28 February 2015
​ကျောင်းသားသပိတ်​ နဲ့ ကွန်​မြူနစ်​
(Unicode version )
ရယ်​စရာ ပါဘဲ။
၁၉၂၀ ​ကျောင်​းသားသပိတ်​ကိုလည်​း ကွန်​မြူနစ်​တံဆိပ်​ ကပ်​ပါတယ်​။ ၁၉၆၂ ​နောက်​ပိုင်​းက​နေ ခုထိ မရိုးနိုင်​တ့ဲ တံဆိပ်​ပါဘဲ။
ကွန်​မြူနစ်​ဝါဒကို ကမ္ဘာမှာ​ရော မြန်​မာမှာပါ လက်​မခံကြ​တော့ပါ။ ကွန်​မြူနစ်​ကြီး​တွေဖြစ်​တ့ဲ တရုပ်​နဲ့ ရုရှား​တောင်​ လုပ်​ချင်​ရာလုပ်​ပြီး အမည်​ခံထားသ​လောက်​ဘဲ ရှိပါ​တော့တယ်​။ မြန်​မာပြည်​သူ အများစုက မကြိုက်​လို့ ​မေ့ထားတာ ကြာပါပြီ။
၁၉၂၀ ကလဲ ​ကျောင်​းသား​တွေ မကြိုက်​တာက အရင်​းရှင်​အစိုးရကိုပါ။ ဒီ​တော့ ဆန်​့ကျင်​ဖက်​ ကွန်​မြူနစ်​ (သို့) ဆိုရှယ်​လစ်​ဝါဒကို သ​ဘောကျတာ သဘာဝကျပါတယ်​။ ​နောက်​ပိုင်​း ကွန်​မြူနစ်​​တွေ ဆိုရှယ်​လစ်​​တွေအဖြစ်​ ကွဲကုန်​ပြီး သင်​ခန်​းစာ ယူစရာ​တွေ ဖြစ်​ခ့ဲပြီးပါပြီ။ ခု​ခေတ်​နဲ့ နှိုင်​းစရာ မလို​တော့သလို ​ခေတ်​​နောက်​ပြန်​ပြီး တံဆိပ်​လဲ မကပ်​သင်​့​တော့ဘူး ထင်​ပါတယ်​။
​နောက်​ ကျွန်​​တော်​ထင်​တ့ဲအချက်​က ဆယ်​​ကျော်​သက်​​တွေ ဘယ်​​ခေတ်​​တွေး​တွေး၊ အ​တွေး​တွေက ရုပ်​ဝါဒီ ဆန်​​နေတတ်​ပါတယ်​။ ကွန်​မြူနစ်​ဝါဒ မဟုတ်​ပါ။ တံဆိပ်​မကပ်​သင်​့ပါ။ ခု လူကြီးဖြစ်​​နေသူတိုင်​း ဆယ်​​ကျော်​သက်​အချိန်​က စဉ်​းစားမိတာ​တွေ ပြန်​​တွေးကြည်​့ပါ။ ရယ်​စရာဖြစ်​​နေပါလိမ်​့မယ်​။ ခု လူငယ်​​တွေ ​နောက်​နှစ်​နှစ်​ဆယ်​ သုံးဆယ်​ကျမှ သ​ဘော​ပေါက်​မှာပါ။ သူတို့ကိုလဲ အဲဒီ​ခေတ်​ ဆယ်​​ကျော်​သက်​​တွေ ဆန္ဒပြ ​နေပါလိမ်​့မယ်​။ ဒါ ပုံမှန်​ပါဘဲ။
လုပ်​သင်​့တာက လူကြီး​တွေ မ​ကောင်​းခ့ဲတာ​တွေကို လူငယ်​​တွေ အတုမခိုး​စေဖို့ပါဘဲ။ အတင်​းအကျပ်​လုပ်​ယင်​ repercussion effects ​တွေ ရကုန်​ပါလိမ်​့မယ်​။ လူငယ်​​တွေကို ထိမ်​းသိမ်​း​ပေးဖို့ဘဲ လိုပါတယ်​။ ​မြောက်​ပင်​့​ပေးတာမျိုး လုံးဝ မလုပ်​သင်​့ပါ။ အစိုးရ မ​ကောင်​းတာ မ​ကောင်​းတာပါ။ ဒီ​ခေတ်​မှာ ​တောခိုပြီး ​တော်​လှန်​ဖို့ လုံးဝစိတ်​ကူး မယဉ်​သင်​့တာ ၈၈မှီလိုက်​သူ​တွေ အားလုံး မှတ်​မိမှာပါ။
လူကြီးဖြစ်​သွားလို့ ​ကြောက်​သွားပြီလို့ စွပ်​စွဲရင်​လဲ ခံရုံပါဘဲ။ အပျက်​ မဖြစ်​​စေချင်​တ့ဲ ​စေတနာဘဲ ရှိပါတယ်​။ လူငယ်​​တွေကိုလဲ စဉ်​းစား ထိန်​းချုပ်​ဖို့ ​မေတ္တာရပ်​ပါတယ်​။ လက်​ရှိ အ​ခြေအ​နေကို ဂိတ်​ဆုံးလို့ သတ်​မှတ်​ခိုင်​းတာ မဟုတ်​ပါ။ မတရား​ပေမ့ဲ နစ်​နာခ့ဲသူ​တွေကို ဒီဘက်​ နှစ်​အစိတ်​မှာ ​တွေ့ခ့ဲဘူးလို့ပါ။
