပ္​ထားတ့ဲၾကားက ဘာ​ေၾကာင္​့ ဒီ​ေလာက္​အျပတ္​အသတ္​ႏိုင္​ရလဲ စဥ္​းစားမိတာ​ေလး​ေတြ ​ေရးၾကည္​့မိပါတယ္​။ ဟိုးအရင္​က ကိစၥ​ေတြထားလို႔ လတ္​တ​ေလာ​ေလးဘဲ ၾကည္​့ရ​ေအာင္​။ အ​ေၾကာင္​း​ေတြက​ေတာ့ အမ်ားႀကီး​ေပါ့။
.
      အဓိကက​ေတာ့ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ပါဘဲ။ သူ႔ရဲ႕ ထူးျခားတ့ဲ အရည္​အ​ေသြး​ေတြ​ေၾကာင္​့ဆိုတာ ဘယ္​သူမွ မညင္​းႏိုင္​ပါဘူး။ တျခားအခ်က္​က​ေလး​ေတြ စဥ္​းစားၾကည္​့​ေတာ့
*​ေျမသိမ္​းယာသိမ္​းခံ လယ္​သမား​ေတြ၊ လုပ္​ခအႏွိမ္​ခံ အလုပ္​သမား​ေတြ၊ ပညာ​ေရးအတြက္​ ဆႏၵျပလို႔ ယ​ေန႔တိုင္​အဖမ္​းခံ​ေနရတ့ဲ ​ေက်ာင္​းသား​ေတြအ​ေပၚ ကိုယ္​ခ်င္​းစာစိတ္​​ေတြ ပါပါတယ္​။
*၁၉၆၂က စလို႔ စစ္​​ဗိုလ္​အဆက္​ဆက္​အုပ္​ခ်ဳပ္​လိုက္​တာ ကမာၻ့အဆင္​းရဲဆံုးျဖစ္​သြားတာ မခံခ်င္​စိတ္​​ေတြ ပါပါတယ္​။
*​ေလာ​ေလာလတ္​လတ္​ဆိုရင္​ စင္​ကာပူမွာ ညအိပ္​တန္​းစီၿပီး မဲ​ေပးတာ ျမင္​ၾကရလို႔လဲ ႏိုးၾကားလာတာ ပါပါတယ္​။
*အႏုပညာ႐ွင္​မ်ား နယ္​လွည္​့စည္​းရံုး​ေရး ဆင္​းခ့ဲတ့ဲ အက်ိဳး​ေတြပါပါတယ္​။
.
     တျခားတဖက္​က စဥ္​းစားၾကည္​့ရင္​
*မဲစာရင္​းအမွားမ်ားလြန္​းလို႔ မယံုၾကည္​​ေတာ့တာ ပါပါတယ္​။
*၂၀၁၀က ႀကိဳတင္​မဲကို ရြံတာပါတယ္​။
*ဘူးလက္​က ၂၆%ရရင္​ ၿပီးၿပီလို႔ ​ေျပာခ့ဲတ့ဲအခ်က္​ ပါပါတယ္​။
*အခ်ိန္​နီးမွ ၾကံ့ဖြံ႔မွာ ​ေဖ​ဗာအရဆံုး ဦး​ေရႊမန္​းကို ဖယ္​႐ွားလိုက္​တာ ပါပါတယ္​။
*တပ္​က အရာ႐ွိႀကီး​ေတြကို ပင္​စင္​​ေပးၿပီး ခ်က္​ခ်င္​း ဝင္​အ​ေရြးခံခိုင္​းလိုက္​တာ ​ေတာ္​​ေတာ္​အျမင္​ ဆိုးပါတယ္​။ တပ္​နဲ႔ ႏိုင္​ငံ​ေရး မကြဲဘူးဆိုတာ ​ေသခ်ာ​ေစခ့ဲတယ္​။
*မဲဆြယ္​ပြဲ​ေတြမွာ ​ေဟာ​ေျပာစည္​းရံုးမႈ ​ေတာ္​​ေတာ္​ည့ံခ့ဲတယ္​။
*ျပည္​သူ​ေတြကို ​ေန႔တြက္​​ေလး​ေပး၊ ထမင္​း​ေလး​ေႂကြးရင္​ ရ​ေလာက္​တယ္​လို႔ ​ေလ်ာ့တြက္​ခ့ဲတယ္​။
*​ေရြး​ေကာ္​ရဲ႕လုပ္​ရပ္​​ေတြကို ျပည္​သူက သံသယမ်ားခ့ဲတာ​ေတြ ပါပါတယ္​။
.
     ​ေသခ်ာျပန္​ၾကည္​့ရင္​ ႐ွိဦးမွာပါ။ NLD ​ေကာင္​းတာထက္​ ၾက့ံဖြံ႔ဆိုးလို႔ မဲပို​ေပးၾကတာလို႔ ထင္​ပါတယ္​။ အစိုးရကလဲ ၾကံ့ဖြံ႔ကိုး။

08 November 2015

အားလုံးရဲ့ လက်​သန်​း​တွေဟာ အနီ


(Unicode version)

ကိုယ့်လက်သန်းမှာ အနီ ဂုဏ်ယူစွာနဲ့၊

သူ့လက်သန်းမှာ အနီ ပျော်ရွင်စွာနဲ့......

အနှစ်နှစ် အလလ

စောင့်နေရတဲ့ မျှော်လင့်ချက်တွေက

ခရမ်းပြာမှင်ကို အနီဖြစ်စေခဲ့၊

အမေစုရဲ့ မြန်မာပြည်သူပြည်သားတွေအတွက်

ပေးဆပ်မှု၊ အနစ်နာခံမူတွေဟာ

ခရမ်းပြာကို အနီဖြစ်စေခဲ့၊

ပြည်သူကို ရန်သူလို သဘောထားတဲ့ အာဏာရှင်အဆက်ဆက်ကို မုန်းတီးကြောက်ရွံ့ရမူတွေက

ခရမ်းပြာကို အနီဖြစ်စေခဲ့

မတရားသဖြင့် အခွင့်အရေးယူ၊

ကိုယ်တဘို့ထဲကြည့်တဲ့

ခရိုနီများကို ရွံရှာမူတွေက

ခရမ်းပြာကို အနီဖြစ်စေခဲ့......

အားလုံးရဲ့ လက်​သန်​း​တွေဟာ အနီ။

XxXxXx

(Zawgyi version)


ကိုယ့္လက္သန္းမွာ အနီ ဂုဏ္ယူစြာနဲ႕၊



သူ႕လက္သန္းမွာ အနီ ေပ်ာ္႐ြင္စြာနဲ႕......



အႏွစ္ႏွစ္ အလလ



ေစာင့္ေနရတဲ့ ေမွ်ာ္လင့္ခ်က္ေတြက



ခရမ္းျပာမွင္ကို အနီျဖစ္ေစခဲ့၊



အေမစုရဲ႕ ျမန္မာျပည္သူျပည္သားေတြအတြက္



ေပးဆပ္မႈ၊ အနစ္နာခံမူေတြဟာ



ခရမ္းျပာကို အနီျဖစ္ေစခဲ့၊



ျပည္သူကို ရန္သူလို သေဘာထားတဲ့ အာဏာရွင္အဆက္ဆက္ကို မုန္းတီးေၾကာက္႐ြံ႕ရမူေတြက



ခရမ္းျပာကို အနီျဖစ္ေစခဲ့



မတရားသျဖင့္ အခြင့္အေရးယူ၊



ကိုယ္တဘို႔ထဲၾကည့္တဲ့



ခရိုနီမ်ားကို ႐ြံရွာမူေတြက



ခရမ္းျပာကို အနီျဖစ္ေစခဲ့......



အားလုံးရဲ႕ လက္​သန္​း​ေတြဟာ အနီ။ 

06 November 2015

Above the President

 (Unicode version )

       မ​နေ့က သတင်​းစာရှင်​းလင်​းပွဲမှာ ​ဒေါ်စု​ပြောလိုက်​တ့ဲ `I'll be above the President. ´ဆိုတ့ဲ စကား​ကြောင်​့ ပြည်​တွင်​းပြည်​ပ အသံ​တွေ ထွက်​လာပါတယ်​။ တချို့ ရီစရာစွက်​​ပြောလိုက်​တယ်​ ထင်​​ပေမ့ဲ တချို့က စကားမှားသွားပြီလို့ ထင်​ကြတယ်​။ နဂိုရ်​က အပစ်​ရှာ​နေသူ​တွေက​တော့ အာဏာရူးသွားပြီလို့​တောင်​ စွပ်​စွဲကြပါပြီ။

.

     ကျွန်​​တော်​က​တော့ ရီစရာလဲ မဟုတ်​ပါ။ စကားမှားတယ်​လဲ မထင်​ပါ။ တမင်​​ပြောလိုက်​တယ်​ဘဲ ယူဆပါတယ်​။ ဒီစကားရဲ့ မြန်​မာလို နိုင်​ငံ​ရေးအဓိ်​ပ္ပါယ်​ကို အရင်​စဉ်​းစားကြည်​့ပါမယ်​။ တိုက်​ရိုက်​ ဘာသာပြန်​ရင်​ `ကျွန်​မ သမတအထက်​မှာရှိ​နေမယ်​။´ သမတကို ကွန်​ထရိုးလုပ်​မယ်​​ပေါ့။ တကယ်​က ဒါ့ထက်​ ကျယ်​ဝန်​းပါတယ်​။ ​နေ့စဉ်​ဆုံးဖြတ်​​နေရတ့ဲ အစိုးရတာဝန်​ ဝတ္တရား​တွေကို သူတာဝန်​ယူ ဆုံးဖြတ်​လုပ်​ကိုင်​သွားမယ်​လို့ ဆိုလိုတာပါ။ ပုံမှန်​အစိုးရအဖွဲ့​တွေမှာ​တော့ အဖွဲ့အကြီးအကဲဖြစ်တ့ဲ ​ သမတ(သို့)ဝန်​ကြီးချုပ်​က လုပ်​တာကိုး။ ပုံမှန်​မဖြစ်​​သေးတ့ဲ မြန်​မာနိုင်​ငံမှာ​တော့ ​ခြေဥမပြင်​နိုင်​​သေးခင်​ ပြည်​သူလူထုအကျိုးစီပွားအတွက်​ ဆုံးဖြတ်​ရမ့ဲ ကိစ္စ​တွေကို ​ဒေါ်စုကိုင်​တွယ်​ဆုံးဖြတ်​တာ အသင်​့​တော်​ဆုံးပါ။ ရာထူးကို​တော့ ​ခေါ်ချင်​သလို ​ခေါ်​ပေါ့။

.

ဒီစကားစုကို ​ပြောလိုက်​လို့ ပြင်​မရ​အောင်​လုပ်​ထားတ့ဲ ​ခြေဥက ၅၉(စ)လို ပုဒ်​ထီးပုဒ်​မ​တွေလဲ မျက်​ခုံးလှုပ်​ကုန်​ပါပြီ။ ပြင်​ဖို့ခက်​ခဲ​အောင်​ ထည်​့ထားတ့ဲ ၂၅%​သော တပ်​မ​တော်​သား​တွေရဲ့ ပါဝါကိုလဲ စမ်​းသတ်​လိုက်​သလို ဖြစ်​​နေပါပြီ။ တပ်​မ​တော်​ဖက်​က စိုးရိမ်​စရာ မလိုပါ။ ​ဒေါ်စုသည်​ တပ်​မ​တော်​ကို တန်​ဖိုးတက်​​အောင်​ လုပ်​​ပေးမ့ဲသူ ဖြစ်​လို့ပါ။ ​ဒေါ်စုရဲ့ စကားတခွန်​း ဘယ်​​လောက်​တာသွားလဲ မြင်​ကြရပါပြီ။

.

      မြန်​မာနိုင်​ငံ သမိုင်​းမှာလဲ သမတဦးစိန်​လွင်​နဲ့​ဒေါက်​တာ​မောင်​​မောင်​သည်​ အ​ရေးကြီးတာဆို ဦး​နေဝင်​းခိုင်​းတာ လုပ်​ရတာပါဘဲ။ လက်​ရှိသမတဦးသိန်​းစိန်​ ​​ဗကမကဦးသန်​း​ရွှေနဲ့ လုံးဝမဆိုင်​လို့ ​ပြောကြည်​့ရင်​ မြန်​မာပြည်​သာမက ကမ္ဘာကပါ ရီကြမှာပါ။ ​ခြေဥပြင်​ဖို့ မဲခွဲခါနီး လွှတ်​​တော်​ထဲ ချင်​းအမတ်​ကြီး​ပြောတာ သတိရ​သေး။ တကယ်​အာဏာရှိသူ ​ဗိုလ်​ချုပ်​မှူးကြီး သွား​မေးကြရ​အောင်​ ဆိုတာ​လေ။

.

     အ​ရေးကြီးတာက သန်​ဘက်​ခါ မဲ​ပေးကြဖို့ပါဘဲ၊ ဒီစကားလုံးကို ငြင်​း​နေတာနဲ့ မဲမကွဲဖို့ လိုပါတယ်​။ ဒီအချိန်​မှာ ပြည်​သူ့​ခေါင်​း​ဆောင်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ​​နောက်​မှာဘဲ ညီညွတ်​ကြဖို့ လိုပါတယ်​။ စကား အဆုံးမသတ်​ခင်​ ကျွန်​​တော်​တ​ယောက်​ထဲရဲ့ သ​ဘောကို ​ပြောခ့ဲပါရ​စေ။ ဒီအချိန်​မှာ ​ဒေါ်စုက ​နေက အ​နောက်​ကထွက်​တာလို့ ဆ်ိုခ့ဲရင်​ ကျွန်​​တော်​့အတွက်​က (အနည်​းဆုံး ၈ရက်​​နေ့ ည​နေ ၄ နာရီအထိ) " The sun rises from the WEST." ဘဲ​ဗျာ။



မှတ်​ချက်​။ ။ ​ဒေါ်​အောင်​ဆန်​းစုကြည်​ နှင်​့ NLD တွင်​ လိုအပ်​ချက်​ ချို့ယွင်​းချက်​များရှိပါလိမ်​့မည်​။ ​ရွေး​ကောက်​ပွဲ အပြီး​နောက်​သုံးလ လွှတ်​​တော်​တွင်​ NLDအစိုးရ ဖွဲ့ပြီး​နောက်​မှ ​ဆွေး​နွေး​ထောက်​ပြပါမည်​။ ယခု ​ပြောဆို​ဆွေး​နွေးရန်​ အချိန်​မဟုတ်​​သေးပါ။

XxXxXx

(Zawgyi version ) 

    မ​ေန႔က သတင္​းစာ႐ွင္​းလင္​းပြဲမွာ ​ေဒၚစု​ေျပာလိုက္​တ့ဲ `I'll be above the President. ´ဆိုတ့ဲ စကား​ေၾကာင္​့ ျပည္​တြင္​းျပည္​ပ အသံ​ေတြ ထြက္​လာပါတယ္​။ တခ်ိဳ႕ ရီစရာစြက္​​ေျပာလိုက္​တယ္​ ထင္​​ေပမ့ဲ တခ်ိဳ႕က စကားမွားသြားၿပီလို႔ ထင္​ၾကတယ္​။ နဂိုရ္​က အပစ္​႐ွာ​ေနသူ​ေတြက​ေတာ့ အာဏာ႐ူးသြားၿပီလို႔​ေတာင္​ စြပ္​စြဲၾကပါၿပီ။
.
     ကြၽန္​​ေတာ္​က​ေတာ့ ရီစရာလဲ မဟုတ္​ပါ။ စကားမွားတယ္​လဲ မထင္​ပါ။ တမင္​​ေျပာလိုက္​တယ္​ဘဲ ယူဆပါတယ္​။ ဒီစကားရဲ႕ ျမန္​မာလို ႏိုင္​ငံ​ေရးအဓိ္​ပၸါယ္​ကို အရင္​စဥ္​းစားၾကည္​့ပါမယ္​။ တိုက္​ရိုက္​ ဘာသာျပန္​ရင္​ `ကြၽန္​မ သမတအထက္​မွာ႐ွိ​ေနမယ္​။´ သမတကို ကြန္​ထ႐ိုးလုပ္​မယ္​​ေပါ့။ တကယ္​က ဒါ့ထက္​ က်ယ္​ဝန္​းပါတယ္​။ ​ေန႔စဥ္​ဆံုးျဖတ္​​ေနရတ့ဲ အစိုးရတာဝန္​ ဝတၱရား​ေတြကို သူတာဝန္​ယူ ဆံုးျဖတ္​လုပ္​ကိုင္​သြားမယ္​လို႔ ဆိုလိုတာပါ။ ပံုမွန္​အစိုးရအဖြဲ႔​ေတြမွာ​ေတာ့ အဖြဲ႔အႀကီးအကဲျဖစ္တ့ဲ ​ သမတ(သို႔)ဝန္​ႀကီးခ်ဳပ္​က လုပ္​တာကိုး။ ပံုမွန္​မျဖစ္​​ေသးတ့ဲ ျမန္​မာႏိုင္​ငံမွာ​ေတာ့ ​ေျခဥမျပင္​ႏိုင္​​ေသးခင္​ ျပည္​သူလူထုအက်ိဳးစီပြားအတြက္​ ဆံုးျဖတ္​ရမ့ဲ ကိစၥ​ေတြကို ​ေဒၚစုကိုင္​တြယ္​ဆံုးျဖတ္​တာ အသင္​့​ေတာ္​ဆံုးပါ။ ရာထူးကို​ေတာ့ ​ေခၚခ်င္​သလို ​ေခၚ​ေပါ့။
.
ဒီစကားစုကို ​ေျပာလိုက္​လို႔ ျပင္​မရ​ေအာင္​လုပ္​ထားတ့ဲ ​ေျခဥက ၅၉(စ)လို ပုဒ္​ထီးပုဒ္​မ​ေတြလဲ မ်က္​ခံုးလႈပ္​ကုန္​ပါၿပီ။ ျပင္​ဖို႔ခက္​ခဲ​ေအာင္​ ထည္​့ထားတ့ဲ ၂၅%​ေသာ တပ္​မ​ေတာ္​သား​ေတြရဲ႕ ပါဝါကိုလဲ စမ္​းသတ္​လိုက္​သလို ျဖစ္​​ေနပါၿပီ။ တပ္​မ​ေတာ္​ဖက္​က စိုးရိမ္​စရာ မလိုပါ။ ​ေဒၚစုသည္​ တပ္​မ​ေတာ္​ကို တန္​ဖိုးတက္​​ေအာင္​ လုပ္​​ေပးမ့ဲသူ ျဖစ္​လို႔ပါ။ ​ေဒၚစုရဲ႕ စကားတခြန္​း ဘယ္​​ေလာက္​တာသြားလဲ ျမင္​ၾကရပါၿပီ။
.
      ျမန္​မာႏိုင္​ငံ သမိုင္​းမွာလဲ သမတဦးစိန္​လြင္​နဲ႔​ေဒါက္​တာ​ေမာင္​​ေမာင္​သည္​ အ​ေရးႀကီးတာဆို ဦး​ေနဝင္​းခိုင္​းတာ လုပ္​ရတာပါဘဲ။ လက္​႐ွိသမတဦးသိန္​းစိန္​ ​​ဗကမကဦးသန္​း​ေရႊနဲ႔ လံုးဝမဆိုင္​လို႔ ​ေျပာၾကည္​့ရင္​ ျမန္​မာျပည္​သာမက ကမာၻကပါ ရီၾကမွာပါ။ ​ေျခဥျပင္​ဖို႔ မဲခြဲခါနီး လႊတ္​​ေတာ္​ထဲ ခ်င္​းအမတ္​ႀကီး​ေျပာတာ သတိရ​ေသး။ တကယ္​အာဏာ႐ွိသူ ​ဗိုလ္​ခ်ဳပ္​မႉးႀကီး သြား​ေမးၾကရ​ေအာင္​ ဆိုတာ​ေလ။
.
     အ​ေရးႀကီးတာက သန္​ဘက္​ခါ မဲ​ေပးၾကဖို႔ပါဘဲ၊ ဒီစကားလံုးကို ျငင္​း​ေနတာနဲ႔ မဲမကြဲဖို႔ လိုပါတယ္​။ ဒီအခ်ိန္​မွာ ျပည္​သူ႔​ေခါင္​း​ေဆာင္​ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ ​​ေနာက္​မွာဘဲ ညီၫြတ္​ၾကဖို႔ လိုပါတယ္​။ စကား အဆံုးမသတ္​ခင္​ ကြၽန္​​ေတာ္​တ​ေယာက္​ထဲရဲ႕ သ​ေဘာကို ​ေျပာခ့ဲပါရ​ေစ။ ဒီအခ်ိန္​မွာ ​ေဒၚစုက ​ေနက အ​ေနာက္​ကထြက္​တာလို႔ ဆ္ိုခ့ဲရင္​ ကြၽန္​​ေတာ္​့အတြက္​က (အနည္​းဆံုး ၈ရက္​​ေန႔ ည​ေန ၄ နာရီအထိ) " The sun rises from the WEST." ဘဲ​ဗ်ာ။

မွတ္​ခ်က္​။ ။ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ ႏွင္​့ NLD တြင္​ လိုအပ္​ခ်က္​ ခ်ိဳ႕ယြင္​းခ်က္​မ်ား႐ွိပါလိမ္​့မည္​။ ​ေရြး​ေကာက္​ပြဲ အၿပီး​ေနာက္​သံုးလ လႊတ္​​ေတာ္​တြင္​ NLDအစိုးရ ဖြဲ႔ၿပီး​ေနာက္​မွ ​ေဆြး​ေႏြး​ေထာက္​ျပပါမည္​။ ယခု ​ေျပာဆို​ေဆြး​ေႏြးရန္​ အခ်ိန္​မဟုတ္​​ေသးပါ။ 

01 November 2015

နှလုံးသားအစစ်​နဲ့ အုပ်​ချုပ်​သူ

(Unicode version )

       ကျွန်​​တော်​့ရဲ့ ဘ​လော့ဂ်​ aplar.blogspot မှာ လွန်​ခ့ဲတ့ဲ နှစ်​နှစ်​​လောက်​အထိ သမတကြီးကို ယုံကြည်​​ထောက်​ခံပြီး ​ရေးခ့ဲဘူးပါတယ်​။ နိုဘယ်​ငြိမ်​းချမ်​း​ရေးဆုအတွက်​ အမည်​တင်​သွင်​းခံရတုံးကဆို မြန်​မာနိုင်​ငံ အတွက်​ ​ဂုဏ်​ယူခ့ဲပါတယ်​။ ရခ့ဲရင်​ အာရှမှာမဆိုနဲ့ ကမ္ဘာမှာ​တောင်​ မျက်​နှာပွင်​့ပြီလို့ ထင်​ခ့ဲတာပါ။ သမတရဲ့ ​ငွေ​ကြေးအရှုပ်​အရှင်​းကင်​းမှု၊ မိသားစု အရှုပ်​အ​ထွေးမရှိမှုတို့အတွက်​ သ​ဘောကျခ့ဲပါတယ်​။

.

