29 September 2019

သီတင်းကျွတ်လ တံဆိပ်ခေါင်း








(Unicode version)

   လစဥ် ရာသီနဲ့ပန်း တံဆိပ်ခေါင်းစီးရီးအဖြစ် သီတင်းကျွတ်လအတွက် ယနေ့ထုတ်ဝေသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ကြာပန်းဖြစ်သည်။
.
ယခင် ဤစီးရီးအတွက် ထုတ်ခဲ့သမျှ တံဆိပ်ခေါင်းများသည် အဖြူအခံများခဲ့သည်။ သီတင်းကျွတ်လ မီးထွန်းပွဲကို ပိုမိုပေါ်လွင်စေရန်အတွက် အနက်အခံသုံးလိုက်သဖြင့် ထူးခြားနေသည်။ ကြာပန်းလေးလည်း ပိုပေါ်လွင်လာသည်။
.
တံဆိပ်ခေါင်းတန်ဖိုးမှာ ၂၀၀ကျပ်ဖြစ်သည်။ ၂၀၀ကျပ်တန် FDC လည်း ထုတ်ဝေသည်။


XxXxXx

(Zawgyi version )

   လစဥ္ ရာသီနဲ႕ပန္း တံဆိပ္ေခါင္းစီးရီးအျဖစ္ သီတင္းကြၽတ္လအတြက္ ယေန႕ထုတ္ေဝသည္။ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ႏွင့္ ၾကာပန္းျဖစ္သည္။
.
ယခင္ ဤစီးရီးအတြက္ ထုတ္ခဲ့သမွ် တံဆိပ္ေခါင္းမ်ားသည္ အျဖဴအခံမ်ားခဲ့သည္။ သီတင္းကြၽတ္လ မီးထြန္းပြဲကို ပိုမိုေပၚလြင္ေစရန္အတြက္ အနက္အခံသုံးလိုက္သျဖင့္ ထူးျခားေနသည္။ ၾကာပန္းေလးလည္း ပိုေပၚလြင္လာသည္။
.
တံဆိပ္ေခါင္းတန္ဖိုးမွာ ၂၀၀က်ပ္ျဖစ္သည္။ ၂၀၀က်ပ္တန္ FDC လည္း ထုတ္ေဝသည္။ 

26 September 2019

မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်း၊

(Unicode version)

   မြန်မာပြည်အတွက် ပထမဆုံးတံဆိပ်ခေါင်းလို့ အမည်တပ်ရတာက အကြောင်းရှိပါတယ်။ ဗြိတိသျှလက်အောက်မှာ မြန်မာနိုင်ငံက အန္ဒိယပြည်ရဲ့ ပြည်နယ်တခုသာ ဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်တံဆိပ်ခေါင်း ထုတ်လုပ်သုံးစွဲခွင့် မရှိခဲ့ပါဘူး။
.
ခွဲရေးတွဲရေး နိုင်ငံရေးလှုပ်ရှားမှုတွေ အပြီးမှာ မြန်မာပြည်က အန္ဒိယမှ ခွဲထွက်ခွင့်ရခဲ့ပါတယ်။ သို့သော်လည်း ဗြိတိသျှလက်အောက်မှာရှိနေဆဲ ကိုလိုနီနယ်တခုသာ ဖြစ်နေဆဲမို့ ဗြိတိန်မှ အင်္ဂလန်ဘုရင်ပုံနဲ့ဘဲ ထုတ်ဝေသုံးစွဲရမှာပါ။ အင်္ဂလန်ဘုရင်ပုံနဲ့ BURMA POSTAGE လို့ စတင်ရိုက်နှိပ် သုံးစွဲရမှာပါ။
.
၁၉၃၇ ဧပြီတစ်ရက်မှာ စခွဲထွက်သော်လည်း တံဆိပ်ခေါင်းအသစ် ရိုပ်နှိပ်နိုင်ခြင်း မရှိလို့ သုံးလက်စ အန္ဒိယတံဆိပ်ခေါင်းပေါ်မှာဘဲ BURMA လို့ ထပ်ရိုက်ပြီး စတင်သုံးစွဲခဲ့ပါတယ်။ မြန်မာပြည်အတွက် စသုံးခဲ့သော်လည်း မြန်မာတံဆိပ်ခေါင်း မစစ်သလိုဖြစ်နေပါတယ်။ ဦးကျော်မြင့်မောင်ရဲ့ မြန်မာတံဆိပ်ခေါင်းများ စာအုပ်မှာတော့ အဲ့ဒီအချိန်က အင်္ဂလန်မှာ ဘုရင်အပြောင်းအလဲဖြစ်တာနဲ့လည်း ဆိုင်နေပါတယ်။
.
အဲဒီခေတ်သုံးငွေ ၃ပိုင်ကစပြီး ၂၅ရူပီး အထိ တံဆိပ်ခေါင်း၁၈ခေါင်း ထုတ်ဝေခဲ့ပါတယ်။ အစိုးရသုံးကိစ္စများအတွက်တော့ SERVICE လို့ အပေါ်ကနှိပ်ထားတဲ့ တံဆိပ်ခေါင်း ၁၄ခေါင်း ထုတ်ဝေခဲ့ပါတယ်။ တံဆိပ်ခေါင်းကျွမ်းကျင်သူတဦးရဲ့ အဆိုအရ ၁၈ခေါင်းတစုံကို ဗြိတိန်ပေါင်၄၀၀၀၊ မြန်မာငွေ ကျပ်သိန်း၈၀ခန့် စျေးပေါက်နေကြောင်းပါ။


XxXxXx

(Zawgyi version )

   ျမန္မာျပည္အတြက္ ပထမဆုံးတံဆိပ္ေခါင္းလို႔ အမည္တပ္ရတာက အေၾကာင္းရွိပါတယ္။ ၿဗိတိသွ်လက္ေအာက္မွာ ျမန္မာနိုင္ငံက အႏၵိယျပည္ရဲ႕ ျပည္နယ္တခုသာ ျဖစ္ခဲ့ပါတယ္။ ကိုယ္ပိုင္တံဆိပ္ေခါင္း ထုတ္လုပ္သုံးစြဲခြင့္ မရွိခဲ့ပါဘူး။
.
ခြဲေရးတြဲေရး နိုင္ငံေရးလႈပ္ရွားမႈေတြ အၿပီးမွာ ျမန္မာျပည္က အႏၵိယမွ ခြဲထြက္ခြင့္ရခဲ့ပါတယ္။ သို႔ေသာ္လည္း ၿဗိတိသွ်လက္ေအာက္မွာရွိေနဆဲ ကိုလိုနီနယ္တခုသာ ျဖစ္ေနဆဲမို႔ ၿဗိတိန္မွ အဂၤလန္ဘုရင္ပုံနဲ႕ဘဲ ထုတ္ေဝသုံးစြဲရမွာပါ။ အဂၤလန္ဘုရင္ပုံနဲ႕ BURMA POSTAGE လို႔ စတင္ရိုက္ႏွိပ္ သုံးစြဲရမွာပါ။
.
၁၉၃၇ ဧၿပီတစ္ရက္မွာ စခြဲထြက္ေသာ္လည္း တံဆိပ္ေခါင္းအသစ္ ရိုပ္ႏွိပ္နိုင္ျခင္း မရွိလို႔ သုံးလက္စ အႏၵိယတံဆိပ္ေခါင္းေပၚမွာဘဲ BURMA လို႔ ထပ္ရိုက္ၿပီး စတင္သုံးစြဲခဲ့ပါတယ္။ ျမန္မာျပည္အတြက္ စသုံးခဲ့ေသာ္လည္း ျမန္မာတံဆိပ္ေခါင္း မစစ္သလိုျဖစ္ေနပါတယ္။ ဦးေက်ာ္ျမင့္ေမာင္ရဲ႕ ျမန္မာတံဆိပ္ေခါင္းမ်ား စာအုပ္မွာေတာ့ အဲ့ဒီအခ်ိန္က အဂၤလန္မွာ ဘုရင္အေျပာင္းအလဲျဖစ္တာနဲ႕လည္း ဆိုင္ေနပါတယ္။
.
အဲဒီေခတ္သုံးေငြ ၃ပိုင္ကစၿပီး ၂၅႐ူပီး အထိ တံဆိပ္ေခါင္း၁၈ေခါင္း ထုတ္ေဝခဲ့ပါတယ္။ အစိုးရသုံးကိစၥမ်ားအတြက္ေတာ့ SERVICE လို႔ အေပၚကႏွိပ္ထားတဲ့ တံဆိပ္ေခါင္း ၁၄ေခါင္း ထုတ္ေဝခဲ့ပါတယ္။ တံဆိပ္ေခါင္းကြၽမ္းက်င္သူတဦးရဲ႕ အဆိုအရ ၁၈ေခါင္းတစုံကို ၿဗိတိန္ေပါင္၄၀၀၀၊ ျမန္မာေငြ က်ပ္သိန္း၈၀ခန့္ ေစ်းေပါက္ေနေၾကာင္းပါ။ 

