Showing posts with label ကံ. Show all posts
Showing posts with label ကံ. Show all posts
10 May 2024
ဘေယာလီဗာကူဆန်ရဲ့စံချိန်၊
လီဗာကူဆန်က လွန်နေပြီ။ တော်တာလည်း လက်ခံပါတယ်။ ကြိုးစားကြတာလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဗမာအတွေးနဲ့ ပြောရရင် ကန်သာမက ကံကလည်း လိုက်လွန်းပါတယ်ဗျာ။
.
မနေ့က UEFA ဆီမီးမှာ ၈၂မိနစ်အထိ နှစ်ဂိုးပြတ် ရှုံးနေတယ်။ အဲ့ဒီမှာ တဖက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းပေးလို့ ချေပဂိုးပြန်ရတယ်။ အချိန်ပို ၉၇မိနစ်မှ ဒုတိယချေပဂိုး သွင်းပြီး သရေရသွားတယ်။
.
ဥရောပ ရှုံးပွဲမရှိ စံချိန် ဘဲန်ဖှီကာရဲ့ ၄၈ပွဲကို ချိုးနိုင်သွားပြီ။ အချိန်ပိုကျမှ ချေနိုင်လို့ ရှုံးပွဲမရှိတာ လေးငါးပွဲ မကတော့ဘူး ထင်တယ်။ သရေကျရင်၊ တဂိုးရှုံးနေရင်၊ တက်မယ့်ပွဲတွေမှာလည်း ကြိုးစားကြလို့ နောက်ဆုံးမိနစ်ဂိုးတွေ သွင်းပြီး ဒီစံချိန်ရတာပါ။
.
ဒီတရာသီ လိဂ်ရှုံးပွဲမရှိစံချိန် (EPLက Rကြီး စံချိန်မျိုး) ရဖို့ လိဂ်နှစ်ပွဲကန်ရဦးမယ်။ ဂျာမန်ကပ် ဖိုင်နယ်တပွဲရယ်၊ UEFA ဖိုင်နယ်တပွဲရယ် ကန်လို့ အားလုံးနိုင်ရင်တော့ အတော့်ကို ကန်ကောင်းတဲ့အသင်းလို့ ကမ္ဘာက အသိအမှတ်ပြုရပါတော့မယ်။ 
30 July 2022
ဆုတောင်း၊
ဗမာလူမျိုးတွေသာ မကပါ။ လူသားအများစုက ဆုတောင်းလေ့ရှိကြတာပါဘဲ။ မိမိ ဖြစ်ချင်တဲ့ဆန္ဒကို လုပ်ပေး ဖြည့်ဆည်းပေးနိုင်မယ် ထင့်တဲ့သူစီ တိုင်တည်ဆုတောင်းလေ့ရှိတာ လူသားအများစု လုပ်လေ့ရှိကြမှာပါ။ ဘုရားတွေ နတ်တွေကအစ ကွယ်လွန်ပြီဖြစ်တဲ့ မိဘဆွေမျိုး အကြီးအကဲ အားကိုးသူတွေကို တိုင်တည်ဆုတောင်းလေ့ ရှိတာ ဟိုးရှေးကတည်းက လုပ်ခဲ့ကြမှာပါ။
.
ဒီခေတ်တော့ ပြောလာကြတယ်။ ဆုတောင်းနေယုံနဲ့ ပြည့်နိုင်မှာလား၊ ဒါဆို ဘာမှမလုပ်ဘဲ ထိုင်ပြီး ဆုဘဲတောင်းနေမှာပေါ့လို့ ပြောလာကြတယ်။ မှန်ပါတယ်။ ဘာမှမလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး ဆုတောင်းတာက ပိုအဓိပ္ပယ်ရှိမှာပါ။
.
စဥ်းစားကြည့်တာပါ။ ပိုက်ဆံတောင်းသူတယောက်က ငါ့ကို ပိုက်ဆံပေးပါလို့ တောင်းတာနဲ့ တခုခုလုပ်ပြပြီးတောင်းတာ ဘယ်ဟာက ပိုရနိုင်မလဲ။ အနည်းဆုံး သီချင်းဆိုတောင်းရင် လူပိုသတိထားမိမယ်၊ လူကြိုက်များနေတဲ့ သီချင်းကိုဆိုပြမယ်၊ ဆိုပြတဲ့သီချင်းကို ကြိုက်တဲ့သူရှိရင် ပိုက်ဆံရနိုင်တယ်။ ပိုက်ဆံများများရှိသူ စေတနာရှိသူနဲ့ကြုံရင် များများရနိုင်မှာပေါ့။ ဆိုပြတဲ့ သီချင်းကို ကြိုက်သူမကြုံလို့ မရတဲ့အချိန်မျိုး ဖြစ်နိုင်ပေမယ့် ပိုက်ဆံလိုချင်ရင်တော့ ဆက်ဆိုနေရမှာပါ။
.
ဒီသဘောပါဘဲ။ ဆုတောင်းပြီဆို ဘာမှ မလုပ်ဘဲ ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြပြီး တောင်းတာက ပြည့်ဖို့ ပိုနီးစပ်မယ်ထင်တယ်။ ဘုရားကို ကန်တော့ပြီး ဆုတောင်းတာကအစ ပရိတ်ရွတ်မယ်၊ ဂါထာတခုခုရွတ်မယ်၊ ကောင်းမှုတခုခုလုပ်မယ်၊ သစ္စာဆိုမယ် စသဖြင့် လုပ်ပြီးမှ ဆုတောင်းရင် လုပ်တဲ့အပြုအမူကို သဘောကျတဲ့ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက သူတို့ဖြည့်ပေးနိုင်တဲ့ ဆုတောင်းဆို ဖြည့်ပေးနိုင်မယ်လို့ ထင်မိတယ်။
.
ဘယ်သူတွေ ဘယ်လိုပြောနေကြစေ၊ လူသားတွေကတော့ ဆုတောင်းနေမှာပါဘဲ။ ဒီအတိုင်း အလွတ်ဆုတောင်းနေမယ့်အစား တခုခုလုပ်ပြီး ဆုတောင်းကြည့်ကြပါ။ အနိမ့်ဆုံးအနေနဲ့ သစ္စာဆိုပြီးပေါ့။ စမ်းကြည့်ကြရအောင်။
23 October 2021
ဝူဟန်ကိုဗစ် အောက်တိုဘာ နှစ်ဆယ့်သုံး၊
ကမ္ဘာမှာ #ဝူနာ ၂၄၃သန်း ကျော်ခဲ့ပြီ။ ဒါက စာရင်းပေါက်။ မြန်မာမှာလိုဘဲ စာရင်းမှာမပါတာ ဘယ်နှစ်ရာနှုန်းထိ ရှိနိုင်မယ်မသိ။ သေဆုံးသူကတော့ ဒီအကျော့မှာ အတော်လျော့တယ်။ ဆေးထိုးထားသူ များလာလို့ဘဲဖြစ်မယ်။ ဆေးထိုးထားရင် ဝူကူးတောင် အသည်းအသန်အထိ မဖြစ်တော့ဘူးကိုး။ သေဖို့လည်း ဝေးသွားတာပေါ့။ ဒါတောင် တကမ္ဘာလုံးမှာ ဝူကြောင့်သေသူ ငါးသန်းခန့်ရှိလာပြီ။
.
