02 January 2018

သံဃာတပါးရဲ့ ကံ

တနေ့ကဘဲ ထူးခြားတ့ဲ ဒေါ်စုကံအကြောင်း ရေးမိပါသေးတယ်။ ခုလည်း သံဃာတပါးရဲ့ ကံအကြောင်း ကြားရပြန်ပြီ။

.

မနေ့က ရွှေတိဂုံဘုရားကြီး အနေကဇာတင်အပြီး သံဃာ၁၈၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ ကံနည်းတ့ဲ သံဃာတပါးအကြောင်း ပုံနဲ့တကွ တွေ့ရပါတယ်။ ဝတၳုငွေ ၅၀၀ကျပ်သာ ရပါသတ့ဲ။ တချို့သံဃာတွေ ငွေကျပ် တသိန်းခွဲနီးပါး အလှူခံရရှိကြောင်း ပို့စ်တွေလည်း တွေ့ရပါတယ်။ တချို့လည်း ဆရာတော်က ၇သောင်း၊ သံဃာငယ်က ၉သောင်းရတာလည်း ရှိပါတယ်တ့ဲ။ ကံရဲ့ သဘောပါဘဲ။

.

ရွှေတိဂုံစေတီရဲ့ မုတ်လေးဝမှာ အပါး ၄၅၀၀စီ ဆွမ်းဆန်စိမ်းလောင်းကြပါတယ်။ မုတ်တဖက်မှာ သုံးလိုင်းစီတန်းပြီး အလှူခံကြွကြပါတယ်။ ဒီတော့ တကိုယ်ရည်လှူသူတွေက သံဃာအားလုံးကို အညီအမျှ လှူနိုင်မှာ မဟုတ်တော့ပါ။ အဖွဲ့အစည်းအကြီး အလှူရှင်အကြီးတွေကသာ လူများစွာနဲ့ ညီမျှစွာ လောင်းလှူနိုင်မှာပါ။

.

ဒီတော့ သံဃာအားလုံး ညီမျှစွာ အလှူရကြာမှာ မဟုတ်ပါဘူး။ ကံအပေါ်မူတည်ပြီး အနည်းအများ ကွာသွားမှာပါ။ အလှူငွေ နည်းနည်းဘဲ ရတ့ဲကိုယ်တော်အနေနဲ့ မိမိရဲ့ ကံကို ဉာဏ်နဲ့ပြန်ဆင်ခြင်သင့်ပါတယ်။ ဒီလောက် ကြီးကျယ်တ့ဲ အလှူကြီးမှာ ငါ ဘာကြောင့် ဒီလောက်ဘဲ ရရသလဲလို့ပေါ့။ ဘုရားသားဆိုတော့ ဆင်ခြင်လိုက်တာနဲ့ သဘောပေါက်သွားမှာပါ။

.

အခြား မည်သူ့ကိုမျှ အပစ်မတင်ပါနဲ့တော့။ ဘယ်သူမပြု မိမိမှုပါ အရှင်ဘုရား။


No comments:

Post a Comment

Thank you.