29 September 2012

ယာဥ်အန္တရယ်


(Unicode version)

ပုံသက်သေနဲ့ အရေးယူလို့ရပါသလား။ ဒီကားက ခြောက်မိုင်ခွဲက ယာဉ်ထိန်းပုလိပ်ကို ပိုက်ဆံပေးခ့ဲရသေးတယ်။ တလမ်းလုံးလဲ အမြန်မောင်းတာပါ။ တော်တော် အန ္တရယ်ရှိပါတယ်။ ၀န်ပေါ့မို့လို့ တုန်းလုံးမလဲတာပါ။ ပြီးခ့ဲတ့ဲ တနင်္ဂနွေနေ့ကပါ။ ပြည်လမ်းမကြီးအတိုင်း မင်္ဂလာဒုံဘက်ကို မောင်းသွားပါတယ်။


XxXxXx

(Zawgyi version)

ပံုသက္ေသနဲ႔ အေရးယူလို႔ရပါသလား။ ဒီကားက ေျခာက္မိုင္ခြဲက ယာဥ္ထိန္းပုလိပ္ကို ပိုက္ဆံေပးခ့ဲရေသးတယ္။ တလမ္းလံုးလဲ အျမန္ေမာင္းတာပါ။ ေတာ္ေတာ္ အႏ ၱရယ္႐ွိပါတယ္။ ၀န္ေပါ့မို႔လို႔ တုန္းလံုးမလဲတာပါ။ ၿပီးခ့ဲတ့ဲ တနဂၤေႏြေန႔ကပါ။ ျပည္လမ္းမႀကီးအတိုင္း မဂၤလာဒံုဘက္ကို ေမာင္းသြားပါတယ္။

24 September 2012

NOKIA

(Unicode version )

Nokia Hand Set များစိတ်ကုန်တယ်။ ဗမာစာ Font တင်လို့မရလို့ပါ။

ဂျာနယ်တစ်ခုဖတ်လိုက်ရတော့ ပိုစိတ်ဆင်းရဲသွားပါတယ်။ ဈေးနှုံးစာရင်းဖေါ်ပြတ့ဲအထဲမှာ Nokia Model သုံးခု ဘေးမှာ ပစ္စည်းပျက် တ့ဲ။ ပြတ် မဟုတ်ဘူးနော်။ ဗမာလိုရေးထားတာက ဟန်းဆက် တ့ဲ။ Hung နေတ့ဲ စက်ဘဲဖြစ်မယ်။ Nokia တွေ ကမ္ဘာမှာ ဒါကြောင့်နာမည်ပျက်တာ။တော်ပြီ၊ တော်ပြီ ။ iPhone5 ဘဲသုံးမယ်။ဈေးကလဲချိုတယ်။ ၁၀ သိန်းထဲ။


XxXxXx

(Zawgyi version )

Nokia Hand Set မ်ားစိတ္ကုန္တယ္။ ဗမာစာ Font တင္လို႔မရလို႔ပါ။
ဂ်ာနယ္တစ္ခုဖတ္လိုက္ရေတာ့ ပိုစိတ္ဆင္းရဲသြားပါတယ္။ ေစ်းႏႈံးစာရင္းေဖၚျပတ့ဲအထဲမွာ Nokia Model သံုးခု ေဘးမွာ ပစၥည္းပ်က္ တ့ဲ။ ျပတ္ မဟုတ္ဘူးေနာ္။ ဗမာလိုေရးထားတာက ဟန္းဆက္ တ့ဲ။ Hung ေနတ့ဲ စက္ဘဲျဖစ္မယ္။ Nokia ေတြ ကမာၻမွာ ဒါေၾကာင့္နာမည္ပ်က္တာ။ေတာ္ၿပီ၊ ေတာ္ၿပီ ။ iPhone5 ဘဲသံုးမယ္။ေစ်းကလဲခ်ိဳတယ္။ ၁၀ သိန္းထဲ။