ဂရဖ်မှာကြည့်ရင် ဒီတကျော့ ဝူနှုန်းကျ​ေနတာ တွေ့မယ်။ သတိထားရမှာက အရင်အကျော့တွေမှာ တနေ့ဝူနှုန်း ဒီနေရာလောက်ရောက်ရင် ပြန်တက်လာတာ တွေ့မယ်။ သတိမပေါ့ကြသေးဖို့ လိုပါတယ်။ မြန်ပြည်မှာလည်း နယ်ဘက်တွေမှာ ဖြစ်နေသေးတယ် ကြားမိလို့ပါ။
.
ထူးဆန်းတာက အမေရိကန် နဲ့ အနောက်ဥရောပမှာ ဝူနှုန်း မကျတာကိုပါ။ အမေရိကားမှာ ခုနှစ်သောင်းရှစ်သောင်းထိ၊ ယူကေမှာ လေးငါးသောင်းအထိ၊ ပြင်သစ် ဂျာမဏီတို့မှာ တသောင်းနီးပါး နေ့စဥ်ဝူနေကြတုံး။ လူများတဲ့ အန္ဒိယနဲ့ ဘရာဇီးမှာ နေ့စဥ် နှစ်သောင်းအောက်ရောက်တာ ရက်အတော်ကြာလာပြီ။ စာရင်းမပေါက်တာတော့ အမြင့်ဆုံးအချိန်ကလို ရှိနိုင်သေးတာပါဘဲ။
.
ကမ္ဘာမှာ ဝူနာတသန်းကျော်တဲ့နိုင်ငံ ၃၆ နိုင်ငံ ရှိခဲ့ပြီဗျ။ အံ့ဩစရာက လူဦးရေ အများဆုံး တရုပ်ကြီးက ခုထိ တသန်းမပြည့်တာဘဲ။ ဝူသစ် ဆယ်ဂဏန်းလောက် ဖြစ်ပြီဆို ခရီးသွားခွင့်တွေပိတ်၊ လေယာဥ်ပျံတာရပ်၊ လော့ဒေါင်းတွေလုပ်၊ ဝူသူတွေ Qခိုင်းလုပ်နိုင်တော့ သိတ်မကူးဘူးပေါ့။ ဒါတောင် ဒီ်ရက်အတွင်း ဝူသူများလာလို့ လော့ဒေါင်းလုပ်တယ်ကြားတယ်။
.
အရှေ့တောင်အာရှ နိုင်ငံအများစု သိသိသာသာ မကျသေးဘူး။ ထိုင်းဆို နေ့စဥ် သောင်းဂဏန်း။ မလေးကတော့ သောင်းအောက် လျော့လာပေမယ့် လူဦးရေအချိုးနဲ့ဆို များတယ်ထင်မိ။ စင်ကာပူကတော့ သုံးထောင်ကျော်တာ ဆယ်ရက်လောက်ရှိပြီထင်တယ်။ ဒီလောက်ထိန်းနေရက်နဲ့။ သေဆုံးနှုံးတွေ အရမ်းမများကြလို့ တော်ပါသေး။
.
အဓိကက ဆေးတွေ့ဖို့ပါဘဲ။ တွေ့တဲ့ဆေးတွေ လူအားလုံးစီ ေဈးပေါပေါရောက်နိုင်ဖို့ပါဘဲ။ နောက်ဆုံးတွေ့ပြီး အသိအမှတ်ပြုဖို့ တင်ထားတဲ့သောက်ဆေးက ေဈးလည်းသက်သာ၊ ထုတ်ဖို့လည်းလွယ်၊ ထိန်းသိမ်းသယ်ပို့ဖို့လည်း ကရိကထမများတော့ အဲ့ဆေးပေါ် ပုံအားထားရမှာဘဲ။ အဲဒီဆေး အများစုလွှမ်းမခြုံနိုင်ခင် နောက်ထပ်မျိုးစိတ်သစ် မပေါ်ဖို့ ဆုတောင်းရမှာဘဲ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
04 August 2021
ဝူဟန်ကိုဗစ် ဩဂုတ် လေး၊
ကမ္ဘာတခုလုံးအနေနဲ့ #ဝူနာ သန်း၂၀၀ ကျော်သွားပါပြီ။ မြန်မာပြည်မှာတွင် စာရင်းမကောက်နိုင်တဲ့ ဝူနာ အများကြီးကျန်တော့ အန္ဒိယ ဘရာဇီးအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေမှာ အများကြီး စာရင်းပျောက်နေအုံးမှာပါ။ 
.
ကာကွယ်ဆေးတွေကြောင့် သေသူလျော့လာတယ်ဆိုပေမယ့် နေ့စဥ်တသောင်းခန့် သေဆုံးနေတုံးပါ။ မနေ့ကဆို အင်ဒိုကအများဆုံး သေဆုံး။ ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံတွေမှာတော့ လျော့သွားပါပြီတဲ့။ သေဆုံးသူတွေထဲမှာလည်း စာရင်းကျန်နေတာတွေ ရှိမှာအသေအချာပါ။
.
အမေရိကန် တနိုင်ငံထဲမှာ မနေ့က တသိန်းကျော်ဝူပါတယ်။ ငါးရာခန့် သေပါတယ်။ စုစုပေါင်း သေဆုံးသူ ခြောက်သိန်းကျော်ခဲ့ပြီ။ ကိုဗစ်ဆိုတာ မရှိပါဘူး၊ နှစ်စဥ်ဖြစ်နေကျ တုပ်ကွေးတွေလို လူလေးငါးသိန်းဖြစ်ပြီး ပျောက်သွားမှာပါဆိုပြီး တာဝန်မဲ့စကားဆိုခဲ့တဲ့ သံပဒတ်ဟောင်း ဒေါ်နွယ်ထွမ်းကို သတိရတယ်။
.
ပြင်သစ်မှာ စတုတ္ထအကျော့တဲ့။ ပြန်လော့ဒေါင်းပြီ။ ကမ္ဘာဖြစ်နှုန်းဂရဖ်အရ ပဥ္စမအကျော့ စနေပုံဘဲ။ မြန်မာကတော့ တတိယအကျော့တဲ့။ နိုင်ငံတိုင်းလည်း ကျော့ပြီးရင်းကျော့တာ ကော့နေအောင်ခံကြရတယ်။
.
ချမ်းသာတဲ့နိုင်ငံတွေထဲ ဩဇီတို့ ဂျပန် ကိုရီးယားတို့ပါ ပြန်ကျော့နေကြတုံး။ ဂျပန်ဆို လူမကြည့်ရတဲ့ အိုလံပစ်ပွဲ ကျင်းပနေချိန်၊ မနေ့ကတွင် တိုကျိုမှာ ဝူသုံးထောင်ကျော်သတဲ့။ မြန်မာ့အိမ်နီးချင်းတွေထဲ အန္ဒိယမှာ လျော့လာပေမယ့် အရှေ့ဘက်ကနိုင်ငံတွေ ကော့နေတုံး။
.
ကူးစက်မြန်မျိုးစိတ်သစ် ကိုဗစ်ဒယ်လ်တာ တရုပ်ပြည်ရောက်သွားတာ သေချာပြီ။ ကိုဗစ်စခဲ့တဲ့ ဝူဟန်ရှိ လူ၁၁သန်းကို ပြန်စစ်မယ်။ မြို့တော် ပီကင်းမှာလည်း တချို့နေရာတွေ လော့ဒေါင်းလုပ်ထားပြီး လူတသန်းခန့် ပြန်စစ်မယ်။ အခြား ဆယ်နေရာကျော်မှာလည်း မျိုးစိတ်သစ် တွေ့နေတယ်။ လူဦးရေ လေးပုံသုံးပုံထိုးပြီးတဲ့ တရုပ်ကာကွယ်ဆေး ဒယ်လ်တာမျိုးစိတ်ကို နိုင်မနိုင် အားလုံးစောင့်ကြည့်နေရပြီ။
.