22 September 2019

အခွန်ဖြေလျော့ပေးတဲ့ ဥပဒေကိစ္စ၊

(Unicode version)

   အခွန်စည်းကျပ်မှုမှ လွတ်နေတဲ့ ငွေများကို အခွန်လျော့ဆောင်ပြီး ငွေဖြူဖြစ်အောင်လုပ်တဲ့ ဥပဒေကို လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဗိုလ်လိုဆိုရင် tax amnesty ခေါ်ပြီး အရပ်စကားနဲ့ ငွေမဲကိုငွေဖြူလုပ်ခွင့်လို့ဘဲ ခေါ်ဝေါ်သတ်မှတ်ကြမယ်ထင်ပါတယ်။
.
နိုင်ငံတကာမှာလည်း ဒီလိုလုပ်ပေးတာတွေ ရှိခဲ့ပါသတဲ့။ အစိုးရညံ့တွေ အုပ်ချုပ်ခဲ့လို့ ပုံမှန်ဝင်ငွေခွန် မကောက်နိုင်ခဲ့တာ ကြာခဲ့ရင် ဒီလိုလုပ်ပေးရမှာဘဲထင်တယ်။ ပုံမှန်ငွေဖြူတွေဖြစ်မှ တရားဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်လို့ရမှာကိုး။ မြန်မာပြည်မှာတော့ နဝတတက်ခါစက တကြိမ်လုပ်ခွင့်ပြုတာ မှတ်မိနေတယ်။
.
ထုံးစံအတိုင်း နှစ်ဖက်ဝေဖန်မှုတွေ ထွက်လာတာပေါ့။ ထောက်ခံတဲ့စကားတွေ လွှတ်တော်မှာဆွေးနွေးပြီးပါပြီ။ လုပ်သင့်တဲ့အချိန်မလို့ လုပ်ပေးတာဘဲဖြစ်မှာပါ။ ဖေ့ဘုတ်မှာတွေ့ရသလောက် ကားဝယ်ရင်ဆောင်ရတဲ့အခွန် သိန်းသုံးလေးဆယ်လျော့လို့ ပြောကြတာဘဲရှိတယ်။ သိန်းသောင်းချီတဲ့ အိမ်ခြံတွေနဲ့ ကွန်ဒိုတွေ လှုပ်သံမကြားရသေးဘူး။ အရောင်းအဝယ်ပြန်ဖြစ်တောင် အရင်ခေတ်နှူန်း ပြန်ရမယ်မထင်ပါ။
.
ဒီဥပဒေကို အပစ်မြင်သူတွေလည်း တွေ့ရတယ်။ NLDအစိုးရလုပ်လို့ အပစ်တင်ကြတာလား မသိဘူး။ သူတို့ပြောတာတချို့ လွဲနေတယ်ထင်တာဘဲ။ ပထမဆုံး တချက်က ရွေးကောက်ပွဲ မဲဆွယ်ဖို့လုပ်တာ ဖြစ်နိုင်သတဲ့။ စလွဲပါပြီ တက်တက်စင်။ ငွေမဲတွေရှိသူအများစု ဘယ်သူတွေဆိုတာ သိကြမှာပါ။ ဒီလူတွေ တိတ်တိတ်လေး ငွေတွေသွားဖွတ်လျှော်နေမှာ သေချာပေမယ့် NLDပါတီကို ထောက်ခံမဲ့သူတွေ မဟုတ်ပါဘူး။
.
နောက်တချက်က ပုံမှန်ဝင်ငွေခွန်ဆောင်နေသူတွေ မပေးဘဲနေမယ်တဲ့။ အစောကပြောသလို အစိုးရကောင်းခေတ်မှာ ဒါမျိုးမဖြစ်အောင် လုပ်ရမှာပါ။ ပုံမှန်ဝင်ငွေခွန် ကောက်နိုင်နေခဲ့ရင် ဒါမျိုးအခွင့်အ​ရေး ထပ်ပေးစရာ အကြောင်းမရှိပါဘူး။ အစိုးရအနေနဲ့ ကြပ်မတ်ပေးဖို့ လိုပါလိမ့်မယ်။ ခုအခွန်လျှော့ပေးတာလည်း သက်တမ်းတနှစ်ဘဲတဲ့။
.
အဆိုးဆုံး အပစ်ပြောတာက တရားဝင်အခွန်ဆောင်ရတာကို စိတ်ပျက်သွားမယ်။  နောင်မှာ ဒီလိုအခွင့်အရေးမျိုးလာမှာဘဲလို့ မျှော်ကိုးပြီး တရားမဝင်အလုပ်တွေနဲ့ ငွေရှာပြီး ထိုင်စောင့်ချင်စိတ် ပေါ်လာနိုင်တယ်တဲ့။ အလွဲဆုံးပါဘဲ။ တရားမဝင်စီးပွားရှာတာ အခွန်စည်းကြပ်နှူန်းနဲ့ လုံးဝကို မပတ်သက်ပါ။ မည်သည့် အခွန်နှူန်းထားနဲ့ အခွန်ကောက်သည်ဖြစ်စေ တရားမဝင်စီးပွားရှာတာ ခွင့်မပြုပါ။ အရင်အစိုးရတွေ လစ်လျှူရှုသလိုလုပ်ခဲ့လို့ အခုကိစ္စ ပေါ်ပေါက်လာတာပါ။ အခွန်ကောက်ခံမှု မှန်ကန်နေတယ်လို့ ပြောလို့ရတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေမှာတောင် တရားမဝင် စီးပွားရှာတာနဲ့ အခွန်ရှောင်ဖို့ ကြိုးစားတာတွေ ရှိနေတာပါဘဲ။ အစိုးရအနေနဲ့ ဒါတွေကို ဖော်ထုတ်အရေးယူဖို့ဘဲ လုပ်ရမှာပါ။
.
ဒီဥပဒေ ဖော်ဆောင်မယ့် လက်ရှိအစိုးရလည်း ဒီကိစ္စတွေ မဖြစ်အောင် ကြီးကြပ်ရတော့မှာပါ။ တာဝန်ရှိသွားပါပြီ။ အရင် အစိုးရအဆက်ဆက် ပျက်စီးခဲ့တဲ့ ဝင်ငွေခွန်၊  အမှန်ဆောင်ဖို့ ပြန်လုပ်ပေးရမှာပါ။ အခွန်ဆောင် ပြည်သူတွေကို ရှင်းပြစည်းရုံးဖို့ လိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ အဓိကလုပ်ရမှာကတော့ ဝင်ငွေခွန်ကောက်တဲ့ဌာနက ဝန်ထမ်းတွေကို စည်းကမ်းထိမ်း အရေးယူဖို့ပါဘဲဗျာ။


XxXxXx

(Zawgyi version)