   ​နောက်​ပိုင်​းမှာ​တော့ တ​ဖြေး​ဖြေး​လျော့လာပါတယ်​။ ဒါ​ပေမ့ဲ ​ရွေး​ကောက်​ပွဲ မဲဆွယ်​တ့ဲအထိ ထင်​ထားတာ တခုရှိပါတယ်​။ သူ့လူ​တွေ ​တော​ပြော​တောင်​​ရောက်​ ဖြစ်​​နေတာ ပါတီဥက္ကဌ အ​နေနဲ့ ထိမ်​းမယ်​လို့ဘဲ။ တချို့ဆို မ​ပြောရင်​​တောင်​ မဲရဦးမယ်​။ ​ပြောလိုက်​မှ ဝက်​ဝက်​ကွဲတာဘဲ။ မရှုမလှ။ ​နောက်​ဆုံးကျ​တော့ သမတကြီးကိုယ်​တိုင်​ ​ပြောလိုက်​ပါတယ်​။ ပြည်​သူ​တွေက ဘာ​ပြောင်​းချင်​တာလဲ၊ ​ပြောင်​းစရာ ကွန်​မြူနစ်​စံနစ်​ဘဲ ရှိ​တော့တယ်​ဆိုတ့ဲ သ​ဘောမျိုး ​ပြောတယ်​လို့ ကြားလိုက်​ပါတယ်​။ ကြားကြားချင်​း မယုံခ့ဲပါဘူး။

.

     သတင်​း​တွေမှာ ဖတ်​လိုက်​ရမှ အ့ံသြစွာ ယုံလိုက်​ရပါတယ်​။ ပြည်​သူ​တွေ ဘာအ​ပြောင်​းအလဲကို လိုချင်​တာလဲ တကယ်​မသိတာလား။ အကြံ​ပေးတပည်​့​တွေ​ကြောင်​့ မသိ​တော့တာလား။ အတင်​းကို မသိဘူး လုပ်​လိုက်​တာလား ​ဝေခွဲမရ​တော့ပါ။ ​ဖေ့ဘုတ်​​ပေါ်မှာ​တော့ ဘာ​တွေ​ပြောင်​းလဲချင်​​နေသလဲ ဝိုင်​း​ရေးကြပါ​တော့တယ်​။ တချို့များ ၁၂၃၄နံပတ်​တပ်​​ရေးတာ ၂၀ ​လောက်​အထိ ​ရောက်​တယ်​။ ကျွန်​​တော်​လဲ ပြန်​​ပြောချင်​လွန်​းလို့ စဉ်​းစားမိတာ​တွေ များ​နေတယ်​။ တချက်​ထဲနဲ့ သ​ဘော​ပေါက်​​အောင်​ ​ရေးနိုင်​ဖို့ စဉ်​းစား​နေတာ ခုမှဘဲ ရပါ​တော့တယ်​။

.

     သမတကြီးဖြစ်​တ့ဲအတွက်​ ​လေး​လေးစားစား ယဉ်​ယဉ်​​ကျေး​ကျေး စာ​ကြောင်​း​လေး ​ရွေးခ့ဲရပါတယ်​။ သမတကြီးခင်​​ဗျား၊ ပြည်​သူ​တွေ လိုချင်​တ့ဲ အ​ပြောင်​းအလဲကို တချက်​တည်​းနဲ့ ​ပြောရမယ်​ဆို

`ပြည်​သူကို နှလုံးသားအစစ်​နဲ့ အုပ်​ချုပ်​မ့ဲသူ´

လိုချင်​တာပါဘဲ ခင်​​ဗျား။ ပြည်​သူ​တွေ ဝန်​ထမ်​း​တွေ တပ်​မ​တော်​သား​တွေ တိုင်​းရင်​းသား​တွေ အလုပ်​သမား ​ကျောင်​းသူ​ကျောင်​းသား​တွေရဲ့ ခံစား​နေရမှုကို နားလည်​​ပေးနိုင်​မ့ဲ နှလုံးသားအစစ်​ရှိတ့ဲ ​ခေါင်​း​ဆောင်​လိုချင်​တာပါခင်​​ဗျား။



မှတ်​ချက်​။ ။ ဒီ​နေ့ည​နေ​လေးနာရီမှာ နှလုံးသားအစစ်​ရှိသူ လာမယ်​ဆိုလို့ ပြည်​သူ​တွေ သုဝဏ္ဏကို ချီတက်​​နေကြ​လေရဲ့။

XxXxXx

(Zawgyi version )

       ကြၽန္​​ေတာ္​့ရဲ႕ ဘ​ေလာ့ဂ္​ aplar.blogspot မွာ လြန္​ခ့ဲတ့ဲ ႏွစ္​ႏွစ္​​ေလာက္​အထိ သမတႀကီးကို ယံုၾကည္​​ေထာက္​ခံၿပီး ​ေရးခ့ဲဘူးပါတယ္​။ ႏိုဘယ္​ၿငိမ္​းခ်မ္​း​ေရးဆုအတြက္​ အမည္​တင္​သြင္​းခံရတံုးကဆို ျမန္​မာႏိုင္​ငံ အတြက္​ ​ဂုဏ္​ယူခ့ဲပါတယ္​။ ရခ့ဲရင္​ အာ႐ွမွာမဆိုနဲ႔ ကမာၻမွာ​ေတာင္​ မ်က္​ႏွာပြင္​့ၿပီလို႔ ထင္​ခ့ဲတာပါ။ သမတရဲ႕ ​ေငြ​ေၾကးအ႐ႈပ္​အ႐ွင္​းကင္​းမႈ၊ မိသားစု အ႐ႈပ္​အ​ေထြးမ႐ွိမႈတို႔အတြက္​ သ​ေဘာက်ခ့ဲပါတယ္​။
.
   ​ေနာက္​ပိုင္​းမွာ​ေတာ့ တ​ေျဖး​ေျဖး​ေလ်ာ့လာပါတယ္​။ ဒါ​ေပမ့ဲ ​ေရြး​ေကာက္​ပြဲ မဲဆြယ္​တ့ဲအထိ ထင္​ထားတာ တခု႐ွိပါတယ္​။ သူ႔လူ​ေတြ ​ေတာ​ေျပာ​ေတာင္​​ေရာက္​ ျဖစ္​​ေနတာ ပါတီဥကၠဌ အ​ေနနဲ႔ ထိမ္​းမယ္​လို႔ဘဲ။ တခ်ိဳ႕ဆို မ​ေျပာရင္​​ေတာင္​ မဲရဦးမယ္​။ ​ေျပာလိုက္​မွ ဝက္​ဝက္​ကြဲတာဘဲ။ မ႐ႈမလွ။ ​ေနာက္​ဆံုးက်​ေတာ့ သမတႀကီးကိုယ္​တိုင္​ ​ေျပာလိုက္​ပါတယ္​။ ျပည္​သူ​ေတြက ဘာ​ေျပာင္​းခ်င္​တာလဲ၊ ​ေျပာင္​းစရာ ကြန္​ျမဴနစ္​စံနစ္​ဘဲ ႐ွိ​ေတာ့တယ္​ဆိုတ့ဲ သ​ေဘာမ်ိဳး ​ေျပာတယ္​လို႔ ၾကားလိုက္​ပါတယ္​။ ၾကားၾကားခ်င္​း မယံုခ့ဲပါဘူး။
.
     သတင္​း​ေတြမွာ ဖတ္​လိုက္​ရမွ အ့ံၾသစြာ ယံုလိုက္​ရပါတယ္​။ ျပည္​သူ​ေတြ ဘာအ​ေျပာင္​းအလဲကို လိုခ်င္​တာလဲ တကယ္​မသိတာလား။ အၾကံ​ေပးတပည္​့​ေတြ​ေၾကာင္​့ မသိ​ေတာ့တာလား။ အတင္​းကို မသိဘူး လုပ္​လိုက္​တာလား ​ေဝခြဲမရ​ေတာ့ပါ။ ​ေဖ့ဘုတ္​​ေပၚမွာ​ေတာ့ ဘာ​ေတြ​ေျပာင္​းလဲခ်င္​​ေနသလဲ ဝိုင္​း​ေရးၾကပါ​ေတာ့တယ္​။ တခ်ိဳ႕မ်ား ၁၂၃၄နံပတ္​တပ္​​ေရးတာ ၂၀ ​ေလာက္​အထိ ​ေရာက္​တယ္​။ ကြၽန္​​ေတာ္​လဲ ျပန္​​ေျပာခ်င္​လြန္​းလို႔ စဥ္​းစားမိတာ​ေတြ မ်ား​ေနတယ္​။ တခ်က္​ထဲနဲ႔ သ​ေဘာ​ေပါက္​​ေအာင္​ ​ေရးႏိုင္​ဖို႔ စဥ္​းစား​ေနတာ ခုမွဘဲ ရပါ​ေတာ့တယ္​။
.
     သမတႀကီးျဖစ္​တ့ဲအတြက္​ ​ေလး​ေလးစားစား ယဥ္​ယဥ္​​ေက်း​ေက်း စာ​ေၾကာင္​း​ေလး ​ေရြးခ့ဲရပါတယ္​။ သမတႀကီးခင္​​ဗ်ား၊ ျပည္​သူ​ေတြ လိုခ်င္​တ့ဲ အ​ေျပာင္​းအလဲကို တခ်က္​တည္​းနဲ႔ ​ေျပာရမယ္​ဆို
`ျပည္​သူကို ႏွလံုးသားအစစ္​နဲ႔ အုပ္​ခ်ဳပ္​မ့ဲသူ´
လိုခ်င္​တာပါဘဲ ခင္​​ဗ်ား။ ျပည္​သူ​ေတြ ဝန္​ထမ္​း​ေတြ တပ္​မ​ေတာ္​သား​ေတြ တိုင္​းရင္​းသား​ေတြ အလုပ္​သမား ​ေက်ာင္​းသူ​ေက်ာင္​းသား​ေတြရဲ႕ ခံစား​ေနရမႈကို နားလည္​​ေပးႏိုင္​မ့ဲ ႏွလံုးသားအစစ္​႐ွိတ့ဲ ​ေခါင္​း​ေဆာင္​လိုခ်င္​တာပါခင္​​ဗ်ား။

မွတ္​ခ်က္​။ ။ ဒီ​ေန႔ည​ေန​ေလးနာရီမွာ ႏွလံုးသားအစစ္​႐ွိသူ လာမယ္​ဆိုလို႔ ျပည္​သူ​ေတြ သုဝဏၰကို ခ်ီတက္​​ေနၾက​ေလရဲ႕။ 

27 October 2015

ချစ်​သမီး ••• ဘာ​ကြောင်​့

(Unicode version )

       ချစ်​သမီးကို ​ဖေ့ဘုတ်​သုံးသူ​တွေ သတိထားမိကြပါတယ်​။ ခု​တော့ ပို့စ်​တခု​ကြောင်​့ အ​ရေးယူခံ​နေရပါပြီ။ သူ့ကို အ​ရေးယူတယ်​ဆို​တော့ ​တော်​​တော်​များများ အ့ံအားသင်​့ကြမှာပါ။ စွပ်​စွဲတ့ဲပို့စ်​ထက်​ အများကြီးဆိုးတ့ဲ ပို့စ်​​တွေ ​ဖေ့ဘုတ်​မှာ ပလူပျံ​နေတာပါ။ အစိုးရဖက်​​ရော အတိုက်​အခံဖက်​က​ရော နှစ်​ဖက်​စလုံး တင်​​နေကြတာပါ။ သူနဲ့ မ​ရှေးမ​နှောင်​းမှာလဲ ​ဖေ့ဘုတ်​သုံးသူတချို့ အ​ရေးယူခံရပါတယ်​။ အ​ရေးယူရင်​လဲ နှစ်​ဖက်​စလုံး ယူသင်​့တယ်​။ နှစ်​ဖက်​လုံးမှာ ဒီပို့စ်​ထက်​ ဆိုးတာ​တွေ အများကြီးပါဘဲ။ ဘာလို့ သူ့ကျမှ အ​ရေးယူသလဲ စဉ်​းစားကြည်​့ရ​အောင်​။

.

     သူက ကာကွယ်​​ရေးဦးစီးချုပ်​အ​ကြောင်​းပါတာ ​ရေးလို့ကိုး။ ကာချုပ်​သည်​ နိုင်​ငံ​ရေးသမား မဟုတ်​။ ဝန်​ထမ်​းဘဲဖြစ်​တယ်​။ ဝန်​ထမ်​းသည်​ နိုင်​ငံ​ရေး သမား မဟုတ်​​တော့ အ​ရေမထူဘူး။ဒါ​ပေမ့ဲ ကာချုပ်​ကို ကြံ့ဖွံနဲ့​ရောမြင်​​နေကြတာ ခက်​တယ်​။ ကြ့ံဖွံကို​ရေးတာ ပြဿနာမဟုတ်​​ပေမ့ဲ ကာချုပ်​ကိုပါ ​ရော​ရေး​နေကြတာ ကြိုက်​ဟန်​မတူဘူး။ နိုင်​ငံ​ရေးသမား​တွေနဲ့ နိုင်​င့ံဝန်​ထမ်​း တပ်​မ​တော်​သား​တွေကို ခွဲမြင်​​စေချင်​လာတ့ဲ သ​ဘောလဲ ပြလိုက်​တာဘဲ။ ​ရှေ့​လျှောက်​ဆင်​ခြင်​ကြရမှာ​ပေါ့။

.

     ဒါ​ပေမ့ဲ ခုအချိန်​မှ ထ အ​ရေးယူတာလဲ ​နောက်​တ​ကြောင်​း ရှိနိုင်​တယ်​။ ​မေလ​လောက်​က ဦး​ရွှေမန်​း ပြုစုခိုင်​းလိုက်​တ့ဲ ကြံ့ဖွံစစ်​တမ်​းအရ လာမ့ဲ​ရွေး​ကောက်​ပွဲမှာ ကြ့ံဖွံအ​ခြေအ​နေ မ​ကောင်​းနိုင်​တာ သိသွားပြီ။ အစိုးရဖွဲ့ဖို့ ​ဝေးလို့ အဓိက အတိုက်​အခံဖြစ်​ဖို့ အား​တောင်​သိပ်​မရှိနိုင်​တာ သိသွားပြီ။ ဒီ​တော့ လွှတ်​​တော်​ထဲမှာ အရင်​ပုဂ္ဂိုလ်​​တွေရဲ့ voice ​ကောင်​းဖို့ တပ်​မ​တော်​ရဲ့ ၂၅% ဘဲ ရှိ​တော့တယ်​။ ဒီ၂၅%ရဲ့ အကြီးအမှူးဖြစ်​တ့ဲ ကာချုပ်ကို​ အများအမြင်​မှာ impression ​ကောင်​းဖို့လိုတယ်​။ သူသည်​ အရင်​အဖွဲ့ကြီးကို အကာအကွယ်​​ပေးမ့ဲ ​နောက်​ဆုံး ခံတပ်​ဘဲ။ သူ့ကို လူအများစု မ​လေးမစားဖြစ်​​နေလို့ မသင်​့​တော်​ဘူး။ ဒီ​တော့ ပုဂ္ဂိုလ်​​ရေး သိက္ခာချတာ​တွေကို ခုကတည်​းက စဟန်​့လိုက်​တ့ဲ သ​ဘောဘဲ ဖြစ်​မယ်​ထင်​ပါတယ်​။ အများ ​လေးစားဖို့ လိုလာပြီ​လေ။

.

     အရင်​က​တော့ လွှတ်​ထားပြီး ခုမှ ​ကောက်​ခါငင်​ခါ အ​ရေးယူလို့ ဖြစ်​နိုင်​​လောက်​တ့ဲအ​ကြောင်​း ​တွေးကြည်​့တာပါ။ ကိုယ်​ဉာဏ်​မီသ​လောက်​​ပေါ့။ ​နောက်​တချက်​လဲ ဖြစ်​နိုင်​​သေးတယ်​။ အဲဒါက ​ဗမာစကားပုံလား၊ ဆိုရိုးစကားလား၊ အဲဒါ​ကြောင်​့လဲ ဖြစ်​နိုင်​တယ်​။ ထင်​တာ​တွေ ကွန်​မန်​့မှာ ​ရေးကြ​ပေါ့။ ကိုယ်တိုင်​​တော့ ​​မ​ရေး​တော့ပါဘူး။ ချစ်​သမီး​နောက်​လိုက်​ရမှာစိုးလို့။ ဖတ်​သူ​တွေ ကိုယ်​့ဖာသာကိုယ်​ ​တွေးကြ​တော့​ဗျာ။

ချစ်​သမီး အမြန်​ဆုံး လွတ်​ပါ​စေ။


XxXxXx

(Zawgyi version )

       ခ်စ္​သမီးကို ​ေဖ့ဘုတ္​သံုးသူ​ေတြ သတိထားမိၾကပါတယ္​။ ခု​ေတာ့ ပို႔စ္​တခု​ေၾကာင္​့ အ​ေရးယူခံ​ေနရပါၿပီ။ သူ႔ကို အ​ေရးယူတယ္​ဆို​ေတာ့ ​ေတာ္​​ေတာ္​မ်ားမ်ား အ့ံအားသင္​့ၾကမွာပါ။ စြပ္​စြဲတ့ဲပို႔စ္​ထက္​ အမ်ားႀကီးဆိုးတ့ဲ ပို႔စ္​​ေတြ ​ေဖ့ဘုတ္​မွာ ပလူပ်ံ​ေနတာပါ။ အစိုးရဖက္​​ေရာ အတိုက္​အခံဖက္​က​ေရာ ႏွစ္​ဖက္​စလံုး တင္​​ေနၾကတာပါ။ သူနဲ႔ မ​ေ႐ွးမ​ေႏွာင္​းမွာလဲ ​ေဖ့ဘုတ္​သံုးသူတခ်ိဳ႕ အ​ေရးယူခံရပါတယ္​။ အ​ေရးယူရင္​လဲ ႏွစ္​ဖက္​စလံုး ယူသင္​့တယ္​။ ႏွစ္​ဖက္​လံုးမွာ ဒီပို႔စ္​ထက္​ ဆိုးတာ​ေတြ အမ်ားႀကီးပါဘဲ။ ဘာလို႔ သူ႔က်မွ အ​ေရးယူသလဲ စဥ္​းစားၾကည္​့ရ​ေအာင္​။
.
     သူက ကာကြယ္​​ေရးဦးစီးခ်ဳပ္​အ​ေၾကာင္​းပါတာ ​ေရးလို႔ကိုး။ ကာခ်ဳပ္​သည္​ ႏိုင္​ငံ​ေရးသမား မဟုတ္​။ ဝန္​ထမ္​းဘဲျဖစ္​တယ္​။ ဝန္​ထမ္​းသည္​ ႏိုင္​ငံ​ေရး သမား မဟုတ္​​ေတာ့ အ​ေရမထူဘူး။ဒါ​ေပမ့ဲ ကာခ်ဳပ္​ကို ၾကံ့ဖြံနဲ႔​ေရာျမင္​​ေနၾကတာ ခက္​တယ္​။ ၾက့ံဖြံကို​ေရးတာ ျပႆနာမဟုတ္​​ေပမ့ဲ ကာခ်ဳပ္​ကိုပါ ​ေရာ​ေရး​ေနၾကတာ ႀကိဳက္​ဟန္​မတူဘူး။ ႏိုင္​ငံ​ေရးသမား​ေတြနဲ႔ ႏိုင္​င့ံဝန္​ထမ္​း တပ္​မ​ေတာ္​သား​ေတြကို ခြဲျမင္​​ေစခ်င္​လာတ့ဲ သ​ေဘာလဲ ျပလိုက္​တာဘဲ။ ​ေ႐ွ႕​ေလ်ွာက္​ဆင္​ျခင္​ၾကရမွာ​ေပါ့။
.
     ဒါ​ေပမ့ဲ ခုအခ်ိန္​မွ ထ အ​ေရးယူတာလဲ ​ေနာက္​တ​ေၾကာင္​း ႐ွိႏိုင္​တယ္​။ ​ေမလ​ေလာက္​က ဦး​ေရႊမန္​း ျပဳစုခိုင္​းလိုက္​တ့ဲ ၾကံ့ဖြံစစ္​တမ္​းအရ လာမ့ဲ​ေရြး​ေကာက္​ပြဲမွာ ၾက့ံဖြံအ​ေျခအ​ေန မ​ေကာင္​းႏိုင္​တာ သိသြားၿပီ။ အစိုးရဖြဲ႔ဖို႔ ​ေဝးလို႔ အဓိက အတိုက္​အခံျဖစ္​ဖို႔ အား​ေတာင္​သိပ္​မ႐ွိႏိုင္​တာ သိသြားၿပီ။ ဒီ​ေတာ့ လႊတ္​​ေတာ္​ထဲမွာ အရင္​ပုဂၢိဳလ္​​ေတြရဲ႕ voice ​ေကာင္​းဖို႔ တပ္​မ​ေတာ္​ရဲ႕ ၂၅% ဘဲ ႐ွိ​ေတာ့တယ္​။ ဒီ၂၅%ရဲ႕ အႀကီးအမႉးျဖစ္​တ့ဲ ကာခ်ဳပ္ကို​ အမ်ားအျမင္​မွာ impression ​ေကာင္​းဖို႔လိုတယ္​။ သူသည္​ အရင္​အဖြဲ႔ႀကီးကို အကာအကြယ္​​ေပးမ့ဲ ​ေနာက္​ဆံုး ခံတပ္​ဘဲ။ သူ႔ကို လူအမ်ားစု မ​ေလးမစားျဖစ္​​ေနလို႔ မသင္​့​ေတာ္​ဘူး။ ဒီ​ေတာ့ ပုဂၢိဳလ္​​ေရး သိကၡာခ်တာ​ေတြကို ခုကတည္​းက စဟန္​႔လိုက္​တ့ဲ သ​ေဘာဘဲ ျဖစ္​မယ္​ထင္​ပါတယ္​။ အမ်ား ​ေလးစားဖို႔ လိုလာၿပီ​ေလ။
.
     အရင္​က​ေတာ့ လႊတ္​ထားၿပီး ခုမွ ​ေကာက္​ခါငင္​ခါ အ​ေရးယူလို႔ ျဖစ္​ႏိုင္​​ေလာက္​တ့ဲအ​ေၾကာင္​း ​ေတြးၾကည္​့တာပါ။ ကိုယ္​ဥာဏ္​မီသ​ေလာက္​​ေပါ့။ ​ေနာက္​တခ်က္​လဲ ျဖစ္​ႏိုင္​​ေသးတယ္​။ အဲဒါက ​ဗမာစကားပံုလား၊ ဆို႐ိုးစကားလား၊ အဲဒါ​ေၾကာင္​့လဲ ျဖစ္​ႏိုင္​တယ္​။ ထင္​တာ​ေတြ ကြန္​မန္​႔မွာ ​ေရးၾက​ေပါ့။ ကိုယ္တိုင္​​ေတာ့ ​​မ​ေရး​ေတာ့ပါဘူး။ ခ်စ္​သမီး​ေနာက္​လိုက္​ရမွာစိုးလို႔။ ဖတ္​သူ​ေတြ ကိုယ္​့ဖာသာကိုယ္​ ​ေတြးၾက​ေတာ့​ဗ်ာ။
ခ်စ္​သမီး အျမန္​ဆံုး လြတ္​ပါ​ေစ။

HOME 2015





24 October 2015

မဲ​ပေးကြပါ။

(Unicode version)

       ယ​နေ့မြန်​မာပြည်​မှာ မဲ​ပေးကြဖို့ တိုက်​တွန်​းရင်​ အတိုက်​အခံသမားလို့ ထင်​​နေကြတယ်​။ တကယ်​က ပြည်​သူပြည်​သားတ​ယောက်​ရဲ့ တာဝန်​ထဲမှာ မဲ​ပေးဖို့လဲ ပါပါတယ်​။ လက်​ရှိအစိုးရပါတီကိုဘဲ ကြိုက်​ကြိုက်​၊ အ​ပြောင်​းအလဲအဖြစ်​ အတိုက်​အခံ NLDကိုဘဲ ကြိုက်​ကြိုက်​၊ တိုင်​းရင်​းသားပါတီကိုဘဲ ကြိုက်​ကြိုက်​၊ အခြား ​အ​ကြောင်​း​ကြောင်​း​ကြောင်​ ့ ကြိုက်​နှစ်​သက်​တ့ဲ ပါတီကိုဖြစ်​ဖြစ်​ မဲ​ပေးကြဖို့ လိုပါတယ်​။ နှစ်​​ပေါင်​းငါးဆယ်​​ကျော်​ အကျိုးရှိမ့ဲ မဲ​ပေးမှု မကြုံခ့ဲဘူးတ့ဲ မြန်​မာနိုင်​ငံသား​တွေ ဒီတကြိမ်​ကစလို့ မဲ​ပေးတ့ဲယဉ်​​ကျေးမှု ပြန်​စလိုက်​ကြရ​အောင်​ပါ။

.