လူငယ်​​တွေဟာ လူမှု​ရေး ဘာသာ​ရေး အ​တွေ့အကြုံ​တွေ ရလာတ့ဲ ​နောက်​နှစ်​နှစ်​ဆယ်​ သုံးဆယ်​​ရောက်​ယင်​ ခုလူကြီး​တွေလို့ အသုံးမကျတ့ဲ လူကြီး​တွေ မဖြစ်​​စေဖို့ ခုကတည်​းက ​မျှော်​မြင်​​တွေး​ခေါ်နိုင်​ပါ​စေလို့ဘဲ ဆု​တောင်​းပါတယ်​။
ဘာ​ကြောင်​့လဲဆို​တော့ မနက်​ဖန်​ကျယင်​ ​ဖေ​ဖော်​ဝါရီလ ၂၈ရက်​​ကျော်​လို့ မတ်​လ တရက်​​ရောက်​​တော့မှာမို့ပါ။
XxXxXx
(Zawgyi version )
ရယ်​စရာ ပါဘဲ။
လူငယ်​​တွေဟာ လူမှု​ရေး ဘာသာ​ရေး အ​တွေ့အကြုံ​တွေ ရလာတဲ့ ​နောက်​နှစ်​နှစ်​ဆယ်​ သုံးဆယ်​​ရောက်​ယင်​ ခုလူကြီး​တွေလို့ အသုံးမကျတဲ့ လူကြီး​တွေ မဖြစ်​​စေဖို့ ခုကတည်းက ​မျှော်​မြင်​​တွေး​ခေါ်နိုင်​ပါ​စေလို့ဘဲ ဆု​တောင်းပါတယ်​။
27 February 2015
နိုဝင်​ဘာမှာ လာမလား၊
(Unicode version )
ပညာရေးဥပဒေ အတွက် ကျောင်းသားများ ဆောင်ရွက်နေပါသည်။ သူတို့တင်ထားသည့် ဥပဒေကြမ်းကို မနက်ဖန် အတည်မပြုပေးပါက ရန်ကုန်သို့ ဆက်ချီတက်မည်ဟု ပြောထားပါသည်။
ကျွန်တော်တဦးတည်း အမြင်ကိုပြောချင်ပါသည်။ ဥပဒေကြမ်းတခုကို လွှတ်တော်တင်လျှင် ကိုယ်စားလှယ်များဆွေးနွေးတာ ပြင်ပပညာရှင်များ စိတ်ပါဝင်စားသူများ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်၊ ကြားနာ၊ နောက်ဆုံးမဲခွဲတာ လက်ရှိ တည်ဆဲ ဥပဒေအတိုင်းသာ ဖြစ်ပါသည်။ အာဏာရှင်နိုင်ငံ မဟုတ်လျှင် ဤအတိုင်းသာ လုပ်ဆောင်ကြပါသည်။
ကျောင်းသားများအနေဖြင့် စောင့်ကြည့်ရန်သာ ရှိပါသည်။ အချိန်ဆွဲနေတာလား၊ မလိုဘဲလုပ်နေတာလား စောင့်ကြည့်ရပါမည်။ လက်ရှိ တည်ဆဲ ဥပဒေအတိုင်းသာ လုပ်ရပါမည်။ လက်ရှိဥပဒေကြီးကို မကြိုက်တာဆိုလျှင်တော့ အရေးကြီးတာကြီးကို အရင်လုပ်သင့်ပါသည်။
ဒါကတော့ လက်ရှိဖွဲ့စည်းပုံကြီးကို ဦးစားပေး၍ ပြင်ဖို့ဘဲ ဖြစ်သည်။ ကျောင်းသားများ ကြိုးပမ်းမှု့ကို အလွယ်တကူ လျှော့ပေးမည် မထင်ပါ။ အချိန်အနည်းငယ်တော့ ကြာမည်ဖြစ်သည်။ ဒီအချိန်အတွင်း ဖွဲ့စည်းပုံပြင်နိုင်ဦးမည် မဟုတ်ဟု ပြောလာပြီဖြစ်သည်။ လွှတ်တော်တွင် ဘတ်ဂျက်ကလဲ အကြိတ်အနယ် အချိန်ယူဦးမှာသေချာသည်။ နိုဝင်ဘာမတိုင်ခင် ဖွဲ့စည်းပုံအတွက် ဆွေးနွေးချိန် မရှိမှာစိုးပါသည်။