   အခြန္စည္းက်ပ္မႈမွ လြတ္ေနတဲ့ ေငြမ်ားကို အခြန္ေလ်ာ့ေဆာင္ၿပီး ေငြျဖဴျဖစ္ေအာင္လုပ္တဲ့ ဥပေဒကို လႊတ္ေတာ္က အတည္ျပဳေပးလိုက္ပါၿပီ။ ဗိုလ္လိုဆိုရင္ tax amnesty ေခၚၿပီး အရပ္စကားနဲ႕ ေငြမဲကိုေငြျဖဴလုပ္ခြင့္လို႔ဘဲ ေခၚေဝၚသတ္မွတ္ၾကမယ္ထင္ပါတယ္။
.
နိုင္ငံတကာမွာလည္း ဒီလိုလုပ္ေပးတာေတြ ရွိခဲ့ပါသတဲ့။ အစိုးရညံ့ေတြ အုပ္ခ်ဳပ္ခဲ့လို႔ ပုံမွန္ဝင္ေငြခြန္ မေကာက္နိုင္ခဲ့တာ ၾကာခဲ့ရင္ ဒီလိုလုပ္ေပးရမွာဘဲထင္တယ္။ ပုံမွန္ေငြျဖဴေတြျဖစ္မွ တရားဝင္စီးပြားေရးလုပ္ငန္းေတြ လုပ္လို႔ရမွာကိုး။ ျမန္မာျပည္မွာေတာ့ နဝတတက္ခါစက တႀကိမ္လုပ္ခြင့္ျပဳတာ မွတ္မိေနတယ္။
.
ထုံးစံအတိုင္း ႏွစ္ဖက္ေဝဖန္မႈေတြ ထြက္လာတာေပါ့။ ေထာက္ခံတဲ့စကားေတြ လႊတ္ေတာ္မွာေဆြးႏြေးၿပီးပါၿပီ။ လုပ္သင့္တဲ့အခ်ိန္မလို႔ လုပ္ေပးတာဘဲျဖစ္မွာပါ။ ေဖ့ဘုတ္မွာေတြ႕ရသေလာက္ ကားဝယ္ရင္ေဆာင္ရတဲ့အခြန္ သိန္းသုံးေလးဆယ္ေလ်ာ့လို႔ ေျပာၾကတာဘဲရွိတယ္။ သိန္းေသာင္းခ်ီတဲ့ အိမ္ၿခံေတြနဲ႕ ကြန္ဒိုေတြ လႈပ္သံမၾကားရေသးဘူး။ အေရာင္းအဝယ္ျပန္ျဖစ္ေတာင္ အရင္ေခတ္ႏႉန္း ျပန္ရမယ္မထင္ပါ။
.
ဒီဥပေဒကို အပစ္ျမင္သူေတြလည္း ေတြ႕ရတယ္။ NLDအစိုးရလုပ္လို႔ အပစ္တင္ၾကတာလား မသိဘူး။ သူတို႔ေျပာတာတခ်ိဳ႕ လြဲေနတယ္ထင္တာဘဲ။ ပထမဆုံး တခ်က္က ေ႐ြးေကာက္ပြဲ မဲဆြယ္ဖို႔လုပ္တာ ျဖစ္နိုင္သတဲ့။ စလြဲပါၿပီ တက္တက္စင္။ ေငြမဲေတြရွိသူအမ်ားစု ဘယ္သူေတြဆိုတာ သိၾကမွာပါ။ ဒီလူေတြ တိတ္တိတ္ေလး ေငြေတြသြားဖြတ္ေလွ်ာ္ေနမွာ ေသခ်ာေပမယ့္ NLDပါတီကို ေထာက္ခံမဲ့သူေတြ မဟုတ္ပါဘူး။
.
ေနာက္တခ်က္က ပုံမွန္ဝင္ေငြခြန္ေဆာင္ေနသူေတြ မေပးဘဲေနမယ္တဲ့။ အေစာကေျပာသလို အစိုးရေကာင္းေခတ္မွာ ဒါမ်ိဳးမျဖစ္ေအာင္ လုပ္ရမွာပါ။ ပုံမွန္ဝင္ေငြခြန္ ေကာက္နိုင္ေနခဲ့ရင္ ဒါမ်ိဳးအခြင့္အ​ေရး ထပ္ေပးစရာ အေၾကာင္းမရွိပါဘူး။ အစိုးရအေနနဲ႕ ၾကပ္မတ္ေပးဖို႔ လိုပါလိမ့္မယ္။ ခုအခြန္ေလွ်ာ့ေပးတာလည္း သက္တမ္းတႏွစ္ဘဲတဲ့။
.
အဆိုးဆုံး အပစ္ေျပာတာက တရားဝင္အခြန္ေဆာင္ရတာကို စိတ္ပ်က္သြားမယ္။ ေနာင္မွာ ဒီလိုအခြင့္အေရးမ်ိဳးလာမွာဘဲလို႔ ေမွ်ာ္ကိုးၿပီး တရားမဝင္အလုပ္ေတြနဲ႕ ေငြရွာၿပီး ထိုင္ေစာင့္ခ်င္စိတ္ ေပၚလာနိုင္တယ္တဲ့။ အလြဲဆုံးပါဘဲ။ တရားမဝင္စီးပြားရွာတာ အခြန္စည္းၾကပ္ႏႉန္းနဲ႕ လုံးဝကို မပတ္သက္ပါ။ မည္သည့္ အခြန္ႏႉန္းထားနဲ႕ အခြန္ေကာက္သည္ျဖစ္ေစ တရားမဝင္စီးပြားရွာတာ ခြင့္မျပဳပါ။ အရင္အစိုးရေတြ လစ္လ်ႉရႈသလိုလုပ္ခဲ့လို႔ အခုကိစၥ ေပၚေပါက္လာတာပါ။ အခြန္ေကာက္ခံမႈ မွန္ကန္ေနတယ္လို႔ ေျပာလို႔ရတဲ့ အေမရိကန္နဲ႕ အေနာက္နိုင္ငံေတြမွာေတာင္ တရားမဝင္ စီးပြားရွာတာနဲ႕ အခြန္ေရွာင္ဖို႔ ႀကိဳးစားတာေတြ ရွိေနတာပါဘဲ။ အစိုးရအေနနဲ႕ ဒါေတြကို ေဖာ္ထုတ္အေရးယူဖို႔ဘဲ လုပ္ရမွာပါ။
.
ဒီဥပေဒ ေဖာ္ေဆာင္မယ့္ လက္ရွိအစိုးရလည္း ဒီကိစၥေတြ မျဖစ္ေအာင္ ႀကီးၾကပ္ရေတာ့မွာပါ။ တာဝန္ရွိသြားပါၿပီ။ အရင္ အစိုးရအဆက္ဆက္ ပ်က္စီးခဲ့တဲ့ ဝင္ေငြခြန္၊ အမွန္ေဆာင္ဖို႔ ျပန္လုပ္ေပးရမွာပါ။ အခြန္ေဆာင္ ျပည္သူေတြကို ရွင္းျပစည္း႐ုံးဖို႔ လိုသလို လုပ္ေနတာလည္း ေတြ႕ရပါတယ္။ အဓိကလုပ္ရမွာကေတာ့ ဝင္ေငြခြန္ေကာက္တဲ့ဌာနက ဝန္ထမ္းေတြကို စည္းကမ္းထိမ္း အေရးယူဖို႔ပါဘဲဗ်ာ။

14 September 2019

ကံကောင်းဖို့ ဖြစ်လာတဲ့သူ

(Unicode version)

