Showing posts with label ကြားခဲ့မိ. Show all posts
Showing posts with label ကြားခဲ့မိ. Show all posts

19 March 2022

ယူတုမှ ပရိတ်တရားတော်၊


 မြန်မာလို ''ပရိတ်'' ဆိုပြီးဖြစ်စေ၊ အင်္ဂလိပ်လို ''payeik'' ဆိုပြီးဖြစ်စေ ယူတုမှာ ရှာလိုက်တာနဲ့ အစိမ်းရောင်နောက်ခံမှာ ဆရာတော်ကြီးပုံနဲ့ ပရိတ်တရားတွေ တန်းစီထွက်လာပါလိမ့်မယ်။ ပရိတ်ဗီဒီယိုများစွာ တင်ထားကြသလို နာထားသူ(viewer) များစွာရှိတာလည်း တွေ့မှာပါ။ 

.

ရှစ်ဆယ်ခုနှစ်များက မြန်မာပြည်မှာ ပရိတ်နဲ့ပတ်သက်လို့ တန်ခိုးကြီးတယ် ကျော်ဇောခဲ့တဲ့ တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရရဲ့ ပုံတော်နဲ့ ဆရာတော်ကြီးရွတ်ခဲ့တဲ့ ပရိတ်ကြီး ၁၁သုတ်၊ ဂုဏ်တော်ကွန်ချာနဲ့ ကမ္မဝါတို့ဘဲဖြစ်ပါတယ်။

.

အရင်က ကက်ဆက်ခွေနဲ့ ဖွင့်ခဲ့ကြရတာ။ အင်တာနက်ခေတ်ရောက်မှ ယူတုမှာ တင်ကြတာ။ ပရိတ်တရားများကို ဆရာတော်ကြီးငယ် များစွာရွတ်ခဲ့ကြပေမယ့် တောင်တန်းသာသနာပြု ဆရာတော်ကြီးရွတ်ခဲ့တာကို နှစ်သက်ကြမှန်း သိသာတယ်။ ဆရာတော်ကြီးရွတ်တာကို ဖွင့်ကြသူပေါင်း သန်းချီနေတာသက်သေဘဲ။ 

.

ယူတုဗီဒီယို အများစုက မင်္ဂလာစိန်တေးသံသွင်းက စီစဥ်ခဲ့တဲ့ ကက်ဆက်ခွေကနေ ကူးကြတာ။ အချို့ယူတုဘာတွေဆို ပုံတော်တွေတောင် မပြောင်းဘဲ ကူးတင်နေကြတာ။ ကြည့်သူများတော့ အကျိုးရှိတာပေါ့။

.

ပြဿနာက မူရင်းကက်ဆက်ခွေမှာ အသံအချို့ နှစ်နေရာသုံးနေရာမှာ ကျန်နေတယ်။ ဆရာတော်ကြီး အကြိမ်များစွာ ရွတ်ခဲ့မှာပါ။ ကက်ဆက်ပေါ်နေပြီဆိုတော့ အကြိမ်များစွာ အသံဖမ်းခဲ့ကြမှာပါ။ မြန်မာတွေ ပရိတ်တန်ခိုးကို အပြည့်ရဖို့ကံ မပါတော့ စာကျနေတဲ့ပရိတ်ခွေကိုဘဲ အကြိမ်များစွာ နာရသလိုဖြစ်နေတယ်။

.

ဗီဒီယိုအက်ဒစ်လုပ်တတ်သူများက အမှန်ဖြစ်အောင် ပြန်ပြင်ပေးရင်ကောင်းမယ်။ မြန်မာ့တီဗီက မနက်၆နာရီမှာ လွှင့်လေ့ရှိတဲ့ ပရိတ်တရားမှာ ပြင်ထားပြီးသား လွှင့်ပါတယ်။ အသံ အနည်းငယ်မတူတော့ သိသာပါတယ်။ ဖြတ်ညှပ်ကပ် လုပ်ပေးရမှာပေါ့။ 

.

ပရိတ်ရွတ်ထားတာ ဆရာတော် များစွာရှိပေမယ့် ပရိတ်နဲ့ ရေဆူဆရာတော်လို့အထိ နာမည်တွင်ခဲ့တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ပရိတ်ကိုမှ နာချင်တဲ့၊ နာလေ့ရှိတဲ့သူတွေအတွက် များစွာစိတ်ချမ်းသာရမှာမလို့ တတ်ကျွမ်းသူများ လုပ်ပေးစေချင်ပါတယ်။

09 February 2022

ဝူဟန်ကို​ဗစ် ဖေဖော်ဝါရီ ကိုး၊



ကမ္ဘာကြီးပေါ်မှာ #ဝူနာ သန်းလေးရာ ကျော်သွားပြီ။ ကမ္ဘာ့လူဦးရေ ခန့်မှန်း ရှစ်ဘီလီယံလောက်ဆိုတော့ လူနှစ်ရာမှာ တယောက် ဝူတဲ့သဘောဘဲ။ မြန်မာ အန္ဒိယနဲ့ အာဖရိကနိုင်ငံလို တော်တော်များများက စာရင်းမှန်မရနိုင်လို့ ဒါ့ထက်များဖို့ဘဲ ရှိပါတယ်။ နိုင်ငံငယ်တွေဖြစ်တဲ့ ဟော်လန်ဆို လေးယောက်မှာတယောက်၊ အစ္စရေးဆို သုံးယောက်မှာတယောက်လောက် ဝူခဲ့ကြတာ။ 

.



#ဝူဟန်ကိုဗစ် မျိုးစိတ်ကွဲ အိုမိုင်ခရွန် ပေါ်လာတော့ ဝူနာအရမ်းများလာတာကို အနီကွက်ပုံထဲမှာ တွေ့ရမှာပါ။ တနေ့ကို လေးသန်းနီးပါးအထိ ကပ်လာတာ။ အိုမိုင်ခရွန်က လူကိုအပြင်းအထန် ဒုက္ခမပေးတာရယ် ကာကွယ်ဆေး အစွမ်းတွေကြောင့်ရယ် သေဆုံးသူ အချိုးကျ တက်မလာတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် ကိုဗစ်ကြောင့် သေသူ ငါးသန်းကျော် ရှိခဲ့ပြီ။ 

.

အတက်ဆုံးအချိန်မှာ ဝူနာအများဆုံး၊ သေဆုံးသူအများဆုံးနိုင်ငံ အမေရိကန်မှာ တရက်တသန်းဝူတယ်လို့ သတင်းအချို့က ဆိုပေမယ့် Worldometer စာရင်းအရ ခုနှစ်သိန်းခန့်က အများဆုံးဝူခဲ့တာပါ။ အဲဒီရက်များအတွင်း တရက်ထဲ တသိန်းကျော် ဝူတဲ့နိုင်ငံ နှစ်ဆယ်ကျော်ခဲ့ပေမယ့် ဒီကပ်ဆိုးကြီး စဖြစ်ခဲ့တဲ့ တရုပ်ပြည်ကတော့ စဖြစ်ချိန်ကနေ ယခုအထိ နှစ်နှစ်အတွင်း တသိန်းတသောင်းမပြည့်သေးတာ အံ့ဩစရာ။

.

ကာကွယ်ဆေးတွေက ရောဂါဖြစ်ချိန် ကြာမြင့်လာလို့ နောက်အကျော့တွေ ထိုးနေကြရပါပြီ။ တချို့ဆို စတုတ္ထအကြိမ် ထိုးရတာတွေတောင် ရှိနေပေမယ့် တကြိမ်မှမထိုးရသေးသူတွေ အများကြီး ရှိနေပါသေးသတဲ့။ မြန်ပြည်မှာလည်း အစိုးရအစီအစဥ်နှေးနေလို့ ကွကိုယ်ရှာထိုးနေကြရတယ်။

.

မြန်ပြည်မှာ စာရင်းအမှန် မရနိုင်ပါ။ မနေ့ကအထိ ငါးသိန်းလေးသောင်းခန့် ဝူခဲ့ပြီး နှစ်သောင်းခန့်သေဆုံးခဲ့တယ် ဆိုပေမယ့် မနှစ်ဇူလိုင် ဩဂုတ်မှာ စာရင်းအမှန် မရနိုင်တာ လူအများမှတ်မိကြမှာပါ။ ယခုလည်း ကူးစက်မြန် အိုမိုင်ခရွန် စပြန့်နေပေမယ့် အများစု ပြင်းထန်စွာခံစားရတယ်တော့ မကြားရသေးပါ။ ဒီရက်ပိုင်းအတွင်း ဝူဟန်ကိုဗစ် မြန်မာပြည်အတွက် အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။

.

အိုမိုင်ခရွန်က ပျော့တယ်ဆိုပေမယ့် မပေါ့စေချင်ပါ။ ပြင်းထန်စွာ ခံရသူအချို့ ရှိနေပါသေးတယ်။ ကာကွယ်ဆေးထိုးထားပြီးသူ၊ အရင်က ကိုဗစ်ဖြစ်ထားသူတွေလည်း ကူးစက်ခံရကြောင်း ကြားနေရတယ်။ ဒီတော့ အပြင်ထွက်ရင် မတ်စ်​်တပ်ပါ၊ အခွင့်ရရင် လက်ဆေးပါ။ လူအများကြား တတ်နိုင်သမျှ ရှောင်ကြပါအုံး။

.

ဝူဟန်ဘေးကင်းဝေးကြပါစေ။

03 December 2019

မြန်မာအိုင်ဒေါနဲ့ ခင်ဝမ်းသီချင်း



(Unicode version)


မြန်မာအိုင်ဒေါမှာ စိုးလွင်လွင်သီချင်းတွေကို ပုံပြောင်းဆိုသွားတာ တချို့က ကြိုက်ကြဟန်မတူဘူး။ ကျနော်က မဆိုးပါဘူးပြောလို့လားမသိ၊ နောက်နှစ် ခင်ဝမ်းသီချင်းနဲ့ ပြိုင်ခိုင်းမတဲ့။ လှမ်းလုပ်ကြတယ်။
.
ပြန်ဆိုကြရင် မူလခင်ဝမ်းလောက် ကောင်းမကောင်းက ပြောစရာမလိုပါ။ ခင်ဝမ်းအမှတ်တရအခွေမှာ ကိုတိုးကြီးဆိုနေတုံး ခင်ဝမ်းအသံနဲ့ ထပ်လိုက်တာ အရမ်းကွာနေတာ သတိထားမိကြမှာပါ။ ပင်ကိုယ်အသံလည်းကွာသလို အသံသွင်းခဲ့တာ နှစ်နှစ်ဆယ်ကျော် ကွာနေတာလည်း ပါပါတယ်။ ဒါပေမယ့် ခင်ဝမ်းကတော့ ကျနော့အဖို့ ခင်ဝမ်းပါဘဲ။
.
ခင်ဝမ်းသီချင်းတွေ ပြန်ဆိုပြီးပြိုင်ကြရင် ကောင်းတာပေါ့ဗျာ။ ကြေနပ်တာပေါ့။ ခင်ဝမ်းသီချင်းတွေ ခေတ်လူငယ်တွေ ပြန်ကြားဘူးသွားတာပေါ့။ ဒါ့အပြင် ခင်ဝမ်းမိသားစုတွေလည်း မူပိုင်ကြေး ကျပ်သိန်းရာမချီတောင် ဆယ်ဂဏန်းတော့ ရမယ်အောက်မေ့တာဘဲ။
.
မဖြစ်နိုင်ဘူး မထင်ကြနဲ့ဗျ။ ဒီနှစ် စိုးလွင်လွင်မိသားစုတော့ ဘယ်လောက်ရသွားတယ်မသိဘူး။ ဒိုင်သုံးယောက်က သိန်းထောင်ချီစီ ရကြတယ်လို့ သတင်းကြားရတော့ ပေးချင်ရင်ဖြစ်လောက်တယ်။ အဲဒီ​ခေတ် သီချင်း​တွေ ပြန်ဆိုတော့ ဝင်ငွေရှိနေတဲ့အရွယ်တွေ စိတ်ဝင်စားပြီး များများတောင် ဗုတ်လာနိုင်သေး မဟုတ်လားဗျာ။ ဥက္ကာဦးသာနဲ့ ထရေစီတို့ ရှိနေသေးရင် ခင်ဝမ်းသီချင်းနဲ့ နောက်နှစ်ပြိုင်ကြပါစေဗျာ။


XxXxXx

(Zawgyi version)


ျမန္မာအိုင္ေဒါမွာ စိုးလြင္လြင္သီခ်င္းေတြကို ပုံေျပာင္းဆိုသြားတာ တခ်ိဳ႕က ႀကိဳက္ၾကဟန္မတူဘူး။ က်ေနာ္က မဆိုးပါဘူးေျပာလို႔လားမသိ၊ ေနာက္ႏွစ္ ခင္ဝမ္းသီခ်င္းနဲ႕ ၿပိဳင္ခိုင္းမတဲ့။ လွမ္းလုပ္ၾကတယ္။
.
ျပန္ဆိုၾကရင္ မူလခင္ဝမ္းေလာက္ ေကာင္းမေကာင္းက ေျပာစရာမလိုပါ။ ခင္ဝမ္းအမွတ္တရအေခြမွာ ကိုတိုးႀကီးဆိုေနတုံး ခင္ဝမ္းအသံနဲ႕ ထပ္လိုက္တာ အရမ္းကြာေနတာ သတိထားမိၾကမွာပါ။ ပင်ကိုယ်အသံလည္းကြာသလို အသံသြင္းခဲ့တာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ကြာေနတာလည္း ပါပါတယ္။ ဒါေပမယ့္ ခင္ဝမ္းကေတာ့ က်ေနာ့အဖို႔ ခင္ဝမ္းပါဘဲ။
.
ခင္ဝမ္းသီခ်င္းေတြ ျပန္ဆိုၿပီးၿပိဳင္ၾကရင္ ေကာင္းတာေပါ့ဗ်ာ။ ေၾကနပ္တာေပါ့။ ခင္ဝမ္းသီခ်င္းေတြ ေခတ္လူငယ္ေတြ ျပန္ၾကားဘူးသြားတာေပါ့။ ဒါ့အျပင္ ခင္ဝမ္းမိသားစုေတြလည္း မူပိုင္ေၾကး ကျပ်သိန္းရာမခ်ီေတာင္ ဆယ္ဂဏန္းေတာ့ ရမယ္ေအာက္ေမ့တာဘဲ။
.
မျဖစ္နိုင္ဘူး မထင္ၾကနဲ႕ဗ်။ ဒီႏွစ္ စိုးလြင္လြင္မိသားစုေတာ့ ဘယ္ေလာက္ရသြားတယ္မသိဘူး။ ဒိုင္သုံးေယာက္က သိန္းေထာင္ခ်ီစီ ရၾကတယ္လို႔ သတင္းၾကားရေတာ့ ေပးခ်င္ရင္ျဖစ္ေလာက္တယ္။ အဲဒီ​ေခတ္ သီခ်င္း​ေတြ ျပန္ဆိုေတာ့ ဝင္ေငြရွိေနတဲ့အ႐ြယ္ေတြ စိတ္ဝင္စားၿပီး မ်ားမ်ားေတာင္ ဗုတ္လာနိုင္ေသး မဟုတ္လားဗ်ာ။ ဥကၠာဦးသာနဲ႕ ထေရစီတို႔ ရွိေနေသးရင္ ခင္ဝမ္းသီခ်င္းနဲ႕ ေနာက္ႏွစ္ၿပိဳင္ၾကပါေစဗ်ာ။

22 September 2019

အခွန်ဖြေလျော့ပေးတဲ့ ဥပဒေကိစ္စ၊

(Unicode version)

   အခွန်စည်းကျပ်မှုမှ လွတ်နေတဲ့ ငွေများကို အခွန်လျော့ဆောင်ပြီး ငွေဖြူဖြစ်အောင်လုပ်တဲ့ ဥပဒေကို လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဗိုလ်လိုဆိုရင် tax amnesty ခေါ်ပြီး အရပ်စကားနဲ့ ငွေမဲကိုငွေဖြူလုပ်ခွင့်လို့ဘဲ ခေါ်ဝေါ်သတ်မှတ်ကြမယ်ထင်ပါတယ်။
.
နိုင်ငံတကာမှာလည်း ဒီလိုလုပ်ပေးတာတွေ ရှိခဲ့ပါသတဲ့။ အစိုးရညံ့တွေ အုပ်ချုပ်ခဲ့လို့ ပုံမှန်ဝင်ငွေခွန် မကောက်နိုင်ခဲ့တာ ကြာခဲ့ရင် ဒီလိုလုပ်ပေးရမှာဘဲထင်တယ်။ ပုံမှန်ငွေဖြူတွေဖြစ်မှ တရားဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်လို့ရမှာကိုး။ မြန်မာပြည်မှာတော့ နဝတတက်ခါစက တကြိမ်လုပ်ခွင့်ပြုတာ မှတ်မိနေတယ်။
.
ထုံးစံအတိုင်း နှစ်ဖက်ဝေဖန်မှုတွေ ထွက်လာတာပေါ့။ ထောက်ခံတဲ့စကားတွေ လွှတ်တော်မှာဆွေးနွေးပြီးပါပြီ။ လုပ်သင့်တဲ့အချိန်မလို့ လုပ်ပေးတာဘဲဖြစ်မှာပါ။ ဖေ့ဘုတ်မှာတွေ့ရသလောက် ကားဝယ်ရင်ဆောင်ရတဲ့အခွန် သိန်းသုံးလေးဆယ်လျော့လို့ ပြောကြတာဘဲရှိတယ်။ သိန်းသောင်းချီတဲ့ အိမ်ခြံတွေနဲ့ ကွန်ဒိုတွေ လှုပ်သံမကြားရသေးဘူး။ အရောင်းအဝယ်ပြန်ဖြစ်တောင် အရင်ခေတ်နှူန်း ပြန်ရမယ်မထင်ပါ။
.
ဒီဥပဒေကို အပစ်မြင်သူတွေလည်း တွေ့ရတယ်။ NLDအစိုးရလုပ်လို့ အပစ်တင်ကြတာလား မသိဘူး။ သူတို့ပြောတာတချို့ လွဲနေတယ်ထင်တာဘဲ။ ပထမဆုံး တချက်က ရွေးကောက်ပွဲ မဲဆွယ်ဖို့လုပ်တာ ဖြစ်နိုင်သတဲ့။ စလွဲပါပြီ တက်တက်စင်။ ငွေမဲတွေရှိသူအများစု ဘယ်သူတွေဆိုတာ သိကြမှာပါ။ ဒီလူတွေ တိတ်တိတ်လေး ငွေတွေသွားဖွတ်လျှော်နေမှာ သေချာပေမယ့် NLDပါတီကို ထောက်ခံမဲ့သူတွေ မဟုတ်ပါဘူး။
.
နောက်တချက်က ပုံမှန်ဝင်ငွေခွန်ဆောင်နေသူတွေ မပေးဘဲနေမယ်တဲ့။ အစောကပြောသလို အစိုးရကောင်းခေတ်မှာ ဒါမျိုးမဖြစ်အောင် လုပ်ရမှာပါ။ ပုံမှန်ဝင်ငွေခွန် ကောက်နိုင်နေခဲ့ရင် ဒါမျိုးအခွင့်အ​ရေး ထပ်ပေးစရာ အကြောင်းမရှိပါဘူး။ အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ လိုပါလိမ့်မယ်။ ခုအခွန်လျှော့ပေးတာလည်း သက်တမ်းတနှစ်ဘဲတဲ့။
.
အဆိုးဆုံး အပစ်ပြောတာက တရားဝင်အခွန်ဆောင်ရတာကို စိတ်ပျက်သွားမယ်။  နောင်မှာ ဒီလိုအခွင့်အရေးမျိုးလာမှာဘဲလို့ မျှော်ကိုးပြီး တရားမဝင်အလုပ်တွေနဲ့ ငွေရှာပြီး ထိုင်စောင့်ချင်စိတ် ပေါ်လာနိုင်တယ်တဲ့။ အလွဲဆုံးပါဘဲ။ တရားမဝင်စီးပွားရှာတာ အခွန်စည်းကြပ်နှူန်းနဲ့ လုံးဝကို မပတ်သက်ပါ။ မည်သည့် အခွန်နှူန်းထားနဲ့ အခွန်ကောက်သည်ဖြစ်စေ တရားမဝင်စီးပွားရှာတာ ခွင့်မပြုပါ။ အရင်အစိုးရတွေ လစ်လျှူရှုသလိုလုပ်ခဲ့လို့ အခုကိစ္စ ပေါ်ပေါက်လာတာပါ။ အခွန်ကောက်ခံမှု မှန်ကန်နေတယ်လို့ ပြောလို့ရတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာတောင် တရားမဝင် စီးပွားရှာတာနဲ့ အခွန်ရှောင်ဖို့ ကြိုးစားတာတွေ ရှိနေတာပါဘဲ။ အစိုးရအနေနဲ့ ဒါတွေကို ဖော်ထုတ်အရေးယူဖို့ဘဲ လုပ်ရမှာပါ။
.
ဒီဥပဒေ ဖော်ဆောင်မယ့် လက်ရှိအစိုးရလည်း ဒီကိစ္စတွေ မဖြစ်အောင် ကြီးကြပ်ရတော့မှာပါ။ တာဝန်ရှိသွားပါပြီ။ အရင် အစိုးရအဆက်ဆက် ပျက်စီးခဲ့တဲ့ ဝင်ငွေခွန်၊  အမှန်ဆောင်ဖို့ ပြန်လုပ်ပေးရမှာပါ။ အခွန်ဆောင် ပြည်သူတွေကို ရှင်းပြစည်းရုံးဖို့ လိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ အဓိကလုပ်ရမှာကတော့ ဝင်ငွေခွန်ကောက်တဲ့ဌာနက ဝန်ထမ်းတွေကို စည်းကမ်းထိမ်း အရေးယူဖို့ပါဘဲဗျာ။


XxXxXx

(Zawgyi version)

   အခြန္စည္းက်ပ္မႈမွ လြတ္ေနတဲ့ ေငြမ်ားကို အခြန္ေလ်ာ့ေဆာင္ၿပီး ေငြျဖဴျဖစ္ေအာင္လုပ္တဲ့ ဥပေဒကို လႊတ္ေတာ္က အတည္ျပဳေပးလိုက္ပါၿပီ။ ဗိုလ္လိုဆိုရင္ tax amnesty ေခၚၿပီး အရပ္စကားနဲ႕ ေငြမဲကိုေငြျဖဴလုပ္ခြင့္လို႔ဘဲ ေခၚေဝၚသတ္မွတ္ၾကမယ္ထင္ပါတယ္။
.
နိုင္ငံတကာမွာလည္း ဒီလိုလုပ္ေပးတာေတြ ရွိခဲ့ပါသတဲ့။ အစိုးရညံ့ေတြ အုပ္ခ်ဳပ္ခဲ့လို႔ ပုံမွန္ဝင္ေငြခြန္ မေကာက္နိုင္ခဲ့တာ ၾကာခဲ့ရင္ ဒီလိုလုပ္ေပးရမွာဘဲထင္တယ္။ ပုံမွန္ေငြျဖဴေတြျဖစ္မွ တရားဝင္စီးပြားေရးလုပ္ငန္းေတြ လုပ္လို႔ရမွာကိုး။ ျမန္မာျပည္မွာေတာ့ နဝတတက္ခါစက တႀကိမ္လုပ္ခြင့္ျပဳတာ မွတ္မိေနတယ္။
.
ထုံးစံအတိုင္း ႏွစ္ဖက္ေဝဖန္မႈေတြ ထြက္လာတာေပါ့။ ေထာက္ခံတဲ့စကားေတြ လႊတ္ေတာ္မွာေဆြးႏြေးၿပီးပါၿပီ။ လုပ္သင့္တဲ့အခ်ိန္မလို႔ လုပ္ေပးတာဘဲျဖစ္မွာပါ။ ေဖ့ဘုတ္မွာေတြ႕ရသေလာက္ ကားဝယ္ရင္ေဆာင္ရတဲ့အခြန္ သိန္းသုံးေလးဆယ္ေလ်ာ့လို႔ ေျပာၾကတာဘဲရွိတယ္။ သိန္းေသာင္းခ်ီတဲ့ အိမ္ၿခံေတြနဲ႕ ကြန္ဒိုေတြ လႈပ္သံမၾကားရေသးဘူး။ အေရာင္းအဝယ္ျပန္ျဖစ္ေတာင္ အရင္ေခတ္ႏႉန္း ျပန္ရမယ္မထင္ပါ။
.
ဒီဥပေဒကို အပစ္ျမင္သူေတြလည္း ေတြ႕ရတယ္။ NLDအစိုးရလုပ္လို႔ အပစ္တင္ၾကတာလား မသိဘူး။ သူတို႔ေျပာတာတခ်ိဳ႕ လြဲေနတယ္ထင္တာဘဲ။ ပထမဆုံး တခ်က္က ေ႐ြးေကာက္ပြဲ မဲဆြယ္ဖို႔လုပ္တာ ျဖစ္နိုင္သတဲ့။ စလြဲပါၿပီ တက္တက္စင္။ ေငြမဲေတြရွိသူအမ်ားစု ဘယ္သူေတြဆိုတာ သိၾကမွာပါ။ ဒီလူေတြ တိတ္တိတ္ေလး ေငြေတြသြားဖြတ္ေလွ်ာ္ေနမွာ ေသခ်ာေပမယ့္ NLDပါတီကို ေထာက္ခံမဲ့သူေတြ မဟုတ္ပါဘူး။
.
ေနာက္တခ်က္က ပုံမွန္ဝင္ေငြခြန္ေဆာင္ေနသူေတြ မေပးဘဲေနမယ္တဲ့။ အေစာကေျပာသလို အစိုးရေကာင္းေခတ္မွာ ဒါမ်ိဳးမျဖစ္ေအာင္ လုပ္ရမွာပါ။ ပုံမွန္ဝင္ေငြခြန္ ေကာက္နိုင္ေနခဲ့ရင္ ဒါမ်ိဳးအခြင့္အ​ေရး ထပ္ေပးစရာ အေၾကာင္းမရွိပါဘူး။ အစိုးရအေနနဲ႕ ၾကပ္မတ္ေပးဖို႔ လိုပါလိမ့္မယ္။ ခုအခြန္ေလွ်ာ့ေပးတာလည္း သက္တမ္းတႏွစ္ဘဲတဲ့။
.
အဆိုးဆုံး အပစ္ေျပာတာက တရားဝင္အခြန္ေဆာင္ရတာကို စိတ္ပ်က္သြားမယ္။ ေနာင္မွာ ဒီလိုအခြင့္အေရးမ်ိဳးလာမွာဘဲလို႔ ေမွ်ာ္ကိုးၿပီး တရားမဝင္အလုပ္ေတြနဲ႕ ေငြရွာၿပီး ထိုင္ေစာင့္ခ်င္စိတ္ ေပၚလာနိုင္တယ္တဲ့။ အလြဲဆုံးပါဘဲ။ တရားမဝင္စီးပြားရွာတာ အခြန္စည္းၾကပ္ႏႉန္းနဲ႕ လုံးဝကို မပတ္သက္ပါ။ မည္သည့္ အခြန္ႏႉန္းထားနဲ႕ အခြန္ေကာက္သည္ျဖစ္ေစ တရားမဝင္စီးပြားရွာတာ ခြင့္မျပဳပါ။ အရင္အစိုးရေတြ လစ္လ်ႉရႈသလိုလုပ္ခဲ့လို႔ အခုကိစၥ ေပၚေပါက္လာတာပါ။ အခြန္ေကာက္ခံမႈ မွန္ကန္ေနတယ္လို႔ ေျပာလို႔ရတဲ့ အေမရိကန္နဲ႕ အေနာက္နိုင္ငံေတြမွာေတာင္ တရားမဝင္ စီးပြားရွာတာနဲ႕ အခြန္ေရွာင္ဖို႔ ႀကိဳးစားတာေတြ ရွိေနတာပါဘဲ။ အစိုးရအေနနဲ႕ ဒါေတြကို ေဖာ္ထုတ္အေရးယူဖို႔ဘဲ လုပ္ရမွာပါ။
.
ဒီဥပေဒ ေဖာ္ေဆာင္မယ့္ လက္ရွိအစိုးရလည္း ဒီကိစၥေတြ မျဖစ္ေအာင္ ႀကီးၾကပ္ရေတာ့မွာပါ။ တာဝန္ရွိသြားပါၿပီ။ အရင္ အစိုးရအဆက္ဆက္ ပ်က္စီးခဲ့တဲ့ ဝင္ေငြခြန္၊ အမွန္ေဆာင္ဖို႔ ျပန္လုပ္ေပးရမွာပါ။ အခြန္ေဆာင္ ျပည္သူေတြကို ရွင္းျပစည္း႐ုံးဖို႔ လိုသလို လုပ္ေနတာလည္း ေတြ႕ရပါတယ္။ အဓိကလုပ္ရမွာကေတာ့ ဝင္ေငြခြန္ေကာက္တဲ့ဌာနက ဝန္ထမ္းေတြကို စည္းကမ္းထိမ္း အေရးယူဖို႔ပါဘဲဗ်ာ။

