18 January 2018

အမေစုရဲ့ မေတ္တာ



(Unicode version)


သေချာ အိပ်ပီး စဉ်းစားကြည့်တယ်။

.

သူတပါး ဒုက္ခရောက်တာကို မပျော်သင့်တာလည်း သေချာ သဘောပေါက်ပါတယ်။

.

ကိုယ့်ကို မကောင်းကြံတ့ဲသူကို ပြန်ခုခံရင် တရားဥပဒေက အပစ်မရှိဘူးလို့တောင် သတ်မှတ်ထားတာလည်း သိတယ်။

.

လက်စားချေခြင်းသည် ချိုမြိန်သောအရသာ ရှိသည်ဆိုတ့ဲ ခပ်ညံ့ညံ့ဒဿ နက ကိုလည်း ငယ်ငယ်ကဘဲ ကြိုက်မိတယ်။

.

မိမိပြုသော ကံသာ မိမိထံ ပြန်လာ၏ဆိုတ့ဲ စာသားတွေလည်း တရားစာအုပ်ထဲမှာဘဲ ဖတ်ဘူးတယ်။

.

အိပ်ရာမှ နိုးထတော့ ဆက်စဉ်းစားကြည့်တယ်။

.

ဒါပေမယ့် နောက်ထပ် သေချာစဉ်းစားတော့မှ အမေစုကို ဒုက္ခပေးသူတွေ တဖြေးဖြေး သူတို့ဖာသာ ကျဆုံးကုန်တာ သတိထားမိတယ်။ အစိုးရဖွဲ့ခွင့်ရတော့ အရင်လူတွေရဲ့ အပစ်တွေကို ခွင့်လွှတ်ပြီး ပြည်သူတွေကို မေတ္တာနဲ့အုပ်ချုပ်မယ် ဆိုတုံးက နားမလည်နိုင်ခ့ဲဘူး။

.

တကယ့် မေတ္တာအစွမ်းအစစ်ကို တဖြေးဖြေး မြင်လာနေရပါပြီ။ အမေဟာ သူ့အပေါ် မကောင်းကြံနေသူတွေကို အရေးယူခိုင်းဖို့ နေနေသာ စကားတောင် ထည့်မပြောပါဘူး။ ထည့်စဉ်းစားဟန်ကို မတူပါ။ ဒါပေမယ့် အမေ့ကို မကောင်းကြံသူတွေ အမေ့ပရောဂမပါဘဲ ကျဆုံးလာတယ်။ ရှေ့လျောက်လည်း မေတ္တာကို အန်တုရင် ကျဆုံးဦးမှာဘဲ။

.

နောက်ဆုံး စဉ်းစားကြည့်တော့ မေတ္တာရဲ့ တန်ခိုးကို သေချာ နားမလည်သူတွေ ယုံကြည် သဘောပေါက်ဖို့ မလွယ်လှဘူး။ မေတ္တာနဲ့ အုပ်ချုပ်တယ်ဆိုတာ ပြည်သူအများ တဖြေးဖြေး သဘောပေါက်လာကြပါစေလို့ဘဲ ဆုတောင်းမိတယ်ဗျာ။

XxXxXx

(Zawgyi version )

ေသခ်ာ အိပ္ပီး စဥ္းစားၾကည့္တယ္။
.
သူတပါး ဒုကၡေရာက္တာကို မေပ်ာ္သင့္တာလည္း ေသခ်ာ သေဘာေပါက္ပါတယ္။
.
ကိုယ့္ကို မေကာင္းၾကံတ့ဲသူကို ျပန္ခုခံရင္ တရားဥပေဒက အပစ္မ႐ွိဘူးလို႔ေတာင္ သတ္မွတ္ထားတာလည္း သိတယ္။
.
လက္စားေခ်ျခင္းသည္ ခ်ိဳၿမိန္ေသာအရသာ ႐ွိသည္ဆိုတ့ဲ ခပ္ညံ့ညံ့ဒႆ နက ကိုလည္း ငယ္ငယ္ကဘဲ ႀကိဳက္မိတယ္။
.
မိမိျပဳေသာ ကံသာ မိမိထံ ျပန္လာ၏ဆိုတ့ဲ စာသားေတြလည္း တရားစာအုပ္ထဲမွာဘဲ ဖတ္ဘူးတယ္။
.
အိပ္ရာမွ ႏိုးထေတာ့ ဆက္စဥ္းစားၾကည့္တယ္။
.
ဒါေပမယ့္ ေနာက္ထပ္ ေသခ်ာစဥ္းစားေတာ့မွ အေမစုကို ဒုကၡေပးသူေတြ တေျဖးေျဖး သူတို႔ဖာသာ က်ဆံုးကုန္တာ သတိထားမိတယ္။ အစိုးရဖြဲ႔ခြင့္ရေတာ့ အရင္လူေတြရဲ႕ အပစ္ေတြကို ခြင့္လႊတ္ၿပီး ျပည္သူေတြကို ေမတၱာနဲ႔အုပ္ခ်ဳပ္မယ္ ဆိုတံုးက နားမလည္ႏိုင္ခ့ဲဘူး။
.
တကယ့္ ေမတၱာအစြမ္းအစစ္ကို တေျဖးေျဖး ျမင္လာေနရပါၿပီ။ အေမဟာ သူ႔အေပၚ မေကာင္းၾကံေနသူေတြကို အေရးယူခိုင္းဖို႔ ေနေနသာ စကားေတာင္ ထည့္မေျပာပါဘူး။ ထည့္စဥ္းစားဟန္ကို မတူပါ။ ဒါေပမယ့္ အေမ့ကို မေကာင္းၾကံသူေတြ အေမ့ပေရာဂမပါဘဲ က်ဆံုးလာတယ္။ ေ႐ွ႕ေလ်ာက္လည္း ေမတၱာကို အန္တုရင္ က်ဆံုးဦးမွာဘဲ။
.
ေနာက္ဆံုး စဥ္းစားၾကည့္ေတာ့ ေမတၱာရဲ႕ တန္ခိုးကို ေသခ်ာ နားမလည္သူေတြ ယံုၾကည္ သေဘာေပါက္ဖို႔ မလြယ္လွဘူး။ ေမတၱာနဲ႔ အုပ္ခ်ဳပ္တယ္ဆိုတာ ျပည္သူအမ်ား တေျဖးေျဖး သေဘာေပါက္လာၾကပါေစလို႔ဘဲ ဆုေတာင္းမိတယ္ဗ်ာ။

No comments:

Post a Comment

Thank you.