   We love Kwee phyo ဆိုပြီး ဂရုတခု ပြီးခဲ့တဲ့ရက်ပိုင်းက ပေါ်လာပါတယ်။ တွေ့တဲ့အချိန်မှာ မဲန်ဘာ တသိန်းခြောက်သောင်း ကျော်နေပါပြီ။ အဲဒီမှာ တင်ထားတဲ့ပို့စ်တွေလည်း like ထောင်သောင်းချီနေတာ တွေ့ရပါတယ်။
,
ဂရုရဲ့ရည်ရွယ်ချက်က ကွီးဖြိုးအတွက် လော်ပေးဖို့ထင်တယ်။ ၂၀၂၀ မတိုင်ခင်တနှစ်အလိုက စ၊ လော်မယ်ပေါ့။ ကွီးဖြိုးရဲ့ဓာတ်ပုံကို ရယ်စရာစာလုံးတွေတပ်ပြီး troll မယ်ပေါ့။ ဒါမှ ကွီးကိုလူတွေ ချစ်လာမယ်လို့များ ထင်လားမသိ။
,
တကယ်လုပ်လို့ သုံးရက်လောက်ရှိသေးတယ်။ ဂရုဖျက်ပြေးရပါတယ်။ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားတာကိုး။ ကွီးဖြိုးပုံသုံး ရယ်စရာလုပ်ယုံမက စော်ကားမော်ကား သုံးစားမရတဲ့ လူတယောက်ဖြစ်လာအောင် ထရောကြတော့တာကိုး။
,
ဂရုကို စတင်သူက တဖက်သားတွေ မဟုတ်ပါဘူး။ နာမည်ကြီးဆယ်လီတဦးရဲ့ အမပါတဲ့။ သူ သတိမထားမိတာက ကွီးဖြိုးဟာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အလားအလာအရှိဆုံး မှန်ပေမယ့် သူ့ကိုမကြိုက်သူတွေ အနီတွေထဲမှာကို ရှိနေတယ်ဆိုတာကိုပါဘဲ။ တဖက်က အယူတိမ်းတဲ့အစိမ်း‌​တွေကတော့ ပွဲတော်ကြီးဆိုပြီး ဝင်သမကြမှာပေါ့။ ခုလိုဖျက်လိုက်တာဘဲ ကောင်းပါသေးတော့တယ်။
'
ဒီပွဲမှာ အမှတ်ပြည့်ရသွားသူကတော့ ဇတ်လိုက်ကျော် ကွီးဖြိုးပါဘဲ။ အနီကြောင်တချို့တောင် သူ့ကိုဂရုနာသက်ကုန်တာ တွေ့ရပါတယ်။ ဂရုမှာ ပို့စ်တင်နေသူတွေတောင် ၆၆ဃ ညိမှန်းသိနေတာ သူတို့ပို့စ်တွေမှာ ရေးနေကြတာဘဲ။ ဒါပေမယ့်ကွီးက ဘာမှအရေးယူဖို့ တရားစွဲဖို့ မညွှန်ကြားခဲ့ပါဘူး။ နိုင်ငံရေးသမားစစ်စစ်ပုံစံ အရေထူပြခဲ့ပါတယ်။ သူရဲ့ စကားပြောပုံ ဗီဒီယိုတွေမှာလည်း နိုင်ငံရေးသမားဟန် အပြည့်တွေ့ခဲ့ဘူးတာမို့ ကွီဖြိုးဟာ မြန်မာ့နိုင်ငံရေးနဲ့ NLDမှာ အလားအလာရှိတဲ့ သူတဦးဖြစ်မှာ သေချာနေကြောင်းပါခင်ဗျာ။။


XxXxXx

(Zawgyi version )

   We love Kwee phyo ဆိုၿပီး ဂ႐ုတခု ၿပီးခဲ့တဲ့ရက္ပိုင္းက ေပၚလာပါတယ္။ ေတြ႕တဲ့အခ်ိန္မွာ မဲန္ဘာ တသိန္းေျခာက္ေသာင္း ေက်ာ္ေနပါၿပီ။ အဲဒီမွာ တင္ထားတဲ့ပို႔စ္ေတြလည္း like ေထာင္ေသာင္းခ်ီေနတာ ေတြ႕ရပါတယ္။
,
ဂ႐ုရဲ႕ရည္႐ြယ္ခ်က္က ကြီးၿဖိဳးအတြက္ ေလာ္ေပးဖို႔ထင္တယ္။ ၂၀၂၀ မတိုင္ခင္တႏွစ္အလိုက စ၊ ေလာ္မယ္ေပါ့။ ကြီးၿဖိဳးရဲ႕ဓာတ္ပုံကို ရယ္စရာစာလုံးေတြတပ္ၿပီး troll မယ္ေပါ့။ ဒါမွ ကြီးကိုလူေတြ ခ်စ္လာမယ္လို႔မ်ား ထင္လားမသိ။
,
တကယ္လုပ္လို႔ သုံးရက္ေလာက္ရွိေသးတယ္။ ဂ႐ုဖ်က္ေျပးရပါတယ္။ မွန္းခ်က္နဲ႕ ႏွမ္းထြက္မကိုက္ ျဖစ္သြားတာကိုး။ ကြီးၿဖိဳးပုံသုံး ရယ္စရာလုပ္ယုံမက ေစာ္ကားေမာ္ကား သုံးစားမရတဲ့ လူတေယာက္ျဖစ္လာေအာင္ ထေရာၾကေတာ့တာကိုး။
,
ဂ႐ုကို စတင္သူက တဖက္သားေတြ မဟုတ္ပါဘူး။ နာမည္ႀကီးဆယ္လီတဦးရဲ႕ အမပါတဲ့။ သူ သတိမထားမိတာက ကြီးၿဖိဳးဟာ ေဒၚေအာင္ဆန္းစုၾကည္ၿပီးရင္ အလားအလာအရွိဆုံး မွန္ေပမယ့္ သူ႕ကိုမႀကိဳက္သူေတြ အနီေတြထဲမွာကို ရွိေနတယ္ဆိုတာကိုပါဘဲ။ တဖက္က အယူတိမ္းတဲ့အစိမ္း‌ေတြကေတာ့ ပြဲေတာ္ႀကီးဆိုၿပီး ဝင္သမၾကမွာေပါ့။ ခုလိုဖ်က္လိုက္တာဘဲ ေကာင္းပါေသးေတာ့တယ္။
'
ဒီပြဲမွာ အမွတ္ျပည့္ရသြားသူကေတာ့ ဇတ္လိုက္ေက်ာ္ ကြီးၿဖိဳးပါဘဲ။ အနီေၾကာင္တခ်ိဳ႕ေတာင္ သူ႕ကိုဂ႐ုနာသက္ကုန္တာ ေတြ႕ရပါတယ္။ ဂ႐ုမွာ ပို႔စ္တင္ေနသူေတြေတာင္ ၆၆ဃ ညိမွန္းသိေနတာ သူတို႔ပို႔စ္ေတြမွာ ေရးေနၾကတာဘဲ။ ဒါေပမယ့္ကြီးက ဘာမွအေရးယူဖို႔ တရားစြဲဖို႔ မၫႊန္ၾကားခဲ့ပါဘူး။ နိုင္ငံေရးသမားစစ္စစ္ပုံစံ အေရထူျပခဲ့ပါတယ္။ သူရဲ႕ စကားေျပာပုံ ဗီဒီယိုေတြမွာလည္း နိုင္ငံေရးသမားဟန္ အျပည့္ေတြ႕ခဲ့ဘူးတာမို႔ ကြီၿဖိဳးဟာ ျမန္မာ့နိုင္ငံေရနဲ႕ NLDမွာ အလားအလာရွိတဲ့ သူတဦးျဖစ္မွာ ေသခ်ာေနေၾကာင္းပါခင္ဗ်ာ။။ 

10 September 2019

အလုပ်အပေါ် စေတနာထားသည်ဆိုသော်ညားလည်း၊



(Unicode version)