ကျောင်းသားများ လက်ငင်းလုပ်နေသည့် ပညာရေးဥပဒေ အောင်မြင်သွားသည် ထားပါ။ လယ်မြေသိမ်းခံထားရသော လယ်သမားများ၊
လုပ်ခ နည်းနည်းနှင့် ကျွန်သာသာ လုပ်နေရသည့် အလုပ်သမားများ၊
ဘာကြောင့်မှန်းမသိ အမိန့်ကြောင့်သာ အသက်စွန့်တိုက်နေရသော စစ်သားများ၊
စစ်ကြောင့် ကျောင်းတက်ဖို့နေနေသာ ပြေးလွှားပုံးရှောင်နေရသော တိုင်းရင်းသားများ
စသည်စသည် များစွာ ရှိနေတာကို သတိပြုစေချင်ပါသည်။ သူတို့အများစု၏ ပြဿနာ အဓိကမှာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးဆိုတာကိုတော့ မျက်ခြေမပြတ်သင့်ဟု ထင်ပါသည်။
နိုဝင်ဘာဆိုတာ မဝေးတော့ကြောင်း ကျောင်းသားများ သတိပြုစေလိုပါသည်ခင်ဗျား။
XxXxXx
(Zawgyi version )
22 February 2015
ပညာ​ရေးဥပ​ဒေကြမ်း ​နောက်​ဆက်​တွဲ
(Unicode version )
မ​နေ့က ပညာ​ရေးဥပ​ဒေကြမ်​း အ​ကြောင်​း ​ရေးလိုက်​မိပါသည်​။ ဝန်​ခံထားခ့ဲသည်​့အတိုင်​း နိုင်​ငံ​တော်​ အစိုးရထုတ်​​သော သတင်​းစာပါ ​ဆောင်​းပါးကို ကိုးကားမိသဖြင်​့ ကွဲ​တော့သည်​။ နိုင်​င့ံအစိုးရကထုတ်​​သော များ​သောအားဖြင်​့ အစိုးရအာ​ဘော်​ကို ​ဖော်​ပြ​လေ့ရှိသဖြင်​့ အစိုးရသတင်းစာ ဤ​မျှ​တော့ မလိမ်​တန်​ရာဟု ထင်​ခ့ဲပါသည်​။ ​ဖေ့ဘုတ်​​ပေါ်တွင်​ ​ရေးသည်​ဆိုလျှင်​ မယုံရ၍ သတင်​းစာကို ယုံမိမှာ သံဃာစင်​ပါ ​မှောက်​​တော့သည်​။
ကျွန်​​တော်​ကိုယ်​တိုင်​ ရှာရမှာ ပျင်​းသဖြင်​့ ​ဆောင်​းပါးပါ အချက်​များကို အ​ခြေခံကာ ​ရေးလိုက်​မိသည်​။ ယခုပူးတွဲပါ ပုံတွင်​ ​ရေးမိသည်​့ အချက်​နှင်​့ တိုက်​ရိုက်​ ပတ်​သက်​သည်​များကို ​တွေ့နိုင်​ပါသည်​။ ဘာသာ​ရေးသီးသန်​့သင်​သည်​့ ​ကျောင်​းများနှင်​့ ဤဥပ​ဒေ မသက်​ဆိုင်​ဟု အတိအလင်​း ​ရေးထားပါသည်​။ language နှင်​့ ပတ်​သက်​၍လည်​း မိခင်​ဘာသာစကားနှင်​့ သင်​မှ ဘာပညာမဆို တတ်​လွယ်​မည်​ ဖြစ်​သဖြင်​့ ပထမဦးစား​ပေးထားတာ အဓိပ္ပါယ်​ရှိပါသည်​။ ​ခေတ်​​ပေါ် ဘာသာရပ်​များကိုပင်​ ​ဗမာဘာသာဖြင်​့ မရှိသဖြင်​့ အင်္ဂလိပ်​လို ညံ့​သော မြန်​မာများ အခက်​​တွေ့​နေသည်​မှာ လက်​​တွေ့ပါ။
အခြား အချက်​များတွင်​လည်​း လိုရာ​လေးကိုသာ ဆွဲ​ရေးထားသည်​။ ဥပ​ဒေကြမ်​းတွင်​ အ​သေးစိတ်​​ရေးထား​သော်​လည်​း အခြားအဓိပ္ပါယ်​ ထွက်​​စေသည်​့စာလုံးကိုသာ အမြင်​မှား​အောင်​ ယူသုံးထားပါသည်​။ သတင်​းစာပါ မူရင်​းကိစ္စကို မသိလည်​း သတင်​းစာပါအတိုင်​း ယုံ၍ မဖြစ်​​တော့။