04 June 2018

The Voice Myanmar



(Unicode version)


   မနေ့ညက သီချင်းဆိုပြိုင်ပွဲ The Voice Myanmar ကြည့်လိုက်ကြရမယ် ထင်ပါတယ်။ ချန်ပီယံက ကိုငွေစိုးဖြစ်ပေမယ့် ခရက်ဒစ်ပေးသင့်သူက သူ့ရဲ့သီချင်းနည်းပြ လင်းလင်းပါဘဲ။ ရှင်းပါမယ်။

.

ဒီအဆင့်သို့ ယှဉ်ပြိုင်သူ ထောင်ချီထဲက လေးယောက်ဘဲ ရောက်လာတာမို့ တယောက်နဲ့တယောက် အရည်အချင်း သိတ်အကွာကြီး မဟုတ်ပါ။ ပထမတပုဒ်ဆိုပြီးသည်အထိ ပရိသာတ်တွေ ဝေခွဲမရ ဖြစ်နေမှာပါ။ ဒုတိယတပုဒ်စီ ဆိုတ့ဲအခါမှာတော့ နည်းပြတွေကြောင့် ကွာသွားပါပြီ။

.

ပထမဆုံးက သီချင်းရွေးတာပါ။ ဒီအဆင့်မှာ ဒိုင်တွေဆုံးဖြတ်ရတာမဟုတ်ဘဲ မဲပေးရတာဆိုတော့ မြန်မာတွေရဲ့ အသည်းနှလုံး ဧရာဝတီကို ရွေးလိုက်ပါတယ်။ ခင်ဝမ်း သီရိညွန့်နဲ့ အခြားအဆိုရှင်တွေရဲ့ ဧရာဝတီသီချင်းတွေ ရှိပေမ့ဲ ပြိုင်ပွဲအတွက် အရည်အချင်းပြလို့ အကောင်းဆုံးဖြစ်စေမ့ဲ ငှက်ကြီးရဲ့ ဧရာဝတီကို ရွေးချယ်ပေးခ့ဲတာပါ။

.

ဒုတိယက presentation ခေါ်တ့ဲ တင်ဆက်ပုံပါ။ အခြားသူတွေလို ဗူဗောင်းတွေ၊ ပန်းတွေ၊ မီးခိုးတွေ မလုပ်ဘဲ ဧရာဝတီမြစ်ပုံနဲ့ တီရှပ်ဆင်တူ ဝတ်ပါတယ်။ တီးဝိုင်းကိုလည်း စင်ပေါ်အထိတင်ပြီး ထွင်တီးတာလေးတွေ ပရိသာတ် မြင်စေခ့ဲပါတယ်။

.

နောက်ဆုံးတချက်ကတော့ arrangements ခေါ်တ့ဲ ဂီတတေးသွား စီစဉ်မှုပါဘဲ။ နဂိုရ်သီချင်းကို မြန်မာတွေပြန်ဆိုရင် ပျက်တတ်ပေမ့ဲ ဒီတခါတော့ မူရင်းထက်သာခ့ဲပါတယ်။ ပုလွေလေးနဲ့ ရေးစီးသံစသလို တယောကြိုးကို လက်နဲ့ခတ်ပြီးတော့ လှိုင်းလေးတွေ ဖန်တီးခ့ဲကာ ဧရာဝတီကို အသက်ဝင်စေခ့ဲပါတယ်။ လေမှုတ်တူရိယာသုံးတာနဲ့ second လိုက်သံတွေကလည်း သီချင်းကို ကြွတက်စေခ့ဲပါတယ်။ လင်းလင်း ဒီတီးခတ်ပုံကို ဘယ်လောက်အလေးထားသလဲဆို ပြီးတာနဲ့ ကိုငွေစိုးကို တီးခတ်သူတွေကို ဂါရဝပြုဖို့ သတိပေးခ့ဲပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုက အများကြီး အထောက်အကူ ဖြစ်စေခ့ဲတယ် မဟုတ်ပါလား။

.

ဒီအဆင့်မှာ အားလုံး အရည်အချင်းရှိပြီးသားပါ။ သော်ဒီနဲ့ မိန်းခလေးအဆိုရှင်တို့ ဒီသီချင်းကို ဒီအရိန့်ချ်မဲန်းနဲ့ သီဆိုရင် ဒီလောက်နီးပါးရမှာ သေချာပါတယ်။ အဆိုချင်းတူရင် စီစဉ်သူကွာသွားတာ ဒီပြိုင်ပွဲမှာ သိသာစေခ့ဲပါတယ်ဗျာ။ ။

.

ပြိုင်ပွဲဝင်သီချင်းကို အောက်ပါလင့်မှာ နားဆင်နိုင်ပါတယ်။

https://m.youtube.com/watch?v=2vMPu3u8ZrQ&feature=youtu.be

XxXxXx

(Zawgyi version)


   မေန႔ညက သီခ်င္းဆိုၿပိဳင္ပြဲ The Voice Myanmar ၾကည့္လိုက္ၾကရမယ္ ထင္ပါတယ္။ ခ်န္ပီယံက ကိုေငြစိုးျဖစ္ေပမယ့္ ခရက္ဒစ္ေပးသင့္သူက သူ႔ရဲ႕သီခ်င္းနည္းျပ လင္းလင္းပါဘဲ။ ႐ွင္းပါမယ္။
.
ဒီအဆင့္သို႔ ယွဥ္ၿပိဳင္သူ ေထာင္ခ်ီထဲက ေလးေယာက္ဘဲ ေရာက္လာတာမို႔ တေယာက္နဲ႔တေယာက္ အရည္အခ်င္း သိတ္အကြာႀကီး မဟုတ္ပါ။ ပထမတပုဒ္ဆိုၿပီးသည္အထိ ပရိသာတ္ေတြ ေဝခြဲမရ ျဖစ္ေနမွာပါ။ ဒုတိယတပုဒ္စီ ဆိုတ့ဲအခါမွာေတာ့ နည္းျပေတြေၾကာင့္ ကြာသြားပါၿပီ။
.
ပထမဆံုးက သီခ်င္းေရြးတာပါ။ ဒီအဆင့္မွာ ဒိုင္ေတြဆံုးျဖတ္ရတာမဟုတ္ဘဲ မဲေပးရတာဆိုေတာ့ ျမန္မာေတြရဲ႕ အသည္းႏွလံုး ဧရာဝတီကို ေရြးလိုက္ပါတယ္။ ခင္ဝမ္း သီရိၫြန္႔နဲ႔ အျခားအဆို႐ွင္ေတြရဲ႕ ဧရာဝတီသီခ်င္းေတြ ႐ွိေပမ့ဲ ၿပိဳင္ပြဲအတြက္ အရည္အခ်င္းျပလို႔ အေကာင္းဆံုးျဖစ္ေစမ့ဲ ငွက္ႀကီးရဲ႕ ဧရာဝတီကို ေရြးခ်ယ္ေပးခ့ဲတာပါ။
.
ဒုတိယက presentation ေခၚတ့ဲ တင္ဆက္ပံုပါ။ အျခားသူေတြလို ဗူေဗာင္းေတြ၊ ပန္းေတြ၊ မီးခိုးေတြ မလုပ္ဘဲ ဧရာဝတီျမစ္ပံုနဲ႔ တီ႐ွပ္ဆင္တူ ဝတ္ပါတယ္။ တီးဝိုင္းကိုလည္း စင္ေပၚအထိတင္ၿပီး ထြင္တီးတာေလးေတြ ပရိသာတ္ ျမင္ေစခ့ဲပါတယ္။
.
ေနာက္ဆံုးတခ်က္ကေတာ့ arrangements ေခၚတ့ဲ ဂီတေတးသြား စီစဥ္မႈပါဘဲ။ နဂိုရ္သီခ်င္းကို ျမန္မာေတြျပန္ဆိုရင္ ပ်က္တတ္ေပမ့ဲ ဒီတခါေတာ့ မူရင္းထက္သာခ့ဲပါတယ္။ ပုေလြေလးနဲ႔ ေရးစီးသံစသလို တေယာႀကိဳးကို လက္နဲ႔ခတ္ၿပီးေတာ့ လိႈင္းေလးေတြ ဖန္တီးခ့ဲကာ ဧရာဝတီကို အသက္ဝင္ေစခ့ဲပါတယ္။ ေလမႈတ္တူရိယာသံုးတာနဲ႔ second လိုက္သံေတြကလည္း သီခ်င္းကို ႂကြတက္ေစခ့ဲပါတယ္။ လင္းလင္း ဒီတီးခတ္ပံုကို ဘယ္ေလာက္အေလးထားသလဲဆို ၿပီးတာနဲ႔ ကိုေငြစိုးကို တီးခတ္သူေတြကို ဂါရဝျပဳဖို႔ သတိေပးခ့ဲပါတယ္။ သူတို႔ရဲ႕ ပံ့ပိုးမႈက အမ်ားႀကီး အေထာက္အကူ ျဖစ္ေစခ့ဲတယ္ မဟုတ္ပါလား။
.
ဒီအဆင့္မွာ အားလံုး အရည္အခ်င္း႐ွိၿပီးသားပါ။ ေသာ္ဒီနဲ႔ မိန္းခေလးအဆို႐ွင္တို႔ ဒီသီခ်င္းကို ဒီအရိန္႔ခ်္မဲန္းနဲ႔ သီဆိုရင္ ဒီေလာက္နီးပါးရမွာ ေသခ်ာပါတယ္။ အဆိုခ်င္းတူရင္ စီစဥ္သူကြာသြားတာ ဒီၿပိဳင္ပြဲမွာ သိသာေစခ့ဲပါတယ္ဗ်ာ။    ။
.
ၿပိဳင္ပြဲဝင္သီခ်င္းကို ေအာက္ပါလင့္မွာ နားဆင္ႏိုင္ပါတယ္။
https://m.youtube.com/watch?v=2vMPu3u8ZrQ&feature=youtu.be 

16 May 2018

ရဲချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ



(Unicode version )


   မြန်မာနိုင်ငံ ရဲချုပ်အသစ်စက်စက်ကလည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာတင် ဂွမ်းပြန်ပြီ။ တာမွေအဝိုင်းထိပ် ဆန္ဒပြသူများ ဖြိုခွဲရာတွင် အရပ်သားများ မသုံးခ့ဲဘူးလို့ ပြောလိုက်ပါတယ်။

.

ရဲချုပ်ကြီး ကျန်အင်တာနက်စာမျက်နှာတွေ မသုံးတောင် ဖေ့ဘုတ်လေးတော့ သုံးစေချင်ပါတယ်။ ဓာတ်ပုံတွေကို ဖိုတိုရှော့လို့ ပြောချင်တောင် ဗီဒီယိုတွေ live တင်ခ့ဲကြတာ တွေ့ရမှာပါ။ ဘာကြောင့် အခြားအကြောင်းပြချက်မသုံးဘဲ မျိက်စိစုံမှိတ် ပြောလိုက်ပါသလဲ။

.

သတင်းစာရှင်းပွဲမှာ ရဲချုပ်က "ထိုသို့ပြုလုပ်ရာတွင် (လူစုခွဲရန်ကိစ္စ) လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းခံနိုင်သည်ဟု (ဥပဒေတွင်) ဖော်ပြထားကြောင်း ရဲချုပ်အောင်ဝင်းဦးက ဆိုသည်။ သို့သော် ဒီဖြစ်စဉ်မှာ အရပ်သားအင်အား မသုံးကြောင်း သိရှိရပါတယ်" လို့ ပြောသွားပါတယ်။ ဘာကြောင့် ဥပဒေမှာ ဒီလိုဖော်ပြထားရက်နဲ့ အသုံးမချခ့ဲလည်း စဉ်းစားစရာပါ။ ဓာတ်ပုံတွေမှာ အထင်အရှား မြင်နေရရက်နဲ့ ငြင်းခ့ဲသလည်း စဉ်းစားစရာပါ။

.

အတည်မပြုနိုင်တ့ဲ ဖေ့ဘုတ်ပို့စ်များအရ ဆန္ဒပြသူများကို ဝင်ရောက်ဖြိုခွဲပေးတ့ဲ အရပ်သားတွေထဲမှာ ရဲကအလိုရှိနေသူ တရားခံပြေးဖြစ်နေသူတယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။ ကျန်အချို့ကလည်း အရင်အစိုးရ အသုံးချခ့ဲသော စွမ်းအားရှင်များ ပါတယ်လို့ ဆိုနေကြပါတယ်။ ဒါကြောင့်များ အသုံးမချရဲတာလား မေးစရာဖြစ်လာပါပြီ။

.

တိုင်းပြည် အေးချမ်းသာယာစွာ တိုးတက်ဖို့ ပည်သူ့ရဲတွေက ပထမဆုံး အရေးကြီးပါတယ်။ သူတို့ကိုယ်တိုင်က ဥပဒေနဲ့အညီ ဥပဒေချိုးဖောက်သူတွေကို အရေးယူရမှာပါ။ ခုလက်ရှ်ိ အမြင်အရတော့ ပြုပြင်ဖို့ အများကြီးလိုပါသေးတယ်။

XxXxXx

(Zawgyi version )


   ျမန္မာႏိုင္ငံ ရဲခ်ဳပ္အသစ္စက္စက္ကလည္း ပထမဆံုး သတင္းစာ႐ွင္းလင္းပြဲမွာတင္ ဂြမ္းျပန္ၿပီ။ တာေမြအဝိုင္းထိပ္ ဆႏၵျပသူမ်ား ျဖိုဳခြဲရာတြင္  အရပ္သားမ်ား မသံုးခ့ဲဘူးလို႔ ေျပာလိုက္ပါတယ္။
.
ရဲခ်ဳပ္ႀကီး က်န္အင္တာနက္စာမ်က္ႏွာေတြ မသံုးေတာင္ ေဖ့ဘုတ္ေလးေတာ့ သံုးေစခ်င္ပါတယ္။ ဓာတ္ပံုေတြကို ဖိုတိုေ႐ွာ့လို႔ ေျပာခ်င္ေတာင္ ဗီဒီယိုေတြ live တင္ခ့ဲၾကတာ ေတြ႔ရမွာပါ။ ဘာေၾကာင့္ အျခားအေၾကာင္းျပခ်က္မသံုးဘဲ မ်ိက္စိစံုမွိတ္ ေျပာလိုက္ပါသလဲ။
.
သတင္းစာ႐ွင္းပြဲမွာ ရဲခ်ဳပ္က "ထိုသို႔ျပဳလုပ္ရာတြင္ (လူစုခြဲရန္ကိစၥ)  လက္နက္ကိုင္မဟုတ္သူ မည္သည့္အမ်ိဳးသားကိုမဆို အကူအညီေတာင္းခံနိုင္သည္ဟု (ဥပေဒတြင္) ေဖာ္ျပထားေၾကာင္း ရဲခ်ဳပ္ေအာင္ဝင္းဦးက ဆိုသည္။ သို႔ေသာ္ ဒီျဖစ္စဥ္မွာ အရပ္သားအင္အား မသံုးေၾကာင္း သိ႐ွိရပါတယ္" လို႔ ေျပာသြားပါတယ္။ ဘာေၾကာင့္ ဥပေဒမွာ ဒီလိုေဖာ္ျပထားရက္နဲ႔ အသံုးမခ်ခ့ဲလည္း စဥ္းစားစရာပါ။ ဓာတ္ပံုေတြမွာ အထင္အ႐ွား ျမင္ေနရရက္နဲ႔ ျငင္းခ့ဲသလည္း စဥ္းစားစရာပါ။
.
အတည္မျပဳႏိုင္တ့ဲ ေဖ့ဘုတ္ပို႔စ္မ်ားအရ ဆႏၵျပသူမ်ားကို ဝင္ေရာက္ၿဖိဳခြဲေပးတ့ဲ အရပ္သားေတြထဲမွာ ရဲကအလို႐ွိေနသူ တရားခံေျပးျဖစ္ေနသူတေယာက္ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။ က်န္အခ်ိဳ႕ကလည္း အရင္အစိုးရ အသံုးခ်ခ့ဲေသာ စြမ္းအား႐ွင္မ်ား ပါတယ္လို႔ ဆိုေနၾကပါတယ္။ ဒါေၾကာင့္မ်ား အသံုးမခ်ရဲတာလား ေမးစရာျဖစ္လာပါၿပီ။
.
တိုင္းျပည္ ေအးခ်မ္းသာယာစြာ တိုးတက္ဖို႔ ပည္သူ႔ရဲေတြက ပထမဆံုး အေရးႀကီးပါတယ္။ သူတို႔ကိုယ္တိုင္က ဥပေဒနဲ႔အညီ ဥပေဒခ်ိဳးေဖာက္သူေတြကို အေရးယူရမွာပါ။ ခုလက္႐ွ္ိ အျမင္အရေတာ့ ျပဳျပင္ဖို႔ အမ်ားႀကီးလိုပါေသးတယ္။ 

10 May 2018

မလေးမှာ နာဂျစ်ရှုံးပြီ

(Unicode version )

 ဒီနေ့မနက် ဖွဘုတ်ဖွင့်လိုက်တော့ မလေးမှာနေတ့ဲ ညီမတင်ထားတ့ဲ ပို့စ်တွေ့ပါတယ်။ လက်ရှိမလေး ဝန်ကြီးချုပ် နာဂျစ်ရှုံးပြီး အတိုက်အခံတွေနိုင်လို့ ရုံးတွေနှစ်ရက် ပိတ်သတ့ဲ။ အင်း ❗ နှစ်ရက်လောက်ဆို တော်သေးတယ်။ အာရှသား အာဏာရပါတီရှုံးရင် အာဏာလွှဲပြီးသည်အထိ စိတ်ချရတာ မဟုတ်ဘူး။

.

တကယ်တော့ အာဏာရပါတီကို ထောင်ခ့ဲသူကဘဲ ပြန်ဖြုတ်ချလိုက်တာပါ။ မဟာသီယာက အနားယူပြီး ဆယ်နှစ်ကျော်ကြာမှ သူတင်ထားတ့ဲ မျောက်တွေ သူမနိုင်လို့ ပါတီထောင်ပြီး ပြန်ဖြုတ်ချရတာပါ။

.

နာဂစ်ကလည်း ရွေးကောက်ပွဲနဲ့ တက်တာပါ။ တဖြေးဖြေး အာဏာတည်မြဲလာတော့ လာဘ်ကိစ္စ ပတ်သက်လာပါတယ်။ ပြန်ဆင်းရင်လည်း အရေးယူခံနိုင်ရတာမို့ မဘသနည်းတွေ သုံးပါတော့တယ်။ အထူးသဖြင့် တောနယ်တွေက ဘာသာရေးအယူသီးတွေကို စည်းရုံးဖို့ ရည်ရွယ်ဟန်တူပါတယ်။ မြန်မာပြည်က ရိုတွေကိုလည်း အရမ်းချစ်တ့ဲ မူစလင်သူတော်ကောင်းကြီးပေါ့။

.

ဒါပေမယ့် မလေးက တောသားတွေလည်း မတ်ဘဇူကာတို့ ကျေးဇူးကြောင့် ဒီမောင့်အကြောင်း သိနေပါပြီ။ မြန်မာပြည် ၂၀၁၅ ရွေးကောက်ပွဲလိုဘဲ အာဏာရနေသူကို ကြောက်တော့ ငြိမ်နေပြီး မဲနဲ့ဖြုတ်လိုက်ပုံပါဘဲ။ နာဂစ်က ၂၀ရာစုအတွေးဘဲ ရှိနေချိန်မှာ မလေးပြည်သူတွေက အင်တာနက်ကောင်းမှုနဲ့ ၂၁ရာစု ရောက်နေတာ သတိထားမိဟန် မတူလိုက်ပါ။

.

အာဏာလွှဲပြီးတ့ဲအထိတော့ တထိတ်ထိတ်နဲ့ စောင့်ကြည့်ရဦးမှာပါ။ ဒါဟာ အဆုံးမဟုတ်၊ အစဆိုတာ မြန်မာပြည်သားတွေ ကောင်းကောင်း ကိုယ်ချင်းစာတတ်ပါတယ်။


XxXxXx

(Zawgyi version )

ဒီေန႔မနက္ ဖြဘုတ္ဖြင့္လိုက္ေတာ့ မေလးမွာေနတ့ဲ ညီမတင္ထားတ့ဲ ပို႔စ္ေတြ႔ပါတယ္။ လက္႐ွိမေလး ဝန္ႀကီးခ်ဳပ္ နာဂ်စ္႐ွံုးၿပီး အတိုက္အခံေတြႏိုင္လို႔ ရံုးေတြႏွစ္ရက္ ပိတ္သတ့ဲ။ အင္း ❗ ႏွစ္ရက္ေလာက္ဆို ေတာ္ေသးတယ္။ အာ႐ွသား အာဏာရပါတီ႐ွံုးရင္ အာဏာလႊဲၿပီးသည္အထိ စိတ္ခ်ရတာ မဟုတ္ဘူး။
.
တကယ္ေတာ့ အာဏာရပါတီကို ေထာင္ခ့ဲသူကဘဲ ျပန္ျဖဳတ္ခ်လိုက္တာပါ။ မဟာသီယာက အနားယူၿပီး ဆယ္ႏွစ္ေက်ာ္ၾကာမွ သူတင္ထားတ့ဲ ေမ်ာက္ေတြ သူမႏိုင္လို႔ ပါတီေထာင္ၿပီး ျပန္ျဖဳတ္ခ်ရတာပါ။
.
နာဂစ္ကလည္း ေရြးေကာက္ပြဲနဲ႔ တက္တာပါ။ တေျဖးေျဖး အာဏာတည္ျမဲလာေတာ့ လာဘ္ကိစၥ ပတ္သက္လာပါတယ္။ ျပန္ဆင္းရင္လည္း အေရးယူခံႏိုင္ရတာမို႔ မဘသနည္းေတြ သံုးပါေတာ့တယ္။ အထူးသျဖင့္ ေတာနယ္ေတြက ဘာသာေရးအယူသီးေတြကို စည္းရံုးဖို႔ ရည္ရြယ္ဟန္တူပါတယ္။ ျမန္မာျပည္က ႐ိုေတြကိုလည္း အရမ္းခ်စ္တ့ဲ မူစလင္သူေတာ္ေကာင္းႀကီးေပါ့။
.
ဒါေပမယ့္ မေလးက ေတာသားေတြလည္း မတ္ဘဇူကာတို႔ ေက်းဇူးေၾကာင့္ ဒီေမာင့္အေၾကာင္း သိေနပါၿပီ။ ျမန္မာျပည္ ၂၀၁၅ ေရြးေကာက္ပြဲလိုဘဲ အာဏာရေနသူကို ေၾကာက္ေတာ့ ၿငိမ္ေနၿပီး မဲနဲ႔ျဖဳတ္လိုက္ပံုပါဘဲ။ နာဂစ္က ၂၀ရာစုအေတြးဘဲ ႐ွိေနခ်ိန္မွာ မေလးျပည္သူေတြက အင္တာနက္ေကာင္းမႈနဲ႔ ၂၁ရာစု ေရာက္ေနတာ သတိထားမိဟန္ မတူလိုက္ပါ။
.
အာဏာလႊဲၿပီးတ့ဲအထိေတာ့ တထိတ္ထိတ္နဲ႔ ေစာင့္ၾကည့္ရဦးမွာပါ။ ဒါဟာ အဆံုးမဟုတ္၊ အစဆိုတာ ျမန္မာျပည္သားေတြ ေကာင္းေကာင္း ကိုယ္ခ်င္းစာတတ္ပါတယ္။

27 April 2018

အပြောင်းအလဲ နဲ့ အရွယ်



(Unicode version )




တဖက်က အင်္ဂတေခင်း၊ တဖက်က ကျောက်စရစ်ခင်းထားသော ခြောက်လက်မအမြင့်ရှိ ဘောင်လေးကို ကျော်ဖြတ်ခြင်းဖြင့် စခ့ဲပါပြီ၊ နှစ်ဖက် စစ်ပြေမငြိမ်းထားသေးသော နယ်နမိတ်ဖြစ်သော်လည်း လူမျိုးတူ စကားတူ ဘာသာတော့မတူတော့သော တနိုင်ငံတည်းသားတွေပါ။

.