17 September 2012

ဦးတေဇ နဲ့ အမှိုက်ကား

(Unicode version )

ဘာမှတော့ ဆက်စပ်မှုမရှိပါ။ ဒီနေ့မြို့ထဲသွားရင်း ပုံပါ အမှိုက်ကားကို တွေ့ခ့ဲပါတယ်။ လမ်းပေါ်မှာ သွားရန်မသင့်တ့ဲ အခြေနေပါ။ နောက်ကနေ လိုက်နေရတော့ ကားတမ်းကြီးလဲ ဖြစ်လို့။ ပြုတ်ကျလာမှာတောင်စိုးရိမ်နေရတ့ဲ အခြေအနေပါ။



ပြည်သူ့ပစ္စည်းတွေနဲ့ သူဌေးဖြစ်ခ့ဲတ့ဲ ဦးတေဇအနေနဲ့ အခု ကားသစ် ကားဟောင်းလဲလှယ်ရေးအစီအစဉ်မှာ ဒီကားတွေကို ကားသစ်တွေနဲ့ လဲပေးခ့ဲမယ်ဆိုယင် ပြည်သူကို ပြန်ကျေးဇူးဆပ်ရာရောက်မှာပါ။



ဟိုတစ်နေ့က ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း နိုင်ခ့ဲဖို့ သုံးခ့ဲတ့ဲ ပိုက်ဆံလောက်ဆို တော်တော် အလုပ်ဖြစ်မှာပါ။ သတ္တိရှိလို့ အလှုရှင်နာမည်ထိုးထားရင် သာဓုတောင်ခေါ်ကြတော့ ကုသိုတောင်ရသေး။

XxXxXx

(Zawgyi version)

ဘာမွေတာ့ ဆက္စပ္မႈမ႐ွိပါ။ ဒီေန႔ၿမိဳ႕ထဲသြားရင္း ပံုပါ အမႈိက္ကားကို ေတြ႔ခ့ဲပါတယ္။ လမ္းေပၚမွာ သြားရန္မသင့္တ့ဲ အေျခေနပါ။ ေနာက္ကေန လိုက္ေနရေတာ့ ကားတမ္းႀကီးလဲ    ျဖစ္လို႔။  ျပဳတ္က်လာမွာေတာင္စိုးရိမ္ေနရတ့ဲ အေျခအေနပါ။

ျပည္သူ႔ပစၥည္းေတြနဲ႔ သူေဌးျဖစ္ခ့ဲတ့ဲ ဦးေတဇအေနနဲ႔ အခု ကားသစ္ ကားေဟာင္းလဲလွယ္ေရးအစီအစဥ္မွာ ဒီကားေတြကို ကားသစ္ေတြနဲ႔ လဲေပးခ့ဲမယ္ဆိုယင္ ျပည္သူကို ျပန္ေက်းဇူးဆပ္ရာေရာက္မွာပါ။ 

ဟိုတစ္ေန႔က ရန္ကုန္ယူႏိုက္တက္ေဘာလံုးအသင္း ႏိုင္ခ့ဲဖို႔ သံုးခ့ဲတ့ဲ ပိုက္ဆံေလာက္ဆို ေတာ္ေတာ္ အလုပ္ျဖစ္မွာပါ။ သတၱိ႐ွိလို႔ အလႈ႐ွင္နာမည္ထိုးထားရင္ သာဓုေတာင္ေခၚၾကေတာ့ ကုသိုေတာင္ရေသး။

13 September 2012

၅၀၀၀

(Unicode version )

29-7-2007 မှစရေးခ့ဲတာ မနေ့ 12-9-2012 မှာ ၅၀၀၀ ဖတ်သူပြည့်သွားပါတယ်။ မှန်တာ၀န်ခံရယင် ၂၀၀၀ လောက်ကတော့ ဘယ်နှစ်ယောက်ရှိပြီလဲလို့ ကျွန်တော်ပြန်ကြည့်တာဘဲဖြစ်မှာပါ။ ဆက်ရေးပါဦးမယ်။ တစ်ခါတစ်လေဆိုတော့ အပျင်းလဲပြေပါတယ်။ ဖတ်သူတွေ ကျေးဇူးပါ။