   နှစ်​ပတ်​ဘဲလို​တော့တ့ဲ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးမှာ မဲ​ပေးဖို့ စဉ်​းစားမိတာ​လေး​တွေ စုစည်​း​ပေးလိုက်​ပါတယ်​။

* ပထမဆုံးက​တော့ မဲစာရင်​းမှာ ပါဖို့ပါဘဲ။ နိုဝင်​ဘာလဆန်​းမှာ ​နောက်​ဆုံးတကြိမ်​ ​ကြေငြာဦးမယ်​ထင်​တယ်​။ မပါ​သေးရင်​လဲ ပါ​အောင်​လုပ်​ကြပါ။ မဲ​ပေးလက်​မှတ်​လဲ ပြန်​ထုတ်​​ဝေမယ်​လို့ ​ကြေငြာပါတယ်​။ မရရင်​ ဆယ်​အိမ်​မှူး ရာအိမ်​မှူး​တွေက တဆင်​့ အ​ကြောင်​းကြားပြီး ရ​အောင်​လုပ်​ကြပါ။ မဲစာရင်​းမှာ ပါပြီးသူုက​တော့ မဲ​ပေးလက်​မှတ်​မရလဲ မဲ​ပေးခွင်​့ရမယ်​ ​ပြောတယ်​။ ဒါ​ပေမ့ဲ မဲ​ပေးခွင်​့လက်​မှတ်​ ရထားတာ စိတ်​ချရပါမယ်​။



* မိမိရပ်​ကွက်​ ​ကျေးရွာရဲ့ မည်​သည်​့​နေရာမှာ မဲ​ပေးရမှာကို ကြိုတင်​​မေးမြန်​းထားပါ။ ဒုတိယတကြိမ်​ ထုတ်​ပြန်​ခ့ဲတ့ဲ မဲစာရင်​းအရဆိုရင်​ တအိမ်​ထဲ​နေသူ​တွေ​တောင်​ မဲရုံကွဲနိုင်​လို့ပါ။



*၂၀၁၅ခု နို၀င်​ဘာလ ၈ရက်​​နေ့ တနင်္ဂ​နွေ မှာ မဲ​ပေးကြရပါမယ်​။ မနက်​​ခြောက်​နာရီမှာ မဲရုံစဖွင်​့ပြီး ည​နေ ​လေးနာရီမှာ မဲရုံပိတ်​ပါမယ်​။ မဲ​ပေးချိန်​ ဆယ်​နာရီ၊ တနည်​း မိနစ်​​ခြောက်​ရာဘဲ ရှိပါတယ်​။ တ​ယောက်​ တမိနစ်​နှုံးနဲ့တွက်​ရင်​ လူ​ခြောက်​ရာဘဲ မဲ​ပေးလို့ရပါမယ်​။ ​စော​စောမဲ​ပေးထားရင်​ စိတ်​ချရပါတယ်​။



* မဲရုံကို သွားရင်​ နိုင်​ငံသားလက်​မှတ်​ မှတ်​ပုံတင်​ကဒ်​လို အ​ထောက်​အထားတခု ယူသွားဖို့ လိုပါတယ်​။ ပါတီတခုရဲ့ တံဆိပ်​ အလံ အကျႌ ရင်​ထိုး အမှတ်​အသားပါပစ္စည်​း တခုမှ မယူသွားရပါ။



* သင်​ မဲ သုံးကြိမ်​​ပေးရပါမယ်​။ ပြည်​သူ့လွှတ်​​တော်​၊ အမျိုးသားလွှတ်​​တော်​၊ တိုင်​း/ပြည်​နယ်​ လွှတ်​​တော်​​တွေအတွက်​ပါ။ တိုင်​းရင်​းသားဖြစ်​ရင်​ ​နောက်​တ​စောင်​ ​ပေးရပါမယ်​။ မဲတ​စောင်​ထုတ်​၊ မိမိနှစ်​သက်​တ့ဲပါတီ​ဘေးက အကွက်​မှာ တံဆိပ်​တုံးနှိပ်​၊ မဲပုံးထဲထည်​့ပါ။ သုံးကြိမ်​ လုပ်​ရပါမယ်​။ ​နောက်​ဆုံးမဲ​ပေးပြီး ပြန်​အထွက်​မှာ လက်​သန်​းကို ​ဆေးတို့ရပါမယ်​။



*ဒီတကြိမ်​ မဲ​ပေးတာက အမှန်​ချစ်​ရမှာ မဟုတ်​ဘဲ တံဆိပ်​တုံး​လေးနဲ့ နှိပ်​​ပေးရမှာပါ။ မိမိ​ပေးလိုတ့ဲ ပါတီရဲ့​ဘေးက အကွက်​​လေးထဲမှာ နှိပ်​ပါ။ ​ကောင်​းတာက အဲဒီအကွက်​​လေးကို လက်​မ လက်​ညှိုး​လေးနဲ့ ခွပြီးကာပါ။ အလယ်​ကိုနှိပ်​ရင်​ မလွဲနိုင်​​လောက်​ပါ။ အ​ရေးအကြီးဆုံးက တကြိမ်​ဘဲ နှိပ်​ပါ။ နဲနဲထင်​ရင်​လဲ ရပါတယ်​။ မထင်​ဘူးထင်​ပြီး ​နောက်​တကြိမ်​ပြန်​နှိပ်​ရင်​ ပယ်​မဲဖြစ်​သွားပါပြီ။ ဘာမျှစိုးရိမ်​စရာ မလိုပါ။ တချို့​နေရာ​တွေမှာ အစမ်​း​ပေးနှိပ်​​နေပါတယ်​။



* မဲ​ပေးပြီးရင်​ သင်​တာဝန်​​ကြေပါပြီ။ လှိျု့ဝှက်​မဲ​ပေးတာမို့ သင်​ဘယ်​သူ့ကို​ပေးတာ အခြားသူ မသိနိုင်​ပါ။ သင်​့ကို ခြိမ်​း​ခြောက်​သူ လွှမ်​းမိုးနိုင်​သူက ဘယ်​သူ့ကို မဲ​ပေးရမယ်​​ပြောလဲ `ဟုတ်​က့ဲဲ ´ ပြန်​​ပြောပြီး မဲရုံထဲမှာ သင်​ကြိုက်​သူ သင်​မဲ​ပေးနိုင်​ပါတယ်​။ မဲလိမ်​တာ မဲခိုးတာ​တွေသည်​ မဲဆန္ဒရှင်​များ အလုပ်​မဟုတ်​ပါ။ ကိုယ်​့အလုပ်​ ကိုယ်​လုပ်​ဖို့ဘဲ လိုပါတယ်​။ မဲမသမာမှု​တွေ မဖြစ်​​အောင်​ နိုင်​ငံ​ရေးပါတီ​တွေ မဲရုံကိုယ်​စားလှယ်​များ​တွေ ပြည်​တွင်​းပြည်​ပ ​စောင်​့ကြည်​့သူ​တွေ လုပ်​ကြပါလိမ်​့မယ်​။ ကိုယ်​့တာဝန်​က မဲ​ပေးဖြစ်​​အောင်​ မဲ​ပေးဖို့ပါဘဲ။

.

   မြန်​မာ့ရုပ်​မြင်​သံကြားက ထုတ်​လွှင်​့​ပေး​နေတ့ဲ မဲ​ပေးတာနဲ့ ပတ်​သက်​တ့ဲ အစီအစဉ်​ကိုလဲ တကြိမ်​​လောက်​ကြည်​့ရင်​ အကျိုးရှိပါတယ်​။ မဲ​ပေးပုံ မဲ​ပေးနည်​းကို ကိုယ်​တိုင်​သ​ဘော​ပေါက်​ရင်​လဲ အခြားသူ​တွေသိ​အောင်​ ​ပြောပြ​ပေးပါ။ သင်​ မဲ​ပေးဖြစ်​​အောင်​ ​ပေးပါ။ ​ကျေးဇူးတင်​ပါတယ်​။

XxXxXx

(Zawgyi version)

       ယ​ေန႔ျမန္​မာျပည္​မွာ မဲ​ေပးၾကဖို႔ တိုက္​တြန္​းရင္​ အတိုက္​အခံသမားလို႔ ထင္​​ေနၾကတယ္​။ တကယ္​က ျပည္​သူျပည္​သားတ​ေယာက္​ရဲ႕ တာဝန္​ထဲမွာ မဲ​ေပးဖို႔လဲ ပါပါတယ္​။ လက္​႐ွိအစိုးရပါတီကိုဘဲ ႀကိဳက္​ႀကိဳက္​၊ အ​ေျပာင္​းအလဲအျဖစ္​ အတိုက္​အခံ NLDကိုဘဲ ႀကိဳက္​ႀကိဳက္​၊ တိုင္​းရင္​းသားပါတီကိုဘဲ ႀကိဳက္​ႀကိဳက္​၊ အျခား ​အ​ေၾကာင္​း​ေၾကာင္​း​ေၾကာင္​ ့ ႀကိဳက္​ႏွစ္​သက္​တ့ဲ ပါတီကိုျဖစ္​ျဖစ္​ မဲ​ေပးၾကဖို႔ လိုပါတယ္​။ ႏွစ္​​ေပါင္​းငါးဆယ္​​ေက်ာ္​ အက်ိဳး႐ွိမ့ဲ မဲ​ေပးမႈ မၾကံဳခ့ဲဘူးတ့ဲ ျမန္​မာႏိုင္​ငံသား​ေတြ ဒီတႀကိမ္​ကစလို႔ မဲ​ေပးတ့ဲယဥ္​​ေက်းမႈ ျပန္​စလိုက္​ၾကရ​ေအာင္​ပါ။
.
   ႏွစ္​ပတ္​ဘဲလို​ေတာ့တ့ဲ အ​ေထြ​ေထြ​ေရြး​ေကာက္​ပြဲႀကီးမွာ မဲ​ေပးဖို႔ စဥ္​းစားမိတာ​ေလး​ေတြ စုစည္​း​ေပးလိုက္​ပါတယ္​။
* ပထမဆံုးက​ေတာ့ မဲစာရင္​းမွာ ပါဖို႔ပါဘဲ။ ႏိုဝင္​ဘာလဆန္​းမွာ ​ေနာက္​ဆံုးတႀကိမ္​ ​ေၾကျငာဦးမယ္​ထင္​တယ္​။ မပါ​ေသးရင္​လဲ ပါ​ေအာင္​လုပ္​ၾကပါ။ မဲ​ေပးလက္​မွတ္​လဲ ျပန္​ထုတ္​​ေဝမယ္​လို႔ ​ေၾကျငာပါတယ္​။ မရရင္​ ဆယ္​အိမ္​မႉး ရာအိမ္​မႉး​ေတြက တဆင္​့ အ​ေၾကာင္​းၾကားၿပီး ရ​ေအာင္​လုပ္​ၾကပါ။ မဲစာရင္​းမွာ ပါၿပီးသူုက​ေတာ့ မဲ​ေပးလက္​မွတ္​မရလဲ မဲ​ေပးခြင္​့ရမယ္​ ​ေျပာတယ္​။ ဒါ​ေပမ့ဲ မဲ​ေပးခြင္​့လက္​မွတ္​ ရထားတာ စိတ္​ခ်ရပါမယ္​။

* မိမိရပ္​ကြက္​ ​ေက်းရြာရဲ႕ မည္​သည္​့​ေနရာမွာ မဲ​ေပးရမွာကို ႀကိဳတင္​​ေမးျမန္​းထားပါ။ ဒုတိယတႀကိမ္​ ထုတ္​ျပန္​ခ့ဲတ့ဲ မဲစာရင္​းအရဆိုရင္​ တအိမ္​ထဲ​ေနသူ​ေတြ​ေတာင္​ မဲရံုကြဲႏိုင္​လို႔ပါ။

*၂၀၁၅ခု ႏို၀င္​ဘာလ ၈ရက္​​ေန႔ တနဂၤ​ေႏြ မွာ မဲ​ေပးၾကရပါမယ္​။ မနက္​​ေျခာက္​နာရီမွာ မဲရံုစဖြင္​့ၿပီး ည​ေန ​ေလးနာရီမွာ မဲရံုပိတ္​ပါမယ္​။ မဲ​ေပးခ်ိန္​ ဆယ္​နာရီ၊ တနည္​း မိနစ္​​ေျခာက္​ရာဘဲ ႐ွိပါတယ္​။ တ​ေယာက္​ တမိနစ္​ႏႈံးနဲ႔တြက္​ရင္​ လူ​ေျခာက္​ရာဘဲ မဲ​ေပးလို႔ရပါမယ္​။ ​ေစာ​ေစာမဲ​ေပးထားရင္​ စိတ္​ခ်ရပါတယ္​။

* မဲရံုကို သြားရင္​ ႏိုင္​ငံသားလက္​မွတ္​ မွတ္​ပံုတင္​ကဒ္​လို အ​ေထာက္​အထားတခု ယူသြားဖို႔ လိုပါတယ္​။ ပါတီတခုရဲ႕ တံဆိပ္​ အလံ အက်ႌ ရင္​ထိုး အမွတ္​အသားပါပစၥည္​း တခုမွ မယူသြားရပါ။

* သင္​ မဲ သံုးႀကိမ္​​ေပးရပါမယ္​။ ျပည္​သူ႔လႊတ္​​ေတာ္​၊ အမ်ိဳးသားလႊတ္​​ေတာ္​၊ တိုင္​း/ျပည္​နယ္​ လႊတ္​​ေတာ္​​ေတြအတြက္​ပါ။ တိုင္​းရင္​းသားျဖစ္​ရင္​ ​ေနာက္​တ​ေစာင္​ ​ေပးရပါမယ္​။ မဲတ​ေစာင္​ထုတ္​၊ မိမိႏွစ္​သက္​တ့ဲပါတီ​ေဘးက အကြက္​မွာ တံဆိပ္​တံုးႏွိပ္​၊ မဲပံုးထဲထည္​့ပါ။ သံုးႀကိမ္​ လုပ္​ရပါမယ္​။ ​ေနာက္​ဆံုးမဲ​ေပးၿပီး ျပန္​အထြက္​မွာ လက္​သန္​းကို ​ေဆးတို႔ရပါမယ္​။

*ဒီတႀကိမ္​ မဲ​ေပးတာက အမွန္​ခ်စ္​ရမွာ မဟုတ္​ဘဲ တံဆိပ္​တံုး​ေလးနဲ႔ ႏွိပ္​​ေပးရမွာပါ။ မိမိ​ေပးလိုတ့ဲ ပါတီရဲ႕​ေဘးက အကြက္​​ေလးထဲမွာ ႏွိပ္​ပါ။ ​ေကာင္​းတာက အဲဒီအကြက္​​ေလးကို လက္​မ လက္​ညႇိဳး​ေလးနဲ႔ ခြၿပီးကာပါ။ အလယ္​ကိုႏွိပ္​ရင္​ မလြဲႏိုင္​​ေလာက္​ပါ။ အ​ေရးအႀကီးဆံုးက တႀကိမ္​ဘဲ ႏွိပ္​ပါ။ နဲနဲထင္​ရင္​လဲ ရပါတယ္​။ မထင္​ဘူးထင္​ၿပီး ​ေနာက္​တႀကိမ္​ျပန္​ႏွိပ္​ရင္​ ပယ္​မဲျဖစ္​သြားပါၿပီ။ ဘာမွ်စိုးရိမ္​စရာ မလိုပါ။ တခ်ိဳ႕​ေနရာ​ေတြမွာ အစမ္​း​ေပးႏွိပ္​​ေနပါတယ္​။

* မဲ​ေပးၿပီးရင္​ သင္​တာဝန္​​ေၾကပါၿပီ။ လွိ်ဳ႕ဝွက္​မဲ​ေပးတာမို႔ သင္​ဘယ္​သူ႔ကို​ေပးတာ အျခားသူ မသိႏိုင္​ပါ။ သင္​့ကို ၿခိမ္​း​ေျခာက္​သူ လႊမ္​းမိုးႏိုင္​သူက ဘယ္​သူ႔ကို မဲ​ေပးရမယ္​​ေျပာလဲ `ဟုတ္​က့ဲဲ ´ ျပန္​​ေျပာၿပီး မဲရံုထဲမွာ သင္​ႀကိဳက္​သူ သင္​မဲ​ေပးႏိုင္​ပါတယ္​။ မဲလိမ္​တာ မဲခိုးတာ​ေတြသည္​ မဲဆႏၵ႐ွင္​မ်ား အလုပ္​မဟုတ္​ပါ။ ကိုယ္​့အလုပ္​ ကိုယ္​လုပ္​ဖို႔ဘဲ လိုပါတယ္​။ မဲမသမာမႈ​ေတြ မျဖစ္​​ေအာင္​ ႏိုင္​ငံ​ေရးပါတီ​ေတြ မဲရံုကိုယ္​စားလွယ္​မ်ား​ေတြ ျပည္​တြင္​းျပည္​ပ ​ေစာင္​့ၾကည္​့သူ​ေတြ လုပ္​ၾကပါလိမ္​့မယ္​။ ကိုယ္​့တာဝန္​က မဲ​ေပးျဖစ္​​ေအာင္​ မဲ​ေပးဖို႔ပါဘဲ။
.
   ျမန္​မာ့႐ုပ္​ျမင္​သံၾကားက ထုတ္​လႊင္​့​ေပး​ေနတ့ဲ မဲ​ေပးတာနဲ႔ ပတ္​သက္​တ့ဲ အစီအစဥ္​ကိုလဲ တႀကိမ္​​ေလာက္​ၾကည္​့ရင္​ အက်ိဳး႐ွိပါတယ္​။ မဲ​ေပးပံု မဲ​ေပးနည္​းကို ကိုယ္​တိုင္​သ​ေဘာ​ေပါက္​ရင္​လဲ အျခားသူ​ေတြသိ​ေအာင္​ ​ေျပာျပ​ေပးပါ။ သင္​ မဲ​ေပးျဖစ္​​ေအာင္​ ​ေပးပါ။ ​ေက်းဇူးတင္​ပါတယ္​။ 

22 October 2015

မဲဆွယ်​​နေကြပြီ၊

 (Unicode version)

    လွန်​ခ့ဲတ့ဲ နှစ်​လ​လောက်​ကစပြီး ​ဒေါ်​အောင်​ဆန်​းစုကြည်​ မြန်​မာနိုင်​ငံ အနှံအပြား ခရီးထွက်​ပြီး မဲဆွယ်​​ဟော​ပြောပါတယ်​။

​ဒေသနဲ့ဆိုင်​တာ​ပြောသလို အဖွဲ့ချုပ်​ရဲ့ မူ​တွေကိုလဲ မထပ်​​အောင်​ ​ပြောသွားနိုင်​ပါတယ်​။

တိုင်​းရင်​းသား​ဒေသ​တွေမှာ ဘာ​ကြောင်​့ NLD ဝင်​အ​ရွေးခံရသလဲမှသည်​ သူတို့နိုင်​ရင်​ သမတဘယ်​လိုခူန်ူ့မလဲအထိ ​ပြောပါတယ်​။

အစိုးရဖွဲ့ရင်​ လုပ်​မ့ဲဟာ​တွေ​ပြောခ့ဲ​ပေမ့ဲ ကတိ​တွေကို​တော့ ဘုံး​ပေါလ​အော မ​ပေးပါဘူး။ အကျိုးရှိထိ​ရောက်​မ့ဲစကား​တွေကို အချိန်​တိုအတွင်​း ​ပြောသွားတာ သတိထားမိတယ်​။ ကျန်​ NLD အမတ်​​လောင်​း​တွေ ​ဖော်​လိုလိုက်​ မျက်​နှာပြ လုပ်​ရုံပါဘဲ။

.

တဖက်​ကအဖွဲ့က​တော့ အိုးနင်​းခွက်​နင်​းပါ။ တချို့ဆို သူများ​ပြောတာ လိုက်​ရှင်​း၊ သူများကို အပုတ်​ချဘဲ ​ပြောနိုင်​ပါတယ်​။ ဖရဲသီးကို ရှင်​းလို့မပြီးနိုင်​​သေး။ သူတို့​ပြောရင်​ ကားနဲ့ဖုန်​း​ပေါလာတာဘဲ ​ပြောကြတယ်​။ ရန်​ကုန်​ကလူ​တွေ ကားစိတ်​ကုန်​​နေတာ သူတို့သိဟန်​မတူ။ ဖုန်​းကလဲ ​ဈေးတင်​ပြီးမှ ပြန်​ချ​ပေးတာမို့ ​ကျေးဇူးတင်​ချင်​ရင်​ ​ရွှေပြည်​တံခွန်​ကိုဘဲ တင်​သင်​့တယ်​။ ဖုန်​း​ဈေးချဖို့ မဖြစ်​နိုင်​ပါဘူး​ပြောလို့ သမတကဖြုတ်​လိုက်​ရတ့ဲ ဆက်​သွယ်​​ရေးဝန်​ကြီးလဲ ပြန်​အ​ရွေးခံသတ့ဲ​ဗျား။ လျှပ်​စစ်​​တွေပိုလို့​ရောင်​းတာ၊ ကျုပ်​လျှပ်​စစ်​အ​ကြောင်​း အသိဆုံးဆိုလို့ ဖြုတ်​လိုက်​ရတ့ဲ ပိုလျံဝန်​ကြီးလဲ အ​ရွေးခံ​သေးလား မသိပါ။ သူတို့မဲဆွယ်​သမျှ ကာတွန်​း​ရေးဖို့နဲ့ ဟာသပြက်​လုံးအတွက်​ ဖြစ်​​နေတယ်​။

.