ဒီလိုဖြစ်လာဖို့ ဝက်ကလေးက အခရာပါ။ သူတက်ခါစက သူ့အာဏာတည်မြဲဖို့ ဖြုတ်ထုတ်သတ်အထိလုပ်ခ့ဲတာ ဒီလိုလုပ်နိုင်ဖို့ ရည်ရွယ်သလားမသိနိုင်ပါ။ ကမ်ဘာ့ကြီးကမြင်သလို မြောက်ကိုရီးယား ပြည်သုူအများစုက ပေါင်းစည်းချင်မယ်လို့ အလွယ်ထင်လို့ မရပါ။ အာဏာလက်မလွှတ်ချင်သူ အခွင့်အရေး (သေးသေးလေးဖြစ်ဖြစ်) လက်မလွှတ်ချင်သူ၊ ဝါဒမှိုင်းမိနေသူတွေက ရှိနေဆဲ အခြေအနေကို ကြိုက်နေနိုင်ပါတယ်။

.

ဝက်ကလေးက သူ့အာဏာတည်မြဲလာချိန်မှ လှုပ်ရှားလာတာ ဖြစ်သလို အရင်အတိုင်း ဆက်ချီတက်နေလို့ မရမှန်းသိလာလို့လည်း ဖြစ်နိုင်ပါတယ်။ သူ့အဖေလက်ထက်ကလည်း ဒီလို အခွင့်အရေး ရခ့ဲပေမယ့် နောက်ပိုင်း ဆက်မလုပ်တော့ပါဘူး။

.

ဒီလိုဖြစ်ရတာ ခေါင်းဆောင်ရဲ့ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ ဘဝရဲ့ ဒုတိယအရွယ် နှောင်းပိုင်းရောက်လာရင် ရှိထားတာလေးကို ပျက်သွားမှာ စိုးရိမ်လာတတ်ပါတယ်။ ရထားတ့ဲ စည်းစိမ်လေး ပျောက်သွားမှာ စိုးရိမ်လာတတ်ပါတယ်။ အများအတွက် ထည့်မစဉ်းစားချင်တတ်ကြတော့ပါဘူး။ အပြောင်းအလဲလုပ်ဖို့ တွန့်ဆုတ်လာပါတယ်။ ငါအလျော့ပေးလိုက်သလို ဖြစ်သွားမလား ထင်မိတတ်တယ်။ စဉ်းစားတွေးခေါ်နိုင်ခြေ မရှိသူ၊ အာဏာမှာ နှစ်ခြိုက်ပျော်မွေ့သူများက ပိုဆိုးတာပေါ့ဗျာ။

.

ငယ်ရွယ်သူ ဝက်ကလေးကတော့ စလိုက်ပါပြီ။ ဒါဟာ ရှည်လျှားတ့ဲလမ်းရဲ့ အစလေးဘဲ ရှိပါသေးတယ်။ ဆုံးအောင် အများကြီးသွားရမှာမို့ စောင့်ကြည့်ရပါဦးမယ်။ မြန်မာပြည်က သက်ဆိုင်သူများလည်း အသိတရား ရကြပါစေ။ ။



XxXxXx

(Zawgyi version)

တဖက္က အဂၤေတခင္း၊ တဖက္က ေက်ာက္စရစ္ခင္းထားေသာ ေျခာက္လက္မအျမင့္႐ွိ ေဘာင္ေလးကို ေက်ာ္ျဖတ္ျခင္းျဖင့္ စခ့ဲပါၿပီ၊ ႏွစ္ဖက္ စစ္ေျပမၿငိမ္းထားေသးေသာ နယ္နမိတ္ျဖစ္ေသာ္လည္း လူမ်ိဳးတူ စကားတူ ဘာသာေတာ့မတူေတာ့ေသာ တႏိုင္ငံတည္းသားေတြပါ။
.
ဒီလိုျဖစ္လာဖို႔ ဝက္ကေလးက အခရာပါ။ သူတက္ခါစက သူ႔အာဏာတည္ျမဲဖို႔ ျဖဳတ္ထုတ္သတ္အထိလုပ္ခ့ဲတာ ဒီလိုလုပ္ႏိုင္ဖို႔ ရည္ရြယ္သလားမသိႏိုင္ပါ။ ကမ႓ာ့ႀကီးကျမင္သလို ေျမာက္ကိုရီးယား ျပည္သုူအမ်ားစုက ေပါင္းစည္းခ်င္မယ္လို႔ အလြယ္ထင္လို႔ မရပါ။ အာဏာလက္မလႊတ္ခ်င္သူ အခြင့္အေရး (ေသးေသးေလးျဖစ္ျဖစ္) လက္မလႊတ္ခ်င္သူ၊ ဝါဒမိႈင္းမိေနသူေတြက ႐ွိေနဆဲ အေျခအေနကို ႀကိဳက္ေနႏိုင္ပါတယ္။
.
ဝက္ကေလးက သူ႔အာဏာတည္ျမဲလာခ်ိန္မွ လႈပ္႐ွားလာတာ ျဖစ္သလို အရင္အတိုင္း ဆက္ခ်ီတက္ေနလို႔ မရမွန္းသိလာလို႔လည္း ျဖစ္ႏိုင္ပါတယ္။ သူ႔အေဖလက္ထက္ကလည္း ဒီလို အခြင့္အေရး ရခ့ဲေပမယ့္ ေနာက္ပိုင္း ဆက္မလုပ္ေတာ့ပါဘူး။
.
ဒီလိုျဖစ္ရတာ ေခါင္းေဆာင္ရဲ႕ အသက္အရြယ္နဲ႔လည္း ဆိုင္ပါတယ္။ ဘဝရဲ႕ ဒုတိယအရြယ္ ေႏွာင္းပိုင္းေရာက္လာရင္ ႐ွိထားတာေလးကို ပ်က္သြားမွာ စိုးရိမ္လာတတ္ပါတယ္။ ရထားတ့ဲ စည္းစိမ္ေလး ေပ်ာက္သြားမွာ စိုးရိမ္လာတတ္ပါတယ္။ အမ်ားအတြက္ ထည့္မစဥ္းစားခ်င္တတ္ၾကေတာ့ပါဘူး။ အေျပာင္းအလဲလုပ္ဖို႔ တြန္႔ဆုတ္လာပါတယ္။ ငါအေလ်ာ့ေပးလိုက္သလို ျဖစ္သြားမလား ထင္မိတတ္တယ္။ စဥ္းစားေတြးေခၚႏိုင္ေျခ မ႐ွိသူ၊ အာဏာမွာ ႏွစ္ၿခိဳက္ေပ်ာ္ေမြ႔သူမ်ားက ပိုဆိုးတာေပါ့ဗ်ာ။
.
ငယ္ရြယ္သူ ဝက္ကေလးကေတာ့ စလိုက္ပါၿပီ။ ဒါဟာ ႐ွည္လွ်ားတ့ဲလမ္းရဲ႕ အစေလးဘဲ ႐ွိပါေသးတယ္။ ဆံုးေအာင္ အမ်ားႀကီးသြားရမွာမို႔ ေစာင့္ၾကည့္ရပါဦးမယ္။ ျမန္မာျပည္က သက္ဆိုင္သူမ်ားလည္း အသိတရား ရၾကပါေစ။     ။

24 March 2018

အကယ်ဒမီပွဲ နောက်ဆက်တွဲ၊









(Unicode version)

မနေ့က အကယ်ဒမီပွဲ နောက်ဆက်တွဲ ကြားသမျှပါ။ ကိုယ်တိုင်တက်ခွင့်မရတော့ တီဗီမှာကြည့်ရသမျှနဲ့ ဒီနေ့မနက် လဘက်ရည်ဆိုင်မှာ ကြားသမျှပေါ့။

.

အားလုံးသဘောတူတာတော့ မင်းသားမင်းသမီးဖက်ရှင်တွေထက် အမေစုဝတ်လာတာ အလှဆုံးပါတ့ဲ။ အင်တာနက်ပေါ် တွေ့ကြမှာပါ။ တပုံ ယူသုံးလိုက်ပါတယ်။

.

တချို့ကပြောတာ။ သူတို့ထင်သလိုဘဲ အရေးအကြီးဆုံး သရုပ်ဆောင်ဆုတွေကို ခွဲတမ်းချ ယူသွားသတ့ဲ။ ဘယ်လ်ို ဘယ်လို၊ လင်းစမ်းပါဦးမေးမှ ဝါရင့်အကယ်ဒမီရဘူးသူတွေက နှစ်ဆု၊ လူသစ်မရဘူးသူတွေက နှစ်ဆုလေတ့ဲ။ ဒီအတိုင်းဆို နောက်နှစ်ကစပြီး လူသစ်သရုပ်ဆောင်တွေ မျှော်လင့်ချက်ရှိလာပါပြီ။ ကြိုးစားကြပါ။

.

သူတည်းတယောက် ကောင်းစားဖို့ ပျက်ပေးရသူတယောက်လည်း ရှိပါသတ့ဲ။ အဓိကသရုပ်ဆောင်တွေက ဇတ်ပို့ဆုတွေ ခွဲတမ်းချယူတော့ ဇတ်ပို့အစစ်တွေ အကယ်ဒမီ မရတာ ကြာပြီဆိုဘဲ။ ခုနောက်ပိုင်း မြန်မာကားတွေမှာ မင်းသားသုံးလေးယောက်၊ မင်းသမီးသုံးလေးယောက်နဲ့ ရိုက်ကြတော့ သူတို့ကို ခွဲပေးလို့ ရသွားသတ့ဲ။ နောက်ထပ် အကယ်ဒမီဆုတမျိုး ထွင်သင့်ပြီ ထင်ပါတယ်။

.

နောက်တယောက်ပြောတာက ကျော်တော့ သိတ်မယုံပါဘူး။ လူနာတွေဆီက ဆေးကုသခတွေ အများကြီးယူထားတ့ဲ ဆရာဝန်ကြီးဆီက ဒါရိုက်တာရွာသားကြီးက မစားရဝခမန်းတွေပြော၊ ငွေထုတ်ခိုင်းပြီး သူ့အမေအကြောင်း ရိုက်လိုက်တာ ဒါရိုက်တာကြီးဘဲ ဆုရပြီး ငွေထုတ်ပေးသူ ဆရာဝန်ကြီးက ထုတ်လုပ်သူဆု မျှော်နေတာ ရလိုက်ဘူးတ့ဲ။ ငွေတော့ အတော်ကုန်သွားဆိုလား။ သူတို့နှစ်ယောက်လုံးကို မနာလိုလို့ ပြောတာဘဲ သတ်မှတ်တယ်။

.

နောက်ဆုံးကြားတာက ပိုရယ်ရတယ်။ စန္ဒယားဆရာကြီးက အကယ်ဒမီ ကျေးဇူးတင်စကားပြောတာ သူ့သူငယ်ချင်းပြန်ဝန်ကြီးကို တိုင်တည်ရင်း ပြောသတ့ဲ။ သူငယ်ချင်းလက်အောက်ကလူတွေ ဇီးသီဗန်းမှောက်နေတုံးတ့ဲ။ အရင်ကတည်းက ရောက်နေတ့ဲ မိုးကျရွှေကို ၅၄၁ယောက်ကြောင့်တ့ဲ။ အတိအကျဘဲ။ တကယ်စစ်တိုက်နေရသူတွေကို ကျေးဇူးလည်းတင်တယ်၊ တန်ဖိုးလည်း ထားပါသတ့ဲ။ နေရာမှန်မဟုတ်တ့ဲ စစ်သားတွေအကြောင်း ပြောချင်ပုံဘဲ။

.

ဆိုလိုတာက တပ်ဖက်က အရပ်ဖက်ဌာနပြောင်းသူတွေကြောင့် လာဘ်စားမှုတွေ ဖြစ်နေရပုံဘဲ။ (ကျော်တော့ မကြည့်မိဘူး၊ ပြန်ပြောသူပြောသလောက်ပါ) ဒီလို စစ်တပ်ကို ထည့်ပြောရမလားဆိုပြီး စစ်တပ်လော်ဘီ မျိုးချစ်တွေက ညတွင်းချင်းတိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြတယ်တ့ဲ။ ဒီစန္ဒယားဆရာ အကယ်ဒမီရတ့ဲကား မကြည့်ကြေးတ့ဲ။

.

 ရယ်ရတယ်ဆိုတာက အ့ဲဒီရုပ်ရှင်က နာမည်ကျော် ဗကပကို တိုက်ခ့ဲတ့ဲ ဖြစ်ရပ်မှန် စစ်ပွဲအကြောင်းဆိုတာ သူတို့မသိကြဘူးလေ။ ။


XxXxXx

(Zawgyi version)

 မေန႔က အကယ္ဒမီပြဲ ေနာက္ဆက္တြဲ ၾကားသမွ်ပါ။ ကိုယ္တိုင္တက္ခြင့္မရေတာ့ တီဗီမွာၾကည့္ရသမွ်နဲ႔ ဒီေန႔မနက္ လဘက္ရည္ဆိုင္မွာ ၾကားသမွ်ေပါ့။
.
အားလံုးသေဘာတူတာေတာ့ မင္းသားမင္းသမီးဖက္႐ွင္ေတြထက္ အေမစုဝတ္လာတာ အလွဆံုးပါတ့ဲ။ အင္တာနက္ေပၚ ေတြ႔ၾကမွာပါ။ တပံု ယူသံုးလိုက္ပါတယ္။
.
တခ်ိဳ႕ကေျပာတာ။ သူတို႔ထင္သလိုဘဲ အေရးအႀကီးဆံုး သ႐ုပ္ေဆာင္ဆုေတြကို ခြဲတမ္းခ် ယူသြားသတ့ဲ။ ဘယ္လ္ို ဘယ္လို၊ လင္းစမ္းပါဦးေမးမွ ဝါရင့္အကယ္ဒမီရဘူးသူေတြက ႏွစ္ဆု၊ လူသစ္မရဘူးသူေတြက ႏွစ္ဆုေလတ့ဲ။ ဒီအတိုင္းဆို ေနာက္ႏွစ္ကစၿပီး လူသစ္သ႐ုပ္ေဆာင္ေတြ ေမွ်ာ္လင့္ခ်က္႐ွိလာပါၿပီ။ ႀကိဳးစားၾကပါ။
.
သူတည္းတေယာက္ ေကာင္းစားဖို႔ ပ်က္ေပးရသူတေယာက္လည္း ႐ွိပါသတ့ဲ။ အဓိကသ႐ုပ္ေဆာင္ေတြက ဇတ္ပို႔ဆုေတြ ခြဲတမ္းခ်ယူေတာ့ ဇတ္ပို႔အစစ္ေတြ အကယ္ဒမီ မရတာ ၾကာၿပီဆိုဘဲ။ ခုေနာက္ပိုင္း ျမန္မာကားေတြမွာ မင္းသားသံုးေလးေယာက္၊ မင္းသမီးသံုးေလးေယာက္နဲ႔ ႐ိုက္ၾကေတာ့ သူတို႔ကို ခြဲေပးလို႔ ရသြားသတ့ဲ။ ေနာက္ထပ္ အကယ္ဒမီဆုတမ်ိဳး ထြင္သင့္ၿပီ ထင္ပါတယ္။
.
ေနာက္တေယာက္ေျပာတာက ေက်ာ္ေတာ့ သိတ္မယံုပါဘူး။ လူနာေတြဆီက ေဆးကုသခေတြ အမ်ားႀကီးယူထားတ့ဲ ဆရာဝန္ႀကီးဆီက ဒါ႐ိုက္တာရြာသားႀကီးက မစားရဝခမန္းေတြေျပာ၊ ေငြထုတ္ခိုင္းၿပီး သူ႔အေမအေၾကာင္း ႐ိုက္လိုက္တာ ဒါ႐ိုက္တာႀကီးဘဲ ဆုရၿပီး ေငြထုတ္ေပးသူ ဆရာဝန္ႀကီးက ထုတ္လုပ္သူဆု ေမွ်ာ္ေနတာ ရလိုက္ဘူးတ့ဲ။ ေငြေတာ့ အေတာ္ကုန္သြားဆိုလား။ သူတို႔ႏွစ္ေယာက္လံုးကို မနာလိုလို႔ ေျပာတာဘဲ သတ္မွတ္တယ္။
.
ေနာက္ဆံုးၾကားတာက ပိုရယ္ရတယ္။ စႏၵယားဆရာႀကီးက အကယ္ဒမီ ေက်းဇူးတင္စကားေျပာတာ သူ႔သူငယ္ခ်င္းျပန္ဝန္ႀကီးကို တိုင္တည္ရင္း ေျပာသတ့ဲ။ သူငယ္ခ်င္းလက္ေအာက္ကလူေတြ ဇီးသီဗန္းေမွာက္ေနတံုးတ့ဲ။ အရင္ကတည္းက ေရာက္ေနတ့ဲ မိုးက်ေရႊကို ၅၄၁ေယာက္ေၾကာင့္တ့ဲ။ အတိအက်ဘဲ။ တကယ္စစ္တိုက္ေနရသူေတြကို ေက်းဇူးလည္းတင္တယ္၊ တန္ဖိုးလည္း ထားပါသတ့ဲ။ ေနရာမွန္မဟုတ္တ့ဲ စစ္သားေတြအေၾကာင္း ေျပာခ်င္ပံုဘဲ။
.
ဆိုလိုတာက တပ္ဖက္က အရပ္ဖက္ဌာနေျပာင္းသူေတြေၾကာင့္ လာဘ္စားမႈေတြ ျဖစ္ေနရပံုဘဲ။ (ေက်ာ္ေတာ့ မၾကည့္မိဘူး၊ ျပန္ေျပာသူေျပာသေလာက္ပါ) ဒီလို စစ္တပ္ကို ထည့္ေျပာရမလားဆိုၿပီး စစ္တပ္ေလာ္ဘီ မ်ိဳးခ်စ္ေတြက ညတြင္းခ်င္းတိုင္ပင္ၿပီး ဆံုးျဖတ္လိုက္ၾကတယ္တ့ဲ။ ဒီစႏၵယားဆရာ အကယ္ဒမီရတ့ဲကား မၾကည့္ေၾကးတ့ဲ။
.
 ရယ္ရတယ္ဆိုတာက အ့ဲဒီ႐ုပ္႐ွင္က နာမည္ေက်ာ္ ဗကပကို တိုက္ခ့ဲတ့ဲ ျဖစ္ရပ္မွန္ စစ္ပြဲအေၾကာင္းဆိုတာ သူတို႔မသိၾကဘူးေလ။     ။

29 January 2017

အခြေခံဥပဒေ လုပ်ကြံခံရသလို


(Unicode version )

      NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီ ပြည်ပခရီးကအပြန် လေဆိပ်ရှေ့မှာဘဲ လုပ်ကြံခံရပါတယ်။ မြေးငယ်လေးကိုချီပြီး စီးဖို့ကားစောင့်နေတုံး အနီးကပ် နောက်ကနေ ပစ်သွားတာပါဘဲ။ ပစ်သူကို တက်စီယာဉ်မောင်းတွေ ဝိုင်းဖမ်းတာ ယာဉ်မောင်းတဦးပါ သေနတ်ပစ်ခံရပြီး သေဆုံးပါတယ်။

.

တကယ်က ဦးကိုနီကိုပစ်လိုက်တာ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို ပစ်သတ်လိုက်သလိုပါဘဲ။ ဥပဒေတို့ရဲ့အချုပ် နာဂစ်ဖွဲစည်းပုံကို အဓိကထောက်ပြခ့ဲသူ၊ အားနည်းချက်တွေကို ရှာဖွေပေးခ့ဲသူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို သမတမဖြစ်အောင် ပိတ်ဆို့ထားတ့ဲ နာဂစ်ဥပဒေကို ပျက်ရယ်ပြုသလိုဖြစ်စေခ့ဲတ့ဲ နိုင်ငံတော်အတိုင်ပင်ခံရာထူး ခန့်လို့ရတာ ငပိန်းတွေအတွက် အရှိုက်ကန်ခံရသလိုဖြစ်သွားပါတယ်။

.



ဦးကိုနီဟာ နိုင်ငံအတွက် အဓိကအရေးကြီးဆုံးဖြစ်တ့ဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လည်း ဦးဆောင်နေသူပါ။ အခြေခံဥပဒေနဲ့ပတ်သက်လို့ အမေရိကန်မှာ သွားလေ့လာထားပါတယ်။ NLD ပါတီက ခွင့်ပြုတာနဲ့ လွှတ်တော်တင်နိုင်အောင် ပြင်ဆင်ပေးထားမှာ သေချာပါတယ်။

.

နိုင်ငံအတွက် ကံဆိုးချင်တော့ ဦးကိုနီက မူစလင်ဘာသာ ကိုးကွယ်သူဖြစ်နေပါတယ်။ အဲဒီတော့ အာဏာလက်လွတ်ဖို့ သေချာသူတွေက အစကတည်းက နာဂစ်ဥပဒေပြင်မ့ဲသူကို ဘာသာရေးမှိုင်းတိုက်ပြီး အပုပ်ချဖို့ စကြိုးစားပါတယ်။ ဦးကိုနီကို သမတရာထူးပေးမယ်၊ မူစလင်နိုင်ငံဖြစ်တော့မယ်၊ စသဖြင့် အစွန်းရောက်စွာ တိုက်ခိုက်ပါတော့တယ်။ ဥပဒေအရ မယှဉ်နိုင်တော့ နောက်ဆုံးပိတ် ဒီနေ့ အောက်လမ်းနည်းသုံးလိုက်တ့ဲ သဘောပါဘဲ။

.

ခု မိထားတ့ဲ တရားခံသည် သူတို့တိုက်ရိုက် စေခိုင်းတာ မဟုတ်ရင်တောင် သူတို့ ဘာသာရေးမှိုင်း မိနေမှာ အသေချာပါ။ ကျန်ရစ်တ့ဲ ဥပဒေပညာရှင်များကလည်း ဦးကိုနီပျိုးခ့ဲတ့ဲ လမ်းကို ဆက်နိုင်မယ် ထင်ပါတယ်။ စိတ်မကောင်းစရာ ဆုံးရှုံးမှု တခုပါဘဲ။ အစွန်းရောက်ဘာသာရေးသမားများ ကျဆုံးပါစေ။

XxXxXx

(Zawgyi version )

     NLD ပါတီရဲ႕ ဥပေဒအၾကံေပး ဦးကိုနီ ျပည္ပခရီးကအျပန္ ေလဆိပ္ေ႐ွ႕မွာဘဲ လုပ္ၾကံခံရပါတယ္။ ေျမးငယ္ေလးကိုခ်ီၿပီး စီးဖို႔ကားေစာင္႔ေနတံုး အနီးကပ္ ေနာက္ကေန ပစ္သြားတာပါဘဲ။ ပစ္သူကို တက္စီယာဥ္ေမာင္းေတြ ဝိုင္းဖမ္းတာ ယာဥ္ေမာင္းတဦးပါ ေသနတ္ပစ္ခံရၿပီး ေသဆံုးပါတယ္။
.
တကယ္က ဦးကိုနီကိုပစ္လိုက္တာ ျမန္မာႏိုင္ငံရဲ႕ ဥပေဒေတြကို ပစ္သတ္လိုက္သလိုပါဘဲ။ ဥပေဒတို႔ရဲ႕အခ်ဳပ္ နာဂစ္ဖြဲစည္းပံုကို အဓိကေထာက္ျပခ့ဲသူ၊ အားနည္းခ်က္ေတြကို ႐ွာေဖြေပးခ့ဲသူပါ။ ေဒၚေအာင္ဆန္းစုၾကည္ကို သမတမျဖစ္ေအာင္ ပိတ္ဆို႔ထားတ့ဲ နာဂစ္ဥပေဒကို ပ်က္ရယ္ျပဳသလိုျဖစ္ေစခ့ဲတ့ဲ ႏိုင္ငံေတာ္အတိုင္ပင္ခံရာထူး ခန္႔လို႔ရတာ ငပိန္းေတြအတြက္ အ႐ိႈက္ကန္ခံရသလိုျဖစ္သြားပါတယ္။
.