XxXxXx

(Zawgyi version )

29-7-2007 မွစေရးခ့ဲတာ မေန႔ 12-9-2012 မွာ ၅၀၀၀ ဖတ္သူျပည့္သြားပါတယ္။ မွန္တာ၀န္ခံရယင္ ၂၀၀၀ ေလာက္ကေတာ့ ဘယ္ႏွစ္ေယာက္ရွိၿပီလဲလို႔ ကၽြန္ေတာ္ျပန္ၾကည့္တာဘဲျဖစ္မွာပါ။ ဆက္ေရးပါဦးမယ္။ တစ္ခါတစ္ေလဆိုေတာ့ အပ်င္းလဲေျပပါတယ္။ ဖတ္သူေတြ ေက်းဇူးပါ။

11 September 2012

9/11 နဲ့ မြန်မာ


(Unicode version)

              ပထမဦးစွာ ပြောချင်တာက 9/11 နှင့်ကျွန်တော်ဘာမှ မပါတ်သက်တာကိုပါ။ အမေရီးကားတောင် မရောက်ဖူးပါ။ ၁၁နှစ်ပြည့်အနေနှင့်TVမှာ ကြည့်ခ့ဲရတာကို သတိရလို့ရေးတယ်ဆိုတာကိုပါ။



               9/11 လို့အမေရိကန်တွေက သုံးလေ့ရှိပါတယ် ။ အင်္ဂလိပ်နဲ့ပြောင်းပြန်ပေါ့။ စက်တင်ဘာလ ၉ ရက်လို့ရေးလေ့မရှိပါ။ မြန်မာတွေက အင်္ဂလိပ်လို use to ဖြစ်နေတော့ နို၀င်ဘာလ ၉ ရက်နဲ့ရောနိုင်ပါတယ်။



               အဲဒီနေ့ကို မှတ်မိပါသေးတယ်။ မြန်မာစံတော်ချိန်ဆိုတော့ ညနေပိုင်းရောက်နေပါပြီ။ ညနေ ၆ နညရီခွဲကျော် ထမင်းစားပြီး TV ဖွင့်လိုက်တော့ ပထမ Twin tower ကိုတိုက်ပြီးကာစပါ။ Accident ဖြစ်တယ် ထင်တယ်လို့ CNN ကပြောနေပါတယ်။ အိမ်ကလူတွေကို CNN Breaking News ပြနေတယ် လှမ်းခေါ်လိုက်လို့ ၀ိုင်းကြည့်နေတုံး ဒုတိယ Tower ကို တိုက်တာပါ။ ကြည့်နေတုံး ရုတ်တရက်ဆိုတော့မရှင်းလိုက်ပါဘူး။ CNN Commentators တွေတောင် ကြေငြာတာရှုပ်ကုန်ပါတယ်။ ခဏနေတော့မှ ခုဖြစ်နေတာတွေဟာ Terrorist Attack ဖြစ်တယ်လို့ ကြေငြာနိုင်ပါတယ်။  



                   တညလုံးကြည့်နေကြတာပေါ့။ အဲဒီအချိန်တွေက ညဖက်ဘောလုံးပွဲရှိယင် Tape နဲ့ဖမ်းထားဘ်ု့ ဗီဒီယိုခွေကို အသင့်ထ့ဲထားလေ့ရှိတော့ တော်တော်များများကို ကူးထားဖြစ်ပါတယ်။ ပြည်ပ Channel ပေါင်းစုံက Breaking News ဆိုပြီး လွှင့်ကြတော့တာပါ။ခုတော့ ဖျက်လိုက်ပြီနော်။ ရှိသေးလား မမေးကြပါနဲ့။ လေး ငါး နာရီအကြာ ပထမ Tower ပြိုတော့ စဉ်းစားမိပါတယ်။ New York ရဲ့ နာမည်ကျော် Sky Line တော့ပျက်ပြီပေါ့။ ဒီ မသာ တာလီဘန်တို့၊ အယ်ကိုင်ရေးဒါးတို့ ဆိုတာ စဉ်းစားမိဘို့နေနေ ကြားမှ မကြားဘူးတာ။ 