လက်​​တွေ့ မ​အောင်​မြင်​ခ့ဲတာ ​မေ့ထားလို့ရဦး။ ခုမှ ပြန်​စကြတယ်​ဆိုရင်​​တောင်​ အလုပ်​မ​ပြောနဲ့။ အ​ပြော​တောင်​ မယှဉ်​နိုင်​တာ ​တွေ့​နေရတယ်​။ အလုပ်​က​တော့ ပြီးခ့ဲတ့ဲ ငါးနှစ်​၊ သူ့​ရှေ့က နှစ်​နှစ်​ဆယ်​​ကျော်​ မြင်​ခ့ဲကြပါပြီ။ တိုးတက်​တယ်​ဆိုတာ ကုန်​ခ့ဲတ့ဲ အချိန်​နဲ့ တန်​မတန်​ တွက်​ကြည်​့ရပါမယ်​။ ကိုယ်​စိုက်​ခ့ဲတ့ဲအပင်​ ကိုယ်​​မွေးခ့ဲတ့ဲနွား ငါးနှစ်​စာ ကြီးလာမှာ​တော့ ​သေချာတာ​ပေါ့။ ပြိုင်​တူ စိုက်​ခ့ဲ​မွေးခ့ဲတ့ဲ သူများအပင်​​တွေ နွား​တွေနဲ့ ယှဉ်​ကြည်​့ဖို့​တော့ လိုမှာ​ပေါ့​ဗျာ။ ကုန်​ခ့ဲတ့ဲ အချိန်​​တွေ နှ​မြောစရာ။

.

​ပြောသာ​ပြောရတယ်​။ သူတို့လဲ ဒီ​လောက်​​တော့ သိမှာပါ။ မင်​းထက်​​တောင်​ ပိုသိ​သေးလို့ ​ပြော​နေဦးမယ်​။ ဒါဖြင်​့ ဘာ​ကြောင်​့ ဆက်​လုပ်​ချင်​​နေသလဲ ​တွေးမိတယ်​။ အများထင်​​နေသလို တိုင်​းပြည်​ဘဏ္႑ာ ကိုယ်​့ဟာမှတ်​​နေတုံးမို့ ထင်​တယ်​။ အများစုကြီးက ထင်​တာပါ၊ ကျွန်​​တော်​က​တော့ မသိပါဘူး။ ဘာလို့လဲဆို ကံငါးပါးကို ​ကြောက်​ရမှန်​းသိ​နေလို့​ဗျ။

XxXxXx

(Zawgyi version )

  လြန္​ခ့ဲတ့ဲ ႏွစ္​လ​ေလာက္​ကစၿပီး ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ ျမန္​မာႏိုင္​ငံ အႏွံအျပား ခရီးထြက္​ၿပီး မဲဆြယ္​​ေဟာ​ေျပာပါတယ္​။
​ေဒသနဲ႔ဆိုင္​တာ​ေျပာသလို အဖြဲ႔ခ်ဳပ္​ရဲ႕ မူ​ေတြကိုလဲ မထပ္​​ေအာင္​ ​ေျပာသြားႏိုင္​ပါတယ္​။
တိုင္​းရင္​းသား​ေဒသ​ေတြမွာ ဘာ​ေၾကာင္​့ NLD ဝင္​အ​ေရြးခံရသလဲမွသည္​ သူတို႔ႏိုင္​ရင္​ သမတဘယ္​လိုခူႏ္ူ႔မလဲအထိ ​ေျပာပါတယ္​။
အစိုးရဖြဲ႔ရင္​ လုပ္​မ့ဲဟာ​ေတြ​ေျပာခ့ဲ​ေပမ့ဲ ကတိ​ေတြကို​ေတာ့ ဘံုး​ေပါလ​ေအာ မ​ေပးပါဘူး။ အက်ိဳး႐ွိထိ​ေရာက္​မ့ဲစကား​ေတြကို အခ်ိန္​တိုအတြင္​း ​ေျပာသြားတာ သတိထားမိတယ္​။ က်န္​ NLD အမတ္​​ေလာင္​း​ေတြ ​ေဖာ္​လိုလိုက္​ မ်က္​ႏွာျပ လုပ္​ရံုပါဘဲ။
.
တဖက္​ကအဖြဲ႔က​ေတာ့ အိုးနင္​းခြက္​နင္​းပါ။ တခ်ိဳ႕ဆို သူမ်ား​ေျပာတာ လိုက္​႐ွင္​း၊ သူမ်ားကို အပုတ္​ခ်ဘဲ ​ေျပာႏိုင္​ပါတယ္​။ ဖရဲသီးကို ႐ွင္​းလို႔မၿပီးႏိုင္​​ေသး။ သူတို႔​ေျပာရင္​ ကားနဲ႔ဖုန္​း​ေပါလာတာဘဲ ​ေျပာၾကတယ္​။ ရန္​ကုန္​ကလူ​ေတြ ကားစိတ္​ကုန္​​ေနတာ သူတို႔သိဟန္​မတူ။ ဖုန္​းကလဲ ​ေစ်းတင္​ၿပီးမွ ျပန္​ခ်​ေပးတာမို႔ ​ေက်းဇူးတင္​ခ်င္​ရင္​ ​ေရႊျပည္​တံခြန္​ကိုဘဲ တင္​သင္​့တယ္​။ ဖုန္​း​ေစ်းခ်ဖို႔ မျဖစ္​ႏိုင္​ပါဘူး​ေျပာလို႔ သမတကျဖဳတ္​လိုက္​ရတ့ဲ ဆက္​သြယ္​​ေရးဝန္​ႀကီးလဲ ျပန္​အ​ေရြးခံသတ့ဲ​ဗ်ား။ လွ်ပ္​စစ္​​ေတြပိုလို႔​ေရာင္​းတာ၊ က်ဳပ္​လွ်ပ္​စစ္​အ​ေၾကာင္​း အသိဆံုးဆိုလို႔ ျဖဳတ္​လိုက္​ရတ့ဲ ပိုလ်ံဝန္​ႀကီးလဲ အ​ေရြးခံ​ေသးလား မသိပါ။ သူတို႔မဲဆြယ္​သမွ် ကာတြန္​း​ေရးဖို႔နဲ႔ ဟာသျပက္​လံုးအတြက္​ ျဖစ္​​ေနတယ္​။
.
လက္​​ေတြ႔ မ​ေအာင္​ျမင္​ခ့ဲတာ ​ေမ့ထားလို႔ရဦး။ ခုမွ ျပန္​စၾကတယ္​ဆိုရင္​​ေတာင္​ အလုပ္​မ​ေျပာနဲ႔။ အ​ေျပာ​ေတာင္​ မယွဥ္​ႏိုင္​တာ ​ေတြ႔​ေနရတယ္​။ အလုပ္​က​ေတာ့ ၿပီးခ့ဲတ့ဲ ငါးႏွစ္​၊ သူ႔​ေ႐ွ႕က ႏွစ္​ႏွစ္​ဆယ္​​ေက်ာ္​ ျမင္​ခ့ဲၾကပါၿပီ။ တိုးတက္​တယ္​ဆိုတာ ကုန္​ခ့ဲတ့ဲ အခ်ိန္​နဲ႔ တန္​မတန္​ တြက္​ၾကည္​့ရပါမယ္​။ ကိုယ္​စိုက္​ခ့ဲတ့ဲအပင္​ ကိုယ္​​ေမြးခ့ဲတ့ဲႏြား ငါးႏွစ္​စာ ႀကီးလာမွာ​ေတာ့ ​ေသခ်ာတာ​ေပါ့။ ၿပိဳင္​တူ စိုက္​ခ့ဲ​ေမြးခ့ဲတ့ဲ သူမ်ားအပင္​​ေတြ ႏြား​ေတြနဲ႔ ယွဥ္​ၾကည္​့ဖို႔​ေတာ့ လိုမွာ​ေပါ့​ဗ်ာ။ ကုန္​ခ့ဲတ့ဲ အခ်ိန္​​ေတြ ႏွ​ေျမာစရာ။
.
​ေျပာသာ​ေျပာရတယ္​။ သူတို႔လဲ ဒီ​ေလာက္​​ေတာ့ သိမွာပါ။ မင္​းထက္​​ေတာင္​ ပိုသိ​ေသးလို႔ ​ေျပာ​ေနဦးမယ္​။ ဒါျဖင္​့ ဘာ​ေၾကာင္​့ ဆက္​လုပ္​ခ်င္​​ေနသလဲ ​ေတြးမိတယ္​။ အမ်ားထင္​​ေနသလို တိုင္​းျပည္​ဘ႑ာ ကိုယ္​့ဟာမွတ္​​ေနတံုးမို႔ ထင္​တယ္​။ အမ်ားစုႀကီးက ထင္​တာပါ၊ ကြၽန္​​ေတာ္​က​ေတာ့ မသိပါဘူး။ ဘာလို႔လဲဆို ကံငါးပါးကို ​ေၾကာက္​ရမွန္​းသိ​ေနလို႔​ဗ်။ 

18 October 2015

အစိမ်​း နဲ့ အနီ

 (Unicode version )

       ပထမတ​ယောက်​က​ပြောတယ်​၊

တတိုင်​းလုံး စိမ်​း​စေရမယ်​တ့ဲ။

   ​နောက်​တ​ယောက်​က ​ပြောပြန်​တယ်​၊

တပြည်​လုံး စိမ်​း​စေရမယ်​တ့ဲ။

   သစ်​​တောကြီး​တွေ စိမ်​း​နေတာ တိုင်​းပြည်​အတွက်​ မ​ကောင်​းဘူးလားတ့ဲ။ သစ်​ခုတ်​တ့ဲသူ​တွေအတွက်​ဘဲ ​ကောင်​းသွားပါတယ်​။

   စပါးခင်​းကြီး​တွေ စိမ်​း​နေတာ လူ​တွေအတွက်​ မ​ကောင်​းဘူးလားတ့ဲ။ စပါး​တွေမှည်​့ပြီး ​ရွှေဝါ​ရောင်​သန်​းမှ လူ​တွေအတွက်​ ​ကောင်​းပါတယ်​။

   မြက်​ခင်​းကြီး​တွေ စိမ်​း​နေတာ ဘယ်​သူ့အတွက်​ ​ကောင်​းပါသလဲ၊ သိပါတယ်​ သိပါတယ်​ ၊ နွား​တွေ ဆိတ်​​တွေအတွက်​ ​ကောင်​းပါတယ်​။

.

   အလကား ရီစရာ စကားကပ်​​ပြောတာပါ။ ကမ္ဘာကြီးမှာ ဘယ်​အ​ရောင်​မဆို သူ့အစွမ်​းနဲ့ သူကြီးပါဘဲ။ အပြာလဲ အပြာမို့၊ အဝါလဲ အဝါမို့ သူ့​ကောင်​းကွက်​နဲ့ သူကြီးပါဘဲ။

   အစိမ်​းမှာလဲ ​ကောင်​းတာ​တွေ အများကြီးပါဘဲ။ အစိမ်​း​ကောင်​း​ကြောင်​း​တွေ ​ပြောပြ​နေရင်​ ဆုံးမှာ​တောင်​ မဟုတ်​​တော့။ သူ့အဆင်​းနှင်​့ သူ့အချင်​း​ပေါ့။

   အဲ..... အစိမ်​းထဲမှာ မ​ကောင်​းတ့ဲအစိမ်​းက တခုဘဲ ရှိတယ်​။ ဘာလဲ​တော့ မ​ပြော​တော့ပါဘူး။ မြန်​မာပြည်​သူ ပြည်​သား​တွေ အသိဆုံးမို့ပါ။ ခစ်​ ခစ်​ ခစ်​။

XxXxXx

(Zawgyi version)

      ပထမတ​ေယာက္​က​ေျပာတယ္​၊
တတိုင္​းလံုး စိမ္​း​ေစရမယ္​တ့ဲ။
   ​ေနာက္​တ​ေယာက္​က ​ေျပာျပန္​တယ္​၊
တျပည္​လံုး စိမ္​း​ေစရမယ္​တ့ဲ။
   သစ္​​ေတာႀကီး​ေတြ စိမ္​း​ေနတာ တိုင္​းျပည္​အတြက္​ မ​ေကာင္​းဘူးလားတ့ဲ။ သစ္​ခုတ္​တ့ဲသူ​ေတြအတြက္​ဘဲ ​ေကာင္​းသြားပါတယ္​။
   စပါးခင္​းႀကီး​ေတြ စိမ္​း​ေနတာ လူ​ေတြအတြက္​ မ​ေကာင္​းဘူးလားတ့ဲ။ စပါး​ေတြမွည္​့ၿပီး ​ေရႊဝါ​ေရာင္​သန္​းမွ လူ​ေတြအတြက္​ ​ေကာင္​းပါတယ္​။
   ျမက္​ခင္​းႀကီး​ေတြ စိမ္​း​ေနတာ ဘယ္​သူ႔အတြက္​ ​ေကာင္​းပါသလဲ၊ သိပါတယ္​ သိပါတယ္​ ၊ ႏြား​ေတြ ဆိတ္​​ေတြအတြက္​ ​ေကာင္​းပါတယ္​။
.
   အလကား ရီစရာ စကားကပ္​​ေျပာတာပါ။ ကမာၻၾကီးမွာ ဘယ္​အ​ေရာင္​မဆို သူ႔အစြမ္​းနဲ႔ သူႀကီးပါဘဲ။ အျပာလဲ အျပာမို႔၊ အဝါလဲ အဝါမို႔ သူ႔​ေကာင္​းကြက္​နဲ႔ သူႀကီးပါဘဲ။
   အစိမ္​းမွာလဲ ​ေကာင္​းတာ​ေတြ အမ်ားႀကီးပါဘဲ။ အစိမ္​း​ေကာင္​း​ေၾကာင္​း​ေတြ ​ေျပာျပ​ေနရင္​ ဆံုးမွာ​ေတာင္​ မဟုတ္​​ေတာ့။ သူ႔အဆင္​းႏွင္​့ သူ႔အခ်င္​း​ေပါ့။
   အဲ..... အစိမ္​းထဲမွာ မ​ေကာင္​းတ့ဲအစိမ္​းက တခုဘဲ ႐ွိတယ္​။ ဘာလဲ​ေတာ့ မ​ေျပာ​ေတာ့ပါဘူး။ ျမန္​မာျပည္​သူ ျပည္​သား​ေတြ အသိဆံုးမို႔ပါ။ ခစ္​ ခစ္​ ခစ္​။ 

13 October 2015

Boeing 737-800

New boeing 737 arrived for MYANMAR NATIONAL AIRLINES.
Congratulations.

သန်​း​ခေါင်​ယံ ဇတ်​လမ်​းအဆက်​

(Unicode version)

       သြဂုတ်​လအတွင်​းက ဖြစ်​ခ့ဲ​သော သန်​း​ခေါင်​ယံ နန်​းတွင်​းအ​ရေး​တော်​ပုံကို မှတ်​မိကြမည်​ ထင်​ပါသည်​။ အာဏာရပါတီအတွင်​း ငှက္ကဌရာထူး လုကြခြင်​းပါ။ စစ်​တပ်​မှ ထွက်​လာ​သောသူများ ကြီးစိုးရာ ​နေရာပီပီ လက်​နက်​ကိုင်​​စောင်​့၍ ​ဖြေရှင်​းခ့ဲကြသည်​။ အခု နဲနဲကြာလာ​တော့ ​အေးသွားပြီလားထင်​တာ ဇတ်​လမ်​းက မပြီး​သေးပါ။ ဖွဲမီးက တ​ငွေ့​ငွေ့​လောင်​ဆဲ။

.

     ပြီးခ့ဲသည်​့အပတ်​က သတင်​းများထွက်​လာသည်​။ သန်​း​ခေါင်​ယံ ဇတ်​လမ်​းဖြစ်​ပြီး ​နောက်​တရက်​တွင်​​ကြေငြာမည်​့ ကြံ့ဖွံ့ ပါတီ​ရွေး​ကောက်​ပွဲဆိုင်​ရာ ​ကြေငြာစာတမ်​းကို ရထားပြီဆိုသည်​့ သတင်​းဖြစ်​သည်​။ အပယ်​ခံဦး​ရွှေမန်​းတို့ အဖွဲ့မှ ပြုစုထားတာဘဲ ဖြစ်​မည်​။ ယခုတိုင်​ တရားဝင်​ မ​ကြေငြာသည်​့ ​ကြေငြာစာတမ်​း။ ထိုစာတမ်​းတွင်​ တိုင်​းပြည်​တွင်​ ပြင်​ဆင်​သင်​့သည်​့ နိုင်​ငံ​ရေး စစ်​​ရေး စီးပွား​ရေး အချက်​များ ပါသည်​ဟုဆိုပါသည်​။ မကြာမှီ ထုတ်​ပြန်​ဖွယ်​ရာရှိပါသည်​။

.

     ထိုအထဲတွင်​ ပါရှိသည်​့အချက်​များ​ကြောင်​့ ဦး​ရွှေမန်​း နာမည်​ပြန်​ရလာနိုင်​ဟန်​တူသည်​။ သမတအဖွဲ့မှ လက်​တုံ့ပြန်​လာပါသည်​။ အစိုးရ ရုပ်​မြင်​သံကြား MRTVမှ မိုး​လေဝသဆရာကြီး ဦးထွန်​းလွင်​နှင်​့ အင်​တာ​ဗျူးလွှင်​့သည်​။ ထိုအထဲတွင်​ နာဂစ်​အချိန်​က မုန်​တိုင်​း၏ အန္တရယ်​ကို အစိုးရလူကြီးများသိရန်​ မိုး​လေဝသမှ သတင်​းပို့ခ့ဲ​သော်​လည်​း ဦး​ရွှေမန်​းအဆင်​့မှ အ​ပေါ်ကိုဆက်​သတင်​းမပို့သဖြင်​့ သူသည်​ တာဝန်​ရှိသူဖြစ်​​ကြောင်​း ပါသွားပါသည်​။ သ​ဘောက​တော့ သမတဘက်​မှ နာဂစ်​တာဝန်​ရှိသူအဖြစ်​ ဦး​ရွှေမန်​းကို ကစ်​လိုက်တာပါ။ ဦး​ရွှေမန်​း နာမည်​ရမည်​ကို စိုး​သော​ကြောင်​့ လုပ်​သည်​့သ​ဘောထင်​ပါသည်​။ ဇတ်​လမ်​းက ပြီးဟန်​မတူ​သေး။

.

     ​နောက်​သုံးပတ်​ခန်​့တွင်​ ​ရွေး​ကောက်​ပွဲ ကျင်​းပ​တော့မည်​။ ဦး​ရွှေမန်​း၏ ​ရွေး​ကောက်​ပွဲ ပိုစတာ​ဗင်​နိုင်​းတွင်​ ကြ့ံဖွံတံဆိပ်​မ​တွေ့မိ။ ပါတီတိုင်​းသည်​ မိမိပါတီမှ အမတ်​​လောင်​း အနိုင်​ရ​စေချင်​တာ ​သေချာပါသည်​။ အခြားပါတီများအတွက်​ ၁၀၀% ​သေချာ​သော်​လည်​း ပါတီတွင်​​နေရာပြန်​ရထား​သော သမတနှင်​့သူ့ CEC များက ဖြူးမြို့နယ်​မှ ကြ့ံဖွံအမတ်​ နိုင်​​စေချင်​ပါ့မလား။ သံသယဖြစ်​မိပါသည်​။

XxXxXx

(Zawgyi version)

       ၾသဂုတ္​လအတြင္​းက ျဖစ္​ခ့ဲ​ေသာ သန္​း​ေခါင္​ယံ နန္​းတြင္​းအ​ေရး​ေတာ္​ပံုကို မွတ္​မိၾကမည္​ ထင္​ပါသည္​။ အာဏာရပါတီအတြင္​း ငွကၠဌရာထူး လုၾကျခင္​းပါ။ စစ္​တပ္​မွ ထြက္​လာ​ေသာသူမ်ား ႀကီးစိုးရာ ​ေနရာပီပီ လက္​နက္​ကိုင္​​ေစာင္​့၍ ​ေျဖ႐ွင္​းခ့ဲၾကသည္​။ အခု နဲနဲၾကာလာ​ေတာ့ ​ေအးသြားၿပီလားထင္​တာ ဇတ္​လမ္​းက မၿပီး​ေသးပါ။ ဖြဲမီးက တ​ေငြ႔​ေငြ႔​ေလာင္​ဆဲ။
.
     ၿပီးခ့ဲသည္​့အပတ္​က သတင္​းမ်ားထြက္​လာသည္​။ သန္​း​ေခါင္​ယံ ဇတ္​လမ္​းျဖစ္​ၿပီး ​ေနာက္​တရက္​တြင္​​ေၾကျငာမည္​့ ၾကံ့ဖြံ႔ ပါတီ​ေရြး​ေကာက္​ပြဲဆိုင္​ရာ ​ေၾကျငာစာတမ္​းကို ရထားၿပီဆိုသည္​့ သတင္​းျဖစ္​သည္​။ အပယ္​ခံဦး​ေရႊမန္​းတို႔ အဖြဲ႔မွ ျပဳစုထားတာဘဲ ျဖစ္​မည္​။ ယခုတိုင္​ တရားဝင္​ မ​ေၾကျငာသည္​့ ​ေၾကျငာစာတမ္​း။ ထိုစာတမ္​းတြင္​ တိုင္​းျပည္​တြင္​ ျပင္​ဆင္​သင္​့သည္​့ ႏိုင္​ငံ​ေရး စစ္​​ေရး စီးပြား​ေရး အခ်က္​မ်ား ပါသည္​ဟုဆိုပါသည္​။ မၾကာမွီ ထုတ္​ျပန္​ဖြယ္​ရာ႐ွိပါသည္​။
.
     ထိုအထဲတြင္​ ပါ႐ွိသည္​့အခ်က္​မ်ား​ေၾကာင္​့ ဦး​ေရႊမန္​း နာမည္​ျပန္​ရလာႏိုင္​ဟန္​တူသည္​။ သမတအဖြဲ႔မွ လက္​တံု႔ျပန္​လာပါသည္​။ အစိုးရ ႐ုပ္​ျမင္​သံၾကား MRTVမွ မိုး​ေလဝသဆရာႀကီး ဦးထြန္​းလြင္​ႏွင္​့ အင္​တာ​ဗ်ဴးလႊင္​့သည္​။ ထိုအထဲတြင္​ နာဂစ္​အခ်ိန္​က မုန္​တိုင္​း၏ အႏၲရယ္​ကို အစိုးရလူႀကီးမ်ားသိရန္​ မိုး​ေလဝသမွ သတင္​းပို႔ခ့ဲ​ေသာ္​လည္​း ဦး​ေရႊမန္​းအဆင္​့မွ အ​ေပၚကိုဆက္​သတင္​းမပို႔သျဖင္​့ သူသည္​ တာဝန္​႐ွိသူျဖစ္​​ေၾကာင္​း ပါသြားပါသည္​။ သ​ေဘာက​ေတာ့ သမတဘက္​မွ နာဂစ္​တာဝန္​႐ွိသူအျဖစ္​ ဦး​ေရႊမန္​းကို ကစ္​လိုက္တာပါ။ ဦး​ေရႊမန္​း နာမည္​ရမည္​ကို စိုး​ေသာ​ေၾကာင္​့ လုပ္​သည္​့သ​ေဘာထင္​ပါသည္​။ ဇတ္​လမ္​းက ၿပီးဟန္​မတူ​ေသး။
.
     ​ေနာက္​သံုးပတ္​ခန္​႔တြင္​ ​ေရြး​ေကာက္​ပြဲ က်င္​းပ​ေတာ့မည္​။ ဦး​ေရႊမန္​း၏ ​ေရြး​ေကာက္​ပြဲ ပိုစတာ​ဗင္​ႏိုင္​းတြင္​ ၾက့ံဖြံတံဆိပ္​မ​ေတြ႔မိ။ ပါတီတိုင္​းသည္​ မိမိပါတီမွ အမတ္​​ေလာင္​း အႏိုင္​ရ​ေစခ်င္​တာ ​ေသခ်ာပါသည္​။ အျခားပါတီမ်ားအတြက္​ ၁၀၀% ​ေသခ်ာ​ေသာ္​လည္​း ပါတီတြင္​​ေနရာျပန္​ရထား​ေသာ သမတႏွင္​့သူ႔ CEC မ်ားက ျဖဴးၿမိဳ႕နယ္​မွ ၾက့ံဖြံအမတ္​ ႏိုင္​​ေစခ်င္​ပါ့မလား။ သံသယျဖစ္​မိပါသည္​။ 