ဦးကိုနီဟာ ႏိုင္ငံအတြက္ အဓိကအေရးႀကီးဆံုးျဖစ္တ့ဲ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဖို႔လည္း ဦးေဆာင္ေနသူပါ။ အေျခခံဥပေဒနဲ႔ပတ္သက္လို႔ အေမရိကန္မွာ သြားေလ့လာထားပါတယ္။ NLD ပါတီက ခြင့္ျပဳတာနဲ႔ လႊတ္ေတာ္တင္ႏိုင္ေအာင္ ျပင္ဆင္ေပးထားမွာ ေသခ်ာပါတယ္။
.
ႏိုင္ငံအတြက္ ကံဆိုးခ်င္ေတာ့ ဦးကိုနီက မူစလင္ဘာသာ ကိုးကြယ္သူျဖစ္ေနပါတယ္။ အဲဒီေတာ့ အာဏာလက္လြတ္ဖို႔ ေသခ်ာသူေတြက အစကတည္းက နာဂစ္ဥပေဒျပင္မ့ဲသူကို ဘာသာေရးမိႈင္းတိုက္ၿပီး အပုပ္ခ်ဖို႔ စႀကိဳးစားပါတယ္။ ဦးကိုနီကို သမတရာထူးေပးမယ္၊ မူစလင္ႏိုင္ငံျဖစ္ေတာ့မယ္၊ စသျဖင့္ အစြန္းေရာက္စြာ တိုက္ခိုက္ပါေတာ့တယ္။ ဥပေဒအရ မယွဥ္ႏိုင္ေတာ့ ေနာက္ဆံုးပိတ္ ဒီေန႔ ေအာက္လမ္းနည္းသံုးလိုက္တ့ဲ သေဘာပါဘဲ။
.
ခု မိထားတ့ဲ တရားခံသည္ သူတို႔တိုက္႐ိုက္ ေစခိုင္းတာ မဟုတ္ရင္ေတာင္ သူတို႔ ဘာသာေရးမိႈင္း မိေနမွာ အေသခ်ာပါ။ က်န္ရစ္တ့ဲ ဥပေဒပညာ႐ွင္မ်ားကလည္း ဦးကိုနီပ်ိဳးခ့ဲတ့ဲ လမ္းကို ဆက္ႏိုင္မယ္ ထင္ပါတယ္။ စိတ္မေကာင္းစရာ ဆံုး႐ွံုးမႈ တခုပါဘဲ။ အစြန္းေရာက္ဘာသာေရးသမားမ်ား က်ဆံုးပါေစ။ 

17 December 2016

မြန်မာ့ မြန်မာ့ရုပ်ရှင်

(Unicode version )

   ဇာဂနာရေးတ့ဲဆောင်းပါး ဖတ်လိုက်ရပါတယ်။ ရီချင်စိတ် ပေါ်လာသလို ရုပ်ရှင်သားတွေကို စိတ်လဲပျက်မိပါတယ်။ ဝန်ကြီးကို ရုပ်ရှင်ဆင်ဆာအဖွဲ့ ဖျက်ပေးဖို့ တောင်းဆိုတ့ဲအကြောင်း ရေးထားတာပါ။ ဇာဂနာက လမ်းဘေးဈေးမရောင်းရလို့ ဆန္ဒပြတ့ဲ ဈေးသည်တွေရယ်၊ တန်းစီလမ်းပိတ်ရပ်ပြီး ဟွန်းတီးတ့ဲ ကွန်ကားသမားတွေရယ်နဲ့ အတူတူပါဘဲလို့ ရေးထားပါတယ်။

.

ရုပ်ရှင်သမားတွေက ဆင်ဆာကို ဘာလို့ ဖျက်စေချင်တာပါလိမ့်။ မဆလနဲ့ စစ်အစိုးရသက်တမ်းတလျောက်မှာ ဆင်ဆာအဖွဲ့ဟာ နာမည်ကြီးခ့ဲပါတယ်။ အာဏာရှင်တွေ ကြောက်တ့ဲ နိုင်ငံရေးအကြောင်းဆို အပိတ်ခံရသလို သူတို့နဲ့ မတည့်တ့ဲလူ တခုခုလုပ်ရင်လည်း အပိတ်ခံရနိုင်ပါတယ်။ အခုလက်ရှိ အဲလိုနိုင်ငံရေးကိစ္စတွေ ဆင်ဆာအဖြတ်ခံရလို့ ဖျက်စေချင်တာလား။

.

ဒါမှမဟုတ် တခြား sensitive issue တွေဖြစ်တ့ဲ ဘာသာရေး လူမျိုးရေး ယဉ်ကျေးမှုတွေကို ရိုက်ခွင့်မပြုလို့လား။ ကြားမိသလောက်တော့ အဲလိုရုပ်ရှင် ဗီဒီယိုတွေ ရိုက်လို့ပိတ်ခံရတာ မရှိပါဘူး။ ဒါမျိုးတွေရိုက်လို့ တဖက်ဖက်ကို ထိခိုက်နိုင်ရင်တော့ တားမြစ်ဖို့ အဖွဲ့အစည်း တခုခုလိုအပ်ပါလိမ့်မယ်။

.

ဒါမှမဟုတ် အပြာနုရောင်အခန်းတွေ ထည့်ချင်လို့ ဆင်ဆာအဖွဲ့ ဖျက်စေချင်တာလား။ ဒါကတော့ လက်ရှိမြန်မာ့ယဉ်ကျေးမှု အသိုင်းအဝိုင်းက လက်ခံမယ်ဆိုရင်တော့ စမ်းကြည့်ပေါ့။ ဒီခေတ်မှာတော့ လွှတ်တော်မှာတင်ပြီး ဆွေးနွေးရမ့ဲ ကိစ္စဖြစ်နေပါပြီ။ လက်ရှိမှာ တရားဝင်မိန်းကလေးအနှိပ်ခန်း တရားဝင်ကာရာအိုကေနဲ့ တရားဝင်ဆောင်ကြာမြိုင်တောင် ခွင့်ပြုထားတာ မရှိပါဘူး။ မြန်မာ့လူ့ဘောင်က လက်ခံနိုင်စွမ်း မရှိသေးဘူးထင်ပါတယ်။ ဒီနည်းနဲ့ မြန်မာ့ရုပ်ရှင် အဆင့်မြှင့်မယ်ဆိုလည်း စဉ်းစားစေချင်ပါတယ်။ အရင်က ပိတ်ထားတ့ဲ စုန်းကဝေလိုဇတ်ကားတွေ ခဏတော့ အသစ်အဆန်းဖြစ်ကြပေမ့ဲ ကြာတော့ ရိုးသွားကြတာပါဘဲ။ တကယ့်အရည်အချင်း ရှိဖို့်ဘဲ လိုအပ်တာပါ။

.

ဆင်ဆာအဖွဲ့ ဖျက်ဖျက် မဖျက်ဖျက် မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုအတွက် လိုအပ်နေတ့ဲ အဖွဲ့တခုရှိပါတယ်။ အမေရိကန်ရုပ်ရှင်အဖွဲ့တွေကလို ပရိဿတ်အရွယ် ကန့်သတ်ပေးမ့ဲ အဖွဲ့အစည်းပါ။ လက်ရှိဗီဒီယိုတွေမှာ စကားပြောတွေကတော့ ဆင်ဆာလွတ်နေတာ အတော်ကြာပါပြီ။ အဓိပ္ပာယ်နှစ်ခွထွက်တ့ဲ ညစ်ညမ်းစကားလုံးတွေနဲ့ ပြောနေကြတ့ဲ ဗီဒီယိုများစွာကို လူကြီးတွေနဲ့အတူ ကလေးတွေကြည့်နေမိပါတယ်။ ကုတ်အကျႌအနက် အရှည်တွေဝတ်ပြီး လူမိုက်လိုလုပ်နေကြတာတွေ ကြည့်နေရပါတယ်။ ဒါတွေဟာ နုနယ်တ့ဲကလေးတွေမှာ စွဲသွားပြီး ကိုယ်ပိုင်အပြုအမူ ဖြစ်ကုန်တတ်ပါတယ်။ ဒီတော့ မြန်မာဗီဒီယိုတွေကို အမေရိကန်အဆင့်သတ်မှတ်ချက်တွေလို သတ်မှတ်ပေးတ့ဲအလုပ် အရင်လုပ်စေချင်ပါတယ်။ နောက်ပိုင်းခွင့်ပြုလို့ အသက် ၁၈နှစ်အထက်ကြည့်ရန်သာ ကားမျိုး ရိုက်ချင်လဲ ရိုက်ကြပေါ့။ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပါဘဲ။

.

မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယို ဖွံ့ဖြိုးတိုးတက်ပါစေ။





XxXxXx

(Zawgyi version)

   ဇာဂနာေရးတ့ဲေဆာင္းပါး ဖတ္လိုက္ရပါတယ္။ ရီခ်င္စိတ္ ေပၚလာသလို ႐ုပ္႐ွင္သားေတြကို စိတ္လဲပ်က္မိပါတယ္။ ဝန္ႀကီးကို ႐ုပ္႐ွင္ဆင္ဆာအဖြဲ႔ ဖ်က္ေပးဖို႔ ေတာင္းဆိုတ့ဲအေၾကာင္း ေရးထားတာပါ။ ဇာဂနာက လမ္းေဘးေစ်းမေရာင္းရလို႔ ဆႏၵျပတ့ဲ ေစ်းသည္ေတြရယ္၊ တန္းစီလမ္းပိတ္ရပ္ၿပီး ဟြန္းတီးတ့ဲ ကြန္ကားသမားေတြရယ္နဲ႔ အတူတူပါဘဲလို႔ ေရးထားပါတယ္။
.
႐ုပ္႐ွင္သမားေတြက ဆင္ဆာကို ဘာလို႔ ဖ်က္ေစခ်င္တာပါလိမ့္။ မဆလနဲ႔ စစ္အစိုးရသက္တမ္းတေလ်ာက္မွာ ဆင္ဆာအဖြဲ႔ဟာ နာမည္ႀကီးခ့ဲပါတယ္။ အာဏာ႐ွင္ေတြ ေၾကာက္တ့ဲ ႏိုင္ငံေရးအေၾကာင္းဆို အပိတ္ခံရသလို သူတို႔နဲ႔ မတည့္တ့ဲလူ တခုခုလုပ္ရင္လည္း အပိတ္ခံရႏိုင္ပါတယ္။ အခုလက္႐ွိ အဲလိုႏိုင္ငံေရးကိစၥေတြ ဆင္ဆာအျဖတ္ခံရလို႔ ဖ်က္ေစခ်င္တာလား။
.
ဒါမွမဟုတ္ တျခား sensitive issue ေတြျဖစ္တ့ဲ ဘာသာေရး လူမ်ိဳးေရး ယဥ္ေက်းမႈေတြကို ႐ိုက္ခြင့္မျပဳလို႔လား။ ၾကားမိသေလာက္ေတာ့ အဲလို႐ုပ္႐ွင္ ဗီဒီယိုေတြ ႐ိုက္လို႔ပိတ္ခံရတာ မ႐ွိပါဘူး။ ဒါမ်ိဳးေတြ႐ိုက္လို႔ တဖက္ဖက္ကို ထိခိုက္ႏိုင္ရင္ေတာ့ တားျမစ္ဖို႔ အဖြဲ႔အစည္း တခုခုလိုအပ္ပါလိမ့္မယ္။
.
ဒါမွမဟုတ္ အျပာႏုေရာင္အခန္းေတြ ထည့္ခ်င္လို႔ ဆင္ဆာအဖြဲ႕ ဖ်က္ေစခ်င္တာလား။ ဒါကေတာ့ လက္႐ွိျမန္မာ့ယဥ္ေက်းမႈ အသိုင္းအဝိုင္းက လက္ခံမယ္ဆိုရင္ေတာ့ စမ္းၾကည့္ေပါ့။ ဒီေခတ္မွာေတာ့ လႊတ္ေတာ္မွာတင္ၿပီး ေဆြးေႏြးရမ့ဲ ကိစၥျဖစ္ေနပါၿပီ။ လက္႐ွိမွာ တရားဝင္မိန္းကေလးအႏွိပ္ခန္း တရားဝင္ကာရာအိုေကနဲ႔ တရားဝင္ေဆာင္ၾကာၿမိဳင္ေတာင္ ခြင့္ျပဳထားတာ မ႐ွိပါဘူး။ ျမန္မာ့လူ႔ေဘာင္က လက္ခံႏိုင္စြမ္း မ႐ွိေသးဘူးထင္ပါတယ္။ ဒီနည္းနဲ႔ ျမန္မာ့႐ုပ္႐ွင္ အဆင့္ျမႇင့္မယ္ဆိုလည္း စဥ္းစားေစခ်င္ပါတယ္။ အရင္က ပိတ္ထားတ့ဲ စုန္းကေဝလိုဇတ္ကားေတြ ခဏေတာ့ အသစ္အဆန္းျဖစ္ၾကေပမ့ဲ ၾကာေတာ့ ႐ိုးသြားၾကတာပါဘဲ။ တကယ့္အရည္အခ်င္း ႐ွိဖို္႔ဘဲ လိုအပ္တာပါ။
.
ဆင္ဆာအဖြဲ႔ ဖ်က္ဖ်က္ မဖ်က္ဖ်က္ ျမန္မာ့႐ုပ္႐ွင္နဲ႔ ဗီဒီယိုအတြက္ လိုအပ္ေနတ့ဲ အဖြဲ႔တခု႐ွိပါတယ္။ အေမရိကန္႐ုပ္႐ွင္အဖြဲ႔ေတြကလို ပရိႆတ္အရြယ္ ကန္႔သတ္ေပးမ့ဲ အဖြဲ႔အစည္းပါ။ လက္႐ွိဗီဒီယိုေတြမွာ စကားေျပာေတြကေတာ့ ဆင္ဆာလြတ္ေနတာ အေတာ္ၾကာပါၿပီ။ အဓိပၸာယ္ႏွစ္ခြထြက္တ့ဲ ညစ္ညမ္းစကားလံုးေတြနဲ႔ ေျပာေနၾကတ့ဲ ဗီဒီယိုမ်ားစြာကို လူျကီးေတြနဲ႔အတူ ကေလးေတြၾကည့္ေနမိပါတယ္။ ကုတ္အက်ႌအနက္ အ႐ွည္ေတြဝတ္ၿပီး လူမိုက္လိုလုပ္ေနၾကတာေတြ ၾကည့္ေနရပါတယ္။ ဒါေတြဟာ ႏုနယ္တ့ဲကေလးေတြမွာ စြဲသြားၿပီး ကိုယ္ပိုင္အျပဳအမူ ျဖစ္ကုန္တတ္ပါတယ္။ ဒီေတာ့ ျမန္မာဗီဒီယိုေတြကို အေမရိကန္အဆင့္သတ္မွတ္ခ်က္ေတြလို သတ္မွတ္ေပးတ့ဲအလုပ္ အရင္လုပ္ေစခ်င္ပါတယ္။ ေနာက္ပိုင္းခြင့္ျပဳလို႔ အသက္ ၁၈ႏွစ္အထက္ၾကည့္ရန္သာ ကားမ်ိဳး ႐ိုက္ခ်င္လဲ ႐ိုက္ၾကေပါ့။ ကိုယ့္အရည္အခ်င္းနဲ႔ ကိုယ္ပါဘဲ။
.
ျမန္မာ့႐ုပ္႐ွင္နဲ႔ဗီဒီယို ဖြံ႔ၿဖိဳးတိုးတက္ပါေစ။


06 December 2016

ပျံဝံ အာမချောင်သင့်ပါ။

(Unicode version )

     တော်တော် မျက်နှာပြောင်ရဲတ့ဲသူဘဲဗျာ။ အရင်သံပဒတ်ရဲ့ ပျံဝံဟောင်းပြောပါတယ်။ သူ့ဖွဘုတ်မှာ ဘင်္ဂလီနဲ့မလေးကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့ သြဇာနဲ့အင်အားကို ပြသင့်ပြီဆိုပြီးရေးသဗျ။ တော်တော်များများက ချီးမွမ်းနေကြတယ်။ အမေစု တန်ဖိုးသိလာပြီတ့ဲ။ တယောက်က သြဘာပေး မန့်ပါတယ်။ ထမင်းစစားလာပြီနဲ့ တူတယ်တ့ဲ။ လုံးဝမထင်ပါဘူးဗျာ။ ဒီလူ ရေးလာသမျှ ပြောခ့ဲသမျှ သမိုင်းကြောင်းပြန်ကြည့်၊ ယုံကြည်စရာတကွက်မှ မရှိခ့ဲပါ။ ခုလည်း စဆရက လုပ်ပြီး အချွန်နဲ့'မ'တာဘဲ ဖြစ်မယ်အောက်မေ့မိတယ်။ တကယ် သူ ဒေါ်အောင်ဆန်းစုကြည် တန်ဖိုးသိလာတယ်ဆို သူ့ပါပါကြီးတွေ လုပ်ခ့ဲတ့ဲအမှားတွေကို အရင်ဝန်ခံသင့်တာပေါ့။

.

   သူ့ပါပါကြီးတွေက ခေတ်အဆက်ဆက် မလေးရှားကို ဆရာတင်ခ့ဲရတာ။ ကျေးဇူးရှင်လို သတ်မှတ်ခ့ဲရတာ။ ခု ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောသလိုမျိုး ဘယ်ဗိုလ်ချုပ်မှ ပြန်ပြောသံ မကြားဘူးဘူး။ တိတ်တိတ်လေး သွားအကြောလျော့ရတာကြီး။ မှတ်မိသလောက် ပြန်ပြောဦးမယ်။

.

   ၈၈ နောက်ပိုင်း မလေးက စစ်အစိုးရကို အရာမသွင်းခ့ဲပါဘူး။ မြန်မာနိုင်ငံသားတွေကသာ ပြည်တွင်းမှာ ဆင်းရဲလာလို့ အလုပ်ကြမ်းတွေ အဲဒီမှာ ထွက်လုပ်ရတာ။ အဲဒီတုံးကဝန်ကြီးချုပ် မဟာသီယာဆီကို အညွန့်က နိုင်ငံခြားရေးဒုဝန်ကြီး ဦးအုန်းဂျော်ကို လွှတ်အကြောလျော့တုံးက တရားမဝင်လာ အလုပ်လုပ်နေတ့ဲ မြန်မာနိုင်ငံသားကိစ္စ ဘယ်လိုဖြေးရှင်းမလဲမေးတယ်။ မြန်မာနိုင်ငံသား ဒါမျိုးမရှိဘူးဖြေလိုက်လို့ မဟာသီယာက မြန်မာပြည်ကို လှည့်ကို မကြည့်တော့တာ။ နောက်ပိုင်း မဟာသီယာ အမေရိကန်နဲ့ မတည့်တော့မှ မြန်မာကို အားလုံးကန့်ကွက်နေတ့ဲကြားက အာဆီယံထဲ အတင်းဝင်ခွင့်ပြုတာ။ မြန်မာစစ်အစိုးရလဲ အသက်ရှူပေါက်ရသွားပြီး မလေးရှားကို ကျေးဇူးရှင်ထင်တော့တာ။

.

   နောက်ပိုင်း ယူအဲန်က အထူးကိုယ်စားလှယ်လွှတ်တော့လဲ အနောက်နိုင်ငံသားဆို လက်မခံဘူးငြင်းတယ်။ မလေးလူမျိုး ရာဇာလီအစ္စမေး ကျမှ သဘောတူပြီး ဆရာတင်လိုက်ရတာ။ နှစ်စဉ် အစီရင်ခံစာ တင်ခါနီးဆို အညွန့်တို့က ပေးလိုက်ရတ့ဲ လက်ဆောင်တွေ။ မတင်ခင် လာလေ့လာတော့လဲ ဧည့်ထံလိုက်ရတာ အ့ဲတုံးက ခေတ်စားတ့ဲ မော်ဒယ်တွေ မင်းသမီးတွေသာ မေးကြည့်ပါတော့။ အဆိုးဆုံးက မြန်မာပါ့စပို့အတွက် လုပ်ငန်းတခု တင်ဒါခေါ်တော့ ရာဇာလီမိန်းမ ကုမ္ပဏီက ရသွားတယ်လေ။ ကယ်တင်ရှင်ကြီးဆိုပြီး ကြောက်လိုက် ကျေးဇူးတင်လိုက်ရတာ။

.

သူ့ပါပါကြီးတွေရဲ့ ဆိုးကွက်နောက်တခုက ရွေးကောက်ပွဲမှာ နိုင်အောင်လို့ ဘာသာရေးကို အသုံးချခ့ဲခြင်းပါဘဲ။ မူစလင်တွေ ဘင်္ဂလီတွေကို အလိုမရှိသူတွေကို မြှောက်ပေးပြီး NLD အစိုးရဖြစ်ရင် မူစလင်နိုင်ငံဖြစ်တော့မယ်ဆိုပြီး စည်းရုံးတာပါ။ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးတာပါ။ ရွေးကောက်ပွဲ ရှုံးပြီး ဒိုးရပေမ့ဲ ဒီဝဲဂယက်ကြီးကတော့ တိုင်းပြည်ကို ဒုက္ခပေးတုံးပါ။ လောလောဆယ် ရခိုင်ရဲကင်းကို သေနတ်ဝင်လုလို့ စစ်တပ်က ပြန်တိုင်ခိုက် နယ်မြေရှင်းတာတောင် ဘင်္ဂလီတွေကို မုဒိမ်းကျင့် သတ်နေပါပြီ မဟုတ်တရားပြောတာ ရွေးကောက်ပွဲ မတိုင်ခင်ကဖြစ်ခ့ဲတ့ဲ ပုံတွေကို သုံးနေကြတုံး။

.

ပျံဝံရဲ့ ပါပါကြီးတွေ မွှေခ့ဲတ့ဲစနက်တွေက အ့ဲလောက်ကို ဆိုးခ့ဲပါတယ်။ ပျံဝံအနေနဲ့ ရိုးသားတယ်ဆိုရင် ဒီအချက်တွေကို ဝန်ခံသင့်ပါတယ်။ ပျံဝံသံပဒတ်ကြီးတို့ ဖမ်းဖို့မပြောနဲ့၊ အားတောင်ပေးခ့ဲတ့ဲ အဖွဲ့တွေကို ငါတို့အလိုမရှိတာ မူစလင်ကိစ္စမဟုတ်ဘူး။ ခိုးဝင်ဘင်္ဂလီတွေဘဲဆိုတာ ညွှန်ကြားသင့်ပါ့ပီ။ မူစလင်မတိုက်ရဘဲ မြန်မာအချင်းချင်း မတိုက်ရအောင် ပြန်စည်းရုံးပေးသင့်ပါပြီ။

.