                 တော်တော်ရက်စက်တ့ဲ လုပ်ရပ်ပါဘဲ။ ဘာမှ အပစ်မရှိတ့ဲသူတွေကို လုပ်တာဘဲ။ တကယ်မကြေနပ်ယင် တိုက်ရမ့ဲ စစ်တပ်ကို မလုပ်နိုင်တာနဲ့ ရတ့ဲနေရာ လုပ်သွားတာပါ။ သမတ Bush က Republican လဲဖြစ်နေ ၊ တက်ကာစ လဲဖြစ်နေတော့ ဆော်တော့တာပေါ့။ ခုထိကို နောက်ဆက်တွဲတွေ ဆော်နေကြတုံးပါ။ သေတ့ဲသူပေါင်း သိန်းချီနေလောက်ပါပြီ။ 



                 တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ ပြန်လက်စားချေချင်တ့ဲသူရှိယင် ဘယ်လိုများ လုပ်လေမလဲပေါ့။ အဆိုးဆုံးအဖြစ် သူတို့ ဥပုသ်ကာလ မက္ကာမှာ လူသန်းချီပြီး ၀တ်ပြုနေချိန် သူတို့လိုဘဲ ဆီအပြည့်နဲ့ လေယာဉ်တစ်စီး ထိုးဆင်းသွားယင် ဘာဖြစ်ကြမလဲလို့ပါ။ ကမ္ဘာစစ်ဖြစ်ပြီး ကမ္ဘာပျက်လေမလားဗျာ။ ။

XxXxXx

(Zawgyi version) 

              ပထမဦးစြာ ေျပာခ်င္တာက 9/11 ႏွင့္ကၽြန္ေတာ္ဘာမွ မပါတ္သက္တာကိုပါ။ အေမရီးကားေတာင္ မေရာက္ဖူးပါ။ ၁၁ႏွစ္ျပည့္အေနႏွင့္TVမွာ  ၾကည့္ခ့ဲရတာကို သတိရလို႔ေရးတယ္ဆိုတာကိုပါ။

               9/11 လို႔အေမရိကန္ေတြက သံုးေလ့႐ွိပါတယ္ ။ အဂၤလိပ္နဲ႔ေျပာင္းျပန္ေပါ့။ စက္တင္ဘာလ ၉ ရက္လို႔ေရးေလ့မ႐ွိပါ။ ျမန္မာေတြက အဂၤလိပ္လို use to ျဖစ္ေနေတာ့ ႏို၀င္ဘာလ ၉ ရက္နဲ႔ေရာႏိုင္ပါတယ္။

               အဲဒီေန႔ကို မွတ္မိပါေသးတယ္။ ျမန္မာစံေတာ္ခ်ိန္ဆိုေတာ့ ညေနပိုင္းေရာက္ေနပါၿပီ။ ညေန ၆ နညရီခြဲေက်ာ္ ထမင္းစားၿပီး TV ဖြင့္လိုက္ေတာ့ ပထမ Twin tower ကိုတိုက္ၿပီးကာစပါ။ Accident ျဖစ္တယ္ ထင္တယ္လို႔ CNN ကေျပာေနပါတယ္။ အိမ္ကလူေတြကို CNN Breaking News ျပေနတယ္ လွမ္းေခၚလိုက္လို႔ ၀ိုင္းၾကည့္ေနတံုး ဒုတိယ Tower ကို တိုက္တာပါ။ ၾကည့္ေနတံုး ႐ုတ္တရက္ဆိုေတာ့မ႐ွင္းလိုက္ပါဘူး။ CNN Commentators ေတြေတာင္ ေၾကျငာတာ႐ႈပ္ကုန္ပါတယ္။ ခဏေနေတာ့မွ ခုျဖစ္ေနတာေတြဟာ Terrorist Attack ျဖစ္တယ္လို႔ ေၾကျငာႏိုင္ပါတယ္။  