   ဒီစာကို အဂတိကောက်မတီကို ယုံကြည်လွန်းလို့ ရေးတာမဟုတ်သလို၊ အစွပ်စွဲခံရတဲ့ စက်ရုံမှူးကိုလည်း အပစ်ရှိတယ်လို့ ဆိုလိုတာမဟုတ်ပါ။
.
ဘီပီအိုင်စက်ရုံမှူးကိစ္စ ပို့စ်တွေရဲ့ ကွန်မန့်တချို့ဖတ်ရပါတယ်။ စေတနာနဲ့လုပ်ပေးတာကို အရေးယူရင် အလုပ်အပေါ် စေတနာ မထားရတော့ဘူးလားတို့၊ အစိုးရဝန်ထမ်းတွေကို လူကောင်းမရှိအောင် လုပ်နေတာဘဲ စသဖြင့် အဓိပ္ပာယ်ထွက်စေတဲ့ စာတွေပါ။ အလုပ်အပေါ် ထားတဲ့စေတနာဟာ လုပ်ထုံးလုပ်နည်းထဲက လွဲချော်ခွင့် မရှိပါဘူး။ အလုပ်တိုင်းမှာ စည်းမျဥ်းဥပဒေ SOP တွေ ရှိပြီးသားပါ။ အထူးသဖြင့် အစိုးရအလုပ်ဆို ပိုသတိထားရပါမယ်။
.
လေယာဥ်ပြင်တဲ့ အလုပ်တခုနဲ့ ဥပမာပေးပါရစေ။ အင်ဂျင်နီယာတယောက် တာဝန်ကျနေချိန်မှာ လေယာဥ်ထွက်ခါနီး လေယာဥ်မကောင်းလို့ လာခေါ်တယ်။ သွားစစ်ကြည့်တော့ ဘီးတလုံးမှာ အပစ်တွေ့ပါတယ်။ ဒီဘီးလဲလိုက်ရင်  ကောင်းသွားပြီး ခရီးစဥ်ဆက်နိုင်ပြီ။ နာရီဝက်မကြာနိုင်တဲ့ အလုပ်လေးပါ။ ပြဿနာက လဲစရာ အပိုဘီး အသင့်မရှိဘူး။
.
ခရီးသည်တွေက ပွစိပွစိဖြစ်နေပြီ။ ခရီးသည်တွေထဲမှာ ဆေးသွားကုရမယ့်သူလည်းပါတယ်။ ဟိုဘက်ခရီးဆက်ဖို့ အချိန်မှီချင်သူလည်းပါမယ်။ မြန်မြန်ပြင်ပေးပါကွာ၊ ပြန်လာရင် ဘလက်လေဘယ်ဝယ်ခဲ့ပါ့မယ်ဆိုတဲ့ သူငယ်ချင်းလည်းပါတယ်။ အဲလိုင်းလုပ်ပြီး အပိုပစ္စည်းလေးတောင် မရှိဘူးလား။ အချိန်မှီမပြင်နိုင်လို့ကတော့ ငါ့ဖေ့ဘုတ်ထဲ ထည့်ရေးပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဆယ်လီမမလည်းပါတယ်။ ကိုယ်တိုင်ကလည်း ငါ့အလှည့် ငါ့ဂျူတီကျမှ ဒါမျိုးဖြစ်ရလားလို့ ဒေါသထွက်နေပြီ။
.
ဘီးလဲဖို့က နာရီဝက်လောက်ဘဲ ကြာမှာပါ။ ဘီးမရှိတာကပြဿနာ။ ဒါနဲ့ အင်ဂျင်နီယာက လေယာဥ်ရုံထဲ လျောက်ကြည့်တော့ မနေ့ညက သက်တမ်းကုန်လို့ ဖြုတ်ထားရတဲ့ ဘီးတလုံးသွားတွေ့တယ်။ တကယ်က ပစ်ရတော့မှာ။ ဒီအခြေအနေမှာ အင်ဂျင်နီယာက စဥ်းစားတယ်။ ပစ်ရမယ့်ဘီးက အခြေအနေကောင်းသေးတယ်။ အသွားတခေါက် အပြန်တခေါက်တော့ သေချာပေါက်ရမယ်။ လောလောဆယ် ကြုံနေတဲ့ပြဿနာတွေ ရှင်းသွားမယ့်အပြင် အလုပ်အပေါ် စေတနာထားတယ်ဆိုပြီး ငါ့ဘော့စ်က ချီးကျူးနိုင်သေးတယ်ဆိုပြီး သက်တမ်းလွန်ဘီးနဲ့ လဲပေးလိုက်တယ်။
.
လေယာဥ် ချောချောမောမောထွက်သွားပါတယ်။ ခရီးသည်တွေလည်း ကျေနပ်လို့ပေါ့။ ဟိုဘက်ကွင်း ဆင်းတော့လည်း အေးဆေးဘဲ။ ကံဆိုးချင်တော့ အပြန် အိမ်ကွင်းအဆင်းမှာ လေပြင်းတိုက်ပြီး လေယာဥ်ပြေးလမ်းချော် မြက်စားသွားတယ်။ စုံစမ်းစစ်ဆေးရေးတွေ ဖွဲ့စစ်ပြီပေါ့။ သေချာတယ် လေပြင်းတိုက်လို့ လေယာဥ်ဘေးထွက်သွားတာ။ ဒါပေမယ့် စစ်ဆေးစဥ် သက်တမ်းလွန်ဘီး လဲပေးလိုက်တာပေါ်ပြီ။ သက်တမ်းလွန်ဘီးကြောင့်ရော လေယာဥ်ဘေးချော်နိုင်သလား။
.
ဒီအခြေအနေမျိုးမှာ အင်ဂျင်နီယာကို စေတနာနဲ့ လုပ်ပေးလိုက်လို့ ခွင့်လွှတ်ပေးမယ် ထင်ပါသလား။ လုပ်ထုံးလုပ်နည်းကို ကျော်လုပ်လိုက်လို့ လိုင်စင်ပြုတ် အလုပ်ပြုတ်ယုံဆို ကံကောင်းလှပြီ။ ခရီးသည်သေကြေမှုရှိခဲ့ရင် ထောင်တောင်ကျနိုင်ပါသေးတယ်။ ဒါ့ကြောင့် အလုပ်အပေါ် စေတနာထားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။
.
ဥပမာကို အရှည်ကြီးပေး စာရိုက်နေတုံး နောက်ဥပမာတခု ပေါ်လာပါတယ်။ ရန်ကုန် လမ်းတွေ စကြပ်ကာစကပါ။ နယ်ကဝင်လာတဲ့ အရေးပေါ်လူနာတင်ကားတွေ ဘယ်ဘက်ယာဥ်ကြောက မောင်းကြတယ်။ လှည်းတန်းဂုံးဆင်းမှ ဟံသာဝတီအဝိုင်းအထိက အဆိုးဆုံး။ သူတို့စိတ်ထဲမှာ ကားပေါ်ကလူနာ အသက်အတွက် စေတနာထားမောင်းပေးတာဘဲ။ မလိုအပ်တဲ့ အက်ဆီးဒင့်တွေ ထပ်ဖြစ်နိုင်တဲ့အတွက် အရေးယူမှုတွေလုပ်လိုက်လို့ ​မတွေ့ရတော့တာပါ။
.
အလုပ်အပေါ် မှန်ကန်သောစေတနာ ထားလုပ်န်ုင်ကြပါစေ။


XxXxXx

(Zawgyi version)