မြန်မာအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ကြားကောင်းအောင် စဆရက မလုပ်ပါနဲ့။ သူတို့လုပ်သင့်တာကို လုပ်ကြပါလိမ့်မယ်။ ပြည်တွင်းမှာနေတ့ဲ မြန်မာနိုင်ငံသား မူစလင်တွေ မထိခိုက်ဖို့လိုသလို် မလေးရှားမှာ အလုပ်ကြမ်းလုပ်နေရတ့ဲ မြန်မာနှစ်သိန်းအတွက် ပိုစဉ်းစားရပါမယ်။ ဒီအချိန်မျိုးမှာ ပျံဝံအနေနဲ့ အာမချောင်တာ အကောင်းဆုံးလို့ ထင်မိပါတယ်ခင်ဗျာ။

XxXxXx

(Zawgyi version) 

   ေတာ္ေတာ္ မ်က္ႏွာေျပာင္ရဲတ့ဲသူဘဲဗ်ာ။ အရင္သံပဒတ္ရဲ႕ ပ်ံဝံေဟာင္းေျပာပါတယ္။ သူ႔ဖြဘုတ္မွာ ဘဂၤလီနဲ႔မေလးကိစၥအတြက္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ သူမရဲ႕ ၾသဇာနဲ႔အင္အားကို ျပသင့္ၿပီဆိုၿပီးေရးသဗ်။ ေတာ္ေတာ္မ်ားမ်ားက ခ်ီးမြမ္းေနၾကတယ္။ အေမစု တန္ဖိုးသိလာၿပီတ့ဲ။ တေယာက္က ၾသဘာေပး မန္႔ပါတယ္။ ထမင္းစစားလာၿပီနဲ႔ တူတယ္တ့ဲ။ လံုးဝမထင္ပါဘူးဗ်ာ။ ဒီလူ ေရးလာသမ်ွ ေျပာခ့ဲသမွ် သမိုင္းေၾကာင္းျပန္ၾကည့္၊ ယံုၾကည္စရာတကြက္မွ မ႐ွိခ့ဲပါ။ ခုလည္း စဆရက လုပ္ၿပီး အခြၽန္နဲ႔'မ'တာဘဲ ျဖစ္မယ္ေအာက္ေမ့မိတယ္။ တကယ္ သူ ေဒၚေအာင္ဆန္းစုၾကည္ တန္ဖိုးသိလာတယ္ဆို သူ႔ပါပါႀကီးေတြ လုပ္ခ့ဲတ့ဲအမွားေတြကို အရင္ဝန္ခံသင့္တာေပါ့။
.
   သူ႔ပါပါႀကီးေတြက ေခတ္အဆက္ဆက္ မေလး႐ွားကို ဆရာတင္ခ့ဲရတာ။ ေက်းဇူး႐ွင္လို သတ္မွတ္ခ့ဲရတာ။ ခု ေဒၚေအာင္ဆန္းစုၾကည္ ျပန္ေျပာသလိုမ်ိဳး ဘယ္ဗိုလ္ခ်ဳပ္မွ ျပန္ေျပာသံ မၾကားဘူးဘူး။ တိတ္တိတ္ေလး သြားအေၾကာေလ်ာ့ရတာႀကီး။ မွတ္မိသေလာက္ ျပန္ေျပာဦးမယ္။
.
   ၈၈ ေနာက္ပိုင္း မေလးက စစ္အစိုးရကို အရာမသြင္းခ့ဲပါဘူး။ ျမန္မာႏိုင္ငံသားေတြကသာ ျပည္တြင္းမွာ ဆင္းရဲလာလို႔ အလုပ္ၾကမ္းေတြ အဲဒီမွာ ထြက္လုပ္ရတာ။ အဲဒီတံုးကဝန္ႀကီးခ်ဳပ္ မဟာသီယာဆီကို အၫြန္႔က ႏိုင္ငံျခားေရးဒုဝန္ႀကီး ဦးအုန္းေဂ်ာ္ကို လႊတ္အေၾကာေလ်ာ့တံုးက တရားမဝင္လာ အလုပ္လုပ္ေနတ့ဲ ျမန္မာႏိုင္ငံသားကိစၥ ဘယ္လိုေျဖး႐ွင္းမလဲေမးတယ္။ ျမန္မာႏိုင္ငံသား ဒါမ်ိဳးမ႐ွိဘူးေျဖလိုက္လို႔ မဟာသီယာက ျမန္မာျပည္ကို လွည့္ကို မၾကည့္ေတာ့တာ။ ေနာက္ပိုင္း မဟာသီယာ အေမရိကန္နဲ႔ မတည့္ေတာ့မွ ျမန္မာကို အားလံုးကန္႔ကြက္ေနတ့ဲၾကားက အာဆီယံထဲ အတင္းဝင္ခြင့္ျပဳတာ။ ျမန္မာစစ္အစိုးရလဲ အသက္႐ွဴေပါက္ရသြားၿပီး မေလး႐ွားကို ေက်းဇူး႐ွင္ထင္ေတာ့တာ။
.
   ေနာက္ပိုင္း ယူအဲန္က အထူးကိုယ္စားလွယ္လႊတ္ေတာ့လဲ အေနာက္ႏိုင္ငံသားဆို လက္မခံဘူးျငင္းတယ္။ မေလးလူမ်ိဳး ရာဇာလီအစၥေမး က်မွ သေဘာတူၿပီး ဆရာတင္လိုက္ရတာ။ ႏွစ္စဥ္ အစီရင္ခံစာ တင္ခါနီးဆို အၫြန္႔တို႔က ေပးလိုက္ရတ့ဲ လက္ေဆာင္ေတြ။ မတင္ခင္ လာေလ့လာေတာ့လဲ ဧည့္ထံလိုက္ရတာ အ့ဲတံုးက ေခတ္စားတ့ဲ ေမာ္ဒယ္ေတြ မင္းသမီးေတြသာ ေမးၾကည့္ပါေတာ့။ အဆိုးဆံုးက ျမန္မာပါ့စပို႔အတြက္ လုပ္ငန္းတခု တင္ဒါေခၚေတာ့ ရာဇာလီမိန္းမ ကုမၸဏီက ရသြားတယ္ေလ။ ကယ္တင္႐ွင္ႀကီးဆိုၿပီး ေၾကာက္လိုက္ ေက်းဇူးတင္လိုက္ရတာ။
.
သူ႔ပါပါႀကီးေတြရဲ႕ ဆိုးကြက္ေနာက္တခုက ေရြးေကာက္ပြဲမွာ ႏိုင္ေအာင္လို႔ ဘာသာေရးကို အသံုးခ်ခ့ဲျခင္းပါဘဲ။ မူစလင္ေတြ ဘဂၤလီေတြကို အလိုမ႐ွိသူေတြကို ေျမႇာက္ေပးၿပီး NLD အစိုးရျဖစ္ရင္ မူစလင္ႏိုင္ငံျဖစ္ေတာ့မယ္ဆိုၿပီး စည္းရံုးတာပါ။ ဘာသာေရး အဓိက႐ုဏ္းေတြ ဖန္တီးတာပါ။ ေရြးေကာက္ပြဲ ႐ွံုးၿပီး ဒိုးရေပမ့ဲ ဒီဝဲဂယက္ႀကီးကေတာ့ တိုင္းျပည္ကို ဒုကၡေပးတံုးပါ။ ေလာေလာဆယ္ ရခိုင္ရဲကင္းကို ေသနတ္ဝင္လုလို႔ စစ္တပ္က ျပန္တိုင္ခိုက္ နယ္ေျမ႐ွင္းတာေတာင္ ဘဂၤလီေတြကို မုဒိမ္းက်င့္ သတ္ေနပါၿပီ မဟုတ္တရားေျပာတာ ေရြးေကာက္ပြဲ မတိုင္ခင္ကျဖစ္ခ့ဲတ့ဲ ပံုေတြကို သံုးေနၾကတံုး။
.
ပ်ံဝံရဲ႕ ပါပါႀကီးေတြ ေမႊခ့ဲတ့ဲစနက္ေတြက အ့ဲေလာက္ကို ဆိုးခ့ဲပါတယ္။ ပ်ံဝံအေနနဲ႔ ႐ိုးသားတယ္ဆိုရင္ ဒီအခ်က္ေတြကို ဝန္ခံသင့္ပါတယ္။ ပ်ံဝံသံပဒတ္ႀကီးတို႔ ဖမ္းဖို႔မေျပာနဲ႔၊ အားေတာင္ေပးခ့ဲတ့ဲ အဖြဲ႔ေတြကို ငါတို႔အလိုမ႐ွိတာ မူစလင္ကိစၥမဟုတ္ဘူး။ ခိုးဝင္ဘဂၤလီေတြဘဲဆိုတာ ၫႊန္ၾကားသင့္ပါ့ပီ။ မူစလင္မတိုက္ရဘဲ ျမန္မာအခ်င္းခ်င္း မတိုက္ရေအာင္ ျပန္စည္းရံုးေပးသင့္ပါၿပီ။
.
ျမန္မာအစိုးရနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အတြက္ေတာ့ ၾကားေကာင္းေအာင္ စဆရက မလုပ္ပါနဲ႔။ သူတို႔လုပ္သင့္တာကို လုပ္ၾကပါလိမ့္မယ္။ ျပည္တြင္းမွာေနတ့ဲ ျမန္မာႏိုင္ငံသား မူစလင္ေတြ မထိခိုက္ဖို႔လိုသလို္ မေလး႐ွားမွာ အလုပ္ၾကမ္းလုပ္ေနရတ့ဲ ျမန္မာႏွစ္သိန္းအတြက္ ပိုစဥ္းစားရပါမယ္။ ဒီအခ်ိန္မ်ိဳးမွာ ပ်ံဝံအေနနဲ႔ အာမေခ်ာင္တာ အေကာင္းဆံုးလို႔ ထင္မိပါတယ္ခင္ဗ်ာ။ 

06 August 2016

၈၈၈၈နှင့် ဗိုလ်ချုပ်ကြီးတယောက်

(Unicode version )

      ၈၈၈၈ နှစ်ပတ်လည်နီးလာတိုင်း သတိရမိသည့် ဗိုလ်ချုပ်ကြီးတဦးရှိပါသည်။ ၈၈၈၈ မတိုင်ခင် ထိုစဉ်က အာဏာရှင်ကြီး၏ ထီးကိုင်ဖိနပ်ကိုင် အဆင့်သာ ရှိပါသည်။ စစ်အာဏာရှင်ကြီး တိုင်းသူပြည်သားတွေကို "သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ဖို့မဟုတ်ဘူး။ နောက်တခါဆို တည့်တည့်ပစ်မယ်'' မိန့်ခွန်းကြီးခြွေစဉ်က နောက်ကွယ် ကုလားကာကြားမှ ချောင်းကြည့်နေရသည့် အဆင့်သာရှိသည်။ အာဏာရှင်ကြီးက အာဏာသိမ်းခိုင်းတော့ သူ့ကို အရေးပါသည့်နေရာ ထားခ့ဲရာ နောက်ပိုင်း စစ်အစိုးရခေတ်တလျောက် သူ့လက်ရာများကိုသာ အများဆုံးတွေ့ခ့ဲပါသည်။ ကျန်ဗိုလ်ချုပ်ကြီး အများစုသည် ဖော်လိုလိုက်၍ ကိုယ်ကျိုးရှာသွားသည်က များခ့ဲပါသည်။

.

     သူကတော့ ၈၈၈၈ အရေးအခင်းကြီးကို သေးသိမ်အောင် လုပ်ခ့ဲသည်။ များစွာသောအဖမ်းခံ ကျောင်းသားနှင့် လုပ်သားပြည်သူများကို သူ့အဖွဲ့သုံး၍ ပြင်းထန်စွာ နှိပ်စက်ခ့ဲသည်။ အဖမ်းမခံလို၍ နယ်စပ်ဖက် ထွက်ပြေးသူများကို ဒလံများစေလွှတ်ကာ သွေးခွဲပြီး အချင်းချင်းသတ်အောင် လုပ်ခ့ဲသည်။ မြို့သူမြို့သားအများအပြားကိုလဲ မြို့ပြင်လယ်ကွင်းများသို့ မြို့သစ်ဆိုပြီး မောင်းထုတ်ခ့ဲသည်။ တက္ကသိုလ်များကို မြို့နှင့်အဝေးများသို့ နှင်ထုတ်ခ့ဲသည်။ လူအများကိုလည်း နိုင်ငံရေးကို ကြောက်ရွံ့အောင် နိုင်ငံရေးသမားအား ဆွေစဉ်မျိုးဆက် နှိပ်ကွပ်ပြခ့ဲသည်။ နိုင်ငံရေး မလုပ်ရင်ပြီးရော၊ ဘိန်းခန်းဖွင့်ဖွင့် ဖာခန်းထောင်ထောင် မသိချင်ယောင် ဆောင်ခ့ဲသည်။ ဘိန်းရာဇာများနှင့် ငြိမ်းချမ်းရေးယူသည်ဆိုကာ ဘိန်းစိုက်ခွင့်ပြုခ့ဲရာ ကမ္ဘာမှာ ဘိန်းထွက် ဒုတ်ိယအဆင့်သို့ ရောက်သွားတော့သည်။

.

      မြန်မာနိုင်ငံတလွှားတွင်လည်း သူမှသူ ဖြစ်နေတော့သည်။ သတင်းစာ မကြည့်လိုက်နှင့်၊ တီဗီ မဖွင့်လိုက်နှင့်။ ရှိရှိသမျှ ပညာရေး ကျန်းမာရေး လူမှုရေး သာသနာရေး အားကစားကအစ အဖွဲ့စုံဥက္ကဌလုပ်သည်။ သူ့အမျက်ထွက်ခံရသူသည် ရာထူးပြုတ်ခံရပြီ မှတ်ပေတော့။ သူတင်မက သူ့လက်စွဲအဖွဲ့ကိုပင် တတိုင်းပြည်လုံး ကြောက်နေအောင် အာဏာတည်ဆောက်လာသည်။ ကြာတော့ သူ့၏အမာခံ စစ်တပ်ကပင် လက်မခံနိုင်တော့၍ သူ့ကိုဖြုတ်လိုက်ပြီး အကျဉ်းချခံရမှ ပြီးတော့သည်။ သူအာဏာရှိခ့ဲသည့် ၁၆နှစ်အတွင်း အနှိပ်စက်ခံရသူ စိတ်ဆင်းရဲခ့ဲရသူ မြန်မာနိုင်ငံသား သန်းချီပင်ရှိနိုင်ပါသည်။

.

     သူ့ကို အာဏာပေးခ့ဲသည့် သူ့အဖေကြီးလဲ သူအရာကျအပြီး အကျယ်ချုပ်နေခ့ဲရသည်။ ထိုအချိန်အတွင်း ဘာသာရေးကို လေ့လာမိကာ ”ငါသာ ဒါတွေကို စောစော အဲဒီအချိန်က သိခ့ဲရင် (၁၉၆၂) အာဏာသိမ်းဖြစ်မယ် မဟုတ်ဘူး”ဟု ပြောသွားသည်တ့ဲ။ ကျွန်ုပ်တို့၏ ဗိုလ်ချုပ်ကြီးလဲ ခုအချိန်တွင် သူလုပ်ခ့ဲသည့် အကုသိုလ်အပေါင်းအတွက် ဘယ်လိုထင်နေမည်မသိ။ ပွင့်လင်းချိန်တွင် ပြောဆိုကြသော နိုင်ငံရေးအကျဉ်းသားများအကြောင်း ကြားရဖတ်ရသောအခါ ဗိုလ်ချုပ်ကြီး၏ တပည့်များ လက်သံပြောင်ပုံကို ကြက်သီးထဖွယ် ကြားသိရသည်။ သံဃာတော် ဆရာတော်ကြီးများပါမချန် မြန်မာလူမျိုးချင်း နှိပ်စက်ခ့ဲပုံများမှာ ထိုဗိုလ်ချုပ်ကြီး၏ စေခိုင်းချက်များသာ။ ခုအချိန်တော့ သူလဲ ထိုအကြောင်း ပြန်ရေးသားချက်များကို ဖတ်ပင်ဖတ်ရဲပါ့မလား။

.

     ပြုသူများက တောင်းပန်ဖို့ဝေးစွ၊ သူတို့မသိသလို လုပ်နေချိန် ခံခ့ဲသူများက လူကြီးလူကောင်းဆန်ဆန် မယုံနိုင်အောင်ပင် ခွင့်လွှတ်ခဲ့ကြပါသည်။ ဗိုလ်ချုပ်ကြီးနှင့်သူ့အဖွဲ့သည်လည်း ယခုလက်ရှိဘဝမှာပင် အကုသိုလ်အကျိုး၏ အမြည်းလေးကို မြည်းစမ်းခဲ့ကြပါပြီ။ မိမိတို့၏ လုပ်ဆောင်မှုများကို တာဝန်အရပါ၊ စေခိုင်းလို့ပါ ပြောရုံမျှနှင့် မိမိတို့၏ အကုသိုလ် လျော့သွားမည်ထင်ကြပါသလား။ ထိုဗိုလ်ချုပ်ကြီး၏ အမြင်လေးများကို သူမသေခင် ကြားချင်ပါဘိတော့။ ။

XxXxXx

(Zawgyi version )

      ၈၈၈၈ ႏွစ္ပတ္လည္နီးလာတိုင္း သတိရမိသည့္ ဗိုလ္ခ်ဳပ္ႀကီးတဦး႐ွိပါသည္။ ၈၈၈၈ မတိုင္ခင္ ထိုစဥ္က အာဏာ႐ွင္ႀကီး၏ ထီးကိုင္ဖိနပ္ကိုင္ အဆင့္သာ ႐ွိပါသည္။ စစ္အာဏာ႐ွင္ႀကီး တိုင္းသူျပည္သားေတြကို "ေသနတ္ဆိုတာ မိုးေပၚေထာင္ပစ္ဖို႔မဟုတ္ဘူး။ ေနာက္တခါဆို တည့္တည့္ပစ္မယ္'' မိန္႔ခြန္းႀကီးေႁခြစဥ္က ေနာက္ကြယ္ ကုလားကာၾကားမွ ေခ်ာင္းၾကည့္ေနရသည့္ အဆင့္သာ႐ွိသည္။ အာဏာ႐ွင္ႀကီးက အာဏာသိမ္းခိုင္းေတာ့ သူ႔ကို အေရးပါသည့္ေနရာ ထားခ့ဲရာ ေနာက္ပိုင္း စစ္အစိုးရေခတ္တေလ်ာက္ သူ႔လက္ရာမ်ားကိုသာ အမ်ားဆံုးေတြ႔ခ့ဲပါသည္။ က်န္ဗိုလ္ခ်ဳပ္ႀကီး အမ်ားစုသည္ ေဖာ္လိုလိုက္၍ ကိုယ္က်ိဳး႐ွာသြားသည္က မ်ားခ့ဲပါသည္။
.
     သူကေတာ့ ၈၈၈၈ အေရးအခင္းႀကီးကို ေသးသိမ္ေအာင္ လုပ္ခ့ဲသည္။ မ်ားစြာေသာအဖမ္းခံ ေက်ာင္းသားႏွင့္ လုပ္သားျပည္သူမ်ားကို သူ႔အဖြဲ႔သံုး၍ ျပင္းထန္စြာ ႏွိပ္စက္ခ့ဲသည္။ အဖမ္းမခံလို၍ နယ္စပ္ဖက္ ထြက္ေျပးသူမ်ားကို ဒလံမ်ားေစလႊတ္ကာ ေသြးခြဲၿပီး အခ်င္းခ်င္းသတ္ေအာင္ လုပ္ခ့ဲသည္။ ၿမိဳ႕သူၿမိဳ႕သားအမ်ားအျပားကိုလဲ ၿမိဳ႕ျပင္လယ္ကြင္းမ်ားသို႔ ၿမိဳ႕သစ္ဆိုၿပီး ေမာင္းထုတ္ခ့ဲသည္။ တကၠသိုလ္မ်ားကို ၿမိဳ႕ႏွင့္အေဝးမ်ားသို႔ ႏွင္ထုတ္ခ့ဲသည္။ လူအမ်ားကိုလည္း ႏိုင္ငံေရးကို ေၾကာက္ရြံ႔ေအာင္ ႏိုင္ငံေရးသမားအား ေဆြစဥ္မ်ိဳးဆက္ ႏွိပ္ကြပ္ျပခ့ဲသည္။ ႏိုင္ငံေရး မလုပ္ရင္ၿပီးေရာ၊ ဘိန္းခန္းဖြင့္ဖြင့္ ဖာခန္းေထာင္ေထာင္ မသိခ်င္ေယာင္ ေဆာင္ခ့ဲသည္။ ဘိန္းရာဇာမ်ားႏွင့္ ၿငိမ္းခ်မ္းေရးယူသည္ဆိုကာ ဘိန္းစိုက္ခြင့္ျပဳခ့ဲရာ ကမာၻမွာ ဘိန္းထြက္ ဒုတ္ိယအဆင့္သို႔ ေရာက္သြားေတာ့သည္။
.
      ျမန္မာႏိုင္ငံတလႊားတြင္လည္း သူမွသူ ျဖစ္ေနေတာ့သည္။ သတင္းစာ မၾကည့္လိုက္ႏွင့္၊ တီဗီ မဖြင့္လိုက္ႏွင့္။ ႐ွိ႐ွိသမ်ွ ပညာေရး က်န္းမာေရး လူမႈေရး သာသနာေရး အားကစားကအစ အဖြဲ႔စံုဥကၠဌလုပ္သည္။ သူ႔အမ်က္ထြက္ခံရသူသည္ ရာထူးျပဳတ္ခံရၿပီ မွတ္ေပေတာ့။ သူတင္မက သူ႔လက္စြဲအဖြဲ႔ကိုပင္ တတိုင္းျပည္လံုး ေၾကာက္ေနေအာင္ အာဏာတည္ေဆာက္လာသည္။ ၾကာေတာ့ သူ႔၏အမာခံ စစ္တပ္ကပင္ လက္မခံႏိုင္ေတာ့၍ သူ႔ကိုျဖဳတ္လိုက္ၿပီး အက်ဥ္းခ်ခံရမွ ၿပီးေတာ့သည္။ သူအာဏာ႐ွိခ့ဲသည့္ ၁၆ႏွစ္အတြင္း အႏွိပ္စက္ခံရသူ စိတ္ဆင္းရဲခ့ဲရသူ ျမန္မာႏိုင္ငံသား သန္းခ်ီပင္႐ွိႏိုင္ပါသည္။
.
     သူ႔ကို အာဏာေပးခ့ဲသည့္ သူ႔အေဖႀကီးလဲ သူအရာက်အၿပီး အက်ယ္ခ်ဳပ္ေနခ့ဲရသည္။ ထိုအခ်ိန္အတြင္း ဘာသာေရးကို ေလ့လာမိကာ ”ငါသာ ဒါေတြကို ေစာေစာ အဲဒီအခ်ိန္က သိခ့ဲရင္ (၁၉၆၂) အာဏာသိမ္းျဖစ္မယ္ မဟုတ္ဘူး”ဟု ေျပာသြားသည္တ့ဲ။ ကြၽႏ္ုပ္တို႔၏ ဗိုလ္ခ်ဳပ္ႀကီးလဲ ခုအခ်ိန္တြင္ သူလုပ္ခ့ဲသည့္ အကုသိုလ္အေပါင္းအတြက္ ဘယ္လိုထင္ေနမည္မသိ။ ပြင့္လင္းခ်ိန္တြင္ ေျပာဆိုၾကေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ားအေၾကာင္း ၾကားရဖတ္ရေသာအခါ ဗိုလ္ခ်ဳပ္ႀကီး၏ တပည့္မ်ား လက္သံေျပာင္ပံုကို ၾကက္သီးထဖြယ္ ၾကားသိရသည္။ သံဃာေတာ္ ဆရာေတာ္ႀကီးမ်ားပါမခ်န္ ျမန္မာလူမ်ိဳးခ်င္း ႏွိပ္စက္ခ့ဲပံုမ်ားမွာ ထိုဗိုလ္ခ်ဳပ္ႀကီး၏ ေစခိုင္းခ်က္မ်ားသာ။ ခုအခ်ိန္ေတာ့ သူလဲ ထိုအေၾကာင္း ျပန္ေရးသားခ်က္မ်ားကို ဖတ္ပင္ဖတ္ရဲပါ့မလား။
.
     ျပဳသူမ်ားက ေတာင္းပန္ဖို႔ေဝးစြ၊ သူတို႔မသိသလို လုပ္ေနခ်ိန္ ခံခ့ဲသူမ်ားက လူႀကီးလူေကာင္းဆန္ဆန္ မယံုႏိုင္ေအာင္ပင္ ခြင့္လႊတ္ခဲ့ၾကပါသည္။ ဗိုလ္ခ်ဳပ္ႀကီးႏွင့္သူ႔အဖြဲ႔သည္လည္း ယခုလက္႐ွိဘဝမွာပင္ အကုသိုလ္အက်ိဳး၏ အျမည္းေလးကို ျမည္းစမ္းခဲ့ၾကပါၿပီ။ မိမိတို႔၏ လုပ္ေဆာင္မႈမ်ားကို တာဝန္အရပါ၊ ေစခိုင္းလို႔ပါ ေျပာရံုမ်ွႏွင့္ မိမိတို႔၏ အကုသိုလ္ ေလ်ာ့သြားမည္ထင္ၾကပါသလား။ ထိုဗိုလ္ခ်ဳပ္ႀကီး၏ အျမင္ေလးမ်ားကို သူမေသခင္ ၾကားခ်င္ပါဘိေတာ့။ ။

13 July 2016

မဟန နဲ့ မဘသ

(Unicode version )

       မဟန နဲ့ မဘသ နှိုင်​းယှဉ်​စရာလားဆိုပြီး အပစ်​တင်​မ​စော​စေချင်​ပါ။

.

   မဟနသည်​ မြန်​မာနိုင်​ငံရဲ့ တခုတည်​း​သော သံဃာ့အဖွဲ့အစည်​းဖြစ်​ပါတယ်​။ သံဃာဂိုဏ်​း​ပေါင်​းစုံ အစည်​းအ​ဝေးကြီးက​နေ ဖြစ်​​ပေါ်လာတ့ဲ အဖွဲ့အစည်​းပါ။ သံဃာနဲ့ပတ်​သက်​တ့ဲ ကိစ္စများကို ဓမ္မစက်​နဲ့ ကိုင်​တွယ်​ဖို့ အမြင်​့ဆုံး အဖွဲ့အစည်​းပါ။

.

   ဒါ​ပေမ့ဲ လွန်​ခ့ဲ​သော သုံးနှစ်​ပတ်​ဝန်​းကျင်​မှာ ​ပေါ်လာတ့ဲ မဘသဆိုတ့ဲအဖွဲ့ကို ထိုစဉ်​က နိုင်​ငံ​ရေး အ​ခြေအ​နေအရ မကိုင်​တွယ်​နိုင်​ခ့ဲပါ။ မ​နေ့ကမှ မဟနအဆုံးအဖြတ်​အရ မဘသအဖွဲ့ဟာ တရားမဝင်​​တော့ပါ။ ပြည်​သူ​တွေလဲ မဟနကို ပြန်​လည်​ယုံကြည်​အားကိုးလာကြပါပြီ။ ဒီအချိန်​မှာ မဟနရဲ့ တိုင်​း ပြည်​နယ်​ ခရိုင်​ မြို့နယ်​ ရပ်​ကွက်​ သံဃာအဖွဲ့အစည်​းများကို ပြန်​လည်​​ရွေးချယ်​ ဖွဲ့စည်​းသင်​့ပါတယ်​။ ဒီတခါမှာ အစိုးရအပါအဝင်​ မည်​သည်​့ အပြင်​အဖွဲ့များရဲ့ လွှမ်​းမိုးမှုမှမပါဘဲ သံဃာ့အသံသာ ဖြစ်​ရပါမယ်​။ သာသနာ​ရေးဦးစီးဌာန တခုထဲကသာ ဖြစ်​​မြောက်​​ရေးအတွက်​ အကူအညီ ​ပေးရပါမယ်​။

.