                   တညလံုးၾကည့္ေနၾကတာေပါ့။ အဲဒီအခ်ိန္ေတြက ညဖက္ေဘာလံုးပြဲ႐ွိယင္ Tape နဲ႔ဖမ္းထားဘ္ု႔ ဗီဒီယိုေခြကို အသင့္ထ့ဲထားေလ့႐ွိေတာ့ ေတာ္ေတာ္မ်ားမ်ားကို ကူးထားျဖစ္ပါတယ္။ ျပည္ပ Channel ေပါင္းစံုက Breaking News ဆိုၿပီး လႊင့္ၾကေတာ့တာပါ။ခုေတာ့ ဖ်က္လိုက္ၿပီေနာ္။ ႐ွိေသးလား မေမးၾကပါနဲ႔။ ေလး ငါး နာရီအၾကာ ပထမ Tower ၿပိဳေတာ့ စဥ္းစားမိပါတယ္။ New York ရဲ႕ နာမည္ေက်ာ္ Sky Line ေတာ့ပ်က္ၿပီေပါ့။ ဒီ မသာ တာလီဘန္တို႔၊ အယ္ကိုင္ေရးဒါးတို႔ ဆိုတာ စဥ္းစားမိဘို႔ေနေန ၾကားမွ မၾကားဘူးတာ။ 

                 ေတာ္ေတာ္ရက္စက္တ့ဲ လုပ္ရပ္ပါဘဲ။ ဘာမွ အပစ္မ႐ွိတ့ဲသူေတြကို လုပ္တာဘဲ။ တကယ္မေၾကနပ္ယင္ တိုက္ရမ့ဲ စစ္တပ္ကို မလုပ္ႏိုင္တာနဲ႔ ရတ့ဲေနရာ လုပ္သြားတာပါ။ သမတ Bush က Republican လဲျဖစ္ေန ၊ တက္ကာစ လဲျဖစ္ေနေတာ့ ေဆာ္ေတာ့တာေပါ့။ ခုထိကို ေနာက္ဆက္တြဲေတြ ေဆာ္ေနၾကတံုးပါ။ ေသတ့ဲသူေပါင္း သိန္းခ်ီေနေလာက္ပါၿပီ။ 

                 တစ္ခါတစ္ခါ စဥ္းစားမိပါတယ္။ ျပန္လက္စားေခ်ခ်င္တ့ဲသူ႐ွိယင္ ဘယ္လိုမ်ား လုပ္ေလမလဲေပါ့။ အဆိုးဆံုးအျဖစ္ သူတို႔ ဥပုသ္ကာလ မကၠာမွာ လူသန္းခ်ီၿပီး ၀တ္ျပဳေနခ်ိန္ သူတို႔လိုဘဲ ဆီအျပည့္နဲ႔ ေလယာဥ္တစ္စီး ထိုးဆင္းသြားယင္ ဘာျဖစ္ၾကမလဲလို႔ပါ။ ကမာၻစစ္ျဖစ္ၿပီး ကမာၻပ်က္ေလမလားဗ်ာ။   

07 September 2012

အခြေခံ ဥပဒေခုံရုံး


(Unicode version)