မြန်ပြည်မှာတော့ အဝူဆုံးအချိန်ကို လွန်ခဲ့ပြီထင်ပါတယ်။ ဗိုင်းရပ်စ်သဘောအရ အမြင့်ဆုံးတက်ပြီးရင် ပြန်ကျ၊ နှစ်များစွာ ပျောက်နေတတ်ပေမယ့် ဒီဝူဟန်ကိုဗစ်က ကျပြီး လပိုင်းအတွင်း ပြန်တက်လာတတ်တော့ တကမ္ဘာလုံး ဒုက္ခရောက်တာဘဲ။ ဆေးမအုပ်မိသေးခင် နောက်မျိုးစိတ်အသစ် ထွက်ထွက်လာတာ အားလုံးအတွက် ပြဿနာ။
.
မြန်ပြည်မှာ ပြန်ကျပေမယ့် ထိခိုက်မှုတွေ ကြားနေရတုံးပါ။ နေ့စဥ် စိတ်မကောင်းစရာတွေ ကြားနေတာ နှစ်ပတ်ကျော်ပြီ။ ဒီအတွင်း မြင်လွယ်တတ်လွယ် မြန်မာတွေဆိုတော့ ကိုဗစ်ကုနည်းတွေတောင် သိနေကြပြီ။ ဆရာဝန်တိုင်ပင်ဖို့မလွယ်ချိန် အသုံးဝင်ပေမယ့် တတ်နိုင်သမျှတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုစေချင်တယ်။ ပေးရတဲ့ဆေးတွေက ဆရာကိုင်တွေကြီးဘဲ မလို့ပါ။
.
စစ်အစိုးရက ဟန်ပြလား၊ ရှိတာလေး အလုပ်ပြတာလား မသိဘူး။ တနေ့ကို အသက်၆၅ ကျော် ဆယ်ယောက်လောက် ဟန်ပြထိုးပြနေတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း နာမည်ကောင်းခဲ့တဲ့ မီးသတ်ဌာနရဲ့ ဖေ့ဘုတ်က လူသိအောင် ရှယ်နေတယ်။ လူတွေကလည်း အထိုးမခံချင်သူတွေ ရှိနေတော့ သူ့ဟာနဲ့သူ ဟန်ကျနေပြန်ရော။ 
.
အပြင် အသင်းအဖွဲ့တွေ ဆေးရုံတွေမှာ ကာကွယ်ဆေးထိုးဖို့ လုပ်နေတာတွေ တွေ့နေရပြီ။ တရုပ်ကုန်သည်အသင်းကြီးက စီစဥ်တာဆို နှစ်ကျော့ထိုးခပါအပြီး (ဒီလိုဘဲ နားလည်တာဘဲ) ကျပ်၅၀၀၀၀ ဆိုတော့ တတ်နိုင်သူတွေအတွက် မဆိုးပါ။ မတတ်နိုင်သူတွေလည်း ရှာကြံထိုးသင့်တာဘဲ။ ဖြစ်လာရင်ကုရမယ့် ဆေးဖိုး အောက်ဆီဂျင်ဖိုးနဲ့ ယှဥ်တွက်ကြည့်ရင် တန်တယ်ပြောရမှာဘဲ။ တခုဘဲရှိတယ်။ တရုပ်ဆေးဖြစ်မှာ ရာနှုန်းပြည့်။ အန္ဒိယကဆေး ကြိုးပမ်းနေတဲ့ အဖွဲ့တွေလည်းကြားတယ်။ ကျပ်သုံးသိန်းလောက် ကုန်နိုင်တယ်တဲ့။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
24 July 2021
ဝူဟန်ကိုဗစ် ဇူလိုင် နှစ်ဆယ့်လေး၊
ကမ္ဘာမှာ #ဝူနာ ၁၉၄သန်း ကျော်လာပြီ။ ဝူနှုန်းလည်း တရက်ငါးသိန်းကျော်အဆင့်ကို တတိယအကျော့ တက်လာပြီ။ အရင်နှစ်ကျော့လို သေနှုန်းလိုက်မတက်တာ တော်ပါသေးတယ်။
.
အမေရိကမှာ တရက် ခြောက်သောင်းကျော် လာပြန်ပြီ။ အန္ဒိယ ဘရာဇီးတို့ လျော့လာလို့ တော်သေးတယ်။ မြန်မာရဲ့ အိမ်နိီးချင်းတွေက မြန်မာလိုဘဲ မထိန်းနိုင်တဲ့ အခြေအနေ ရောက်နေတယ်။
.
အမေရီးကားမှာ လူကြည့်များတဲ့ သတင်းဌာန NBC က သတင်းတပုဒ်ကြည့်လိုက်ရတယ်။ အမေရိကန်တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းပြည်နယ်တွေမှာ ဝူနှုန်းပြန်တက်တာ အစိုးရသိပြီး အရေးတယူဆောင်ရွက်ကောင်းပါရဲ့တဲ့။
.
အမေရိကားမှာ အစိုးရအရေးတယူဆောင်ရွက်ဖို့ ပြည်သူတွေတောင်းဆိုအားလိုတယ်။ ပြည်သူတွေ တောင်းဆိုဖို့ သတင်းဌာနတွေရဲ့ ထုတ်လွှင့်မှုက အရေးကြီးတယ်။ လူမည်းတယောက် အသတ်ခံရလို့ တပြည်လုံး ဆူကုန်တာသာ ကြည့်ပေလျော့။ ဖြစ်တော့မှ ပြန်ပေါ်လာတာ အဲဒီလိုကေ့စ်တွေ အများကြီး။ 
.
မြန်မာ့နိုင်ငံရေးလည်း CNN လာသွားလို့သာ အမေရိကန်တွေသိတာ။ ခုတော့ ပြန်မေ့နေလောက်ပြီ။ အမေရိကန်အစိုးရစီမှာ သံရုံးတို့ CIAတို့လို့ အဖွဲ့တွေစီက သတင်းတွေရှိပေမယ့် အစိုးရဂရုတစိုက် အက်ရှင်ယူဖို့ ပြည်သူအများတောင်းဆိုမှု လိုအပ်နေတယ်။ သတင်းတွေမှာ ပါနေဖို့ ဒါ့ကြောင့်လိုအပ်တာ။ 
.
အနောက်ဥရောပ အပါအဝင် သထိန်းနိုင်ငံတွေမှာ ကာကွယ်ဆေး အတော်များများ ထိုးပြီးကြပြီ။ လူဦးရေ လေးပုံသုံးပုံထိုးပြီးတဲ့ ယူကေမှာ ဝူနှုန်းပြန်မြင့်လာပေမယ့် သေနှုန်းလိုက်မတက်တာ ဆေးကြောင့်ဘဲ ဖြစ်မယ်ထင်တယ်။ နောက်ဆုံးမျိုးစိတ်ကွဲအသစ် ယူကေမှာ ၁၆ဦးတွေ့လို့ ပြာနေကြပြန်ပြီ။
.