ဘာ​ကြောင်​့ အစိုးရက ဒီလိုလိမ်​ ရပါသလဲ။ စဉ်​းစား၍ပင်​ မရပါ။ မိမိ​ရေးထား​သော ဥပ​ဒေထက်​ ပို​ကောင်​း​နေလို့လား။ ဝန်​ခံပြီး ညှိပြင်​လိုက်​လျှင်​ နိုင်​ငံ​ရေး အမှတ်​​တောင်​ တက်​ပါဦးမည်​။ ယခုလို လိမ်​လို့လဲ မ​ပေါ်ဘဲ ​နေမည်​မဟုတ်​။ တနည်​းမဟုတ်​ တနည်​း​ပေါ်မည်​့ ​ခေတ်​ဖြစ်​သည်​။ ​ဆောင်​းပါးရှင်​အာ​ဘော်​ပါလို့ လွှဲချရ​အောင်​လည်​း သတင်​းစာ​ကြော်​ငြာ​တောင်​ သူတို့ သ​ဘောမတူလျှင်​ ထည်​့ခွင်​့ရတာမဟုတ်​။ နိုင်​ငံ​တော်​ကိုယ်​စားပြု သတင်​းစာ၊ ပြည်​သူ့ပိုက်​ဆံနဲ့ ထုတ်​​သော သတင်​းစာ ၊ ဘာ​ကြောင်​့ ပုံစံ မ​ပြောင်​းလဲ​သေးတာလဲ။ ​နောက်​တနှစ်​​လောက်​ဆို ​ပြောင်​းသွားနိုင်​သည်​့ အစိုးရ​ခေတ်​​ရောက်​လျှင်​ မည်​သို့ ဆက်​စခန်​းသွားမည်​ကို အနည်​းငယ်​မျှပင်​ စဉ်​းစားမထားကြဘူးလား။ ငါတို့ဘဲ ဆက်​​သေချာ​နေလို့လား။
ကျွန်​​တော်​ နှစ်​ဆယ်​့​လေးနာရီခန်​့ နိုင်​ငံ​တော်​သတင်​းစာက ဘာ​ကြောင်​့ လိမ်​​ရေးသလဲ စဉ်​းစားမိ​မှ ကျွန်​​တော်​ည့ံတာ ​ပေါ်လာပါ​တော့သည်​။ သူတို့က လိမ်​​နေကျဆို​တော့ . . . . .
XxXxXx
(Zawgyi version )
20 February 2015
ပညာ​ရေး ဥပ​ဒေ ကိစ္စ
(Unicode version )
ပထမဆုံး အာပလာဘ​လော့ဂ်​သည်​ အစိုးရကို လုံးဝမကြိုက်​​ကြောင်​း ​ပြောလိုပါသည်​။ ပို့စ်​အ​ဟောင်​းများကို ဖတ်​ကြည်​့လျှင်​လည်​း သိသာပါသည်​။ အစိုးရထုတ်​​သော သတင်​းစာ ဝယ်​မဖတ်​သည်​မှာလဲ ဆယ်​စုနှစ်​ နှစ်​ခုရှိခ့ဲပါပြီ။ ဤမျှ စကားပလ္လင်​ ခံ​နေရသည်​မှာ ယ​နေ့ထုတ်​ သတင်​းစာပါ ​ဆောင်​းပါးကို ဖတ်​မိ၍ ဖြစ်​သည်​။ သတင်​းစာပါ ​ဆောင်​းပါးများသည်​ အစိုးရအာ​ဘော်​ကို ​ထောက်​ခံ​ရေးသားမြဲ ဖြစ်​သဖြင်​့ လွန်​စွာ ဖတ်​ခဲပါသည်​။
ကံဆိုးချင်​​တော့ ယ​နေ့မှ ဖတ်​မိသည်​။ NNER မှ ဦး​ဆောင်​တင်​သွင်​းထားသည်​့ ပညာ​ရေးဥပ​ဒေကို ​ဝေဖန်​ထားသည်​့ ​ဆောင်​းပါးဖြစ်​သည်​။ ကျွန်​​တော်​သည်​ ထိုဥပ​ဒေကြမ်​း အပြည်​့အစုံကိုလည်​း မဖတ်​မိ​ကြောင်​း ဝန်​ခံပါသည်​။ ထို့ပြင်​ ဥပ​ဒေကိုလည်​းနားမလည်​၊ ပညာ​ရေးဝန်​ထမ်​းလည်​း မဟုတ်​ရပါ။ ယခု ​ရေးသားသည်​့ အ​ကြောင်​းများသည်​ ထို​ဆောင်​းပါးပါ အချက်​များကို အ​ခြေခံ၍ ​ရေးထားသဖြင်​့ မူရင်​းဥပ​ဒေကြမ်​းမှာ မပါဘဲ သတင်​းစာ ​ဆောင်​းပါးက လုပ်​ကြံထားပါက ကျွန်​​တော်​၏ ည့ံဖျင်​းမှုသာ ဖြစ်​ပါ​ကြောင်​း။