                  မနေ့ညက သတင်းမှာ အခြေခံဥပဒေခုံရုံး အဖွဲ့၀င်တွေကို ဖြုတ်လိုက်ပါပြီ။ လွန်ခ့ဲတ့ဲ နှစ် ငါးဆယ်အတွင်း အသုံးပြုခ့ဲတ့ဲ အတိုင်း ယဉ်ယဉ်ကျေးကျေး နှုတ်ထွက်ခွင့်ပြုလိုက်သည်ပေါ့ဗျာ။ တကယ်ကတော့ ထုတ်လိုက်တာပါဘဲ.။ ကျန်တ့ဲ အဖွဲ့၀င်တွေအကြောင်းတော့ မသိပါဘူး။ ဥက္ကဌ အကြောင်းဘဲ ပြောချင်တာပါ။ ဒီလ ူပြည်သူတွေရဲ့ ဒါဏ်ခတ်ခြင်းကို ခံသွားရတာပါ။ ပြညသူူတွေရဲ့ ဒါဏ်ခတ်ခြင်းဆိုရာမှာ မနေ့ညက လွှတ်တော်ထဲ ဆွေးနွေးတ့ဲသူ ပြောသွားသလို လွှတ်တော်ကို စော်ကားတာထက် ၂၀၁၀တုံးက လုပ်ထားတ့ဲ အပြစ်ကြောင့့််လို့ ထင်ပါတယ်။

                     ခုံရုံးဥက္ကဌ ဦးသိန်းစိုးဆိုသူဟာ ၂၀၁၀ ရွေးကောက်ပွဲဥက္ကဌ လုပ်သွားသူပါဘဲ။ သူ့အဖေ အရွှေကြီးရဲ့ ဥပဒေဆိုင်ရာ လူယုံကြီးပေါ့။ နောက်ဆုံး ခုံရုံးကိစ္စ သတင်းစာရှင်းလင်းပွဲမှာတောင် ရင့်ရင့်သီးသီး ပြောနေတာပါ။ အပြောင်းအလဲကို နဲနဲမှ သဘောမပေါက်တ့ဲ Mr. ဧရာ၀တီ အဆင့်ပါ။သူကတော့ Mr.ခုံရုံးပေါ့။ ခုထိလဲ အစိုးရ အဖွဲ့ထဲမှာ ဒီလိုလူတွေ ကျန်နေပါသေးတယ်။

                    သေချာပြန်စဉ်းစားတော့ ဦးသိန်းစိုးဟာ သူဥက္ကဌလုပ်ခ့ဲတ့ဲ လိမ်စင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ တင်မြောှက်ထားတ့ဲ လွှတ်တော်ကဘဲ သူ့ကို အဆင့်မရှိဘူးဆိုပြီး ပြန်ဖြုတ်ခ့ဲတာပါဘဲ။ သူအနေနဲ့ ငြိမ်မခံသင့်ဘဲ ၂၀၁၀ ရွေးကောက်ပွဲဟာ အင်ကြီးပါခင်ဗျာလို့ ကုန်းအော်ဖို့ဘဲရှိပါတယ်။ သနားတတ်တ့ဲသူ တစ်ယောက်လောက်တော့ ပေါ်လာကောင်းပါရဲ့။

                     ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ ၉၆% မဲပေးခ့ဲတယ်လို့ ပြောပါတယ်။ ၉၂% ကတော့ ထောက်ခံမဲပေါ့။ ဘယ်လိုလုပ်ပြီးမဲပေးသူ ၉၆% ရှိမှာထဲဗျာ။ ခုဂျာနယ်တွေမှာ ပေါ်လာတော့ ထိုင်းမှာ နှစ်သန််းခန့်၊ မလေးမှာ တစ်သန်းခန့်၊ ကျောက်စိမ်းတွင်းတွေမှာ သိန်းချီ၊ နယ်မှာ ဆင်းရဲလို့ ရန်ကုန်မှာ လာလုပ်ရသူတွေ သိန်းချီနေတာလေ။ ဒီလူတွေ မဲမပေးခ့ဲတာ အသေအချာပါ။ ဒါထက် သေချာတာက ကျွန်တော်တို့တစ်အိမ်လုံးလဲ တစ်ယောက်မှ မဲမပေးခ့ဲကြပါဘူး။ မေးကြည့်ယင်လဲ မဲပေးခ့ဲတ့ဲသူ ရှားပါတယ်။ ပေးခ့ဲတယ်ဆိုသူတွေလဲ ကန့်ကွက်ချင်လို့ သွားပေးခ့ဲတ့ဲသူတွေကြီးပါဘဲ။ ဘယ်လိုလုပ် ၉၂% ထောက်ခံမှာလဲဗျာ။