ဆေးကြောင့် ထိခိုက်တာ အနည်းငယ်လောက်တော့ ရှိတယ်။ ဘယ်ဆေးမဆို ရှိနေကျပါ။ ထိုင်းမှာ ကျောင်းဆရာတဦး မတူတဲ့ ကာကွယ်ဆေးနှစ်မျိုး ထိုးအပြီး ဦးဏှောက်ယောင် သေဆုံးသတဲ့။ လူတသန်းမှာ တယောက်မဖြစ်ပေမယ့် သေချာအချိန်ယူ မစမ်းခဲ့ရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအတွက် ဂယက်အတော်ထတယ်။ ဟိုတလောကမှ ကာကွယ်ဆေးနှစ်ကျော့ကို မတူတဲ့ဆေးထိုးရင် ပိုစွမ်းသလို ပြောခဲ့ကြသေးသကိုး။
.
အဆိုးဆုံး ဝူနေတာကတော့ အရှေ့တောင်အာရှ နိုင်ငံတွေလို့တောင် ခုတလောဖြစ်နေပြီ။ အင်မတန်ထိန်းနိုင်ခဲ့တဲ့ ဗီယက်နမ်တောင် တနေ့ လေးငါးထောင်။ စလုံးမှာ ဝူတရာဆို သူတို့အတွက် အတော်များပေမယ့် ကာကွယ်ဆေးထိုးပြီးသူ များလာလို့ အသည်းအသန် မဖြစ်တော့။
.
ခရီးသွားလုပ်ငန်းတွေလည်း နည်းမျိုးစုံကြိုးပမ်းပေမယ့် ထင်သလောက်မဖြစ်။ ထိုင်းဆို အစီအစဥ်မျိုးစုံ လုပ်ပေးနေပေမယ့် ကိုဗစ်လူနာဆိုတာက တွဲပါလာနေတယ်။ ပြည်သူအချို့က မကြိုက်တဲ့အသံ ထွက်လာပေမယ့် ပိုက်ပိုက်ရှာရဦးမယ်လေ။
.
ကိုဗစ်ကြောင့် တနှစ်ရွှေ့ခဲ့ရတဲ့ တိုကျိုအိုလံပစ် မနေ့ညကဖွင့်တယ်။ ပရိဿတ်မပါတော့ အတော် ခန်းခန်းနားနားလုပ်သော်လည်း ဖီလင်မလာ။ မြန်မာအသင်းမှာ အလံကိုင်သူနဲ့ တဦးဘဲပါတယ်။ အားကာက တာဝန်ရှိသူဘဲဖြစ်မှာပါ။ အရင်ဆို မနိုင်နိုင်ပေမယ့် ခွဲတမ်းအရ လေးငါးဦးတော့ အမြဲပြိုင်နေကျ။
.
မြန်မာပြည်မှာတော့ ဝူဆိုးဆုံး အချိန်ကို ဖြတ်နေရပါတယ်။ ပြည်သူတွေ ကိုယ့်ဖာသာဘဲ စောင့်ရှောက်ကုသနေရတယ်။ အုပ်ချုပ်သူဆိုတဲ့ကောင်တွေ အနှောင့်အယှက် မပေးရင်ဘဲ ကျေးဇူးတင်နေရတယ်။ နက္ခတ္တဗေဒအရ ရာသီပြောင်းလို့ အဆိုးဆုံးကို ကျော်ခဲ့ပြီဆိုတဲ့ အဟောကို မှန်ပါ​စေဘဲ ဆုတောင်းပါတယ်။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
21 July 2021
ဝူဟန်ကိုဗစ် ဇူလိုင် နှစ်ဆယ့်တစ်၊
တကမ္ဘာလုံးအနေနဲ့ #ဝူနာ ၁၉၂သန်း ကျော်လာပြီ။ ပထမပိုင်း ဆိုးခဲ့တဲ့နိုင်ငံတွေက အခြေအနေကောင်းလာပြီ။ အဲ့တုံးက ဘာသာရေးကြောင့်လိုလို တိုင်းရင်းဆေးစွမ်းလို့လိုလို တန်ခိုးရှင်ကြောင့်လိုလို၊ လိုလိုတွေနဲ့ မဝူခဲ့တဲ့ နိုင်ငံငယ်တွေ အများကြီးဝူနေကြပြီ။
.
ဂရဖ်အရဆို အဝါရောင်မျှား ပြထားတဲ့အချိန်က အနောက်ဥရောပနဲ့ အမေကြီးကား ဝူတဲ့အချိန်တွေဖြစ်မယ်။ ဒုတိယအကျော့ အပြာမျှား ပြထားတဲ့နေရာက အန္ဒိယနဲ့ လက်တင်အမေရိကနိုင်ငံတွေဖြစ်မယ်။ တခုကောင်းသွားတာက သထိန်းနိုင်ငံတွေမှာ ပအကျော့ ဖြစ်လိုက်တော့ ဆေးအမြန်ထွက်လာတာဘဲ။ မဟုတ်ရင် AIDS ဆေးလို နှစ်ဆယ်ချီကြာချင် ကြာသွားမှာ။ 
.
ညာအစွန်ဆုံးက ခေါင်းထောင်ပြန်လာတဲ့ အနီမျှားနေရာက မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဘဲဖြစ်မယ်။ နိုင်ငံအတော်များများမှာ ဆိုးနေတယ်။ လုံခြုံစိတ်ချမှု အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ စင်ကာပူမှာကို ဝူမထိန်းနိုင်သေး။ မနေ့ကတွင် နှစ်ရာနီးပါးတွေ့သတဲ့။ ကျန် ထိုင်း အင်ဒို မလေး သောင်းကျော်ကြီးဘဲ။ ဆေးစွမ်းလို့ ဘာမှမဖြစ်သယောင် ဖွဘုတ်ပေါ်မှာ ရှယ်နေကြတဲ့ ဗီယက်နမ်တောင် နေ့တိုင်း သုံးလေးထောင်။ ဒါပေမယ့် မြန်မာထက် သူတို့သာတာက ကာကွယ်ဆေးအတွက် အတော်စီမံနိုင်ကြပြီ။
.
မြန်မာပြည် ဝူစာရင်းက လုံးဝမမှန်တော့။ ဝူနဲ့သေတာဆို သင်္ချိုင်းလက်မခံမှာစိုးလို့ အခြားရောဂါပြရသတဲ့။ ဒါတောင် သင်္ချိုင်းမှာ ဘော်ဒီတွေ တောင်ပုံရာပုံ။ လူတိုင်းလည်း အသိမိတ်ဆွေ ဆွေမျိုးထဲ မဝူသူမရှိသလို နာရေးအထိရှိနေတာ အများကြီးပါ။ စစ်အစိုးရကတော့ မစီမံနိုင်တဲ့အပြင် ပေါကြောင်ကြောင်တွေ ပြောနေတုံး။ သုံးမရတဲ့ တရုပ်ကာကွယ်ဆေးတောင် ရောက်ပြီမကြားသေး။
.
မြန်မာနိုင်ငံသူသားတွေလည်း ကိုယ့်ဖာသာ သတိထားနေကြပါ။ ဒီဝူက ကုဖို့ဆေးမရှိတော့ အထူးသတိထားပါ။ အကူးမခံရအောင် နေကြပါ။ မဖြစ်မနေ ထွက်ရရင်လည်း မတ်စ်တပ် လက်ဆေး ခတ်ခွာခွာလေး နေကြပါ။ ကျန်တာတော့ ကံတရားပါဘဲ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
06 July 2021
ဝူဟန်ကိုဗစ် ဇူလိုင် ၆၊
ကိုဗစ်ကြောင့် သေဆုံးသူ လေးသန်းကျော်ခဲ့ပြီ။ #ဝူနာ ၁၈၅သန်း ပြည့်တော့မယ်။
.