ပထမတခုက ​ကျောင်​းသားများ တက္ကသိုလ်​ တက်​ခွင်​့ကို စိတ်​ကြိုက်​ ​ရွေးခွင်​့ပြုရန်​ ။ ဖြစ်​နိုင်​ပါ့မလား။ ဥပမာ ဒီနှစ်​ ဆယ်​တန်​း​အောင်​ ​ကျောင်​းသားအများစုက သမတဖြစ်​လွယ်​တ့ဲ ​မေမြို့က D.S.A ဘဲ တက်​ချင်​ယင်​ ​ကျောင်​းမှာဆန်​့သ​လောက်​ဘဲ လက်​ခံနိုင်​မှာ​ပေါ့။ ဒီလိုဘဲ သူ​ဌေးဖြစ်​လွယ်​မ့ဲ Civil Engineering ကိုဘဲ တက်​ချင်​ကြယင်​ ဘယ်​လိုလုပ်​ကြမလဲ။ ဓာတ်​ခွဲခန်​း​တွေ၊ လက်​​တွေ့လုပ်​ဖို့ ဝပ်​​ရှော့​တွေ ဆန်​့သ​လောက်​ဘဲ ​ခေါ်မှာ​ပေါ့။ အဲ ​တော်​​တော်​ညံ့ပြီး ​ဆေးတက္ကသိုလ်​တက်​ရင်​​ကော လက်​ခံမလား။ ဘာမှမတတ်​ဘဲ ​ဒေါက်​တာဖြစ်​သွားရင်​ လူမမာ​တွေ​တော့ ဒုက္ခဘဲ။ သင်​​ပေးမ့ဲစာ ​လေ့လာနိုင်​စွမ်​းရှိတ့ဲ ဦ​ဏှောက်​​ ရှိမရှိ​လောက်​​တော့ စစ်​ရမယ်​ထင်​ပါသည်​။ ​လေ့လာမိသ​လောက်​ တခြာနိုင်​ငံက ကမ္ဘာ​ကျော်​ တက္ကသိုလ်​ကြီး​တွေလဲ ဝင်​ခွင်​့ သတ်​မှတ်​ချက်​​တွေ ရှိပါသည်​။ စာ​တော်​သူ​တွေက ဦးစား​ပေး မှန်​​ပေမ့ဲ အ​မေရိကန်​ တက္ကသိုလ်​​တွေက​တော့ အားကစား​တော်​သူ၊ အခြား လူမှု​ရေး ထူးချွန်​သူ ၊ ပိုက်​ဆံရှိသူ​တွေလဲ သူ့သတ်​မှတ်​ချက်​အရ လက်​ခံ​လေ့ ရှိတာ ​တွေ့ရပါတယ်​။ တက်​ချင်​သူ အားလုံးကို လက်​ခံဖို့​တော့ လုံးဝ မဖြစ်​နိုင်​ဟု ထင်​ပါသည်​။
ဒုတိယတခုက ​ကျောင်​း​တွေကို လွတ်​လပ်​စွာ ဖွင်​့ခွင်​့ပြုဖို့ပါ။ မူအားဖြင်​့ လုံးဝ သ​ဘောတူပါသည်​။ သို့​သော်​ ဤစာများ သင်​ပါက တက္ကသိုလ်​ ၊ ဤစာများအထိဘဲ သင်​ပါက ဒီပလိုမာ/​ကောလိပ်​ စသဖြင်​့ သတ်​မှတ်​​ပေးဖို့ အဖွဲ့အစည်​းတခု​တော့ လိုပါမည်​။ အစိုးရဝန်​ထမ်​းများ အနည်​းငယ်​သာပါ​သော ပြင်​ပပညာရှင်​ အဖွဲ့အစည်​း ရှိသင်​့ပါသည်​။ တတ်​နိုင်​လျှင်​ ဖွင်​့ထားသည်​့​ကျောင်​းတိုင်​း မှတ်​ပုံတင်​ထားရပါမည်​။ စစ်​အစိုးရ​ခေတ်​ကလို တင်​းကြပ်​ဖို့ မဟုတ်​ဘဲ အဆင်​့အတန်​း ခွဲ​ပေးဖို့သာ ဖြစ်​ရပါမည်​။ သတင်​းစာ​ဆောင်​းပါးပါ ဘာသာ​ရေး religions and languages ပြဿနာများလဲ ရှိလာနိုင်​ပါသည်​။ ဒီမိုက​ရေစီ​ခေတ်​ဘဲ၊ ​ပေးရမှာ​ပေါ့ဟု လွယ်​လွယ်​မ​ပြော​စေလိုပါ။ ရပ်​ကွက်​တိုင်​းတွင်​ အခြားဘာသာ​ရေး​ကျောင်​းများ ဖွင်​့လျှင်​ ကြည်​ဖြူနိုင်​မှာလား ၊ ​သွေး​အေး​အေးဖြင်​့ စဉ်​်​းစားကြပါဦး။