   မဘသလဲ သံဃာအဖွဲ့မဟုတ်​​တော့ဘဲ သာသနာပြုအဖွဲ့ ဖြစ်​သွားပါပြီ။ သာဓုပါ။ မဘသရဲ့ စာအုပ်​ထဲက ရည်​ရွယ်​ချက်​​တွေက ​ကောင်​းမွန်​ပါတယ်​။ ချို့တ့ဲသူ​တွေပညာသင်​နိုင်​​ရေးအတွက်​ ဘက​ကျောင်​း​တွေ အား​ပေးရပါမယ်​။ ဆင်​းရဲသူ​တွေ စီးပွား​ရေးအရ ရပ်​တည်​နိုင်​​ရေးအတွက်​ မဘသက အကူအညီ​ပေးရင်​ ​ကောင်​းပါတယ်​။ လူငယ်​​တွေ ဗုဒ္ဓဘာသာအ​ကြောင်​း ရင်​းနှီးလာ​စေဘို့ သင်​တန်​း​တွေ​ပေးရင်​ ​ကောင်​းပါတယ်​။ မိမိဖာသာ ခိုင်​မာ​အောင်​လုပ်​ရမှာဖြစ်​ပြီး အခြားသူများကို ရှုတ်​ချတိုက်​ခိုက်​ဖို့ မဟုတ်​ပါ။ အစွန်​းလုံးဝ မ​ရောက်​​စေချင်​ပါ။ မဘသထဲမှာ အစွန်​း​ရောက်​ချင်​သူများ ရှိလျှင်​ ဖယ်​ထုတ်​ပြီး သီတဂူဆရာ​တော်​လို လူရို​သေရှင်​ရို​သေ ဆရာ​တော်​များမှသာ ဦး​ဆောင်​သင်​့ပါတယ်​။

.

   မဘသကို ခုလိုအချိန်​မှာ တခါထဲ ဖျက်​လိုက်​ရင်​ မ​ကောင်​းဘူးလား။ ဘာလို့ အသက်​ဆက်​​ပေးချင်​​နေရတာလဲလို့ အ​ငေါ်တူးသူများကို ​ပြောချင်​ပါတယ်​။ "မဘသအဖွဲ့မှာ အရင်​အစိုးရက လှူထားတ့ဲ ပြည်​သူ့​ငွေ​တွေ သိန်​း​သောင်​းချီရှိတယ်​လို့ " ကြားသိလို့ပါခင်​ဗျား။

XxXxXx

(Zawgyi version) 

      မဟန နဲ႔ မဘသ ႏိႈင္​းယွဥ္​စရာလားဆိုၿပီး အပစ္​တင္​မ​ေစာ​ေစခ်င္​ပါ။
.
   မဟနသည္​ ျမန္​မာႏိုင္​ငံရဲ႕ တခုတည္​း​ေသာ သံဃာ့အဖြဲ႔အစည္​းျဖစ္​ပါတယ္​။ သံဃာဂိုဏ္​း​ေပါင္​းစံု အစည္​းအ​ေဝးႀကီးက​ေန ျဖစ္​​ေပၚလာတ့ဲ အဖြဲ႔အစည္​းပါ။ သံဃာနဲ႔ပတ္​သက္​တ့ဲ ကိစၥမ်ားကို ဓမၼစက္​နဲ႔ ကိုင္​တြယ္​ဖို႔ အျမင္​့ဆံုး အဖြဲ႔အစည္​းပါ။
.
   ဒါ​ေပမ့ဲ လြန္​ခ့ဲ​ေသာ သံုးႏွစ္​ပတ္​ဝန္​းက်င္​မွာ ​ေပၚလာတ့ဲ မဘသဆိုတ့ဲအဖြဲ႔ကို ထိုစဥ္​က ႏိုင္​ငံ​ေရး အ​ေျခအ​ေနအရ မကိုင္​တြယ္​ႏိုင္​ခ့ဲပါ။ မ​ေန႔ကမွ မဟနအဆံုးအျဖတ္​အရ မဘသအဖြဲ႔ဟာ တရားမဝင္​​ေတာ့ပါ။ ျပည္​သူ​ေတြလဲ မဟနကို ျပန္​လည္​ယံုၾကည္​အားကိုးလာၾကပါၿပီ။ ဒီအခ်ိန္​မွာ မဟနရဲ႕ တိုင္​း ျပည္​နယ္​ ခ႐ိုင္​ ၿမိဳ႕နယ္​ ရပ္​ကြက္​ သံဃာအဖြဲ႔အစည္​းမ်ားကို ျပန္​လည္​​ေရြးခ်ယ္​ ဖြဲ႔စည္​းသင္​့ပါတယ္​။ ဒီတခါမွာ အစိုးရအပါအဝင္​ မည္​သည္​့ အျပင္​အဖြဲ႔မ်ားရဲ႕ လႊမ္​းမိုးမႈမွမပါဘဲ သံဃာ့အသံသာ ျဖစ္​ရပါမယ္​။ သာသနာ​ေရးဦးစီးဌာန တခုထဲကသာ ျဖစ္​​ေျမာက္​​ေရးအတြက္​ အကူအညီ ​ေပးရပါမယ္​။
.
   မဘသလဲ သံဃာအဖြဲ႔မဟုတ္​​ေတာ့ဘဲ သာသနာျပဳအဖြဲ႔ ျဖစ္​သြားပါၿပီ။ သာဓုပါ။ မဘသရဲ႕ စာအုပ္​ထဲက ရည္​ရြယ္​ခ်က္​​ေတြက ​ေကာင္​းမြန္​ပါတယ္​။ ခ်ိဳ႕တ့ဲသူ​ေတြပညာသင္​ႏိုင္​​ေရးအတြက္​ ဘက​ေက်ာင္​း​ေတြ အား​ေပးရပါမယ္​။ ဆင္​းရဲသူ​ေတြ စီးပြား​ေရးအရ ရပ္​တည္​ႏိုင္​​ေရးအတြက္​ မဘသက အကူအညီ​ေပးရင္​ ​ေကာင္​းပါတယ္​။ လူငယ္​​ေတြ ဗုဒၶဘာသာအ​ေၾကာင္​း ရင္​းႏွီးလာ​ေစဘို႔ သင္​တန္​း​ေတြ​ေပးရင္​ ​ေကာင္​းပါတယ္​။ မိမိဖာသာ ခိုင္​မာ​ေအာင္​လုပ္​ရမွာျဖစ္​ၿပီး အျခားသူမ်ားကို ႐ႈတ္​ခ်တိုက္​ခိုက္​ဖို႔ မဟုတ္​ပါ။ အစြန္​းလံုးဝ မ​ေရာက္​​ေစခ်င္​ပါ။ မဘသထဲမွာ အစြန္​း​ေရာက္​ခ်င္​သူမ်ား ႐ွိလွ်င္​ ဖယ္​ထုတ္​ၿပီး သီတဂူဆရာ​ေတာ္​လို လူ႐ို​ေသ႐ွင္​႐ို​ေသ ဆရာ​ေတာ္​မ်ားမွသာ ဦး​ေဆာင္​သင္​့ပါတယ္​။
.
   မဘသကို ခုလိုအခ်ိန္​မွာ တခါထဲ ဖ်က္​လိုက္​ရင္​ မ​ေကာင္​းဘူးလား။ ဘာလို႔ အသက္​ဆက္​​ေပးခ်င္​​ေနရတာလဲလို႔ အ​ေငၚတူးသူမ်ားကို ​ေျပာခ်င္​ပါတယ္​။ "မဘသအဖြဲ႔မွာ အရင္​အစိုးရက လႉထားတ့ဲ ျပည္​သူ႔​ေငြ​ေတြ သိန္​း​ေသာင္​းခ်ီ႐ွိတယ္​လို႔ " ၾကားသိလို႔ပါခင္​ဗ်ား။ 

04 July 2016

`ရခိုင်​လူမျိုး´ဟု​ခေါ်ပါ၊






(Unicode version)

ပြီးခ့ဲ​သော လထဲက ကုလညီလာခံတခုမှာ မြန်​မာကိုယ်​စားလှယ်​က ရိုဟင်​ဂျာလို့ မသုံးကြဘဲ ရခိုင်​ပြည်​နယ်​မှ မူစလင်​အသိုင်​းအဝိုင်​းလို့ သုံးကြပါလို့ ​ပြောဆိုလိုက်​ပါတယ်​။ ပြဿနာ​တော့ တက်​​တော့မယ်​လို့ ထင်​ခ့ဲပါတယ်​။ ကမ္ဘာ့အသိုင်​းအဝိုင်​းမှာ လူမျိုးအမည်​တပ်​သုံးရင်​ကို နှစ်​ဖက်​မ​ပြေလည်​နိုင်​ကြတာ၊ မကြိုက်​ကြတာ ရှိပါတယ်​။ ကိုးကွယ်​တ့ဲ ဘာသာနဲ့အမည်​တပ်​​ခေါ်တာ ဒါ ပထမဆုံးဘဲလို့ ထင်​မိလို့ပါ။ အင်​ဒိုက​နေ အီဂျစ်​အထိ မူစလင်​မျိုးစုံက ဆူညံ​နေ​အောင်​ ကန်​့ကွက်​​တော့မယ်​ ထင်​လိုက်​ပါတယ်​။

.

   ထင်​တ့ဲအတိုင်​း ကန်​့ကွက်​သံ ညံခ့ဲပါတယ်​။ ကမ္ဘာ့မူစလင်​ အသိုင်​းအဝိုင်​းက မဟုတ်​ဘဲ ပြည်​တွင်​း NLD အစိုးရကို မကြိုက်​တ့ဲသူ​တွေ ဖြစ်​​နေပါ​တော့တယ်​။ ဆန္ဒပြမှု​တွေလဲ ​ပေါ်ထွက်​လာပါတယ်​။ ဒီ​နေရာမှာ စဉ်​းစားစရာ ​ပေါ်လာပါတယ်​။

.

   ဘီဘီစီအပါအဝင်​ ကမ္ဘာ့အင်​အားကြီး မီဒီယာ​တွေက ရိုဟင်​ဂျာလို့ဘဲ သုံးမြဲပါ။ ဒါ​ပေမ့ဲ မြန်​မာအစိုးရက ​ခေါ်​ဝေါ်ခိုင်​းတ့ဲ အသုံးအနှုံးကို​တော့ ကန်​့ကွက်​ခြင်​း မပြုကြပါဘူး။ ဒါဘာကိုပြသလဲဆိုရင်​ လက်​ရှိမြန်​မာအစိုးရရဲ့ သိက္ခာကိုပြတာပါ။ မြန်​မာအစိုးရရဲ့ ဆန္ဒကို မကန်​့ကွက်​ကြပါဘူး။ ​ရေရှည်​ လိုက်​လုပ်​မှု ရှိမရှိ​တော့ ​စောင်​့ကြည်​့ရပါဦးမယ်​။

.

   ကန်​့ကွက်​တ့ဲသူ​တွေကလဲ ကမ္ဘာနဲ့ချီ စဉ်​းစား​စေချင်​ပါတယ်​။ ​ပြောင်​းလဲ​ခေါ်ခိုင်​းတ့ဲ အ​ခေါ်အ​ဝေါ်ကို ကြိုက်​သလား၊ အရင်​အ​ခေါ်အ​ဝေါ်ကို ကြိုက်​သလား။ နှစ်​ခုလုံး လက်​မခံဘူး​တော့ ခုအချိန်​မှာ မလုပ်​​စေချင်​ပါ။ အ​ကြောင်​းက ကန်​့ကွက်​သူ​တွေရဲ့အသံက ပြည်​တွင်​းမှာ​တောင်​ မကျယ်​ပြန်​့​သေးခင်​ သူတို့ရဲ့အသံက ကမ္ဘာနဲ့အနှံ့ပြန်​့နိုင်​ပါတယ်​။ ဘီဘီစီတခုထဲ​တောင်​ ဘာသာစကား ​လေးငါးဆယ်​နဲ့ လွှင်​့​နေတာပါ။

.

   မိမိတို့ အဓိကလိုအပ်​ချက်​က ဘာလဲ။ အမည်​သမုတ်​တာလား၊ နိုင်​ငံသား မ​ပေးရ​ရေးလား။ ပွင်​့ပွင်​့လင်​းလင်​း​မေးရရင်​ ဘင်္ဂလီလို့​ခေါ်ပြီး နိုင်​ငံသား​ပေးမှာလား၊ ရိုဟင်​ဂျာလို့ ​ခေါ်ပြီး ပြည်​တွင်​းမှာလက်​မခံ​ရေးလား ဆိုတာပါ။ လက်​ရှိအစိုးရလက်​ထက်​မှာ ခိုးဝင်​တ့ဲသူ တ​ယောက်​ကိုမှ ဝှိုက်​ကဒ်​​တောင်​ မ​ပေးရ​သေးပါ။ လက်​ရှိပြည်​တွင်​း​ရောက်​​နေသူ​တွေကို မည်​သည်​့အဆင်​့ သတ်​မှတ်​မလဲ စာရင်​း​ကောက်​​နေတုံး ရှိပါ​သေးတယ်​။ စာရင်​းရမှ ၁၉၈၂နိုင်​ငံသားဥပ​ဒေနဲ့ ဆုံးဖြတ်​ရမှာ ဖြစ်​ပါတယ်​။

.

   ဒီ​နေ့ သတင်​းတခုအရ ပြည်​သူ့အသံနား​ထောင်​တ့ဲ အစိုးရက ရခိုင်​လူမျိုးလို့ သုံးဖို့ အမိန်​့တခု ထုတ်​ခ့ဲပါပြီ။ လိုချင်​တာ အပြည်​့မရ​သေးခင်​ တချို့ရလိုက်​တယ်​လို့ ခံယူသင်​့ပါတယ်​။ အခြား အာဏာပြန်​လိုချင်​လို့ ဘာသာ​ရေးခုတုံးလုပ်​သူ​တွေရဲ့ လှုံ​ဆော်​စကား​တွေကို နားမ​ယောင်​သင်​့ပါဘူး။ အစိုးရရဲ့ အစီအစဉ်​​တွေမှာ ပူး​ပေါင်​းကူညီကြရင်​ မိမိလိုအင်​​တွေ အပြည်​့အဝ မကြာခင်​ပြည်​့မှာပါ။

.

   ကမ္ဘာနဲ့ ဆက်​ဆံတ့ဲ​နေရာမှာ အစိုးရရဲ့ အခက်​အခဲ​တွေလဲ ရှိနိုင်​ပါတယ်​။ အရင်​ မြန်​မာအစိုးရ အဆက်​ဆက်​ဟာ ကမ္ဘာမှာ အသံမထွက်​နိုင်​ခ့ဲပါဘူး။ အခုအစိုးရ​ခေတ်​​ရောက်​မှ မြန်​မာအစိုးရရဲ့ အသံကို နား​ထောင်​ယုံဘဲ ရှိပါ​သေးတယ်​။ လိုက်​လုပ်​​သေးတာ မဟုတ်​​သေးပါဘူး။ ကိုယ်​လိုဘ အမြန်​ပြည်​့ဝဖို့ အစိုးရနဲ့ ပူး​ပေါင်​း​ဆောင်​ရွက်​ခြင်​းသာ အ​ကောင်​းဆုံးဖြစ်​မယ်​လို့ တိုက်​တွန်​းချင်​ပါတယ်​ခင်​ဗျား။

XxXxXx

(Zawgyi version )

       ၿပီးခ့ဲ​ေသာ လထဲက ကုလညီလာခံတခုမွာ ျမန္​မာကိုယ္​စားလွယ္​က ႐ိုဟင္​ဂ်ာလို႔ မသံုးၾကဘဲ ရခိုင္​ျပည္​နယ္​မွ မူစလင္​အသိုင္​းအဝိုင္​းလို႔ သံုးၾကပါလို႔ ​ေျပာဆိုလိုက္​ပါတယ္​။ ျပႆနာ​ေတာ့ တက္​​ေတာ့မယ္​လို႔ ထင္​ခ့ဲပါတယ္​။ ကမာၻ႔အသိုင္​းအဝိုင္​းမွာ လူမ်ိဳးအမည္​တပ္​သံုးရင္​ကို ႏွစ္​ဖက္​မ​ေျပလည္​ႏိုင္​ၾကတာ၊ မႀကိဳက္​ၾကတာ ႐ွိပါတယ္​။ ကိုးကြယ္​တ့ဲ ဘာသာနဲ႔အမည္​တပ္​​ေခၚတာ ဒါ ပထမဆံုးဘဲလို႔ ထင္​မိလို႔ပါ။ အင္​ဒိုက​ေန အီဂ်စ္​အထိ မူစလင္​မ်ိဳးစံုက ဆူညံ​ေန​ေအာင္​ ကန္​႔ကြက္​​ေတာ့မယ္​ ထင္​လိုက္​ပါတယ္​။
.
   ထင္​တ့ဲအတိုင္​း ကန္​႔ကြက္​သံ ညံခ့ဲပါတယ္​။ ကမာၻ႔မူစလင္​ အသိုင္​းအဝိုင္​းက မဟုတ္​ဘဲ ျပည္​တြင္​း NLD အစိုးရကို မႀကိဳက္​တ့ဲသူ​ေတြ ျဖစ္​​ေနပါ​ေတာ့တယ္​။ ဆႏၵျပမႈ​ေတြလဲ ​ေပၚထြက္​လာပါတယ္​။ ဒီ​ေနရာမွာ စဥ္​းစားစရာ ​ေပၚလာပါတယ္​။
.
   ဘီဘီစီအပါအဝင္​ ကမာၻ႔အင္​အားႀကီး မီဒီယာ​ေတြက ႐ိုဟင္​ဂ်ာလို႔ဘဲ သံုးျမဲပါ။ ဒါ​ေပမ့ဲ ျမန္​မာအစိုးရက ​ေခၚ​ေဝၚခိုင္​းတ့ဲ အသံုးအႏႈံးကို​ေတာ့ ကန္​႔ကြက္​ျခင္​း မျပဳၾကပါဘူး။ ဒါဘာကိုျပသလဲဆိုရင္​ လက္​႐ွိျမန္​မာအစိုးရရဲ႕ သိကၡာကိုျပတာပါ။ ျမန္​မာအစိုးရရဲ႕ ဆႏၵကို မကန္​႔ကြက္​ၾကပါဘူး။ ​ေရ႐ွည္​ လိုက္​လုပ္​မႈ ႐ွိမ႐ွိ​ေတာ့ ​ေစာင္​့ၾကည္​့ရပါဦးမယ္​။
.
   ကန္​႔ကြက္​တ့ဲသူ​ေတြကလဲ ကမာၻနဲ႔ခ်ီ စဥ္​းစား​ေစခ်င္​ပါတယ္​။ ​ေျပာင္​းလဲ​ေခၚခိုင္​းတ့ဲ အ​ေခၚအ​ေဝၚကို ႀကိဳက္​သလား၊ အရင္​အ​ေခၚအ​ေဝၚကို ႀကိဳက္​သလား။ ႏွစ္​ခုလံုး လက္​မခံဘူး​ေတာ့ ခုအခ်ိန္​မွာ မလုပ္​​ေစခ်င္​ပါ။ အ​ေၾကာင္​းက ကန္​႔ကြက္​သူ​ေတြရဲ႕အသံက ျပည္​တြင္​းမွာ​ေတာင္​ မက်ယ္​ျပန္​႔​ေသးခင္​ သူတို႔ရဲ႕အသံက ကမာၻနဲ႔အႏွံ႔ျပန္​႔ႏိုင္​ပါတယ္​။ ဘီဘီစီတခုထဲ​ေတာင္​ ဘာသာစကား ​ေလးငါးဆယ္​နဲ႔ လႊင္​့​ေနတာပါ။
.
   မိမိတို႔ အဓိကလိုအပ္​ခ်က္​က ဘာလဲ။ အမည္​သမုတ္​တာလား၊ ႏိုင္​ငံသား မ​ေပးရ​ေရးလား။ ပြင္​့ပြင္​့လင္​းလင္​း​ေမးရရင္​ ဘဂၤလီလို႔​ေခၚၿပီး ႏိုင္​ငံသား​ေပးမွာလား၊ ႐ိုဟင္​ဂ်ာလို႔ ​ေခၚၿပီး ျပည္​တြင္​းမွာလက္​မခံ​ေရးလား ဆိုတာပါ။ လက္​႐ွိအစိုးရလက္​ထက္​မွာ ခိုးဝင္​တ့ဲသူ တ​ေယာက္​ကိုမွ ဝိႈက္​ကဒ္​​ေတာင္​ မ​ေပးရ​ေသးပါ။ လက္​႐ွိျပည္​တြင္​း​ေရာက္​​ေနသူ​ေတြကို မည္​သည္​့အဆင္​့ သတ္​မွတ္​မလဲ စာရင္​း​ေကာက္​​ေနတံုး ႐ွိပါ​ေသးတယ္​။ စာရင္​းရမွ ၁၉၈၂ႏိုင္​ငံသားဥပ​ေဒနဲ႔ ဆံုးျဖတ္​ရမွာ ျဖစ္​ပါတယ္​။
.
   ဒီ​ေန႔ သတင္​းတခုအရ ျပည္​သူ႔အသံနား​ေထာင္​တ့ဲ အစိုးရက ရခိုင္​လူမ်ိဳးလို႔ သံုးဖို႔ အမိန္​႔တခု ထုတ္​ခ့ဲပါၿပီ။ လိုခ်င္​တာ အျပည္​့မရ​ေသးခင္​ တခ်ိဳ႕ရလိုက္​တယ္​လို႔ ခံယူသင္​့ပါတယ္​။ အျခား အာဏာျပန္​လိုခ်င္​လို႔ ဘာသာ​ေရးခုတံုးလုပ္​သူ​ေတြရဲ႕ လႈံ​ေဆာ္​စကား​ေတြကို နားမ​ေယာင္​သင္​့ပါဘူး။ အစိုးရရဲ႕ အစီအစဥ္​​ေတြမွာ ပူး​ေပါင္​းကူညီၾကရင္​ မိမိလိုအင္​​ေတြ အျပည္​့အဝ မၾကာခင္​ျပည္​့မွာပါ။
.
   ကမာၻနဲ႔ ဆက္​ဆံတ့ဲ​ေနရာမွာ အစိုးရရဲ႕ အခက္​အခဲ​ေတြလဲ ႐ွိႏိုင္​ပါတယ္​။ အရင္​ ျမန္​မာအစိုးရ အဆက္​ဆက္​ဟာ ကမာၻမွာ အသံမထြက္​ႏိုင္​ခ့ဲပါဘူး။ အခုအစိုးရ​ေခတ္​​ေရာက္​မွ ျမန္​မာအစိုးရရဲ႕ အသံကို နား​ေထာင္​ယံုဘဲ ႐ွိပါ​ေသးတယ္​။ လိုက္​လုပ္​​ေသးတာ မဟုတ္​​ေသးပါဘူး။ ကိုယ္​လိုဘ အျမန္​ျပည္​့ဝဖို႔ အစိုးရနဲ႔ ပူး​ေပါင္​း​ေဆာင္​ရြက္​ျခင္​းသာ အ​ေကာင္​းဆံုးျဖစ္​မယ္​လို႔ တိုက္​တြန္​းခ်င္​ပါတယ္​ခင္​ဗ်ား။ 

23 April 2016

ဦးသိန်​းစိန်​ စင်​တာ

(Unicode version)

    ကျွန်​​တော်​က​တော့ ​သေးစိမ်​ဆင်​တာကြီး ​ထောင်​​စေချင်​သည်​။

.

၁၊ အစိုးရအ​နေနဲ့ ပြည်​သူ့ပိုက်​ဆံ​တွေနဲ့ စိတ်​ကြိုက်​လုပ်​ခွင်​့ရခ့ဲတာ​တောင်​ စီမံခန်​ ့ခွဲမှု ည့ံတာတ​ကြောင်​း၊ ဘုံးကြတာတ​ကြောင်​း​ကြောင်​့ မ​အောင်​မြင်​ခ့ဲ။ ခုလဲ ​အောင်​မြင်​မယ်​ လုံးဝမထင်​။

.

၂၊ ဘယ်​သူ​တွေ ပိုက်​ဆံထည်​့ကြမလဲ သိရတာ​ပေါ့။ ကျွန်​​တော်​့အထင်​က​တော့ ထည်​့ကြမယ်​မထင်​။ အရင်​ ဘုံးလို့ရလို့ အဘ အဘ တ​နေသူ​တွေပါ ​ပြေးမည်​ထင်​သည်​။ ကြံ့ဖွတ်​ရံပုံ​ငွေ​တွေနဲ့ သုံးရ​တော့မည်​။ ထပ်​ဘုံးကြတာ​ပေါ့။

.