အရင် အဖြစ်များခဲ့တဲ့ ယူအက်စ် အနောက်ဥရောပ ဘရာဇီး နဲ့ အန္ဒိယတို့မှာ သိသိသာသာကျသွားပြီ။ နာသူ သေသူ အများအပြားနဲ့ အလူးအလိမ့်ခံခဲ့ရတာပါ။ ခုမှ ဆေးနိုင်လာလို့ရယ်၊ သတိထားလာလို့ရယ် ဝူနှုန်းလျော့လာတာနေမှာ။
.
ဆိုးတာက ဒုအကျော့အထိ ထိမ်းနိုင်ခဲ့တဲ့ နိုင်ငံတွေမှာ အဖြစ်များလာတာပါ။ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ အဖြစ်များလာတယ်။ လာအို ကမ်ဘောဒီးယားနဲ့ ဗီယက်နမ်မှာပါ ရာချီဖြစ်နေတယ်။ အင်ဒို မလေး ဖိလစ်ပိုင်တို့မှာ တနေ့တနေ့ ထောင်ချိီသောင်းချီ ဝူနေတုံး။
.
ဆေးကတော့ ချမ်းသာတဲ့နိုင်ငံတွေမှာ လူဦးရေ တဝက်ထိုးပြီးကုန်ပြီ။ ဒါပေမယ့် ၈၀%နှုန်းကျော်ထိုးပြီးခဲ့တဲ့ ယူကေမှာ တနေ့ နှစ်သောင်းကျော် ပြန်ဝူနေတာ ဒယ်လ်တာမျိုးစိတ်ကွဲကြောင့်လို့ ဆိုကြတယ်။ ၁၉ရက်နေ့ကစလို့ လော့ဒေါင်းတွေ လျော့ပေးလိုက်ပြီ။ ကိုယ့်အသိနဲ့ကိုယ် ထိန်းကြတော့တဲ့။
.
ဆေးနှစ်ကျော့ထိုးပြီးသူတွေကို ဝူတာတွေ့နေရတယ်။ လက်ရှိထုတ်ထားတဲ့ဆေးတွေက မျိုးစိတ်ကွဲတွေအတွက်ပါ လုံလောက်တယ်တဲ့။ နှစ်ကြိမ်ထိုးထားသူတွေက ဝူရင်တောင် ရောဂါလက္ခဏာ ပြင်းထန်စွာမခံစားရတာ တွေ့ရတယ်တဲ့။
.
မြန်မာမှာတော့ အရမ်းပြန့်နေပြီ ယူဆပါတယ်။ ဆေးရုံတွေမှာ လက်မခံနိုင်တော့သလို ကုပေးမယ့်သူ၊ ကူညီပေးမယ့်သူလည်း မလုံလောက်တော့ပါ။ ဆရာဝန်အများအပြားကို အာဏာသိမ်းစစ်အစိုးရက ပုဒ်မ၅၀၅(က) တွေ တံဆိပ်ကပ်ထားတော့ ကုပေးချင်တောင် ဆေးရုံလာလို့ မရတော့ပါ။ ဆေးမကုရသေးခင် အဖမ်းခံရမှာကိုး။ 
.
ဝူနေသူအများလည်း ကိုယ့်ဖာသာဘဲ ကုနေရပြီ။ မဝူသေးသူတွေလည်း သတိထားနေကြပါ။ တနှစ်ကျော် ထိန်းလာရတာတွေကိုဘဲ ဆက်ထိန်းကြပါ။ စစ်အစိုးရအောက်မှာ စိတ်ချရတဲ့ကာကွယ်ဆေး အထိုးခံရဖို့ လုံးဝမဖြစ်နိုင်ဘူးလေ။ မဝူအောင် ဂရုပြုရမှာဖြစ်သလို ဝူလာရင်လည်း စိတ်ဓာတ်မကျဖို့ လိုပါတယ်။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
08 June 2021
ဝူဟန်ကိုဗစ် ဇွန် ရှစ်၊
ဂရဖ်မှာ မြင်တဲ့အတိုင်း ဧပရယ်လဆန်းက တဟုန်ထိုး ဒုအကျော့တက်ခဲ့တဲ့ကိုဗစ် ဇွန်လဆန်းမှာ တဟုန်ထိုး ပြန်ကျလာပါပြီ။ ကမ္ဘာ့နိုင်ငံ အားလုံးအတွက် ပြုစုထားတဲ့ ဂရဖ်ပါ။ စိတ်မကောင်းစရာကတော့ အဲ့ဒီကျတဲ့ နိုင်ငံတွေက  မြန်မာနဲ့ အိမ်နီးချင်းတွေ မဟုတ်တာပါဘဲ။
.
ဖြစ်ချိန်က တနေ့ကို သိန်းချီဝူခဲ့တဲ့ ယူအက်စ်၊ ဘရာဇီးနဲ့ အန္ဒိယမှာ သိသိသာသာကျသွားပါပြီ။ မနှစ်က ဥရောပမှာ ဆိုးခဲ့ပေမယ့် ခုတော့ထိန်းလာနိုင်ပြီ။ ပိုက်ဆံရှိတဲ့ နိုင်ငံတွေဆိုတော့ ဆေးထိုးနိုင်တာလည်း ပါမယ်ထင်ပါရဲ့။ 
.
ယူကေမှာတော့ တနေ့ တထောင်အထိ ကျပြီးမှ လေးငါးထောင် ပြန်ဝူလာလို့ စိုးရိမ်နေတယ်။ လူဦးရေရဲ့ ၇၀%ကျော် ပကျော့ထိုးပြီးကြပြီ။ အသက် ၂၉ကနေ ၂၅ အထိ ထိုးနိုင်ပြီလို့တောင် ကြေညာတာ တွေ့တယ်။ ဂျာမဏီမှာလည်း ဆေးထိုးဖို့ ဦးစားပေး အစီအစဥ် ဖျက်လိုက်ပြီး ဘယ်သူမဆို ထိုးလို့ရပြီတဲ့။ ပိုက်ဆံရှိတဲ့ နိုင်ငံတွေပင်လျှင် ကာကွယ်ဆေးရဖို့ လုံးပမ်းနေကြရတယ်။
.
မြန်မာနဲ့ အိမ်နီးချင်းတွေမှာတော့ ပြန်ဝူနေတယ်။ စလုံး မလေး ထိုင်း တရုပ်  ၊ ဘယ်နိုင်ငံမှ စိတ်မချရသေး။ စလုံး ထိုင်းနဲ့ မလေးမှာတော့ ဆေးထိုးနေကြပြီ။.မလေးမှာ ကောလဟလတွေကို တောနယ်အထိ လိုက်ရှင်းပြနေရတယ်။ ထိုင်းကတော့ ဒီလအတွင်း ပြည်တွင်းထုတ် အက်စတြာဇနက္ကဆေး ေခြာက်သန်းအထိ ထိုးပေးမယ်တဲ့။
.
အမေရိကမှာ ခရီးသွားလို့ရနေကြပြီ။ ဥရောပမှာ ခရီးသွားခွင့်ပြုမယ့် နိုင်ငံစာရင်း ထုတ်မယ်ဆိုတာ နိုင်ငံအလိုက် ရှုတ်ထွေးနေကြပုံဘဲ။.သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်ရှည် ခရီးသွားရာသီ စပြီကိုး။
.