                    ခုတော့ ရှင်းကွားပါပြီ။ သူ လိမ် လုပ်ပေးလိုက်တ့ဲ လွှတ်တော်ကဘဲ သူ့ကိုဖြုတ်လိုက်ပါပြီ။ Impeachment ဆိုတာ မြန်မာပြည်မှာ ပထမဆုံးလိုဘဲ ထင်ပါတယ်။ရှက်တတ်ယင် လူ့ပြည်မှာတောင် မနေသင့်တော့ဘူးလို့ ထင်ပါတယ်ခင်ဗျား။ ။



XxXxXx 

(Zawgyi version)          

         မေန႔ညက သတင္းမွာ အေျခခံဥပေဒခံု႐ံုး အဖြဲ႔၀င္ေတြကို ျဖဳတ္လိုက္ပါၿပီ။ လြန္ခ့ဲတ့ဲ ႏွစ္ ငါးဆယ္အတြင္း အသံုးျပဳခ့ဲတ့ဲ အတိုင္း ယဥ္ယဥ္ေက်းေက်း ႏႈတ္ထြက္ခြင့္ျပဳလိုက္သည္ေပါ့ဗ်ာ။ တကယ္ကေတာ့ ထုတ္လိုက္တာပါဘဲ.။ က်န္တ့ဲ အဖြဲ႔၀င္ေတြအေၾကာင္းေတာ့ မသိပါဘူး။ ဥကၠဌ အေၾကာင္းဘဲ ေျပာခ်င္တာပါ။ ဒီလ ူျပည္သူေတြရဲ့ ဒါဏ္ခတ္ၿခင္းကို ခံသြားရတာပါ။ ျပညသူူေတြ႐ဲ႕ ဒါဏ္ခတ္ျခင္းဆိုရာမွာ မေန႔ညက လႊတ္ေတာ္ထဲ ေဆြးေႏြးတ့ဲသူ ေျပာသြားသလို လႊတ္ေတာ္ကို ေစာ္ကားတာထက္ ၂၀၁၀တံုးက လုပ္ထားတ့ဲ အျပစ္ေၾကာင့့္္လို႔ ထင္ပါတယ္။
                     ခံု႐ံုးဥကၠဌ ဦးသိန္းစိုးဆိုသူဟာ ၂၀၁၀ ေ႐ြးေကာက္ပြဲဥကၠဌ လုပ္သြားသူပါဘဲ။ သူ႕အေဖ အေ႐ႊႀကီးရဲ႕ ဥပေဒဆိုင္ရာ လူယံုႀကီးေပါ့။ ေနာက္ဆံုး ခံု႐ံုးကိစၥ သတင္းစာ႐ွင္းလင္းပြဲမွာေတာင္ ရင့္ရင့္သီးသီး ေျပာေနတာပါ။ အေျပာင္းအလဲကို နဲနဲမွ သေဘာမေပါက္တ့ဲ Mr. ဧရာ၀တီ အဆင့္ပါ။သူကေတာ့ Mr.ခံု႐ံုးေပါ့။ ခုထိလဲ အစိုးရ အဖြဲ႔ထဲမွာ ဒီလိုလူေတြ က်န္ေနပါေသးတယ္။
                    ေသခ်ာျပန္စဥ္းစားေတာ့  ဦးသိန္းစိုးဟာ သူဥကၠဌလုပ္ခ့ဲတ့ဲ လိမ္စင္ ၂၀၁၀ ေ႐ြးေကာက္ပြဲနဲ႔ တင္ေျမာွက္ထားတ့ဲ လႊတ္ေတာ္ကဘဲ သူ႔ကို အဆင့္မ႐ွိဘူးဆိုၿပီး ျပန္ျဖဳတ္ခ့ဲတာပါဘဲ။ သူအေနနဲ႔ ျငိမ္မခံသင့္ဘဲ ၂၀၁၀ ေ႐ြးေကာက္ပြဲဟာ အင္ႀကီးပါခင္ဗ်ာလို႔ ကုန္းေအာ္ဖို႔ဘဲ႐ွိပါတယ္။  သနားတတ္တ့ဲသူ တစ္ေယာက္ေလာက္ေတာ့ ေပၚလာေကာင္းပါရဲ႕။