07 October 2015

နိုင်​ငံ့ကိုယ်​ခံစွမ်းအား

(Unicode version)

       လူတ​ယောက်​ အသက်​ရှည်​ ကျန်​းမာစွာ ​နေထိုင်​နိုင်​ဖို့ရာ ကိုယ်​ခံစွမ်​းအား လိုပါတယ်​။ ကိုယ်​ခံစွမ်​း​ကောင်​း​နေရင်​ ပြင်​ပ​ရောဂါ​တွေ အလွယ်​တကူမဝင်​နိုင်​တာ လူတိုင်​းသိပါတယ်​။ ကိုယ်​ခံစွမ်​းအား ​ကောင်​း​နေ​အောင်​လဲ အ​ထောက်​အပံ့​တွေ လိုပါတယ်​။ သာမန်​ ကိုယ်​လက်​​လေ့ကျင်​့ခန်​းနဲ့တင်​ မလုံ​လောက်​ပါ။ ကျန်​းမာ​အောင်​ ဘယ်​လို​နေရမယ်​ဆိုတ့ဲ ပညာအသိ၊ သင်​့တင်​့​လျောက်​ပတ်​တ့ဲ ပတ်​ဝန်​းကျင်​၊ လိုတာ​တွေ ဝယ်​ယူဖြည်​့နိုင်​တ့ဲ ​ငွေ​ကြေး စသဖြင်​့ လိုအပ်​တာ အားလုံး သ​ဘော​ပေါက်​ကြမှာပါ။

.

     နိုင်​ငံတနိုင်​ငံ ​ရေရှည်​တည်​တ့ံဖို့လဲ ဒီလိုဘဲ ဘက်​စုံ​တောင်​့တင်​းဖို့ လိုပါတယ်​။ ပညာ​ရေး ကျန်​းမာ​ရေး ဆက်​သွယ်​​ရေး ပို့​ဆောင်​​ရေး စစ်​​ရေး အစရှိသည်​ဖြင်​့​ပေါ့။ တဖက်​ထဲ တမျိုးထဲ ထူးချွန်​​နေယုံနဲ့ မလုံ​လောက်​​တော့ပါ။ ဒါ​တွေဖြည်​့ဆီးနိုင်​​အောင်​ ဘဏ္ဏာ​ရေး ၊ တနည်​းပိုက်​ဆံလိုပါတယ်​။

.

     ခုတ​လော မဲဆွယ်​ဖို့ တချို့​ပြောလာတ့ဲအထဲမှာ ဘာသာ​ရေးလဲ ပါလာပါတယ်​။ မှန်​ပါတယ်​။ ရွာတရွာလို့ တင်​စားလာရတ့ဲ ဒီ​နေ့ကမ္ဘာကြီးမှာ ကိုယ်​့နိုင်​ငံ ကိုယ်​့လူမျိုးရဲ့ Identity ဖြစ်​တ့ဲ ယဉ်​​ကျေးမှု ဘာသာ​ရေး လူမျိုး​ရေးလဲ အလွှမ်​းမခံရဖို့ အ​ရေးတကြီးလိုပါတယ်​။ နိုင်​ငံတနိုင်​ငံ ​ရေရှည်​​တော့ တည်​တံ့ပါရဲ့ ၊ လူမျိုးဘာသာကွယ်​​ပျောက်​ခ့ဲရင်​ အလကားဖြစ်​သွားမှာပါ။

.

     ကြားဖူးတာ​လေး နှစ်​ခု ြ​ပန်​​ပြောချင်​ပါတယ်​။ ဒုတိယကမ္ဘာစစ်​ ပြီးခါနီးအချိန်​က ကိုရီးယားနိုင်​ငံသား အများစုသည်​ ​ဗုဒ္ဓဘာသာဝင်​​တွေပါ။ ကိုရီးယားပြည်​တွင်​းစစ်​လဲ ဖြစ်​ပြီး​ရော ကိုရီးယားနိုင်​ငံ အရမ်​းဆင်​းရဲ​နေပါတယ်​။ အဲဒီလို လိုအပ်​​နေတ့ဲအချိန်​မှာ ​ဗုဒ္ဓဘာသာဝင်​ နိုင်​ငံ​တွေက အကူအညီ​ပေးမှု အင်​မတန်​ နည်​းခ့ဲပါတယ်​။ ခရစ်​ယာန်​မစ်​ရှင်​​တွေက ​လူအား ​ငွေအားများစွာနဲ့ ကူညီခ့ဲကြလို့ ယ​နေ့ ကိုရီးယားမှာ ခရစ်​ယာန်​ကိုးကွယ်​သူ များပြားသွားပါပြီ။ သူတို့ကိုလဲ အပစ်​တင်​စရာ မရှိပါ။ မိမိလိုအပ်​​နေတ့ဲအချိန်​၊ စားစရာ ​နေစရာ မရှိတ့ဲအချိန်​မှာ ကူညီသူကို အားကိုးကြမှာ ဓမ္မတာပါဘဲ။

.

     ​နောက်​တခုက နာဂစ်​အပြီးမှာပါ။ နာဂစ်​အပြီး ရက်​ပိုင်​းအတွင်​းမှာ ဧရာဝတီကလူ​တွေ ​တော်​​တော်​ကို ဒုက္ခ​ရောက်​​နေတာပါ။ ​နေစရာမရှိ၊ စာ​းစရာမရှိ၊ လူ​သေ​တွေ အကြားမှာ​ပေါ့။ အစိုးရကလဲ သူတို့ရဲ့ ဖွဲ့စည်​းပုံကြီး အင်​ထုဖို့ဘဲ ကြိုးစား​နေတယ်​။ အကူအညီ​ဝေးလို့၊ လူနဲနဲဘဲ ​သေတာပါလုပ်​​နေတယ်​။ အဲဒီအချိန်​မှာ ပထမဆုံး ဧရာဝတီထဲ ​ရောက်​သွားတ့ဲ ​ဗုဒ္ဓဘာသာအဖွဲ့က သီတဂူဆရာ​တော်​ကြီးရဲ့ အဖွဲ့ပါ။ ဘာ​တွေ​တွေ့ခ့ဲလို့ ဆရာ​တော်​ကြီး ဒီ​လောက်​အလှူခံပြီး ကူညီခ့ဲတယ်​ဆိုတာကို ​လေ့လာကြည်​့ရင်​၊ ဆရာ​တော်​ကြီး တရား​တွေနာကြည်​့ရင်​ သိကြပါလိမ်​့မယ်​။ စိတ်​ဝင်​စားသူများအတွက်​ ချန်​ထားခ့ဲပါတယ်​။

.

     ဒါ​ကြောင်​့ မြန်​မာနိုင်​ငံ ​ရေရှည်​တည်​​ရေးအတွက်​ မျိုးချစ်​စိတ်​ တခုထဲနဲ့ မရပါဘူး။ နိုင်​ငံချမ်​းသာဖို့လဲ လိုအပ်​ပါတယ်​။ လက်​ရှိမှာ မြန်​မာနိုင်​ငံသည်​ အီသီယိုပီးယားထက်​ နိမ်​့​နေပါပြီ။ လူသယံဇာတ သဘာဝသယံဇာတ​တွေ ရှိ​သော်​လည်​း စီမံခံခွဲမှု ည့ံတ့ဲအတွက်​ အဆင်​းရဲဆုံးနိုင်​ငံစာရင်​း ဝင်​​နေပါပြီ။ နိုင်​ငံဆင်​းရဲရင်​ အမျိုးကို ကာကွယ်​ဖို့ ခက်​ပါလိမ်​့မယ်​။ ဒီ​တော့ နိုင်​င့ံကိုယ်​ခံစွမ်​းအား ​ကောင်​းဖို့လိုပါတယ်​။ လက်​ရှိအစိုးရကလဲ ဝန်​ကြီး​တွေသာ ချမ်​းသာ​အောင်​လုပ်​တတ်​တာ၊ နိုင်ငံ့​အစိုးရ ချမ်​းသာ​အောင်​ မလုပ်​တတ်​တာ ​သေချာ​နေပါပြီ။ ဒီ​တော့ အမျိုးချစ်​သူ​တွေအ​နေနဲ့ နိုင်​ငံတိုးတက်​ချမ်​းသာ​အောင်​ လုပ်​​ပေးနိုင်​မ့ဲ ပါတီကို အစိုးရဖြစ်​​အောင်​ မဲ​ပေးဖို့လိုပါပြီ။

.

ဒါ့​ကြောင်​့ အမျိုး ဘာသာ သာသနာချစ်​သူများ #NLDကိုမဲ​ပေးကြစို့၊


XxXxXx

(Zawgyi version )

       လူတ​ေယာက္​ အသက္​႐ွည္​ က်န္​းမာစြာ ​ေနထိုင္​ႏိုင္​ဖို႔ရာ ကိုယ္​ခံစြမ္​းအား လိုပါတယ္​။ ကိုယ္​ခံစြမ္​း​ေကာင္​း​ေနရင္​ ျပင္​ပ​ေရာဂါ​ေတြ အလြယ္​တကူမဝင္​ႏိုင္​တာ လူတိုင္​းသိပါတယ္​။ ကိုယ္​ခံစြမ္​းအား ​ေကာင္​း​ေန​ေအာင္​လဲ အ​ေထာက္​အပံ့​ေတြ လိုပါတယ္​။ သာမန္​ ကိုယ္​လက္​​ေလ့က်င္​့ခန္​းနဲ႔တင္​ မလံု​ေလာက္​ပါ။ က်န္​းမာ​ေအာင္​ ဘယ္​လို​ေနရမယ္​ဆိုတ့ဲ ပညာအသိ၊ သင္​့တင္​့​ေလ်ာက္​ပတ္​တ့ဲ ပတ္​ဝန္​းက်င္​၊ လိုတာ​ေတြ ဝယ္​ယူျဖည္​့ႏိုင္​တ့ဲ ​ေငြ​ေၾကး စသျဖင္​့ လိုအပ္​တာ အားလံုး သ​ေဘာ​ေပါက္​ၾကမွာပါ။
.
     ႏိုင္​ငံတႏိုင္​ငံ ​ေရ႐ွည္​တည္​တ့ံဖို႔လဲ ဒီလိုဘဲ ဘက္​စံု​ေတာင္​့တင္​းဖို႔ လိုပါတယ္​။ ပညာ​ေရး က်န္​းမာ​ေရး ဆက္​သြယ္​​ေရး ပို႔​ေဆာင္​​ေရး စစ္​​ေရး အစ႐ွိသည္​ျဖင္​့​ေပါ့။ တဖက္​ထဲ တမ်ိုးထဲ ထူးခြၽန္​​ေနယံုနဲ႔ မလံု​ေလာက္​​ေတာ့ပါ။ ဒါ​ေတြျဖည္​့ဆီးႏိုင္​​ေအာင္​ ဘဏၰာ​ေရး ၊ တနည္​းပိုက္​ဆံလိုပါတယ္​။
.
     ခုတ​ေလာ မဲဆြယ္​ဖို႔ တခ်ိဳ႕​ေျပာလာတ့ဲအထဲမွာ ဘာသာ​ေရးလဲ ပါလာပါတယ္​။ မွန္​ပါတယ္​။ ရြာတရြာလို႔ တင္​စားလာရတ့ဲ ဒီ​ေန႔ကမာၻၾကီးမွာ ကိုယ္​့ႏိုင္​ငံ ကိုယ္​့လူမ်ိဳးရဲ႕ Identity ျဖစ္​တ့ဲ ယဥ္​​ေက်းမႈ ဘာသာ​ေရး လူမ်ိဳး​ေရးလဲ အလႊမ္​းမခံရဖို႔ အ​ေရးတႀကီးလိုပါတယ္​။ ႏိုင္​ငံတႏိုင္​ငံ ​ေရ႐ွည္​​ေတာ့ တည္​တံ့ပါရဲ႕ ၊ လူမ်ိဳးဘာသာကြယ္​​ေပ်ာက္​ခ့ဲရင္​ အလကားျဖစ္​သြားမွာပါ။
.
     ၾကားဖူးတာ​ေလး ႏွစ္​ခု ျ​ပန္​​ေျပာခ်င္​ပါတယ္​။ ဒုတိယကမာၻစစ္​ ၿပီးခါနီးအခ်ိန္​က ကိုရီးယားႏိုင္​ငံသား အမ်ားစုသည္​ ​ဗုဒၶဘာသာဝင္​​ေတြပါ။ ကိုရီးယားျပည္​တြင္​းစစ္​လဲ ျဖစ္​ၿပီး​ေရာ ကိုရီးယားႏိုင္​ငံ အရမ္​းဆင္​းရဲ​ေနပါတယ္​။ အဲဒီလို လိုအပ္​​ေနတ့ဲအခ်ိန္​မွာ ​ဗုဒၶဘာသာဝင္​ ႏိုင္​ငံ​ေတြက အကူအညီ​ေပးမႈ အင္​မတန္​ နည္​းခ့ဲပါတယ္​။ ခရစ္​ယာန္​မစ္​႐ွင္​​ေတြက ​လူအား ​ေငြအားမ်ားစြာနဲ႔ ကူညီခ့ဲၾကလို႔ ယ​ေန႔ ကိုရီးယားမွာ ခရစ္​ယာန္​ကိုးကြယ္​သူ မ်ားျပားသြားပါၿပီ။ သူတို႔ကိုလဲ အပစ္​တင္​စရာ မ႐ွိပါ။ မိမိလိုအပ္​​ေနတ့ဲအခ်ိန္​၊ စားစရာ ​ေနစရာ မ႐ွိတ့ဲအခ်ိန္​မွာ ကူညီသူကို အားကိုးၾကမွာ ဓမၼတာပါဘဲ။
.
     ​ေနာက္​တခုက နာဂစ္​အၿပီးမွာပါ။ နာဂစ္​အၿပီး ရက္​ပိုင္​းအတြင္​းမွာ ဧရာဝတီကလူ​ေတြ ​ေတာ္​​ေတာ္​ကို ဒုကၡ​ေရာက္​​ေနတာပါ။ ​ေနစရာမ႐ွိ၊ စာ​းစရာမ႐ွိ၊ လူ​ေသ​ေတြ အၾကားမွာ​ေပါ့။ အစိုးရကလဲ သူတို႔ရဲ႕ ဖြဲ႔စည္​းပံုႀကီး အင္​ထုဖို႔ဘဲ ႀကိဳးစား​ေနတယ္​။ အကူအညီ​ေဝးလို႔၊ လူနဲနဲဘဲ ​ေသတာပါလုပ္​​ေနတယ္​။ အဲဒီအခ်ိန္​မွာ ပထမဆံုး ဧရာဝတီထဲ ​ေရာက္​သြားတ့ဲ ​ဗုဒၶဘာသာအဖြဲ႔က သီတဂူဆရာ​ေတာ္​ႀကီးရဲ႕ အဖြဲ႔ပါ။ ဘာ​ေတြ​ေတြ႔ခ့ဲလို႔ ဆရာ​ေတာ္​ႀကီး ဒီ​ေလာက္​အလႉခံၿပီး ကူညီခ့ဲတယ္​ဆိုတာကို ​ေလ့လာၾကည္​့ရင္​၊ ဆရာ​ေတာ္​ႀကီး တရား​ေတြနာၾကည္​့ရင္​ သိၾကပါလိမ္​့မယ္​။ စိတ္​ဝင္​စားသူမ်ားအတြက္​ ခ်န္​ထားခ့ဲပါတယ္​။
.
     ဒါ​ေၾကာင္​့ ျမန္​မာႏိုင္​ငံ ​ေရ႐ွည္​တည္​​ေရးအတြက္​ မ်ိဳးခ်စ္​စိတ္​ တခုထဲနဲ႔ မရပါဘူး။ ႏိုင္​ငံခ်မ္​းသာဖို႔လဲ လိုအပ္​ပါတယ္​။ လက္​႐ွိမွာ ျမန္​မာႏိုင္​ငံသည္​ အီသီယိုပီးယားထက္​ နိမ္​့​ေနပါၿပီ။ လူသယံဇာတ သဘာဝသယံဇာတ​ေတြ ႐ွိ​ေသာ္​လည္​း စီမံခံခြဲမႈ ည့ံတ့ဲအတြက္​ အဆင္​းရဲဆံုးႏိုင္​ငံစာရင္​း ဝင္​​ေနပါၿပီ။ ႏိုင္​ငံဆင္​းရဲရင္​ အမ်ိဳးကို ကာကြယ္​ဖို႔ ခက္​ပါလိမ္​့မယ္​။ ဒီ​ေတာ့ ႏိုင္​င့ံကိုယ္​ခံစြမ္​းအား ​ေကာင္​းဖို႔လိုပါတယ္​။ လက္​႐ွိအစိုးရကလဲ ဝန္​ႀကီး​ေတြသာ ခ်မ္​းသာ​ေအာင္​လုပ္​တတ္​တာ၊ နိုင္ငံ့​အစိုးရ ခ်မ္​းသာ​ေအာင္​ မလုပ္​တတ္​တာ ​ေသခ်ာ​ေနပါၿပီ။ ဒီ​ေတာ့ အမ်ိဳးခ်စ္​သူ​ေတြအ​ေနနဲ႔ ႏိုင္​ငံတိုးတက္​ခ်မ္​းသာ​ေအာင္​ လုပ္​​ေပးႏိုင္​မ့ဲ ပါတီကို အစိုးရျဖစ္​​ေအာင္​ မဲ​ေပးဖို႔လိုပါၿပီ။
.
ဒါ့​ေၾကာင္​့ အမ်ိဳး ဘာသာ သာသနာခ်စ္​သူမ်ား #NLDကိုမဲ​ေပးၾကစို႔၊ 

01 October 2015

မဲဆွယ်​​ဟော​ပြောပွဲ

 (Unicode version )

       မြန်​မာပြည်​ တနံတလျှား မဲဆွယ်​ပွဲ​တွေက​တော့ စ​နေပါပြီ။ မညစ်​ပတ်​​ကြေးဆိုလျှင်​ မည်​သူအားသာသလဲဆိုတာလဲ မြင်​သာ​နေပါပြီ။ ​ငွေ ပစ္စည်​း ​ပေးစရာမလိုဘဲ မဲ​ပေးကြဖို့ ​ဟော​ပြောပွဲ​တွေမှာ လူများတာကြည်​့ရင်​ သ​ဘော​ပေါက်​ပါပြီ။ တချို့​တွေလဲ လူများ​အောင်​လုပ်​လိုက်​တာ လူ​တော့များပါရဲ့၊ ပွဲမပြီးခင်​ ပြန်​ကုန်​ကြလို့ ​လော်​နဲ့​အော်​ပြီး တားရတာ ​ပျော်​စရာကြီးပါ။

.

     ဒီလို မဲဆွယ်​ပွဲ​တွေမှာ အဓိကထား ​ပြော​လေ့ရှိတာ နှစ်​ခုရှိပါတယ်​။ မလုပ်​နိုင်​ဘဲ ဂတိ​တွေ​ပေးပြီး အ​ရွေးလဲခံရပြီး​ရော ​ပေါ်မလာတာမျိုး ထည်​့မတွက်​ပါဘူး။ ပထမတချက်​က မဲဆန္ဒရှင်​ ​တွေအတွက်​ သူလုပ်​မှာပါ။ ပြည်​သူပြည်​သား​တွေအတွက်​ လုပ်​မှာပါ။ တိုင်​းပြည်​ကြီးပွားချမ်​းသာလာ​အောင်​ လုပ်​မှာပါ။ ဒါ​ပြော​လေ့ရှိတ့ဲ အချက်​ပါဘဲ။ ခု မြန်​မာပြည်​မှာလဲ ပါတီတိုင်​း​လောက်​က ​ပြောကြပါတယ်​။ အ​ရေးကြီးတ့ဲ ကြံ့ဖွံ​ရော NLD​ရော ​ပြော​ဟောကြပါတယ်​။ ​နောက်​မှ လုပ်​​ပေးတာ မလုပ်​​ပေးတာ တပိုင်​း​ပေါ့။

.