ခရီးသွားလုပ်ငန်းကနေ နိုင်ငံဝင်ငွေ အများဆုံးရတဲ့ ထိုင်းကတော့ အကြံကြီးကြံနေတယ်။ ကမ္ဘာလှည့်တွေ လာနိုင်ဖို့ Phuket Sandbox အစီအစဥ်လုပ်မယ်။ လာလည်သူတွေ ကာကွယ်ဆေးထိုးပြီးရမယ်။ ပထမတပတ် (နှစ်ပတ်လည်းပြောပြန်တယ်) ဟိုတယ်Qစရာ မလိုဘူး။.ကျွန်းပေါ်မှာ လွတ်လပ်စွာ လည်နိုင်တယ်။ တပတ်ပြည့်ပြီးလို့ ဝူမတွေ့ရင် ထိုင်းနိုင်ငံရဲ့ အခြားဒေသတွေ သွားနိုင်မယ်တဲ့။ ဟိုတယ်ခန်းထဲ qနေမယ့်အစား ကျွန်းqလုပ်ပေးလိုက်တာပါ။ ကျွန်းသားတွေကို ကာကွယ်ဆေး ဦးစားပေး ထိုးရမှာပေါ့။.ခရီးသွားတွေအတွက် နာမည်ကျော်လေကြောင်းလိုင်းတွေကလည်း ဖူးခက်ကိုပြန်ဆင်းဖို့ စီစဥ်နေကြပြီ။
.
မြန်ပြည်မှာတော့ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဝူသတင်းမှန် မသိရတော့။ တနေ့ကသတင်းတခုမှာ ဝူဆေး ၁.၉သန်း ထိုးပြီးပြီတဲ့။ ဘယ်သူတွေလည်း မသိရသလို နှစ်ကျော့ပြီးတဲ့ အရည်အတွက်လည်း မတွေ့ပါ။
.
ဝူကတော့ မြန်ပြည်ဒေသ အနှံ့အပြားကို ပြန်ရောက်လာပါပြီ။ ဒေသအများမှာ ပြန်​တွေ့လာနေပြီ။ သေချာ Qတဲ့သတင်းတွေလည်း မတွေ့မိ။ ဝူထက်ဆိုးတဲ့သူတွေစီဘဲ စိတ်ရောက်နေကြတယ်။.ဒီတခါ ဝူရင် ကွကိုဘဲကုရမယ့် သဘောရှိလို့ ဂရုတော့ စိုက်စေချင်ပါတယ်။ အနည်းဆုံး အပြင်ထွက်တိုင်း မတ်စ်တပ်ကြပါ။
ဝူဟန်ဘေးကင်းဝေးကြပါစေ။
14 March 2021
ဝူဟန်ကိုဗစ် မတ်ဆယ့်လေး၊
စိတ်မကောင်းပေမယ့် သတိထားစရာမို့ ပြောပါရစေ။ ကမ္ဘာမှာ #ဝူနာ ပြန်ခေါင်းထောင်လာပြန်ပါပြီ။ နိုင်ငံအတော်များများမှာ ဘယ်အကျော့ဆိုတာ ပြောဖို့တောင် ခက်နေပါပြီ။
.
ဝူနာ သန်း၁၂၀ ကျော်ပြီ။ မနေ့ကတွင် လေးသိန်းခွဲတိုးပါတယ်။ အမေရိကားမှာ တိုးနှုန်းမတက်ပေမယ့် အန္ဒိယနဲ့ အနောက်ဥရောပနိုင်ငံတွေမှာ တိုးပါတယ်။
.
ပြန်တိုးလာတာကို အနီရောင်အကွက်မှာ တွေ့မှာပါ။ တော်တော်ကို သိသိသာသာ ကျလာပြီးမှ ပြန်တက်နေပြီ။ ဘယ်နိုင်ငံတွေမှာ ဘယ်လောက်အထိတက်မလည်းကတော့ ဘုရားဘဲသိပါမယ်။
.
နိုင်ငံအတော်များများမှာ ကာကွယ်ဆေးထိုးနေပါပြီ။ သို့သော် လူဦးရေနဲ့အချိုးချရင် နည်းနေဦးမှာပါ။ ဆင်းရဲတဲ့နိုင်ငံတွေဆို စမထိုးရသေးတဲ့နိုင်ငံတွေ အများကြီးပါ။ ဆေးလုပွဲတွေ အစိုးရချင်းဖြစ်တဲ့ အခြေအနေပါ။ 
.
မြန်မာပြည်မှာ ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်တော့ပါ။ NLDအစိုးရ ပြန်ရရင်တောင် ဆေးကချက်ချင်းရမှာ မဟုတ်တော့ပါ။ ရောက်ရှိထားတဲ့ဆေးတွေလည်း ဘာဖြစ်ကုန်လည်း မသိရပါ။ နောက်တသုတ်ရတဲ့ဆေးသေတ္တာတွေလည်း လေဆိပ်မှာလက်ခံတဲ့ပုံတွေမှာ ကြမ်းပြင်ပေါ်ချထားတာ တွေ့တယ်။ ဒီဆေးတွေက အပူချိန်ဂရုစိုက်ရမှာဖြစ်တဲ့အတွက် ဆေးထိုးပြီး မကာကွယ်နိုင်ဖြစ်သွားနိုင်ပါတယ်။
.
တိုင်းပြည်အခြေအနေအရ လူစုလူဝေး ရှိနေဦးမှာပါ။ ဒီအခြေအနေမှာ မတ်စ်တပ်တာဘဲ လုပ်နိုင်မှာပါ။ လုပ်နိုင်တာဘဲလုပ်ကြရင်း ဆုတောင်းပေးတာဘဲ လုပ်နိုင်တော့မယ်။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။
11 February 2021
ဆရာစံဇာဏီဘိုယတျာ
အခုရက်ပိုင်းအတွင်း အညံ့ရှိနေတဲ့ အမေစု  ကံတရားအထောက်အပံ့အတွက် သောကြာနံ (သပြေပန်း သစ္စာပန်းတို့) ကပ်လှူပြီး အမေစုလွတ်မြောက်စေရန်၊ တိုင်းပြည်အေးချမ်းစေရန် ဆုတောင်းပါသည်။
12 December 2020
ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်နှစ်၊
ဝူဟန်ကိုဗစ် ဒီဇင်ဘာ ဆယ့်နှစ်၊
.
ဝူဟန်ကိုဗစ် အရေးက ကမ္ဘာကြီးကို ချိန်းခြောက်ဆဲ။ တရက်ကို ခြောက်သိန်းကျော်တိုးနေဆဲ။ လွန်ခဲ့သောလက တရက်ခုနှစ်သိန်း တိုးနေတာနဲ့ယှဥ်ရင် ကျလာတယ်ပြောလို့ရပေမယ့် အချိန်မရွေး ထိုးတက်နိုင်သေးသည်။ လူဦးရေများတဲ့ ကမ္ဘာ့မြောက်ခြမ်းမှာ ဆောင်းရာသီမဟုတ်ပါလား။
.
ကမ္ဘာမှာ ဝူနာ ၇၁သန်းကျော်ပြီ၊ သေဆုံးသူ တသန်းခြောက်သိန်းကျော်ပြီ။ ပြန်ကောင်းသူ သန်းငါးဆယ်ခန့်။ ဒီတော့ လူနာသန်းနှစ်ဆယ်ခန့် ရှိနေတဲ့သဘော။ ရောဂါပြင်းထန်မှ ဆေးရုံတက်သည့်တိုင် ဒီကိန်းဂဏန်းအရ ဆေးရုံတွေပြည့်ကုန်တာ အံ့ဩစရာမရှိတော့။
.