   ဒီစာကို အဂတိေကာက္မတီကို ယုံၾကည္လြန္းလို႔ ေရးတာမဟုတ္သလို၊ အစြပ္စြဲခံရတဲ့ စက္႐ုံမႉးကိုလည္း အပစ္ရွိတယ္လို႔ ဆိုလိုတာမဟုတ္ပါ။
.
ဘီပီအိုင္စက္႐ုံမႉးကိစၥ ပို႔စ္ေတြရဲ႕ ကြန္မန့္တခ်ိဳ႕ဖတ္ရပါတယ္။ ေစတနာနဲ႕လုပ္ေပးတာကို အေရးယူရင္ အလုပ္အေပၚ ေစတနာ မထားရေတာ့ဘူးလားတို႔၊ အစိုးရဝန္ထမ္းေတြကို လူေကာင္းမရွိေအာင္ လုပ္ေနတာဘဲ စသျဖင့္ အဓိပၸာယ္ထြက္ေစတဲ့ စာေတြပါ။ အလုပ္အေပၚ ထားတဲ့ေစတနာဟာ လုပ္ထုံးလုပ္နည္းထဲက လြဲေခ်ာ္ခြင့္ မရွိပါဘူး။ အလုပ္တိုင္းမွာ စည္းမ်ဥ္းဥပေဒ SOP ေတြ ရွိၿပီးသားပါ။ အထူးသျဖင့္ အစိုးရအလုပ္ဆို ပိုသတိထားရပါမယ္။
.
ေလယာဥ္ျပင္တဲ့ အလုပ္တခုနဲ႕ ဥပမာေပးပါရေစ။ အင္ဂ်င္နီယာတေယာက္ တာဝန္က်ေနခ်ိန္မွာ ေလယာဥ္ထြက္ခါနီး ေလယာဥ္မေကာင္းလို႔ လာေခၚတယ္။ သြားစစ္ၾကည့္ေတာ့ ဘီးတလုံးမွာ အပစ္ေတြ႕ပါတယ္။ ဒီဘီးလဲလိုက္ရင္ ေကာင္းသြားၿပီး ခရီးစဥ္ဆက္နိုင္ၿပီ။ နာရီဝက္မၾကာနိုင္တဲ့ အလုပ္ေလးပါ။ ျပႆနာက လဲစရာ အပိုဘီး အသင့္မရွိဘူး။
.
ခရီးသည္ေတြက ပြစိပြစိျဖစ္ေနၿပီ။ ခရီးသည္ေတြထဲမွာ ေဆးသြားကုရမယ့္သူလည္းပါတယ္။ ဟိုဘက္ခရီးဆက္ဖို႔ အခ်ိန္မွီခ်င္သူလည္းပါမယ္။ ျမန္ျမန္ျပင္ေပးပါကြာ၊ ျပန္လာရင္ ဘလက္ေလဘယ္ဝယ္ခဲ့ပါ့မယ္ဆိုတဲ့ သူငယ္ခ်င္းလည္းပါတယ္။ အဲလိုင္းလုပ္ၿပီး အပိုပစၥည္းေလးေတာင္ မရွိဘူးလား။ အခ်ိန္မွီမျပင္နိုင္လို႔ကေတာ့ ငါ့ေဖ့ဘုတ္ထဲ ထည့္ေရးပစ္မယ္လို႔ ၿခိမ္းေျခာက္ေနတဲ့ ဆယ္လီမမလည္းပါတယ္။ ကိုယ္တိုင္ကလည္း ငါ့အလွည့္ ငါ့ဂ်ဴတီက်မွ ဒါမ်ိဳးျဖစ္ရလားလို႔ ေဒါသထြက္ေနၿပီ။
.
ဘီးလဲဖို႔က နာရီဝက္ေလာက္ဘဲ ၾကာမွာပါ။ ဘီးမရွိတာကျပႆနာ။ ဒါနဲ႕ အင္ဂ်င္နီယာက ေလယာဥ္႐ုံထဲ ေလ်ာက္ၾကည့္ေတာ့ မေန႕ညက သက္တမ္းကုန္လို႔ ျဖဳတ္ထားရတဲ့ ဘီးတလုံးသြားေတြ႕တယ္။ တကယ္က ပစ္ရေတာ့မွာ။ ဒီအေျခအေနမွာ အင္ဂ်င္နီယာက စဥ္းစားတယ္။ ပစ္ရမယ့္ဘီးက အေျခအေနေကာင္းေသးတယ္။ အသြားတေခါက္ အျပန္တေခါက္ေတာ့ ေသခ်ာေပါက္ရမယ္။ ေလာေလာဆယ္ ႀကဳံေနတဲ့ျပႆနာေတြ ရွင္းသြားမယ့္အျပင္ အလုပ္အေပၚ ေစတနာထားတယ္ဆိုၿပီး ငါ့ေဘာ့စ္က ခ်ီးက်ဴးနိုင္ေသးတယ္ဆိုၿပီး သက္တမ္းလြန္ဘီးနဲ႕ လဲေပးလိုက္တယ္။
.
ေလယာဥ္ ေခ်ာေခ်ာေမာေမာထြက္သြားပါတယ္။ ခရီးသည္ေတြလည္း ေက်နပ္လို႔ေပါ့။ ဟိုဘက္ကြင္း ဆင္းေတာ့လည္း ေအးေဆးဘဲ။ ကံဆိုးခ်င္ေတာ့ အျပန္ အိမ္ကြင္းအဆင္းမွာ ေလျပင္းတိုက္ၿပီး ေလယာဥ္ေျပးလမ္းေခ်ာ္ ျမက္စားသြားတယ္။ စုံစမ္းစစ္ေဆးေရးေတြ ဖြဲ႕စစ္ၿပီေပါ့။ ေသခ်ာတယ္ ေလျပင္းတိုက္လို႔ ေလယာဥ္ေဘးထြက္သြားတာ။ ဒါေပမယ့္ စစ္ေဆးစဥ္ သက္တမ္းလြန္ဘီး လဲေပးလိုက္တာေပၚၿပီ။ သက္တမ္းလြန္ဘီးေၾကာင့္ေရာ ေလယာဥ္ေဘးေခ်ာ္နိုင္သလား။
.
ဒီအေျခအေနမ်ိဳးမွာ အင္ဂ်င္နီယာကို ေစတနာနဲ႕ လုပ္ေပးလိုက္လို႔ ခြင့္လႊတ္ေပးမယ္ ထင္ပါသလား။ လုပ္ထုံးလုပ္နည္းကို ေက်ာ္လုပ္လိုက္လို႔ လိုင္စင္ျပဳတ္ အလုပ္ျပဳတ္ယုံဆို ကံေကာင္းလွၿပီ။ ခရီးသည္ေသေၾကမႈရွိခဲ့ရင္ ေထာင္ေတာင္က်နိဳင္ပါေသးတယ္။ ဒါ့ေၾကာင့္ အလုပ္အေပၚ ေစတနာထားတတ္ဖို႔ အင္မတန္ အေရးႀကီးပါတယ္။
.
ဥပမာကို အရွည္ႀကီးေပး စာရိုက္ေနတုံး ေနာက္ဥပမာတခု ေပၚလာပါတယ္။ ရန္ကုန္ လမ္းေတြ စၾကပ္ကာစကပါ။ နယ္ကဝင္လာတဲ့ အေရးေပၚလူနာတင္ကားေတြ ဘယ္ဘက္ယာဥ္ေၾကာက ေမာင္းၾကတယ္။ လွည္းတန္းဂုံးဆင္းမွ ဟံသာဝတီအဝိုင္းအထိက အဆိုးဆုံး။ သူတို႔စိတ္ထဲမွာ ကားေပၚကလူနာ အသက္အတြက္ ေစတနာထားေမာင္းေပးတာဘဲ။ မလိုအပ္တဲ့ အက္ဆီးဒင့္ေတြ ထပ္ျဖစ္နိုင္တဲ့အတြက္ အေရးယူမႈေတြလုပ္လိုက္လို႔ ​မေတြ႕ရေတာ့တာပါ။
.
အလုပ္အေပၚ မွန္ကန္ေသာေစတနာ ထားလုပ္န္ုင္ၾကပါေစ။

09 September 2019

ရန်ကုန် မြို့တော်ဝန်ကြီးခ​င်ဗျား


(Unicode version)