အခြား ပြဿနာတက်​နိုင်​သည်​့ ဆရာ ​ကျောင်​းသား ​ကျောင်​း​ပြောင်​းပြဿနာ။ ဘတ်​ဂျက်​ ၂၀% ပြဿနာ၊ များလဲ ပါပါ​သေးသည်​။ အ​သေးစိတ်​ မဖတ်​ထားသဖြင်​့ မ​ရေးလို​တော့ပါ။
အမှန်​က အခုပြဿနာက အစိုးရက မည်​သူမျှ ဂရုမစိုက်​ဘဲ အတည်​ပြုခ့ဲ​သော ဥပ​ဒေကြမ်​းတွင်​ သမဂ္ဂ ဖွဲ့ခွင်​့မ​ပေးရာမှ စသည်​ဟု ထင်​ပါသည်​။ ခုလဲ ​ကျောင်​းသားများတင်​သည်​့ ဥပ​ဒေကြမ်​းတွင်​ ​ဆွေး​နွေးသင်​့သည်​များ ပါ​သော်​လည်​း မ​ဆွေး​နွေး​တော့ဘဲ လူလည်​လုပ်​၍ လွှတ်​​တော်​ဘက်​ ပုတ်​ထုတ်​လိုက်​သည်​ ထင်​ပါသည်​။ ​ကျောင်​းသားနဲ့ လွှတ်​​တော်​ တိုက်​​ပေးလိုက်​တာပါဘဲ။
အ​ရေးအကြီးဆုံး ပထမပိုင်​းက စကားပလ္လင်​ ခံခ့ဲရသည်​့ အပိုင်​း​ရောက်​ပါပြီ။ ​ကျောင်​းသားများနှင်​့NNER ကို ​မေတ္တာရပ်​ခံချင်​ပါသည်​။ လွှတ်​​တော်​တွင်​ ​ဆွေး​နွေးချိန်​ ​ပေးဖို့လိုပါသည်​။ အစိုးရကို မ​ကြေနပ်​၍ ကန်​့လန်​့တိုက်​ရ​ရော မဖြစ်​ပါ။ ကြားလူ ​ကောင်​းစားသွားနိုင်​ပါသည်​။ ​ကျောင်​းသားများသည်​ ပညာတတ်​များဖြစ်​၍ စဉ်​းစားလျှင်​ သိပါသည်​။ ဒီလကုန်​အထိဘဲ အချိန်​​ပေးထားတာ မ​ကောင်​းပါ။ အထက်​က ​ရေးခ့ဲ​သော အချက်​များကို ခွင်​့ပြုလိုက်​လျှင်​ ​ရေရှည်​တွင်​ ပြဿနာ ဖြစ်​မှာပါ။ ​ဒေါသစိတ်​များကို ​ခေတ္တထိန်​းချုပ်​ပြီး မိမိယုံကြည်​​သော ဆရာကြီးများနဲ့ တိုင်​ပင်​သင်​့ပါသည်​။
အများသ​ဘောတူ ဆိုရ​အောင်​လဲ လက်​ရှိလွှတ်​​တော်​ကိုယ်​စားလှယ်​များသည်​ အများဆန္ဒနဲ့ ​ရွေးချယ်​ထားတာ မဟုတ်​​ကြောင်​း သတိပြုကြပါ။ သို့​သော်​ လက်​ရှိ အစိုးရလဲ မကြိုက်​၊ လွှတ်​​တော်​လဲ မကြိုက်​ဖြစ်​​နေသည်​့ ကျွန်​​တော်​အဖို့ ခုချက်​ချင်​း အတည်​မပြု​ပေးရင်​ ဆန္ဒပြမည်​ဆိုသည်​ကို ​ဝေခွဲမတတ်​ ဖြစ်​​နေပါ​ကြောင်​း။ ။
XxXxXx
(Zawgyi version )
09 February 2015
ဝှိုက်​ကဒ်​ (white card)
(Unicode version)
လွှတ်​​တော်​က သမတမှတ်​ချက်​ဖြင်​့ ပြန်​ပို့ထား​သော ဝှိုက်​ကဒ်​ရ ပုဂိ္ဂုလ်​များ မဲ​ပေးခွင်​့ ပြုသဖြင်​့ အစိုးရကို​ရော လွှတ်​​တော်​ကို​ရော ဆဲသံများ ညံ​နေပါသည်​။ များ​သောအားဖြင်​့ ဘင်္ဂလီ​ခြောက်​သိန်​းရှိသည်​ဆိုပြီး မဲဆဲ​နေကြသည်​။ အ​ရှေ့ရှမ်​းပြည်​မှ တရုပ်​များက​တော့ မည်​မျှရှိ​နေသည်​ မသိရပါ။ အများစုကဆိုလျှင်​ နိုင်​ငံသားကဒ်​ပင်​ ရတာကြာ​နေပြီ။