၃၊ လုပ်​ဖြစ်​လဲ ပြည်​သူ​တွေဆီက ခိုးထားတာ​တွေ ပြည်​သူ​တွေစီ ပြန်​​ရောက်​တာဘဲ ​အောက်​​မေ့သည်​။ မဲဆွယ်​တုံးကလို​ပေါ့။ ​ပေးတာယူ၍ ဘာလုပ်​ရမည်​ကို ပြည်​သူ​တွေ သိကြသည်​။ အဲဒီတခု​တော့ မြန်​မာပြည်​သူပြည်​သား​တွေကို ကျွန်​​တော်​ အထင်​အကြီးဆုံးပါ။

XxXxXx

(Zawgyi version )

    ကြၽန္​​ေတာ္​က​ေတာ့ ​ေသးစိမ္​ဆင္​တာႀကီး ​ေထာင္​​ေစခ်င္​သည္​။
.
၁၊ အစိုးရအ​ေနနဲ႔ ျပည္​သူ႔ပိုက္​ဆံ​ေတြနဲ႔ စိတ္​ႀကိဳက္​လုပ္​ခြင္​့ရခ့ဲတာ​ေတာင္​ စီမံခန္​ ့ခြဲမႈ ည့ံတာတ​ေၾကာင္​း၊ ဘံုးၾကတာတ​ေၾကာင္​း​ေၾကာင္​့ မ​ေအာင္​ျမင္​ခ့ဲ။ ခုလဲ ​ေအာင္​ျမင္​မယ္​ လံုးဝမထင္​။
.
၂၊ ဘယ္​သူ​ေတြ ပိုက္​ဆံထည္​့ၾကမလဲ သိရတာ​ေပါ့။ ကြၽန္​​ေတာ္​့အထင္​က​ေတာ့ ထည္​့ၾကမယ္​မထင္​။ အရင္​ ဘံုးလို႔ရလို႔ အဘ အဘ တ​ေနသူ​ေတြပါ ​ေျပးမည္​ထင္​သည္​။ ၾကံ့ဖြတ္​ရံပံု​ေငြ​ေတြနဲ႔ သံုးရ​ေတာ့မည္​။ ထပ္​ဘံုးၾကတာ​ေပါ့။
.
၃၊ လုပ္​ျဖစ္​လဲ ျပည္​သူ​ေတြဆီက ခိုးထားတာ​ေတြ ျပည္​သူ​ေတြစီ ျပန္​​ေရာက္​တာဘဲ ​ေအာက္​​ေမ့သည္​။ မဲဆြယ္​တံုးကလို​ေပါ့။ ​ေပးတာယူ၍ ဘာလုပ္​ရမည္​ကို ျပည္​သူ​ေတြ သိၾကသည္​။ အဲဒီတခု​ေတာ့ ျမန္​မာျပည္​သူျပည္​သား​ေတြကို ကြၽန္​​ေတာ္​ အထင္​အႀကီးဆံုးပါ။

05 April 2016

အကယ်​ဒမီ `​ကြောင်​´

 (Unicode version)

         ဘယ်​ရုပ်​ရှင်​မှလဲ မကြည်​့မိပါ။ အကယ်​ဒမီပွဲလဲ ​သေချာမကြည်​့မိပါ။ ဒီ​နေ့ သတင်​းများဖတ်​ရမှ အံ့သြမိပါ၏။

.

အကယ်​ဒမီ အငြင်​းပွားလို့ ဘယ်​သူ​တွေလဲဆို​တော့ လူပြက်​နှစ်​​ယောက်​။ အဓိက မင်​းသား မင်​းသမီးဆို ​တော်​​သေး။ အ​ရေးထဲ နိုင်​ငံ​ရေးက ပါလာ​သေး။

.

အားကစားလို စံချိန်​စံညွှန်​းနဲ့ ပြိုင်​ရတာ မဟုတ်​သည်​့အတွက်​ မည်​သည်​့အနုပညာဆုမဆို အငြင်​းပွားနိုင်​ပါသည်​။ မရ​သောသူများက အပစ်​​ပြောမှာလဲ ပုံမှန်​ပင်​။ ခဏလွှတ်​သာထားလိုက်​။ ပြန်​တည်​့​နေကြမှာ အ​သေအချာ။

.

​အော်​စကာဆုနဲ့ ​ရွှေကမ္ဘာလုံးဆု​တောင်​ ရသူ​တွေ တူတာမဟုတ်​။ ​ပေး​သောအဖွဲ့ရဲ့ စိတ်​ကြိုက်​ဖြစ်​ဖို့ လိုတာပါဘဲ။ ​ဝေဖန်​တာ​တွေလဲ ပုံမှန်​ထွက်​မြဲပါဘဲ။ ခဏကြာ​တော့ ငြိမ်​။

.

မြန်​မာပြည်​မှာလဲ ထိုနည်​း၎င်း။ မင်​းသား​ကျော်​​ဆွေဆို ဘာဆုမှ ရမသွား။ ဒါ​ပေမ့ဲ ပရိဿတ်​အသဲစွဲပါ။ ကျုပ်​တို့​ခေတ်​ ​ကျော်​ဟိန်​းကြီး​တောင်​ ကိုယ်​့ဖက်​ကလဲနဲနဲ​လျော့၊ သူ့ဖက်​ကလည်​း နဲနဲ​လျော့​ခေတ်​မို့ ရသွားတာ။ ဘယ်​​ခေတ်​မဆို ​ပေးတ့ဲသူရဲ့ အကြိုက်​ဖြစ်​ဖို့ လိုတာအမှန်​။

.

ဘဘ​ဗိုလ်​ချုပ်​ကြီး​တွေ​ခေတ်​​ရောက်​​တော့ ပိုဆိုး။ မို့မို့တို့များ ငိုလိုက်​တိုင်​းရ။ ဇတ်​ကားထဲမှာတွင်မ​က ဘယ်​မှာပါ သွားငို​သေးလဲ​တော့ မသိပါ။ ဒါ​ကြောင်​့ ရုပ်​ရှင်​​လောကသား​တွေ ​ပြော​လေ့ရှိတယ်​။ အကယ်​ဒမီက နတ်​ကြီးတယ်​တ့ဲ။ တကယ်​က ကံ ပါဘဲ။

XxXxXx

(Zawgyi version)

        ဘယ္​႐ုပ္​႐ွင္​မွလဲ မၾကည္​့မိပါ။ အကယ္​ဒမီပြဲလဲ ​ေသခ်ာမၾကည္​့မိပါ။ ဒီ​ေန႔ သတင္​းမ်ားဖတ္​ရမွ အံ့ၾသမိပါ၏။
.
အကယ္​ဒမီ အျငင္​းပြားလို႔ ဘယ္​သူ​ေတြလဲဆို​ေတာ့ လူျပက္​ႏွစ္​​ေယာက္​။ အဓိက မင္​းသား မင္​းသမီးဆို ​ေတာ္​​ေသး။ အ​ေရးထဲ ႏိုင္​ငံ​ေရးက ပါလာ​ေသး။
.
အားကစားလို စံခ်ိန္​စံၫႊန္​းနဲ႔ ၿပိဳင္​ရတာ မဟုတ္​သည္​့အတြက္​ မည္​သည္​့အႏုပညာဆုမဆို အျငင္​းပြားႏိုင္​ပါသည္​။ မရ​ေသာသူမ်ားက အပစ္​​ေျပာမွာလဲ ပံုမွန္​ပင္​။ ခဏလႊတ္​သာထားလိုက္​။ ျပန္​တည္​့​ေနၾကမွာ အ​ေသအခ်ာ။
.
​ေအာ္​စကာဆုနဲ႔ ​ေရႊကမာၻလံုးဆု​ေတာင္​ ရသူ​ေတြ တူတာမဟုတ္​။ ​ေပး​ေသာအဖြဲ႔ရဲ႕ စိတ္​ႀကိဳက္​ျဖစ္​ဖို႔ လိုတာပါဘဲ။ ​ေဝဖန္​တာ​ေတြလဲ ပံုမွန္​ထြက္​ျမဲပါဘဲ။ ခဏၾကာ​ေတာ့ ၿငိမ္​။
.
ျမန္​မာျပည္​မွာလဲ ထိုနည္​း၎။ မင္​းသား​ေက်ာ္​​ေဆြဆို ဘာဆုမွ ရမသြား။ ဒါ​ေပမ့ဲ ပရိႆတ္​အသဲစြဲပါ။ က်ဳပ္​တို႔​ေခတ္​ ​ေက်ာ္​ဟိန္​းႀကီး​ေတာင္​ ကိုယ္​့ဖက္​ကလဲနဲနဲ​ေလ်ာ့၊ သူ႔ဖက္​ကလည္​း နဲနဲ​ေလ်ာ့​ေခတ္​မို႔ ရသြားတာ။ ဘယ္​​ေခတ္​မဆို ​ေပးတ့ဲသူရဲ႕ အႀကိဳက္​ျဖစ္​ဖို႔ လိုတာအမွန္​။
.
ဘဘ​ဗိုလ္​ခ်ဳပ္​ႀကီး​ေတြ​ေခတ္​​ေရာက္​​ေတာ့ ပိုဆိုး။ မို႔မို႔တို႔မ်ား ငိုလိုက္​တိုင္​းရ။ ဇတ္​ကားထဲမွာတြင္မ​က ဘယ္​မွာပါ သြားငို​ေသးလဲ​ေတာ့ မသိပါ။ ဒါ​ေၾကာင္​့ ႐ုပ္​႐ွင္​​ေလာကသား​ေတြ ​ေျပာ​ေလ့႐ွိတယ္​။ အကယ္​ဒမီက နတ္​ႀကီးတယ္​တ့ဲ။ တကယ္​က ကံ ပါဘဲ။ 

08 January 2016

​ပြော​ရေးဆိုခွင်​့ရှိသူ

 (Unicode version )

       ဦးဝင်​းထိန်​ RFA ကို​ပြောလိုက်​တာနဲ့ပတ်​သက်​ပြီး ​ရေးချင်​လာပါတယ်​။ ဦးဝင်​းထိန်​ကိုလဲ ရည်​ရွယ်​တာမဟုတ်​၊ NLD ကိုလဲ ရည်​ရွယ်​တာ မဟုတ်​ပါ။ ဒီမိုသစ္စာ​ဖောက်​​လောက်​နီးနီး တံဆိပ်​ကပ်​ခံရမှာ စိုးလို့ပါ။

.

     ​ပြောချင်​တာက​တော့ #​ပြော​ရေးဆိုခွင်​့ရှိသူ အ​ကြောင်​းပါဘဲ။ တစုံတ​ယောက်​ (သို့) အဖွဲ့အစည်​းတခုရဲ့ ​ပြော​ရေးဆိုခွင်​့ရှိသူဆိုရင်​ အပြင်​လူ (သို့) မီဒီယာ​တွေနဲ့ ​တွေ့ဖို့ တာဝန်​​ပေးခံထားရတာပါ။ သူရဲ့ အဓိကတာဝန်​က အပြင်​လူ​တွေ သိချင်​တာ ​ပြောပြဖို့ပါဘဲ။ လူသိများတ့ဲ၊ လူအများစိတ်​ဝင်​စားတ့ဲ အဖွဲ့အစည်​းဆိုရင်​ အဲဒီပုဂ္ဂိုလ်​ အရမ်​းအ​ရေးကြီးပါတယ်​။ အဖွဲ့ရဲ့ ပုံရိပ်​လိုကို ဖြစ်​​နေနိုင်​တယ်​။ လူအများသိချင်​တ့ဲ အဖွဲ့အစည်​းရဲ့ ကိစ္စ​တွေကို သူ့ဆီကတဆင်​့ သိရမှာဆို​တော့ သူ့ကိုဘဲ ​မေးကြရမှာပါ။ လူတိုင်​းစိတ်​ဝင်​စား​နေတ့ဲ အဖွ့ဲ ့အစည်​းဆို လူ​တွေ သိချင်​စိတ်​ ပိုများ​လေ၊ ပို​မေးကြ​လေ ဖြစ်​မှာပါ။

.

     လူတိုင်​းက တိုက်​ရိုက်​သွား မ​မေးနိုင်​​တော့ မီဒီယာ​တွေက ဒီအလုပ်​လုပ်​ကြပါတယ်​။ မီဒီယာ​တွေမှာလဲ လူအစုံပါ။ ​ကောင်​းသူ​တွေရှိသလို ဆိုးသူ​တွေလဲ ရှိမှာပါ။ ​ချော့​မေးသူ ရှိသလို ​ချောက်​​မေးသူ​တွေလဲ ရှိမှာပါ။ တချို့ကလဲ စိတ်​တို​အောင်​ "ဆွ"​ မေး​လေ့ရှိပါတယ်​။ ဒီလူရဲ့ စိတ်​တိုမှတ်​ကို သိ​အောင်​လုပ်​ပြီး ​မေးတ့ဲသူ​တောင်​ ရှိနိုင်​ပါတယ်​။ အ​မေးနွား​ကျောင်​းသား၊ အ​ဖြေဘုရား​လောင်​းလို့ ထင်​ရ​လောက်​​အောင်​ ​မေးကြမှာပါ။ သိချင်​ကြတာကိုး။

.

     ဒါဆို ​မေးတ့ဲသူ​တွေဘဲ ဦးစား​ပေး​နေရမှာလား ​မေးစရာရှိပါတယ်​။ ​ပြော​ရေးဆိုခွင်​့ရှိသူ တာဝန်​ခံထားသူအတွက်​​တော့ ဟုတ်​ပါတယ်​။ သူ မဖြေချင်​ရင်​ မ​တွေ့​သေးဖို့ဘဲ ရှိပါတယ်​။ လူချင်​း​တွေ့​နေရင်​​တောင်​ "​ပြောစရာ​လော​လောဆယ်​​ မရှိ​သေး​ကြောင်​း" ​ပြောလွှတ်​ဖို့ပါဘဲ။ ပြည်​ပမှာ​တော့ "no comment" ပါဘဲ။ တီ​ဗီသတင်​းတခုမှာ ​တွေ့ဘူးတာ သတိရပါတယ်​။ သတင်​း​ထောက်​​တွေက ကားတစီးအလာကို ​စောင်​့​နေကြပါတယ်​။ ကားလဲရပ်​​ရော ဆင်​းလာတ့ဲသူကို မိုက်​ခွက်​​တွေထိုးပြီး ​မေးကြ​တော့တာဘဲ။ အ​မေးခံရသူကလဲ တခွန်​းတည်​းကို ထပ်​ခါထပ်​ခါရွတ်​ရင်​း အထစ်​နှစ်​ဆယ်​​လောက်​ရှိတ့ဲ ​လှေကားကို တက်​သွားပါတယ်​။ သူရွတ်​သွားတာက "no comment , no comment" ချည်​းပါဘဲ။

.

     ပြည်​တွင်​း​ရော ပြည်​ပမှာပါ သတင်​းစာရှင်​းပွဲ အင်​တာ​ဗျူး​တွေမှာ ပွဲပျက်​​အောင်​ စိတ်​ဆိုးတာ​တွေ့ဘူးကြမှာပါ။ နဝတ တက်​ကာစက ​ဗိုလ်​ချုပ်​ခင်​ညွန်​့ဆို ရုပ်​ပျက်​​အောင်​ဖြစ်​ဘူးပါတယ်​။ သူ့တပည်​့ ​ဗိုလ်​မှူးသန်​ထွန်​းဆိုလျှင်​ စာအုပ်​​တွေပစ်​​ပေါက်​တ့ဲအဆင်​့ ​ရောက်​ဘူးပါတယ်​။ အနုပညာနယ်​ပယ်​ကသူ​တွေလဲ ဖြစ်​ဖူးကြပါတယ်​။ ​ရှေ့​လျောက်​လဲ ဖြစ်​​နေမှာပါ။ ဘာဖြစ်​လို့လဲဆို သူတို့က ​ပြော​ရေးဆိုခွင်​့ရှိသူ ပ​ရော်​ဖက်​ရှင်​နယ်​ မဟုတ်​လို့ပါဘဲ။

.

     လက်​ရှိအဖြစ်​အပျက်​အရကို မြန်​မာပြည်​မှာ အဲဒီပ​ရော်​ဖက်​ရှင်​နယ်​ လို​နေပြီဆိုတာကို ပြ​နေပါပြီ။ အရင်​စစ်​အစိုးရ​ခေတ်​တုံးက လုံခြုံ​ရေးအရ ဘယ်​သူ့ကိုမှ မယုံ​တော့ ကိုယ်​တိုင်​လုပ်​တာပါ။ ဒီကိစ္စက ​လေ့ကျင်​့ထားတ့ဲသူ​တွေမှ ခံနိုင်​မှာပါ။ တချို့​တွေမှာလဲ ​မွေးရာပါ​ဗီဇ ပါလာနိုင်​တ့ဲအတွက်​ သုံးလို့ရပါတယ်​။ ပ​ရော်​ဖက်​ရှင်​နယ်​ဆို သူ့ကို အသိ​ပေးထားသ​လောက်​ဘဲ ​ဖြေမှာပါ။ တာဝန်​ရှိသူများကလဲ လိုအပ်​သ​လောက်​ဘဲ အသိ​ပေးထားရမှာပါ။ တာဝန်​ရှိသူက တခါတ​လေ လိုအပ်​လာမှဘဲ တိုက်​ရိုက်​​မေးခွင်​့ ပြုနိုင်​ပါတယ်​။ မြန်​မာပြည်​မှာ တာဝန်​ရှိသူမှ ​ပြော​ရေးဆိုခွင်​့ရှိသူ တာဝန်​ယူရမယ်​လို့ မှတ်​ခ့ဲကြသလား မသိပါ။​ပြော​ရေးဆိုခွင်​့ရှိသူ ဝေ့ဝိုက်​​ဖြေနိုင်​ပါတယ်​။ ခုလက်​ရှိ ပုဂိ္ဂုလ်​ကြီး​တွေလို ​မေးတာတခြား ​ဖြေတာတခြား ရူးချင်​​ယောင်​​ဆောင်​ ​ဖြေလဲရပါတယ်​။ ငိုမပြရင်​ ပြီးတာပါဘဲ။

.

      ဘယ်​အဖွဲ့အစည်​းမဆို ​ပြော​ရေးဆိုခွင်​့ရှိသူ ပ​ရော်​ဖက်​ရှင်​နယ်​ သုံးသင်​့ပါပြီ။ ​ငွေ​ကြေးတတ်​နိုင်​တ့ဲ အနုပညာရှင်​​တွေလဲ သုံးသင်​့ပါတယ်​။ ဒီကိစ္စ ​ရေးလို မဆဲခင်​ အဆုံးသတ်​ ​ပြောပါရ​စေ။ ကျွန်​​တော်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ နဲ့ NLD ကိုဘဲ ​ထောက်​ခံသူပါခင်​​ဗျား။ ။

XxXxXx

(Zawgyi version )

      ဦးဝင္​းထိန္​ RFA ကို​ေျပာလိုက္​တာနဲ႔ပတ္​သက္​ၿပီး ​ေရးခ်င္​လာပါတယ္​။ ဦးဝင္​းထိန္​ကိုလဲ ရည္​ရြယ္​တာမဟုတ္​၊ NLD ကိုလဲ ရည္​ရြယ္​တာ မဟုတ္​ပါ။ ဒီမိုသစၥာ​ေဖာက္​​ေလာက္​နီးနီး တံဆိပ္​ကပ္​ခံရမွာ စိုးလို႔ပါ။
.
     ​ေျပာခ်င္​တာက​ေတာ့ #​ေျပာ​ေရးဆိုခြင္​့႐ွိသူ အ​ေၾကာင္​းပါဘဲ။ တစံုတ​ေယာက္​ (သို႔) အဖြဲ႔အစည္​းတခုရဲ႕ ​ေျပာ​ေရးဆိုခြင္​့႐ွိသူဆိုရင္​ အျပင္​လူ (သို႔) မီဒီယာ​ေတြနဲ႔ ​ေတြ႔ဖို႔ တာဝန္​​ေပးခံထားရတာပါ။ သူရဲ႕ အဓိကတာဝန္​က အျပင္​လူ​ေတြ သိခ်င္​တာ ​ေျပာျပဖို႔ပါဘဲ။ လူသိမ်ားတ့ဲ၊ လူအမ်ားစိတ္​ဝင္​စားတ့ဲ အဖြဲ႔အစည္​းဆိုရင္​ အဲဒီပုဂၢိဳလ္​ အရမ္​းအ​ေရးႀကီးပါတယ္​။ အဖြဲ႔ရဲ႕ ပံုရိပ္​လိုကို ျဖစ္​​ေနႏိုင္​တယ္​။ လူအမ်ားသိခ်င္​တ့ဲ အဖြဲ႔အစည္​းရဲ႕ ကိစၥ​ေတြကို သူ႔ဆီကတဆင္​့ သိရမွာဆို​ေတာ့ သူ႔ကိုဘဲ ​ေမးၾကရမွာပါ။ လူတိုင္​းစိတ္​ဝင္​စား​ေနတ့ဲ အဖြ႕ဲ ့အစည္​းဆို လူ​ေတြ သိခ်င္​စိတ္​ ပိုမ်ား​ေလ၊ ပို​ေမးၾက​ေလ ျဖစ္​မွာပါ။
.
     လူတိုင္​းက တိုက္​႐ိုက္​သြား မ​ေမးႏိုင္​​ေတာ့ မီဒီယာ​ေတြက ဒီအလုပ္​လုပ္​ၾကပါတယ္​။ မီဒီယာ​ေတြမွာလဲ လူအစံုပါ။ ​ေကာင္​းသူ​ေတြ႐ွိသလို ဆိုးသူ​ေတြလဲ ႐ွိမွာပါ။ ​ေခ်ာ့​ေမးသူ ႐ွိသလို ​ေခ်ာက္​​ေမးသူ​ေတြလဲ ႐ွိမွာပါ။ တခ်ိဳ႕ကလဲ စိတ္​တို​ေအာင္​ "ဆြ"​ ေမး​ေလ့႐ွိပါတယ္​။ ဒီလူရဲ႕ စိတ္​တိုမွတ္​ကို သိ​ေအာင္​လုပ္​ၿပီး ​ေမးတ့ဲသူ​ေတာင္​ ႐ွိႏိုင္​ပါတယ္​။ အ​ေမးႏြား​ေက်ာင္​းသား၊ အ​ေျဖဘုရား​ေလာင္​းလို႔ ထင္​ရ​ေလာက္​​ေအာင္​ ​ေမးၾကမွာပါ။ သိခ်င္​ၾကတာကိုး။
.
     ဒါဆို ​ေမးတ့ဲသူ​ေတြဘဲ ဦးစား​ေပး​ေနရမွာလား ​ေမးစရာ႐ွိပါတယ္​။ ​ေျပာ​ေရးဆိုခြင္​့႐ွိသူ တာဝန္​ခံထားသူအတြက္​​ေတာ့ ဟုတ္​ပါတယ္​။ သူ မေျဖခ်င္​ရင္​ မ​ေတြ႔​ေသးဖို႔ဘဲ ႐ွိပါတယ္​။ လူခ်င္​း​ေတြ႔​ေနရင္​​ေတာင္​ "​ေျပာစရာ​ေလာ​ေလာဆယ္​​ မ႐ွိ​ေသး​ေၾကာင္​း" ​ေျပာလႊတ္​ဖို႔ပါဘဲ။ ျပည္​ပမွာ​ေတာ့ "no comment" ပါဘဲ။ တီ​ဗီသတင္​းတခုမွာ ​ေတြ႔ဘူးတာ သတိရပါတယ္​။ သတင္​း​ေထာက္​​ေတြက ကားတစီးအလာကို ​ေစာင္​့​ေနၾကပါတယ္​။ ကားလဲရပ္​​ေရာ ဆင္​းလာတ့ဲသူကို မိုက္​ခြက္​​ေတြထိုးၿပီး ​ေမးၾက​ေတာ့တာဘဲ။ အ​ေမးခံရသူကလဲ တခြန္​းတည္​းကို ထပ္​ခါထပ္​ခါရြတ္​ရင္​း အထစ္​ႏွစ္​ဆယ္​​ေလာက္​႐ွိတ့ဲ ​ေလွကားကို တက္​သြားပါတယ္​။ သူရြတ္​သြားတာက "no comment , no comment" ခ်ည္​းပါဘဲ။
.
     ျပည္​တြင္​း​ေရာ ျပည္​ပမွာပါ သတင္​းစာ႐ွင္​းပြဲ အင္​တာ​ဗ်ဴး​ေတြမွာ ပြဲပ်က္​​ေအာင္​ စိတ္​ဆိုးတာ​ေတြ႔ဘူးၾကမွာပါ။ နဝတ တက္​ကာစက ​ဗိုလ္​ခ်ဳပ္​ခင္​ၫြန္​႔ဆို ႐ုပ္​ပ်က္​​ေအာင္​ျဖစ္​ဘူးပါတယ္​။ သူ႔တပည္​့ ​ဗိုလ္​မႉးသန္​ထြန္​းဆိုလွ်င္​ စာအုပ္​​ေတြပစ္​​ေပါက္​တ့ဲအဆင္​့ ​ေရာက္​ဘူးပါတယ္​။ အႏုပညာနယ္​ပယ္​ကသူ​ေတြလဲ ျဖစ္​ဖူးၾကပါတယ္​။ ​ေ႐ွ႕​ေလ်ာက္​လဲ ျဖစ္​​ေနမွာပါ။ ဘာျဖစ္​လို႔လဲဆို သူတို႔က ​ေျပာ​ေရးဆိုခြင္​့႐ွိသူ ပ​ေရာ္​ဖက္​႐ွင္​နယ္​ မဟုတ္​လို႔ပါဘဲ။
.
     လက္​႐ွိအျဖစ္​အပ်က္​အရကို ျမန္​မာျပည္​မွာ အဲဒီပ​ေရာ္​ဖက္​႐ွင္​နယ္​ လို​ေနၿပီဆိုတာကို ျပ​ေနပါၿပီ။ အရင္​စစ္​အစိုးရ​ေခတ္​တံုးက လံုျခံဳ​ေရးအရ ဘယ္​သူ႔ကိုမွ မယံု​ေတာ့ ကိုယ္​တိုင္​လုပ္​တာပါ။ ဒီကိစၥက ​ေလ့က်င္​့ထားတ့ဲသူ​ေတြမွ ခံႏိုင္​မွာပါ။ တခ်ိဳ႕​ေတြမွာလဲ ​ေမြးရာပါ​ဗီဇ ပါလာႏိုင္​တ့ဲအတြက္​ သံုးလို႔ရပါတယ္​။ ပ​ေရာ္​ဖက္​႐ွင္​နယ္​ဆို သူ႔ကို အသိ​ေပးထားသ​ေလာက္​ဘဲ ​ေျဖမွာပါ။ တာဝန္​႐ွိသူမ်ားကလဲ လိုအပ္​သ​ေလာက္​ဘဲ အသိ​ေပးထားရမွာပါ။ တာဝန္​႐ွိသူက တခါတ​ေလ လိုအပ္​လာမွဘဲ တိုက္​႐ိုက္​​ေမးခြင္​့ ျပဳႏိုင္​ပါတယ္​။ ျမန္​မာျပည္​မွာ တာဝန္​႐ွိသူမွ ​ေျပာ​ေရးဆိုခြင္​့႐ွိသူ တာဝန္​ယူရမယ္​လို႔ မွတ္​ခ့ဲၾကသလား မသိပါ။​ေျပာ​ေရးဆိုခြင္​့႐ွိသူ ေဝ့ဝိုက္​​ေျဖႏိုင္​ပါတယ္​။ ခုလက္​႐ွိ ပုဂိၢဳလ္​ႀကီး​ေတြလို ​ေမးတာတျခား ​ေျဖတာတျခား ႐ူးခ်င္​​ေယာင္​​ေဆာင္​ ​ေျဖလဲရပါတယ္​။ ငိုမျပရင္​ ၿပီးတာပါဘဲ။
.
      ဘယ္​အဖြဲ႔အစည္​းမဆို ​ေျပာ​ေရးဆိုခြင္​့႐ွိသူ ပ​ေရာ္​ဖက္​႐ွင္​နယ္​ သံုးသင္​့ပါၿပီ။ ​ေငြ​ေၾကးတတ္​ႏိုင္​တ့ဲ အႏုပညာ႐ွင္​​ေတြလဲ သံုးသင္​့ပါတယ္​။ ဒီကိစၥ ​ေရးလို မဆဲခင္​ အဆံုးသတ္​ ​ေျပာပါရ​ေစ။ ကြၽန္​​ေတာ္​ ​ေဒၚ​ေအာင္​ဆန္​းစုၾကည္​ နဲ႔ NLD ကိုဘဲ ​ေထာက္​ခံသူပါခင္​​ဗ်ား။ ။ 