   မြို့တော်ဝန်ကြီးခင်​ဗျား

မနေ့က မြို့တော်ဝန်ကြီးရဲ့ ဖေ့ဘုတ်မှာ ြမင်လိုက်ရတဲ့ ပို့စ်ကြောင့် တော်တော်စိတ်ညစ်သွားပါတယ်။ လူကြီးမင်းကိုယ်တိုင်လည်း ခုပြန်ကြည့်၊ ခုစိတ်ညစ်သွားမှာပါ။
.
ဟုတ်ပါတယ်။ အင်းယားကန်ဘောင်အောက် ပြည်လမ်းဘေးက ရေမြောင်းရှင်းတဲ့ပို့စ်ပါ။ စိတ်ထဲ ရေမြောင်းရှင်းမရှင်းတော့ မသိဘူး။ လူအများ ထိုင်အနားယူနေကြ မြက်ခင်းလေးတော့ ပျက်ကုန်မှာပါဘဲ။ မြက်တွေပေါ်က မြေတွေသဲတွေ ပြန်ကျုံးမှာမှန်ပေမယ့် ဘယ်လိုမှပြောင်စင်နိုင်မှာ မဟုတ်ပါဘူး။
.
မြို့တော်ဝန်ကြီးခင်​ဗျား
မြို့တော်ဝန်ကြီးရဲ့ စည်ပင်သာယာက အခြားသူတွေအတွက် နမူနာ စံပြလုပ်ပြရမှာပါ။ ဒါမျိုးဆို မြောင်းထဲကဆယ်ကတည်းက ဘိလပ်မြေအိပ်ခွံ သဲအိပ်ခွံတွေထဲ ထည့်သယ်သင့်တာပါ။ အိပ်ခွံလွတ်တွေ ပေါပေါများများမရှိရင် ငါးဂါလန်ဆေးပုံးဟောင်းတွေဆို အကြိမ်ကြိမ်ပြန်သုံးလို့ ရပါတယ်။ ကန်ထရိုက်တိုက်ဆောက်သူတွေတောင် အ်ိပ်ခွံတွေ ပုံးတွေသုံးနေကြပါပြီ။ တကယ်က မြို့ဝန်ကြီးရဲ့စည်ပင်က ရှေ့ကလုပ်ပြနေရမှာပါ
.
ခု မြောင်းဆယ်ထားပုံက မဆလခေတ်ကတည်းက ဆယ်နည်းပါဘဲ။ မိုးတွင်းဆိုဆယ်ပြီ။မြောင်းဘေးတွင် ပုံလိုက်တယ်။ သုံးလေးရက်နဲ့ ကားမရှိလို့ဆိုပြီး လာမကြုံးဘူး။ မြောင်းဘေးက အိမ်တွေဆိုင်တွေက လစ်တာနဲ့ မြောင်းထဲပြန်ယက်ချကြတယ်။ လုပ်ကြမယ်လေ၊ သူတို့အိမ်ရှေ့ ဗွက်ပေါက်ပြီး နံစော်နေပြီကိုး။ ဒီကြားထဲ မိုးသည်းလိုက်ရင် အလိုလို မြောင်းထဲပြန်စီးသွားရော။ တပတ်​လောက်အကြာမှ ကားနဲ့လာတင်တော့ ဘာမှမရှိသလောက်ဘဲ။ စည်ပင်တွေသက်သာပေမယ့် မြောင်းကဘာမှမထူးဘူး။
.
ဒီလိုဖြစ်စဥ်က ရန်ကုန်သားတွေအဖို့ ရိုးနေပါပြီ။ မြို့တော်ဝန်ကြီးတို့ခေတ်မှာ ပြောင်းပြရပါမယ်။ လူအဆင်သင့် ပစ္စည်းအဆင်သင့် ကားအဆင်သင့်အပြင် ဒါတွေပစ်ဖို့နေရာအထိ အဆင်သင့်ဖြစ်ရပါမယ်။
.
 NLDကို မဲပေးခဲ့တဲ့ပြည်သူတွေ မျှော်နေတာက စီမံခန့်ခွဲမှုကောင်းတဲ့ ပြည်သူကို ဝန်ဆောင်မှုပေးမယ့် အဖွဲ့အစည်းပါ။ အခြားမြို့ဝန် ဖေ့ဘုတ်ပေါ်တင်တာ တွေ့တာနဲ့ ငါတို့လည်း ဖေ့ဘုတ်ပေါ်တင်​ဟေ့ ဆိုတဲ့သူ ဦးဆောင်တဲ့ အဖွဲ့အစည်းမျိုး မလိုချင်ကြောင်းပါခင်​ဗျား။


XxXxXx

(Zawgyi version)

   ၿမိဳ႕ေတာ္ဝန္ႀကီးခင္​ဗ်ား

မေန႕က ၿမိဳ႕ေတာ္ဝန္ႀကီးရဲ႕ ေဖ့ဘုတ္မွာ ျမင္လိုက္ရတဲ့ ပို႔စ္ေၾကာင့္ ေတာ္ေတာ္စိတ္ညစ္သြားပါတယ္။ လူႀကီးမင္းကိုယ္တိုင္လည္း ခုျပန္ၾကည့္၊ ခုစိတ္ညစ္သြားမွာပါ။
.
ဟုတ္ပါတယ္။ အင္းယားကန္ေဘာင္ေအာက္ ျပည္လမ္းေဘးက ေရေျမာင္းရွင္းတဲ့ပို႔စ္ပါ။ စိတ္ထဲ ေရေျမာင္းရွင္းမရွင္းေတာ့ မသိဘူး။ လူအမ်ား ထိုင္အနားယူေနၾက ျမက္ခင္းေလးေတာ့ ပ်က္ကုန္မွာပါဘဲ။ ျမက္ေတြေပၚက ေျမေတြသဲေတြ ျပန္က်ဳံးမွာမွန္ေပမယ့္ ဘယ္လိုမွေျပာင္စင္နိုင္မွာ မဟုတ္ပါဘူး။
.
ၿမိဳ႕ေတာ္ဝန္ႀကီးခင္​ဗ်ား
ၿမိဳ႕ေတာ္ဝန္ႀကီးရဲ႕ စည္ပင္သာယာက အျခားသူေတြအတြက္ နမူနာ စံျပလုပ္ျပရမွာပါ။ ဒါမ်ိဳးဆို ေျမာင္းထဲကဆယ္ကတည္းက ဘိလပ္ေျမအိပ္ခြံ သဲအိပ္ခြံေတြထဲ ထည့္သယ္သင့္တာပါ။ အိပ္ခြံလြတ္ေတြ ေပါေပါမ်ားမ်ားမရွိရင္ ငါးဂါလန္ေဆးပုံးေဟာင္းေတြဆို အႀကိမ္ႀကိမ္ျပန္သုံးလို႔ ရပါတယ္။ ကန္ထရိုက္တိုက္ေဆာက္သူေတြေတာင္ အ္ိပ္ခြံေတြ ပုံးေတြသုံးေနၾကပါၿပီ။ တကယ္က ၿမိဳ႕ဝန္ႀကီးရဲ႕စည္ပင္က ေရွ႕ကလုပ္ျပေနရမွာပါ
.
ခု ေျမာင္းဆယ္ထားပုံက မဆလေခတ္ကတည္းက ဆယ္နည္းပါဘဲ။ မိုးတြင္းဆိုဆယ္ၿပီ။ေျမာင္းေဘးတြင္ ပုံလိုက္တယ္။ သုံးေလးရက္နဲ႕ ကားမရွိလို႔ဆိုၿပီး လာမႀကဳံးဘူး။ ေျမာင္းေဘးက အိမ္ေတြဆိုင္ေတြက လစ္တာနဲ႕ ေျမာင္းထဲျပန္ယက္ခ်ၾကတယ္။ လုပ္ၾကမယ္ေလ၊ သူတို႔အိမ္ေရွ႕ ဗြက္ေပါက္ၿပီး နံေစာ္ေနၿပီကိုး။ ဒီၾကားထဲ မိုးသည္းလိုက္ရင္ အလိုလို ေျမာင္းထဲျပန္စီးသြားေရာ။ တပတ္​ေလာက္အၾကာမွ ကားနဲ႕လာတင္ေတာ့ ဘာမွမရွိသေလာက္ဘဲ။ စည္ပင္ေတြသက္သာေပမယ့္ ေျမာင္းကဘာမွမထူးဘူး။
.
ဒီလိုျဖစ္စဥ္က ရန္ကုန္သားေတြအဖို႔ ရိုးေနပါၿပီ။ ၿမိဳ႕ေတာ္ဝန္ႀကီးတို႔ေခတ္မွာ ေျပာင္းျပရပါမယ္။ လူအဆင္သင့္ ပစၥည္းအဆင္သင့္ ကားအဆင္သင့္အျပင္ ဒါေတြပစ္ဖို႔ေနရာအထိ အဆင္သင့္ျဖစ္ရပါမယ္။
.
 NLDကို မဲေပးခဲ့တဲ့ျပည္သူေတြ ေမွ်ာ္ေနတာက စီမံခန့္ခြဲမႈေကာင္းတဲ့ ျပည္သူကို ဝန္ေဆာင္မႈေပးမယ့္ အဖြဲ႕အစည္းပါ။ အျခားၿမိဳ႕ဝန္ ေဖ့ဘုတ္ေပၚတင္တာ ေတြ႕တာနဲ႕ ငါတို႔လည္း ေဖ့ဘုတ္ေပၚတင္​ေဟ့ ဆိုတဲ့သူ ဦးေဆာင္တဲ့ အဖြဲ႕အစည္းမ်ိဳး မလိုခ်င္ေၾကာင္းပါခင္​ဗ်ား။ 