ဆဲ​နေသူ တချို့ကို ဘာအတွက်​မဲ​ပေးခွင်​့ ​ပေးတာလဲ သိလားဆို​တော့ စိတ်​ဆိုးမာန်​ဆိုးဖြင်​့ ၂၀၁၅ ​ရွေး​ကောက်​ပွဲအတွက်​ ဟု ပြန်​​ဖြေတာ များပါသည်​။ ၂၀၁၅ မှာ သူတို့ ကြ့ံဖွတ်​​တွေ မဲပိုရ​အောင်​​ပေါ့ဟု ရှင်​းပြ​နေ​သေးသည်​။ ကဲ ဒါဆို သူတို့​နေတ့ဲ ဘူးသ်​ီး​တောင်​​မောင်​​တော ဘက်​မှာဘဲ နိုင်​မှာ​ပေါ့။ ကျန်​တပြည်​လုံးမှာ ကိုယ်​ကြိုက်​တ့ဲသူ ကိုယ်​မဲ​ပေးနိုင်​တာဘဲဟု ရှင်​းလျှင်​ မ​ကြေနပ်​ကြပါ။
တကယ်​က ၂၀၁၅ ​​မေလ ဆန္ဒခံယူပွဲတွင်​ မဲ​ပေးခွင်​့​ပေးခြင်​း ဖြစ်​ပါသည်​။ လူတိုင်​းဆဲ​နေ​သော ၂၀၀၈​ခြေဥတွင်​၄င်​း ​ရွေး​ကောက်​ပွဲဥပ​ဒေတွင်​၄င်​း ပြဌာန်​းထားပြီး ဖြစ်​ပါက ဘာမျှ မတတ်​နိုင်​ပါ။ ​ခြေဥပြင်​သည်​့အထဲတွင် သူတို့ကို​ မဲ​ပေးခွင်​့​ပေးထားသည်​့ အပိုဒ်​ကို ဖြုတ်​၍ သူတို့လည်​းမဲ​ပေး၊ ကျန်​သူလည်​းမဲ​ပေးသာ လုပ်​ရန်​ တိုက်​တွန်​းရပါမည်​။ အများစုက ညီလျှင်​ သူတို့ ၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ သူတို့ မဲ​ပေးခွင်​့ရ​တော့မည်​ မဟုတ်​ပါ။
၂၀၀၈​ခြေဥတွင်​ ပြည်​သူအများစု မကြိုက်​နှစ်​သက်​​သော အချက်​များစွာ ပါဝင်​သည်​ကို အားလုံးအသိပါ။ ထိုအချက်​များထဲမှ ဤတချက်​သည်​ ကြံ့ဖွတ်​​တွေအတွက်​ အမှတ်​​လျော့​စေသည်​့ အချက်​တခု ဖြစ်​သွားပြန်​ပါပြီ။ ​ဒေါ်စုကို မွတ်​အား​ပေးသူဟု မဟုတ်​တန်​းတရား စွပ်​စွဲ​နေသူ​တွေပင်​ ​ဝေဝါးကုန်​တာ ​တွေ့ရပါသည်​။ အစိုးရက မွတ်​​တွေဘက်​သို့ ​နောက်​ဆုံးပါသွားသည်​ဟု ခံစား​နေရပါသည်​။ သူတို့အခိုင်​းခံ မဘသအဖွဲ့ပင်​ အစိုးရကို သပိတ်​​မှောက်​ရ​တော့မလို ဖြစ်​ကုန်​ပြီး တားထားမှ ပြန်​ငြိမ်​​နေတာပါ။ မရိုးသားခ့ဲတ့ဲ အကျိုး ပြန်​ခံစားရတာပါ။
ကျွန်​​တော်​တဦးတည်​း၏ အယူအဆမှာ နိုင်​ငံသား မဖြစ်​​သေးသည်​့သူကို နိုင်​ငံသားတ​ယောက်​အတွက်​ အမြင်​့ဆုံး လုပ်​ပိုင်​ခွင်​့ဖြစ်​သည်​့ တိုင်​းပြည်​အတွက်​ မဲ​ပေးခြင်​းကို လုံးဝလက်​မခံနိုင်​ပါ။ သူတို့သည်​ ကုလားဖြစ်​ချင်​ ဖြစ်​မည်​၊ တရုပ်​ဖြစ်​ချင်​ ဖြစ်​မည်​၊ ​နောက်​ဆုံးအ​နောက်​နိုင်​ငံများမှ ပညာတတ်​သူ​ဌေးကြီး ဖြစ်​ချင်​ဖြစ်​မည်​၊ နိုင်​ငံသား မဖြစ်​မခြင်​း မဲ​ပေးခွင်​့ မ​ပေးရပါ။ သူတို့က ဖြစ်​ဖို့နီးစပ်​လို့ ခွင်​့ပြုတာပါဟု ​ပြော​သော ကြံ့ဖွတ်​ဒုဥက္ကဌကို မည်​သို့အဆင်​့ သတ်​မှတ်​ရမည်​ကို မ​ပြောတတ်​​တော့ပါ။