16 November 2015

မဲပြတ်​ရခြင်​း အ​ကြောင်​းအချို့ ၂

(Unicode version)

       ပြီးခ့ဲတ့ဲ အပတ်​က​ရေးခ့ဲတ့ဲ မဲပြတ်​ရခြင်​း အ​ကြောင်​းအချို့ထဲမှာ ကျွန်​​တော်​့ညံ့ဖျင်​းမှု​ကြောင်​့ ဆိုက်​ကားဆရာ​တွေ မပါခ့ဲပါဘူး။ သူတို့သည်​လဲ အ​ရေးပါတ့ဲ​နေရာက ပါခ့ဲပါတယ်​။ ​ဒေါ်စုကိုယ်​တိုင်​က​တောင်​ အသိအမှတ်​ပြု စကားဆိုခ့ဲရပါတယ်​။

   ​နောက်​တဖွဲ့က နာမည်​​ကျော်​ မဘသ အဖွဲ့ကြီးပါ။ သူတို့အစပြုတ့ဲ တလင်​တမယားဥပ​ဒေ​ကြောင်​့ သူတို့ရည်​ရွယ်​တ့ဲ ဘာသာခြား​တွေရဲ့မဲ မရတ့ဲအပြင်​ ​ဗုဒ္ဓဘာသာဝင်​​တွေရဲ့ မဲ​တွေပါဆုံးခ့ဲပါတယ်​။ ခုချိန်​ထိ အဲဒီဥပ​ဒေ​ကြောင်​့ တရားစွဲခံရတာ ​​ဗုဒ္ဓဘာသာဝင်​​တွေချည်​းပါဘဲ။

   ​နောက်​ ပြည်​သူ​တွေရဲ့ စိတ်​ထဲမှာ မသိမသာနဲ့ အမြစ်​တွယ်​​နေတ့ဲ မ​ကြေနပ်​ချက်​တခု​ကြောင်​့လဲ ပါပါတယ်​။ ဒါက​တော့ တိုင်​းပြည်​လွတ်​လပ်​​ရေးဖခင်​ ​ဗိုလ်​ချုပ်​​အောင်​ဆန်​းကို လူမြင်​ကွင်​းမှ ဖယ်​ထုတ်​လိုက်​တာကိုပါ။

   ၁၉၈၈​နောက်​ပိုင်​း နဝတ​ခေတ်​မှာ ​ဒေါ်စုကို မနိုင်​တာနဲ့ သူ့ရဲ့ဖခင်​ ​ဗိုလ်​ချုပ်​ကို ပိုက်​ဆံ ၊ သတင်​းစာ၊ ဂျာနယ်​​တွေက​နေ ဖယ်​ထုတ်​ခ့ဲပါတယ်​။ ​ကျောင်​းသင်​ခန်​းစာများမှ ဖယ်​ထုတ်​ခ့ဲပါတယ်​။ နာစရာအ​ကောင်​းဆုံးက ​ဗိုလ်​ချုပ်​ပါတ့ဲ အာဇာနည်​​နေ ့ ကိုပါ ​သေးသိမ်​​မှေးမိန်​​အောင်​ လုပ်​ခ့ဲတာပါ။ ​ဗိုလ်​ချုပ်​ပုံ အိမ်​မှာထားလို့ အဖမ်​းခံရသူ​တွေ​တောင်​ ရှိခ့ဲပါတယ်​။

   ဒီအချက်​ဟာ စစ်​​ဗိုလ်​ချုပ်​​တွေရဲ့ အမှားများစွာထဲက အ​ရေးကြီးတ့ဲ အမှားပါဘဲ။ ဦးသိန်​းစိန်​ သမတဖြစ်​​တော့ ​နေရာပြန်​​ပေးလာ​ပေမ့ဲ ပိုက်​ဆံ​တွေ​ပေါ်မှာ တိရိစာၧန်​​တွေအစား ပြန်​သုံးဖို့ကို​တော့ အစိုးရ​ရော လွှတ်​​တော်​ကပါ ပယ်​ချခ့ဲပါတယ်​။

   တကယ်​က ​ဗိုလ်​ချုပ်​​အောင်​ဆန်​းသည်​ တပ်​မ​တော်​ရဲ့ ဖခင်​လဲ ဖြစ်​ပါတယ်​။ သမီးကို မ​ကြေနပ်​တာနဲ့ တပ်​မ​တော်​ရဲ့ဖခင်​ကို စာရင်​း​ဖျောက်​တာ တပ်​မ​တော်​အကြီးအကဲ​တွေဘဲ ဖြစ်​​နေတာ အင်​မတန်​ ​သေးသိမ်​ရာ​ရောက်​ပါတယ်​။ အဲဒီ နဝတ​ခေတ်​​ခေါင်​း​ဆောင်​ ​ဗိုလ်​​စော​မောင်​နဲ့ ​ဗိုလ်​တင်​ဦးက​တော့ မရှိ​တော့ပါဘူး။ ဒါ​ပေမ့ဲ ပိုမိုပါဝါရှိတ့ဲ ​ဗိုလ်​ခင်​ညွန်​့နဲ့ ​ဗိုလ်​သန်​း​ရွှေရှိပါ​သေးတယ်​။ သူတို့အထဲက ဘယ်​သူ့အိုင်​ဒီယာဆိုတာ ​ဖော်​ထုတ်​​ပေးရင်​ သမိုင်​းမှတ်​တမ်​း ဖြစ်​လာမှာပါ။ လက်​ရှိကြံ့ဖွံ့ဆရာကြီး​တွေက ဦး​ဆောင်​ပြီး​တော့​တောင်​ ​ဖော်​ထုတ်​သင်​့တယ်​ ထင်​ပါတယ်​။ ဘာလို့လဲဆို သူတို့မဲရးှုံ​အောင်​ လုပ်​ခ့ဲတ့ဲ အချက်​တချက်​ဖြစ်​​နေလို့ပါဘဲ။

XxXxXx

(Zawgyi version )

       ၿပီးခ့ဲတ့ဲ အပတ္​က​ေရးခ့ဲတ့ဲ မဲျပတ္​ရျခင္​း အ​ေၾကာင္​းအခ်ိဳ႕ထဲမွာ ကြၽန္​​ေတာ္​့ညံ့ဖ်င္​းမႈ​ေၾကာင္​့ ဆိုက္​ကားဆရာ​ေတြ မပါခ့ဲပါဘူး။ သူတို႔သည္​လဲ အ​ေရးပါတ့ဲ​ေနရာက ပါခ့ဲပါတယ္​။ ​ေဒၚစုကိုယ္​တိုင္​က​ေတာင္​ အသိအမွတ္​ျပဳ စကားဆိုခ့ဲရပါတယ္​။
   ​ေနာက္​တဖြဲ႔က နာမည္​​ေက်ာ္​ မဘသ အဖြဲ႔ႀကီးပါ။ သူတို႔အစျပဳတ့ဲ တလင္​တမယားဥပ​ေဒ​ေၾကာင္​့ သူတို႔ရည္​ရြယ္​တ့ဲ ဘာသာျခား​ေတြရဲ႕မဲ မရတ့ဲအျပင္​ ​ဗုဒၶဘာသာဝင္​​ေတြရဲ႕ မဲ​ေတြပါဆံုးခ့ဲပါတယ္​။ ခုခ်ိန္​ထိ အဲဒီဥပ​ေဒ​ေၾကာင္​့ တရားစြဲခံရတာ ​​ဗုဒၶဘာသာဝင္​​ေတြခ်ည္​းပါဘဲ။
   ​ေနာက္​ ျပည္​သူ​ေတြရဲ႕ စိတ္​ထဲမွာ မသိမသာနဲ႔ အျမစ္​တြယ္​​ေနတ့ဲ မ​ေၾကနပ္​ခ်က္​တခု​ေၾကာင္​့လဲ ပါပါတယ္​။ ဒါက​ေတာ့ တိုင္​းျပည္​လြတ္​လပ္​​ေရးဖခင္​ ​ဗိုလ္​ခ်ဳပ္​​ေအာင္​ဆန္​းကို လူျမင္​ကြင္​းမွ ဖယ္​ထုတ္​လိုက္​တာကိုပါ။
   ၁၉၈၈​ေနာက္​ပိုင္​း နဝတ​ေခတ္​မွာ ​ေဒၚစုကို မႏိုင္​တာနဲ႔ သူ႔ရဲ႕ဖခင္​ ​ဗိုလ္​ခ်ဳပ္​ကို ပိုက္​ဆံ ၊ သတင္​းစာ၊ ဂ်ာနယ္​​ေတြက​ေန ဖယ္​ထုတ္​ခ့ဲပါတယ္​။ ​ေက်ာင္​းသင္​ခန္​းစာမ်ားမွ ဖယ္​ထုတ္​ခ့ဲပါတယ္​။ နာစရာအ​ေကာင္​းဆံုးက ​ဗိုလ္​ခ်ဳပ္​ပါတ့ဲ အာဇာနည္​​ေန ့ ကိုပါ ​ေသးသိမ္​​ေမွးမိန္​​ေအာင္​ လုပ္​ခ့ဲတာပါ။ ​ဗိုလ္​ခ်ဳပ္​ပံု အိမ္​မွာထားလို႔ အဖမ္​းခံရသူ​ေတြ​ေတာင္​ ႐ွိခ့ဲပါတယ္​။
   ဒီအခ်က္​ဟာ စစ္​​ဗိုလ္​ခ်ဳပ္​​ေတြရဲ႕ အမွားမ်ားစြာထဲက အ​ေရးႀကီးတ့ဲ အမွားပါဘဲ။ ဦးသိန္​းစိန္​ သမတျဖစ္​​ေတာ့ ​ေနရာျပန္​​ေပးလာ​ေပမ့ဲ ပိုက္​ဆံ​ေတြ​ေပၚမွာ တိရိစာၧန္​​ေတြအစား ျပန္​သံုးဖို႔ကို​ေတာ့ အစိုးရ​ေရာ လႊတ္​​ေတာ္​ကပါ ပယ္​ခ်ခ့ဲပါတယ္​။
   တကယ္​က ​ဗိုလ္​ခ်ဳပ္​​ေအာင္​ဆန္​းသည္​ တပ္​မ​ေတာ္​ရဲ႕ ဖခင္​လဲ ျဖစ္​ပါတယ္​။ သမီးကို မ​ေၾကနပ္​တာနဲ႔ တပ္​မ​ေတာ္​ရဲ႕ဖခင္​ကို စာရင္​း​ေဖ်ာက္​တာ တပ္​မ​ေတာ္​အႀကီးအကဲ​ေတြဘဲ ျဖစ္​​ေနတာ အင္​မတန္​ ​ေသးသိမ္​ရာ​ေရာက္​ပါတယ္​။ အဲဒီ နဝတ​ေခတ္​​ေခါင္​း​ေဆာင္​ ​ဗိုလ္​​ေစာ​ေမာင္​နဲ႔ ​ဗိုလ္​တင္​ဦးက​ေတာ့ မ႐ွိ​ေတာ့ပါဘူး။ ဒါ​ေပမ့ဲ ပိုမိုပါဝါ႐ွိတ့ဲ ​ဗိုလ္​ခင္​ၫြန္​႔နဲ႔ ​ဗိုလ္​သန္​း​ေရႊ႐ွိပါ​ေသးတယ္​။ သူတို႔အထဲက ဘယ္​သူ႔အိုင္​ဒီယာဆိုတာ ​ေဖာ္​ထုတ္​​ေပးရင္​ သမိုင္​းမွတ္​တမ္​း ျဖစ္​လာမွာပါ။ လက္​႐ွိၾကံ့ဖြံ႔ဆရာႀကီး​ေတြက ဦး​ေဆာင္​ၿပီး​ေတာ့​ေတာင္​ ​ေဖာ္​ထုတ္​သင္​့တယ္​ ထင္​ပါတယ္​။ ဘာလို႔လဲဆို သူတို႔မဲ႐းႈံ​ေအာင္​ လုပ္​ခ့ဲတ့ဲ အခ်က္​တခ်က္​ျဖစ္​​ေနလို႔ပါဘဲ။ 

01 November 2015

နှလုံးသားအစစ်​နဲ့ အုပ်​ချုပ်​သူ

(Unicode version )

       ကျွန်​​တော်​့ရဲ့ ဘ​လော့ဂ်​ aplar.blogspot မှာ လွန်​ခ့ဲတ့ဲ နှစ်​နှစ်​​လောက်​အထိ သမတကြီးကို ယုံကြည်​​ထောက်​ခံပြီး ​ရေးခ့ဲဘူးပါတယ်​။ နိုဘယ်​ငြိမ်​းချမ်​း​ရေးဆုအတွက်​ အမည်​တင်​သွင်​းခံရတုံးကဆို မြန်​မာနိုင်​ငံ အတွက်​ ​ဂုဏ်​ယူခ့ဲပါတယ်​။ ရခ့ဲရင်​ အာရှမှာမဆိုနဲ့ ကမ္ဘာမှာ​တောင်​ မျက်​နှာပွင်​့ပြီလို့ ထင်​ခ့ဲတာပါ။ သမတရဲ့ ​ငွေ​ကြေးအရှုပ်​အရှင်​းကင်​းမှု၊ မိသားစု အရှုပ်​အ​ထွေးမရှိမှုတို့အတွက်​ သ​ဘောကျခ့ဲပါတယ်​။

.

   ​နောက်​ပိုင်​းမှာ​တော့ တ​ဖြေး​ဖြေး​လျော့လာပါတယ်​။ ဒါ​ပေမ့ဲ ​ရွေး​ကောက်​ပွဲ မဲဆွယ်​တ့ဲအထိ ထင်​ထားတာ တခုရှိပါတယ်​။ သူ့လူ​တွေ ​တော​ပြော​တောင်​​ရောက်​ ဖြစ်​​နေတာ ပါတီဥက္ကဌ အ​နေနဲ့ ထိမ်​းမယ်​လို့ဘဲ။ တချို့ဆို မ​ပြောရင်​​တောင်​ မဲရဦးမယ်​။ ​ပြောလိုက်​မှ ဝက်​ဝက်​ကွဲတာဘဲ။ မရှုမလှ။ ​နောက်​ဆုံးကျ​တော့ သမတကြီးကိုယ်​တိုင်​ ​ပြောလိုက်​ပါတယ်​။ ပြည်​သူ​တွေက ဘာ​ပြောင်​းချင်​တာလဲ၊ ​ပြောင်​းစရာ ကွန်​မြူနစ်​စံနစ်​ဘဲ ရှိ​တော့တယ်​ဆိုတ့ဲ သ​ဘောမျိုး ​ပြောတယ်​လို့ ကြားလိုက်​ပါတယ်​။ ကြားကြားချင်​း မယုံခ့ဲပါဘူး။

.

     သတင်​း​တွေမှာ ဖတ်​လိုက်​ရမှ အ့ံသြစွာ ယုံလိုက်​ရပါတယ်​။ ပြည်​သူ​တွေ ဘာအ​ပြောင်​းအလဲကို လိုချင်​တာလဲ တကယ်​မသိတာလား။ အကြံ​ပေးတပည်​့​တွေ​ကြောင်​့ မသိ​တော့တာလား။ အတင်​းကို မသိဘူး လုပ်​လိုက်​တာလား ​ဝေခွဲမရ​တော့ပါ။ ​ဖေ့ဘုတ်​​ပေါ်မှာ​တော့ ဘာ​တွေ​ပြောင်​းလဲချင်​​နေသလဲ ဝိုင်​း​ရေးကြပါ​တော့တယ်​။ တချို့များ ၁၂၃၄နံပတ်​တပ်​​ရေးတာ ၂၀ ​လောက်​အထိ ​ရောက်​တယ်​။ ကျွန်​​တော်​လဲ ပြန်​​ပြောချင်​လွန်​းလို့ စဉ်​းစားမိတာ​တွေ များ​နေတယ်​။ တချက်​ထဲနဲ့ သ​ဘော​ပေါက်​​အောင်​ ​ရေးနိုင်​ဖို့ စဉ်​းစား​နေတာ ခုမှဘဲ ရပါ​တော့တယ်​။

.

     သမတကြီးဖြစ်​တ့ဲအတွက်​ ​လေး​လေးစားစား ယဉ်​ယဉ်​​ကျေး​ကျေး စာ​ကြောင်​း​လေး ​ရွေးခ့ဲရပါတယ်​။ သမတကြီးခင်​​ဗျား၊ ပြည်​သူ​တွေ လိုချင်​တ့ဲ အ​ပြောင်​းအလဲကို တချက်​တည်​းနဲ့ ​ပြောရမယ်​ဆို

`ပြည်​သူကို နှလုံးသားအစစ်​နဲ့ အုပ်​ချုပ်​မ့ဲသူ´

လိုချင်​တာပါဘဲ ခင်​​ဗျား။ ပြည်​သူ​တွေ ဝန်​ထမ်​း​တွေ တပ်​မ​တော်​သား​တွေ တိုင်​းရင်​းသား​တွေ အလုပ်​သမား ​ကျောင်​းသူ​ကျောင်​းသား​တွေရဲ့ ခံစား​နေရမှုကို နားလည်​​ပေးနိုင်​မ့ဲ နှလုံးသားအစစ်​ရှိတ့ဲ ​ခေါင်​း​ဆောင်​လိုချင်​တာပါခင်​​ဗျား။



မှတ်​ချက်​။ ။ ဒီ​နေ့ည​နေ​လေးနာရီမှာ နှလုံးသားအစစ်​ရှိသူ လာမယ်​ဆိုလို့ ပြည်​သူ​တွေ သုဝဏ္ဏကို ချီတက်​​နေကြ​လေရဲ့။

XxXxXx

(Zawgyi version )

       ကြၽန္​​ေတာ္​့ရဲ႕ ဘ​ေလာ့ဂ္​ aplar.blogspot မွာ လြန္​ခ့ဲတ့ဲ ႏွစ္​ႏွစ္​​ေလာက္​အထိ သမတႀကီးကို ယံုၾကည္​​ေထာက္​ခံၿပီး ​ေရးခ့ဲဘူးပါတယ္​။ ႏိုဘယ္​ၿငိမ္​းခ်မ္​း​ေရးဆုအတြက္​ အမည္​တင္​သြင္​းခံရတံုးကဆို ျမန္​မာႏိုင္​ငံ အတြက္​ ​ဂုဏ္​ယူခ့ဲပါတယ္​။ ရခ့ဲရင္​ အာ႐ွမွာမဆိုနဲ႔ ကမာၻမွာ​ေတာင္​ မ်က္​ႏွာပြင္​့ၿပီလို႔ ထင္​ခ့ဲတာပါ။ သမတရဲ႕ ​ေငြ​ေၾကးအ႐ႈပ္​အ႐ွင္​းကင္​းမႈ၊ မိသားစု အ႐ႈပ္​အ​ေထြးမ႐ွိမႈတို႔အတြက္​ သ​ေဘာက်ခ့ဲပါတယ္​။
.
   ​ေနာက္​ပိုင္​းမွာ​ေတာ့ တ​ေျဖး​ေျဖး​ေလ်ာ့လာပါတယ္​။ ဒါ​ေပမ့ဲ ​ေရြး​ေကာက္​ပြဲ မဲဆြယ္​တ့ဲအထိ ထင္​ထားတာ တခု႐ွိပါတယ္​။ သူ႔လူ​ေတြ ​ေတာ​ေျပာ​ေတာင္​​ေရာက္​ ျဖစ္​​ေနတာ ပါတီဥကၠဌ အ​ေနနဲ႔ ထိမ္​းမယ္​လို႔ဘဲ။ တခ်ိဳ႕ဆို မ​ေျပာရင္​​ေတာင္​ မဲရဦးမယ္​။ ​ေျပာလိုက္​မွ ဝက္​ဝက္​ကြဲတာဘဲ။ မ႐ႈမလွ။ ​ေနာက္​ဆံုးက်​ေတာ့ သမတႀကီးကိုယ္​တိုင္​ ​ေျပာလိုက္​ပါတယ္​။ ျပည္​သူ​ေတြက ဘာ​ေျပာင္​းခ်င္​တာလဲ၊ ​ေျပာင္​းစရာ ကြန္​ျမဴနစ္​စံနစ္​ဘဲ ႐ွိ​ေတာ့တယ္​ဆိုတ့ဲ သ​ေဘာမ်ိဳး ​ေျပာတယ္​လို႔ ၾကားလိုက္​ပါတယ္​။ ၾကားၾကားခ်င္​း မယံုခ့ဲပါဘူး။
.
     သတင္​း​ေတြမွာ ဖတ္​လိုက္​ရမွ အ့ံၾသစြာ ယံုလိုက္​ရပါတယ္​။ ျပည္​သူ​ေတြ ဘာအ​ေျပာင္​းအလဲကို လိုခ်င္​တာလဲ တကယ္​မသိတာလား။ အၾကံ​ေပးတပည္​့​ေတြ​ေၾကာင္​့ မသိ​ေတာ့တာလား။ အတင္​းကို မသိဘူး လုပ္​လိုက္​တာလား ​ေဝခြဲမရ​ေတာ့ပါ။ ​ေဖ့ဘုတ္​​ေပၚမွာ​ေတာ့ ဘာ​ေတြ​ေျပာင္​းလဲခ်င္​​ေနသလဲ ဝိုင္​း​ေရးၾကပါ​ေတာ့တယ္​။ တခ်ိဳ႕မ်ား ၁၂၃၄နံပတ္​တပ္​​ေရးတာ ၂၀ ​ေလာက္​အထိ ​ေရာက္​တယ္​။ ကြၽန္​​ေတာ္​လဲ ျပန္​​ေျပာခ်င္​လြန္​းလို႔ စဥ္​းစားမိတာ​ေတြ မ်ား​ေနတယ္​။ တခ်က္​ထဲနဲ႔ သ​ေဘာ​ေပါက္​​ေအာင္​ ​ေရးႏိုင္​ဖို႔ စဥ္​းစား​ေနတာ ခုမွဘဲ ရပါ​ေတာ့တယ္​။
.
     သမတႀကီးျဖစ္​တ့ဲအတြက္​ ​ေလး​ေလးစားစား ယဥ္​ယဥ္​​ေက်း​ေက်း စာ​ေၾကာင္​း​ေလး ​ေရြးခ့ဲရပါတယ္​။ သမတႀကီးခင္​​ဗ်ား၊ ျပည္​သူ​ေတြ လိုခ်င္​တ့ဲ အ​ေျပာင္​းအလဲကို တခ်က္​တည္​းနဲ႔ ​ေျပာရမယ္​ဆို
`ျပည္​သူကို ႏွလံုးသားအစစ္​နဲ႔ အုပ္​ခ်ဳပ္​မ့ဲသူ´
လိုခ်င္​တာပါဘဲ ခင္​​ဗ်ား။ ျပည္​သူ​ေတြ ဝန္​ထမ္​း​ေတြ တပ္​မ​ေတာ္​သား​ေတြ တိုင္​းရင္​းသား​ေတြ အလုပ္​သမား ​ေက်ာင္​းသူ​ေက်ာင္​းသား​ေတြရဲ႕ ခံစား​ေနရမႈကို နားလည္​​ေပးႏိုင္​မ့ဲ ႏွလံုးသားအစစ္​႐ွိတ့ဲ ​ေခါင္​း​ေဆာင္​လိုခ်င္​တာပါခင္​​ဗ်ား။

မွတ္​ခ်က္​။ ။ ဒီ​ေန႔ည​ေန​ေလးနာရီမွာ ႏွလံုးသားအစစ္​႐ွိသူ လာမယ္​ဆိုလို႔ ျပည္​သူ​ေတြ သုဝဏၰကို ခ်ီတက္​​ေနၾက​ေလရဲ႕။