02 September 2019

ဒီမိုကရေစီ နဲ့ မြန်မာ



(Unicode version)

   ပြ်ိီးခဲ့တဲ့အပတ်ထဲက မထော်မနှမ်းစကားတွေကြားရတယ်။ အတော်ဘဲလည်း အံ့အားသင့်စရာကောင်းသလို ပြောသူတွေက ဆက်စပ်နေတဲ့ တဖွဲ့ထဲကဖြစ်နေတော့ ဆန်းလျှက်နဲ့ မထူးတော့ပါဘူး။
.
စကားလုံး အတိအကျတော့ မမှတ်မိတော့ဘူး။ အဓိပ္ပာယ်တော့ တူပါတယ်။ ကြားရတာက လွှတ်တော်မှာ မဲများရာ အနိုင်လို့ ဆုံးဖြတ်နေရင် ဒီမိုကရေစီ မကျဘူးဆိုလား၊ နောက်တခုက အဆိုတွေကို မဲခွဲဆုံးဖြတ်မှုလုပ်နေရင် ဒီမိုကရေစီ မကျဘူးလား ဆိုလား၊ အဲဒါမျိုးတွေပါ။ နောက်တယောက်ကလည်း ပြောသေးတယ်။ လွှတ်တော်ထဲပြောတာ ပြောသူတာဝန်ယူရမတဲ့။
.
ဒါမျိုးတွေ ပြောထွက်တာဟာ ဒီမိုကရေစီနဲ့ လွှတ်တော်ဆိုတာကို နားမလည်မှန်း သေချာပါတယ်။ ဒီမိုကရေစီလို့ ပြောရင်ကို ဖမ်းမချုပ်ခံရတောင် ဒုက္ခအပေးခံရနိုင်တဲ့ နှစ်ငါးဆယ်လောက် မြန်မာတွေဖြတ်သန်းလာတော့ မြန်မာအများစုကြီးက မသိတော့ပါဘူး။ ခုနောက်ပိုင်းမှ စိတ်ဝင်စားသူတွေသာ လေ့လာလို့ သိလာကြတာပါ။
.
ကောင်းတာက တက္ကသိုလ်တွေ အထက်တန်းကျောင်းတွေမှာ မသင်နိုင်တောင် ရှင်းပြဖို့ ဟောပြောဖို့ လိုပါလိမ့်မယ်။ ငယ်စဉ်ကတည်းက ဒီမိုကရေစီ အခြေခံသိခဲ့မှ သူတို့လူကြီးဖြစ်ချိန် တိုင်းပြည်တည်ငြိမ်ပါလိမ့်မယ်။ ဒီလိုဟောပြော ရှင်းပြဖို့  ကျောင်းဆရာများကိုသာ အားကိုးလို့မရဘဲ ပြင်ပက နိုင်ငံရေး လှုပ်ရှားသူများကိုပါ အကူအညီ တောင်းသင့်ပါတယ်။
.
ဒီမိုကရေစီဆိုပြီး ကိုယ်လုပ်ချင်ရာ လုပ်လို့မရဘူး။ ကိုယ်လုပ်ချင်တာရှိလည်း အများလက်ခံလာအောင် စွဲဆောင်ရှင်းပြတတ်လာမယ်။ ငယ်စဉ်ကတည်းက ဒီအကျင့်တွေ ရရှိခဲ့ရင် နောင်အခါ ဒီမိုကရေစီအုပ်ချုပ်ရေးမှာ ပိုအလုပ်ဖြစ်မယ် ထင်တာပါဘဲ​ဗျာ။     ။


XxXxXx

(Zawgyi version )

   ျပ္ိီးခဲ့တဲ့အပတ္ထဲက မေထာ္မႏွမ္းစကားေတြၾကားရတယ္။ အေတာ္ဘဲလည္း အံ့အားသင့္စရာေကာင္းသလို ေျပာသူေတြက ဆက္စပ္ေနတဲ့ တဖြဲ႕ထဲကျဖစ္ေနေတာ့ ဆန္းလွ်က္နဲ႕ မထူးေတာ့ပါဘူး။
.
စကားလုံး အတိအက်ေတာ့ မမွတ္မိေတာ့ဘူး။ အဓိပၸာယ္ေတာ့ တူပါတယ္။ ၾကားရတာက လႊတ္ေတာ္မွာ မဲမ်ားရာ အနိုင္လို႔ ဆုံးျဖတ္ေနရင္ ဒီမိုကေရစီ မက်ဘဴးဆိုလား၊ ေနာက္တခုက အဆိုေတြကို မဲခြဲဆုံးျဖတ္မႈလုပ္ေနရင္ ဒီမိုကေရစီ မက်ဘဴးလား ဆိုလား၊ အဲဒါမ်ိဳးေတြပါ။ ေနာက္တေယာက္ကလည္း ေျပာေသးတယ္။ လႊတ္ေတာ္ထဲေျပာတာ ေျပာသူတာဝန္ယူရမတဲ့။
.
ဒါမ်ိဳးေတြ ေျပာထြက္တာဟာ ဒီမိုကေရစီနဲ႕ လႊတ္ေတာ္ဆိုတာကို နားမလည္မွန္း ေသခ်ာပါတယ္။ ဒီမိုကေရစီလို႔ ေျပာရင္ကို ဖမ္းမခ်ဳပ္ခံရေတာင္ ဒုကၡအေပးခံရနိုင္တဲ့ ႏွစ္ငါးဆယ္ေလာက္ ျမန္မာေတြျဖတ္သန္းလာေတာ့ ျမန္မာအမ်ားစုႀကီးက မသိေတာ့ပါဘူး။ ခုေနာက္ပိုင္းမွ စိတ္ဝင္စားသူေတြသာ ေလ့လာလို႔ သိလာၾကတာပါ။
.
ေကာင္းတာက တကၠသိုလ္ေတြ အထက္တန္းေက်ာင္းေတြမွာ မသင္နိုင္ေတာင္ ရွင္းျပဖို႔ ေဟာေျပာဖို႔ လိုပါလိမ့္မယ္။ ငယ္စဥ္ကတည္းက ဒီမိုကေရစီ အေျခခံသိခဲ့မွ သူတို႔လူႀကီးျဖစ္ခ်ိန္ တိုင္းျပည္တည္ၿငိမ္ပါလိမ့္မယ္။ ဒီလိုေဟာေျပာ ရွင္းျပဖို႔ ေက်ာင္းဆရာမ်ားကိုသာ အားကိုးလို႔မရဘဲ ျပင္ပက နိုင္ငံေရး လႈပ္ရွားသူမ်ားကိုပါ အကူအညီ ေတာင္းသင့္ပါတယ္။
.
ဒီမိုကေရစီဆိုၿပီး ကိုယ္လုပ္ခ်င္ရာ လုပ္လို႔မရဘူး။ ကိုယ္လုပ္ခ်င္တာရွိလည္း အမ်ားလက္ခံလာေအာင္ စြဲေဆာင္ရွင္းျပတတ္လာမယ္။ ငယ္စဥ္ကတည္းက ဒီအက်င့္ေတြ ရရွိခဲ့ရင္ ေနာင္အခါ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးမွာ ပိုအလုပ္ျဖစ္မယ္ ထင္တာပါဘဲ​ဗ်ာ။ ။