အဆုံးသတ်​​ပြောပါမည်​။ * နိုင်​ငံသား မဖြစ်​​သေးသူကို နိုင်​ငံသားအခွင်​့အ​ရေး လုံးဝ မ​ပေးသင်​့ပါ။ *
XxXxXx
(Zawgyi version)
02 February 2015
kyaung ther union တဲ့၊
(Unicode version )
​ကျောင်​းသားနဲ့ အစိုးရ မ​နေ့က ​ဆွေး​နွေးပွဲမှာ ​ကျောင်​းသား​တွေ တင်​ပြတ့ဲ ပရီကွန်​ဒစ်​ရှင်​း ကိုးချက်​ထဲက ခုနှစ်​ချက်​​လောက်​ အဆင်​​ပြေတယ်​လို့ RFA က လွှင်​့သွားပါတယ်​။
မ​ပြေတ့ဲအထဲက တချက်​က ​ကျောင်​းသားသမဂ္ဂ နဲ့ ဆရာသမဂ္ဂ ကို လက်​မခံတာလို့ သိရပါတယ်​။
အစိုးရက ​ကျောင်​းသားယူနီယံ ​ထောင်​ခွင်​့ပြုထားပြီးပြီဘဲ။ ဒီမိုက​ရေစီ အ​လေ့အကျင်​့လဲ ​ကျောင်​းသားကတည်​းက ရ​အောင်​ ​ကျောင်​းသား​တွေကို ​ကျောင်​း​တွေမှာ မဲ​ပေးခိုင်​း​ပေါ့။ သမဂ္ဂကြိုက်​လား။ ယူနီယံကြိုက်​လား။ ( union မဟုတ်​ပါ ၊ ဒါကိုက တမျိုးကြီးဘဲ၊ kyaung ther union ဆိုပြီး အင်္ဂလိပ်​ လိုလုပ်​​ပေါ့။ ) ။
အစိုးရ​ကျောင်​းသား​တွေက ယူနီယံ​ကောင်​း​ကြောင်​း ​ပြောစည်​းရုံးပြီး ကျန်​​ကျောင်​းသား​တွေက သမဂ္ဂ ဘက်​က မဲဆွယ်​​ပေါ့။ ဒီဘိတ်​​တွေလုပ်​ကြ။ ဒါ ဒီမိုက​ရေစီ သ​ဘောတရားကို ​ကျောင်​းသားကတည်​းက အ​လေ့အကျင်​့ လုပ်​ပြီးသားဖြစ်​သွားမယ်​။ စိတ်​ပါတ့ဲ ​ကျောင်​းသား​တွေ မဲ​ပေး။ စိတ်​မပါသူ​တွေကို စိတ်​ပါလာ​အောင်​ဆွယ်​။ အ​ပြော​ကောင်​း အလုပ်​​ကောင်​းသူ​တွေ ​ပေါ်လာပြီး ​နောင်​ နိုင်​ငံ​ရေး​ခေါင်​း​ဆောင်​​လောင်​း​တွေ​တောင်​ ​မျှော်​နိုင်​ပါတယ်​။
ဒါ စိတ်​ကူးယဉ်​ ကြည်​့တာပါ။ တကယ်​ဖြစ်​မှာက ချစ်​ကြည်​​ရေး တိုးတက်​ဖို့ ဟိုဘက်​ရွာ ဒီဘက်​ရွာ ​ဘောလုံးပွဲ လုပ်​​ပေးပါတယ်​။ နှစ်​ဖက်​အသင်​း ရန်​ဖြစ်​ရာက ရွာအထိပါကူးပြီး ဖိုက်ကုန်တာ ​​ခုထိ မ​ခေါ်မ​ပြောဘူးတ့ဲ။ ​ဗမာ​တွေ​လေ။
XxXxXx
(Zawgyi version )
ကျောင်းသားနဲ့ အစိုးရ မ​နေ့က ​ဆွေး​နွေးပွဲမှာ ​ကျောင်းသား​တွေ တင်​ပြတဲ့ ပရီကွန်​ဒစ်​ရှင်း ကိုးချက်​ထဲက ခုနှစ်​ချက်​​လောက်​ အဆင်​​ပြေတယ်​လို့ RFA က လွှင့်​သွားပါတယ်​။
မ​ပြေတဲ့အထဲက တချက်​က ​ကျောင်းသားသမဂ္ဂ နဲ့ ဆရာသမဂ္ဂ ကို လက်​မခံတာလို့ သိရပါတယ်​။