     ​နောက်​တချက်​က မိမိတို့ပါတီ အစိုးရဖွဲ့ခွင်​့ရရင်​ `အဂတိိ´ ကင်​း​သော အစိုးရဖြစ်​​စေရမယ်​ ဆိုတ့ဲ မဲဆွယ်​​ဟော​ပြောမှုပါ။ ​ပြော​နေကျပါဘဲ၊ နိုင်​ငံတကာ မဲဆွယ်​တ့ဲ သတင်​း​တွေဖတ်​လိုက်​ရင်​ ​တွေ့​နေကြပါ။ ပရိဿတ်​ကြီး သတိထားမိရဲ့လား မသိ။ လက်​ရှိ မြန်​မာပြည်​က မဲဆွယ်​​ဟော​ပြောမှုမှာ ​ဒေါ်စု​ခေါင်​း​ဆောင်​တ့ဲ NLD ကဘဲ ဒီလို​ပြောရဲ​သေးတယ်​။ အစိုးရမဖွဲ့နိုင်​တ့ဲ ပါတီငယ်​​တွေ ထားပါ​တော့။ လက်​ရှိလဲ အစိုးရလုပ်​​နေ ၊ အင်​အားကြီးပါတီကြီးလဲဖြစ်​တ့ဲ ကြံ့ဖွံ့က ဂတိမ​ပေးရဲတာ မထူးဆန်​းလား။ မထူးဆန်​းပါဘူး။ ဟိုးအရင်​ကလဲ အဂတိ လိုက်​စားခ့ဲ၊ ခုအစိုးရ​ခေတ်​မှာလဲ အဂတိ လိုက်​စားဆဲ၊ ​နောင်​အစိုးရဖွဲ့ခွင်​့ရရင်​လဲ စားအုံးမှာ ​သေချာ​နေလို့ပါ။ မဲဆွယ်​​ဟော​ပြောမှုမှာ​တောင်​ ဟန်​လုပ်​မ​ပြောနိုင်​ကြဘူး ဖြစ်​​နေပါတယ်​။ ​ပြောလဲ ပြည်​သူ​တွေ မယုံဘူးဆိုတာ သိ​နေလို့ ဖြစ်​ပါမယ်​။

.

     ဒီတချက်​ထဲနဲ့တင်​ လာမ့ဲနိုဝင်​ဘာ ၈ရက်​​နေ့မှာ မဲ​ပေးမ့ဲသူ​တွေ ဘယ်​ပါတီကို ​ပေးသင်​့တယ်​ဆိုတာ ရှင်​း​လောက်​ပါပြီ။ ကိုယ်​နဲ့ ပတ်​သက်​သူ​တွေကို ရှင်​းပြပြီး​တော့လဲ စည်​းရုံးကြပါဦး။

XxXxXx

(Zawgyi version )

      ျမန္​မာျပည္​ တနံတလွ်ား မဲဆြယ္​ပြဲ​ေတြက​ေတာ့ စ​ေနပါၿပီ။ မညစ္​ပတ္​​ေၾကးဆိုလွ်င္​ မည္​သူအားသာသလဲဆိုတာလဲ ျမင္​သာ​ေနပါၿပီ။ ​ေငြ ပစၥည္​း ​ေပးစရာမလိုဘဲ မဲ​ေပးၾကဖို႔ ​ေဟာ​ေျပာပြဲ​ေတြမွာ လူမ်ားတာၾကည္​့ရင္​ သ​ေဘာ​ေပါက္​ပါၿပီ။ တခ်ိဳ႕​ေတြလဲ လူမ်ား​ေအာင္​လုပ္​လိုက္​တာ လူ​ေတာ့မ်ားပါရဲ႕၊ ပြဲမၿပီးခင္​ ျပန္​ကုန္​ၾကလို႔ ​ေလာ္​နဲ႔​ေအာ္​ၿပီး တားရတာ ​ေပ်ာ္​စရာႀကီးပါ။
.
     ဒီလို မဲဆြယ္​ပြဲ​ေတြမွာ အဓိကထား ​ေျပာ​ေလ့႐ွိတာ ႏွစ္​ခု႐ွိပါတယ္​။ မလုပ္​ႏိုင္​ဘဲ ဂတိ​ေတြ​ေပးၿပီး အ​ေရြးလဲခံရၿပီး​ေရာ ​ေပၚမလာတာမ်ိဳး ထည္​့မတြက္​ပါဘူး။ ပထမတခ်က္​က မဲဆႏၵ႐ွင္​ ​ေတြအတြက္​ သူလုပ္​မွာပါ။ ျပည္​သူျပည္​သား​ေတြအတြက္​ လုပ္​မွာပါ။ တိုင္​းျပည္​ႀကီးပြားခ်မ္​းသာလာ​ေအာင္​ လုပ္​မွာပါ။ ဒါ​ေျပာ​ေလ့႐ွိတ့ဲ အခ်က္​ပါဘဲ။ ခု ျမန္​မာျပည္​မွာလဲ ပါတီတိုင္​း​ေလာက္​က ​ေျပာၾကပါတယ္​။ အ​ေရးႀကီးတ့ဲ ၾကံ့ဖြံ​ေရာ NLD​ေရာ ​ေျပာ​ေဟာၾကပါတယ္​။ ​ေနာက္​မွ လုပ္​​ေပးတာ မလုပ္​​ေပးတာ တပိုင္​း​ေပါ့။
.
     ​ေနာက္​တခ်က္​က မိမိတို႔ပါတီ အစိုးရဖြဲ႔ခြင္​့ရရင္​ `အဂတိိ´ ကင္​း​ေသာ အစိုးရျဖစ္​​ေစရမယ္​ ဆိုတ့ဲ မဲဆြယ္​​ေဟာ​ေျပာမႈပါ။ ​ေျပာ​ေနက်ပါဘဲ၊ ႏိုင္​ငံတကာ မဲဆြယ္​တ့ဲ သတင္​း​ေတြဖတ္​လိုက္​ရင္​ ​ေတြ႕​ေနၾကပါ။ ပရိႆတ္​ႀကီး သတိထားမိရဲ႕လား မသိ။ လက္​႐ွိ ျမန္​မာျပည္​က မဲဆြယ္​​ေဟာ​ေျပာမႈမွာ ​ေဒၚစု​ေခါင္​း​ေဆာင္​တ့ဲ NLD ကဘဲ ဒီလို​ေျပာရဲ​ေသးတယ္​။ အစိုးရမဖြဲ႔ႏိုင္​တ့ဲ ပါတီငယ္​​ေတြ ထားပါ​ေတာ့။ လက္​႐ွိလဲ အစိုးရလုပ္​​ေန ၊ အင္​အားႀကီးပါတီႀကီးလဲျဖစ္​တ့ဲ ၾကံ့ဖြံ႔က ဂတိမ​ေပးရဲတာ မထူးဆန္​းလား။ မထူးဆန္​းပါဘူး။ ဟိုးအရင္​ကလဲ အဂတိ လိုက္​စားခ့ဲ၊ ခုအစိုးရ​ေခတ္​မွာလဲ အဂတိ လိုက္​စားဆဲ၊ ​ေနာင္​အစိုးရဖြဲ႔ခြင္​့ရရင္​လဲ စားအံုးမွာ ​ေသခ်ာ​ေနလို႔ပါ။ မဲဆြယ္​​ေဟာ​ေျပာမႈမွာ​ေတာင္​ ဟန္​လုပ္​မ​ေျပာႏိုင္​ၾကဘူး ျဖစ္​​ေနပါတယ္​။ ​ေျပာလဲ ျပည္​သူ​ေတြ မယံုဘူးဆိုတာ သိ​ေနလို႔ ျဖစ္​ပါမယ္​။
.
     ဒီတခ်က္​ထဲနဲ႔တင္​ လာမ့ဲႏိုဝင္​ဘာ ၈ရက္​​ေန႔မွာ မဲ​ေပးမ့ဲသူ​ေတြ ဘယ္​ပါတီကို ​ေပးသင္​့တယ္​ဆိုတာ ႐ွင္​း​ေလာက္​ပါၿပီ။ ကိုယ္​နဲ႔ ပတ္​သက္​သူ​ေတြကို ႐ွင္​းျပၿပီး​ေတာ့လဲ စည္​းရံုးၾကပါဦး။ 

25 September 2015

တိုးတက်​တယ်​ဆိုတာ ...

(Unicode version )

     ​ရွေး​ကောက်​ပွဲကြီး နီးလာြပ်ီဆို​တော့ နိုင်​ငံ​တော်​ကြီးရဲ့ တိုးတက်​မှု​တွေ ​တွေ့လာရပါပြီ။ အထူးသဖြင်​့ အစိုးရ​ရေဒီယိုနဲ့ ရုပ်​မြင်​သံကြားမှာ​ပေါ့။ ပါတီစည်​းရုံး​ရေးဆန်​ဆန်​ သိသိသာသာ​ရော မသိမသာပါ လွှင်​့​နေကြပါတယ်​။ နယ်​ဖက်​က အ​ကြောင်​း​တွေပါ။ ကျွန်​​တော်​ကျွန်​မတို့ ရွာမှာ လမ်​းလဲ​ပေါက်​​နေတာ ကားသွားလို့​တောင်​ ရ​နေပြီ။ မီး​တွေလဲ ရလာပြီ။ ​ရေကန်​​တွေလဲ လာတူး​ပေးသွားတယ်​၊ စသည်​ဖြင်​့​ပေါ့။ အရင်​ ဘဘ​ဗိုလ်​ချုပ်​ကြီး​တွေက စကားလုံးနဲ့ဆို နိုင်​ငံ​တော်​ရဲ့​စေတနာ ​ပေါ့။

.

   တချို့ကဘဲ ဒါ​တွေသည်​ ဟန်​ပြ ​ဗန်​းပြဘဲဆိုတာ သ​ဘော​ပေါက်​ကြပါတယ်​။ သိသူ​တွေက ပြဿနာ မရှိပါ။ များ​သောအားဖြင်​့ ​တောနယ်​က ဘယ်​အုပ်​ချုပ်​သူလာလာ ​ကြောက်​​နေရတ့ဲ ရိုးသားပြီး အပြင်​အသိနည်​းတ့ဲသူ​တွေက တီ​ဗီမှာ ပြတာ​တွေ အဟုတ်​ ထင်​​နေရှာကြမှာပါ။ ဓာတ်​ပုံ​တွေထဲမှာဘဲ မြင်​ဘူးကြတ့ဲ ပြည်​ပနိုင်​ငံ​တွေက နှစ်​ထပ်​လမ်​းကြီး​တွေ၊ မီး​တွေထိန်​​နေတ့ဲ အ​ဆောက်​အဦကြီး​တွေ၊ ယာထဲစိုက်​ခင်​းထဲအထိ ကား​မောင်​းသွားတာ​တွေ၊ ​ဗားဖွင်​့လိုက်​တာနဲ့ ​ရေ​တွေထွက်​ကျလာတာ​တွေ၊ ခလုပ်​နှိပ်​လိုက်​တာနဲ့ မီးပွင်​့လာတာ​တွေ၊ ထွန်​စက်​ကြီး​တွေနဲ့ လယ်​ယာထွန်​ယက်​​နေတာ​တွေကို ငါတို့နဲ့ မပတ်​သက်​လို့ကို ထင်​​နေကြရှာမှာပါ။ ဒါ​တွေဟာ တိုင်​းသူပြည်​သားတိုင်​းနဲ့ ဆိုင်​တယ်​။ မြန်​မာပြည်​မှာ ဒါ​တွေမခံစားရတာ အုပ်​ချုပ်​သူ​တွေရဲ့ စီမံခန်​့ခွဲမှု မှားယွင်​းမှု​ကြောင်​့ဆိုတာ နားလည်​ကြမှာ မဟုတ်​ပါ။

.

   နားလည်​တ့ဲ အတိုက်​အခံဖက်​က သူများကလဲ ရှင်​းပြကြပါတယ်​။ လွန်​ခ့ဲတ့ဲ နှစ်​သုံး​လေးဆယ်​က ငတ်​ပြတ်​​နေတ့ဲ အီသီယိုပီးယားနိုင်​ငံက လမ်​းကြီး​တွေ ​လေဆိပ်​ကြီး​တွေ ရထားကြီး​တွေ ​ပြောပြကြပါတယ်​။ ဒီ​တောင်​သူလယ်​သမား အများစုက​တော့ အီသီယိုပီးယား ဘယ်​နားရှိမှန်​း​တောင်​ သိမယ်​မထင်​ပါ။ တချို့ကလဲ အာဆီယံ အိမ်​နီးချင်​းလို့ ​ပြောလို့ရတ့ဲ ​ဗီယက်​နမ်​နဲ့ ယှဉ်​ပြီး ရှင်​းပြကြပါတယ်​။ ဒီနှစ်​နှစ်​ဆယ်​ အစိတ်​အတွင်​း ဒီကတိုးတက်​တယ်​ဆိုတာက ဘယ်​​လောက်​၊ ဟိုမှာ တိုးတက်​သွားတာက ဘယ်​​လောက်​ကွာသွားပြီ ဆိုပြီး ဂရုဏာ​ဒေါ​သောနဲ့ကို ရှင်​းပြကြတာပါ။ နဲနဲ​တော့ သ​ဘော​ပေါက်​​ကောင်​းပါရဲ့။

.

   ဒီ​တော့ သူတို့ နားလည်​လွယ်​မ့ဲ နှိုင်​းယှဉ်​မှုမျိုး စဉ်​းစားမိပါတယ်​။ တိုးတက်​တယ်​ဆိုတာ​တော့မှန်​တယ်​။ အချိန်​နဲ့ ယှဉ်​လိုက်​ရင်​​တော့ ​နှေးလွန်​းတ့ဲအ​ကြောင်​း သိ​အောင်​​ပြောရပါမယ်​။ နားလည်​လွယ်​နိုင်​မ့ဲ စိုက်​ပျိုး​ရေး ​မွေးမြူ​ရေးနဲ့ ဥပမာ​ပေးတာက ထိ​ရောက်​မယ်​ထင်​လို့ပါ။ ဒီ​နေရာမှာ ​ပြောချင်​တာက ဒါသည်​ ဥပမာသာ ဖြစ်​ပါတယ်​၊ ​ရွေ​ဗမာ​တွေက လိုရင်​းကို အဓိပ္ပါယ်​ မ​ပေါက်​တာလားမသိဘူး။ တခါခါကျ ဟိုဟာမှားတယ်​၊ ဒီဟာမဟုတ်​ဘူး ​ဝေဖန်​လွန်​းလို့ပါ။

.

     ခြံစိုက်​သူ​တွေဆို ..... သရက်​ပင်​စိုက်​တယ်​ ဆိုပါစို့။ ခင်​​ဗျားစိုက်​ခ့ဲတာ ငါးနှစ်​ရှိပြီ။ အသီးက မသီး​သေးဘူး။ တဖက်​ခြံက သရက်​ပင်​က မနှစ်​ကတည်​းက ​စ​ရောင်​း​နေရပြီ။ ဒီနှစ်​ဆို သီးလိုက်​တာမှ ဝင်​း​နေတာဘဲ။ ဒါဆို ခင်​​ဗျား သရက်​ခြံက ​အောင်​မြင်​တယ်​ထင်​သလား။ ငါးနှစ်​စိုက်​ခ့ဲမှ​တော့ အပင်​မြင်​့လာမှာ​တော့ အ​သေအချာ​ပေါ့။ ဒါ​ပေမ့ဲ သူများနဲ့ ယှဉ်​လိုက်​ရင်​ ကျန်​ခ့ဲပြီ။ ဒါမျိုးကို တိုးတက်​တယ်​၊ ​အောင်​မြင်​တယ်​လို့ သတ်​မှတ်​မှာလား။ ဒီသရက်​မျိုးမျိုးကို စိုက်​ကြမှာလား။ အချိန်​​တွေ လုပ်​အား​တွေ ​ငွေ​တွေ ဆုံးရှုံးခံတာနဲ့ မတန်​ရင်​ ​ပြောင်​းပြစ်​ရပါမယ်​။ စပါးစိုက်​သူဆို ​နောက်​နှစ်​ ဒီမျိုးကို သုံးဦးမှာလား။ ​မျိုး​ပြောင်​းစိုက်​မှာလား။ ဒီမျိုး​ဟောင်​းကြီးကို ဖယ်​ရှားပစ်​ရပါမယ်​။

​မွေးမြူ​ရေးသမားဆို .....

သူများနွားက လယ်​ထွန်​​နေပြီ၊ နို့ထွက်​​နေပြီ။ ခင်​​ဗျားနွားက ကြီးလာတာ​တော့မှန်​ပါရဲ့။ အချိန်​တူ ​မွေးခ့ဲတ့ဲ သူများနွားမှ မမှီတာ။ ဒါမျိုးနွား ဆက်​​မွေးဦးမှာလား​ပေါ့။

.

     နားလည်​သူ​တွေက​တော့ သည်​းခံပါ။ ​ပြောင်​းလဲလိုက်​ရမယ်​ဆိုတာလဲ သိကြမှာပါ။ နားမလည်​သူ​တွေကို ​ပြောပြ ရှင်​းပြနိုင်​ဖို့ပါ။ နားမလည်​​ယောင်​ အတင်​း​ဆောင်​​နေသူ​တွေ​တော့ မတတ်​နိုင်​ဘူး​ပေါ့။ နားမလည်​သူ​တွေထဲမှာ ငါတို့လုပ်​တာ တိုးတက်​​နေတာဘဲလို့ တကယ်​ထင်​​နေတ့ဲ ပုဂ္ဂိုလ်​များလဲ ပါပါတယ်​။ ကျွန်​​တော်​တို့နိုင်​ငံ သူများနဲ့ ယှဉ်​နိုင်​ဖို့ အမှန်​တကယ်​​ပြောင်​းလဲရန်​ လို​နေပါပြီ။ အမှန်​တကယ်​ ​ပြောင်​းလဲ​ပေးမ့ဲ ​ပြောင်​းလဲနိုင်​မ့ဲသူကို ​ရွေးချယ်​ဖို့ လို​နေပါပြီ။ မိမိဖာသာ တိုးတက်​မှန်​းမသိ၊ ညာစားဖို့သာ လုပ်​စား​နေသူ​တွေကို ဆက်​မသုံးဘဲ ဖယ်​ရှားဖို့ အချိန်​တန်​ပါပြီ။ ကိုယ်​့ရဲ့ စဉ်​းစားဆင်​ခြင်​ဉာဏ်​ကို အသုံးပြုလို့ ဆုံးဖြတ်​ကြပါစို့​ဗျာ။ ။

XxXxXx

(Zawgyi version)