အမေရိကားမှာ ဝူနာ၁၆သန်းကျော်ပြီ၊ သေဆုံးသူ ၃သိန်းကျော်ပြီဖြစ်ရာ ဒုတိယကမ္ဘာစစ်မှာ သေဆုံးတဲ့ အမေရိကန်ထက် များနေပြီဟုဖတ်လိုက်ရသည်။ မနေ့က ဝူနာ နှစ်သိန်းလေးသောင်းကျော်တိုးသသည်။ ၃းေ​ထာင်ေ​ကျာ် ေ​သသည်။။ တရက်နှစ်သိန်းကျော်တိုးနေတာ နှစ်ပတ်မကတော့ပြီ။ သမတရာထူးမှ ထွက်ရတော့မည့် ဒေါ်နွယ်ထွမ်းစွတ်စွဲသလိုသာ တရုပ်တို့ရဲ့ဇီဝလက်နက်ဆိုလျှင် အမေရိကန်တို့ အရှုံးကြီးရှုံးခဲ့လေပြီ။
.
အနောက်ဥရောပမှာလည်း ဝူနှုန်းများမကျသေး။ ပုံစံမျိုးစုံနဲ့ လော့ဒေါင်းများ အဝူအဖြစ်များသည့်နေရာတွေကို လုပ်နေရဆဲ။ လာတော့မည့် ရက်အားရာသီ ခရစ်စမတ်နဲ့ နှစ်ကူးချိန်များအတွက် တာဝန်ရှိသူတွေ တွေးပူနေသည်။ WHOညွှန်ချုပ်က ထိုပွဲများအတွက် မိမိတို့ရဲ့ မိသားစုအစီအစဥ်တွေကို ပြန်စဥ်းစားကြဖို့ ဆော်အောနေပြီ။ ပျော်စရာတွေကနေ စိတ်မကောင်းစရာတွေ ဖြစ်သွားနိုင်သည်လေ။ စီးပွားအတော်ဖြစ်ဟန်ရှိသည့် နှင်းလျောစီး စခန်းများကိုပင် နောက်လလယ်လောက်မှ ဖွင့်ဖို့စီစဥ်နေကြရသည်။
.
ကမ္ဘာ့ဝူနာပြဇယားအရ သန်းကျော်သည့်နိုင်ငံ ၁၅နိုင်ငံရှိပြီ။ သိန်းချီတဲ့နိုင်ငံ ၇ဝနိုင်ငံရှိရာ မြန်ပြည်က ၆၉။  စဖြစ်တဲ့ ရွှေတရုပ်ပြည်က ၇၉အထိကျသွားပြီဖြစ်ရာ လူဦးရေနဲ့ယှဥ်ကြည့်ရင် ဆဲစရာအမှန်ပင် ဖြစ်နေပြီ။
.
မြန်ပြည်တွင်တော့ အရေအတွက် အရမ်းတိုးလာတာ မရှိ။ အဖြစ်များသည့် လူနေထူထပ်ရန်ကုန်မှာ ဝူနှုန်းနည်းလာပေမယ့် နယ်မြို့ကြီးများတွင် စဖြစ်လာတာ သတိထားမိသည်။ မနေ့က စစ်ကိုင်း ရွှေဘိုနဲ့ ကလေးတို့တွင် လော့ဒေါင်းလုပ်မတဲ့။ လော့ဒေါင်းတပတ်ပြည့်ပြီဖြစ်သော မန္တလေးဆို နေ့စဥ်နှစ်ရာကျော်နေတာ တပတ်ခန့်ရှိပြီ။ အစပိုင်းလော့ဒေါင်း ဟုတ်မလိုရှိသော်လည်း နောက်ပိုင်းဗမာပီပီ လစ်ဟာမှုတွေကြားနေရပါပြီ။
.
ဆေးကိုတော့ လူသားတိုင်း ကမ္ဘာဦးမိုးမျှော်သလို မျှော်နေကြပြီ။ ဗြိတိန်တနိုင်ငံတည်း အသိအမှတ်ပြုသေးသည်။ အမေရိကန်က တနင်္ဂနွေလောက်မှ အတည်ပြုမည်ဟု ယူဆနေကြသည်။ မြန်မာပြည်နဲ့လိုက်ဖက်မယ့် အောက်စဖို့ဆေးကို ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေး။ 
.
အမေစုရဲ့ တီဗီမိန့်ခွန်းအရ ဆေးရအောင် နည်းမျိုးစုံစီစဥ်ထားကြောင်း သိလိုက်ရသည်။ COVAX မှ ရဖို့လုပ်ထားသလို ဝယ်ယူဖို့လည်း စီစဥ်ထားပြီ။ ငွေတတ်နိုင်သူတွေက ဆေးဝယ်ထိုးကြမှသေချာသည်။ ဆေးအတွက် မြန်မာတွေအလှူ လက်မနှေးမှာလည်းသေချာတော့ ငွေအတွက်မပူဘဲ ဆေးရဖို့သာ ပူမိပါသည်။
.
ဒီကြားထဲ မဝူအောင်တော့ ဂရုစိုက်ကြပါတဲ့။.အမေစုက မေတ္တာနဲ့ထိန်းနေသော်လည်း တချို့က ဒုတ်ကလေးနဲ့ ဆုံးမစေချင်နေပြီ။ မြန်မာ မြန်မာချင်း သိနေတယ်လေ။ ဒီတော့ ကျန်နေတဲ့ရက်အတွင်း စည်းကမ်းရှိသူတွေက ဆက်ထိန်းကြပါ။ မရှိသူတွေကိုလည်း စိတ်ဆိုးမနေကြပါနဲ့တော့။ မသိချင်ယောင်သာ ဆောင်နေလိုက်ပါတော့ဗျာ။
.
ဝူဟန်ဘေးကင်းဝေးကြပါစေ။ 
.
02 February 2020
သတိထားမခံရသော သူရဲကောင်းများ
ဝူဟန်မှ ကျောင်းသားများပြန်ခေါ်လာသည့် လေယာဥ်ပြန်ရောက်ပြီ။ ခရီးစဥ်တွင် လိုက်ပါတာဝန်ထမ်းသော ကပ္ပတိန်ကြီးများနဲ့တကွ လေယာဥ်မောင်များ အင်ဂျင်နီယာများ ကျန်လေယာဥ်အဖွဲ့သားများကို ကျေးဇူးတင်ပါသည်။
.
သတိမထားမိကြတာက ထိုလေယာဥ်ပြန်ရောက်မှ အလုပ်လုပ်ရမည့်သူတွေရှိသည်။ လေယာဥ်အတွင်းခန်း သန့်ရှင်းရမည့်သူများနှင့် ဤလေယာဥ်ကြီးကို ခရီးစဥ်များတွင် နောက်တကြိမ်သုံးနိုင်အောင်အတွက် စည်းကမ်းနှင့်အညီ ပြန်ထိမ်းသိမ်းပေးရမည့်သူများပါ။
.
လေယာဥ်ပေါ်မှာ ဝူဟန်ဗိုင်းရပ်စ်နှင့် ထိတွေခဲ့သူများ ပါလာနိုင်သည်။ ထို့အတွက် လေယာဥ်အတွင်းပိုင်းကို သတ်မှတ်စည်းကမ်းများနဲ့အညီ ပိုးသတ်ရမည်။ အလွယ်စဥ်းစားလျှင် လေယာဥ်ခုံအစွတ်များ၊ အခင်းများလဲရမည်။ လေယာဥ်တွင်းသုံးထားသော လေစစ်များလဲရမည်။
.