                     ၂၀၁၀ ေ႐ြးေကာက္ပြဲမွာ ျပည္သူ ၉၆% မဲေပးခ့ဲတယ္လို႔ ေျပာပါတယ္။ ၉၂% ကေတာ့ ေထာက္ခံမဲေပါ့။ ဘယ္လိုလုပ္ၿပီးမဲေပးသူ ၉၆% ႐ွိမွာထဲဗ်ာ။ ခုဂ်ာနယ္ေတြမွာ ေပၚလာေတာ့ ထိုင္းမွာ ႏွစ္သန္္းခန္႔၊ မေလးမွာ တစ္သန္းခန္႔၊ ေက်ာက္စိမ္းတြင္းေတြမွာ သိန္းခ်ီ၊ နယ္မွာ ဆင္းရဲလို႔ ရန္ကုန္မွာ လာလုပ္ရသူေတြ သိန္းခ်ီေနတာေလ။ ဒီလူေတြ မဲမေပးခ့ဲတာ အေသအခ်ာပါ။ ဒါထက္ ေသခ်ာတာက ကၽြန္ေတာ္တို႔တစ္အိမ္လံုးလဲ တစ္ေယာက္မွ မဲမေပးခ့ဲၾကပါဘူး။ ေမးၾကည့္ယင္လဲ မဲေပးခ့ဲတ့ဲသူ ႐ွားပါတယ္။ ေပးခ့ဲတယ္ဆိုသူေတြလဲ ကန္႔ကြက္ခ်င္လို႔ သြားေပးခ့ဲတ့ဲသူေတြႀကီးပါဘဲ။ ဘယ္လိုလုပ္ ၉၂% ေထာက္ခံမွာလဲဗ်ာ။
                    ခုေတာ့ ႐ွင္းကြားပါၿပီ။ သူ လိမ္ လုပ္ေပးလိုက္တ့ဲ လႊတ္ေတာ္ကဘဲ သူ႔ကိုျဖဳတ္လိုက္ပါၿပီ။ Impeachment ဆိုတာ ျမန္မာျပည္မွာ ပထမဆံုးလိုဘဲ ထင္ပါတယ္။႐ွက္တတ္ယင္ လူ႕ျပည္မွာေတာင္ မေနသင့္ေတာ့ဘူးလို႔ ထင္ပါတယ္ခင္ဗ်ား။      





06 September 2012

cloud

တိမ်တွေကိုအော်ပြောလိုက်တယ်......................

တိမ္ေတြကိုေအာ္ေျပာလိုက္တယ္......................

02 September 2012

ပြည်မြို့က ဂျားဂျား


ခင်၀မ်းအကြောင်းလေးပါလို့ ရေးလိုက်ပါတယ်။ အာပလွတ်ဆိုသူကတော့ အပြစ်ပြောတော့မယ်။Sorry ဗျာ။

စာသားကတော့ " ပြည်မြို့မှာ ကြီးသုံးကြီးရိတယ်သားရဲ့၊ သုခမိန်လှိုင်ရဲ့ အဖေက တရားသူကြီး၊ ခင်၀မ်းရဲ့အဖေက ဂျပန်ကြီး၊ မောင်ချောနွယ်ရဲ့အဖေက နယ်ပိုင်ကြီးကွ "

ဆောင်းပါးရေးသူမှာ မောင်ကိုကို (အမရပူရ) ဖြစ်၍ Hot NewsJournal တွင်ဖေါ်ပြခ့ဲခြင်းဖြစ်ပါသည်။