     ​ေရြး​ေကာက္​ပြဲႀကီး နီးလာျပ္ီဆို​ေတာ့ ႏိုင္​ငံ​ေတာ္​ႀကီးရဲ႕ တိုးတက္​မႈ​ေတြ ​ေတြ႔လာရပါၿပီ။ အထူးသျဖင္​့ အစိုးရ​ေရဒီယိုနဲ႔ ႐ုပ္​ျမင္​သံၾကားမွာ​ေပါ့။ ပါတီစည္​းရံုး​ေရးဆန္​ဆန္​ သိသိသာသာ​ေရာ မသိမသာပါ လႊင္​့​ေနၾကပါတယ္​။ နယ္​ဖက္​က အ​ေၾကာင္​း​ေတြပါ။ ကြၽန္​​ေတာ္​ကြၽန္​မတို႔ ရြာမွာ လမ္​းလဲ​ေပါက္​​ေနတာ ကားသြားလို႔​ေတာင္​ ရ​ေနၿပီ။ မီး​ေတြလဲ ရလာၿပီ။ ​ေရကန္​​ေတြလဲ လာတူး​ေပးသြားတယ္​၊ စသည္​ျဖင္​့​ေပါ့။ အရင္​ ဘဘ​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြက စကားလံုးနဲ႔ဆို ႏိုင္​ငံ​ေတာ္​ရဲ႕​ေစတနာ ​ေပါ့။
.
   တခ်ိဳ႕ကဘဲ ဒါ​ေတြသည္​ ဟန္​ျပ ​ဗန္​းျပဘဲဆိုတာ သ​ေဘာ​ေပါက္​ၾကပါတယ္​။ သိသူ​ေတြက ျပႆနာ မ႐ွိပါ။ မ်ား​ေသာအားျဖင္​့ ​ေတာနယ္​က ဘယ္​အုပ္​ခ်ဳပ္​သူလာလာ ​ေၾကာက္​​ေနရတ့ဲ ႐ိုးသားၿပီး အျပင္​အသိနည္​းတ့ဲသူ​ေတြက တီ​ဗီမွာ ျပတာ​ေတြ အဟုတ္​ ထင္​​ေန႐ွာၾကမွာပါ။ ဓာတ္​ပံု​ေတြထဲမွာဘဲ ျမင္​ဘူးၾကတ့ဲ ျပည္​ပႏိုင္​ငံ​ေတြက ႏွစ္​ထပ္​လမ္​းႀကီး​ေတြ၊ မီး​ေတြထိန္​​ေနတ့ဲ အ​ေဆာက္​အဦႀကီး​ေတြ၊ ယာထဲစိုက္​ခင္​းထဲအထိ ကား​ေမာင္​းသြားတာ​ေတြ၊ ​ဗားဖြင္​့လိုက္​တာနဲ႔ ​ေရ​ေတြထြက္​က်လာတာ​ေတြ၊ ခလုပ္​ႏွိပ္​လိုက္​တာနဲ႔ မီးပြင္​့လာတာ​ေတြ၊ ထြန္​စက္​ႀကီး​ေတြနဲ႔ လယ္​ယာထြန္​ယက္​​ေနတာ​ေတြကို ငါတို႔နဲ႔ မပတ္​သက္​လို႔ကို ထင္​​ေနၾက႐ွာမွာပါ။ ဒါ​ေတြဟာ တိုင္​းသူျပည္​သားတိုင္​းနဲ႔ ဆိုင္​တယ္​။ ျမန္​မာျပည္​မွာ ဒါ​ေတြမခံစားရတာ အုပ္​ခ်ဳပ္​သူ​ေတြရဲ႕ စီမံခန္​႔ခြဲမႈ မွားယြင္​းမႈ​ေၾကာင္​့ဆိုတာ နားလည္​ၾကမွာ မဟုတ္​ပါ။
.
   နားလည္​တ့ဲ အတိုက္​အခံဖက္​က သူမ်ားကလဲ ႐ွင္​းျပၾကပါတယ္​။ လြန္​ခ့ဲတ့ဲ ႏွစ္​သံုး​ေလးဆယ္​က ငတ္​ျပတ္​​ေနတ့ဲ အီသီယိုပီးယားႏိုင္​ငံက လမ္​းႀကီး​ေတြ ​ေလဆိပ္​ႀကီး​ေတြ ရထားႀကီး​ေတြ ​ေျပာျပၾကပါတယ္​။ ဒီ​ေတာင္​သူလယ္​သမား အမ်ားစုက​ေတာ့ အီသီယိုပီးယား ဘယ္​နား႐ွိမွန္​း​ေတာင္​ သိမယ္​မထင္​ပါ။ တခ်ိဳ႕ကလဲ အာဆီယံ အိမ္​နီးခ်င္​းလို႔ ​ေျပာလို႔ရတ့ဲ ​ဗီယက္​နမ္​နဲ႔ ယွဥ္​ၿပီး ႐ွင္​းျပၾကပါတယ္​။ ဒီႏွစ္​ႏွစ္​ဆယ္​ အစိတ္​အတြင္​း ဒီကတိုးတက္​တယ္​ဆိုတာက ဘယ္​​ေလာက္​၊ ဟိုမွာ တိုးတက္​သြားတာက ဘယ္​​ေလာက္​ကြာသြားၿပီ ဆိုၿပီး ဂ႐ုဏာ​ေဒါ​ေသာနဲ႔ကို ႐ွင္​းျပၾကတာပါ။ နဲနဲ​ေတာ့ သ​ေဘာ​ေပါက္​​ေကာင္​းပါရဲ႕။
.
   ဒီ​ေတာ့ သူတို႔ နားလည္​လြယ္​မ့ဲ ႏႈိင္​းယွဥ္​မႈမ်ိဳး စဥ္​းစားမိပါတယ္​။ တိုးတက္​တယ္​ဆိုတာ​ေတာ့မွန္​တယ္​။ အခ်ိန္​နဲ႔ ယွဥ္​လိုက္​ရင္​​ေတာ့ ​ေႏွးလြန္​းတ့ဲအ​ေၾကာင္​း သိ​ေအာင္​​ေျပာရပါမယ္​။ နားလည္​လြယ္​ႏိုင္​မ့ဲ စိုက္​ပ်ိဳး​ေရး ​ေမြးျမဴ​ေရးနဲ႔ ဥပမာ​ေပးတာက ထိ​ေရာက္​မယ္​ထင္​လို႔ပါ။ ဒီ​ေနရာမွာ ​ေျပာခ်င္​တာက ဒါသည္​ ဥပမာသာ ျဖစ္​ပါတယ္​၊ ​ေရြ​ဗမာ​ေတြက လိုရင္​းကို အဓိပၸါယ္​ မ​ေပါက္​တာလားမသိဘူး။ တခါခါက် ဟိုဟာမွားတယ္​၊ ဒီဟာမဟုတ္​ဘူး ​ေဝဖန္​လြန္​းလို႔ပါ။
.
     ျခံစိုက္​သူ​ေတြဆို ..... သရက္​ပင္​စိုက္​တယ္​ ဆိုပါစို႔။ ခင္​​ဗ်ားစိုက္​ခ့ဲတာ ငါးႏွစ္​႐ွိၿပီ။ အသီးက မသီး​ေသးဘူး။ တဖက္​ျခံက သရက္​ပင္​က မႏွစ္​ကတည္​းက ​စ​ေရာင္​း​ေနရၿပီ။ ဒီႏွစ္​ဆို သီးလိုက္​တာမွ ဝင္​း​ေနတာဘဲ။ ဒါဆို ခင္​​ဗ်ား သရက္​ျခံက ​ေအာင္​ျမင္​တယ္​ထင္​သလား။ ငါးႏွစ္​စိုက္​ခ့ဲမွ​ေတာ့ အပင္​ျမင္​့လာမွာ​ေတာ့ အ​ေသအခ်ာ​ေပါ့။ ဒါ​ေပမ့ဲ သူမ်ားနဲ႔ ယွဥ္​လိုက္​ရင္​ က်န္​ခ့ဲၿပီ။ ဒါမ်ိဳးကို တိုးတက္​တယ္​၊ ​ေအာင္​ျမင္​တယ္​လို႔ သတ္​မွတ္​မွာလား။ ဒီသရက္​မ်ိဳးမ်ိဳးကို စိုက္​ၾကမွာလား။ အခ်ိန္​​ေတြ လုပ္​အား​ေတြ ​ေငြ​ေတြ ဆံုး႐ွံုးခံတာနဲ႔ မတန္​ရင္​ ​ေျပာင္​းျပစ္​ရပါမယ္​။ စပါးစိုက္​သူဆို ​ေနာက္​ႏွစ္​ ဒီမ်ိဳးကို သံုးဦးမွာလား။ ​မ်ိဳး​ေျပာင္​းစိုက္​မွာလား။ ဒီမ်ိဳး​ေဟာင္​းႀကီးကို ဖယ္​႐ွားပစ္​ရပါမယ္​။
​ေမြးျမဴ​ေရးသမားဆို .....
သူမ်ားႏြားက လယ္​ထြန္​​ေနၿပီ၊ ႏို႔ထြက္​​ေနၿပီ။ ခင္​​ဗ်ားႏြားက ႀကီးလာတာ​ေတာ့မွန္​ပါရဲ႕။ အခ်ိန္​တူ ​ေမြးခ့ဲတ့ဲ သူမ်ားႏြားမွ မမွီတာ။ ဒါမ်ိဳးႏြား ဆက္​​ေမြးဦးမွာလား​ေပါ့။
.
     နားလည္​သူ​ေတြက​ေတာ့ သည္​းခံပါ။ ​ေျပာင္​းလဲလိုက္​ရမယ္​ဆိုတာလဲ သိၾကမွာပါ။ နားမလည္​သူ​ေတြကို ​ေျပာျပ ႐ွင္​းျပႏိုင္​ဖို႔ပါ။ နားမလည္​​ေယာင္​ အတင္​း​ေဆာင္​​ေနသူ​ေတြ​ေတာ့ မတတ္​ႏိုင္​ဘူး​ေပါ့။ နားမလည္​သူ​ေတြထဲမွာ ငါတို႔လုပ္​တာ တိုးတက္​​ေနတာဘဲလို႔ တကယ္​ထင္​​ေနတ့ဲ ပုဂၢိဳလ္​မ်ားလဲ ပါပါတယ္​။ ကြၽန္​​ေတာ္​တို႔ႏိုင္​ငံ သူမ်ားနဲ႔ ယွဥ္​ႏိုင္​ဖို႔ အမွန္​တကယ္​​ေျပာင္​းလဲရန္​ လို​ေနပါၿပီ။ အမွန္​တကယ္​ ​ေျပာင္​းလဲ​ေပးမ့ဲ ​ေျပာင္​းလဲႏိုင္​မ့ဲသူကို ​ေရြးခ်ယ္​ဖို႔ လို​ေနပါၿပီ။ မိမိဖာသာ တိုးတက္​မွန္​းမသိ၊ ညာစားဖို႔သာ လုပ္​စား​ေနသူ​ေတြကို ဆက္​မသံုးဘဲ ဖယ္​႐ွားဖို႔ အခ်ိန္​တန္​ပါၿပီ။ ကိုယ္​့ရဲ႕ စဥ္​းစားဆင္​ျခင္​ဥာဏ္​ကို အသံုးျပဳလို႔ ဆံုးျဖတ္​ၾကပါစို႔​ဗ်ာ။ ။

22 September 2015

ဒုအကြိမ်​ မဲစာရင်း

  (Unicode version)

     ပြည်​​ထောင်​စု ​ရွေး​ကောက်​ပွဲ ​ကော်​မရှင်​ကြီး၏ အလုပ်​​ပေးထားမှု​ကြောင်​့ နိုင်​ငံသူ နိုင်​ငံစား​တွေ မဲ​ပေးရဖို့အ​ရေး နိုးကြားလာပါတယ်​။ ပထမအကြိမ်​မှာ မပါလို့ ပြင်​ဆင်​​လျောက်​ထားသူ​တွေ၊ ​မွေးသက္ကရာဇ်​ တူ​နေလို့ရီစရာဖြစ်​ပြီး ပြင်​ခ့ဲသူ​တွေ ခုတကြိမ်​​ကြေငြ​ာတော့ မရီနိုင်​​တော့ပါဘူး။ အားလုံးပြာကုန်​ပါတယ်​။ ပြင်​ဆင်​ခွင်​့တင်​သူ အားလုံးမှန်​မသွားတ့ဲအပြင်​ အရင်​ပါသူ​တွေပါ ရှာမ​တွေ့​တော့လိုပါ။

.

   ပိုဆိုးတာက မဲစာရင်​းပုံစံ ​ပြောင်​းလိုက်​​တော့ မှန်​ မမှန်​ထားလို့၊ ပါ မပါ​တောင်​ ဘယ်​လိုကြည်​့ရ​တော့မှန်​း မသိပါဘူး။ အရင်​က မိမိလမ်​းက တ​ယောက်​​ယောက်​​တွေ့ရင်​ အနားတဝိုက်​ ရှာလိုက်​ရင်​ ​တွေ့ပါတယ်​။ ခုက ဘယ်​လိုစီလိုက်​မှန်​း မသိကြပါဘူး။ ရပ်​ကွက်​ထဲ​နေသူ ​သောင်​းဂဏန်​းရှိလျှင်​ တ​ယောက်​မကျန်​ရှာလို့ မ​တွေ့မှ မပါဘူးဆိုပြီး ကွန်​ပလိန်​့လုပ်​ရမလို ဖြစ်​​နေပါတယ်​။ ​ဖေ့ဘုတ်​​ပေါ်က ရတနာ​မြေပုံ​တွေအားကိုးနဲ့ သွားကြည်​့လိုက်​တာ အဆင်​​ပြေသွားပါတယ်​။

.

   မြို့​ပေါ်​နေ အထူးသဖြင်​့ ရန်​ကုန်​မြို ့​ပေါ်ကသူ​တွေ အသုံးဝင်​ပါမယ်​။ ​ကျေးရွာများအတွက်​​တော့ မသိ​ကြောင်​း ဝန်​ခံပါရ​စေ။ မဲစာရင်​းကို တရပ်​ကွက်​စာ အိမ်​နံပတ်​အလိုက်​ အဓိကထား စီထားတာ ​တွေ့ရပါတယ်​။ လမ်​းနံမည်​လဲ အက္ခရာအလိုက်​ စဉ်​​ပေမ့ဲ မြန်​မာလို မစီတတ်​​တော့ အကုန်​ကြည်​့သင်​့တယ်​။

စာရင်​းမှာ အိမ်​နံပတ်​ ၁ ​တွေက စပါတယ်​။

၁ စပယ်​လမ်​း

၁ နှင်​းဆီလမ်​း

၁ ဘုရားလမ်​း ပြီးမှ

၁၁ စပယ်​လမ်​း

၁၁ နှင်​းဆီလမ်​း

၁၁၁ စပယ်​လမ်​း

၁၁၁ ဘုရားလမ်​း စသဖြင်​့ စီပါတယ်​။ပြီးမှ

၂ စပယ်​လမ်​း

၂ နှင်​းဆီလမ်​း ..... လို့စီတာပါ။ အိမ်​နံပတ်​ စာရွက်​ကို​တွေ့ရင်​ လမ်​းရှာပါ။ ​နောက်​ဆုံးမှ နံမည်​ကို ​တွေ့မှာပါ။ ဒါ​တောင်​ မိသားစုအားလုံး ဆက်​ရက်​မ​တွေ့ပါဘူး။ မိမိရဲ့ အိမ်​နီးချင်​းကိုလဲ ကပ်​ရက်​ ​တွေ့ရမှာ မဟုတ်​ပါ။

.

     ဒါ ကိုယ်တိုင်​​တွေ့ခ့ဲတ့ဲ စာရင်​းပါ။ လူညစ်​​တွေက မဲစာရင်​းပုံစံ ဘယ်​နှစ်​မျိုးထုတ်​လဲ မသိပါ။ ​နောက်​တ​နေရာမှာ ​နောက်​တမျိုး စီထားမှာ စိုးလို့ပါ။ ဒီစာရင်​းပုံစံကို ကြည်​့ပြီး တခု စဉ်​းစားမိ​သေးတယ်​။

   အရင်​ မဲ​ပေးခ့ဲတ့ဲ အကြိမ်​တိုင်​းမှာ တလမ်​းထဲက လူ​တွေ မဲရုံတခုတည်​းမှာသာ ​ပေးရပါတယ်​။ ခု စီထားပုံနဲ့ဆို တရပ်​ကွက်​လုံးရဲ့ အိမ်​နံပတ်​ ၁ နဲ့ စ တ့ဲ နံပတ်​​တွေက တ​နေရာ၊ ၃ နဲ့ စ ရင်​ တ​နေရာ ​ပေးရမ့ဲ ပုံပါဘဲ။ ဘာလို့လဲဆို အိမ်​နံပတ်​ ၁ နဲ့ ၃ သည်​ အပြင်​မှာ ကပ်​လျှက်​ရှိ​ပေမ့ဲ မဲစာရင်​းမှာကျ ရပ်​ကွက်​ထဲမှာ လမ်​းတရာရှိလျှင်​ ​နေရာတရာ ​ဝေးသွားလို့ပါ။ တအိမ်​ငါး​ယောက်​နဲ့ တွက်​ရင်​ ​အမှတ်​စဉ်​ ငါးရာ​လောက်​ခြားသွားပါပြီ။ မဲရုံမတူနိုင်​​တော့ပါ။ ​နောက်​ဆုံး​ကြေငြာပြီးလို့ ​သေချာရင်​ ဘယ်​မဲရုံလဲ စစ်​ထားကြပါဦးလို့။

XxXxXx

(Zawgyi version )

   ျပည္​​ေထာင္​စု ​ေရြး​ေကာက္​ပြဲ ​ေကာ္​မ႐ွင္​ႀကီး၏ အလုပ္​​ေပးထားမႈ​ေၾကာင္​့ ႏိုင္​ငံသူ ႏိုင္​ငံစား​ေတြ မဲ​ေပးရဖို႔အ​ေရး ႏိုးၾကားလာပါတယ္​။ ပထမအႀကိမ္​မွာ မပါလို႔ ျပင္​ဆင္​​ေလ်ာက္​ထားသူ​ေတြ၊ ​ေမြးသကၠရာဇ္​ တူ​ေနလို႔ရီစရာျဖစ္​ၿပီး ျပင္​ခ့ဲသူ​ေတြ ခုတႀကိမ္​​ေၾကျင​ာေတာ့ မရီႏိုင္​​ေတာ့ပါဘူး။ အားလံုးျပာကုန္​ပါတယ္​။ ျပင္​ဆင္​ခြင္​့တင္​သူ အားလံုးမွန္​မသြားတ့ဲအျပင္​ အရင္​ပါသူ​ေတြပါ ႐ွာမ​ေတြ႔​ေတာ့လိုပါ။
.
   ပိုဆိုးတာက မဲစာရင္​းပံုစံ ​ေျပာင္​းလိုက္​​ေတာ့ မွန္​ မမွန္​ထားလို႔၊ ပါ မပါ​ေတာင္​ ဘယ္​လိုၾကည္​့ရ​ေတာ့မွန္​း မသိပါဘူး။ အရင္​က မိမိလမ္​းက တ​ေယာက္​​ေယာက္​​ေတြ႔ရင္​ အနားတဝိုက္​ ႐ွာလိုက္​ရင္​ ​ေတြ႔ပါတယ္​။ ခုက ဘယ္​လိုစီလိုက္​မွန္​း မသိၾကပါဘူး။ ရပ္​ကြက္​ထဲ​ေနသူ ​ေသာင္​းဂဏန္​း႐ွိလွ်င္​ တ​ေယာက္​မက်န္​႐ွာလို႔ မ​ေတြ႔မွ မပါဘူးဆိုၿပီး ကြန္​ပလိန္​႔လုပ္​ရမလို ျဖစ္​​ေနပါတယ္​။ ​ေဖ့ဘုတ္​​ေပၚက ရတနာ​ေျမပံု​ေတြအားကိုးနဲ႔ သြားၾကည္​့လိုက္​တာ အဆင္​​ေျပသြားပါတယ္​။
.
   ၿမိဳ႕​ေပၚ​ေန အထူးသျဖင္​့ ရန္​ကုန္​ၿမိဳ ့​ေပၚကသူ​ေတြ အသံုးဝင္​ပါမယ္​။ ​ေက်းရြာမ်ားအတြက္​​ေတာ့ မသိ​ေၾကာင္​း ဝန္​ခံပါရ​ေစ။ မဲစာရင္​းကို တရပ္​ကြက္​စာ အိမ္​နံပတ္​အလိုက္​ အဓိကထား စီထားတာ ​ေတြ႔ရပါတယ္​။ လမ္​းနံမည္​လဲ အကၡရာအလိုက္​ စဥ္​​ေပမ့ဲ ျမန္​မာလို မစီတတ္​​ေတာ့ အကုန္​ၾကည္​့သင္​့တယ္​။
စာရင္​းမွာ အိမ္​နံပတ္​ ၁ ​ေတြက စပါတယ္​။
၁ စပယ္​လမ္​း
၁ ႏွင္​းဆီလမ္​း
၁ ဘုရားလမ္​း ၿပီးမွ
၁၁ စပယ္​လမ္​း
၁၁ ႏွင္​းဆီလမ္​း
၁၁၁ စပယ္​လမ္​း
၁၁၁ ဘုရားလမ္​း စသျဖင္​့ စီပါတယ္​။ၿပီးမွ
၂ စပယ္​လမ္​း
၂ ႏွင္​းဆီလမ္​း ..... လို႔စီတာပါ။ အိမ္​နံပတ္​ စာရြက္​ကို​ေတြ႔ရင္​ လမ္​း႐ွာပါ။ ​ေနာက္​ဆံုးမွ နံမည္​ကို ​ေတြ႔မွာပါ။ ဒါ​ေတာင္​ မိသားစုအားလံုး ဆက္​ရက္​မ​ေတြ႔ပါဘူး။ မိမိရဲ႕ အိမ္​နီးခ်င္​းကိုလဲ ကပ္​ရက္​ ​ေတြ႔ရမွာ မဟုတ္​ပါ။
.
     ဒါ ကိုယ္တိုင္​​ေတြ႔ခ့ဲတ့ဲ စာရင္​းပါ။ လူညစ္​​ေတြက မဲစာရင္​းပံုစံ ဘယ္​ႏွစ္​မ်ိဳးထုတ္​လဲ မသိပါ။ ​ေနာက္​တ​ေနရာမွာ ​ေနာက္​တမ်ိဳး စီထားမွာ စိုးလို႔ပါ။ ဒီစာရင္​းပံုစံကို ၾကည္​့ၿပီး တခု စဥ္​းစားမိ​ေသးတယ္​။
   အရင္​ မဲ​ေပးခ့ဲတ့ဲ အႀကိမ္​တိုင္​းမွာ တလမ္​းထဲက လူ​ေတြ မဲရံုတခုတည္​းမွာသာ ​ေပးရပါတယ္​။ ခု စီထားပံုနဲ႔ဆို တရပ္​ကြက္​လံုးရဲ႕ အိမ္​နံပတ္​ ၁ နဲ႔ စ တ့ဲ နံပတ္​​ေတြက တ​ေနရာ၊ ၃ နဲ႔ စ ရင္​ တ​ေနရာ ​ေပးရမ့ဲ ပံုပါဘဲ။ ဘာလို႔လဲဆို အိမ္​နံပတ္​ ၁ နဲ႔ ၃ သည္​ အျပင္​မွာ ကပ္​လွ်က္​႐ွိ​ေပမ့ဲ မဲစာရင္​းမွာက် ရပ္​ကြက္​ထဲမွာ လမ္​းတရာ႐ွိလွ်င္​ ​ေနရာတရာ ​ေဝးသြားလို႔ပါ။ တအိမ္​ငါး​ေယာက္​နဲ႔ တြက္​ရင္​ ​အမွတ္​စဥ္​ ငါးရာ​ေလာက္​ျခားသြားပါၿပီ။ မဲရံုမတူႏိုင္​​ေတာ့ပါ။ ​ေနာက္​ဆံုး​ေၾကျငာၿပီးလို႔ ​ေသခ်ာရင္​ ဘယ္​မဲရံုလဲ စစ္​ထားၾကပါဦးလို႔။ 

20 September 2015

မဲ ​ဘေး

(Unicode version)

       ယ​နေ့ မြန်​မာပြည်​သားဖြစ်​ရတာ အပူအပင်​များလှပါတယ်​။ ရန်​သူမျိုးငါးပါး ဖြစ်​တ့ဲ ​ရေ​ဘေး မီး​ဘေး မင်​း​ဘေး​တွေ အပြင်​ အခုတ​လော တမျိုးတိုးလာပါတယ်​။ မဲ​ဘေးပါ။ ဒီမိုက​ရေစီနိုင်​ငံ​ရော အာဏာရှင်​နိုင်​ငံများပါမကျန်​ မကြားဘူးတ့ဲ မဲစာရင်​းကိစ္စပါ။ မဲစာရင်​းမှာ မပါလို့ လွန်​ခ့ဲတ့ဲသုံးလ​လောက်​က ပြင်​ဖို့ကြိုးစားခ့ဲကြရပါတယ်​။ ခု စက်​တင်​ဘာ၁၄မှာ ပြင်​ဆင်​ပြီး ပါလာမယ်​လို့ ထင်​ခ့ဲကြ​ပေမ့ဲ အထင်​နဲ့ အမြင်​ လွဲခ့ဲကြပါတယ်​။ ပြင်​ဆင်​သူ ရာနှုံးပြည်​့ မပါတ့ဲအပြင်​ အရင်​တ​ခေါက်​က ပါသူတချို့ပါ စာရင်​း​ပျောက်​ကုန်​ပါတယ်​။

.

     ပြည်​သူအများစု ပြာကုန်​ပါတယ်​။ အရင်​ကပါပြီးသူလဲ စိတ်​မချရ၊ မဲစာရင်​း ​ပြေးကြည်​့ကြ​တော့ ရှုပ်​​အောင်​လုပ်​ထားတ့ဲ မဲစာရင်​းနဲ့တိုးပါတယ်​။ မိသားစုနာမည်​​တွေ တကွဲတပြားနဲ့ပါ။ ရပ်​ကွက်​အလိုက်​ မဲရုံခွဲရင်​ မိသားစု​တွေ မဲရုံတရုံထဲ မဲမ​ပေးရဘဲ မိမိနာမည်​ အမှတ်​စဉ်​ပါတ့ဲ မဲရုံမှာ မဲ​ပေးရမ့ဲပုံဘဲ။ ပရက ဥက္ကဌကြီးက ဆင်​​ခြေ​ပေးပါတယ်​။ IT နည်​းပညာသုံးလိုက်​လို့ပါတ့ဲ။ အမှန်​က ကွန်ပြူတာသုံးတာကို ဆိုလိုတာပါ။ ကွန်​ပြူတာဆိုတာ လူခိုင်​းတ့ဲအတိုင်​းလုပ်​တာကို သူမသိတာ ဖြစ်​နိုင်​သလို ရူးချင်​​ယောင်​​ဆောင်​တာလဲ ဖြစ်​နိုင်​ပါတယ်​။

.