သာမန်အပြင်လူများမသိနိုင်သော အခြားအလုပ်များလဲ လုပ်ရဦးမည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် လေယာဥ်များသည် လေလုံအောင်ပိတ်ထားသော နေရာဖြစ်သဖြင့် ရောဂါဗိုင်းရပ်စ် မကျန်အောင်လုပ်ရမည်မှာ သေချာပါသည်။ သို့မှသာ နောက်ပိုင်းခရီးစဥ်များတွင် စိတ်ချစွာသုံးနိုင်ပါမည်။
.
ပိုသေချာတာကတော့ ထိုအလုပ်လုပ်နေသူများကို လူတွေမသိတော့ခြင်းပါ။ လူအမြင်တွင် တာဝန်ထမ်းသူများကို ဂုဏ်ယူအသိအမှတ်ပြုလေ့ရှိသော်လည်း ယခုအလုပ်များ ဆက်လုပ်နေသူတွေကို သတိမထားမိတော့တာ ပုံမှန်လိုဖြစ်နေပြီ။ သတိထားမခံရသော သူရဲကောင်းများ unsung heroes လို့သုံးလို့ ရမည်ထင်ကြောင်းပါဗျာ။
19 May 2019
တပုဒ်စီပါ၊
(Zawgyi version)
.
.
XxXxXx
(Unicode version)
   တချို့စာတွေမှာ ရေးကြတာတွေ့တယ်။ သားသမီးမကောင်းလို့ မိဘတွေ ဒုက္ခဘယ်လိုရောက်နေကြတယ်၊ တပည့်တချို့ ငယ်စဉ်က စာသင်ပေးခ့ဲတ့ဲ ဆရာတွေကို ဂရုမစိုက်လို့ ဆရာတွေ ဒုက္ခရောက်နေကြတယ်၊ စသဖြင့် ဖွဲ့နွဲ့ရေးကြတယ်။ ဇတ်နာအောင် မျက်ရည်ချူကြတာထင်ပါရဲ့။ အ့ဲလိုစာမျိုးဖတ်ရတိုင်း အဲဒီမိဘတွေ ဆရာတွေ ဘယ်လိုအတိတ်ကံတွေ ပြုခ့ဲကြလို့ပါလိမ့်လို့ စဉ်းစားမိတ့ဲအခါ .....
.
တချို့ပုံပြင်တွေမှာ ဖတ်ရပါတယ်။ သားသမီးကို တပည့်တွေကို ဆုံးမတာ စကားထာတွေ စကားဝှက်တွေနဲ့။ အဖြေမဖော်နိုင်တ့ဲ သားသမီး တပည့်ခမျာ ခံရရှာတာပေါ့။ စေတနာနဲ့ဆုံးမတာဆို နားလည်လွယ်အောင် ပြောမှပေါ့။ ခုတော့ ဈေးသက်သာပြီး အဟာရဖြစ်မ့ဲ ငါးသေးလေးတွေ ဝယ်စားကွာလို့ မဆုံးမဘဲ ခေါင်းတရာသားစားပါလို့ ပြောပြီး အဖြေမရှာနိုင်သူကို ပျက်ရယ်ပြုသလိုမျိုး ပုံပြင်တွေဖတ်ရတ့့ဲအခါ .....
.
ဘာသာခြားစာတွေထဲ မြန်မာပုံပြင်နဲ့ တူနေတာတွေ ဖတ်မိတော့လည်း အံ့သြရတယ်။ စစ်ရှုံးဘုရင် ဂူထဲက ပင့်ကူကိုကြည့်ပြီး စိတ်ဓာတ်ပြန်တက်တာတွေ၊ စစ်ရှုံးလို့ ထွက်ပြေးရတ့ဲဘုရင် ရုပ်ဖျက်ပြီးထွက်ပြေးရတော့ လမ်းဘေးမုန့်ဆိုင်မှာ ဝင်စားတယ်။ ဘေးက ကလေးကို သူ့အမေကဆူသံကြားသတ့ဲ။ နင်ကလည်း ဟိုဘုရင်စစ်တိုက်သလို အလယ်ကစ စားတာကိုး၊ ဘေးကစ ဖ့ဲစားမှပေါ့လို့ ဆူသံကြားမှ အိုင်ဒီယာရသွားတာတွေ တူတာတွေ့ဘူးတယ်။ စကားပုံတခု ကောက်ရိုးပုံထဲ အပ်ရှာရသလိုဘဲပါ တူတာတွေ့တော့၊ ဪ ပညာရှင်တွေဆိုတော့ ဟိုးအဝေးကြီးနိုင်ငံက ပညာရှင်တွေနဲ့တောင် ဉာဏ်ခြင်းထပ်တာဘဲလို့ သတိထားမိတ့ဲအခါ .....
02 January 2018
သံဃာတပါးရဲ့ ကံ
တနေ့ကဘဲ ထူးခြားတ့ဲ ဒေါ်စုကံအကြောင်း ရေးမိပါသေးတယ်။ ခုလည်း သံဃာတပါးရဲ့ ကံအကြောင်း ကြားရပြန်ပြီ။
.
မနေ့က ရွှေတိဂုံဘုရားကြီး အနေကဇာတင်အပြီး သံဃာ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ကံနည်းတ့ဲ သံဃာတပါးအကြောင်း ပုံနဲ့တကွ တွေ့ရပါတယ်။ ဝတၳုငွေ ၅၀၀ကျပ်သာ ရပါသတ့ဲ။ တချို့သံဃာတွေ ငွေကျပ် တသိန်းခွဲနီးပါး အလှူခံရရှိကြောင်း ပို့စ်တွေလည်း တွေ့ရပါတယ်။ တချို့လည်း ဆရာတော်က ၇သောင်း၊ သံဃာငယ်က ၉သောင်းရတာလည်း ရှိပါတယ်တ့ဲ။ ကံရဲ့ သဘောပါဘဲ။
.
ရွှေတိဂုံစေတီရဲ့ မုတ်လေးဝမှာ အပါး ၄၅၀၀စီ ဆွမ်းဆန်စိမ်းလောင်းကြပါတယ်။ မုတ်တဖက်မှာ သုံးလိုင်းစီတန်းပြီး အလှူခံကြွကြပါတယ်။ ဒီတော့ တကိုယ်ရည်လှူသူတွေက သံဃာအားလုံးကို အညီအမျှ လှူနိုင်မှာ မဟုတ်တော့ပါ။ အဖွဲ့အစည်းအကြီး အလှူရှင်အကြီးတွေကသာ လူများစွာနဲ့ ညီမျှစွာ လောင်းလှူနိုင်မှာပါ။
.
ဒီတော့ သံဃာအားလုံး ညီမျှစွာ အလှူရကြာမှာ မဟုတ်ပါဘူး။ ကံအပေါ်မူတည်ပြီး အနည်းအများ ကွာသွားမှာပါ။ အလှူငွေ နည်းနည်းဘဲ ရတ့ဲကိုယ်တော်အနေနဲ့ မိမိရဲ့ ကံကို ဉာဏ်နဲ့ပြန်ဆင်ခြင်သင့်ပါတယ်။ ဒီလောက် ကြီးကျယ်တ့ဲ အလှူကြီးမှာ ငါ ဘာကြောင့် ဒီလောက်ဘဲ ရရသလဲလို့ပေါ့။ ဘုရားသားဆိုတော့ ဆင်ခြင်လိုက်တာနဲ့ သဘောပေါက်သွားမှာပါ။
.
အခြား မည်သူ့ကိုမျှ အပစ်မတင်ပါနဲ့တော့။ ဘယ်သူမပြု မိမိမှုပါ အရှင်ဘုရား။