     အဆိုးဆုံးက မိမိအိမ်​ မဲစာရင်​းမှာ မိမိနာမည်​ပါရုံနဲ့ မပြီးဘဲ မဆိုင်​သူ​တွေ စာရင်​းပါ​နေတာပါ။ဒီကိစ္စ လူ​တွေ အစိုးရိမ်​ဆုံး ကိစ္စဖြစ်​လာပါတယ်​။ ကြိုတင်​မဲကို ဝိုင်​းစစ်​မှာဆို​တော့ ​နောက်​တမျိုး လုပ်​လာတယ်​ ထင်​ကြပါတယ်​။ အဲဒီအတွက်​ အ​ရေးအကြီးဆုံး တာဝန်​ရှိသူ​တွေက မဲရုံကိုယ်​စားလှယ်​​တွေပါ။ မဲရုံမဖွင်​့ခင်​ ကြိုတင်​မဲက ဘယ်​နှစ်​​ယောက်​၊ မဲလာ​ပေးသူ အားလုံး​ပေါင်​း ဘယ်​နှစ်​​ယောက်​ ရည်​တွက်​ထားရပါမယ်​။ အဲဒီအရည်​အတွက်​ထက်​ မဲလက်​မှတ်​ ပိုများ​နေရင်​ လွဲ​နေပါပြီ။ မဲ​ပေးသူကို ဝဲဘက်​လက်​သန်​း ​ဆေးဆိုးမှတ်​ထားမှာ ဖြစ်​တ့ဲအတွက်​ လွယ်​လွယ်​နဲ့ လူစားထိုးလို့ မလွယ်​​လောက်​ပါ။

.

     ဒါ​တွေက လူ​ကောင်​းတ​ယောက်​ရဲ့ ကြိုတင်​ကာကွယ်​ဖို့ စဉ်​းစားတ့ဲ အ​တွေးတခုပါ။ သူခိုးက​တော့ သူ့အလုပ်​ ခိုးဖို့ကို နည်​းမျိုးစုံနဲ့ စဉ်​းစားမှာပါ။ ဖြစ်​နိုင်​တ့ဲ ခိုးနည်​း​တွေကို ​ဖေ့ဘုတ်​လို​နေရာမှာ ချပြပြီး ကာကွယ်​ဖို့ ပြင်​ဆင်​ကြရပါမယ်​။ မဲစာရင်​းမှာ မှား​နေရင်​လဲ ရပ်​ကွက်​ထဲ ​နေထိုင်​​ကြောင်​း​သေချာရင်​ မဲ​ပေးခွင်​့ပြုမယ်​လို့ ​ပြောကြ​ပေမ့ဲ စိတ်​မချဘဲ မဲစာရင်​းမှာ မိမိနာမည်​ ပါမပါ စစ်​​ဆေးကြပါ။ ကမ္ဘာ​ပေါ်က ဘယ်​နိုင်​ငံမှာမှ မကြားဘူးတ့ဲ မဲစာရင်​းစစ်​တ့ဲအလုပ်​ကို မြန်​မာ​တွေဘဲ လုပ်​ရတယ်​ဆိုပြီး ဂုဏ်​ယူစွာ စစ်​ကြပါ။

.

     ပြည်​သူပြည်​သားအ​ပေါင်​း မဲ​ဘေးက ကင်​း​ဝေးကြပါ​စေ။

XxXxXx

(Zawgyi version )

      ယ​ေန႔ ျမန္​မာျပည္​သားျဖစ္​ရတာ အပူအပင္​မ်ားလွပါတယ္​။ ရန္​သူမ်ိဳးငါးပါး ျဖစ္​တ့ဲ ​ေရ​ေဘး မီး​ေဘး မင္​း​ေဘး​ေတြ အျပင္​ အခုတ​ေလာ တမ်ိဳးတိုးလာပါတယ္​။ မဲ​ေဘးပါ။ ဒီမိုက​ေရစီႏိုင္​ငံ​ေရာ အာဏာ႐ွင္​ႏိုင္​ငံမ်ားပါမက်န္​ မၾကားဘူးတ့ဲ မဲစာရင္​းကိစၥပါ။ မဲစာရင္​းမွာ မပါလို႔ လြန္​ခ့ဲတ့ဲသံုးလ​ေလာက္​က ျပင္​ဖို႔ႀကိဳးစားခ့ဲၾကရပါတယ္​။ ခု စက္​တင္​ဘာ၁၄မွာ ျပင္​ဆင္​ၿပီး ပါလာမယ္​လို႔ ထင္​ခ့ဲၾက​ေပမ့ဲ အထင္​နဲ႔ အျမင္​ လြဲခ့ဲၾကပါတယ္​။ ျပင္​ဆင္​သူ ရာႏႈံးျပည္​့ မပါတ့ဲအျပင္​ အရင္​တ​ေခါက္​က ပါသူတခ်ိဳ႕ပါ စာရင္​း​ေပ်ာက္​ကုန္​ပါတယ္​။
.
     ျပည္​သူအမ်ားစု ျပာကုန္​ပါတယ္​။ အရင္​ကပါၿပီးသူလဲ စိတ္​မခ်ရ၊ မဲစာရင္​း ​ေျပးၾကည္​့ၾက​ေတာ့ ႐ႈပ္​​ေအာင္​လုပ္​ထားတ့ဲ မဲစာရင္​းနဲ႔တိုးပါတယ္​။ မိသားစုနာမည္​​ေတြ တကြဲတျပားနဲ႔ပါ။ ရပ္​ကြက္​အလိုက္​ မဲရံုခြဲရင္​ မိသားစု​ေတြ မဲရံုတရံုထဲ မဲမ​ေပးရဘဲ မိမိနာမည္​ အမွတ္​စဥ္​ပါတ့ဲ မဲရံုမွာ မဲ​ေပးရမ့ဲပံုဘဲ။ ပရက ဥကၠဌႀကီးက ဆင္​​ေျခ​ေပးပါတယ္​။ IT နည္​းပညာသံုးလိုက္​လို႔ပါတ့ဲ။ အမွန္​က ကြန္ျပဴတာသံုးတာကို ဆိုလိုတာပါ။ ကြန္​ျပဴတာဆိုတာ လူခိုင္​းတ့ဲအတိုင္​းလုပ္​တာကို သူမသိတာ ျဖစ္​ႏိုင္​သလို ႐ူးခ်င္​​ေယာင္​​ေဆာင္​တာလဲ ျဖစ္​ႏိုင္​ပါတယ္​။
.
     အဆိုးဆံုးက မိမိအိမ္​ မဲစာရင္​းမွာ မိမိနာမည္​ပါရံုနဲ႔ မၿပီးဘဲ မဆိုင္​သူ​ေတြ စာရင္​းပါ​ေနတာပါ။ဒီကိစၥ လူ​ေတြ အစိုးရိမ္​ဆံုး ကိစၥျဖစ္​လာပါတယ္​။ ႀကိဳတင္​မဲကို ဝိုင္​းစစ္​မွာဆို​ေတာ့ ​ေနာက္​တမ်ိဳး လုပ္​လာတယ္​ ထင္​ၾကပါတယ္​။ အဲဒီအတြက္​ အ​ေရးအႀကီးဆံုး တာဝန္​႐ွိသူ​ေတြက မဲရံုကိုယ္​စားလွယ္​​ေတြပါ။ မဲရံုမဖြင္​့ခင္​ ႀကိဳတင္​မဲက ဘယ္​ႏွစ္​​ေယာက္​၊ မဲလာ​ေပးသူ အားလံုး​ေပါင္​း ဘယ္​ႏွစ္​​ေယာက္​ ရည္​တြက္​ထားရပါမယ္​။ အဲဒီအရည္​အတြက္​ထက္​ မဲလက္​မွတ္​ ပိုမ်ား​ေနရင္​ လဲြ​ေနပါၿပီ။ မဲ​ေပးသူကို ဝဲဘက္​လက္​သန္​း ​ေဆးဆိုးမွတ္​ထားမွာ ျဖစ္​တ့ဲအတြက္​ လြယ္​လြယ္​နဲ႔ လူစားထိုးလို႔ မလြယ္​​ေလာက္​ပါ။
.
     ဒါ​ေတြက လူ​ေကာင္​းတ​ေယာက္​ရဲ႕ ႀကိဳတင္​ကာကြယ္​ဖို႔ စဥ္​းစားတ့ဲ အ​ေတြးတခုပါ။ သူခိုးက​ေတာ့ သူ႔အလုပ္​ ခိုးဖို႔ကို နည္​းမ်ိဳးစံုနဲ႔ စဥ္​းစားမွာပါ။ ျဖစ္​ႏိုင္​တ့ဲ ခိုးနည္​း​ေတြကို ​ေဖ့ဘုတ္​လို​ေနရာမွာ ခ်ျပၿပီး ကာကြယ္​ဖို႔ ျပင္​ဆင္​ၾကရပါမယ္​။ မဲစာရင္​းမွာ မွား​ေနရင္​လဲ ရပ္​ကြက္​ထဲ ​ေနထိုင္​​ေၾကာင္​း​ေသခ်ာရင္​ မဲ​ေပးခြင္​့ျပဳမယ္​လို႔ ​ေျပာၾက​ေပမ့ဲ စိတ္​မခ်ဘဲ မဲစာရင္​းမွာ မိမိနာမည္​ ပါမပါ စစ္​​ေဆးၾကပါ။ ကမာၻ​ေပၚက ဘယ္​ႏိုင္​ငံမွာမွ မၾကားဘူးတ့ဲ မဲစာရင္​းစစ္​တ့ဲအလုပ္​ကို ျမန္​မာ​ေတြဘဲ လုပ္​ရတယ္​ဆိုၿပီး ဂုဏ္​ယူစြာ စစ္​ၾကပါ။
.
     ျပည္​သူျပည္​သားအ​ေပါင္​း မဲ​ေဘးက ကင္​း​ေဝးၾကပါ​ေစ။ 

15 September 2015

အာပလာနဲ့ ဉာဏ်​လှိိုင်း

(Unicode version )


ကျွန်​​တော်​ ဒီအာပလာဘလောဂ် ရေးလာတာ ရှစ်နှစ်ပြည့်ပါတော့မယ်။ ရေးချင်လို့ကို ရေးနေတာပါ။ ဖတ်သူလဲ အများကြီး မရှိပါဘူး။ ရေးရာမှာလဲ စာတခုခုဖတ်ဖြစ်လို့ ရေးမိတာများပါတယ်။ စိတ်ထဲ ထင်ရာ ပေါ်လာရာ ရေးလိုက်တာပါဘဲ။ တနေ့ ငါပြန်ဖတ်ကြည့်မယ် ဆိုတ့ဲ စိတ်ကူးလေးတခုဘဲ ရှိပါတယ်။



မှန်မှန်ရေးနေတာကိုသိတ့ဲ သူငယ်ချင်းတယောက်က သူစမ်းသတ်လုပ်ခ့ဲတ့ဲ web page တွေမှာ ယူထည့်မယ် ပြောပါတယ်။ အဲဒီ page တွေ ပျောက်ပျောက်သွားပါတယ်။ ခုနောက်ဆုံး brainwave ဉာဏ်လှိုင်း ဆိုတ့ဲ page မှာ ယူသုံးမယ်ပြောတော့လဲ သုံးပေါ့။ web page ကိုတော့ ကွန်နက်ရှင်ကြောင့် မကြည့်မိပါ။



ခုနောက်ဆုံးတော့ နာမည်ကျော် ဖေ့ဘုတ်မှာ ပြန်တွေ့ပါတယ်။ ဂျာနယ်တွေမှာ ပါခ့ဲတ့ဲ ကာတွန်းတွေ ပြန်ဖော်ပြတာတွေ့ပါတယ်။ like တွေလဲ တဟုန်ထိုး ရတာတွေ့ရပါတယ်။ တရက်မှာတော့ အာပလာဘလော့ဂ်ထဲက ရဲဘော်လေးကျိပ် ပို့စ်ကိုတွေ့ပါတယ်။ တော်တော် ပျော်သွားပါတယ်။ like ပေါင်း ငါးထောင်နီးပါး ရနေတာတွေ့လို့ပါ။



ရဲဘော်လေးကျိပ် နောက် ပို့လေးငါးခုလောက် တွေ့ပါတယ်။ များပြားလှတ့ဲ ကာတွန်းတွေ ကြားထဲမှာပေါ့။ like ပေါင်း ရခ့ဲတာ နှစ်သောင်းကျော်လောက် ရှိလောက်ပါပြီ။ မူရင်း ဘလော့ဂ်မှာ ဖတ်သူတောင် ရှစ်နှစ်မှာ ဒီလောက် ရှိပါ့မလားမသိပါ။ ဟိုနေ့က ကွန်ပြူတာကြီးနဲ့ ကြည့်မိတော့မှ ရှယ်သူပေါင်းလဲ ထောင်ကျော်လောက်ရှိနိုင်တာ တွေ့ရပါတယ်။ ပို့စ်အားလုံးကို ပြန်မကြည့်နိုင်လို့ အတိအကျတော့ မသိနိုင်ပါ။ ကျေးဇူးပါ ဉာဏ်လှိုင်း ဆရာများခင်ဗျား။



တကယ်ပြောချင်တာက မန့်လို့ အတိုကောက် သုံးနေကြတ့ဲ comments များ အကြောင်းပါ။ တွေ့ခ့ဲတ့ဲ ပို့ လေးငါးခြောက်ခုမှာ ကော်မန့်ပေါင်း ထောင်ဂဏန်းလောက်တော့ ရှိပါလိမ့်မယ်။ ကြိုက်ကြောင်း၊ ကောင်းကြောင်း ထောက်ခံထားတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ထူးခြားတာက ဆယ်ရာခိုင်နှုံးလောက်ရှိတ့ဲ ဆဲသူတွေပါ။ ဖတ်ပြီးမှ ဆဲတာဖြစ်နိုင်လို့ သူတို့ကိုလဲ ကျေးဇူးတင်ပါတယ်။ ဆဲသူအများစုက ဒေါ်စုအကြောင်းပါတာနဲ့ ဆဲကြတော့တာပါ။ ကုလားနဲ့ တိုင်းပြီးဆဲကြပါတယ်။ တခါတလေ ရေးထားတ့ဲ အကြောင်းအရာတောင် ဖတ်မှဖတ်ရဲ့လား မသိပါ။ သူတို့ရဲ့ ပရိုဖိုင် သွားကြည့်တော့ အမှန်တွေ မဟုတ်ပါ။ တချို့ဆို ၂၀၁၅မှ ဖေ့ဘုတ်သုံးသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။



ဒီစာတခုထဲကို ဖတ်ပြီး ဒီမိုဖက်ကလား၊ ဆန့်ကျင်ဖက်ကလား ဆိုပြီး ပြောတာလဲ တွေ့ရပါတယ်။ ဖတ်တ့ဲသူအပေါ်ဘဲ မူတည်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဘယ်ဘက်ကရယ်လို့ ရေးတာမရှိသလို မန့်တ့ဲသူတွေ အကြိုက်လဲ ရေးတာမဟုတ်ပါဘူး။ သာမန်လူတယောက်ရဲ့ တစုံတခုအပေါ် ထင်မြင်တာတွေ ရေးလိုက်တာပါဘဲ။ ကျွန်တော့် စိတ်ထဲ အကောင်းမြင်နေသူကို အကောင်းရေးပြီး မကောင်းထင်မိယင် မကောင်းဘူး ရေးမှာပါဘဲ။



ဘာဘဲဖြစ်ဖြစ် ဉာဏ်လှိုင်းကြောင့် ကျွန်တော့စာ ဖတ်သူများလာတာပါ။ ဉာဏ်လှိုင်း စီစဉ်သူတွေကို မသိပေမ့ဲလဲ ကျေးဇူးတင်ပါတယ်။ တခါတလေ ကျွန်တော့်စာကြောင့် ဉာဏ်လှိုင်းကို တံဆိပ်ကပ်ကြတာလဲ တွေ့ပါတယ်။ ကျွန်တော့် ဘလော့ဂ်ကတော့ သူတို့ ယူသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ စိတ်ပေါ်ရင် ရေးနေမှာပါဘဲ။ ဖတ် ဆဲ အပါအဝင် အားပေးသူတွေကို ကျေးဇူးတင်ပါတယ်။

XxXxXx

(Zawgyi version )


ကြၽန္​​ေတာ္​  ဒီအာပလာဘေလာဂ္ ေရးလာတာ ႐ွစ္ႏွစ္ျပည့္ပါေတာ့မယ္။ ေရးခ်င္လို႔ကို ေရးေနတာပါ။ ဖတ္သူလဲ အမ်ားႀကီး မ႐ွိပါဘူး။ ေရးရာမွာလဲ စာတခုခုဖတ္ျဖစ္လို႔ ေရးမိတာမ်ားပါတယ္။ စိတ္ထဲ ထင္ရာ ေပၚလာရာ ေရးလိုက္တာပါဘဲ။ တေန႔ ငါျပန္ဖတ္ၾကည့္မယ္ ဆိုတ့ဲ စိတ္ကူးေလးတခုဘဲ ႐ွိပါတယ္။

မွန္မွန္ေရးေနတာကိုသိတ့ဲ သူငယ္ခ်င္းတေယာက္က သူစမ္းသတ္လုပ္ခ့ဲတ့ဲ web page ေတြမွာ ယူထည့္မယ္ ေျပာပါတယ္။ အဲဒီ page ေတြ ေပ်ာက္ေပ်ာက္သြားပါတယ္။ ခုေနာက္ဆံုး brainwave ဥာဏ္လိႈင္း ဆိုတ့ဲ page မွာ ယူသံုးမယ္ေျပာေတာ့လဲ သံုးေပါ့။ web page ကိုေတာ့ ကြန္နက္႐ွင္ေၾကာင့္ မၾကည့္မိပါ။

ခုေနာက္ဆံုးေတာ့ နာမည္ေက်ာ္ ေဖ့ဘုတ္မွာ ျပန္ေတြ႔ပါတယ္။ ဂ်ာနယ္ေတြမွာ ပါခ့ဲတ့ဲ ကာတြန္းေတြ ျပန္ေဖာ္ျပတာေတြ႔ပါတယ္။ like ေတြလဲ တဟုန္ထိုး ရတာေတြ႔ရပါတယ္။ တရက္မွာေတာ့ အာပလာဘေလာ့ဂ္ထဲက ရဲေဘာ္ေလးက်ိပ္ ပို႔စ္ကိုေတြ႔ပါတယ္။ ေတာ္ေတာ္ ေပ်ာ္သြားပါတယ္။ like ေပါင္း ငါးေထာင္နီးပါး ရေနတာေတြ႔လို႔ပါ။

ရဲေဘာ္ေလးက်ိပ္ ေနာက္ ပို႔ေလးငါးခုေလာက္ ေတြ႔ပါတယ္။ မ်ားျပားလွတ့ဲ ကာတြန္းေတြ ၾကားထဲမွာေပါ့။ like ေပါင္း ရခ့ဲတာ ႏွစ္ေသာင္းေက်ာ္ေလာက္ ႐ွိေလာက္ပါၿပီ။ မူရင္း ဘေလာ့ဂ္မွာ ဖတ္သူေတာင္ ႐ွစ္ႏွစ္မွာ ဒီေလာက္ ႐ွိပါ့မလားမသိပါ။ ဟိုေန႔က ကြန္ျပဴတာႀကီးနဲ႔ ၾကည့္မိေတာ့မွ ႐ွယ္သူေပါင္းလဲ ေထာင္ေက်ာ္ေလာက္႐ွိႏိုင္တာ ေတြ႔ရပါတယ္။ ပို႔စ္အားလံုးကို ျပန္မၾကည့္ႏိုင္လို႔ အတိအက်ေတာ့ မသိႏိုင္ပါ။ ေက်းဇူးပါ ဥာဏ္လိႈင္း ဆရာမ်ားခင္ဗ်ား။

တကယ္ေျပာခ်င္တာက မန္႔လို႔ အတိုေကာက္ သံုးေနၾကတ့ဲ comments မ်ား အေၾကာင္းပါ။ ေတြ႔ခ့ဲတ့ဲ ပို႔ ေလးငါးေျခာက္ခုမွာ ေကာ္မန္႔ေပါင္း ေထာင္ဂဏန္းေလာက္ေတာ့ ႐ွိပါလိမ့္မယ္။ ႀကိဳက္ေၾကာင္း၊ ေကာင္းေၾကာင္း ေထာက္ခံထားတာေတြအတြက္ ေက်းဇူးတင္ပါတယ္။ ထူးျခားတာက ဆယ္ရာခိုင္ႏွံုးေလာက္႐ွိတ့ဲ ဆဲသူေတြပါ။ ဖတ္ၿပီးမွ ဆဲတာျဖစ္ႏိုင္လို႔ သူတို႔ကိုလဲ ေက်းဇူးတင္ပါတယ္။ ဆဲသူအမ်ားစုက ေဒၚစုအေၾကာင္းပါတာနဲ႔ ဆဲၾကေတာ့တာပါ။ ကုလားနဲ႔ တိုင္းၿပီးဆဲၾကပါတယ္။ တခါတေလ ေရးထားတ့ဲ အေၾကာင္းအရာေတာင္ ဖတ္မွဖတ္ရဲ႕လား မသိပါ။ သူတို႔ရဲ႕ ပ႐ိုဖိုင္ သြားၾကည့္ေတာ့ အမွန္ေတြ မဟုတ္ပါ။ တခ်ိဳ႕ဆို ၂၀၁၅မွ ေဖ့ဘုတ္သံုးသူေတြ ျဖစ္ေနတာ ေတြ႔ရပါတယ္။

ဒီစာတခုထဲကို ဖတ္ၿပီး ဒီမိုဖက္ကလား၊ ဆန္႔က်င္ဖက္ကလား ဆိုၿပီး ေျပာတာလဲ ေတြ႔ရပါတယ္။ ဖတ္တ့ဲသူအေပၚဘဲ မူတည္ပါလိမ့္မယ္။ ကြၽန္ေတာ္ကေတာ့ ဘယ္ဘက္ကရယ္လို႔ ေရးတာမ႐ွိသလို မန္႔တ့ဲသူေတြ အႀကိဳက္လဲ ေရးတာမဟုတ္ပါဘူး။ သာမန္လူတေယာက္ရဲ႕ တစံုတခုအေပၚ ထင္ျမင္တာေတြ ေရးလိုက္တာပါဘဲ။ ကြၽန္ေတာ့္ စိတ္ထဲ အေကာင္းျမင္ေနသူကို အေကာင္းေရးၿပီး မေကာင္းထင္မိယင္ မေကာင္းဘူး ေရးမွာပါဘဲ။

ဘာဘဲျဖစ္ျဖစ္ ဥာဏ္လိႈင္းေၾကာင့္ ကြၽန္ေတာ့စာ ဖတ္သူမ်ားလာတာပါ။ ဥာဏ္လိႈင္း စီစဥ္သူေတြကို မသိေပမ့ဲလဲ ေက်းဇူးတင္ပါတယ္။ တခါတေလ ကြၽန္ေတာ့္စာေၾကာင့္ ဥာဏ္လိႈင္းကို တံဆိပ္ကပ္ၾကတာလဲ ေတြ႔ပါတယ္။ ကြၽန္ေတာ့္ ဘေလာ့ဂ္ကေတာ့ သူတို႔ ယူသံုးသည္ျဖစ္ေစ၊ မသံုးသည္ျဖစ္ေစ စိတ္ေပၚရင္ ေရးေနမွာပါဘဲ။ ဖတ္ ဆဲ အပါအဝင္ အားေပးသူေတြကို ေက်းဇူးတင္ပါတယ္။